သန်းကြွယ်ခြေလှမ်း (လင်းဖန်)

Od Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... Více

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-123+124

542 35 0
Od Miracle_Phyu97

လင်းဖန် 123+124

အခန်း(၁၂၃) လင်းဖန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု

"အစ်မဝမ်ချွေ့ ငါ ညစာတောင် မစားရသေးဘူး။ နင်တို့ချစ်ကြည်နူးနေတာတွေကြည့်ရပြီး ဗိုက်ပြည့်နေပြီ။ ညစာတောင် စားဖို့ မလိုတော့ဘူး။ မစားရသေးခင် ဗိုက်တင်းနေပြီ။” စုရှောင်းယွီက သနားစဖွယ် ပြောလိုက်ပါသည်။

"ရှောင်းယွီ နင်သရုပ်ဆောင်တာ လင်းဖန်နဲ့တောင် ပြိုင်လို့ရတယ်" ရှားဝမ်ချွေ့က ပြောလိုက်၏။

စုရှောင်းယွီက ခေါင်းခါလိုက်ပါသည်။ "မပြိုင်ချင်ပါဘူး။ မဟုတ်ရင် အစ်မဝမ်ချွေ့ အကြည့်နဲ့ သေလောက်တယ်။”

တစ်ဖက်မှာတော့ လင်းယွီရှစ်က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကြည့်ကာ အံ့သြနေပါသည်။

သူမကိုယ်တိုင်က အလွန်လှပသောာ်လည်း ခြားနားချက်တော့ရှိနေပါသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က မဆိုးဘဲ သူမ၏ ကိုယ်ခန္ဓာပုံသဏ္ဌာန်ကလည်း အလွန်လှပသည်။ သို့သော်လည်း သူမရှေ့က နာမည်ကျော်နှစ်ယောက်နဲ့ ယှဥ်လိုက်ရင်တော့ သူမက အများကြီး နိမ့်ကျနေပါသေးသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ကိုယ်လုံးကိုယ်ပေါက်များ၊ ရုပ်ရည်နဲ့ အရှိန်အဝါတို့က သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ပေ။

သူတို့ အလွန်လှပသည့် အဝတ်အစားတွေ ဝတ်မထားတာကာ ပရိတ်သတ်ရှေ့မှာလည်း တရားဝင်ပေါ်လာတာ မဟုတ်ပါ။ လောလောဆယ် သူတို့ဘဝနဲ့ သူတို့နေနေသော ကောင်မလေးနှစ်ယောက်သာ ဖြစ်သည်။ မိတ်ကပ်လိမ်းမထားရင်တောင် လူတချို့ကို အလှဖြင့် သတ်နိုင်ပါသည်။

သူတို့ မိတ်ကပ်လိမ်းလိုက်ပြီး အလင်းတချို့ပေးကာ ခေတ်သစ်အလှကုန်များဖြင့် ခြယ်သလိုက်ပါက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ နတ်သမီးလေးများ ဖြစ်သွားကြလိမ့်မည်။

"အစ်မဝမ်ချွေ့နဲ့ အစ်မရှောင်းယွီတို့က အရမ်းလှတာပဲ" လင်းယွီရှစ်က သူတို့နားလျှောက်လာခဲ့သည်။ သူမ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံးတော့ သူမ၏ အိုင်ဒေါများ ဖြစ်သည့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ဒီနေ့ တွေ့နိုင်ခဲ့ပါပြီ။

သူမ အစ်ကိုက တကယ်တော်တာကိုတော့ ဝန်ခံရတော့မည်။

ရှားဝမ်ချွေ့နဲ့ ရင်းနှီးရုံသာမကဘဲ သူမကို မိန်းမဟုတောင် ခေါ်ခဲ့သည်။ စုရှောင်းယွီနဲ့ ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်ပါသည်။

သူသာ သူမကို ပိုးပန်းနိုင်ပါက... လင်းယွီရှစ်က တခစ်ခစ် ရယ်မောလိုက်သည်။ တစ်လင်တစ်မယားစနစ် ဒီလောကကြီးမှာ မဖြစ်နိုင်ပါ။

တစ်လင်တစ်မယားစနစ်ဆိုတာဘာဲ။ သူသာ ဟာရမ်ဘဝနဲ့ နေနိုင်ပါက...။

လင်းယွီရှစ်က ဒီလိုတွေးနေသော်လည်း လင်းဖန်က ရှားဝမ်ချွေ့ကိုသာ မျက်စိကျကြောင်း သိနေပြီးသား ဖြစ်ပါသည်။

သူမတို့နှစ်ယောက်က အနုပညာလောကမှာ အလွန်လှပသော နာမည်ကျော်နှစ်ယောက်ဖြစ်သည်။

"ညီမက လင်းယွီရှစ်ပါ။ လင်းဖန်ရဲ့ ညီမအရင်းပါ။ ခုနက ဖြစ်သွားတာကို စိတ်မဆိုးပါနဲ့နော်။ ညီမက ဒီတိုင်း သူ့ကို မှီလိုက်တာပါ။” လင်းယွီရှစ်က ရှားဝမ်ချွေ့ အထင်လွဲမှာကို စိုးရိမ်သဖြင့် ပြောလိုက်ပါသည်။

ဒီလိုသာဆို ရှားဝမ်ချွေ့လို စူပါစတားမျိုးကို နောက်ပိုင်း တွေ့နိုင်ပါဦးမလား။

"ရပါတယ် ငါစိတ်မဆိုးပါဘူ" ရှားဝမ်ချွေ့က လင်းယွီရှစ်ကို ဆွဲခေါ်လိုက်သည်။ "အရူးကောင် လင်းဖန်ရဲ့ ညီမက လှလိုက်တာ။ ငါတို့လိုပဲ စူပါစတားလုပ်လို့ရလောက်တယ်။”

စုရှောင်းယွီကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "အာဝူး အဲ့တာဆို ငါတို့တွေ အခုကစပြီး ညီအစ်မတွေ လုပ်ကြတာပေါ့။ နင့်ကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် ခွေးတွေလွှတ်ပြီး ကိုက်ခိုင်းပစ်မယ်။"

ကောင်မလေးသုံးယောက် ဗီလာထဲတွင် စကားပြောခဲ့ကြပါသည်။ သူတို့အကြိုက်ချင်းတူတာ များကြပါသည်။

ညနေခင်းသို့ရောက်လာပြီး နေဝင်ချိန်ရောက်သောအခါ ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းဖန်တို့ ပင်လယ်နဲ့ သိပ်မဝေးသော နေရာတစ်ခုသို့ သွားခဲ့ကြသည်။

ပင်လယ်ဘေးမှာ လူတွေ အများကြီး ရှိနေပါသည်။ ဒါက လှိုင်းပြာပင်လယ်အော်အိမ်ရာဖြစ်သဖြင့် အိမ်ရာထဲက လူတွေနဲ့ လင်းဖန် ရင်းနှီးပါသည်။ ထိုလူများက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မဝန်းရံကြပါ။

ဒီလိုအဆင့်မြင့်အိမ်ရာကြီးများတွင် နာမည်ကျော်များကို မကြာခဏ တွေ့ရတတ်သည်။ ရေးကြီးခွင်ကျယ် မဟုတ်ပေ။

ကမ်းခြေနဲ့ သိပ်မဝေးသော နေရာတစ်ခုတွင် လင်းဖန်က ပစ္စည်းကိရိယာများဖြင့် အကင်စက် ဆင်လိုက်ပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လည်း ဘေးဘက်မှ ကူညီပေးနေကြပါသည်။ စုရှောင်းယွီက အကင်စားချင်နေတာ ကြာပြီ ဖြစ်သည်။

အကင်စားတာ ပြဿနာ မရှိပါ။ ညရောက်လျှင် သူတို့ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်ပေးလို့ရသည်။ လင်းဖန်၏ အိမ်မှာ ဂျင်မ်လည်း ရှိပါသည်။

လင်းယွီရှစ်က ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုများ ပြုလုပ်ရတာ ဝါသနာပါသည်။

ဒီနေ့လည်း ပင်လယ်ဘေးမှာ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေခဲ့ပါသည်။

သူမ၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအား ကြည့်ရှုနေသူ သိပ်မများပေ။ အဘယ့်ကြောင့်ဆိုသော် လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုစတိုင်က ရိုးရှင်းသောကြောင့် ဖြစ်သည်။ သူမက စန္ဒရားတီးပြတတ်သည်။ ကဗျာများ ရွတ်ပြတတ်သည်။ သူမ စာလေ့လာနေတာကိုတောင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပြုလုပ်တတ်ပါသည်။

ဒီနေ့ လင်းယွီရှစ်က အပြင်ဘက် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းတင်ချင်ရုံနဲ့ သူမ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ဓာတ်ပုံများကို မရိုက်ခဲ့ပါ။

၂ မိနစ်လောက်ကြာသောအခါ ဘယ်သူမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို လာမကြည့်ကြသေးပါ။

၁၀ မိနစ်လောက် ကြာသောအခါ နောက်ဆုံးတော့ ကြည့်ရှုသူ ဆယ်ဂဏန်းရှိလာပြီ ဖြစ်သည်။

နာရီဝက်လောက်ကြာသောအခါ ကြည့်ရှုသူ ၁၀၀ ကျော်လာပါပြီ။ အားလုံးက လင်းယွီရှစ်၏ ပရိတ်သတ်များ ဖြစ်သည်။

"နင့်ခြေထောက်တွေက လှလိုက်တာ။”

"နင်က အရမ်းလှတာပဲ။ သီချင်းဆိုပြပါလား။”

"ကမ်းခြေမှာလား။ အဆင့်မြင့်အိမ်ရာကြီး ထင်တယ်နော်။ အရမ်းလှတာပဲ။ ဘာလို့ ဘယ်သူမှ မကြည့်ကြတာလဲ။”

