စစ်ဧကရာဇ် လီကွမ်ရီ ( Book 2...

By Azure5549

13.2K 490 0

Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immo... More

991 - 995
996 - 1000
1001 - 1005
1006 - 1010
1011 - 1015
1016 - 1020
1021 - 1025
1026 - 1030
1031 - 1035
1036 - 1040
1041 - 1045
1046 - 1050
1051 - 1055
1056 - 1060
1061 - 1065
1066 - 1070
1071 - 1075
1076 - 1080
1081 - 1085
1086 - 1090
1091 - 1095
1096 - 1100
1101 - 1105
1106 - 1110
1111 - 1115
1116 - 1120
1121 - 1125
1126 - 1130
1131 - 1135
1136 - 1140
1141 - 1145
1146 - 1150
1151 - 1155
1156 - 1160
1161 - 1165
1166 - 1170
1171 - 1175
1176 - 1180
1181 - 1185
1186 - 1190
1191 - 1195
1196 - 1200
1201 - 1205
1206 - 1210
1211 - 1215
1216 - 1220
1221 - 1225
1226 - 1230
1231 - 1235
1236 - 1240
1241 - 1245
1246 - 1250
1251 - 1255
1256 - 1260
1261 - 1265
1266 - 1270
1271 - 1275
1276 - 1280
1281 - 1285
1286 - 1290
1291 - 1295
1296 - 1300
1301 - 1305
1306 - 1310
1311 - 1315
1316 - 1320
1321 - 1325
1326 - 1330
1331 - 1335
1336 - 1340
1341 - 1345
1346 - 1350
1351 - 1355
1356 - 1360
1361 - 1365
1366 - 1370
1371 - 1375
1376 - 1380
1381 - 1385
1386 - 1390
1391 - 1395
1396 - 1400
1401 - 1405
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
1406 - 1410
1411 - 1415
1416 - 1420
1421 - 1425
1426 - 1430
1431 - 1435
1436 - 1440
1441 - 1445
1446 - 1450
1451 - 1455
1456 - 1460
1461 - 1465
1466 - 1470
1471 - 1475
1476 - 1480
1481 - 1485
1486 - 1490
1491 - 1495
1496 - 1500
1501 - 1505
1506 - 1510
1511 - 1515
1516 - 1520
1521 - 1525
1526 - 1530
1531 - 1535
1536 - 1540
1541 - 1545
1546 - 1550
1551 - 1555
အထက်ဘုံ အောက်ဘုံရဲ့ကွာခြားချက်
1556 - 1560
1561 - 1565
1566 - 1570
1571 - 1575
1576 - 1580
1581 - 1585
1586 - 1590
1596 - 1600
1601 - 1605
1606 - 1610
1611 - 1615
1616 - 1620
1621 - 1625
1626 - 1630
1631 - 1635
1636 - 1640
1641 - 1645
1646 - 1650
1651 - 1655
1656 - 1660
1661 - 1665
1666 - 1670
1671 - 1675
1676 - 1680
1681 - 1685
1686 - 1690
Ch 1691 - 1695
Ch 1696 - 1700

1591 - 1595

71 4 0
By Azure5549

စစ်ဧကရာဇ်(Chapter:1591)
(ယုယွီလျန်)
.................
     ကျင့်ကြံသူအများအပြားက ဝေါ်လုံကျစ်အတွက် ဝမ်းနည်းနေကြသည်။ အဆင့်တစ်ဆယ်၌ တင်းယွမ်ဟို၊ ယဲ့ကျိုးကျောနှင့် ဝေါ်လုံကျစ်တို့၏ အရိပ်သုံးခုသာရှိသည်။

     ဝေါ်လုံကျစ်သည် သုံးယောက်ထဲတွင် အသက်အငယ်ဆုံးဖြစ်ပြီး ကျန်နှစ်ဦးမှာ သြဇာအရှိန်အဝါ ကြီးမားသော နတ်ဘုရားသခင်အဆင့်များ ဖြစ်သည်။

     ဝေါ်လုံကျစ်သာ အသက်ရှင်နေသေးပါက သူ၏အောင်မြင်မှုသည် တင်းယွမ်ဟိုနှင့် ယဲ့ကျိုးကျောတို့ထက် နိမ့်ကျမည်မဟုတ်ဟု အများစုက ယုံကြည်ကြသည်။ ထိုစဥ် အားလုံး၏ အကြည့်များက အရိပ်တစ်ခုသာရှိသော တစ်ဆယ့်တစ်ဆင့်သို့ ရောက်သွားကြသည်။

     "မင်းသမီးယုရောက်လာပြီ"ထိုအချိန်မှာပင် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။

     ချက်ချင်းပင် အားလုံး၏အတွေးများ လွင့်ပြယ်သွားကြပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြရာ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ကြရသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ထို့ကြောင့် ကြာပန်းလေးတစ်ပွင့် ရောက်လာသည်နှင့်ပင် တူနေသည်။ သူမ၏ မျက်လုံးလေးများကလည်း တောက်ပပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။

     "မင်းသမီးယု"ကျင့်ကြံသူ အများအပြားက နှုတ်ဆက်ရန် အပြေးသွားလိုက်ကြသည်။ အများစုမှာ ယုယွီလျန်ကို နှစ်သက်သဘောကျနေကြသည့် လူငယ်လေးများဖြစ်သည်။

     ယုယွီလျန်သည် မြောက်ပိုင်းပင်လယ်၏ မျိုးဆက်သစ်လူငယ်များအကြား လွန်စွာကျော်ကြားပြီး ချစ်ခင်စဖွယ်ကောင်းသည့် မိန်းကလေးတစ်ယောက်ဖြစ်၏။

     "ငါ့ရဲ့အရည်အချင်းကို စမ်းသပ်ကြည့်မယ့်နေ့မှာ အခုလောက်အထိ အားပေးသူတွေများမယ်လို့ မမျှော်လင့်ထားပါဘူး၊ အားလုံးကို ကျေးဇူးတင်ပါတယ်"ယုယွီလျန်က ချစ်စဖွယ်ပြုံးပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

     "မင်းသမီးက သူစိမ်းဆန်နေပြန်ပါပြီ၊ မင်းရဲ့အောင်မြင်မှုတွေကို မြင်ခွင့်ရတာက ငါတို့အတွက် ဂုဏ်ယူစရာပဲလေ"လူငယ်လေးတစ်ယောက်က အရောဝင်ဟန်ဖြင့် ပြုံး၍ပြောလိုက်သည်။
     "ငါ့ဦးလေးက ပြောဖူးတယ်၊ မင်းက မိုးကောင်းကင်ရဲ့ သမီးပျိုလေးတဲ့၊ တိမ်နဂါးဘုရင်၊ ကောင်းကင်စောင့်မင်းသမီးနဲ့ မင်းက မြောက်ပိုင်းပင်လယ်ရဲ့ အလှမယ်သုံးဖော်လို့ ခဏခဏ ပြောပြဖူးတယ်"

     ထိုလူငယ်သည် နတ်ဆိုးမြို့တော်မှ ဖြစ်သည်။ သူသည် ရွှေနဂါးမင်းသား၏ တူတော်စပ်သည်။ သူ့ကိုယ်သူ အမည်ပေးထားသည်မှာ ဥဒေါင်းမင်းသားဟူ၍ ဖြစ်သည်။ ယုယွီလျန်ကို မြောက်ပင့်ပြောဆိုမှုသည် သူ့အတွက်မဟုတ်ဘဲ ရွှေနဂါးမင်းသားအတွက် ရွှေလမ်းငွေလမ်း ဖောက်ပေးချင်၍ဖြစ်သည်။

     ရွှေနဂါးမင်းသားက ဤနေရာသို့လာပြီး ယုယွီလျန်ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ချင်သည်။ သို့သော် အရေးပေါ်ကိစ္စ ပေါ်လာခဲ့၍ ခရီးစဥ်ကို ဖျက်သိမ်းခဲ့ရသည်။ သူ၏ကိုယ်စား ဥဒေါင်းမင်းသားကို စေလွှတ်ပြီး ရင်းနှီးမှုရအောင် ကြိုးစားခိုင်းခဲ့သည်။

     "ရွှေနဂါးမင်းသားက သိပ်သဘောကောင်းတာပဲ၊ ငါ့ကို အရမ်းမြောက်ပင့်လွန်းနေပါပြီ"ယုယွီလျန်က ပြန်ပြောသည်။ သိုသော် စိတ်ထဲတွင်မူ ကျေနပ်နေမိသည်။

     ဝေါ်လုံရွှမ်နှင့် ကျစ်ချူးနင်တို့သည် လွန်စွာ လှပပြီး ဤမျိုးဆက်၏ ထိပ်ဆုံးအလှမယ်စာရင်းထဲ ပါပေသည်။ အမှန်အတိုင်းဆိုရလျှင် ယုယွီလျန်၏အလှသည် ထိုနှစ်ယောက်ကို မယှဥ်နိုင်ပေ။

     သို့သော် အတော်များများက ယုအိမ်တော်၏ မျက်နှာသာကို ရရှိလိုကြ၍ ယုယွီလျန်ကို ထိုနှစ်ယောက်နှင့် တူညီသောအဆင့်တွင် ထားကြသည်။ ယုယွီလျန်ကလည်း ထိုသို့ချီးကျူးခံရတိုင်း များစွာ ကျေနပ်နေမိသည်။

     ထိုနောက် သူမသည် ကြယ်များဝန်းရံထားသည့် လမင်းကဲ့သို့ တစ်ဆယ့်နှစ်ထစ်လှေကားထံ လျှောက်သွားသည်။

     "အစ်ကိုလုံကို ဘယ်သူမှ ယှဉ်လို့မရပါဘူး၊ သူက ဒီမျိုးဆက်ရဲ့ အင်မော်တယ်ဧကရာဇ် ဖြစ်လာလိမ့်မယ်"ယုယွီလျန်က တောင်ပေါ်သို့လှမ်းကြည့်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူမ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ရန် မကြိုးစားခဲ့ချေ။

     ဤနေရာရှိ ကျင့်ကြံသူအားလုံးကလည်း တောင်ထိပ်ရှိ ပုံရိပ်ကို လှမ်းမျှော်ကြည့်လိုက်ကြသည်။ တစ်ဆယ့်တစ်ဆင့်တွင် လူငယ်လေးတစ်ယောက်၏ ပုံရိပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသည်။

     လူတိုင်းသည် ထိုလူငယ်၏ပုံရိပ်ကိုကြည့်ပြီး မျက်နှာအမူအရာများ တည်ကြည်လေးနက်လာခဲ့သည်။ ယုယွီလျန်ကို တိတ်တခိုး နှစ်သက်နေသူများမှာ သက်ပြင်းချလိုက်မိကြ၏။ တစ်ဆယ့်တစ်ဆင့်၌ ရှိနေသော လူငယ်လေးသည် အမှန်ပင် အားကောင်းလွန်းသည်။

      "ဧကရာဇ်ငယ်'လုံ'က ဒီမျိုးဆက်ထဲမှာ အရမ်းထူးခြားတဲ့ ပါရမီရှင်ပါ၊ ငါ့ဦးလေး ဘုရင်မင်းမြတ်က သူနဲ့ သွေးသောက်ညီအစ်ကိုဖွဲ့ထားကြတယ်လေ၊ ဦးလေးက ပြောဖူးတယ်၊ ဧကရာဇ်ငယ်လုံက ဒီမျိုးဆက်ရဲ့အင်မော်တယ်ဧကရာဇ် သေချာပေါက်ဖြစ်လာမှာတဲ့"ဥဒေါင်းမင်းသားက ယုယွီလျန်၏စကားကို ထောက်ခံလိုက်သည်။

     "ဟုတ်တယ်၊ အခုခေတ်မှာ အစ်ကိုလုံကို ဘယ်သူက ယှဥ်နိုင်မှာလဲ၊ သူက အားလုံးကိုကျော်ဖြတ်ပြီး အောင်ပွဲခံလိမ့်မယ်"ယုယွီလျန်က တစ်ဆယ့်တစ်ဆင့်မှ လူငယ်လေးကို ချစ်ခင်မြတ်နိုးစွာဖြင့် ကြည့်လိုက်ပြန်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်ပြန်သည်။
     "အစ်ကိုလုံက ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီ"ယုယွီလျန်က ပြုံးသည်။ ထိုအချိန်တွင် သူမ၏အပြုံးက လွန်စွာ လှပနေပေသည်။

