Uni
ဟိုလူက နှိုင်းကို ကားတံခါး ဖွင့်ပေးကာ ကားပေါ်တတ်စေသည်။
" ဘာလုပ်နေတာလဲ တတ်လေ "
" ဘာလို့တတ်ရမှာလဲ ၊ ခင်များနဲ့လိုက်မယ် ပြောမိလို့လား "
ကျစ်
ဒီလူ တွေ့လား နှိုင်းကို ကားပေါ် အတင်းတတ်ခိုင်းနေတာ ၊ နှိုင်းရဲ့ ဒကောက်ကွေး ကနေ ချီမကာ ကားထိုင်ခုံမှာ ထိုင်စေလိုက်သည်။
" မလိုက်ဘူးလို့ ပြောနေတာကို "
နှိုင်းက ထွက်ပြေးမယ် လုပ်တော့ သူက ကျစ်တစ်ချက်သတ်ကာ နှိုင်းကို ရုတ်တရက်ဆိုသလို လာဖက်သည်။
" ခင်များ ဘာဖြစ်နေတာလဲ ဖယ်စမ်းပါ ၊ ကျွန်တော်တို့က အလုပ်သမား အလုပ်ရှင် တွေလဲ မဟုတ်တော့ ဘူး ၊ ခင်များနဲ့လည်း ပတ်သတ်စရာမရှိတော့ဘူး ၊ ဒါမျိုးတွေလာမလုပ်နဲ့ ကျွန်တော်မကြိုက်ဘူး "
" ကျစ် ငြိမ်ငြိမ်နေစမ်းပါ နှိုင်းရယ် ၊ ကိုယ် နေမကောင်းဖြစ်နေလို့ ပြုစုပေးမဲ့သူလိုတယ် "
ဟုတ်သား အခုမှ သတိထားမိတာ ၊ သူ့ခန္တာကိုယ်က ပူကျစ်နေတာပဲ ။
ပြောရင်း နှိုင်းပါ အနည်းငယ်ပူလာသည်။ အဖျားတော့ကူးလို့ဖြစ် ။
" ဖယ်စမ်းပါ ၊ ခင်များ အိမ်မှာ ဒီလောက်ထိ အစေခံတွေပေါနေတာ သူတို့ကို သွားပြီး ပြုစုခိုင်းပေါ့ ၊ ဒါမှမဟုတ်လဲ ခင်များ အပျော်တွဲနေကျ စော်လေးတွေ ကို သွားပြုစုခိုင်းလေ ၊ ကျွန်တော်နဲ့က အနေသာကြီး ၊ အဖျားတွေကူးကုန်မယ် လာမဖက်နဲ့ "
မင်းရက်စက်တာ နှိုင်းရာ ။ ကိုယ်က ကိုယ့်အပေါ်ကောင်းပေးတဲ့ သူကိုပဲ လိုချင်တာ ၊ဟန်ဆောင်တာမျိုးတွေ ကိုယ်မကြိုက်ဘူး ၊ ဒါကို နှိုင်းကို ပြောလိုက်ရင် သူရယ်လေမလား။
" ပိုက်ဆံပေးမယ် ၊ လာ ပြုစုပေး ၊ ငါနေကောင်းတဲ့အထိ "
ရှိုင်းပြောချင်တာက တစ်ခု ပါးစပ်က ထွက်သွားတာက တစ်ခု ၊ ရှိုင်းလည်း ကိုယ့်ကိုကိုယ် လည်း မသိတော့။
" လူကို ဘာများ ထင်နေတာလဲ ၊ ပိုက်ဆံပေးတိုင်း ဘယ်အရာမဆို လုပ်ယူလို့ရတယ်များထင်နေသလား ၊ တော်တော် အောက်တန်းကျဖို့ကောင်းတယ် "
နှိုင်း တော်တော် ဒေါသထွက်သွားတာ ၊ ဒီတိုင်းချော့မော့ပြီး အကူအညီတောင်းရင်တောင် လိုက်တော့မလို့ စိတ်ကူးပြီးသား ။ ပိုက်ဆံစကားလာပြောလိုက်တော့ နှိုင်း စိတ်ပြောင်းသွားပြီ။
" တောင်းပန်ပါတယ် ၊ ကိုယ်စကားမှားသွားတယ် နော် ၊ လိုက်ခဲ့ပေးပါ ကိုယ်နဲ့အတူ "
ရှိုင်းစကားကိုအတတ်နိုင်ဆုံး နူးညံ့ကာပြောပေမဲ့
နှိုင်းကတော့ ကားပေါ်ကနေတောင် ဆင်းနေပြီဖြစ်သည်။
" မ...လိုက်...ဘူး "
နှိုင်း စကားတစ်လုံးချင်းကိုပီပီပြင်ပြင်ပြောပြီး ထွက်လာခဲ့လိုက်သည်။
ဒါတောင် သူက အနောက်ကနေ လိုက်လာခဲ့သေးတာ။
