Unicode
"မနက်လေယာဥ်အချိန်စောတယ်ဆိုတော့ သား အဆင်သင့်ဖြစ်အောင် ခုတည်းကပြင်ဆင်ထားနော်။"
"ဟုတ်ကဲ့ ဖေဖေ။ ဖေဖေနဲ့ မေမေလည်း နားတော့လေ"
"ဟုတ်ပါပြီကွယ်။"
"သား Jiminနဲ့ စကားပြောလိုက်အုံးမယ်။"
"အေးပါကွယ်"
မေမေတို့လည်း အနားယူဖို့အပေါ်တက်သွားကြပြီဖြစ်သည်။
ခဏအကြာ လှေကားတစ်ဝက်ကနေပြန်ဆင်းလာတဲ့ မေမေကြောင့်
"မေမေ ဘာကျန်ခဲ့လို့လဲ"
"မကျန်ပါဘူး သားလေး ဒီမှာအိပ်သွားပါလား သားသူငယ်ချင်းနဲ့"
"ဗျာ!!"
Jimin ကိုကြည့်ပြီးပြောလာခြင်းဖြစ်သည်။
"အန်တီက မတွေ့ဖြစ်တာလည်းကြာတော့သတိရနေလို့ပါ။မနက်ကျရင်လည်း သားသူငယ်ချင်းကိုလိုက်ပို့အုံးမှာဆိုတော့ တစ်ခါတည်းအဆင်ပြေသွားအောင်လို့"
"အဟမ်းးဟုတ်ကဲ့ အန်တီ အိပ်သွားလိုက်ပါမယ်။
မေမေ့ကို ဖုန်းဆက်ထားလိုက်အုံးမယ် စောင့်နေမှာစိုးလို့"
"နေနေ သားတို့ချင်းစကားပြောနေကျ အန်တီပဲ သားမေမေကို ဖုန်းဆက်လိုက်မယ်။"
"ဟုတ်ကဲ့"
"အခန်းအထွေအထူးတော့ပြင်မပေးတော့ဘူး။
သားတို့အတူအိပ်လို့အဆင်ပြေတယ်မလား"
"ခင်ဗျာ!!"
"အရင်က ငယ်ငယ်တုန်းကလည်းအတူတူအိပ်နေကျပဲကို Jungkookie ကဘာလို့အံ့သြနေတာလဲ ဒီကလေးကတော့"
မေမေက သူ့သားရဲ့စိတ်ထဲကို ဖောက်ထွင်းမြင်နေတာလားတောင်မပြောတတ်။
Jungkook ကိုယ်တိုင်လည်း Jimin ကိုဒီမှာအိပ်ဖို့ပြောမလို့လုပ်နေခဲ့ပေမဲ့ မေမေတို့သိမှာစိုးတဲ့သူ
ကြောင့် အနေကြပ်မှာစိုးလို့ မပြောခဲ့တာပင်။
ခုတော့ မေမေက ကယ်တင်ပေးလိုက်ပြီ။
ဒါကြောင့်လည်း မိဘမေတ္တာဆိုတာ အတော်လေးကြီးမားတာပါလား။
"ရပါတယ် မေမေရဲ့ သားတို့အဆင်ပြေသလိုအိပ်လိုက်ပါမယ်။မေမေသာ နားတော့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ပြောပြီး မေမေလည်း အပေါ်ကိုတက်သွားပြီဖြစ်သည်။
"ကိုယ်နဲ့ပဲအတူတူ အိပ်မယ်မလား"
"ဘာကိုလဲ မင်းနော်"
"မင်းမနော်နဲ့ Londonမှာလည်း အတူတူ.."
"တော်ပြီ ရှက်လို့မပြောနဲ့တော့"
"ဟားးရှက်မနေပါနဲ့ ကြောက်လည်းမကြောက်နဲ့
တရားဝင်မပိုင်ဆိုင်သေးသရွေ့ မင်းကိုမသိမ်းပိုက်ဘူး။ "
"....."
