Unicode
အခန်းထောင့်လေးမှာ ကုပ်ကုပ်လေး ထိုင်ပြီးရှိုက်၍ငိုနေသူအား ဝီရဦးခေါင် စိတ်ရှုပ်ရှုပ်နဲ့ ရပ်ပဲ ကြည့်နေလိုက်သည် ။
နေဥတ္တရာငိုနေတာကို မြင်ရတဲ့သူလည်း ဘာကိုစိတ်ရှုပ်လို့ စိတ်ရှုပ်မှန်း မသိ ။
မကြိုက်ဘူး ဒီလူ ငိုနေတာကို သူ မကြိုက်ဘူး ဒီလူ့မျက်ရည်တွေကို သူ မကြိုက်ဘူး ။
ခုနတုန်းကလည်း နေဥတ္တရာပါးပြင်ပေါ်က လက်သည်းခြစ်ရာလေးကို မြင်လိုက်ရရုံနဲ့ သူ့သွေးတွေဆူပွက်လာပြီး ယမင်းငုဝါကို လည်ပင်းညှစ်မိသွားသေးတယ် ။
သူတစ်ကယ်ပဲ ဒီနေ့ တစ်နေ့ထဲကို ဘာတွေဖြစ်နေတာလဲ ။
ပြီးတော့ရော အတိတ်တုန်းက သူနဲ့ ဒီလူ့ရဲ့ ပက်သတ်မှုက ဘာများရေရေရာရာဟုတ်ခဲ့လို့ အခုလိုမျိုး သူက နေဥတ္တရာကို သူများတွေ ထိတာနဲ့ အထိမခံနိုင်ဖြစ်နေတာရတာလဲ ။
" နေဥတ္တရာ "
ခန့်ခန့်ညားညားရှိပြီး ဥပဓိရုပ်က ကြည့်ကောင်းလှတဲ့ ယောကျ်ား တစ်ယောက် ရောက်လာကာ နေဥတ္တရာ ကို ရင်ခွင်ထဲဆွဲထည့်လိုက်တာမို့ သူ လက်သီးကိုတင်းတင်းဆုပ်မိသွားသည် ။
" နေနေ မင်း! "
" အော် ကိုတက်လူနိုင် ကျွန်တော် ဘာမှမဖြစ်ဘူး "
" ဘာကို ဘာမှ မဖြစ် ဒီလောက် "
" ဘာမှမဖြစ်ဘူး ဆို "
ဟိုလူက ဘာကိစ္စနဲ့ သူများဆီမှာ အဖက်ခံလိုက်တာလဲ ။ ငိုနေတာ အဖက်ခံချင်လို့ဆိုရင် သူလည်းအစောကြီးထဲကဘာမှမမေးမြန်းဘဲဖက်ထားပေးမှာပေါ့ ။
ကျစ်!တစ်ချိန်တုန်းက သူကိုယ်တိုင်လည်း နေ
ဥတ္တရာကို ရင်ခွင်ထဲ ဆွဲသွင်းဖူးတယ်ဆိုတဲ့ အတွေးတွေက ဘာလို့များဝင်လာရတာလဲ ။ဒါ့အပြင် ဒီလူ့အငွေ့အသက်တွေကို သူရင်းရင်းနှီးနှီးသိနေတာကြီးက မဟုတ်သေးပါဘူး ။
ပါးပေါ်က စံပယ်တင်မှဲ့လေး ။ ဆီးစပ်နားက မှဲ့နက်ကလေး ။ လက်ကောက်ဝတ်ပေါ်က မှဲ့နီကလေးတွေ ကို တစ်ခုချင်းစီ အနှေးပြကွက်သဖွယ် သူ့ မျက်လုံးထဲ ပြန်မြင်လာ၍ ခေါင်းကိုအသာခါရမ်းပစ်လိုက်ရသည် ။
မဖြစ်နိုင်ဘူး သူနဲ့ နေဥတ္တရာက ဘယ်လိုဖြစ်ပြီးတော့ အဲ့လိုတွေဖြစ်ခဲ့မှာလဲ ။
ဖက်နေတဲ့ နှစ်ယောက်သားကို ဝီရဦးခေါင် ဆက်မကြည့်နိုင်တော့ ။ ရင်ထဲလည်း ကလိကလိနဲ့ နေလို့မကောင်းတော့တာမို့ ဆွဲခွာဖို့ ခြေလှမ်းပြင်ပြီးမှ ပြန်စဥ်းစားကြည့်တော့ ဒါက နေဥတ္တရာပြောတဲ့ သူ့ခင်ပွန်းဆိုတဲ့တစ်ယောက်ဖြစ်နိုင်တာပဲလေ ဆိုတဲ့အသိက သူ့ကိုရှေ့ဆက်မတိုးနိုင်အောင် တားထားလိုက်ပြန်တယ် ။
ဒါပေမဲ့ သူပဲ အမြင်မှားတာလား မသိ နေဥတ္တရာက တက်လူနိုင်ဆိုတဲ့ကောင်ကို ခဏလောက်ဖက်ပြီးတာနဲ့ တွန်းဖယ်ပစ်လိုက်သလိုပဲ ။
" ကလေးမိဘတွေ ကျွန်မနဲ့ အခန်းထဲ လိုက်ခဲ့ပေးပါဦး "
