စစ်စတန်အလှလေးကိုလာမတက်မက်ပါနဲ...

By htar_htar

2.4K 295 18

ဂ်ီတုန္က ဇာတ္လိုက္မင္းသား ျဖစ္တဲ့ အေျမာက္စာဇာတ္ေကာင္ေလးက System အေပၚမွီခို၍ ျပန္လည္တိုက္ခိုက္ၿပီး ဘဝရဲ႕ အထြဋ္... More

description
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 11
chapter 12
chapter 13
chapter 14
Chapter 14
chapter 15
chapter 16
chapter 17
chapter 18
chapter 19

chapter 10

83 13 0
By htar_htar

ဂျီတုန်က ခနလောက်ပြိုကွဲသွားတယ်။ သူက ရုပ်ချောချောကောင်လေးကို ခိုးကြည့်နေတာ မိသွားရင် ဘယ်လိုလုပ်ရမလဲ။လိုင်းပေါ်ကနေ ၀.၁ စက္ကန့်အတွင်းအကူအညီတောင်းတဲ့ပို့စ်တွေ ရှာကြည့်တော့ ဘာမှမတွေ့ခဲ့ပေ။ ဒါကြောင့် အားလုံးကို တာဝန်အပေါ်မှ,ဘဲ အပြစ်ပုံချလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

"ဒါက စစ်စတန်တွေအားလုံးရဲ့တာဝန်ဘဲလေ။" ဂျီတုန်က သဘာတကျကျဘဲပြောလိုက်ပြီး "host ရဲ့ကျောင်းက အခြေအနေက စိတ်ပူရတယ်လေ ပြီးတော့ ကျွန်တော်က ခုမှ တာဝန်ထမ်းဆောင်တာ ပထမဆုံးဆိုတော့ host တွေ့ကြုံနိုင်တဲ့ အခြေအနေတိုင်းအတွက် အစီအစဉ်အများကြီးရော အတွေ့အကြုံတွေ‌ရော မရှိသေးဘူလေ။ ဒါကြောင့်မို့ လိုရမယ်ရ host ကိုစောင့်ကြည့်နေရာဘဲဖြစ်တယ်။"

"အချိန်အကြာကြီး အဝေးကနေ ‌စောင့်ကြည့်တာက ကျွန်တော့်ရဲ့ မမ်မိုရီကိုပြည့်စေပြီးတော့ စက်ရုပ်ကိုယ်ထည်ကို ပူစေပေမယ့် host အတွက်လုပ်ပေးနေရတာ။ host ဂရုစိုက်မနေပါနဲ့။"

ဒီရှင်းပြချက်က ကျိုးကြောင်းသင့်လျော်ပြီးတော့ သူကိုယ်တိုင်တောင်မှ မြန်မြန်ဘဲ ယုံသွားတယ်။

ဖေချင်းယွမ်က ဒါကိုကြားလိုက်ပြီးတော့ ဒီရှင်းပြချက်ကို လက်ခံလိုက်တဲ့ပုံပေါ်သည်။ နောက်တော့ သူက ထပ်ပြီး စာကြောင်းထဲက အဓိကအချက်ကို ဖမ်းဆုတ်မိပြန်သည်။ " မင်းရဲ့ ပထဆုံးအကြိမ်။"

"မှန်ပါတယ် host။" ဂျီတုန်က ပြန်ဖြေလိုက်တယ်။ "ဒါကြောင့်မို့ host ကိုတာဝန်ထမ်းဆောင်နေတဲ့ အတောအတွင်း မလွဲမသေ အမှားသေးသေးလေးတွေ ဒါမှမဟုတ်ရင် ပြဿနာကြီးကြီးမားမားလေးတေါ ရှိလာခဲ့ရင် host နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် ကျိန်းသေပေါက်ကို ကျွန်တော့ ဝန်ဆောင်မှု အရည်အသွေးကောင်းအောင်ကြိုးစားပါ့မယ်‌။"

သူက host ကို သူရဲ့ နောက်အမှားတွေအတွက် ကြိုကာထားရမယ်။

ဖေချင်းယွမ်က ဒီစကားတွေကြားတဲ့ အချိန်မှာတော့ ဘာမှထပ်ပြောမလာတော့ပေ။သူခေါင်းကိုဘဲ တိတ်တဆိတ်ငုံ့လိုက်ပြီး ထမင်းဘဲဆက်စားနေလိုက်သည်။

ဒါကိုမြင်လိုက်ရတော့ ဂျီတုန်က host လက်ရှိဘာတွေးနေလဲဆိုတာ မသေချာတော့ပေ။ host က သူ့လို့ စစ်စတန် အသစ်ကလေးကို သဘောမကျတာများလား?

သူခနလောက် တုံ့ဆိုင်းနေလိုက်ပြီး host ရဲ့ စိတ်ခံစားချက်နယ်မြေကို ပေးသွားလိုက်ပြီး သူ့ရဲ့ ခံစားချက်တွေကို တချက်ခိုးကြည့်လိုက်တယ်။ ဒါက ရိုးရိုးလေးကို ခိုးချတဲ့ လုပ်ဆောင်ချက်တစ်ခုလိုဘဲ။

အရင်တခေါက်ကလို သဲကန္တာရတွေ မုန်တိုင်းတွေနဲ့မတူဘဲ host ရဲ့ ဒီနေ့အခြေအနေက အရမ်းတိတ်ဆိတ်နေလေသည်။ ဂျီတုန်က မြက်ခင်းပြင်စိမ်းစမ်းနဲ့ လေပြေညှင်းလေးတွေဘဲ တွေ့လိုက်ရတယ်။

ကံကောင်းစွာနဲ့ဘဲ host က သူ့ရဲ့ ခံစားချက်တွေကို ခိုးကြည့်လို့ရတယ်ဆိုတာ သိမနေပေ။ သူ တိတ်တဆိတ်ဘဲ တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲက အခြေအနေကို တချက်ခိုးကြည့်လိုက်သည်။

Host ရဲ့ စိတ်က အခြေအနေမကောင်းတဲ့ ပုံမပေါ်ပါဘူး။

ဘာဖြစ်ဖြစ်သူက host အပေါ်မှာ အရမ်းတာဝန်သိသလို သရုပ်ဆောင်တာဘဲလေ။ host မျာ ဒေါသထွက်စရာ အကြောင်းမှ မရှိတာဘဲ။

ဒါကြောင့်မို့ ဂျီတုန်က စိတ်သာရာရသွားတာကြောင့် မြက်ခင်းပြင်ပေါ်လှဲလိုက်ပြီး စိတ်အေးသက်သာစွာနဲ့ဘဲ သက်ပြင်းရှည်ချလိုက်မိတယ်။

Host ရဲ့ စိတ်ခံစားချက်နယ်မြေက host ရဲ့ ခံစားချက်တွေကို သက်ရောက်စေတယ်ဆိုတာကိုသာ မသိခဲ့င် မသိနိုင်တော့ပေ။ ဖြစ်နိုင်ရင် နောက်တစ်ခါ host က သူ့နှလုံးသားထဲမှာ လေပွေနောက်တစ်ခု ထပ်တိုက်ခဲ့ရင် host ကို အပျင်းပြေအောင် ဂျီတုန်က အထဲမှာ စွန်လွှတ်ချင်မိသေးသည်။

ဖေချင်းယွမ် ထမင်းတတက်စားပြီးချိန်မှာတော့ ဖူချန်ကျယ်က မုန်တိုင်းဝင်သလို ထမင်းစားလိုက်ပြီး ကုန်နေပြီတောင်ဖြစ်သည်။ နောက်တော့ သူပြန်မဖြေရသေးတာကို သတိရလိုက်သည်။

"ဘယ်လိုလဲ မင်းဝင်မှာလား။" ဖူချန်ကျယ်ကသူ့ကိုတိုက်တွန်းလိုက်သည်။ "နောက်မကြာခင် မြို့ထဲမှာ ပြိုင်ပွဲရှိတယ်။ တကယ်လို့ အဆင့်သတ်မှတ်ချက်ကိုသာ ဝင်ခဲ့ရင် စီရင်စု ပြိုင်ပွဲမှာ ဝင်ပြိုင်လို့ရပြီ။ မင်းကစားတာသာတော်ခဲ့ရင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအမှတ်တွေက ပြဿနာမဟုတ်တော့ဘူး။"

အထက်တန်း ဘက်စ်ကတ်ဘောကျောင်းသားတွေ အတွကိတက္ကသိုလ်တက်ဖို့က နည်းလမ်း အများကြီးရှိသည်။ အမှတ်နှစ်ကျောင်းရဲ့ ရလဒ်တွေက မြို့မှာရှိတဲ့ အထက်တန်းကျောင်းတွေထဲမှာ ပထမတန်းထဲမှာ မပါတဲ့အတွက် သူတို့က ပုံမှန် သမာရိုးကျသင်ရိုးတွေ အစား တခြား တိုးတက်မှုလမ်းကြောင်းတွေ အပေါ်မှာဘဲ တွယ်ဆက်ထားခဲ့တာဖြစ်သည်။ ဥပမာ အတန်းထဲမှာအိပ်တတ်တဲ့ ဖူချန်ကျယ်လို ကျောင်းသားမျိုးက သူ့ရဲ့ အားကစားစွမ်းရည်နဲ့ တက္ကသိုလ်ကိုဝင်ရောက်နိုင်တာကြောင့် ကောင်းတဲ့ကိစ္စတစ်ခုဘဲဖြစ်တယ်။

ဖူချန်ကျယ်က ဖေချင်းယွမ်ရဲ့ရလဒ်အမှန်ကို မသိခဲ့ပေ။ သူက ကျောင်းက ကောလဟာလတွေထဲကအတိုင်း ဖေချင်းယွမ်ကို ထင်လိုက်တာဖြစ်သည်။

