CEO's Possessively Boyfriend

Galing kay Garlic_Boom

1.5M 87.8K 16.9K

[ Tom And Jerry Human Version ] Higit pa

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 31
32 ( Final )

Chapter 30

47.5K 2.6K 534
Galing kay Garlic_Boom

Unicode

တစ်သက်လုံး မကြားရတော့ဘူး လို့ မှတ်ယူထားတဲ့ စကားတစ်ခွန်း ကို အခုလိုအခိုက်တန့်မှာ ကြားလိုက်ရတာမို့ နေဥတ္တရာ စိတ်နဲ့ကိုယ်နဲ့ မကပ်တော့ပါ ။

သူ့ကို ဝီရဦးခေါင် ဆိုတဲ့ မကောင်းတဲ့ကောင်က ချစ်တယ်တဲ့ ။ မောင် လို့တောင် အဲ့ဒီမကောင်းတဲ့ကောင်ကလေးက နာမ်စားသုံးလိုက်သေးတယ် ။

နေနေ့မှာ ရင်ခုန်ရမလား ရင်တုန်ရမလားလည်းမသိတော့ပါ။ပြီးတော့ သူသိတာ ဝီရဦးခေါင်က သူ့ကို အမြဲတမ်း မုန်းနေခဲ့တာ မဟုတ်ဘူးလား ။

အခုမှ ဘာလို့ ရုတ်တရက်ကြီး ချစ်တယ်လို့ ထပြောရတာတုန်း ။အန်တီရို့ ရဲ့ စနက်ကြောင့် ဝီရဦးခေါင် အခုလိုတွေလုပ်ပြီးသူ့ကို လာအီနေတာများလား ။

" တစ်ယောက်ထဲ ခေါင်းယမ်းလိုက် ခေါင်းခါလိုက်နဲ့ အရူးလေးကျနေရော "

ဘာပြန်ပြောရမှန်းမသိ၍ မျက်စောင်းတစ်ချက်သာထိုးပေးလိုက်သည် ။

" အတည်ပြောတာပါ မောင် မညာပါဘူး နေနေ "

နေနေ့ပါးစပ်ကလည်း ကော်နဲ့ ကပ်ထားသလိုဖြစ်နေကာ ဘာတစ်ခွန်းမှပင်ထွက်မလာခဲ့ ။

" မောင် မင်းကို ချစ်တယ် ပြောနေတာကို ဒီလိုကြီးပဲ မောင့်ကို ကြည့်မနေပါနဲ့ "

" မဟုတ်ဘူး ငါ ခဏ ။ ခဏလောက် နေပါဦး "

" ဟင့်အင်း မောင် မင်းနဲ့ အတူတူရှိချင်တယ် "

" ရူးနေတာလား ဝီရဦးခေါင် "

" ဘယ်အရူးက သူ့ကိုယ်သူ မောင်လို့ ပြောလို့လဲ "

" မင်းလို အရူးကတော့ ပြောချင်ပြောမှာပေါ့ "

" ခင်ဗျား ကလေ အကောင်းကို ပြောလို့ မရဘူး မောင် စိတ်မကောင်းဖြစ်သွားပြီ "

" သိရင် ပြီးတာပဲ "

" ဂျစ်တစ်တစ်နဲ့ ဖက်နမ်းလိုက်ရရင်တော့ မောင်လွန်တယ် ဖြစ်တော့မယ် "

" လူရမ်းကား "

" နေနေတစ်ယောက်ထဲကိုပဲ မောင်ကရမ်းကားတာ "

" အရူး "

တွေ့လား အရူးလို့ပြောလိုက်တော့လည်း သူ့ဟာသူ ဘာတွေသဘောကျပြီး ရယ်နေမှန်း မသိ။ ဝီရဦးခေါင် တစ်ယောက်ကတော့ တစ်ကယ်ကို ရူးနေပါပြီ ။

" မောင် မင်္ဂလာ ပွဲကို ဖျက်လိုက်တော့မယ် "

ပါးစပ်ကသာ လွယ်လွယ်ကူကူပြောလိုက်ပေမဲ့ ထင်သလောက်မလွယ်မှန်း ဝီရဦးခေါင်ရဲ့ တွန့်ချိုးနေတဲ့ မျက်မှောင်တွေက သက်သေတည်နေတာမို့ နေနေလည်း ဖိအားမပေးချင်ပါ ။

" မင်းသဘော "

" မောင့်သဘော ဖြစ်ရမှာလေ နေနေရာ မမိုက်ဘူးနော် "

" မင်း ပြန်သတိရလာပြီလား "

" နည်းနည်းပါးပါး လောက်ပါ အစောကြီးထဲက မမေ့သွားတာမျိုးလား တော့ မသိဘူး "

" မကောင်းတဲ့ကောင်ပဲ "

ဟုတ်တယ်လေ နည်းနည်းပါးပါး မှတ်မိလည်း မှတ်မိကြောင်း ပြောပြရမှာကို ။

" အတည်ပြောနေတာ နေနေ ။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း မောင်စိတ်ရင်းအမှန်နဲ့ ပြောနေတာ ကျိန်ဆိုကျိန်ရဲတယ် "

" ပေါက်ကရတွေ ကျိန်တာက လိမ်တာနဲ့ အတူတူပဲ "

" မောင့်ကို မလှောင်စမ်းနဲ့ နေနေ "

နေနေ့ဘာသာ ကိုယ့်ဟာကိုယ် သဘောကျလို့ ရယ်လည်းမရ ။ သူ့ကိုလှောင်တယ်ဖြစ်သွားရော ။

ဘေးက ကောင်က ဘာမှမသောက်ထားဘဲနဲ့ကို တမင်သက်သက်လာရစ်နေတာပဲ ။

" နေနေ မရယ်နဲ့ကွာ "

" လွန်ခဲ့တဲ့ ငါးနှစ်က မင်းအပြင်ခဏဆိုပြီး ထွက်သွားတာ အဲ့ဒါ ဘယ်ကိုလဲ ပြီးတော့ ဘယ်သူနဲ့ တွေ့ခဲ့တာလဲ ငါ့ကို မှန်မှန်ပြော ဝီရဦးခေါင် "

" ခင်ဗျား အတွက် လက်ဆောင် သွားဝယ်တာလေ "
လက်ဆောင်ဆိုမှ ဘီးကုပ်နဲ့ ဘီးလေးကို အိတ်ထဲကနေအမြန်ထုတ်ပြီး ဝီရဦးခေါင် လက်ထဲထိုးပေးလိုက်သည် ။

သွားလေရာနေရာတိုင်းကို နေနေကဒီပစ္စည်းလေးနှစ်ခုတော့အမြဲပါအောင်ယူလာလေ့ရှိတယ် ။

" အခုထိ သိမ်းထားတုန်းလား နေနေ "

" နှစ်ခုလုံးက ပန်းရောင်ချည်းပဲ "

" မောင် ကြိုက်တဲ့အရောင်လေ "

" အင်းလေ မင်းကြိုက်တာ မင်းရွေးဝယ်လာတာ "

" နေနေနဲ့လည်း လိုက်တဲ့အရောင်မို့ပါ "

