Promise

Par Leowang2004

28.6K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... Plus

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 9
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
promise 16
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise 15

817 59 16
Par Leowang2004

"ဒုန်း!!!"

အိမ်ထဲကိုဒုန်းစိုင်းဝင်ကာ တံခါးကိုအားနဲ့စောင့်ပိတ်သည် လက်ဆွဲပိုက်ဆံအိတ်အားခုံပေါ်ကိုပစ်တင်ကာ သူမကထိုင်ခုံပေါ်ထိုင်လို့ လေပူတွေကို မှုတ်ထုတ်တယ် သို့သော်လဲရင်ထဲမှဒေါစမီးများမှာ မငြိမ်းအေးနိုင်

"ဘယ်လိုဖြစ်ရတာလဲ ယောကျာ်းလေးတစ်ယောက်အတွက်လေ တန်ရဲ့လား "

"........"

သူမရဲ့စကားကိုခွန်းတုံ့ပြန်ခြင်းနည်းနည်းမှမရှိသော အရှေ့က သူမရဲ့သားအားအတော်လေးဒေါသဖြစ်မိသည်  သူများသားသမီးအားခိုးယူမှုနဲ့ အချုပ်ထဲရောက်တဲ့အပြင် အခုတော့အားလုံးကိုတောင်းပန်ပြီခံဝန်ကတိထိုးကာအာမခံနဲ့လွတ်လာရသည်တဲ့  သူမထိန်းကျောင်းမှုလျော့နည်းခဲ့ရပြီလား ကိုယ့်ကိုမလိုလားတဲ့သူကိုမှသူမသားကအသဲသန်ဖြစ်ပြနေသည်

"ငါမေးတာဖြေလေ ဘာလဲ ငါကထိန်းကျောင်းမှုညံ့ဖျင်းလို့လား မလိုလားတဲ့သူကိုအဲ့လောက်တောင်တွယ်ကပ်ရလား "

သူမပြောတာကိုနားထောင်နေတာလား နားမထောင်နေတာလား ဆိုတာ သူမမသိ သူမရှေ့က သူမသားက ခေါင်းကိုငုံ့ချထားသည် မတွေ့ဖူးဘူး သူမသားအခုလို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံစံကို သူမဆူတာနဲ့နည်းနည်းလေးမှမခံတတ်တဲ့သားသွက်လက်လွန်းတဲ့သားကအခုလိုမှိုင်တွေနေတာပထမဆုံးပဲ

ငိုတယ် သားက ငိုတယ်တဲ့ 

အမေဖြစ်သူဘာပြောပြောဂရုမစိုက်စွာ နေနေသည့်ရှောင်ကျန့် ဟာကြမ်းပြင်ကိုအတန်ကြာစိုက်ကြည့်နေပြီး ခဏအကြာမှာသူမဟုတ်သလိုရှိုက်ကြီးတငင်ငိုလာသည် အမြဲခက်ထန်ပြီးအေးစက်စက်နဲ့ လူဆိုးလူမိုက်က ငိုတယ်ဆိုတာ မယုံချင်စရာကောင်းလှသည်

အခုလိုရှိုက်ကြီးတငင် ငိုတာဒုတိယအကြိမ်မြောက်ဖြစ်သည် ပထမအကြိမ်က သူ့ရဲ့အဖေနောက်အိမ်ထောင်ပြုသည့်နေ့တွင်ဖြစ်သည်

"မား သားကသူ့ကိုသိပ်ချစ်တာ sob သားမှားခဲ့တယ် သားသူ့ကိုမကစားသင့်ဘူး သားရဲ့စိတ်ကိုသိခဲ့ရမှာ sob "

"သားရယ် "

မြင့်မားတဲ့အရပ်နဲ့ကိုယ်ထွားထွားကိုမိခင်ဖြစ်သူက ရင်ခွင်ထဲ ဆွဲထည့်ကာ ကျောလေးအားပွတ်ပေးတော့ပိုတိုးလို့ငိုသည်  အင်း သူမဟာသူမသားအတွက်တက်နိုင်သလောက်လေးလုပ်ပေးချင်တယ်

