Uni
နှိုင်းနိုးလာတော့ စိမ်းသက်နေပါသော အခန်းတစ်ခန်းဆီရောက်နေတာ သိလိုက်သည်။
ပြီးတော့ သူက တစ်ယောက်ယောက်ရဲ့ ရင်ခွင်ထဲကိုရောက်နေတာ သေချာသည် ။
" ရှိုင်း ခင်များပဲ "
နှိုင်းက အသံကို တိုးညင်းစွာ ထွက်မိသည်။
အောက်ပိုင်းကလည်း နာကျင်နေတာကြောင့် ဘယ်အထိ အဆင့်တတ်ခဲ့ လဲဆိုတာ သူသိလိုက်သည်။
အင်းးးး
ရှိုင်းက အပျင်းကြောဆွဲကာ နိုးထလာသည်မို့လို့ နှိုင်းလည်း အိပ်ချင်ယောင် ဆောင်ပေး လိုက်သည်။
ရှိုင်း နိုးနိုးချင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်သွားမိသည်။
ညက နည်းနည်းပဲသောက်ခဲ့တာတောင် အဲ့လောက်ထိ ဖြစ်ရတာလား ။
အသိစိတ် ကပ်စမ်း ရှိုင်း။
" မဖြစ်ဘူး ၊ ပိုက်ဆံပေးလိုက်ရင်တော့ အဆင်ပြေမယ်ထင်တယ် ၊ သူနိုးမလာခင် ငါအမြန်ပြန်မှ ပဲ "
ထိုအရာကိုကြားတဲ့ နှိုင်းမှာ ရင်ဘတ်ထဲက စူးစူးသလိုပဲ ခံစားလိုက်ရသည်။
ပိုက်ဆံရှိတဲ့သူတွေများ တပါးသူကို လုပ်ချင်တိုင်းလုပ်ပြီးရင် ပိုက်ဆံပေးလိုက်တာနဲ့ အဆင်ပြေသွားပြီလို့ ထင်ကြတာပဲ ။
" နှိုင်းလွန်းသာနွယ် ထအုံး ၊ ဟိတ်ကောင်လေး "
နှိုင်းလည်း နိုးနေတာ ဆိုတော့ အိပ်ချင်ယောင်လည်း မဆောင်ချင်တာနဲ့ ထလိုက်သည်။
" မင်းနဲ့ငါဘာမှ မဖြစ်ခဲ့ဘူးလို့ဘဲ ထားလိုက်ရအောင်၊ မင်းဘယ်လောက်လိုချင်လဲ ငါပေးမယ် "
" ကျွန်တော်က ဖာ မဟုတ်ဘူး ခင်များရဲ့ ၊ ခင်များ ဖင်ချချင်တိုင်းချပြီး ပိုက်ဆံပေးပြီး ထားခဲ့နေကျ ဖာ တွေလိုမဟုတ်ဘူး ၊ ကျွန်တော့်မှာလည်း သိက္ခာရှိတယ် ၊ ခင်များနဲ့ ကျွန်တော် သဘောတူထားတဲ့ အထဲမှာ ဒါမျိုးမပါဘူး ၊ အဲ့တော့ ခင်များဘက်က စာချုပ်ကို အရင်ဖျက်တာမို့လို့ ဒီစာချုပ်က အကြုံးမဝင်တော့ဘူး ၊ ကျွန်တော်တို့ ရဲ့အလုပ်က ဒီမှာတင် ပြီးပြီ "
နှိုင်းလည်းပြောချင်ရာ ပြောပြီး အင်္ကျီကောက်ဝတ်ကာ ထွက်လာခဲ့လိုက်တော့သည်။
ဒီမှာ ကြာကြာမနေချင်ပါ ။
သူ့မျက်နှာကိုတွေ့ရင် နှိုင်းလူသတ်မိလိမ့်မည်။