"ကိုယ်တိုင်တောင် မထိရက်မကိုင်ရက်နဲ့ ကြည့်မဝ
ဖြစ်နေတာမို့လို့"
အတည်ပေါက်တွေပြောလာတိုင်း ရင်ဘက်ထဲကအကောင်က အလိုက်မသိခုန်ပေါက်နေလိုက်တာဆိုတာ။
စချစ်ကြတုန်းကအတိုင်း ဘယ်တော့မှမပြောင်းလဲ
ပိုင်ရှင်ကိုတွေ့တာနဲ့ ပရမ်းပတာတွေဖြစ်တော့တာ။
"ဟိတ်!! ဘာတွေတွေးပြန်တာလဲ"
"ဟမ် မတွေးပါဘူးနော်"
တီ!!တီ!!
Chat ထဲကနေ notiတက်လာတဲ့အသံကြောင့်မို့
Jungkook လည်းဖုန်းဖွင့်ကြည့်လိုက်တော့
"Tae Hyungပဲ ပုံပို့ထားတာ "
"ဟုတ်လား ဘာပုံလဲ ကြည့်ရအောင်။
ဒါ..ဒါက ဂျယ်ဂျူဒိုကပုံမလား"
"ဟုတ်တယ် ဘယ်အချိန်တုန်းကလာပြီးရိုက်သွားတာလဲမသိဘူး။ဓာတ်ပုံတော့ ကောင်းကောင်းရိုက်တတ်သားပဲ ဒီကောင်"
ကြည့်နေရင်းမှ စာတစ်စောင်ထပ်ဝင်လာသည်။
"ငါ့လိုရုပ်ရည်မျိုးနဲ့ရိုက်လို့ ပုံကဒီလိုကောင်းကောင်းထွက်လာတာ သိတယ်မလား။
London အပြန်လက်ဆောင် ဘရို
ကျေးဇူးတော့မတင်နဲ့ မလိုဘူး"
Jungkook လည်းပြန်ပို့လိုက်သည်။
"အေး ကျေးဇူးပဲ"
ချက်ချင်းပြန်ရောက်လာတဲ့ messageကတော့
"အားးးမလိုဘူးလို့"
"ဟားးဒီကောင်ကတော့"
နှစ်ယောက်လုံး သဘောတကျရီမိကြသည်။
တကယ်ချစ်ဖို့ကောင်းတဲ့ ပြောမနာဆိုမနာ သူငယ်ချင်း။
မလုပ်ပါနဲ့ဆိုတာလေးကို လုပ်လိုက်ရမှ နေသာထိုင်သာရှိကြတဲ့သူတွေ။
"ကိုယ်တို့လည်း ခြေလက်ဆေးပြီး နားရအောင်လေ"
"အင်း အပေါ်တက်ရအောင်"
အခန်းထဲရောက်တော့ ပစ္စည်းကျန်မကျန်သေချာပြန်စစ်ပြီးမှ အိပ်ယာဝင်ရသည်။
"အဝတ်အစား လဲအုံးမလား"
"ဟင့်အင်း မလဲတော့ဘူး။"
"သဘောပါဗျာ ဖက်ထားချင်လို့ အနားကို လာပေးပါအုံး"
"ဖက်ချင်တဲ့သူက လာပေါ့ ငါကဘာလို့လာပေးရမှာလဲ"
"အဲ့လိုလား ရတယ်လေ ကိုယ်လာရင်တော့ ဖက်တာနဲ့ပဲပြီးမှာမဟုတ်ဘူး။"
အိပ်ရာပေါ်ကနေ ထလာဖို့လုပ်ကာမှ
"နေနေ အဲ့နေရာမှာပဲနေလိုက် လာပြီ။"
ရင်ခွင်ထဲကို ရွစိရွစိနဲ့ တိုးဝင်လာပုံက အသည်းတယားယားဖြစ်နေရသည်။
စိတ်ရှိလက်ရှိ ဖျစ်ညှစ်လိုက်မိရင်လည်း အော်ပါလိမ့်မည်။
ဆွဲချပြီး ရင်ခွင်အောက်ပို့လိုက်တော့အလန့်တကြားပြန်ကြည့်လာသည်။
"အာ့...မင်း!!"
