သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-115+116

515 33 0
By Miracle_Phyu97

လင်းဖန် 115+116

အခန်း(၁၁၅) စူပါစတားလင်းဖန်

ရှန်ဟိုင်းလေဆိပ်တွင်။

ကောင်မလေးတချို့ အတူတူ လမ်းလျှောက်လာကြသည်။ အားလုံးက ငယ်ရွယ် အလှပဂေးလေးများပင်။ အများစုက အသက် ၁၉ - ၂၀ ကောင်မလေးများဖြစ်ကြ၏။

ထိုကောင်မလေးများအားလုံးက ကြည့်ကောင်းပြီး လင်းယွီရှစ်က အလှဆုံးတစ်ယောက် ဖြစ်ပါသည်။

သို့သော်လည်း  ထိုကောင်မလေးများက လင်းယွီရှစ်၏ အစ်ကို ဘယ်သူမှန်း မသိကြသေးပါ။

"ငါ့အစ်ကိုရဲ့အိမ်မှာ ဒီနေ့ည အိပ်ကြရအောင်။ ဟိုတယ်မှာ အိပ်မယ့် ပိုက်ဆံကို ခြွေတာလို့ ရတာပေါ့။ ဘယ်လိုသဘောရလဲ။”

"လင်းယွီရှစ် နင်က အရမ်းလှတော့ နင့်အစ်ကိုကကော အရမ်းချောမှာပဲနော်။ သူ့နာမည် ဘယ်လိုခေါ်လဲ။” ဟွမ်းဟွေ့လင်း အမည်ရသော ကောင်မလေးတစ်ယောက်က မေးလိုက်ပါသည်။

"လင်းယွီရှစ် ငါတို့က လေးယောက်တောင်။ နင့်အစ်ကိုရဲ့အိမ်မှာ အကုန်သွားနေရင် အခန်းလောက်ပါ့မလား။ ရှန်ဟိုင်းက အိမ်စျေးတွေက မြင့်လွန်းတယ်။ သာမန်လူတွေဆို ဒီက အိမ်တွေကို မတတ်နိုင်ကြဘူး။။” လင်းချမ့်ချမ့် ဟူသော ကောင်မလေးကလည်း ပြောလိုက်ပါသည်။

လင်းချမ့်ချမ့်မှာ ကောင်မလေး ၄ယောက်ထဲတွင် မိတ်ကပ်လိမ်းပြီး လှပစွာ ဝတ်ဆင်ထားသော တစ်ယောက်တည်းသောလူ ဖြစ်ပါသည်။ သူမက ဘောင်းဘီတိုများ ဝတ်ဆင်ထားပြီး သူမ အလွန်ချမ်းသာတာကို မကြာခဏ ကြွားဝါတတ်သူ ဖြစ်ပါသည်။ သူမတွင် ဒုတိယမျိုးဆက်သူဌေးသား ရည်းစားတစ်ယောက်ရှိသည်ဟု ဆိုသည်။

"ဟူး ငါ့အစ်ကို ဒီမှာမရှိတာ ရင်နာတယ်။ သူသာ အိမ်မှာရှိရင် ငါတို့ ငါ့အစ်ကိုအိမ်မှာနေလို့ရလောက်တယ်။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။

"နင့်အစ်ကိုအိမ်က ဘယ်လောက်ကြီးလို့လဲ။" လင်းယွီရှစ်က မျက်တောင်ခတ်ရင်း မေးလိုက်ပါသည်။

"၄၀၀ စတုရန်းမီတာကျော်တယ်။ ရှန်ဟိုင်းမြို့ပြင်မှာ။ အများကြီးမဟုတ်ပေမယ့် အိမ်က ယွမ် ၇ သန်း ၈ သန်းလောက်တော့ တန်ပါတယ်။ မဆိုးပါဘူး။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။

"ဝိုး ရှန်ဟိုင်းမြို့မှာ ၄၀၀ စတုရန်းမီတာ ကျယ်တဲ့ အိမ်တစ်လုံး ပိုင်တယ်ပေါ့။ ပြီးတော့ ယွမ် ၇ သန်း ၈သန်းတောင်လား။”ဟွမ်းဟွေ့လင်းက အံ့သြသွားသည်။

"ဟုတ်တယ်။ လင်းယွီရှစ်အစ်ကိုရဲ့ အိမ်က ဒီလောက်ကြီးရင် ကောင်းတာပေါ့။ ကံမကောင်းစွာနဲ့ မဖြစ်နိုင်ပါဘူး။ ယွီရှစ်ရဲ့မိသားစုက နည်းနည်းမပြည့်စုံဘူးလေ။ သူ့မိသားစုက ရွာမှာ တိုက်ခန်းနဲ့နေတာ။ သူ့အစ်ကိုဘယ်လောက်ပဲ တော်ပါစေ ခက်မယ်ထင်တယ်။ ငှားထားတဲ့အိမ်တောင် ဖြစ်နိုင်တယ်။” လင်းချမ့်ချမ့်က တမင်သက်သက် သက်ပြင်းချလိုက်ပါသည်။ မိန်းကလေးများအကြား ရန်ပွဲများ ရှိသော်လည်း အပြင်ပိုင်းမှာ ထုတ်မပြကြပါ။

သူမ၏ စကားလုံးများက မရည်ရွယ်သလို ဖြစ်သော်လည်း တကယ်တမ်း လင်းယွီရှစ်ကို အထင်သေးနေခြင်းဖြစ်မှန်း သိသာပါသည်။

"ဘာ လင်းယွီရှစ် နင့်အစ်ကိုက ရှန်ဟိုင်းမှာ အိမ်တစ်လုံး ငှားထားတာလား။ ပင်ပန်းမှာပဲ။ သူ ဘာအလုပ်လုပ်လဲ။” ဟွမ်းထျန်ဟူသော ကောင်မလေးတစ်ယောက်က မေးလိုက်ပါသည်။

"၂၀ စတုရန်းမီတာလောက်ရှိတဲ့ စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်ဖွင့်ပြီး ကိုယ်ပိုင်လုပ်ငန်း ဖွင့်ထားတာ သိပ်မကြာသေးဘူး။ ငါ့အစ်ကိုက အရသာရှိတာတွေ ချက်ပြုတ်နိုင်တယ်လေ။" လင်းယွီရှစ်က ပြောလိုက်ပါသည်။ လင်းဖန်၏ စူပါစတားဟူသော သရုပ်မှန်ကို မဖော်သေးပါ။

"၂၀ စတုရန်းမီတာ ဟုတ်လား။ စားသောက်ဆိုင်က သေးလိုက်တာ။ ရှန်ဟိုင်းမှာ အဲ့လိုစားသောက်ဆိုင်မျိုး မရှိလောက်ဘူးလို့ ထင်နေတာ။" လင်းချမ့်ချမ့်က ဆက်ပြောလိုက်ပါသည်။

ထိုစကားကိုကြားသောအခါ လင်းယွီရှစ် အနည်းငယ် ခံရခက်သွားသော်လည်း လင်းချမ့်ချမ့် ပြောတာ မှန်ပါသည်။

တက္ကသိုလ်မှ ဘွဲ့ရပြီး ၃ နှစ်အကြာတွင် လင်းဖန် ရှန်ဟိုင်းမြို့၌ အလုပ်ကြိုးစားခဲ့ပါသည်။ ဝတ္ထုရေးတာကလွဲပြီး သူ နာမည် မရခဲ့ပါ။

စတုရန်းမီတာ ၂၀ ကျော်လောက်သာ ရှိသည့် စားသောက်ဆိုင်ငယ်တစ်ဆိုင်ကို သူ့ဆွေမျိုးများက စျေးလျှော့ကာ ငှားရမ်းပေးခဲ့သည်။

"ရပါတယ်။ ငှားထားတဲ့ အိမ်ဆိုရင်တောင် အားလုံး တစ်ညလောက်တော့ နေလို့ရမှာပါ။ ငါ့အစ်ကိုက အိမ်ကြီးက အကြီးကြီးလို့ ပြောသွားတယ်။" လင်းယွီရှစ်က ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ ဒါဆိုလည်း တစ်ညပဲ နေကြတာပေါ့။ ဒါပေမယ့် တစ်ညပဲနော်။ မနက်ဖြန် လျှောက်လည်ကြမယ်။ နင့်အစ်ကိုနဲ့ အချိန်များများ ဖြုန်းလိုက်ဦး။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။

သူတို့ လင်းဖန်အိမ်မှာ မနေချင်ကြပါ။ သူတို့အတွက် လင်းဖန်အိမ်က မကြီးလှပေ။ ငှားထားတဲ့ အိမ်တစ်လုံးက လူငါးယောက်စာ ဆန့်နိုင်ပါ့လား။

ထိုကောင်မလေးများကလည်း တစ်ညလောက်သာနေပြီး လင်းယွီရှစ်၏ အစ်ကိုကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားပါသည်။

"ဟီးဟီး အေးပါ။" လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်သည်။

"နင့်အစ်ကို ငါတို့ကို လာမကြိုဘူးလား။ ရပါတယ်။ ငါတို့ ကားငှားသွားရအောင်။ ကားတစ်စီးဝယ်ဖို့ဆိုတာ လွယ်မှမလွယ်တာ။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။

တက္ကစီထဲတွင် ကောင်မလေးများ ထိုင်လိုက်ကြပါသည်။

ဟွမ်းဟွေ့လင်းက ပြောလိုက်သည်။ "နင်တို့တွေ နောက်ဆုံးထွက် ရုပ်သံဒရမ်မာကို ကြည့်ပြီးသွားကြပြီလား။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ခေါင်းဆောင်မင်းသားက လင်းဖန်တဲ့။ သူက အရမ်းချောပြီး လူသစ်တစ်ယောက်တဲ့။ သရုပ်ဆောင်လည်း ကောင်းချက်။”