ကျန်ခဲ့သည့် ရှိုင်းမှာတော့ သူ မှားပြီဆိုတာကို သိသွားရသည်။
သူညက မမူးပါဘူး ၊ ဒါပေမဲ့ နှိုင်းရဲ့ အနမ်းအိအိတွေအောက်မှာ မေ့လဲခဲ့ရတယ် ၊ အဲ့ကနေ သူမိုးမမြင် လေမမြင်ပဲ သောင်းကျန်းခဲ့မိတယ် ။ သူမှားတယ် ၊ အရာရာ သူမှားခဲ့တယ် ၊ ဒီကောင်လေးပေါ် သူမကောင်းခဲ့ဘူး ၊ မရိုးသားခဲ့ဘူး ၊ ကိုယ့်စိတ်ကိုသေချာ မသိခဲ့ ဘူး။
ရှိုင်း တောင်းပန်မလို့ အပြင်ကို ပြေးထွက်တော့ သူက ရှိမနေတော့။
သူပေးထားသည့် တိုက်ခန်းကိုသွားကြည့်တော့လဲ ၊ တံခါးက ပိတ်ထားသည်။ လူခေါ်ဘဲကို ဆက်တိုက်တီးပြီးခေါ်သည်။ ခဏကြာတော့ သူ့မေမေက ထွက်လာခဲ့သည်။
" အန်တီ နှိုင်းနဲ့တွေ့ချင်လို့ပါ "
" သားကိုတော့အားနာပါတယ်သားရယ် ၊ သားငယ်လေးက သားနဲ့မတွေ့နိုင်ဘူးလို့ပြောလိုက်တယ် ၊ မင်းတို့လူငယ်တွေဘာတွေဖြစ်လာကြပြန်တာလဲကွယ် ၊ အန်တီဖြင့် စိတ်ညစ်လိုက်တာ "
" စိတ်ညစ်စေမိလို့ တောင်းပန်ပါတယ်အန်တီ "
ရှိုင်းလည်း အိမ်ကို ပြန်လာခဲ့လိုက်တော့သည်။
အိမ်ရောက်တော့ စိတ်အဆင်တို့ဟာ အဆင်မပြေ၊
ရှိုင်း bathtub ထဲမှာဘဲ ရေစိမ်ကာ အပန်းဖြေလိုက်တော့သည်။
ညလုံးပေါက် bathtub ထဲမှာ အကြာကြီး ရေစိမ်မိတာကြောင့် ရှိုင်း မနက်ရောက်တော့ နေမကောင်းဖြစ်နေလေသည်။
အိမ်က ရှိုင်းတစ်ယောက်ထဲ နေတဲ့အိမ်
မေမေတို့ အိမ်က ဟိုမိန်းမ ရှိလို့ သွားပြီး မနေချင်။
အိမ်မှာကလည်း တစ်ယောက်ထဲမို့လို့
ဘယ်သူမှ သူ့ကို လာပြီး မပြုစုပေးကြသည်။
ဟိုတစ်ယောက်ကို ခေါ်လိုက်ရင်ရော....
ခေါ်လိုက်ရမလား....၊
ခေါ်လို့ရရဲ့လား....။
ရှိုင်း တစ်ယောက်ထဲ အတွေးများနေရသည်။
နောက်ဆုံး..ရှိုင်းဖုန်းကိုင်ကာ ဟိုကောင်လေးဆီကို ဆက်လိုက်သည်။
ဖုန်းက ဝင်တယ် မကိုင်တာ ။
ရှိုင်းစိတ်ရှည်ရှည်ထားပြီး ပြန်ဆက်ကြည့်သည်။
အထပ်ထပ်အခါခါ ခေါ်နေသော်လည်း ဖုန်းက မကိုင်။
နောက်ဆုံးရှိုင်း Hoodie ကောက်ဝတ်ကာ ဟိုကောင်လေးရဲ့ အိမ်ကို လိုက်သွားတော့သည်။
တံခါးကိုခေါက်လိုက်တော့ ထွက်လာသည်က သူမြင်ချင်နေပါသော မျက်နှာ... ။