     "ဟုတ်တယ်၊ ဧကရာဇ်ငယ်လုံက ကိုးကမ္ဘာနတ်ဘုရားသခင်အဆင့်ကိုတောင် သတ်နိုင်တယ်၊ သူ့ကို ဘယ်သူမှ မတားနိုင်ဘူး"ဤနေရာရှိ ပါရမီရှင်အချို့ကပင် ဝင်ရောက်ချီးကျူးလိုက်ကြသည်။

     "လုံအောင်းထျန်း ..."ယုယွီလျန်ကို နှစ်သက်နေသူများမှာ ထိုအမည်ကိုကြားတိုင်း စိတ်အနှောက်အယှက် ဖြစ်ကြရသည်။ သို့သော် မည်သူမှ သူတို့၏မကျေနပ်ချက်ကို ထုတ်ဖော်ပြောဝံ့ခြင်း မရှိကြပေ။

     လုံအောင်းထျန်း၏ အမည်သည် မြောက်ပိုင်းပင်လယ်၌ လွှမ်းမိုးမှုကြီးလွန်းသည်။ သူ့ကို အားပေးထောက်ခံသူတွေ များပြားပြီး သူနှင့်လက်ထပ်ချင်သည့် သမီးပျိုများစွာ ရှိပေသည်။

     နေသူရိန်ဂိုဏ်း၏ ဆက်ခံသူဖြစ်သောကြောင့် ကြီးမြတ်သော အရှိန်အဝါရှိသည်။ ထို့ပြင် ပြီးပြည့်စုံသည့် အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်သည်။ သူ၏အောင်မြင်မှုက နေသူရိန်ဂိုဏ်းကို အရှက်မကွဲစေခဲ့ပေ။ လက်ရှိမျိုးဆက်၏ အင်မော်တယ်ဧကရာဇ်ဖြစ်လာမည့်သူဟုလည်း ရေပန်းစားပေသည်။

     သူ၏အင်အားက ကမ္ဘာကိုတုန်လှုပ်စေခဲ့သည်။ လိုလေသေးမရှိအောင် ပြည့်စုံနေသူဖြစ်၍ သူ့ကို မိုးကောင်းကင်၏ သားတော်တစ်ပါးဟုပင် ဂုဏ်ပြုခေါ်ဆိုလေ့ရှိကြသည်။ သူသည် ဤမျိုးဆက်တွင် ပြိုင်ဘက်ကင်းသည်။ ထို့ကြောင့် လူတိုင်းက အားကျကြရသည်။

     ယုယွီလျန်မှာ လုံအောင်းထျန်း၏ အကြောင်းကိုပြောချိန်တိုင်း ဝမ်းသာပီတိဖြစ်မိသည်။
     "အစ်ကိုလုံက ဆယ်ရက်၊ ဆယ်ညတိတိ တိုက်ပွဲဝင်ပြီး သူတစ်ယောက်ထဲနဲ့ ရန်သူအားလုံးကို အနိုင်ယူနိုင်ခဲ့တာ၊ အင်မော်တယ်ဧကရာဇ်ဖြစ်ပြီးရင်တော့ အခုထက် ပိုကြောက်စရာကောင်းမှာ သေချာတယ်လေ"

     ထိုသို့ပြောပြီးနောက် သူမ၏မျက်နှာက မက်မွန်ရောင် နီရဲလာခဲ့တယ်။ သူမ၏ နှလုံးသားသည် လျင်မြန်စွာ ခုန်လာပြီး အချစ်ဆိပ်များကလည်း ပြင်းထန်လာခဲ့၏။ သူမသည် လုံအောင်းထျန်းကို မြင်မြင်ချင်း ချစ်မိသွားသည်။ လုံအောင်းထျန်း၏ ဇနီးတစ်ယောက်ဖြစ်ခွင့်မှလွဲ၍ အခြားဘာမှ မလိုချင်တော့ပေ။

     ယုယွီလျန်ကို နှစ်သက်နေသူများမှာ ဘဝင်မကျ ဖြစ်နေကြရ၏။ သို့သော် မည်သူမှ ဘာမှမပြောရဲကြချေ။

     ယုယွီလျန်၏ စကားက လူအုပ်ကြီးကို တုန်လှုပ်သွားစေခဲ့သည်။ ချက်ချင်းပင် ဥဒေါင်းမင်းသားက ပြုံး၍ ပြောလိုက်သည်။
     "ဧကရာဇ်ငယ်လုံက ကမ္ဘာပေါ်က သူရဲကောင်းတွေကို စိန်ခေါ်ပြီး နတ်ဘုရင်သခင်အဆင့်ငါးယောက်ကို သတ်ပစ်လိုက်တယ်၊ ကိုးကမ္ဘာ့နတ်ဘုရားသခင် ဟိုင်ကွိုက်ကိုတောင် တစ်ချက်ထဲနဲ့ သတ်ပစ်ခဲ့တာလေ၊ သူ့ရဲ့အင်အားက တကယ့်ကို အံ့မခန်းပါပဲ"

     "မှန်တယ်၊ ဧကရာဇ်ငယ်လုံရဲ့ စွမ်းအားက တုနှိုင်းမဲ့လွန်းတယ် ..."တစ်ချိန်တည်းမှာ အခြားကျင့်ကြံသူများစွာကလည်း ရေလိုက်ငါးလိုက် ဝင်ပြောလိုက်ကြ၏။

     လူအချို့မှာမူ လုံအောင်းထျန်းအား ချီးကျူးနေသည်ကို မကျေနပ်ကြပေ။ သူတို့သည် မျက်မှောင်ကြုတ်လိုက်မိကြသည်။ မြောက်ပိုင်းပင်လယ်သို့ နေသူရိန်ဂိုဏ်း ရောက်လာကတည်းက အခြေအနေများ တင်းမာနေသည်။ နေသူရိန်ဂိုဏ်းက အင်အားသုံးပြီး ပိုင်နက်နယ်မြေများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုလုပ်ရပ်ကြောင့် နေသူရိန်ဂိုဏ်း၏ အနိုင်ကျင့်ခံရသူများမှာ မပျော်ရွှင်ကြချေ။

     သူတို့သည် နေသူရိန်ဂိုဏ်းနှင့်ယှဥ်လျှင် များစွာအားနည်းသော်လည်း ပိုက်နက်နယ်မြေများကို အလွယ်တကူ မလွဲပြောင်းပေးခဲ့ပေ။ နတ်ဆိုးမျိုးနွယ်နှင့် ပင်လယ်နတ်ဆိုးမျိုးနွယ်များဖြစ်၍ သမုဒ္ဒရာတိုက်ပွဲများ၌ အထူးကျွမ်းကျင်ကြသည်။

     ဤဒေသရှိ အဖွဲ့များစွာ စုစည်းပြီး နေသူရိန်ဂိုဏ်းကို တန်ပြန်တိုက်ခိုက်ခဲ့ကြ၏။ ထို့ကြောင့် ပြင်းထန်သော စစ်ပွဲကြီးတစ်ခု ဖြစ်လာခဲ့သည်။

     မည်သို့ဆိုစေကာမူ အရေအတွက် အားသာချက်များရှိသော်လည်း ရလဒ်မှာ ခန့်မှန်းရန်လွယ်သည်။ နေသူရိန်ဂိုဏ်း၏ လက်ချက်ဖြင့် မဟာမိတ်တပ်ပေါင်းစုကြီးမှာ အထိအခိုက် အကျအရှုံးများခဲ့ရသည်။

     နေသူရိန်ဂိုဏ်း၏ လုပ်ရပ်က မြောက်ပိုင်းပင်လယ်ရှိ အဖွဲ့အစည်းအများစုကို ဒေါသထွက်စေခဲ့သည်။ အတော်များများက နေသူရိန်ဂိုဏ်းကို ပြစ်တင်ဝေဖန်ခဲ့ကြ၏။ ထို့ကြောင့် လုံအောင်းထျန်းက သူ၏ဂိုဏ်းသည် ဤပင်လယ်ဒေသကို ခေတ္တငှားရမ်းခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အကယ်၍ သူ့ကိုမယုံကြည်သူများရှိလျှင် စိန်ခေါ်တိုက်ခိုက်နိုင်ကြောင်း ပြောသည်။ သူရှုံးနိမ့်ခဲ့ပါက မြောက်ပိုင်းပင်လယ်မှ ချက်ချင်း ထွက်ခွာပေးမည့်အပြင် ဧကရာဇ်အဆင့်ကျင့်စဥ်များနှင့် လက်နက်များကို လျော်ကြေးအဖြစ်ပေးမည်ဟု ဆိုခဲ့သည်။

     ထို့ကြေညာချက်က လူတိုင်း၏စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ နေသူရိန်ဂိုဏ်းသည် အင်မော်တယ်ဧကရာဇ်ငါးပါး ပိုင်ဆိုင်ထားသော ဂိုဏ်းတစ်ခုဖြစ်သည်။ သူတို့ထံ၌ မယုံနိုင်စရာကောင်းသည့် ကျင့်စဥ်နှင့် လက်နက်များ ရှိသည်။ ထို့ကြောင့် အတော်များများက လုံအောင်းထျန်းကို စိန်ခေါ်တိုက်ခိုက်ရန် ထွက်လာကြသည်။

     ထိုအခါ လုံအောင်းထျန်းက ပင်လယ်ပြင်တစ်နေရာ၌ တိုက်ပွဲကွင်းတစ်ခုကို ဖန်တီးခဲ့သည်။ မည်သူမဆို မည်သည့်ကန့်သတ်ချက်မှမရှိဘဲ သူ့ကိုစိန်ခေါ်နိုင်ကြောင်း ပြောခဲ့သည်။

     အချိန်တိုအတွင်းမှာပင် နတ်ဆိုးမျိုးနွယ်များ၊ ပင်လယ်နတ်ဆိုးများမှ ကျော်ကြားသော ကျင့်ကြံသူများစွာ ထွက်လာပြီး လုံအောင်းထျန်းကို တိုက်ခိုက်ခဲ့ကြသည်။  အားလုံးက ဝိုင်းဝန်းတိုက်ခိုက်ကြသည့်အပြင် အချို့ဆိုလျှင် ချောင်းမြောင်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ပါ ကြံစည်ခဲ့ကြသည်။

     ထိုတိုက်ပွဲသည် မြောက်ပိုင်းပင်လယ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ သက်တမ်းကုန်ခါနီး နတ်ဘုရားသခင်အဆင့်တွေပင် တိုက်ပွဲ၌ ပါဝင်လာကြသည်။
                         ***

စစ်ဧကရာဇ်(Chapter:1592)
(နေသူရိန်ဂိုဏ်း၏ ဆက်ခံသူ)
.........................................
     ကျင့်ကြံသူများစွာက သူ့ကိုသတ်ရန် အရူးအမူး ကြိုးစားကြသော်လည်း လုံအောင်းထျန်းသည် အစွမ်းထက်လွန်းသည်။ သူတစ်ယောက်တည်းဖြင့် ရန်သူများစွာကို ဖြိုခွင်းနိုင်ခဲ့သည်။ ထို့ပြင် သူ၏ ပြီးပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကြောင့် ရန်သူ၏တိုက်ကွက်များက ထိရောက်မှုမရှိခဲ့ပေ။

     လှိုင်းလုံးများဖြင့် သန့်ရှင်းရေးလုပ်ပြီးချိန်၌ပင် တိုက်ပွဲစင်မြင့်ပေါ်၌ အရိုးများ စုပုံကျန်ရှိနေသည်။ ထိုတိုက်ပွဲသည် လူတိုင်း၏စိတ်ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ တိုက်ပွဲကြောင့် ဤဒေသတွင် သွေးများစွန်းထင်းသွားရသည်။

