Loco

By lov_n_e

6K 609 75

ကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo] More

Intro
1
2
3
4
6
7
8
9
10
11
12
13
14
15
16

5

313 32 3
By lov_n_e

Unicode

"Lisa ya ငါဒီနားကဆိုင်မှာ တိပ်ခွေသွားငှားဦးမယ်နော် ဖလင်လိပ်ရရင်လဲ ဖလင်လိပ်ပဲယူခဲ့မယ်"

"သွားသွား"

Lisaမှာ ခေါင်းတောင်မထောင်နိုင်ပဲ စာတွေကိုအတင်းကြည့်နေသည် ဒီတစ်ခေါက်အစည်းအဝေးက Lisaတို့အလှည့်ဖြစ်တာကြောင့် ကြိုးစားပန်းစားProject ကိုလုပ်နေရှာသည်

Roséရဲ့အလှည့်ပြီးသွားပြီး အခုက Lisaလုပ်ရမဲ့အလှည့်ဖြစ်တာမလို့ Roséတစ်ယောက် ပျော်ပျော်ကြီးတိပ်ခွေဆိုင်ကိုသွားနေရှာသည်

ဆိုင်ထဲဝင်လာတာနဲ့Christina Aguilera ရဲ့Beautifulဆိုတဲ့သီချင်းကို တိုးတိုးသဲ့သဲ့လေးကြာရသည် Roséကလဲ မကြားတကြားလေး သီချင်းကို သံစဉ်နဲ့အတူလိုက်ညည်းနေသည်

"I am beautiful no matter what they say~"

ညနေ3နာရီခွဲ4နာရီလောက်ဖြစ်တာမလို့ နေရောင်က ဆိုင်ထဲထိဖြာကျနေပြီး အညိုရောင်နဲ့စက္ကူရောင်သာ အလှဆင်ထားသည့်ဆိုင်နဲ့ လိုက်ဖက်နေသည်

ပြတင်းပေါက်ကကြည့်ရင် ကားလမ်းရှိပြီး နောက်တစ်ဘက်မှာတော့ Rosé တို့အိမ်ရှိတယ် ဒီတိုင်းလှမ်းကြည့်ရုံသာကြည့်ရတာပါ အိမ်ကကျယ်ပေမဲ့ ခြံကပိုကျယ်တော့ အိမ်လေးကမြင်ကွင်းကြားမှာသေးသေးလေးကိုဖြစ်လို့။

ဆိုင်ထဲဝင်ခါစမှာ စာအုပ်စင်အကြီးကြီး2စင်ရှိသည် နောက်ပြီးတော့ ဖလင်လိပ်တွေ တိပ်ခွေတွေကိုနေရာတကျ စင်ပေါ်တင်ထားသည် နောက်ထိဆက်သွားရင်တော့ မိတ္တူနဲ့ဖိတ်စာလုပ်သည့်နေရာရှိသည်

"ဟင်"

Roséက သူလိုချင်တဲ့တိပ်ခွေကိုရှာနေတုန်းမှာပဲ Lisaလိုချင်နေတဲ့ Mr. & Mrs. Smith ဆိုသည့်ဇာတ်ကားဖလင်လိပ်ကိုတွေ့လိုက်သည်

"ဒုက္ခပဲ Lisaလဲမပါလာဘူး ငါကယူရမှာလားမယူရဘူးလား"

Lisa ရဲ့အကျင့်ကို Roséသိသည် မယူလာရင်လဲမယူလာလို့ရန်ဖြစ်ရဦးမည် ယူလာရင်လဲLisaက 7ရက်ကျော်တဲ့အထိမကြည့်လို့ ရန်ဖြစ်ရဦးမည်

Roséခေါင်းကုပ်ရင်း ဆိုင်ပြတင်းပေါက်ကတစ်ဆင့်မြင်ရတဲ့ သူတို့အိမ်အပေါ်ထပ်ကို စိတ်ရှုပ်စွာကြည့်လိုက်မိသည် မျက်နှာကလဲရှုံ့မဲ့နေတာ ရှဉ့်ပေါက်လေးနဲ့တောင်တူသည်

'တွေ့ခဲ့ကြောင်းလဲမပြောတော့ဘူး ယူလဲမယူလာတော့ဘူး'

Rosé မယူသွားဖို့ဆုံးဖြတ်လိုက်သည် Roséရဲ့ Mobile Phone ဟာလဲ အိမ်မှာကျန်ခဲ့တာကြောင့် ဖုန်းဆက်မေး၍မရပါ။ Rosé ကိုယ်တိုင်က ခဏပဲဆိုပြီးထွက်ခဲ့ရာ ဖုန်းကိုအိမ်မှာထားခဲ့တာဖြစ်သည်

"ဟို....Daddyရဲ့ လုပ်ငန်းရှင် Miss Park မဟုတ်လား"

Roséက သူကြိုက်တဲ့ဖလင်လိပ်ကိုဆက်ရှာနေတုန်းမှာပဲ ဘေးကအသံထွက်လာလို့ လှည့်ကြည့်လိုက်ပါတယ် သိပ်မရင်းနှီးတဲ့အသံကြောင့် လှည့်ကြည့်ပြီးမသိရင်ရှက်စရာကြီးရယ် ဒါပေမဲ့လှည့်ကြည့်လိုက်မိသည်

Roséကိုကြည့်ကာပြောနေတဲ့ Jisoo ကိုတွေ့တော့ Rosé အံ့ဩမိသွားသည် Roséအရင်တွေးမိတာက 'နေပါဦး သူကငါ့ကိုသိတာလား နေ့လယ်ကဆုံရုံပဲ‌ဖြစ်ပြီး စကားတစ်လုံးမှမဟပဲ ဖြတ်သွားတာလေ အလုပ်တူတူတွဲလုပ်တာကို သိရုံပဲသိတယ်ထင်တာ'

"Umm? J.... Yes?"

Jisoo လို့မခေါ်မိအောင် Yes လို့ထူးမိသွားသည် အရင်နှစ်က ဒီProject အကြောင်းကို သူ့Daddyနဲ့ Rosé ဆွေးနွှေးရင်း သူ့ကိုအမှတ်မထင်‌တွေ့လိုက်တာဖြစ်သည် အမှန်တကယ်ဆို Jisooနဲ့ Roséတခါမှစကားပြောဖူးတာမဟုတ်ပါ။

"ဒီတိုင်း တွေ့လို့လာနှုတ်ဆက်တာပါ"

"ဟုတ်ကဲ့ ဒါနဲ့မင်း...."