" သား မြန်လှချည်လား ပြန်လာတာ "
အိမ်ထဲရောက်တော့ မေကြီးက ပုတီးစိတ်နေတာ ဖြစ်သည်။
နှိုင်းကိုတွေ့တော့ သူတရားမှတ်နေတာကို ခဏ မေ့ကာ နှိုင်းဆီကို လာကြိုလေသည်။
" ဟုတ်တယ် မေကြီး သားသွားနားလိုက်အုံးမယ် "
" အေးအေးသား "
တီးတောင် တီးတောင် တီးတောင်
အိမ်ရဲ့လူခေါ်ဘဲလ်က မြည်နေတာမှ ဆက်တိုက်ပဲ ။
ဒေါ်ခတ္တာနွယ်လည်း တံခါးဆီသွားပြီး သွားဖွင့်ကြည့်လိုက်သည်။
" အော်...သားပဲလား ၊ ဘာကိစ္စရှိပြန်လို့လဲကွယ် "
" နှိုင်းလွန်းသာနွယ်နဲ့တွေ့ချင်လို့ ပါ အန်တီ "
" စောဏလေးတင် သားနဲ့ လိုက်သွားပြီး ပြန်လာတာလေကွယ် ၊ နေစမ်းပါအုံး သားမျက်နှာတွေ နီရဲလို့ပါလား ၊ မှန်းစမ်း..."
ဒေါ်ခတ္တာနွယ်က မှန်းစမ်း ဆိုကာ သူမရဲ့ လက်ဖမိုးနဲ့ ရှိုင်းရဲ့ နဖူးကို မမှီတမှီ လှမ်းစမ်းကြည့်သည်။
" အမလေးးး အသားတွေက ပူကျစ်လို့ပါလား ၊ သား အိမ်ထဲ မြန်မြန်ဝင် ၊ လာလာ "
ဒေါ်ခတ္တာနွယ်က ရှိုင်းကို အခန်းလွတ် ထဲကိုခေါ်သွားပြီး ကုတင်ပေါ်မှာ လှဲစေသည်။
သူမက အပြင်ထွက်ကာ ဆေးသေတ္တာနဲ့ ရေဇလုံကိုသွားယူသည်။
ထို့နောက် ရှိုင်းရဲ့ အပေါ်ထပ် ကုတ်အင်္ကျီကို ချွတ် စေသည်။ အပူထွက်အောင် လို့။
ထို့နောက် နဖူးပေါ်သို့ ရေစို သဘတ်ဖြင့် အုပ်ထားစေသည်။
" သားရယ် ၊ နေမကောင်းနေတာများ အလုပ်လုပ်နေရသေးတယ်လို့ ၊ ခဏလောက်နားရောပေါ့... "
" ဟုတ်ကဲ့အန်တီ ၊ ကျွန်တော်ကလည်း နေမကောင်းနေလို့ အနားမှာတစ်ယောက်ယောက်ထားချင်တာနဲ့ နှိုင်းလွန်းသာနွယ်ကို လာခေါ်တာ ၊ သူက ဆိုးတယ် အန်တီရယ် ကျွန်တော့်နောက်ကို မလိုက်ချင်ဘူးတဲ့လေ "
" အမလေး သားရယ် ၊ နှိုင်းလေးကိုခေါ်ပြီးတော့ရော ဘာလုပ်မှာလဲ ကွယ် ၊ သူက အဲ့လိုတွေမလုပ်တတ်ဘူးကွယ့် ၊ ကလေးလိုပဲ သူနေမကောင်းရင်တောင် အန်တီကပဲ ပြန်ပြီး ပြုစုပေးရတာ ၊ သူနေမကောင်းမှာ အန်တီတော့ အရမ်းကြောက်တာသားရယ် ၊ အရမ်းအီလွန်းလို့ "
ဒေါ်ခတ္တာနွယ်က ရယ်ကျဲကျဲဖြင့် သူမရဲ့သား အကြောင်းကို ပြန်ပြောသည်။
ဒါပေမဲ့ အန်တီရယ် သူမပြုစုတတ်ရင်တောင် ကျွန်တော့်အနားမှာ သူရှိရင် အဆင်ပြေ ပါတယ်လို့တော့ သူမပြောခဲ့ ။
" ကဲ...သား ၊ မုန့်လေး စားပြီး ဆေးလေးသောက်လိုက်နော် ၊ ပြီးရင် ခဏ အိပ်လိုက် အဆင်ပြေသွားလိမ့်မယ် "
" ဟုတ်ကဲ့ အန်တီ "
ဒေါ်ခတ္တာနွယ်လည်း အခန်းထဲက ထွက်သွားမှ ရှိုင်းလည်း စောင်ခြုံကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်သည်။
.....
" မေကြီးဘာသိလို့လဲ ၊ အဲ့လူ ကလိမ်ကကျစ်လုပ်နေတာ ၊ မသနားနဲ့ သူ့မှာက သူ့အမေအပြင် အစ်ရော မရီးပါ ရှိသေးတယ် ၊ သူ့ကို စောင့်ရှောက်ပေးမဲ့ သူမှ အများကြီးပဲ ၊ မေကြီးသနားနေစရာကိုမလိုတာ "
" အော်သားရယ် ၊ လူတစ်ယောက် အခက်အခဲတွေ့နေချိန်တော့ ကူညီပေးရမယ်လေ ဟုတ်တယ်မလား ၊ သူ့မှာ ဘယ်လောက်ထိ စောင့်ရှောက်ပေးမဲ့သူ များနေပါစေ ၊ လောလောဆယ် မေကြီးရဲ့ အရှေ့မှာ သူ နေမကောင်းဖြစ်နေတာမလား ၊ သားအပေါ်လဲ ကျေးဇူးရှိတော့ ၊ ဒီလိုမျိုးက ကူညီပေးရတယ်လေ "
ဒေါ်ခတ္တာ သားရဲ့အလုပ်ရှင် ဆိုတဲ့ကလေး ရဲ့ အခန်းထဲကနေ ထွက်လာပြီး
သူမရဲ့ သားကို စောင့်ရှောက်ပေးဖို့ ၊ ကူညီပေးဖို့ရာသွားပြီးနားချပါသော်လည်း နားမဝင်။
သိပ်လိမ္မာတဲ့ ကလေးက အခုကြမှ ဘယ်လိုဖြစ်သွားရတာပါလိမ့်။
" အို မေကြီးကလည်း ဘာပဲ ဖြစ်ဖြစ်ပေါ့ ....."
" အဲ့လို မကောင်းတဲ့ အကျင့်တွေက ဘယ်က ရလာတာလဲ နှိုင်းလွန်းသာနွယ် ၊ ကိုယ့်ကျေးဇူးရှင်ကို ကျေးဇူးပြန်ဆပ်တတ်ရတယ်ကွယ့် "
မေကြီးရဲ့ အသံမှာ ဒေါသသံတွေအနည်းငယ် ပါလာနေသည်။
နှိုင်းလည်းပြောမရတဲ့အဆုံး ဟိုလူ့ကို ခဏလောက်တော့ သွားကြည့်လိုက်သည်။
TBC
3.12.2023
Van
Thank you for reading my fic
Zawgyi
ဟိုလူက ႏွိုင္းကို ကားတံခါး ဖြင့္ေပးကာ ကားေပၚတတ္ေစသည္။
" ဘာလုပ္ေနတာလဲ တတ္ေလ "
" ဘာလို႔တတ္ရမွာလဲ ၊ ခင္မ်ားနဲ႕လိုက္မယ္ ေျပာမိလို႔လား "
က်စ္
ဒီလူ ေတြ႕လား ႏွိုင္းကို ကားေပၚ အတင္းတတ္ခိုင္းေနတာ ၊ ႏွိုင္းရဲ႕ ဒေကာက္ေကြး ကေန ခ်ီမကာ ကားထိုင္ခုံမွာ ထိုင္ေစလိုက္သည္။
" မလိုက္ဘူးလို႔ ေျပာေနတာကို "
ႏွိုင္းက ထြက္ေျပးမယ္ လုပ္ေတာ့ သူက က်စ္တစ္ခ်က္သတ္ကာ ႏွိုင္းကို ႐ုတ္တရက္ဆိုသလို လာဖက္သည္။