ထိုကောင်လေးက သူ့ကိုမြင်တော့တံခါးကို ပိတ်လိုက်သည်။
" ဟေ့ တံခါး ဖွင့်လေ ကွာ...၊ ငါ နေမကောင်းဘူး ၊ မင်းအကူအညီလိုတယ် "
" ဟေ့ကောင်လေး ပြောတာကြားလား "
နှိုင်း သူပြောတာကို ကြားပါသည်။ သူနေမကောင်းဘူးတဲ့လေ။
သူနေမကောင်းတာ နှိုင်းနဲ့ဆိုင်လေသလား။
မဆိုင်သည်မို့လို့ ကိုယ့်ဘာသာ ဘာသိဘာသာပဲ နေလိုက်သည်။
" ဟေ့ကောင်လေ တံခါးဖွင့်လို့ ပြောနေရတယ်လေ "
ရှိုင်း နေမကောင်းသည့်ကြားက တံခါးကို မရှိရှိတဲ့အားကုန်သုံးပြီး တိုက်ဖွင့်သည်။
" သား ဘာများ ကိစ္စရှိလို့ လဲကွယ် "
နှိုင်းရဲ့ အမေက စျေးက ပြန်လာသည့်ပုံ ၊ လက်ထဲမှာလဲ ခြင်းတောင်းကြီးနဲ့ ။
" အော် အန်တီ ၊ ကျွန်တော် နှိုင်းလွန်းသာနွယ် ဆီကိစ္စ ရှိလို့လာခေါ်တာပါ ၊ ဒါပေမဲ့ သူက တံခါးလာမဖွင့်ပေးလို့လေ အထဲမှာများ တစ်ခုခု ဖြစ်နေမလားလို့ ပါ "
" အော် သားရယ် လာပါကွယ် အထဲကို "
နှိုင်းရဲ့ အမေက သော့ အပိုတစ်ခုနဲ့ တံခါးကို ဖွင့်ပေးသည်။
" မေကြီး! ! အိမ်ထဲကို ဝင်မယ်ဆိုလဲ တစ်ယောက်ထဲ ဝင်ခဲ့လေ ၊ ဘာလို့ ဟိုလူ့ကိုခေါ်လာတာလဲ "
" အော်သားရယ် ၊ သားအလုပ်ရှင်က အလုပ်ကိစ္စ ရှိလို့ လာခေါ်တာပဲကွယ်... လိုက်သွားလိုက်ပါ ၊ ကိုယ့်အလုပ်ရှင်ကို အဲ့လို မဆက်ဆံရဘူးလေ "
မေကြီး က ဘာမှ မသိဘဲ လာပြောနေတာ ၊
မေကြီး သူတို့နှစ်ယောက်ရဲ့ကိစ္စကို ဘာမှ မသိဘူး။
" လာပါ နှိုင်းလွန်းသာနွယ်ရယ် ၊ အလုပ်က အရမ်းအရေးကြီးနေလို့ပါ "
ဒီလူ မေကြီးရှေ့မှာ ဘာတွေလာပြီး ဟန်ဆောင်ပြနေတာလဲ ။
အဲ့လောက်တောင် ဟန်ဆောင်ကောင်းနေရင် မင်းသား သွားလုပ်သင့်ပြီ ။
" ကဲပါသားရယ် လိုက်သွားလိုက်ပါ့ မေကြီး တစ်ယောက်ထဲ လဲ ဖြစ်ပါတယ် စိတ်ချနော် "
မေကြီးကို ဒီလူ ဘာတွေလက်ထိုးထားလဲမသိဘူး။ မေကြီးက သူ့ဘက်ချည်းပဲ ပါနေတာ ။
နှိုင်းပေကပ်ကပ်နေနေတာကို ဟိုလူက နှိုင်းရဲ့လက်ကို ဆွဲ ပြီး အိမ်အပြင်ကိုခေါ်ထုတ်သွားသည်။
TBC
29.11.2023
Van
Thank you for reading my fic
