When I Fly Towards You ( ဘာသာ...

By ANyein_26

6.7K 435 25

NO PAID GP ‼️ Title - She's a Little Crazy / 她病得不轻; 陆遥知他意 Author - Zhu Yi Chapter - 63 Started Date : 23.11... More

Description
Chapter-1
Chapter-3
Chapter-4
Chapter-5
Chapter-6.1
Chapter-6.2
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter - 11.1
Chapter - 11.2
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18.1

Chapter-2

286 28 1
By ANyein_26



[ နောက်ကျနေတာတောင် သူက အေးအေးဆေးဆေး ဖြစ်နေတာဆိုတော့ ပုံမှန်စည်းကမ်းဖောက်နေကျသူတစ်ယောက်ပဲဖြစ်မယ်..
အဲ့ဒီလိုသာဆို ငါ သူ့ကို ရက်အနည်းငယ်လောက် ထောက်လှမ်းကြည့်လိုက်မယ်ဆိုရင် သူ့ကို အမိဖမ်းနိုင်မှာ အသေအချာပဲ ]

< နတ်မိမယ်လေးစူးကျိုက်ကျိုက်ရဲ့ဒိုင်ယာရီ >

အတန်းပြီးဆုံးကြောင်းခေါင်းလောင်း မြည်ဟီးလာခဲ့သည်။

စင်မြင့်ပေါ်ရှိဆရာမက မြေဖြူခဲကို မြေဖြူခဲပုံးထဲသို့ ပြန်ချလိုက်ပြီး အတန်းကို လှည့်ကြည့်ကာ

"အိမ်စာမထပ်ရသေးတဲ့သူတွေက ငါ့ကို ရုံးခန်းမှာလာရှာကြ ငါ့ကို နှစ်ခါမေးအောင်မလုပ်ကြနဲ့ အတန်းပြီးပြီ"

ကျောင်းသားများက ချက်ချင်း မတ်တပ်ထရပ်လိုက်ကြပြီး

"ကျေးဇူးတင်ပါတယ် ဆရာမ"

ကျန်းလုရန့်က စာသင်ချိန်အတွင်း စိတ်အနှောင့်အယှက်ဖြစ်ရသည်ကိုမကြိုက်မှန်း သိထားသည့်အတွက် ယဲ့ကျန်းရှင်းက အတန်းပြီးဆုံးသည့်တိုင်အောင် လှည့်မကြည့်ရဲဘဲ မေးခွန်းများမမေးရဲချေ။

"ကျန်းလုရန့် နင့်ရဲ့ထိုင်ခုံဖော်က ဘယ်ရောက်သွားတာလဲ"

သူ နောက်သို့မှီချလိုက်ပြီး ဘောပင်ကိုကိုင်ထားရာ လှပကွေးညွှတ်နေသောသူ့လက်များရဲ့ ထင်ရှားသောအရိုးအဆစ်များကို ဖော်ပြထားလျက်ရှိနေပါသည်။

"ခွင့်ယူသွားတယ်"

သူ့အသံက နက်နဲပြတ်သားပြီး ခံစားချက်ကင်းမဲ့နေ၏။ ညအမှောင်ဆုံးအချိန်၌ မိုးတဖွဲဖွဲရွာနေသကဲ့သို့ပင် ၊ ယဲ့ကျန်းရှင်းမျက်လုံးများ ပြူးကျယ်လာပြီး ငြူစူသံဖြင့်

"အမ်? သူက ဘာလို့ခွင့်ယူရတာလဲ... လွန်ခဲ့တဲ့နှစ်ရက်ကမှ အမျိုးသားနေ့လေ သူက ဘာပူပန်မှုမှကိုမရှိဘူး"

သူမ အချိန်အတော်ကြာအောင် စောင့်ခဲ့သည့်တိုင် မည်သည့်အဖြေမှပြန်မရခဲ့။

ကျန်းလုရန့် အသာမော့ကြည့်လိုက်ပြီး သူ့စားပွဲခုံပေါ်မှ အင်္ဂလိပ်စာလေ့ကျင့်ခန်းစာအုပ်ကိုယူ အရင်တစ်ခေါက်က မှတ်ထားတဲ့စာမျက်နှာကိုလှန်ကာ ကွက်လပ်ဖြည့်လေ့ကျင့်ခန်းအတွက် ရလဒ်များကိုကြည့်လိုက်သည်။

မေးခွန်း(၁၅)ခုမှာ (၁၃)ခု မှားတာပဲ...

နောက်ဆုံးတော့ သူ့အကြည့်မှာ အနည်းငယ် အပြောင်းအလဲ ဖြစ်သွားသည်။

ရှေ့ကမိန်းကလေးက ဆက်လက်စကားပြောနေ၏။

"ရုတ်တရက်ကြီး သူ ဘာလို့ခွင့်တိုင်သွားတာလဲ? သူက တရုတ်ဘာသာအတန်းကို ကောင်းကောင်းတတ်နေတာပဲ"

မသိစိတ်ဖြင့် စားပွဲခုံထောင့်စွန်းနားကို သူ့လက်ထဲကဘောပင်ဖြင့် ခေါက်လိုက်သည်။ ပုံမှန်အားဖြင့် တဖြောင့်တည်းဖြစ်နေသော သူ့နှုတ်ခမ်းထောင့်များမှာ ယခုအခါ အောက်ဘက်သို့ကွေးညွှတ်သွားရာ သူ့အကြည့်များထဲတွင် ဒေါသပေါက်ကွဲနေသည့် လျှို့ဝှက်မီးတောက်တစ်ခု ရှိနေလေသည်။

၎င်းက ရေးရေးမျှသာရှိတာကြောင့် မြင်သာရုံလေးမျှသာ...

သူ သတိပြန်ဝင်လာပြီးနောက် ယဲ့ကျန်းရှင်းကိုကြည့်ပြီး တိုးတိုးလေးပြောလိုက်၏။

"မသိဘူး"

သူမ ဆက်ပြောနေဆဲဖြစ်သော်လည်း အကြောင်းအရာက ချော်ထွက်သွားခဲ့လေပြီ။

ကျန်းလုရန့် မတ်တပ်ထရပ်လိုက်သည်။

ယဲ့ကျန်းရှင်း ထိတ်လန့်သွားပြီး

"နင် ဘယ်သွားမလို့လဲ"

သူ့အမူအရာက ပေါ့ပေါ့ပါးပါးဖြစ်နေရာ ပြန်လည်ဖြေကြားခြင်းမရှိ ၊ သူ့အင်္ဂလိပ်စာစာအုပ်ကိုကိုင်ပြီး အခန်းထဲမှထွက်လာတော့သည်။

တစ်ဖက်တွင်မူ စူးကျိုက်ကျိုက်က ကျန်းကျားကို သန့်စင်ခန်းဘက်သို့ ဆွဲခေါ်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် ကျန်းကျား ရုတ်တရက် တစ်ခုခုကို သတိရမိသွား၏။

"ဟုတ်သားပဲ ကျိုက်ကျိုက်"

စူးကျိုက်ကျိုက် သူမအိတ်ကပ်ထဲမှတစ်ရှူးကိုထုတ်ပြီး နောက်ဆုံးတစ်ရှူးရွတ်ကိုဆွဲထုတ်ပြီးနောက် တစ်ရှူးအထုပ်ကို လက်ဆေးကန်ဘေးရှိ အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

သူမလက်တွေကိုသုတ်ရင်း

"ဟမ်?"