"ရွှတ်!! ရွှတ်!! ရွှတ်!!"
မျက်နှာတစ်ပြင်လုံးအနှံ့နမ်းပေးလိုက်တော့
တအံ့တသြ ပြန်ကြည့်နေသေးသည်။
"ဒီတစ်ခါ အတည်နမ်းပြီ"
"ပြွတ်!!"
နှုတ်ခမ်းတွေပေါ် ဖိကပ်နမ်းတော့
အလိုက်သင့်လေး တုံ့ပြန်ပြီး ပြန်နမ်းပေးလာသည်။
ထိတွေ့မိတိုင်း ပြန်လွှတ်ပေးဖို့ခက်ခဲတဲ့အရာတွေထဲမှာ ဒီနှုတ်ခမ်းတစ်စုံက အပါအဝင်။
အတူတူ အပေးအယူမျှနေတော့ နမ်းနေမိတာ
အချိန်တွေဘယ်လောက်ကြာသွားမှန်းတောင်မသိ။
ရင်ဘက်ကို ထုရိုက်လာတော့မှ လွှတ်ပေးဖို့သတိရသည်။
သေချာကြည့်မိမှ နှုတ်ခမ်းထောင့်လေးပေါက်သွားပြီးသွေးလေးစို့နေသေးသည်။
"ကိုယ် နည်းနည်းများသွားတယ်ထင်တယ်။"
"တော်တော်များသွားတာ"
"ဟားး ပြန်စွာဖို့တော့ မမေ့ဘူးနော်"
နောက်ဆုံးတော့ စကားတွေရောက်တတ်ရာရာပြောရင်း ကိုယ်လုံးလေးကို ရင်ခွင်ထဲထည့်ပြီးအိပ်ဖြစ်သည်။
Air con အအေးကြောင့် အနားကိုတိုးကပ်လာနေတဲ့
ခန္ဓာကိုယ်လေးကို ပိုပြီးတိုးဖက်ထားမိသည်။
ဒီအတိုင်းဆိုအဖက်မခံမှာစိုးလို့ Air conကို နံပါတ်လျှော့ထားပြီး remoteကို ဖွက်ထားလိုက်တာအတော်လေးမှန်ကန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့သည်။
အရမ်းတော်လွန်းလို့ ဦးနှောက်လေးကို ရွှေတောင်ချထားချင်မိတဲ့အထိ။
အအေးဓာတ်ကိုအံတုဖို့ ချစ်သူလေးတစ်ယောက်လုံးရှိနေတာမို့ ဖက်အိပ်လိုက်တော့လည်းနွေးနွေးထွေးထွေး ပူးပူးကပ်ကပ်ပါပဲ။
ရည်စားမရှိတဲ့ သူတွေကတော့ Air con လျှော့ရင်အအေးပက်ရုံအပြင်မရှိ။
ဖက်စရာ ရည်းစားမရှိရင် စောင်ခြုံအိပ်တာအကောင်းဆုံးပင်။
>>>>>>>>>>>>>>>
ဖေဖေနဲ့ မေမေကနှုတ်ဆက်ပြီးတော့ လူငယ်တွေအချင်းချင်း လွတ်လွတ်လပ်လပ်ပြောလို့ရအောင်
အရင်ပြန်နှင့်မယ်ဆိုကာ ပြန်သွားပြီဖြစ်သည်။
ကျန်တဲ့သူတွေကလည်း အလိုက်တသိရှောင်ပေးကြသည်။
"ငါ..ငါလေ မင်းနဲ့ မခွဲနိုင်ဘူး။
ဒီရက်တွေမှာ အတူရှိလိုက်ရလို့ အကျင့်တွေပျက်ကုန်ပြီထင်ပါတယ်"
"ခုတစ်ကြိမ်ပြီးရင် ကိုယ်ပြန်လာတဲ့နေ့က
မင်းဆီကိုအပြီးပြန်လာတဲ့နေ့ပဲ။
နောက်ထပ်လည်း ဘယ်တော့မှမခွဲတော့ဘူး သိတယ်မလား"
"...."
