Loco

By lov_n_e

6.9K 703 87

ကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo] More

Intro
1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18

8

307 45 8
By lov_n_e

စေ့စပ်ပွဲရှိရာအခမ်းအနားနေရာမှာ လူတွေအပြည့် နဲ့ အကုန်ပြည့်စုံနေပေမဲ့ မရှိတာက သမီးရှင်နဲ့ သမီးရှင်မိဘတွေသာဖြစ်သည် လူတွေကထိုင်နေကြပေမဲ့ ဘယ်ကာယံကံရှင်မှမထွက်လာလို့ စိတ်များထင့်နေကြသည်

အခမ်းအနားအပြင်က Jisooဟာ ခမ်းမထဲကလူအပြည့်ကိုကြည့်ပြီး ရင်လေးသွားရသည် ပြန်လှည့်ထွက်လာပြီး ကားပေါ်ပြန်တက်ကာ သူတို့နေအိမ်ကိုအရှိန်တင်မောင်းတော့၏။

အိမ်နားရောက်သောအခါ သူ၏မိဘတွေကစောင့်လို့နေသည် မျက်နှာပေါ်မှာလဲ အပြုံးတွေအစား ပူပင်သောက‌တွေပဲကပ်လို့နေသည်

"မရဘူးDaddy တစ်ခုခုလုပ်မှဖြစ်မယ်"

"ကျစ် ဘာလုပ်ရမလဲ"

ထိုအချိန် Mr.Jane ၏ဖုန်းဝင်လာသည် သမက်လေးဆိုသည့် Contact Nameနဲ့လူမလို့ ဖုန်းကိုင်လိုက်ပေမဲ့ အားလုံးဟာရင်တမမနဲ့။ ကောင်းသောအဖြေကိုပဲ အားလုံးမျှော်နေမိသည်

"ရှာတွေ့လား Jennieကို"

"ဟင့်အင် ကျွန်တော်စိတ်တွေပူလာပြီဗျာ တခြားအလုပ်သမားတွေကိုရော ကျွန်တော်ကိုယ်တိုင်ပါရှာနေတာ အခုထိမတွေ့သေးဘူး"

ညတည်းကပျောက်သွားတာမလို့ တစ်ခုခုဖြစ်သွားလား အကုန်လုံးစိတ်ပူနေကြသည် စေ့စပ်ပွဲကနောက်ထားလိုက်ပြီး အသက်ရှင်မရှင်ကိုပဲသိရအောင် လိုက်ရှာနေကြပေမဲ့ သူတို့ရှာနေကြတဲ့ မိန်းမငယ်လေးဟာ အစွန်းအစတောင်ရှာမရ။

"ရဲတွေကရော တွေ့ကြပြီလား"

"သူတို့လဲ ကျွန်တော်တို့လိုပါပဲ"

Jisoo နဲ့ Mrs.Janeဟာ သက်ပျင်းအရှည်ကြီးချလိုက်သည် အခုလုပ်ဖို့ဟာက Jisoo ခမ်းမကိုပြန်သွားဖို့ပါပဲ သူ့ရဲ့လက်ပတ်နာရီကိုကြည့်လိုက်တော့ မနက်9နာရီ15မိနစ်ဖြစ်နေပြီလေ

ကားကိုခပ်မြန်မြန်မောင်းခဲ့ကာ ခမ်းမထဲသို့ တုန်တုန်ရီရီဝင်သွားလိုက်ပြီး ဘုန်းတော်ကြီးနေရာမှာ နေရာယူကာ MICကိုဆွဲကိုင်လိုက်ပြီး အသံပေးလိုက်သည်

"Hello ကျွန်မက သမီးရှင်ရဲ့အစ်မဖြစ်တဲ့ Kim Jisoo ပါ ကြွရောက်လာသော လူကြီးမင်းများကို ကျေးဇူးအထူးတင်ပါတယ် ပြီးတော့လဲ အနူးအညွန့်တောင်းပန်ပါတယ်"

Jisoo ဟာ ပြောလက်စစကားကိုရပ်လိုက်ပြီး လူရှေ့ထွက်ကာ ခါးကို90°ကိုင်းပေးလိုက်သည်

ထိုအချိန် ထွက်လာသည့်အသံများမှာ အာမေဍိတ်သံများနှင့် တီးတိုးပြောဆိုသံများဖြစ်ကြ၏ စပ်စုတတ်သည့်လူများအတွက် စေ့စပ်ပွဲခန်းမဟာ အခုတော့စိတ်ဝင်စားဖွယ်ရာဖြစ်လာပြီ။

