ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
By KooChimmy58
84.5K 5.6K 373
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More
Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39 (final)
Part 29
1.4K 79 2
By KooChimmy58
Unicode
October 21!!
နှစ်ဖက်အသိုင်းအဝိုင်းနဲ့ Jin Hyung နဲ့ Nam Joon Hyungတို့နဲ့အတူ လုပ်ငန်းအတူလုပ်တဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလောက်သာဖိတ်ထားတာမို့ ပွဲမှာလူတွေအရမ်းတော့ရှုပ်မနေပေ။
Jungkook ကလည်ပိတ်ဆွယ်တာအနက်ပေါ်မှာ Suit နက်ပြာရောင်ကိုထပ်ဝတ်ထားပြီး အင်္ကျီရင်ဘတ်မှာ ချိတ်ခပ်ကြီးကြီးအရွယ်အစားတစ်ခုရှိနေပြီးထိုချိတ်ပေါ်မှာ ပလက်တီနမ်ကြိုးအသေးလေးတွေကိုသေချာချိတ်ဆွဲထားသည်။
ချုပ်ပုံဒီဇိုင်းသာကွဲပြီး အရောင်တူပြင်ဆင်ထားကြတာမို့ Jimin ကလည်း နက်ပြာရောင် suitနဲ့ ဘယ်ဘက်ရင်အုံအပေါ်နားလေးမှာ ရင်ထိုးတစ်ခုဖြင့် ခပ်မိုက်မိုက် ဒီဇိုင်းတစ်ခုကို ပုံစံကွဲ အရောင်တူလေး
စီစဥ်ပေးထားသည်။
"ကိုယ်တို့ အမှတ်တရဓာတ်ပုံရိုက်ကြမလား"
"အင်း မင်းသဘော"
"ပြောတော့ မောင်လို့ခေါ်မယ်ဆိုပြီး မင်းပဲအမျိုးမျိုး"
"မခေါ်တော့ဘာဖြစ်ချင်လဲ"
"နမ်းချင်တယ်"
ပြွတ်!!
နှုတ်ခမ်းလေးတွေပေါ် အသံမြည်အောင်တစ်ချက်ဖိကပ်နမ်းပေးလိုက်သည်။
Jeon Jung Kook တဲ့ ဘာမှတ်!!
ဖတ်!!
လက်မောင်းကိုဖတ်ခနဲနေအောင်ပြန်ရိုက်လာသည်။
နမ်းပြီးသွားပြီပဲ အရိုက်ခံရလည်းတန်တယ်။
Yoongi ကတော့ အနက်ရောင်Suit ကိုဝတ်ထားပြီး ဆံပင်တွေအရှေ့ကို နည်းနည်းချပြီးပုံသွင်းထားတာမို့ ပိုပြီးကြည့်ကောင်းနေသည်။
အသားအရမ်းဖြူတဲ့သူမို့ အဖြူရောင်ပေါ် အနက်ထပ်ဝတ်ထားလိုက်တော့ ထင်းလင်းနေကာ ပွဲထဲမှာရှိတဲ့မိန်းကလေးတစ်ချို့က လှည့်ကြည့်လှည့်ကြည့်
နှင့်။
သို့သော် မနေ့ညကဝတ်စုံပြင်ဆင်နေတာကြောင့် အိပ်ရေးပျက်ထားတဲ့သူက အိပ်ငိုက်ချင်နေတာမို့
သိပုံတောင်မရ။
Tae Hyung က ရှပ်အင်္ကျီလက်ရှည်အနီရောင်ကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားပြီး suit ထပ်ဝတ်ထားသည်။
Hoseok Hyung ကတော့ အင်္ကျီအဖြူတစ်ထပ်ဝတ်ထားပြီး suit အနီရောင်ကိုအပေါ်ကနေထပ်ဝတ်ကာ အိတ်ကပ်ထဲမှာ နက်ပြာရောင် ပုဝါလေးတစ်ထည်ကိုသေချာခေါက်ပြီး ထည့်ထားသည်။
Kim Tae Hyung တို့ကတော့ အကြည့်ပင်မလွှဲတော့ပေ။
"နီနီရဲရဲလေးနဲ့ ကိုကိုက ကျွန်တော်
စားနေကျ စတော်ဘယ်ရီလေးဖြစ်သွားပြီ ဟီးး"
"မင်းနော်"
"စားပစ်လိုက်ရမလား?"