     အချိန်ဆယ်ရက်နှင့် ဆယ်ညကြာပြီးနောက် လုံအောင်းထျန်းသည် နတ်ဘုရားသခင်အဆင့် ငါးယောက်အပါအဝင် အခြားသော ကျင့်ကြံသူများစွာကို သတ်ပစ်နိုင်ခဲ့သည်။ နတ်ဘုရားသခင်အဆင့် ငါးယောက်မှ တစ်ယောက်သည် ပင်လယ်နတ်ဆိုးများ၏ အားအကောင်းဆုံးဘိုးဘေးဖြစ်သည်။ သူသည် ကိုးကမ္ဘာနတ်ဘုရားသခင်အဆင့်၌ ရှိပေသည်။

     ထိုသို့သော ကြောက်စရာကောင်းသူပင် လုံအောင်းထျန်းကို မယှဉ်နိုင်ခဲ့ပေ။

     ကိုးကမ္ဘာနတ်ဘုရားသခင်တစ်ယောက်သည် ကျင့်ကြံသူများစွာအတွက် မယုံနိုင်ဖွယ်တည်ရှိမှု ဖြစ်သည်။ လက်တစ်ဖက်လှန်လိုက်ရုံဖြင့် ဂိုဏ်းတစ်ခုကို ဖျက်ဆီးနိုင်စွမ်းရှိကြသည်။ သို့သော် လုံအောင်းထျန်းက ထိုအဆင့်ကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့၏။

     ထိုနောက်ပိုင်း သူ့ကို မည်သူမှ မတိုက်ခိုက်ရဲကြတော့ပေ။ ရန်သူအားလုံးက သူ့ကို ကြောက်လန့်သွားကြသည်။

     ထိုတိုက်ပွဲကြောင့် လုံအောင်းထျန်းက ယခင်ထက် ကျော်ကြားလာသည်။ တိုက်ပွဲအပြီး၌ ကျင့်ကြံသူများစွာက သူ့ကို ဧကရာဇ်ငယ်ဟု အမည်ပေးခဲ့ကြသည်။

     ယခု ယုယွီလျန်က ထိုတိုက်ပွဲအကြောင်းကို ပြန်ပြောနေ၍ အားလုံးမှာ စိတ်လှုပ်ရှားနေကြရသည်။ ယုယွီလျန်မှာမူ ထိုတိုက်ပွဲပြီးကတည်းက လုံအောင်းထျန်းကို တစ်ဖက်သတ် ချစ်မိခဲ့၏။

     ယုယွီလျန်က တစ်ဆယ့်နှစ်ထစ်လှေကားပေါ် လှမ်းကြည့်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
     "အစ်ကိုလုံက ဆယ့်တစ်ဆင့်ကိုရောက်နိုင်တဲ့ တစ်ဦးထဲသော ပါရမီရှင်ပါ၊ ဒီကမ္ဘာမှာ သူ့လောက်ကြီးမြတ်တဲ့သူ မရှိနိုင်တော့ပါဘူးလေ"

     ယုယွီလျန်ကို နှစ်သက်နေသူများမှာ အောင့်သက်သက်ဖြစ်နေကြရသည်။ သူတို့က ယုယွီလျန်ကို ချစ်နေမိသော်လည်း ယူယွီလျန်ကမူ လုံအောင်းထျန်းကို တစ်ဖက်သတ် ချစ်နေသည်။

     "လုံအောင်းထျန်းက အသန်မာဆုံးမဟုတ်ပါဘူး၊ ဆယ့်နှစ်ထစ်မြောက်မှာ တစ်ယောက်ရှိနေသေးတယ်လေ"နောက်ဆုံးတွင် မပျော်မရွှင်ဖြစ်နေသည့် လူငယ်လေးတစ်ယောက်က အော်ပြောလိုက်သည်။

     ချက်ချင်းပင် အားလုံး၏အကြည့်များက တစ်ဆယ့်နှစ်ဆင့်သို့ ကျရောက်သွားသည်။ ထိုအဆင့်၌ မီးခိုးရောင် ဝတ်စုံနှင့် အရိပ်တစ်ခုရှိနေသည်။ အရိပ်က လွန်စွာ မှုန်ဝါးနေ၍ ထိုသူ၏မျက်နှာကို မမြင်ကြရပေ။

     ထိုအရိပ်သည် လုံအောင်းထျန်း၏အရိပ်ကဲ့သို့ တောက်ပခြင်းမရှိသော်လည်း တစ်ဆယ့်နှစ်ဆင့်၌ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ထိုနေရာ၌ ရှိနေသည်မှာ အချိန်များစွာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော် အချိန်မြစ်ကြီးကပင် အရိပ်အမှတ်အသားကို မဖျက်ဆီးနိုင်ပေ။

     "အဲဒါက ဘိုးဘေးကူးကျွမ်လေ"ယုယွီလျန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

     "ကောင်းကင်စောင့်မြို့ရဲ့ ဒဏ္ဍာရီ ဘိုးဘေးကူးကျွမ်လား၊ သူက ယဲ့ကျိုးကျောရဲ့ဆရာလို့တောင် ကြားဖူးတယ်နော်"ဤမျိုးဆက်၌ ကူးကျွမ်သည် လူလုံးထွက်မပြ၍ လူငယ်အများစုမှာ မသိကြပေ။ ကူးကျွမ်၏တပည့် ယဲ့ကျိုးကျောကိုသာ ပိုသိကြသည်။

     ယခင်မျိုးဆက်မှ ကျင့်ကြံသူများသာ ကူးကျွမ်၏အကြောင်းကို သိကြသည်။ မည်မျှ ကြောက်စရာကောင်းသည်ကို နားလည်ကြသည်။

     "ဟုတ်တယ်၊ ကောင်းကင်စောင့်မြို့ရဲ့ အားအကောင်းဆုံးဘိုးဘေး၊ ပြီးတော့ ခေတ်တစ်လျှောက် ပါရမီရှင်ဆယ်ပါးထဲက တစ်ယောက်လေ၊ ငါ့ဘိုးဘေးနဲ့ယှဥ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ"ယုယွီလျန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

     ယုအိမ်တော်နှင့် ကောင်းကင်စောင့်မြို့တို့သည် ကောင်းမွန်သည့် ဆက်ဆံရေးများရှိသည်။ သူတို့၏ ဘိုးဘေးများသည် နဂါးနက်တပ်မဟာ၌ အားအကောင်းဆုံး စစ်သူကြီးများ ဖြစ်ခဲ့ဖူးသည်။ ယုအိမ်တော်သည် ကောင်းကင်စောင့်မြို့၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိသော်လည်း ထိုဂိုဏ်းမှ တပည့်များစွာသည် ယုအိမ်တော်ကို ဂိုဏ်း၏အစိတ်အပိုင်းအဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။

     ယုယွီလျန်က ကူးကျွမ်၏အကြောင်းကို အကြီးအကဲများထံမှ ကြားဖူးသည်။ ထို့ကြောင့် ကူးကျွမ်ကို အခြားလူငယ်များထက် ပိုသိသည်ဟု ဆိုနိုင်ပေသည်။

     "ပါရမီရှင်ဆယ်ပါးထဲက တစ်ယောက်လား"ထိုအကြောင်းကို ကြားပြီးနောက် ကျင့်ကြံသူများစွာမှာ တုန်လှုပ်ချောက်ချားသွားကြသည်။

     ပါရမီရှင်ဆယ်ပါးမှတစ်ယောက်ဟူသည်မှာ လွန်စွာ ကြောက်စရာကောင်းသည်။ လုံအောင်းထျန်းလိုလူပင် ထိုဂုဏ်ပုဒ်ကို မခံယူနိုင်ပါ။ သို့ဖြစ်ရာ ကူးကျွမ်၏အရိပ်က လုံအောင်းထျန်း၏အထက်၌ ရှိနေသည်မှာ မထူးဆန်းတော့ချေ။

     လူအုပ်ကြီးသည် ကြီးကျယ်ခမ်းနားသော ပါရမီရှင်တစ်ယောက်အကြောင်းကို တွေးတောပြီး အံ့အားသင့်နေမိကြ၏။ ထို့ပြင် ယုယွီလျန်က ကူးကျွမ်သည် သခင်မကြီးယုနှင့် အဆင့်တူသည်ဟုဆိုလာခဲ့၍ အားလုံးမှာ အသက်ရှူသံတွေ မြန်ဆန်နေကြတော့သည်။ သခင်မကြီးယုဟူသည်မှာ အင်မော်တယ်ဧကရာဇ်ရင်ထျန်းကိုယ်တိုင်က ဧကရာဇ်ပြိုင်ဘက်အဆင့်ဟု အသိအမှတ်ပြုထားသူဖြစ်သည်။ ဤသို့ဆိုလျှင် ကူးကျွမ်၏အင်အားသည်လည်း ထိုအဆင့်၌ ရှိပေလိမ့်မည်။

     အချို့မှာ ကူးကျွမ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်ချင်ကြသည်။ ဤမျှကြီးမြတ်သူက အဘယ်ကြောင့် မထင်ပေါ်ရသနည်းဟု မေးချင်ကြသည်။ သို့သော် ကောင်းကင်စောင့်မြို့ကို ဒေါသထွက်စေမည်စိုး၍ မမေးရဲကြပေ။

     အခြားတစ်ဖက်တွင် ကောင်းကင်စောင့်မြို့၏ တပည့်များက တစ်ဆယ့်နှစ်ဆင့်ရှိ အရိပ်ကိုကြည့်ပြီး ဂုဏ်ယူနေမိကြသည်။

     "လင်းဟောင်ရောက်လာပြီ ..."ထိုစဥ် လူတစ်ယောက်၏အသံက တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို ပြန်လည်နိုးထစေခဲ့သည်။ ချက်ချင်းပင် လူအုပ်ကြီးက လှည့်ကြည့်ကြသည်။

     လွန်စွာချောမောပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပသော လူငယ်လေးတစ်ယောက် ရောက်လာသည်။ သူ၏အသွင်အပြင်က လွန်စွာ ထူးခြားပြီး အားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်စွမ်းရှိသည်။

     ကျင့်ကြံသူအများအပြားမှာ လင်းဟောင်ထံ အပြေးသွားပြီး နှုတ်ဆက်ကြသည်။ သို့သော် ထိုလုပ်ရပ်အတွက် သူတို့ကို အပြစ်တင်၍မရပေ။ လင်းဟောင်သည် နေသူရိန်ဂိုဏ်းမှဖြစ်သည်။ သူသည် တမန်တော်အဖြစ် တာဝန်ယူထားသော အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်သည်။

     သူ၏အဆင့်အတန်းသည် လုံအောင်းထျန်းထက် အဆပေါင်းများစွာ နိမ့်ကျသော်လည်း နေသူရိန်ဂိုဏ်းမှဖြစ်၍ အားလုံးက မျက်နှာသာပေးကြရသည်။ ထို့ပြင် သူသည် မော်တယ်ဧကရာဇ်ကမ္ဘာရှိ အဖွဲ့အစည်းအချို့မှ ဆက်ခံသူများစွာထက် အားကောင်းသည်။

     လင်းဟောင်သည် အတော်လေး မာနကြီးသည်။ လာရောက်နှုတ်ဆက်သူများကို စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်ပြီးသာ တုံ့ပြန်ခဲ့သည်။

     သို့သော် ယုယွီလျန်ကိုမူ ခင်မင်ရင်းနှီးစွာဖြင့် ပြုံးပြသည်။ ယခင်လို မာနမကြီးတော့ဘဲ ဖော်ရွေမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်သည်။
     "မင်းသမီးယုရဲ့ အင်အားကို စမ်းသပ်ကြည့်မယ်ကြားလို့ လာအားပေးတာပါ"

     သူသည် အခြားသူများကို မဖော်ရွေသော်လည်း ယုယွီလျန်ကိုမူ ထိုသို့ဆက်ဆံ၍မရပေ။ နေသူရိန်ဂိုဏ်း၏ အင်အားက ကြီးမားသည်မှာမှန်သော်လည်း သူတို့သည် သခင်မကြီးယုကို မျက်နှာသာပေးဖို့ လိုပေသည်။