အရည်ကြည်တွေလဲ့နေတဲ့မျက်လုံးတွေနဲ့ တမေ့တမောကြည့်ရင်း ခေါင်းလေးငြိတ်ပြလာသည်။
"စကားတွေအများကြီးပြောပြီး ကတိပေးတာတွေမလုပ်တော့ဘူး။
ကိုယ့်လုပ်ရပ်တွေကိုပဲ စောင့်ကြည့်ပေးပါ။
သက်သေပြပေးမှာမို့"
"သိပါပြီ အချိန်ကပ်နေပြီ သွားတော့လေ"
"အင်း"
"ငါ..ငါအရင်ပြန်နှင့်မယ်"
သူ့ရှေ့မှာ ငိုမချချင်လို့ အရင်သွားမဲ့အကြောင်းပြောလာတာမှန်းသဘောပေါက်ပါသည်။
ရင်ခွင်ထဲ ထည့်ဖက်လိုက်ပြီး ဆံပင်တွေကြားထဲ တိုးဝှေ့နမ်းပြီး ကိုယ်သင်းရနံ့လေးကို အကြာကြရှုရှိုက်နေမိသည်။
"ကိုယ် ဟိုရောက်ရင် face timeခေါ်လိုက်မယ်။"
နောက်ဆုံးတော့လည်း တစ်ဖန် LDRS ဘဝကိုပြန်ရောက်သွားကြတာပင်။
လူနှစ်ဦးကသာအဓိက ကျတာမို့ အနေဝေးတာတွေ
နီးတာတွေကို ထည့်မတွေးတော့ပဲ
သူတို့နှစ်ဦးကြားက သံယောဇဥ်ထုထည်က
သေးသေးလေးမှ မဟုတ်ပဲ။
သူငယ်ချင်းလိုအချစ်မျိုးနဲ့ ချစ်ခဲ့ကြသလို ချစ်သူတွေလိုလည်း အချိန်တစ်ခုအထိ ချစ်ခဲ့ကြတာမို့။
နောက်ထပ်တစ်ချိန်သာကျန်ပါတော့သည်။
အိမ်ထောင်ဘက်အချင်းအချင်း ချစ်ပြီးလေးစားတဲ့အချစ်မျိုးနဲ့ ထပ်ချစ်ဖို့။
Note_ယောတောဘွန်း ခရစ်စမတ် နေ့ကျရင်ပေးစရာလက်ဆောင်ရှိပါတယ်။
Hate You လိုမျိုး Part 1,2,3 နဲ့ပဲရေးဖို့လုပ်ထားပေးမဲ့ သူကတော့ နည်းနည်းပိုရှည်သွားတယ်။
Christmas vibeလေးရမယ်လို့တော့ မျှော်လင့်ပါတယ်။
Zawgyi
"မနက္ေလယာဥ္အခ်ိန္ေစာတယ္ဆိုေတာ့ သား အဆင္သင့္ျဖစ္ေအာင္ ခုတည္းကျပင္ဆင္ထားေနာ္။"
"ဟုတ္ကဲ့ ေဖေဖ။ ေဖေဖနဲ႕ ေမေမလည္း နားေတာ့ေလ"
"ဟုတ္ပါၿပီကြယ္။"
"သား Jiminနဲ႕ စကားေျပာလိုက္အုံးမယ္။"
"ေအးပါကြယ္"
ေမေမတို႔လည္း အနားယူဖို႔အေပၚတက္သြားၾကၿပီျဖစ္သည္။
ခဏအၾကာ ေလွကားတစ္ဝက္ကေနျပန္ဆင္းလာတဲ့ ေမေမေၾကာင့္
"ေမေမ ဘာက်န္ခဲ့လို႔လဲ"
"မက်န္ပါဘူး သားေလး ဒီမွာအိပ္သြားပါလား သားသူငယ္ခ်င္းနဲ႕"
"ဗ်ာ!!"