"အရေးပေါ်အခြေအနေတစ်ခုကြောင့် စေ့စပ်ပွဲတကူးတက‌ရွှေ့ဆိုင်းလိုက်ရတာပါ တောင်းပန်ပါတယ်"

အရှေ့ကလူထုကြီးမှာ ကြောင်တောင်တောင်ဖြစ်သွားပြီး ကောလဟာလတွေပါ ချက်ခြင်းပျံ့နှံ့သွား၏ ထိုလူထုထဲမှာတိတ်နေသည်ကတော့ အပြာနုရောင်အင်္ကျီလက်ပြတ်ဂါဝန်တိုနဲ့ အရပ်ရှည်ရှည်အမျိုးသမီးတစ်ဦးပဲဖြစ်မည်ထင်သည် သူကJisooကိုကြည့်ပြီး အနီးဆုံးကြားရသမျှစကားများကို နားထောင်နေတာ

"ဘာဖြစ်လို့လဲ သိကြလား"

"ဘာဖြစ်တာလဲ ငါတို့မှာတကူးတကလာရတာ"

"ညကတစ်မြို့လုံးရဲတွေနဲ့ပြည့်နေတာ ဒါကြောင့်ဖြစ်မယ်ထင်လား"

"ငါ့အိမ်ကရဲစခန်းနဲ့နီးတယ် Mr.Jane ရဲ့သမီးအငယ်မလေး နေ့ချင်းညချင်းရုတ်တရက်ပျောက်သွားတယ်ဆိုပဲ"

ကြားရသမျှစကားများကို Chaeyoung ကပြုံးပြုံးကြီးနားထောင်နေသလောက် Jisoo မျက်နှာကတော့ ကောင်းကင်ပြိုတော့မလိုဖြစ်နေသည်

"Miss Kim ဗျ ဘယ်လိုအရေးပေါ်ကိစ္စလဲပြောပြလို့ရမလား"

မီဒီယာအသီးသီးက ခမ်းမနောက်က‌နေ မေးကြတော့သည် နိုင်ငံရဲ့စီးပွားရေးပဲ့ကိုင်ရှင်မိသားစုရဲ့ စေ့စပ်ပွဲဖြစ်တာမလို့ သတင်းတွေ မီဒီယာတွေကလာကြသည် အခုတော့သတင်းစာထဲ စေ့စပ်ပွဲဓာတ်ပုံထည့်မည့်အစား Jisooဓာတ်ပုံသာပါတော့မည်

"ကျွန်မတို့ နှစ်ဦးနှစ်ဘက်မိသားစုမှာလဲ ကိုယ်ပိုင်ကိစ္စအရေးအရာတွေရှိပါတယ်နော် ပြောလို့မဖြစ်လို့ပါ"

Jisooကနောက်တစ်ခါ ခါးကိုကိုင်းပြီးတောင်းပန်ပြန်သည်

1နာရီခန့်အကြာမှာ ခမ်းမထဲလူတွေရှင်းသွားသည် အားလုံးပြန်သွားကြပြီထင်သည် Jisooဟာလဲ စိတ်ပျက်လက်ပျက်နှင့် အိမ်ကိုပြန်လာခဲ့သည်

"Mommy, Daddyရော"

"သူပါ ငယ်လေးကိုရှာဖို့ရဲအဖွဲ့နဲ့ လိုက်သွားရှာတယ်"

Mrs.Jane ဟာလဲမျက်နှာမကောင်းပါ Jisooလဲ Jennieရှိနိုင်မည့်နေရာကိုစဉ်းစားလိုက်သည် ထို့နောက် ပေါ်လာတာက သူတို့သူငယ်ချင်းတွေနောက်ဆုံးသွားခဲ့သည့် ကမ်းခြေဖြစ်သည်

ထိုအချိန် Ireneစီကဖုန်းဝင်လာသည် Jisooချက်ခြင်းပဲကိုင်လိုက်မိ၏။

"Hello Irene"

"Hi Jisoo ဘယ်လိုလဲ Jenကိုရှာတွေ့လား"

"ဟင့်အင်"

"အဲ့တာဆို ငါစဉ်းစားမိတဲ့နေရာရှိလို့ဖုန်းခေါ်လိုက်တာ"

