အဆိပ် အဆိပ္

By XiaoZhan802

46.5K 1.5K 104

bl yizhan fan fiction More

အပိုင်း ၁
အပိုင္း ၁
အပိုင်း ၂
အပိုင္း ၂
အပိုင်း ၃
အပိုင္း ၃
အပိုင်း ၄
အပိုင္း ၄
အပိုင်း ၅
အပိုင္း ၅
အပိုင်း ၆
အပိုင္း ၆
အပိုင်း ၇
အပိုင္း ၇
အပိုင်း ၈
အပိုင္း ၈
အပိုင်း ၉
အပိုင္း ၉
အပိုင်း ၁၀
အပိုင္း ၁၀
အပိုင်း ၁၁
အပိုင္း ၁၁
အပိုင်း ၁၂
အပိုင်း ၁၂
အပိုင်း ၁၃
အပိုငျး ၁၄
အပိုင်း ၁၄
အပိုငျး ၁၅
အပိုင်း ၁၅
အပိုငျး ၁၆
အပိုင်း ၁၆
အပိုငျး ၁၇
အပိုင်း ၁၇
အပိုငျး ၁၈
အပိုင်း ၁၈
အပိုငျး ၁၉
အပိုင်း ၁၉
အပိုငျး ၂၀
အပိုင်း ၂၀
အပိုငျး ၂၁
အပိုင်း ၂၁
အပိုငျး ၂၂
အပိုင်း ၂၂
အပိုငျး ၂၃
အပိုင်း ၂၃
အပိုငျး ၂၄
အပိုင်း ၂၄
အပိုငျး ၂၅
အပိုင်း ၂၅
အပိုငျး ၂၆
အပိုင်း ၂၆
အပိုငျး ၂၇
အပိုင်း ၂၇
အပိုငျး ၂၈
အပိုင်း ၂၈
အပိုငျး ၂၉
အပိုင်း ၂၉
အပိုင်း ၃၀ (ဇာတ်သိမ်းပိုင်း)

အပိုင်း ၁၃

888 33 2
By XiaoZhan802

အထိန်းတော်ကြီး / ကြင်ယာတော်ရှောင်...ကြင်ယာတော် ရှင်းကတွေ့ခွင့်တောင်းနေပါတယ်

ယွဲ့ယယ် / သူကဒီကိုဘာလာလုပ်ပြန်ပြီလဲ

ယွဲ့ယယ်က လက်ဖက်ရည်ချမ်းငှဲ့ပေးနေရင်း စိတ်မလိုမကျစွာဆိုလေ၏။

ရှောင်ကျန့် / ယွဲ့ယယ် အဲ့လိုမရိုင်းပြရဘူးလေ

ယွဲ့ယယ်ကတော့ မကျေနပ်စွာပွစိပွစိရေရွက်လျက်ပင်

ရှောင်ကျန့် / ဝင်လာခိုင်းလိုက်ပါ

ရှင်းလျန် / ကြင်ယာတော်ရှောင့်ကို ရှင်းလျန်ဂါရဝပြုပါတယ်
အခုလိုမျိုး တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်နော်

ရှင်းလျန်က ပကတိဖြူစင်သော မိန်းကလေးသဖွယ်နှုတ်ဆက်လာတော့

ရှောင်ကျန့် / အင်းရပါတယ် ဒါနဲ့မိန်းကလေးရှင်းလျန် ဒီကိုလာတဲ့ကိစ္စက...

ရှင်းလျန် / အော် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ရှင်းလျန်ဘက်ကတောင်းပန်ချင်လို့ပါ ရှင်းလျန်မှားသွားပါတယ် ကြင်ယာတော်ရှောင့်ကို မနာလိုစိတ်နဲ့ အမှားတွေလုပ်ခဲ့မိပါတယိ ရှင်းလျန်ကိုခွင့်လွှတ်ပေးမယ်မလား ဟင်

ရှောင်ကျန့် / အဟင်းးးး အဲ့ကိစ္စတွေကို စိတ်ထဲမထားတာကြာပါပြီ
မိန်းကလေးရှင်းကိူလဲ အပြစ်မဆိုပါဘူး

