အဆိပ် အဆိပ္

By XiaoZhan802

32K 1.1K 104

bl yizhan fan fiction More

အပိုင်း ၁
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၂၉
အပိုင်း ၃၀ (ဇာတ်သိမ်းပိုင်း)

အပိုင်း ၁၁

282 6 1
By XiaoZhan802

နောက်တနေ့ မနက်မှာတော့
အဝတ်အစားဖရိုဖရဲနဲ့ နန်းဆောင်ကိုပြန်ရောက်လာတဲ့
သူ့သခင်မလေးကိုမြင်မှ လုလူသင်ပြင်းချနိုင်တော့သည်။

လုလု / ပြန်ရောက်လာလို့တော်သေးတာပေါ့ သခင်မလေးရယ်
မနက်လင်းတဲ့အထိ သခင်မလေးပြန်မလာလို့ လုလုစိတ်ပူနေတာ

ရှင်းလျန်လဲ သူ့အမှားကိုလူမိမည်ဆိုးကာ

ရှင်းလျန် / ငါကနန်းဆောင်ကိုပြန်မလာလို့ အပြင်မှာနေရမှာလား
အပိုစကားတွေသိပ်ပြောတာပဲ

လုလု / မဟူတ်ပါဘူး သခင်မလေး
ညတွင်းချင်းပြန်လာမယ်ထင်လို့ပါ
သခင်မလေး ပြန်မလာသေးလို့ စိတ်ပူနေမိတာပါ
လုလုစကားမှားသွားလို့ တောင်းပန်ပါတယ်

ရှင်းလျန် / ဟင်းးး ထားတော့
ဒါနဲ့ ဟိုဘွားတော်ကြီးသတင်းရောဘာကြားသေးလဲ

လုလု/ ဘယ်သူ...

ရှင်းလျန် / ကျစ် မင်းကြီးရဲ့ မယ်တော်ကိုပြောတာ
တုံးလိုက် အ လိုက်တာလဲ လွန်ရော

လုလု / မင်းကြီးကြားရင်ဘအမျက်တော်ရှနေပါ့မယ်
မယ်တော်ကြီးကို ရိုးရိုးသေသေခေါ်ပါ သခင်မလေးရယ်

ရှင်းလျန် / နင်ကသခင်လားငါကသခင်လား

လုလု / သခင်မလေးကသခင်ပါ

ရှင်းလျန် / ဒါဆိုငါမေးတာပဲဖြေအတွန့်မတက်နဲ့လျှာကိုရှည်တယ်

လုလု / ဟုတ်ကဲ့မယ်တော်ကြီးတို့ကတောင်ပေါ်နတ်ဆရာမဆီသွားရင်းတောင်တက်လမ်းတွေ ပျက်နေလို့ပြန်လာလို့မရသေးဘူးလို့
သတင်းကြားပါတယ် နှစ်ရက်သုံးရက်ရှိပြီဆိုတော့
ဒီသတင်းကအမှန်ထင်ပါတယ်သခင်မလေး

ရှင်းလျန် / အဟက်ဟက် ကောင်းတယ် ပြန်လာလို့မရအောင်အဲ့လမ်းတွေလူထပ်ငှားပြီးဘယ်သူမှမသိအောင်ဖျတ်ထား
အဲ့တာမှငါနန်းသွေးလွယ်ဖို့အချိန်ရမှာ
ငါမိဖုရားဖြစ်ဖို့အခွင့်အရေးကလက်တကမ်းပဲလိုတော့တယ်
ဟားဟားဟား

ကြာပန်းနန်းဆောင်တွင်

ရှောင်ကျန့် / အရှင်

မင်းကြီး / နိုးပြီလားရှောင်

ရှောင်ကျန့် / အရှင့် ရင်ငွေ့က အရမ်းနွေးလိုက်တာ

မင်းကြီး / မင်းဖျားနေလို့ပါ
မနေ့ညက လှေပေါ်မှာ အချိန်ကြာသွားတော့အအေးမိသွားပုံပဲ
တော်ဝင်သမားတော်ခေါ်ထားပေးတယ် မကြာခင်ရောက်လာလိမ့်မယ်

