ဒဏ္ဏာရီ - θρύλος (completed-9)

By trollz22

29.1K 1.9K 43

တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ More

၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀

151 2 0
By trollz22

ငယ်ငယ်ကငယ်ငယ်က ဒယ်ဒီနဲ့ overseas လိုက်ဖြစ်ခဲ့ရင် တစ်ခြားနိုင်ငံမှာ အမျိုးသမီးတွေရဲ့ strong ဖြစ်လွန်းတဲ့ပုံစံကိုမြင်ရင် သူတအားသဘောကျသည်။ သူမတနေ့အရွယ်ရောက်လာခဲ့ရင်လဲ ထိုအခြေအနေမျိုးထိရောက်အောင်လုပ်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချဖူးခဲ့သည်။ ထိုအတွက်ကြောင့် တခါတလေ မာမီကသူမအား မြန်မာဝတ်စုံများချုပ်ပေးခဲ့လျှင် ငြူစူစွာခြေစောင့်ဖူးပါသည်။ သို့ပေမဲ့ မာမီက မြန်မာမိန်းခလေးဆိုသည်ကား ဒူးနေရာဒူး တော်နေရာတော် ဟုဆိုကာ ဆုံးမလေသည်။ ထို့အချိန်မှစ၍ သူမသည် ပုံမှန်ဆို ပေါ့ပေါ့ပါးပါးအဝတ်အစားဝတ်သော်လဲ အခါကြီးရက်ကြီး မိသားစုထဲမှ တစ်စုံတစ်ယောက်ရဲ့မွေးနေ့ အထိန်းအမှတ်နေ့များရှိလျှင် မြန်မာဝတ်စုံဆင်မြန်းခဲ့သည်။ ဒါကို ဒယ်ဒီကတွေ့ရင် 'နင့်မာမီရဲ့မြန်မာဆန်တာတွေတအားအတုမယူရဘူး' ဆို၍ပြောပြန်သည်။ သို့ပေမဲ့ သူကိုယ်တိုင်သည်လဲ မာမီဝယ်ပေးသည့် တိုက်ပုံပုဆိုးကိုဝတ်နေဆဲပါ။

ဒီနေ့က ကွယ်လွန်ခဲ့ပြီးသော မာမီ့ရဲ့မွေးမေမေ သူမ၏အဘွားဖြစ်သူ ဆုံးပါးသွားသည်ကား ဆယ်နှစ်ပြည့်ဖြစ်၍ ဘုန်းကြီးကျောင်းသို့သွားကာ သူတို့ တစ်မိသားစုလုံး ဘုရားဝဋ်ပြုကျသည်။ ဘုန်းကြီးကျောင်းသည်လဲ ဘွားဘွားရှိစဉ်ကထဲက ဘွားဘွားကိုယ်တိုင် ကျောင်းဆောက်လှူဒါန်းခဲ့သောကျောင်းဖြစ်လေသည်။ နှစ်တိုင်း ရာသီတိုင်း ဆုံးပါးသွားခဲ့ပြီဖြစ်သော အဘိုးအဘွားများအတွက် ရေစက်ချအလှူလုပ်သည်ကား သူတို့မိသားစု၏ဓလေ့ထုံးတန်းအစဉ်အလာ။

မာမီကတော့ ရေစက်ချအမျှဝေလျှင်အမြဲမျက်ရည်ကျသည့်အတိုင်း မျက်ရည်များဝဲလေတော့ ဒယ်ဒီမှ အသည်းငယ်လိုက်တာဟူ၍ပြောလျှင် ရှင့်လိုမှ ကျွန်မကအသည်းမာတဲ့သူမဟုတ်တာဟုပြန်လည်ချေပလေသည်။

"မိုင်း ဒယ်ဒီ မိုင်းကို နေရောင်သွေးနဲ့ကိစ္စပြောထားတာ မိုင်း တွေ့ဖြစ်ရဲ့လား"

