KIM'S DOCTOR
By hhi_hein
2.5K 427 65
Unicode/ Zawgi More
2
3
4
5
1
806 110 25
By hhi_hein
🪐
" ချိန်းထားတယ့် လူနာရောက်လာပါပြီ "
သူမအခန်းထဲသို့ ဝင်လာပြီး
အသိပေးသည့် Nurse ကို အပြင်မှ
လူနာကို သူမဆီ လွတ်လိုက်ဖို့အတွက်
Jennie ခေါင်းညိမ့်ပြလိုက်တယ်။ 
ဒီတစ်မနက်လုံး အခုချိန်းထားတယ့်
လူနာကြောင့် သူမ တခြားလူနာလက်ခံလို့
မရခဲ့ပေ ။ လူနာက အသိုင်းအဝိုင်းကြီးထဲက
ဖြစ်တာကြောင့် သူ့ရဲ့လုံခြုံရေးအတွက်
အရေးကြီးတာမို့ တခြားလူနာတွေပင်
လက်ခံခွင့်မရှိခဲ့ဘူးလေ ။
သူမအနေနဲ့ဆို အဲ့လိုလိုက်လျောမှာ
မဟုတ်ပေမယ့် ဆေးရုံအုပ်ရဲ့အမိန့်ဆိုတော့
ဘာများတက်နိုင်မှာလဲ ။
လူဂုဏ်ထန်တွေကို Jennie
သိပ်စိတ်ပျက်တာပဲ ။
ဒါပေမယ့် ဒီလိုလုံခြုံရေးကို
ဂရုစိုက်ရတယ့်လူနာက တစ်ယောက်တည်း
ရယ်တော့မဟုတ်ပါဘူး ။ တစ်ချို့
နမည်ကြီး မင်းသားမင်းသမီးတွေ ၊ အဆိုတော်
တွေလာတယ့်အခါလည်း
သူတို့ရဲ့ အချက်အလက်တွေနဲ့ လုံခြုံရေးကို
ဂရုစိုက်ရတယ်လေ ။
ဒါပေမယ့် သူတို့က အခုလာမယ့်
လူနာလို တခြားလူနာတွေ လက်ခံလို့
မရလောက်တယ့်အထိတော့ မဖြစ်ကြပါဘူး ။
သူတို့ဘာသာ လူရှင်းတယ့်အချိန်တွေမှ
လာကြတာလေ။ 
သူတို့က ဒီကိုလာကြတာ
လူသိခံလို့မဖြစ်ကြဘူး ။  ဘာလို့ဆို
သူမက မူးယစ်ဆေးဖြတ်လိုတယ့်
လူတွေကို ဆွေးနွေးတိုင်ပင် အကြံပေးပြီး
ကုသပေးရတယ့် ဆရာဝန်တစ်ယောက်။ 
ဒါကြောင့် သူမဆီလာတယ့်
လူနာတွေဟာလည်း သာမာန်လို
နေမကောင်း ဖျားနာတာတွေမျိုး
မဟုတ်ဘူး ။ ဆေးသုံးနေလို့ ဆေးစွဲနေလို့
ဆေးဖြတ်ဖို့အတွက် လာကြတယ့်
လူတွေချည်းပါပဲ။ 
တချို့က ကိုယ့်ကိုကိုယ်ပြောင်းလဲ
ချင်လို့ သူမဆီကိုယ်တိုင်လာပြီး
ဆွေးနွေးမှုခံယူ
ကြပေမယ့် တစ်ချို့ကတော့
မိသားစုကအတင်းအကြပ်‌ခေါ်လာလို့သာ
ရောက်လာခဲ့ကြတယ့် လူတွေလည်း
ရှိတယ် ။ အဲ့လိုလူအများစုကတော့
ဆယ်ကျော်သက်လေးတွေပေါ့။
တစ်ချို့တွေရဲ့အခြေအနေတွေကတော့
ဆိုးဆိုးဝါးဝါးပါ ။ အဲ့အခါကျရင်
သူတို့နဲ့ဆွေးနွေးမနေတော့ဘဲ မိသားစုနဲ့
ပဲပြောပြီး‌ ဆေးရုံပဲ တက်ခိုင်းရတယ်။ 
အခြေအနေဆိုးတယ့် လူနာတွေကို