လင်းယွီရှစ်က ပြန်ပြောလိုက်သည်။

"ကျွန်မ ဒီနေ့ ကျွန်မအစ်ကိုနဲ့ အတူတူ ကမ်းခြေမှာ အကင်စားနေတာပါ။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု မလုပ်ချင်ပေမယ့် အားလုံးအတွက် Outdoor တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုလေး လုပ်လိုက်ပါတယ်။ လက်ဆောင်ပေးစရာရှိရင် ပေးလို့ ရတယ်နော်။”

လင်းဖန်က တကယ်ပဲ ချမ်းသာပါသည်။ သို့သော်လည်း လင်းယွီရှစ်က ကျူရှင်သင်သည်။ အချိန်ပိုင်းအလုပ် လုပ်သည်။ တစ်ခါတစ်လေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုလည်း ထုတ်လွှင့်တတ်သည်။ သူမ ပညာသင်ဆုများစွာ ရနိုင်သည်။ သူမက အလွန်ထက်မြက်ပါသည်။ တက္ကသိုလ်မှာ သူမကို ဘယ်သူမှ ထောက်ပံ့ပေးဖို့ မလိုပါ။

လင်းယွီရှစ်၏ စကားကို ကြားပြီးနောက် လင်းဖန် သူမထံ လျှောက်လာပါသည်။

"နင် Live လွှင့်နေပြန်ပြီလား။” လင်းဖန်က မေးလိုက်သည်။ လင်းယွီရှစ်ကို ကြည့်လိုက်ပြီး သူမ ဖုန်းကင်မရာကို ကြည့်လိုက်ပါသည်။

"ဟုတ်တယ် အစ်ကိုကြီး။ ကြည့်နေတဲ့လူတွေ အများကြီးတော့ မရှိပါဘူး။ အကင် သွားလုပ်ပါ။ ဒီတိုင်း Live လွှင့်နေတာပါ။” လင်းယွီရှစ်က ပြောလိုက်၏။

"အေးပါ" လင်းဖန်က ပြုံးလိုက်သည်။ လင်းယွီရှစ်၏ Live များက ဘယ်လိုပဲ အဆင်ပြေပြေ၊ ဒါ သူမ ငွေရနိုင်သည့် ကိုယ်ပိုင်နည်းလမ်း ဖြစ်သည်။ တရားမဝင်တာ မဟုတ်သရွေ့ လင်းဖန် ဝင်ပါမှာ မဟုတ်ပါ။

လင်းဖန်က ဖန်သားပြင်ပေါ်မှာ စက္ကန့်ပိုင်းသာ ပေါ်လာသော်လည်း Live ကို ကြည့်ရှုနေသည့် ကြည့်ရှုသူ ၁၀၀ ကျော်က ဗြောင်းဆန်သွားကြပါသည်။

"လခွမ်း စူပါစတားလင်းဖန်ပဲ။”

"လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူရဲ့ အစ်ကိုအရင်းလား။ ငါက ခြေတံသွယ်သွယ် မိန်းမလှလေးတစ်ယောက်ရဲ့ Live ကို ဒီတိုင်းဘာရယ်မဟုတ်ဘူး လာကြည့်တာ။ ကြယ်ပွင့်ကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်ဟေ့"

"လင်းဖန်ကို နောက်တစ်ခေါက် ထပ်ပြပါဦး။ လင်းဖန်က အရမ်းချောပြီး သရုပ်ဆောင် အရမ်းကောင်းတာ။ တကယ့် ကြယ်ပွင့်ကြီး တစ်ယောက်ပဲ"

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုရှိ ကြည့်ရှုသူများစွာက တောင်းဆိုကြသည်။ လင်းဖန်၏ ပေါ်လာမှုကြောင့် လင်းယွီရှစ် Live ၏ ရေပန်းစားမှုက မြင့်တက်လာခဲ့ပါသည်။

လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်ပြီး လင်းဖန် အကင်ကင်နေသည့် နေရာကို ကင်မရာဖြင့် ပြလိုက်ပါသည်။

ထို့နောက်... ၂ မိနစ်အတွင်း လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပေါက်သွားခဲ့ပါသည်။

ပထမတော့ ကြည့်ရှုသူတစ်ရာကျော်သာ ရှိသည်။ ထို့နောက် ရာနဲ့ချီလာပြီး ချက်ချင်း ထောင်ကျော် လာပါသည်။

၁၀မိနစ်အတွင်း ကြည့်ရှုသူ သောင်းကျော်က လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုသို့ ရောက်လာကြပါသည်။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုပလက်ဖောင်း သို့ယွီ၏ ရေပန်းစားမှုကလည်း မြင့်တက်နေသည်။ လင်းဖန်က Live တစ်ခုတွင် ပေါ်လာသည်။ အားအင်ပြည့်ဝစွာ အကင် ကင်နေသည့် လင်းဖန်ကတော့ အရင်လို ချောမောဆဲပင်။

ပရိတ်သတ်များက live ထဲက လင်းဖန်ကို ရှုထောင့်ပေါင်းစုံက ကြည့်နေပါသည်။

ကြည့်ရှုသူ သောင်းကျော်လာတာတောင် ရပ်မသွားသေးပါ။ ပရိတ်သတ်များနဲ့ ကြည့်ရှုသူများက ထပ်ပြီး ရောက်လာာကြပါသည်။

မိနစ် ၂၀ အတွင်း ကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်ရောက်လာပြီး ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

အွန်လိုင်းပေါ်မှာ သတင်းပြန့်တာ မြန်လွန်းပါသည်။

လင်းယွီရှစ်တောင် ဒီလိုဖြစ်လာမည်ဟု ထင်မထားပါ။ လင်းဖန် Live မလွှင့်တာ တော်တော်ကြာပြီဖြစ်ကာ သူမ၏ ဖုန်းထဲမှာ စက္ကန့်ပိုင်းလောက်ပဲ ပေါ်သွားခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတော့ သူမ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အလွန်ရေပန်းစားလာခဲ့ပါသည်။

အခန်း(၁၂၄) ကောင်းလိုက်တဲ့ အသံလေး

လင်းယွီရှစ်က ကောမန့်များကြောင့် လုံးဝ မှင်သက်နေပါပြီ။

သူမ အစ်ကိုကြီး လင်းဖန်က အလွန်နာမည်ကြီးလွန်းပါသည်။

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ခဏလေးသာ ပေါ်သွားသော်လည်း ကြည့်ရှုသူတွေ အလွန်များပြားနေလေပြီ။

ကောမန့်များစွာ လင်းယွီရှစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပေါ်လာပါသည်။

"အားးး လင်းဖန် အကင်ကင်နေတာလည်း ကြည့်လို့ကောင်းလိုက်တာ သူက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အချက်အပြုတ် အရမ်းကောင်းတယ်လို့လည်းကြားတယ်။”

"ကြက်တောင်ပံ၊ သိုးသားတုတ်ထိုး၊ အာလူးပြုတ်၊ ဂျုံပြားကင်၊ မှိုတွေကော... အရသာအရမ်းရှိတာပဲ။ လင်းဖန်ရဲ့ ချက်ပြုတ်ပုံကိုကြည့်ရုံနဲ့ ပညာရှင်တစ်ယောက်မှန်း သိသာလိုက်တာ"

"လင်းဖန် လင်းဖန် လင်းဖန် လင်းဖန်"

"တိုက်ရိုက်လွှင့်နေတဲ့တစ်ယောက် ကင်မရာကို ကိုယ့်ကိုယ်ကိုပဲ ချိန်မထားပါနဲ့လား။ နင်က လှပေမယ့် ငါတို့ လင်းဖန်ကိုပဲမြင်ချင်တာပါ။ ကျေးဇူးပြုပြီး လင်းဖန်ကို ကြည့်ခွင့်ပေးပါ။”

ထို့နောက် ချက်ချင်းဆိုသလိုပဲ လင်းယွီရှစ်အား လက်ဆောင်များစွာ ပေးလာကြပါသည်။

[ မီးတောက်အပျိုစင်လေးမှ လင်းယွီရှစ်ကို လေယာဥ်တစ်စင်း ပေးခဲ့သည်။ ]

[ လင်းဖန်ရဲ့ပရိသတ်မှ လင်းယွီရှစ်ကို စူပါ ဒုံးပျံတစ်ခု ပေးခဲ့သည် ]

[ နှစ် ၁၀,၀၀၀ အထိချစ်နေမယ်မှ လင်းယွီရှစ်ကို စူပါဒုံးပျံ ၁၀ ခုပေးခဲ့သည် ]

[ ချိုလည်းချိုမြိန် ဆက်ဆီလည်းကျတဲ့ ချစ်စရာကောင်မလေးမှ လင်းယွီရှစ်ကို စူပါ ဒုံးပျံ ၂၀ခု ပေးခဲ့သည် ]

ပထမတော့ လူတွေ လေယာဥ်များ ပို့ပေးနေတာကို မြင်နိုင်သေးသည်။ နောက်ပိုင်း ပရိသတ်များ ပို့ပေးသည့် လေယာဥ်များကို မမြင်ရတော့ပါ။

ဖန်သားပြင်တစ်ခုလုံး စူပါဒုံးပျံများဖြင့် ပြည့်နှက်သွားပါသည်။

နောက်ဆုံးတော့ လင်းယွီရှစ်လည်း ပရိသတ်များ၏ စွမ်းအားကို ခံစားသွားရပါသည်။ လင်းဖန်က ရေပန်းစားနေပြီးသားဖြစ်ပြီး သို့ယွီ တိုက်ရိုက်ထုတ်လွှင့်ပြသမှု ပလက်ဖောင်းတွင် ပေါ်လာသောအခါ ပရိသတ်များစွာက သူ့ကိုမြင်ချင်နေကြပါသည်။