Jimin ကိုၾကည့္ၿပီးေျပာလာျခင္းျဖစ္သည္။
"အန္တီက မေတြ႕ျဖစ္တာလည္းၾကာေတာ့သတိရေနလို႔ပါ။မနက္က်ရင္လည္း သားသူငယ္ခ်င္းကိုလိုက္ပို႔အုံးမွာဆိုေတာ့ တစ္ခါတည္းအဆင္ေျပသြားေအာင္လို႔"
"အဟမ္းးဟုတ္ကဲ့ အန္တီ အိပ္သြားလိုက္ပါမယ္။
ေမေမ့ကို ဖုန္းဆက္ထားလိုက္အုံးမယ္ ေစာင့္ေနမွာစိုးလို႔"
"ေနေန သားတို႔ခ်င္းစကားေျပာေနက် အန္တီပဲ သားေမေမကို ဖုန္းဆက္လိုက္မယ္။"
"ဟုတ္ကဲ့"
"အခန္းအေထြအထူးေတာ့ျပင္မေပးေတာ့ဘူး။
သားတို႔အတူအိပ္လို႔အဆင္ေျပတယ္မလား"
"ခင္ဗ်ာ!!"
"အရင္က ငယ္ငယ္တုန္းကလည္းအတူတူအိပ္ေနက်ပဲကို Jungkookie ကဘာလို႔အံ့ၾသေနတာလဲ ဒီကေလးကေတာ့"
ေမေမက သူ႕သားရဲ႕စိတ္ထဲကို ေဖာက္ထြင္းျမင္ေနတာလားေတာင္မေျပာတတ္။
Jungkook ကိုယ္တိုင္လည္း Jimin ကိုဒီမွာအိပ္ဖို႔ေျပာမလို႔လုပ္ေနခဲ့ေပမဲ့ ေမေမတို႔သိမွာစိုးတဲ့သူ
ေၾကာင့္ အေနၾကပ္မွာစိုးလို႔ မေျပာခဲ့တာပင္။
ခုေတာ့ ေမေမက ကယ္တင္ေပးလိုက္ၿပီ။
ဒါေၾကာင့္လည္း မိဘေမတၱာဆိုတာ အေတာ္ေလးႀကီးမားတာပါလား။
"ရပါတယ္ ေမေမရဲ႕ သားတို႔အဆင္ေျပသလိုအိပ္လိုက္ပါမယ္။ေမေမသာ နားေတာ့"
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ"
ေျပာၿပီး ေမေမလည္း အေပၚကိုတက္သြားၿပီျဖစ္သည္။
"ကိုယ္နဲ႕ပဲအတူတူ အိပ္မယ္မလား"
"ဘာကိုလဲ မင္းေနာ္"
"မင္းမေနာ္နဲ႕ Londonမွာလည္း အတူတူ.."
"ေတာ္ၿပီ ရွက္လို႔မေျပာနဲ႕ေတာ့"
"ဟားးရွက္မေနပါနဲ႕ ေၾကာက္လည္းမေၾကာက္နဲ႕
တရားဝင္မပိုင္ဆိုင္ေသးသေ႐ြ႕ မင္းကိုမသိမ္းပိုက္ဘူး။ "
"....."