"ကျောင်းရဲ့ပြေးခုန်ပစ်ကစားပွဲတွေက မကြာခင် ကျင်းပတော့မှာလေ.. နင် ပြိုင်ပွဲတစ်ခုခုမှာ ဝင်ပါမလို့လား"

"ပြိုင်ပွဲတွေကဘာတွေလဲ"

"အများကြီးပဲ.. အမြင့်ခုန်၊ အဝေးခုန်၊ ကြိုးခုန်၊ လူဆယ်ယောက်ခြေဆယ့်တစ်ချောင်း"

စူးကျိုက်ကျိုက် ပြန်ဖြေခါနီးမှာပဲ ဆရာများရုံးခန်းအနီးမှ လှေကားထစ်များပေါ်တက်လာတဲ့လူငယ်တစ်ယောက်ကို မျက်လုံးထောင့်ကနေ သတိထားမိလိုက်သည်။ ထိုသူက လှည့်ပြီး ရုံးခန်းဆီသို့ လျှောက်သွားလိုက်၏။

သူ့နောက်ကျောက အရပ်ရှည်ရှည်နှင့်ပိန်ပါးလျက်ရှိပြီး သူ့ဆံပင်ထိပ်မှ ရေများ တစက်စက်ကျနေပါ၏။

သူမ၏သူငယ်အိမ်များမှာ ကျဉ်းမြောင်းလာပြီး စိတ်လှုပ်ရှားခြင်းနှင့်အံ့သြခြင်း ခံစားချက်များက သူမနှလုံးသားထဲတွင် လောင်ကျွမ်းလာခဲ့သည်။ သူမ လမ်းမလျှောက်နိုင်ခင်မှာ ကောင်လေးလက်ထဲကလေ့ကျင့်ခန်းစာအုပ်ဟာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေတာကို တွေ့လိုက်ရလေသည်။

သူ ငုံ့လိုက်လျှင် သူ့မျက်နှာဘေးတိုက် ပေါ်လာ၏။

.... သူ မဟုတ်ဘူးပဲ

စူးကျိုက်ကျိုက် အနည်းငယ် စိတ်ပျက်သွားပြီး သူမနှလုံးသားထဲတွင် တိတ်တိတ်ကလေး ကျိန်ဆဲလိုက်မိသည်။

သူမလိုမျိုး ပြိုင်ဘက်ကင်းအလှလေးက ရုပ်ချောရုံမျှသာရှိတဲ့ကောင်လေးတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့...

သူမ တကယ်ကြီးရှက်သင့်တယ်..

သူမ ဘာမှမတုံ့ပြန်သည်ကိုမြင်တော့ ကျန်းကျားက သူမပြောတဲ့ပြိုင်ပွဲတွေကို စိတ်မဝင်စားဘူးလို့ ထင်မှတ်ကာ

"မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၈၀၀ လဲရှိသေးတယ် သံလုံးပစ်နဲ့ တခြားအများကြီးရှိသေးတယ်...."

ပျင်းရိသောအမူအရာဖြင့် စူးကျိုက်ကျိုက်က

"မီတာ ၈၀၀ က အများဆုံးပဲလား"

ဒီမေးခွန်းကိုကြားတော့ ကျန်းကျား နည်းနည်းစိတ်ရှုပ်သွားကာ ပဟေဠိဖြစ်စွာဖြင့် မေးလာ၏။

"ဟမ်? နင်က ပိုများတဲ့ဟာလိုချင်လို့လား.. မီတာ ၈၀၀ ကတင် ငါ့ကိုအသေသတ်ဖို့ လုံလောက်နေပြီထင်တယ်"

သူတို့နှစ်ယောက် စာသင်ခန်းထဲဝင်ခါနီးတွင် စူးကျိုက်ကျိုက် ခေါင်းကိုလှည့်ပြီး တစ်ချက်ကြည့်လိုက်ပါသေးသည်။

ရုံးခန်းတံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထားပြီး ဘေးနားရှိစားပွဲခုံနှင့်ထိုင်ခုံနား၌ မတ်တပ်ရပ်နေသောမိန်းကလေးနှစ်ယောက်ရှိရာ တစ်ယောက်ကထိုင်နေပြီး အခြားတစ်ယောက်က မတ်တပ်ရပ်နေလျက် ရယ်ရယ်မောမောဖြင့် စကားစမြည်ပြောနေကြသည်။ မိုးက အပြာရောင်လက်ရန်းကို တိုက်ခတ်နေပြီး ကောင်လေးအချို့မှာ ရန်ဖြစ်နေကြသည်။

သူမ အကြည့်ကို ပြန်ရုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ဆယ်ကျော်သက်ကောင်လေးတစ်ယောက် လှေကားထစ်မှထွက်လာပြီး ညာဘက်ချိုးကာ ရုံးခန်းထဲသို့လျှောက်သွားလေသည်။

စူးကျိုက်ကျိုက် ထိုင်ခုံတွင်ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်တွင်မှောက်၍ တံတောင်ဆစ်ကွေးပေါ် မျက်နှာတစ်ဝက်တင်ထားလျက် ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံကိုသာ လှစ်ဟပြထား၏။

"အင်း မီတာ ၈၀၀ က ငါ့ရဲ့ကျန်းမာကြံ့ခိုင်တဲ့မျိုးရိုးဗီဇနဲ့ မှန်းချက်ကိုက်မှာမဟုတ်လောက်ဘူး"

ကျန်းကျားရဲ့နှုတ်ခမ်းထောင့်များတွန့်ချိုးသွားကာ

"နင်ကလေ တကယ့်ကို......."

"မီတာ ၁၀၀၀၀ ရွေးချယ်ခွင့်မရှိဘူးဆိုရင် ငါ့ကိုဝင်ပြိုင်ဖို့လာမပြောနဲ့"

"သေလိုက်လေ!"

ကျန်းကျား အော်ပြောလိုက်၏။ အော်ပြောလိုက်သံက ကျယ်လောင်လွန်းသဖြင့် ဆူညံနေတဲ့အတန်းကို တိတ်သွားစေခဲ့သည်။ ထို့နောက် ကောင်လေးတစ်ယောက် ရောက်လာပြီး စနောက်လာပြန်ပါ၏။

"ဘယ်သူလေလည်လိုက်တာလဲ"

ကျန်းကျားအမူအရာက လေးနက်နေရာ

"သေချာတာကတော့ စူးကျိုက်ကျိုက် မဟုတ်ဘူး"

ကွမ်းဟန်က မျက်ခုံးပင့်ကာ သူ့အကြည့်များထဲ၌ စနောက်ကျီစယ်လိုဟန်ဖြင့်

"ဒါဆို မင်းလား"

"နင်လေ"

ကျန်းကျား ပြန်ပြောလိုက်သည်။

စူးကျိုက်ကျိုက် လက်ဖြန့်ပြီး

"တကယ်ကို နင်ပဲ"

ကွမ်းဟန် "......ဟား ဟား"

အပြစ်တင်ဖို့ သူဒီကိုလာခဲ့တာပဲ မဟုတ်ဘူးလား?