"သွားတောင်းမလားသား "

"အင့် ဗျာ "

"သားအဲ့ကောင်လေးကိုသိပ်ချစ်တာပဲလား "

"အင်း သားရဲ့အသက် "

"သားကသိပ်ချစ်နေတော့ဒီအမေက ကြံပေးရတော့မှာပေါ့ "

သားအမိနှစ်ယောက်အကြည့်ချင်းဆုံကာ ဖတ်ထားကြသည် နောက်ဆုံးတော့ အချစ်စစ်ကိုရှာတွေ့ခဲ့ပြီပေါ့ ရှောင်းငယ်ရယ်

"ကိုကြီး "

"တိတ်တိတ်နေ အရမ်းကြောက်နေတယ်ဆိုအိပ်လိုက်တော့ ကိုကြီးစောင့်ပေးမယ်"

ရှောင်ကျန့်ရဲ့ မမှန်တဲ့ လုပ်ရက်ကြောင့်ရိပေါ် ဟာအကြီးအကျယ်အဆူခံထိမယ်လို့ ယူဆထားပေမယ့် ပါးနဲ့မားအပြင် ကိုကြီးကပါဘာမှမဆိုခဲ့ တစ်လမ်းလုံးထွေးပွေ့ကာ အိမ်ရောက်တော့လဲ ဂရုတစိုက်ရှိကာ ဘာမှမဖြစ်ခဲ့သလိုနေနေကြ၏ အခုတော့ အိပ်ခန်းလေးထဲမှာ ရိပေါ်ကိုကိုကြီးက စောင့်နေပေးခြင်း

ရိပေါ်နည်းနည်းလေးတော့ ကြောက်မိပေမယ့် အခုတော့ရိပေါ်ပူလောင်တာရယ်ဆိုတစ်ခုသာရှိသည်  ကိုကို အဆင်ပြေရဲ့လား တကယ်ပဲကိုကို့ကိုပါးပါးတို့ကတရားစွဲမှာလား ကိုကိုကသူ့ကိုမုန်းသွားပြီလား ကိုကို့ကိုစိတ်မဆင်းရဲစေချင်ဘူး

"ကိုကြီး ဟို ~~~ ရှောင်ကျန့်ကို တကယ်ပဲ "

"တရားစွဲမှာ အခုလွတ်သွားပေမယ့် သူ့လုပ်ရပ်ကိုလုံးဝခွင့်မလွှတ်နိုင်ဘူး "

"ဟို ထား~ထားလိုက်ပါတော့ပြီးခဲ့တာတွေလဲပြီးပြီပဲ "

"ငယ်လေး သူ့ဘက်က ပါမနေနဲ့ ကိုကြီးတို့သာ အမြန်ရောက်မလာရင် မင်းဘာဖြစ်နေမယ်ထသ်လဲ ဟမ် မင်းကိုဖျက်စီးချင်တဲ့ကောင်ကို မင်းက သနားနေတာလား ငယ်လေး "

"သားက ~~~"

"တော်လိုက်တော့အဲ့ကိစ္စကိုတွေးမနေနဲ့ "

စကားသံအဆုံးရိပေါ်ကိုကျောပေးကာလှည့်ထိုင်းနေပြီး စကားမဆိုတော့ အခုအခြေမှာဆက်ပြီးဒီစကားကိုမပြော‌ချင်တော့ဘူးဆိုတဲ့သဘောပေါ့ ဒါမယ့်မတက်နိုင်ရိပေါ် ဆက်ပြီးပြောရမယ် ကိုကို့ကိုနည်းနည်းလေးမှထိခိုက်မခံနိုင်ပါ

"ကိုကြီး ဟင့် ~~"