Jisooရဲ့မျက်လုံးလေးတွေပြူးသွားသည် Ireneပြောတာကို ဆက်နားထောင်လိုက်သည်

"ငါတို့မနေ့ကသွားတဲ့ ကမ်းခြေရဲ့နောက်က အဆောက်အအုံတွေကြားဝင်သွားတာကိုငါမြင်လိုက်တယ်အဲ့နေရာတွေများဖြစ်နေမလားလို့"

Jisooစဉ်းစားကြည့်တော့ Ireneပြောတာဖြစ်နိုင်သည် ဒါကြောင့် အဲ့ဒီကမ်းခြေအနီးနားတဝိုက်ရှာကြည့်မယ်ဟု ဆုံးဖြတ်လိုက်သည်

"Irene ငါတို့တူတူသွားကြမလား Daddy တို့ရော Terryတို့ကိုရောခေါ်ပြီး အဲ့နားရှာကြည့်ရအောင်"

*****

"ဒီတစ်လမ်းပဲရှိတော့တယ် Mr.Jane နဲ့ Mr.Aaron ရှာကြည့်ချင်ပါသလား"

အဆောက်အအုံအကြီးကြီးတွေဘေးက သေးသွယ်တဲ့လမ်းလေးကိုကြည့်ပြီး ရဲစခန်းက စခန်းမှူးကမေးလိုက်သည်

"အင်း ရှာကြည့်ရအောင် ရဲမှူးကြီး"

Jisoo ဟာ 1စက္ကန့်မှအလွတ်မခံပဲ မြန်မြန်ဖြေလိုက်သည် အဲ့တော့ စခန်းမှူးနှင့်အခြားရဲတွေဟာ လမ်းထဲအရင်ဝင်ကြတော့သည်

"ကဲ သွားရအောင် တွေ့လောက်မှာပါ"

Ireneက ပြောလိုက်ပြီး ရဲတပ်ဖွဲ့နဲ့အတူ လမ်းကြားထဲဝင်သွားလိုက်သည် Mr.Jane တို့ကလဲနောက်က အတူပါလာသည်

လမ်းဟာ တကယ်ကိုလူသွားလူလာပြတ်လှသည် လူနေအိမ်တွေဆို ဒီလမ်းထဲမှာ3-4အိမ်လောက်ပဲ ရှိမည်ထင်သည် တစ်ခုကောင်းတာက လမ်းကတစ်လမ်းပဲရှိသည်

"ခဏ..."

Jisooတားလိုက်တာကြောင့် အားလုံးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားရသည် သူကဖုန်တွေပေနေသည့် မြေပေါ်ကအနီရောင်ခေါင်းစည်းကြိုးလေးကို ကိုင်လိုက်ပြီး ဖြေးဖြေးပြောလာသည်

"ဒါကကျွန်မနဲ့ Jenဆင်တူဝယ်ထားတဲ့ခေါင်းစီးကြိုးလေး"

ခေါင်းစည်းကြိုစုပ်ကိုင်ကာ Jisoo ကသူ့ရဲ့ပိုက်ဆံအိတ်ကိုဖွင့်လိုက်ပြီး တစ်ခုခုကိုအသဲအသန်ရှာတော့သည် ရှာ‌တွေ့ပြီးတော့ပြလာသည်က ထိုခေါင်စည်းကြိုးနဲ့ပုံစံတူ အဝါရောင်ခေါင်းစည်းကြိုးလေး။

"ဒီမှာ"

"ဒါဆို Janeက ဒီနားတဝိုက်ပဲရှိလောက်မယ်ထင်တယ်"

လူတွေအားလုံးက Terryရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်သည်

"အားနာလိုက်တာ ကျွန်တော့်မိတ်ဆွေတွေရော သမီးအကြီးနဲ့သမက်လေးရဲ့သူငယ်ချင်းတွေရော ရဲတပ်ဖွဲ့တွေရော ပင်ပန်းစေမိပြီ"

ပါလာသမျှလူတွေကို Mr.Janeဟာ အားနာကြောင်းပြောပြလိုက်သည် အားလုံးကလဲအားနာဖို့မလိုကြောင်းပဲပြန်ပြောပါသည် အဖွဲ့တွေအားလုံးသည် လူစုခွဲပြီးရှာနေရာက Jisooကခေါ်သောကြောင့် အကုန်လုံးစုလာခြင်းဖြစ်သည်

"ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားရှာပေးပါ့မယ်"

