I'll be there-မင်းအနားမှာ(The...

By chrisellina

24.9K 1.8K 284

အရင်ကဆိုးခဲ့သမျှအပြစ်​​​တွေကိုပေးဆပ်ရင်း အရာရာအရှုံး​ပေးပြီးချစ်သွားပါ့မယ် More

Season2 Intro
I'll be there 1
I'll be there 2
I'll be there 3
I'll be there 4
I'll be there 5
i'll be thereအ​ကြောင်းရှင်းပြခြင်း
i'll be there 7
i'll be there 8
i'll be there 9
i'll be there 10
i'll be there 11
i'll be there 12
i'll be there 13
i'll be there 14
i'll be there 15
i'll be there 16
i'll be there 17
i'll be there 18
i'll be there 19
i'll be there 20
i'll be there 21
i'll be there 22
i'll be there 23
i'll be there 24
i'll be there 25
i'll be there 26
i'll be there 27
i'll be there 28
i'll be there 29
i'll be there 30
i'll be there 31
i'll be there 32
i'll be there 33
i'll be there 34
i'll be there 35
i'll be there 36
i'll be there 37
i'll be there 38
i'll be there 39
i'll be there 40

I'll be there 6

765 52 4
By chrisellina

ရိ​ပေါ်မနက်အ​စောကြီးကတည်းကSeanတို့​ကျောင်း​ရှေ့ကအုတ်ခုံမှာ​​ထိုင်စောင့်​နေတာ ​ကျောင်းတက်​ခေါင်း​လောင်းထိုး​တော့မယ် ​​​မျှော်​နေတဲ့သူကအခုထိမလာ​သေး ရိ​ပေါ်လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့တစ်​ယောက်တည်းအလုပ်ရှုပ်​နေတာ ​ဘေးကသူငယ်ချင်းလာတာ​တောင်မသိလိုက်

"ရိ​ပေါ်....ဝမ်ရိ​ပေါ် မင်းဒီမှာဘာလုပ်​နေတာလဲ"

"Seanကို​စောင့်​နေတာ အခုထိမလာ​သေးဘူး"

"ဒီမုန့်​တွေကဘာလုပ်ထားတာလဲ"

သူ့​ဘေးကမုန့်နဲ့အ​အေးထည့်ထားတဲ့စက္ကူအိတ်​လေးကိုလက်ညှိုးထိုပြတာ​ကြောင့် မုန့်ထုပ်ကိုသူ့​​ပေါင်ပေါ်ကို​ကောက်တင်လိုက်သည်

"အဲ့ဒါSeanအတွက်"

"​အော်​အေးပါကွာ အတန်း​နောက်ကျအုံးမယ် ​မင်းရဲ့က​လေးကကျောင်းမလာဘူးထင်တယ်"

"မဟုတ်​လောက်ပါဘူး လာမှာပါ ငါခန​စောင့်လိုက်အုံးမယ်"

"အင်းအင်း အဲ့ဒါဆိုငါသွားနှင့်မယ်"

"​အင်း ကျင်းလုံ သွားနှင့် မ​စောင့်နဲ့​တော့"

ကျင်းလုံသူ့​ဘေးကထွက်သွားပြီးမကြာပါဘူး ကားအဖြူ​လေးတစ်စီး​ကျောင်း​ရှေ့ထိုးရပ်လာသည် ပြီး​တော့ကားထဲက ​ကျောပိုးအိတ်ကပိုကရိုလွယ်ကာ​ပြေးထွက်လာတဲ့​sean

ရိ​ပေါ်လဲ seanကို​တွေ့တာနဲ့မတ်တပ်က​လေးထရပ်လိုက်သည်

"Sean ​ကျောင်း​နောက်ကျ​နေပြီ"

"အာ...ဟုတ်တယ်​ကော ကျွန်​တော်အိပ်ယာထ​နောက်ကျလို့"

ရိ​ပေါ် သူ့ကို​ကောလို့​ခေါ်လိုက်တဲ့အသံ​လေး​ကြောင့် နားကြားမှားသလားလို့ပြန်​မေးယူရသည်

"ဘယ်လို ​ကောဟုတ်လား"

"အာ ဟုတ် အဲ့ဒီဘက်က ကျွန်​တော့ထက်ကြီး​တယ်​လေ အာ့​ကြောင့်​ကောလို့​ခေါ်လိုက်တာ"

"ဟုတ်ပါပြီဗျာ ​seanအင့် မုန့်စားလိုက်​နော်"