" ခင္မ်ား ဘာျဖစ္ေနတာလဲ ဖယ္စမ္းပါ ၊ ကြၽန္ေတာ္တို႔က အလုပ္သမား အလုပ္ရွင္ ေတြလဲ မဟုတ္ေတာ့ ဘူး ၊ ခင္မ်ားနဲ႕လည္း ပတ္သတ္စရာမရွိေတာ့ဘူး ၊ ဒါမ်ိဳးေတြလာမလုပ္နဲ႕ ကြၽန္ေတာ္မႀကိဳက္ဘူး "
" က်စ္ ၿငိမ္ၿငိမ္ေနစမ္းပါ ႏွိုင္းရယ္ ၊ ကိုယ္ ေနမေကာင္းျဖစ္ေနလို႔ ျပဳစုေပးမဲ့သူလိုတယ္ "
ဟုတ္သား အခုမွ သတိထားမိတာ ၊ သူ႕ခႏၱာကိုယ္က ပူက်စ္ေနတာပဲ ။
ေျပာရင္း ႏွိုင္းပါ အနည္းငယ္ပူလာသည္။ အဖ်ားေတာ့ကူးလို႔ျဖစ္ ။
" ဖယ္စမ္းပါ ၊ ခင္မ်ား အိမ္မွာ ဒီေလာက္ထိ အေစခံေတြေပါေနတာ သူတို႔ကို သြားၿပီး ျပဳစုခိုင္းေပါ့ ၊ ဒါမွမဟုတ္လဲ ခင္မ်ား အေပ်ာ္တြဲေနက် ေစာ္ေလးေတြ ကို သြားျပဳစုခိုင္းေလ ၊ ကြၽန္ေတာ္နဲ႕က အေနသာႀကီး ၊ အဖ်ားေတြကူးကုန္မယ္ လာမဖက္နဲ႕ "
မင္းရက္စက္တာ ႏွိုင္းရာ ။ ကိုယ္က ကိုယ့္အေပၚေကာင္းေပးတဲ့ သူကိုပဲ လိုခ်င္တာ ၊ဟန္ေဆာင္တာမ်ိဳးေတြ ကိုယ္မႀကိဳက္ဘူး ၊ ဒါကို ႏွိုင္းကို ေျပာလိုက္ရင္ သူရယ္ေလမလား။
" ပိုက္ဆံေပးမယ္ ၊ လာ ျပဳစုေပး ၊ ငါေနေကာင္းတဲ့အထိ "
ရွိုင္းေျပာခ်င္တာက တစ္ခု ပါးစပ္က ထြက္သြားတာက တစ္ခု ၊ ရွိုင္းလည္း ကိုယ့္ကိုကိုယ္ လည္း မသိေတာ့။
" လူကို ဘာမ်ား ထင္ေနတာလဲ ၊ ပိုက္ဆံေပးတိုင္း ဘယ္အရာမဆို လုပ္ယူလို႔ရတယ္မ်ားထင္ေနသလား ၊ ေတာ္ေတာ္ ေအာက္တန္းက်ဖိဳ႕ေကာင္းတယ္ "
ႏွိုင္း ေတာ္ေတာ္ ေဒါသထြက္သြားတာ ၊ ဒီတိုင္းေခ်ာ့ေမာ့ၿပီး အကူအညီေတာင္းရင္ေတာင္ လိုက္ေတာ့မလို႔ စိတ္ကူးၿပီးသား ။ ပိုက္ဆံစကားလာေျပာလိုက္ေတာ့ ႏွိုင္း စိတ္ေျပာင္းသြားၿပီ။
" ေတာင္းပန္ပါတယ္ ၊ ကိုယ္စကားမွားသြားတယ္ ေနာ္ ၊ လိုက္ခဲ့ေပးပါ ကိုယ္နဲ႕အတူ "
ရွိုင္းစကားကိုအတတ္နိုင္ဆုံး ႏူးညံ့ကာေျပာေပမဲ့
ႏွိုင္းကေတာ့ ကားေပၚကေနေတာင္ ဆင္းေနၿပီျဖစ္သည္။
" မ...လိုက္...ဘူး "
ႏွိုင္း စကားတစ္လုံးခ်င္းကိုပီပီျပင္ျပင္ေျပာၿပီး ထြက္လာခဲ့လိုက္သည္။
ဒါေတာင္ သူက အေနာက္ကေန လိုက္လာခဲ့ေသးတာ။
" သား ျမန္လွခ်ည္လား ျပန္လာတာ "
အိမ္ထဲေရာက္ေတာ့ ေမႀကီးက ပုတီးစိတ္ေနတာ ျဖစ္သည္။
ႏွိုင္းကိုေတြ႕ေတာ့ သူတရားမွတ္ေနတာကို ခဏ ေမ့ကာ ႏွိုင္းဆီကို လာႀကိဳေလသည္။
" ဟုတ္တယ္ ေမႀကီး သားသြားနားလိုက္အုံးမယ္ "
" ေအးေအးသား "
တီးေတာင္ တီးေတာင္ တီးေတာင္
အိမ္ရဲ႕လူေခၚဘဲလ္က ျမည္ေနတာမွ ဆက္တိုက္ပဲ ။
ေဒၚခတၱာႏြယ္လည္း တံခါးဆီသြားၿပီး သြားဖြင့္ၾကည့္လိုက္သည္။
" ေအာ္...သားပဲလား ၊ ဘာကိစၥရွိျပန္လို႔လဲကြယ္ "
" ႏွိုင္းလြန္းသာႏြယ္နဲ႕ေတြ႕ခ်င္လို႔ ပါ အန္တီ "
" ေစာဏေလးတင္ သားနဲ႕ လိုက္သြားၿပီး ျပန္လာတာေလကြယ္ ၊ ေနစမ္းပါအုံး သားမ်က္ႏွာေတြ နီရဲလို႔ပါလား ၊ မွန္းစမ္း..."
ေဒၚခတၱာႏြယ္က မွန္းစမ္း ဆိုကာ သူမရဲ႕ လက္ဖမိုးနဲ႕ ရွိုင္းရဲ႕ နဖူးကို မမွီတမွီ လွမ္းစမ္းၾကည့္သည္။
" အမေလးးး အသားေတြက ပူက်စ္လို႔ပါလား ၊ သား အိမ္ထဲ ျမန္ျမန္ဝင္ ၊ လာလာ "
ေဒၚခတၱာႏြယ္က ရွိုင္းကို အခန္းလြတ္ ထဲကိုေခၚသြားၿပီး ကုတင္ေပၚမွာ လွဲေစသည္။
သူမက အျပင္ထြက္ကာ ေဆးေသတၱာနဲ႕ ေရဇလုံကိုသြားယူသည္။
ထို႔ေနာက္ ရွိုင္းရဲ႕ အေပၚထပ္ ကုတ္အကၤ်ီကို ခြၽတ္ ေစသည္။ အပူထြက္ေအာင္ လို႔။
ထို႔ေနာက္ နဖူးေပၚသို႔ ေရစို သဘတ္ျဖင့္ အုပ္ထားေစသည္။
" သားရယ္ ၊ ေနမေကာင္းေနတာမ်ား အလုပ္လုပ္ေနရေသးတယ္လို႔ ၊ ခဏေလာက္နားေရာေပါ့... "
" ဟုတ္ကဲ့အန္တီ ၊ ကြၽန္ေတာ္ကလည္း ေနမေကာင္းေနလို႔ အနားမွာတစ္ေယာက္ေယာက္ထားခ်င္တာနဲ႕ ႏွိုင္းလြန္းသာႏြယ္ကို လာေခၚတာ ၊ သူက ဆိုးတယ္ အန္တီရယ္ ကြၽန္ေတာ့္ေနာက္ကို မလိုက္ခ်င္ဘူးတဲ့ေလ "
" အမေလး သားရယ္ ၊ ႏွိုင္းေလးကိုေခၚၿပီးေတာ့ေရာ ဘာလုပ္မွာလဲ ကြယ္ ၊ သူက အဲ့လိုေတြမလုပ္တတ္ဘူးကြယ့္ ၊ ကေလးလိုပဲ သူေနမေကာင္းရင္ေတာင္ အန္တီကပဲ ျပန္ၿပီး ျပဳစုေပးရတာ ၊ သူေနမေကာင္းမွာ အန္တီေတာ့ အရမ္းေၾကာက္တာသားရယ္ ၊ အရမ္းအီလြန္းလို႔ "
ေဒၚခတၱာႏြယ္က ရယ္က်ဲက်ဲျဖင့္ သူမရဲ႕သား အေၾကာင္းကို ျပန္ေျပာသည္။
ဒါေပမဲ့ အန္တီရယ္ သူမျပဳစုတတ္ရင္ေတာင္ ကြၽန္ေတာ့္အနားမွာ သူရွိရင္ အဆင္ေျပ ပါတယ္လို႔ေတာ့ သူမေျပာခဲ့ ။
" ကဲ...သား ၊ မုန့္ေလး စားၿပီး ေဆးေလးေသာက္လိုက္ေနာ္ ၊ ၿပီးရင္ ခဏ အိပ္လိုက္ အဆင္ေျပသြားလိမ့္မယ္ "
" ဟုတ္ကဲ့ အန္တီ "
ေဒၚခတၱာႏြယ္လည္း အခန္းထဲက ထြက္သြားမွ ရွိုင္းလည္း ေစာင္ၿခဳံကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္လိုက္သည္။
.....
" ေမႀကီးဘာသိလို႔လဲ ၊ အဲ့လူ ကလိမ္ကက်စ္လုပ္ေနတာ ၊ မသနားနဲ႕ သူ႕မွာက သူ႕အေမအျပင္ အစ္ေရာ မရီးပါ ရွိေသးတယ္ ၊ သူ႕ကို ေစာင့္ေရွာက္ေပးမဲ့ သူမွ အမ်ားႀကီးပဲ ၊ ေမႀကီးသနားေနစရာကိုမလိုတာ "
" ေအာ္သားရယ္ ၊ လူတစ္ေယာက္ အခက္အခဲေတြ႕ေနခ်ိန္ေတာ့ ကူညီေပးရမယ္ေလ ဟုတ္တယ္မလား ၊ သူ႕မွာ ဘယ္ေလာက္ထိ ေစာင့္ေရွာက္ေပးမဲ့သူ မ်ားေနပါေစ ၊ ေလာေလာဆယ္ ေမႀကီးရဲ႕ အေရွ႕မွာ သူ ေနမေကာင္းျဖစ္ေနတာမလား ၊ သားအေပၚလဲ ေက်းဇူးရွိေတာ့ ၊ ဒီလိုမ်ိဳးက ကူညီေပးရတယ္ေလ "
ေဒၚခတၱာ သားရဲ႕အလုပ္ရွင္ ဆိုတဲ့ကေလး ရဲ႕ အခန္းထဲကေန ထြက္လာၿပီး
သူမရဲ႕ သားကို ေစာင့္ေရွာက္ေပးဖို႔ ၊ ကူညီေပးဖို႔ရာသြားၿပီးနားခ်ပါေသာ္လည္း နားမဝင္။
သိပ္လိမၼာတဲ့ ကေလးက အခုၾကမွ ဘယ္လိုျဖစ္သြားရတာပါလိမ့္။
" အို ေမႀကီးကလည္း ဘာပဲ ျဖစ္ျဖစ္ေပါ့ ....."
" အဲ့လို မေကာင္းတဲ့ အက်င့္ေတြက ဘယ္က ရလာတာလဲ ႏွိုင္းလြန္းသာႏြယ္ ၊ ကိုယ့္ေက်းဇူးရွင္ကို ေက်းဇူးျပန္ဆပ္တတ္ရတယ္ကြယ့္ "
ေမႀကီးရဲ႕ အသံမွာ ေဒါသသံေတြအနည္းငယ္ ပါလာေနသည္။
ႏွိုင္းလည္းေျပာမရတဲ့အဆုံး ဟိုလူ႕ကို ခဏေလာက္ေတာ့ သြားၾကည့္လိုက္သည္။
TBC
3.12.2023
Van
Thank you for reading my fic