     ယုယွီလျန်က လင်းဟောင်ကို တွေ့ပြီးနောက် ပြန်လည်ပြုံးပြသည်။
     "အစ်ကိုလင်းလာခဲ့လို့ အရမ်းဝမ်းသာတယ်၊ ဒါနဲ့ အစ်ကိုကြီးလုံကရော ဘယ်မှာလဲ"

     "ငါ့အစ်ကိုကြီးက ပုန်ကန်နေတဲ့ အကြွင်းအကျန်တပ်တွေကို သုတ်သင်ရှင်းလင်းနေတယ်လေ၊ ပင်လယ်အောက်ထဲမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ ဒီကို မလာနိုင်လောက်တော့ဘူး"လင်းဟောင်က ချက်ချင်းပြန်ဖြေသည်။

     "ဧကရာဇ်ငယ်လုံကို ဘယ်သူမှ မရပ်တန့်နိုင်တော့ဘူး၊ သူက ပင်လယ်နတ်ဆိုးတွေရဲ့ မဟာမိတ်တပ်ကို ဖျက်ဆီးပြီး ကစဥ့်ကလျား ထွက်ပြေးစေခဲ့တယ်၊ ပင်လယ်နတ်ဆိုးမျိုးနွယ်က နတ်ဘုရားသခင်အဆင့်တွေတောင် ဧကရာဇ်ငယ်လုံရဲ့ နာမည်ကိုကြားရင် ချက်ချင်း ထွက်ပြေးကြလိမ့်မယ်"ကျင့်ကြံသူတစ်ယောက်က မျက်နှာလိုမျက်နှာရ ဝင်ပြောလိုက်သည်။

     ဤနေရာရှိ ကျင့်ကြံသူများစွာသည် နေသူရိန်ဂိုဏ်းနှင့် ရင်နှီးခွင့်ရလျှင် ဂုဏ်ယူဖွယ်ကောင်းသည်ဟု ယူဆထားသည်။ ဤလူငယ်များသည် နေသူရိန်ဂိုဏ်းနှင့် အချိတ်အဆက်လုပ်ချင်ကြသည်။

     "မှန်ပါတယ်၊ ဧကရာဇ်ငယ်လုံက ဒီမျိုးဆက်မှာ အင်မော်တယ်ဧကရာဇ် ဖြစ်လာမှာပါ"အခြားကျင့်ကြံသူတစ်ယောက်ကလည်း လှမ်းအော်ပြောလိုက်သည်။

     လင်းဟောင်မှာ ချီးမွမ်းသံများကိုကြားပြီး ကျေနပ်ပီတိဖြစ်နေမိသည်။ ယုယွီလျန်သည်လည်း လွန်စွာ ကျေနပ်နေမိ၏။ လုံအောင်းထျန်းကို လူအများ ချီးကျူးသည့်အသံကြားတိုင်း သူမသည် ဂုဏ်ယူနေမိသည်။

     "အစ်ကိုလုံက မိုးကောင်းကင်ရဲ့ သားတော်တစ်ပါးပါ၊ အဲဒီအရှုံးသမားတွေကို ချေမှုန်းဖို့က သူ့အတွက် ပြဿနာမရှိပါဘူးလေ"ယုယွီလျန်က ပြုံး၍ပြန်ပြောသည်။
     "ဘာပဲဖြစ်ဖြစ်ပါ၊ အစ်ကိုလုံသာ ငါ့ဘိုးဘေးရဲ့ အကူအညီကို လိုအပ်ရင် လာပြောပါ၊ ငါတို့ အစွမ်းကုန်ကြိုးစားမယ်၊ မီးထဲခုန်ဆင်းခိုင်းရင်တောင် ငြင်းမှာမဟုတ်ဘူး"

     "မင်းရဲ့ စကားတွေကို အစ်ကိုကြီးဆီ တင်ပြပေးပါ့မယ်"လင်းဟောင်က ကျေနပ်စွာဖြင့် ရယ်လိုက်သည်။

     "ဟမ် ... ယုမိသားစုရဲ့ ဂုဏ်ကျက်သရေက မင်းကြောင့် ပျက်စီးကုန်တော့မှာပဲ၊ ဘယ်လိုအတွေးနဲ့များ ဒီလိုစကားမျိုး ပြောနိုင်တာလဲ"ထိုစဥ် လူတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ သူက ယုယွီလျန်ကို ပြစ်တင်ဝေဖန်လိုက်ခြင်း ဖြစ်သည်။

     ထို့နောက် လူငယ်လေးတစ်ယောက် ရောက်လာသည်။ သူသည် ထူးခြားသောအသွင် မရှိချေ။ သူ့ကိုတွေ့ပြီးနောက် မည်သူမှ ဒုတိယအကြိမ် ပြန်လှည့်ကြည့်ကြမည် မဟုတ်ပေ။ ထိုလူငယ်၏ဘေးတွင် အစေခံတစ်ယောက် လိုက်ပါလာခဲ့သည်။

     အမှန်မှာ သူတို့သည် လီကွမ်ရီနှင့် အလင်းဥဒေါင်းဘုရင်တို့ ဖြစ်သည်။

     ပုံမှန်အားဖြင့် လီကွမ်ရီသည် ကလေးများကို ဂရုမစိုက်ပေ။ သို့သော် ယုယွီလျန်က နေသူရိန်ဂိုဏ်းကို သစ္စာခံသည့်အဓိပ္ပာယ်မျိုး ပြောဆိုနေ၍ ရပ်မကြည့်နိုင်တော့ချေ။ ဤသည်မှာ အသေးအဖွဲ့ကိစ္စတစ်ခု မဟုတ်ပေ။
                         ***

စစ်ဧကရာဇ်(Chapter:1593)
(သတ်ဖြတ်ခြင်းနတ်ဘုရား၏ အရှိန်အဝါ)
.........................................................
     လီကွမ်ရီကိုမြင်ပြီးနောက် ကျင့်ကြံသူအများအပြားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ အားလုံး အံ့ဩသွားကြသည်။ ဤအကောင်က မည်သူနည်း။ အဘယ်ကြောင့် ယခုလိုစကားမျိုးကို ပြောရဲနေသနည်း။

     အားလုံးမှာ စိတ်ရှုပ်ထွေးသွားကြရသည်။ သူတို့အရှေ့ ရောက်လာသူကို မည်သူမှ မသိကြပေ။ အချို့ဆိုလျှင် သာမန်အသွင်အပြင်ကြောင့် ဂရုစိုက်၍ပင် မကြည့်ကြချေ။

     ယုယွီလျန်သည် လင်းဟောင်အား တစ်ဖက်သတ်ချစ်နေရသူ၏အကြောင်းနှင့် ပတ်သက်သော ခံစားချက်များကို ထုတ်ဖော်ပြောကြားလိုသော်လည်း မမျှော်လင့်ထားသည့် အနှောင့်အယှက်ရောက်လာခဲ့၍ ဒေါသထွက်သွားရသည်။ ချက်ချင်းပင် အေးစက်စွာ ပြန်ပြောသည်။
     "ယုမိသားစုကိစ္စကို အပြင်လူက စိတ်ပူပေးစရာမလိုဘူး"

     လီကွမ်ရီက ယုယွီလျန်ကိုကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိသည်။
     "ယုဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာက မင်းတို့လို လူမိုက်တွေရဲ့လက်ထဲမှာ ပျက်စီးရတော့မှာပဲ"

     "နင်ဘယ်သူလဲ၊ ဘယ်သူ့အားကိုးနဲ့ ဒီလိုပြောရဲနေတာလဲ"ယုယွီလျန်မှာ ပို၍ ဒေါသထွက်လာခဲ့ရတော့၏။

     "မင်းသမီးယု၊ သူဘယ်သူလဲဆိုတာက အရေးမကြီးပါဘူး၊ မင်းရဲ့အရှေ့မှာ ရှုပ်ပွနေတဲ့ အမှိုက်ကို ရှင်းခွင့်ပေးပါ"လင်းဟောင်က ယုယွီလျန်ကို ပြောလိုက်သည်။

     ဤသည်မှာ နေသူရိန်ဂိုဏ်းမှ တပည့်ဖြစ်ရခြင်း၏ ကောင်းကျိုးတစ်ခုဖြစ်သည်။ ကမ္ဘာပေါ်၌ သူတို့ကို မည်သူကိုမှ မဆန့်ကျင်ရဲပေ။

     "ဒီအမှိုက်ကိုရှင်းဖို့ သခင်လေးလင်းနဲ့ မင်းသမီးယုရဲ့လက်တွေ ညစ်ပတ်ခံစရာ မလိုပါဘူး"ထိုစဥ် ဥဒေါင်းမင်းသားက ရှေ့သို့ ခုန်ထွက်လာခဲ့သည်။ သူက လီကွမ်ရီကို လက်ညှိုးထိုးကာ ဆက်ပြောသည်။
     "ကောင်စုတ်လေး၊ ဒီမှာ မလေးမစားလုပ်တာက သေသင့်သေထိုက်တဲ့ ပြစ်မှုပဲ၊ လာပါ၊ မင်းရဲ့ ခြေလက်တွေကိုရိုက်ချိုးဖို့ တစ်ချက်ပဲလှုပ်ရှားမယ်"

     အစေခံတစ်ဦးအသွင် ရုပ်ဖျက်ထားသော အလင်းဥဒေါင်းဘုရင်က ခေါင်းခါယမ်းကာ ရယ်လိုက်မိသည်။ လူမိုက်များသည် မည်သူနှင့် ရင်ဆိုင်နေရသည်ကို မသိပေ။ မည်သို့သေရမည်ကိုလည်း မသိကြချေ။

     လီကွမ်ရီက ဥဒေါင်းမင်းသားကို အေးဆေးစွာ ပြုံးပြလိုက်ပြီး ...
     "မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

     "ဒီမြင့်မြတ်တဲ့ လူငယ်လေးက နတ်ဆိုးမြို့တော်ရဲ့ ဥဒေါင်းမင်းသားပဲ"ဥဒေါင်းမင်းသားက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကြွားဝါလိုက်သည်။

     "ဥဒေါင်းမင်းသားလား"လီကွမ်ရီက ရယ်မောကာ ဘေးတွင်ရပ်နေသည့် အလင်းဥဒေါင်းဘုရင်ကို ပြောလိုက်သည်။
     "ဒေါင်းယောင်ဆောင်ထားတဲ့ နတ်ဆိုးငှက်တစ်ကောင်ပဲ"

     ဥဒေါင်းမင်းသား၏ မျက်နှာက နီရဲသွားသည်။ သူ၏ဇာစ်မြစ်အကြောင်း လူတွေပြောလျှင် လွန်စွာ မုန်းတီးသည်။ သာမန်ငှက်တစ်ကောင်ဖြစ်ခြင်းက သူ့ကို သိမ်ငယ်စိတ်ဝင်စေသည်။ ယခုတော့ လီကွမ်ရီက လူပုံအလယ် အရှက်ခွဲလာခဲ့၍ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
     "တိရစ္ဆာန်လေး၊ သေဖို့ပြင်လိုက်တော့"

     အခြားသော လူငယ်မျိုးဆက် ကျင့်ကြံသူများကလည်း ရယ်ပြီးရပ်ကြည့်နေကြသည်။ တစ်ဖက်တွင် ယုယွီလျန်နှင့် လင်းဟောင်တို့ကမူ အမည်မသိလူကို ဂရုမစိုက်ပေ။

     "သူ့ကိုရိုက်နှက်ပေးလိုက်"လီကွမ်ရီက ဥဒေါင်းမင်းသားကို ဆက်မပြောချင်တော့၍ အလင်းဥဒေါင်းဘုရင်ကို အမိန့်ပေးလိုက်သည်။

     ဝုန်း ... ဝုန်း ... ဝုန်း ... အလင်းဥဒေါင်းဘုရင်က ချက်ချင်းတိုက်ခိုက်သည်။ ဥဒေါင်းမင်းသားသည် မျိုးဆက်သစ်လူငယ်များအကြား ကျော်ကြားသော်လည်း အလင်းဥဒေါင်းဘုရင်နှင့် ယှဥ်လျှင်တော့ ကွာဟချက်များစွာ ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်ကြိမ်မက အရိုက်ခံလိုက်ရ၏။