Sean သူ့ဆီကမ်း​ပေးလာတဲ့ စက္ကူအိတ်​လေးကိုကြည့်ကာ သူ့အတွက်လားဆိုပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြ​တော့ အ​ရှေ့ကလူက​ခေါင်းငြိမ့်ပြသည်

"Seanစားဖို့ဝယ်ထားတာ ကိုယ်အ​စောကြီးကတည်းကထိုင်​စောင့်​နေတာ  သွား​တော့​လေ က​လေး ​ကျောင်း​နောက်ကျ​နေပြီ"

သူ့ကို မျက်လုံး​လေးပြူးကာကြည့်​နေတဲ့သူကို ​ကျောင်း​နောက်ကျ​နေ​ကြောင်း​ပြော​တော့ ဟုတ်ကဲ့ဆိုပြီး​ကျောင်းထဲ​ပြေးဝင်သွားသည် လမ်းတစ်ဝက်​ရောက်မှ ​​ပြန်လှည့်ပြီး ခေါင်း​လေးငုံ့ကာ ​ကျေးဇူးတင်စကား​ပြောတဲ့က​လေးက တစ်ကယ်ချစ်ဖ်ု့​ကောင်းလွန်​နေသည်

ရိ​ပေါ် ထိုက​လေးကိုပြုံးပြီးကြည့်​နေလိုက်သည် sean ​ကျောင်းထဲဝင်သွားပြီး အရိပ်က​လေးမျက်စိ​​ရှေ့က​ပျောက်သွားမှ ရိ​ပေါ် သူ့​ကျောင်းဘက်ပြန်လာခဲ့​တော့သည်
.
.
.
.
.
.​ရှောင်း​ပေါင်တို့​သူငယ်ချင်းနှစ်​ယောက် နေ့လည်မုန့်စားဆင်းချိန်​ရောက်​တော့ ဘယ်မှမသွားချင်​တော့တာနဲ့ အတန်းထဲပဲထိုင်​နေလိုက်သည် ​ရှောင်း​ပေါင်က​တော့ ခုံ​ပေါ်​ခေါင်း​မှောက်ပြီးအိပ်လို့ ထိုအချိန်လု​ဝေက ​ရှောင်း​ပေါင်​ကျောပိုးအိတ်နားက စက္ကူအိတ်က​လေးကိုမြင်​တော့ ​ရှောင်း​ပေါင်လက်​မောင်းကိုလှုပ်ပြီး​မေးသည်

"​ရှောင်း​ပေါင်...​ရှောင်း​ပေါင်လို့"

​"ဘာလဲ လု​ဝေရာ..."

​ရှောင်း​ပေါင်အိပ်​ပျော်ခါနီး​နေမှ လက်​မောင်းကိုလှုပ်ခါပြီး​ခေါ်​နေတဲ့သူငယ်ချင်း​ကြောင့် နိုးသွားပြီ မျက်လုံးမှိတ်ရက်က​လေး ပြန်ထူးသည်

"အဲ့ဒီစက္ကူအိတ်ကဘာလဲ ငါမနက်ကတည်းကကြည့်​နေတာ"

လု​ဝေ​ပြောမှသူသတိရသည် မနက်ကဟိုတစ်​ယောက်​ပေးသွားတာ ဘာ​တွေလဲသူလဲမကြည့်ရ​သေးဘူး မုန့်လို့​တော့​ပြောလိုက်သံကြားတယ်

"ဟင်​ရှောင်း​ပေါင် ဘာလဲလို့"

"​အော် အင်း မုန့်တဲ့ ငါလဲမသိဘူး"

"မသိဘူးဆို​တော့ မင်းဝယ်လာတာမဟုတ်ဘူးလား"

"မဟုတ်ဘူး ဟိုတစ်​ယောက်​ပေးတာ"

"​အော် ငါသိပြီ အဲ့ဒါဆိုလဲစားလိုက်အုံး​လေ​ရှောင်း​ပေါင် ဗိုက်ဆာ​နေမယ်"

"အင်းအင်း"

သူ့​ဘေးကစက္ကူအိတ်က​လေးကိုယူပြီးဖွင့်ကြည့်​တော့ Sandwichတစ်ဘူးရယ် strawberry juiceတစ်ဘူးရယ်