"မိုင်း ဘာလုပ်လုပ် ဒယ်ဒီ့ကိုသတင်းပို့မဲ့သူတွေရှိနေတာပဲ ဒယ်ဒီက မိုင်းမပြောလဲသိမှာပါ အထူးတလည်မိုင်းကိုမေးဖို့လိုသေးလို့လား"

"သမီး ကိုယ့်အဖေကိုဘယ်လိုပြောလိုက်တာလဲ သမီးဒယ်ဒီကသူမသိလို့မေးတာနေမှာပါသမီးရဲ့"

"မင်းသမီးဒီရက်ပိုင်း ငါ့စကားတွေကို ကလန်ကဆန်လုပ်တက်လာတာ မင်းထိန်းမလား"

သူမစိတ်ငြီးငြူစွာဖြင့် သက်ပြင်းခတ်ဆက်ဆက်ချမိသည်။ သူမကိုယ်တိုင်လဲ ဒီရက်ပိုင်းဘာဖြစ်နေမှန်းမသိခဲ့။ စိတ်ထဲဘာကိုအလိုကျနေမှန်းမသိခဲ့။ ထိုတျအခွအေနကေ လွန်ခဲ့တဲ့တစ်ပတ် သူမဆီသို့ သူမနဲ့ Nowl ရဲ့ ဓာက်ပုံတစ်ပုံနှင့်အတူ သတိပေးစာတစ်စောင်ရောက်လာ၍ဟုပြောရင် ပတ်သက်နေမလား။ သတိပေးစာထဲ Nowl နှင့်ခပ်ကင်းကင်းနေရန်အပြင် Nowl အကြောင်းမသိရင်ရှေ့ဆက်မတိုးချင်ပါနဲ့ဟူ၍သတိပေးထားသည့်စာ။ သို့သော် သူမကဘာအကြောင်းကြောင့် ထိုသို့လုပ်ရမည်နည်း။ သူမနှင့် nowl ၏ပတ်သက်မှုကလဲ သူငယ်ချင်းအဆင့်သာသာ။ ဤသည်ကိုထိုသို့စာတစ်စောင်ရောက်လာရသည်။ သူမကကော Nowl နှင့်ပတ်သက်၍ဘာကိုသိရမည်နည်း။

သူသိသော Nowl က အဖေတစ်ခုသမီးတစ်ခုနှင့် သူ့အလုပ်ကိုသူလုပ်နေသူမိန်းခလေးတစ်ယောက်။ သူမကိုသာဒုက္ခပေးချင်နေလျှင် နီးနီးကပ်ကပ်ရှိနေသည့်အချိန် ဘာမဆိုလုပ်လို့ရသည့်အနေအထား။ ဒါကိုသူမကဘာများသတိထားရမည်နည်း။ ထို့ကိစ္စကြောင့် စုံစမ်းကြည့်တော့ဘာအချက်အလက်မှထွက်မလာ Nowl ပြောပြသည့်အကြောင်းအရင်းများသာသူတွေ့ရသည်။ စိတ်ထဲဘဝင်မကျမှုများကထိုအချိန်မှစလေသည်။ Nowl ဖုံးကွယ်ထားသော အကြောင်းအရင်းများရှိနေခဲ့သည်လားသူမအပေါ်မှာ။ သို့ပေမဲ့ ကာရကံရှင်ကိုယ်တိုင်ကထုတ်မပြောသည့်ကိစ္စကို သူမကဘာအကြောင်းပြချက်ဖြင့်မေးရမည်နည်း။ နောက်ကွယ်ကနေစုံစမ်းရမည်နည်း။

"မာမီတို့အိမ်အရင်ပြန်နှင့်ကျပါ မိုင်း ကုမ္ပဏီကို ပြန်စရာကိစ္စလေးပေါ်လာလို့"

"အဝတ်အစားမလဲတော့ဘူးလား မိုင်းလေး"

"ဟုတ် အရေးကြီးလို့ပါမာမီ"