"အစ်ကိုကြီး နင့်ကို ခဏလောက်ပဲ ရိုက်ပြလိုက်တာ တိုက်ရိုက်ထုတ်လွှင့်မှု အရမ်းရေပန်းစားသွားပြီ။ ဘယ်လိုလုပ်ရမလဲ။” လင်းယွီရှစ်က တိုက်ရိုက်လွှင့်တာကို ပိတ်ပစ်လိုက်ချင်သော်လည်း မလုပ်ရဲတော့ပါ။

ဘာပဲဖြစ်ဖြစ် ပရိသတ်များစွာ ဆက်တိုက် ဝင်လာနေသဖြင့် ဒီသတင်းက သေချာပေါက် ဝေ့ပေါ် ပေါ်မှာ ရေပန်းစားလာပါလိမ့်မည်။

အစကတော့ ပုံမှန် အောက်ဒိုးတိုက်ရိုက်ထုတ်လွှင့်မှုလေး ဖြစ်သော်လည်း အခုတော့ ကြယ်ပွင့်တစ်ယောက်၏ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်သွားပါပြီ။

လင်းဖန်က ပြုံးလိုက်ပြီး လင်းယွီရှစ်၏ ဖုန်းကို ယူလိုက်ပါသည်။ "ဟုတ်လား။ ဒါဆို ငါ့တာဝန်ထားလိုက်။”

လင်းယွီရှစ်က ပရိသတ်များစွာ၏ စိတ်အား ထက်သန်မှုကြောင့် မှင်သက်နေမိပါပြီ။

စူပါဒုံးပျံတစ်ခုက ယွမ် ၂,၀၀၀ တန်သည်။

စူပါဒုံးပျံ အခု ၂၀ ဆို ၄၀,၀၀၀ ယွမ် တန်ပါသည်။

နာရီဝက်အတွင်း သူမ စူပါဒုံးပျံ အခု ၅၀ ရခဲ့သည်။ တစ်နည်းအားဖြင့် ထိုစူပါဒုံးပျံအားလုံးကို ပေါင်းလိုက်သောအခါ ယွမ် ၁၀၀,၀၀၀ တန်ပါသည်။

နာရီဝက်အတွင်း စုစုပေါင်း ၁၀၀,၀၀၀ ယွမ် တန်ဖိုးရှိသည့် လက်ဆောင်များကို သူမရခဲ့သည်။

ဒါကလင်းဖန် ပရိသတ်များ၏ စည်းလုံးမှု ဖြစ်၏။

ကြည့်ရှုသူအသစ်များ ဆက်လက်ဝင်လာနေဆဲဖြစ်သည်။

လင်းဖန် တိုက်ရိုက်ထုတ်လွှင့်မှုကို လွှဲယူလိုက်သောအခါ ချောမောသော မျက်နှာတစ်ခု ပေါ်လာပါသည်။

ထို့နောက် ပရိသတ်များစွာ ရူးသွပ်ကုန်ကြလေသည်။

"ချောလိုက်တာ ချောလိုက်တာ ချောလိုက်တာ လင်းဖန်က တီဗီထဲကထက် အပြင်မှာ ပိုချောတာပဲ"

"လင်းဖန် လင်းဖန် လင်းဖန် လင်းဖန်"

"လင်းဖန် ချစ်တယ်"

"လင်းဖန် သီချင်းဆိုတာ ကြားချင်တယ်။ သီချင်းဆိုပြပါလား။”

"ငါလည်း သီချင်းဆိုတာ ကြားချင်တယ်။ လင်းဖန်က အဆိုနတ်ဘုရားပဲ။”

လင်းဖန်က ပရိသတ်များ စိတ်အားထက်သန်နေပုံကိုကြည့်ကာ ပြုံးလိုက်ပါသည်။

သူ့ပရိသတ်များ လက်ဆောင် အများကြီး မပေးစေချင်ပါ။ ဘာပဲဖြစ်ဖြစ် သူက သူတို့ထက် အများကြီး ပိုချမ်းသာသည်။

"အားလုံးပဲ လက်ဆောင်တွေ အများကြီး ပို့ပေးဖို့ မလိုပါဘူး။ ကျွန်တော်က အားလုံးရဲ့ အချစ်တွေကို ရပြီးသားမို့လို့ပါ။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စလိုက်တာက ကျွန်တော့်ညီမလေးပါ။ ကြည့်ရှုသူတွေအများကြီး ဝင်လာလိမ့်မယ်လို့ ထင်မထားဘူး။ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကရတဲ့ အကျိုးအမြတ်တွေအားလုံးကို လှူဒါန်းသွားပါ့မယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ လင်းဖန်၏ စကားလုံးများကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူတိုင်း အံ့သြကုန်ကြပါသည်။

ဒါ သူတို့ သဘောကျသည့် အိုင်ဒေါ၊ သူတို့ ကြိုက်နှစ်သက်သည့် စူပါစတား ဖြစ်သည်။

သူ့အကျင့်သီလက ကောင်းမွန်လွန်းပါသည်။ တိုက်ရိုက်ထုတ်လွှင့်တာတောင် ပိုက်ဆံရှာဖို့ မဟုတ်ပါ။ တိုက်ရိုက်ထုတ်လွှင့်မှုက ရရှိသည့် ပိုက်ဆံအားလုံးကို လှူဒါန်းသွားမည်ဖြစ်သည်။

လင်းဖန် စူပါစတားဖြစ်လာတာ အချိန်အနည်းငယ်သာ ရှိသေးပြီး ရုပ်သံဒရမ်မာတစ်ခုတည်းမှာပဲ သရုပ်ဆောင်ဖူးပါသည်။ ငွေတွေ အများကြီး မရလောက်သေးပါ။ သို့သော်လည်း လင်းဖန်က ဒီလို လုပ်ရပ်မျိုးကို လုပ်ရဲသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များ ပိုမိုစိတ်အားထက်သန်လာကြပါသည်။

သူတို့အစက လက်ဆောင်အများကြီး မပေးထားကြပါ။ သို့သော် လင်းဖန် ဒီလိုပြောလိုက်ပြီးနောက် ပရိသတ်များက လက်ဆောင်များ ပို၍ပင် ပို့လာပါသည်။

ဖန်သားပြင်တွင် စူပါဒုံးပျံများဖြင့် ပြည့်နှက်သွား၏။ မိနစ်ပိုင်းအတွင်း ဒုံးပျံ ၅၀ ကျော်ရခဲ့ပါသည်။

လင်းဖန် သက်ပြင်းချလိုက်သည်။ ပရိသတ်တွေက စိတ်အားက်သန်လွန်းပါသည်။

ယခင်တုန်းက ရုပ်ရည်ချောမောတာ သူ့ကိုထမင်းကျွေးမှာလားဟု မေးခွန်းထုတ်ခဲ့ဖူး၏။ အခုတော့ ရုပ်ချောတာ တကယ်ပဲ ထမင်းကျွေးနိုင်သည့်ပုံပင်။

"အားလုံး ဒီလောက် စိတ်အားထက်သန်နေမှတော့ ကျွန်တော် သီချင်းတစ်ပုဒ် ဆိုပြပါ့မယ်။”

"သီချင်းနာမည်က အချစ်ကိုဖွင့်ပြောခြင်းတဲ့။ ခင်ဗျားတို့ သဘောကျပြီး ဝန်ခံချင်တဲ့လူ တစ်ယောက်ယောက် ရှိရင် ဒီသီချင်းလေးကို ကျက်ထားလိုက်ပေါ့။” လင်းဖန်က ပြုံးလိုက်ပြီး လည်ချောင်းရှင်းလိုက်ပါသည်။

လင်းဖန်က သူ့ပရိသတ်များအပေါ် ဆိုးဆိုးရွားရွား မဆက်ဆံပါ။ သူ့မှာ နတ်ဘုရားအဆင့် ဂီတပါရမီ ရှိသည်။ သူ့ပရိသတ်များအတွက် သီချင်းတစ်ပုဒ်တောင် ဆိုပြနိုင်ပါသည်။

သာယာငြိမ့်ငြောင်းသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းဖန်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် သီချင်းကို နောက်ခံတီးလုံးမပါဘဲ သီဆိုနေသည်။

( ကျန်းမြစ် ဘယ်ဘက်တစ်ဖက်ကမ်းရဲ့ ကော်ဖီလေးတစ်ခွက် )

( ကို့လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုင်ထားရင်း မင်းရဲ့အလှကို မြည်းစမ်းမယ် )

( မင်းကို ပိုးပန်းဖို့ မလွယ်ဘူးဆိုပြီး ကို့ကို နောက်ဆုတ်စေချင်တယ် )

( စျေးအကြီးဆုံးလက်ဆောင်တွေ ယူလာဖို့ မလိုဘူး လတ်လတ်ဆတ်ဆတ် ကြွေကျထားတဲ့ သစ်ရွက်လေးတွေကိုသာ လိုချင်တယ် )

( မင်းကိုပိုင်ဆိုင်ရရင် ကမ္ဘာကြီးကို ပိုင်ဆိုင်လိုက်ရသလိုပဲ )

လင်းဖန် ဒီအထိ ဆိုပြီးသွားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး မှင်သက်သွားကြပါသည်။

လင်းဖန်၏ ပရိသတ်အားလုံး လင်းဖန်သီချင်းဆိုတာကို ကြားဖူးကြတာ မဟုတ်ပါ။

သူတို့လင်းဖန်၏ အသံကို ကြားလိုက်ကြရသောအခါ သီချင်းနာမည်နဲ့ စာသားများကြောင့် တိုက်ရိုက်လွှင့်မှုကို ကြည့်ရှုနေကြသူအားလုံး အားပေးကြသည်။

"ကောင်းလိုက်တာ မင်းသားလေးက ဘာလို့ အဆို ဒီလောက်ကောင်းရတာလဲ။”