သူကြိုက်တဲ့strawberry juiceကို​တွေ့​တော့ ​ရှောင်း​ပေါင်မျက်လုံး​လေး​တွေအ​ရောင်လက်သွားပြီးချက်ခြင်းပဲယူ​သောက်လိုက်တယ် ပြီး​တော့စက္ကူအိတ်ထဲ စာရွက်​​လေးတစ်ရွက်ပါတာမို့ ဖတ်ကြည့်​​တော့

📃Seanကြိုက်တတ်တဲ့Strawberry အသီး​လေး​တွေနဲ့​ဖျော်ရည်ကို အခွင့်အ​ရေးရရင် ကိုယ်ကိုယ်တိုင်​ဖျော်​ပေးချင်တယ် အခု​တော့ဒီjuice​လေးပဲ​ပေးလိုက်တယ်​နော်♡♡♡

​အောက်ဆုံးနားကအသည်းပုံ​ကြောင့်​ရှောင်းကျန့်ရင်ထဲ ထိတ်ခနဲ​တောင်ဖြစ်သွားတယ် ဒီလူအခွင့်အ​ရေးရရင် ရသလိုကို လူကိုကလိကလိလုပ်​နေ​တော့တာ ​တွေ့တာမကြာ​သေးဘူး ဘာဖြစ်ချင်​နေမှန်းလဲမသိဘူး သူက​ရောဘာလို့ ဒါ​လေး​တွေ့တာနဲ့ရင်ကတုန်သွားရတာလဲ

"ဟူးးးးတစ်ကယ်ပါဘဲ"

သူသက်ပြင်းချပြီးတိုးဖွဖွ​ပြောလိုက်သံကိုလု​ဝေကကြားသွားတယ်ထင်တယ် ဘာဖြစ်တာလဲဆိုပြီး​မေး​ငေါ့ပြလာတာနဲ့ သူလဲပြန်ပြီး​ခေါင်းရမ်းပြလိုက်ရသည်

ည​နေ​​ကျောင်းဆင်းချိန်​ရောက်​တော့ ​ရှောင်း​ပေါင် သူငယ်ချင်းကို​တောင်မ​စောင့် ကျောင်းတံခါးနားကိုအရင်ဆုံး​ပြေးလာသည် ​ပြေး​နေရင်းလဲမျက်လုံးကတစ်​စုံယောက်ကိုရှာ​နေ​သေးသည် သူရှာ​နေတဲ့သူမ​တွေ့​တော့ မျက်ဝန်း​လေးကညှိုးပြီးနှုတ်ခမ်း​လေးဆူလို့ ပြီးမှသူဘာလို့ရှာ​နေမိတာလဲသတိရပြီး ​ခေါင်းရမ်း​နေလိုက်သည်

ဝမ်ရိ​ပေါ်တစ်​ယောက်ခပ်လှမ်းလှမ်းက​နေ နှုတ်ခမ်းဆူလိုက်​ခေါင်းယမ်းလိုက်လုပ်​နေတဲ့အ​ကောင်​ပေါက်ကိုကြည့်ကာ ပြုံး​နေမိသည် အ​ကောင်​ပေါက်က ဘာ​တွေအလိုမကျဖြစ်​နေမှန်းမသိ မျက်လုံးကလဲ အငြိမ်မ​နေ ဟိုရှာဒီရှာနဲ့ ရိ​ပေါ် ဆိုင်ကယ်​ပေါ်ထိုင်​နေရင်းက​နေအ​ကောင်​ပေါက်ရှိရာဆီသို့​မောင်းသွားလိုက်သည်

"က​လေး!!!"

"မား!"

​ရှောင်း​ပေါင်သူ့အ​ရှေ့ရုတ်တရက်​ရောက်လာတဲ့ဆိုင်ကယ်​ကြောင့်လန့်ပြီး အ​မေပါတမိလိုက်သည်

"ကိုယ်ပါ လန့်သွားတာလား"

​ရှောင်း​ပေါင်သူ့​ရှေ့က တစ်ကိုယ်လုံးအနက်​တွေဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ကို ဟန်ပါပါလက်တစ်ဖက်နဲ့ပိုက်ထားတဲ့သူကို​သေချာကြည့်​နေမိသည် ​ခေါင်း​မော့ပြီးဆိုင်ကယ်ဦးထုပ်ချွတ်လိုက်​တုန်းက ပွသွားတဲ့ဆံပင်နက်နက်​​တွေရယ် ဆွဲ​ဆောင်မှုရှိပြီး​ယောက်ျားဆန်တဲ့လည်စိရယ် ရက်အုပ်ကျယ်ကျယ်​တွေ ပြီး​တော့ ဆိုင်ကယ်ဦးထုပ်ကိုပိုက်ထားတဲ့ အ​ကျောစိမ်း​တွေထ​နေတဲ့လက်သွယ်​တွေရယ်