" လူလိမ် "

" ဟောဗျာ မောင်က အမှန်တိုင်း ပြောတာကို "

" ဒီကိုလာ "

နေဥတ္တရာ လက်ဆန့်ပေးထားတာကို မယုံကြည်သလို သူကြောင့် မေးဆတ်ပြလိုက်တော့မှ တဟားဟား ရယ်ပြီး ရင်ခွင်ထဲခေါင်းတိုး ဝင်လာသည်။

" ဒီနှစ်တွေထဲ အဆင်ပြေနေလို့ တော်သေးတာပေါ့ "

" မောင်က ပြေပါတယ် တစ်ခါတလေ ကျရင်တော့ နေနေပါတဲ့ အိပ်မက်တွေမက်တယ် "

ဖက်သာဖက်ထားပေးရပေမဲ့ နေနေက သူ့ခန္ဓာကိုယ်ကြီးကို အပြည့်အဝဖက်လို့ မရဘဲ ကျောကုန်းကိုပုတ်ပေးရုံလောက်သာရယ် ။ ဒါပေမဲ့ ဝီရဦးခေါင်ကတော့ နေနေ့ခါးကိုသေချာလေးကိုမှခပ်တင်းတင်းဖက်တွယ်ထားရှာသည် ။

" မင်းနဲ့ငါက တစ်ယောက် နဲ့ တစ်ယောက် မတည့်ကြဘူး ဝီရဦးခေါင် ။ မင်းကလည်း ငါ့ကိုဆို မင်းဒယ်ဒီနဲ့ဖောက်ပြန်တဲ့သူဆိုပြီး အသားလွတ်မုန်းနေတာ အစပိုင်းလောက်တုန်းကလေ ။ ငါကလည်း မင်းက ငါ့ကို အဲ့လိုတွေ ရန်စလိုက်ပြဿနာရှာလိုက်ဆိုတော့ ငါ့ဘက်ကလည်းမင်းဆိုရင်ကို မျက်မုန်းကျိုးနေခဲ့တာ "

" အခုရော "

" ဟင် "

" အခုရော မောင့်ကို မျက်မုန်းကျိုးသေးလားလို့ နေနေက "

ကလေးတွေလို သူ့ကို တဂျီဂျီ လုပ်နေတဲ့ကောင်ကိုနေနေ ခေါင်းခေါက်ပစ်လိုက်ချင်ပေမဲ့ အတိတ်မေ့နေတယ်ဆိုတဲ့အကြောင်းပြချက်ကလေးကြောင့်
မလုပ်ရက်ပါ ။

" ဘယ်လိုဖြစ်လို့ လူဒီလောက်ကပ်နေတာလဲ "

" မသိဘူးကွာ မောင်တော့ အတူတူ နေချင်တာပဲ သိတယ် "

" ယမင်းငုဝါနဲ့ သွားနေ "

" နေနေက ကွာ ဘယ်လိုဖြစ်လို့ သူ့အကြောင်း က ပါလာတာလဲ မောင်က မောင်တို့ အကြောင်းပဲ ပြောနေတာကို "

" မင်းပဲ ငါက မင်းလက်ထပ်မဲ့သတို့သမီးကို ကြည့်လို့ဆိုပြီး ငါ့ကို ထိုးချင်နေတာ မလား "

" အင်း ထိုးချင်တာ "

" ဘာ "

" လက်သီးနဲ့ တော့ မဟုတ်ဘူး "

" မင်း! "

ပြုံးစစနဲ့ သူ့ဘောင်းဘီဇစ်နေရာကို မျက်စပစ်ပြလာတာမို့ နေနေပါးတွေပူတက်လာသည် ။

ဒီခွေးကောင်က စကားကိုဘယ်လိုတွေပြောနေမှန်း မသိ ။

" စတာ စတာ ။ မောင် အဲ့တုန်းက သူ့ကို သဝန်တိုလို့ မဟုတ်ဘူး နေနေ့ကို သဝန်တိုလို့ ပြောလိုက်တာ "

" မယုံပါဘူး နော် "

" ယုံပါကွာ မောင် အမှန်တိုင်းပြောတာကို "

" ငါနဲ့ အတူပါလာတဲ့ သူက မင်းဒယ်ဒီရဲ့ အချစ်ဦး ရည်ရွယ်လင်းသစ်လို့ခေါ်တယ် ဝီရဦးခေါင် "

" ဒယ်ဒီ! ဦးဂုဏ်ရှိန်မင်းခေါင် "

" မင်း မာမီခိုင်းလို့ မသေမချင်း ကားနဲ့တိုက်သတ်တာကို ခံခဲ့ရတာလေ ။ ကံကောင်းလို့ မသေဘဲ နှစ်ချီနေအောင် ကိုမာဝင်ခဲ့တာ ခုမှ ပြန်နိုးလာတာ ခြောက်နှစ်လောက်ပဲ ရှိသေးတယ် "

" မာမီကလား "

" ငါနဲ့ သားကို ရွေးမယ်ဆိုရင်တော့ မင်းမာမီအပေါ် မင်းလုံးဝ ပြတ်သားဖို့ လိုမယ်နော် ဝီရဦးခေါင် "

" နေနေ ပြောသလိုပဲ လွန်ခဲ့တဲ့ ငါးနှစ်ထဲက မောင်က ခင်ဗျားနဲ့ သားကို ရွေးထားပြီးသားပါ "

သူ့လက်ကို ပါးပြင်မှာ အပ်ပြီး ဆိုလာသူအား
နေနေ ခေါင်းငြိမ့်ပြလိုက်တော့ နဖူးကို ခပ်ဖွဖွလေးနမ်းရှိုက်လာသည် ။

" ကိစ္စ အားလုံးပြီးသွားရင် ငါလည်း မင်းကြားချင်တဲ့ စကားကို ကြိမ်းသေပေါက် ပြောပေးမယ် ဝီရဦးခေါင် "

" မောင် စောင့်နေမယ်နော် "

ဝီရဦးခေါင်က အထဲကို တစ်ခါထဲ ပြန်လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ နေနေ လေကောင်းလေသန့်ရှူချင်သေးတာမို့ ခဏလောက်ဆက်နေပြီးမှ လိုက်လာမယ် ပြောပြီး ရပ်ကျန်နေခဲ့လိုက်တယ် ။

" ထွက်လာလို့ ရပါပြီ ယမင်းငုဝါ "

နေဥတ္တရာ ပြောလိုက်တော့မှ အမှောင်ထဲကနေ အရိပ်တစ်ရိပ် ထွက်လာပြီး နေနေ့ကို ဒေါကြီးမောကြီးနဲ့ ဆောင့်တွန်းလာသည် ။

" သူများလူကို ငမ်းငမ်းတက် လိုချင်တာ နင်မရှက်ဘူးလား နေဥတ္တရာ "

" စကားတွေ မှားနေပြီ ယမင်းငုဝါ သူများ လူ မဟုတ်ဘူး ဝီရဦးခေါင်က အစောထဲက ငါ့လူပါ "

" ဒါဆို အစောထဲက နင်သူ့ဘေးနား နေပေးလေ အခုမှ လာပြီး ငါ့နေရာ ဝင်လုချင်လို့ရမလား "