ရှောင်ကျန့် / အရှင့်ရင်ခွင်မှာပဲ ခိုနားပါရစေနော်

မင်းကြီး / အင်းးးးရှောင်အရမ်းအားနည်းနေတယ်
ကိုယ်တော်ထွေးပွေ့ထားပါ့မယ်

ရှောင်ကျန့်က မင်းကြီးရင်ခွင်ထဲ တိုးဝင်လျက်

ရှောင်ကျန့် / နောက်တစ်ခါလဲ လှေအတူစီးကြမယ်နော်အရှင်
အရှင်နဲ့ နှစ်ယောက်အတူလှေစီးရတာကို သဘောကျတယ်

မင်းကြီး / အင်း ကိုယ်တော်ရောပဲ

ထို့နောက် မင်းကြီးက အနမ်းခပ်ဖွဖွကို ခပ်မံခြွေယူလိုက်သည်။
ထိုစဉ် နန်းဆောင်အပေါက်ဝမှ အထိန်းတော်ကြီးအသံက
အနှောက်အယှက်အဖြစ် ဝင်ရောက်လာခဲ့၏။

အထိန်းတော်ကြီး / သမားတော်ရောက်ရှိလာပါတယ်မင်းကြီး

မင်းကြီးက ရှောင်ကျန့်ဆီမှအနမ်းတို့ဖယ်ခွာရင်း

မင်းကြီး / ဝင်လာခိုင်းလိုက်!!!

သမားတော်ဝင်လာတော့ မင်းကြီးရင်ခွင်ထဲမှာရှိတဲ့
ကြင်ယာတော်ရှောင်ကျန့်ကိုကြည့်ကာ
အနည်းငယ် မျက်ခုံးပင့်မိသည်။
သမားတော်က ကြင်ယာတော့်ကို ရောဂါစမ်းသပ်ဖို့ရာ
အမ်းတန်းတန်းဖြစ်နေပေမဲ့ မင်းကြီးက ရင်ခွင်ထဲကချစ်ရသူကို
ထုတ်ပေးမည့်အရိပ်မမြင်တာမို့
သမားတော်ကြီးလဲ ရှေ့မျက်နှာနောက်ထားကာ
စမ်းသပ်ပေးရတော့သည်။
ခဏအကြာ စမ်းသပ်ပြီးစီးတော့

မင်းကြီး / ရှောင်ဘာဖြစ်တာလဲ သမားတော်ကြီး

သမားတော် / သာမာန် ဖျားနာတာပါမင်းကြီး
အားလဲနည်းနေပါတယ်

မင်းကြီး / ကောင်းပြီ

ထို့နောက်ဘေးမှာကပ်ရပ်နေတဲ့ အထိန်းတော်ကြီးကိုကြည့်ကာ
အမိန်းပေးလိုက်သည်။

မင်းကြီး / စားတော်ကဲကိုပြောလိုက်
အားရှိမဲ့အစားအစာတွေပဲ ကြင်ယာတော်ရှောင့်အတွက်
အထူးပြင်ဆင်လာခဲ့လို့

အခိန်းတော်ကြီး / အမိန့်အတိုင်းပါမင်းကြီး

...............

လုလု / သခင်မလေး...သခင်မလေး...

ရှင်းလျန် / အလောတကြီးနဲ့ဒါကဘယ်လိုဖြစ်လာတာလဲ

လုလု / ဟို သခင်မလေးအတွက် စားတော်ပွဲသွားယူရင်းနဲ့
လုလုသတင်းတစ်ခုကြားလာခဲ့တယ်
ကြင်ယာတော်ရှောင်နေမကောင်းလို့
မင်းကြီးကကြင်ယာတော်ရှောင့်နန်းဆောင်ကနေ တဖဝါးမှမခွာဘူးတဲ့
ညီလာခံတောင်မတက်ဘူးလို့ပြောနေကြတယ်