Roséက Jisooရဲ့နာမည်အရင်းကိုသိသော်လဲ မသိချင်ယောင်ဆောင်ရသေးသည်

"Kim Jisoo ပါ"

"Jisoo ကဒီကို ကျွန်မလိုပဲဖလင်လိပ်လာငှားတာလား"

"ဟင့်အင် Jennieရဲ့ စေ့စပ်ပွဲဖိတ်စာကိုလာရိုက်တာ အော ခဏနေရတော့မယ်ထင်တယ် ရရင်ကိုယ်စားလှယ်ကြီးတို့ အိမ်ကိုယူသွားလိုက်ပါ"

Roséမထင်မှတ်ထားတာဖြစ်သွားသည် Roséထင်ထားသည်က Jisooနဲ့စကားပြောလျှင် သူကသူဌေးသမီးမလို့ မောက်မာလောက်မည်ထင်နေတာဖြစ်သည် ဒီလောက်ဖော်ရွေမည်လို့ Roséတစ်ခါမှမတွေးဖူးပေ။

"Nae ယူသွားလိုက်ပါမယ်"

"ဟုတ်ကဲ့ ဒါဆို ကိုယ်စားလှယ်ကြီးရှာနေတဲ့...."

"Rosé လို့ပဲခေါ်ပါ အသက်တူတူလောက်ပဲထင်တယ်"

Roséက သူဝန်ထုတ်ဝန်ပိုးဖြစ်နေမှာစိုးလို့ အဲ့လိုသာခေါ်ခိုင်းလိုက်သည်

"Rosé"

Rosé ခေါင်းငြိမ့်ကာပြုံးပြလိုက်သည်

"ဟိုဟာ တိပ်‌ခွေရှာတာ ဝန်ထုတ်ဝန်ပိုးဖြစ်နေမှာဆိုးလို့ ကျွန်မသွားတော့မယ်နော်"

သူပြောတာက မိတ္တူကူးတဲ့နေရာပြန်သွားမည်ကိုပြောတာဖြစ်သည် ဒါပေမဲ့လဲ Rosé သူနဲ့စကားများများထပ်ပြောချင်သေးသည် Jisooကသူ့နားကလှည့်ထွက်မယ်အလုပ်မှာ Roséကကြံရာမရတဲ့အဆုံး အနီးဆုံးမှာရှိတဲ့ ခုနက Mr. & Mrs. Smith ဇာတ်ကားတိပ်‌ခွေကိုဆွဲယူလိုက်သည်

"ရပါတယ် တွေ့ပြီ တွေ့ပြီ ဒါကဒီမှာ"

"အာ"

"Jisoo ပျင်းနေတော့မှာပဲ ဒါကဘယ်အထိကြာဦးမှာလဲ"

"သိပ်မကြာတော့ဘူးထင်တယ် နောက်15မိနစ်လောက်ပေါ့"

"ကျွန်မလဲစောင့်နေပေးမယ်လေ အိမ်မှာဆို internet ပဲသုံးနေရမှာ တကယ်ပျင်းတယ်"

Roséကပြုံးပြီးပြောလိုက်သည် သူလဲတကယ်ပျင်းနေမှာဖြစ်သည် Jisooနဲ့အချိန်ကြာကြာပိုနေချင်တာရော အိမ်မှာဆိုပျင်းမှာရော ရောနေတာကြောင့် ဒီမှာပဲJisooနဲ့အတူစောင့်နေလိုက်သည်

"အော် Hawaii ရောက်တုန်းလေး ကမ်းခြေတွေဘာတွေ မသွားဘူးလား"

"တစ်ခါတော့သွားပြီးပြီရယ် ဒါပေမဲ့ ထပ်သွားရမယ် Honolulu မှာ ကျွန်မ မသိတဲ့နေရာတွေအများကြီးကျန်သေးတယ်"

ဒီတစ်ခါတော့ Roséက စက္ကူရောင်နံရံကြီးကိုမှီပြီးပြောလိုက်တာဖြစ်သည် ဖြစ်ချင်တော့လဲ ထိုင်ခုံက Jisooထိုင်နေတဲ့ ထိုင်ခုံတစ်ခုပဲရှိသည်

"ဒါထပ်အရင် မနက်ဖြန်Party ကိုLisaနဲ့အတူလာခဲ့ပါလား Waikikiရပ်ကွက်ထဲက Kalakaua Avenue လမ်းမှာပါ"

Jisooက စားပွဲပေါ်တင်ထားတဲ့ အထပ်လိုက်ဖိတ်စာတွေအပေါ်ဆုံးက တစ်ခုကိုဆွဲယူပြီး Roséကိုကမ်းပေးလိုက်ပါသည် Rosé ကဖိတ်စာကိုကြည့်လိုက်မိတော့ သူတို့နာမည်တွေကလဲတွဲရက်ပါနေသည်

'to  Miss Manobal & Miss Park
from Mr.Adam Aaron'

နာမည်တော့မကြားဖူးပေမဲ့ Aaron ဆိုသည့် surname ကိုတော့တရင်းတနှီးရှိသည် Rosé ခဏသာငေးကြည့်နေမိသည် ဒါကဘာပါလိမ့် မျိုးရိုးနာမည်သာသိပေမဲ့ ရင်းမှမရင်းနှီးပဲနဲ့

"Terry ရဲ့အဖေလေ အဲ့ဒီ Kalakaua Avenueထဲမှာ စားသောက်ဆိုင်အသစ်ဖွင့်လိုက်တာမလို့ ဆိုင်ဖွင့်ပွဲအနေနဲ့ပေါ့"

'Terry အဖေက စီးပွားရေးကိုတိုးချဲ့နေတာပဲ'ဆိုပြီး Rosé တွေးမိလိုက်သည် Roséကလဲ စီးပွားရေးလောကထဲကျင်လည်နေသည့် လူတစ်ယောက်ဖြစ်တာမလို့ Terryအဖေက စီးပွားရေးကုမ္ပဏီဖွင့်ထားသည် ဆိုပြီးတော့သိထားသည် ဒါပေမဲ့ ဒါကဘာလို့ Rosé တို့ကိုဖိတ်တာပါလိမ့်

"အာ Terry လား သိပါတယ် Jennieရဲ့သတို့သားလောင်းမဟုတ်လား"