"Kim Tae Hyung!!! မင်းဘယ်လိုဖြစ်"
"ကျွန်တော်ပြောပြမယ်။စားတယ်..."
နောက်ဆုံးတော့ Hoseok ပါးစပ်ကိုအတင်းဖိပိတ်ကာ တခြားနေရာဆွဲခေါ်သွားရတော့သည်။
ကိုယ့်လူအကြောင်းကိုယ်သာအသိဆုံး သူပြောချင်ရာတွေစွတ်ပြောပြီး ဘရိတ်မပါလို့ တန်းပြီးပိတ်လို့လည်းမရ။
မတော်တရော်တွေ ထွက်လာမှဖြင့်။
ခဏကြာတဲ့အထိ သတို့သားနှစ်ယောက်ကတော့မမြင်ရသေးပေ။
"Jin Hyung တို့ပြင်ဆင်နေကြတဲ့ဆီကိုသွားကြ
မလား"
Jimin က အနားရောက်လာပြီးပြောတာမို့ အားလုံးသဘောတူကာပြင်ဆင်နေကြတဲ့နေရာကို ထွက်လာလိုက်ကြသည်။
အခန်းထဲရောက်တော့ Nam Joon Hyung ကပြင်ဆင်လို့ပြီးသွားပြီဖြစ်သည်။
မိပ်ကပ်ပါးပါးလေးပဲ လိမ်းထားပြီး ဆံပင်ပြင်နေတုန်းဖြစ်သည့် Jin Hyung ကိုအနားကနေထိုင်
ကြည့်နေတာ မျက်တောင်, တောင်ခတ်ရဲ့လားမသိပါ။
"မျက်တောင်ခတ်ပါအုံးလား အကိုရယ် ရှင့်အစား ကျမ မျက်လုံးတွေတောင်ညောင်းလာတယ် တကယ်"
ပြင်ဆင်ပေးနေတဲ့ အစ်မဆီကထွက်လာတဲ့အသံဖြစ်သည်။
Nam Joon Hyung ပတ်ဝန်းကျင်ကိုမေ့နေတာ သူတို့ငါးယောက်စလုံးအခန်းထဲဝင်လာတာတောင်သတိမထားမိပေ။
အတော်လေးဖြစ်နေတာပဲ ဒီအစ်ကိုကြီး!!
နှစ်ယောက်စလုံး suit အဖြူဆင်တူနဲ့ဖြစ်ကာ ဒီဇိုင်းတော့ အနည်းငယ်ကွဲသည်။
Nam Joon Hyung ငေးကြည့်နေတာကိုလည်း အပြစ်ပြောလို့မရ Jin Hyung ကဘာမှမလုပ်ပဲဒီအတိုင်းထိုင်နေရင်တောင် ချောတဲ့သူ။
ခုလိုပြင်ဆင်ထားတဲ့အပြင် မကြာခင်အချိန်အတွင်း တရားဝင်ပိုင်ဆိုင်ရပြီမို့ သူအပျော်ဆုံးဖြစ်နေမှာ
အသေအချာ။
ဓာတ်ပုံဆရာရောက်လာတော့ ဓာတ်ပုံအတူတူရိုက်ကြရင်း အချိန်ကောင်းတစ်ခုကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းဖြစ်ကြသည်။
သတို့သားနှစ်ယောက်နည်းတူ သူတို့တွေအကုန်လုံး
လည်းမျှော်လင့်နေခဲ့ရတဲ့ လက်ထပ်ပွဲမို့။
ချစ်ခဲ့ကြတဲ့အချိန်တွေလည်း ကာလတစ်ခုကိုရောက်နေပြီဖြစ်သလို တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြမှန်းသိတာမို့ ပေါင်းဖက်ကြတဲ့အချိန် အားလုံးရဲ့စိတ်ထဲ ဂုဏ်ယူရသလို ရင်ထဲပျော်ရွှင်ကြည်နူး
ရတဲ့ အခိုက်အတန့်ပင်။
နာရီအတော်ကြာ ဧည့်သည်အတော်များများကိုဧည့်ခံပြီးတဲ့နောက်တော့ မင်္ဂလာပွဲလည်းပြီးပြီဖြစ်သည်။
"Hyung တို့က အိုသွားပြီဖြစ်တဲ့အတွက် ဂုဏ်ပြုပါတယ်ခင်ဗျ"
"ဟုတ်တယ် ကျွန်တော်တို့ လူပျိုလေးတွေကတော့ဆက်ပြီးတော့ နုနုပျိုပျိုလေးချစ်လိုက်အုံးမယ်။"
"ချစ်စရာမရှိတဲ့သူတွေကတော့ အိပ်ပါစေပေါ့ Jung Kook ရယ်။တစ်ချို့တွေကိုတော့ ပြောမနေနဲ့တော့"
သူများကိုဖဲ့ရမယ် စရ နောက်ရမယ်ဆိုရင် အတိုင်အဖောက်ညီတဲ့
Kim Tae Hyung နဲ့ Jeon Jung Kook ပင်။
"နှစ်ကောင်လုံးကို ဂုတ်ကနေဆွဲပြီးလွှင့်ပစ်မိတော့မယ်။ တိတ်စမ်း!!"