ယောကျ်ား တစ်ယောက် အတွက်နဲ့ ဒီလောက်ဖြစ်ပျက်နေတဲ့ မိန်းကလေးမျိုးကို အခုမှမြင်ဖူးလို့ နေနေ စိတ်လည်းမကောင်း ။

သူ့ညီမဖြစ်တဲ့ သဒ္ဒါနုငယ် တောင် ဝီရဦးခေါင် ထွက်သွားတဲ့နောက်ပိုင်း သူ့ကို ဘာစိတ်ဒုက္ခမှ မပေးတော့ ။

နောက်တော့ မေမေတို့ ဖေဖေတို့ကပါ အငယ်နှစ်ယောက်နဲ့ အတူတူ ရှိတဲ့အိမ်နဲ့ခြံကိုရောင်းပြီး ပုဂံညောင်ဦး ဘက်ကို အပြီးရွှေ့သွားကြသည် ။

" ဝီရဦးခေါင်ကို ချစ်လား "

" ကိုကို့ကို နင့်ထက်ကို ငါက ပိုချစ်တယ် "

" ဒါဆို ဝီရဦးခေါင်ကရော မင်းကို ချစ်လား "

" .... "

နေနေ မေးတာကို မဖြေနိုင်တော့၍ပဲလား မသိ ယမင်းငုဝါဆိုသည့် ကလေးမက နှုတ်ခမ်းကြီးတစ်ကိုက်ကိုက်နဲ့ မျက်ရည်တွေကျလာပြန်သည် ။

" နင်သာ မရှိရင် ကိုကိုက ငါ့ကို ချစ်လာမှာလေ "

" မလုပ်နဲ့ !! "

ဗွမ်း

" သေလိုက် ပြန်မပေါ်လာနဲ့တော့ ကိုကိုက ငါနဲ့ မင်္ဂလာ ဆောင်မှာ "

ပြောချင်ရာတွေ ပြောပြီး ထွက်သွားသူက နေဥတ္တရာ ရေကူးတတ်တာလည်း သိပုံမရ ။

ဒီမကောင်းတဲ့ ဝီရဦးခေါင်ဆိုတဲ့ ကောင်ကိုပဲ တမ်းတမ်းစွဲ ဖြစ်နေကြတာလည်း ဝဋ်ကျွေးတစ်မျိုးပဲလားမသိ ။ အဲ့ဒီ့ဝဋ်ကျွေးထဲ သူပါပါနေတော့လည်း မတတ်နိုင်ဘူးပေါ့ ။

အရင်ဆုံး အဝတ်အစားတွေ ပြန်လဲရမည်မို့ ဝီရဦးခေါင်ကို message ပို့ကာ သူ့အခန်းဘက်ထွက်လာခဲ့လိုက်သည် ။

သူ့ထက်ပင် ဝီရဦးခေါင်က အခန်းထဲ ကြိုရောက်နေပြီး မျက်မှောင်တွေလည်းကြုတ်ထားသေးတယ် ။

" ဘာလို့ ပြန်မလုပ်လိုက်တာလဲ "

" သူလုပ်တိုင်း ငါက ပြန်လုပ်ရအောင် ကလေးလား "

" ဒါပေမယ့် မောင်မကြိုက်ဘူးလေ နေနေ အခုလို ခံရတာ "

" အဲ့တစ်ယောက်က မင်းကို အရမ်းစွဲလမ်းနေပုံပဲ "

" မောင်က နေနေ့ကိုပဲ ချစ်တာ "

" Dryer ယူပြီး ခေါင်းကို မှုတ်ပေးဦး "

" Ok Babe "

ဝီရဦးခေါင် Dryer သွားယူနေတုန်း နေနေလည်း ဘာရယ် မဟုတ်ဘဲ စားပွဲခုံပေါ်ကဆေးဗူးတွေဆီကို အကြည့်ကရောက်သွားရသည် ။

ငါးနှစ်တောင်ကြာသွားပြီလေ ။ ကျန်းမာရေးက လည်း ကောင်းနေတာကို ဆေးတွေက အခုထိသောက်နေရတာလား ။

အပြင်ပန်းကြည့်ရုံနဲ့ မသင်္ကာတာမို့ ဖွင့်ကြည့်လိုက်တော့ သူထင်တဲ့အတိုင်းကိုဆေးတွေက တခြားနိုင်ငံက  တရားဝင် တားမြစ်ထားတဲ့ ဆေးဝါးတွေဖြစ်နေတာပဲ ။

ဒါကို သူ ပြည်ပခရီးစဥ်မှာ ဒီဆေးအကြောင်းတွေ မြင်ဖူးထားလို့ သိနေတာ ။

အန်တီရို့က လုံးဝကို ရူးနေပြီ ။ ဝီရဦးခေါင်က သူ့သားဆိုတာကိုရော သိသေးရဲ့လား ။

" နေနေ "

" မင်းမာမီကို ငါအခုချက်ချင်း တစ်ခုခုများ မလုပ်လိုက်ရရင် သွေးတက်ပြီး သေတော့မယ် ဝီရဦးခေါင် "

" မောင်လိုက်ခဲ့မယ် "

" နေခဲ့ ! အဝတ်အစား တစ်ခါထဲ ပြင်ထား ပြီးတာနဲ့ ငါနဲ့ တစ်ခါထဲ အိမ်ကို ပြန်လိုက်ခဲ့တော့ "

" ဘောင်းဘီ မဝတ်ထားဘူးလေကွာ "

" အင်္ကျီတောင် ဒီလောက် ပွနေတာ ကို "

" မောင် ကြိုးနဲ့ချီပေးလိုက်မယ်နော် ဒီအတိုင်း တော့ မလွှတ်လိုက်နိုင်ဘူး "

" သဘောဟေ့ သဘော မင်းသဘောပဲ "

" လိမ်မာလိုက်တာ နေနေက "

" အပိုတွေ မပြောနဲ့ နော် ငါပြောသလို လိုအပ်တာတွေ တစ်ခါထဲ ထည့်ထား "

ဆက်ပြီးတော့ သူ့ယောကျ်ားကို ဟိုစုန်းမကြီးနဲ့ အတူတူ မထားနိုင်တော့ဘူး ။

အခက်မသင့်ရင် ဒီဆေးတွေက မှတ်ဥာဏ်တွေပျောက်ဆုံးပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်သွားစေနိုင်တယ်ဆိုတာ စောက်အဘွားကြီးက သိသိရက်နဲ့ ။

ယမင်းငုဝါဆိုတဲ့ မိန်းမကလည်း ဝီရဦးခေါင် ဒီဆေးတွေသောက်နေတာ သိနေမြင်နေမှာကို မတားဘဲကြည့်နေတာပေါ့ ။

ကောင်းတယ် သိပ်ကို ကောင်းတယ် ။ နေဥတ္တရာ အခုချက်ချင်း နှစ်ယောက်လုံးကို မရိုက်လိုက်ရရင်တော့ တစ်သက်လုံးနောင်တတွေ ရနေတော့မှာ ။