     ဥဒေါင်းမင်းသား၏ မျက်နှာတစ်ပြင်လုံး ယောင်ကိုင်းလာပြီး နှုတ်ခမ်းများမှလည်း သွေးများစီးကျလာသည်။ ထို့ပြင် သွားများက အုံလိုက်ကျွတ်ထွက်လာပြီး သွေးများသည် ပါးစပ်အပြည့် ဖြစ်သွားခဲ့ရတော့သည်။

     သို့သော် အလင်းဥဒေါင်းဘုရင်က သက်ညှာပေးထားခြင်း ဖြစ်သည်။ မဟုတ်ပါက ဥဒေါင်းမင်းသားသည် ယခုအချိန်၌ အသက်ရှိတော့မည်မဟုတ်ပေ။

     "တိရစ္ဆာန်၊ မင်းကိုသတ်မယ်"ဥဒေါင်းမင်းသားက ကောင်းကင်သို့ ပျံတက်ပြီး ဒေါသတကြီး ကြုံးဝါးသည်။ ထို့နောက် သူ၏အရှေ့၌ ဓားအရေအတွက် ရာပေါင်းများစွာ ပေါ်လာကာ အလင်းဥဒေါင်းဘုရင်ထံသို့ ဓားမိုးရွာကျသည်။ ဓားအားလုံးက အလင်းဥဒေါင်းဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန်ရည်ရွယ်ချက်ဖြင့် မာန်ဟုန်ပြင်းပြင်း ကျဆင်းလာခဲ့ကြ၏။

     သို့သော် အလင်းဥဒေါင်းဘုရင်က ဓားအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အားလုံး သတိမထားမိခင်မှာပင် သူမ၏လက်တစ်ဖက်က ဥဒေါင်းမင်းသား၏လည်ပင်းကို ဖမ်းဆုပ်ထားလိုက်သည်။

     'အား ..."အလင်းဥဒေါင်းဘုရင်က လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ပြီးနောက် ဥဒေါင်းမင်းသား၏ တာအိုခန္ဓာကိုယ်ကို ဖြိုခွဲလိုက်သည်။ ထိုအခါ ငှက်တစ်ကောင်က လူတိုင်း၏အရှေ့၌ ပေါ်လာသည်။ ငှက်၏ အမွေးအတောင်တွေက အတော်လေးလှသည်။ အလင်းဥဒေါင်းဘုရင်၏ ဖမ်းချုပ်ခံထားရ၍ ငှက်က ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။

     "အခု ဘာလုပ်ရမလဲ သခင်လေး"အလင်းဥဒေါင်းဘုရင်က လီကွမ်ရီကို လှည့်ကြည့်လိုက်သည်။ ဥဒေါင်းမင်းသား၏ အသက်သည် လီကွမ်ရီ၏ အဖြေပေါ် မူတည်သည်။

     "ပုရွက်ဆိတ်တစ်ကောင်ကို သတ်စရာမလိုပါဘူးလေ"လီကွမ်ရီက ပြုံး၍ပြောလိုက်သည်။

     ဝုန်း ... ငှက်၏ပါးစပ်မှ သွေးများ ပိုမိုစီးကျလာခဲ့၏။ ထို့နောက် အလင်းဥဒေါင်းဘုရင်က ငှက်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ချက်ချင်းပင် ငှက်က လူသားအသွင် အလျင်အမြန် ပြန်ပြောင်းလိုက်သည်။

     ဤအချိန်၌ ဥဒေါင်းမင်းသားမှာ ယခင်လို မမောက်မာတော့ပေ။ ကြောက်လန့်လွန်း၍ လဲကျနေရာမှပင် မထရဲသေးပေ။

     ယုယွီလျန်နှင့် လင်းဟောင်တို့အပါအဝင် အားလုံးလည်း ထိတ်လန့်တုန်လှုပ်နေမိကြ၏။ ဥဒေါင်းမင်းသား၏ အင်အားသည် လူငယ်များအကြား အတိုင်းအတာတစ်ခု၌ ရှိသည်။ သို့သော် တစ်ချက်တည်းဖြင့် အနိုင်ယူခံလိုက်ရ၏။ ပုရွက်ဆိတ်ကို သတ်ခြင်းထက် ဥဒေါင်းမင်းသားကို ရိုက်နှက်ရတာက ပို၍လွယ်ကူပုံရသည်။

     ပို၍တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုသူသည် အစေခံတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ၏သခင်သည် ပို၍ပင် ကြောက်စရာကောင်းပြီး အစွမ်းထက်ပေလိမ့်မည်။

     ယုယွီလျန်နှင့် လင်းဟောင်တို့၏ အမူအရာက လုံးဝပြောင်းလဲသွားကြသည်။ နှစ်ယောက်လုံးက မရှုပ်သင့်သည့် သခင်တစ်ယောက်နှင့် ရှုပ်ထွေးမိပြီဖြစ်ကြောင်း ရိပ်မိလာကြသည်။

     "နင်ဘယ်သူလဲ"ယုယွီလျန်က မေးသည်။ သူမသည် ယုအိမ်တော်မှဖြစ်၍ အမူအရာ ပျက်ယွင်းသွားခြင်းမရှိဘဲ တည်ငြိမ်နေသေးသည်။

     "လီကွမ်ရီ"လီကွမ်ရီက ယုယွီလျန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

     "သတ်ဖြတ်ခြင်းနတ်ဘုရားလား ..."လီကွမ်ရီဟူသည့်အမည်ကို ကြားပြီးနောက် ကျင့်ကြံသူတစ်ယောက်က အလန့်တကြား ထအော်သည်။ ချက်ချင်းပင် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်သည်။

     အချိန်ကား စက္ကန့်ပိုင်းမျှသာ ကြာခဲ့၏။ ဤနေရာရှိ လူတိုင်းသည် မျက်နှာဖျော့တော့သွားကြပြီး လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ အချိန်တိုအတွင်း လီကွမ်ရီ၏အနီး၌ နေရာလွတ်ကြီးတစ်ခု ဖြစ်သွားခဲ့၏။

     ယုယွီလျန်နှင့် လင်းဟောင်တို့လည်း ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားကြသည်။

     လီကွမ်ရီဟူသည့် အမည်ကို လူတိုင်းမသိကြသော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားဟူသည့် အမည်ကိုတော့ ကမ္ဘာတစ်ခုလုံးက သိကြသည်။

     ရက်စက်တောင်တန်းနှင့် မိုးပြာရောင် ရှေ့ဟောင်းနိုင်ငံတို့ကို ဖျက်ဆီးချေမှုန်းခဲ့ပြီး နေသူရိန်ဂိုဏ်းကို မော်တယ်ဧကရာဇ်ကမ္ဘာမှ နှင်ထုတ်ခဲ့သည်။ ထို့ပြင် ရန်သူများကို ရက်စက်စွာ ချေမှုန်းတတ်သူဟု နာမည်ကြီး၍ အားလုံးက သူ့ကိုကြောက်ကြသည်။

     လူအုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်မိကြ၏။ အချို့ဆိုလျှင် ခြေထောက်များ တုန်ခါနေကြသည်။ အားလုံးက လီကွမ်ရီကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေကြသည်။ လီကွမ်ရီကို ဆန့်ကျင်ခြင်း၏ ရလဒ်သည် သေခြင်းဟု အဓိပ္ပာယ်ရကြောင်း နားလည်ထားသည်။ ဧကရာဇ်အဆင့်ဂိုဏ်းများပင် လီကွမ်ရီ၏မျက်လုံးထဲ၌ ဘာမှမဟုတ်ပေ။ သူတို့လို လူငယ်လေးများဆိုလျှင် ပုရွက်ဆိတ်မျှသာ ဖြစ်ပေလိမ့်မည်။

     နေသူရိန်ဂိုဏ်းမှ လင်းဟောင်လည်း ကြောက်လန့်သွားသည်။ လီကွမ်ရီလိုလူသည် နေသူရိန်ဂိုဏ်းကို ဂရုစိုက်နေမည့်သူမဟုတ်ကြောင်း သူသိသည်။

     "ကြည့်ရတာ အတော်များများက ငါ့နာမည်ကို ကြားဖူးနေပုံပဲ"လီကွမ်ရီက လူအုပ်ကြီးကို ပြုံး၍ပြောလိုက်သည်။

     ယုယွီလျန်နှင့် လင်းဟောင်တို့သည် မဟာနတ်ဘုရားသခင်အဆင့်များကို သတ်ဖြတ်နိုင်စွမ်းရှိကြသည်။ သို့သော် လီကွမ်ရီနှင့် သူတို့အကြား ကွာဟချက်က ကြီးမားလွန်းသည်။

     "ယုမိသားစုရဲ့ လူငယ်တွေက သခင်မကြီးယုနဲ့ယှဥ်ရင် စိတ်ပျက်စရာကောင်းလွန်းတယ်"လီကွမ်ရီက ယုယွီလျန်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

     ယုယွီလျန်မှာ ထိုမှတ်ချက်ကို သဘောမကျသော်လည်း ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိခဲ့ချေ။ သခင်မကြီးယုနှင့်ယှဥ်လျှင် သူမသည် ဆယ်ပုံတစ်ပုံပင် အရည်အချင်း မရှိပေ။ ဤသည်က ယုအိမ်တော်၏ အနာဂတ်အတွက် အမှန်ပင် ရင်လေးဖွယ်ကောင်းသည်။

     ယုယွီလျန်က ကိုယ့်ကိုယ်ကိုယ် ဝေါ်လုံရွှမ်၊ ကျစ်ချူးနင်တို့နှင့် တန်းတူသတ်မှတ်ထားသည်။ ထို့ကြောင့် လီကွမ်ရီ၏ မှတ်ချက်က သူမ၏ မျက်နှာအမူအရာကို နက်မှောင်သွားစေခဲ့သည်။

     "လီကွမ်ရီ၊ အလယ်ပိုင်းနယ်မြေမှာ လူတိုင်းက နင့်ကိုကြောက်ရင်တောင် ရှာဖွေရေးမြို့က မကြောက်ဘူး၊ ဒီနေရာက နင်လုပ်ချင်တိုင်း လုပ်ခွင့်ရှိတဲ့နေရာ မဟုတ်ဘူး"ယုယွီလျန်က အေးစက်စွာ ပြောလိုက်သည်။

     "ငါလုပ်ချင်သလို လုပ်လို့မရဘူးလား"လီကွမ်ရီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။
     "မင်းတို့ ယုအိမ်တော်ကြောင့်လား၊ ဒါမှမဟုတ် နေသူရိန်ဂိုဏ်းကြောင့်လား၊ မင်းလိုအဆင့်က ငါဘာလုပ်နိုင်တယ်ဆိုတာကို နားမလည်နိုင်ပါဘူး"

     "ဒီဒေသမှာ ကောင်းကင်စောင့်မြို့လည်း ရှိတယ်၊ နဂါးနက်ဘုရင်ရဲ့ အရှိန်အဝါကို ဘယ်သူမှ မကျော်နိုင်ဘူး၊ ဟုတ်တယ်၊ နေသူရိန်ဂိုဏ်းလည်း ရှိသေးတယ်"ယုယွီလျန်က ပြန်ပြောသည်။

     လူအုပ်ကြီးမှာ အသက်ရှုကျပ်နေကြရ၏။ မည်သူမှ စကားမပြောရဲကြပေ။ နာမည်ဆိုးဖြင့်ကျော်ကြားသော သတ်ဖြတ်ခြင်းနတ်ဘုရား၏ ဒေါသကို မဆွရဲကြပေ။

     "မင်းက တကယ်သတ္တိရှိလို့လား"လီကွမ်ရီက ခေါင်းကို စိတ်ပျက်လက်ပျက် ခါယမ်းလိုက်သည်။
     "ဘိုးဘေးတွေရဲ့ အရှိန်အဝါကို အရမ်းအားကိုးလွန်းတာပဲ၊ အိမ်ပြန်ပြီး မိန်းကလေးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ၊ မင်းရဲ့အမှားတွေကို ဆင်ခြင်ပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ၊ ဒါဆို မင်းရဲ့အနာဂတ်က ပိုကောင်းလာလိမ့်မယ်"