ကုသနေတယ့်အချိန်အတွင်းတော့
တခြားလူနာတွေထက် ပိုပြီး
တင်းကြပ်ရတယ်။
စိတ်ရောဂါသည်တွေထက်  ဆေးကြောင်နေ
တယ့်လူတွေက ပိုကြောက်ဖို့ကောင်းတယ် ။
အခုလာမယ့် အထူးလူနာကလည်း
ဆေးစွဲနေတာကြောင့်ပါပဲ ။
ဆေးရုံအုပ်က မနေ့ကတည်းက ဒီလူနာရဲ့
ကုသမှုမှတ်တမ်း အချက်အလက်တွေကို
သေချာဂရုတစိုက်ရှိစေဖို့
ခဏခဏ‌မှာနေတာ။ 
ဘေးနားက လူနာရဲ့
အချက်အလက်တွေပါတယ့်
File ကို ယူဖို့ကြံတုန်း သူမနဲ့
ချိန်းထားတယ့် လူနာက
အခန်းထဲဝင်လာခဲ့တယ်။ 
" ရောက်လာပြီလား...ထိုင်ပါနော် "
သူမနှုတ်ဆက်လိုက်သည် ။
ဟူဒီအနက်ရောင် ခပ်ပွပွထဲ မြုပ်နေတယ့်
မိန်းကလေးဟာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ
လက်နှစ်ဖက်ထည့်ရင်း သူမရှိရာဆီ
အေးအေးဆေးဆေးဖြင့် လျှောက်လာကာ
‌အရှေ့က ထိုင်ခုံမှာဝင်ထိုင်တယ်။ 
ဆေးလိပ်မီးညှိထားခြင်းမရှိတယ့်
Cigarette ကို ညှပ်ကိုင်ထားတယ့်လက်ကို
သူမရဲ့ စားပွဲပေါ်တင်ထားသည်။ အရှေ့က
Jennie ကို အာရုံမရှိဟန်ဖြင့်
သူ့ဟာသူ အခန်းထဲ အကဲခတ်သလို
မျက်လုံးဝေ့ကြည့်နေသည်။ 
သူမရဲ့ရှေ့က သူက
ယဉ်ကျေးမှုမ‌ရှိပေမယ့် တော်တော်လေး
ချောတယ် ။ Jennie မသိမသာ
အရှေ့က သူ့မျက်နှာကို အကဲခတ်
ကြည့်နေမိလိုက်တယ်။  ဘာမှ ပြင်ဆင်
ထားခြင်းမရှိဘဲ ကြည့်ကောင်းနေသည် ။
နှုတ်ခမ်းတို့ဟာတော့ အညိုရောင်ဘက်
သမ်းချင်နေပြီ ။ မျက်တွင်းတွေကလည်း
အနည်းငယ်ကျနေတယ် ။ မျက်လုံးဘေးမှာ
တစ်ခုခုနဲ့ခိုင်းမိထားလို့ ညိုနေတယ့်ပုံပေါ်တယ့်
အညိုကွက်လည်းရှိတယ် ။ တစ်ကယ်တော့
အထိုးခံထားရတယ့် ဒဏ်ရာဆိုတာ
သိသာပါတယ်။ 
" ကျွန်မတို့စကားဝိုင်းလေး
စလိုက်ကြမလား Kim Jisoo shi..."
သူက ခေါင်းညိမ့်ပြသည် ။ Jennie
တစ်ချက်ပြုံးပြရင်း လက်ထဲက
သူ့ရဲ့အချက်အလက်‌ရေးထားတယ့်
File ကို တစ်ချက်ငဲ့ကြည့်မိတယ် ။
အဲ့တော့ သူကနေ
" ‌ဒေါက်တာ မီးခြစ်ရှိလား..."
သူကထိုသို့ပြောရင်း လက်ထဲက
Cigarette ကို မျက်စပစ်ပြတယ် ။
Jennie ခေါင်းတစ်ချက်ခါပြလိုက်ရင်း
" Sorry ပါ ဆေးရုံမှာ cigarette သောက်ခွင့်
မရှိဘူး Jisoo shi..."
