သုတ ဒီနေ့ အခန်းတံခါးကိုဘဲလ်မတီးတော့ပဲ သော့ဖွင့်ပြီးဝင်လာလိုက်တော့ ချယ် ဟင်းချက်နေတာတွေ့လို့ အနောက်ကနေ အသာလေးသွားကာ ခါးလေးကို ဖက်လိုက်တော့
"ဗုဒ္ဓေါ ဘုရားတွေ ငုတ်တုတ်ကြွ"
"အဟားးဟားးဟာ ချယ်ရယ် ဘယ်လိုကြီး ယောင်တာလဲကွာ၊ ရိုးရိုးကြွခိုင်းပါ၊ ဘယ့်နှယ့် ငုတ်တုတ်ကြွခိုင်းတာတုန်း အဟားဟားဟာဟ"
"အို့ အသံမပေး ဘာမပေးနဲ့ဆိုတော့ လန့်သွားတာပေါ့၊ ပြီးတော့ ယောင်ပါတယ်ဆိုမှ သူ့ဟာသူထွက်ချင်သလို ထွက်တာပေါ့။ သိပ်ရယ်ရတယ်ဟုတ်လား။ ရီအုန်း ရီအုန်း"
ရှက်ရမ်းရမ်းပြီး သုတကို ဆိတ်ဆွဲနေလို့ လက်ကလေးကို ဖမ်းထားလိုက်ပြီး
"ပြောပါအုန်း၊ ဒီနေ့ရော ဘာဟင်းတွေချက်လဲ"
"အွန်း ပုစွန်ဘော့ချိတ်လေးတွေကို ငရုတ်သီးခွဲခြမ်းနဲ့ အစပ်ကြော်ပြီး၊ ဟင်းရည်ကတော့ ကန်စွန်းရိုးနီချဥ်ရည်"
ထုံးစံအတိုင်း သုတ ဟင်းအိုးကိုနှိုက်ကာ မြည်းလိုက်ပြီး
"ဂွတ်တယ် ရှယ်ပဲ"
"ဟုတ်ပါပြီ၊ ကြိုက်တယ်ဆိုပြီးတာပါပဲ။ မဟုတ်ရင် ရှင်က ပေါ့သလေး၊ ငန်သလေးနဲ့ ချေးများတော့၊ ချယ့်မှာ ချက်ပြီး အမောမပြေဘူးရယ်"
သုတ ချယ့်ကို မျက်မှောင်ကြီးကျုံ့ပြီးကြည့်ကာ
"မောင်က ဂျီးများတယ်။ ဘယ်တုန်းကလည်း။ မောင်တော့ အဲ့လို မပြောဖူးဘူးထင်တာပါပဲ။ ချယ်အမှတ်မှားနေတာထင်တယ်"
"ဟုတ်တယ်၊ ကျွန်မကပဲ လုပ်ကြံဇာတ်တွေခင်းပြီးပြောနေတာသိလား။ ညားခါစက နေ့တိုင်းချက်ကျွေးသမျှကို ချေးထိုင်များတာ ဘယ်သူလည်း မသိဘူး၊ အတိတ်မေ့သွားပြီထင်တယ်။ တနေ့တနေ့ အမေ့လက်ရာကို တရတာလည်း သူ့မှာ အမော ဟွန့်"
သုတ အခုမှ ဇက်ကလေးပုကာ လျှာထုတ်ပြရင်း
"ဟီး အဲ့တုန်းက မောင် ငယ်သေးလို့ မသိလို့ပြောမိတာ၊ အခုတော့ မောင့် မိန်းမလက်ရာက အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ နောက်ဆို မိန်းမချက်ကျွေးတာပဲစားရတော့မှာလေ။ ဟုတ်တယ်မှတ်လား"
လွန်ခဲ့တဲ့ ဆယ်လလောက်ကကိစ္စကို သူငယ်သေးလို့ဆိုပြီး ဗလေဗဆာတွေပြောနေတဲ့သူနဲ့ စကားအပြိုင်မပြောတော့ဘဲ၊ အပြုံးနဲ့ပဲ ချယ်အနိုင်ပေးလိုက်ပြီး