"ငယ်~~ငယ်လေး ဘာလို့ငိုနေတာလဲ "

"Sob ကိုကြီးရယ် သား လိမ္မာပါ့မယ် ကျေးဇူးပြုပြီး ‌အင့် ကျေးဇူးပြုပြီးတော့လေ ရှောင်ကျန့်တို့ကို ဒီတိုင်းလွှတ် ထားပေးလို့မရဘူးလား ဟင့် နော် "

ကျိယန်အံ့ဩမိသည် ငယ်လေးက လူဆိုးလူမိုက် တစ်ယောက်အတွက် သူ့ကိုလွမ်းမိုးချုပ်ကိုင်ပြီးအနိုင်ကျင့်သူကိုမှ ကာကွယ်ပေးနေသည်တဲ့လား နာတယ် ငယ်လေး ကိုကြီးရဲ့ဒီရင်ထဲကနာတယ် အခုလိုမျိုး ငယ်လေးကိုအချစ်မှာကျရှုံးနေမယ်မထင်ထားမိဘူး

"ဒီစကားကို ပါးနဲ့မားရှေ့မှာမပြောမိစေနဲ့ အဆင်ပြေအောင်ကိုကြီးလုပ်ပေးမယ် မငိုနဲ့တော့ အခုတော့အိပ်လိုက်တော့ပင်ပန်စနေပြီမလား "

"ဟင့် ကျေး~~ကျေးဇူးပါကိုကြီး အင့် "

‌မျက်ရည်တွေသုတ်ပေးကာ စောင်ခြုံပေးပြီး ကျိယန်ဟာ ရိပေါ်အခန်းထဲကထွက်လာခဲ့တယ်‌ခြေလှမ်းတွေကိုအတက်နိုင်ဆုံးထိန်းကာ နောက်ဆုံး ကိုယ်ပိုင် အခန်းထဲရောက်တာနဲ့စိတ်တွေကိုလွှတ်ချလိုက်တယ်

ကိုကြီးမထင်ထားဘူး ငါတို့ငယ်လေးက ချစ်တတ်နေပြီလို့ ငယ်လေးရဲ့ဘဝကို လင်းလတ်စေချင်တယ် သူတို့ထက်ပိုပြီးတောက်ပြောင်စေချင်တယ် ဘာမဟုတ်တဲ့အရွယ်တစ်ခုမှာ မသေချာတဲ့ အရာတွေနဲ့ရှေ့မဆက်စေချင်ဘူး ပြီးတော့ ယောကျာ်းချင်းတဲ့လား သူ့ညီဟာသူ့ကိုကြည့်ပြီး လိုက်အတုခိုးတာမျိုးမဖြစ်စေချင်သူ့အနေနဲ့ ပတ်ဝန်းကျင်ကပြောဆိုဒဏ်တွေကို‌ခံနိုင်ပေမယ့်သူ့ညီလေးကလေးလေး သူများတွေပြောဆိုကြမှာအကိုတစ်ယောက်အနေနဲ့မလိုလား သူ့ညီလေးကိုဒီထက်မြင့်တဲ့အရာတွေပဲပေးချင်တယ်နိမ့်ကျတာတွေမပေးချင်ဘူး ဒါကြောင့် သူတို့ချစ်ခြင်းစစ်မှန်ခဲ့ရင်တောင် ခွဲခွာကြရမယ် ဒါဟာ အကိုတစ်ယောက်ရဲ့ အတ္တပဲ

"ငယ်လေးရယ် မရူးမိုက်ချင်စမ်းပါနဲ့ "

အမှောင်ချထားသောအခန်းလေးထဲမှာ မီးအိမ်ဖြဖြရဲ့အလင်းရောင်လေးအောက် ဓာတ်ပုံလေးကို ကြည့်ကာ တိတ်တဆိတ်ငိုကြွေးနေခဲ့သော ကောင်လေးဟာ သူ့ညီကိုသိပ်ချစ်လေပါကြောင်းသိခဲ့ရသည်

______________________________________

ရက်၂၀ခန့်ကြာပြီးနောက် .......