"အွန်း ဒါကိုလဲTerryကဖိတ်ခိုင်းလိုက်တာပါ ရှားရှားပါးပါး သိတဲ့Asian တွေဆိုလို့ Rosé တို့ပဲရှိလို့တဲ့လေ"

အမှန်တကယ် ဒါဟာ သွေးရိုးသားရိုးမဟုတ်ကြောင်းကို Roséသိနေသည် အဲ့ဒီPartyနေ့ကတည်းက Roséက Lisaလိုမဟုတ်ပဲ Jennie သီချင်းဆိုတာကိုလဲနားထောင်နေပြီး ပတ်ဝန်းကျင်ကိုလဲအကဲခတ်တာကြောင့် အကုန်သိနေသည်

အဲ့နေ့က Lisaရော Rosé ရောမြင်သလို Jennie ဟာသီချင်းဆိုနေချိန် Terryကိုပဲကြည့်နေခဲ့တာပါ သီချင်းရဲ့တဝက်အရောက်မှာ Jennie အကြည့်လွှဲသွားတာကြောင့် Lisaကိုကြည့်လိုက်ချိန် Lisa နဲ့ Jennie အကြည့်ချင်းဆုံနေတာမလို့ ခပ်မြန်မြန်ပဲ Terry ကိုပြန်ကြည့်လိုက်ချိန်မှာ Lisaနဲ့ Jennie ကိုတိတ်ဆိတ်စွာစောင့်ကြည့်နေတာဖြစ်သည်

ပွဲပြီးသည့်အချိန် Rosé ထပ်ပြီး Lisaကိုကြည့်လိုက်ပြန်သည် ခုနJennieထိုင်သွားတဲ့နေရာကို ကျောက်ရုပ်လိုငေးကြည့်ပြီး ပြုံးနေတာကြောင့်ခေါင်းရမ်းလိုက်ပြန်သည် ပြန်တော့မှာမလို့ နောက်တစ်ခါ ဆိုင်အတွင်းထဲကိုမျက်စိကစားလိုက်ချိန်မှာပဲ Terryက Lisaကို Lisaရဲ့စိတ်ကိုဖတ်နေသလိုပါကြည့်နေပြန်သည်

ဒါကြောင့် ဒီပွဲဟာ တမင်ရွဲ့ပြချင်လို့ဖိတ်တာလို့ Rosé ယူဆလိုက်သည် ဒါပေမဲ့လဲ စိတ်ထဲမှာသာထားလိုက်သည် ဂရုလဲစိုက်နေမှာမဟုတ်သလို Lisaကိုလဲပြန်မပြောဖို့တွေးလိုက်သည်

"ဟုတ်ကဲ့ မနက်ဖြန်လာခဲ့ပါ့မယ်"

Rosé ဟာဖိတ်စာကိုကြည့်ပြီးတွေးရင်းကနေ ပိတ်လိုက်ပြီး Jisoo နဲ့သာစကားပြန်ပြောတော့၏

"Miss Kim ရပြီနော်"

Roséပြန်ဖြေလိုက်ချိန်မှာပဲ ထွက်လာတဲ့ မိတ္တူခန်းထဲကစကားသံဖြစ်သည် Jisooရိုက်ထားသည့်ဖိတ်စာရပြီမှန်းသိလိုက်သည်

"အာ ရပြီလား မြန်လိုက်တာ ဦးလေး Saint လာခဲ့ပါဦး"

ဆိုင်ထဲကနေပြီး အပြင်ကိုလှမ်းခေါ်လိုက်ပုံရသည် Jisooခေါ်လိုက်တာနဲ့ ဆိုင်ပြင်မှာရပ်စောင့်နေတဲ့ အသက်50အရွယ်ဦးလေးကြီးဟာ ဆိုင်ထဲဝင်လာသည်

Jisooကတော့ တုပ်တုပ်မှမလှုပ်ပဲထိုင်နေပေမဲ့ အဲ့ဒီဦးလေးကြီးကတော့ Jisooလက်ထဲကဖိတ်စာလေးတစ်ခုမှလွဲ၍ Terryတို့ဖိတ်စာရော Jennie တို့ဖိတ်စာရောကို လာယူပြီးကားထဲထည့်လိုက်သည်

"ဒါက နောက်ထပ်ဖိတ်စာတစ်ခု Jennie လေးရဲ့ဖိတ်စာပေါ့"

"အော် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

Rosé ပြုံးပြီး Jisooကမ်းလာသည့် ဖိတ်စာကိုယူထားလိုက်သည် Jisooက Lisaနဲ့မတွေ့တာကံကောင်းသည်ဟုပြောရမည် Lisaသာဆို Jisooရှေ့လဲလျှောင်မှာမဟုတ်ပဲ ဖိတ်စာကြီးကိုဆွဲဖြဲပစ်မှာ

"Rosé ပြန်တော့မှာလား ကျွန်မလိုက်ပို့ပေးရမလား ကားပါတယ်"

"ဟင့်အင် ကျွန်မအိမ်ကနီးနီးလေးရယ် ဟိုအိမ်ပဲ"

ပြတင်းပေါက်ကနေမြင်ရသည့် ခြံဝန်းအကျယ်ကြီးနဲ့ ကျွန်းသစ်အိမ်ကြီးကို Rosé လက်ညှိုးထိုးပြလိုက်သည်

"အော် ဟုတ်ပြီ ဒါဆို ကျွန်မ‌သွားတော့မယ်"

Jisoo ကလက်ကိုဝှေ့ရမ်းပြသည့်အခါ Rosé လဲသူနဲ့နည်းတူ ပြန်ဝှေ့ရမ်းပြလိုက်သည် အဲ့တာပြီးတော့ ဆိုင်ထဲကထွက်ပြီး အိမ်ထဲဝင်လာခဲ့လိုက်သည်

ခြံထဲတင်ကို 5-6မိနစ်တောင်လမ်းလျှောက်ရတာမလို့ တခါတလေလဲ Rosé ကကိုယ့်အိမ်ကိုမုန်းမိသည် လမ်းလျှောက်ရတာနည်းနည်းနောနောမဟုတ်ပါ

"Lisa"

"ပြော"

အိမ်ထဲဝင်လာလိုက်တာနဲ့ စာရွက်တွေကိုပဲစားပွဲပေါ်မှာတွေ့သည် စာရွက်တွေ ဘောပင်တွေ calculator တွေကိုသာတွေ့ရပြီး အဓိကလူက ကြမ်းပြင်ပေါ်မှာမှောက်နေသည်