ရှင်းလျန် / တကယ်လား ဒါဆို ရှင်းလျန်တို့ မိတ်ဆွေဖြစ်လို့ရသေးတယိပေါ့နော်

ရှောင်ကျန့်လဲ ရုတ်တရက် သူမဘက်ကကောင်းပြလာတာမို့ စဥ်းစားလိုက်ပေမဲ့
အရှင့်ကိုစိတ်မဆင်းရဲစေချင်တာကြောင့်ကော ထိူမိန်းကလေးနဲ့လဲ သင့်မြတ်ချင်တာကြောင့်ပါ ခေါင်းငြိမ့်လက်ခံ သဘောတူလိုက်သည်။
ရှောင်ကျန့်ဘက်က သဘောတူလိုက်တော့ သူမလဲပျော်ရွှင်သွားကာ
ရှောင်ကျန့်ကိုဂါရဝပြူပြီးပြန်သွားလေသည်။

ယွဲ့ယယ် / သခင်လေး သူ့ကိုသတိထားစေချင်တယ်
ယွဲ့ယယ် တော့ သိပ်မယုံချင်ဘူး ရုတ်တရက်ကြီး ဘာလို့အဲ့လောက်ကောင်းပြသွားရတာလဲ

ရှောင်ကျန့် / ငါလဲသိပါတယ်ယွဲ့ယယ်
သူဘက်ကဘာတွေပဲပြောင်းလဲပြောင်းလဲ အရှင့်ကို မထိခိုက်သ၍တော့ ငါ့ဘက်ကသည်းခံပေးနိုင်တယိ သူ့ဘက်က အရှင့်ကို ထိခိုက်အောင်လုပ်လာရင်တော့ ငါလက်နဲ့ ကိုယ်တိုင်
သူမကိုရှင်းပြစ်မယ်!!!

ထိုအချိန် ဝမ်းဗိုက်မှာနာကျင်မှု့က ရုတ်တရက်ပြင်းထန်လာခဲ့သည်။

ရှောင်ကျန့်  / အ!!!

ယွဲ့ယယ် / သခင်လေး!!!
အဆင်ပြေရဲ့လား ယွဲ့ယယ် သမားတော်သွားခေါ်ပေးရမလား!!!

ရှောင်ကျန်​့ / မ...မလိုဘူးယွဲ့ယယ် အပြင်ဘက်ကိုလမ်းလျောက်ထွက်ရအောင် ငါဒီနန်းဆောင်ထဲမှာ အတော်လေးငြီးငွေ့နေပြီ

ယွဲ့ယယ် / သခင်လေး တကယ်အဆင်ပြေလိူ့လား

ရှောင်ကျန့်လဲ ေခါင်းကိူအဆက်မပြတ်ငြိမ့်ပြလိုက်ရင်း
နန်းဆောင်အပြင်ဘက်ထွက်ရန် အားတင်းကာ ထရပ်လိူက်သည်။
နန်းဆောင်အပြင်ဘက်ကိုရောက်လာတော့

ယွဲ့ယယ် / အခုဘယ်ကိုသွားချင်လဲ ဉယျာဥ်တော်ထဲကိုလား ဒါမှမဟုတ် ကြာကန်...

ရှောင်ကျန့် / အရှင့်ဆီသွားရအောင် ယွဲ့ယယ် အခုတလော အရှင်အိပ်ရေးတွေပျက်နေတယ်လို့ကြားတယ် အဆင်ပြေရဲ့လား ငါသွားကြည့်ချင်တယိ

ယွဲ့ယယ် / ဟုတ်ကဲ့

အရှင့်နန်းဆောင်ရောက်တော့ အရှင်သည်လဲ လထွက်ကြည့်နေတာနဲ့စုံတာကြောင့် သူ့အားမြင်သွားလေသည်။
နှစ်ဦးသား ချစ်ရည်ရွှမ်းသော မျက်ဝန်းများဖြင့် အကြည့်ချင်းစုံနေကြရင်းမှ
ရှောင်ကျန့်ရဲ့အမြင်တွေ ဝေဝါးလာကာ ဝမ်းဗိုက်မှ နာကျင်မှု့က မခံမရက်နိုင်လောက်အောင်ဖြစ်လာရသည်။

မင်းကြီး / ကြင်ယာတော်ရှောင်...
ရှောင်ကျန့်! !!