Zawgyi
ႏွိုင္းနိုးလာေတာ့ စိမ္းသက္ေနပါေသာ အခန္းတစ္ခန္းဆီေရာက္ေနတာ သိလိုက္သည္။
ၿပီးေတာ့ သူက တစ္ေယာက္ေယာက္ရဲ႕ ရင္ခြင္ထဲကိုေရာက္ေနတာ ေသခ်ာသည္ ။
" ရွိုင္း ခင္မ်ားပဲ "
ႏွိုင္းက အသံကို တိုးညင္းစြာ ထြက္မိသည္။
ေအာက္ပိုင္းကလည္း နာက်င္ေနတာေၾကာင့္ ဘယ္အထိ အဆင့္တတ္ခဲ့ လဲဆိုတာ သူသိလိုက္သည္။
အင္းးးး
ရွိုင္းက အပ်င္းေၾကာဆြဲကာ နိုးထလာသည္မို႔လို႔ ႏွိုင္းလည္း အိပ္ခ်င္ေယာင္ ေဆာင္ေပး လိုက္သည္။
ရွိုင္း နိုးနိုးခ်င္းျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ လန့္သြားမိသည္။
ညက နည္းနည္းပဲေသာက္ခဲ့တာေတာင္ အဲ့ေလာက္ထိ ျဖစ္ရတာလား ။
အသိစိတ္ ကပ္စမ္း ရွိုင္း။
" မျဖစ္ဘူး ၊ ပိုက္ဆံေပးလိုက္ရင္ေတာ့ အဆင္ေျပမယ္ထင္တယ္ ၊ သူနိုးမလာခင္ ငါအျမန္ျပန္မွ ပဲ "
ထိုအရာကိုၾကားတဲ့ ႏွိုင္းမွာ ရင္ဘတ္ထဲက စူးစူးသလိုပဲ ခံစားလိုက္ရသည္။
ပိုက္ဆံရွိတဲ့သူေတြမ်ား တပါးသူကို လုပ္ခ်င္တိုင္းလုပ္ၿပီးရင္ ပိုက္ဆံေပးလိုက္တာနဲ႕ အဆင္ေျပသြားၿပီလို႔ ထင္ၾကတာပဲ ။
" ႏွိုင္းလြန္းသာႏြယ္ ထအုံး ၊ ဟိတ္ေကာင္ေလး "
ႏွိုင္းလည္း နိုးေနတာ ဆိုေတာ့ အိပ္ခ်င္ေယာင္လည္း မေဆာင္ခ်င္တာနဲ႕ ထလိုက္သည္။
" မင္းနဲ႕ငါဘာမွ မျဖစ္ခဲ့ဘူးလို႔ဘဲ ထားလိုက္ရေအာင္၊ မင္းဘယ္ေလာက္လိုခ်င္လဲ ငါေပးမယ္ "
" ကြၽန္ေတာ္က ဖာ မဟုတ္ဘူး ခင္မ်ားရဲ႕ ၊ ခင္မ်ား ဖင္ခ်ခ်င္တိုင္းခ်ၿပီး ပိုက္ဆံေပးၿပီး ထားခဲ့ေနက် ဖာ ေတြလိုမဟုတ္ဘူး ၊ ကြၽန္ေတာ့္မွာလည္း သိကၡာရွိတယ္ ၊ ခင္မ်ားနဲ႕ ကြၽန္ေတာ္ သေဘာတူထားတဲ့ အထဲမွာ ဒါမ်ိဳးမပါဘူး ၊ အဲ့ေတာ့ ခင္မ်ားဘက္က စာခ်ဳပ္ကို အရင္ဖ်က္တာမို႔လို႔ ဒီစာခ်ဳပ္က အႀကဳံးမဝင္ေတာ့ဘူး ၊ ကြၽန္ေတာ္တို႔ ရဲ႕အလုပ္က ဒီမွာတင္ ၿပီးၿပီ "
ႏွိုင္းလည္းေျပာခ်င္ရာ ေျပာၿပီး အကၤ်ီေကာက္ဝတ္ကာ ထြက္လာခဲ့လိုက္ေတာ့သည္။
ဒီမွာ ၾကာၾကာမေနခ်င္ပါ ။
သူ႕မ်က္ႏွာကိုေတြ႕ရင္ ႏွိုင္းလူသတ္မိလိမ့္မည္။