ထို့နောက် အားလုံးဆက်ပြီးရှာကြသည် ဒါပေမဲ့ လမ်းလေးဆုံးပြီး နောက်ထပ်ရှိသည့်လမ်းလေးကြားကိုထပ်ဝင်သွားပြန်သည် ဒါပေမဲ့ ထပ်မြင်ရသည့်လမ်းနှစ်ခွမှာ အားလုံးခေါင်းရှုပ်သွားကြသည် ဘယ်လမ်းကိုသွားရမလဲ သူတို့မသိပါ

Jisooဟာ လျင်မြန်တဲ့ဆုံးဖြတ်ချက်ချလိုက်သည် Mr.Janeနှင့်ရဲတပ်ဖွဲ့များကို ဘယ်ဘက်သွားလိုက်ဖို့ပြောပြီး ကျန်သည့်လူများက ညာဘက်သွားဟုပြောသည် Mr.Jane၏ မိတ်ဆွေတစ်ယောက်နှစ်ယောက်ကတော့ Mr.Jane နောက်လိုက်သွားသည် ကျန်သည့်ဦးလေးကြီးများကတော့ Jisoo တို့နောက်သာလိုက်ခဲ့သည်

Jisooအပါအဝင် ကျန်သောလူများကညာဘက်သွားသောအခါ အဝင်ဝမှာတံခါးလေးတွေ့သည် သူတို့တချက်တွေဝေသွားကြသည်

"Terry"

"ခဏ"

တံခါးကိုဖွင့်ကြည့်တော့ တံခါးကပွင့်မလာပါ ဒါကြောင့် Terryကရှေ့ဆက်ရှာမည်ဟုပြောလိုက်သည် ဒါပေမဲ့လဲ Jisooဒီတံခါးကိုရအောင်ဖွင့်ကြည့်ချင်သည်

"Terry ကျွန်မဒါကိုဖွင့်ကြည့်ချင်တယ်"

"ရှေ့ဆက်ရှာပြီးမှဖွင့်ရအောင်ပါ"

"ဟင့်အင် ခဏ"

Terry ပြောစကားကိုနားမထောင်သည့် Jisooက အားလုံးကိုနောက်ဆုတ်ခိုင်းပြီး တံခါးကိုနာနာဆောင့်ကန်လိုက်သည် ဒါပေမဲ့တံခါးကတချက်နဲ့မပွင့်သွားပါ

Jisoo နောက်တစ်ချက်ကန်လိုက်ပြန်သည် တံခါးကပွင့်မလာ။ နောက်ဆုံး Terryက Jisoo ကိုဘေးဖယ်ခိုင်းပြီး အားပြင်းပြင်းနဲ့ တချက်တည်းသာ ဆောင့်ကန်လိုက်သည် ယောက်ျားလေးအင်အားမလို့ တံခါးကတမ်းပွင့်သွားသည်

"ဟမ်"

"ဟင်?"

တံခါးဖွင့်လိုက်ချိန် မြင်တွေ့ရသည့်မြင်ကွင်းကြောင့် လူအားလုံး၏အာမေဍိတ်သံများဟာ တစ်ချိန်တည်းမှာပဲထွက်ပေါ်လာသည် မြင်ကွင်းကလဲ လူမြင်လို့မသင့်သော်သည့်မြင်ကွင်းဖြစ်သည်

Jennieဟာ မျက်နှာမကောင်းပေမဲ့ Necktie ပြေလျော့ပြီး အင်္ကျီကြယ်သီးပြုတ်နေသည့် Lisaရင်ခွင်ထဲရောက်နေတာဖြစ်သည် Jennie ရဲ့လည်ပင်းမှာလဲ အနီအညိုကွက်တွေက အထင်းသားမြင်ရသည်

"Jennie"

လူတွေအားလုံးအံ့ဩနေကြချိန် Jenကိုခေါ်ပြီး Jisoo ကအရင်အခန်းကျင်းလေးထဲဝင်သွားသည် Jisoo ဝင်လာတော့ Lisaက Jen ကိုလွှတ်ပေးလိုက်သည်

"Unnie"

Jisooက Jennie ကိုလာဖက်သည့်အခါ Jennie ကလဲပြန်ဖက်လိုက်သည် Jisoo ကသူ့ညီမကိုပြန်တွေ့သည့်အချိန် ဘယ်လောက်တောင် စိတ်အေးသွားလဲဆိုတော့ မျက်ရည်များတောင် ဖိတ်မခေါ်ပဲကျလာရသည့်အထိ။