ကျန်းကျားသည် သူမ၏နှာခေါင်းကို လက်တစ်ဖက်ဖြင့်အုပ်ကာ စူးကျိုက်ကျိုက်၏မျက်နှာတစ်ဝက်ကို အခြားလက်ဖြင့်အုပ်၍

"ကွမ်းဟန် လူရှေ့သူရှေ့မှာ လေလည်တာကို ရပ်ပေးလို့ရမလား"

ကွမ်းဟန်က သူမခေါင်းကိုပုတ်ပြီး စိုက်ကြည့်လျက်

"မင်းက သေချင်နေတာလား"

ကျန်းကျားလက်ထဲကခွန်အားက နည်းနည်းလေးမှ ပြေလျော့မသွားဘဲ

"ငါသေရင်တောင် အနံ့မခံချင်ဘူး!"

"........."

ခဏအကြာတွင် ခေါင်းလောင်းသံမြည်လာသည်။ ကျောင်းသားလူအုပ်ကြီးက ချက်ချင်း လူစုခွဲကာ ထိုင်ခုံဆီသို့ ပြန်သွားကြ၏။ ခဏတာငြိမ်သက်သွားပြီးနောက် ကျန်းကျားက ယခင်အကြောင်းအရာကို ပြန်ပြောပြလာခဲ့သည်။

"ပြီးခဲ့တဲ့တစ်ခေါက် ကာယအတန်းချိန်မှာတုန်းက မီတာ ၅၀ ပြေးပြီးတော့ နင် ခွေးတစ်ကောင်လို ဟောဟဲလိုက်ခဲ့ရတာကို ငါမှတ်မိသေးတယ်.. အဲဒါကို နင်က အခု ငါနဲ့မီတာ ၁၀၀၀၀ အကြောင်း ပြောနေတာလား"

စူးကျိုက်ကျိုက် အပြစ်ကင်းစွာ မျက်တောင်ပုတ်ခတ်လိုက်ပြီး

"ခွေးတစ်ကောင်လို ဟောဟဲလိုက်ခဲ့တာ?"

"နားမလည်သလို လုပ်မနေနဲ့.. နင်က ငါ့ကို သရုပ်ဖော်စေချင်လို့လား အိပ်မက်ဆက်မက်နေလိုက်!"

မည်သို့ပင်ဆိုစေကာမူ စူးကျိုက်ကျိုက်ဟာ သာမန်အသိတရားအရ သူမ၏ကတ်များကို ဘယ်တော့မှ မကစားဖူးခဲ့ပေ။ သူမလျှာကိုထုတ်ကာ အကြိမ်အနည်းငယ်မျှ လျင်မြန်စွာ အသက်ရှူသွင်းပြီးနောက် တန်ဖိုးကြီးပစ္စည်း ပေးကမ်းနေသည့်အလား မေးလိုက်၏။

"ဒီလိုမျိုးလား?"

".....ရပြီ ရူးနေတာရပ်လိုက်တော့"

သိပ်မကြာခင်မှာပဲ တရုတ်ဘာသာဆရာ ဝင်လာခဲ့သည်။

စူးကျိုက်ကျိုက်သည် သူမ၏ရယ်မောဖွယ်ရာအမူအယာကို ဖယ်ထုတ်ထားလိုက်ပြီး တရုတ်ဘာသာဆရာပြောသောစကားများကို နားထောင်ကာ သူမ၏ဖတ်စာအုပ်ကို လှန်ကြည့်လိုက်၏။ သူမ ပြတင်းပေါက်ကနေ လှည့်ကြည့်လိုက်သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်အကိုင်းအခက်များမှာ အနည်းငယ်ကွေးညွှတ်နေသေးသည်။ တဖျောက်ဖျောက်ကျနေသောရေစက်များက အရွက်များ၏အကြောများပေါ်သို့ လျှောကျလာပြီး မြေပြင်ထက်သို့ စီးကျသွားခဲ့သည်။

မိုးရွာနေသေးတာပဲ...

သူ ထီးမယူလာတော့ မိုးရေပြန်စိုနေမှာလား?

အတန်းမပြီးခင်မှာ ကျန်းကျားက သူမရဲ့ကျောင်းလွယ်အိတ်ကို သိမ်းဆည်းပြီး သူတို့ရဲ့အိပ်ဆောင်ထဲမှ တခြားနှစ်ယောက်ဖြစ်သော ရှောင်ရှောင်းနှင့်ရှောင်ယွီတို့နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အားလုံး သွားဖို့အဆင်သင့်ဖြစ်နေကြသည့်ပုံ...

ဒါနဲ့တင်မလုံလောက်သေး စူးကျိုက်ကျိုက်က မလှုပ်မယှက်ရှိနေသေးသည်ကိုမြင်တော့ ကျန်းကျားက သူမအစား စိတ်မရှည်စွာဖြင့် သူမရဲ့စားပွဲမှာချိတ်ထားတဲ့ ကျောင်းလွယ်အိတ်ကို ကောက်ယူပြီး ကျရာစာအုပ်နှစ်အုပ်နှင့်အတူ သိမ်းဆည်းပေးလိုက်ပါ၏။

ခေါင်းလောင်းသံကြားသည်နှင့်တစ်ပြိုင်နက် လေးယောက်သားဟာ ဆာလောင်နေသောဝံပုလွေများကဲ့သို့ ကော်ဖီဆိုင်ဆီသို့ ပြေးသွားကြလေသည်။ နေ့လယ်စာအမြန်စားလိုက်ကြပြီး ထိုင်စရာနေရာရှာကာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။ ရှောင်ယွီက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး

"ဒါနဲ့ စကားမစပ် Night Campus ပွဲမှာ ပါဝင်ဖို့ နင်တို့တွေ စိတ်ဝင်စားကြလား? ငါတို့အတန်းက ဘာမှမပြင်ဆင်ရသေးဘူး၊ နှစ်ပတ်ပဲကျန်တော့တယ်"

သူမက သူတို့အတန်း၏စာပေနှင့်အနုပညာကော်မတီဝင်ဖြစ်သောကြောင့် ဤအရာအားလုံးကို စီစဉ်ရန် သူမတွင် တာဝန်ရှိသည်။ ကျောင်းပြေးပွဲနှင့်ကွင်းဆင်းပွဲသည် တစ်ညနှင့်နှစ်ရက် ကြာမြင့်၏။ အားကစားပွဲများကို နေ့လည်ခင်းနှင့်ညနေပိုင်းများတွင် ကျင်းပမည်ဖြစ်ပြီး ညပိုင်းတွင် Night Campus ပွဲ ကျင်းပမည်ဖြစ်ရာ အတန်းတိုင်းက လှုပ်ရှားမှုတစ်ခုစီပြင်ဆင်ရသည့် ပါတီပွဲဖြစ်သည်။

ရှောင်ရှောင်းက "နင့်မှာအကြံရှိလား"

"ငါ့မှာမရှိလို့ နင်တို့ကို မေးနေတာပေါ့"

ရုတ်တရက် စူးကျိုက်ကျိုက် အကြံတစ်ခုရသွား၏။

သူမ ပါဝင်ဖျော်ဖြေလိုက်ပြီးတော့ နောက်ဆုံးမှာ လူပျောက်ကြေငြာတစ်ခု ထုတ်ပြန်လိုက်မယ်ဆိုရင်ရော.... ဒါပေမဲ့ သူမ ဘယ်လိုပြောသင့်သလဲ?