ဆရာဝန်မ စကားကို ဝီရဦးခေါင် ခေါင်းငြိမ့်ပြကာရှေ့က သွားဖို့ပြင်တော့ ကျန်နှစ်ယောက်က သူ့ကိုပြူးပြီး ကြည့်နေကြပြန်သည် ။
" အဟမ်း! သွားကြလေ ခင်ဗျားတို့ နှစ်ယောက် က စံချိန်မှီရဲ့ မိဘတွေမဟုတ်လား "
သူနောက်ကို ခြေတစ်လှမ်းဆုတ်ပေးလိုက်တော့ နေဥတ္တရာ မျက်စောင်းထိုးတာ ဗလိုင်းကြီး ခံလိုက်ရတယ် ။
" နေနေ သူက ဟိုကောင် "
" လာပေးတာ ကျေးဇူးပဲ ကိုတက်လူနိုင် "
" အင်း ဒါဆို အကိုပြန်တော့မယ် နော် တစ်ခုခုဆို ဖုန်းဆက်လိုက်ဦး နေနေ "
သူ့ကို ကြည့်ပြီး ပြောနေပုံအရ တက်လူနိုင်ဆိုတဲ့ကောင်ကပါ ဝီရဦးခေါင်ကို သိနေသလိုမျိုး ။
" မင်းလည်း ပြန်ချင်ပြန်လို့ရပြီ ဝီရဦးခေါင် "
" ခင်ဗျားတစ်ယောက်ထဲ "
" ရပါတယ် အဆင်ပြေတယ် ပြန်လိုက်လေ "
ရှေ့ကနေ လှုပ်စိလှုပ်စိနဲ့ သွားနေသူကနွမ်းဖတ်ဖတ်နဲ့မို့ ဝီရဦးခေါင် မှာ ရင်တထိတ်ထိတ်ရယ် ။
သားပြီးရင် အဖေပါလဲကျတော့မဲ့အတိုင်း နေ
ဥတ္တရာ မျက်နှာလေးက ဖြူဖျော့နေကာ နှုတ်ခမ်းပါးကလည်း ခြောက်သွေ့ပြီးသွေးရောင်တောင် မသမ်းတော့ ။ အနောက်ကနေ ကြည့်နေတဲ့သူ့မျက်စိထဲ ကလေးအဖေလေးက သေးသေးလေးသာ ကျန်တော့တယ် ။
" နေဥတ္တရာ! !!!! "
သူတွေးလို့တောင် မဆုံးသေး ပုံရက်သားလေး လဲကျသွားသည့် သူကြောင့် ဝီရဦးခေါင် မှာ အမြန်ကောက်ပွေ့လိုက်ရသည် ။
" နေနေ ခင်ဗျား !"
တစ်ကိုယ်လုံးနီးပါး ပူခြစ်တောက်နေကာ မီးကျီးခဲကြီး ပွေ့ထားရတဲ့ အတိုင်းကို ဖြစ်နေတာကို သိလို့ ခုနက ဟိုလူ မျက်နှာပျက်သွားတာလား ။
" ငါ ဘာမှမဖြစ်ဘူး အောက်ချပေးတော့ "
နေဥတ္တရာတို့ အသည်းအသန်ရုန်းပြီး သူ့ကို ထုရိုက်လာ၍ ဝီရဦးခေါင် မလှုပ်ရှားနိုင်တော့အောင် သေချာလေး ဖက်ထားပစ်လိုက်တယ် ။
" အငြိမ်အနေရင် ပစ်ချပစ်လိုက်မှာနော် မဆိုးစမ်းနဲ့ ခင်ဗျားရာ "
" မင်းကို မုန်းတယ် "
" ဟော ကျွန်တော် ဘာမှလည်း မလုပ်ဘဲ "
ဒီတစ်ခါတော့ ရင်ခွင်ထဲက နေနေ က သူ့လည်တိုင်ကို အလိုက်သင့်လေး သိုင်းဖက်ကာ ငြိမ်နေပြီး ဘာကိုမှပြန်မပြောတော့ ။
အတန်ကြာမှ သူ့ရင်ဘတ်က စိုစိစိုစိ ဖြစ်လာ၍ ငုံ့ကြည့်လိုက်တော့မှ နေဥတ္တရာ တစ်ယောက် အသံတိတ်မျက်ရည်ကျနေခြင်းပင် ။
" နေနေကလည်း မငိုနဲ့လေဗျာ "
သူပြောလိုက်မှပဲ နေနေက ပိုပြီးတိုးငိုလာကာ ရှိုက်သံတွေပါထွက်လာသည် ။ ဝီရဦးခေါင် လည်း ဘာလုပ်ရမှန်းကို မသိတော့ ။
ဆရာဝန်မအခန်းရှေ့ရောက်မှပဲ ငိုတာရပ်ပြီး သူ့ကို မို့အစ်နေတဲ့မျက်နှာလေးနဲ့ ကြည့်လာသည် ။
" တစ်ခုခု ပြောချင်တာ ရှိလား နေဥတ္တရာ "
" မင်း "
" အင်း "
" လက်မထပ်လို့ မရဘူးလားဟင် "
" ဗျာ "