သို့သော်လည်းဘဲ ဖေချင်းယွမ်က ဒီအကြောင်းတွေ စိတ်မဝင်စားခဲ့ပေ။ သူငြင်းပယ့်အချိန်မှာဘဲသူ့စိတ်ထဲကနေ စစ်စတန်က တီးတိုးပြောလာ၏။ "ရန်ရန် လေ့ကျင့်ခန်းကိုသေချာလုပ်ရင် မင်းပို အရပ်ရှည်လိမ့်မယ်။ ပြီးတော့လည်း ဘတ်စကတ်ဘော အသင်းမှာ သင်တန်းဆင်းရရင် အိမ်မှာ နေရမယ့်အချိန် ည်းသွားလိမ့်မယ်။"

နောက်ဆုံးစာကြောင်းက ဖေချင်းယွမ်ကို တုန်လှုပ်သွားစေ၏။ သူ အိမ်က လက်ရှိအိမ်ရဲ့ အခြေအနေကို မကြိုက်ပေ။

"ဒါနဲ့ မင်းဘတ်စကတ်ဘော အသင်းဝင်ရင် ညဘက် ကိုယ့်ဘာသာလေ့လရတဲ့ အတန်းချိန်ကို သွားစရာ မလိုတာ့ဘူးလေ။ မင်းအားကစားရုံထဲလာပြီး သင်တန်းလာဆင်းလို့ရတယ်။" ဖူချန်ကျယ် ပူပန်စွာနဲ့မေးလိုက်တယ်။ " မင်းညီလေးကိုရော ညဘက်ကြည့်ပေးမယ့်လူရှိရဲ့လား။ သူမိဘတွေက အလုပ်အရမ်းများလို့ ညဘက်တွေတောင်ပြန်မလာနိုင်ဘူးဆို။ သူ့ကိုလည်းခေါ်လာပြီး ဘေးမှာစားခိုင်းထားလိုက်လည်းရတာဘဲ။"

ဖူချန်ကျယ်က ထပ်ပြောလိုက်တယ်။ အားပေးတဲ့ သူသေးသေးလေး လာထိုင်နေတာကလဲ လူတိုင်းကိုတက်ကြွစေနိုင်တယ်‌လေ အချိန်ရှိရင် သူ့ကို အရသာရှိတာတွေလိုက်ကျွေးလိုက်ဦးမယ်။"

ကြွက်သားတွေကို ကြည့်ချင်တဲ့ ဂျီတုန်နဲ့ ပြန်ပြေလည်ချင်တဲ့ ဖူချန်ကျယ်တို့ရဲ့ ဦးနှောက်လှိုင်းတွေက အခုချိန်မှာတော့ သဟဇာတဖြစ်မှု အမြင့်ဆုံးရောက်နေပြီးတော့ စည်းလုံးနေပါတော့တယ်။

ဂျီတုန်ကရုတ်တရက်ကြီး ဖူချန်ကျယ် ကအရမ်းကို ကြည့်ပျော်ရှူပျော်ရှိတယ်လို့ ခံစားလိုက်ရတယ်။

ဘယ်လိုတောင် စဉ်းစားတတ်ပြီး ဉာဏ်နည်းတဲ့ လူကြီးလဲ?

ဖေချင်းယွမ်က သူဂျီတုန်ကို ထမင်းလိုက်ကျွေးမယ်ပြောတာကြားလိုက်ချိန်မှာတော့ တုံ့ဆိုင်းမနေတော့ဘဲ သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်လိုက်တယ်။

သူစစ်စတန်ကထပ်ပြီးစကားပြောတာ မကြားလိုက်ရပေမယ့် ရှင်းမပြနိုင်အောင်လို့ သူရဲ့ နက်နက်နဲနဲ နဲ့ကို လိုချင်နေတဲ့ ဆန္ဒကို ခံစားလိုက်မိတယ်။

စက်ရုပ်ကလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ဘဲ အောင်ပွဲခံလိုက်ပြီး မြက်ခင်းတွေပေါ်မှာ လှိမ့်ကိုလိုက်ပြန်၏။

ဒီလို အခမဲ့ ထမင်းမှာပေးတဲ့စက်ကိုပို့ပေးတဲ့ ဖေယန့်ကိုလဲ ကျေးဇူးပါလို့။

ဖူချန်ကျယ်ကလဲဘဲ သူသဘောတူတာကိုကြားလိုက်ရချိန်မှာ ပျော်ရွှင်သွားပြီး ချက်ချင်းဘဲပြောလိုက်တယ်။ "ဒါဆိုရင် နောက်နှစ်ရက်အတွင်းအချိန်အားအောင်လုပ်ထားပြီး စမ်းကြည့်ကြည့်တာပေါ့။ တတယ်လို့ သင့်တော်တယ်ဆိုရင် နည်းပြက ဘတ်စကတ်ဘောအသင်းဝင် ဖို့ မင်းရဲ့အချက်အလက်တွေကို ပြန်တင်ပြပေးလိမ့်မယ်။ ဒီလိုသာဆို နောက်ဆိုရင်မင်းညအချိန်တွေ စာလုပ်စရာ မလိုတော့ဘူးလေ။"

စိတ်မပူပါနဲ့။ ငါနည်းပြကို အရင်ကြိုပြောထားလိုက်မယ်။ မင်းမှာသာအခြေခံသဘောတရားတွေနဲ့ ကစားတဲ့နည်းလမ်းတွေကသာ မဆိုးရင်မင်းဝင်ခွင့်ရမှာပါ။"

ဖေချင်းယွမ်ကို စကားအနည်ငယ် အကြံပေးပြီးတဲ့နောက်မှာတော့ ဖူချန်ကျယ်က ထမင်းပန်းကန်အလွတ်ကိုကိုင်ပြီး သီချက်းလေးညည်းရင်းနဲ့ဘဲ ထွက်သွားတော့သည်။

သူ့အနားကကျောင်းသားတွေရဲ့ တီးတိုးပြောသံတွေကလည်း တိုးလာခဲ့၏။ သူတို့လဲ ဖူချန်ကျယ်က ဖေချင်းယွမ်ကို ဘတ်စကတ်ဘော အသင်းဝင်ဖို့ဖိတ်နေတာကို ကြားလိုက်ရတော့ တယာက်ကိုတစ်ယောက် ပြန်ကြည့်လိုက်သည်။ သူတို့ကဒီကျောင်းအာဏာရှင် ဘာလုပ်ဖို့ကြံစည်နေတာဆိုတာနားမလည်နိုင်‌တော့ပေ။

ဖေချင်းယွမ်က ဒီလူတွေကို သူ့မျက်လုံးထဲမထည့်ခဲ့ဘူးပေ။ သူကရုတ်တရက် ဂျီတုန်ကိုမေးလိုက်တယ်။ "နေ့လည်ခင်းတုန်းက ငါ့ကို စောင့်ကြည့်ထားတဲ့ ဗီဒီယိုတွေရှိသေးလား။"

"...."

ဗီဒီယိုတွေရှိရုံတင်မကဘဲ ဂျီတုန့်မှာ host ရဲ့ အဖိုးတန်အမှတ်တရများ ဆိုတဲ့ လျှပ်စစ်ဓာတ်ပုံ အယ်လဘမ်တောင်ရှိသေးသည်။

ဂျီတုန်က ဖျော့တော့စွာဘဲပြောလိုက်တယ်။ "ရှိပါတယ် host။ သူတို့က အဓိကဇာတ်ကြောင်းကို မထိခိုက်စေတာ သေချာတဲ့ အချိန်တစ်ခုအထိ သိမ်းထားပြီးတော့မှ ရှင်းပစ်လိုက်မှာပါ။"

"အဲတာကောင်းတယ်။" ဖေချင်းယွမ် ခနလောကတွေးလိုက်ပြီး "ငါကြည့်လို့ရလား။"

ဂျီတုန်နည်းနည်းတော့အံ့အားသင့်သွား၏။ "အကယ်၍ host ကြည့်ဖို့လိုအပ်တယ်ဆိုရင်တော့ host ကြည့်လို့ရတဲ့ မျက်မနှာပြင်ပုံစံပြောင်းပေးလို့ရနိုင်ပါတယ်။ "

ဖေချင်းယွမ်က စစ်စတန်ရဲ့ ပါဝါတွအပေါ်နှာ တဖြည်းဖြည်းနဲ့နေသားကျလာပါပြီ။ သူဂျီတုန်ရဲ့ ပထဆုံးပေးတဲ့အကြံပြုချက်ကို ပြန်စဉ်းစားလိုက်ပီး ခိုင်ခိုင်မာမာပြောလိုက်တယ်။ "မနက်ဖြန်ရောက်ရင် မေးခွန်းမှားနဲ့ ခြိမ်းခြောက်စရာမလိုဘဲ လင်းကျစ်ဟိုင်ကို အိမ်သာကိုသန့်ရှင်းရေးလုပ်ခိုင်းလိုက်မယ်။"

"သူကအရင်စပြီး အိမ်သာကို သန့်ရှင်းရေးလုပ်မယ်လို့ပြောလိမ့်မယ်။"

နောက်တနေ့နေ့လည်ခင်းမှာ ပထမအတန်းချိန်ပြီးနောက်မှာ ကျောင်းတစ်ခုလုံး ကျွတ်ကျွတ်ညံညံဖြစ်လာကြ၏။

ကျောင်းသားအများစုက သန့်ရှင်းရေးပစ္စည်းတွေကိုင်လျှက် ဝင်လိုက်ထွက်လိုက်အလုပ်ရှုပ်နေကြသည်။

တတိယနှစ်ရဲ့ အတန်း ၃ကတော့ ချွင်းချက်အနေနဲ့ တိတ်ဆိတ်နေတာဘဲ ဖြစ်သည်။

ကော်ရစ်တာ အပြင်ဘက်က အခြားအတန်းတွေနဲ့ယှဉ်ရင် အတန်း၃ တတန်းလုံးက တိတ်ဆိတ်နေတာဘဲဖြစ်တယ်။ အာကစားကော်မတီဝင်က စင်ရှေ့မှာရပ်လိုက်ပြီး အလုပ်တွေခွဲပေးလိုက်ပေမယ့် ဘယ်သူမှ ပြန်တုံံ့ပြန်ပေ။