Yoongi Hyung ပြောလိုက်တဲ့အသံနောက်မှာတော့ အားလုံး ရယ်မိသွားကြသည်။လုပ်ရက်တာလည်း မဟုတ်။ စကားနဲ့ဖြစ်ဖြစ်
ခြိမ်းခြောက်လိုက်ရမှ နေသာထိုင်သာရှိတဲ့ Hyung!!
>>>>>>>>>>>>>>
"ဟူးးးJeon Jung Kook စိတ်ကိုလျှော့ထားစမ်း!!"
ခွပ် ခွပ်!!!
"ဟားးဒီကောင်ကတော့ "
ဆွဲထားနေတဲ့ကြားကနေအတင်းရုန်းထွက်ကာ တစ်ဖက်လူရဲ့မျက်နှာကို ထိုးပစ်လိုက်ပြီးပြီဖြစ်သည်။
သူ့ဟာကိုအထိမခံတဲ့သူရဲ့ ဆိုင်ရာပိုင်ရာကိုမှ သွားထိတာကို။
အခြားအရာတွေဘယ်လောက်ပဲသဘောထားကြီးကြီး Jiminနဲ့ပက်သတ်ရင်လုံးဝမရ။
အကိုတွေတောင် ထိုးခံရတာ ခဏခဏ
မျက်စောင်းနဲ့။
"အဲ့လိုအကြည့်မျိုးနဲ့နောက်ထပ် ဘယ်တော့မှ
ကြည့်မိစေနဲ့ တောက်!!"
Jungkook ဒေါသထွက်တာလည်းမလွန်။အဲ့ဒီလူကိုက မရိုးမသားအကြည့်တွေနဲ့ ကြည့်လာပြီး
လွန်လွန်ကြူးကြူးတွေကို ဖြစ်နေတာ။
ပထမဆုံး စကားနဲ့ဒီအတိုင်းသတိပေးရုံနဲ့ မရပ်ပဲ ပိုပြီးဆိုးရွားလာတာမို့ လက်ပါတဲ့အဆင့်ထိရောက်သွားပေမဲ့ Jungkook မှန်တယ်။
သုံးယောက်သား အဝတ်အစားဝယ်ဖို့အတွက် ထွက်လာကြရင်းကနေ Jimin အဝတ်ရွေးနေတာကို ထိုလူက ကြည့်နေရင်း မဖွယ်မရာတွေ လုပ်နေတာဖြစ်သည်။
Jimin အဝတ်လဲခန်းထဲ ဝင်သွားတဲ့အချိန်မှ ပြဿနာဖြစ်ကြတာမို့ Jimin ကတော့မသိလိုက်ပေ။
ထိဖို့မပြောနဲ့ အကြည့်နဲ့တောင်မရတဲ့သူကို သွားပြီးအမှားလုပ်မိတာမို့ အဲ့ဒီလူကလည်း ထွက်သွားပြီဖြစ်သည်။
"ဟင် Jungkook!! ဘာလို့လဲ အင်္ကျီစိတ်တိုင်းမကျလို့လား မင်းမျက်ခုံးကြီးက ဘာလို့တွန့်ချိုးနေတာလဲ"
"ဟုတ်တယ် မင်းရွေးပေးမှ စိတ်တိုင်းကျမယ်ထင်တယ်။"
"အပိုတွေပြောပြန်ပြီ။ ဒါလေးဆိုရင်ရော"
Jimin ကိုတွေ့မှသာ မီးကိုရေနဲ့လောင်းလိုက်သလို ရှဲကနေဖြစ်သွားတော့ပဲ။
ခုနက ထိုးကြိတ်လွှတ်လိုက်တာ သူမဟုတ်တဲ့အတိုင်း။
"Tae Hyung မင်းရော"
"ငါရွေးထားပြီးပြီ မင်းတို့ပြီးရင် တစ်ခုခုစားပြီးပြန်ကြမလား"
"အဲ့ဒါဆို သွားရအောင်လေ"
Tae Hyung ကိုပြောနေရင်းမှ Jungkook ဘက်
လှည့်ကာ
"ဒါလေးပဲ ယူလိုက်မလား''
"အင်း သဘောကျတယ် ယူလိုက်"
နောက်ဆုံး​တော့ ကောင်တာမှာငွေရှင်းပြီးတဲ့နောက်
ပြန်ထွက်လာခဲ့ကြသည်။