လင်းချမ့်ချမ့်ကလည်း ခေါင်းငြိမ့်ကာ အားကျစွာဖြင့် ပြောလိုက်ပါသည်။ "ငါလည်း လင်းဖန်ရဲ့ ပရိသတ်ပဲ။ လင်းဖန်က ကြယ်ပွင့်ကြီးနော်။ သူနဲ့ ရှားဝမ်ချွေ့တို့ရဲ့ အကြင်နာပေးခန်းက ချိုမြိန်လွန်းတယ်။ ငါ မနာလိုလိုက်တာ။ ဒီလောက်ချောတဲ့လူမျိုးရှိနေရတယ်လို့။ ငါတို့လင်းဖန်ကို အပြင်မှာ မတွေ့ရတာ နှမြောစရာပဲ။”

ဟွမ်းထျန်ကလည်း ဝင်ပြောသည်။ "ကြယ်ပွင့်တစ်ယောက်ကို တွေ့ဖို့က လွယ်မလားဟဲ့။ ငါတို့တစ်သက်လုံး ဒီလိုနာမည်ကျော်မျိုး တွေ့တောင် တွေ့နိုင်မှာ မဟုတ်ဘူး။ လင်းဖန်က အချက်အပြုတ်လည်း ကောင်းတယ်လို့ကြားမိတယ်။”

လင်းယွီရှစ်က ပြုံးသာ ပြုံးနေပြီး ဘာမှဝင်မပြောခဲ့ပါ။

သူမအစ်ကိုက ဒီလောက်တောင် တော်ပါသည်။

တက္ကစီဒရိုင်ဘာက လှိုင်းပြာပင်လယ်အော်အိမ်ရာဝင်ပေါက်တွင် ကားကိုရပ်လိုက်ပါသည်။

ကောင်မလေးများ ကားပေါ်က ဆင်းလာသောအခါ သူတို့ ဇဝေဇဝါဖြစ်ကုန်ကြပါသည်။

ဒါက အဆင့်မြင့်အိမ်ရာကြီးနဲ့ တူနေပါသည်။ ရှန်ဟိုင်း၏ အဆင့်မြင့်ရပ်ကွက်များတွင် မယုံနိုင်စရာကောင်းသော အိမ်စျေးနှုန်းများ ရှိကြပါသည်။ လင်းချမ့်ချမ့်တစ်ယောက် အိမ်ရာ၏ အမည်ကို မြင်လိုက်တော့ အံ့အားသင့်သွားရပါသည်။ "ဘုရားရေ ဒါ ရှန်ဟိုင်းရဲ့ လှိုင်းပြာပင်လယ်အော်အိမ်ရာပဲ။ တကယ့် အဆင့်မြင့်အိမ်ရာပဲ။ ဒီက ပျမ်းမျှအိမ်စျေးက အနည်းဆုံး ယွမ် ၁၀၀,၀၀၀ လောက် ရှိတယ်။ ငါတို့ နေရာမှားပြီးရောက်လာတာတော့ မဟုတ်ပါဘူးနော်။ လင်းယွီရှစ် နင့်အစ်ကိုက ဒီမှာ တကယ်နေတာလား။မဖြစ်နိုင်ဘူးနော်။”

ဟွမ်းဟွေ့လင်းကလည်း ဆက်ပြောသည်။ "ဒီက အိမ်စျေးတွေက ၁ စတုရန်းမီတာကို ယွမ် ၁၀၀,၀၀၀ ရှိတယ်။ ငါစိတ်ကူးထဲတောင် မထည့်ရဲဘူး။ ငါတို့ဒီဘဝတော့ ဒီက အိမ်တစ်လုံးကို ဝယ်နိုင်မှာ မဟုတ်ဘူး။ လှိုင်းပြာပင်လယ်အော်က ဗီလာတွေ အများကြီးရှိတဲ့ အဆင့်မြင့်အိမ်ရာကြီးတစ်ခုပဲလေ။”

လင်းယွီရှစ်လည်း ခဏလောက် ဆွံ့အသွားပါသည်။ သူမလည်း အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။ သို့သော် လင်းဖန်ကို သူမ ယုံကြည်ပါသည်။

လင်းဖန်၏ လုပ်ငန်းမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သိပ်ပြီး အဆင်မပြေတာကို သူမသိသည်။ တကယ်တော့ လင်းဖန်ကို သူမ ကျေးဇူးးတင်ပါသည်။ သူမ တက္ကသိုလ်တက်နေစဥ် လင်းဖန်က လတိုင်း သူမကို နေစရိတ်စားစရိတ်များ ပို့ပေးလေ့ရှိသည်။

လင်းဖန် အခု ကြယ်ပွင့်ကြီး ဖြစ်နေရင်တောင် သူ့ပထမဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးရုံသာ ရှိပါသေးသည်။ အများဆုံး လစာ ယွမ်သန်းအနည်းငယ်သာ ရလောက်သည်။ လင်းဖန်က တကယ့် နာမည်ကျော်ကြီး ဖြစ်မလာသေးသရွေ့ သူ့လစာက အများဆုံး သန်းဆယ်ချီလောက်သာ ရနိုင်မည်။

ရှန်ဟိုင်း၏ လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် ယွမ်သန်းအနည်းငယ်လောက်နဲ့ အဆင့်မြင့်အိမ်တစ်လုံး ဝယ်ယူဖို့ မဖြစ်နိုင်ပါ။

ထို့အပြင် လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ အိမ်ပိုင်ရှင်များက ၎င်းတို့၏ အိမ်များကို တခြားလူများအား မငှားတတ်ပါ။ အိမ်ငှားခက မတရား မြင့်မားသောကြောင့် ဖြစ်ပါသည်။

ထိုအချိန်တွင် အဝေးမှ Rolls-Royce Cullinan ကားတစ်စီး မောင်းနှင်လာသည်။

Rolls-Royce Cullinan ကားကြီးက ယွမ် ၆.၈ သန်းတန် ဇိမ်ခံကားတစ်စီး ဖြစ်ပါသည်။

"ဝိုး Rolls-Royce Cullinan SUV တစ်စီးပါလား။ ဒီလိုဇိမ်ခံကားကြီးမျိုးနဲ့ တကယ်ပဲ လှိုင်းပြာပင်လယ်အော်အိမ်ရာက လူတွေအားလုံးက ချမ်းသာကြတာပဲ။”

"လင်းယွီရှစ် နင့်အစ်ကိုက ဒီမှာ တကယ်နေတာ ဟုတ်ပါ့မလား။ ငါတို့ နေရာမှားလာတာလား။ နင့်အစ်ကို ဘာလို့လာမကြိုသေးတာလဲ။။” ကောင်မလေးများက ပြောလိုက်ပါသည်။ သူတို့ ထပ်ပြောဖို့ ပြင်လိုက်စဥ်မှာပင် လင်းဖန်က ကားထဲက ထွက်လာပါသည်။

ဒီနေ့ လင်းဖန်က ဝတ်စုံတစ်ခုကို ဝတ်ထားပြီး အလွန်အမင်း ချောမောနေပါသည်။ သူ့ အနားက အရာအားလုံး အရောင်မှေးမှိန်သွားသလိုပင်။

လင်းဖန်၏ မျက်နှာတစ်ခုတည်းနဲ့ ကောင်မလေးများစွာကို ဆွဲဆောင်နိုင်သည်။

ယခု လင်းဖန်က စူပါစတားဖြစ်လာပြီဆိုမှတော့...။

လင်းယွီရှစ်က လင်းဖန်ကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးများက အံ့သြမှုများဖြင့် ပြည့်နှက်သွားပါသည်။

သူမအစ်ကို ဘယ်တုန်းက ဒီလောက်ထိ တောက်ပလာတာလဲ။

သူမအစ်ကိုက တကယ်ကြီး Rolls-Royce ဇိမ်ခံကားကြီးကို မောင်းကာ ရှန်ဟိုင်းမြို့က လှိုင်းပြာပင်လယ်အော်အိမ်ရာမှာ နေထိုင်နေတာလား...။

ဒါဆို သူမအစ်ကို တကယ်ချမ်းသာနေတာပေါ့...။

"အစ်ကိုကြီး" လင်းယွီရှစ်က ခုန်ပေါက်ကာ လင်းဖန်ကို ပြေးဖက်လိုက်ပါသည်။

"ရောက်လာပြီလား။ ဒါနင့်သူငယ်ချင်းတွေလား။" လင်းဖန်က ပြုံးကာ သူတို့ကို နှုတ်ဆက်လိုက်ပါသည်။

"ဟုတ်တယ်။ ဟုတ်တယ်။" လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆို အိမ်ထဲ အတူတူဝင်ကြရအောင်လေ။" လင်းဖန်က ပြုံးလိုက်သည်။

ထိုအချိန်တွင် ဘေးနားက ကောင်မလေးအားလုံး ကြက်သေသေကုန်ကြပါသည်။ သူတို့လင်းဖန်ကို ထိတ်လန့်ပြီး အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အရင်တုန်းက လင်းဖန်ကို အင်တာနက်ပေါ်မှာသာ မြင်ဖူးသည်။ သို့သော်လည်း ဒီနေ့တော့... လင်းဖန်ကို အပြင်မှာ မြင်ဖူးခဲ့ပါပြီ။

လင်းဖန်က သူ့ Rolls- Royce ဇိမ်ခံကားကြီးဖြင့် အားလုံး၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။ လင်းဖန်က လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ အဆင့်မြင့်အိမ်တွင် နေထိုင်သည်။

ကောင်မလေးများက လုံးဝ ကြက်သေ သေနေပါပြီ။

သူတို့ တကယ်ကြီး ဒီမှာ စူပါစတားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရသည်။

ထိုစူပါစတားက လင်းယွီရှစ်၏ အစ်ကို လင်းဖန်ပဲ ဖြစ်နေပါသည်။

အခန်း(၁၁၆) နှလုံးသားရေကန်ဗီလာရယ်၊ သန်းရာချီတန်သော ပြိုင်ကားများ၊ လင်းယွီရှစ်တစ်ယောက် မှင်သက်သွားခဲ့မိပြီ

"ဝါး... တကယ်ကြီး စူပါစတား လင်းဖန်ပဲ။”

"လင်းယွီရှစ် စောစောက ဘာလို့မပြောတာလဲ။ နင့်အစ်ကိုကြီးက ကြယ်ပွင့်တစ်ယောက်ပါလား။ လင်းဖန်က အပြင်မှာ ပိုချောတယ်။ တီဗီထဲမှာထက်တောင် ပိုချောသေးတယ်။”