" လက်မထပ်လိုက်ပါနဲ့ "
" နေနေ "
" ဆောရီး ငါဘာတွေပြောမိလိုက်မှန်း မသိဘူး "
မျက်နှာကို လက်နဲ့အုပ်ကာ သက်ပြင်းတွေအလီလီချနေသူအား ဝီရဦးခေါင် မကြည့်ရက်တော့ပါ ။
လောလောဆယ် စံချိန်မှီက အရေးကြီးနေသည်မို့ နေနေ့လက်ကို ဆုပ်ကိုင်ကာ အခန်းထဲ သူပဲဦးဆောင်ပြီးဝင်လာလိုက်သည် ။
" ရောက်လာကြပြီလား ဒါလေး ကြည့်လိုက်နော် "
ဒေါက်တာပေးလာတဲ့ စာရွက်တွေကို ဝီရဦးခေါင် ယူကြည့်နေရင်းကို မျက်မှောင်တွေက အလိုလိုကြုတ်မိရက်သားဖြစ်သွားရတယ် ။
နေနေ့ကို ကြည့်တော့လည်း သူ့ကို မျက်နှာငယ်လေး နဲ့ ပြန်ကြည့်နေတာမို့ အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြလိုက်ရသည် ။
" အရမ်းကြီးတော့ မစိုးရိမ်ရပေမဲ့ ကလေးဆီမှာ သွေးလွန်တုပ်ကွေးရောဂါရဲ့လက္ခဏာတွေ အမတွေ့တယ်ပေါ့နော် ။ အဲ့တော့ အမက ကလေးကို ဆေးရုံမှာ လေးရက် ဒါမှမဟုတ် ငါးရက်လောက်တော့ နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလေးခံယူစေချင်တယ် မောင်လေးတို့ရော ဘယ်လိုသဘောရလဲ "
" သားက နှာခေါင်းသွေးလျှံတာရော ဆရာမ "
" နေပူကြီးထဲတွေ ဆော့သေးလားဟင် ဖြစ်နိုင်ရင် တော့ ပေးမဆော့ပါနဲ့ ။ ကလေးရဲ့ သွေးကြောလေးတွေကလည်း ပါးပါးမျှင်မျှင်လေးတွေဆိုတော့ နေအရမ်းပူနေတုန်းသွားဆော့ရင်လည်း ဖြစ်တတ်ပါတယ် "
" ဟုတ် ဒါဆို ကျွန်တော် ဆရာမ ပြောတဲ့အတိုင်း သားကို ဒီမှာ ထားထားမယ် "
" ကောင်းပါပြီ အရမ်းကြီး မစိုးရိမ်နဲ့ နော် "
" ကျေးဇူးတင်ပါတယ် ဆရာမ "
စံချိန်မှီ့ကို ဆေးရုံ တင်ရမှာမို့ ဝီရဦးခေါင် reception မှာ လိုအပ်တာတွေလုပ်နေပြီး နေနေ့ကိုတော့ သားဆီအရင်လွှတ်လိုက်ရသည် ။
နားထဲမှာလည်း သူ့ကိုပြောတဲ့ နေဥတ္တရာရဲ့ လက်မထပ်လိုက်ပါနဲ့ဆိုတဲ့ စကားတွေက တဝဲလည်လည် ။
" ဝီရဦးခေါင် နေမကောင်းဘူးလား "
နေမကောင်းနေတာက ခင်ဗျားဆိုပြီးသာ အော်လိုက်ချင်ပေမဲ့ သူ့ကို စိတ်ပူနေတဲ့ မျက်ဝန်းလေးတွေကြောင့် စိတ်ကိုလျှော့လိုက်ရတယ် ။
ကုတင်ပေါ်ကို ကြည့်တော့လည်း စံချိန်မှီလေးက သူ့ကို စိတ်ဝင်တစားကြည့်နေတာမို့ ကလေးဆီပဲသူ့ခြေလှမ်းတွေဦးတည်လိုက်သည် ။
" Dadddddy "
ထိုင်ခုံမှာ ထိုင်ဖို့ ရှိသေး သူ့ကိုလက်သေးသေးလေးတွေနဲ့ လှမ်းဖက်ကာ ဒယ်ဒီဆိုပြီးခေါ်လာသူ
ကြောင့် ဝီရဦးခေါင် တစ်ကိုယ်လုံး တောင့်တင်းသွားကာ စိတ်နဲ့လူနဲ့ပင် မကပ်တော့ ။
ဖယ်ထုတ်ဖို့ ပြင်လိုက်ပေမဲ့ ဆေးသွင်းထားတဲ့လက်ကလေးကိုထိမိသွားမှာစိုး၍ နေနေ့ကိုပဲ ကြည့်လိုက်သည်။
" သက်ဦးစံပိုင် ဖယ်ပေးလိုက် "