     ယုယွီလျန်နှင့် လင်းဟောင်တို့သည် သူနှင့်စကားပြောရန် အရည်အချင်းမပြည့်မီပေ။ ထို့ပြင် ယုထိုက်ကျွင်းကြောင့် သူမကို အကြံပေးလိုက်ခြင်းဖြစ်သည်။ မဟုတ်ပါက လှည့်၍ပင် ကြည့်မိမည်မဟုတ်ပေ။

     ယုယွီလျန်၏ ဒေါသက အထွတ်အထိပ်သို့ ရောက်လာခဲ့၏။ သူမ၏တစ်သက်တာ၌ ယခုလောက် ဒေါသထွက်ဖူးခြင်း မရှိသေးပေ။

     "လီကွမ်ရီ၊ မင်းအနိုင်ကျင့်ချင်တိုင်း ကျင့်လို့မရဘူး"လင်းဟောင်ကလည်း သတ္တိအားလုံးကို စုစည်းကာ ပြောလိုက်သည်။
     "ဒီမျိုးဆက်မှာ မင်းကိုအနိုင်ယူနိုင်တဲ့ လူတစ်ယောက်ရှိသေးတယ်၊ မင်းက ငါတို့မျိုးဆက်မှာ အကောင်းဆုံး ပါရမီရှင်မဟုတ်ဘူး"
                         ***

စစ်ဧကရာဇ်(Chapter:1594)
(ကံစွမ်းအားနန်းတော်တစ်ဆယ့်သုံးခု ရှိတယ်)
..............................................................
     အားလုံးက လင်းဟောင်၏ ဆိုလိုရင်းကို နားလည်ကြသည်။ လုံအောင်းထျန်း၏ အရှိန်အဝါဖြင့် လီကွမ်ရီကို ခြိမ်းခြောက်ချင်နေခြင်း ဖြစ်သည်။

     "ဟုတ်လား၊ ငါနဲ့ရန်သူဖြစ်ချင်သူက ဘယ်သူလဲဆိုတာ ပြောပြပါဦး"လီကွမ်ရီက လင်းဟောင်ကို ပြုံး၍ပြန်ပြောသည်။

     "ငါ့အစ်ကိုကြီး လုံအောင်းထျန်း ..."လင်းဟောင်က ဂုဏ်ယူစွာဖြင့် ဆက်ပြောသည်။
     "အစ်ကိုကြီးက ဒီမျိုးဆက်ရဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာမှာ၊ သူ့ကို ဘယ်သူမှ မယှဥ်နိုင်ဘူး"

     လုံအောင်းထျန်းနှင့်ပတ်သက်၍ လူတွေ၏သဘောထား မည်သို့ရှိစေကာမူ လီကွမ်ရီတစ်ယောက်ကသာ လုံအောင်းထျန်းကို ယှဥ်နိုင်မည်ဖြစ်ကြောင်း အားလုံးက နားလည်ထားသည်။

     "လုံအောင်းထျန်း ဟုတ်လား၊ ဒီနာမည်ကို တစ်ခါမှ မကြားဖူးပါဘူး"လီကွမ်ရီက ပြုံး၍ပြန်ပြောလိုက်သည်။

     ထိုမှတ်ချက်က ယုယွီလျန်ကို နှစ်သက်နေသူများအား ဘဝင်ကျသွားစေသည်။ လီကွမ်ရီသာလျှင် လုံအောင်းထျန်းအား ဤသို့ပြောဆိုနိုင်သည်။ အခြားမည်သူမဆို လုံအောင်းထျန်းကို ဝေဖန်ပြစ်တင်ရန် အရည်အချင်းမရှိကြသော်လည်း လီကွမ်ရီကတော့ မဟုတ်ပေ။

     လင်းဟောင်မှာ ချက်ချင်း တိတ်ဆိတ်သွားခဲ့ရ၏။ စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ချေ။ ဤအချိန်၌ သူလုပ်နိုင်သည်မှာ လီကွမ်ရီကို စူးစူးဝါးဝါး စိုက်ကြည့်နေခြင်းသာ ဖြစ်ပေသည်။

     "အစ်ကိုလုံက ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီ၊ ဒါက မျိုးဆက်သစ်လူငယ်တွေထဲမှာ ပထမဆုံး အောင်မြင်တာပါ၊ ပြီးတော့ နတ်ဘုရားသခင်အဆင့် ငါးယောက်ကိုလည်း သတ်ခဲ့သေးတယ်၊ ကိုးကမ္ဘာနတ်ဘုရားသခင်အဆင့်တွေတောင် အစ်ကိုလုံရဲ့အရှေ့မှာ ဘာမှမဟုတ်တော့ဘူး"ယုယွီလျန်က လုံအောင်းထျန်းကို ကာကွယ်ပြောဆိုလိုက်သည်။ ထိုအကြောင်းကို ပြောနေချိန်၌ သူမ၏မျက်နှာသည် ရှက်စိတ်ကြောင့် နီရဲနေသည်။ ထို့ပြင် လုံအောင်းထျန်း၏ အကြောင်းကိုပြောတိုင်း သူမသည် အမြဲဂုဏ်ယူစွာ ပြောလေ့ရှိသည်။

     ယုယွီလျန်၏ စကားက လီကွမ်ရီကို ပြုံးသွားစေသည်။
     "ဘာလဲ၊ မင်းက လုံအောင်းထျန်းကို ကြိုက်နေတာလား"

     "နင့်အပူမပါဘူး"လီကွမ်ရီ၏ တိုက်ရိုက်ဆန်သော စကားလုံးများကြောင့် ယုယွီလျန်မှာ ရှက်ရွံ့သွားခဲ့ရ၏။ ချက်ချင်းပင် လီကွမ်ရီကို ဒေါသတကြီး စိုက်ကြည့်သည်။

     "သူ့ကိုကြိုက်တာက မင်းအတွက် ဘာမှကောင်းလာမှာ မဟုတ်ဘူး၊ နေသူရိန်ဂိုဏ်းက ပြင်ပကမ္ဘာကို ထွက်မလာသင့်ဘူး၊ အနည်းဆုံးတော့ ဒီမျိုးဆက်ထဲမှာ သူတို့ရဲ့တပည့်တွေကို ကောင်းကင်စွမ်းအားအတွက် ယှဉ်ပြိုင်ခွင့်မပြုသင့်ဘူး"လီကွမ်ရီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

     "ဟမ် ... နေသူရိန်ဂိုဏ်းက လုပ်ချင်တာကို လုပ်ခွင့်ရှိတယ်၊ ကောင်းကင်စွမ်းအားပေါ်လာတာနဲ့ ငါ့အစ်ကိုကြီးက အင်မော်တယ်ဧကရာဇ်ဖြစ်လာလိမ့်မယ်"လင်းဟောင်က ဒေါသတကြီး ပြောလိုက်သည်။

     "ဟားဟား ... မင်းတို့ရဲ့အကြံအစည်တွေက ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး"လီကွမ်ရီက အေးစက်စွာဖြင့် ဆက်ပြောသည်။
     "မင်းတို့ကြိုးစားသမျှက အလကားပဲ၊ မင်းတို့ပြန်ရမှာ တစ်ခုပဲရှိတယ်၊ အဲ့ဒါက သေခြင်းပဲ ..."

     "နင် ... နင်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းတယ်၊ အစ်ကိုလုံက အင်မော်တယ်ဧကရာဇ်ငါးပါးရဲ့ နစ်စနစ်တွေကို ကျွမ်းကျင်တဲ့အပြင် ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်လည်း ရှိတယ်၊ သူ့ကို ဘယ်သူမှ တားလို့မရဘူး"ယုယွီလျန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

     အချစ်က လူတစ်ယောက်ကို မျက်စိကန်းစေနိုင်သည်ဟူသည့် စကားမှာ မှန်ပေသည်။ ယုယွီလျန်၏ စိတ်ထဲတွင် လုံအောင်းထျန်းက ကြီးစိုးနေသည်။ ပုံမှန်အခြေအနေ၌ လီကွမ်ရီကို ကြောက်သော်လည်း သူမ၏ တစ်ဖက်သတ်ချစ်သူကို ပုတ်ခတ်စော်ကားလာချိန်မှာတော့ မကြောက်နိုင်တော့ပေ။

     လီကွမ်ရီသည် ယုယွီလျန်၏ လက်ရှိအခြေအနေကို နားလည်သည်။ သူက ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ...
     "ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်လောက်နဲ့ ငါ့အရှေ့မှာ ကြွားဝါချင်လို့ဘယ်ရမလဲ"

     "နင် ..."ယုယွီလျန်က ဒေါသတကြီး တုံ့ပြန်သည်။
     "အစ်ကိုလုံဆီမှာ ပြီးပြည့်စုံတဲ့ အက်မော်တယ်ခန္ဓာကိုယ် ရှိတယ်၊ နင့်ဆီမှာရော ရှိလို့လား"

     "ငါ့ဆီမှာ ကံစွမ်းအားနန်းတော် ဆယ့်သုံးခုရှိတယ်"လီကွမ်ရီက အေးအေးဆေးဆေး ပြံး၍ပြန်ပြောသည်။

     ထိုစကားက ယုယွီလျန်ကို အသက်ရှုမဝ ဖြစ်သွားစေသည်။ သူမ၏အမြင်အရ လုံအောင်းထျန်းသည် ကမ္ဘာကိုးခု၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည်။ ဘက်ပေါင်းစုံ၌ လုံအောင်းထျန်းကို ယှဉ်နိုင်သူမရှိပေ။ သို့သော် လုံအောင်းထျန်းထံ၌ ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုမရှိချေ။

     ကျင့်ကြံသူများစွာမှာ စိတ်လှုပ်ရှားနေမိကြ၏။ ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုဆိုသည်က မာနကြီးထိုက်သော အောင်မြင်မှုတစ်ခုဖြစ်သည်။

     "အစ်ကိုလုံက အင်မော်တယ်ဧကရာဇ်ငါးပါးရဲ့ နည်းစနစ်တွေကို ကျွမ်းကျင်တယ်၊ ပြီးတော့ ခေတ်တစ်လျှောက်မှာ အမြင့်မြတ်ဆုံး မဟာတာအိုကို ဖန်တီးခဲ့တာ"ယုယွီလျန်က အရှုံးမပေးဘဲ ပြန်ပြောသည်။

     "ကံစွမ်းအားနန်းတော့ ဆယ့်သုံးခု ..."လီကွမ်ရီက ပြုံး၍ပြန်ပြောသည်။

     "အစ်ကိုလုံက သူတော်စင်စွမ်းရည်သုံးမျိုးရှိတယ်၊ သူက ဒီမျိုးဆက်ရဲ့ အကောင်းဆုံး ပါရမီရှင်ပဲ"ယုယွီလျန်က ပြောသည်။ သူမ၏ နှလုံးသားထဲမှ ယောက်ျားကို မည်သူမှ မယှဥ်နိုင်ဟု ယုံကြည်ထားသည်။

     "ကံစွမ်းအားနန်းတော် ဆယ့်သုံးခု"လီကွမ်ရီက ထိုစကားကိုသာ ထပ်ပြောသည်။

     "နင် ..."ယုယွီလျန်မှာ မည်သို့ပြန်ပြောရမှန်း မသိတော့ပေ။ လီကွမ်ရီကို အရှုံးမပေးချင်သော်လည်း လုံအောင်းထျန်းထံ၌ ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးမရှိ၍ ဒေါသတကြီး ပြန်ကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။

     အနီးနားရှိ အလင်းဥဒေါင်းဘုရင်မှာ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ လီကွမ်ရီက ယုယွီလျန်ကို နှောင်ပြောင်ကျီစယ်နေခြင်းဖြစ်သည်။ တစ်ဖက်မှာတော့ ယုယွီလျန်က သူမ၏ တစ်ဖက်သတ်ချစ်သူဘက်မှ အပြင်းအထန် ကာကွယ်ပေးနေသည်။