"ဘုရားရေ လင်းဖန်က စူပါပြိုင်ကားကြီး မောင်းလာတာပဲ။ Rolls-Royce Cullinan တစ်စီးက သန်းပေါင်းများစွာတန်တယ်...။”

"စူပါစတားကို လူကိုယ်တိုင် မြင်လိုက်ရတယ်။ ဘုရားဘုရား... ဒါအိပ်မက်မဟုတ်ပါဘူးနော်။”

ကောင်မလေးများက စိတ်အားထက်သန်စွာ ပြောဆိုနေကြပါသည်။

သူတို့က လင်းဖန်၏ ပရိတ်သတ်များဖြစ်ပြီး လင်းယွီရှစ်၏ အတန်းဖော်များ ဖြစ်ကြပါသည်။

လင်းယွီရှစ်မှာ တကယ်ကြီး ဒီလောက် အံ့သြဖို့ ကောင်းသည့် အစ်ကိုတစ်ယောက် ရှိနေပါသည်။

ဟွမ်ဟွေ့လင်း ယွမ်ချမ့်ချမ့်နဲ့ ဟွမ်ထျန်တို့အားလုံး အံ့သြကုန်ကြပါသည်။

စူပါစတားတစ်ယောက်က သူတို့ရှေ့တည့်တည့်မှာ ရပ်နေသည်။

သူတို့ လင်းဖန်ကို ဘာပြောရမှန်းတောင် မသိတော့ပါ။

သူတို့ လင်းဖန်၏ ဇိမ်ခံကားကြီးကိုလည်း မြင်ပြီးပါပြီ။ လင်းဖန်က ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်ရုံတင်မကသေးဘဲ အရမ်းလည်း ချမ်းသာပါသည်။

ကောင်မလေးများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

"အေး နင်တို့တွေကို အံ့သြသွားအောင်လုပ်ဖို့ မပြောပြခဲ့တာ။” လင်းယွီရှစ်က ပြောလိုက်ပါသည်။ လင်းဖန်ဘေးမှာ သူမ၏ မျက်နှာကလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပါသည်။

လင်းဖန်ကြောင့် သူမလည်း အံ့သြသွားရသည်။

သူမ၏ အစ်ကိုဖြစ်သူ ဒီလောက်ထိ အောင်မြင်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။

လင်းဖန်က ဇိမ်ခံကားကြီးတစ်စီးကို မောင်းပြီး အဆင့်မြင့် အိမ်ရာတစ်ခုတွင် နေထိုင်သည်။ လင်းယွီရှစ် သူ့အတွက် တကယ် ပျော်ပါသည်။

နောက်ဆို သူ့အစ်ကိုကို ပူဆာချင်တာ ပူဆာနိုင်ပါပြီ။

"အထဲဝင်ကြလေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ကံကောင်းစွာဖြင့် ဒီနေ့ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို အိမ်ခေါ်မလာခဲ့ပါ။ မဟုတ်ပါက ဒီပရိတ်သတ်များနဲ့ တိုးနိုင်ပါသည်။

ထိုသို့ဖြစ်လာပါက ရှင်းပြဖို့ ခက်ခဲလိမ့်မည်။

ထို့ကြောင့်နဲ့ လင်းဖန် ရေပန်းစားသည့် အကြောင်းအရာများ ထပ်ဖြစ်လာပါက မကောင်းမွန်နိုင်ပါ။

လင်းယွီရှစ်က ရှေ့ထိုင်ခုံတွင်ထိုင်ပြီး ကောင်မလေးများကတော့ ခရီးသည်ခုံတွင် ထိုင်ကြပါသည်။

သူတို့က လင်းဖန်ကို မယုံကြည်နိုင်စွာ ငေးနေကြသည်။ သူတို့ လှိုင်းပြာ ပင်လယ်အော်အိမ်ရာ၏ လူနေရပ်ကွက်နှင့် အဆင့်မြင့် အိမ်ရာများကို ဖြတ်သန်းပြီး နှလုံးသားရေကန်ဗီလာသို့ ရောက်လာခဲ့ပါသည်။

ကောင်မလေးများ အံ့သြကုန်ကြသည်။

ဘာကြောင့်မှန်းမသိဘဲ သူမတို့ ဒီမှာပဲ တစ်သက်လုံး နေပစ်လိုက်ချင်ပါတော့သည်။

လင်းဖန်က ဗီလာတစ်လုံးတွင် နေထိုင်သည်။

လှိုင်းပြာပင်လယ်အော်က ဗီလာတစ်လုံး ဖြစ်၏။

Rolls-Royce Cullinan ကားကြီးက ဗီလာများကို ဖြတ်မောင်းကာ အလယ်ဗဟိုတည့်တည့်သို့ ဦးတည်နေသည်။

ဗီလာအိမ်ရာ၏ အလယ်ဗဟိုတွင် လှိုင်းပြာပင်လယ်အော်အိမ်ရာ၌ တန်ဖိုးအကြီးဆုံး နှလုံံးသားရေကန်ဗီလာကြီး တည်ရှိပါသည်။

ဒီကရှုခင်းများက လှပလွန်းသည်။ နေဝင်သောအခါ ပျောက်ကွယ်သွားသော နေမင်းနဲ့အတူ  ငှက်ကလေးများကလည်း ပျံသန်းသွားပါသည်။ ဆောင်းဦးရာသီ ရေပြင်ကလည်း အရောင်အသွေး တူညီနေသည်။

လူများစွာက ပင်လယ်ဘေးတွင် နေပူစာလှုံနေကြပါသည်။

ဒီက သစ်ပင်ပန်းမန်များ၊ လုံခြုံရေး၊ ရှုခင်း ဘာမဆို ကောင်းမွန်လွန်းလှပါသည်။ တကယ့် သူဌေးကြီးများသာ ဒီဗီလာကြီးထဲတွင် နေနိုင်သည်။

ဒီက ဗီလာများထဲတွင် နေထိုင်ခြင်းက သူဌေးတစ်ဦး၏ လက္ခဏာ ပဲဖြစ်သည်။ ကောင်မလေးများ ဒီလိုရှုခင်းမျိုး မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။

တကယ့်ဗီလာအိမ်ရာကြီးက ကြီးမားလွန်းပါသည်။

ဘောလုံးကွင်းကစလို့ ရေကူးကန်နဲ့ အကင်စက်များအထိ အားလုံးရှိပါသည်။

လင်းဖန်၏ ဗီလာက သုံးထပ်မြင့်သည်။ ၁,၀၀၀ စတုရန်းမီတာထက်ပင် ကျော်နေပါပြီ။

ထို့အပြင် ရှန်ဟိုင်းမြို့က စျေးအကြီးဆုံး ဗီလာများထဲက တစ်ခု ဖြစ်ပါသည်။

ယှဥ်ကြည့်လိုက်လျှင် လင်းချမ့်ချမ့်၏ အစ်ကို ရှန်ဟိုင်းမြို့ပြင်တွင် ၅၀၀ စတုရန်းမီတာ ဗီလာတစ်လုံး ပိုင်ဆိုင်ထားခြင်းမှာ ဘာမှ မဟုတ်ပါ။ ချက်ချင်းပဲ အနိုင်ယူခံလိုက်ရပါပြီ။

ရှန်ဟိုင်း၏ မြို့ပြင်နဲ့ မြို့တွင်း အိမ်စျေးများက လုံးဝခြားနားသည်။ ရှန်ဟိုင်းမှာတင်မကဘဲ တခြားမြို့ပေါင်းစုံမှာလညး ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

မြို့တိုင်း၏ အလယ်ဗဟိုများတွင် ဆင်ခြေဖုံးများထက် အိမ်စျေးများက အများကြီး ပိုမြင့်ပါသည်။ ဆင်ခြေဖုံးများကို ဗီလာအိမ်ရာများအဖြစ် ပြောင်းလဲခြင်းကသာ မြို့တော် ဗဟိုက အိမ်စျေးများကို ကျော်လွန်နိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။ သို့သော်လည်း ဆင်ခြေဖုံးများကို ဗီလာအိမ်ရာများအဖြစ် ပြောင်းလဲလိုက်ရင်တောင် ဗီလာများဖြစ်နေဆဲပင်။ သာမန်လူများက နေဖို့မတတ်နိုင်ကြပါ။ လင်းဖန် ဂိုထောင်ထဲသို့ ကားကို မောင်းထည့်လိုက်တော့ ကောင်မလေးများ ထအော်လိုက်ပြန်သည်။

အခု Rolls-Royce Cullinan က အစသာ ရှိပါသေးသည်။ ဂိုထောင်ထဲ၌ ကောင်မလေးများကို ထိတ်လန့်သွားစေသော တန်ဖိုးကြီးကားများ ရှိနေပါသေးသည်။

ထိုတန်ဖိုးကြီးကားများကို အတိအကျမသိသော်လည် တန်ဖိုးကြီးကားမှန်းတော့ မြင်ရုံနဲ့ သိပါသည်။ သူဌေးများသာ မောင်းနိုင်သည့် ပြိုင်ကားများ ဖြစ်သည်။ သာမန်လူတွေက ငှားတောင် မငှားနိုင်ကြပါ။

Bugatti La Voiture Noire နဲ့ Koenigsegg One ဟုခေါ်သည့် ပြိုင်ကားများဖြစ်ကြသည်။

"အဲ့တာတွေက Bugatti နဲ့ Koenigsegg တွေ မဟုတ်ဘူးလား။ သန်းဆယ်ချီပြီးတန်တဲ့ကားတွေ ဖြစ်မယ်ထင်တယ်။” ဟွမ်ဟွေ့လင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

"သန်းဆယ်ချီလောက်တယ်။ ဒီလို ပြိုင်ကားမျိုးတွေက အရမ်းလှတာပဲ။ လင်းဖန်က ဒီလောက်တောင် လှပတဲ့ ပြိုင်ကားကြီး မောင်းနိုင်တယ်။ ဒီလိုအစ်ကိုမျိုးရထားတာ မနာလိုဖြစ်လိုက်တာ" ဟွမ်ထျန်ကပြောလိုက်ပါသည်။