"ဟေ့ကောင် မင်းကွာ"

*ခွက်

အားလုံးမထင်မှတ်ထားသည့် အရာဖြစ်သွားပြန်သည် Terryဟာ Lisaကိုထိုးလိုက်တာပင်ဖြစ်သည် Jennie နောက်က Lisaကိုဆွဲပြီး ထိုးလိုက်တော့ Jennie ကိုမခိုင်းမိသွားတာက Lisaအရှောင်ကောင်းလို့ဖြစ်သည် Lisaဟာ Terryသူ့ကိုဆွဲလိုက်ချိန် Jennie ကိုမထိအောင် သူ့ခန္ဓာကိုယ်နှင့်ရှောင်လိုက်ချင်းဖြစ်သည်

Jennie တို့ညီအမအပါအဝင် အားလုံးအံ့ဩနေကြသည် Lisaကတော့ အထိုးခံရတာတောင်ပြုံးပြုံးပင်

"ဟ အားသန်လှချည်လား ဒီလောက်ကတော့မျှော်လင့်ထားပါတယ်"

Lisa ဟာမျက်နှာပြောင်တိုက်လျှက်ပဲ ဟားတိုက်ရယ်ပြီး

"လူမဆန်တဲ့ကောင် Jennie ပိုင်ရှင်ရှိတာသိရက်နဲ့တောင်မှ"

*ခွက်

Terryက Lisaကိုနောက်တစ်ချက်ထိုးလိုက်သည် နောက်တစ်ချက်ထပ်ထိုးဖို့ပြင်တုန်း အကုန်လုံးဝိုင်းဆွဲကြတာကြောင့် Lisa ထပ်အထိုးမခံရတာဖြစ်သည်

Jennieရော Lisaရော အပြင်ရောက်သွားတော့ Mr.Janeက ဟိုဘက်ကနေပြာပြာသလဲပြေးလာသည် Jennie ကလဲသူ့အဖေနားသွားပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်

"Daddy စိတ်ပူနေတာသမီးလေးရယ်"

"တောင်းပန်ပါတယ် Daddy"

"သမီးလေးဘာမှမဖြစ်ရင်ကိုရပါပြီ"

Mr.Jane တော်တော်စိတ်အေးသွားပြီထင်သည် အသံကအစပြောင်းသွားလေပြီ မကျေနိုင်တာကတော့ Terryပါ Terryက Mr.Jane ရှေ့မှာမလို့သာငြိမ်နေတာ လူကြီးတွေသာမရှိရင် အောင်နိုင်သူအပြုံးပြုံးနေတဲ့ Lisaကိုအသေကြိတ်ပစ်မှာပင်။

"အိမ်ပြန်ရအောင်နော် Jen ဟုတ်ပြီလား"

Jennieဟာ Lisaကိုလှည့်ကြည့်လိုက်ပြန်သည် Lisaဟာလဲ Jenကိုလူယုတ်မာအပြုံးပြုံးပြနေသည် ဒါကတော့‌ခဏနေသူလိုက်ခဲ့မယ်ဆိုသည့်သဘောပေါ့

"ဖြစ်လာတဲ့ကိစ္စနောက်မှရှင်းကြရအောင် အိမ်မှာ Mommy စောင့်နေတယ် သွားရအောင်Jen"

Jennieဟာလဲ တကယ်ကိုအိမ်ပြန်ချင်နေခဲ့တာကြောင့် ခေါင်းသာတဆက်ဆက်ငြိမ့်နေမိသည် Terryနဲ့ဆိုစကားတောင် ဖြောင့်ဖြောင့်ပြောရသေးတာမဟုတ်ပါ။

*****

"နာသွားလား"

"နာတော့နာပေမဲ့ ထင်သလောက်မနာပါဘူး"

Lisaကိုဆေးထည့်ပေးနေသည့် Roséဟာ အမြင်ကပ်ကပ်ဖြင့် Lisaခြေထောက်ကိုတက်နင်းလိုက်သည်။

"အား Chaeng အထိုးခံထားရတဲ့လူကိုအဲ့လိုလုပ်လို့မဖြစ်ဘူးလေ"

"စော/က်မြင်ကပ်လို့"

Rosé ဟာလဲ ပြောပြီးဆေးဆက်ထည့်ပေးပါသည် သူပဲအမြင်ကပ်တယ်ပြောပြီး ဥပေက္ခာလဲမပြုနိုင်ပါ။