အတွေးနဲ့ အတူ နေဥတ္တရာခြေလှမ်းတွေကလည်း အခုထိကျင်းပလို့မပြီးသေးတဲ့ Dinner ပွဲဆီသို့ ဦးတည်နေသည် ။

ခေါင်းကလည်း မခြောက်သေးတဲ့အပြင် သူယူဝတ်ထားတဲ့ ဝီရဦးခေါင်ရဲ့ Polo Shirt ဆင်စွယ်ရောင်ရောင်နဲ့ သနပ်ခါးရောင် ဘောင်းလီအပွကြီးကြောင့်နေနေ့မှာ ရေနစ်နေတဲ့ ကြွက်စုတ်ကလေးလို ကပိုကရိုလေးဖြစ်နေသေးတာ ။

လက်ထဲမှာလည်း အခန်းတွင်း အနံ့သက်ကောင်းအောင် ဖြန်းတဲ့ ဒူးရင်းသီးအနံ့ စပရေးဗူးကြီးက
ကိုင်လျက်သားလေးပင် ။

အခန်းရှေ့ရောက်တာနဲ့ သူ့ကို အရင်ဆုံး စမြင်တာက အန်တီရို့ နဲ့စကားပြောနေတဲ့ အကိုရည်ရွယ်လင်းသစ်ဖြစ်ပြီး နေနေ့ပုံစံကို ကြည့်ပြီး ပါးစပ်လေးအဟောင်းသားဖြစ်နေပုံ ရသည် ။

" အကို ဘေးဖယ်နေးးးးးးးးးး "

" နေဥတ္တရာ! !!!! "

ရွှီးးးးးးးးးးးးးးးးးးးးးး ။

" အဟွတ် အဟွတ် "

" နင်! နင် ဘာလုပ် "

ရွှီးးးးးးးးးးးးးးးးးးးးးးးး ။

" အာ့ အဟွတ် အဟွတ် "

" အကို ကျွန်တော့်နောက်လာခဲ့ "

အကုန်လုံး ပွက်လောရိုက်ကုန်ကာ ဒူးရင်းသီး နံ့ရလို့မူးလဲသူတွေကတစ်မျိုး နေနေ့ စပရေးကြောင့် အန်တီရို့နဲ့ ယမင်းငုဝါကလည်း ချောင်းတွေထဆိုးသည် ။

" နေနေ ဘာတွေဖြန်းလိုက်တာလဲ "

" ဒီနေရာက အပုပ်နံ့လှိုင်နေလို့ အနံ့သက်ကောင်းအောင် လာဖြန်းပေးတာလေ "

" မကောင်းဆိုးဝါးကောင် မင်းယုတ်မာလှချည်လား "

" ကျွန်တော်က မကောင်းဆိုးဝါးဆို ခင်ဗျား တို့နှစ်ယောက် လုံးက စုန်းမအိုကြီးတွေဆိုတာသိရဲ့လား "

" နင်! "

" ဝီရဦးခေါင်ကို ကျွန်တော့်ဆီပြန်လာမှာ ကြောက်တာနဲ့ ပဲ တစ်ဖက်နိုင်ငံက တရားဝင်တားမြစ်ထားတဲ့ ဆေးဝါးတွေ ကို သူသောက်ရမဲ့ဆေးတွေပါဆိုပြီး လိမ်ညာတိုက်တာရော ကောင်းတဲ့ အပြုအမူပါလား ဒေါ်ဆူးနှင်းဆီ "

ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ထိသွား၍ပဲလား မသိ ယမင်းငုဝါပါမျက်နှာပျက်သွားပြီဖြစ်သည် ။

" နင်ကရော အနည်းဆုံး တော့ နင် ယူရမဲ့
ယောကျ်ားအပေါ် စစ်မှန်ရမှာ မဟုတ်ဘူးလား ယမင်းငုဝါ နင်ကပါ ဒီစုန်းမကြီး ဘာတွေလုပ်နေလဲသိရက်နဲ့ တားမယ် မရှိဘူး ဒါလား ဝီရဦးခေါင်ကိုချစ်တယ်ဆိုတာ "

" နင်ကရော ဘာတွေကောင်းနေလို့လဲ "

" နင်ရော အန်တီရို့ ထက်ရော ငါကကောင်းလွန်းလို့ ဝီရဦးခေါင်က ငါမှငါဖြစ်နေတာ မဟုတ်ဘူး လား "

ပါးစပ်ကနေ ဘယ်လိုကဘယ်လိုတောင်ထွက်သွားမှန်း မသိတော့ဘဲ နေနေကတော့ မျက်စိရှေ့က နှစ်ယောက်ကိုဖြဲစုတ်ချင်တာပဲ သိတော့တယ်။

" နင် ဒါဘာလုပ်တာလဲ အန်တီ တားပါဦး သူ "

" နေဥတ္တရာ နင်မမိုက်ရိုင်းနဲ့ "

" ငါပိုင်တဲ့ငါ့နေရာကို အရင်လာလုတာ နင်တို့မဟုတ်ဘူးလား "

ပါးစပ်က လည်းပြော နေဥတ္တရာ လက်တွေကလည်း ခုံပေါ်က မင်္ဂလာဆောင် ဖိတ်စာမှန်သမျှ ပုံးအလွတ်ထဲ အကုန်ထည့်ကာ ဖယောင်းတိုင် တစ်တိုင်မီးညှိပြီး ပစ်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် ယမင်းငုဝါ မှာ မေ့လဲကျသွားတော့သည် ။

သူတို့သာ မသိခဲ့တာပါ ။ ဝီရဦးခေါင်က အရင်ကရော အခုရော သူ့လူပဲဖြစ်ခဲ့တာ ။

သူက သူပိုင်တဲ့ သူ့နေရာကို ပြန်ယူရုံပါပဲ ။

//

Garlic
11/12/23





Zawgyi

တစ္သက္လုံး မၾကားရေတာ့ဘူး လို႔ မွတ္ယူထားတဲ့ စကားတစ္ခြန္း ကို အခုလိုအခိုက္တန့္မွာ ၾကားလိုက္ရတာမို႔ ေနဥတၱရာ စိတ္နဲ႕ကိုယ္နဲ႕ မကပ္ေတာ့ပါ ။

သူ႕ကို ဝီရဦးေခါင္ ဆိုတဲ့ မေကာင္းတဲ့ေကာင္က ခ်စ္တယ္တဲ့ ။ ေမာင္ လို႔ေတာင္ အဲ့ဒီမေကာင္းတဲ့ေကာင္ကေလးက နာမ္စားသုံးလိုက္ေသးတယ္ ။

ေနေန႕မွာ ရင္ခုန္ရမလား ရင္တုန္ရမလားလည္းမသိေတာ့ပါ။ၿပီးေတာ့ သူသိတာ ဝီရဦးေခါင္က သူ႕ကို အၿမဲတမ္း မုန္းေနခဲ့တာ မဟုတ္ဘူးလား ။

အခုမွ ဘာလို႔ ႐ုတ္တရက္ႀကီး ခ်စ္တယ္လို႔ ထေျပာရတာတုန္း ။အန္တီရို႔ ရဲ႕ စနက္ေၾကာင့္ ဝီရဦးေခါင္ အခုလိုေတြလုပ္ၿပီးသူ႕ကို လာအီေနတာမ်ားလား ။