"ဒီသီချင်းက အရမ်းကောင်းလွန်းတယ်။ ငါ့အတန်းဖော်ကိုတောင် ဖွင့်ပြောချင်လာပြီ။”

"သီချင်းလေးက ကောင်းလိုက်တာ။ ဒီသီချင်းကို ကြားဖူးတာ ပထမဆုံးပဲ။ လင်းဖန်က တကယ့် အဆိုနတ်ဘုရားပဲ။”

"အခုချိန်ကစပြီး လင်းဖန်က ငါ့အိုင်ဒေါပဲ။ သူဆိုတဲ့ သီချင်းတွေက ကောင်းလွန်းတယ်။”

"ငိုနေပါပြီ။ ဒီလောက်ကောင်းတဲ့ သီချင်းမျိုး တစ်ခါမှ မကြားဖူးဘူး။”

တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်များ လင်းဖန်၏ သီချင်းကိုကြားသောအခါ မျက်လုံးများမှိတ်လိုက်ရင်း လှပသော မြင်ကွင်းများကို ခံစားလိုက်ကြသည်။

လင်းဖန်က သူ့အသံကိုအသုံးပြုရင်း သူတို့အတွက် လှပသော ရှုခင်းများကို ခြယ်သပေးသည်။ ယောက်ျားနဲ့ မိန်းမတို့အကြားက ချစ်ခြင်းမေတ္တာ ဖြစ်၏။

အထူးသဖြင့် လင်းဖန်၏ အသံက နားထောင်ရ အလွန်ကောင်းသောကြောင့် ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သီချင်းတစ်ပုဒ်လုံးကို ဆိုပြီးသွားသောအခါ ပရိသတ်သတ်များစွာက အော်ဟစ်နေကြပြီ ဖြစ်သည်။

ဒါသာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ပါက ပရိသတ်အားလုံး လင်းဖန်အတွက် အော်ဟစ်ပြီး အားပေးကြလိမ့်မည်။

တစ်ချိန်တည်းမှာပင် လင်းဖန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဝေ့ပေါ် ပေါ်၌ အလျှင်အမြန် ရေပန်းစားလာပါသည်။

အရင်တုန်းက လင်းဖန်က ရေပန်းစားဖို့ သူ့သရုပ်ဆောင်စွမ်းရည်များကို အားကိုးရသည်။

ဒီတစ်ခေါက်တော့ သူ့အသံကို အားကိုးပြီး ပရိသတ်အားလုံးကို ဖမ်းစားလိုက်ပြန်ပါပြီ။ လင်းယွီရှစ်တောင် လင်းဖန်၏ အသံကို ကြားသောအခါ မှင်သက်သွားရ၏။

သူမအစ်ကိုလင်းဖန်က သီချင်းဆိုလည်း ကောင်းတာပဲလား။

ကောင်းကင်ဘုံဘုရင်ကြီး ၄ ပါး၏ သီချင်းများနဲ့ ကောင်းကင်ဘုံဘုရင်မကြီး ရေးသားသော သီချင်းများစွာကို သူမကြားဖူးပါသည်။ ထိုသီချင်းများက ကောင်းမွန်သော်လည်း လင်းယွီရှစ်၏ မျက်လုံးထဲမှာတော့ လင်းယန်၏ အဆိုစွမ်းရည်ကို ကောင်းကင်ဘုံဘုရင်ကြီး ၄ ပါးနဲ့ ကောင်းကင်ဘုံဘုရင်မကြီးတို့ကတောင် မယှဥ်နိုင်လောက်ပါ။

စုရှောင်းယွီက လင်းဖန် သီချင်းဆိုတာကို ကြားဖူးနေကျဖြစ်သည်။

ရှားဝမ်ချွေ့ လင်းဖန်သီချင်းဆိုတာကိုကြားသောအခါ သူ့ဘေးသို့ လျှောက်လာကာ လှပသော သူမ၏ မျက်လုံးများကလည်း အံ့အားသင့်မှုများနဲ့ ပြည့်နှက်နေပါသည်။

လင်းဖန် ဒီသီချင်းဆိုတာကို ကြားဖူးတာ ပထမဆုံးအကြိမ်ဖြစ်သည်။

တကယ်ပဲ ကောင်းလွန်းပါသည်။

လင်းဖန် ဒီသီချင်းကိုဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုထဲ ကြည့်ရှုသူ ၁ သန်းကျော်နေပါပြီ။

ပရိသတ်အားလုံးက လင်းဖန်၏ သီချင်းတွင် နစ်မြောသွားကြသည်။

နောက်ခံဂီတလည်းမပါ တီးလုံးလည်း မပါပေ။

လင်းဖန်က သီချင်းကို ဂီတတူရိယာ တီးခတ်မှုများ မပါဘဲ ဒီအတိုင်း အစိမ်းသက်သက် သီဆိုခြင်း ဖြစ်သည်။ မည်သည့် ထောက်ပံ့မှုမှ မပါဘဲ တိုက်ရိုက်ထုတ်လွှင့်မှုထဲက ပရိသတ်အားလုံး လင်းဖန်၏ အသံကြောင့် ယစ်မူးသွားကြပါသည်။

လင်းဖန်က သာမန်သီချင်းတစ်ပုဒ်ကိုဆိုနေတာ မဟုတ်ပေ။ လူတစ်ယောက်၏ နှလုံးသားကို ညှို့ယူနိုင်သော ကောင်းကင်ဘုံ သံစဥ်တစ်ခု ဖြစ်သည်။

ထိုသီချင်းကိုဆိုပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကြီး ယာယီတိတ်ဆိတ်သွားပါသည်။

ပရိသတ်များစွာက တိုက်ရိုက်ထုတ်လွှင့်မှုထဲက လင်းဖန်ကိုကြည့်လိုက်သည်။ ထပ်ပြီး ကြားချင်နေသေးပါသည်။ သူတို့နားထောင်လို့ မဝသေးပါ။ သို့သော်လည်း လင်းဖန်က ဆိုပြီးသွားပြီဖြစ်သည်။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုလုံး လင်းဖန်၏ အစိမ်းသက်သက် သီဆိုမှုကြောင့် လုံးဝ ဗြောင်းဆန်သွားခဲ့ပါတော့သည်။

Zawgyi

လင္းဖန္ 123+124

အခန္း(၁၂၃) လင္းဖန္ရဲ႕ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ

"အစ္မဝမ္ေခြၽ႕ ငါ ညစာေတာင္ မစားရေသးဘူး။ နင္တို႔ခ်စ္ၾကည္ႏူးေနတာေတြၾကည့္ရၿပီး ဗိုက္ျပည့္ေနၿပီ။ ညစာေတာင္ စားဖို႔ မလိုေတာ့ဘူး။ မစားရေသးခင္ ဗိုက္တင္းေနၿပီ။” စုေ႐ွာင္းယြီက သနားစဖြယ္ ေျပာလိုက္ပါသည္။

"ေ႐ွာင္းယြီ နင္သ႐ုပ္ေဆာင္တာ လင္းဖန္နဲ႔ေတာင္ ၿပိဳင္လို႔ရတယ္" ႐ွားဝမ္ေခြၽ႕က ေျပာလိုက္၏။

စုေ႐ွာင္းယြီက ေခါင္းခါလိုက္ပါသည္။ "မၿပိဳင္ခ်င္ပါဘူး။ မဟုတ္ရင္ အစ္မဝမ္ေခြၽ႕ အၾကည့္နဲ႔ ေသေလာက္တယ္။”

တစ္ဖက္မွာေတာ့ လင္းယြီ႐ွစ္က ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို ၾကည့္ကာ အံ့ၾသေနပါသည္။

သူမကိုယ္တိုင္က အလြန္လွပေသာာ္လည္း ျခားနားခ်က္ေတာ့႐ွိေနပါသည္။ သူမ၏ ကိုယ္လုံးကိုယ္ေပါက္က မဆိုးဘဲ သူမ၏ ကိုယ္ခႏၶာပုံသဏၭာန္ကလည္း အလြန္လွပသည္။ သို႔ေသာ္လည္း သူမေ႐ွ႕က နာမည္ေက်ာ္ႏွစ္ေယာက္နဲ႔ ယွဥ္လိုက္ရင္ေတာ့ သူမက အမ်ားႀကီး နိမ့္က်ေနပါေသးသည္။

႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔၏ ကိုယ္လုံးကိုယ္ေပါက္မ်ား၊ ႐ုပ္ရည္နဲ႔ အ႐ွိန္အဝါတို႔က သာမန္လူေတြ ယွဥ္ႏိုင္တာမ်ိဳး မဟုတ္ေပ။

သူတို႔ အလြန္လွပသည့္ အဝတ္အစားေတြ ဝတ္မထားတာကာ ပရိတ္သတ္ေ႐ွ႕မွာလည္း တရားဝင္ေပၚလာတာ မဟုတ္ပါ။ ေလာေလာဆယ္ သူတို႔ဘဝနဲ႔ သူတို႔ေနေနေသာ ေကာင္မေလးႏွစ္ေယာက္သာ ျဖစ္သည္။ မိတ္ကပ္လိမ္းမထားရင္ေတာင္ လူတခ်ိဳ႕ကို အလွျဖင့္ သတ္ႏိုင္ပါသည္။

သူတို႔ မိတ္ကပ္လိမ္းလိုက္ၿပီး အလင္းတခ်ိဳ႕ေပးကာ ေခတ္သစ္အလွကုန္မ်ားျဖင့္ ျခယ္သလိုက္ပါက ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ နတ္သမီးေလးမ်ား ျဖစ္သြားၾကလိမ့္မည္။