သူက အရမ်း အရမ်း အရမ်းချောတယ်၊ ဒီနေ့ စာသင်ချိန်ကြားအားလပ်ချိန်မှာ နောက်ကျမှရောက်လာပြီး ကုန်စုံဆိုင်လေးနားကနေ ဖြတ်သွားခဲ့တယ်လို့ သူမ ပြောသင့်သလား?

ဒါမှမဟုတ် မိုးရေစိုနေတဲ့အချိန် အထူးသဖြင့် သူက ဆွဲဆောင်မှုရှိတဲ့ပုံပေါက်တယ်လို့ သူမ ပြောလိုက်သင့်သလား?

သေစမ်း! အခု သူမကိုယ်သူမ ရူးနေပြီလို့တောင် ထင်လာပြီ။

သူတို့စားသောက်ပြီးသွားသောအခါ ရှောင်ရှောင်းနှင့်ရှောင်ယွီက အိပ်ဆောင်သို့ဦးစွာပြန်သွားကာ စူးကျိုက်ကျိုက်က ကျန်းကျားနှင့်အတူ ကုန်စုံဆိုင်သို့ လိုက်သွားခဲ့သည်။

ကုန်စုံဆိုင်အပြင်ဘက်ရောက်သောအခါတွင် စူးကျိုက်ကျိုက် သူမဝယ်လိုတာဘာမှမရှိသဖြင့် ကျန်းကျားကို အပြင်တွင်စောင့်နေလိုက်သည်။ သူမပတ်ပတ်လည်တွင် လူအများကြီးရှိနေကြပြီး ကုန်စုံဆိုင်အပြင်ဘက်ရှိ စားပွဲသုံးလုံးမှာလည်း ပြည့်နှက်နေ၏။ လူတွေက စကားလက်ဆုံကျပြီး လက်တွေကိုင်ထားရာ စားပွဲပေါ်ကခေါက်ဆွဲခြောက်တွေကို စားနေကြလေသည်။

လူတွေ ဝင်လိုက်ထွက်လိုက် လုပ်နေသဖြင့် ပခုံးနှစ်ခုကြား ပွတ်တိုက်မှုမှာ မလွဲမသွေ ရှိနေလေသည်။ စူးကျိုက်ကျိုက် ထောင့်နားသို့ ပိုနီးကပ်လာ၏။ အဝေးမှတစ်ဆင့် လူနှစ်ယောက်ကြား စကားစမြည်ပြောသံကို သူမ ကြားလိုက်ရသည်။ ကောင်လေး၏အသံမှာ အလွန်ကြမ်းတမ်းပြီး ကျယ်လောင်နေရာ တကယ်ကို အလျော့မပေးဘဲ တင်းခံနေလေ၏။

"ကျန်းလုရန့် မင်း မိုးရွာထဲလာခဲ့တာမလား? အတူတူပြန်ကြရအောင်"

ကျန်းလုရန့်......

သူက ထိပ်တန်းအတန်းထဲက ကောင်ချောလေးမဟုတ်ဘူးလား?

စူးကျိုက်ကျိုက် အသံရင်းမြစ်ဆီသို့ လှမ်းကြည့်လိုက်သော်လည်း သူမရှေ့တွင် စည်ကားနေသော လူအုပ်ကြီးက သူမမြင်ကွင်းကို ပိတ်ဆို့ထားနေသည်။

".....အာ"

သူ့အသံက ကြည်လင်ပြတ်သားပြီး မိုးရွာပြီးလေထုထက်တောင် ပို၍လန်းဆန်းနေ၏။ သူမစိတ်တွေ တုန်လှုပ်သွားပြီး ဒီမနက်တွေ့လိုက်ရတဲ့ ကောင်လေးအကြောင်း ပြန်တွေးလိုက်မိသည်။

သူက သူမအနားကနေ တိတ်တဆိတ် ဖြတ်သွား၏။ သူ့ဆံပင်ထိပ်ဖျားလေးတွေက စိုရွှဲနေပုံရပြီး သူ့နားသယ်စပ်နားက ဆံပင်တွေက သူ့ပါးပြင်ပေါ်မှာ ကပ်နေသည်။ သူ၏မှင်နက်ရောင်ဆံပင်များမှ ရေစက်များ တစက်စက်ကျလာရာ ခဏအကြာတွင် စူးကျိုက်ကျိုက်က သူ့ဆံပင်မှစီးကျနေတဲ့ရေဟာ အနက်ရောင်ဖြစ်လိမ့်မယ်လို့ ထင်လိုက်၏။

သူ့မျက်လုံးတွေက မည်းမှောင်နေပြီး ဖြူဖွေးသန့်ရှင်းလှတဲ့သု့မျက်နှာနှင့်ဆန့်ကျင်ဘက် အထူးသဖြင့် ၎င်းတို့က မျက်စိဖမ်းစားလိုက်သည်။ စူးကျိုက်ကျိုက် သူမလက်ထဲကထီးကို ငုံ့ကြည့်ရင်း မျက်လုံးတွေ အနည်းငယ် တွေဝေသွားခဲ့၏။

ထို့နောက် ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်ရသည့်ခံစားချက်က သူမကို ချိုးနှိမ်နိုင်ခဲ့ပြီး အဓိပ္ပါယ်မဲ့သောအတွေးများနှင့်အတူ လိုက်ပါသွားခဲ့သည်။

သူ ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်မယ် ၊ သူ ဘယ်လောက်ဆွဲဆောင်မှုရှိတယ်ဆိုတာ သူသိမှာပဲ..

ဒါကြောင့်မလို့ သူ့ကိုယ်သူ ရည်ရွယ်ချက်ရှိရှိ မိုးရေစိုခံလိုက်ပြီး သူမအနားကနေ တမင်သက်သက် ဖြတ်သွားခဲ့တာ ၊ တမင်တကာ လုပ်လိုက်တာ... သူမကို ဆွဲဆောင်ဖို့အတွက်...

___________________


[ ေနာက္က်ေနတာေတာင္ သူက ေအးေအးေဆးေဆး ျဖစ္ေနတာဆိုေတာ့ ပုံမွန္စည္းကမ္းေဖာက္ေနက်သဴတစ္ေယာက္ပဲျဖစ္မယ္..
အဲ့ဒီလိုသာဆို ငါ သူ႕ကို ရက္အနည္းငယ္ေလာက္ ေထာက္လွမ္းၾကည့္လိုက္မယ္ဆိုရင္ သူ႕ကို အမိဖမ္းနိုင္မွာ အေသအခ်ာပဲ ]

< နတ္မိမယ္ေလးစူးက်ိဳက္က်ိဳက္ရဲ႕ဒိုင္ယာရီ >

အတန္းၿပီးဆုံးေၾကာင္းေခါင္းေလာင္း ျမည္ဟီးလာခဲ့သည္။

စင္ျမင့္ေပၚရွိဆရာမက ေျမျဖဴခဲကို ေျမျဖဴခဲပုံးထဲသို႔ ျပန္ခ်လိဳက္ၿပီး အတန္းကို လွည့္ၾကည့္ကာ

"အိမ္စာမထပ္ရေသးတဲ့သူေတြက ငါ့ကို ႐ုံးခန္းမွာလာရွာၾက ငါ့ကို ႏွစ္ခါေမးေအာင္မလုပ္ၾကနဲ႕ အတန္းၿပီးၿပီ"