"ဟုတ်ပါပြီတဲ့ရှင့်၊ ဒါပေမယ့်စားပြီးရင်တော့ မောင် ပန်းကန်တွေကူဆေးပေးနော်၊ ချယ်မဆေးချင်တော့ဘူး"
"ဆေးပေးမှာပေါ့၊ မိန်းမက ချန်ဂင်ဆို၊ ယောင်္ကျားက ဟောဂျွန်လုပ်ရမှာပေါ့"
(ချန်ဂင်=>စားဖိုမှူး၊ ဟောဂျွန်=>ဆေးဆရာ)
ထမင်းစားကြတော့ သုတ ခုမှသတိထားမိတယ်၊ ချယ့်ပန်းကန်ထဲ ပုစွန်က အဖြူထည်လေးတွေ၊ ဟင်းပန်းကန်ထဲမှာက အစပ်ကြော်မို့
"ချယ် နောက်ဆို ဟင်းတွကို အချိုပဲချက်လေ၊ မောင့်အတွက်သက်သက်၊ ချယ့်အတွက်သက်သက်ချက်မနေနဲ့"
"မောင်မှ အစပ်မပါရင်၊ စားမဝင်တဲ့ဟာ၊ ချယ်ကလည်း စပ်ရင်မစားနိုင်ဘူး"
"ဒါဆိုဒီလိုလုပ်၊ ဟင်းချက်ရင် ချယ်စားနိုင်သလောက်ပဲ ငရုတ်သီးကိုထည့်၊ မောင့်အတွက်က ငရုတ်သီးကြော်လိုမျိုးအရံဟင်းအစပ် ဝယ်ထားပေးရင်ရပြီ၊ နှစ်မျိုးဆီခွဲ လုပ်မနေနဲ့ပင်ပန်းတယ်"
မတူညီတဲ့ မိသားစုနှစ်စုက ကြီးပြင်းလာတဲ့လူနှစ်ယောက်အတူနေတဲ့အခါ အသေးအမွှားလေးတွေကအစ ညှိပြီးနေရတာပါပဲ။ သုတတို့အိမ်က ငရုတ်သီးဆိုစပ်နေမှ၊ ချယ့်အိမ်ကတော့ ဘာစားစားအဖြူထည်၊ ရေလုံပြုတ်။ သုတတို့မိသားစုတွေက တစ်ယောက်နဲ့တစ်ယောက် ဖက်လှဲတကင်း ချစ်ကြတယ်၊ အချင်းချင်းဖက်တာ၊နမ်းတာက သူတို့အတွက်မဆန်းဘူး။ ချယ်တို့သားအမိကတော့ တစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ပေမယ့် သုတတို့လိုတော့ skinship နဲ့မဖော်ပြကြဘူး။
အဲ့လိုတွေကွဲပြားတော့ ချယ့်မှာ အိမ်ထောင်ကျကာစကဆို စိတ်ညစ်တာမှ တအားပဲ။ သုတကလည်း ညားခါစဖြစ်တာရော၊ ရင်းနှီးမှုလိုချင်တာရောဆိုတော့ ဘယ်သွားသွား တပူးပူးလိုက်ကပ်နေ၊ ချယ်ကလည်း အဲ့လိုကပ်နေရင်မနေတတ်နဲ့ အတော့်ကိုဂွကျတာ။ ခုတော့ ချယ်လည်း သူလိုက်ကပ်လွန်းအားကြီးလို့ skinship နဲ့အတော့်ကို နေသားကျနေပါပြီလေ။ တစ်ခါတစ်လေ အိမ်သွားလို့ အကျင့်ပါပြီး အမေ့ကို သွားဖက်မိရင်တောင် ကိုယ့်မှာ အမေရိုက်ထုတ်တာခံရတယ်၊ ပူတယ် အနားလာမကပ်နဲ့ဆိုပြီးတော့ပေါ့။
"ဟောဗျာ၊ ထမင်းစားရင်းက ဘာတွေတွေးနေတာလဲ၊ မျက်နှာကြီးက ပြုံးလို့၊ ဘာလဲ တနင်္ဂနွေနေ့ကို တွေးပြီး ပျော်နေတာလား ဟုတ်လား"