မိုင်း ထွက်သွားတော့ မိုင်း၏မိခင်က သူ၏ခင်ပွန်းအား သူမတို့သမီးအား တအားအလုပ်မခိုင်းရန် တောင်းဆိုနေခဲ့သည်။

"ဘယ်လိုဖြစ်တာလဲဏရီရယ် ဘယ်လိုဖြစ်လို့ ချက်ချင်းကြီးထွက်လာခိုင်းရတာလဲ နင့်ပုံစံကကောဘယ်လိုဖြစ်တာလဲ မြန်မာဝတ်စုံကြီးနဲ့"

"အဲ့တာငါ့ကိစ္စပါ နင့်ပုံစံကိုနင်အရင်ပြန်ကြည့်စမ်း ရှိုင်းထက်ပိုင် မျက်ကွင်းတွေညိုမဲနေပြီ နင်အိမ်ကောပြန်ရဲ့လား"

ကိုယ့်မယ် ကိုယ့်အာရုံနဲ့ကိုယ်မို့ သူ့ကိုရက်အနည်းငယ်လောက်အဆက်အသွယ်မလုပ်မိတာ ချက်ချင်းဆိုသလို ဖြစ်ပျက်နေသည့်ပုံစံက။

"မဟုတ်မှ နင် ဆေးပြန်သုံးနေတာလား ရှိုင်းထက်ပိုင် ငါ့ကိုပြောစမ်း"

"ဘယ်လိုဖြစ်နေတာလဲ ဒဏ္ဏာရီရာ ငါ့ကိုနင်ကပါအပြစ်တွေလာမပြောစမ်းပါနဲ့လား။ နင်ပါငါ့ကိုအခုလိုတွေလုပ်ရင် ငါတကယ်အဲ့ထွက်ပေါက်ကိုပြန်လုပ်မိလိမ့်မယ်"

"စိတ်ပူလို့ပြောနေတာလေ နင်ကိုငါ့မောင်တစ်ယောက်လိုသဘောထားတာ နင်သိတယ်နော် အရင်တစ်ခေါက် ငါကိုယ်တိုင်နင့်ကိုအဲ့တွင်းထဲကဆွဲထုတ်ထားရတာ ထပ်ပြီးမိုက်မှာဆိုးလို့ငါပြောနေရတာ"

ကိုယ့်မှာ သူ့ကို အကူအညီတောင်းဖို့လိုက်ရှာကာမှ တစ်ဦးတည်းသော မောင်လိုချစ်ခင်ရသည့်သူငယ်ချင်း၏စုတ်ပြတ်နေသည့်ပုံစံအားကြည့်ကာပိုကာရင်မောရသည့်အဖြစ်။ ဒါကလဲ ထက်ပိုင်တို့၏ မိသားစုနှင့်ပဲသက်ဆိုင်သည်။ သူကဘေးလူဖြစ်နေ၍ဝင်ပြောလို့မရနိုင်။

"ငါဘာမှမဖြစ်ဘူး နင်ထင်နေသလိုလဲမဟုတ်ဘူးရပြီလား။ ဒီတိုင်းအိပ်ရေးပျက်လို့ နင်စိတ်ပူနေတဲ့ကိစ္စကိုငါထပ်မလုပ်ဘူးလို့ငါကတိပေးခဲ့ပြီးပြီလေ ငါအဲ့လောက်ထိမရူးသေးဘူး"

မယုံချင်ပေမဲ့လဲ သူပေးထားသည့်ကတိကိုသူတည်မည်ဆိုတာတော့ သူယုံသည်။ ထက်ပိုင်က သူပြောတဲ့စကားတစ်ခုကိုတော့သူတည်သည်လေ။

"အခုပြော ဘာကိစ္စနဲ့ဒီထိရောက်လာတာလဲ ဆူဖို့ဆိုရင်တော့ လာရာလမ်းအတိုင်းပြန်နော်"