     "ငါ့သခင်လေးရဲ့ ကံစွမ်းအားနန်းတော် ဆယ့်သုံးခုက ကမ္ဘာကြီးကို ဖိနှိပ်ချုပ်ချယ်ဖို့လုံလောက်တယ်"အလင်းဥဒေါင်းဘုရင်က ယုယွီလျန်ကို နားချပေးလို၍ ပြုံးပြီးပြောလိုက်သည်။
     "ခေတ်တစ်လျှောက်လုံးမှာ ပြီးပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖူးသူက အယောက်တစ်ရာမကဘူးလေ၊ ဒါပေမယ့် ကံစွမ်းအားနန်းတော် ဆယ့်သုံးခုပိုင်ရှင်က တစ်ယောက်ပဲရှိတယ်"

     အလင်းဥဒေါင်းဘုရင်က ယုယွီလျန်ကို အမြင်မှန်ရအောင် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ယုယွီလျန်က နားမလည်ပေ။ ပို၍ပင် ဒေါသထွက်သွားခဲ့ရ၏။ သူမကို အရှက်ခွဲသည်ဟု ယူဆခဲ့သည်။ အထူးသဖြင့် အစေခံတစ်ယောက်ကပင် သူမကို မလေးမခန့်လုပ်နေ၍ အမူအရာက တဖြည်းဖြည်း တင်းမာလာခဲ့တော့သည်။

     လီကွမ်ရီကမူ သဘောကျစွာ ရယ်လိုက်သည်။ အခြားဘာမှ ပြန်မပြောပေ။

     "အဲဒါတော့ မှန်တယ်"ဤနေရာရှိ လူငယ်အတော်များများကလည်း အလင်းဥဒေါင်းဘုရင်၏ စကားက ကျိုးကြောင်းဆီလျော်ကြောင်း လက်ခံခဲ့ကြသည်။ ယုယွီလျန်ကို နှစ်သက်နေသူများမှာ ကြိတ်ပြီးဝမ်းသာနေမိကြ၏။

     လုံအောင်းထျန်း၏ အောင်မြင်မှုများသည် ထိပ်တန်းအဆင့်၌ ရှိသော်လည်း လီကွမ်ရီ၏အောင်မြင်မှုက ခေတ်တစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်သည်။ လီကွမ်ရီ၏ အခြားအင်အားများကို မပြောလိုသေးချေ။ ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုဖြင့်တင် ခေတ်တစ်လျှောက် မော်ကွန်းရေးထိုးဖို့ လုံလောက်နေပေပြီ။ ကံစွမ်းအားနန်းတော် တစ်ဆယ့်သုံးခုကို ပိုင်ဆိုင်နိုင်ခြင်းသည် အင်မော်တယ်ဧကရာဇ်ဖြစ်ရန်ထက်ပင် ခက်ခဲသည်ဟု ဆိုနိုင်ပေသည်။

     ယုယွီလျန်မှာ လုံအောင်းထျန်းဘက်မှ ကာကွယ်ပြောဆိုပေးလိုသော်လည်း ထပ်မံမငြင်းနိုင်တော့ဘဲ နှုတ်ဆိတ်အရှုံးပေးခဲ့ရသည်။ သို့သော် ထိုအချိန်၌ စိတ်ကူးတစ်ခု ဝင်လာသည်။ သူမ၏ မျက်လုံးများ တောက်ပလာခဲ့ပြီး တစ်ဆယ့်နှစ်ထစ်လှေကားအား ညွှန်ပြလိုက်သည်။ ပြီးနောက် လီကွမ်ရီကိုပြောသည်။
     "နင်က အရမ်းထူးချွန်နေတယ်ဆိုရင် ဆယ့်နှစ်ထစ်လှေကားပေါ် တက်ပြပါလား၊ အစ်ကိုလုံက ဆယ့်တစ်ဆင့်မှာ အရိပ်ကို ချန်ထားနိုင်ခဲ့တယ်၊ အဲ့ဒီအဆင့်ကို နင်မရောက်နိုင်ရင် အစ်ကိုလုံရဲ့ပြိုင်ဘက်ဖြစ်ဖို့ အဆင့်မမီဘူးဆိုတာ လက်ခံလိုက်၊ လှေကားထစ်တွေပေါ်တက်ဖို့က အရည်အချင်း၊ စိတ်စွမ်းအားနဲ့ တာအိုနှလုံးသား ပြီးပြည့်စုံမှ အောင်မြင်နိုင်မှာ"

     သူမသည် လီကွမ်ရီကို စိုက်ကြည့်လိုက်၏။ တစ်ဆယ့်တစ်ဆင့်သို့ မရောက်နိုင်ဟု ယုံကြည်နေသည်။ အင်မော်တယ်ဧကရာဇ်ရင်ထျန်းလက်ထက်မှ အစပြု၍ တောင်တက်ရန် ကြိုးစားခဲ့သူ အများအပြားရှိသော်လည်း တစ်ဆယ့်တစ်ဆင့်ကို ရောက်ရှိနိုင်ခဲ့သူမှာ လုံအောင်းထျန်းတစ်ယောက်သာ ရှိပေသည်။

     "မှန်တယ်၊ ဒါက ငါ့အစ်ကိုကြီးအတွက် ကိတ်မုန့်ဖဲ့စားရသလို လွယ်လွန်းတယ်၊ ဆယ့်တစ်ဆင့်ကို ရောက်အောင်သွားပြပါ"လင်းဟောင်ကလည်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။
     "လီကွမ်ရီ၊ သတ္တိရှိရင် လုပ်စမ်းပါ၊ ငါ့အစ်ကိုနဲ့ ယှဉ်နိုင်တယ်ဆိုတာကို သက်သေပြပါဦး"

     သူတို့နှစ်ဦးလုံး၊ အထူးသဖြင့် ယုယွီလျန်က လီကွမ်ရီသည် တစ်ဆယ့်တစ်ဆင့်သို့ ရောက်နိုင်မည်ဟု မထင်ပေ။

     လီကွမ်ရီမှာ ယုယွီလျန်နှင့် လင်းဟောင်တို့၏ စကားကြောင့် ခေါင်းကို ခါယမ်းလိုက်မိ၏။ ပြီးမှ ပြုံး၍ပြောသည်။
     "အချစ်က လူတစ်ယောက်ကို မိုက်မဲစေနိုင်တယ်ဆိုတာ တကယ်ပါလား၊ ဒါက ဆယ့်နှစ်ထစ်လှေကားလေးပါ၊ စွမ်းရည်စမ်းသပ်ဖို့ မလုံလောက်ဘူး၊ မင်းရဲ့ချစ်သူတင်မဟုတ်ဘဲ ဒီကမ္ဘာမှာ ဆယ့်တစ်ဆင့်ကို တက်နိုင်သူတွေ အများကြီးရှိတယ်၊ သူတို့က ကျော်ကြားမှုကို ဂရုမစိုက်လို့ မလုပ်ကြတာ"

     "ဟမ် ... ဟုတ်လား"လင်းဟောင်က ချက်ချင်း တုံ့ပြန်သည်။
     "မင်းပြောတဲ့ ကျော်ကြားမှုကိုဂရုမစိုက်သူတွေက ရှစ်ဆင့်အထိတောင် မတက်နိုင်ကြလို့နေမှာပေါ့၊ နာမည်ပျက်မှာစိုးရိမ်ပြီး မကြိုးစားရဲကြဘူးလေ"

     လင်းဟောင်သည် အခြေအနေက မည်သို့ရှိစေကာမူ သူ၏အစ်ကိုကို ယုံကြည်သည်။ လုံအောင်းထျန်းသည် လက်ရှိမျိုးဆက်၏ အင်မော်တယ်ဧကရာဇ်ဖြစ်လာပေလိမ့်မည်။

     "ဒါက နင့်ရဲ့ အကြောင်းပြချက်လား"လီကွမ်ရီ၏ တောင်တက်ရန် စိတ်မဝင်စားသည့် အပြုအမူကြောင့် ယုယွီလျန်က လှောင်ပြောင်လိုက်သည်။
     "ဒါလေးတောင် မလုပ်နိုင်ရင် အင်မော်တယ်ဧကရာဇ်ဖြစ်ဖို့ စိတ်ကူးမယဥ်နဲ့တော့၊ အစ်ကိုလုံကို နင်မယှဥ်နိုင်ဘူး"

     ယုယွီလျန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
                          ***

စစ်ဧကရာဇ်(Chapter:1595)
(ဆယ့်နှစ်ထစ်လှေကားပေါ်တက်ခြင်း)
.....................................................
     "မင်းက လုံအောင်းထျန်းကို တော်တော်လေး ချစ်တာလား"လီကွမ်ရီက ယုယွီလျန်ကို ပြုံး၍ကြည့်လိုက်သည်။

     လီကွမ်ရီက လူသိရှင်ကြား ပြောလိုက်၍ ယုယွီလျန်မှာ ရှက်ရွံ့သွားခဲ့ရသည်။ လီကွမ်ရီကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ...
     "နင့်အပူမပါဘူး"

     "မင်းရဲ့အချစ်ရေးက ဘာမှ ကောင်းလာမှာမဟုတ်ဘူး၊ မင်းက သူ့အတွက် ဒီထက်ပိုလုပ်ပေးရင်တောင်မှ မင်းကို ဂရုစိုက်မှာမဟုတ်၊ သူ့အတွက်တော့ မင်းက အရေးမကြီးတဲ့ သူစိမ်းတစ်ယောက်ထက် ပိုဖြစ်မလာနိုင်ဘူးလေ"

     သူနှင့် လုံအောင်းထျန်းအကြား ပြဿနာမရှိပါ။ သို့သော် အတိတ်က သဘောတူထားချက်အရ နေသူရိန်ဂိုဏ်းသည် ဤမျိုးဆက်တွင် ထွက်မလာသင့်ပေ။ ထိုသဘောတူညီချက်ကို ချိုးဖောက်ခဲ့၍ နေသူရိန်ဂိုဏ်းကို ခွင့်လွတ်မည်မဟုတ်ပေ။

     လီကွမ်ရီ၏စကားက ယုယွီလျန်ကို နှစ်သက်နေသူများအား ကျေနပ်စေခဲ့သည်။ သူတို့သည် ယခင်ကတည်းက ဤသို့ပြောဆိုချင်နေကြ၏။ မပြောရဲ၍သာ ငြိမ်နေကြခြင်းဖြစ်သည်။

     ယုယွီလျန်မှာမူ လီကွမ်ရီ၏ ပြောင်ပြောင်တင်းတင်း ပြောဆိုမှုကြောင့် အရှက်ရသွားခဲ့ရ၏။

     "နင့်ပါးစပ်ကို ပိတ်လိုက်စမ်း၊ လီကွမ်ရီ"ယုယွီလျန်က ဒေါသတကြီး အော်ပြောသည်။
     "ဆယ့်နှစ်ထစ်လှေကားပေါ် မတက်ရဲရင်လည်း အရှုံးကို ဝန်ခံလိုက်စမ်းပါ၊ ဘာလို့ ဝေ့လည်ကြောင်ပတ်လုပ်နေတာလဲ"

     "အရှုံးမပေးချင်ရင် အခုလုပ်လိုက်တော့၊ အချိန်မနှောင်းသေးဘူး"ယုယွီလျန်က အေးစက်စွာ ပြောလိုက်သည်။

     "ကောင်းပြီ၊ ဒီလိုဆိုရင်လည်း မင်းရဲ့ အိပ်မက်ကမ္ဘာလေးကို ဖျက်ဆီးပြရမှာပေါ့"လီကွမ်ရီက ပြုံး၍ပြန်ပြောလိုက်သည်။

     ဤနေရာသို့လာရသည့် အဓိကရည်ရွယ်ချက်မှာ အလင်းဥဒေါင်းဘုရင်အား အတွေ့အကြုံရစေရန် ဖြစ်သည်။ ယုယွီလျန်နှင့်ဆုံပြီး ယခုလိုကိစ္စဖြင့် ကြုံတွေ့ရန် မမျှော်လင့်ထားပေ။ မည်သို့ဆိုစေကာမူ ယုအိမ်တော်ကြောင့် ယုယွီလျန်ကို အိပ်မက်မှ နိုးထစေရန် ကူညီပေးရပေမည်။ လုံအောင်းထျန်းသေပြီးမှဆိုလျှင် အချိန်မမီတော့ပေ။