သူက ဖေချင်းယွမ်ကို ဘာလုပ်ရမှန်းသိ ရှက်ရွံ့နေတဲ့ အမူရာနဲ့ တချက်လောက်လှမ်းကြည့်လိုက်တယ်။

သေချာပေါက်ကို အားကစားကော်မတီဝင်က အတန်းခေါင်းဆောင်ကို တစ်တန်းလုံးက ပြစ်မှတ်ထားနေတာကို သိနေသည်။ ပြီးတော့ သူက ကံမကောင်းရုံသာဖြစ်သည်။

ကျောင်းသားတွေ သန့်ရှင်းရေးလုပ်နေချိန်တွင် ဆရာတွေက အစည်းအဝေးတက်နေကြသည်။ သူတို့က ကျောင်းသားတွေ သန့်ရှင်းရေးလုပ်နေတာကို လိုက်မကြီးကြပ်ပေးနိုင်တာကြောင့် သန့်ရှင်းရေးက အတန်းခေါင်းဆောင်ရဲ့ လုပ်နိုင်စွမ်းနဲ့ အာဏာပေါ်မှာဘဲ မူတည်နေတာဖြစ်သည်။

သန့်ရှင်းရေးချိန်ပြီးချိန် ဆရာတွေ အစည်းအဝေးကထွက်လာလို့ အတန်း ၃တစ်တန်းထဲကသာ ရှုပ်ပွနေတာတွေ့ရင် ဖေချင်းယွမ် လက်ခံရမယ့် ဝေဖန်မှုတွေကို စိတ်ကူးကြည့်လို့တောင်ရသည်။

အတန်းထဲက ကျောင်းသားတစ်ချို့ကတော့ ဖေချင်းယွမ်ကို ဒီလို မဆန့်ကျင်ချင်ပေမဲ့ ပြင်းထန်တဲ့ဦးတည်ရာ ကြောင့် သူတို့ငက သူတို့နဲ့ မရင်းနီးတဲ့ကျောင်းသား ဖေချင်းယွမ်ဘက်မှာ မနေရဲကြတော့ပေ။ သူတို့က ငြိမ်ငြိမ်ဘဲထိုင်နေလိုက်တော့သည်။ ငြိမ်မနေရင် နောက်ပစ်မှတ်အထားခံရမယ့်သူကသုတို့ဖြစ်သွားနိုင်သည်။

အားကစားကော်မတီအဖွဲ့ဝင်က ကြိုးစားဖိုတွန်းအား‌ေပးပြီးတော့ တိတ်ဆိတ်မှုငကို ဖြိုခွဲလိုက်သည်။ "အတန်းခေါင်းဆောင် လာစီစဉ်လိုက်ပါလား။"

ဖေချင်းယွမ်ကြားတော့ သူစာုပ်ကနေနောက်ဆုံးတော့မော့ကြည့်လာခဲ့တယ်။ လူတိုင်းရဲ့အကြည်တွေအောက်မှာ ရှေ့ဆုံးတန်းက ကိုယ်ကိုကိုယ်ဂုဏ်ယူနေတဲ့ လင်းကျစ်ဟိုင်ကို မတွေ့ခင်အထိ တည်တည်ငြိမ်ငြိမ် လိုက်ကြည့်နေသည်။

"လင်းကျစ်ဟိုင် ငါနဲ အပြင်ခနလိုက်ခဲ့။"

လင်းကျစ်ဟိုင်က သူ့အကြံပေါ်မှာ ကိုယ့်ကိုကိုယ်အားရနေတုန်းဖြစ်သည်။ သူကဖေချင်းယွမ် သူ့နာမည်ကို တိုက်ရိုက်ခေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

ကျောင်းသားတွေရဲ့ အကြည့်က ချက်ချင်းဖေချင်းယွမ်စီကနေ လင်းကျစ်ဟိုင်ဆီကို ပြောင်းသွားသည်။ သူနှလုံးသားထဲ ပျော်ရွှင်မှုတွေပေါ်ထွက်လာခင် ခနလောက် ကြက်သေသေသွားခဲ့သည်။

သူ ဖေချင်းယွမ်က အကုန်လုပ်နိုင်မယ်ဆိုတာ မယုံပါဘူး။

ဖေချင်းယွမ်က သူ့ကို အကူအညီတောင်းချင်တာဖြစ်နိုင်လောက်တယ်။

သူက ဒီစိတ်ရှုပ်စရာလူကိုတော့ မကူညီနိုင်‌ပါဘူး။

စာသင်ခန်းတံခါးအပြင်ဘက်မှာတော့ ဖေချင်းယွမ်က အတန်းထဲက သိချင်နေတဲ့ လူတွရဲ့ အကြည့်ကို ပိတ်ဆို့ဖို့အတွက် တံခါးကိုရည်ရွယ်ချက်ရှိရှိပိတ်လိုက်ပုံပေါ်တယ်။

လင်းကျစ်ဟိုင်က စိတ်မရှည်ဘဲမေးလိုက်တယ်။ "မင်းဘာလို့ငါ့ကိုခေါ်တာလဲ? အတန်းထဲက လူတွေကိုဘာလို့ သန့်ရှင်းရေးမလုပ်ခိုင်းရတာလဲ?ငါတို့အတန်းက တခြားအတန်းတွေရဲ့နောက်ကျကျန်ခဲ့ပြီ။"

"မင်းစီစဉ်ထားတာမဟုတ်ဘူးလား?" ဖေချင်းယွမ်က သူသိချင်နေတဲ့ မေးခွန်းကို ထုတ်မေးလိုက်တယ်။

လင်းငကျစ်က ဆက်ပြီးဟန်ဆောင်နေသည်။ "တခြားသူတွေက မင်းစကားနားမထောင်တာ ငါနဲ့ ဘာဆိုင်လို့လဲ။"

"တကယ်လား?" ဖေချင်းယွမ်ရဲ့ အသံကသိမ်မွေ့လာပြီးတော့ သူကတခြားမသက်ဆိုင်တဲ့ ကိစ္စကိုထုတ်ပြောလာသည်။ "မနေ့က နေ့လည်ခင်းအတန်းချိန်မှာ မင်းစားပွဲခုံအပေါက်ကနေ ဖုန်းခိုးသုံးသေးတယ်မလား။ အတန်းထဲမှာ ဖုန်းသုံးလို့မရဘူးဆိုတာ မသိဘူးလား?"

လင်းကျစ်ဟိုင်က ခနလောက်ရပ်တန့်သွားပြီးတော့ ချက်ချင်းဘဲ ဒေါသတကြီးပြန်ဖြေလိုက်တယ်။ "ဘာလဲ? သွားတိုင်ဦးမလို့လား? ညစ်ပတ်ချက်ဘဲ!"

အဲ့ဒီ့အချိန်တန်းက သူ ဖေယန်ရဲ့ ပြန်စာကိုစောင့်နေတာကြောင့် ခနခနဖုန်းကို ထုတ်ထုတ်ကြည့်နေတာဘဲဖြစ်တယ်။

ဆရာမကိုပြန်တိုင်တယ်ဆိုတာ ကျောင်းသားတွေကြားထဲက စက်ဆုပ်စရာကောင်းတဲ့ အပြုအမူဘဲဖြစ်တယ်။

ဖေချင်းယွမ် ပြောလိုက်တဲ့ခနမှာဘဲ တဖက်လူက သူ့ကို ဆရာတွေနဲ့ပြန်တိုင်မယ်လို့ ခြိမ်းခြောက်နေတာလို့ ထင်လိုက်တာဘဲဖြစ်သည်။

ရလဒ်အနေနဲ့ကတော့ ဖေချင်းယွမ်က ရီလိုက်တဲ့ပုံပေါ်တယ်။ "ဆရာမကို ပြန်တိုင်ဖို့ မလိုအပ်ပါဘူး။"

သူကတမင် မရည်ရွယ်ချက်သလိုလို ရည်ရွယ်သလိုလို စာသင်ခန်းကိုတချက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်တယ်။ "ငါက လေးတန်းမြောက်ရဲ့ နောက်ဆုံးအတန်းမှာထိုင်နေတာ ပြီးတော့ မင်းက ၃တန်းမြောက် အရှေ့ဆုံးတန်းမှာ ထိုင်နေတာလေ။ မင်းခေါင်းငုံ့ထားတဲ့အချိန် ဘာလုပ်နေတာလဲဆိုတာ ငါသိနိုင်မယ်လို့ထင်လို့လား?"

လင်းကျစ်ဟိုင်က ကြက်သေသေသွားတယ်။

ဖေချင်းယွမ်က သေချာပေါက် အဝေးမှာထိုင်နေတာ ဒါကြောင့် သူဖုန်းကြည့်တာကိုလည်းမြင်နိုင်မှာ မဟုတ်‌ပေ။ သူက ဖုန်းထုတ်လိုက်တဲ့ ခနလေးမှာ နိုတီကိုဘဲကြည့်လိုက်တာဖြစ်တယ်။ ပြီးတော့ သူက ဂရုတစိုက်နဲ့ ဖုန်းဖုန်းကွယ်ကွယ်နဲ့ လှုပ်ရှားလိုက်တာဖြစ်သည်။ အများဆုံးသိမှ သူ့ထိုင်ခုံစက်ဝိုင်းတွင်းမှ လူတွေဘဲ မတော်တဆ သိနိုင်မှာဖြစ်သည်။

သူတို့ကဖေချင်းယွမ်ကိုပြောလိုက်တာလား? သူတို့ဘာလို့ ဒီလိုလုပ်ရတာလဲ။

လင်းကျစ်ဟိုင်က ရုတ်တရက်ကြီး ကြက်သေသေသွားတယ်။ သူဘာတွေဖြစ်နေတာလဲ စဉ်းစားလို့မရနိုင်ခင်မှာဘဲ ဖေချင်းယွမ်ရဲ့ မထူးမခြားနားတဲ့ အသံကိုကြားလိုက်ရတယ်။ "မင်းက အတန်းရဲ့ တရားဝင် ရွေးချယ်မှုကု ဟာသလိုသဘောထားပြီး မင်းနဲ့ ပြဿနာမတက်ထားတဲ့သူကို တတန်းလုံးဝိုင်းဖယ်‌အောင် ဦးဆောင်ပြီးလုပ်သေးတယ်။ လူတိုင်းက ဒီလိုမျိုးလုပ်ချင်နေလိမ့်မယ်လို့ထင်နေတာလား?"