" ဒယ်ဒီပါချို ပါပါးပြဖူးယယ်ရေ ဂျတ်ပုံထဲမှာ "
ဓာတ်ပုံထဲမှာ သူ့ကို ဒယ်ဒီဆိုပြီး ပြဖူးတယ်တဲ့လား ။
" နေဥတ္တရာ "
" စံစံ ပါပါးဆီလာ "
" ယာဝူး ဒယ်ဒီယဲ့ပဲ နေမှာ မွ "
ပြောလည်းပြော သူ့ပါးကို မွခနဲ လုပ်လာတဲ့ကလေးကို ဝီရဦးခေါင် ဒေါသမထွက်တဲ့အပြင် အူတွေအသည်းတွေ ယားလာရသည်။
သေချာကြည့်မှ ဒီကလေးက ဝီရဦးခေါင် နဲ့တူနေတာပဲ ။
" ဒါနဲ့ နေနေ ကလေးနာမည်က ဘယ်ဟာအရင်းလဲ"
" စံချိန်မှီက သူ့ဒယ်ဒီပေးတာ သက်ဦးစံပိုင်ဆိုတာကျ ငါပေးတာ "
" သူ့ဒယ်ဒီဆိုတော့ ခုနကတစ်ယောက်လား "
" ဝီရဦးခေါင်! !!! "
" ဘာလို့ အော်တာလဲ ဒါလေးမေးတာကို "
" ပါပါး အော်နဲ့ "
ကလေးက နေနေ့ကို မျက်စောင်းထိုးပြီး သူ့ကိုကျ တဟီးဟီးနဲ့ ရယ်ပြလာတာမို့ ဝီရဦးခေါင်လည်း တင်းနေအောင်သာဖက်ထားပေးလိုက်တယ်။
စံချိန်မှီလေးသာ သူ့သားဖြစ်ရင်ဘယ်လောက်ကောင်းမလဲ ။ အများကြီး အလိုလိုက်ပေးမှာမို့ သူ့သားလေးပဲ ဖြစ်လိုက်ပါတော့လား ။
" ကိုတက်လူနိုင်က ငါ့အမျိုးသား မဟုတ်ဘူး "
" ဆောရီး "
" အင်း ရတယ် "
" မွေးနေ့ကရော "
" မင်းသားက မင်းနဲ့ အတူတူပဲ ဂျူလိုင်လ 31ရက် "
နေနေက ဘာရယ်မဟုတ် ကလေးကို အဝတ်စားလဲပေးဖို့ ပြင်နေရင်း ဖြေလိုက်ပေမဲ့ သူ့မှာတော့ အတွေးက လွန်နေလေပြီ ။ မင်းသားက မင်းနဲ့အတူတူပဲဆိုတာဘာစကားလဲ ။ ပြီးတော့ ဂျူလိုင် 31 ဆိုတဲ့ သူ့မွေးနေ့က သူနဲ့ မာမီပဲသိပြီး ကျန်တဲ့ တခြားဘယ်သူမှ မသိဘူး ။
စားပွဲပေါ်က ဆေးစစ်ချက်စာရွက်ဆီကို ကြည့်မိသွားတော့လည်း သက်ဦးစံပိုင် သွေးအမျိုးအစားနေရာမှာ O လို့ ရေးထား၍ ဝီရဦးခေါင် ချက်ချင်း နေဥတ္တရာပုခုံးကို ဆုပ်ကိုင်လိုက်သည် ။
" နေနေ ကျွန်တော် နဲ့ ခင်ဗျား ကြားက ပက်သတ်မှုက ဘာများလဲ ခင်ဗျား ရှင်းပြသင့်တယ် မထင်ဘူး လား "
" ငါ "
" ခင်ဗျားအခုချိန် မပြောရင် ကျွန်တော် ဘာမှသိမှာ မဟုတ်ဘူးနော် ပြီးတော့ တနင်္ဂနွေ ဆိုရင်ပဲ ကျွန်တော် နဲ့ ယမင်းငုဝါနဲ့ လက်ထပ်ရတော့မယ် "
" ငါလည်း မသိတော့ဘူး ဝီရဦးခေါင် "
" ညကြရင် ပြန်လာခဲ့မယ် ကျုပ် သားကို သေချာကြည့်ထားပေး နေဥတ္တရာ "
သူ့စကားအဆုံး အံ့သြသလို ကြည့်လာတဲ့ နေနေ့ကြောင့် ဝီရဦးခေါင် သိလိုက်ပြီ ။
သက်ဦးစံပိုင်က အမှန်တစ်ကယ်ကို သူ့သွေးသားဖြစ်နေခဲ့တာပဲ ။
//
Garlic
4/12/23
ဂါးလစ် CPB ထဲ အရမ်းထည့်ရေးချင်နေတဲ့ သီချင်း တစ်ပုဒ်ရှိတယ် ။ မှန်ရင် မနက်ဖြန် အပိုင်းသစ် တင်ပေးမယ် ။ မမှန်ရင်တော့ နှစ်ရက်ခြားပေါ့ ။ သီချင်းအဆိုတော်ကတော့ မရှိတော့ပါဘူး လူငယ်ပါပဲ ။ ဂစ်တာတီးပြီးဆိုရင် အရမ်းကိုမိုက်တဲ့သီချင်းပါ ။