"ကိုယ္တိုင္ေတာင္ မထိရက္မကိုင္ရက္နဲ႕ ၾကည့္မဝ
ျဖစ္ေနတာမို႔လို႔"
အတည္ေပါက္ေတြေျပာလာတိုင္း ရင္ဘက္ထဲကအေကာင္က အလိုက္မသိခုန္ေပါက္ေနလိုက္တာဆိုတာ။
စခ်စ္ၾကတုန္းကအတိုင္း ဘယ္ေတာ့မွမေျပာင္းလဲ
ပိုင္ရွင္ကိုေတြ႕တာနဲ႕ ပရမ္းပတာေတြျဖစ္ေတာ့တာ။
"ဟိတ္!! ဘာေတြေတြးျပန္တာလဲ"
"ဟမ္ မေတြးပါဘူးေနာ္"
တီ!!တီ!!
Chat ထဲကေန notiတက္လာတဲ့အသံေၾကာင့္မို႔
Jungkook လည္းဖုန္းဖြင့္ၾကည့္လိုက္ေတာ့
"Tae Hyungပဲ ပုံပို႔ထားတာ "
"ဟုတ္လား ဘာပုံလဲ ၾကည့္ရေအာင္။
ဒါ..ဒါက ဂ်ယ္ဂ်ဴဒိုကပုံမလား"
"ဟုတ္တယ္ ဘယ္အခ်ိန္တုန္းကလာၿပီးရိုက္သြားတာလဲမသိဘူး။ဓာတ္ပုံေတာ့ ေကာင္းေကာင္းရိုက္တတ္သားပဲ ဒီေကာင္"
ၾကည့္ေနရင္းမွ စာတစ္ေစာင္ထပ္ဝင္လာသည္။
"ငါ့လို႐ုပ္ရည္မ်ိဳးနဲ႕ရိုက္လို႔ ပုံကဒီလိုေကာင္းေကာင္းထြက္လာတာ သိတယ္မလား။
London အျပန္လက္ေဆာင္ ဘရို
ေက်းဇူးေတာ့မတင္နဲ႕ မလိုဘူး"
Jungkook လည္းျပန္ပို႔လိုက္သည္။
"ေအး ေက်းဇူးပဲ"
ခ်က္ခ်င္းျပန္ေရာက္လာတဲ့ messageကေတာ့
"အားးးမလိုဘူးလို႔"
"ဟားးဒီေကာင္ကေတာ့"
ႏွစ္ေယာက္လုံး သေဘာတက်ရီမိၾကသည္။
တကယ္ခ်စ္ဖို႔ေကာင္းတဲ့ ေျပာမနာဆိုမနာ သူငယ္ခ်င္း။
မလုပ္ပါနဲ႕ဆိုတာေလးကို လုပ္လိုက္ရမွ ေနသာထိုင္သာရွိၾကတဲ့သူေတြ။
"ကိုယ္တို႔လည္း ေျခလက္ေဆးၿပီး နားရေအာင္ေလ"
"အင္း အေပၚတက္ရေအာင္"
အခန္းထဲေရာက္ေတာ့ ပစၥည္းက်န္မက်န္ေသခ်ာျပန္စစ္ၿပီးမွ အိပ္ယာဝင္ရသည္။
"အဝတ္အစား လဲအုံးမလား"
"ဟင့္အင္း မလဲေတာ့ဘူး။"
"သေဘာပါဗ်ာ ဖက္ထားခ်င္လို႔ အနားကို လာေပးပါအုံး"
"ဖက္ခ်င္တဲ့သူက လာေပါ့ ငါကဘာလို႔လာေပးရမွာလဲ"
"အဲ့လိုလား ရတယ္ေလ ကိုယ္လာရင္ေတာ့ ဖက္တာနဲ႕ပဲၿပီးမွာမဟုတ္ဘူး။"
အိပ္ရာေပၚကေန ထလာဖို႔လုပ္ကာမွ
"ေနေန အဲ့ေနရာမွာပဲေနလိုက္ လာၿပီ။"
ရင္ခြင္ထဲကို ႐ြစိ႐ြစိနဲ႕ တိုးဝင္လာပုံက အသည္းတယားယားျဖစ္ေနရသည္။
စိတ္ရွိလက္ရွိ ဖ်စ္ညွစ္လိုက္မိရင္လည္း ေအာ္ပါလိမ့္မည္။
ဆြဲခ်ၿပီး ရင္ခြင္ေအာက္ပို႔လိုက္ေတာ့အလန့္တၾကားျပန္ၾကည့္လာသည္။
"အာ့...မင္း!!"