"သူတို့နောက်တယောက်မဖြစ်နိုင်ဘူးလို့ ဘယ်သူကသေချာပြောနိုင်လို့လဲ။"

လင်းကျစ်ဟိုင်က သူ့လက်သီးတင်းတင်းဆုပ်လိုက်တာ သူလက်ဖဝါးပေါ်တွင် လက်သည်းရာတွေတောင် ထင်ကုန်သည်။

ဒါကြောင့်သူတို့က ဖေချင်းယွမ်ဘက်ကို တိတ်တိတ်လေးပြောင်းလိုက်တာပေါ့...

ဖေချင်းယွမ်က ဘေးအတန်းက မှန်ကိုသေချာသုတ်နေတဲ့ ကျောင်းသားတွေကိုကြည့်လိုက်ပြီး ပုံမှန်အတိုင်း စကားတစ်ခွန်းပြောလိုက်တယ်။ "မင်း ကျောင်းကပေးထားတဲ့ တာဝန်တွေကို ပြီးအောင်လုပ်မယ့်ကျောင်းသားတွေကို ဘယ်သူက ဟန့်တားနေတယ်ဆိုတာ တစ်ယောက်ယောက်ကကျိုးလောင်ရှီးကို သွားပြောမလားဆိုတာ ခန့်မှန်းကြည့်ချင်လား?"

"တစ်ယောက်တည်းဒီအကြောင်းပြောရင် မယုံလောက်ပေမယ့် တစ်ယောက်ထပ်ပိုတယ်ဆိုရင်ရော?"

လင်းကျစ်ဟိုင် ဖေချင်းယွမ်ရဲ့ အတက်အကျမရှိတဲ့ တည်ငြိမ်နေတဲ့ အမူအရာကိုကြည့်လိုက်ပြီး 'မဖြစ်နိုင်တာ' ဆိုတဲ့စကားကို ယုံကြည်ချက်ရှိရှိနဲ့ မပြောနိုင်တော့ပေ။

တကယ်လို့တစ်ယောက်ယောက်ကသာ သွားပြောခဲ့ရင် ကံမကောင်းတဲ့သူက ဖေချင်းယွမ်မဟုတ်ဘဲ လင်းကျစ်ဟိုင် တစ်ယောက်တည်းဖြစ်လိမ့်မယ်။

အတန်းတံခါးက နောက်တကြိမ်ပွင့်လာပြီးတော့ ကျောင်းသားတွေရဲ့ အသက်ဝင်နေတဲ့ ဆွေးနွေးမှတွေက ခနလောက်ရပ်တန့်သွားပြီး တံခါးရှေ့က လူနှစ်ယောက်ကို မော့ကြည့်လိုက်ကြသည်။

လင်းကျစ်ဟိုင်ထပ်ခေါင်းတစ်လုံးပိုမြင့်တဲ့ ဖေချင်းယွမ်က တံခါးကို ကိုယ်တစ်ဝက်မှီလိုက်တယ်။ နေအလင်းရောင်ကြောင့် သူ့ရဲ့ ကောင်းမွန်တဲ့ အရိပ်ထင်နေလေသည်။

"လင်းကျစ်ဟိုင်က သူဥပမာအနေနဲ့ ပထမဆုံးစလိုက်မယ်လို့ပြောတယ်။" ဖေချင်းယွမ်က အမူအယာကင်းမဲ့စွာနဲ့ဘဲ ကြေညာလိုက်တယ်။ "ဒါကြောင့်သူက ကော်ရစ်တာရဲ့ အရှေ့ဘက်မှာရှိတဲ့ သန့်စင်ခန်းကို သန့်ရှင်းရေးလုပ်မယ်ဆိုတဲ့ အခက်ခဲဆုံးတာတန်ကို ယူမယ်လို့ဆုံးဖြတ်လိုက်တယ်။"

အတန်းထဲမှာချက်ချင်းဘဲ ဆူဆူညံညံဖြစ်လာခဲ့သည်။ လူတိုင်းရဲ့ ရှော့ရနေတဲ့ မျက်လုံးတွေအောက်မှာဘဲ လင်းကျစ်ဟိုင်က တကယ် စာသင်ခန်းနောက်ဘက်က သန့်ရှင်းရေး ပစ္စည်းထားတဲ့နေရာကို အမှန်တကယ်လျှောက်သွားခဲ့သည်။ သူ့မျက်လုံးတွေက အမည်မသိလူအတွက် ဒေါသနဲ့ အကူအညီမဲ့မှု ဖျော့ဖျော့ပြသနေတယ်။

နောက်တော့ ဖေချင်းယွမ်က‌‌ကြောင်ကြည့်နေတဲ့ အားကစားကော်မတီဝင်ကို ကြည့်ပြီး သတိပေးလိုက်တယ်။"လုပ်ရမယ့်တာဝန်ခွဲထားတာတွေကို တခေါက်လောက်ထပ်ဖတ်လိုက်ဦး။"

ဉီးဆောင်တဲ့သူက အလုပ်စလုပ်မှတော့ ကျန်တဲ့သူတွေလည်းသဘာတကျကျကိုဘဲ ပြိုပျက်သွားခဲ့သည်။

ကျောင်းသားတွေကတော့ လင်းကျစ်ဟိုင်ကို သူတို့စိတ်ထဲမှာ အထွဍ်တက်နေလိုက်သည်။ အသေအချာကြီးကို သူကဘဲအရင်စလုပ်ပေမဲ့ စိတ်ပြောင်းသွားတယ်တဲ့လေ။

အပြန်အလှန် တိတ်တဆိတ်အထွဍ်တက်မှုတွေ အောက်မှာဘဲဒီနူးညံ့တဲ့ မဟာမိတ်အဖွဲ့က သဘာတကျကျဘဲ ပြိုပျက်သွားခဲ့သည်။

အားကစားကော်မတီဝင်က နောက်ဆုံးတော့အသိပြန်ဝင်လာပြီး မြန်မြန်ပြောလိုက်တယ်။ "ဟု...ဟုတ်တာပေါ့။ ချက်ချင်းလုပ်လိုက်မယ်!"

အတန်းကတိတ်ဆိတ်နေသေးပေမဲ့ လွန်ခဲ့တဲ့မိနစ်က တိတ်ဆိတ်မှုနဲ့တော့ကွာခြားသည်။

"လျန်လိ ကျောက်သင်ပုန်းကို သုတ်ရမယ်။ မာဒိနဲ့ လီယွင်ထင်း အတန်းကို တံမျက်စည်းလှည်းရမယ်..."

အားကစားကော်မတီဝင်က စာသင်ခန်းထဲမှာ ပဲ့တင်ထပ်ခဲ့သည်။ ဒီတကြိမ်မှာတော့ နာမည်အခေါ်ခံရတဲ့ကျောင်းသားတွေက ထလာပြီး တံမျက်စည်းတွေ အဝတ်စုတ်တွေ ထယူကြသည်။

သူနာမည်ခေါ်နေရင်းကဘဲ ရိုးရိုးသားသား‌တွေးလိုက်မိတာက အတန်းခေါင်းဆောင်အသစ်က အရမ်းစွမ်းအားကြီးတာဘဲ။ 

================================================================================

ဂ်ီတုန္က ခနေလာက္ၿပိဳကြဲသြားတယ္။ သူက ႐ုပ္ေခ်ာေခ်ာေကာင္ေလးကို ခိုးၾကည့္ေနတာ မိသြားရင္ ဘယ္လိုလုပ္ရမလဲ။လိုင္းေပၚကေန ၀.၁ စကၠန႔္အတြင္းအကူအညီေတာင္းတဲ့ပို႔စ္ေတြ ရွာၾကည့္ေတာ့ ဘာမွမေတြ႕ခဲ့ေပ။ ဒါေၾကာင့္ အားလုံးကို တာဝန္အေပၚမွ,ဘဲ အျပစ္ပုံခ်လိုက္ဖို႔ ဆုံးျဖတ္လိုက္တယ္။

"ဒါက စစ္စတန္ေတြအားလုံးရဲ႕တာဝန္ဘဲေလ။" ဂ်ီတုန္က သဘာတက်က်ဘဲေျပာလိုက္ၿပီး "host ရဲ႕ေက်ာင္းက အေျခအေနက စိတ္ပူရတယ္ေလ ၿပီးေတာ့ ကြၽန္ေတာ္က ခုမွ တာဝန္ထမ္းေဆာင္တာ ပထမဆုံးဆိုေတာ့ host ေတြ႕ႀကဳံႏိုင္တဲ့ အေျခအေနတိုင္းအတြက္ အစီအစဥ္အမ်ားႀကီးေရာ အေတြ႕အႀကဳံေတြ‌ေရာ မရွိေသးဘူေလ။ ဒါေၾကာင့္မို႔ လိုရမယ္ရ host ကိုေစာင့္ၾကည့္ေနရာဘဲျဖစ္တယ္။"

"အခ်ိန္အၾကာႀကီး အေဝးကေန ‌ေစာင့္ၾကည့္တာက ကြၽန္ေတာ့္ရဲ႕ မမ္မိုရီကိုျပည့္ေစၿပီးေတာ့ စက္႐ုပ္ကိုယ္ထည္ကို ပူေစေပမယ့္ host အတြက္လုပ္ေပးေနရတာ။ host ဂ႐ုစိုက္မေနပါနဲ႔။"

