1596 - 1600

62 3 0
                                    

စစ်ဧကရာဇ်(Chapter:1596)
(ထိပ်ဆုံးသို့)
..................
     ကောင်းကင်စောင့်မြို့သည် မြောက်ပိုင်းပင်လယ်၏ ခေါင်းဆောင်ဟုပင် ဆိုနိုင်သည်။ နေသူရိန်ဂိုဏ်းကဲ့သို့ အင်မော်တယ်ဧကရာဇ်ငါးပါး မရှိသော်လည်း ဤဒေသ၌ အထူးဩဇာညောင်းသည်။ ယခုမူ လီကွမ်ရီက ကူးကျွမ်၏အရိပ်ကို ဖျက်ဆီးပစ်လိုက်သည်။ ဤသည်မှာ စစ်ပွဲ၏နိမိတ်ပုံရိပ် ဖြစ်ပေသည်။

     ကောင်းကင်စောင့်မြို့နှင့် နေသူရိန်ဂိုဏ်းကို တစ်ပြိုင်နက်တည်း စိန်ခေါ်ရဲသူက ဤကမ္ဘာတွင် ဘယ်နှစ်ယောက်ရှိမည်နည်း။ အင်မော်တယ်ဧကရာဇ်တစ်ပါးသာလျှင် ထိုသို့လုပ်ရဲပေမည်။

     ဤနေရာရှိ ကောင်းကင်စောင့်မြို့၏ တပည့်များမှာ ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့၏နယ်မြေဖြစ်သော်လည်း လီကွမ်ရီသည် ရိုင်းစိုင်းစော်ကားလွန်းသည်။ လီကွမ်ရီ၏လုပ်ရပ်သည် သူတို့ဂိုဏ်းကို အရှက်ခွဲပြီး စိန်ခေါ်လိုက်ခြင်း ဖြစ်ပေသည်။

     သို့သော် ဒေါသထွက်နေသော်လည်း ဘာမှမလုပ်နိုင်ကြပေ။ လီကွမ်ရီနှင့် ရင်ဆိုင်ရန် သတ္တိမရှိကြချေ။ သူတို့လိုအဆင့်ကို လီကွမ်ရီက လက်ညှိုးတစ်ချောင်းသာ အသုံးပြုပြီး သတ်ပစ်နိုင်သည်။

     အလင်းဥဒေါင်းဘုရင်လည်း ပြုံး၍သာ ရပ်နေမိ၏။ ဤသည်မှာ သူမအတွက် လုပ်နိုင်သမျှဖြစ်သည်။

     လူတိုင်းသည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ လီကွမ်ရီကိုသာ စိုက်ကြည့်နေမိကြသည်။ လီကွမ်ရီက လုံအောင်းထျန်းထက် သာလွန်သည်မှာ သံသယရှိစရာမလိုချေ။ ကောင်းကင်စွမ်းအားတိုက်ပွဲ၌ လီကွမ်ရီက အခွင့်အရေးပိုသာသည်ဟု ဆိုရပေတော့မည်။

     အားလုံးက လီကွမ်ရီပြန်ဆင်းလာတော့မည်ဟု ထင်နေစဥ်မှာပင် နောက်ထပ် ခြေတစ်လှမ်းကို လှမ်းလိုက်ပြန်သည်။

     "ဒါ ... ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး"ကျင့်ကြံသူအားလုံးမှာ မျက်လုံးများ ပြူးကျယ်သွားကြရတော့၏။

     "မဖြစ်နိုင်ဘူး၊ ဆယ့်နှစ်ဆင့်က အမြင့်ဆုံး ကန့်သတ်ချက်လေ"လူငယ်လေးတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  ( Book 2 ) ( Ch 991 -    ) ခွင့်ပြုချက်ရပြီးWhere stories live. Discover now