ထိုအချိန်တွင် လင်းချမ့်ချမ့်က ပါးစပ်ပွင့်လာပြီး ပြောလိုက်ပါသည်။ "မဟုတ်ဘူး ငါပြောပြမယ်။ ဒိပြိုင်ကားနှစ်စီးက Limited Edition ပြိုင်ကားကြီးတွေပဲ။ ခုလေးတင် အွန်လိုင်းပေါ်မှာ ရှာလိုက်တာ။ အဲ့ဒီပြိုင်ကားနှစ်စီးက သန်းရာချီပြီးတန်တယ်။”

"လင်းဖန်က သန်းရာချီတဲ့ ပြိုင်ကားတွေမောင်းပြီး သန်းရာချီတန်တဲ့ ဗီလာကြီးတစ်လုံးမှာ နေတာပေါ့။ ချောလည်း အရမ်းချောတယ်...." လင်းချမ့်ချမ့်က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။ ဘယ်လိုမိန်းကလေးက ဒီလိုလူမျိုးကို သဘောမကျဘဲနေမည်နည်း။

သူမသာ လင်းဖန်၏ ကောင်မလေး ဖြစ်လာနိုင်ပါက ပြိုင်ကားကော စံအိမ်ကြီးတစ်လုံးကိုပါ ပိုင်ဆိုင်နိုင်မည်ဟူသည့်သဘောပင်။ ဒီမှာ တရားဝင်လည်း နေထိုင်နိုင်လိမ့်မည်။

အရေးအကြီးဆုံးက သူမသာ လင်းဖန်၏ ကောင်မလေးဖြစ်လာပါက မိန်းကလေးဘယ်လောက်များများ မနာလိုဖြစ်ကြမလဲ။ ဝေ့ပေါ် ပေါ်က ပရိတ်သတ် ၁၀ သန်းတွင် ၈ သန်းလောက်က မိန်းကလေးများ ဖြစ်ကြသည်။ ထို ၈ သန်းစလုံး မနာလိုဖြစ်ပြီး သေသွားနိုင်ပါသည်။ ကောင်မလေးသုံးယောက်သား လင်းယွီရှစ်ကို မနာလိုဖြစ်မိကြပါသည်။ လင်းဖန်၏ ကောင်မလေး ဘယ်သူပဲဖြစ်လာပါစေ လင်းယွီရှစ်က သူ့ညီမအရင်း ဖြစ်သည်။

ဒီလောက်ကောင်းသည့် အစ်ကိုမျိုး ရရှိထားသဖြင့် ဘယ်သူက မနာလိုမဖြစ်ဘဲနေပါ့မလဲ။

ဘဝခြားတယ်ဆိုတာ ဒါမျိုးလား။

လင်းဖန်၏ ညီမအစ်ရင်းဖြစ်သဖြင့် လင်းယွီရှစ်က နောက်ဆို ကြယ်ပွင့်ကြီးများနဲ့ ဆုံနိုင်လိမ့်မည်ဟု သဘောသက်ရောက်သည်။ သူမ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ဝီချက်နံပါတ်များကိုပင် ရနိုင်ပါသည်...။

ဒီလောက် သာယာသည့် ဘဝမျိုး ရှိနိုင်တာ သူမ မသိခဲ့ပါ။

"အစ်ကိုကြီး နင်ဘယ်တုန်းက ပြိုင်ကားသုံးစီး ပိုင်သွားတာလဲ။ နှစ်စီးက ပြိုင်ကားကြီးတွေ။ တကယ် သန်းရာချီတန်ဖိုးရှိတာလား။" လင်းယွီရှစ်က လင်းဖန်၏ လက်မောင်းကို ဆွဲကာ မေးလိုက်ပါသည်။

အကြောင်းမသိပါက လင်းဖန်နဲ့ လင်းယွီရှစ်တို့ကို စုံတွဲများဟု ထင်သွားနိုင်သည်။ လင်းယွီရှစ်က အသက် ၁၉ နှစ်ရှိပါပြီ။ လက်ရှိ တက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီဖြစ်ကာ အရွယ်ရောက်နေပါပြီ။ အလွန်လည်း လှပသည်။ ဒီလိုနဲ့ လင်းဖန်၏ လက်မောင်းကို တွဲလာခဲ့သည်။

သူတို့လမ်းမများတွင် လမ်းလျှောက်ကြသောအခါ အားလုံးက လင်းဖန်ကို မနာလိုဖြစ်ကြသည်။ နွားအို မြက်နုစားနေသလိုပင်။ "အင်း၊ ယွမ် သန်း ၁၀၀ ကျော်ကျော်လောက်ပါပဲ။ သိပ်မများပါဘူး။ အခန်းထဲ ဝင်နားတော့လေ။" လင်းဖန်က ပြောလိုက်ပါသည်။ တံခါးဆီသို့ သူလျှောက်သွားလိုက်ပြီး ဖွင့်ဖို့ ပြင်လိုက်သည်။ "ယွမ် သန်း ၁၀၀ ကျော်ကျော်လေးတဲ့လား..." ထိုစကားကိုကြားသောအခါ လင်းယွီရှစ် အနည်းငယ် စိတ်ပျက်သွားမိသည်။

သူမ တက္ကသိုလ်တွင် စာကြိုးစားနေခြင်းမှာ အနာဂတ်တွင် လူ့အသိုင်းအဝိုင်းထဲ ဝင်ရောက်ကာ အလုပ်ကောင်းကောင်း ရလိုသောကြောင့် ဖြစ်ပါသည်။ သူမ ပိုက်ဆံရှာချင်ပြီး ငွေရေးကြေးရေးအရ မမှီခိုရသူ ဖြစ်ချင်သည်။ ထို့နောက် ဒီနှစ်တွေအတွင်း သူမကို တစ်ကိုယ်ကောင်းမဆန်စွာ ထောက်ပံ့ပေးခဲ့သည့် လင်းဖန်ကို ကျေးဇူးပြန်ဆပ်ကာ မိသားစုကိုလည်း ထောက်ပံ့ပေးနိုင်ပါလိမ့်မည်။

သို့သော်လည်း အခုတော့ သူမ ပညာရေး ဘယ်လောက်ပဲ တော်နေပါစေ လင်းဖန်ကို မယှဥ်နိုင်တော့ပါ။

ပြိုင်ကားတစ်စီးကို ယွမ် သန်း ၁၀၀ ဆို နှစ်စီးဆိုလျှင် ယွမ် သန်း ၂၀၀ ကျော်နေပါပြီ။

လင်းဖန်၏ မျက်လုံးထဲမှာ ဒါတွေက ဘာမှ မဟုတ်ပါ။

ဆင်းဟွာနှင့် ပေကျင်းတက္ကသိုလ်က ထိပ်တန်းကျောင်းသားတွေတောင် ယွမ် သန်း ၂၀၀ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပေ။

Zawgyi

လင္းဖန္ 115+116

အခန္း(၁၁၅) စူပါစတားလင္းဖန္

႐ွန္ဟိုင္းေလဆိပ္တြင္။

ေကာင္မေလးတခ်ိဳ႕ အတူတူ လမ္းေလွ်ာက္လာၾကသည္။ အားလုံးက ငယ္႐ြယ္ အလွပေဂးေလးမ်ားပင္။ အမ်ားစုက အသက္ ၁၉ - ၂၀ ေကာင္မေလးမ်ားျဖစ္ၾက၏။

ထိုေကာင္မေလးမ်ားအားလုံးက ၾကည့္ေကာင္းၿပီး လင္းယြီ႐ွစ္က အလွဆုံးတစ္ေယာက္ ျဖစ္ပါသည္။

သို႔ေသာ္လည္း  ထိုေကာင္မေလးမ်ားက လင္းယြီ႐ွစ္၏ အစ္ကို ဘယ္သူမွန္း မသိၾကေသးပါ။

"ငါ့အစ္ကိုရဲ႕အိမ္မွာ ဒီေန႔ည အိပ္ၾကရေအာင္။ ဟိုတယ္မွာ အိပ္မယ့္ ပိုက္ဆံကို ေႁခြတာလို႔ ရတာေပါ့။ ဘယ္လိုသေဘာရလဲ။”

"လင္းယြီ႐ွစ္ နင္က အရမ္းလွေတာ့ နင့္အစ္ကိုကေကာ အရမ္းေခ်ာမွာပဲေနာ္။ သူ႕နာမည္ ဘယ္လိုေခၚလဲ။” ဟြမ္းေဟြ႕လင္း အမည္ရေသာ ေကာင္မေလးတစ္ေယာက္က ေမးလိုက္ပါသည္။

"လင္းယြီ႐ွစ္ ငါတို႔က ေလးေယာက္ေတာင္။ နင့္အစ္ကိုရဲ႕အိမ္မွာ အကုန္သြားေနရင္ အခန္းေလာက္ပါ့မလား။ ႐ွန္ဟိုင္းက အိမ္ေစ်းေတြက ျမင့္လြန္းတယ္။ သာမန္လူေတြဆို ဒီက အိမ္ေတြကို မတတ္ႏိုင္ၾကဘူး။။” လင္းခ်မ့္ခ်မ့္ ဟူေသာ ေကာင္မေလးကလည္း ေျပာလိုက္ပါသည္။

လင္းခ်မ့္ခ်မ့္မွာ ေကာင္မေလး ၄ေယာက္ထဲတြင္ မိတ္ကပ္လိမ္းၿပီး လွပစြာ ဝတ္ဆင္ထားေသာ တစ္ေယာက္တည္းေသာလူ ျဖစ္ပါသည္။ သူမက ေဘာင္းဘီတိုမ်ား ဝတ္ဆင္ထားၿပီး သူမ အလြန္ခ်မ္းသာတာကို မၾကာခဏ ႂကြားဝါတတ္သူ ျဖစ္ပါသည္။ သူမတြင္ ဒုတိယမ်ိဳးဆက္သူေဌးသား ရည္းစားတစ္ေယာက္႐ွိသည္ဟု ဆိုသည္။