ဒီရွင္းျပခ်က္က က်ိဳးေၾကာင္းသင့္ေလ်ာ္ၿပီးေတာ့ သူကိုယ္တိုင္ေတာင္မွ ျမန္ျမန္ဘဲ ယုံသြားတယ္။

ေဖခ်င္းယြမ္က ဒါကိုၾကားလိုက္ၿပီးေတာ့ ဒီရွင္းျပခ်က္ကို လက္ခံလိုက္တဲ့ပုံေပၚသည္။ ေနာက္ေတာ့ သူက ထပ္ၿပီး စာေၾကာင္းထဲက အဓိကအခ်က္ကို ဖမ္းဆုတ္မိျပန္သည္။ " မင္းရဲ႕ ပထဆုံးအႀကိမ္။"

"မွန္ပါတယ္ host။" ဂ်ီတုန္က ျပန္ေျဖလိုက္တယ္။ "ဒါေၾကာင့္မို႔ host ကိုတာဝန္ထမ္းေဆာင္ေနတဲ့ အေတာအတြင္း မလြဲမေသ အမွားေသးေသးေလးေတြ ဒါမွမဟုတ္ရင္ ျပႆနာႀကီးႀကီးမားမားေလးေတါ ရွိလာခဲ့ရင္ host နားလည္ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ က်ိန္းေသေပါက္ကို ကြၽန္ေတာ့ ဝန္ေဆာင္မႈ အရည္အေသြးေကာင္းေအာင္ႀကိဳးစားပါ့မယ္‌။"

သူက host ကို သူရဲ႕ ေနာက္အမွားေတြအတြက္ ႀကိဳကာထားရမယ္။

ေဖခ်င္းယြမ္က ဒီစကားေတြၾကားတဲ့ အခ်ိန္မွာေတာ့ ဘာမွထပ္ေျပာမလာေတာ့ေပ။သူေခါင္းကိုဘဲ တိတ္တဆိတ္ငုံ႔လိုက္ၿပီး ထမင္းဘဲဆက္စားေနလိုက္သည္။

ဒါကိုျမင္လိုက္ရေတာ့ ဂ်ီတုန္က host လက္ရွိဘာေတြးေနလဲဆိုတာ မေသခ်ာေတာ့ေပ။ host က သူ႔လို႔ စစ္စတန္ အသစ္ကေလးကို သေဘာမက်တာမ်ားလား?

သူခနေလာက္ တုံ႔ဆိုင္းေနလိုက္ၿပီး host ရဲ႕ စိတ္ခံစားခ်က္နယ္ေျမကို ေပးသြားလိုက္ၿပီး သူ႔ရဲ႕ ခံစားခ်က္ေတြကို တခ်က္ခိုးၾကည့္လိုက္တယ္။ ဒါက ႐ိုး႐ိုးေလးကို ခိုးခ်တဲ့ လုပ္ေဆာင္ခ်က္တစ္ခုလိုဘဲ။

အရင္တေခါက္ကလို သဲကႏၲာရေတြ မုန္တိုင္းေတြနဲ႔မတူဘဲ host ရဲ႕ ဒီေန႔အေျခအေနက အရမ္းတိတ္ဆိတ္ေနေလသည္။ ဂ်ီတုန္က ျမက္ခင္းျပင္စိမ္းစမ္းနဲ႔ ေလေျပညႇင္းေလးေတြဘဲ ေတြ႕လိုက္ရတယ္။

ကံေကာင္းစြာနဲ႔ဘဲ host က သူ႔ရဲ႕ ခံစားခ်က္ေတြကို ခိုးၾကည့္လို႔ရတယ္ဆိုတာ သိမေနေပ။ သူ တိတ္တဆိတ္ဘဲ တံခါးကိုတြန္းဖြင့္လိုက္ၿပီး အထဲက အေျခအေနကို တခ်က္ခိုးၾကည့္လိုက္သည္။

Host ရဲ႕ စိတ္က အေျခအေနမေကာင္းတဲ့ ပုံမေပၚပါဘူး။

ဘာျဖစ္ျဖစ္သူက host အေပၚမွာ အရမ္းတာဝန္သိသလို သ႐ုပ္ေဆာင္တာဘဲေလ။ host မ်ာ ေဒါသထြက္စရာ အေၾကာင္းမွ မရွိတာဘဲ။

ဒါေၾကာင့္မို႔ ဂ်ီတုန္က စိတ္သာရာရသြားတာေၾကာင့္ ျမက္ခင္းျပင္ေပၚလွဲလိုက္ၿပီး စိတ္ေအးသက္သာစြာနဲ႔ဘဲ သက္ျပင္းရွည္ခ်လိုက္မိတယ္။

Host ရဲ႕ စိတ္ခံစားခ်က္နယ္ေျမက host ရဲ႕ ခံစားခ်က္ေတြကို သက္ေရာက္ေစတယ္ဆိုတာကိုသာ မသိခဲ့င္ မသိႏိုင္ေတာ့ေပ။ ျဖစ္ႏိုင္ရင္ ေနာက္တစ္ခါ host က သူ႔ႏွလုံးသားထဲမွာ ေလေပြေနာက္တစ္ခု ထပ္တိုက္ခဲ့ရင္ host ကို အပ်င္းေျပေအာင္ ဂ်ီတုန္က အထဲမွာ စြန္လႊတ္ခ်င္မိေသးသည္။

ေဖခ်င္းယြမ္ ထမင္းတတက္စားၿပီးခ်ိန္မွာေတာ့ ဖူခ်န္က်ယ္က မုန္တိုင္းဝင္သလို ထမင္းစားလိုက္ၿပီး ကုန္ေနၿပီေတာင္ျဖစ္သည္။ ေနာက္ေတာ့ သူျပန္မေျဖရေသးတာကို သတိရလိုက္သည္။

"ဘယ္လိုလဲ မင္းဝင္မွာလား။" ဖူခ်န္က်ယ္ကသူ႔ကိုတိုက္တြန္းလိုက္သည္။ "ေနာက္မၾကာခင္ ၿမိဳ႕ထဲမွာ ၿပိဳင္ပြဲရွိတယ္။ တကယ္လို႔ အဆင့္သတ္မွတ္ခ်က္ကိုသာ ဝင္ခဲ့ရင္ စီရင္စု ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္လို႔ရၿပီ။ မင္းကစားတာသာေတာ္ခဲ့ရင္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲအမွတ္ေတြက ျပႆနာမဟုတ္ေတာ့ဘူး။"

အထက္တန္း ဘက္စ္ကတ္ေဘာေက်ာင္းသားေတြ အတြကိတကၠသိုလ္တက္ဖို႔က နည္းလမ္း အမ်ားႀကီးရွိသည္။ အမွတ္ႏွစ္ေက်ာင္းရဲ႕ ရလဒ္ေတြက ၿမိဳ႕မွာရွိတဲ့ အထက္တန္းေက်ာင္းေတြထဲမွာ ပထမတန္းထဲမွာ မပါတဲ့အတြက္ သူတို႔က ပုံမွန္ သမာ႐ိုးက်သင္႐ိုးေတြ အစား တျခား တိုးတက္မႈလမ္းေၾကာင္းေတြ အေပၚမွာဘဲ တြယ္ဆက္ထားခဲ့တာျဖစ္သည္။ ဥပမာ အတန္းထဲမွာအိပ္တတ္တဲ့ ဖူခ်န္က်ယ္လို ေက်ာင္းသားမ်ိဳးက သူ႔ရဲ႕ အားကစားစြမ္းရည္နဲ႔ တကၠသိုလ္ကိုဝင္ေရာက္ႏိုင္တာေၾကာင့္ ေကာင္းတဲ့ကိစၥတစ္ခုဘဲျဖစ္တယ္။

ဖူခ်န္က်ယ္က ေဖခ်င္းယြမ္ရဲ႕ရလဒ္အမွန္ကို မသိခဲ့ေပ။ သူက ေက်ာင္းက ေကာလဟာလေတြထဲကအတိုင္း ေဖခ်င္းယြမ္ကို ထင္လိုက္တာျဖစ္သည္။

သို႔ေသာ္လည္းဘဲ ေဖခ်င္းယြမ္က ဒီအေၾကာင္းေတြ စိတ္မဝင္စားခဲ့ေပ။ သူျငင္းပယ့္အခ်ိန္မွာဘဲသူ႔စိတ္ထဲကေန စစ္စတန္က တီးတိုးေျပာလာ၏။ "ရန္ရန္ ေလ့က်င့္ခန္းကိုေသခ်ာလုပ္ရင္ မင္းပို အရပ္ရွည္လိမ့္မယ္။ ၿပီးေတာ့လည္း ဘတ္စကတ္ေဘာ အသင္းမွာ သင္တန္းဆင္းရရင္ အိမ္မွာ ေနရမယ့္အခ်ိန္ ည္းသြားလိမ့္မယ္။"

ေနာက္ဆုံးစာေၾကာင္းက ေဖခ်င္းယြမ္ကို တုန္လႈပ္သြားေစ၏။ သူ အိမ္က လက္ရွိအိမ္ရဲ႕ အေျခအေနကို မႀကိဳက္ေပ။

"ဒါနဲ႔ မင္းဘတ္စကတ္ေဘာ အသင္းဝင္ရင္ ညဘက္ ကိုယ့္ဘာသာေလ့လရတဲ့ အတန္းခ်ိန္ကို သြားစရာ မလိုတာ့ဘူးေလ။ မင္းအားကစား႐ုံထဲလာၿပီး သင္တန္းလာဆင္းလို႔ရတယ္။" ဖူခ်န္က်ယ္ ပူပန္စြာနဲ႔ေမးလိုက္တယ္။ " မင္းညီေလးကိုေရာ ညဘက္ၾကည့္ေပးမယ့္လူရွိရဲ႕လား။ သူမိဘေတြက အလုပ္အရမ္းမ်ားလို႔ ညဘက္ေတြေတာင္ျပန္မလာႏိုင္ဘူးဆို။ သူ႔ကိုလည္းေခၚလာၿပီး ေဘးမွာစားခိုင္းထားလိုက္လည္းရတာဘဲ။"

ဖူခ်န္က်ယ္က ထပ္ေျပာလိုက္တယ္။ အားေပးတဲ့ သူေသးေသးေလး လာထိုင္ေနတာကလဲ လူတိုင္းကိုတက္ႂကြေစႏိုင္တယ္‌ေလ အခ်ိန္ရွိရင္ သူ႔ကို အရသာရွိတာေတြလိုက္ေကြၽးလိုက္ဦးမယ္။"

ႂကြက္သားေတြကို ၾကည့္ခ်င္တဲ့ ဂ်ီတုန္နဲ႔ ျပန္ေျပလည္ခ်င္တဲ့ ဖူခ်န္က်ယ္တို႔ရဲ႕ ဦးေႏွာက္လႈိင္းေတြက အခုခ်ိန္မွာေတာ့ သဟဇာတျဖစ္မႈ အျမင့္ဆုံးေရာက္ေနၿပီးေတာ့ စည္းလုံးေနပါေတာ့တယ္။

ဂ်ီတုန္က႐ုတ္တရက္ႀကီး ဖူခ်န္က်ယ္ ကအရမ္းကို ၾကည့္ေပ်ာ္ရႉေပ်ာ္ရွိတယ္လို႔ ခံစားလိုက္ရတယ္။

ဘယ္လိုေတာင္ စဥ္းစားတတ္ၿပီး ဉာဏ္နည္းတဲ့ လူႀကီးလဲ?