Lisaဟာသူ့ကိုဆေးထည့်ပေးနေတဲ့သူငယ်ချင်းလေးကိုကြည့်ကာ ပြုံးတော့ပြုံးမိပါသည် သူဘာလုပ်လုပ်သူ့ကို Support ပေးမဲ့ အစ်မလို သူငယ်ချင်းလို ပုဂ္ဂိုလ်တစ်ဦးကိုရခြင်းဟာလဲ ကံကောင်းခြင်းပဲမဟုတ်လား

"ဆိုတော့ဘာလဲ အခုသွားရတော့မှာလား"

Jennieနဲ့ကိစ္စကိုဆက်ဖို့ Mr.Jane တို့အိမ်ကိုသွားတော့မှာလားလို့ မေးခြင်းဖြစ်သည်

"ဆေးထည့်ပြီးရင်သွားတော့မှာ လိုက်ခဲ့မလား"

"အင်း"

သူတို့အဆဲခံရမှာကို သူတို့သိပေမဲ့  Lisa နင့် Rosé ကတော့ သူတို့ခံယူချက်သက်သက်ရှိသည် လူလုပ်လာတာကြောင့် ကိုယ်လုပ်တာကိုယ်ခံရမည်မဟုတ်ပါလား။ အဲ့တာကြောင့် ကိုယ့်ဆုံးဖြတ်ချက်ကိုနောင်တမရပဲ အကျိုးဆက်ကိုခံစားရမည်ဟုသာခံယူထားသည် မျက်နှာပြောင်တိုက်တယ်ပဲပြောပြော ဖြူစင်ယောင်ဆောင်တယ်ပဲပြောပြော Manobalမိသားစုမှာ သူတို့မှားတယ်ဆိုတာမရှိ။

ကားကိုဖြေးဖြေးမှန်မှန်မောင်းလာကာ Mr.Jane ၏အိမ်အရောက်မှာ ရပ်လိုက်သည် Rosé ရော Lisaရောဆင်းလာ၍ ခြံထဲဝင်ပြီး တံခါးပေါက်အရောက်မှာ တံခါးခေါက်လိုက်သည်

တံခါးလာဖွင့်သည်က Jisooဖြစ်သည် Jisooလဲ Terryနှင့်နည်းတူ Lisaကိုသိပ်ကျေမည်မဟုတ်ပါ တံခါးလာဖွင့်တည်းက ဆူဆူပုတ်ပုတ်ဖြင့်လာဖွင့်သည်

Rosé ကိုမြင်တော့ အနည်းငယ်စိတ်လှုပ်ရှားသွားပေမဲ့ Lisa၏အစ်မဖြစ်နေတော့ နွေးနွေးထွေးထွေးမကြိုဆိုပါ။

"ဝင်လာခဲ့ပါ"

Rosé တို့ဝင်သွားတော့ ရေချိုးပြီးသားအတိုင်းမြင်တွေ့ရသည့်Jennieက လည်ပိတ်အင်္ကျီကိုဝတ်ထားပြီး ဆိုဖာပေါ်မှာထိုင်နေသသည် အဲ့မှာ Mr.Janeလဲရှိသည် Mr.Janeကတော့ သိပ်ပြီးမျက်နှာမကြည်ပါ

"ထိုင်ပါဦး Miss Manobal နဲ့ Miss Park"

Jennie ထိုင်နေသည့်မျက်နှာချင်းဆိုင်က sofaမှာဝင်ထိုင်လိုက်ကြသည် Jisooဟာ သူ့အမေနှင့်အတူ Rosé တို့ရှိရာဧည့်ခန်းထဲကိုပြန်လာသည် Jennie ရှိသည့် ဆိုဖာပေါ်နေရာယူလိုက်တော့ Mr.Janeကစပြီး စကားပြောသည်

"မနေ့ကဖြစ်ပျက်ခဲ့တာတွေအတွက် ကျုပ်သမီးကို Miss Manobal တာဝန်ယူနိုင်ပါသလား"

"ကျွန်မလုပ်ခဲ့တဲ့အရာအတွက် ကျွန်မတာဝန်ယူမှာပါ"

"သမီးကရော ဘယ်လိုသဘောရလဲ သူ့ကိုလက်ခံရဲ့လား Jen? "

Jennie ဘာမှပြန်မပြောမိပါ။ Lisaနဲ့မျက်လုံးချင်းမဆုံမိရန် ခေါင်းအောက်ကိုပဲငုံ့ထားသည် အခုအချိန် ဘာဖြေလို့ဖြေရမယ်မှန်းလဲ Jenမသိ။

"ကျွန်မ....."