Zawgyi
အခန္းေထာင့္ေလးမွာ ကုပ္ကုပ္ေလး ထိုင္ၿပီးရွိုက္၍ငိုေနသူအား ဝီရဦးေခါင္ စိတ္ရႈပ္ရႈပ္နဲ႕ ရပ္ပဲ ၾကည့္ေနလိုက္သည္ ။
ေနဥတၱရာငိုေနတာကို ျမင္ရတဲ့သူလည္း ဘာကိုစိတ္ရႈပ္လို႔ စိတ္ရႈပ္မွန္း မသိ ။
မႀကိဳက္ဘူး ဒီလူ ငိုေနတာကို သူ မႀကိဳက္ဘူး ဒီလူ႕မ်က္ရည္ေတြကို သူ မႀကိဳက္ဘူး ။
ခုနတုန္းကလည္း ေနဥတၱရာပါးျပင္ေပၚက လက္သည္းျခစ္ရာေလးကို ျမင္လိုက္ရ႐ုံနဲ႕ သူ႕ေသြးေတြဆူပြက္လာၿပီး ယမင္းငုဝါကို လည္ပင္းညွစ္မိသြားေသးတယ္ ။
သူတစ္ကယ္ပဲ ဒီေန႕ တစ္ေန႕ထဲကို ဘာေတြျဖစ္ေနတာလဲ ။
ၿပီးေတာ့ေရာ အတိတ္တုန္းက သူနဲ႕ ဒီလူ႕ရဲ႕ ပက္သတ္မႈက ဘာမ်ားေရေရရာရာဟုတ္ခဲ့လို႔ အခုလိုမ်ိဳး သူက ေနဥတၱရာကို သူမ်ားေတြ ထိတာနဲ႕ အထိမခံနိုင္ျဖစ္ေနတာရတာလဲ ။
" ေနဥတၱရာ "
ခန့္ခန့္ညားညားရွိၿပီး ဥပဓိ႐ုပ္က ၾကည့္ေကာင္းလွတဲ့ ေယာက်္ား တစ္ေယာက္ ေရာက္လာကာ ေနဥတၱရာ ကို ရင္ခြင္ထဲဆြဲထည့္လိုက္တာမို႔ သူ လက္သီးကိုတင္းတင္းဆုပ္မိသြားသည္ ။
" ေနေန မင္း! "
" ေအာ္ ကိုတက္လူနိုင္ ကြၽန္ေတာ္ ဘာမွမျဖစ္ဘူး "
" ဘာကို ဘာမွ မျဖစ္ ဒီေလာက္ "
" ဘာမွမျဖစ္ဘူး ဆို "
ဟိုလူက ဘာကိစၥနဲ႕ သူမ်ားဆီမွာ အဖက္ခံလိုက္တာလဲ ။ ငိုေနတာ အဖက္ခံခ်င္လို႔ဆိုရင္ သူလည္းအေစာႀကီးထဲကဘာမွမေမးျမန္းဘဲဖက္ထားေပးမွာေပါ့ ။
က်စ္!တစ္ခ်ိန္တုန္းက သူကိုယ္တိုင္လည္း ေန
ဥတၱရာကို ရင္ခြင္ထဲ ဆြဲသြင္းဖူးတယ္ဆိုတဲ့ အေတြးေတြက ဘာလို႔မ်ားဝင္လာရတာလဲ ။ဒါ့အျပင္ ဒီလူ႕အေငြ႕အသက္ေတြကို သူရင္းရင္းႏွီးႏွီးသိေနတာႀကီးက မဟုတ္ေသးပါဘူး ။
ပါးေပၚက စံပယ္တင္မွဲ႕ေလး ။ ဆီးစပ္နားက မွဲ႕နက္ကေလး ။ လက္ေကာက္ဝတ္ေပၚက မွဲ႕နီကေလးေတြ ကို တစ္ခုခ်င္းစီ အႏွေးျပကြက္သဖြယ္ သူ႕ မ်က္လုံးထဲ ျပန္ျမင္လာ၍ ေခါင္းကိုအသာခါရမ္းပစ္လိုက္ရသည္ ။
မျဖစ္နိုင္ဘူး သူနဲ႕ ေနဥတၱရာက ဘယ္လိုျဖစ္ၿပီးေတာ့ အဲ့လိုေတြျဖစ္ခဲ့မွာလဲ ။
ဖက္ေနတဲ့ ႏွစ္ေယာက္သားကို ဝီရဦးေခါင္ ဆက္မၾကည့္နိုင္ေတာ့ ။ ရင္ထဲလည္း ကလိကလိနဲ႕ ေနလို႔မေကာင္းေတာ့တာမို႔ ဆြဲခြာဖို႔ ေျခလွမ္းျပင္ၿပီးမွ ျပန္စဥ္းစားၾကည့္ေတာ့ ဒါက ေနဥတၱရာေျပာတဲ့ သူ႕ခင္ပြန္းဆိုတဲ့တစ္ေယာက္ျဖစ္နိုင္တာပဲေလ ဆိုတဲ့အသိက သူ႕ကိုေရွ႕ဆက္မတိုးနိုင္ေအာင္ တားထားလိုက္ျပန္တယ္ ။
ဒါေပမဲ့ သူပဲ အျမင္မွားတာလား မသိ ေနဥတၱရာက တက္လူနိုင္ဆိုတဲ့ေကာင္ကို ခဏေလာက္ဖက္ၿပီးတာနဲ႕ တြန္းဖယ္ပစ္လိုက္သလိုပဲ ။
" ကေလးမိဘေတြ ကြၽန္မနဲ႕ အခန္းထဲ လိုက္ခဲ့ေပးပါဦး "