"အစ္မဝမ္ေခြၽ႕နဲ႔ အစ္မေ႐ွာင္းယြီတို႔က အရမ္းလွတာပဲ" လင္းယြီ႐ွစ္က သူတို႔နားေလွ်ာက္လာခဲ့သည္။ သူမ မ်က္လုံးမ်ားက အံ့အားသင့္မႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။ ေနာက္ဆုံးေတာ့ သူမ၏ အိုင္ေဒါမ်ား ျဖစ္သည့္ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို ဒီေန႔ ေတြ႕ႏိုင္ခဲ့ပါၿပီ။

သူမ အစ္ကိုက တကယ္ေတာ္တာကိုေတာ့ ဝန္ခံရေတာ့မည္။

႐ွားဝမ္ေခြၽ႕နဲ႔ ရင္းႏွီး႐ုံသာမကဘဲ သူမကို မိန္းမဟုေတာင္ ေခၚခဲ့သည္။ စုေ႐ွာင္းယြီနဲ႔ ဆက္ဆံေရးကလည္း အလြန္ေကာင္းမြန္ပါသည္။

သူသာ သူမကို ပိုးပန္းႏိုင္ပါက... လင္းယြီ႐ွစ္က တခစ္ခစ္ ရယ္ေမာလိုက္သည္။ တစ္လင္တစ္မယားစနစ္ ဒီေလာကႀကီးမွာ မျဖစ္ႏိုင္ပါ။

တစ္လင္တစ္မယားစနစ္ဆိုတာဘာဲ။ သူသာ ဟာရမ္ဘဝနဲ႔ ေနႏိုင္ပါက...။

လင္းယြီ႐ွစ္က ဒီလိုေတြးေနေသာ္လည္း လင္းဖန္က ႐ွားဝမ္ေခြၽ႕ကိုသာ မ်က္စိက်ေၾကာင္း သိေနၿပီးသား ျဖစ္ပါသည္။

သူမတို႔ႏွစ္ေယာက္က အႏုပညာေလာကမွာ အလြန္လွပေသာ နာမည္ေက်ာ္ႏွစ္ေယာက္ျဖစ္သည္။

"ညီမက လင္းယြီ႐ွစ္ပါ။ လင္းဖန္ရဲ႕ ညီမအရင္းပါ။ ခုနက ျဖစ္သြားတာကို စိတ္မဆိုးပါနဲ႔ေနာ္။ ညီမက ဒီတိုင္း သူ႕ကို မွီလိုက္တာပါ။” လင္းယြီ႐ွစ္က ႐ွားဝမ္ေခြၽ႕ အထင္လြဲမွာကို စိုးရိမ္သျဖင့္ ေျပာလိုက္ပါသည္။

ဒီလိုသာဆို ႐ွားဝမ္ေခြၽ႕လို စူပါစတားမ်ိဳးကို ေနာက္ပိုင္း ေတြ႕ႏိုင္ပါဦးမလား။

"ရပါတယ္ ငါစိတ္မဆိုးပါဘူ" ႐ွားဝမ္ေခြၽ႕က လင္းယြီ႐ွစ္ကို ဆြဲေခၚလိုက္သည္။ "အ႐ူးေကာင္ လင္းဖန္ရဲ႕ ညီမက လွလိုက္တာ။ ငါတို႔လိုပဲ စူပါစတားလုပ္လို႔ရေလာက္တယ္။”

စုေ႐ွာင္းယြီကလည္း ေခါင္းၿငိမ့္လိုက္ပါသည္။ "အာဝူး အဲ့တာဆို ငါတို႔ေတြ အခုကစၿပီး ညီအစ္မေတြ လုပ္ၾကတာေပါ့။ နင့္ကို တစ္ေယာက္ေယာက္က အႏိုင္က်င့္ရင္ ေခြးေတြလႊတ္ၿပီး ကိုက္ခိုင္းပစ္မယ္။"

ေကာင္မေလးသုံးေယာက္ ဗီလာထဲတြင္ စကားေျပာခဲ့ၾကပါသည္။ သူတို႔အႀကိဳက္ခ်င္းတူတာ မ်ားၾကပါသည္။

ညေနခင္းသို႔ေရာက္လာၿပီး ေနဝင္ခ်ိန္ေရာက္ေသာအခါ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီနဲ႔ လင္းဖန္တို႔ ပင္လယ္နဲ႔ သိပ္မေဝးေသာ ေနရာတစ္ခုသို႔ သြားခဲ့ၾကသည္။

ပင္လယ္ေဘးမွာ လူေတြ အမ်ားႀကီး ႐ွိေနပါသည္။ ဒါက လိႈင္းျပာပင္လယ္ေအာ္အိမ္ရာျဖစ္သျဖင့္ အိမ္ရာထဲက လူေတြနဲ႔ လင္းဖန္ ရင္းႏွီးပါသည္။ ထိုလူမ်ားက ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို မဝန္းရံၾကပါ။

ဒီလိုအဆင့္ျမင့္အိမ္ရာႀကီးမ်ားတြင္ နာမည္ေက်ာ္မ်ားကို မၾကာခဏ ေတြ႕ရတတ္သည္။ ေရးႀကီးခြင္က်ယ္ မဟုတ္ေပ။

ကမ္းေျခနဲ႔ သိပ္မေဝးေသာ ေနရာတစ္ခုတြင္ လင္းဖန္က ပစၥည္းကိရိယာမ်ားျဖင့္ အကင္စက္ ဆင္လိုက္ပါသည္။

႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔လည္း ေဘးဘက္မွ ကူညီေပးေနၾကပါသည္။ စုေ႐ွာင္းယြီက အကင္စားခ်င္ေနတာ ၾကာၿပီ ျဖစ္သည္။

အကင္စားတာ ျပႆနာ မ႐ွိပါ။ ညေရာက္လွ်င္ သူတို႔ခႏၶာကိုယ္ကို ေလ့က်င့္ခန္းလုပ္ေပးလို႔ရသည္။ လင္းဖန္၏ အိမ္မွာ ဂ်င္မ္လည္း ႐ွိပါသည္။

လင္းယြီ႐ွစ္က ဒုတိယႏွစ္ တကၠသိုလ္ေက်ာင္းသူျဖစ္ၿပီး တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈမ်ား ျပဳလုပ္ရတာ ဝါသနာပါသည္။

ဒီေန႔လည္း ပင္လယ္ေဘးမွာ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္ေနခဲ့ပါသည္။

သူမ၏ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈအား ၾကည့္႐ႈေနသူ သိပ္မမ်ားေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ လင္းယြီ႐ွစ္၏ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈစတိုင္က ႐ိုး႐ွင္းေသာေၾကာင့္ ျဖစ္သည္။ သူမက စႏၵရားတီးျပတတ္သည္။ ကဗ်ာမ်ား ႐ြတ္ျပတတ္သည္။ သူမ စာေလ့လာေနတာကိုေတာင္ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ ျပဳလုပ္တတ္ပါသည္။

ဒီေန႔ လင္းယြီ႐ွစ္က အျပင္ဘက္ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈတစ္ခု ျပဳလုပ္ခဲ့သည္။ ဒီေန႔ ျဖစ္ပ်က္ခဲ့တာကို မွတ္တမ္းတင္ခ်င္႐ုံနဲ႔ သူမ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔၏ ဓာတ္ပုံမ်ားကို မ႐ိုက္ခဲ့ပါ။

၂ မိနစ္ေလာက္ၾကာေသာအခါ ဘယ္သူမွ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈကို လာမၾကည့္ၾကေသးပါ။

၁၀ မိနစ္ေလာက္ ၾကာေသာအခါ ေနာက္ဆုံးေတာ့ ၾကည့္႐ႈသူ ဆယ္ဂဏန္း႐ွိလာၿပီ ျဖစ္သည္။

နာရီဝက္ေလာက္ၾကာေသာအခါ ၾကည့္႐ႈသူ ၁၀၀ ေက်ာ္လာပါၿပီ။ အားလုံးက လင္းယြီ႐ွစ္၏ ပရိတ္သတ္မ်ား ျဖစ္သည္။

"နင့္ေျခေထာက္ေတြက လွလိုက္တာ။”

"နင္က အရမ္းလွတာပဲ။ သီခ်င္းဆိုျပပါလား။”

"ကမ္းေျခမွာလား။ အဆင့္ျမင့္အိမ္ရာႀကီး ထင္တယ္ေနာ္။ အရမ္းလွတာပဲ။ ဘာလို႔ ဘယ္သူမွ မၾကည့္ၾကတာလဲ။”

လင္းယြီ႐ွစ္က ျပန္ေျပာလိုက္သည္။

"ကြၽန္မ ဒီေန႔ ကြၽန္မအစ္ကိုနဲ႔ အတူတူ ကမ္းေျခမွာ အကင္စားေနတာပါ။ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ မလုပ္ခ်င္ေပမယ့္ အားလုံးအတြက္ Outdoor တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈေလး လုပ္လိုက္ပါတယ္။ လက္ေဆာင္ေပးစရာ႐ွိရင္ ေပးလို႔ ရတယ္ေနာ္။”

လင္းဖန္က တကယ္ပဲ ခ်မ္းသာပါသည္။ သို႔ေသာ္လည္း လင္းယြီ႐ွစ္က က်ဴ႐ွင္သင္သည္။ အခ်ိန္ပိုင္းအလုပ္ လုပ္သည္။ တစ္ခါတစ္ေလ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈလည္း ထုတ္လႊင့္တတ္သည္။ သူမ ပညာသင္ဆုမ်ားစြာ ရႏိုင္သည္။ သူမက အလြန္ထက္ျမက္ပါသည္။ တကၠသိုလ္မွာ သူမကို ဘယ္သူမွ ေထာက္ပံ့ေပးဖို႔ မလိုပါ။