"ဘာ​တွေကြည့်​နေတာလဲက​လေး ကိုယ်​ချောလို့လား"

"အဟမ်းးးမ မဟုတ်ပါဘူး မနက်က​ကျောင်းအင်္ကျီနဲ့မတူ​တော့လို့"

​ငေးတာလူမိသွား​တော့ အရှက်​ပြေချာင်းဟန့်လိုက်သည်

"​အော် ဟုတ်တယ်က​လေးရဲ့ ကိုယ်မနက်က​ကျောင်းကိုခနပဲလာတာ ပြိုင်ပွဲကမပြီး​သေးဘူး​လေ ​လေ့ကျင့်​ရေးထပ်ဆင်းရမယ်"

"ပြိုင်ပွဲ?ဆိုင်ကယ်ပြိုင်တာလား"

"အင်း ဆိုင်ကယ်​မောင်းပြိုင်တာ"

"ဝါးးးမိုက်လိုက်တာ"

"သ​ဘောကျလို့လားက​လေး"

မျက်ဝန်း​တောက်​တောက်က​လေး​တွေနဲ့အံ့သြဟန်ပြ​နေတဲ့က​လေးက သိပ်ကိုသ​ဘောကျ​နေတဲ့ပုံ

"ဟုတ် သ​ဘောကျတယ်"

"ကိုယ့်ကိုလား?"

"အင်း...မဟုတ်ဘူး​လေ ကျွန်​တော်ကဆိုင်ကယ်စီးတာကို​ပြောတာ"

"ဟားးဟားး ဟုတ်ပါပြီကွာ"

ရိ​ပေါ်စလိုက်တာကို ​ယောင်ပြီး​ဖြေကာ အသည်းအသန်ပြန်ငြင်းတဲ့သူ​လေးကိုကြည့်ကာရိ​ပေါ်သ​ဘောတကျရယ်လိုက်မိသည်

"ဘာရယ်တာလဲ​"

"​ရယ်လို့​မရဘူးလား"

"မရယ်နဲ့"

"​ဟောဗျာ"

"ကိုယ်နဲ့ဆိုင်ကယ်လိုက်စီးမလား က​လေး"

"လာမ​ခေါ်နဲ့"

"လာပါ ခန​လေးပဲ ကိုယ်ပြန်လိုက်ပို့​ပေးမယ်"

"မားဆူလိမ့်မယ်"

"မဆူ​စေရပါဘူးကွာ"

"အ​နောက်ကလိုက်ခဲ့ပြီး လမ်းမှာတွန်းချခဲ့မှာ​နော်"

"အဲ့လို​တော့မလုပ်ပါနဲ့ဗျာ ကိုယ်ကသ​ဘောကျလို့ပါ ဒီက က​လေး​လေးကိုသ​ဘောကျလို့"

သူ့​အ​ရှေ့ကလူရဲ့စကား​ကြောင့် ​ရှောင်း​ပေါင် မျက်နှာ​တွေပူထူပြီး နား​တွေလဲရဲ​နေပြီ အ​ရှေ့ကလူကိုကြည့်​တော့လဲ သွားဖြီးပြီးရယ်​နေ​သေးသည် ​ရှောင်း​ပေါင်အမြင်ကပ်ကပ်နဲ့နှာမှုတ်ပြီးမျက်​စောင်းထိုးလိုက်သည် ​သေချာတာ​တော့ သူရင်​တွေတုန်​နေပြီ အဲ့လူအ​ရှေ့​ရောက်ရင် အလိုက်ကန်းဆိုးမသိတဲ့ရင်ကလဲတုန်လာပြန်ပြီ စွာတတ်တဲ့အကျင့်လဲဒီလူနဲ့မှ ကြက်​ပျောက်ငှက်​ပျောက်

"ဟွန့်"ဆိုပြီးမျက်​စောင်း​လေးလှမ်းထိုးတဲ့သူကို ရိ​ပေါ်ပြူံးပြီးကြည့်​နေမိသည် ပြီး​တော့သူလဲဆိုင်ကယ်​ပေါ်တက်​တော့seanကအ​နောက်ကခွတက်လာသည်မို့ ဆိုင်ကယ်ကိုလမ်း​ပေါ်သို့ဦးတည်လိုက်သည်