ဖြစ်နိုင်လျှင် Jenကဒီကိစ္စကို ဒီအတိုင်းပဲမေ့ပြစ်ချင်သည် သို့ပေမဲ့လဲသူတို့နှစ်ယောက်အကြောင်းဟာ လူသိရှင်ကြားမလို့ Jenထပ်ပြီး ငြင်းဆန်လို့ရမှာမဟုတ်ပါဘူး။

"ကျွန်မ လက်.... လက်ခံပါတယ်"

Jenဟာ ပြောပြီးတာနဲ့ သူ့ဘဝကြီးမိုးမှောင်ကျတော့မယ်ဆိုတာကို တွေးမိပေမဲ့ Lisa ကတော့ပြုံးနေသည်။ ဒီနှစ်ခုကိုလျှင်တွဲပြီးသိနေရသည့် Jisooမှာ Lisaကိုလုံးဝအခဲမကျေပါ။

"သတင်းထဲပဲထည့်လိုက်ပြီး လက်ထပ်မှတ်ပုံတင်လုပ်လိုက်လို့ပဲဖြစ်တယ်မလား"

Jennie ဟာ Lisaကို အရဲစွန့်ပြီးမေးလိုက်တော့ Lisa မျက်လုံးထဲ အလိုမကျမှုတွေကိုပြန်ပြီးမြင်ရသည် ဒါပေမဲ့ သူပြောလာသည့်စကားတစ်ခွန်းက

"Miss Jane စိတ်တိုင်းကျပဲ မင်္ဂလာပွဲကိုလုပ်ပေးပါမယ် ‌မနက်ဖြန်တရားရုံးကို မှတ်ပုံတင်ယူပြီးလာခဲ့ပါ"

Lisa ရဲ့စကားကိုကြားပြီးနောက်ပိုင်း ဘယ်သူမှဘာမှမပြောတော့ပါ။ Mr.Janeဟာလဲ အတော်လေးကို မျက်နှာပျက်လို့နေသည် Mrs.Jame ဆိုမငိုရုံတမယ်သာဖြစ်သည်

"အမေရိကန်ဒေါ်လာ 2.7 Million, Mercedes-Benz နောက်ဆုံးထွက်မော်ဒယ်နဲ့ Korea, Seoul က ကွန်ဒိုတိုက်ခန်းတစ်ခုပါ။ Miss Jane ကိုတင်တောင်းတဲ့ပစ္စည်းတွေပါ"

Lisaက Bank Card တစ်ကဒ်၊ ကားသော့တစ်ခုရယ် စာချုပ်တစ်ခုရယ်ကို စားပွဲပေါ်ချပေးလိုက်သောအခါ Mr.Janeက ငှဲ့တော့ကြည့်လိုက်ပေမဲ့ လိုချင်တဲ့စိတ်ရှိသည်မထင်ပါ။ အဲ့တာနဲ့ပဲ Jenကိုအလကား‌လဲပေးမည်မဟုတ်ပါ။

"အဲ့တာတောင် မကျေနပ်သေးဘူးဆိုရင်တော့ Koreaကဧက500 မြေကွက်ကြီးနဲ့ စိန်တစ်ဆင်စာထပ်ပေးပါ့မယ်"

ဒီတစ်ခေါက်တော့ Rosé ကပြောတာဖြစ်သည် ပြောရင်းစာချုပ်တစ်ခုနဲ့ ရတနာပစ္စည်းထည့်သည့် Boxကိုစားပွဲပေါ်တင်လိုက်ပြန်သည်

အမှန်တိုင်းပြောရရင် Jennie အနည်းငယ်တော့အံ့ဩမိပါသည် သူကလဲ သာမန်မိန်းကလေးတစ်ဦးပါပဲ ဒါပေမဲ့ဘာလို့ ဒီလောက်တောင်ပေးပြီး တင်တောင်းရလဲသိချင်မိသည်

'ငါ့စီကထွက်ပြေးဖို့မကြိုးစားစမ်းပါနဲ့ ငါကဟိုကောင်နဲ့ဘာများကွာလဲ သူ့ထပ်ပိုပြီးမင်းကိုချစ်ပေးမယ် ခြေမွှေးမီးမလောင်လက်မွှေးမီးမလောက်ထားပေးမယ် မင်းကိုပုလ္လင်ပေါ်ဖူးဖူးမှုတ်ထားမှာ မင်းသာလိမ္မာရင်မင်းအတွက်ချည်းပဲ'