"Ya Lisa ထလေ ဘာလုပ်နေတာတုန်း"

"ခဏပဲလေ Chaeyoung ရာ ငါရူးတော့မယ်"

Lisaကိုကြည့်ပြီး Chaeyoung တစ်ယောက် ပြောမဲ့ကိစ္စပါပျောက်သည် သက်ပျင်းရှည်ရှည်တစ်ခေါက်ချပြီးမှ စကားပြောလိုက်သည်

"ဖိတ်စာငါရလာပြီ အဲ့မှာ"

Rosé ကိုယ်တိုင်လဲကြွေခင်းထားသည့် ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်သည် Lisaကလဲထထိုင်လိုက်ပြီး ဖိတ်စာတွေကိုတစ်ခုပြီးတစ်ခု ဖွင့်ကြည့်သည်

"ဆိုတော့ ငါတို့ကမနက်ဖြန်သွားရဦးမှာလား"

"အင်းပေါ့ ဘာဖြစ်လဲ အဲ့တာက Honolulu မှာနာမည်အကြီးဆုံး ရပ်ကွက်ထဲကလမ်းပဲဟာကို သွားလဲအရှုံးမရှိပါဘူး"

"ငါမသွားချင်ဘူးလို့ဘယ်သူပြောလဲ အဲ့ကောင်နဲ့ Rubyကိုတော့ တွဲပြီးမြင်ရမှာအရမ်းမုန်းတာပဲ"

Lisaကအံကိုကြိတ်ထားသည် Roséကလဲသူ့ကိုကြည့်ပြီး သက်ပျင်းသာချနေသည်

"‌နင်လေ လောဘကြီးလွန်းတယ် နင်သိလား"

"အင်း ငါချစ်လို့ပါ ငါချစ်လို့ကြီးတာ ငါတကိုယ်ကောင်းဆန်တာလဲသိတယ် ငါအတ္တကြီးတာလဲသိတယ် ဒါပေမဲ့....."

Lisaက သူမှားတာမလို့ ဘာမှဆက်မပြောပါ Lisaဘက်ကကြည့်ရင်လဲ အကုန်လုံးအတ္တကြီးမိမှာပါပဲ Jennie တို့ဘက်ကကြည့်ရင်တော့ Lisaကပဲအလွန်ပေါ့

"ဒါပေမဲ့ ငါ Rubyကိုချစ်ခဲ့တာ ဘယ်တော့မှနောင်တမရဘူး"

Rosé ကလဲသူငယ်ချင်းဖြစ်သူကိုကြည့်ရင်း Lisaသာ လူလွတ်တစ်ယောက်ကိုပဲ ချစ်မိသွားရင်ကောင်းမည်ဟု တွေးနေမိသည် အမှန်တိုင်းပြောရလျှင် သူလဲLisa ကိုကြည့်ရတာသိပ်ပြီးစိတ်မချမ်းသာရပါ။

"အင်းပါ ငါနင့်ကိုမတားပါဘူး အချစ်နဲ့စစ်မှာ မတရားတာမှမရှိပဲ"

Lisaဟာ Rosé ကိုကြည့်ရင်း ပြုံးပြသည် ပင်ပန်းနေတဲ့အပြုံးပေါ့ Rosé ကလဲ ဘာမှမဖြစ်ဘူးဆိုတာကို ခေါင်းညိမ့်ပြရင်းဖော်ပြလိုက်သည်

"ကဲ Rosanne လာ ညနေရောက်နေပြီ ငါတို့ဘာလုပ်ကြမလဲ အလုပ်တွေဆက်လုပ်လို့တော့မပြောနဲ့နော် ဒီနေ့အတွက်တော်ပြီလို့ဆုံးဖြတ်ထားတယ်"

"ဘာလုပ်ချင်လဲ ဒါဆို ငါနဲ့ Hangout ထွက်မလား? Beach ပဲခဏသွားချင်လား? Movie Date? ငါMr. & Mrs. Smith တိပ်ခွေငှားလာတယ်"

"အေး ကြည့်ရအောင်"

"နင် coffee သွားဖျော် ငါTVဖွင့်လိုက်ဦးမယ်"

ဒီနေ့ကတော့ Lisaမနက်ဖြန်အတွက် အားရှိအောင် ပျော်ပျော်ပဲနေပစ်သည် မနက်ဖြန်ညနေကို ခံနိုင်ရည်ရှိအောင်ကြိုးစားရမည် အနည်းဆုံး ဟိုကောင်က Ruby ခါးကိုဖက်ပြီး ပွဲတက်လာတာကိုဆွဲမထိုးမိအောင်ပေါ့

Zawgyi

"Lisa ya ငါဒီနားကဆိုင္မွာ တိပ္ေခြသြားငွားဦးမယ္ေနာ္ ဖလင္လိပ္ရရင္လဲ ဖလင္လိပ္ပဲယူခဲ့မယ္"

"သြားသြား"

Lisaမွာ ေခါင္းေတာင္မေထာင္ႏိုင္ပဲ စာေတြကိုအတင္းၾကည့္ေနသည္ ဒီတစ္ေခါက္အစည္းအေဝးက Lisaတို႔အလွည့္ျဖစ္တာေၾကာင့္ ႀကိဳးစားပန္းစားProject ကိုလုပ္ေနရွာသည္

Roséရဲ႕အလွည့္ၿပီးသြားၿပီး အခုက Lisaလုပ္ရမဲ့အလွည့္ျဖစ္တာမလို႔ Roséတစ္ေယာက္ ေပ်ာ္ေပ်ာ္ႀကီးတိပ္ေခြဆိုင္ကိုသြားေနရွာသည္

ဆိုင္ထဲဝင္လာတာနဲ႔Christina Aguilera ရဲ႕Beautifulဆိုတဲ့သီခ်င္းကို တိုးတိုးသဲ့သဲ့ေလးၾကာရသည္ Roséကလဲ မၾကားတၾကားေလး သီခ်င္းကို သံစဥ္နဲ႔အတူလိုက္ညည္းေနသည္

"I am beautiful no matter what they say~"