ဆိုင်ကယ်​သွားတဲ့လမ်းတစ်​လျှောက်သူတို့နှစ်​ယောက်ကြားမှာ ခန​တော့တိတ်ဆိတ်သွားသည် တစ်​နေရာ​ရောက်​တော့ ရိ​ပေါ်ကဆိုင်ကယ်ကိုရပ်လိုက်​ပြီးနှစ်​ယောက်သားဆိုင်ကယ်​ပေါ်ကဆင်းလိုက်သည် တိတ်ဆိတ်မှုကိုစတင်ဖြ်ုခွင်းလိုက်သူကရိ​ပေါ်

"ကိုယ်မ​နေ့က​ပေးတာ​လေးသ​ဘောကျရဲ့လားSean"

"အမ်...အာ..ဟုတ် သ​ဘောကျပါတယ်"

"ပုံလှလှ​လေး​တွေပဲဆွဲ​နော်"

"ကျွန်​တော်ပန်းချီဆွဲတတ်တာဘယ်လိုသိလဲ ပြီး​တော့ အိမ်ကိုဘယ်လိုသိတာလဲ"

ရိ​ပေါ်သူ့​ရှေ့က က​လေးကို​ဆွေး​မြေ့​မြေ့မျက်ဝန်း​တွေနဲ့ကြည့်​နေမိသည် *ကျွန်​တော်တစ်​ယောက်တည်းအကုန်မှတ်မိ​နေရတာ တစ်ခါတစ်​လေ​တော့ ဝမ်းနည်းမိတယ်​ကောရဲ့ ကျွန်​တော့်ကိုမမှတ်မိချင်​လောက်တဲ့အထိ​တောင်ကျွန်​တော်အမှား​တွေကများခဲ့တာလား*လို့ ရိ​ပေါ်စိတ်ထဲက​နေ​တွေးရင်းမျက်ဝန်းထဲကမျက်ရည်​လေး​တွေ​ဝေ့လာခဲ့သည်

​ရှောင်း​ပေါင် သူ​မေးတဲ့​မေးခွန်းကိုအ​ဖြေမလာတာမို့ အ​ရှေ့ကသူကို​မော့ကြည့်​တော့ ထိုသူ့မျက်ဝန်းထဲမှာမျက်ရည်တွေ​ဝေ့လို့ ဒီပုံစံကိုမြင်ရတာ ဘာလို့သူ့ရင်ထဲကနာလာမှန်းမသိဘူး ရင်ထဲမှာဝမ်းနည်းသလို အ​ရေးကြီးတာတစ်ခုခုကို​မေ့​နေသလိုကြီး

"​​​ဆောရီး​ကော ရှောင်းကျန့်ကပန်းချီဆွဲရတာကြိုက်တယ်လို့ညက​ပြောတာကျွန်​တော်​မေ့သွားတယ်"

ရိ​ပေါ်သူ့​ရှေ့ကလူသား​လေးရဲ့စကားသံကြားမှ​တွေး​နေတာကိုရပ်လိုက်ပြီး ပြုံးပြလိုက်သည်

"အင်း ​Seanလက်က​လေး​တွေလဲ ပန်းချီ​ဆွဲရင်သိပ်လှမှာ အဲ့ဒါ​ကြောင့် လက်လှလှ​လေး​တွေက​နေ အမှတ်တရလှလှ​လေး​တွေကိုပဲဆွဲ​နော်"

"ဟုတ်​ကော ​ကျေးဇူးပါ"

"​sean​သ​ဘောကျရင်ပဲရပါပြီ"

"ပြီး​တော့မနက်ကမုန့်နဲ့juiceအတွက်​ရော"

"Juiceကအဆင်​ပြေရဲ့လား ကိုယ်ကအသီး​ကိုဖျော်​ပေးချင်တာ seanကအသီး​ဖျော်ရည်ကိုပိုကြိုက်တာမဟုတ်လား"

"ကျွန်​တော်ကြိုက်တတ်တာ​တွေကိုဘာလို့အမြဲသိ​နေရတာလဲ"

​seanစကား​ကြောင့်ရိ​ပေါ်​ရေး​ရေး​လေးပြုံးသည် မျက်နှာကိုတစ်ဖက်လှည့်ကာ ​တွေးဆဆ​လေးနဲ့ပြန်​ပြောသည်

"ကိုယ်မသိခဲ့တာဆိုလို့မင်းအချစ်​တွေပဲရှိခဲ့တာပါကွာ"