မနေ့ညက Lisaပြောခဲ့သည့်စကားကို Jenကပြန်ကြားယောင်မိသည် အစကတော့လေပဲရှိမည်ထင်ခဲ့ပေမဲ့ အခုတော့တကယ်သက်သေပြခဲ့ပြီ ဒါတောင်အစပဲရှိဦးမည်

"ကောင်းပါပြီ မင်းတို့သွားပါတော့ မနက်ဖြန်သမီးကို တရားရုံးလွှတ်လိုက်ပါ့မယ်"

Rosé ထပ်ပေးသည့်အဖိုးတန်ပစ္စည်းများကြောင့် အားလုံး shockရနေချိန် Mr.Janeဟာ ပြတ်ပြတ်သားသား Lisa တို့ကိုပြန်ခိုင်းသည် Lisaတို့ကလဲထလိုက်ပြီး

"ကောင်းပါပြီ ပြန်လိုက်ပါဦးမယ်"

Lisa တို့ကကောင်းကောင်းပြောပြီးသာ အိမ်ထဲကထွက်လာခဲ့သည် Lisaက ဘယ်သူ့ကိုမှပြဿနာရှာချင်စိတ် မရှိတော့ပါ Terry ကလွဲလို့ပေါ့  Lisaကသူလိုချင်တာရပြီမလို့ အလကားနေရင်း ပြဿနာရှာတော့မှာမဟုတ်ပါ။

ဒီတစ်ခေါက်တကယ်ကြာသွားတာရယ် ဆောရီးပါနော်ရင်လိုupdateတော့မှန်နိုင်တော့ပေမဲ့ 3-4ရက်ခါတင်ပေးပါ့မယ်

Zawgyi





"ကျစ် ဘာလုပ်ရမလဲ"


"ရှာတွေ့လား Jennieကို"












"ဘာဖြစ်လို့လဲ သိကြလား"










"Mommy, Daddyရော"




"Hello Irene"


"ဟင့်အင်"






*****








"ခဏ..."




"ဒီမှာ"









"Terry"

"ခဏ"




"ဟင့်အင် ခဏ"



"ဟမ်"

"ဟင်?"



"Jennie"


"Unnie"


"ဟေ့ကောင် မင်းကွာ"

*ခွက်






*ခွက်




"တောင်းပန်ပါတယ် Daddy"







*****

"နာသွားလား"




"စော/က်မြင်ကပ်လို့"






"အင်း"





"ဝင်လာခဲ့ပါ"








"ကျွန်မ....."


"ကျွန်မ လက်.... လက်ခံပါတယ်"

















ဒီတစ်ခေါက်တကယ်ကြာသွားတာရယ် ဆောရီးပါနော် အရင်လိုupdateတော့မမှန်နိုင်တော့ပေမဲ့ 3-4ရက်တခါတင်ပေးပါ့မယ်

Continue Reading

You'll Also Like

40.2K 1.2K 12
(Best ranking #2 lqbt on 31 dec) My legs were numb from running endlessly throughout the forest but I had to if I wanted to live.A bit more I told my...
3.3K 651 10
" ချစ်ခြင်းမုန်းခြင်းကို ဘေးဖယ်လိုက်ရင် မင်းနဲ့ငါက သူစိမ်းသာသာပဲလေ " _မစ်စတာနိုဘန် " ကမ္ဘာပေါ်မှာ သူစိမ်းတိုင်းကနေပဲ သွေးသားဆိုတာဖြစ်လာကြတာလေ ကျွန်မက...
4.4K 699 6
နတ်သမီးပုံပြင်တွေက ဇာတ်ပေါင်းခန်းတွေမှာအမြဲတမ်းလှပခဲ့တယ်မဟုတ်လား ဒါဆို လီဆာ့အတွက် နတ်သမီးရေးပေးမယ့် ပုံပြင်အဆုံးသတ်ကရော
5.3K 543 5
Unicode Jennie ငါjennie kimက ဘယ်ရာမဆို ငါ့စိတ်ကြိုက်ဖြစ် တာပဲ ငါကြိုက်တယ် မဟုတ်ရင် အဲ့ဒီအရာတွေ ကို ငါကိုယ်တိုင် ဥပက္ခာပြုထားလိုက်မှာ Lisa ငါlisaရဲ့ဘ...