ညေန3နာရီခြဲ4နာရီေလာက္ျဖစ္တာမလို႔ ေနေရာင္က ဆိုင္ထဲထိျဖာက်ေနၿပီး အညိဳေရာင္နဲ႔စကၠဴေရာင္သာ အလွဆင္ထားသည့္ဆိုင္နဲ႔ လိုက္ဖက္ေနသည္

ျပတင္းေပါက္ကၾကည့္ရင္ ကားလမ္းရွိၿပီး ေနာက္တစ္ဘက္မွာေတာ့ Rosé တို႔အိမ္ရွိတယ္ ဒီတိုင္းလွမ္းၾကည့္႐ုံသာၾကည့္ရတာပါ အိမ္ကက်ယ္ေပမဲ့ ၿခံကပိုက်ယ္ေတာ့ အိမ္ေလးကျမင္ကြင္းၾကားမွာေသးေသးေလးကိုျဖစ္လို႔။

ဆိုင္ထဲဝင္ခါစမွာ စာအုပ္စင္အႀကီးႀကီး2စင္ရွိသည္ ေနာက္ၿပီးေတာ့ ဖလင္လိပ္ေတြ တိပ္ေခြေတြကိုေနရာတက် စင္ေပၚတင္ထားသည္ ေနာက္ထိဆက္သြားရင္ေတာ့ မိတၱဴနဲ႔ဖိတ္စာလုပ္သည့္ေနရာရွိသည္

"ဟင္"

Roséက သူလိုခ်င္တဲ့တိပ္ေခြကိုရွာေနတုန္းမွာပဲ Lisaလိုခ်င္ေနတဲ့ Mr. & Mrs. Smith ဆိုသည့္ဇာတ္ကားဖလင္လိပ္ကိုေတြ႕လိုက္သည္

"ဒုကၡပဲ Lisaလဲမပါလာဘူး ငါကယူရမွာလားမယူရဘူးလား"

Lisa ရဲ႕အက်င့္ကို Roséသိသည္ မယူလာရင္လဲမယူလာလို႔ရန္ျဖစ္ရဦးမည္ ယူလာရင္လဲLisaက 7ရက္ေက်ာ္တဲ့အထိမၾကည့္လို႔ ရန္ျဖစ္ရဦးမည္

Roséေခါင္းကုပ္ရင္း ဆိုင္ျပတင္းေပါက္ကတစ္ဆင့္ျမင္ရတဲ့ သူတို႔အိမ္အေပၚထပ္ကို စိတ္ရႈပ္စြာၾကည့္လိုက္မိသည္ မ်က္ႏွာကလဲရႈံ႕မဲ့ေနတာ ရွဥ့္ေပါက္ေလးနဲ႔ေတာင္တူသည္

'ေတြ႕ခဲ့ေၾကာင္းလဲမေျပာေတာ့ဘူး ယူလဲမယူလာေတာ့ဘူး'

Rosé မယူသြားဖို႔ဆုံးျဖတ္လိုက္သည္ Roséရဲ႕ Mobile Phone ဟာလဲ အိမ္မွာက်န္ခဲ့တာေၾကာင့္ ဖုန္းဆက္ေမး၍မရပါ။ Rosé ကိုယ္တိုင္က ခဏပဲဆိုၿပီးထြက္ခဲ့ရာ ဖုန္းကိုအိမ္မွာထားခဲ့တာျဖစ္သည္

"ဟို....Daddyရဲ႕ လုပ္ငန္းရွင္ Miss Park မဟုတ္လား"

Roséက သူႀကိဳက္တဲ့ဖလင္လိပ္ကိုဆက္ရွာေနတုန္းမွာပဲ ေဘးကအသံထြက္လာလို႔ လွည့္ၾကည့္လိုက္ပါတယ္ သိပ္မရင္းႏွီးတဲ့အသံေၾကာင့္ လွည့္ၾကည့္ၿပီးမသိရင္ရွက္စရာႀကီးရယ္ ဒါေပမဲ့လွည့္ၾကည့္လိုက္မိသည္

Roséကိုၾကည့္ကာေျပာေနတဲ့ Jisoo ကိုေတြ႕ေတာ့ Rosé အံ့ဩမိသြားသည္ Roséအရင္ေတြးမိတာက 'ေနပါဦး သူကငါ့ကိုသိတာလား ေန႔လယ္ကဆုံ႐ုံပဲ‌ျဖစ္ၿပီး စကားတစ္လုံးမွမဟပဲ ျဖတ္သြားတာေလ အလုပ္တူတူတြဲလုပ္တာကို သိ႐ုံပဲသိတယ္ထင္တာ'

"Umm? J.... Yes?"

Jisoo လို႔မေခၚမိေအာင္ Yes လို႔ထူးမိသြားသည္ အရင္ႏွစ္က ဒီProject အေၾကာင္းကို သူ႔Daddyနဲ႔ Rosé ေဆြးေႏႊးရင္း သူ႔ကိုအမွတ္မထင္‌ေတြ႕လိုက္တာျဖစ္သည္ အမွန္တကယ္ဆို Jisooနဲ႔ Roséတခါမွစကားေျပာဖူးတာမဟုတ္ပါ။

"ဒီတိုင္း ေတြ႕လို႔လာႏႈတ္ဆက္တာပါ"

"ဟုတ္ကဲ့ ဒါနဲ႔မင္း...."

Roséက Jisooရဲ႕နာမည္အရင္းကိုသိေသာ္လဲ မသိခ်င္ေယာင္ေဆာင္ရေသးသည္

"Kim Jisoo ပါ"

"Jisoo ကဒီကို ကြၽန္မလိုပဲဖလင္လိပ္လာငွားတာလား"

"ဟင့္အင္ Jennieရဲ႕ ေစ့စပ္ပြဲဖိတ္စာကိုလာ႐ိုက္တာ ေအာ ခဏေနရေတာ့မယ္ထင္တယ္ ရရင္ကိုယ္စားလွယ္ႀကီးတို႔ အိမ္ကိုယူသြားလိုက္ပါ"

Roséမထင္မွတ္ထားတာျဖစ္သြားသည္ Roséထင္ထားသည္က Jisooနဲ႔စကားေျပာလွ်င္ သူကသူေဌးသမီးမလို႔ ေမာက္မာေလာက္မည္ထင္ေနတာျဖစ္သည္ ဒီေလာက္ေဖာ္ေ႐ြမည္လို႔ Roséတစ္ခါမွမေတြးဖူးေပ။

"Nae ယူသြားလိုက္ပါမယ္"

"ဟုတ္ကဲ့ ဒါဆို ကိုယ္စားလွယ္ႀကီးရွာေနတဲ့...."