"ဪ တနင်္ဂနွေဆိုမှ၊ တစ်ခါတည်းပြောရအုန်းမယ်၊ ဒီအပတ်တော့ ဘယ်မှသွားဖို့ မစဉ်းစားနဲ့၊ အမေတို့ဆီသွားရမယ်၊ သိလား"
"ဟာကွာ ပြီးခဲ့တဲ့အပတ်က သွားထားတယ်လေ၊ ဒီအပတ်ထပ်သွားအုန်းမလို့လား"
"ဘာတွေပြောနေတာလဲ၊ ဒီအပတ်က မောင့်အမေအိမ်သွားမှာလေ၊ ချယ့်အိမ်ကိုပြောနေတာမဟုတ်ဖူး၊ ရှင့်အိမ်၊ ဟောဒီက သုတမောင်ရဲ့အိမ်ကိုသွားမှာ ရှင်းလား"
ချယ်ပြောမှ သုတလည်း အိမ်မပြန်တာ ဘယ်လောက်ကြာပြီလည်း စဉ်းစားမိတော့သည်။ ချယ်နဲ့ စကားမပြောဖြစ်တဲ့ အချိန်တည်းက လင်မယားအဆင်မပြေတာ မိဘတွေကိုမသိစေချင်တာကြောင့်၊ အိမ်မပြန်ဖြစ်တာဆိုတော့ လေးလ၊ ငါးလလောက်ရှိပြီထင်တယ်။
"အင်း အင်း သွားကြတာပေါ့၊ မောင်လည်း အိမ်မရောက်တာကြာပြီ၊ အမေတို့ရော နေကောင်းကြရဲ့လားမသိဘူး"
စောနကတော့ ယောက္ခမအိမ်ထင်ပြီး မသွားချင်ဘူး ဂဂျီဂဂျောင်လုပ်နေပြီး၊ ခုကျချက်ချင်းကို သားလိမ္မာ mood on သွားသော၊ ယောင်္ကျားကိုကြည့်ကာ ချယ့်မှာ တရားတွေကျလို့...
__________________________________
Thu
သုတ ဒီေန႔ အခန္းတံခါးကိုဘဲလ္မတီးေတာ့ပဲ ေသာ့ဖြင့္ၿပီးဝင္လာလိုက္ေတာ့ ခ်ယ္ ဟင္းခ်က္ေနတာေတြ႕လို႔ အေနာက္ကေန အသာေလးသြားကာ ခါးေလးကို ဖက္လိုက္ေတာ့
"ဗုေဒၶါ ဘုရားေတြ ငုတ္တုတ္ႂကြ"
"အဟားးဟားးဟာ ခ်ယ္ရယ္ ဘယ္လိုႀကီး ေယာင္တာလဲကြာ၊ ႐ိုး႐ိုးႂကြခိုင္းပါ၊ ဘယ့္ႏွယ့္ ငုတ္တုတ္ႂကြခိုင္းတာတုန္း အဟားဟားဟာဟ"
"အို႔ အသံမေပး ဘာမေပးနဲ႔ဆိုေတာ့ လန႔္သြားတာေပါ့၊ ၿပီးေတာ့ ေယာင္ပါတယ္ဆိုမွ သူ႔ဟာသူထြက္ခ်င္သလို ထြက္တာေပါ့။ သိပ္ရယ္ရတယ္ဟုတ္လား။ ရီအုန္း ရီအုန္း"
ရွက္ရမ္းရမ္းၿပီး သုတကို ဆိတ္ဆြဲေနလို႔ လက္ကေလးကို ဖမ္းထားလိုက္ၿပီး
"ေျပာပါအုန္း၊ ဒီေန႔ေရာ ဘာဟင္းေတြခ်က္လဲ"
"အြန္း ပုစြန္ေဘာ့ခ်ိတ္ေလးေတြကို င႐ုတ္သီးခြဲျခမ္းနဲ႔ အစပ္ေၾကာ္ၿပီး၊ ဟင္းရည္ကေတာ့ ကန္စြန္း႐ိုးနီခ်ဥ္ရည္"
ထုံးစံအတိုင္း သုတ ဟင္းအိုးကိုႏႈိက္ကာ ျမည္းလိုက္ၿပီး
"ဂြတ္တယ္ ရွယ္ပဲ"