ေက်ာင္းသားမ်ားက ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္ၾကၿပီး

"ေက်းဇူးတင္ပါတယ္ ဆရာမ"

က်န္းလုရန့္က စာသင္ခ်ိန္အတြင္း စိတ္အေႏွာင့္အယွက္ျဖစ္ရသည္ကိုမႀကိဳက္မွန္း သိထားသည့္အတြက္ ယဲ့က်န္းရွင္းက အတန္းၿပီးဆုံးသည့္တိုင္ေအာင္ လွည့္မၾကည့္ရဲဘဲ ေမးခြန္းမ်ားမေမးရဲေခ်။

"က်န္းလုရန့္ နင့္ရဲ႕ထိုင္ခုံေဖာ္က ဘယ္ေရာက္သြားတာလဲ"

သူ ေနာက္သို႔မွီခ်လိဳက္ၿပီး ေဘာပင္ကိုကိုင္ထားရာ လွပေကြးၫႊတ္ေနေသာသူ႕လက္မ်ားရဲ႕ ထင္ရွားေသာအရိုးအဆစ္မ်ားကို ေဖာ္ျပထားလ်က္ရွိေနပါသည္။

"ခြင့္ယူသြားတယ္"

သူ႕အသံက နက္နဲျပတ္သားၿပီး ခံစားခ်က္ကင္းမဲ့ေန၏။ ညအေမွာင္ဆုံးအခ်ိန္၌ မိုးတဖြဲဖြဲ႐ြာေနသကဲ့သို႔ပင္ ၊ ယဲ့က်န္းရွင္းမ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး ျငဴစူသံျဖင့္

"အမ္? သူက ဘာလို႔ခြင့္ယူရတာလဲ... လြန္ခဲ့တဲ့ႏွစ္ရက္ကမွ အမ်ိဳးသားေန႕ေလ သူက ဘာပူပန္မႈမွကိုမရွိဘူး"

သူမ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ခဲ့သည့္တိုင္ မည္သည့္အေျဖမွျပန္မရခဲ့။

က်န္းလုရန့္ အသာေမာ့ၾကည့္လိုက္ၿပီး သူ႕စားပြဲခုံေပၚမွ အဂၤလိပ္စာေလ့က်င့္ခန္းစာအုပ္ကိုယူ အရင္တစ္ေခါက္က မွတ္ထားတဲ့စာမ်က္ႏွာကိုလွန္ကာ ကြက္လပ္ျဖည့္ေလ့က်င့္ခန္းအတြက္ ရလဒ္မ်ားကိုၾကည့္လိုက္သည္။

ေမးခြန္း(၁၅)ခုမွာ (၁၃)ခု မွားတာပဲ...

ေနာက္ဆုံးေတာ့ သူ႕အၾကည့္မွာ အနည္းငယ္ အေျပာင္းအလဲ ျဖစ္သြားသည္။

ေရွ႕ကမိန္းကေလးက ဆက္လက္စကားေျပာေန၏။

"႐ုတ္တရက္ႀကီး သူ ဘာလို႔ခြင့္တိုင္သြားတာလဲ? သူက တ႐ုတ္ဘာသာအတန္းကို ေကာင္းေကာင္းတတ္ေနတာပဲ"

မသိစိတ္ျဖင့္ စားပြဲခုံေထာင့္စြန္းနားကို သူ႕လက္ထဲကေဘာပင္ျဖင့္ ေခါက္လိုက္သည္။ ပုံမွန္အားျဖင့္ တေျဖာင့္တည္းျဖစ္ေနေသာ သူ႕ႏႈတ္ခမ္းေထာင့္မ်ားမွာ ယခုအခါ ေအာက္ဘက္သို႔ေကြးၫႊတ္သြားရာ သူ႕အၾကည့္မ်ားထဲတြင္ ေဒါသေပါက္ကြဲေနသည့္ လွ်ို႔ဝွက္မီးေတာက္တစ္ခု ရွိေနေလသည္။

၎က ေရးေရးမွ်သာရွိတာေၾကာင့္ ျမင္သာ႐ုံေလးမွ်သာ...

သူ သတိျပန္ဝင္လာၿပီးေနာက္ ယဲ့က်န္းရွင္းကိုၾကည့္ၿပီး တိုးတိုးေလးေျပာလိုက္၏။

"မသိဘူး"

သူမ ဆက္ေျပာေနဆဲျဖစ္ေသာ္လည္း အေၾကာင္းအရာက ေခ်ာ္ထြက္သြားခဲ့ေလၿပီ။

က်န္းလုရန့္ မတ္တပ္ထရပ္လိုက္သည္။

ယဲ့က်န္းရွင္း ထိတ္လန့္သြားၿပီး

"နင္ ဘယ္သြားမလို႔လဲ"

သူ႕အမူအရာက ေပါ့ေပါ့ပါးပါးျဖစ္ေနရာ ျပန္လည္ေျဖၾကားျခင္းမရွိ ၊ သူ႕အဂၤလိပ္စာစာအုပ္ကိုကိုင္ၿပီး အခန္းထဲမွထြက္လာေတာ့သည္။

တစ္ဖက္တြင္မူ စူးက်ိဳက္က်ိဳက္က က်န္းက်ားကို သန့္စင္ခန္းဘက္သို႔ ဆြဲေခၚလာခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္ က်န္းက်ား ႐ုတ္တရက္ တစ္ခုခုကို သတိရမိသြား၏။

"ဟုတ္သားပဲ က်ိဳက္က်ိဳက္"

စူးက်ိဳက္က်ိဳက္ သူမအိတ္ကပ္ထဲမွတစ္ရႉးကိုထုတ္ၿပီး ေနာက္ဆုံးတစ္ရႉး႐ြတ္ကိုဆြဲထုတ္ၿပီးေနာက္ တစ္ရႉးအထုပ္ကို လက္ေဆးကန္ေဘးရွိ အမွိုက္ပုံးထဲသို႔ ပစ္ခ်လိဳက္သည္။

သူမလက္ေတြကိုသုတ္ရင္း

"ဟမ္?"

"ေက်ာင္းရဲ႕ေျပးခုန္ပစ္ကစားပြဲေတြက မၾကာခင္ က်င္းပေတာ့မွာေလ.. နင္ ၿပိဳင္ပြဲတစ္ခုခုမွာ ဝင္ပါမလို႔လား"

"ၿပိဳင္ပြဲေတြကဘာေတြလဲ"

"အမ်ားႀကီးပဲ.. အျမင့္ခုန္၊ အေဝးခုန္၊ ႀကိဳးခုန္၊ လူဆယ္ေယာက္ေျခဆယ့္တစ္ေခ်ာင္း"

စူးက်ိဳက္က်ိဳက္ ျပန္ေျဖခါနီးမွာပဲ ဆရာမ်ား႐ုံးခန္းအနီးမွ ေလွကားထစ္မ်ားေပၚတက္လာတဲ့လူငယ္တစ္ေယာက္ကို မ်က္လုံးေထာင့္ကေန သတိထားမိလိုက္သည္။ ထိုသူက လွည့္ၿပီး ႐ုံးခန္းဆီသို႔ ေလွ်ာက္သြားလိုက္၏။

သူ႕ေနာက္ေက်ာက အရပ္ရွည္ရွည္ႏွင့္ပိန္ပါးလ်က္ရွိၿပီး သူ႕ဆံပင္ထိပ္မွ ေရမ်ား တစက္စက္က်ေနပါ၏။