ေဖခ်င္းယြမ္က သူဂ်ီတုန္ကို ထမင္းလိုက္ေကြၽးမယ္ေျပာတာၾကားလိုက္ခ်ိန္မွာေတာ့ တုံ႔ဆိုင္းမေနေတာ့ဘဲ သေဘာတူတဲ့အေနနဲ႔ ေခါင္းၿငိမ့္လိုက္တယ္။

သူစစ္စတန္ကထပ္ၿပီးစကားေျပာတာ မၾကားလိုက္ရေပမယ့္ ရွင္းမျပႏိုင္ေအာင္လို႔ သူရဲ႕ နက္နက္နဲနဲ နဲ႔ကို လိုခ်င္ေနတဲ့ ဆႏၵကို ခံစားလိုက္မိတယ္။

စက္႐ုပ္ကေလးကေတာ့ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ဘဲ ေအာင္ပြဲခံလိုက္ၿပီး ျမက္ခင္းေတြေပၚမွာ လွိမ့္ကိုလိုက္ျပန္၏။

ဒီလို အခမဲ့ ထမင္းမွာေပးတဲ့စက္ကိုပို႔ေပးတဲ့ ေဖယန႔္ကိုလဲ ေက်းဇူးပါလို႔။

ဖူခ်န္က်ယ္ကလဲဘဲ သူသေဘာတူတာကိုၾကားလိုက္ရခ်ိန္မွာ ေပ်ာ္႐ႊင္သြားၿပီး ခ်က္ခ်င္းဘဲေျပာလိုက္တယ္။ "ဒါဆိုရင္ ေနာက္ႏွစ္ရက္အတြင္းအခ်ိန္အားေအာင္လုပ္ထားၿပီး စမ္းၾကည့္ၾကည့္တာေပါ့။ တတယ္လို႔ သင့္ေတာ္တယ္ဆိုရင္ နည္းျပက ဘတ္စကတ္ေဘာအသင္းဝင္ ဖို႔ မင္းရဲ႕အခ်က္အလက္ေတြကို ျပန္တင္ျပေပးလိမ့္မယ္။ ဒီလိုသာဆို ေနာက္ဆိုရင္မင္းညအခ်ိန္ေတြ စာလုပ္စရာ မလိုေတာ့ဘူးေလ။"

စိတ္မပူပါနဲ႔။ ငါနည္းျပကို အရင္ႀကိဳေျပာထားလိုက္မယ္။ မင္းမွာသာအေျခခံသေဘာတရားေတြနဲ႔ ကစားတဲ့နည္းလမ္းေတြကသာ မဆိုးရင္မင္းဝင္ခြင့္ရမွာပါ။"

ေဖခ်င္းယြမ္ကို စကားအနည္ငယ္ အႀကံေပးၿပီးတဲ့ေနာက္မွာေတာ့ ဖူခ်န္က်ယ္က ထမင္းပန္းကန္အလြတ္ကိုကိုင္ၿပီး သီခ်က္းေလးညည္းရင္းနဲ႔ဘဲ ထြက္သြားေတာ့သည္။

သူ႔အနားကေက်ာင္းသားေတြရဲ႕ တီးတိုးေျပာသံေတြကလည္း တိုးလာခဲ့၏။ သူတို႔လဲ ဖူခ်န္က်ယ္က ေဖခ်င္းယြမ္ကို ဘတ္စကတ္ေဘာ အသင္းဝင္ဖို႔ဖိတ္ေနတာကို ၾကားလိုက္ရေတာ့ တယာက္ကိုတစ္ေယာက္ ျပန္ၾကည့္လိုက္သည္။ သူတို႔ကဒီေက်ာင္းအာဏာရွင္ ဘာလုပ္ဖို႔ႀကံစည္ေနတာဆိုတာနားမလည္ႏိုင္‌ေတာ့ေပ။

ေဖခ်င္းယြမ္က ဒီလူေတြကို သူ႔မ်က္လုံးထဲမထည့္ခဲ့ဘူးေပ။ သူက႐ုတ္တရက္ ဂ်ီတုန္ကိုေမးလိုက္တယ္။ "ေန႔လည္ခင္းတုန္းက ငါ့ကို ေစာင့္ၾကည့္ထားတဲ့ ဗီဒီယိုေတြရွိေသးလား။"

"...."

ဗီဒီယိုေတြရွိ႐ုံတင္မကဘဲ ဂ်ီတုန႔္မွာ host ရဲ႕ အဖိုးတန္အမွတ္တရမ်ား ဆိုတဲ့ လွ်ပ္စစ္ဓာတ္ပုံ အယ္လဘမ္ေတာင္ရွိေသးသည္။

ဂ်ီတုန္က ေဖ်ာ့ေတာ့စြာဘဲေျပာလိုက္တယ္။ "ရွိပါတယ္ host။ သူတို႔က အဓိကဇာတ္ေၾကာင္းကို မထိခိုက္ေစတာ ေသခ်ာတဲ့ အခ်ိန္တစ္ခုအထိ သိမ္းထားၿပီးေတာ့မွ ရွင္းပစ္လိုက္မွာပါ။"

"အဲတာေကာင္းတယ္။" ေဖခ်င္းယြမ္ ခနေလာကေတြးလိုက္ၿပီး "ငါၾကည့္လို႔ရလား။"

ဂ်ီတုန္နည္းနည္းေတာ့အံ့အားသင့္သြား၏။ "အကယ္၍ host ၾကည့္ဖို႔လိုအပ္တယ္ဆိုရင္ေတာ့ host ၾကည့္လို႔ရတဲ့ မ်က္မႏွာျပင္ပုံစံေျပာင္းေပးလို႔ရႏိုင္ပါတယ္။ "

ေဖခ်င္းယြမ္က စစ္စတန္ရဲ႕ ပါဝါတြအေပၚႏွာ တျဖည္းျဖည္းနဲ႔ေနသားက်လာပါၿပီ။ သူဂ်ီတုန္ရဲ႕ ပထဆုံးေပးတဲ့အႀကံျပဳခ်က္ကို ျပန္စဥ္းစားလိုက္ပီး ခိုင္ခိုင္မာမာေျပာလိုက္တယ္။ "မနက္ျဖန္ေရာက္ရင္ ေမးခြန္းမွားနဲ႔ ၿခိမ္းေျခာက္စရာမလိုဘဲ လင္းက်စ္ဟိုင္ကို အိမ္သာကိုသန႔္ရွင္းေရးလုပ္ခိုင္းလိုက္မယ္။"

"သူကအရင္စၿပီး အိမ္သာကို သန႔္ရွင္းေရးလုပ္မယ္လို႔ေျပာလိမ့္မယ္။"

ေနာက္တေန႔ေန႔လည္ခင္းမွာ ပထမအတန္းခ်ိန္ၿပီးေနာက္မွာ ေက်ာင္းတစ္ခုလုံး ကြၽတ္ကြၽတ္ညံညံျဖစ္လာၾက၏။

ေက်ာင္းသားအမ်ားစုက သန႔္ရွင္းေရးပစၥည္းေတြကိုင္လွ်က္ ဝင္လိုက္ထြက္လိုက္အလုပ္ရႈပ္ေနၾကသည္။

တတိယႏွစ္ရဲ႕ အတန္း ၃ကေတာ့ ခြၽင္းခ်က္အေနနဲ႔ တိတ္ဆိတ္ေနတာဘဲ ျဖစ္သည္။

ေကာ္ရစ္တာ အျပင္ဘက္က အျခားအတန္းေတြနဲ႔ယွဥ္ရင္ အတန္း၃ တတန္းလုံးက တိတ္ဆိတ္ေနတာဘဲျဖစ္တယ္။ အာကစားေကာ္မတီဝင္က စင္ေရွ႕မွာရပ္လိုက္ၿပီး အလုပ္ေတြခြဲေပးလိုက္ေပမယ့္ ဘယ္သူမွ ျပန္တုံံ့ျပန္ေပ။

သူက ေဖခ်င္းယြမ္ကို ဘာလုပ္ရမွန္းသိ ရွက္႐ြံ႕ေနတဲ့ အမူရာနဲ႔ တခ်က္ေလာက္လွမ္းၾကည့္လိုက္တယ္။

ေသခ်ာေပါက္ကို အားကစားေကာ္မတီဝင္က အတန္းေခါင္းေဆာင္ကို တစ္တန္းလုံးက ျပစ္မွတ္ထားေနတာကို သိေနသည္။ ၿပီးေတာ့ သူက ကံမေကာင္း႐ုံသာျဖစ္သည္။