ထိုမှသာ သူ့အပေါ်အင်္ကျီထဲ၌ထည့်ထားသော သူနှင့်Nowl ၏ဓာက်ပုံကိုထုတ်ပြကာ သူစိတ်ထဲမတင်မကျဖြစ်နေသည့်ပြဿနာမှစ၍ တစ်ခုခြင်းအကြောင်းစုံပြောပြလိုက်ပါသည်။ ထက်ပိုင်အားအကူအညီတောင်း၍လဲ Nowl အလုပ်လုပ်သည့်နေရာသို့ Nowl ရှိနေမည်လားဟု လှန်းမေးတော့လဲ Nowl အလုပ်မလာသည်ကား တစ်ပတ်ရှိပြီဖြစ်ကြောင်း။ Nowl တို့လို VVIP တွေနှင့်သာအလုပ်လုပ်ရသည့်သူအတွက် info မပေးနိုင်ကြောင်းပြော၍ သူတို့မှာ ဘာမှသေချာမသိရ။ ထိုဓာက်ပုံသူမစီရောက်လာသည်ကားလဲ တစ်ပတ်ရှိပြီဖြစ်ရာ ဧကန်န သူတစ်ခုခုဖြစ်နေပြီလားဟူ၍ တွေးမိသွား၍ စိတ်ပူမိသွားရသည်။

"ဘာလို့ အခုလိုတွေဖြစ်နေတာလဲ နင့်အဖေသိရင် ဘယ်လိုလုပ်မလဲ နင်ကောသူကောအဆင်ပြေမှာမဟုတ်ဘူးနော် နင့်ဘက်ကရိုးကောရိုးရဲ့လား"

"အခုချိန်ထိတော့ငါ့ဘက်ကသူ့အပေါ်ရိုးသားတယ် အခုလိုတွေလုပ်မှသာသူ့အပေါ်မရိုးသားချင်လာမှာ။ ငါက ဘာလိုအခုလိုဒီဓာက်ပုံတွေစာတွေပို့လာလဲပဲသိချင်တာ။ ပြီးတော့ အဲ့ကောင်မလေးပျောက်နေတာ ငါ့ကိုဖုန်းလဲမဆက်ဘူး ငါဆက်တော့လဲ စက်ပိတ်ထားသည်ပဲဖြစ်နေတာ သူ့အိမ်ကိုသွားကြည့်တော့လဲ တံခါးပိတ်ထာတာ သူတစ်ခုခုများဖြစ်နေမလားလို့ငါစိတ်ပူလို့ပြောနေရတာ"

"အေးလေ အဲ့စိတ်ပူတာကရိုးကောရိုးရဲ့လားလို့မေးနေရတာ။ ဘယ်သူ့အပေါ်ကိုမှအဲ့လိုမဖြစ်တာလေနင်က ငါ့ကိုတောင် မောင်တစ်ယောက်လိုချစ်ရတဲ့သူမို့လိုဆိုပြီးနင်ပဲပြောတာလေ သူ့ကိုကော ညီမတစ်ယောက်လိုချစ်လို့လား တစ်ခြားတစ်ခုခုများပါနေသလားလို့ နင့်မျက်ဝန်းတွေထဲမှာ တစ်ခြားအရိပ်တွေပြနေလို့လေ"

"ငါမသိဘူး ထက်ပိုင်ရယ် အခုချိန်မှာ ငါသူ့ကိုစိတ်ပူတာနဲ့ တစ်ခုခုဖြစ်မှာပဲ စိုးရိမ်နေတာ"

"အင်းပါ အဲ့ခံစားချက်တွေကို နင်နဲ့ငါပဲသိပါစေနော် တခြားသူသိရင် နင့်အဖေနားထဲ ပြန်ရောက်မယ် ဆိုတာသိတယ်မဟုတ်လား"

အခုချိန်ထိတော့ Nowl အပေါ်မှာထားတဲ့သူ့ခံစားချက်တွေအတွက်လိပ်ပြာလုံပါသေးသည်။ Nowl နှင့်အတူရှိနေသည့်အချိန်များအတွင်း၌ သူ့စိတ်ထဲ တနေရာကနေကြည်နူးနေမိသည်ဆိုတာကတော့ မညာတမ်းဝန်ခံရရင် တကယ်ပါ။ ဒါကိုတော့သူထုတ်မပြောခဲ့နိုင်ခဲ့ပါ။

အမှောင်ခန်းတစ်ခုထဲ၌ ကောင်မလေးတစ်ယောက်မှာမူ လက်နှစ်ဖတ်မှာ သံကြိုးနှင့်ချည်နှောင်ခံထားရသဖြင့် အနီပွန်းရာများအပြင် သွေးအနည်းငယ်စို့နေရသည်။

"Iris သူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ"

"သူသွားနေကျနေရာမှာပဲ Ella"

"ဒီမှာ နင်ဘာလို့ သူကိုသွားရှုပ်ချင်ရတာလဲ အခုတော့ ကြည့်စမ်းနင့်ပုံစံကို ဟိုကလွတ်ပေးလိုက်ရင်လဲ ကိုယ့်ဘာသာနေတော့ပေါ့ နင့်ကိုဟိုကအသာတကြည်လွတ်ပေးလိုက်တာကိုကျေးဇူးမတင်တဲ့အပြင် အခုနင်ကအဲ့လိုတွေလုပ်တော့ ဟိုကစိတ်ဆိုးတော့ကြည့်စမ်းနင့်ကိုယ်နင်"

"Grace လိုချင်တာသူ့ကိုလေ သူ့စိတ် grace စီပြန်လည်လာရင်ကျေနပ်ပြီ"

"ဒါပေမဲ့သူကနင့်ကိုအလိုမရှိတော့လို့တောင်အဆက်အသွယ်မလုပ်တာလေ ဘာလို့အသားနာခံချင်နေရတာလဲဟမ်"

"အဲ့လိုဖြစ်အောင်ပဲသူလုပ်ခဲ့တာလေ အရာအားလုံးကိုသူပဲစခဲ့တာ grace လုပ်တာမမှားဘူး လုံးဝမမှားဘူး"

"ရူးလိုက်တာ သူကလဲအရူး နင်ကလဲ အဲ့လိုရူးနေတဲ့သူကိုမှရူးနေတဲ့သူ သူမလာတာကံကောင်းတယ်မှတ်ဒီနေရာမှာ သူသာဆိုရင် နင်အရှင်လက်လက်အစာကျွေးခံနေရပြီ နင်သူ့ကိုကြောက်တယ်မဟုတ်လား နင့်ကိုယ်နင်ကြည့်အုန်း အသားတွေတုန်ပြီ သူ့နာမည်လေးကြာတာတောင်အဲ့လောက်ဖြစ်နေရင်ဘာလို့သူ့ကိုသွားစွရလဲ grace ရဲ့ ငါတကယ်စိတ်ညစ်ပါတယ် ဒါဦးလေးအရင်နင့်ကိုတွေ့လို့သက်သာသွားတယ်မှတ်"

အခန်းထဲမှာ Iris နှင့် Ella ပြန်ထွက်ပြီးနောက် ဖုန်းထဲမှစာရိုက်ပြီးပို့လိုက်သည်ကား 'ကိစ္စရှင်းပြီးပြီး' ဟူ၍ဖြစ်သည်။

×

tbc

trollZ

Continue Reading

You'll Also Like

169K 4.4K 73
Hopefully people requests something to me to write about, if not than you only have the request page I guess. Edit: unless I made my own oneshots, wh...
1.8K 142 19
🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါ‌ကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်‌...
18.4K 1.1K 16
ဘဝပေးအခြေနေကြောင့်အရမ်းရှုပ်ပွေတဲ့...ညို့ဆိုတဲ့ကောင်မလေးနဲ့ အေးစက်တည်ငြိမ်တဲ့သာသာဆိုတဲ့....သူငယ်ချင်းကောင်မလေးနှစ်ဦးရဲ့ချစ်ခြင်းလေး....ဟာ.....
9.8K 494 18
သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင်'' မင်းထိုက်ဝဿန်: ''မောင် နည်းနည...