"ဟုတ္ပါၿပီ၊ ႀကိဳက္တယ္ဆိုၿပီးတာပါပဲ။ မဟုတ္ရင္ ရွင္က ေပါ့သေလး၊ ငန္သေလးနဲ႔ ေခ်းမ်ားေတာ့၊ ခ်ယ့္မွာ ခ်က္ၿပီး အေမာမေျပဘူးရယ္"
သုတ ခ်ယ့္ကို မ်က္ေမွာင္ႀကီးက်ဳံ႔ၿပီးၾကည့္ကာ
"ေမာင္က ဂ်ီးမ်ားတယ္။ ဘယ္တုန္းကလည္း။ ေမာင္ေတာ့ အဲ့လို မေျပာဖူးဘူးထင္တာပါပဲ။ ခ်ယ္အမွတ္မွားေနတာထင္တယ္"
"ဟုတ္တယ္၊ ကြၽန္မကပဲ လုပ္ႀကံဇာတ္ေတြခင္းၿပီးေျပာေနတာသိလား။ ညားခါစက ေန႔တိုင္းခ်က္ေကြၽးသမွ်ကို ေခ်းထိုင္မ်ားတာ ဘယ္သူလည္း မသိဘူး၊ အတိတ္ေမ့သြားၿပီထင္တယ္။ တေန႔တေန႔ အေမ့လက္ရာကို တရတာလည္း သူ႔မွာ အေမာ ဟြန႔္"
သုတ အခုမွ ဇက္ကေလးပုကာ လွ်ာထုတ္ျပရင္း
"ဟီး အဲ့တုန္းက ေမာင္ ငယ္ေသးလို႔ မသိလို႔ေျပာမိတာ၊ အခုေတာ့ ေမာင့္ မိန္းမလက္ရာက အေကာင္းဆုံးပဲ။ ဘာလို႔လဲဆိုေတာ့ ေနာက္ဆို မိန္းမခ်က္ေကြၽးတာပဲစားရေတာ့မွာေလ။ ဟုတ္တယ္မွတ္လား"
လြန္ခဲ့တဲ့ ဆယ္လေလာက္ကကိစၥကို သူငယ္ေသးလို႔ဆိုၿပီး ဗေလဗဆာေတြေျပာေနတဲ့သူနဲ႔ စကားအၿပိဳင္မေျပာေတာ့ဘဲ၊ အၿပဳံးနဲ႔ပဲ ခ်ယ္အႏိုင္ေပးလိုက္ၿပီး
"ဟုတ္ပါၿပီတဲ့ရွင့္၊ ဒါေပမယ့္စားၿပီးရင္ေတာ့ ေမာင္ ပန္းကန္ေတြကူေဆးေပးေနာ္၊ ခ်ယ္မေဆးခ်င္ေတာ့ဘူး"
"ေဆးေပးမွာေပါ့၊ မိန္းမက ခ်န္ဂင္ဆို၊ ေယာက်ၤားက ေဟာဂြၽန္လုပ္ရမွာေပါ့"
(ခ်န္ဂင္=>စားဖိုမႉး၊ ေဟာဂြၽန္=>ေဆးဆရာ)
ထမင္းစားၾကေတာ့ သုတ ခုမွသတိထားမိတယ္၊ ခ်ယ့္ပန္းကန္ထဲ ပုစြန္က အျဖဴထည္ေလးေတြ၊ ဟင္းပန္းကန္ထဲမွာက အစပ္ေၾကာ္မို႔
"ခ်ယ္ ေနာက္ဆို ဟင္းတြကို အခ်ိဳပဲခ်က္ေလ၊ ေမာင့္အတြက္သက္သက္၊ ခ်ယ့္အတြက္သက္သက္ခ်က္မေနနဲ႔"
"ေမာင္မွ အစပ္မပါရင္၊ စားမဝင္တဲ့ဟာ၊ ခ်ယ္ကလည္း စပ္ရင္မစားႏိုင္ဘူး"
"ဒါဆိုဒီလိုလုပ္၊ ဟင္းခ်က္ရင္ ခ်ယ္စားႏိုင္သေလာက္ပဲ င႐ုတ္သီးကိုထည့္၊ ေမာင့္အတြက္က င႐ုတ္သီးေၾကာ္လိုမ်ိဳးအရံဟင္းအစပ္ ဝယ္ထားေပးရင္ရၿပီ၊ ႏွစ္မ်ိဳးဆီခြဲ လုပ္မေနနဲ႔ပင္ပန္းတယ္"