က်န္ခဲ့သည့္ ရွိုင္းမွာေတာ့ သူ မွားၿပီဆိုတာကို သိသြားရသည္။
သူညက မမူးပါဘူး ၊ ဒါေပမဲ့ ႏွိုင္းရဲ႕ အနမ္းအိအိေတြေအာက္မွာ ေမ့လဲခဲ့ရတယ္ ၊ အဲ့ကေန သူမိုးမျမင္ ေလမျမင္ပဲ ေသာင္းက်န္းခဲ့မိတယ္ ။ သူမွားတယ္ ၊ အရာရာ သူမွားခဲ့တယ္ ၊ ဒီေကာင္ေလးေပၚ သူမေကာင္းခဲ့ဘူး ၊ မရိုးသားခဲ့ဘူး ၊ ကိုယ့္စိတ္ကိုေသခ်ာ မသိခဲ့ ဘူး။
ရွိုင္း ေတာင္းပန္မလို႔ အျပင္ကို ေျပးထြက္ေတာ့ သူက ရွိမေနေတာ့။
သူေပးထားသည့္ တိုက္ခန္းကိုသြားၾကည့္ေတာ့လဲ ၊ တံခါးက ပိတ္ထားသည္။ လူေခၚဘဲကို ဆက္တိုက္တီးၿပီးေခၚသည္။ ခဏၾကာေတာ့ သူ႕ေမေမက ထြက္လာခဲ့သည္။
" အန္တီ ႏွိုင္းနဲ႕ေတြ႕ခ်င္လို႔ပါ "
" သားကိုေတာ့အားနာပါတယ္သားရယ္ ၊ သားငယ္ေလးက သားနဲ႕မေတြ႕နိုင္ဘူးလို႔ေျပာလိုက္တယ္ ၊ မင္းတို႔လူငယ္ေတြဘာေတြျဖစ္လာၾကျပန္တာလဲကြယ္ ၊ အန္တီျဖင့္ စိတ္ညစ္လိုက္တာ "
" စိတ္ညစ္ေစမိလို႔ ေတာင္းပန္ပါတယ္အန္တီ "
ရွိုင္းလည္း အိမ္ကို ျပန္လာခဲ့လိုက္ေတာ့သည္။
အိမ္ေရာက္ေတာ့ စိတ္အဆင္တို႔ဟာ အဆင္မေျပ၊
ရွိုင္း bathtub ထဲမွာဘဲ ေရစိမ္ကာ အပန္းေျဖလိုက္ေတာ့သည္။
ညလုံးေပါက္ bathtub ထဲမွာ အၾကာႀကီး ေရစိမ္မိတာေၾကာင့္ ရွိုင္း မနက္ေရာက္ေတာ့ ေနမေကာင္းျဖစ္ေနေလသည္။
အိမ္က ရွိုင္းတစ္ေယာက္ထဲ ေနတဲ့အိမ္
ေမေမတို႔ အိမ္က ဟိုမိန္းမ ရွိလို႔ သြားၿပီး မေနခ်င္။
အိမ္မွာကလည္း တစ္ေယာက္ထဲမို႔လို႔
ဘယ္သူမွ သူ႕ကို လာၿပီး မျပဳစုေပးၾကသည္။
ဟိုတစ္ေယာက္ကို ေခၚလိုက္ရင္ေရာ....
ေခၚလိုက္ရမလား....၊
ေခၚလို႔ရရဲ႕လား....။
ရွိုင္း တစ္ေယာက္ထဲ အေတြးမ်ားေနရသည္။
ေနာက္ဆုံး..ရွိုင္းဖုန္းကိုင္ကာ ဟိုေကာင္ေလးဆီကို ဆက္လိုက္သည္။
ဖုန္းက ဝင္တယ္ မကိုင္တာ ။
ရွိုင္းစိတ္ရွည္ရွည္ထားၿပီး ျပန္ဆက္ၾကည့္သည္။
အထပ္ထပ္အခါခါ ေခၚေနေသာ္လည္း ဖုန္းက မကိုင္။
ေနာက္ဆုံးရွိုင္း Hoodie ေကာက္ဝတ္ကာ ဟိုေကာင္ေလးရဲ႕ အိမ္ကို လိုက္သြားေတာ့သည္။
တံခါးကိုေခါက္လိုက္ေတာ့ ထြက္လာသည္က သူျမင္ခ်င္ေနပါေသာ မ်က္ႏွာ... ။