"Rosé လို႔ပဲေခၚပါ အသက္တူတူေလာက္ပဲထင္တယ္"

Roséက သူဝန္ထုတ္ဝန္ပိုးျဖစ္ေနမွာစိုးလို႔ အဲ့လိုသာေခၚခိုင္းလိုက္သည္

"Rosé"

Rosé ေခါင္းၿငိမ့္ကာၿပဳံးျပလိုက္သည္

"ဟိုဟာ တိပ္‌ေခြရွာတာ ဝန္ထုတ္ဝန္ပိုးျဖစ္ေနမွာဆိုးလို႔ ကြၽန္မသြားေတာ့မယ္ေနာ္"

သူေျပာတာက မိတၱဴကူးတဲ့ေနရာျပန္သြားမည္ကိုေျပာတာျဖစ္သည္ ဒါေပမဲ့လဲ Rosé သူနဲ႔စကားမ်ားမ်ားထပ္ေျပာခ်င္ေသးသည္ Jisooကသူ႔နားကလွည့္ထြက္မယ္အလုပ္မွာ Roséကႀကံရာမရတဲ့အဆုံး အနီးဆုံးမွာရွိတဲ့ ခုနက Mr. & Mrs. Smith ဇာတ္ကားတိပ္‌ေခြကိုဆြဲယူလိုက္သည္

"ရပါတယ္ ေတြ႕ၿပီ ေတြ႕ၿပီ ဒါကဒီမွာ"

"အာ"

"Jisoo ပ်င္းေနေတာ့မွာပဲ ဒါကဘယ္အထိၾကာဦးမွာလဲ"

"သိပ္မၾကာေတာ့ဘူးထင္တယ္ ေနာက္15မိနစ္ေလာက္ေပါ့"

"ကြၽန္မလဲေစာင့္ေနေပးမယ္ေလ အိမ္မွာဆို internet ပဲသုံးေနရမွာ တကယ္ပ်င္းတယ္"

Roséကၿပဳံးၿပီးေျပာလိုက္သည္ သူလဲတကယ္ပ်င္းေနမွာျဖစ္သည္ Jisooနဲ႔အခ်ိန္ၾကာၾကာပိုေနခ်င္တာေရာ အိမ္မွာဆိုပ်င္းမွာေရာ ေရာေနတာေၾကာင့္ ဒီမွာပဲJisooနဲ႔အတူေစာင့္ေနလိုက္သည္

"ေအာ္ Hawaii ေရာက္တုန္းေလး ကမ္းေျခေတြဘာေတြ မသြားဘူးလား"

"တစ္ခါေတာ့သြားၿပီးၿပီရယ္ ဒါေပမဲ့ ထပ္သြားရမယ္ Honolulu မွာ ကြၽန္မ မသိတဲ့ေနရာေတြအမ်ားႀကီးက်န္ေသးတယ္"

ဒီတစ္ခါေတာ့ Roséက စကၠဴေရာင္နံရံႀကီးကိုမွီၿပီးေျပာလိုက္တာျဖစ္သည္ ျဖစ္ခ်င္ေတာ့လဲ ထိုင္ခုံက Jisooထိုင္ေနတဲ့ ထိုင္ခုံတစ္ခုပဲရွိသည္

"ဒါထပ္အရင္ မနက္ျဖန္Party ကိုLisaနဲ႔အတူလာခဲ့ပါလား Waikikiရပ္ကြက္ထဲက Kalakaua Avenue လမ္းမွာပါ"

Jisooက စားပြဲေပၚတင္ထားတဲ့ အထပ္လိုက္ဖိတ္စာေတြအေပၚဆုံးက တစ္ခုကိုဆြဲယူၿပီး Roséကိုကမ္းေပးလိုက္ပါသည္ Rosé ကဖိတ္စာကိုၾကည့္လိုက္မိေတာ့ သူတို႔နာမည္ေတြကလဲတြဲရက္ပါေနသည္

'to  Miss Manobal & Miss Park
from Mr.Adam Aaron'

နာမည္ေတာ့မၾကားဖူးေပမဲ့ Aaron ဆိုသည့္ surname ကိုေတာ့တရင္းတႏွီးရွိသည္ Rosé ခဏသာေငးၾကည့္ေနမိသည္ ဒါကဘာပါလိမ့္ မ်ိဳး႐ိုးနာမည္သာသိေပမဲ့ ရင္းမွမရင္းႏွီးပဲနဲ႔

"Terry ရဲ႕အေဖေလ အဲ့ဒီ Kalakaua Avenueထဲမွာ စားေသာက္ဆိုင္အသစ္ဖြင့္လိုက္တာမလို႔ ဆိုင္ဖြင့္ပြဲအေနနဲ႔ေပါ့"

'Terry အေဖက စီးပြားေရးကိုတိုးခ်ဲ႕ေနတာပဲ'ဆိုၿပီး Rosé ေတြးမိလိုက္သည္ Roséကလဲ စီးပြားေရးေလာကထဲက်င္လည္ေနသည့္ လူတစ္ေယာက္ျဖစ္တာမလို႔ Terryအေဖက စီးပြားေရးကုမၸဏီဖြင့္ထားသည္ ဆိုၿပီးေတာ့သိထားသည္ ဒါေပမဲ့ ဒါကဘာလို႔ Rosé တို႔ကိုဖိတ္တာပါလိမ့္

"အာ Terry လား သိပါတယ္ Jennieရဲ႕သတို႔သားေလာင္းမဟုတ္လား"

"အြန္း ဒါကိုလဲTerryကဖိတ္ခိုင္းလိုက္တာပါ ရွားရွားပါးပါး သိတဲ့Asian ေတြဆိုလို႔ Rosé တို႔ပဲရွိလို႔တဲ့ေလ"

အမွန္တကယ္ ဒါဟာ ေသြး႐ိုးသား႐ိုးမဟုတ္ေၾကာင္းကို Roséသိေနသည္ အဲ့ဒီPartyေန႔ကတည္းက Roséက Lisaလိုမဟုတ္ပဲ Jennie သီခ်င္းဆိုတာကိုလဲနားေထာင္ေနၿပီး ပတ္ဝန္းက်င္ကိုလဲအကဲခတ္တာေၾကာင့္ အကုန္သိေနသည္