လင္းယြီ႐ွစ္၏ စကားကို ၾကားၿပီးေနာက္ လင္းဖန္ သူမထံ ေလွ်ာက္လာပါသည္။

"နင္ Live လႊင့္ေနျပန္ၿပီလား။” လင္းဖန္က ေမးလိုက္သည္။ လင္းယြီ႐ွစ္ကို ၾကည့္လိုက္ၿပီး သူမ ဖုန္းကင္မရာကို ၾကည့္လိုက္ပါသည္။

"ဟုတ္တယ္ အစ္ကိုႀကီး။ ၾကည့္ေနတဲ့လူေတြ အမ်ားႀကီးေတာ့ မ႐ွိပါဘူး။ အကင္ သြားလုပ္ပါ။ ဒီတိုင္း Live လႊင့္ေနတာပါ။” လင္းယြီ႐ွစ္က ေျပာလိုက္၏။

"ေအးပါ" လင္းဖန္က ျပဳံးလိုက္သည္။ လင္းယြီ႐ွစ္၏ Live မ်ားက ဘယ္လိုပဲ အဆင္ေျပေျပ၊ ဒါ သူမ ေငြရႏိုင္သည့္ ကိုယ္ပိုင္နည္းလမ္း ျဖစ္သည္။ တရားမဝင္တာ မဟုတ္သေ႐ြ႕ လင္းဖန္ ဝင္ပါမွာ မဟုတ္ပါ။

လင္းဖန္က ဖန္သားျပင္ေပၚမွာ စကၠန္႔ပိုင္းသာ ေပၚလာေသာ္လည္း Live ကို ၾကည့္႐ႈေနသည့္ ၾကည့္႐ႈသူ ၁၀၀ ေက်ာ္က ေျဗာင္းဆန္သြားၾကပါသည္။

"လခြမ္း စူပါစတားလင္းဖန္ပဲ။”

"လင္းဖန္က တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္သူရဲ႕ အစ္ကိုအရင္းလား။ ငါက ေျခတံသြယ္သြယ္ မိန္းမလွေလးတစ္ေယာက္ရဲ႕ Live ကို ဒီတိုင္းဘာရယ္မဟုတ္ဘူး လာၾကည့္တာ။ ၾကယ္ပြင့္ႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရတယ္ေဟ့"

"လင္းဖန္ကို ေနာက္တစ္ေခါက္ ထပ္ျပပါဦး။ လင္းဖန္က အရမ္းေခ်ာၿပီး သ႐ုပ္ေဆာင္ အရမ္းေကာင္းတာ။ တကယ့္ ၾကယ္ပြင့္ႀကီး တစ္ေယာက္ပဲ"

တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ႐ွိ ၾကည့္႐ႈသူမ်ားစြာက ေတာင္းဆိုၾကသည္။ လင္းဖန္၏ ေပၚလာမႈေၾကာင့္ လင္းယြီ႐ွစ္ Live ၏ ေရပန္းစားမႈက ျမင့္တက္လာခဲ့ပါသည္။

လင္းယြီ႐ွစ္က ေခါင္းၿငိမ့္လိုက္ၿပီး လင္းဖန္ အကင္ကင္ေနသည့္ ေနရာကို ကင္မရာျဖင့္ ျပလိုက္ပါသည္။

ထို႔ေနာက္... ၂ မိနစ္အတြင္း လင္းယြီ႐ွစ္၏ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ ေပါက္သြားခဲ့ပါသည္။

ပထမေတာ့ ၾကည့္႐ႈသူတစ္ရာေက်ာ္သာ ႐ွိသည္။ ထို႔ေနာက္ ရာနဲ႔ခ်ီလာၿပီး ခ်က္ခ်င္း ေထာင္ေက်ာ္ လာပါသည္။

၁၀မိနစ္အတြင္း ၾကည့္႐ႈသူ ေသာင္းေက်ာ္က လင္းယြီ႐ွစ္၏ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈသို႔ ေရာက္လာၾကပါသည္။ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈပလက္ေဖာင္း သို႔ယြီ၏ ေရပန္းစားမႈကလည္း ျမင့္တက္ေနသည္။ လင္းဖန္က Live တစ္ခုတြင္ ေပၚလာသည္။ အားအင္ျပည့္ဝစြာ အကင္ ကင္ေနသည့္ လင္းဖန္ကေတာ့ အရင္လို ေခ်ာေမာဆဲပင္။

ပရိတ္သတ္မ်ားက live ထဲက လင္းဖန္ကို ႐ႈေထာင့္ေပါင္းစုံက ၾကည့္ေနပါသည္။

ၾကည့္႐ႈသူ ေသာင္းေက်ာ္လာတာေတာင္ ရပ္မသြားေသးပါ။ ပရိတ္သတ္မ်ားနဲ႔ ၾကည့္႐ႈသူမ်ားက ထပ္ၿပီး ေရာက္လာာၾကပါသည္။

မိနစ္ ၂၀ အတြင္း ၾကည့္႐ႈသူ ၁၀၀,၀၀၀ ေက်ာ္ေရာက္လာၿပီး ဆက္လက္ ျမင့္တက္ေနဆဲ ျဖစ္သည္။

အြန္လိုင္းေပၚမွာ သတင္းျပန္႔တာ ျမန္လြန္းပါသည္။

လင္းယြီ႐ွစ္ေတာင္ ဒီလိုျဖစ္လာမည္ဟု ထင္မထားပါ။ လင္းဖန္ Live မလႊင့္တာ ေတာ္ေတာ္ၾကာၿပီျဖစ္ကာ သူမ၏ ဖုန္းထဲမွာ စကၠန္႔ပိုင္းေလာက္ပဲ ေပၚသြားခဲ့ျခင္း ျဖစ္သည္။ ေနာက္ဆုံးေတာ့ သူမ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္မႈ အလြန္ေရပန္းစားလာခဲ့ပါသည္။

အခန္း(၁၂၄) ေကာင္းလိုက္တဲ့ အသံေလး

လင္းယြီ႐ွစ္က ေကာမန္႔မ်ားေၾကာင့္ လုံးဝ မွင္သက္ေနပါၿပီ။

သူမ အစ္ကိုႀကီး လင္းဖန္က အလြန္နာမည္ႀကီးလြန္းပါသည္။

လင္းဖန္ တိုက္႐ိုက္ထုတ္လႊင့္မႈမွာ ခဏေလးသာ ေပၚသြားေသာ္လည္း ၾကည့္႐ႈသူေတြ အလြန္မ်ားျပားေနေလၿပီ။

ေကာမန္႔မ်ားစြာ လင္းယြီ႐ွစ္၏ တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ ေပၚလာပါသည္။

"အားးး လင္းဖန္ အကင္ကင္ေနတာလည္း ၾကည့္လို႔ေကာင္းလိုက္တာ သူက စားဖိုမႉးတစ္ေယာက္ျဖစ္ၿပီး အခ်က္အျပဳတ္ အရမ္းေကာင္းတယ္လို႔လည္းၾကားတယ္။”

"ၾကက္ေတာင္ပံ၊ သိုးသားတုတ္ထိုး၊ အာလူးျပဳတ္၊ ဂ်ံဳျပားကင္၊ မိႈေတြေကာ... အရသာအရမ္း႐ွိတာပဲ။ လင္းဖန္ရဲ႕ ခ်က္ျပဳတ္ပုံကိုၾကည့္႐ုံနဲ႔ ပညာ႐ွင္တစ္ေယာက္မွန္း သိသာလိုက္တာ"

"လင္းဖန္ လင္းဖန္ လင္းဖန္ လင္းဖန္"

"တိုက္႐ိုက္လႊင့္ေနတဲ့တစ္ေယာက္ ကင္မရာကို ကိုယ့္ကိုယ္ကိုပဲ ခ်ိန္မထားပါနဲ႔လား။ နင္က လွေပမယ့္ ငါတို႔ လင္းဖန္ကိုပဲျမင္ခ်င္တာပါ။ ေက်းဇူးျပဳၿပီး လင္းဖန္ကို ၾကည့္ခြင့္ေပးပါ။”

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ လင္းယြီ႐ွစ္အား လက္ေဆာင္မ်ားစြာ ေပးလာၾကပါသည္။

[ မီးေတာက္အပ်ိဳစင္ေလးမွ လင္းယြီ႐ွစ္ကို ေလယာဥ္တစ္စင္း ေပးခဲ့သည္။ ]

[ လင္းဖန္ရဲ႕ပရိသတ္မွ လင္းယြီ႐ွစ္ကို စူပါ ဒုံးပ်ံတစ္ခု ေပးခဲ့သည္ ]

[ ႏွစ္ ၁၀,၀၀၀ အထိခ်စ္ေနမယ္မွ လင္းယြီ႐ွစ္ကို စူပါဒုံးပ်ံ ၁၀ ခုေပးခဲ့သည္ ]

[ ခ်ိဳလည္းခ်ိဳၿမိန္ ဆက္ဆီလည္းက်တဲ့ ခ်စ္စရာေကာင္မေလးမွ လင္းယြီ႐ွစ္ကို စူပါ ဒုံးပ်ံ ၂၀ခု ေပးခဲ့သည္ ]

ပထမေတာ့ လူေတြ ေလယာဥ္မ်ား ပို႔ေပးေနတာကို ျမင္ႏိုင္ေသးသည္။ ေနာက္ပိုင္း ပရိသတ္မ်ား ပို႔ေပးသည့္ ေလယာဥ္မ်ားကို မျမင္ရေတာ့ပါ။

ဖန္သားျပင္တစ္ခုလုံး စူပါဒုံးပ်ံမ်ားျဖင့္ ျပည့္ႏွက္သြားပါသည္။

ေနာက္ဆုံးေတာ့ လင္းယြီ႐ွစ္လည္း ပရိသတ္မ်ား၏ စြမ္းအားကို ခံစားသြားရပါသည္။ လင္းဖန္က ေရပန္းစားေနၿပီးသားျဖစ္ၿပီး သို႔ယြီ တိုက္႐ိုက္ထုတ္လႊင့္ျပသမႈ ပလက္ေဖာင္းတြင္ ေပၚလာေသာအခါ ပရိသတ္မ်ားစြာက သူ႕ကိုျမင္ခ်င္ေနၾကပါသည္။