သူမစကားကို သူက အရေးမစိုက်သလို
ပုခုံးနှစ်ဖက်တွန့်ပြရင်း တုံ့ပြန်တယ် ။
Jennie လက်ထဲက File ကို
အကြည့်လွှဲမိပြန်တော့
" ဘာတွေ အဲ့လောက်ဖတ်နေတာလဲ
ဒေါက်တာ...။ ငါနဲ့ စကားပြောမယ်ဆို "
အခုမှစတွေ့ဖူးပေမယ့် သူ့ကိုယ်သူ
သုံးတယ့် မယဉ်ကျေးတယ့် အသုံးအနှုန်း။ 
ဒါပေမယ့် သူမရဲ့လူနာဖြစ်တာမို့
ဘာမှ အပြစ်မတင်ဘဲ
ပြုံးသာပြုံးပြလိုက်တယ် ။
" ရှင်နဲ့စကားပြောရတာ အဆင်ပြေအောင်
ရှင့်informationတွေ ခဏဖတ်နေတာပါ "
Jennie စကားကြောင့်
သူက ခပ်ဖွဖွပြုံးသွားတယ် ။
သူမ ခဏငေးမိသွားတယ်ထင်တယ် ။
သူကပြုံးလိုက်ရင် တော်တော်လေး
ကြည့်ကောင်းတာပဲလို့ တွေးမိသွားတယ်။ 
" ငါ့အကြောင်းဖတ်နေတာကိုး။
အေးဆေးပါ ဒေါက်တာရယ် တကူးတက
ဖတ်နေစရာမလိုပါဘူး ။
ငါ့အကြောင်းကို သိဖို့  ရှေ့လျှောက်
ဒေါက်တာမှာ အခွင့်အရေးတွေရှိမှာပါ ... "
လက်ထဲက File ကို Jennie
ပိတ်လိုက်တယ် ။ ပြီးတော့
အရှေ့က သူ့ကို ကြည့်လိုက်ရင်း
" ကျွန်မနဲ့ဆွေးနွေးဖို့ချိန်းတိုင်း
ရှင့်အကြောင်း‌တွေ ပြောပြမို့လား "
" မဟုတ်ပါဘူး...။ ငါ့အကြောင်းကို
အကုန်လုံးသိဖို့ဆို အဲ့အချိန်လောက်နဲ့
ဘယ်လုံလောက်မလဲ ဒေါက်တာရာ...။
ဖြေးဖြေးချင်းနဲ့ တစ်ဘဝလုံးအချိန်ယူပြီး ဒေါက်တာ ငါ့အကြောင်းသိအောင် လုပ်ပေးနိုင်ပါတယ် "
ရီဝေဝေအကြည့်နဲ့ သူ့ရဲ့
အပြုံးကြောင့် Jennie အကြည့်လွှဲလိုက်မိတယ်။ 
သူက Jennie ကို Flirt နေတာပဲ။ 
" ကျွန်မကတော့ အလုပ်များတယ် Jisoo ။
အဲ့လောက်အချိန်ပေးနိုင်မယ် မထင်ဘူး...။
ကဲပါ...ကျွန်မတို့ ဆွေးနွေးခန်းလေးကိုပဲ
စကြရအောင်..."
" စလေ "
အဲ့လိုနဲ့ သူမတို့ တစ်နာရီလောက်
စကားပြောဖြစ်ကြတယ် ။ သူ့ဆန္ဒအရ
လာတယ့်ပုံမပေါ်ပေမယ့် သူမမေးတာတွေ
ကိုတော့ ဖြေပေးတယ် ။
ချောချောမွေ့မွေ့ရယ်တော့လည်း
မဟုတ်ပါဘူး ။ သူက မေးခွန်းတွေနဲ့
မဆိုင်တယ့် အကြောင်းတွေလည်း
ထထမေးတယ် ။ ဒေါက်တာမှာရည်းစား
ရှိလား ဘာညာပေါ့ ။  
ပြီးတော့ သူဆေးစွဲတယ့်အခြေအနေက
အလွန်အကျွံ့တော့ မရှိဘူး ။
သုံးတာမကြာသေးဘူးလို့ ပြောတယ် ။
စကားဝိုင်းပြီးဆုံးသွားလို့ သူပြန်ခါနီးတော့
သူ့ကိုအခန်းဝနားထိ လိုက်ပို့ဆိုလို့
သူမ လိုက်ပို့ပေးရတယ် ။
မလိုအပ်ပေမယ့်လည်းပေါ့ ။
တံခါးလက်ကိုင်ကို
ကိုင်ထားရင်း  မဖွင့်သေးဘဲ
သူက  Jennie ဘက်ကို လှည့်ကြည့်လာတယ်။ 
ရီဝေဝေနဲ့ သူ့ရဲ့အကြည့်တွေကြောင့်
သူမ နေရခက်တယ် ။
" ဒီဆေးရုံမှာ Cigarette‌
သောက်ခွင့်မရှိတာ တကယ်လား ဒေါက်တာ "
Jennie ခေါင်းညိမ့်လိုက်ပြီး
" တကယ်ပါ ။ ပြီးတော့ Jisoo ကိုတော့
ကုသနေချိန်အတွင်း ဒီဆေးရုံမှာတင်မကဘူး အပြင်မှာလည်း ဆေးလိပ်သောက်ခွင့်
တားမြစ်ထားတယ် "
သူမပြောတော့ သူက
ပြုံးသွားတယ် ။ ပြီးတော့
" ဒါဆို ဒေါက်တာကို နမ်းခွင့်ကောရှိလား..."