ေက်ာင္းသားေတြ သန႔္ရွင္းေရးလုပ္ေနခ်ိန္တြင္ ဆရာေတြက အစည္းအေဝးတက္ေနၾကသည္။ သူတို႔က ေက်ာင္းသားေတြ သန႔္ရွင္းေရးလုပ္ေနတာကို လိုက္မႀကီးၾကပ္ေပးႏိုင္တာေၾကာင့္ သန႔္ရွင္းေရးက အတန္းေခါင္းေဆာင္ရဲ႕ လုပ္ႏိုင္စြမ္းနဲ႔ အာဏာေပၚမွာဘဲ မူတည္ေနတာျဖစ္သည္။

သန႔္ရွင္းေရးခ်ိန္ၿပီးခ်ိန္ ဆရာေတြ အစည္းအေဝးကထြက္လာလို႔ အတန္း ၃တစ္တန္းထဲကသာ ရႈပ္ပြေနတာေတြ႕ရင္ ေဖခ်င္းယြမ္ လက္ခံရမယ့္ ေဝဖန္မႈေတြကို စိတ္ကူးၾကည့္လို႔ေတာင္ရသည္။

အတန္းထဲက ေက်ာင္းသားတစ္ခ်ိဳ႕ကေတာ့ ေဖခ်င္းယြမ္ကို ဒီလို မဆန႔္က်င္ခ်င္ေပမဲ့ ျပင္းထန္တဲ့ဦးတည္ရာ ေၾကာင့္ သူတို႔ငက သူတို႔နဲ႔ မရင္းနီးတဲ့ေက်ာင္းသား ေဖခ်င္းယြမ္ဘက္မွာ မေနရဲၾကေတာ့ေပ။ သူတို႔က ၿငိမ္ၿငိမ္ဘဲထိုင္ေနလိုက္ေတာ့သည္။ ၿငိမ္မေနရင္ ေနာက္ပစ္မွတ္အထားခံရမယ့္သူကသုတို႔ျဖစ္သြားႏိုင္သည္။

အားကစားေကာ္မတီအဖြဲ႕ဝင္က ႀကိဳးစားဖိုတြန္းအား‌ေပးၿပီးေတာ့ တိတ္ဆိတ္မႈငကို ၿဖိဳခြဲလိုက္သည္။ "အတန္းေခါင္းေဆာင္ လာစီစဥ္လိုက္ပါလား။"

ေဖခ်င္းယြမ္ၾကားေတာ့ သူစာုပ္ကေနေနာက္ဆုံးေတာ့ေမာ့ၾကည့္လာခဲ့တယ္။ လူတိုင္းရဲ႕အၾကည္ေတြေအာက္မွာ ေရွ႕ဆုံးတန္းက ကိုယ္ကိုကိုယ္ဂုဏ္ယူေနတဲ့ လင္းက်စ္ဟိုင္ကို မေတြ႕ခင္အထိ တည္တည္ၿငိမ္ၿငိမ္ လိုက္ၾကည့္ေနသည္။

"လင္းက်စ္ဟိုင္ ငါနဲ အျပင္ခနလိုက္ခဲ့။"

လင္းက်စ္ဟိုင္က သူ႔အႀကံေပၚမွာ ကိုယ့္ကိုကိုယ္အားရေနတုန္းျဖစ္သည္။ သူကေဖခ်င္းယြမ္ သူ႔နာမည္ကို တိုက္႐ိုက္ေခၚလာလိမ့္မယ္လို႔ ထင္မထားခဲ့ေပ။

ေက်ာင္းသားေတြရဲ႕ အၾကည့္က ခ်က္ခ်င္းေဖခ်င္းယြမ္စီကေန လင္းက်စ္ဟိုင္ဆီကို ေျပာင္းသြားသည္။ သူႏွလုံးသားထဲ ေပ်ာ္႐ႊင္မႈေတြေပၚထြက္လာခင္ ခနေလာက္ ၾကက္ေသေသသြားခဲ့သည္။

သူ ေဖခ်င္းယြမ္က အကုန္လုပ္ႏိုင္မယ္ဆိုတာ မယုံပါဘူး။

ေဖခ်င္းယြမ္က သူ႔ကို အကူအညီေတာင္းခ်င္တာျဖစ္ႏိုင္ေလာက္တယ္။

သူက ဒီစိတ္ရႈပ္စရာလူကိုေတာ့ မကူညီႏိုင္‌ပါဘူး။

စာသင္ခန္းတံခါးအျပင္ဘက္မွာေတာ့ ေဖခ်င္းယြမ္က အတန္းထဲက သိခ်င္ေနတဲ့ လူတြရဲ႕ အၾကည့္ကို ပိတ္ဆို႔ဖို႔အတြက္ တံခါးကိုရည္႐ြယ္ခ်က္ရွိရွိပိတ္လိုက္ပုံေပၚတယ္။

လင္းက်စ္ဟိုင္က စိတ္မရွည္ဘဲေမးလိုက္တယ္။ "မင္းဘာလို႔ငါ့ကိုေခၚတာလဲ? အတန္းထဲက လူေတြကိုဘာလို႔ သန႔္ရွင္းေရးမလုပ္ခိုင္းရတာလဲ?ငါတို႔အတန္းက တျခားအတန္းေတြရဲ႕ေနာက္က်က်န္ခဲ့ၿပီ။"

"မင္းစီစဥ္ထားတာမဟုတ္ဘူးလား?" ေဖခ်င္းယြမ္က သူသိခ်င္ေနတဲ့ ေမးခြန္းကို ထုတ္ေမးလိုက္တယ္။

လင္းငက်စ္က ဆက္ၿပီးဟန္ေဆာင္ေနသည္။ "တျခားသူေတြက မင္းစကားနားမေထာင္တာ ငါနဲ႔ ဘာဆိုင္လို႔လဲ။"

"တကယ္လား?" ေဖခ်င္းယြမ္ရဲ႕ အသံကသိမ္ေမြ႕လာၿပီးေတာ့ သူကတျခားမသက္ဆိုင္တဲ့ ကိစၥကိုထုတ္ေျပာလာသည္။ "မေန႔က ေန႔လည္ခင္းအတန္းခ်ိန္မွာ မင္းစားပြဲခုံအေပါက္ကေန ဖုန္းခိုးသုံးေသးတယ္မလား။ အတန္းထဲမွာ ဖုန္းသုံးလို႔မရဘူးဆိုတာ မသိဘူးလား?"

လင္းက်စ္ဟိုင္က ခနေလာက္ရပ္တန႔္သြားၿပီးေတာ့ ခ်က္ခ်င္းဘဲ ေဒါသတႀကီးျပန္ေျဖလိုက္တယ္။ "ဘာလဲ? သြားတိုင္ဦးမလို႔လား? ညစ္ပတ္ခ်က္ဘဲ!"

အဲ့ဒီ့အခ်ိန္တန္းက သူ ေဖယန္ရဲ႕ ျပန္စာကိုေစာင့္ေနတာေၾကာင့္ ခနခနဖုန္းကို ထုတ္ထုတ္ၾကည့္ေနတာဘဲျဖစ္တယ္။

ဆရာမကိုျပန္တိုင္တယ္ဆိုတာ ေက်ာင္းသားေတြၾကားထဲက စက္ဆုပ္စရာေကာင္းတဲ့ အျပဳအမူဘဲျဖစ္တယ္။

ေဖခ်င္းယြမ္ ေျပာလိုက္တဲ့ခနမွာဘဲ တဖက္လူက သူ႔ကို ဆရာေတြနဲ႔ျပန္တိုင္မယ္လို႔ ၿခိမ္းေျခာက္ေနတာလို႔ ထင္လိုက္တာဘဲျဖစ္သည္။

ရလဒ္အေနနဲ႔ကေတာ့ ေဖခ်င္းယြမ္က ရီလိုက္တဲ့ပုံေပၚတယ္။ "ဆရာမကို ျပန္တိုင္ဖို႔ မလိုအပ္ပါဘူး။"

သူကတမင္ မရည္႐ြယ္ခ်က္သလိုလို ရည္႐ြယ္သလိုလို စာသင္ခန္းကိုတခ်က္ၾကည့္လိုက္ၿပီး ေအးစက္စြာေျပာလိုက္တယ္။ "ငါက ေလးတန္းေျမာက္ရဲ႕ ေနာက္ဆုံးအတန္းမွာထိုင္ေနတာ ၿပီးေတာ့ မင္းက ၃တန္းေျမာက္ အေရွ႕ဆုံးတန္းမွာ ထိုင္ေနတာေလ။ မင္းေခါင္းငုံ႔ထားတဲ့အခ်ိန္ ဘာလုပ္ေနတာလဲဆိုတာ ငါသိႏိုင္မယ္လို႔ထင္လို႔လား?"

လင္းက်စ္ဟိုင္က ၾကက္ေသေသသြားတယ္။

ေဖခ်င္းယြမ္က ေသခ်ာေပါက္ အေဝးမွာထိုင္ေနတာ ဒါေၾကာင့္ သူဖုန္းၾကည့္တာကိုလည္းျမင္ႏိုင္မွာ မဟုတ္‌ေပ။ သူက ဖုန္းထုတ္လိုက္တဲ့ ခနေလးမွာ ႏိုတီကိုဘဲၾကည့္လိုက္တာျဖစ္တယ္။ ၿပီးေတာ့ သူက ဂ႐ုတစိုက္နဲ႔ ဖုန္းဖုန္းကြယ္ကြယ္နဲ႔ လႈပ္ရွားလိုက္တာျဖစ္သည္။ အမ်ားဆုံးသိမွ သူ႔ထိုင္ခုံစက္ဝိုင္းတြင္းမွ လူေတြဘဲ မေတာ္တဆ သိႏိုင္မွာျဖစ္သည္။

သူတို႔ကေဖခ်င္းယြမ္ကိုေျပာလိုက္တာလား? သူတို႔ဘာလို႔ ဒီလိုလုပ္ရတာလဲ။

လင္းက်စ္ဟိုင္က ႐ုတ္တရက္ႀကီး ၾကက္ေသေသသြားတယ္။ သူဘာေတြျဖစ္ေနတာလဲ စဥ္းစားလို႔မရႏိုင္ခင္မွာဘဲ ေဖခ်င္းယြမ္ရဲ႕ မထူးမျခားနားတဲ့ အသံကိုၾကားလိုက္ရတယ္။ "မင္းက အတန္းရဲ႕ တရားဝင္ ေ႐ြးခ်ယ္မႈကု ဟာသလိုသေဘာထားၿပီး မင္းနဲ႔ ျပႆနာမတက္ထားတဲ့သူကို တတန္းလုံးဝိုင္းဖယ္‌ေအာင္ ဦးေဆာင္ၿပီးလုပ္ေသးတယ္။ လူတိုင္းက ဒီလိုမ်ိဳးလုပ္ခ်င္ေနလိမ့္မယ္လို႔ထင္ေနတာလား?"