"ဟူး ငါ့အစ္ကို ဒီမွာမ႐ွိတာ ရင္နာတယ္။ သူသာ အိမ္မွာ႐ွိရင္ ငါတို႔ ငါ့အစ္ကိုအိမ္မွာေနလို႔ရေလာက္တယ္။" လင္းခ်မ့္ခ်မ့္က ေျပာလိုက္ပါသည္။

"နင့္အစ္ကိုအိမ္က ဘယ္ေလာက္ႀကီးလို႔လဲ။" လင္းယြီ႐ွစ္က မ်က္ေတာင္ခတ္ရင္း ေမးလိုက္ပါသည္။

"၄၀၀ စတုရန္းမီတာေက်ာ္တယ္။ ႐ွန္ဟိုင္းၿမိဳ႕ျပင္မွာ။ အမ်ားႀကီးမဟုတ္ေပမယ့္ အိမ္က ယြမ္ ၇ သန္း ၈ သန္းေလာက္ေတာ့ တန္ပါတယ္။ မဆိုးပါဘူး။" လင္းခ်မ့္ခ်မ့္က ေျပာလိုက္ပါသည္။

"ဝိုး ႐ွန္ဟိုင္းၿမိဳ႕မွာ ၄၀၀ စတုရန္းမီတာ က်ယ္တဲ့ အိမ္တစ္လုံး ပိုင္တယ္ေပါ့။ ၿပီးေတာ့ ယြမ္ ၇ သန္း ၈သန္းေတာင္လား။”ဟြမ္းေဟြ႕လင္းက အံ့ၾသသြားသည္။

"ဟုတ္တယ္။ လင္းယြီ႐ွစ္အစ္ကိုရဲ႕ အိမ္က ဒီေလာက္ႀကီးရင္ ေကာင္းတာေပါ့။ ကံမေကာင္းစြာနဲ႔ မျဖစ္ႏိုင္ပါဘူး။ ယြီ႐ွစ္ရဲ႕မိသားစုက နည္းနည္းမျပည့္စုံဘူးေလ။ သူ႕မိသားစုက ႐ြာမွာ တိုက္ခန္းနဲ႔ေနတာ။ သူ႕အစ္ကိုဘယ္ေလာက္ပဲ ေတာ္ပါေစ ခက္မယ္ထင္တယ္။ ငွားထားတဲ့အိမ္ေတာင္ ျဖစ္ႏိုင္တယ္။” လင္းခ်မ့္ခ်မ့္က တမင္သက္သက္ သက္ျပင္းခ်လိုက္ပါသည္။ မိန္းကေလးမ်ားအၾကား ရန္ပြဲမ်ား ႐ွိေသာ္လည္း အျပင္ပိုင္းမွာ ထုတ္မျပၾကပါ။

သူမ၏ စကားလုံးမ်ားက မရည္႐ြယ္သလို ျဖစ္ေသာ္လည္း တကယ္တမ္း လင္းယြီ႐ွစ္ကို အထင္ေသးေနျခင္းျဖစ္မွန္း သိသာပါသည္။

"ဘာ လင္းယြီ႐ွစ္ နင့္အစ္ကိုက ႐ွန္ဟိုင္းမွာ အိမ္တစ္လုံး ငွားထားတာလား။ ပင္ပန္းမွာပဲ။ သူ ဘာအလုပ္လုပ္လဲ။” ဟြမ္းထ်န္ဟူေသာ ေကာင္မေလးတစ္ေယာက္က ေမးလိုက္ပါသည္။

"၂၀ စတုရန္းမီတာေလာက္႐ွိတဲ့ စားေသာက္ဆိုင္ငယ္ေလးတစ္ဆိုင္ဖြင့္ၿပီး ကိုယ္ပိုင္လုပ္ငန္း ဖြင့္ထားတာ သိပ္မၾကာေသးဘူး။ ငါ့အစ္ကိုက အရသာ႐ွိတာေတြ ခ်က္ျပဳတ္ႏိုင္တယ္ေလ။" လင္းယြီ႐ွစ္က ေျပာလိုက္ပါသည္။ လင္းဖန္၏ စူပါစတားဟူေသာ သ႐ုပ္မွန္ကို မေဖာ္ေသးပါ။

"၂၀ စတုရန္းမီတာ ဟုတ္လား။ စားေသာက္ဆိုင္က ေသးလိုက္တာ။ ႐ွန္ဟိုင္းမွာ အဲ့လိုစားေသာက္ဆိုင္မ်ိဳး မ႐ွိေလာက္ဘူးလို႔ ထင္ေနတာ။" လင္းခ်မ့္ခ်မ့္က ဆက္ေျပာလိုက္ပါသည္။

ထိုစကားကိုၾကားေသာအခါ လင္းယြီ႐ွစ္ အနည္းငယ္ ခံရခက္သြားေသာ္လည္း လင္းခ်မ့္ခ်မ့္ ေျပာတာ မွန္ပါသည္။

တကၠသိုလ္မွ ဘြဲ႕ရၿပီး ၃ ႏွစ္အၾကာတြင္ လင္းဖန္ ႐ွန္ဟိုင္းၿမိဳ႕၌ အလုပ္ႀကိဳးစားခဲ့ပါသည္။ ဝတၳဳေရးတာကလြဲၿပီး သူ နာမည္ မရခဲ့ပါ။

စတုရန္းမီတာ ၂၀ ေက်ာ္ေလာက္သာ ႐ွိသည့္ စားေသာက္ဆိုင္ငယ္တစ္ဆိုင္ကို သူ႕ေဆြမ်ိဳးမ်ားက ေစ်းေလွ်ာ့ကာ ငွားရမ္းေပးခဲ့သည္။

"ရပါတယ္။ ငွားထားတဲ့ အိမ္ဆိုရင္ေတာင္ အားလုံး တစ္ညေလာက္ေတာ့ ေနလို႔ရမွာပါ။ ငါ့အစ္ကိုက အိမ္ႀကီးက အႀကီးႀကီးလို႔ ေျပာသြားတယ္။" လင္းယြီ႐ွစ္က ေျပာလိုက္ပါသည္။

"ဟုတ္ပါၿပီ။ ဒါဆိုလည္း တစ္ညပဲ ေနၾကတာေပါ့။ ဒါေပမယ့္ တစ္ညပဲေနာ္။ မနက္ျဖန္ ေလွ်ာက္လည္ၾကမယ္။ နင့္အစ္ကိုနဲ႔ အခ်ိန္မ်ားမ်ား ျဖဳန္းလိုက္ဦး။" လင္းခ်မ့္ခ်မ့္က ေျပာလိုက္ပါသည္။

သူတို႔ လင္းဖန္အိမ္မွာ မေနခ်င္ၾကပါ။ သူတို႔အတြက္ လင္းဖန္အိမ္က မႀကီးလွေပ။ ငွားထားတဲ့ အိမ္တစ္လုံးက လူငါးေယာက္စာ ဆန္႔ႏိုင္ပါ့လား။

ထိုေကာင္မေလးမ်ားကလည္း တစ္ညေလာက္သာေနၿပီး လင္းယြီ႐ွစ္၏ အစ္ကိုကို မေႏွာင့္ယွက္ဖို႔ ဆုံးျဖတ္ထားပါသည္။

"ဟီးဟီး ေအးပါ။" လင္းယြီ႐ွစ္က ေခါင္းၿငိမ့္လိုက္သည္။

"နင့္အစ္ကို ငါတို႔ကို လာမႀကိဳဘူးလား။ ရပါတယ္။ ငါတို႔ ကားငွားသြားရေအာင္။ ကားတစ္စီးဝယ္ဖို႔ဆိုတာ လြယ္မွမလြယ္တာ။" လင္းခ်မ့္ခ်မ့္က ေျပာလိုက္ပါသည္။

တကၠစီထဲတြင္ ေကာင္မေလးမ်ား ထိုင္လိုက္ၾကပါသည္။

ဟြမ္းေဟြ႕လင္းက ေျပာလိုက္သည္။ "နင္တို႔ေတြ ေနာက္ဆုံးထြက္ ႐ုပ္သံဒရမ္မာကို ၾကည့္ၿပီးသြားၾကၿပီလား။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈအတြက္ ေခါင္းေဆာင္မင္းသားက လင္းဖန္တဲ့။ သူက အရမ္းေခ်ာၿပီး လူသစ္တစ္ေယာက္တဲ့။ သ႐ုပ္ေဆာင္လည္း ေကာင္းခ်က္။”

လင္းခ်မ့္ခ်မ့္ကလည္း ေခါင္းၿငိမ့္ကာ အားက်စြာျဖင့္ ေျပာလိုက္ပါသည္။ "ငါလည္း လင္းဖန္ရဲ႕ ပရိသတ္ပဲ။ လင္းဖန္က ၾကယ္ပြင့္ႀကီးေနာ္။ သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ အၾကင္နာေပးခန္းက ခ်ိဳၿမိန္လြန္းတယ္။ ငါ မနာလိုလိုက္တာ။ ဒီေလာက္ေခ်ာတဲ့လူမ်ိဳး႐ွိေနရတယ္လို႔။ ငါတို႔လင္းဖန္ကို အျပင္မွာ မေတြ႕ရတာ ႏွေျမာစရာပဲ။”

ဟြမ္းထ်န္ကလည္း ဝင္ေျပာသည္။ "ၾကယ္ပြင့္တစ္ေယာက္ကို ေတြ႕ဖို႔က လြယ္မလားဟဲ့။ ငါတို႔တစ္သက္လုံး ဒီလိုနာမည္ေက်ာ္မ်ိဳး ေတြ႕ေတာင္ ေတြ႕ႏိုင္မွာ မဟုတ္ဘူး။ လင္းဖန္က အခ်က္အျပဳတ္လည္း ေကာင္းတယ္လို႔ၾကားမိတယ္။”