သူမ သူ့စကားကို တုံ့ပြန်ချိန်ပင်
မရလိုက်ပါ ။ဘာလို့လဲဆို သူမရဲ့နှုတ်ခမ်းပေါ်
သူ့ရဲ့ ခပ်ဖွဖွအနမ်းတစ်ချက်က
ချက်ချင်းရောက်ရှိလာခဲ့တယ်လေ...။  
🪐
Jisoo နဲ့ တွေ့ရမယ့် ရက်ချိန်းကို
ပြန်ရောက်ရှိလာတယ် ။ သူနဲ့တွေ့ဖို့ကို
Jennie ပူပန်နေသလား ၊
စိတ်လှုပ်ရှားနေသလား မပြောတတ် ။
ပြီးခဲ့တယ့်အပတ်က
Jisoo ရဲ့ လုပ်ရပ်ကို သူမဘာတစ်ခုမှ
မတုံ့ပြန်ခဲ့နိုင်ဘူး ။ ဒေါသလည်းမထွက်
နိုင်ခဲ့ဘူး ။ ဘာလို့လဲဆိုတာ
Jennie မသိဘူး ။
တစ်ပတ်လုံး အဲ့အကြောင်းကိုပဲ
ထပ်ခါထပ်ခါတွေးနေတာလားဆိုရင်
တော့ မငြင်းပါဘူး ။ မတွေးချင်ပေမယ့်
တွေးနေမိတာလေ ။
‌ဆေးရုံအုပ်ကိုပြောပြီး Jisoo ကို
တာဝန်ယူမယ့်‌ဒေါက်တာပြောင်းလို့ရပေမယ့်
သူမ မလုပ်ခဲ့ဘူး ။ အကြောင်းပြချက်တော့
ထွေထွေထူးထူးမရှိပါဘူး...အဲ့လိုပဲ
ထင်တာပဲလေ ။
သူမတာဝန်ယူထားတယ့် လူနာကို
အဆုံးထိ တာဝန်ယူရမှာပေါ့ ။
ဒါဟာ တာဝန်သိစိတ်ပဲလေ ။
" အချိန်တစ်ပတ်က သိပ်ကြာတယ်
ဒေါက်တာ "
စကားသံနှင့်အတူ အခန်းထဲ
ဝင်လာခဲ့တယ့် နှစ်ယောက်မရှိသော
Kim Jisoo ။ ဒီတစ်ခါတော့ အပေါ်ထပ်
ဂျင်းအ‌‌နွေးထည်ဝတ်လာခဲ့တယ် ။
ကြည့်ကောင်းသားပဲ ။ စိတ်ထဲက
အမှတ်တမဲ့ အသိအမှတ်ပြုမိသွားပြန်တယ် ။
သူက Jennie ကို ဝါးစားမတက်
လှမ်းကြည့်နေတာမို့ အကြည့်
ရှောင်လိုက်ရင်းကနေပြီး
သူ့ဘောင်းဘီအိတ်ကပ်ထဲက
အစွန်းစ ထွက်နေတယ့်
cigarette ဗူးကို Jennie တွေ့လိုက်တယ် ။
" ချိန်းထားတယ့် ရက်ကို
ရောက်ဖို့ လက်ချိုးရေပြီး ထိုင်စောင့်နေရတာ "
" ဆေးပြတ်ဖို့ သိပ်စိတ်အားထက်သန်နေတာပဲ Jisooက..."