အဲ့ေန႔က Lisaေရာ Rosé ေရာျမင္သလို Jennie ဟာသီခ်င္းဆိုေနခ်ိန္ Terryကိုပဲၾကည့္ေနခဲ့တာပါ သီခ်င္းရဲ႕တဝက္အေရာက္မွာ Jennie အၾကည့္လႊဲသြားတာေၾကာင့္ Lisaကိုၾကည့္လိုက္ခ်ိန္ Lisa နဲ႔ Jennie အၾကည့္ခ်င္းဆုံေနတာမလို႔ ခပ္ျမန္ျမန္ပဲ Terry ကိုျပန္ၾကည့္လိုက္ခ်ိန္မွာ Lisaနဲ႔ Jennie ကိုတိတ္ဆိတ္စြာေစာင့္ၾကည့္ေနတာျဖစ္သည္

ပြဲၿပီးသည့္အခ်ိန္ Rosé ထပ္ၿပီး Lisaကိုၾကည့္လိုက္ျပန္သည္ ခုနJennieထိုင္သြားတဲ့ေနရာကို ေက်ာက္႐ုပ္လိုေငးၾကည့္ၿပီး ၿပဳံးေနတာေၾကာင့္ေခါင္းရမ္းလိုက္ျပန္သည္ ျပန္ေတာ့မွာမလို႔ ေနာက္တစ္ခါ ဆိုင္အတြင္းထဲကိုမ်က္စိကစားလိုက္ခ်ိန္မွာပဲ Terryက Lisaကို Lisaရဲ႕စိတ္ကိုဖတ္ေနသလိုပါၾကည့္ေနျပန္သည္

ဒါေၾကာင့္ ဒီပြဲဟာ တမင္႐ြဲ႕ျပခ်င္လို႔ဖိတ္တာလို႔ Rosé ယူဆလိုက္သည္ ဒါေပမဲ့လဲ စိတ္ထဲမွာသာထားလိုက္သည္ ဂ႐ုလဲစိုက္ေနမွာမဟုတ္သလို Lisaကိုလဲျပန္မေျပာဖို႔ေတြးလိုက္သည္

"ဟုတ္ကဲ့ မနက္ျဖန္လာခဲ့ပါ့မယ္"

Rosé ဟာဖိတ္စာကိုၾကည့္ၿပီးေတြးရင္းကေန ပိတ္လိုက္ၿပီး Jisoo နဲ႔သာစကားျပန္ေျပာေတာ့၏

"Miss Kim ရၿပီေနာ္"

Roséျပန္ေျဖလိုက္ခ်ိန္မွာပဲ ထြက္လာတဲ့ မိတၱဴခန္းထဲကစကားသံျဖစ္သည္ Jisoo႐ိုက္ထားသည့္ဖိတ္စာရၿပီမွန္းသိလိုက္သည္

"အာ ရၿပီလား ျမန္လိုက္တာ ဦးေလး Saint လာခဲ့ပါဦး"

ဆိုင္ထဲကေနၿပီး အျပင္ကိုလွမ္းေခၚလိုက္ပုံရသည္ Jisooေခၚလိုက္တာနဲ႔ ဆိုင္ျပင္မွာရပ္ေစာင့္ေနတဲ့ အသက္50အ႐ြယ္ဦးေလးႀကီးဟာ ဆိုင္ထဲဝင္လာသည္

Jisooကေတာ့ တုပ္တုပ္မွမလႈပ္ပဲထိုင္ေနေပမဲ့ အဲ့ဒီဦးေလးႀကီးကေတာ့ Jisooလက္ထဲကဖိတ္စာေလးတစ္ခုမွလြဲ၍ Terryတို႔ဖိတ္စာေရာ Jennie တို႔ဖိတ္စာေရာကို လာယူၿပီးကားထဲထည့္လိုက္သည္

"ဒါက ေနာက္ထပ္ဖိတ္စာတစ္ခု Jennie ေလးရဲ႕ဖိတ္စာေပါ့"

"ေအာ္ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္"

Rosé ၿပဳံးၿပီး Jisooကမ္းလာသည့္ ဖိတ္စာကိုယူထားလိုက္သည္ Jisooက Lisaနဲ႔မေတြ႕တာကံေကာင္းသည္ဟုေျပာရမည္ Lisaသာဆို Jisooေရွ႕လဲေလွ်ာင္မွာမဟုတ္ပဲ ဖိတ္စာႀကီးကိုဆြဲၿဖဲပစ္မွာ

"Rosé ျပန္ေတာ့မွာလား ကြၽန္မလိုက္ပို႔ေပးရမလား ကားပါတယ္"

"ဟင့္အင္ ကြၽန္မအိမ္ကနီးနီးေလးရယ္ ဟိုအိမ္ပဲ"

ျပတင္းေပါက္ကေနျမင္ရသည့္ ၿခံဝန္းအက်ယ္ႀကီးနဲ႔ ကြၽန္းသစ္အိမ္ႀကီးကို Rosé လက္ညႇိဳးထိုးျပလိုက္သည္

"ေအာ္ ဟုတ္ၿပီ ဒါဆို ကြၽန္မ‌သြားေတာ့မယ္"

Jisoo ကလက္ကိုေဝွ႔ရမ္းျပသည့္အခါ Rosé လဲသူနဲ႔နည္းတူ ျပန္ေဝွ႔ရမ္းျပလိုက္သည္ အဲ့တာၿပီးေတာ့ ဆိုင္ထဲကထြက္ၿပီး အိမ္ထဲဝင္လာခဲ့လိုက္သည္

ၿခံထဲတင္ကို 5-6မိနစ္ေတာင္လမ္းေလွ်ာက္ရတာမလို႔ တခါတေလလဲ Rosé ကကိုယ့္အိမ္ကိုမုန္းမိသည္ လမ္းေလွ်ာက္ရတာနည္းနည္းေနာေနာမဟုတ္ပါ

"Lisa"

"ေျပာ"

အိမ္ထဲဝင္လာလိုက္တာနဲ႔ စာ႐ြက္ေတြကိုပဲစားပြဲေပၚမွာေတြ႕သည္ စာ႐ြက္ေတြ ေဘာပင္ေတြ calculator ေတြကိုသာေတြ႕ရၿပီး အဓိကလူက ၾကမ္းျပင္ေပၚမွာေမွာက္ေနသည္

"Ya Lisa ထေလ ဘာလုပ္ေနတာတုန္း"