လင္းယြီ႐ွစ္က ျပဳံးသာ ျပဳံးေနၿပီး ဘာမွဝင္မေျပာခဲ့ပါ။

သူမအစ္ကိုက ဒီေလာက္ေတာင္ ေတာ္ပါသည္။

တကၠစီဒ႐ိုင္ဘာက လိႈင္းျပာပင္လယ္ေအာ္အိမ္ရာဝင္ေပါက္တြင္ ကားကိုရပ္လိုက္ပါသည္။

ေကာင္မေလးမ်ား ကားေပၚက ဆင္းလာေသာအခါ သူတို႔ ဇေဝဇဝါျဖစ္ကုန္ၾကပါသည္။

ဒါက အဆင့္ျမင့္အိမ္ရာႀကီးနဲ႔ တူေနပါသည္။ ႐ွန္ဟိုင္း၏ အဆင့္ျမင့္ရပ္ကြက္မ်ားတြင္ မယုံႏိုင္စရာေကာင္းေသာ အိမ္ေစ်းႏႈန္းမ်ား ႐ွိၾကပါသည္။ လင္းခ်မ့္ခ်မ့္တစ္ေယာက္ အိမ္ရာ၏ အမည္ကို ျမင္လိုက္ေတာ့ အံ့အားသင့္သြားရပါသည္။ "ဘုရားေရ ဒါ ႐ွန္ဟိုင္းရဲ႕ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာပဲ။ တကယ့္ အဆင့္ျမင့္အိမ္ရာပဲ။ ဒီက ပ်မ္းမွ်အိမ္ေစ်းက အနည္းဆုံး ယြမ္ ၁၀၀,၀၀၀ ေလာက္ ႐ွိတယ္။ ငါတို႔ ေနရာမွားၿပီးေရာက္လာတာေတာ့ မဟုတ္ပါဘူးေနာ္။ လင္းယြီ႐ွစ္ နင့္အစ္ကိုက ဒီမွာ တကယ္ေနတာလား။မျဖစ္ႏိုင္ဘူးေနာ္။”

ဟြမ္းေဟြ႕လင္းကလည္း ဆက္ေျပာသည္။ "ဒီက အိမ္ေစ်းေတြက ၁ စတုရန္းမီတာကို ယြမ္ ၁၀၀,၀၀၀ ႐ွိတယ္။ ငါစိတ္ကူးထဲေတာင္ မထည့္ရဲဘူး။ ငါတို႔ဒီဘဝေတာ့ ဒီက အိမ္တစ္လုံးကို ဝယ္ႏိုင္မွာ မဟုတ္ဘူး။ လိႈင္းျပာပင္လယ္ေအာ္က ဗီလာေတြ အမ်ားႀကီး႐ွိတဲ့ အဆင့္ျမင့္အိမ္ရာႀကီးတစ္ခုပဲေလ။”

လင္းယြီ႐ွစ္လည္း ခဏေလာက္ ဆြံ႕အသြားပါသည္။ သူမလည္း အနည္းငယ္ ဇေဝဇဝါျဖစ္ေနသည္။ သို႔ေသာ္ လင္းဖန္ကို သူမ ယုံၾကည္ပါသည္။

လင္းဖန္၏ လုပ္ငန္းမွာ လြန္ခဲ့သည့္ႏွစ္အနည္းငယ္အတြင္း သိပ္ၿပီး အဆင္မေျပတာကို သူမသိသည္။ တကယ္ေတာ့ လင္းဖန္ကို သူမ ေက်းဇူးးတင္ပါသည္။ သူမ တကၠသိုလ္တက္ေနစဥ္ လင္းဖန္က လတိုင္း သူမကို ေနစရိတ္စားစရိတ္မ်ား ပို႔ေပးေလ့႐ွိသည္။

လင္းဖန္ အခု ၾကယ္ပြင့္ႀကီး ျဖစ္ေနရင္ေတာင္ သူ႕ပထမဆုံး ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးၿပီး႐ုံသာ ႐ွိပါေသးသည္။ အမ်ားဆုံး လစာ ယြမ္သန္းအနည္းငယ္သာ ရေလာက္သည္။ လင္းဖန္က တကယ့္ နာမည္ေက်ာ္ႀကီး ျဖစ္မလာေသးသေ႐ြ႕ သူ႕လစာက အမ်ားဆုံး သန္းဆယ္ခ်ီေလာက္သာ ရႏိုင္မည္။

႐ွန္ဟိုင္း၏ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာတြင္ ယြမ္သန္းအနည္းငယ္ေလာက္နဲ႔ အဆင့္ျမင့္အိမ္တစ္လုံး ဝယ္ယူဖို႔ မျဖစ္ႏိုင္ပါ။

ထို႔အျပင္ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာ၏ အိမ္ပိုင္႐ွင္မ်ားက ၎တို႔၏ အိမ္မ်ားကို တျခားလူမ်ားအား မငွားတတ္ပါ။ အိမ္ငွားခက မတရား ျမင့္မားေသာေၾကာင့္ ျဖစ္ပါသည္။

ထိုအခ်ိန္တြင္ အေဝးမွ Rolls-Royce Cullinan ကားတစ္စီး ေမာင္းႏွင္လာသည္။

Rolls-Royce Cullinan ကားႀကီးက ယြမ္ ၆.၈ သန္းတန္ ဇိမ္ခံကားတစ္စီး ျဖစ္ပါသည္။

"ဝိုး Rolls-Royce Cullinan SUV တစ္စီးပါလား။ ဒီလိုဇိမ္ခံကားႀကီးမ်ိဳးနဲ႔ တကယ္ပဲ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာက လူေတြအားလုံးက ခ်မ္းသာၾကတာပဲ။”

"လင္းယြီ႐ွစ္ နင့္အစ္ကိုက ဒီမွာ တကယ္ေနတာ ဟုတ္ပါ့မလား။ ငါတို႔ ေနရာမွားလာတာလား။ နင့္အစ္ကို ဘာလို႔လာမႀကိဳေသးတာလဲ။။” ေကာင္မေလးမ်ားက ေျပာလိုက္ပါသည္။ သူတို႔ ထပ္ေျပာဖို႔ ျပင္လိုက္စဥ္မွာပင္ လင္းဖန္က ကားထဲက ထြက္လာပါသည္။

ဒီေန႔ လင္းဖန္က ဝတ္စုံတစ္ခုကို ဝတ္ထားၿပီး အလြန္အမင္း ေခ်ာေမာေနပါသည္။ သူ႕ အနားက အရာအားလုံး အေရာင္ေမွးမွိန္သြားသလိုပင္။

လင္းဖန္၏ မ်က္ႏွာတစ္ခုတည္းနဲ႔ ေကာင္မေလးမ်ားစြာကို ဆြဲေဆာင္ႏိုင္သည္။

ယခု လင္းဖန္က စူပါစတားျဖစ္လာၿပီဆိုမွေတာ့...။

လင္းယြီ႐ွစ္က လင္းဖန္ကို ျမင္လိုက္ေသာအခါ သူမ၏ မ်က္လုံးမ်ားက အံ့ၾသမႈမ်ားျဖင့္ ျပည့္ႏွက္သြားပါသည္။

သူမအစ္ကို ဘယ္တုန္းက ဒီေလာက္ထိ ေတာက္ပလာတာလဲ။

သူမအစ္ကိုက တကယ္ႀကီး Rolls-Royce ဇိမ္ခံကားႀကီးကို ေမာင္းကာ ႐ွန္ဟိုင္းၿမိဳ႕က လိႈင္းျပာပင္လယ္ေအာ္အိမ္ရာမွာ ေနထိုင္ေနတာလား...။

ဒါဆို သူမအစ္ကို တကယ္ခ်မ္းသာေနတာေပါ့...။

"အစ္ကိုႀကီး" လင္းယြီ႐ွစ္က ခုန္ေပါက္ကာ လင္းဖန္ကို ေျပးဖက္လိုက္ပါသည္။

"ေရာက္လာၿပီလား။ ဒါနင့္သူငယ္ခ်င္းေတြလား။" လင္းဖန္က ျပဳံးကာ သူတို႔ကို ႏႈတ္ဆက္လိုက္ပါသည္။

"ဟုတ္တယ္။ ဟုတ္တယ္။" လင္းယြီ႐ွစ္က ေခါင္းၿငိမ့္လိုက္ပါသည္။

"ဒါဆို အိမ္ထဲ အတူတူဝင္ၾကရေအာင္ေလ။" လင္းဖန္က ျပဳံးလိုက္သည္။

ထိုအခ်ိန္တြင္ ေဘးနားက ေကာင္မေလးအားလုံး ၾကက္ေသေသကုန္ၾကပါသည္။ သူတို႔လင္းဖန္ကို ထိတ္လန္႔ၿပီး အံ့အားသင့္ေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။

အရင္တုန္းက လင္းဖန္ကို အင္တာနက္ေပၚမွာသာ ျမင္ဖူးသည္။ သို႔ေသာ္လည္း ဒီေန႔ေတာ့... လင္းဖန္ကို အျပင္မွာ ျမင္ဖူးခဲ့ပါၿပီ။

လင္းဖန္က သူ႕ Rolls- Royce ဇိမ္ခံကားႀကီးျဖင့္ အားလုံး၏ ေ႐ွ႕တြင္ မတ္တပ္ရပ္ေနသည္။ လင္းဖန္က လိႈင္းျပာပင္လယ္ေအာ္အိမ္ရာ၏ အဆင့္ျမင့္အိမ္တြင္ ေနထိုင္သည္။

ေကာင္မေလးမ်ားက လုံးဝ ၾကက္ေသ ေသေနပါၿပီ။

သူတို႔ တကယ္ႀကီး ဒီမွာ စူပါစတားတစ္ေယာက္နဲ႔ ဆုံေတြ႕ခဲ့ရသည္။

ထိုစူပါစတားက လင္းယြီ႐ွစ္၏ အစ္ကို လင္းဖန္ပဲ ျဖစ္ေနပါသည္။

အခန္း(၁၁၆) ႏွလုံးသားေရကန္ဗီလာရယ္၊ သန္းရာခ်ီတန္ေသာ ၿပိဳင္ကားမ်ား၊ လင္းယြီ႐ွစ္တစ္ေယာက္ မွင္သက္သြားခဲ့မိၿပီ

"ဝါး... တကယ္ႀကီး စူပါစတား လင္းဖန္ပဲ။”

"လင္းယြီ႐ွစ္ ေစာေစာက ဘာလို႔မေျပာတာလဲ။ နင့္အစ္ကိုႀကီးက ၾကယ္ပြင့္တစ္ေယာက္ပါလား။ လင္းဖန္က အျပင္မွာ ပိုေခ်ာတယ္။ တီဗီထဲမွာထက္ေတာင္ ပိုေခ်ာေသးတယ္။”