" တစ္ေယာက္ထဲ ေခါင္းယမ္းလိုက္ ေခါင္းခါလိုက္နဲ႕ အ႐ူးေလးက်ေနေရာ "

ဘာျပန္ေျပာရမွန္းမသိ၍ မ်က္ေစာင္းတစ္ခ်က္သာထိုးေပးလိုက္သည္ ။

" အတည္ေျပာတာပါ ေမာင္ မညာပါဘူး ေနေန "

ေနေန႕ပါးစပ္ကလည္း ေကာ္နဲ႕ ကပ္ထားသလိုျဖစ္ေနကာ ဘာတစ္ခြန္းမွပင္ထြက္မလာခဲ့ ။

" ေမာင္ မင္းကို ခ်စ္တယ္ ေျပာေနတာကို ဒီလိုႀကီးပဲ ေမာင့္ကို ၾကည့္မေနပါနဲ႕ "

" မဟုတ္ဘူး ငါ ခဏ ။ ခဏေလာက္ ေနပါဦး "

" ဟင့္အင္း ေမာင္ မင္းနဲ႕ အတူတူရွိခ်င္တယ္ "

" ႐ူးေနတာလား ဝီရဦးေခါင္ "

" ဘယ္အ႐ူးက သူ႕ကိုယ္သူ ေမာင္လို႔ ေျပာလို႔လဲ "

" မင္းလို အ႐ူးကေတာ့ ေျပာခ်င္ေျပာမွာေပါ့ "

" ခင္ဗ်ား ကေလ အေကာင္းကို ေျပာလို႔ မရဘူး ေမာင္ စိတ္မေကာင္းျဖစ္သြားၿပီ "

" သိရင္ ၿပီးတာပဲ "

" ဂ်စ္တစ္တစ္နဲ႕ ဖက္နမ္းလိုက္ရရင္ေတာ့ ေမာင္လြန္တယ္ ျဖစ္ေတာ့မယ္ "

" လူရမ္းကား "

" ေနေနတစ္ေယာက္ထဲကိုပဲ ေမာင္ကရမ္းကားတာ "

" အ႐ူး "

ေတြ႕လား အ႐ူးလို႔ေျပာလိုက္ေတာ့လည္း သူ႕ဟာသူ ဘာေတြသေဘာက်ၿပီး ရယ္ေနမွန္း မသိ။ ဝီရဦးေခါင္ တစ္ေယာက္ကေတာ့ တစ္ကယ္ကို ႐ူးေနပါၿပီ ။

" ေမာင္ မဂၤလာ ပြဲကို ဖ်က္လိုက္ေတာ့မယ္ "

ပါးစပ္ကသာ လြယ္လြယ္ကူကူေျပာလိုက္ေပမဲ့ ထင္သေလာက္မလြယ္မွန္း ဝီရဦးေခါင္ရဲ႕ တြန့္ခ်ိဳးေနတဲ့ မ်က္ေမွာင္ေတြက သက္ေသတည္ေနတာမို႔ ေနေနလည္း ဖိအားမေပးခ်င္ပါ ။

" မင္းသေဘာ "

" ေမာင့္သေဘာ ျဖစ္ရမွာေလ ေနေနရာ မမိုက္ဘူးေနာ္ "

" မင္း ျပန္သတိရလာၿပီလား "

" နည္းနည္းပါးပါး ေလာက္ပါ အေစာႀကီးထဲက မေမ့သြားတာမ်ိဳးလား ေတာ့ မသိဘူး "

" မေကာင္းတဲ့ေကာင္ပဲ "

ဟုတ္တယ္ေလ နည္းနည္းပါးပါး မွတ္မိလည္း မွတ္မိေၾကာင္း ေျပာျပရမွာကို ။

" အတည္ေျပာေနတာ ေနေန ။ ခ်စ္တယ္ဆိုတဲ့ စကားကိုလည္း ေမာင္စိတ္ရင္းအမွန္နဲ႕ ေျပာေနတာ က်ိန္ဆိုက်ိန္ရဲတယ္ "

" ေပါက္ကရေတြ က်ိန္တာက လိမ္တာနဲ႕ အတူတူပဲ "

" ေမာင့္ကို မေလွာင္စမ္းနဲ႕ ေနေန "

ေနေန႕ဘာသာ ကိုယ့္ဟာကိုယ္ သေဘာက်လိဳ႕ ရယ္လည္းမရ ။ သူ႕ကိုေလွာင္တယ္ျဖစ္သြားေရာ ။

ေဘးက ေကာင္က ဘာမွမေသာက္ထားဘဲနဲ႕ကို တမင္သက္သက္လာရစ္ေနတာပဲ ။

" ေနေန မရယ္နဲ႕ကြာ "

" လြန္ခဲ့တဲ့ ငါးႏွစ္က မင္းအျပင္ခဏဆိုၿပီး ထြက္သြားတာ အဲ့ဒါ ဘယ္ကိုလဲ ၿပီးေတာ့ ဘယ္သူနဲ႕ ေတြ႕ခဲ့တာလဲ ငါ့ကို မွန္မွန္ေျပာ ဝီရဦးေခါင္ "

" ခင္ဗ်ား အတြက္ လက္ေဆာင္ သြားဝယ္တာေလ "
လက္ေဆာင္ဆိုမွ ဘီးကုပ္နဲ႕ ဘီးေလးကို အိတ္ထဲကေနအျမန္ထုတ္ၿပီး ဝီရဦးေခါင္ လက္ထဲထိုးေပးလိုက္သည္ ။

သြားေလရာေနရာတိုင္းကို ေနေနကဒီပစၥည္းေလးႏွစ္ခုေတာ့အၿမဲပါေအာင္ယူလာေလ့ရွိတယ္ ။

" အခုထိ သိမ္းထားတုန္းလား ေနေန "

" ႏွစ္ခုလုံးက ပန္းေရာင္ခ်ည္းပဲ "

" ေမာင္ ႀကိဳက္တဲ့အေရာင္ေလ "

" အင္းေလ မင္းႀကိဳက္တာ မင္းေ႐ြးဝယ္လာတာ "

" ေနေနနဲ႕လည္း လိုက္တဲ့အေရာင္မို႔ပါ "

" လူလိမ္ "

" ေဟာဗ်ာ ေမာင္က အမွန္တိုင္း ေျပာတာကို "

" ဒီကိုလာ "

ေနဥတၱရာ လက္ဆန့္ေပးထားတာကို မယုံၾကည္သလို သူေၾကာင့္ ေမးဆတ္ျပလိုက္ေတာ့မွ တဟားဟား ရယ္ၿပီး ရင္ခြင္ထဲေခါင္းတိုး ဝင္လာသည္။

" ဒီႏွစ္ေတြထဲ အဆင္ေျပေနလို႔ ေတာ္ေသးတာေပါ့ "

" ေမာင္က ေျပပါတယ္ တစ္ခါတေလ က်ရင္ေတာ့ ေနေနပါတဲ့ အိပ္မက္ေတြမက္တယ္ "

