1196 - 1200

81 2 0
                                    

စစ်ဧကရာဇ်(Chapter:1196)
(နဂါးအရွတ်ကို စားခြင်း)
......................................
     ကျင့်ကြံသူတစ်ယောက်၏ အရိုးပါမကျန် အစားခံလိုက်ရပြီးနောက်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ လေထုလည်း တဖြည်းဖြည်း အေးခဲလာခဲ့တော့သည်။

     ပင်လယ်ငါးအုပ်ကြီးမှာမူ ပိုမိုရဲတင်းလာခဲ့သည်။ သူတို့က မောက်မာသည့်အသွင်ဖြင့် အရှေ့ကို ဆက်လက်ထွက်ခွာသွားခဲ့ကြသည်။

     လမ်းတစ်လျှောက် သူတို့ကို ရပ်တန့်ရဲသူ မရှိကြပေ။ အားလုံးမှာ သူတို့နဲ့ ဝေးရာသို့ ရှောင်ဖယ်သွားခဲ့ကြသည်။

     သို့သော် တစ်နေရာသို့ အရောက်မှာတော့ လမ်းမထက်၌ လူငယ်တစ်ဦးက ပိတ်ပြီး ရပ်နေခဲ့သည်။ လူသူကင်းရှင်းနေချိန်ဖြစ်၍ သူ့ပုံစံက ပိုပြီး ထင်ရှားနေခဲ့သည်။ ဒါ့အပြင် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ ထိုသူက လူသားမျိုးနွယ် လူငယ်လေးတစ်ယောက် ဖြစ်နေခြင်း ဖြစ်သည်။

     "ဟမ် ... ငါတို့ရဲ့ လမ်းကို ပိတ်ဆို့ရဲတာလား"အရှေ့ဆုံးမှ ဦးဆောင်လာသည့် ပင်လယ်ငါးက ဒေါသတကြီး အော်ဟစ်မာန်မဲလိုက်သည်။

     လမ်း၏ ဘေးဘီဝဲရာ၌ ရှိနေသူ အများအပြားမှာမူ လမ်းပေါ်ရှိ လူငယ်ကို ကြည့်ပြီး ချွေးပြန်နေခဲ့ကြသည်။ ဒီကောင်လေးက ပင်လယ်ငါးတွေ ဘယ်လောက်ကြောက်စရာကောင်းသည်ဆိုတာကို မသိသေးတာများလား ...

     တကယ်တော့ လမ်းအလယ်တည့်တည့် လျှောက်နေသူမှာ လီကွမ်ရီ ဖြစ်သည်။ သူက ပင်လယ်ငါးတွေကို အနည်းငယ်မျှပင် ဂရုမစိုက်သည့်အသွင့်ဖြင့် ရှိနေခဲ့သည်။

     တစ်ဖက်မှာတော့ လူသားမျိုးနွယ်တစ်ယောက်ရဲ့ အထင်အမြင်သေးသည့် အမူအရာကြောင့် ပင်လယ်ငါးခေါင်းဆောင်မှာ အလွန်အမင်း ဒေါသထွက်သွားရတော့သည်။
     "ခွေးကောင်၊ ငရဲကို သွားချင်နေပြီလား ... ငါ့သားတို့၊ သူ့ကို ငါတို့အကြောင်းသိအောင် ပြလိုက်ကြစမ်း"

     "ဟေ့ ... ဒီလူသားမျိုးနွယ်ရဲ့ အသားကို ငါအများဆုံး စားချင်တယ်"အခြားငါးတစ်ကောင်ကလည်း လီကွမ်ရီကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now