     လီကွမ်ရီ၏ အတည်ပြုချက်ကို ကြားပြီးနောက် လူတိုင်း စိတ်လှုပ်ရှားသွားကြရ၏။ အားလုံးက လီကွမ်ရီရောက်နိုင်မည့် အဆင့်ကို သိချင်နေကြသည်။

     ယနေ့အချိန်အထိ မျိုးဆက်သစ်လူငယ်များအတွက်တော့ လုံအောင်းထျန်း၏ အောင်မြင်မှုက တစ်ဆယ့်တစ်ဆင့်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပေသည်။ လုံအောင်းထျန်းကို မည်သူမှ လိုက်မမီနိုင်ကြပေ။ သို့သော် လီကွမ်ရီကတော့ မတူပေ။

     အကယ်၍ လီကွမ်ရီသာ တစ်ဆယ့်တစ်ဆင့်အထိ မရောက်နိုင်ခဲ့ပါက လုံအောင်းထျန်း၏ လွှမ်းမိုးခြင်းကို ခံရပေမည်။ တူညီသည့်အဆင့်ကို တက်နိုင်ခဲ့လျှင်မူ လုံအောင်းထျန်းကိုယှဥ်ပြိုင်ရန် အရည်အချင်းရှိကြောင်း ပြသရာရောက်သည်။

     တစ်ဆယ့်နှစ်ဆင့်သို့ ရောက်နိုင်ခဲ့ပါက လီကွမ်ရီသည် လုံအောင်းထျန်း၏ ကျော်ကြားမှုအားလုံးကို ရယူသွားပေလိမ့်မည်။

     ယုယွီလျန်အား တစ်ဖက်သတ် ကြိုက်နေကြသူများမှာ လီကွမ်ရီကို တစ်ဆယ့်နှစ်ဆင့်သို့ ရောက်စေချင်နေကြသည်။ လုံအောင်းထျန်း၏ အောင်မြင်မှုကို ရိုက်ချိုးစေချင်ကြ၏။ ထိုသို့ဖြစ်လာပါက ယုယွီလျန်၏စိတ်ထဲ လုံအောင်းထျန်းက အတော်ဆုံးမဟုတ်ကြောင်း သိရှိလာမည်ဟု ယူဆနေကြသည်။

     တကယ်တော့ အလင်းဥဒေါင်းဘုရင်ပင် လီကွမ်ရီအတွက် အနည်းငယ် စိုးရိမ်နေမိသည်။ လုံအောင်းထျန်းကို အနိုင်ယူနိုင်မည်လော။ လုံအောင်းထျန်း၏ အထက်တွင် တကယ်ရပ်တည်နိုင်မည်လော။ သူမသည် ထိုအကြောင်းကိုတွေးပြီး အနည်းငယ် စိုးရိမ်နေမိ၏။

     ယခင်က တောင်၏ထိပ်ဆုံးသို့ ရောက်နိုင်သည်ဟု လီကွမ်ရီက ပြောခဲ့ဖူးသည်။ ထိုအတိုင်းသာ မှန်ကန်ပါက လီကွမ်ရီသည် အတော်လေး ကြောက်စရာကောင်းပေလိမ့်မည်။ တောင်ထိပ်သို့ရောက်ရန် တာအိုကြိုးများကို ကျော်ဖြတ်ရန်လိုသည်။ လူအချို့၏ အမြင်အရ အင်မော်တယ်ဧကရာဇ်များသာ ထိုသို့ လုပ်နိုင်ကြသည်။

     ထိုစဥ် လီကွမ်ရီက ပထမခြေလှမ်းကို စတင်လိုက်သည်။ ချက်ချင်းပင် တာအိုမှတ်ချက်သံ ထွက်ပေါ်လာခဲ့၏။

     ပြင်ပလူများအနေဖြင့် ထိုအသံကို မကြားကြရပေ။ တောင်ပေါ်သို့ တက်နေသူသာ ကြားရနိုင်သည်။ တာအိုမှတ်ချက်သည် ခေါင်းလောင်သံကဲ့သို့ ကျယ်လောင်သည်။ ၎င်းသည် မဟာတာအို၏ အသံဖြစ်သည်။ ထိုအသံသည် ခန္ဓာကိုယ်ကို ခွဲထုတ်နိုင်ပြီး တာအိုနှလုံးကို ပြင်းထန်စွာ တိုက်ခိုက်နိုင်သည်။ အသံကြားရသည့် မည်သူ့ကိုမဆို ကြောက်စိတ်များ ဝင်လာစေသည်။ တာအိုနှလုံးသား အားမကောင်းလျှင် ထိုအသံကိုကြားကြားချင်း ဒူးထောက်ရပေလိမ့်မည်။

     တာအိုမှတ်ချက်၏ နက်နဲသော သဘောတရားကို နားလည်မှသာ နောက်တစ်ဆင့်သို့ ဆက်တက်နိုင်ပေမည်။ သို့သော် လီကွမ်ရီအတွက် တာအိုမှတ်ချက်ကို နားလည်ရန်မလိုချေ။ သူ၏ တာအိုနှလုံးသားတစ်ခုတည်းဖြင့် ထိပ်ဆုံးအထိတက်ရန် လုံလောက်သည်။

     ဝုန်း ... ဝုန်း ... ဝုန်း ... အားလုံး၏အရှေ့၌ လီကွမ်ရီက ခြေတစ်လှမ်းပြီးတစ်လှမ်း တက်သွားခဲ့၏။

     "တစ်၊ နှစ်၊ သုံး …"ကျင့်ကြံသူတစ်ယောက်က လီကွမ်ရီ၏ ခြေလှမ်းများကို ရေတွက်လိုက်သည်။

     "ကိုး၊ တစ်ဆယ် …"တစ်ဆယ်ဆင့်အထိ ရောက်သွားသော လီကွမ်ရီကြောင့် ယုယွီလျန်၏ စိုးရိမ်စိတ်များ ပြင်းထန်လာခဲ့၏။ စိတ်ထဲတွင်လည်း နောက်တစ်ဆင့် ထပ်မတက်နိုင်ရန် တိတ်တဆိတ် ဆုတောင်းနေမိသည်။

     ထိုအချိန်တွင် လီကွမ်ရီက ခြေလှမ်းများကို ရပ်တန့်ပြီး ယုယွီလျန်နှင့် လင်းဟောင်တို့ကို ကြည့်လိုက်သည်။

     "အဲဒါပဲလား"ကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်သည်။

     ယုယွီလျန်လည်း ခြေလှမ်းရပ်လိုက်သည့် လီကွမ်ရီကြောင့် သက်ပြင်းတစ်ချက်ချလိုက်မိသည်။

     "ဆက်တက်ရမှာလား"လီကွမ်ရီက ပြုံး၍မေးလိုက်သည်။

     လူအုပ်ကြီးက မသေချာမရေရာသော အကြည့်များဖြင့် ဖလှယ်လိုက်ကြသည်။ သူဆက်သွားနိုင်မည်လား၊ သို့မဟုတ် ဤအဆင့်အထိပဲလား။ အားလုံးမှာ အတွေးပေါင်းများစွာ ဖြစ်လာကြရသည်။

     "ဒါက ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုလေးပါ၊ ဒီထက်ပိုမတက်နိုင်ရင်လည်း အတင်းအကြပ် မလုပ်ပါနဲ့"ယုယွီလျန်က လီကွမ်ရီကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောသည်။
     "အစ်ကိုလုံကို အရှုံးပေးရတာက ရှက်စရာမဟုတ်ပါဘူး၊ သူက မိုးကောင်းကင်ရဲ့ သားတော်တစ်ယောက်ပါ"

     "မှန်တယ်"လင်းဟောင်ကလည်း ဝင်ပြောသည်။
     "ငါ့အစ်ကိုကြီးက အင်မော်တယ်ဧကရာဇ်ဖြစ်မယ့်သူပါ၊ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးပြီး အတင်းအကြပ် ဆက်မတက်နဲ့"

     မလှုပ်မယှက်ရပ်နေသည့် လီကွမ်ရီကြောင့် အများစုမှာ ဆက်မတက်နိုင်တော့ဟု ထင်မိကြသည်။ အချို့ဆိုလျှင် လုံအောင်းထျန်းကို မကျော်ဖြတ်နိုင်ခဲ့၍ စိတ်ပျက်သွားကြရ၏။

     "ဒါဆို ငါဆက်ကြိုးစားရမှာပဲ"လီကွမ်ရီက ပြုံးပြီး နောက်တစ်လှမ်း တက်လိုက်သည်။

     "ဆယ့်တစ်"ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။ အချို့ဆိုလျှင် ဝမ်းသာလွန်း၍ လက်ခုပ်တီးလိုက်မိကြ၏။

     ထိုစဥ် လီကွမ်ရီက လုံအောင်းထျန်း၏အရိပ်ကို ကြည့်ပြီး ရယ်လိုက်သည်။ ပြီးနောက် လက်ညှိုးဖြင့် ညွှန်လိုက်သည်။

     ဝုန်း ... ချက်ချင်းပင် လုံအောင်းထျန်း၏အရိပ်မှာ ဘာမှမကျန်တော့ဘဲ ပျောက်သွားသည်။

     "မဟုတ်ဘူး"ယုယွီလျန်၏ ယူကြုံးမရ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူမ၏ မျက်နှာကလည်း ဖျော့တော့သွားခဲ့ရတော့သည်။

     "ဒါက ရက်စက်လွန်းတယ်"လုံအောင်းထျန်း၏အရိပ်ကို ဖျက်ဆီးလိုက်သည့် လီကွမ်ရီကြောင့် အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ တောင်ပေါ်၌ ကျန်ရစ်နေသည့် အရိပ်များသည် တာအိုပုံရိပ်များ ဖြစ်သည်။ ၎င်းတို့ကို ဖျက်ဆီးရန် မလွယ်ကူပေ။

     "မင်း ... မင်း ဘာလုပ်တာလဲ"လင်းဟောင်က ဒေါသတကြီး အော်ပြောသည်။

     "ဒီနေရာက ဘာစိန်ခေါ်မှုမှ မရှိပါဘူး"လီကွမ်ရီက ယုယွီလျန်နှင့် လင်းဟောင်တို့ကို လစ်လျူရှုပြီး နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်သည်။

     "ဆယ့်နှစ်ဆင့် ..."ကျင့်ကြံသူတစ်ယောက်က အလန့်တကြား ထအော်သည်။

     "အရမ်း အံ့သြစရာကောင်းလိုက်တာ"ဤနေရာရှိ လူငယ်အားလုံးမှာ အမှန်ပင် စိတ်လှုပ်ရှားနေမိကြသည်။

     "ဒီကောင်က လူရောဟုတ်ရဲ့လား၊ အခု သူ့ရဲ့အရည်အချင်းက ပါရမီရှင်ဆယ်ပါးနဲ့တောင် တူညီနေပြီလေ"အချို့မှာ ယုံကြည်ရန် ခဲယဥ်းနေကြသည်။

     ထိုစဥ် လီကွမ်ရီက ကူးကျွမ်၏အရိပ်ကို ကြည့်ပြီး ရယ်လိုက်သည်။ ပြီးနောက် လက်ညှိုးညွှန်လိုက်ပြန်သည်။

     ဝုန်း ... ချက်ချင်းပင် ကူးကျွမ်၏အရိပ်က ပြာဖြစ်ကာ ပျောက်ကွယ်သွားသည်။

     "မင်း"ကောင်းကင်စောင့်မြို့၏ တပည့်များမှာ လီကွမ်ရီ၏လုပ်ရပ်ကြောင့် ဒေါသထွက်သွားကြရတော့သည်။
                        ***

Continue Reading

You'll Also Like

239K 30.4K 198
ပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Actio...
66.7K 5.9K 200
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...
56.4K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
51.4K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...