"လုံးဝလက်မခံနိုင်ဘူး "

မိခင်တစ်ယောက်ရဲ့ ဖြစ်စေချင်သောဆန္ဒလေးတစ်ခု သူမရဲ့သားဟာထိုကောင်လေးကို အလွန်တရာမှချစ်မြတ်နိုးသည်ဆိုသောကြောင့်ရှေ့မျက်နှာနောက်ထားကာ မျက်နှာပြောင်တိုက်လို့ လာရောက် စေ့စပ်ကြောင်းလမ်းဖို့ကမ်းလှမ်းတာကို တစ်ဖက်က ဝမ်မျိုးနွယ်က အကြောက်အကန်ငြင်းဆိုသည် ကလေးတွေအနေနဲ့ငယ်သေးတာသိနေပေမယ့် ခိုးယူပြီးသည်မို့ နေရာချထားရန်ကမ်းလှမ်းနေခြင်းပင် ကျောင်းပြီးမှသာလက်ထပ်ပေးဖို့ ကိုမာနတွေခဝါချကာပြောနေပေမယ့်ပြန်ရလာသည့်ဆက်‌ဆံရေးက သူမစိတ်ကိုထိန်းမရနိုင်အောင်ပင်

"ဘာရှင့် ကျမက ကျမတို့သားအမှားကြောင့် တောင်းပန်ပြီး ‌ကလေးနှစ်ယောက်ကိုနေရာချထားပေးချင်တာလေ မှားနေလို့လား "

"မှားတယ် ခင်များရဲ့သားကို ကျုပ်သားနဲ့လုံးဝသဘောမတူနိုင်ဘူး ခိုးပြေးတာကို နစ်နာမှာစိုးရင်တော့စိတ်မပူပါနဲ့ တစ်ရက်မပြည့်တဲ့အပြင်ဘာမှလဲဖြစ်‌ခဲ့တာမဟုတ်ဘူးအဲ့အတွက်နဲ့စိတ်ညစ်မခံပါနဲ့ အမျိုးသမီး"

"ဘာရှင့် အခုကျမတို့က လက်ဗလာလဲလာခဲ့တာမဟုတ် အထုတ်နဲ့အထည်နဲ့လာတင်တောင်းတာလေ ပြီးတော့ကျမသားကဘာတွေဖြစ်နေလို့လဲ "

"လူဆိုးလူမိုက်လက်ရဲဇက်ရဲရည်းစားက‌ရှုပ်သေးတယ် မူးရစ်ဆေးဝါးတွေရောင်းနေတာလဲသတင်းတွေရတယ် ကျောင်းကိုလဲမိန်းကလေးတစ်ယောက်အတွက်နဲ့နားလိုက်ရတယ်ဆို ဒီလောက်သတင်းဆိုးတွေရှိနေတဲ့ခင်များသားလိုလူနဲ့ ကျုပ်ရဲ့သားငယ်ကိုသတောတူနိုင်စရာအကြောင်းသေသေးလေးတောင်ရှိမနေဘူး "

"ဘာ ~~~ရှင် "

"ခင်များကြီးတော်လိုက်တော့ "

"မဟုတ်လို့လား ရှောင်ကျန့် "

စကားတွေလွန်လာတဲ့အခါ ရှောင်ကျန့်ဝင်မပါလို့မဖြစ်တော့ သူ့မိခင်ဟာ သူ့ဆေးဝါးကိစ္စတွေသိလို့လုံးဝမဖြစ် အိပ်ယာထဲလဲသွားလိမ့်မယ်

နောက်နောင်သူ့ညီကို မပတ်သတ်ရဲအောင် တစ်ခါထဲမှတ်သွားအောင်တစ်ခါထဲကိစ္တွေဖျက်ပစ်ရမယ် သူသိတာတွေအကုန်ဖွင့်ဟရမယ့်အချိန်ပဲ