ရှောင်ကျန့် သတိလစ်လုလု ဆဲတွင်
အရှင့်ဆီက စိုးရိမ် တကြီးခေါ်သံနဲ့အတူ
အပြေးရောက်လာကြောင်းမြင်လိုက်ရသည်။
အရှင်သည်လဲ အမှီလေးရောက်လာကာ လဲကျတော့မဲ့ ရှောင်ကျန့်အားဖမ်းထိန်းလိုက်နိုင်ပြီးရှောင်ကျန့်ကတော့ နာကျင်မှု့နဲ့အတူ အရှင်ရင်ခွင်ထဲ၌ သတိလစ်သွားခဲ့ချေပြီ

မင်းကြီး  / ရှောင်ကျန့်! !!ရှောင်ကျန့်!!! ဘာဖြစ်တာလဲ

ဘေးမှယွဲ့ယယ်ကလဲ သူ့သခင်လေးရုတ်တရက်သတိလစ်သွားသည်မို့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ပြာနေတော့သည်။
ထိုအချင်းအရာကိုမြင်တဲ့ အရှင်ဝမ်ရိပေါ်ကတော့
စိတ်မရှည်စွာ ထိုအစေခံမလေးအားအော်ထုတ်လိုက်လေသည်။

မင်းကြီး  / ဘာကြောင်နေတာလဲ မြန်မြန်သမားတော်မခေါ်သေးဘူးလား

ထိူအခါမှ အသိဝင်တဲ့ကောင်မလေးက အရှင့်ကိုတောင် ဂါရဝမပြုနိုင်တော့ပဲ
သမားတော်ကို အပြေးအလွှားသွားခေါ်ရပေသည်။

သမားတော်ရောက်လာတော့...

မင်းကြီး / သမားတော်!!!
ကြင်ယာတော်ရှောင်ဘာဖြစ်တာလဲ
မြန်မြန် ကြည့်ပေးစမ်း!!!

မင်းကြီးကြည့်ရတာ အတော်လေးပူပန်နေပုံရတာမို့ သမားတော်ကြီးလဲ ဇောချွေးပြန်နေလေပြီ သမားတော်ကြီး လဲ မင်းကြီးဒေါသကြောင့် ကတုန်ကယင်စမ်းသပ်နေရင်းမှ
ဝမ်းသာအားရမျက်နှာဖြင့်

သမားတော်ကြီး / မင်းကြီး!!!ဂုဏ်ယူပါတယ်မင်းကြီး
ကြင်ယာတော်မှာ ကြင်ယာတော်မှာ နန်းသွေးလွယ်ထားရပါပြီ

မင်းကြီးက အံ့သြဝမ်းသာခြင်းများစွာဖြင့်...

မင်းကြီး  / ဘာ!!!နန်းသွေး...

သမားတော်ကြီး / ဟုတ် ဟုတ်ပါတယ်မင်းကြီး

ထိုအခါ သတိရခါစဖြစ်တဲ့ ရှောင်ကျန့်က ကြားသွားပြီး

ရှောင်ကျန့် / မဖြစ်နိုင်တာ...

ယွဲ့ယယ် / သခင်လေး သတိရလာပြီလား

မင်းကြီး / သက်သာရဲ့လားရှောင်

မင်းကြီးက တယုတယပွေ့ထူလေတော့ ရှောင်ကျန့်က

ရှောင်ကျန့် / အရှင် ကျွန်တော်က တကယ်ပဲ အရှင့်ရဲ့ ရင်သွေးရတနာကိုရနေပြီလား

မင်းကြီး / အင်းးးကိုယ်တော် မင်းကိုသိပ်ကျေးဇူးတင်တာပဲရှောင်

ရှောင်ကျန့် / ဒါပေမဲ့ ကျွန်တော်မျိုးက ယောက်ျားလေးတစ်ယောက်လေ ဒါကဘယ်လိုဖြစ်နိုင်မှာလဲ

မင်းကြီး / ဖြစ်နိုင်ပါတယ် ဖြစ်နိုင်လို့တောင် သမားတော်ကြီးကိုယ်တိုင်အာမခံနေတာပဲ ကိုယ်တော်အရမ်းဝမ်းသာတာပဲရှောင်

မင်းကြီးက ရှောင်ကျန့်ကိုအနည်းငယ်ပွေ့ကာ ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ရင်း...