"ခဏပဲေလ Chaeyoung ရာ ငါ႐ူးေတာ့မယ္"

Lisaကိုၾကည့္ၿပီး Chaeyoung တစ္ေယာက္ ေျပာမဲ့ကိစၥပါေပ်ာက္သည္ သက္ပ်င္းရွည္ရွည္တစ္ေခါက္ခ်ၿပီးမွ စကားေျပာလိုက္သည္

"ဖိတ္စာငါရလာၿပီ အဲ့မွာ"

Rosé ကိုယ္တိုင္လဲေႂကြခင္းထားသည့္ ၾကမ္းျပင္ေပၚမွာ ထိုင္လိုက္သည္ Lisaကလဲထထိုင္လိုက္ၿပီး ဖိတ္စာေတြကိုတစ္ခုၿပီးတစ္ခု ဖြင့္ၾကည့္သည္

"ဆိုေတာ့ ငါတို႔ကမနက္ျဖန္သြားရဦးမွာလား"

"အင္းေပါ့ ဘာျဖစ္လဲ အဲ့တာက Honolulu မွာနာမည္အႀကီးဆုံး ရပ္ကြက္ထဲကလမ္းပဲဟာကို သြားလဲအရႈံးမရွိပါဘူး"

"ငါမသြားခ်င္ဘူးလို႔ဘယ္သူေျပာလဲ အဲ့ေကာင္နဲ႔ Rubyကိုေတာ့ တြဲၿပီးျမင္ရမွာအရမ္းမုန္းတာပဲ"

Lisaကအံကိုႀကိတ္ထားသည္ Roséကလဲသူ႔ကိုၾကည့္ၿပီး သက္ပ်င္းသာခ်ေနသည္

"‌နင္ေလ ေလာဘႀကီးလြန္းတယ္ နင္သိလား"

"အင္း ငါခ်စ္လို႔ပါ ငါခ်စ္လို႔ႀကီးတာ ငါတကိုယ္ေကာင္းဆန္တာလဲသိတယ္ ငါအတၱႀကီးတာလဲသိတယ္ ဒါေပမဲ့....."

Lisaက သူမွားတာမလို႔ ဘာမွဆက္မေျပာပါ Lisaဘက္ကၾကည့္ရင္လဲ အကုန္လုံးအတၱႀကီးမိမွာပါပဲ Jennie တို႔ဘက္ကၾကည့္ရင္ေတာ့ Lisaကပဲအလြန္ေပါ့

"ဒါေပမဲ့ ငါ Rubyကိုခ်စ္ခဲ့တာ ဘယ္ေတာ့မွေနာင္တမရဘူး"

Rosé ကလဲသူငယ္ခ်င္းျဖစ္သူကိုၾကည့္ရင္း Lisaသာ လူလြတ္တစ္ေယာက္ကိုပဲ ခ်စ္မိသြားရင္ေကာင္းမည္ဟု ေတြးေနမိသည္ အမွန္တိုင္းေျပာရလွ်င္ သူလဲLisa ကိုၾကည့္ရတာသိပ္ၿပီးစိတ္မခ်မ္းသာရပါ။

"အင္းပါ ငါနင့္ကိုမတားပါဘူး အခ်စ္နဲ႔စစ္မွာ မတရားတာမွမရွိပဲ"

Lisaဟာ Rosé ကိုၾကည့္ရင္း ၿပဳံးျပသည္ ပင္ပန္းေနတဲ့အၿပဳံးေပါ့ Rosé ကလဲ ဘာမွမျဖစ္ဘူးဆိုတာကို ေခါင္းညိမ့္ျပရင္းေဖာ္ျပလိုက္သည္

"ကဲ Rosanne လာ ညေနေရာက္ေနၿပီ ငါတို႔ဘာလုပ္ၾကမလဲ အလုပ္ေတြဆက္လုပ္လို႔ေတာ့မေျပာနဲ႔ေနာ္ ဒီေန႔အတြက္ေတာ္ၿပီလို႔ဆုံးျဖတ္ထားတယ္"

"ဘာလုပ္ခ်င္လဲ ဒါဆို ငါနဲ႔ Hangout ထြက္မလား? Beach ပဲခဏသြားခ်င္လား? Movie Date? ငါMr. & Mrs. Smith တိပ္ေခြငွားလာတယ္"

"ေအး ၾကည့္ရေအာင္"

"နင္ coffee သြားေဖ်ာ္ ငါTVဖြင့္လိုက္ဦးမယ္"

ဒီေန႔ကေတာ့ Lisaမနက္ျဖန္အတြက္ အားရွိေအာင္ ေပ်ာ္ေပ်ာ္ပဲေနပစ္သည္ မနက္ျဖန္ညေနကို ခံႏိုင္ရည္ရွိေအာင္ႀကိဳးစားရမည္ အနည္းဆုံး ဟိုေကာင္က Ruby ခါးကိုဖက္ၿပီး ပြဲတက္လာတာကိုဆြဲမထိုးမိေအာင္ေပါ့

Continue Reading

You'll Also Like

10.5K 1.3K 21
ပင်ပန်းမှုတွေ ငါ့အပေါ်ပြိုကျတဲ့အခါ မင်းရင်ခွင်ထဲပုန်းခွင့်ပြုပါ ပြီးတော့ တစ်နေ့ပြီးတစ်နေ့ ချစ်မြတ်နိုးပေးပါ
11.4K 993 16
For Zawgyi. "Daddy အခ်စ္ကဘယ္လို အခ်စ္လဲ Babyကို နာက်င္ေစမဲ့ အခ်စ္လား" "ေမာင့္ဘဝမွာ မကအေရးမပါပင္မဲ့ ေမာင္က မ ရဲ့ ဘဝမွာ အေရးပါဆုံးဆိုတာ သိထားပါ" "ကို...
8.6K 768 13
"ငါကျိန်ပါတယ် ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမင်းရောက်နေပါစေငါတွေ့အောင်ရှာပါ့မယ်
4.2K 438 14
ပြေးလေ ပြေးလေ ဝေးလေလေပဲမို့ ၊ ပေါင်းဖက်ခြင်း ခွဲခွာခြင်းတွေဟာ ခြေလှမ်းတွေအပေါ်မှာပဲ မူတည်တယ် ။ ကံကြမ္မာနှင့် လားလားမျှမသက်ဆိုင်အပ် ။