"ဝမ်ကျိယန် ခင်များတိတ်တိတ်နေ  ပြန်မယ်မား "

"သိသွားအောင်နားထောင်လိုက် အန်တီ့သားကမူးယစ်ဆေးဝါးတွေကို ရောင်းဝယ်နေတယ်ကြားတယ် ကိုယ်တိုင်တောင်သုံးဦးမလားပဲ ဖြစ်လိုက်ရတဲ့ရန်ကလဲ အငြိုးထားလို့ကျနော့်ညီတောင် ခေါင်းကွဲတဲ့အထိလေ အဲ့လို လူကို ကျနော့်ညီလေး‌နဲ့ ဘယ်လိုစိတ်နဲ့သဘောတူရမလဲဗျ ပြောပါဦး "

"ဘာ ရှောင်ကျန့်သူတို့ပြောနေတာဟုတ်လား"

"မား "

"သူ့ရဲ့ဦးလေးဖြစ်တဲ့ သူကလဲအမြဲမိန်းမပျက်တွေနဲ့လေ သိပြီးသားဖြစ်မှာပါ သားဖြစ်သူက အဲ့လိုနေရာကိုခဏခဏ သွားနေတာရိုးရောရိုးရဲ့လား "

"ဝမ်ကျိယန် ခင်များ !!"

"ကိုကို !!"

"ငယ်လေး "

စကားဝိုင်းကနေရန်သတ်ကြတော့မယ့် သူနှစ်ဦးကို ဘေးကလူတွေကဝိုင်းဆွဲနေကြသည် ဝမ်ကျိယန်ကလဲ လုံးဝအလျော့ပေးဖို့အစီစဉ်မရှိ ထိုအချိန်အပေါ်ထပ်ကနေ လှမ်းအော်ကာဝုန်းဒိုင်းဆင်းလာသော ကောင်လေး

ကိုကိုတို့လာတယ်ဆိုကတည်းကရိပေါ်က အခန်းထဲကခိုးထွက်ကာ နံရံမှာကပ်လို့နားထောင်နေခဲ့တာဖြစ်သည် သူသိပြီးသားကိစ္စတွေကြောင့်ဘာမှမဖြစ်ပေမယ့်ဦးလေးဖြစ်သူရဲ့အိမ်ကမိန်းကလေးတွေနဲ့ မရှုပ်မရှင်းတာကိုတော့ မသိပေ မိန်းကလေးတစ်ယောက်အတွက်ကြောင့်ကျောင်းနားခဲ့ရတာတဲ့ဘယ်လိုအကြောင်းအရာမျိုးလဲ ရန်ပွဲကတစတစကြီးထွားလာတာကြောင့်တင်တားဖို့ လှမ်းအော်လိုက်သည်

"ပြန်သွား  အခုချက်ချင်းအခန်းထဲကိုသွား "

"ဟင့်အင်း ကိုကို ပြန်တော့နော်"

အကိုဖြစ်သူရဲ့စကားကိုဂရုမစိုက်စွာ ရှောင်ကျန့်ကိုပြန်ခိုင်းနေသောရိပေါ် ဟာရှောင်ကျန့်တစ်ခုခုဖြစ်မှာစိုးရိမ်နေပုံ

"ကိုယ်နဲ့လိုက်ခဲ့မလားရိပေါ် "

"မင်းကများအတင့်ရဲလို့ မင်းလိုကောင်နောက်ငါ့ညီကလိုက်စရာလား "

ဝမ်ကျိယန်ရဲ့စကားတွေကိုဂရုမစိုက် စိတ်အစုံကိုသူ့ရှေ့ကခေါင်းငုံ့ကာရုပ်နေသော  ‌ဝမ်ရိပေါ်ရဲ့ ဆီမှာသာပုံအောထားတယ် သတ္တိရှိကှိပြောလိုက်ပါ ရိပေါ်