သူမ ပြုံး၍ ပြောလိုက်တယ် ။ သူဘာကို
ဆိုလိုချင်နေတာလဲ သိပေမယ့်
မသိချင်ယောင်ဆောင်ပြီးတော့လေ ။
" ဘဝမှာ တစ်ခါမှ ဒီလောက်
စိတ်အားမထက်သန်ဖူးဘူး "
" စိတ်အားထက်သန်တာကောင်းတာပေါ့ရှင် "
" ဒေါက်တာကို သိပ်တွေ့ချင်နေခဲ့တာလေ ။
အိမ်က ဘယ်မှထွက်‌ခွင့်မပေးဘဲ လူတွေငှားပြီး
စောင့်ကြည့်နေတော့ လာကြည့်လို့လည်း
မရဘူး "
Jennie ဘာမှ ပြန်မပြောဘဲ
နှုတ်ဆိတ်နေမိတယ် ။ သူရဲ့ ရီဝေဝေ
အကြည့်တွေကို ပြန်‌ကြည့်နိုင်ဖို့
အတွက်က သိပ်ခက်ခဲတာပဲ ။
" ကျွန်မတို့ ဆွေးနွေးခန်‌းလေး
စတော့မလား Jisoo..."
" စကားလွှဲတာ သိသာတယ်  ဒေါက်တာ ။
ဒါပေမယ့် ထားပါ ခွင့်လွှတ်ပေးတယ် "
ထိုသို့ဖြင့် သူမတို့
စကားဝိုင်းကို စတင်ခဲ့သည် ။ ဒီတစ်ခါတော့
သူဆေးစသုံးဖြစ်ခဲ့တယ့်အကြောင်းတွေ
သိခဲ့ရတယ်။  ထုံးစံအတိုင်း
အပေါင်းအသင်းကနေ စတာပဲပေါ့ ။
ပြီးတော့ Jisoo နဲ့ချိန်းတယ့်အချိန်
လုံခြုံရေးအရမ်းတင်းကြပ်တာ
ဘာကြောင့်လည်းဆိုတာကိုလည်း
သူမ သဘောပေါက်ခဲ့တယ် ။
Jisoo ရဲ့ အဖေက လွှတ်တော်ဝန်ကြီး
တစ်ဦးဆိုပဲ ။ ‌ဒါကြောင့် သတင်းတွေ
မထွက်အောင် ဂရုစိုက်နေရတာပဲလို့
သဘောပေါက်သွားတယ် ။ Jisoo က
အဖေနဲ့အဆင်ပြေတယ့်ပုံတော့မပေါ်ဘူး ။
သူ့အဖေအကြောင်းကို
အကောင်းဘက်ကတစ်ခါမှ မပြောခဲ့ဖူးဘူး ။
ဒီလို ကုသမှုခံယူနေတာတောင်
သူ့အဖေကြောင့်မဟုတ်ဘဲ အမေက
တောင်းဆိုလို့တယ့် ။ အဖေနဲ့အမေက
Jisoo ငယ်ငယ်လေးထဲက
ကွာရှင်းထားတာ လို့ပြောတယ်။
ဒါကြောင့် သူ့ပုံစံက ‌
လောကကိုအရွဲ့တိုက်နေတယ့်
ပုံစံဖြစ်နေတာ နေမယ် ။
ဒီတစ်ခေါက်ပြန်တယ့်
အခါတော့ Jennie ကို တံခါးနားထိ
လိုက်မပို့ခိုင်းတော့ဘူးထင်တယ် ။
သူ့ဟာသူထသွားတယ် ။ အခန်းထဲက
မထွက်ခင် Jennie သူ့နမည်ကို
လှမ်းခေါ်လိုက်တော့ Jisoo က
လှည့်ကြည့်တယ် ။
" ‌ဘောင်းဘီထဲက Cigarette ဗူး
ကျွန်မဆီပေးခဲ့..."