ဖက္သာဖက္ထားေပးရေပမဲ့ ေနေနက သူ႕ခႏၶာကိုယ္ႀကီးကို အျပည့္အဝဖက္လို႔ မရဘဲ ေက်ာကုန္းကိုပုတ္ေပး႐ုံေလာက္သာရယ္ ။ ဒါေပမဲ့ ဝီရဦးေခါင္ကေတာ့ ေနေန႕ခါးကိုေသခ်ာေလးကိုမွခပ္တင္းတင္းဖက္တြယ္ထားရွာသည္ ။

" မင္းနဲ႕ငါက တစ္ေယာက္ နဲ႕ တစ္ေယာက္ မတည့္ၾကဘူး ဝီရဦးေခါင္ ။ မင္းကလည္း ငါ့ကိုဆို မင္းဒယ္ဒီနဲ႕ေဖာက္ျပန္တဲ့သူဆိုၿပီး အသားလြတ္မုန္းေနတာ အစပိုင္းေလာက္တုန္းကေလ ။ ငါကလည္း မင္းက ငါ့ကို အဲ့လိုေတြ ရန္စလိုက္ျပႆနာရွာလိုက္ဆိုေတာ့ ငါ့ဘက္ကလည္းမင္းဆိုရင္ကို မ်က္မုန္းက်ိဳးေနခဲ့တာ "

" အခုေရာ "

" ဟင္ "

" အခုေရာ ေမာင့္ကို မ်က္မုန္းက်ိဳးေသးလားလို႔ ေနေနက "

ကေလးေတြလို သူ႕ကို တဂ်ီဂ်ီ လုပ္ေနတဲ့ေကာင္ကိုေနေန ေခါင္းေခါက္ပစ္လိုက္ခ်င္ေပမဲ့ အတိတ္ေမ့ေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္ကေလးေၾကာင့္
မလုပ္ရက္ပါ ။

" ဘယ္လိုျဖစ္လို႔ လူဒီေလာက္ကပ္ေနတာလဲ "

" မသိဘူးကြာ ေမာင္ေတာ့ အတူတူ ေနခ်င္တာပဲ သိတယ္ "

" ယမင္းငုဝါနဲ႕ သြားေန "

" ေနေနက ကြာ ဘယ္လိုျဖစ္လို႔ သူ႕အေၾကာင္း က ပါလာတာလဲ ေမာင္က ေမာင္တို႔ အေၾကာင္းပဲ ေျပာေနတာကို "

" မင္းပဲ ငါက မင္းလက္ထပ္မဲ့သတို႔သမီးကို ၾကည့္လို႔ဆိုၿပီး ငါ့ကို ထိုးခ်င္ေနတာ မလား "

" အင္း ထိုးခ်င္တာ "

" ဘာ "

" လက္သီးနဲ႕ ေတာ့ မဟုတ္ဘူး "

" မင္း! "

ၿပဳံးစစနဲ႕ သူ႕ေဘာင္းဘီဇစ္ေနရာကို မ်က္စပစ္ျပလာတာမို႔ ေနေနပါးေတြပူတက္လာသည္ ။

ဒီေခြးေကာင္က စကားကိုဘယ္လိုေတြေျပာေနမွန္း မသိ ။

" စတာ စတာ ။ ေမာင္ အဲ့တုန္းက သူ႕ကို သဝန္တိုလို႔ မဟုတ္ဘူး ေနေန႕ကို သဝန္တိုလို႔ ေျပာလိုက္တာ "

" မယုံပါဘူး ေနာ္ "

" ယုံပါကြာ ေမာင္ အမွန္တိုင္းေျပာတာကို "

" ငါနဲ႕ အတူပါလာတဲ့ သူက မင္းဒယ္ဒီရဲ႕ အခ်စ္ဦး ရည္႐ြယ္လင္းသစ္လို႔ေခၚတယ္ ဝီရဦးေခါင္ "

" ဒယ္ဒီ! ဦးဂုဏ္ရွိန္မင္းေခါင္ "

" မင္း မာမီခိုင္းလို႔ မေသမခ်င္း ကားနဲ႕တိုက္သတ္တာကို ခံခဲ့ရတာေလ ။ ကံေကာင္းလို႔ မေသဘဲ ႏွစ္ခ်ီေနေအာင္ ကိုမာဝင္ခဲ့တာ ခုမွ ျပန္နိုးလာတာ ေျခာက္ႏွစ္ေလာက္ပဲ ရွိေသးတယ္ "

" မာမီကလား "

" ငါနဲ႕ သားကို ေ႐ြးမယ္ဆိုရင္ေတာ့ မင္းမာမီအေပၚ မင္းလုံးဝ ျပတ္သားဖို႔ လိုမယ္ေနာ္ ဝီရဦးေခါင္ "

" ေနေန ေျပာသလိုပဲ လြန္ခဲ့တဲ့ ငါးႏွစ္ထဲက ေမာင္က ခင္ဗ်ားနဲ႕ သားကို ေ႐ြးထားၿပီးသားပါ "

သူ႕လက္ကို ပါးျပင္မွာ အပ္ၿပီး ဆိုလာသူအား
ေနေန ေခါင္းၿငိမ့္ျပလိုက္ေတာ့ နဖူးကို ခပ္ဖြဖြေလးနမ္းရွိုက္လာသည္ ။

" ကိစၥ အားလုံးၿပီးသြားရင္ ငါလည္း မင္းၾကားခ်င္တဲ့ စကားကို ႀကိမ္းေသေပါက္ ေျပာေပးမယ္ ဝီရဦးေခါင္ "

" ေမာင္ ေစာင့္ေနမယ္ေနာ္ "

ဝီရဦးေခါင္က အထဲကို တစ္ခါထဲ ျပန္လိုက္ခဲ့ဖို႔ ေခၚေပမဲ့ ေနေန ေလေကာင္းေလသန့္ရႉခ်င္ေသးတာမို႔ ခဏေလာက္ဆက္ေနၿပီးမွ လိုက္လာမယ္ ေျပာၿပီး ရပ္က်န္ေနခဲ့လိုက္တယ္ ။

" ထြက္လာလို႔ ရပါၿပီ ယမင္းငုဝါ "

ေနဥတၱရာ ေျပာလိုက္ေတာ့မွ အေမွာင္ထဲကေန အရိပ္တစ္ရိပ္ ထြက္လာၿပီး ေနေန႕ကို ေဒါႀကီးေမာႀကီးနဲ႕ ေဆာင့္တြန္းလာသည္ ။

" သူမ်ားလူကို ငမ္းငမ္းတက္ လိုခ်င္တာ နင္မရွက္ဘူးလား ေနဥတၱရာ "

" စကားေတြ မွားေနၿပီ ယမင္းငုဝါ သူမ်ား လူ မဟုတ္ဘူး ဝီရဦးေခါင္က အေစာထဲက ငါ့လူပါ "

" ဒါဆို အေစာထဲက နင္သူ႕ေဘးနား ေနေပးေလ အခုမွ လာၿပီး ငါ့ေနရာ ဝင္လုခ်င္လို႔ရမလား "