"ဘုရားေရ လင္းဖန္က စူပါၿပိဳင္ကားႀကီး ေမာင္းလာတာပဲ။ Rolls-Royce Cullinan တစ္စီးက သန္းေပါင္းမ်ားစြာတန္တယ္...။”

"စူပါစတားကို လူကိုယ္တိုင္ ျမင္လိုက္ရတယ္။ ဘုရားဘုရား... ဒါအိပ္မက္မဟုတ္ပါဘူးေနာ္။”

ေကာင္မေလးမ်ားက စိတ္အားထက္သန္စြာ ေျပာဆိုေနၾကပါသည္။

သူတို႔က လင္းဖန္၏ ပရိတ္သတ္မ်ားျဖစ္ၿပီး လင္းယြီ႐ွစ္၏ အတန္းေဖာ္မ်ား ျဖစ္ၾကပါသည္။

လင္းယြီ႐ွစ္မွာ တကယ္ႀကီး ဒီေလာက္ အံ့ၾသဖို႔ ေကာင္းသည့္ အစ္ကိုတစ္ေယာက္ ႐ွိေနပါသည္။

ဟြမ္ေဟြ႕လင္း ယြမ္ခ်မ့္ခ်မ့္နဲ႔ ဟြမ္ထ်န္တို႔အားလုံး အံ့ၾသကုန္ၾကပါသည္။

စူပါစတားတစ္ေယာက္က သူတို႔ေ႐ွ႕တည့္တည့္မွာ ရပ္ေနသည္။

သူတို႔ လင္းဖန္ကို ဘာေျပာရမွန္းေတာင္ မသိေတာ့ပါ။

သူတို႔ လင္းဖန္၏ ဇိမ္ခံကားႀကီးကိုလည္း ျမင္ၿပီးပါၿပီ။ လင္းဖန္က ၾကယ္ပြင့္ႀကီးတစ္ပြင့္ ျဖစ္႐ုံတင္မကေသးဘဲ အရမ္းလည္း ခ်မ္းသာပါသည္။

ေကာင္မေလးမ်ားက စိတ္လႈပ္႐ွားစြာျဖင့္ ေအာ္ဟစ္လိုက္ၾကသည္။

"ေအး နင္တို႔ေတြကို အံ့ၾသသြားေအာင္လုပ္ဖို႔ မေျပာျပခဲ့တာ။” လင္းယြီ႐ွစ္က ေျပာလိုက္ပါသည္။ လင္းဖန္ေဘးမွာ သူမ၏ မ်က္ႏွာကလည္း အံ့အားသင့္မႈမ်ားျဖင့္ ျပည့္ႏွက္ေနပါသည္။

လင္းဖန္ေၾကာင့္ သူမလည္း အံ့ၾသသြားရသည္။

သူမ၏ အစ္ကိုျဖစ္သူ ဒီေလာက္ထိ ေအာင္ျမင္ေနလိမ့္မည္ဟု ထင္မထားခဲ့ပါ။

လင္းဖန္က ဇိမ္ခံကားႀကီးတစ္စီးကို ေမာင္းၿပီး အဆင့္ျမင့္ အိမ္ရာတစ္ခုတြင္ ေနထိုင္သည္။ လင္းယြီ႐ွစ္ သူ႕အတြက္ တကယ္ ေပ်ာ္ပါသည္။

ေနာက္ဆို သူ႕အစ္ကိုကို ပူဆာခ်င္တာ ပူဆာႏိုင္ပါၿပီ။

"အထဲဝင္ၾကေလ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

ကံေကာင္းစြာျဖင့္ ဒီေန႔ ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔ကို အိမ္ေခၚမလာခဲ့ပါ။ မဟုတ္ပါက ဒီပရိတ္သတ္မ်ားနဲ႔ တိုးႏိုင္ပါသည္။

ထိုသို႔ျဖစ္လာပါက ႐ွင္းျပဖို႔ ခက္ခဲလိမ့္မည္။

ထို႔ေၾကာင့္နဲ႔ လင္းဖန္ ေရပန္းစားသည့္ အေၾကာင္းအရာမ်ား ထပ္ျဖစ္လာပါက မေကာင္းမြန္ႏိုင္ပါ။

လင္းယြီ႐ွစ္က ေ႐ွ႕ထိုင္ခုံတြင္ထိုင္ၿပီး ေကာင္မေလးမ်ားကေတာ့ ခရီးသည္ခုံတြင္ ထိုင္ၾကပါသည္။

သူတို႔က လင္းဖန္ကို မယုံၾကည္ႏိုင္စြာ ေငးေနၾကသည္။ သူတို႔ လိႈင္းျပာ ပင္လယ္ေအာ္အိမ္ရာ၏ လူေနရပ္ကြက္ႏွင့္ အဆင့္ျမင့္ အိမ္ရာမ်ားကို ျဖတ္သန္းၿပီး ႏွလုံးသားေရကန္ဗီလာသို႔ ေရာက္လာခဲ့ပါသည္။

ေကာင္မေလးမ်ား အံ့ၾသကုန္ၾကသည္။

ဘာေၾကာင့္မွန္းမသိဘဲ သူမတို႔ ဒီမွာပဲ တစ္သက္လုံး ေနပစ္လိုက္ခ်င္ပါေတာ့သည္။

လင္းဖန္က ဗီလာတစ္လုံးတြင္ ေနထိုင္သည္။

လိႈင္းျပာပင္လယ္ေအာ္က ဗီလာတစ္လုံး ျဖစ္၏။

Rolls-Royce Cullinan ကားႀကီးက ဗီလာမ်ားကို ျဖတ္ေမာင္းကာ အလယ္ဗဟိုတည့္တည့္သို႔ ဦးတည္ေနသည္။

ဗီလာအိမ္ရာ၏ အလယ္ဗဟိုတြင္ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာ၌ တန္ဖိုးအႀကီးဆုံး ႏွလုံံးသားေရကန္ဗီလာႀကီး တည္႐ွိပါသည္။

ဒီက႐ႈခင္းမ်ားက လွပလြန္းသည္။ ေနဝင္ေသာအခါ ေပ်ာက္ကြယ္သြားေသာ ေနမင္းနဲ႔အတူ  ငွက္ကေလးမ်ားကလည္း ပ်ံသန္းသြားပါသည္။ ေဆာင္းဦးရာသီ ေရျပင္ကလည္း အေရာင္အေသြး တူညီေနသည္။

လူမ်ားစြာက ပင္လယ္ေဘးတြင္ ေနပူစာလႈံေနၾကပါသည္။

ဒီက သစ္ပင္ပန္းမန္မ်ား၊ လုံျခဳံေရး၊ ႐ႈခင္း ဘာမဆို ေကာင္းမြန္လြန္းလွပါသည္။ တကယ့္ သူေဌးႀကီးမ်ားသာ ဒီဗီလာႀကီးထဲတြင္ ေနႏိုင္သည္။

ဒီက ဗီလာမ်ားထဲတြင္ ေနထိုင္ျခင္းက သူေဌးတစ္ဦး၏ လကၡဏာ ပဲျဖစ္သည္။ ေကာင္မေလးမ်ား ဒီလို႐ႈခင္းမ်ိဳး ျမင္ဖူးတာ ပထမဆုံးအႀကိမ္ ျဖစ္ပါသည္။

တကယ့္ဗီလာအိမ္ရာႀကီးက ႀကီးမားလြန္းပါသည္။

ေဘာလုံးကြင္းကစလို႔ ေရကူးကန္နဲ႔ အကင္စက္မ်ားအထိ အားလုံး႐ွိပါသည္။

လင္းဖန္၏ ဗီလာက သုံးထပ္ျမင့္သည္။ ၁,၀၀၀ စတုရန္းမီတာထက္ပင္ ေက်ာ္ေနပါၿပီ။

ထို႔အျပင္ ႐ွန္ဟိုင္းၿမိဳ႕က ေစ်းအႀကီးဆုံး ဗီလာမ်ားထဲက တစ္ခု ျဖစ္ပါသည္။

ယွဥ္ၾကည့္လိုက္လွ်င္ လင္းခ်မ့္ခ်မ့္၏ အစ္ကို ႐ွန္ဟိုင္းၿမိဳ႕ျပင္တြင္ ၅၀၀ စတုရန္းမီတာ ဗီလာတစ္လုံး ပိုင္ဆိုင္ထားျခင္းမွာ ဘာမွ မဟုတ္ပါ။ ခ်က္ခ်င္းပဲ အႏိုင္ယူခံလိုက္ရပါၿပီ။

႐ွန္ဟိုင္း၏ ၿမိဳ႕ျပင္နဲ႔ ၿမိဳ႕တြင္း အိမ္ေစ်းမ်ားက လုံးဝျခားနားသည္။ ႐ွန္ဟိုင္းမွာတင္မကဘဲ တျခားၿမိဳ႕ေပါင္းစုံမွာလညး ထိုနည္းလည္းေကာင္း ျဖစ္ပါသည္။

ၿမိဳ႕တိုင္း၏ အလယ္ဗဟိုမ်ားတြင္ ဆင္ေျခဖုံးမ်ားထက္ အိမ္ေစ်းမ်ားက အမ်ားႀကီး ပိုျမင့္ပါသည္။ ဆင္ေျခဖုံးမ်ားကို ဗီလာအိမ္ရာမ်ားအျဖစ္ ေျပာင္းလဲျခင္းကသာ ၿမိဳ႕ေတာ္ ဗဟိုက အိမ္ေစ်းမ်ားကို ေက်ာ္လြန္ႏိုင္ေသာ တစ္ခုတည္းေသာ နည္းလမ္း ျဖစ္ပါသည္။ သို႔ေသာ္လည္း ဆင္ေျခဖုံးမ်ားကို ဗီလာအိမ္ရာမ်ားအျဖစ္ ေျပာင္းလဲလိုက္ရင္ေတာင္ ဗီလာမ်ားျဖစ္ေနဆဲပင္။ သာမန္လူမ်ားက ေနဖို႔မတတ္ႏိုင္ၾကပါ။ လင္းဖန္ ဂိုေထာင္ထဲသို႔ ကားကို ေမာင္းထည့္လိုက္ေတာ့ ေကာင္မေလးမ်ား ထေအာ္လိုက္ျပန္သည္။