ဆရာဝန္မ စကားကို ဝီရဦးေခါင္ ေခါင္းၿငိမ့္ျပကာေရွ႕က သြားဖို႔ျပင္ေတာ့ က်န္ႏွစ္ေယာက္က သူ႕ကိုျပဴးၿပီး ၾကည့္ေနၾကျပန္သည္ ။
" အဟမ္း! သြားၾကေလ ခင္ဗ်ားတို႔ ႏွစ္ေယာက္ က စံခ်ိန္မွီရဲ႕ မိဘေတြမဟုတ္လား "
သူေနာက္ကို ေျခတစ္လွမ္းဆုတ္ေပးလိုက္ေတာ့ ေနဥတၱရာ မ်က္ေစာင္းထိုးတာ ဗလိုင္းႀကီး ခံလိုက္ရတယ္ ။
" ေနေန သူက ဟိုေကာင္ "
" လာေပးတာ ေက်းဇူးပဲ ကိုတက္လူနိုင္ "
" အင္း ဒါဆို အကိုျပန္ေတာ့မယ္ ေနာ္ တစ္ခုခုဆို ဖုန္းဆက္လိုက္ဦး ေနေန "
သူ႕ကို ၾကည့္ၿပီး ေျပာေနပုံအရ တက္လူနိုင္ဆိုတဲ့ေကာင္ကပါ ဝီရဦးေခါင္ကို သိေနသလိုမ်ိဳး ။
" မင္းလည္း ျပန္ခ်င္ျပန္လို႔ရၿပီ ဝီရဦးေခါင္ "
" ခင္ဗ်ားတစ္ေယာက္ထဲ "
" ရပါတယ္ အဆင္ေျပတယ္ ျပန္လိုက္ေလ "
ေရွ႕ကေန လႈပ္စိလႈပ္စိနဲ႕ သြားေနသူကႏြမ္းဖတ္ဖတ္နဲ႕မို႔ ဝီရဦးေခါင္ မွာ ရင္တထိတ္ထိတ္ရယ္ ။
သားၿပီးရင္ အေဖပါလဲက်ေတာ့မဲ့အတိုင္း ေန
ဥတၱရာ မ်က္ႏွာေလးက ျဖဴေဖ်ာ့ေနကာ ႏႈတ္ခမ္းပါးကလည္း ေျခာက္ေသြ႕ၿပီးေသြးေရာင္ေတာင္ မသမ္းေတာ့ ။ အေနာက္ကေန ၾကည့္ေနတဲ့သူ႕မ်က္စိထဲ ကေလးအေဖေလးက ေသးေသးေလးသာ က်န္ေတာ့တယ္ ။
" ေနဥတၱရာ! !!!! "
သူေတြးလို႔ေတာင္ မဆုံးေသး ပုံရက္သားေလး လဲက်သြားသည့္ သူေၾကာင့္ ဝီရဦးေခါင္ မွာ အျမန္ေကာက္ေပြ႕လိုက္ရသည္ ။
" ေနေန ခင္ဗ်ား !"
တစ္ကိုယ္လုံးနီးပါး ပူျခစ္ေတာက္ေနကာ မီးက်ီးခဲႀကီး ေပြ႕ထားရတဲ့ အတိုင္းကို ျဖစ္ေနတာကို သိလို႔ ခုနက ဟိုလူ မ်က္ႏွာပ်က္သြားတာလား ။
" ငါ ဘာမွမျဖစ္ဘူး ေအာက္ခ်ေပးေတာ့ "
ေနဥတၱရာတို႔ အသည္းအသန္႐ုန္းၿပီး သူ႕ကို ထုရိုက္လာ၍ ဝီရဦးေခါင္ မလႈပ္ရွားနိုင္ေတာ့ေအာင္ ေသခ်ာေလး ဖက္ထားပစ္လိုက္တယ္ ။
" အၿငိမ္အေနရင္ ပစ္ခ်ပစ္လိုက္မွာေနာ္ မဆိုးစမ္းနဲ႕ ခင္ဗ်ားရာ "
" မင္းကို မုန္းတယ္ "
" ေဟာ ကြၽန္ေတာ္ ဘာမွလည္း မလုပ္ဘဲ "
ဒီတစ္ခါေတာ့ ရင္ခြင္ထဲက ေနေန က သူ႕လည္တိုင္ကို အလိုက္သင့္ေလး သိုင္းဖက္ကာ ၿငိမ္ေနၿပီး ဘာကိုမွျပန္မေျပာေတာ့ ။
အတန္ၾကာမွ သူ႕ရင္ဘတ္က စိုစိစိုစိ ျဖစ္လာ၍ ငုံ႕ၾကည့္လိုက္ေတာ့မွ ေနဥတၱရာ တစ္ေယာက္ အသံတိတ္မ်က္ရည္က်ေနျခင္းပင္ ။
" ေနေနကလည္း မငိုနဲ႕ေလဗ်ာ "
သူေျပာလိုက္မွပဲ ေနေနက ပိုၿပီးတိုးငိုလာကာ ရွိုက္သံေတြပါထြက္လာသည္ ။ ဝီရဦးေခါင္ လည္း ဘာလုပ္ရမွန္းကို မသိေတာ့ ။
ဆရာဝန္မအခန္းေရွ႕ေရာက္မွပဲ ငိုတာရပ္ၿပီး သူ႕ကို မို႔အစ္ေနတဲ့မ်က္ႏွာေလးနဲ႕ ၾကည့္လာသည္ ။
" တစ္ခုခု ေျပာခ်င္တာ ရွိလား ေနဥတၱရာ "
" မင္း "
" အင္း "
" လက္မထပ္လို႔ မရဘူးလားဟင္ "
" ဗ်ာ "