"အစ္ကိုႀကီး နင့္ကို ခဏေလာက္ပဲ ႐ိုက္ျပလိုက္တာ တိုက္႐ိုက္ထုတ္လႊင့္မႈ အရမ္းေရပန္းစားသြားၿပီ။ ဘယ္လိုလုပ္ရမလဲ။” လင္းယြီ႐ွစ္က တိုက္႐ိုက္လႊင့္တာကို ပိတ္ပစ္လိုက္ခ်င္ေသာ္လည္း မလုပ္ရဲေတာ့ပါ။

ဘာပဲျဖစ္ျဖစ္ ပရိသတ္မ်ားစြာ ဆက္တိုက္ ဝင္လာေနသျဖင့္ ဒီသတင္းက ေသခ်ာေပါက္ ေဝ့ေပၚ ေပၚမွာ ေရပန္းစားလာပါလိမ့္မည္။

အစကေတာ့ ပုံမွန္ ေအာက္ဒိုးတိုက္႐ိုက္ထုတ္လႊင့္မႈေလး ျဖစ္ေသာ္လည္း အခုေတာ့ ၾကယ္ပြင့္တစ္ေယာက္၏ တိုက္႐ိုက္ထုတ္လႊင့္မႈ ျဖစ္သြားပါၿပီ။

လင္းဖန္က ျပဳံးလိုက္ၿပီး လင္းယြီ႐ွစ္၏ ဖုန္းကို ယူလိုက္ပါသည္။ "ဟုတ္လား။ ဒါဆို ငါ့တာဝန္ထားလိုက္။”

လင္းယြီ႐ွစ္က ပရိသတ္မ်ားစြာ၏ စိတ္အား ထက္သန္မႈေၾကာင့္ မွင္သက္ေနမိပါၿပီ။

စူပါဒုံးပ်ံတစ္ခုက ယြမ္ ၂,၀၀၀ တန္သည္။

စူပါဒုံးပ်ံ အခု ၂၀ ဆို ၄၀,၀၀၀ ယြမ္ တန္ပါသည္။

နာရီဝက္အတြင္း သူမ စူပါဒုံးပ်ံ အခု ၅၀ ရခဲ့သည္။ တစ္နည္းအားျဖင့္ ထိုစူပါဒုံးပ်ံအားလုံးကို ေပါင္းလိုက္ေသာအခါ ယြမ္ ၁၀၀,၀၀၀ တန္ပါသည္။

နာရီဝက္အတြင္း စုစုေပါင္း ၁၀၀,၀၀၀ ယြမ္ တန္ဖိုး႐ွိသည့္ လက္ေဆာင္မ်ားကို သူမရခဲ့သည္။

ဒါကလင္းဖန္ ပရိသတ္မ်ား၏ စည္းလုံးမႈ ျဖစ္၏။

ၾကည့္႐ႈသူအသစ္မ်ား ဆက္လက္ဝင္လာေနဆဲျဖစ္သည္။

လင္းဖန္ တိုက္႐ိုက္ထုတ္လႊင့္မႈကို လႊဲယူလိုက္ေသာအခါ ေခ်ာေမာေသာ မ်က္ႏွာတစ္ခု ေပၚလာပါသည္။

ထို႔ေနာက္ ပရိသတ္မ်ားစြာ ႐ူးသြပ္ကုန္ၾကေလသည္။

"ေခ်ာလိုက္တာ ေခ်ာလိုက္တာ ေခ်ာလိုက္တာ လင္းဖန္က တီဗီထဲကထက္ အျပင္မွာ ပိုေခ်ာတာပဲ"

"လင္းဖန္ လင္းဖန္ လင္းဖန္ လင္းဖန္"

"လင္းဖန္ ခ်စ္တယ္"

"လင္းဖန္ သီခ်င္းဆိုတာ ၾကားခ်င္တယ္။ သီခ်င္းဆိုျပပါလား။”

"ငါလည္း သီခ်င္းဆိုတာ ၾကားခ်င္တယ္။ လင္းဖန္က အဆိုနတ္ဘုရားပဲ။”

လင္းဖန္က ပရိသတ္မ်ား စိတ္အားထက္သန္ေနပုံကိုၾကည့္ကာ ျပဳံးလိုက္ပါသည္။

သူ႕ပရိသတ္မ်ား လက္ေဆာင္ အမ်ားႀကီး မေပးေစခ်င္ပါ။ ဘာပဲျဖစ္ျဖစ္ သူက သူတို႔ထက္ အမ်ားႀကီး ပိုခ်မ္းသာသည္။

"အားလုံးပဲ လက္ေဆာင္ေတြ အမ်ားႀကီး ပို႔ေပးဖို႔ မလိုပါဘူး။ ကြၽန္ေတာ္က အားလုံးရဲ႕ အခ်စ္ေတြကို ရၿပီးသားမို႔လို႔ပါ။ ဒီေန႔ တိုက္႐ိုက္ထုတ္လႊင့္မႈကို စလိုက္တာက ကြၽန္ေတာ့္ညီမေလးပါ။ ၾကည့္႐ႈသူေတြအမ်ားႀကီး ဝင္လာလိမ့္မယ္လို႔ ထင္မထားဘူး။ ဒီေန႔ တိုက္႐ိုက္ထုတ္လႊင့္မႈကရတဲ့ အက်ိဳးအျမတ္ေတြအားလုံးကို လႉဒါန္းသြားပါ့မယ္။” လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ လင္းဖန္၏ စကားလုံးမ်ားေၾကာင့္ တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္႐ႈေနသူတိုင္း အံ့ၾသကုန္ၾကပါသည္။

ဒါ သူတို႔ သေဘာက်သည့္ အိုင္ေဒါ၊ သူတို႔ ႀကိဳက္ႏွစ္သက္သည့္ စူပါစတား ျဖစ္သည္။

သူ႕အက်င့္သီလက ေကာင္းမြန္လြန္းပါသည္။ တိုက္႐ိုက္ထုတ္လႊင့္တာေတာင္ ပိုက္ဆံ႐ွာဖို႔ မဟုတ္ပါ။ တိုက္႐ိုက္ထုတ္လႊင့္မႈက ရ႐ွိသည့္ ပိုက္ဆံအားလုံးကို လႉဒါန္းသြားမည္ျဖစ္သည္။

လင္းဖန္ စူပါစတားျဖစ္လာတာ အခ်ိန္အနည္းငယ္သာ ႐ွိေသးၿပီး ႐ုပ္သံဒရမ္မာတစ္ခုတည္းမွာပဲ သ႐ုပ္ေဆာင္ဖူးပါသည္။ ေငြေတြ အမ်ားႀကီး မရေလာက္ေသးပါ။ သို႔ေသာ္လည္း လင္းဖန္က ဒီလို လုပ္ရပ္မ်ိဳးကို လုပ္ရဲသျဖင့္ တိုက္႐ိုက္ထုတ္လႊင့္မႈထဲက ပရိသတ္မ်ား ပိုမိုစိတ္အားထက္သန္လာၾကပါသည္။

သူတို႔အစက လက္ေဆာင္အမ်ားႀကီး မေပးထားၾကပါ။ သို႔ေသာ္ လင္းဖန္ ဒီလိုေျပာလိုက္ၿပီးေနာက္ ပရိသတ္မ်ားက လက္ေဆာင္မ်ား ပို၍ပင္ ပို႔လာပါသည္။

ဖန္သားျပင္တြင္ စူပါဒုံးပ်ံမ်ားျဖင့္ ျပည့္ႏွက္သြား၏။ မိနစ္ပိုင္းအတြင္း ဒုံးပ်ံ ၅၀ ေက်ာ္ရခဲ့ပါသည္။

လင္းဖန္ သက္ျပင္းခ်လိုက္သည္။ ပရိသတ္ေတြက စိတ္အားက္သန္လြန္းပါသည္။

ယခင္တုန္းက ႐ုပ္ရည္ေခ်ာေမာတာ သူ႕ကိုထမင္းေကြၽးမွာလားဟု ေမးခြန္းထုတ္ခဲ့ဖူး၏။ အခုေတာ့ ႐ုပ္ေခ်ာတာ တကယ္ပဲ ထမင္းေကြၽးႏိုင္သည့္ပုံပင္။

"အားလုံး ဒီေလာက္ စိတ္အားထက္သန္ေနမွေတာ့ ကြၽန္ေတာ္ သီခ်င္းတစ္ပုဒ္ ဆိုျပပါ့မယ္။”

"သီခ်င္းနာမည္က အခ်စ္ကိုဖြင့္ေျပာျခင္းတဲ့။ ခင္ဗ်ားတို႔ သေဘာက်ၿပီး ဝန္ခံခ်င္တဲ့လူ တစ္ေယာက္ေယာက္ ႐ွိရင္ ဒီသီခ်င္းေလးကို က်က္ထားလိုက္ေပါ့။” လင္းဖန္က ျပဳံးလိုက္ၿပီး လည္ေခ်ာင္း႐ွင္းလိုက္ပါသည္။

လင္းဖန္က သူ႕ပရိသတ္မ်ားအေပၚ ဆိုးဆိုး႐ြား႐ြား မဆက္ဆံပါ။ သူ႕မွာ နတ္ဘုရားအဆင့္ ဂီတပါရမီ ႐ွိသည္။ သူ႕ပရိသတ္မ်ားအတြက္ သီခ်င္းတစ္ပုဒ္ေတာင္ ဆိုျပႏိုင္ပါသည္။