"သူတို႔ေနာက္တေယာက္မျဖစ္ႏိုင္ဘူးလို႔ ဘယ္သူကေသခ်ာေျပာႏိုင္လို႔လဲ။"

လင္းက်စ္ဟိုင္က သူ႔လက္သီးတင္းတင္းဆုပ္လိုက္တာ သူလက္ဖဝါးေပၚတြင္ လက္သည္းရာေတြေတာင္ ထင္ကုန္သည္။

ဒါေၾကာင့္သူတို႔က ေဖခ်င္းယြမ္ဘက္ကို တိတ္တိတ္ေလးေျပာင္းလိုက္တာေပါ့...

ေဖခ်င္းယြမ္က ေဘးအတန္းက မွန္ကိုေသခ်ာသုတ္ေနတဲ့ ေက်ာင္းသားေတြကိုၾကည့္လိုက္ၿပီး ပုံမွန္အတိုင္း စကားတစ္ခြန္းေျပာလိုက္တယ္။ "မင္း ေက်ာင္းကေပးထားတဲ့ တာဝန္ေတြကို ၿပီးေအာင္လုပ္မယ့္ေက်ာင္းသားေတြကို ဘယ္သူက ဟန႔္တားေနတယ္ဆိုတာ တစ္ေယာက္ေယာက္ကက်ိဳးေလာင္ရွီးကို သြားေျပာမလားဆိုတာ ခန႔္မွန္းၾကည့္ခ်င္လား?"

"တစ္ေယာက္တည္းဒီအေၾကာင္းေျပာရင္ မယုံေလာက္ေပမယ့္ တစ္ေယာက္ထပ္ပိုတယ္ဆိုရင္ေရာ?"

လင္းက်စ္ဟိုင္ ေဖခ်င္းယြမ္ရဲ႕ အတက္အက်မရွိတဲ့ တည္ၿငိမ္ေနတဲ့ အမူအရာကိုၾကည့္လိုက္ၿပီး 'မျဖစ္ႏိုင္တာ' ဆိုတဲ့စကားကို ယုံၾကည္ခ်က္ရွိရွိနဲ႔ မေျပာႏိုင္ေတာ့ေပ။

တကယ္လို႔တစ္ေယာက္ေယာက္ကသာ သြားေျပာခဲ့ရင္ ကံမေကာင္းတဲ့သူက ေဖခ်င္းယြမ္မဟုတ္ဘဲ လင္းက်စ္ဟိုင္ တစ္ေယာက္တည္းျဖစ္လိမ့္မယ္။

အတန္းတံခါးက ေနာက္တႀကိမ္ပြင့္လာၿပီးေတာ့ ေက်ာင္းသားေတြရဲ႕ အသက္ဝင္ေနတဲ့ ေဆြးေႏြးမွေတြက ခနေလာက္ရပ္တန႔္သြားၿပီး တံခါးေရွ႕က လူႏွစ္ေယာက္ကို ေမာ့ၾကည့္လိုက္ၾကသည္။

လင္းက်စ္ဟိုင္ထပ္ေခါင္းတစ္လုံးပိုျမင့္တဲ့ ေဖခ်င္းယြမ္က တံခါးကို ကိုယ္တစ္ဝက္မွီလိုက္တယ္။ ေနအလင္းေရာင္ေၾကာင့္ သူ႔ရဲ႕ ေကာင္းမြန္တဲ့ အရိပ္ထင္ေနေလသည္။

"လင္းက်စ္ဟိုင္က သူဥပမာအေနနဲ႔ ပထမဆုံးစလိုက္မယ္လို႔ေျပာတယ္။" ေဖခ်င္းယြမ္က အမူအယာကင္းမဲ့စြာနဲ႔ဘဲ ေၾကညာလိုက္တယ္။ "ဒါေၾကာင့္သူက ေကာ္ရစ္တာရဲ႕ အေရွ႕ဘက္မွာရွိတဲ့ သန႔္စင္ခန္းကို သန႔္ရွင္းေရးလုပ္မယ္ဆိုတဲ့ အခက္ခဲဆုံးတာတန္ကို ယူမယ္လို႔ဆုံးျဖတ္လိုက္တယ္။"

အတန္းထဲမွာခ်က္ခ်င္းဘဲ ဆူဆူညံညံျဖစ္လာခဲ့သည္။ လူတိုင္းရဲ႕ ေရွာ့ရေနတဲ့ မ်က္လုံးေတြေအာက္မွာဘဲ လင္းက်စ္ဟိုင္က တကယ္ စာသင္ခန္းေနာက္ဘက္က သန႔္ရွင္းေရး ပစၥည္းထားတဲ့ေနရာကို အမွန္တကယ္ေလွ်ာက္သြားခဲ့သည္။ သူ႔မ်က္လုံးေတြက အမည္မသိလူအတြက္ ေဒါသနဲ႔ အကူအညီမဲ့မႈ ေဖ်ာ့ေဖ်ာ့ျပသေနတယ္။

ေနာက္ေတာ့ ေဖခ်င္းယြမ္က‌‌ေၾကာင္ၾကည့္ေနတဲ့ အားကစားေကာ္မတီဝင္ကို ၾကည့္ၿပီး သတိေပးလိုက္တယ္။"လုပ္ရမယ့္တာဝန္ခြဲထားတာေတြကို တေခါက္ေလာက္ထပ္ဖတ္လိုက္ဦး။"

ဉီးေဆာင္တဲ့သူက အလုပ္စလုပ္မွေတာ့ က်န္တဲ့သူေတြလည္းသဘာတက်က်ကိုဘဲ ၿပိဳပ်က္သြားခဲ့သည္။

ေက်ာင္းသားေတြကေတာ့ လင္းက်စ္ဟိုင္ကို သူတို႔စိတ္ထဲမွာ အထြဍ္တက္ေနလိုက္သည္။ အေသအခ်ာႀကီးကို သူကဘဲအရင္စလုပ္ေပမဲ့ စိတ္ေျပာင္းသြားတယ္တဲ့ေလ။

အျပန္အလွန္ တိတ္တဆိတ္အထြဍ္တက္မႈေတြ ေအာက္မွာဘဲဒီႏူးညံ့တဲ့ မဟာမိတ္အဖြဲ႕က သဘာတက်က်ဘဲ ၿပိဳပ်က္သြားခဲ့သည္။

အားကစားေကာ္မတီဝင္က ေနာက္ဆုံးေတာ့အသိျပန္ဝင္လာၿပီး ျမန္ျမန္ေျပာလိုက္တယ္။ "ဟု...ဟုတ္တာေပါ့။ ခ်က္ခ်င္းလုပ္လိုက္မယ္!"

အတန္းကတိတ္ဆိတ္ေနေသးေပမဲ့ လြန္ခဲ့တဲ့မိနစ္က တိတ္ဆိတ္မႈနဲ႔ေတာ့ကြာျခားသည္။

"လ်န္လိ ေက်ာက္သင္ပုန္းကို သုတ္ရမယ္။ မာဒိနဲ႔ လီယြင္ထင္း အတန္းကို တံမ်က္စည္းလွည္းရမယ္..."

အားကစားေကာ္မတီဝင္က စာသင္ခန္းထဲမွာ ပဲ့တင္ထပ္ခဲ့သည္။ ဒီတႀကိမ္မွာေတာ့ နာမည္အေခၚခံရတဲ့ေက်ာင္းသားေတြက ထလာၿပီး တံမ်က္စည္းေတြ အဝတ္စုတ္ေတြ ထယူၾကသည္။

သူနာမည္ေခၚေနရင္းကဘဲ ႐ိုး႐ိုးသားသား‌ေတြးလိုက္မိတာက အတန္းေခါင္းေဆာင္အသစ္က အရမ္းစြမ္းအားႀကီးတာဘဲ။ 

================================================================================

Continue Reading

You'll Also Like

21.1K 449 4
Persephone Amphitrite Jackson has lost almost everything. She goes to live with her long lost uncle, billionaire Tony Stark and his friends the Aveng...
1.2K 126 13
𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 𝗫 𝗬𝗼𝗼𝗻 𝗝𝗮𝗲𝗵𝘆𝘂𝗸 𝗫 𝗪𝗮𝘁𝗮𝗻𝗮𝗯𝗲 𝗛𝗮𝗿𝘂𝘁𝗼
3.1K 283 22
ကမ္ဘာပေါင်း ထရထရီယမ်များစွာနဲ့ ဂလက်စီသန်းပေါင်းများကို အုပ်ချုပ်တဲ့ သီးခြား ကမ္ဘာ တစ်ခုဖြစ်တဲ့ ထာဝရမသေမျိုး ကမ္ဘာကြီးရဲ့ စည်းမျည်းများ၏အရှင်သခင်အသစ်...
KASHI By stuckinatale

General Fiction

389K 19.4K 42
"So, Mrs. Kashi Abhay Pratap Singh..chalte hai. Goodbye..". Saying this, he left her broken in this world of betrayal. ~~~~~~~~~~ Kashi, a simple gir...