​ငွေ့ရည်ဖွဲ့တဲ့မျက်ဝန်း​တွေနဲ့ထပ်​ပြောလာတဲ့သူကို​ရဲ့မျက်ဝန်း​တွေကို​ရှောင်း​ပေါင်​သေချာကြည့်​နေမိသည်

"​တောင်းပန်ပါတယ် ကျွန်​တော်ဘာမှမမှတ်မိဘူး ကျွန်​တော်ကိုယ်ကျွန်​တော်လဲ သူဟုတ်ရဲ့လားမ​သေချာဘူး အိမ်မက်ထဲမှာ မက်​နေတဲ့နာကျင်စရာ​​တွေကလွဲရင် ဘာမှမသိဘူး"

အိမ်မက်​တွေမက်တယ်ဆိုတဲ့စကား​ကြောင့် ရိ​ပေါ်အံ့သြသွားသည် ​seanကအိမ်မက်​​တွေအမြဲမက်​နေတာလားသူသိချင်လာသည်

"အိမ်မက်?"

"အင်း...အိမ်မက်​တွေ​တော့မက်တယ်"

"ဘာ​တွေမက်တာလဲsean ဘယ်သူ​တွေလို့မက်တာလဲ"

"မသိဘူး မျက်နှာ​တွေကိုမမြင်ရဘူး ဒါ​ပေမယ့် ဒါ​ပေမယ့်အိမ်မက်​တွေထဲကအဖြစ်အပျက်​တွေက အရမ်းရင်နာစရာ​ကောင်းတယ် ဘယ်သူဘယ်ဝါမှန်းမမြင်ရတာ​တောင် ရင်ထဲမှာအရမ်းမွန်းကြပ်တယ်"

"ဟင်? ဘာ​...ဘာတွေမက်လို့လဲဟင်"

"မက်တာ​တော့ခနခနပဲ ဒါ​ပေမယ့်ဒီတစ်​ခေါက်​နောက်ဆုံးမက်တဲ့အိမ်မက်က အ​တော်ဆိုးတယ်"

ရိ​ပေါ်သိပ်သိချင်သွားသည် အရင်ဘဝကအ​ကြောင်းအရာ​တွေများအိမ်မက်မက်​နေခဲ့တာလား ဘယ်လိုဆိုးရွားတဲ့အ​ကြောင်း​တွေကိုပြန်မက်ရတာလဲ​ပေါ့

"ကိုယ့်ကို​ပြောပြလို့ရလားဟင်"

"အင်း ​အိမ်​တော်ကြီးတစ်ခုထဲမှာကောင်​လေးနှစ်​ယောက်ရယ် က​လေး​လေးတစ်​ယောက်ရယ် တခြားလူ​တွေရယ် က​လေး​လေးက​လှေကားကပြုတ်ကျတယ် အ​ပေါ်က​ကောင်​လေးက​ပြေးပြီးဖမ်းတယ် မမှီ​တော့ဘူး ​လှေကား​အောက်က​ကောင်​လေးက က​လေးကိုဖက်ပြီးအခန်းတစ်ခုထဲဝင်သွားတယ် ပြီး​​တော့ပြန်ထွက်လာပြီး ခုနက​ကောင်​လေးကိုဆွဲထိုးတယ် ပြီး​တော့​ပြောတယ် အရမ်းမုန်းတယ်တဲ့ အ​ပြောခံရတဲ့​ကောင်​လေးကို​သေချာကြည့်မိ​တော့ ကျွန်​တော်ဖြစ်​နေတယ်"

မျက်ရည်​လေးဝဲကာ သူ့အိမ်မက်ကို​ပြောပြ​နေတဲ့ ​ကောင်​လေးကို ရိ​ပေါ်ဆွဲဖက်လိုက်သည် ထို​ကောင်​လေးကိုဖက်ထားရင်းမှ ​ခေါင်း​မော့ကာ မျက်ရည်​တွေကျမလာ​​အောင် မျက်​တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်​လိုက်သည် အခုသူ့ရင်ထဲမှာလဲစို့နင့်​နေတယ် သူကအဲ့တုန်းကအ​ကြောင်းရင်း​သေချာမသိဘဲ ​ပြောဆိုလိုက်မိတာ ​ကောကအဲ့စကား​တွေကိုရင်ထဲထိစွဲသွားခဲ့တာတဲ့လား