သာယာၿငိမ့္ေျငာင္းသည့္အသံတစ္ခု ထြက္ေပၚလာခဲ့သည္။ လင္းဖန္က တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ သီခ်င္းကို ေနာက္ခံတီးလုံးမပါဘဲ သီဆိုေနသည္။

( က်န္းျမစ္ ဘယ္ဘက္တစ္ဖက္ကမ္းရဲ႕ ေကာ္ဖီေလးတစ္ခြက္ )

( ကို႔လက္ထဲမွာ ေကာ္ဖီတစ္ခြက္ကိုင္ထားရင္း မင္းရဲ႕အလွကို ျမည္းစမ္းမယ္ )

( မင္းကို ပိုးပန္းဖို႔ မလြယ္ဘူးဆိုၿပီး ကို႔ကို ေနာက္ဆုတ္ေစခ်င္တယ္ )

( ေစ်းအႀကီးဆုံးလက္ေဆာင္ေတြ ယူလာဖို႔ မလိုဘူး လတ္လတ္ဆတ္ဆတ္ ေႂကြက်ထားတဲ့ သစ္႐ြက္ေလးေတြကိုသာ လိုခ်င္တယ္ )

( မင္းကိုပိုင္ဆိုင္ရရင္ ကမ႓ာႀကီးကို ပိုင္ဆိုင္လိုက္ရသလိုပဲ )

လင္းဖန္ ဒီအထိ ဆိုၿပီးသြားေသာအခါ တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုလုံး မွင္သက္သြားၾကပါသည္။

လင္းဖန္၏ ပရိသတ္အားလုံး လင္းဖန္သီခ်င္းဆိုတာကို ၾကားဖူးၾကတာ မဟုတ္ပါ။

သူတို႔လင္းဖန္၏ အသံကို ၾကားလိုက္ၾကရေသာအခါ သီခ်င္းနာမည္နဲ႔ စာသားမ်ားေၾကာင့္ တိုက္႐ိုက္လႊင့္မႈကို ၾကည့္႐ႈေနၾကသူအားလုံး အားေပးၾကသည္။

"ေကာင္းလိုက္တာ မင္းသားေလးက ဘာလို႔ အဆို ဒီေလာက္ေကာင္းရတာလဲ။”

"ဒီသီခ်င္းက အရမ္းေကာင္းလြန္းတယ္။ ငါ့အတန္းေဖာ္ကိုေတာင္ ဖြင့္ေျပာခ်င္လာၿပီ။”

"သီခ်င္းေလးက ေကာင္းလိုက္တာ။ ဒီသီခ်င္းကို ၾကားဖူးတာ ပထမဆုံးပဲ။ လင္းဖန္က တကယ့္ အဆိုနတ္ဘုရားပဲ။”

"အခုခ်ိန္ကစၿပီး လင္းဖန္က ငါ့အိုင္ေဒါပဲ။ သူဆိုတဲ့ သီခ်င္းေတြက ေကာင္းလြန္းတယ္။”

"ငိုေနပါၿပီ။ ဒီေလာက္ေကာင္းတဲ့ သီခ်င္းမ်ိဳး တစ္ခါမွ မၾကားဖူးဘူး။”

တိုက္႐ိုက္ထုတ္လႊင့္မႈထဲက ပရိသတ္မ်ား လင္းဖန္၏ သီခ်င္းကိုၾကားေသာအခါ မ်က္လုံးမ်ားမွိတ္လိုက္ရင္း လွပေသာ ျမင္ကြင္းမ်ားကို ခံစားလိုက္ၾကသည္။

လင္းဖန္က သူ႕အသံကိုအသုံးျပဳရင္း သူတို႔အတြက္ လွပေသာ ႐ႈခင္းမ်ားကို ျခယ္သေပးသည္။ ေယာက်္ားနဲ႔ မိန္းမတို႔အၾကားက ခ်စ္ျခင္းေမတၱာ ျဖစ္၏။

အထူးသျဖင့္ လင္းဖန္၏ အသံက နားေထာင္ရ အလြန္ေကာင္းေသာေၾကာင့္ ျဖစ္သည္။ တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ သီခ်င္းတစ္ပုဒ္လုံးကို ဆိုၿပီးသြားေသာအခါ ပရိသတ္သတ္မ်ားစြာက ေအာ္ဟစ္ေနၾကၿပီ ျဖစ္သည္။

ဒါသာ ေဖ်ာ္ေျဖပြဲႀကီးတစ္ခုျဖစ္ပါက ပရိသတ္အားလုံး လင္းဖန္အတြက္ ေအာ္ဟစ္ၿပီး အားေပးၾကလိမ့္မည္။

တစ္ခ်ိန္တည္းမွာပင္ လင္းဖန္၏ တိုက္႐ိုက္ထုတ္လႊင့္မႈက ေဝ့ေပၚ ေပၚ၌ အလွ်င္အျမန္ ေရပန္းစားလာပါသည္။

အရင္တုန္းက လင္းဖန္က ေရပန္းစားဖို႔ သူ႕သ႐ုပ္ေဆာင္စြမ္းရည္မ်ားကို အားကိုးရသည္။

ဒီတစ္ေခါက္ေတာ့ သူ႕အသံကို အားကိုးၿပီး ပရိသတ္အားလုံးကို ဖမ္းစားလိုက္ျပန္ပါၿပီ။ လင္းယြီ႐ွစ္ေတာင္ လင္းဖန္၏ အသံကို ၾကားေသာအခါ မွင္သက္သြားရ၏။

သူမအစ္ကိုလင္းဖန္က သီခ်င္းဆိုလည္း ေကာင္းတာပဲလား။

ေကာင္းကင္ဘုံဘုရင္ႀကီး ၄ ပါး၏ သီခ်င္းမ်ားနဲ႔ ေကာင္းကင္ဘုံဘုရင္မႀကီး ေရးသားေသာ သီခ်င္းမ်ားစြာကို သူမၾကားဖူးပါသည္။ ထိုသီခ်င္းမ်ားက ေကာင္းမြန္ေသာ္လည္း လင္းယြီ႐ွစ္၏ မ်က္လုံးထဲမွာေတာ့ လင္းယန္၏ အဆိုစြမ္းရည္ကို ေကာင္းကင္ဘုံဘုရင္ႀကီး ၄ ပါးနဲ႔ ေကာင္းကင္ဘုံဘုရင္မႀကီးတို႔ကေတာင္ မယွဥ္ႏိုင္ေလာက္ပါ။

စုေ႐ွာင္းယြီက လင္းဖန္ သီခ်င္းဆိုတာကို ၾကားဖူးေနက်ျဖစ္သည္။

႐ွားဝမ္ေခြၽ႕ လင္းဖန္သီခ်င္းဆိုတာကိုၾကားေသာအခါ သူ႕ေဘးသို႔ ေလွ်ာက္လာကာ လွပေသာ သူမ၏ မ်က္လုံးမ်ားကလည္း အံ့အားသင့္မႈမ်ားနဲ႔ ျပည့္ႏွက္ေနပါသည္။

လင္းဖန္ ဒီသီခ်င္းဆိုတာကို ၾကားဖူးတာ ပထမဆုံးအႀကိမ္ျဖစ္သည္။

တကယ္ပဲ ေကာင္းလြန္းပါသည္။

လင္းဖန္ ဒီသီခ်င္းကိုဆိုၿပီးေနာက္ တိုက္႐ိုက္ထုတ္လႊင့္မႈထဲ ၾကည့္႐ႈသူ ၁ သန္းေက်ာ္ေနပါၿပီ။

ပရိသတ္အားလုံးက လင္းဖန္၏ သီခ်င္းတြင္ နစ္ေျမာသြားၾကသည္။

ေနာက္ခံဂီတလည္းမပါ တီးလုံးလည္း မပါေပ။

လင္းဖန္က သီခ်င္းကို ဂီတတူရိယာ တီးခတ္မႈမ်ား မပါဘဲ ဒီအတိုင္း အစိမ္းသက္သက္ သီဆိုျခင္း ျဖစ္သည္။ မည္သည့္ ေထာက္ပံ့မႈမွ မပါဘဲ တိုက္႐ိုက္ထုတ္လႊင့္မႈထဲက ပရိသတ္အားလုံး လင္းဖန္၏ အသံေၾကာင့္ ယစ္မူးသြားၾကပါသည္။

လင္းဖန္က သာမန္သီခ်င္းတစ္ပုဒ္ကိုဆိုေနတာ မဟုတ္ေပ။ လူတစ္ေယာက္၏ ႏွလုံးသားကို ညိႇဳ႕ယူႏိုင္ေသာ ေကာင္းကင္ဘုံ သံစဥ္တစ္ခု ျဖစ္သည္။

ထိုသီခ်င္းကိုဆိုၿပီးေနာက္ တိုက္႐ိုက္ထုတ္လႊင့္မႈႀကီး ယာယီတိတ္ဆိတ္သြားပါသည္။

ပရိသတ္မ်ားစြာက တိုက္႐ိုက္ထုတ္လႊင့္မႈထဲက လင္းဖန္ကိုၾကည့္လိုက္သည္။ ထပ္ၿပီး ၾကားခ်င္ေနေသးပါသည္။ သူတို႔နားေထာင္လို႔ မဝေသးပါ။ သို႔ေသာ္လည္း လင္းဖန္က ဆိုၿပီးသြားၿပီျဖစ္သည္။

ထို႔ေၾကာင့္ တိုက္႐ိုက္ထုတ္လႊင့္မႈ ပလက္ေဖာင္းတစ္ခုလုံး လင္းဖန္၏ အစိမ္းသက္သက္ သီဆိုမႈေၾကာင့္ လုံးဝ ေျဗာင္းဆန္သြားခဲ့ပါေတာ့သည္။

Pokračovat ve čtení

Mohlo by se ti líbit

199K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...
1.7M 93.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...