" လက္မထပ္လိုက္ပါနဲ႕ "
" ေနေန "
" ေဆာရီး ငါဘာေတြေျပာမိလိုက္မွန္း မသိဘူး "
မ်က္ႏွာကို လက္နဲ႕အုပ္ကာ သက္ျပင္းေတြအလီလီခ်ေနသူအား ဝီရဦးေခါင္ မၾကည့္ရက္ေတာ့ပါ ။
ေလာေလာဆယ္ စံခ်ိန္မွီက အေရးႀကီးေနသည္မို႔ ေနေန႕လက္ကို ဆုပ္ကိုင္ကာ အခန္းထဲ သူပဲဦးေဆာင္ၿပီးဝင္လာလိုက္သည္ ။
" ေရာက္လာၾကၿပီလား ဒါေလး ၾကည့္လိုက္ေနာ္ "
ေဒါက္တာေပးလာတဲ့ စာ႐ြက္ေတြကို ဝီရဦးေခါင္ ယူၾကည့္ေနရင္းကို မ်က္ေမွာင္ေတြက အလိုလိုၾကဳတ္မိရက္သားျဖစ္သြားရတယ္ ။
ေနေန႕ကို ၾကည့္ေတာ့လည္း သူ႕ကို မ်က္ႏွာငယ္ေလး နဲ႕ ျပန္ၾကည့္ေနတာမို႔ အဆင္ေျပေၾကာင္း ေခါင္းၿငိမ့္ျပလိုက္ရသည္ ။
" အရမ္းႀကီးေတာ့ မစိုးရိမ္ရေပမဲ့ ကေလးဆီမွာ ေသြးလြန္တုပ္ေကြးေရာဂါရဲ႕လကၡဏာေတြ အမေတြ႕တယ္ေပါ့ေနာ္ ။ အဲ့ေတာ့ အမက ကေလးကို ေဆး႐ုံမွာ ေလးရက္ ဒါမွမဟုတ္ ငါးရက္ေလာက္ေတာ့ ေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေလးခံယူေစခ်င္တယ္ ေမာင္ေလးတို႔ေရာ ဘယ္လိုသေဘာရလဲ "
" သားက ႏွာေခါင္းေသြးလွ်ံတာေရာ ဆရာမ "
" ေနပူႀကီးထဲေတြ ေဆာ့ေသးလားဟင္ ျဖစ္နိုင္ရင္ ေတာ့ ေပးမေဆာ့ပါနဲ႕ ။ ကေလးရဲ႕ ေသြးေၾကာေလးေတြကလည္း ပါးပါးမွ်င္မွ်င္ေလးေတြဆိုေတာ့ ေနအရမ္းပူေနတုန္းသြားေဆာ့ရင္လည္း ျဖစ္တတ္ပါတယ္ "
" ဟုတ္ ဒါဆို ကြၽန္ေတာ္ ဆရာမ ေျပာတဲ့အတိုင္း သားကို ဒီမွာ ထားထားမယ္ "
" ေကာင္းပါၿပီ အရမ္းႀကီး မစိုးရိမ္နဲ႕ ေနာ္ "
" ေက်းဇူးတင္ပါတယ္ ဆရာမ "
စံခ်ိန္မွီ့ကို ေဆး႐ုံ တင္ရမွာမို႔ ဝီရဦးေခါင္ reception မွာ လိုအပ္တာေတြလုပ္ေနၿပီး ေနေန႕ကိုေတာ့ သားဆီအရင္လႊတ္လိုက္ရသည္ ။
နားထဲမွာလည္း သူ႕ကိုေျပာတဲ့ ေနဥတၱရာရဲ႕ လက္မထပ္လိုက္ပါနဲ႕ဆိုတဲ့ စကားေတြက တဝဲလည္လည္ ။
" ဝီရဦးေခါင္ ေနမေကာင္းဘူးလား "
ေနမေကာင္းေနတာက ခင္ဗ်ားဆိုၿပီးသာ ေအာ္လိုက္ခ်င္ေပမဲ့ သူ႕ကို စိတ္ပူေနတဲ့ မ်က္ဝန္းေလးေတြေၾကာင့္ စိတ္ကိုေလွ်ာ့လိုက္ရတယ္ ။
ကုတင္ေပၚကို ၾကည့္ေတာ့လည္း စံခ်ိန္မွီေလးက သူ႕ကို စိတ္ဝင္တစားၾကည့္ေနတာမို႔ ကေလးဆီပဲသူ႕ေျခလွမ္းေတြဦးတည္လိုက္သည္ ။
" Dadddddy "
ထိုင္ခုံမွာ ထိုင္ဖို႔ ရွိေသး သူ႕ကိုလက္ေသးေသးေလးေတြနဲ႕ လွမ္းဖက္ကာ ဒယ္ဒီဆိုၿပီးေခၚလာသူ
ေၾကာင့္ ဝီရဦးေခါင္ တစ္ကိုယ္လုံး ေတာင့္တင္းသြားကာ စိတ္နဲ႕လူနဲ႕ပင္ မကပ္ေတာ့ ။
ဖယ္ထုတ္ဖို႔ ျပင္လိုက္ေပမဲ့ ေဆးသြင္းထားတဲ့လက္ကေလးကိုထိမိသြားမွာစိုး၍ ေနေန႕ကိုပဲ ၾကည့္လိုက္သည္။
" သက္ဦးစံပိုင္ ဖယ္ေပးလိုက္ "
" ဒယ္ဒီပါခ်ိဳ ပါပါးျပဖူးယယ္ေရ ဂ်တ္ပုံထဲမွာ "