"႐ႊတ္!! ႐ႊတ္!! ႐ႊတ္!!"
မ်က္ႏွာတစ္ျပင္လုံးအႏွံ႕နမ္းေပးလိုက္ေတာ့
တအံ့တၾသ ျပန္ၾကည့္ေနေသးသည္။
"ဒီတစ္ခါ အတည္နမ္းၿပီ"
"ႁပြတ္!!"
ႏႈတ္ခမ္းေတြေပၚ ဖိကပ္နမ္းေတာ့
အလိုက္သင့္ေလး တုံ႕ျပန္ၿပီး ျပန္နမ္းေပးလာသည္။
ထိေတြ႕မိတိုင္း ျပန္လႊတ္ေပးဖို႔ခက္ခဲတဲ့အရာေတြထဲမွာ ဒီႏႈတ္ခမ္းတစ္စုံက အပါအဝင္။
အတူတူ အေပးအယူမွ်ေနေတာ့ နမ္းေနမိတာ
အခ်ိန္ေတြဘယ္ေလာက္ၾကာသြားမွန္းေတာင္မသိ။
ရင္ဘက္ကို ထုရိုက္လာေတာ့မွ လႊတ္ေပးဖို႔သတိရသည္။
ေသခ်ာၾကည့္မိမွ ႏႈတ္ခမ္းေထာင့္ေလးေပါက္သြားၿပီးေသြးေလးစို႔ေနေသးသည္။
"ကိုယ္ နည္းနည္းမ်ားသြားတယ္ထင္တယ္။"
"ေတာ္ေတာ္မ်ားသြားတာ"
"ဟားး ျပန္စြာဖို႔ေတာ့ မေမ့ဘူးေနာ္"
ေနာက္ဆုံးေတာ့ စကားေတြေရာက္တတ္ရာရာေျပာရင္း ကိုယ္လုံးေလးကို ရင္ခြင္ထဲထည့္ၿပီးအိပ္ျဖစ္သည္။
Air con အေအးေၾကာင့္ အနားကိုတိုးကပ္လာေနတဲ့
ခႏၶာကိုယ္ေလးကို ပိုၿပီးတိုးဖက္ထားမိသည္။
ဒီအတိုင္းဆိုအဖက္မခံမွာစိုးလို႔ Air conကို နံပါတ္ေလွ်ာ့ထားၿပီး remoteကို ဖြက္ထားလိုက္တာအေတာ္ေလးမွန္ကန္တဲ့ လုပ္ရပ္တစ္ခုျဖစ္ခဲ့သည္။
အရမ္းေတာ္လြန္းလို႔ ဦးႏွောက္ေလးကို ေ႐ႊေတာင္ခ်ထားခ်င္မိတဲ့အထိ။
အေအးဓာတ္ကိုအံတုဖို႔ ခ်စ္သူေလးတစ္ေယာက္လုံးရွိေနတာမို႔ ဖက္အိပ္လိုက္ေတာ့လည္းႏြေးႏြေးေထြးေထြး ပူးပူးကပ္ကပ္ပါပဲ။
ရည္စားမရွိတဲ့ သူေတြကေတာ့ Air con ေလွ်ာ့ရင္အေအးပက္႐ုံအျပင္မရွိ။
ဖက္စရာ ရည္းစားမရွိရင္ ေစာင္ၿခဳံအိပ္တာအေကာင္းဆုံးပင္။
>>>>>>>>>>>>>>>
ေဖေဖနဲ႕ ေမေမကႏႈတ္ဆက္ၿပီးေတာ့ လူငယ္ေတြအခ်င္းခ်င္း လြတ္လြတ္လပ္လပ္ေျပာလို႔ရေအာင္
အရင္ျပန္ႏွင့္မယ္ဆိုကာ ျပန္သြားၿပီျဖစ္သည္။
က်န္တဲ့သူေတြကလည္း အလိုက္တသိေရွာင္ေပးၾကသည္။
"ငါ..ငါေလ မင္းနဲ႕ မခြဲနိုင္ဘူး။
ဒီရက္ေတြမွာ အတူရွိလိုက္ရလို႔ အက်င့္ေတြပ်က္ကုန္ၿပီထင္ပါတယ္"
"ခုတစ္ႀကိမ္ၿပီးရင္ ကိုယ္ျပန္လာတဲ့ေန႕က
မင္းဆီကိုအၿပီးျပန္လာတဲ့ေန႕ပဲ။
ေနာက္ထပ္လည္း ဘယ္ေတာ့မွမခြဲေတာ့ဘူး သိတယ္မလား"
"...."