သူမ၏သူငယ္အိမ္မ်ားမွာ က်ဥ္းေျမာင္းလာၿပီး စိတ္လႈပ္ရွားျခင္းႏွင့္အံ့ၾသျခင္း ခံစားခ်က္မ်ားက သူမႏွလုံးသားထဲတြင္ ေလာင္ကြၽမ္းလာခဲ့သည္။ သူမ လမ္းမေလွ်ာက္နိုင္ခင္မွာ ေကာင္ေလးလက္ထဲကေလ့က်င့္ခန္းစာအုပ္ဟာ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်ေနတာကို ေတြ႕လိုက္ရေလသည္။

သူ ငုံ႕လိုက္လွ်င္ သူ႕မ်က္ႏွာေဘးတိုက္ ေပၚလာ၏။

.... သူ မဟုတ္ဘူးပဲ

စူးက်ိဳက္က်ိဳက္ အနည္းငယ္ စိတ္ပ်က္သြားၿပီး သူမႏွလုံးသားထဲတြင္ တိတ္တိတ္ကေလး က်ိန္ဆဲလိုက္မိသည္။

သူမလိုမ်ိဳး ၿပိဳင္ဘက္ကင္းအလွေလးက ႐ုပ္ေခ်ာ႐ုံမွ်သာရွိတဲ့ေကာင္ေလးတစ္ေယာက္ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္လို႔...

သူမ တကယ္ႀကီးရွက္သင့္တယ္..

သူမ ဘာမွမတုံ႕ျပန္သည္ကိုျမင္ေတာ့ က်န္းက်ားက သူမေျပာတဲ့ၿပိဳင္ပြဲေတြကို စိတ္မဝင္စားဘူးလို႔ ထင္မွတ္ကာ

"မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၈၀၀ လဲရွိေသးတယ္ သံလုံးပစ္နဲ႕ တျခားအမ်ားႀကီးရွိေသးတယ္...."

ပ်င္းရိေသာအမူအရာျဖင့္ စူးက်ိဳက္က်ိဳက္က

"မီတာ ၈၀၀ က အမ်ားဆုံးပဲလား"

ဒီေမးခြန္းကိုၾကားေတာ့ က်န္းက်ား နည္းနည္းစိတ္ရႈပ္သြားကာ ပေဟဠိျဖစ္စြာျဖင့္ ေမးလာ၏။

"ဟမ္? နင္က ပိုမ်ားတဲ့ဟာလိုခ်င္လို႔လား.. မီတာ ၈၀၀ ကတင္ ငါ့ကိုအေသသတ္ဖို႔ လုံေလာက္ေနၿပီထင္တယ္"

သူတို႔ႏွစ္ေယာက္ စာသင္ခန္းထဲဝင္ခါနီးတြင္ စူးက်ိဳက္က်ိဳက္ ေခါင္းကိုလွည့္ၿပီး တစ္ခ်က္ၾကည့္လိုက္ပါေသးသည္။

႐ုံးခန္းတံခါးကို ခပ္က်ယ္က်ယ္ဖြင့္ထားၿပီး ေဘးနားရွိစားပြဲခုံႏွင့္ထိုင္ခုံနား၌ မတ္တပ္ရပ္ေနေသာမိန္းကေလးႏွစ္ေယာက္ရွိရာ တစ္ေယာက္ကထိုင္ေနၿပီး အျခားတစ္ေယာက္က မတ္တပ္ရပ္ေနလ်က္ ရယ္ရယ္ေမာေမာျဖင့္ စကားစျမည္ေျပာေနၾကသည္။ မိုးက အျပာေရာင္လက္ရန္းကို တိုက္ခတ္ေနၿပီး ေကာင္ေလးအခ်ိဳ႕မွာ ရန္ျဖစ္ေနၾကသည္။

သူမ အၾကည့္ကို ျပန္႐ုတ္လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္ ေလွကားထစ္မွထြက္လာၿပီး ညာဘက္ခ်ိဳးကာ ႐ုံးခန္းထဲသို႔ေလွ်ာက္သြားေလသည္။

စူးက်ိဳက္က်ိဳက္ ထိုင္ခုံတြင္ထိုင္ခ်လိဳက္ၿပီး စားပြဲခုံေပၚတြင္ေမွာက္၍ တံေတာင္ဆစ္ေကြးေပၚ မ်က္ႏွာတစ္ဝက္တင္ထားလ်က္ ၾကည္လင္ေတာက္ပေသာ မ်က္ဝန္းတစ္စုံကိုသာ လွစ္ဟျပထား၏။

"အင္း မီတာ ၈၀၀ က ငါ့ရဲ႕က်န္းမာႀကံ့ခိုင္တဲ့မ်ိဳးရိုးဗီဇနဲ႕ မွန္းခ်က္ကိုက္မွာမဟုတ္ေလာက္ဘူး"

က်န္းက်ားရဲ႕ႏႈတ္ခမ္းေထာင့္မ်ားတြန့္ခ်ိဳးသြားကာ

"နင္ကေလ တကယ့္ကို......."

"မီတာ ၁၀၀၀၀ ေ႐ြးခ်ယ္ခြင့္မရွိဘူးဆိုရင္ ငါ့ကိုဝင္ၿပိဳင္ဖို႔လာမေျပာနဲ႕"

"ေသလိုက္ေလ!"

က်န္းက်ား ေအာ္ေျပာလိုက္၏။ ေအာ္ေျပာလိုက္သံက က်ယ္ေလာင္လြန္းသျဖင့္ ဆူညံေနတဲ့အတန္းကို တိတ္သြားေစခဲ့သည္။ ထို႔ေနာက္ ေကာင္ေလးတစ္ေယာက္ ေရာက္လာၿပီး စေနာက္လာျပန္ပါ၏။

"ဘယ္သူေလလည္လိုက္တာလဲ"

က်န္းက်ားအမူအရာက ေလးနက္ေနရာ

"ေသခ်ာတာကေတာ့ စူးက်ိဳက္က်ိဳက္ မဟုတ္ဘူး"

ကြမ္းဟန္က မ်က္ခုံးပင့္ကာ သူ႕အၾကည့္မ်ားထဲ၌ စေနာက္က်ီစယ္လိုဟန္ျဖင့္

"ဒါဆို မင္းလား"

"နင္ေလ"

က်န္းက်ား ျပန္ေျပာလိုက္သည္။

စူးက်ိဳက္က်ိဳက္ လက္ျဖန့္ၿပီး

"တကယ္ကို နင္ပဲ"

ကြမ္းဟန္ "......ဟား ဟား"

အျပစ္တင္ဖို႔ သူဒီကိုလာခဲ့တာပဲ မဟုတ္ဘူးလား?

က်န္းက်ားသည္ သူမ၏ႏွာေခါင္းကို လက္တစ္ဖက္ျဖင့္အုပ္ကာ စူးက်ိဳက္က်ိဳက္၏မ်က္ႏွာတစ္ဝက္ကို အျခားလက္ျဖင့္အုပ္၍

"ကြမ္းဟန္ လူေရွ႕သူေရွ႕မွာ ေလလည္တာကို ရပ္ေပးလို႔ရမလား"

ကြမ္းဟန္က သူမေခါင္းကိုပုတ္ၿပီး စိုက္ၾကည့္လ်က္

"မင္းက ေသခ်င္ေနတာလား"

က်န္းက်ားလက္ထဲကခြန္အားက နည္းနည္းေလးမွ ေျပေလ်ာ့မသြားဘဲ

"ငါေသရင္ေတာင္ အနံ႕မခံခ်င္ဘူး!"