သူမစကားကြောင့် သူက
သူခိုးလူမိသလို ဖြစ်ပြီး ရယ်ပြတယ် ။
‌အိတ်ကပ်ထဲက ဗူးကို ထုတ်ပြီး
ခပ်လေးလေးခြေလှမ်းတွေနဲ့ သူမ
စားပွဲကို လာ‌တင်ပေးရှာပါတယ် ။
" ကျွန်မ Jisoo ကို cigarette
သောက်ခွင့်မပေးထားဘူး..."
သူမလေသံက ခပ်တည်တည်ပါပဲ ။
စည်းကမ်းဖောက်တယ့်အခါတော့
အလျော့ပေးစရာမလိုဘူးလေ ။
" အဲ့လို ဘာလုပ်ခွင့် ပေးမှာလဲ "
Jennie ကိုယ့်နှုတ်ခမ်းကိုယ်
ဖိကိုက်လိုက်မိတယ် ။ ဘာဆက်ပြောရမလဲ
တောင်မသိတော့ပါဘူး ။
" အဲ့လိုနှုတ်ခမ်းမကိုက်ပြနဲ့ ဒေါက်တာ ။
စိတ်မထိန်းနိုင်ရင် ဒေါက်တာကို
ဆွဲနမ်းမိလိမ့်မယ်..."
Jisoo နဲ့တွေ့တိုင်း
Jennie မှာပြောစရာစကားတွေ
ပျောက်ရှနေရတယ် ။ သူမမှာ
ဒေါသထွက်ခွင့်တော့
ရှိပါတယ် ။ ဒါပေမယ့် ထူးဆန်းစွာဘဲ
မထွက်ဘူး ။
ဆေးရုံအုပ်နဲ့သွားပြောသင့်ပြီလား ။
သူမ စိတ်က ဆေးရုံအုပ်ဆီ ‌
ခြေတစ်လှမ်းတောင် မရွေ့ချင်ဘူး ။
အရှေ့က Jisoo က ဘောင်းဘီ
အိတ်ကပ်ထဲလက်နှစ်ဖက်ထည့်ရင်း
သူမကို ပြုံးပြနေတယ် ။ Jennie
စားပွဲပေါ်က Cigarette ဗူးသို့
အကြည့်လွှဲကာ ကောက်ယူလိုက်ပြီး
" မနက်ဖြန် ဆေးရုံတက်ရမှာ
မမေ့ပါနဲ့နော် ။ ဒီဗူးကိုတော့
ကျွန်မသိမ်းလိုက်ပြီ "
သူက ခေါင်းညိမ့်ပြတယ် ။
ဒါပေမယ့် ချက်ချင်းပြန်မထွက်သွား
သေးဘဲ စားပွဲပေါ်တင်ထားတယ့်
သူ့ Information တွေပါတယ့်
File ကိုလှမ်းကြည့်နေတယ် ။
" အဲ့တာ အခုထိ ဖတ်နေတုန်းလား
ဒေါက်တာ "
" ကျွန်မတာဝန်ယူထားတယ့်
လူနာအကြောင်း ကောင်းကောင်း
သိသင့်တယ်လို့ထင်တယ် "
သူက ပြုံးသွားတယ် ။ ပြီးတော့
" ငါ့ရဲ့ marital status ကဘာရေးထားလဲ
ဒေါက်တာ "
"  Single "
သူမဖြေတော့ သူက
ခဏစဉ်းစားဟန်ပြုတယ် ။ ပြီးမှ
" ဒေါက်တာကူညီပေးမယ်ဆိုရင်
ငါ့ရဲ့ Marital status က အဖြေက
ပြောင်းသွားလောက်တယ် "
သူမ ရယ်ချင်မိတယ့် စိတ်ကို
ထိန်းထားလိုက်ရတယ်။  သူကတော့
ပြုံးနေတာပဲ။  Jennie တစ်ချက်
ခေါင်းခါမိလိုက်ရင်း
" မနက်ဖြန် ဆေးရုံတက်ဖို့လာရင်
အစားအသောက်နဲ့ပတ်သတ်တာ
ဘာမှမယူလာနဲ့ "
သူမ နောက်တစ်ကြိမ် စကားလွှဲ
ခဲ့လိုက်ပြန်ပါတယ် ။ ဒီတစ်ခါလည်း
Jisoo က ရိပ်မိတယ်ထင်တယ် ။
ဒါပေမယ့် သူမကို ဘာမှမပြောတော့ဘဲ