ဓာတ္ပုံထဲမွာ သူ႕ကို ဒယ္ဒီဆိုၿပီး ျပဖူးတယ္တဲ့လား ။
" ေနဥတၱရာ "
" စံစံ ပါပါးဆီလာ "
" ယာဝူး ဒယ္ဒီယဲ့ပဲ ေနမွာ မြ "
ေျပာလည္းေျပာ သူ႕ပါးကို မြခနဲ လုပ္လာတဲ့ကေလးကို ဝီရဦးေခါင္ ေဒါသမထြက္တဲ့အျပင္ အူေတြအသည္းေတြ ယားလာရသည္။
ေသခ်ာၾကည့္မွ ဒီကေလးက ဝီရဦးေခါင္ နဲ႕တူေနတာပဲ ။
" ဒါနဲ႕ ေနေန ကေလးနာမည္က ဘယ္ဟာအရင္းလဲ"
" စံခ်ိန္မွီက သူ႕ဒယ္ဒီေပးတာ သက္ဦးစံပိုင္ဆိုတာက် ငါေပးတာ "
" သူ႕ဒယ္ဒီဆိုေတာ့ ခုနကတစ္ေယာက္လား "
" ဝီရဦးေခါင္! !!! "
" ဘာလို႔ ေအာ္တာလဲ ဒါေလးေမးတာကို "
" ပါပါး ေအာ္နဲ႕ "
ကေလးက ေနေန႕ကို မ်က္ေစာင္းထိုးၿပီး သူ႕ကိုက် တဟီးဟီးနဲ႕ ရယ္ျပလာတာမို႔ ဝီရဦးေခါင္လည္း တင္းေနေအာင္သာဖက္ထားေပးလိုက္တယ္။
စံခ်ိန္မွီေလးသာ သူ႕သားျဖစ္ရင္ဘယ္ေလာက္ေကာင္းမလဲ ။ အမ်ားႀကီး အလိုလိုက္ေပးမွာမို႔ သူ႕သားေလးပဲ ျဖစ္လိုက္ပါေတာ့လား ။
" ကိုတက္လူနိုင္က ငါ့အမ်ိဳးသား မဟုတ္ဘူး "
" ေဆာရီး "
" အင္း ရတယ္ "
" ေမြးေန႕ကေရာ "
" မင္းသားက မင္းနဲ႕ အတူတူပဲ ဂ်ဴလိုင္လ 31ရက္ "
ေနေနက ဘာရယ္မဟုတ္ ကေလးကို အဝတ္စားလဲေပးဖို႔ ျပင္ေနရင္း ေျဖလိုက္ေပမဲ့ သူ႕မွာေတာ့ အေတြးက လြန္ေနေလၿပီ ။ မင္းသားက မင္းနဲ႕အတူတူပဲဆိုတာဘာစကားလဲ ။ ၿပီးေတာ့ ဂ်ဴလိုင္ 31 ဆိုတဲ့ သူ႕ေမြးေန႕က သူနဲ႕ မာမီပဲသိၿပီး က်န္တဲ့ တျခားဘယ္သူမွ မသိဘူး ။
စားပြဲေပၚက ေဆးစစ္ခ်က္စာ႐ြက္ဆီကို ၾကည့္မိသြားေတာ့လည္း သက္ဦးစံပိုင္ ေသြးအမ်ိဳးအစားေနရာမွာ O လို႔ ေရးထား၍ ဝီရဦးေခါင္ ခ်က္ခ်င္း ေနဥတၱရာပုခုံးကို ဆုပ္ကိုင္လိုက္သည္ ။
" ေနေန ကြၽန္ေတာ္ နဲ႕ ခင္ဗ်ား ၾကားက ပက္သတ္မႈက ဘာမ်ားလဲ ခင္ဗ်ား ရွင္းျပသင့္တယ္ မထင္ဘူး လား "
" ငါ "
" ခင္ဗ်ားအခုခ်ိန္ မေျပာရင္ ကြၽန္ေတာ္ ဘာမွသိမွာ မဟုတ္ဘူးေနာ္ ၿပီးေတာ့ တနဂၤႏြေ ဆိုရင္ပဲ ကြၽန္ေတာ္ နဲ႕ ယမင္းငုဝါနဲ႕ လက္ထပ္ရေတာ့မယ္ "
" ငါလည္း မသိေတာ့ဘူး ဝီရဦးေခါင္ "
" ညၾကရင္ ျပန္လာခဲ့မယ္ က်ဳပ္ သားကို ေသခ်ာၾကည့္ထားေပး ေနဥတၱရာ "
သူ႕စကားအဆုံး အံ့ၾသသလို ၾကည့္လာတဲ့ ေနေန႕ေၾကာင့္ ဝီရဦးေခါင္ သိလိုက္ၿပီ ။
သက္ဦးစံပိုင္က အမွန္တစ္ကယ္ကို သူ႕ေသြးသားျဖစ္ေနခဲ့တာပဲ ။
//
Garlic
4/12/23
ဂါးလစ္ CPB ထဲ အရမ္းထည့္ေရးခ်င္ေနတဲ့ သီခ်င္း တစ္ပုဒ္ရွိတယ္ ။ မွန္ရင္ မနက္ျဖန္ အပိုင္းသစ္ တင္ေပးမယ္ ။ မမွန္ရင္ေတာ့ ႏွစ္ရက္ျခားေပါ့ ။ သီခ်င္းအဆိုေတာ္ကေတာ့ မရွိေတာ့ပါဘူး လူငယ္ပါပဲ ။ ဂစ္တာတီးၿပီးဆိုရင္ အရမ္းကိုမိုက္တဲ့သီခ်င္းပါ ။