"........."

ခဏအၾကာတြင္ ေခါင္းေလာင္းသံျမည္လာသည္။ ေက်ာင္းသားလူအုပ္ႀကီးက ခ်က္ခ်င္း လူစုခြဲကာ ထိုင္ခုံဆီသို႔ ျပန္သြားၾက၏။ ခဏတာၿငိမ္သက္သြားၿပီးေနာက္ က်န္းက်ားက ယခင္အေၾကာင္းအရာကို ျပန္ေျပာျပလာခဲ့သည္။

"ၿပီးခဲ့တဲ့တစ္ေခါက္ ကာယအတန္းခ်ိန္မွာတုန္းက မီတာ ၅၀ ေျပးၿပီးေတာ့ နင္ ေခြးတစ္ေကာင္လို ေဟာဟဲလိုက္ခဲ့ရတာကို ငါမွတ္မိေသးတယ္.. အဲဒါကို နင္က အခု ငါနဲ႕မီတာ ၁၀၀၀၀ အေၾကာင္း ေျပာေနတာလား"

စူးက်ိဳက္က်ိဳက္ အျပစ္ကင္းစြာ မ်က္ေတာင္ပုတ္ခတ္လိုက္ၿပီး

"ေခြးတစ္ေကာင္လို ေဟာဟဲလိုက္ခဲ့တာ?"

"နားမလည္သလို လုပ္မေနနဲ႕.. နင္က ငါ့ကို သ႐ုပ္ေဖာ္ေစခ်င္လို႔လား အိပ္မက္ဆက္မက္ေနလိုက္!"

မည္သို႔ပင္ဆိုေစကာမူ စူးက်ိဳက္က်ိဳက္ဟာ သာမန္အသိတရားအရ သူမ၏ကတ္မ်ားကို ဘယ္ေတာ့မွ မကစားဖူးခဲ့ေပ။ သူမလွ်ာကိုထုတ္ကာ အႀကိမ္အနည္းငယ္မွ် လ်င္ျမန္စြာ အသက္ရႉသြင္းၿပီးေနာက္ တန္ဖိုးႀကီးပစၥည္း ေပးကမ္းေနသည့္အလား ေမးလိုက္၏။

"ဒီလိုမ်ိဳးလား?"

".....ရၿပီ ႐ူးေနတာရပ္လိုက္ေတာ့"

သိပ္မၾကာခင္မွာပဲ တ႐ုတ္ဘာသာဆရာ ဝင္လာခဲ့သည္။

စူးက်ိဳက္က်ိဳက္သည္ သူမ၏ရယ္ေမာဖြယ္ရာအမူအယာကို ဖယ္ထုတ္ထားလိုက္ၿပီး တ႐ုတ္ဘာသာဆရာေျပာေသာစကားမ်ားကို နားေထာင္ကာ သူမ၏ဖတ္စာအုပ္ကို လွန္ၾကည့္လိုက္၏။ သူမ ျပတင္းေပါက္ကေန လွည့္ၾကည့္လိုက္သည္။

မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ သစ္ပင္အကိုင္းအခက္မ်ားမွာ အနည္းငယ္ေကြးၫႊတ္ေနေသးသည္။ တေဖ်ာက္ေဖ်ာက္က်ေနေသာေရစက္မ်ားက အ႐ြက္မ်ား၏အေၾကာမ်ားေပၚသို႔ ေလွ်ာက်လာၿပီး ေျမျပင္ထက္သို႔ စီးက်သြားခဲ့သည္။

မိုး႐ြာေနေသးတာပဲ...

သူ ထီးမယူလာေတာ့ မိုးေရျပန္စိုေနမွာလား?

အတန္းမၿပီးခင္မွာ က်န္းက်ားက သူမရဲ႕ေက်ာင္းလြယ္အိတ္ကို သိမ္းဆည္းၿပီး သူတို႔ရဲ႕အိပ္ေဆာင္ထဲမွ တျခားႏွစ္ေယာက္ျဖစ္ေသာ ေရွာင္ေရွာင္းႏွင့္ေရွာင္ယြီတို႔ႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္ၾကသည္။ သူတို႔အားလုံး သြားဖို႔အဆင္သင့္ျဖစ္ေနၾကသည့္ပုံ...

ဒါနဲ႕တင္မလုံေလာက္ေသး စူးက်ိဳက္က်ိဳက္က မလႈပ္မယွက္ရွိေနေသးသည္ကိုျမင္ေတာ့ က်န္းက်ားက သူမအစား စိတ္မရွည္စြာျဖင့္ သူမရဲ႕စားပြဲမွာခ်ိတ္ထားတဲ့ ေက်ာင္းလြယ္အိတ္ကို ေကာက္ယူၿပီး က်ရာစာအုပ္ႏွစ္အုပ္ႏွင့္အတူ သိမ္းဆည္းေပးလိုက္ပါ၏။

ေခါင္းေလာင္းသံၾကားသည္ႏွင့္တစ္ၿပိဳင္နက္ ေလးေယာက္သားဟာ ဆာေလာင္ေနေသာဝံပုေလြမ်ားကဲ့သို႔ ေကာ္ဖီဆိုင္ဆီသို႔ ေျပးသြားၾကေလသည္။ ေန႕လယ္စာအျမန္စားလိုက္ၾကၿပီး ထိုင္စရာေနရာရွာကာ ေပါ့ေပါ့ပါးပါး စကားစျမည္ေျပာၾကသည္။ ေရွာင္ယြီက ႐ုတ္တရက္ တစ္ခုခုကို သတိရသြားၿပီး

"ဒါနဲ႕ စကားမစပ္ Night Campus ပြဲမွာ ပါဝင္ဖို႔ နင္တို႔ေတြ စိတ္ဝင္စားၾကလား? ငါတို႔အတန္းက ဘာမွမျပင္ဆင္ရေသးဘူး၊ ႏွစ္ပတ္ပဲက်န္ေတာ့တယ္"

သူမက သူတို႔အတန္း၏စာေပႏွင့္အႏုပညာေကာ္မတီဝင္ျဖစ္ေသာေၾကာင့္ ဤအရာအားလုံးကို စီစဥ္ရန္ သူမတြင္ တာဝန္ရွိသည္။ ေက်ာင္းေျပးပြဲႏွင့္ကြင္းဆင္းပြဲသည္ တစ္ညႏွင့္ႏွစ္ရက္ ၾကာျမင့္၏။ အားကစားပြဲမ်ားကို ေန႕လည္ခင္းႏွင့္ညေနပိုင္းမ်ားတြင္ က်င္းပမည္ျဖစ္ၿပီး ညပိုင္းတြင္ Night Campus ပြဲ က်င္းပမည္ျဖစ္ရာ အတန္းတိုင္းက လႈပ္ရွားမႈတစ္ခုစီျပင္ဆင္ရသည့္ ပါတီပြဲျဖစ္သည္။

ေရွာင္ေရွာင္းက "နင့္မွာအႀကံရွိလား"

"ငါ့မွာမရွိလို႔ နင္တို႔ကို ေမးေနတာေပါ့"

႐ုတ္တရက္ စူးက်ိဳက္က်ိဳက္ အႀကံတစ္ခုရသြား၏။

သူမ ပါဝင္ေဖ်ာ္ေျဖလိုက္ၿပီးေတာ့ ေနာက္ဆုံးမွာ လူေပ်ာက္ေၾကျငာတစ္ခု ထုတ္ျပန္လိုက္မယ္ဆိုရင္ေရာ.... ဒါေပမဲ့ သူမ ဘယ္လိုေျပာသင့္သလဲ?