မတူညီတဲ့ မိသားစုႏွစ္စုက ႀကီးျပင္းလာတဲ့လူႏွစ္ေယာက္အတူေနတဲ့အခါ အေသးအမႊားေလးေတြကအစ ညႇိၿပီးေနရတာပါပဲ။ သုတတို႔အိမ္က င႐ုတ္သီးဆိုစပ္ေနမွ၊ ခ်ယ့္အိမ္ကေတာ့ ဘာစားစားအျဖဴထည္၊ ေရလုံျပဳတ္။ သုတတို႔မိသားစုေတြက တစ္ေယာက္နဲ႔တစ္ေယာက္ ဖက္လွဲတကင္း ခ်စ္ၾကတယ္၊ အခ်င္းခ်င္းဖက္တာ၊နမ္းတာက သူတို႔အတြက္မဆန္းဘူး။ ခ်ယ္တို႔သားအမိကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဂ႐ုစိုက္ေပမယ့္ သုတတို႔လိုေတာ့ skinship နဲ႔မေဖာ္ျပၾကဘူး။
အဲ့လိုေတြကြဲျပားေတာ့ ခ်ယ့္မွာ အိမ္ေထာင္က်ကာစကဆို စိတ္ညစ္တာမွ တအားပဲ။ သုတကလည္း ညားခါစျဖစ္တာေရာ၊ ရင္းႏွီးမႈလိုခ်င္တာေရာဆိုေတာ့ ဘယ္သြားသြား တပူးပူးလိုက္ကပ္ေန၊ ခ်ယ္ကလည္း အဲ့လိုကပ္ေနရင္မေနတတ္နဲ႔ အေတာ့္ကိုဂြက်တာ။ ခုေတာ့ ခ်ယ္လည္း သူလိုက္ကပ္လြန္းအားႀကီးလို႔ skinship နဲ႔အေတာ့္ကို ေနသားက်ေနပါၿပီေလ။ တစ္ခါတစ္ေလ အိမ္သြားလို႔ အက်င့္ပါၿပီး အေမ့ကို သြားဖက္မိရင္ေတာင္ ကိုယ့္မွာ အေမ႐ိုက္ထုတ္တာခံရတယ္၊ ပူတယ္ အနားလာမကပ္နဲ႔ဆိုၿပီးေတာ့ေပါ့။
"ေဟာဗ်ာ၊ ထမင္းစားရင္းက ဘာေတြေတြးေနတာလဲ၊ မ်က္ႏွာႀကီးက ၿပဳံးလို႔၊ ဘာလဲ တနဂၤေႏြေန႔ကို ေတြးၿပီး ေပ်ာ္ေနတာလား ဟုတ္လား"
"ဪ တနဂၤေႏြဆိုမွ၊ တစ္ခါတည္းေျပာရအုန္းမယ္၊ ဒီအပတ္ေတာ့ ဘယ္မွသြားဖို႔ မစဥ္းစားနဲ႔၊ အေမတို႔ဆီသြားရမယ္၊ သိလား"
"ဟာကြာ ၿပီးခဲ့တဲ့အပတ္က သြားထားတယ္ေလ၊ ဒီအပတ္ထပ္သြားအုန္းမလို႔လား"
"ဘာေတြေျပာေနတာလဲ၊ ဒီအပတ္က ေမာင့္အေမအိမ္သြားမွာေလ၊ ခ်ယ့္အိမ္ကိုေျပာေနတာမဟုတ္ဖူး၊ ရွင့္အိမ္၊ ေဟာဒီက သုတေမာင္ရဲ႕အိမ္ကိုသြားမွာ ရွင္းလား"
ခ်ယ္ေျပာမွ သုတလည္း အိမ္မျပန္တာ ဘယ္ေလာက္ၾကာၿပီလည္း စဥ္းစားမိေတာ့သည္။ ခ်ယ္နဲ႔ စကားမေျပာျဖစ္တဲ့ အခ်ိန္တည္းက လင္မယားအဆင္မေျပတာ မိဘေတြကိုမသိေစခ်င္တာေၾကာင့္၊ အိမ္မျပန္ျဖစ္တာဆိုေတာ့ ေလးလ၊ ငါးလေလာက္ရွိၿပီထင္တယ္။
"အင္း အင္း သြားၾကတာေပါ့၊ ေမာင္လည္း အိမ္မေရာက္တာၾကာၿပီ၊ အေမတို႔ေရာ ေနေကာင္းၾကရဲ႕လားမသိဘူး"
ေစာနကေတာ့ ေယာကၡမအိမ္ထင္ၿပီး မသြားခ်င္ဘူး ဂဂ်ီဂေဂ်ာင္လုပ္ေနၿပီး၊ ခုက်ခ်က္ခ်င္းကို သားလိမၼာ mood on သြားေသာ၊ ေယာက်ၤားကိုၾကည့္ကာ ခ်ယ့္မွာ တရားေတြက်လို႔...
__________________________________
Thu