အဆာပြေစားဖို့အတွက် ကြက်ကြော်ဆိုင်ဝင်ပြီး အိမ်ကိုပဲတန်းပြန်လာကြတော့သည်။
Jungkook ကမနက်ဖြန်အစော flight နဲ့London ပြန်တော့မှာမို့ ပြင်ဆင်ရမှာတွေရှိနေသေးတာ
ကြောင့် စောစောပြန်လာကြခြင်းဖြစ်သည်။
"ကိုယ်နဲ့ အိမ်ကိုလိုက်ခဲ့မလား"
"အန်တီကို မတွေ့ရဲဘူး  တွေ့ဖို့ကြောက်နေတယ်။"
"ချစ်ကြတာ မဟုတ်တာလုပ်ထားတာမှမဟုတ်တာကွာ"
"ဟုတ်တယ်လေ ဒါပေမဲ့..."
"မေမေက မင်းကိုချစ်ပြီးသားပါ။မတော်ရသေးတဲ့ သူ့သားမက်ကို သားအရင်းထက်တောင်ပိုချစ်သေးတယ်။"
"အဲ့ဒါတော့ ငါကချစ်စရာလေးကို"
Park Jimin တို့ကနမ်းချင်လာအောင် လုပ်ပြန်ပြီ။
အိမ်အရှေ့နားမှာမို့ နမ်းရင်လည်း တဖြန်းဖြန်းနဲ့ ရိုက်ခံရတော့မှာကို ကြိုမြင်နေတာမို့ အောင့်အီးသည်းခံထားလိုက်ရသည်။
ပြောချင်ရာပြောပြီး အိမ်ထဲအရင်ဝင်သွားပြီဖြစ်သည်။
ထွက်သွားတဲ့ ကျောပြင်လေးကို လှမ်းကြည့်ရင်း
"ဒီတစ်ခါခွဲပြီးရင်တော့ နောက်ထပ်ဘယ်တော့မှ မင်းရဲ့အဝေးမှာ မနေတော့ဘူးလို့ကတိပေးတယ်။
အကြာကြီး လွမ်းရတာ ပင်ပန်းတယ် အချစ်ရဲ့"
............
Note_ အပေါ်ကအပိုင်းတွေပြန်စစ်ရင်းနဲ့ typing စာလုံးပေါင်းအမှားတွေ နည်းနည်းတွေ့တာမို့ အဲ့ဒါလေးတွေကတော့ သေချာပြန်စစ်ပြီး ပြန်ပြင်ပေးပါမယ်ခ။
Zawgyi
October 21!!
စီစဉ်ပေးထားသည်။
"အင်း မင်းသဘော"
"နမ်းချင်တယ်"
ပြွတ်!!
ဖတ်!!
နှင့်။
သိပုံတောင်မရ။
"မင်းနော်"
"စားပစ်လိုက်ရမလား?"
"ကျွန်တော်ပြောပြမယ်။စားတယ်..."
မလား"
အသေအချာ။
ရတဲ့ အခိုက်အတန့်ပင်။
>>>>>>>>>>>>>>
ခွပ် ခွပ်!!!
"ဟားးဒီကောင်ကတော့ "
မျက်စောင်းနဲ့။
ကြည့်မိစေနဲ့ တောက်!!"
"အပိုတွေပြောပြန်ပြီ။ ဒါလေးဆိုရင်ရော"
"Tae Hyung မင်းရော"
လှည့်ကာ
"ဒါလေးပဲ ယူလိုက်မလား''
ပြန်ထွက်လာခဲ့ကြသည်။
"ဟုတ်တယ်လေ ဒါပေမဲ့..."
............
Continue Reading
You'll Also Like
196K 14.8K 34
"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်...
882K 54.2K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 61.9K 38
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.3M 52.1K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...