ေယာက်္ား တစ္ေယာက္ အတြက္နဲ႕ ဒီေလာက္ျဖစ္ပ်က္ေနတဲ့ မိန္းကေလးမ်ိဳးကို အခုမွျမင္ဖူးလို႔ ေနေန စိတ္လည္းမေကာင္း ။

သူ႕ညီမျဖစ္တဲ့ သဒ္ဒါနုငယ် ေတာင္ ဝီရဦးေခါင္ ထြက္သြားတဲ့ေနာက္ပိုင္း သူ႕ကို ဘာစိတ္ဒုကၡမွ မေပးေတာ့ ။

ေနာက္ေတာ့ ေမေမတို႔ ေဖေဖတို႔ကပါ အငယ္ႏွစ္ေယာက္နဲ႕ အတူတူ ရွိတဲ့အိမ္နဲ႕ၿခံကိုေရာင္းၿပီး ပုဂံေညာင္ဦး ဘက္ကို အၿပီးေ႐ႊ႕သြားၾကသည္ ။

" ဝီရဦးေခါင္ကို ခ်စ္လား "

" ကိုကို႔ကို နင့္ထက္ကို ငါက ပိုခ်စ္တယ္ "

" ဒါဆို ဝီရဦးေခါင္ကေရာ မင္းကို ခ်စ္လား "

" .... "

ေနေန ေမးတာကို မေျဖနိုင္ေတာ့၍ပဲလား မသိ ယမင္းငုဝါဆိုသည့္ ကေလးမက ႏႈတ္ခမ္းႀကီးတစ္ကိုက္ကိုက္နဲ႕ မ်က္ရည္ေတြက်လာျပန္သည္ ။

" နင္သာ မရွိရင္ ကိုကိုက ငါ့ကို ခ်စ္လာမွာေလ "

" မလုပ္နဲ႕ !! "

ဗြမ္း

" ေသလိုက္ ျပန္မေပၚလာနဲ႕ေတာ့ ကိုကိုက ငါနဲ႕ မဂၤလာ ေဆာင္မွာ "

ေျပာခ်င္ရာေတြ ေျပာၿပီး ထြက္သြားသူက ေနဥတၱရာ ေရကူးတတ္တာလည္း သိပုံမရ ။

ဒီမေကာင္းတဲ့ ဝီရဦးေခါင္ဆိုတဲ့ ေကာင္ကိုပဲ တမ္းတမ္းစြဲ ျဖစ္ေနၾကတာလည္း ဝဋ္ေကြၽးတစ္မ်ိဳးပဲလားမသိ ။ အဲ့ဒီ့ဝဋ္ေကြၽးထဲ သူပါပါေနေတာ့လည္း မတတ္နိုင္ဘူးေပါ့ ။

အရင္ဆုံး အဝတ္အစားေတြ ျပန္လဲရမည္မို႔ ဝီရဦးေခါင္ကို message ပို႔ကာ သူ႕အခန္းဘက္ထြက္လာခဲ့လိုက္သည္ ။

သူ႕ထက္ပင္ ဝီရဦးေခါင္က အခန္းထဲ ႀကိဳေရာက္ေနၿပီး မ်က္ေမွာင္ေတြလည္းၾကဳတ္ထားေသးတယ္ ။

" ဘာလို႔ ျပန္မလုပ္လိုက္တာလဲ "

" သူလုပ္တိုင္း ငါက ျပန္လုပ္ရေအာင္ ကေလးလား "

" ဒါေပမယ့္ ေမာင္မႀကိဳက္ဘူးေလ ေနေန အခုလို ခံရတာ "

" အဲ့တစ္ေယာက္က မင္းကို အရမ္းစြဲလမ္းေနပုံပဲ "

" ေမာင္က ေနေန႕ကိုပဲ ခ်စ္တာ "

" Dryer ယူၿပီး ေခါင္းကို မႈတ္ေပးဦး "

" Ok Babe "

ဝီရဦးေခါင္ Dryer သြားယူေနတုန္း ေနေနလည္း ဘာရယ္ မဟုတ္ဘဲ စားပြဲခုံေပၚကေဆးဗူးေတြဆီကို အၾကည့္ကေရာက္သြားရသည္ ။

ငါးႏွစ္ေတာင္ၾကာသြားၿပီေလ ။ က်န္းမာေရးက လည္း ေကာင္းေနတာကို ေဆးေတြက အခုထိေသာက္ေနရတာလား ။

အျပင္ပန္းၾကည့္႐ုံနဲ႕ မသကၤာတာမို႔ ဖြင့္ၾကည့္လိုက္ေတာ့ သူထင္တဲ့အတိုင္းကိုေဆးေတြက တျခားနိုင္ငံက  တရားဝင္ တားျမစ္ထားတဲ့ ေဆးဝါးေတြျဖစ္ေနတာပဲ ။

ဒါကို သူ ျပည္ပခရီးစဥ္မွာ ဒီေဆးအေၾကာင္းေတြ ျမင္ဖူးထားလို႔ သိေနတာ ။

အန္တီရို႔က လုံးဝကို ႐ူးေနၿပီ ။ ဝီရဦးေခါင္က သူ႕သားဆိုတာကိုေရာ သိေသးရဲ႕လား ။

" ေနေန "

" မင္းမာမီကို ငါအခုခ်က္ခ်င္း တစ္ခုခုမ်ား မလုပ္လိုက္ရရင္ ေသြးတက္ၿပီး ေသေတာ့မယ္ ဝီရဦးေခါင္ "

" ေမာင္လိုက္ခဲ့မယ္ "

" ေနခဲ့ ! အဝတ္အစား တစ္ခါထဲ ျပင္ထား ၿပီးတာနဲ႕ ငါနဲ႕ တစ္ခါထဲ အိမ္ကို ျပန္လိုက္ခဲ့ေတာ့ "

" ေဘာင္းဘီ မဝတ္ထားဘူးေလကြာ "

" အကၤ်ီေတာင္ ဒီေလာက္ ပြေနတာ ကို "

" ေမာင္ ႀကိဳးနဲ႕ခ်ီေပးလိုက္မယ္ေနာ္ ဒီအတိုင္း ေတာ့ မလႊတ္လိုက္နိုင္ဘူး "

" သေဘာေဟ့ သေဘာ မင္းသေဘာပဲ "

" လိမ္မာလိုက္တာ ေနေနက "

" အပိုေတြ မေျပာနဲ႕ ေနာ္ ငါေျပာသလို လိုအပ္တာေတြ တစ္ခါထဲ ထည့္ထား "

ဆက္ၿပီးေတာ့ သူ႕ေယာက်္ားကို ဟိုစုန္းမႀကီးနဲ႕ အတူတူ မထားနိုင္ေတာ့ဘူး ။

အခက္မသင့္ရင္ ဒီေဆးေတြက မွတ္ဥာဏ္ေတြေပ်ာက္ဆုံးၿပီး အသက္အႏၱရာယ္ကိုေတာင္ ထိခိုက္သြားေစနိုင္တယ္ဆိုတာ ေစာက္အဘြားႀကီးက သိသိရက္နဲ႕ ။