အခု Rolls-Royce Cullinan က အစသာ ႐ွိပါေသးသည္။ ဂိုေထာင္ထဲ၌ ေကာင္မေလးမ်ားကို ထိတ္လန္႔သြားေစေသာ တန္ဖိုးႀကီးကားမ်ား ႐ွိေနပါေသးသည္။

ထိုတန္ဖိုးႀကီးကားမ်ားကို အတိအက်မသိေသာ္လည္ တန္ဖိုးႀကီးကားမွန္းေတာ့ ျမင္႐ုံနဲ႔ သိပါသည္။ သူေဌးမ်ားသာ ေမာင္းႏိုင္သည့္ ၿပိဳင္ကားမ်ား ျဖစ္သည္။ သာမန္လူေတြက ငွားေတာင္ မငွားႏိုင္ၾကပါ။

Bugatti La Voiture Noire နဲ႔ Koenigsegg One ဟုေခၚသည့္ ၿပိဳင္ကားမ်ားျဖစ္ၾကသည္။

"အဲ့တာေတြက Bugatti နဲ႔ Koenigsegg ေတြ မဟုတ္ဘူးလား။ သန္းဆယ္ခ်ီၿပီးတန္တဲ့ကားေတြ ျဖစ္မယ္ထင္တယ္။” ဟြမ္ေဟြ႕လင္းက စိတ္လႈပ္႐ွားစြာ ေျပာလိုက္ပါသည္။

"သန္းဆယ္ခ်ီေလာက္တယ္။ ဒီလို ၿပိဳင္ကားမ်ိဳးေတြက အရမ္းလွတာပဲ။ လင္းဖန္က ဒီေလာက္ေတာင္ လွပတဲ့ ၿပိဳင္ကားႀကီး ေမာင္းႏိုင္တယ္။ ဒီလိုအစ္ကိုမ်ိဳးရထားတာ မနာလိုျဖစ္လိုက္တာ" ဟြမ္ထ်န္ကေျပာလိုက္ပါသည္။

ထိုအခ်ိန္တြင္ လင္းခ်မ့္ခ်မ့္က ပါးစပ္ပြင့္လာၿပီး ေျပာလိုက္ပါသည္။ "မဟုတ္ဘူး ငါေျပာျပမယ္။ ဒိၿပိဳင္ကားႏွစ္စီးက Limited Edition ၿပိဳင္ကားႀကီးေတြပဲ။ ခုေလးတင္ အြန္လိုင္းေပၚမွာ ႐ွာလိုက္တာ။ အဲ့ဒီၿပိဳင္ကားႏွစ္စီးက သန္းရာခ်ီၿပီးတန္တယ္။”

"လင္းဖန္က သန္းရာခ်ီတဲ့ ၿပိဳင္ကားေတြေမာင္းၿပီး သန္းရာခ်ီတန္တဲ့ ဗီလာႀကီးတစ္လုံးမွာ ေနတာေပါ့။ ေခ်ာလည္း အရမ္းေခ်ာတယ္...." လင္းခ်မ့္ခ်မ့္က လင္းဖန္ကို သူမ၏ လွပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္ပါသည္။ ဘယ္လိုမိန္းကေလးက ဒီလိုလူမ်ိဳးကို သေဘာမက်ဘဲေနမည္နည္း။

သူမသာ လင္းဖန္၏ ေကာင္မေလး ျဖစ္လာႏိုင္ပါက ၿပိဳင္ကားေကာ စံအိမ္ႀကီးတစ္လုံးကိုပါ ပိုင္ဆိုင္ႏိုင္မည္ဟူသည့္သေဘာပင္။ ဒီမွာ တရားဝင္လည္း ေနထိုင္ႏိုင္လိမ့္မည္။

အေရးအႀကီးဆုံးက သူမသာ လင္းဖန္၏ ေကာင္မေလးျဖစ္လာပါက မိန္းကေလးဘယ္ေလာက္မ်ားမ်ား မနာလိုျဖစ္ၾကမလဲ။ ေဝ့ေပၚ ေပၚက ပရိတ္သတ္ ၁၀ သန္းတြင္ ၈ သန္းေလာက္က မိန္းကေလးမ်ား ျဖစ္ၾကသည္။ ထို ၈ သန္းစလုံး မနာလိုျဖစ္ၿပီး ေသသြားႏိုင္ပါသည္။ ေကာင္မေလးသုံးေယာက္သား လင္းယြီ႐ွစ္ကို မနာလိုျဖစ္မိၾကပါသည္။ လင္းဖန္၏ ေကာင္မေလး ဘယ္သူပဲျဖစ္လာပါေစ လင္းယြီ႐ွစ္က သူ႕ညီမအရင္း ျဖစ္သည္။

ဒီေလာက္ေကာင္းသည့္ အစ္ကိုမ်ိဳး ရ႐ွိထားသျဖင့္ ဘယ္သူက မနာလိုမျဖစ္ဘဲေနပါ့မလဲ။

ဘဝျခားတယ္ဆိုတာ ဒါမ်ိဳးလား။

လင္းဖန္၏ ညီမအစ္ရင္းျဖစ္သျဖင့္ လင္းယြီ႐ွစ္က ေနာက္ဆို ၾကယ္ပြင့္ႀကီးမ်ားနဲ႔ ဆုံႏိုင္လိမ့္မည္ဟု သေဘာသက္ေရာက္သည္။ သူမ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔၏ ဝီခ်က္နံပါတ္မ်ားကိုပင္ ရႏိုင္ပါသည္...။

ဒီေလာက္ သာယာသည့္ ဘဝမ်ိဳး ႐ွိႏိုင္တာ သူမ မသိခဲ့ပါ။

"အစ္ကိုႀကီး နင္ဘယ္တုန္းက ၿပိဳင္ကားသုံးစီး ပိုင္သြားတာလဲ။ ႏွစ္စီးက ၿပိဳင္ကားႀကီးေတြ။ တကယ္ သန္းရာခ်ီတန္ဖိုး႐ွိတာလား။" လင္းယြီ႐ွစ္က လင္းဖန္၏ လက္ေမာင္းကို ဆြဲကာ ေမးလိုက္ပါသည္။

အေၾကာင္းမသိပါက လင္းဖန္နဲ႔ လင္းယြီ႐ွစ္တို႔ကို စုံတြဲမ်ားဟု ထင္သြားႏိုင္သည္။ လင္းယြီ႐ွစ္က အသက္ ၁၉ ႏွစ္႐ွိပါၿပီ။ လက္႐ွိ တကၠသိုလ္ ဒုတိယႏွစ္ေရာက္ေနၿပီျဖစ္ကာ အ႐ြယ္ေရာက္ေနပါၿပီ။ အလြန္လည္း လွပသည္။ ဒီလိုနဲ႔ လင္းဖန္၏ လက္ေမာင္းကို တြဲလာခဲ့သည္။

သူတို႔လမ္းမမ်ားတြင္ လမ္းေလွ်ာက္ၾကေသာအခါ အားလုံးက လင္းဖန္ကို မနာလိုျဖစ္ၾကသည္။ ႏြားအို ျမက္ႏုစားေနသလိုပင္။ "အင္း၊ ယြမ္ သန္း ၁၀၀ ေက်ာ္ေက်ာ္ေလာက္ပါပဲ။ သိပ္မမ်ားပါဘူး။ အခန္းထဲ ဝင္နားေတာ့ေလ။" လင္းဖန္က ေျပာလိုက္ပါသည္။ တံခါးဆီသို႔ သူေလွ်ာက္သြားလိုက္ၿပီး ဖြင့္ဖို႔ ျပင္လိုက္သည္။ "ယြမ္ သန္း ၁၀၀ ေက်ာ္ေက်ာ္ေလးတဲ့လား..." ထိုစကားကိုၾကားေသာအခါ လင္းယြီ႐ွစ္ အနည္းငယ္ စိတ္ပ်က္သြားမိသည္။

သူမ တကၠသိုလ္တြင္ စာႀကိဳးစားေနျခင္းမွာ အနာဂတ္တြင္ လူ႕အသိုင္းအဝိုင္းထဲ ဝင္ေရာက္ကာ အလုပ္ေကာင္းေကာင္း ရလိုေသာေၾကာင့္ ျဖစ္ပါသည္။ သူမ ပိုက္ဆံ႐ွာခ်င္ၿပီး ေငြေရးေၾကးေရးအရ မမွီခိုရသူ ျဖစ္ခ်င္သည္။ ထို႔ေနာက္ ဒီႏွစ္ေတြအတြင္း သူမကို တစ္ကိုယ္ေကာင္းမဆန္စြာ ေထာက္ပံ့ေပးခဲ့သည့္ လင္းဖန္ကို ေက်းဇူးျပန္ဆပ္ကာ မိသားစုကိုလည္း ေထာက္ပံ့ေပးႏိုင္ပါလိမ့္မည္။

သို႔ေသာ္လည္း အခုေတာ့ သူမ ပညာေရး ဘယ္ေလာက္ပဲ ေတာ္ေနပါေစ လင္းဖန္ကို မယွဥ္ႏိုင္ေတာ့ပါ။

ၿပိဳင္ကားတစ္စီးကို ယြမ္ သန္း ၁၀၀ ဆို ႏွစ္စီးဆိုလွ်င္ ယြမ္ သန္း ၂၀၀ ေက်ာ္ေနပါၿပီ။

လင္းဖန္၏ မ်က္လုံးထဲမွာ ဒါေတြက ဘာမွ မဟုတ္ပါ။

ဆင္းဟြာႏွင့္ ေပက်င္းတကၠသိုလ္က ထိပ္တန္းေက်ာင္းသားေတြေတာင္ ယြမ္ သန္း ၂၀၀ ဘယ္ေတာ့မွ ရႏိုင္မွာ မဟုတ္ေပ။

Continue Reading

You'll Also Like

591K 15.2K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
1.7M 93.1K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
431K 53.4K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...