ထိုေကာင္ေလးက သူ႕ကိုျမင္ေတာ့တံခါးကို ပိတ္လိုက္သည္။
" ေဟ့ တံခါး ဖြင့္ေလ ကြာ...၊ ငါ ေနမေကာင္းဘူး ၊ မင္းအကူအညီလိုတယ္ "
" ေဟ့ေကာင္ေလး ေျပာတာၾကားလား "
ႏွိုင္း သူေျပာတာကို ၾကားပါသည္။ သူေနမေကာင္းဘူးတဲ့ေလ။
သူေနမေကာင္းတာ ႏွိုင္းနဲ႕ဆိုင္ေလသလား။
မဆိုင္သည္မို႔လို႔ ကိုယ့္ဘာသာ ဘာသိဘာသာပဲ ေနလိုက္သည္။
" ေဟ့ေကာင္ေလ တံခါးဖြင့္လို႔ ေျပာေနရတယ္ေလ "
ရွိုင္း ေနမေကာင္းသည့္ၾကားက တံခါးကို မရွိရွိတဲ့အားကုန္သုံးၿပီး တိုက္ဖြင့္သည္။
" သား ဘာမ်ား ကိစၥရွိလို႔ လဲကြယ္ "
ႏွိုင္းရဲ႕ အေမက ေစ်းက ျပန္လာသည့္ပုံ ၊ လက္ထဲမွာလဲ ျခင္းေတာင္းႀကီးနဲ႕ ။
" ေအာ္ အန္တီ ၊ ကြၽန္ေတာ္ ႏွိုင္းလြန္းသာႏြယ္ ဆီကိစၥ ရွိလို႔လာေခၚတာပါ ၊ ဒါေပမဲ့ သူက တံခါးလာမဖြင့္ေပးလို႔ေလ အထဲမွာမ်ား တစ္ခုခု ျဖစ္ေနမလားလို႔ ပါ "
" ေအာ္ သားရယ္ လာပါကြယ္ အထဲကို "
ႏွိုင္းရဲ႕ အေမက ေသာ့ အပိုတစ္ခုနဲ႕ တံခါးကို ဖြင့္ေပးသည္။
" ေမႀကီး! ! အိမ္ထဲကို ဝင္မယ္ဆိုလဲ တစ္ေယာက္ထဲ ဝင္ခဲ့ေလ ၊ ဘာလို႔ ဟိုလူ႕ကိုေခၚလာတာလဲ "
" ေအာ္သားရယ္ ၊ သားအလုပ္ရွင္က အလုပ္ကိစၥ ရွိလို႔ လာေခၚတာပဲကြယ္... လိုက္သြားလိုက္ပါ ၊ ကိုယ့္အလုပ္ရွင္ကို အဲ့လို မဆက္ဆံရဘူးေလ "
ေမႀကီး က ဘာမွ မသိဘဲ လာေျပာေနတာ ၊
ေမႀကီး သူတို႔ႏွစ္ေယာက္ရဲ႕ကိစၥကို ဘာမွ မသိဘူး။
" လာပါ ႏွိုင္းလြန္းသာႏြယ္ရယ္ ၊ အလုပ္က အရမ္းအေရးႀကီးေနလို႔ပါ "
ဒီလူ ေမႀကီးေရွ႕မွာ ဘာေတြလာၿပီး ဟန္ေဆာင္ျပေနတာလဲ ။
အဲ့ေလာက္ေတာင္ ဟန္ေဆာင္ေကာင္းေနရင္ မင္းသား သြားလုပ္သင့္ၿပီ ။
" ကဲပါသားရယ္ လိုက္သြားလိုက္ပါ့ ေမႀကီး တစ္ေယာက္ထဲ လဲ ျဖစ္ပါတယ္ စိတ္ခ်ေနာ္ "
ေမႀကီးကို ဒီလူ ဘာေတြလက္ထိုးထားလဲမသိဘူး။ ေမႀကီးက သူ႕ဘက္ခ်ည္းပဲ ပါေနတာ ။
ႏွိုင္းေပကပ္ကပ္ေနေနတာကို ဟိုလူက ႏွိုင္းရဲ႕လက္ကို ဆြဲ ၿပီး အိမ္အျပင္ကိုေခၚထုတ္သြားသည္။
TBC
29.11.2023
Van
Thank you for reading my fic