ရှင်းလျန် / ဘာ!!!နင် ဒီသတင်းဘယ်ကကြားလာတာလဲ

လုလု / စားဖိုဆောင်က အပျိုတော်တွေနဲ့ ကြင်ယာတော်ရှောင့်ရဲ့အပျိုတော်
စကားပြောနေကြတာကို လုလုကြားခဲ့တာ
သူ့သခင်လေးကို မင်းကြီးက ဘယ်လိုဂရုစိုက်ကြောင်း
ဘယ်လောက် ယုယကြောင်း ကြွားနေလိုက်တာများ
သခင်မလေးရယ် လုလုဖြင့် စိတ်တိုလိုက်တာပြောမနေပါနဲ့တော့

ရှင်းလျန်လဲ ဖြတ်ခနဲအကြံတစ်ခုရကာ

ရှင်းလျန် / ကြင်ယာတော်ရှောင်က နေမကောင်းဘူးလား အဟက်
လုလူ နင် ငါခိုင်းတဲ့အတိုင်း သေသေချာချာလုပ်ပေးရမယ်

လုလု / ဟုတ်ကဲ့ပြောပါသခင်မလေး

ထိုအခါ ရှင်းလျန်က သူမကိုနတ်ဆိုးသခင်ပေးလိုက်တဲ့ ငွေ့ရည်အဆိပ်ပုလင်းကိုထုတ်ယူကာ

ရှင်းလျန် / ရော့ ဒီဆေးကို ကြင်ယာတောိရှောင်စားမဲ့အစားအသောက်ထဲကို
နည်းနည်းစီ ထည့်ပေးရမယ် ပိရိပါစေနော်

လုလု / သ...သခင်မလေး ဖြစ်ပါ့မလား
မင်းကြီးရော ကြင်ယာတော်ရှောင်နဲ့အတူရှိနေတယ်လေ

ရှင်းလျန် / ဖြစ်ပါတယ် ဒီဆေးကချက်ချင်းဆေးစွမ်းမပြဘူး
ဖြေးဖြေးချင်း နည်းနည်းချင်း
မြေ့မြေ့လေးခံစားရမှာ
ပြီးတော့သူက အနံ့ရော အရသာပါမရှိဘူး အဟင်းဟင်းးးး!!!

လုလုကတော့ တဖြေးဖြေးနဲ့ သူ့သခင်မလေးရဲ့ ယုတ်မာမှု့တွေကို
ကြောက်ရွံ စိတ်ပျက်လာမိသည်။
လုလုလဲ သူသခင်မလေးခိုင်းတဲ့အတိုင်း လုပ်ဆောင်ပေးရန် ထွက်လာခဲ့သည်။

လုလု / ဝေ့... နင်က ကြင်ယာတော်ရှောင့်ဆီ စားတော်ပွဲသွားပို့ဖို့
တာဝန်ကျတဲ့သူလား

ထိုအခါ ထိုအပျိုတော်က

အပျိုတော်လေး / အင်းဟုတ်တယ် ဘာလို့လဲ

လုလု / အော် နင့်ကိုကြင်ယာတော်ရှင်းက ခေါ်ခိုင်းလိုက်လို့လေ

အပျိုတော်လေး / အင်းသိပြီ ဒါကိုပို့ပြီးရင် ငါသွားလိုက်မယ်

လုလု  / မဟုတ်ဘူး!!!
အာ အဲ့တာကို ငါ့ကိုပေးခဲ့
ငါပို့ပေးမယ် ကြင်ယာတော်ရှင်းက အခုချက်ချင်းလို့ပြောလိုက်တာ
နင်မသွားရင် သူစိတ်ဆိုးလိမ့်မယ်

ထိုအခါ အပျိုတော်လေးက

အပျိုတော်လေး / ပြီးရောလေ ဒါကိုတော့သေချာပို့ခဲ့ပေးနော်

လုလုက ခေါင်းငြိမ့်ပြလိုက်ပြီး
ထိုအပျိုတော်လေးထွက်သွားတော့မှ
ကြင်ယာတော်ရှင်း ပုန်းခိုပြီးကြည့်နေတဲ့နေရာကို
လှမ်းကြည့်လိုက်သည်။
ကြင်ယာတော်ရှင်းက ခေါင်းငြိမ့်အချက်ပြလိုက်တော့
ထိုနေရာကနေ လူကွယ်ရာဆီ စားပွဲတော်အား ယူဆောင်သွားတော့၏။