ခေါင်းခါပြသွားရင်းလေတစ်ချွန်ချွန်နဲ့
အခန်းထဲက ထွက်သွားခဲ့တယ် ။
To be continued
အပိုင်းတိုလေးဆိုပြီး စဉ်းစားပြီး
ရေးလိုက်တာ ဇာတ်လမ်းရှည်
ဖြစ်သွားတော့မယ်တူတယ် :3
🪐
ဘာများတက်နိုင်မှာလဲ ။
သိပ်စိတ်ပျက်တာပဲ ။
ရယ်တော့မဟုတ်ပါဘူး ။ တစ်ချို့
တွေလာတယ့်အခါလည်း
ဂရုစိုက်ရတယ်လေ ။
လာကြတာလေ။ 
သူတို့က ဒီကိုလာကြတာ
လူတွေချည်းပါပဲ။ 
ဆွေးနွေးမှုခံယူ
ဆိုးဆိုးဝါးဝါးပါ ။ အဲ့အခါကျရင်
တင်းကြပ်ရတယ်။
ခဏခဏ‌မှာနေတာ။ 
ဘေးနားက လူနာရဲ့
အချက်အလက်တွေပါတယ့်
ချိန်းထားတယ့် လူနာက
အခန်းထဲဝင်လာခဲ့တယ်။ 
သူမနှုတ်ဆက်လိုက်သည် ။
သူမရဲ့ရှေ့က သူက
ချောတယ် ။ Jennie မသိမသာ
ကြည့်နေမိလိုက်တယ်။  ဘာမှ ပြင်ဆင်
သမ်းချင်နေပြီ ။ မျက်တွင်းတွေကလည်း
အနည်းငယ်ကျနေတယ် ။ မျက်လုံးဘေးမှာ
အညိုကွက်လည်းရှိတယ် ။ တစ်ကယ်တော့
သိသာပါတယ်။ 
သူက ခေါင်းညိမ့်ပြသည် ။ Jennie
အဲ့တော့ သူကနေ
မရှိဘူး Jisoo shi..."
Jennie လက်ထဲက File ကို
ဒေါက်တာ...။ ငါနဲ့ စကားပြောမယ်ဆို "
ဘာမှ အပြစ်မတင်ဘဲ
Jennie စကားကြောင့်
ဖတ်နေစရာမလိုပါဘူး ။
လက်ထဲက File ကို Jennie
ပိတ်လိုက်တယ် ။ ပြီးတော့
" မဟုတ်ပါဘူး...။ ငါ့အကြောင်းကို
စကြရအောင်..."
" စလေ "
စကားပြောဖြစ်ကြတယ် ။ သူ့ဆန္ဒအရ
ကိုတော့ ဖြေပေးတယ် ။
မဟုတ်ပါဘူး ။ သူက မေးခွန်းတွေနဲ့
ထထမေးတယ် ။ ဒေါက်တာမှာရည်းစား
ရှိလား ဘာညာပေါ့ ။  
သူမ လိုက်ပို့ပေးရတယ် ။
တံခါးလက်ကိုင်ကို
သူမ နေရခက်တယ် ။
တားမြစ်ထားတယ် "
သူမပြောတော့ သူက
ပြုံးသွားတယ် ။ ပြီးတော့
🪐
ပြန်ရောက်ရှိလာတယ် ။ သူနဲ့တွေ့ဖို့ကို
Jennie ပူပန်နေသလား ၊
ပြီးခဲ့တယ့်အပတ်က
နိုင်ခဲ့ဘူး ။ ဘာလို့လဲဆိုတာ
Jennie မသိဘူး ။
တော့ မငြင်းပါဘူး ။ မတွေးချင်ပေမယ့်
တွေးနေမိတာလေ ။
သူမ မလုပ်ခဲ့ဘူး ။ အကြောင်းပြချက်တော့
ထင်တာပဲလေ ။
ဒါဟာ တာဝန်သိစိတ်ပဲလေ ။
ဒေါက်တာ "
Kim Jisoo ။ ဒီတစ်ခါတော့ အပေါ်ထပ်
ကြည့်ကောင်းသားပဲ ။ စိတ်ထဲက
အစွန်းစ ထွက်နေတယ့်
" ချိန်းထားတယ့် ရက်ကို
" ဘဝမှာ တစ်ခါမှ ဒီလောက်
မရဘူး "
နှုတ်ဆိတ်နေမိတယ် ။ သူရဲ့ ရီဝေဝေ
အတွက်က သိပ်ခက်ခဲတာပဲ ။
စတော့မလား Jisoo..."