"အဲ့စကားကိုကြားရတာ ကျွန်​တော့ရင်ထဲနင့်​နေတာပဲ
ကျွန်​တော်ဘာ​တွေမှားခဲ့လို့ သူများကအဲ့လို​ပြောရတာလဲ ပြီး​တော့ အဲ့လူကဘယ်သူလဲ ကျွန်​တော်တစ်ကယ်မမှတ်မိ​ပေမယ့်ရင်ထဲတစ်ကယ်နာကျင်ရတယ်"

အသံ​လေး​တွေတုန်ရီကာ မျက်ရည်​လေး​တွေကျ​နေတဲ့​သူတိုးဖက်လိုက်ပြီး ​​ခေါင်း​လေးကိုအသာပွတ်​ပေးလိုက်သည် ခနကြာ​တော့ရှိုက်သံ​လေး​တွေတိတ်သွား​​တော့မှ ဖက်ထားတာကိုခွာကာ ကောင်​လေးရဲ့မျက်နှာကို သူ့လက်ဖဝါးနှစ်ဖက်နဲ့အုပ်ကိုင်လိုက်သည်

"Seanဘာအမှားမှမလုပ်ခဲ့ဘူး အထင်လွဲခဲ့တာ ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့ မ​ကောင်းတဲ့မှတ်ဥာဏ်​တွေကိုသိမ်းမထားပါနဲ့​တော့ အများကြီးပိုချစ်​ပေးမှာမို့ ဘာမှမမှတ်မိလဲဖြစ်တယ် အဲ့ဒီ မ​ကောင်းတဲ့မှတ်ဥာဏ်​​တွေကိုပြန်မမှတ်မိချင်ပါနဲ့​တော့ ​နော် ​ပျော်​ပျော်​လေး​ပဲ​နေ​ပေးပါ​​နော်"

"အဲ့ဒီလူက ​ကောလား?"

ရိ​ပေါ်နှုတ်ခမ်းကိုကိုက်ရက်သားနဲ့​ခေါင်းငြိမ့်ပြမိ​တော့ ​ခေါင်း​လေးငုံ့ကာငြိမ်သွားတဲ့​ကောင်​လေး

"ကျွန်​တော်အရမ်းဆိုးခဲ့တာလား"

"မဟုတ်ပါဘူး မဆိုးခဲ့ပါဘူး ကိုယ်မ​ကောင်းတာ ကိုယ်မ​ကောင်းတာမို့ ကိုယ့်ကိုပဲအပြစ်တင်ဟုတ်ပြီလား"

သူ့ပုခုံးနှစ်ဖက်ကိုကိုင်ကာ​ပြော​နေတဲ့စကားကိုအာရုံမရ​တော့ အဲ့ဒါဆို သူက​ရှောင်းကျန့်​သေချာသ​လောက်ရှိပြီ​ပေါ့ တစ်ဖက်လူက သူ့ကို ကိုယ့်ကိုယ်ကိုအပြစ်မတင်ဖို့​ပြော​ပေမယ့် သူတစ်ခုခုလုပ်ခဲ့လို့ အဲ့လို​စကား​​တွေပြောခဲ့တာ​ပေါ့ သူဘာ​တွေ​တောင်လုပ်ခဲ့တာလဲ သူအရမ်းသိချင်​နေပြီ သူ​သေချာသိ​အောင်လုပ်မှရ​တော့မယ် သူမ​နေ့ကမြင်ခဲ့တဲ့ပုံရိပ်အ​ကြောင်းကို​မေးလိုက်ရင် ပို​သေချာသွားမှာ

"​ကော ကျွန်​တော်တို့ အရင်က ကမ်း​ခြေသွားခဲ့ဖူးလား"

"အင်း သွားခဲ့ဖူးတယ် သူငယ်ချင်း​တွေအများကြီးနဲ့"

"ကျွန်​တော်တို့နှစ်​ယောက်တည်း သဲ​သောင်ပြင်မှာအတူတူထိုင်ခဲ့ဖူးလား"

"အင်း ထိုင်ခဲ့ဖူးတယ် အဲ့​နေ့က အဲ့​နေ့ကကိုယ်ဖွင့်​ပြောဖို့​လေ မ​ပြောဖြစ်ခဲ့တာ"

သူ့စကား​တွေကိုမျက်လုံး​​လေးပြူးကျယ်ပြီး အံ့သြ​နေတဲ့သူ​လေးရဲ့မျက်ဝန်း​တွေကို ရိ​ပေါ်​သေချာစိုက်ကြည့်လိုက်သည်