ယမင္းငုဝါဆိုတဲ့ မိန္းမကလည္း ဝီရဦးေခါင္ ဒီေဆးေတြေသာက္ေနတာ သိေနျမင္ေနမွာကို မတားဘဲၾကည့္ေနတာေပါ့ ။

ေကာင္းတယ္ သိပ္ကို ေကာင္းတယ္ ။ ေနဥတၱရာ အခုခ်က္ခ်င္း ႏွစ္ေယာက္လုံးကို မရိုက္လိုက္ရရင္ေတာ့ တစ္သက္လုံးေနာင္တေတြ ရေနေတာ့မွာ ။

အေတြးနဲ႕ အတူ ေနဥတၱရာေျခလွမ္းေတြကလည္း အခုထိက်င္းပလို႔မၿပီးေသးတဲ့ Dinner ပြဲဆီသို႔ ဦးတည္ေနသည္ ။

ေခါင္းကလည္း မေျခာက္ေသးတဲ့အျပင္ သူယူဝတ္ထားတဲ့ ဝီရဦးေခါင္ရဲ႕ Polo Shirt ဆင္စြယ္ေရာင္ေရာင္နဲ႕ သနပ္ခါးေရာင္ ေဘာင္းလီအပြႀကီးေၾကာင့္ေနေန႕မွာ ေရနစ္ေနတဲ့ ႂကြက္စုတ္ကေလးလို ကပိုကရိုေလးျဖစ္ေနေသးတာ ။

လက္ထဲမွာလည္း အခန္းတြင္း အနံ႕သက္ေကာင္းေအာင္ ျဖန္းတဲ့ ဒူးရင္းသီးအနံ႕ စပေရးဗူးႀကီးက
ကိုင္လ်က္သားေလးပင္ ။

အခန္းေရွ႕ေရာက္တာနဲ႕ သူ႕ကို အရင္ဆုံး စျမင္တာက အန္တီရို႔ နဲ႕စကားေျပာေနတဲ့ အကိုရည္႐ြယ္လင္းသစ္ျဖစ္ၿပီး ေနေန႕ပုံစံကို ၾကည့္ၿပီး ပါးစပ္ေလးအေဟာင္းသားျဖစ္ေနပုံ ရသည္ ။

" အကို ေဘးဖယ္ေနးးးးးးးးးး "

" ေနဥတၱရာ! !!!! "

႐ႊီးးးးးးးးးးးးးးးးးးးးးး ။

" အဟြတ္ အဟြတ္ "

" နင္! နင္ ဘာလုပ္ "

႐ႊီးးးးးးးးးးးးးးးးးးးးးးးး ။

" အာ့ အဟြတ္ အဟြတ္ "

" အကို ကြၽန္ေတာ့္ေနာက္လာခဲ့ "

အကုန္လုံး ပြက္ေလာရိုက္ကုန္ကာ ဒူးရင္းသီး နံ႕ရလို႔မူးလဲသူေတြကတစ္မ်ိဳး ေနေန႕ စပေရးေၾကာင့္ အန္တီရို႔နဲ႕ ယမင္းငုဝါကလည္း ေခ်ာင္းေတြထဆိုးသည္ ။

" ေနေန ဘာေတြျဖန္းလိုက္တာလဲ "

" ဒီေနရာက အပုပ္နံ႕လွိုင္ေနလို႔ အနံ႕သက္ေကာင္းေအာင္ လာျဖန္းေပးတာေလ "

" မေကာင္းဆိုးဝါးေကာင္ မင္းယုတ္မာလွခ်ည္လား "

" ကြၽန္ေတာ္က မေကာင္းဆိုးဝါးဆို ခင္ဗ်ား တို႔ႏွစ္ေယာက္ လုံးက စုန္းမအိုႀကီးေတြဆိုတာသိရဲ႕လား "

" နင္! "

" ဝီရဦးေခါင္ကို ကြၽန္ေတာ့္ဆီျပန္လာမွာ ေၾကာက္တာနဲ႕ ပဲ တစ္ဖက္နိုင္ငံက တရားဝင္တားျမစ္ထားတဲ့ ေဆးဝါးေတြ ကို သူေသာက္ရမဲ့ေဆးေတြပါဆိုၿပီး လိမ္ညာတိုက္တာေရာ ေကာင္းတဲ့ အျပဳအမူပါလား ေဒၚဆူးႏွင္းဆီ "

ခဲတစ္လုံးထဲနဲ႕ ငွက္ႏွစ္ေကာင္ထိသြား၍ပဲလား မသိ ယမင္းငုဝါပါမ်က္ႏွာပ်က္သြားၿပီျဖစ္သည္ ။

" နင္ကေရာ အနည္းဆုံး ေတာ့ နင္ ယူရမဲ့
ေယာက်္ားအေပၚ စစ္မွန္ရမွာ မဟုတ္ဘူးလား ယမင္းငုဝါ နင္ကပါ ဒီစုန္းမႀကီး ဘာေတြလုပ္ေနလဲသိရက္နဲ႕ တားမယ္ မရွိဘူး ဒါလား ဝီရဦးေခါင္ကိုခ်စ္တယ္ဆိုတာ "

" နင္ကေရာ ဘာေတြေကာင္းေနလို႔လဲ "

" နင္ေရာ အန္တီရို႔ ထက္ေရာ ငါကေကာင္းလြန္းလို႔ ဝီရဦးေခါင္က ငါမွငါျဖစ္ေနတာ မဟုတ္ဘူး လား "

ပါးစပ္ကေန ဘယ္လိုကဘယ္လိုေတာင္ထြက္သြားမွန္း မသိေတာ့ဘဲ ေနေနကေတာ့ မ်က္စိေရွ႕က ႏွစ္ေယာက္ကိုၿဖဲစုတ္ခ်င္တာပဲ သိေတာ့တယ္။

" နင္ ဒါဘာလုပ္တာလဲ အန္တီ တားပါဦး သူ "

" ေနဥတၱရာ နင္မမိုက္ရိုင္းနဲ႕ "

" ငါပိုင္တဲ့ငါ့ေနရာကို အရင္လာလုတာ နင္တို႔မဟုတ္ဘူးလား "

ပါးစပ္က လည္းေျပာ ေနဥတၱရာ လက္ေတြကလည္း ခုံေပၚက မဂၤလာေဆာင္ ဖိတ္စာမွန္သမွ် ပုံးအလြတ္ထဲ အကုန္ထည့္ကာ ဖေယာင္းတိုင္ တစ္တိုင္မီးညွိၿပီး ပစ္ထည့္လိုက္တာနဲ႕ တစ္ၿပိဳင္နက္ ယမင္းငုဝါ မွာ ေမ့လဲက်သြားေတာ့သည္ ။

သူတို႔သာ မသိခဲ့တာပါ ။ ဝီရဦးေခါင္က အရင္ကေရာ အခုေရာ သူ႕လူပဲျဖစ္ခဲ့တာ ။

သူက သူပိုင္တဲ့ သူ႕ေနရာကို ျပန္ယူ႐ုံပါပဲ ။

//

Garlic
11/12/23





Ipagpatuloy ang Pagbabasa

Magugustuhan mo rin

224K 36.9K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
295K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...