မင်းကြီး / ကိုယ်တို့ရဲ့ နန်းသွေးလေးကို ဘေးကင်းကင်းနဲ့
ကိုယ့်တို့ဘဝထဲခေါ်ဆောင်လာခဲ့ပေးပါ

ရှောင်ကျန့် / အရှင့်ရဲ့သွေးသားမို့ ကျွန်တော်မျိုး သိပ်မြတ်နိုးပါတယ်အရှင်

ထိူ့နောက်နှစ်ဦးသား အနမ်းတို့ဖလှယ်ကြတော့ ယွဲ့ယယ်နဲ့ သမားတော်ဟာ အလိုက်သိစွာ
နန်းဆောင်ထဲက ထွက်သွားပေးရလေသည်။

တဖက်တွင်

ရှင်းလျန် / ဘာပြောတယ် နန်းသွေးရတယ်ဟုတ်လား! !!
တောက်!!!ငါဒီလောက် အဆိပ်ကျွေးသတ်နေတာတောင် မသေနိုင်သေးပဲ သူက နန်းသွေးတောင်ရလိုက်သေးတယ်ပေါ့လေ
မဖြစ်ဘူး ငါတစ်ခုခုအမြန်ဆုံးကြံမှဖြစ်တော့မယ်

လုလု / သခင်မလေးလဲ နန်းသွေးရအောင်ယူလိုက်ပေါ့
ဒါဆို မင်းကြီးကသခင်မလေးကိုလဲပြစ်ပယ်ထားမှာမဟူတ်တော့ဘူး
သခင်မလေးလဲမရှုံးတော့ဘူးလေ

ရှင်းလျန် / အင်းဟုတ်တယ် ငါလဲ နန်းသွေးရမှဖြစ်မယ်

လုလု / ဒါနဲ့လေ သခင်မလေးလဲ ကိုယ်ဝန်ရှိနေတာမဟုတ်ဘူးလား
ဒီရက်ထဲ အစားအသောက်လဲပျက်ပြီး ကိုယ်ဝန်သည်လက္ခဏာတွေပြနေတယ်လေ ့ပီး​တော့ ပျို့လဲအန်သေးတယ်

ရှင်းလျန် / နင့်ပါးစပ်ကိုပိတ်ထားစမ်း! !! ငါက မင်းကြီးနဲ့ အတူမရှိနေရသေးပဲ ကိုယ်ဝန်ရှိစရာလား

လုလု / ဟုတ်...ဟုတ်ကဲ့ သခင်မလေး လုလုစကားမှားသွားပါတယ်

ရှင်းလျန် / ထွက်သွား! !!ငါတစ်ယောက်တည်းပဲနေချင်တယိ

လုလု / ဟုတ်ကဲ့ လုလုအပြင်မှာရှိနေပါ့မယ်

ရှင်းလျန်လဲ လုလု အပြင်ထွက်သွားမှ အတွေးပေါင်းစုံခေါင်းထဲရောက်လာပြီး

ရှင်းလျန် / * ငါမဟုတ်မှ နတ်ဆိုးသခင်နဲ့များ...*
ဟင့်အင်း မဖြစ်ရဘူး အဲ့လိူသာဆို ငါဒီကလေးကိုဖျက်ချပြစ်မယ်!!!

Continue Reading

You'll Also Like

269K 20.6K 39
yizhan❤ Wang Yibo & Xiao Zhan 🍀🌷❤ Unicode/ Zawgyi
21.6K 1K 16
ကိုကိုက ကျနော့ကို မချစ်ဘူး ......ကျနော့ ဝါသနာတွေကို ပိတ်ပင်တယ် ကိုကို့ကို မချစ်တော့ဘူး .. Wang yibo ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး ကိုယ်မင်းကို ခ...
63.1K 4K 21
ဝမ်အသဲအသက်လေးအတွက်ဆို ရှောင်ကျန့်ဆိုတဲ့ ဘဲညိုကြီးက ဘယ်လို စောင်းစောင်းရပါတယ်... မင်းတို့က ဘဲညိုကြီးဆိုတဲ့ နာမည်ကို အလကားပေးထားတယ် ထင်နေတာလား? // ‌ဒါလ...
33K 2.1K 28
ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌မယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင...