Part 7

2.4K 69 0
                                    

Uni

ရန်ကုန်ကို ရှိုင်းပြန်ရောက်နေတာ ၁ပတ်လောက်ရှိတော့မည်။
ဟိုကောင်လေးကတော့ သူကိုယ်တိုင် ရန်ကုန်ပြန်ရောက်နေတာတောင် မသိချေ။
ဘာလို့ဆို ရှိုင်း​က သူ့ကို အခန်းထဲမှာဘဲ ပိတ်ထားလို့ ဖြစ်သည်။
ရန်ကုန်ကအိမ်က လည်း မိုင်းလားကအိမ်လိုပဲ ပုံစံတူ ဆောက်ထား​ဖြစ်သည်။
အဲ့တော့ အခန်းဟာလည်း အတူတူဘဲ ဖြစ်နေတာ ဖြစ်သည်။

" သားငယ်ရှိုင်း သားခေါ်လာတဲ့ ကောင်လေးက ဘယ်သူများလဲကွယ် ၊ သားသူ့ကိုတစ်ပတ်တိတိ အခန်းထဲမှာ ပိတ်ထားတာ မေမေ့မှာ ဖြင့် သနားလွန်းလို့သားရယ် ၊ အဲ့လိုတွေမလုပ်ပါနဲ့ နော်သား ၊ တစ်ဖက်လူကို နာကျင်အောင်လုပ်ရင် ကိုယ်ကလည်းအဲ့လိုပဲ ပြန်ခံစားရတတ်တယ်တဲ့ကွယ် "

မေမေက ရှိုင်းကို လာဆုံးမတော့ ၊ ရှိုင်းလည်း မေမေ့ သဘောအတိုင်း ငြိမ်ကာနားထောင်ပေးနေသည်။

" ဟုတ်ကဲ့ပါ မေမေ၊ သူကသားနဲ့ အလုပ်အတူတူ လုပ်နေတဲ့ သူပါ ၊ စာချုပ်စည်းကမ်းကိုဖောက်ဖျတ်လို့ သူ့ကိုဒဏ်ပေးထားယုံလေးပါ "

" ဒါပေမဲ့ သားရယ် ၊ သူလည်း သူ့မိသားစုရှိရာကိုပြန်ချင်မှာဘဲလေ ၊ သား  မေမေ့ကိုချစ်ရင် သူ့ကိုလွှတ်ပေးလိုက်ပါနော် "

မေမေက တကယ်ကြီး ဟိုကောင်လေးကိုသနားနေဟန် ၊ ရှိုင်းကတော့ မသနားနိုင်ပါဘူး ၊ သူ့အပြစ်နဲ့သူမို့လို့ ခံပေါ့။

" သားသိပါပြီ မေမေ ၊ သွားနားလိုက်ပါအုံး မေမေရယ် ၊ ဆေးရောသောက်ပြီးပြီလား ၊ သားတိုက်မယ်လေ "

ရှိုင်း မေမေ့ကိုတွဲကာ အခန်းထဲကို ပြန်ခေါ်သွားပြီး သက်တောင့်သက်သာလှဲအိပ် စေကာ ခြေထောင့်များကိုနှိပ်ပေးပြီး ပြန်ထွက်လာခဲ့သည်။
မေမေ့အခန်းထဲက ပြန်အထွက်မှာ မရီး ဖြစ်သူနဲ့ ပတ်ပင်းတိုးသည်။

" မင်း အဲ့ကောင်လေးကို လွှတ်ပေးလိုက်စမ်းပါ၊ ငါလည်း တစ်နေ့တစ်နေ့ သူ သောင်းကျန်းတာနဲ့တင် နားငြီးနေပြီ "

" အဲ့ဒါ ခင်များ စောက်ကြောင်းပါလား "
ရှိုင်း ထိုမရီးဖြစ်သူကို ဘောက်စက်စက်ပြောကာ ထွက်လာခဲ့သည်။ မရီးဖြစ်သူ ဘယ်လို မကျေမနပ်ဖြစ်နေမလဲဆိုတာကိုတော့ သူမသိချင်တော့။
ထို့နောက် ဟိုကောင်လေး ရှိနေသည့်အခန်းထဲကို ဝင်သွားသည်။

Only for you ( မင်းအတွက်သာ)Where stories live. Discover now