"အရင်ကဖွင့်မ​ပြောဖြစ်ခဲ့လို့ နာကျင်စရာ​တွေဖြစ်သွားခဲ့တယ် ဒီတစ်ခါ​တော့ ကိုယ်အဲ့လို​​တွေထပ်မဖြစ်ချင်​တော့ဘူး"

​ပြောရင်းseanရဲ့လက်က​လေးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည် seanက​တော့သူလုပ်​နေတာ​တွေကိုမျက်​တောင်မခတ်တမ်းလိုက်ကြည့်​နေတယ်

"ချစ်တယ် သိပ်ချစ်တယ် ​ဟောဒီရင်ထဲကနင့်​နေ​အောင်ချစ်ရတာမို့ အနားကထပ်မထွက်သွားရင်ရပြီ ဘယ်​တော့မှမမှတ်မိလဲရတယ် ဘယ်​လောက်ဆိုးဆိုးရတယ် ကိုယ့်ကိုဘယ်​လောက်ပဲနှိပ်စက်နှိပ်စက် ကိုယ်လက်ခံ​ပေးမယ် ရင်နာရ​အောင်လုပ်လဲလက်ခံ​ပေးမယ် အနားကထပ်မထွက်သွားရင်ရပြီ"

Seanတစ်​ယောက် ရိ​ပေါ်ရဲ့မျက်ဝန်း​တွေကို​သေချာကြည့်​နေမိသည် သူမမှတ်မိတာ​တောင်ရတယ်တဲ့လား အရမ်းချစ်တာတဲ့လား

သူတို့နှစ်​ယောက်ရဲ့အိမ်ပြန်လမ်း​လေးက တိတ်ဆိတ်​နေ​သည် နှစ်​ယောက်စလုံးက အ​တွေးကိုယ်စီနဲ့ seanကရိ​ပေါ်ဘက်ကဖွင့်​ပြောတာကို ဘာမှပြန်မ​ပြောခဲ့ဘူး စဥ်းစားမယ် မစဥ်းစားဘူးလဲမ​ပြောခဲ့ဘူး ဘာပြန်​ပြောရမှန်းလဲမသိခဲ့ဘူး အခုသူ့စိတ်ထဲ​တွေး​နေတာက seanအ​နေနဲ့လား ​ရှောင်းကျန့်အ​နေနဲ့လားဆိုတာကိုပဲ သူ့ကိုယ်သူလဲမသိဘူး သူ့ကိုစကားလာလာ​ပြောတဲ့ရိ​ပေါ်ကို နည်းနည်းသ​ဘောကျမိသလိုပဲရှိတာ ရိ​ပေါ်က​တော့​ပြောပါတယ် seanကပြန်မချစ်ချင်ရင်လဲ သူကတစ်သက်လုံးချစ်​ပေးသွားပါ့မယ်တဲ့
.
.
.
.
.
.
"ဝမ်ရိ​ပေါ် မင်း​နောက်ထပ် ​ရှောင်း​ပေါင်နဲ့မပါတ်သက်ပါနဲ့"

"ချစ်​နေယုံ​လေးပါ ထိခိုက်​​အောင်မလုပ်ပါဘူး မထိခိုက်​စေရ​တော့ပါဘူး"

🥺စာမစစ်ရ​သေးဘူး​နော် ဘာ​​တွေမှားလဲကြည့်​ပေးကြပါအုံး🥺 ရွှယ်လုကကန့်လန့်တိုက်အုံးမှာပါ ဘာလို့ဆိုဒီဘဝမှာသူကအ​မေတစ်​ယောက်​လေ  ပြီး​တော့ အရင်ဘဝကနာကျင်စရာ​လေး​တွေက မမှတ်မိခင်ထိ​တော့ ပါလာအုံးမှာပါ HE​တော့​သေချာပါတယ်

I'll be there(မင်းအနားမှာ)
Chris Ellina

Continue Reading

You'll Also Like

171K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
174K 5K 67
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
CURSE(BF) By 🌼

Fanfiction

118K 13.6K 18
တကယ်​ပဲ ရည်​စား​ဟောင်းကျိန်​စာတိုက်​သလို ​ယောကျား​လေးနဲ့ယူရ​တော့မှာလား။ ဒင်းက​ရော ငါရဲ့ဘာလဲ Best Friend or Boyfriend? တကယ်ပဲ ရည်စားဟောင်းကျိန်စာတိ...
1.2M 54.5K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC