Part 13

2.3K 66 3
                                    

Uni

ဟိုလူက အိပ်နေတာ သူဝင်လာတာတောင် သိမဲ့ပုံမပေါ်။
နှိုင်းလည်း ဘာမှ မပြောနေတော့ဘဲ ကုတင်ဘေးက ခုံမှာ တိတ်တိတ်လေး ထိုင်ကာ ရေဇလုံထဲသို့ အဝတ်နှစ်လိုက် သူ့ရဲ့ နှဖူးကို ကပ်ပေးလိုက်သည် လုပ်နေသည်။

မေကြီးပြောတာလည်း ဟုတ်သည် ။ သူ့ရဲ့ အသားက တကယ်ကြီး ကျစ်ကျစ်တောက်ပူနေတာ ။
စောဏက သူနဲ့ အသားချင်းထိမိတုန်းက ကိုယ့် စိတ်နဲ့ကိုယ်မို့လို့ သတိတောင်မထားမိ။

" ဒီလူ ရူးနေတာလား ၊ အင်္ကျီ အထူကြီးဝတ်ပြီး အိပ်ရတယ်လို့ "

" ဟေ့ လူ ထ ထ ရေပတ်သုတ်ပေးမယ် ၊ ပြီးရင် အင်္ကျီပါးပါးလေး လဲလိုက် "

နှိုင်း သူ့ကို လှုပ်နှိုးပြီး ရေပတ်သုတ်ပေးဖို့ရာ ရေဇလုံထဲသို့ ရေပြန်သွားထည့်သည်။
ပြီးနောက် နှိုင်းရဲ့အခန်းထဲက ဗီရိုထဲကနေ ပြီး နှိုင်းနဲ့ size အကြီးဆုံးဖြစ်နေတဲ့ Pajama တစ်ထည်ကို ယူလာခဲ့သည်။

သူက ရေပတ်သုတ်ဖို့ဆိုပြီး အင်္ကျီတွေ အကုန်ချွတ်လိုက်သည်။ အင်္ကျီချွတ်လိုက်တော့ သူ့ရဲ့ ဝမ်းဗိုက်က ချပ်ကပ်နေပြီး အမြှောင်းတွေကလည်း ခြောက်ခု ရှိသည်။ လက်မောင်းက muscle တွေနဲ့ ခန္တာကိုယ်ပေါ်က muscle တွေဟာ ရူးလောက်ချင်စရာ။
ဟိုနေ့က တွေ့လိုက်တယ် ဆိုပေမဲ့ အမှောင်ထဲမှာမို့ သိပ်မရှင်းလှ ၊ အခုကြတော့ ရှင်းရှင်းလင်းလင်းကြီးကိုမြင်လိုက်ရတာဖြစ်သည်။
ထိုအရာကိုမြင်ပါသော နှိုင်းမှာ လက်ထဲက ပစ္စည်းတွေကိုပြုတ်မကျအောင် မနည်း ထိန်းကိုင်နေရသည်။ အာခေါင် ခြောက်သလိုလို ရေဆာသလိုလိုတောင်ရှိလာသည်။

" ဘာလုပ်နေတာလဲ ၊ ရေပတ်သုတ်ပေးမလို့ဆို "

" အော်...အင်းးး "

နှိုင်း သူ့နားလေးရောက်တော့ နည်းနည်းတော့ ရှိန်မိသွားသည်။

" သုတ်... သုတ်ပေးတော့မယ်နော် "

သူက နှိုင်းလုပ်သမျှကို မျက်လုံးမှိတ်ကာ ငြိမ်ခံနေသည်။
ကိုယ်လုံးတွေသုတ်ပြီး မျက်နှာ သုတ်မယ်လုပ်တော့ သူက မျက်လုံးဖွင့်လာသည်။ သူနဲ့နှိုင်းရဲ့ကြားမှာ လေဟာနယ် အနည်းငယ်သာ ကွာခြားသည်။ တော်တော်လေးကို နီးကပ်လွန်းတာ ။

Only for you ( မင်းအတွက်သာ)Where stories live. Discover now