"ဟင့်အင်း ပြဿနာတွေဒီ့ထက်မကြီးခင်ပြန်လိုက်ပါတော့ "

"ပြန်မယ်သားလာ ဒီလိုလူမှုရေးနိမ့်ကျတဲ့အိမ်မှာကြာကြာမနေနဲ့ "

ဘယ်သူတွေဘာပဲပြောနေပါစေရှောင်ကျန့်ဟာရိပေါ်ရဲ့ ငိုထားလို့ဖောင်းအစ်နေတဲ့မျက်နှာလေးဆီမှအကြည့်မခွာခဲ့ ဘာတွေများသူတို့ဘဝတွက်အဲ့လောက်တောင်ခဲယဉ်းနေသလဲ

"အခုထိမပြန်သေးရင်သက်ဆိုင်ရာကိုခေါ်ရပါလိမ့်မယ် "

"ကောင်းကောင်းမွန်မွန်လလာတောင်းတာတောင်အခုလိုဆက်ဆံတဲ့ရှင်တို့တွေနောင်တကောင်းကောင်းရဦးမယ် လာစမ်းရှောင်ကျန့်ပြန်မယ် "

"မား"

"မင်းလုပ်ရက်ကိုသိတယ်မလားအသာတကြည်ပြန်လိုက်ခဲ့ "

ရှောင်ကျန့်ရဲ့လက်ကိုဆွဲလို့အိမ်ထဲကထွက်သွားတဲ့သားအမိကို မျက်စိတစ်ဆုံးကြည့်ရင်းဝမ်ကျိယန်ဟာဖုန်းနံပါတ်တစ်ခုကိုနှိပ်လို့ခေါ်စေတယ်

"ငါပြောထားတဲ့ဟာ သက်သေအတိအကျရပြီလား "

"ရရင် လုပ်လိုက်တော့ အသိမရှိတဲ့သူကိုအသိတရားရှိအောင်လုပ်ပေးရမယ်"

"ကိုကြီး "

ဖုန်းပြောပြီးလို့တစ်ဖက်ကိုအလှည့် ညီငယ်နဲ့တိုးတယ် သူ့ကို မယုံကြည်ခြင်းမျက်ဝန်းများဖြင့်ကြည့်နေခဲ့တယ်

"ဘာလုပ်နေတာလဲအေးတယ်အိမ်ထဲဝင် "

"ဘာပြောနေတာ "

"အထဲဝင်တော့ငယ်လေး *

"မဟုတ်တာတွေလုပ်မနေပါနဲ့တော့သူများသားအမိကြားဝင်ပြီးသွေးခွဲတယ် လူဆိုးလုပ်ရတာပျော်လား "

"ငါကသိသင့်သိထိုက်လို့ပြောပြရုံပဲ ငါကလူဆိုးဆိုရင်တော့ငါသိပ်ချစ်တဲ့ငါ့ညီအတွက်လုပ်တာ "

"အတ္တကြီးလိုက်တာ "

"တစ်ချိန်ကျငယ်လေးနားလည်မှာပါ "

အိမ်ထဲကိုပြေးဝင်သွားတဲ့ သူ့ညီကို ကြည့်နေရုံသာတက်နိုင်သည် ကလေးတွေပဲတစ်ချိန်ကျ ဒီကိစ္စတွေကိုမေ့သွားမှာပဲ နောက်ကျရက်အရာအားလုံးသူ့ဟာနဲ့သူ အသားကျသွားမှာခဏပဲသည်းခံပေးပါငယ်လေး

"ရှောင်ကျန့်!! သူတို့ပြောတာအမှန်ပဲလား ဟမ် "

"......."

မဖြေဘူးသူမသားကမဖြေဘူး ဦးလေူကိုသံယောဇဉ်ရှိလို့သွားလည်နေတယ်ထင်ခဲ့တာ သူ့ဦးလေးအိမ်မှာအဲ့လိုဟာတွေရှိမှန်းသူမသိမနေခဲ့ဘူး ဆေးတွေရောင်းနေတယ် သုံးရောသုံးနေခဲ့တာလား သူမသားက အရမ်းကြီးဆိုးသွမ်းနေပြီလား  မိခင်တစ်ယောက်အနေနဲ့သူများပြောမှသိခဲ့ကတာဘယ်လောက်တောင်ခံပြင်းလိုက်သလဲ

"ငါမေးတာဖြေလေ "

"ဟုတ်တယ်ကျ‌နော်လုပ်ဖူးတယ် ဒါပေမယ့် "

"လမ်းစဉ်ကိုလိုက်တယ် နင်လဲ သူတို့လမ်းစဉ်ကိုလိုက်တယ် ငါဘယ်လိုသင်ပြထားလဲ မင်းအတော်လေးထိန်းမရဖြစ်နေခဲ့တာပဲ ဒီနေ့ ဒီနေ့ငါ့အရှက်တရားတွေငါ့ရဲ့ သိက္ခာတွေကုန်ပြီ "

"ကျနော်က ဆေးရောင်းတာမှန်ပေမယ့် မသုံးခဲ့ဘူးကျနော်ဦးလေးအိမ်သွားပေမယ့်ဘယ်ကောင်မနဲ့မှမအိပ်ခဲ့ဘူး "

" အိမ်ရှင်တို့ဗျ"

သားအမိနှစ်ယောက်စကားအခြေတင်ဖြစ်နေတုန်း အိမ်ရှေ့က ခေါ်သံကြောင့်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခဏတာတိတ်ဆိတ်လိုက်တယ်

"ဘာကိစ္စများရှိလို့ပါလဲ "

"မူးယစ်ဆေးဝါးရောင်းမှုနဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်‌ေလးကိုလာဖမ်းတာပါ "

"ရှင် !!"



#အဟမ်း အဆင်မှပြေကြရဲ့လား လိုအပ်ချက်ပေါင်းများစွာဖြင့် ...........

Zawgyi

"ဒုန်း!!!"



"........"




ငိုတယ် သားက ငိုတယ်တဲ့ 




"သားရယ် "


"သွားတောင်းမလားသား "

"အင့် ဗျာ "


"အင်း သားရဲ့အသက် "



"ကိုကြီး "








"သားက ~~~"



"ကိုကြီး ဟင့် ~~"










______________________________________


"လုံးဝလက်မခံနိုင်ဘူး "






"ဘာ ~~~ရှင် "




နောက်နောင်သူ့ညီကို မပတ်သတ်ရဲအောင် တစ်ခါထဲမှတ်သွားအောင်တစ်ခါထဲကိစ္တွဖျေက်ပစ်ရမယ် သူသိတာတွေအကုန်ဖွင့်ဟရမယ့်အချိန်ပဲ




"မား "


"ဝမ်ကျိယန် ခင်များ !!"

"ကိုကို !!"

"ငယ်လေး "














"မား"





"ကိုကြီး "



"ဘာပြောနေတာ "

"အထဲဝင်တော့ငယ်လေး *



"အတ္တကြီးလိုက်တာ "




"......."


"ငါမေးတာဖြေလေ "




" အိမ်ရှင်တို့ဗျ"



"မူးယစ်ဆေးဝါးရောင်းမှုနဲ့ ရှောင်ကျန့်ဆိုတဲ့ကောင်လကိုလာဖမ်းတာပါ "

"ရှင် !!"




Continuer la Lecture

Vous Aimerez Aussi

1M 25.5K 24
Yn a strong girl but gets nervous in-front of his arranged husband. Jungkook feared and arrogant mafia but is stuck with a girl. Will they make it t...
753K 27.8K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1.3M 57.1K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
196K 4.1K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...