ထိုသို့ဖြင့် သူမတို့
သိခဲ့ရတယ်။  ထုံးစံအတိုင်း
သူမ သဘောပေါက်ခဲ့တယ် ။
တစ်ဦးဆိုပဲ ။ ‌ဒါကြောင့် သတင်းတွေ
သဘောပေါက်သွားတယ် ။ Jisoo က
သူ့အဖေအကြောင်းကို
တောင်းဆိုလို့တယ့် ။ အဖေနဲ့အမေက
Jisoo ငယ်ငယ်လေးထဲက
ဒါကြောင့် သူ့ပုံစံက ‌
ပုံစံဖြစ်နေတာ နေမယ် ။
ဒီတစ်ခေါက်ပြန်တယ့်
သူ့ဟာသူထသွားတယ် ။ အခန်းထဲက
လှည့်ကြည့်တယ် ။
ကျွန်မဆီပေးခဲ့..."
သူမစကားကြောင့် သူက
ဖိကိုက်လိုက်မိတယ် ။ ဘာဆက်ပြောရမလဲ
တောင်မသိတော့ပါဘူး ။
ဆွဲနမ်းမိလိမ့်မယ်..."
Jisoo နဲ့တွေ့တိုင်း
ပျောက်ရှနေရတယ် ။ သူမမှာ
ဒေါသထွက်ခွင့်တော့
မထွက်ဘူး ။
သူမကို ပြုံးပြနေတယ် ။ Jennie
မမေ့ပါနဲ့နော် ။ ဒီဗူးကိုတော့
ကျွန်မသိမ်းလိုက်ပြီ "
သူက ခေါင်းညိမ့်ပြတယ် ။
ဒေါက်တာ "
သိသင့်တယ်လို့ထင်တယ် "
သူက ပြုံးသွားတယ် ။ ပြီးတော့
ဒေါက်တာ "
"  Single "
သူမဖြေတော့ သူက
ခဏစဉ်းစားဟန်ပြုတယ် ။ ပြီးမှ
ပြောင်းသွားလောက်တယ် "
ထိန်းထားလိုက်ရတယ်။  သူကတော့
ပြုံးနေတာပဲ။  Jennie တစ်ချက်
ခေါင်းခါမိလိုက်ရင်း
ဘာမှမယူလာနဲ့ "
ခဲ့လိုက်ပြန်ပါတယ် ။ ဒီတစ်ခါလည်း
အခန်းထဲက ထွက်သွားတယ် ။
🪐
Continue Reading
You'll Also Like
51.3K 1.9K 20
a young girl attends the masquerade ball for her school. she discovers a boy with beautiful brown eyes, falls in love, and never sees him again. wil...
1.1M 27.6K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
3.2M 185K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
36.3K 3.2K 35
แ€œแ€ฎแ€œแ€ฎแ€ทแ€€แ€ญแ€ฏแ€แ€ปแ€…แ€บแ€แ€ฌแ€€ แ€’แ€แ€บแ€›แ€ฌแ€แ€ฝแ€ฑแ€™แ€ปแ€ฌแ€ธแ€แ€ฒแ€ทแ€แ€šแ€บแ€†แ€ญแ€ฏแ€แ€ฑแ€ฌแ€„แ€บ แ€€แ€ปแ€ฝแ€”แ€บแ€™แ€€ แ€€แ€ปแ€ฑแ€”แ€•แ€บแ€•แ€ซแ€แ€šแ€บ แ‹แ€กแ€ฒแ€ทแ€’แ€ฎแ€’แ€แ€บแ€›แ€ฌแ€แ€ฝแ€ฑแ€‘แ€ฒแ€™แ€พแ€ฌแ€œแ€Šแ€บแ€ธ แ€€แ€ผแ€Šแ€บแ€”แ€ฐแ€ธแ€–แ€ฝแ€šแ€บแ€›แ€ฌแ€แ€ฝแ€ฑแ€€แ€•แ€บแ€•แ€ซแ€”แ€ฑแ€แ€€แ€บแ€แ€šแ€บแ€œแ€ฑ แ‹ ...