သူက အရမ္း အရမ္း အရမ္းေခ်ာတယ္၊ ဒီေန႕ စာသင္ခ်ိန္ၾကားအားလပ္ခ်ိန္မွာ ေနာက္က်မွေရာက္လာၿပီး ကုန္စုံဆိုင္ေလးနားကေန ျဖတ္သြားခဲ့တယ္လို႔ သူမ ေျပာသင့္သလား?

ဒါမွမဟုတ္ မိုးေရစိုေနတဲ့အခ်ိန္ အထူးသျဖင့္ သူက ဆြဲေဆာင္မႈရွိတဲ့ပုံေပါက္တယ္လို႔ သူမ ေျပာလိုက္သင့္သလား?

ေသစမ္း! အခု သူမကိုယ္သူမ ႐ူးေနၿပီလို႔ေတာင္ ထင္လာၿပီ။

သူတို႔စားေသာက္ၿပီးသြားေသာအခါ ေရွာင္ေရွာင္းႏွင့္ေရွာင္ယြီက အိပ္ေဆာင္သို႔ဦးစြာျပန္သြားကာ စူးက်ိဳက္က်ိဳက္က က်န္းက်ားႏွင့္အတူ ကုန္စုံဆိုင္သို႔ လိုက္သြားခဲ့သည္။

ကုန္စုံဆိုင္အျပင္ဘက္ေရာက္ေသာအခါတြင္ စူးက်ိဳက္က်ိဳက္ သူမဝယ္လိုတာဘာမွမရွိသျဖင့္ က်န္းက်ားကို အျပင္တြင္ေစာင့္ေနလိုက္သည္။ သူမပတ္ပတ္လည္တြင္ လူအမ်ားႀကီးရွိေနၾကၿပီး ကုန္စုံဆိုင္အျပင္ဘက္ရွိ စားပြဲသုံးလုံးမွာလည္း ျပည့္ႏွက္ေန၏။ လူေတြက စကားလက္ဆုံက်ၿပီး လက္ေတြကိုင္ထားရာ စားပြဲေပၚကေခါက္ဆြဲေျခာက္ေတြကို စားေနၾကေလသည္။

လူေတြ ဝင္လိုက္ထြက္လိုက္ လုပ္ေနသျဖင့္ ပခုံးႏွစ္ခုၾကား ပြတ္တိုက္မႈမွာ မလြဲမေသြ ရွိေနေလသည္။ စူးက်ိဳက္က်ိဳက္ ေထာင့္နားသို႔ ပိုနီးကပ္လာ၏။ အေဝးမွတစ္ဆင့္ လူႏွစ္ေယာက္ၾကား စကားစျမည္ေျပာသံကို သူမ ၾကားလိုက္ရသည္။ ေကာင္ေလး၏အသံမွာ အလြန္ၾကမ္းတမ္းၿပီး က်ယ္ေလာင္ေနရာ တကယ္ကို အေလ်ာ့မေပးဘဲ တင္းခံေနေလ၏။

"က်န္းလုရန့္ မင္း မိုး႐ြာထဲလာခဲ့တာမလား? အတူတူျပန္ၾကရေအာင္"

က်န္းလုရန့္......

သူက ထိပ္တန္းအတန္းထဲက ေကာင္ေခ်ာေလးမဟုတ္ဘူးလား?

စူးက်ိဳက္က်ိဳက္ အသံရင္းျမစ္ဆီသို႔ လွမ္းၾကည့္လိုက္ေသာ္လည္း သူမေရွ႕တြင္ စည္ကားေနေသာ လူအုပ္ႀကီးက သူမျမင္ကြင္းကို ပိတ္ဆို႔ထားေနသည္။

".....အာ"

သူ႕အသံက ၾကည္လင္ျပတ္သားၿပီး မိုး႐ြာၿပီးေလထုထက္ေတာင္ ပို၍လန္းဆန္းေန၏။ သူမစိတ္ေတြ တုန္လႈပ္သြားၿပီး ဒီမနက္ေတြ႕လိုက္ရတဲ့ ေကာင္ေလးအေၾကာင္း ျပန္ေတြးလိုက္မိသည္။

သူက သူမအနားကေန တိတ္တဆိတ္ ျဖတ္သြား၏။ သူ႕ဆံပင္ထိပ္ဖ်ားေလးေတြက စို႐ႊဲေနပုံရၿပီး သူ႕နားသယ္စပ္နားက ဆံပင္ေတြက သူ႕ပါးျပင္ေပၚမွာ ကပ္ေနသည္။ သူ၏မွင္နက္ေရာင္ဆံပင္မ်ားမွ ေရစက္မ်ား တစက္စက္က်လာရာ ခဏအၾကာတြင္ စူးက်ိဳက္က်ိဳက္က သူ႕ဆံပင္မွစီးက်ေနတဲ့ေရဟာ အနက္ေရာင္ျဖစ္လိမ့္မယ္လို႔ ထင္လိုက္၏။

သူ႕မ်က္လုံးေတြက မည္းေမွာင္ေနၿပီး ျဖဴေဖြးသန့္ရွင္းလွတဲ့သု႔မ်က္ႏွာႏွင့္ဆန့္က်င္ဘက္ အထူးသျဖင့္ ၎တို႔က မ်က္စိဖမ္းစားလိုက္သည္။ စူးက်ိဳက္က်ိဳက္ သူမလက္ထဲကထီးကို ငုံ႕ၾကည့္ရင္း မ်က္လုံးေတြ အနည္းငယ္ ေတြေဝသြားခဲ့၏။

ထို႔ေနာက္ ႐ုတ္တရက္ စိတ္အေႏွာင့္အယွက္ျဖစ္ရသည့္ခံစားခ်က္က သူမကို ခ်ိဳးႏွိမ္နိုင္ခဲ့ၿပီး အဓိပၸါယ္မဲ့ေသာအေတြးမ်ားႏွင့္အတူ လိုက္ပါသြားခဲ့သည္။

သူ ဒါကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့တာျဖစ္မယ္ ၊ သူ ဘယ္ေလာက္ဆြဲေဆာင္မႈရွိတယ္ဆိုတာ သူသိမွာပဲ..

ဒါေၾကာင့္မလို႔ သူ႕ကိုယ္သူ ရည္႐ြယ္ခ်က္ရွိရွိ မိုးေရစိုခံလိုက္ၿပီး သူမအနားကေန တမင္သက္သက္ ျဖတ္သြားခဲ့တာ ၊ တမင္တကာ လုပ္လိုက္တာ... သူမကို ဆြဲေဆာင္ဖို႔အတြက္...

___________________

Continue Reading

You'll Also Like

423K 5.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
155K 2.1K 18
When a Slytherin and Hufflepuff becomes a 'couple' it shocks everyone. It become the gossip of the school. The heir of Slytherin has fallen For a Huf...
822K 68.9K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.3M 33.2K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...