အရည္ၾကည္ေတြလဲ့ေနတဲ့မ်က္လုံးေတြနဲ႕ တေမ့တေမာၾကည့္ရင္း ေခါင္းေလးၿငိတ္ျပလာသည္။
"စကားေတြအမ်ားႀကီးေျပာၿပီး ကတိေပးတာေတြမလုပ္ေတာ့ဘူး။
ကိုယ့္လုပ္ရပ္ေတြကိုပဲ ေစာင့္ၾကည့္ေပးပါ။
သက္ေသျပေပးမွာမို႔"
"သိပါၿပီ အခ်ိန္ကပ္ေနၿပီ သြားေတာ့ေလ"
"အင္း"
"ငါ..ငါအရင္ျပန္ႏွင့္မယ္"
သူ႕ေရွ႕မွာ ငိုမခ်ခ်င္လို႔ အရင္သြားမဲ့အေၾကာင္းေျပာလာတာမွန္းသေဘာေပါက္ပါသည္။
ရင္ခြင္ထဲ ထည့္ဖက္လိုက္ၿပီး ဆံပင္ေတြၾကားထဲ တိုးေဝွ႕နမ္းၿပီး ကိုယ္သင္းရနံ႕ေလးကို အၾကာၾကရႈရွိုက္ေနမိသည္။
"ကိုယ္ ဟိုေရာက္ရင္ face timeေခၚလိုက္မယ္။"
ေနာက္ဆုံးေတာ့လည္း တစ္ဖန္ LDRS ဘဝကိုျပန္ေရာက္သြားၾကတာပင္။
လူႏွစ္ဦးကသာအဓိက က်တာမို႔ အေနေဝးတာေတြ
နီးတာေတြကို ထည့္မေတြးေတာ့ပဲ
သူတို႔ႏွစ္ဦးၾကားက သံေယာဇဥ္ထုထည္က
ေသးေသးေလးမွ မဟုတ္ပဲ။
သူငယ္ခ်င္းလိုအခ်စ္မ်ိဳးနဲ႕ ခ်စ္ခဲ့ၾကသလို ခ်စ္သူေတြလိုလည္း အခ်ိန္တစ္ခုအထိ ခ်စ္ခဲ့ၾကတာမို႔။
ေနာက္ထပ္တစ္ခ်ိန္သာက်န္ပါေတာ့သည္။
အိမ္ေထာင္ဘက္အခ်င္းအခ်င္း ခ်စ္ၿပီးေလးစားတဲ့အခ်စ္မ်ိဳးနဲ႕ ထပ္ခ်စ္ဖို႔။
Note_ေယာေတာဘြန္း ခရစ္စမတ္ ေန႕က်ရင္ေပးစရာလက္ေဆာင္ရွိပါတယ္။
Hate You လိုမ်ိဳး Part 1,2,3 နဲ႕ပဲေရးဖို႔လုပ္ထားေပးမဲ့ သူကေတာ့ နည္းနည္းပိုရွည္သြားတယ္။
Christmas vibeေလးရမယ္လို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။