လုလု ကြာပန်းနန်းဆောင်ကိုရောက်တော့

ယွဲ့ယယ် / နင်က ကြင်ယာတော့်အတွက် စားတော်ပွဲယူပေးတဲ့အပျိုတော်လား

လုလု / မ...မဟုတ်ပါဘူး သူမအားလို့ ငါက အစားယူလာပေးတာ

ယွဲ့ယယ်က မယုံသလိုကြည့်နေတာကြောင့်

လုလု / နင်မယုံရင် စစ်ကြည့်ပေါ့ ပြီးတော့ ငါကနန်းဆောင်ထဲထိလဲ မဝင်ပါဘူး

ယွဲ့ယယ်က သိပ်မယုံပေမဲ့ ဘာမှတော့ထပ်မပြောတော့ချေ
အပြင်ကဆူညံ့သံကြောင့် နေကောင်းခါစ ကြင်ယာတော်လေးက နန်းဆောင်ထဲကနေ လှမ်းမေးလာ၏။

ရှောင်ကျန့်  / အပြင်မှာဘာဖြစ်နေတာလဲ ယွဲ့ယယ်

ယွဲ့ယယ်က မေျပာေစချင်မှန်းသိတော့ လုလုက

လုလု / ကြင်ယာတော်ရှောင် ကျွန်တော်မျိုးမက ကြင်ယာတော်ရှင်းရဲ့အစေခံပါ
ကြင်ယာတော့်အတွက် စားတော်ပွဲလာပေးတဲ့အပျိုတော်ကမအားလပ်တာမို့
ကျွန်တော်မျိုးမက အစားစားချိန်နောက်ကျမှာစိုးတာနဲ့
ယူလာပေးတာပါ

ယွဲ့ယယ်က မကျေနပ်သလို မျက်စပြစ်ပြကာ

ယွဲ့ယယ် / သူကဘာလို့ ရုတ်တရက်ကြီး မအားတော့တာလဲ

ရှောင်ကျန့်က နန်းဆောင်အပြင်ထွက်လာပြီး

ရှောင်ကျန့် / ယွဲ့ယယ်...

ထို့နောက်လုလုကိုတချက်ကြည့်ကာ
အစားအသောက်ဗန်းကို ဘေးကအပျိုတော်လေးတွေဆီ ပေးစေပြီး

ရှောင်ကျန့် / ကောင်းပါပြီ လာပို့ပေးလို့ ကျေးဇူးတင်ပါတယ်
သေချာစားလိုက်ပါ့မယ်

လုလုလဲ ကြင်ယာတော်ကိုဂါရဝပြုကာပြန်သွားတော့

ယွဲ့ယယ် / ယွဲ့ယယ်ကတော့ သူ့ကိုသိပ်မယုံဘူး
ပေးပါ ဒီစားတော်ပွဲကို စားတော်ကဲဆီပြန်ပို့လိုက်တာပဲကောင်းပါတယ်

ရှောင်ကျန့် / လူတိုင်းကို သံသယ မျက်လုံးတွေနဲ့ မကြညိ့ပါနဲ့
မယုံရင်စစ်ဆေးလို့ရနေတာပဲ
ပြီးတော့အစားအသောက်တွေကိုထိတောင်မထိပဲ
ပြန်ပို့လိုက်ရင် စားတော်ကဲတွေဘယ်စိတ်ကောင်းပါ့မလဲ

ယွဲ့ယယ် / ဒါဆို  ခဏစောင့်ပါ အရင်ဆုံးစစ်ဆေးကြည့်ပြီးမှ သုံးဆောင်ပေးပါ

ယွဲ့ယယ်က အလျင်အမြန်ပဲ
အဆိပ်ပါမပါ စစ်ဆေးလို့ရတဲ့ ကိရိယာလေးကိုယူကာ
စစ်ကြည့်လိုက်တော့ ထိုကိရိယာလေးက အရောင်ပြောင်းလဲခြင်းမရှိတာမို့
ယွဲ့ယယ်စိတ်ချကာ ကြင်ယာတော့်ဆီ စားတော်ပွဲ ဆက်သလိုက်ပါတော့၏။
ကြင်ယာတော်ရှောင်ကလဲ ယုံယုံကြည်ကြည်ပင် သုံးဆောင်လိုက်သည်။

................

ဟန်ယင်း နယ်စပ်ဒေသ
တာချူးပြည်နယ်...

နယ်စပ်ဒေသ ဘုရင်ခံ ယင်းသခင်ကြီး / ကြိုဆိုပါတယ် စစ်သူကြီးမင်း

ယင်းကတော် / စစ်သူကြီးမင်းကျန်းချန် ယင်းအိမ်တော်ကနေ ကြိုဆိုပါတယ်ကွယ်

ကျန်းချန် / ကျေးဇူးတင်ပါတယ် ယင်းသခင်ကြီးနဲ့ ယင်းသခင်မ
ဒီနယ်စပ်ဒေသကို စစ်ဆေးစရာလေးရှိလို့
ရောက်လာတာပါ လူကြီးမင်းတို့အိမ်မှာ တည်းခိုလို့များရမလား

ယင်းသခင်ကြီး / ရတာပေါ့ ရတာပေါ့
စစ်သူကြီးမငိးကို ကြိုဆိုပါတယ်

ယင်းသခင်မ / တစ်ယောက်လာစမ်း!!!စစ်သူကြီးမင်းတို့ကို နားနေဆောင်လိုက်ပြလိုက်ပါ

အစေခံလေးက ဧည့်သည်တွေကိုလာခေါ်သွားတော့မှ

ယင်းသခင်မ / သခင်ကြီး စစ်သူကြီးမင်းကို
ဒီလောက်မျက်နှာသာပေးနေတာ ကိစ္စတစ်ခုခုရှိလို့လား...

ယင်းသခင်ကြီး / အင်းးးကြားရသလောက်တော့ သူက တော်လွန်းတဲ့စစ်သူကြီးပဲ
နောက်ခံအင်အားကလဲ သူ့ဖခင်ကိုယ်တိုင်ကစစ်သူကြီးဟောင်းဖြစ်ခဲ့တာ
ဒီလိုလူတော်တစ်ယောက်ကို နောက်တက်မဲ့ ထီးနန်းအတွက်
ရာထားတာ
ခက်တာက သူကမင်းကြီးရဲ့လူယုံလက်ရုန်းဖြစ်နေတာပဲ

ယင်းသခင်မ / ဒါဆို မင်းကြီးနဲ့သူ့ကြား သွေးခွဲလိုက်ရင် ရတာပဲ
ဘာပဲ ဖြစ်ဖြစ် နောက်တက်မဲ့ ဘုရင့်ရဲ့ယောင်ခမလောင်းဖြစ်အောင်တော့
အခုထဲက သမီးတောိတွေနဲ့ရင်းနှီးစေမှဖြစ်မယ်

ယင်းသခင်ကြီး / အေးအေးကောင်းတယ် သမီးလတ်နဲ့ သမီးငယ်ကို
စစ်သာကြီးနဲ့ မိတ်ဆက်ပေးလိုက်  ယင်းဟွာကိုတော့
စစ်သူကြီးနား မကပ်စေနဲ့ သူ့ရဲ့ မိန်းကလေးမဆန်တဲ့အပြုအမူနဲ့
ဟိုမရောက်ဒီမရောက်ပုံစံက အတော်လေးစိတ်ပျက်စရာကောင်းတယ်

ယင်းသခင်မ / ဒီကိစ္စ ကျွန်မကိုပဲ အပ်ထားလိုက်ပါသခင်ကြီး




Continue Reading

You'll Also Like

1.1M 38.3K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...
39.9K 2.1K 19
မှား လို့ မှား မှန်း မသိတဲ့ အမှားတွေကို အများကြီး ကျူးလွန် ပစ်မယ် No threesome! //အဆုံးထိ ဖတ်ပေးတဲ့ သူတိုင်းကို ကျေးဇူးတင်ပါတယ် //
1.4M 59.2K 106
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
21.3K 3.6K 57
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာ...