သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-109+110

535 35 0
By Miracle_Phyu97

လင်းဖန် 109+110

အခန်း(၁၀၉) လင်းဖန်က အဆိုလည်း ကောင်းတာပဲ

တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ကောမန့်များစွာ ဝင်ရောက်လာပါသည်။

"ဟားဟားဟား လင်းဖန်က ချောလွန်းပြီး ဂုဏ်သိက္ခာလည်းရှိလိုက်တာ။ ငါနည်းနည်းတောင် မနာလိုဖြစ်လာပြီ။ လခွမ်း သူက တကယ်ကြီး ငွေရေးကြေးရေး စိတ်မဝင်စားဘူးပဲ။"

"လင်းဖန်က တကယ်ချမ်းသာတယ်ထင်တယ်။ သူ့မှာ စံအိမ်ကြီးတွေ ပြိုင်ကားကြီးတွေ အများကြီးရှိတယ်လို့ ကြားတယ်။”

"လင်းဖန်မှာ စံအိမ်ကြီးတွေရှိတယ်ဆိုတဲ့ကောင် ငါ့မှာလည်း ဇိမ်ခံအိမ်ကြီးတွေ ရာနဲ့ချီပြီး ရှိတယ်ကွ။”

"လင်းဖန်က ငါ့မင်းသားလေးပဲ။ ဘဝရဲ့ပျော်ရွှင်မှုနဲ့ လင်းဖန် ဇာတ်ညွှန်းသစ်ရေးမှာကို မျှော်လင့်နေမိပြီ။ အရင်တုန်းက ရုပ်သံဒရမ်မာတွေကို မကြည့်နိုင်ဘူး။ အခုတော့ ငါကြည့်နိုင်တဲ့ ရုပ်သံဒရမ်မာတစ်ခု ပေါ်လာပြီ။”

"ဘဝရဲ့ပျော်ရွှင်မှုကို ရေးထားတာ အရမ်းကောင်းတယ်။ လင်းဖန်ရဲ့ ဇာတ်ညွှန်းရေးတဲ့ အဆင့်က တကယ့်ထိပ်တန်းပဲ။ အဓိကအချက်က ချောလည်းချောပြီး ဇာတ်ညွှန်းရေးစကေးက ဒီလောက်ကောင်းနိုင်ရတာလဲ။ သူ့ရုပ်ရည် တစ်ခုတည်းနဲ့ ဝင်ငွေရနိုင်တာလား။”

ဘဝရဲ့ပျော်ရွှင်မှုအား စတင်ထုတ်လွှင့်ပြီးသောအခါ အင်တာနက်အပေါ်က လူထု၏ အမြင်များ အလွန်ပြောင်းလဲသွားကြပြီ ဖြစ်ပါသည်။ လင်းဖန်ကို တိုက်ခိုက်သည့် လူများက ပျောက်ကွယ်သွားလေပြီ။ လက်ရှိ လင်းဖန်မှာ ပရိတ်သတ်သန်းဆယ်ချီရှိသည့် စူပါစတားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ရုပ်သံဒရမ်မာတစ်ခုက လင်းဖန်ကို ပရိတ်သတ်များစွာ ပေးစွမ်းခဲ့၏။

ထိုရုပ်သံဒရမ်မာက လင်းဖန်ကို တကယ်ရေပန်းစားလာစေခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မေးခွန်းများစွာ မေးခဲ့၏။

သတင်းစာရှင်းလင်းပွဲပြီးခါနီးသောအခါ တင်ဆက်သူက လင်းကျင်းကျင်းကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "လင်းကျင်းကျင်း ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေးဖြစ်တဲ့ ထာဝရဆန္ဒက အရမ်းနားထောင်လို့ ကောင်းတယ်နော်။ လင်းကျင်းကျင်း ရေးစပ်ထားတာလား။ ကျွန်တော်တို့အတွက် အဲ့ဒီသီချင်းကို ဆိုပေးနိုင်မလားဗျ။”

လင်းကျင်းကျင်းက အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပြီး သီချင်းဆိုအလွန်တော်ပါသည်။

ထင်ထားသည့်အတိုင်း တင်ဆက်သူ ပြောပြီးသွားသောအခါ စင်အောက်မှ အားပေးသံများစွာ ထွက်ပေါ်လာခဲ့သည်။

လင်းကျင်းကျင်းက ခေါင်းခါလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ "ထာဝရဆန္ဒ ဇာတ်ဝင်တေးကို လင်းဖန် ရေးထားတာာပါ။ သူရေးထားတဲ့ ဇာတ်ဝင်တေးက ကောင်းလွန်းတယ်။ သူသာ ဒီသီချင်းကို ဆိုမယ်ဆို သေချာပေါက် ခြားနားမှာ။ ပြီးတော့လည်း လင်းဖန်ရဲ့ သီချင်းဆိုစွမ်းရည်ကလည်း အရမ်းကောင်းပါတယ်။”

ထို့နောာက် အားလုံး လင်းဖန်ကို ပြန်လည်အာရုံစိုက်သွားကြပါသည်။

ဇာတ်ဝင်တေးဖြစ်သော ထာဝရဆန္ဒက အလွန်လှပစွာ ရေးစပ်ထားခြင်းဖြစ်ပြီး နားထောင်လို့ အလွန်ကောင်းပါသည်။

ထို့ကြောင့် ပရိတ်သတ်များက ဇာတ်ဝင်တေးကို ခဏခဏ နားထောင်နေကြသည်။ အထူးသဖြင့် ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ပြသသောအခါ သီချင်းကို ကျော်ပစ်သည့်လူ အလွန်နည်းပါသည်။

ဒီဇာတ်ဝင်တေးက အလွန်ကောင်းမွန်လွန်းလှပါသည်။

တချို့က ဖုန်းများပေါ်တွင် ထိုသီချင်းကို ဆက်တိုက် ဖွင့်ထားကြသည်။

စာသားဖြစ်ဖြစ်၊ မုဒ်ဖြစ်ဖြစ်၊ သီချင်းဖြစ်ဖြစ် အားလုံး ကောင်းလွန်းပါသည်

သီချင်းနုတ်စ်တိုင်းနှင့်  ကာရန်တိုင်းက အားလုံး၏ နှလုံးသားကို ညှို့ယူသွားသည်။

ထို့ကြောင့်လည်း တင်ဆက်သူက လင်းကျင်းကျင်းကို တိုက်ရိုက်သီဆိုစေချင်ခြင်း ဖြစ်ပါသည်။

အဆိုနတ်သမီးဟု လူသိများသော လင်းကျင်းကျင်း ဖြစ်သည်။ ဒါတင်မကသေးဘဲ သူမက အသံသရုပ်ဆောင်လည်း လုပ်ပါသေးသည်။ ယခုတော့ စင်အောက်က ပရိတ်သတ်များနဲ့ တိုက်ရိုက်ကြည့်ရှုနေသူများက မျှော်လင့်နေကြပါသည်။

သူတို့ ရင်ထဲက အဆိုနတ်သမီး လင်းကျင်းကျင်းမှာ လင်းဖန်ကို ဒီသီချင်းဆိုခိုင်းဖို့ အကြံပေးနေပါသည်။

အဓိက အကြောင်းအရင်းကတော့ ထာဝရဆန္ဒသီချင်းကို လင်းဖန်က ရေးစပ်ထားခြင်းကြောင့်ပင်။

စင်အောက်က ပရိတ်သတ်များ အံ့သြသွားကြသည်။

သီချင်းအကြောင်းနားလည်သည့် အနုပညာရှင်များ၊ နာမည်ကျော်များလည်း ရှိနေကြသည်။ သူတို့လည်း ဂီတဖန်တီးခြင်း၏ ခက်ခဲမှုကို နားလည်သည်။

ဒါက ထူးချွန်လွန်းပါသည်။

လင်းဖန် ဇာတ်ညွှန်းရေးတော်တာနဲ့ပင် ချီးကျူးဖို့ကောင်းနေပါပြီ။ ဇာတ်ညွှန်းရေး စကေးကို ဇာတ်လမ်းကောင်း ဇာတ်ညွှန်းကောင်း ဖန်တီးဖို့ အဓိက အသုံးပြုနိုင်သည်။ ဇာတ်ဝင်တေး ရေးစပ်ခြင်းနဲ့ ဘာမှ မဆိုင်ပါ။

ယခု လင်းကျင်းကျင်းကပင် လင်းဖန်ကို ချီးကျူးနေပါသည်။

လင်းဖန်ရဲ့ အဆိုစွမ်းရည်က အဲ့လောက် ကောင်းလို့လား။

"ရပါတယ်။ ဒါပေမယ့် နားထောင်ချင်တယ်ဆိုရင် ကျွန်တော် တစ်ခေါက်လောက် ကြိုးစားပြီး ဆိုပေးပါ့မယ်။" လင်းဖန်က ပြုံးလိုက်ပြီး မငြင်းခဲ့ပါ။

သူ ဘဝရဲ့ပျော်ရွှင်မှု နောက်ဆက်တွဲ ထုတ်လုပ်ရေးတွင် ပါဝင်ခဲ့စဥ်က ဒီလိုဖြစ်လာမှာကို လင်းဖန်ကြိုတွေးပြီးသား ဖြစ်သည်။

ရုပ်သံဒရမ်မာထဲတွင် ဇာတ်ညွှန်း၊ ဇာတ်လိုက်နှင့် သရုပ်ဆောင်စွမ်းရည်၊ နောက်ဆက်တွဲ ထုတ်လုပ်ရေးအားလုံးတို့က အရေးပါသည်။

သို့သော်လည်း လူတွေကို ခံစားချက်အများဆုံး ပေးနိုင်တာ ဘာလဲ။ အသေးစိတ် ဖြစ်သည်။

နောက်ခံအသံတိုင်းနဲ့ တေးသွားတိုင်းကို သူ ဂရုစိုက်ပြီး ကြည့်သည်။ နားထောင်ကြည့်ပြီး ပိုပြီး အဆင့်မြှင့်နိုင်မလား ရှာဖွေခဲ့၏။

တခြား ဇာတ်ညွှန်းရေးဆရာများမှာ သီချင်းရေးစပ်သည့် အစွမ်းအစမရှိနိုင်သော်လည်း လင်းဖန်မှာတော့ ရှိပါသည်။

ဇာတ်ညွှန်းရေးဆရာကြီးတစ်ယောက် ဖြစ်ရုံသာမကဘဲ သူ့အဆိုစွမ်းရည်ကလည်း အလွန် ထူးခြားသည်။ နှစ်ခုစလုံးကို ပေါင်းလိုက်သောအခါ လင်းဖန် ဖန်တီးထားသည့် စာသားနဲ့ သီချင်းတို့က ပေါင်းစပ်ပြီး ပြီးပြည့်စုံသည့် ဂန္တဝင်လက်ရာ ဖြစ်လာပါသည်။

လူများစွာ၏ မျှော်လင့်စောင့်စားမှုနှင့် ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ ကုမ္ပဏီတို့က သူ့ဘေးမှာ ရှိနေသဖြင့် လင်းဖန်မငြင်းတော့ဘဲ ဇာတ်ဝင်တေးကို တိုက်ရိုက်သီဆိုဖို့ ပြင်ဆင်လိုက်ပါသည်။

နောက်ခံသံစဥ်နဲ့အတူ လင်းဖန် စတင်သီဆိုခဲ့ပါသည်။

(နှင်းတောင်ကမ်းပါးကို ကြားဖူးလား)

(လူတွေကို အတွေးထဲ နစ်မြောသွားစေတဲ့နေရာ)

လင်းဖန် ပါးစပ်ဟလိုက်တာနှင့် ထူးခြားသည့် အသံတစ်ခုကို သူ့သီဆိုသံနဲ့အတူကြားနိုင်ပါသည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားကြပါသည်။

ဘေးပတ်လည်က လူအားလုံး အေးခဲသွားသလိုပင်။

အားလုံးက စင်လယ်က လင်းဖန်ကို ကြည့်နေကြပါသည်။ ၎င်းတို့၏ မျက်လုံးများက အံ့သြမှုနဲ့ အထင်ကြီးမှုတို့ဖြင့် ပြည့်နှက်နေကြပါသည်။

သီချင်းအကြောင်း နားလည်သည့် လူများကတောင် လင်းဖန်၏ ပထမဆုံး စာသားကို ကြားလိုက်ရသောအခါ မှင်သက်သွားကြပါသည်။

ပရိတ်သတ်တချို့က ရေခဲမုန့်များ စားနေရင်း ၎င်းတို့၏ ရေခဲမုန့် အရည်ပျော်ကျသွားတာကိုပင် သတိမထားမိလိုက်ကြပါ။

အဘယ့်ကြောင့်ဆိုသော်... လင်းဖန်၏ အဆိုစွမ်းရည်က ကောင်းလွန်းသောကြောင့်ပင်။ ပထမစာသားနဲ့တင် အားလုံးကို အံ့သြသွားစေသည်။

သိမ်မွေ့ပြီး သာယာသည့် သီချင်းနုတ်စ်နှင့် လင်းဖန်တို့၏ အသံက အားလုံး၏ နားထဲဝင်ရောက်လာသည်။

ဒါ... ကောင်းကင်ဘုံက တေးသွားလိုပါပဲလား။

စာသားတစ်ကြောင်းတည်းနဲ့ ထိုလူများက လင်းဖန်၏ အဆိုစွမ်းရည်ထဲ နက်နက်ရှိုင်းရှိုင်း နစ်မြောသွားကြပါပြီ။

လင်းကျင်ကျင်းတောင် ထိုနည်းလည်းကောင်း ဖြစ်သည်။ သူမ၏ လှပသောမျက်လုံးများက လင်းဖန်ကို ကြည့်လိုက်ပြီး ချိုသာစွာ ပြုံးလိုက်ပါသည်။ သူမကလည်း အဆိုနတ်သမီး ဖြစ်ပါသည်။ သို့သော် လင်းဖန်ရှေ့မှာတော့ သူနဲ့ မယှဥ်နိုင်တော့ဘူးဟု ခံစားမိပါသည်။

ဆရာမမိန့်လန်တောင် လင်းဖန်ကို အလွန်ချီးကျူးခဲ့သည်။ သူ့ဂီတကျွမ်းကျင်မှုက တခြားသူများစွာထက်ပင် ကျော်လွန်နေပါပြီ။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် ကြည့်ရှုသူသန်းနဲ့ချီပြီး ရှိနေပါသည်။ လင်းဖန်၏ အသံကို ကြားပြီးသောအခါ...

တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး ၂ စက္ကန့်လောက် ငြိမ်သက်သွား၏။

ထို ၂ စက္ကန့်အတွင်း မည်သူမှ ကောမန့်မရေးကြပါ။

၂ စက္ကန့်ကြာသောာအခါ တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုလုံး ဗြောင်းဆန်သွားခဲ့ပါသည်။

(ငါ ဒူးထောက်အရှုံးပေးပါပြီ၊ ဒါအဆိုနတ်ဘုရားပဲဟေ့။ ဒီရုပ်သံစီးရီးအတွက် ဇာတ်ဝင်တေးကို ပညာရှင်တစ်ယောက်က ဆိုထားသလိုပဲ။ ပညာရှင်တွေတောင် လင်းဖန်လောက် တော်မှာ မဟုတ်ဘူး။)

"ကျိုးကျယ်လွင်ရဲ့ ဖျော်ဖြေမှုကို ရောက်နေတယ်လို့ ဘာလို့ခံစားမိပါလိမ့်။ လင်းဖန် အဆိုကောင်းလွန်းတယ်။ သူက တကယ့်အဆိုနတ်ဘုရားပဲ။"

ခန်းမထဲတွင် လင်းဖန် သီဆိုနေဆဲ ဖြစ်သည်။

သူ့စိတ်ခံစားချက်များအား ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေးထဲသို့ နှစ်မြှုပ်ထားသဖြင့် လင်းဖန် သီဆိုသည့်အခါ သီချင်းထဲတွင် နက်ရှိုင်းသည့် စိတ်ခံစားချက်များ ပေါ်လွင်နေပါသည်။

မီဒီယာက ဓာတ်ပုံရိုက်ယူဖို့ပင် မေ့ကုန်ကြပြီး ပရိတ်သတ်များက လင်းဖန်၏ အသံကြောင့် ယစ်မူးကုန်ကြပါသည်။

သီချင်းတစ်ပုဒ်လုံးကို သီဆိုပြီးသွားသောအခါ လင်းဖန်နဲ့ တခြားသူများ တိတ်ဆိတ်စွာဖြင့် ခန်းမထဲက ထွက်သွားကြပါသည်။

ပရီတ်သတ်က လင်းဖန်၏ သီချင်းကြောင့် ယစ်မူးနေကြဆဲ ဖြစ်သည်။

ခဏကြာသောအခါမှ လင်းဖန် သီချင်းဆိုပြီးသွားကာ ပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရပါသည်။

လင်းဖန် ထွက်သွားပြီ ဖြစ်သော်လည်း လူအုပ်ကြီးက အားပေးနေဆဲ ဖြစ်ပါသည်။

"လခွမ်း လခွမ်း... လင်းဖန်ရဲ့ အဆိုစွမ်းရည်က အရမ်းကောင်းတာပဲ။ သူက ဂီတနတ်ဘုရား တစ်ပါးလိုပဲ။”

"လင်းဖန် မသွားပါနဲ့။ ငါတို့အတွက် ထပ်ပြီး ဆိုပေးပါဦး။ ငါတို့ ပိုက်ဆံပေးပါ့မယ်။”

"လင်းဖန် အဆိုတော် ဘာလို့ မလုပ်တာလဲ။ အယ်လ်ဘမ်တစ်ခုသာ ထုတ်လိုက်။ ငါတို့ သေချာပေါက် မင်းရဲ့ဖျော်ဖြေပွဲကို လာမှာပါ။"

"လင်းဖန် ဒီလောက်အဆိုကောင်းမယ်လို့ ထင်မထားဘူး။ သူ ရေးထားတာတဲ့။ ကြိုက်တယ်~"

"လင်းဖန် လင်းဖန် လင်းဖန်။”

သတင်းစာရှင်းလင်းပွဲတွင် နာမည်ကျော်များစွာ ရှိနေပါသည်။

လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်းနဲ့ တခြားလူများ၏ ပရိတ်သတ်များလည်း ရှိသည်။

သို့သော်လည်း သတင်းစာရှင်းလင်းပွဲအဆုံးမှာတော့ အားလုံးက လင်းဖန်၏ နာမည်ကိုသာ အော်နေကြပါသည်။

လင်းဖန်၏ ရုပ်ရည်၊ စရိုက်၊ သရုပ်ဆောင်စွမ်းရည်၊ အဆိုစွမ်းရည်တို့က ပရိတ်သတ်ကို လုံးဝ ဖမ်းစားနိုင်ခဲ့ပါပြီ။

"လခွမ်း လင်းဖန်က တော်လိုက်တာကွာ အရမ်းကောင်းတယ်"

အခန်း(၁၁၀) မာစတာရဲ့ အဆိုက အရမ်းကောင်းလွန်းတယ်

ကားထဲတွင် စုရှောင်းယွီနဲ့ လင်းဖန်တို့ အတူတူထိုင်လိုက်ကြသည်။ စုရှောင်းယွီက လင်းဖန်ကို ကြည့်ရင်း အံ့သြတကြီးပြောလိုက်ပါသည်။ "မာစတာ ငါနင့်ကိုအရမ်း လေးစားသွားပြီ။ ငါနင့်ကို မေးပါရစေဦး။ ဘာလို့ အဲ့လောက် အဆိုကောင်းရတာလဲ။”

လင်းဖန်က ပြုံးလိုက်သည်။ "ငါ ရိုးရိုးသီချင်းတစ်ပုဒ်ပဲ ဆိုလိုက်တာမဟုတ်ဘူးလား။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေးက အဲ့လောက်လည်း မကောင်းပါဘူး။ ဒရမ်မာတစ်ခုနဲ့ ကိုက်ညီအောင် ရေးထားတာလေ။”

စုရှောင်းယွီက လျှာထုတ်လိုက်သည်။ "မာစတာ သီချင်းဆိုနိုင်တဲ့လူတွေ ဘယ်လောက်ကံကောင်းလဲ နင်မသိဘူးလား။ ငါအသံမကောင်းဘဲ မွေးလာတာ ဆိုးရွားတာပဲ။”

လင်းဖန်က ပြုံးလိုက်သည်။ "ဟုတ်တယ် နင်က ဟောင်ပဲ ဟောင်တတ်တာ။”

စုရှောင်းယွီက လင်းဖန်ကိုခွေးတစ်ကောင်လို ကြည့်ကာ ပြောလိုက်ပါသည်။ "အာဝူး မာစတာ ငါက ခွေးပဲလေ။ နင့်ကို ကိုက်မယ်~”

"မာစတာ မာစတာ ငါ့ကို နောက်သီချင်းတစ်ပုဒ်လောက် ဆိုပြပါ။" စုရှောင်းယွီက လင်းဖန်ကို နှောင့်ယှက်နေသည်။

"နင်ဘာနားထောင်ချင်လို့လဲ။" လင်းဖန်က ပြုံးလိုက်သည်။

"ဘာဖြစ်ဖြစ် ဆိုပြပါ။ ဘာပဲဖြစ်ဖြစ် မာစတာ့ရဲ့ သီချင်းတွေက အားလုံး ကောင်းပြီးသားကို။ အကြိမ်ကြိမ်တောင်နားထောင်နိုင်တယ်။” စုရှောင်းယွီက ပြောလိုက်ပါသည်။

"ဒါဆို တစ်ပုဒ် ဆိုပြမယ်။ အချစ်ရဲ့ဝန်ခံချက်လို့ခေါ်တယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပြီး ကားထဲတွင် စတင်သီချင်းဆိုလိုက်ပါသည်။

လင်းဖန် ပြောလိုက်ပြီးနောက် စုရှောင်းယွီက သူ့ကို အံ့သြတကြီး ကြည့်နေပါသည်။

ဆရာ့ရဲ့ ခွန်အားအစစ်က ဒါလား။ ဆရာ အချစ်သီချင်းဆိုတဲ့အခါ အမြဲ ဒီလိုပဲလား။

ဒီသီချင်းက... ချိုမြိန်လွန်းသဖြင့် စုရှောင်းယွီ မျက်ရည်ပင် ဝဲမိပါသည်။

စုရှောင်းယွီက သူ့ကို အလွန်သဘောကျသွားသည်။ ဘာလို့ ဒီလောက် အဆိုကောင်းရတာလဲ။

ကျိုးကျယ်လွင်တောင် လင်းဖန်လောက် အဆိုမကောင်းနိုင်ဘူး မဟုတ်လား။

မကြာသေးခင်က ဇာတ်ဝင်တေးဖြစ်သော ထာဝရဆန္ဒကို သီဆိုနေတုန်းက အလွန်ကောင်းသည်ဟု စုရှောင်းယွီ ခံစားမိခဲ့ပါသည်။ သို့သော်လည်း ဒီအဆင့်ထိတော့ မရောက်သေးပေ။

ယခု လင်းဖန်က အချစ်သီချင်းတစ်ပုဒ်ကို သီဆိုနေပါသည်။ စုရှောင်းယွီ နောက်ဆုံးတော့ လင်းဖန်၏ အဆိုစွမ်းရည်ကို တွေ့လိုက်ရပါပြီ။ "မာစတာက အရမ်းချောလည်းချောတယ်~~ သီချင်းတွေကလည်း ကောင်းတယ် ကြိုက်တယ်။" စုရှောင်းယွီက ပြောလိုက်သည်။ ဇာတ်ဝင်တေး ထာဝရဆန္ဒက ခံစားချက်အပြည့်အဝ ပါဝင်သော သီချင်း မဟုတ်ပါ။ အချစ်ရဲ့ဝန်ခံချက် သီချင်းက စုရှောင်းယွီကို လုံးဝ ဖမ်းစားနိုင်ခဲ့ပါသည်။

"ဒီလိုပါပဲ။ မကြာသေးခင်ကမှ အဲ့သီချင်းကို ရေးထားတာလေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"မာစတာ နင်က အရမ်းတော်တာပဲ။ နင့်လိုကောင်လေးမျိုး ငါဘယ်မှာသွားရှာရမလဲ။" စုရှောင်းယွီက သူမ ပါးကို ကိုင်ရင်း ကားပြတင်းပေါက် အပြင်က ရှုခင်းများကို ကြည့်နေပါသည်။

"တခြားယောက်ျားလေးတွေက နင့်လောက် ချောလည်းမချော တော်လည်းမတော်ဘူး။ နင့်လို ဟင်းလည်းမချက်တတ်၊ သီချင်းလည်း မဆိုတတ်ဘူး။” စုရှောင်းယွီက အတည်ပေါက် ပြောလိုက်ပါသည်။

လင်းဖန်နဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ရပြီးနောက် သူဘယ်လောက်တောင် တော်သလဲ သူမ သိလာပါသည်။

ဒီလောက်ချောသည့် ယောက်ျားလေးတစ်ယောာက်နဲ့ အကြာကြီး အတူရှိနေပြီးနောက် စုရှောင်းယွီ တခြားယောက်ျားလေးများကို မစဥ်းစားနိုင်တော့ပေ။

လင်းဖန်ထက် ပိုတော်တဲ့ ယောက်ျားလေး ရှိပါ့မလား။

လင်းဖန်၏ အရသာရှိသော အချက်အပြုတ် စွမ်းရည်တစ်ခုတည်းနဲ့ ကောင်မလေးများစွာကို ဆွဲဆောင်နိုင်နေပါပြီ။

"ရည်းစားထားတာ ဘာကောင်းလို့လဲ။ ပထမဆုံး ပိုက်ဆံရှာစမ်းပါ။ ငွေရေးကြေးရေးအရ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့အခါ နင်လုပ်ချင်တာ လုပ်လို့ရတယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန်က အခုချမ်းသာနေသော်လည်း ပိုက်ဆံက မလုံလောက်သေးပါ။ ဘာပဲဖြစ်ဖြစ် သူ့ဘဏ်အကောင့်ထဲမှာ ယွမ် သန်း ၈၀ လောက်သာ ရှိသေးသည်။ နည်းလွန်းပါသည်။

လင်းဖန်၏ ပိုင်ဆိုင်မှုက ဘီလီယံဆယ်နဲ့ချီပြီးရှိလိမ့်မည်ဟု အားလုံးက ထင်ထားကြသော်လည်း သူ့မှာ ဒီလောက်သာ ရှိပါသည်။ အလွန်ဆင်းရဲပါသည်။

ထိုပိုင်ဆိုင်မှုများက လင်းဖန်အပိုင်ဖြစ်သော်လည်း ရောင်းလို့ မရပါ။ လွန်ခဲ့သည့်လအတွင်း လင်းဖန် စနစ်တွင် အကြိမ်ပေါင်းများစွာ sign in ဝင်ခဲ့ပါသည်။

အမြဲတမ်း ကံစမ်းမဲလက်မှတ်သာဖြစ်နေပြီး သူ ဘာပေါက်သလဲဆိုတာကတော့...။

လင်းဖန်၏ အိမ်က ရေခဲသေတ္တာခြောက်လုံးမှာ ကိုကာကိုလာများ၊ အိုက်စ်တီးများနဲ့ ပြည့်နေပါပြီ။ လင်းဖန် ပိုက်ဆံအိတ်ထဲမှာလည်း တစ်ဒေါ်လာတန်များနဲ့ ပြည့်နေလေပြီ။ လင်းဖန် ဘာတွေကြုံတွေ့ခဲ့ရသလဲ မမေးနိုင်တော့ပါ။ စနစ်ကိုသာ အားကိုးပါက သူ ငတ်သေသွားနိုင်ပါသည်။

စနစ်ကို ဗားရှင်း ၂.၀ သို့တင်လိုက်ပြီးနောက် မစ်ရှင်တစ်ခုကို အောင်မြင်ပါက ပိုကောင်းသည့် ပစ္စည်းများ ရနိုင်သည်ဟု ဆိုခဲ့သည်။

ဒီမစ်ရှင်ကိုပြီးအောင် မလုပ်နိုင်ပါက refresh လုပ်ပြီး နောက်မစ်ရှင်ကို ရနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူ sign in ဝင်လိုက်တော့ တချို့ အိုက်စ်တီးနဲ့ ကိုကာကိုလာတချို့ကိုသာ ရနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လင်းဖန်၏ ဒုတိယမစ်ရှင်က အလွန်ရိုးရှင်းလွန်းပါသည်။ ရှားဝမ်ချွေ့ကို ပိုးပန်းဖို့ဖြစ်သည်။

လခွမ်း ကြောင်မလေးကို ပိုးပန်းဖို့က ဒီလောက် လွယ်မလား။ သူမကို ပိုးပန်းချင်ရင်တောင် အချိန်မကျသေးပါ။

ထို့ကြောင့်လည်း လင်းဖန် ဘာပစ္စည်းကောင်းမှ မရနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ရှားဝမ်ချွေ့ကို ပိုးပန်းပြီးခါမှ လင်းဖန်တစ်ယောက် Sign in လုပ်ပြီး ပစ္စည်းကောင်းများစွာကို ပြန်ရနိုင်မည်ထင်သည်။

ဒီလိုစနစ်နဲ့ လင်းဖန် တဖြည်းဖြည်းချင်း စနစ်ကိုပဲ အားကိုးပြီး အများကြီး ကြွယ်ဝလာဖို့က လက်တွေ့မကျမှန်း နားလည်လာပါသည်။

စနစ်က ရောင်းလို့မရနိုင်သော ပုံသေပိုင်ဆိုင်မှုများနဲ့ တချို့ စကေးများကိုသာ အများဆုံး ပေးနိုင်ပါလိမ့်မည်။ သူ ပိုက်ဆံရှာချင်ပါက သူ့အားသူကိုးရပါမည်။

စုရှောင်းယွီထိုစကားကို ကြားသောအခါ လင်းဖန်ဘေးကို သွားလိုက်ပြီး မေးလိုက်ပါသည်။ "မာစတာ နင့်ဘဏ်အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ။” လင်းဖန် ကြက်သေ သေသွားပါသည်။ "ယွမ် သန်း ၈၀ ဝန်းကျင်လောက်ပဲ။ အများကြီး မဟုတ်ပါဘူး။”

ထိုစကားကိုကြားသောအခါ စုရှောင်းယွီ ပြောလိုက်ပါသည်။ "သြော် တကယ် အများကြီး မဟုတ်ဘူးပဲ။ ငါ့တစ်လမုန့်ဖိုးက သန်း ဆယ်ချီပြီး ရတယ်။ အရင်တစ်ခေါက်တုန်းက သန်း ၁၀၀ လောက် လွှဲပေးမယ်လို့တောင် ငါ့အဖေကပြောတယ်။ ပိုက်ဆံရတာ ဘာလုပ်ဖို့လဲဆိုတာတောင် မသိတော့ဘူး။ ဟီးဟီး ဘာပဲဖြစ်ဖြစ်ပါ။ ငါ့မှာ ဖြုန်းစရာ ပိုက်ဆံအများကြီး ရှိတာပေါ့။”

လင်းဖန် "...”

လင်းဖန် အနည်းငယ် စိတ်ပျက်သွားပါသည်။ သူအချိန်အကြာကြီး ကြိုးစားခဲ့တာတောင် စုငွေ သန်း ၈၀ သာရှိသေးသည်။ စုရှောင်းယွီ၏ တစ်လတာ မုန့်ဖိုးကတော့ သန်းဆယ်ချီ သို့မဟုတ် သန်းရာချီပြီးတောင် ရှိနေပါသည်။

ဘာလဲဟ...။  သူ့ဘေးမှာ ရုတ်တရက်ကြီး ဘယ်တုန်းက သူဌေးမလေးတစ်ယောက် ရောက်နေတာလဲ။

မဟုတ်ပါ။ စုရှောင်းယွီက နဂိုကတည်းက အလွန်ချမ်းသာသော မိန်းကလေးဖြစ်သည်။ သူမက ခြေတံသွယ်သွယ်လှပသော မိန်းကလေးမျိုးဖြစ်ပြီး၊ ချစ်ဖို့လည်းကောင်းသည်။ နူးညံ့ပြီး အနိုင်ယူရလွယ်သည်။ ပိုအရေးကြိးတာက စုရှောင်းယွီ ချမ်းသာမှန်း ပုံမှန်ဆို မသိနိုင်ပါ။

သူမလေးက ဖြုန်းစရာပိုက်ဆံများလွန်းသည့်အထိတောင် ချမ်းသာသူ ဖြစ်သည်။

လင်းဖန် ဘဝရဲ့ပျော်ရွှင်မှုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် သူ့ပိုက်ဆံအားလုံး ကုန်လုနီးပါး ဖြစ်သွားပါသည်။

ယခုအခါ ပိုက်ဆံတချို့ ရရှိထားပါသော်လည်း လင်းဖန် အလွန်ဆင်းရဲနေဆဲဖြစ်သည်ဟု ခံစားနေမိပါသည်။

သူ့မှာ မိသားစု အဆင့်အတန်းလည်း မရှိပါ။ ကြောင်မလေး သို့မဟုတ် ခွေးမလေးက သူ့ထက် ပိုချမ်းသာပါသည်။

သူက ဘယ်လိုဆက်ပြီး ကစားနိုင်တော့မည်နည်း။

ထိုအထိစဥ်းစားပြီး လင်းဖန် တိုးတိတ်စွာဖြင့် ရှားဝမ်ချွေ့ထံသို့ ဝီချက် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။

ရှားဝမ်ချွေ့က ကုမ္ပဏီ၏ တခြားကားတစ်စီးထဲတွင် ထိုင်နေပါသည်။ သူမက လင်းဖန်နဲ့ အတူတူ မသွားပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကို ဓာတ်ပုံရိုက်နေသည့် လူများစွာ ရှိနေသောကြောင့်ပင်။

လင်းဖန် "ဝက်မလေး နင်စုထားတဲ့ ပိုက်ဆံဘယ်လောက်ရှိနေပြီလဲ။”

ရှားဝမ်ချွေ့ "အရူးကောင် ငါက ကြောင်ဟဲ့။”

လင်းဖန် "ကြမ်းတမ်းချင်ယောင်ဆောင်မနေဘဲ မြန်မြန်ပြောစမ်းပါ။"

ရှားဝမ်ချွေ့ "စုငွေကိုကြည့်ပြီး မိသားစု အဆင့်အတန်းကို ဆုံးဖြတ်မှာလား။ အဲ့တာဆို နင်ရှုံးမှာနော်။”

လင်းဖန် "ငါ့မှာလည်း ပိုက်ဆံအများကြီးမရှိပါဘူး။ ငါ့မှာ ယွမ် သန်း ၈၀လောက်ပဲ အပိုငွေရှိတယ် *သူ့စုငွေscreenshot များကိုပို့လိုက်သည်* "

ရှားဝမ်ချွေ့ "မြောင်မြောင် အဲ့တာဆို နောက်ဆို ငါက အထက်မှာရှိပြီး နင်က အောက်ကလူဖြစ်တော့မှာပဲ။"

လင်းဖန် "???"

ရှားဝမ်ချွေ့ပို့ထားသည့် မက်ဆေ့ချ်ကို လင်းဖန် တိတ်ဆိတ်စွာ ကြည့်နေပါသည်။

သူမ၏ စုငွေများ ဖြစ်သည်။

လင်းဖန် ဒါကို မြင်သောအခါ တရားရသွားမိပါသည်။

သူက သူဌေးတစ်ယောက်ပင်။ သို့သော် သူ့ဇနီးလောင်း၏ စုငွေများကိုမြင်သောအခါ အလုပ်မကြိုးစားပါက တစ်သက်လုံး ကြောင်မလေး အနိုင်ယူတာကို ခံရလိမ့်မည်ဟု ခံစားမိပါသည်။

ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာအတွက် စိုးရိမ်စရာဖြစ်လာပြီး သူက အထက်စီးကလူ ဖြစ်ရပါမည်။

သို့သော်လည်း ရှားဝမ်ချွေ့၏ စုငွေများကို ဘယ်လိုကျော်နိုင်မည်နည်း။ သူမ၏ စုငွေများက... ယွမ် သန်း ၃၀၀ တောင် ရှိနေပါသည်။

Zawgyi

လင္းဖန္ 109+110

အခန္း(၁၀၉) လင္းဖန္က အဆိုလည္း ေကာင္းတာပဲ

တိုက္႐ိုက္ထုတ္လႊင့္မႈ ပလက္ေဖာင္းေပၚတြင္ ေကာမန္႔မ်ားစြာ ဝင္ေရာက္လာပါသည္။

"ဟားဟားဟား လင္းဖန္က ေခ်ာလြန္းၿပီး ဂုဏ္သိကၡာလည္း႐ွိလိုက္တာ။ ငါနည္းနည္းေတာင္ မနာလိုျဖစ္လာၿပီ။ လခြမ္း သူက တကယ္ႀကီး ေငြေရးေၾကးေရး စိတ္မဝင္စားဘူးပဲ။"

"လင္းဖန္က တကယ္ခ်မ္းသာတယ္ထင္တယ္။ သူ႕မွာ စံအိမ္ႀကီးေတြ ၿပိဳင္ကားႀကီးေတြ အမ်ားႀကီး႐ွိတယ္လို႔ ၾကားတယ္။”

"လင္းဖန္မွာ စံအိမ္ႀကီးေတြ႐ွိတယ္ဆိုတဲ့ေကာင္ ငါ့မွာလည္း ဇိမ္ခံအိမ္ႀကီးေတြ ရာနဲ႔ခ်ီၿပီး ႐ွိတယ္ကြ။”

"လင္းဖန္က ငါ့မင္းသားေလးပဲ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ လင္းဖန္ ဇာတ္ၫႊန္းသစ္ေရးမွာကို ေမွ်ာ္လင့္ေနမိၿပီ။ အရင္တုန္းက ႐ုပ္သံဒရမ္မာေတြကို မၾကည့္ႏိုင္ဘူး။ အခုေတာ့ ငါၾကည့္ႏိုင္တဲ့ ႐ုပ္သံဒရမ္မာတစ္ခု ေပၚလာၿပီ။”

"ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ေရးထားတာ အရမ္းေကာင္းတယ္။ လင္းဖန္ရဲ႕ ဇာတ္ၫႊန္းေရးတဲ့ အဆင့္က တကယ့္ထိပ္တန္းပဲ။ အဓိကအခ်က္က ေခ်ာလည္းေခ်ာၿပီး ဇာတ္ၫႊန္းေရးစေကးက ဒီေလာက္ေကာင္းႏိုင္ရတာလဲ။ သူ႕႐ုပ္ရည္ တစ္ခုတည္းနဲ႔ ဝင္ေငြရႏိုင္တာလား။”

ဘဝရဲ႕ေပ်ာ္႐ႊင္မႈအား စတင္ထုတ္လႊင့္ၿပီးေသာအခါ အင္တာနက္အေပၚက လူထု၏ အျမင္မ်ား အလြန္ေျပာင္းလဲသြားၾကၿပီ ျဖစ္ပါသည္။ လင္းဖန္ကို တိုက္ခိုက္သည့္ လူမ်ားက ေပ်ာက္ကြယ္သြားေလၿပီ။ လက္႐ွိ လင္းဖန္မွာ ပရိတ္သတ္သန္းဆယ္ခ်ီ႐ွိသည့္ စူပါစတားတစ္ေယာက္ ျဖစ္လာခဲ့ပါၿပီ။

႐ုပ္သံဒရမ္မာတစ္ခုက လင္းဖန္ကို ပရိတ္သတ္မ်ားစြာ ေပးစြမ္းခဲ့၏။

ထို႐ုပ္သံဒရမ္မာက လင္းဖန္ကို တကယ္ေရပန္းစားလာေစခဲ့ပါသည္။ သတင္းစာ႐ွင္းလင္းပြဲတြင္ မီဒီယာက ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို ေမးခြန္းမ်ားစြာ ေမးခဲ့၏။

သတင္းစာ႐ွင္းလင္းပြဲၿပီးခါနီးေသာအခါ တင္ဆက္သူက လင္းက်င္းက်င္းကို ၾကည့္လိုက္ၿပီး ျပဳံးကာ ေျပာလိုက္ပါသည္။ "လင္းက်င္းက်င္း ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ဝင္ေတးျဖစ္တဲ့ ထာဝရဆႏၵက အရမ္းနားေထာင္လို႔ ေကာင္းတယ္ေနာ္။ လင္းက်င္းက်င္း ေရးစပ္ထားတာလား။ ကြၽန္ေတာ္တို႔အတြက္ အဲ့ဒီသီခ်င္းကို ဆိုေပးႏိုင္မလားဗ်။”

လင္းက်င္းက်င္းက အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ၿပီး သီခ်င္းဆိုအလြန္ေတာ္ပါသည္။

ထင္ထားသည့္အတိုင္း တင္ဆက္သူ ေျပာၿပီးသြားေသာအခါ စင္ေအာက္မွ အားေပးသံမ်ားစြာ ထြက္ေပၚလာခဲ့သည္။

လင္းက်င္းက်င္းက ေခါင္းခါလိုက္ၿပီး လင္းဖန္ကို ၾကည့္လိုက္သည္။ "ထာဝရဆႏၵ ဇာတ္ဝင္ေတးကို လင္းဖန္ ေရးထားတာာပါ။ သူေရးထားတဲ့ ဇာတ္ဝင္ေတးက ေကာင္းလြန္းတယ္။ သူသာ ဒီသီခ်င္းကို ဆိုမယ္ဆို ေသခ်ာေပါက္ ျခားနားမွာ။ ၿပီးေတာ့လည္း လင္းဖန္ရဲ႕ သီခ်င္းဆိုစြမ္းရည္ကလည္း အရမ္းေကာင္းပါတယ္။”

ထို႔ေနာာက္ အားလုံး လင္းဖန္ကို ျပန္လည္အာ႐ုံစိုက္သြားၾကပါသည္။

ဇာတ္ဝင္ေတးျဖစ္ေသာ ထာဝရဆႏၵက အလြန္လွပစြာ ေရးစပ္ထားျခင္းျဖစ္ၿပီး နားေထာင္လို႔ အလြန္ေကာင္းပါသည္။

ထို႔ေၾကာင့္ ပရိတ္သတ္မ်ားက ဇာတ္ဝင္ေတးကို ခဏခဏ နားေထာင္ေနၾကသည္။ အထူးသျဖင့္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ထုတ္လႊင့္ျပသေသာအခါ သီခ်င္းကို ေက်ာ္ပစ္သည့္လူ အလြန္နည္းပါသည္။

ဒီဇာတ္ဝင္ေတးက အလြန္ေကာင္းမြန္လြန္းလွပါသည္။

တခ်ိဳ႕က ဖုန္းမ်ားေပၚတြင္ ထိုသီခ်င္းကို ဆက္တိုက္ ဖြင့္ထားၾကသည္။

စာသားျဖစ္ျဖစ္၊ မုဒ္ျဖစ္ျဖစ္၊ သီခ်င္းျဖစ္ျဖစ္ အားလုံး ေကာင္းလြန္းပါသည္

သီခ်င္းႏုတ္စ္တိုင္းႏွင့္  ကာရန္တိုင္းက အားလုံး၏ ႏွလုံးသားကို ညိႇဳ႕ယူသြားသည္။

ထို႔ေၾကာင့္လည္း တင္ဆက္သူက လင္းက်င္းက်င္းကို တိုက္႐ိုက္သီဆိုေစခ်င္ျခင္း ျဖစ္ပါသည္။

အဆိုနတ္သမီးဟု လူသိမ်ားေသာ လင္းက်င္းက်င္း ျဖစ္သည္။ ဒါတင္မကေသးဘဲ သူမက အသံသ႐ုပ္ေဆာင္လည္း လုပ္ပါေသးသည္။ ယခုေတာ့ စင္ေအာက္က ပရိတ္သတ္မ်ားနဲ႔ တိုက္႐ိုက္ၾကည့္႐ႈေနသူမ်ားက ေမွ်ာ္လင့္ေနၾကပါသည္။

သူတို႔ ရင္ထဲက အဆိုနတ္သမီး လင္းက်င္းက်င္းမွာ လင္းဖန္ကို ဒီသီခ်င္းဆိုခိုင္းဖို႔ အၾကံေပးေနပါသည္။

အဓိက အေၾကာင္းအရင္းကေတာ့ ထာဝရဆႏၵသီခ်င္းကို လင္းဖန္က ေရးစပ္ထားျခင္းေၾကာင့္ပင္။

စင္ေအာက္က ပရိတ္သတ္မ်ား အံ့ၾသသြားၾကသည္။

သီခ်င္းအေၾကာင္းနားလည္သည့္ အႏုပညာ႐ွင္မ်ား၊ နာမည္ေက်ာ္မ်ားလည္း ႐ွိေနၾကသည္။ သူတို႔လည္း ဂီတဖန္တီးျခင္း၏ ခက္ခဲမႈကို နားလည္သည္။

ဒါက ထူးခြၽန္လြန္းပါသည္။

လင္းဖန္ ဇာတ္ၫႊန္းေရးေတာ္တာနဲ႔ပင္ ခ်ီးက်ဴးဖို႔ေကာင္းေနပါၿပီ။ ဇာတ္ၫႊန္းေရး စေကးကို ဇာတ္လမ္းေကာင္း ဇာတ္ၫႊန္းေကာင္း ဖန္တီးဖို႔ အဓိက အသုံးျပဳႏိုင္သည္။ ဇာတ္ဝင္ေတး ေရးစပ္ျခင္းနဲ႔ ဘာမွ မဆိုင္ပါ။

ယခု လင္းက်င္းက်င္းကပင္ လင္းဖန္ကို ခ်ီးက်ဴးေနပါသည္။

လင္းဖန္ရဲ႕ အဆိုစြမ္းရည္က အဲ့ေလာက္ ေကာင္းလို႔လား။

"ရပါတယ္။ ဒါေပမယ့္ နားေထာင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္ တစ္ေခါက္ေလာက္ ႀကိဳးစားၿပီး ဆိုေပးပါ့မယ္။" လင္းဖန္က ျပဳံးလိုက္ၿပီး မျငင္းခဲ့ပါ။

သူ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေနာက္ဆက္တြဲ ထုတ္လုပ္ေရးတြင္ ပါဝင္ခဲ့စဥ္က ဒီလိုျဖစ္လာမွာကို လင္းဖန္ႀကိဳေတြးၿပီးသား ျဖစ္သည္။

႐ုပ္သံဒရမ္မာထဲတြင္ ဇာတ္ၫႊန္း၊ ဇာတ္လိုက္ႏွင့္ သ႐ုပ္ေဆာင္စြမ္းရည္၊ ေနာက္ဆက္တြဲ ထုတ္လုပ္ေရးအားလုံးတို႔က အေရးပါသည္။

သို႔ေသာ္လည္း လူေတြကို ခံစားခ်က္အမ်ားဆုံး ေပးႏိုင္တာ ဘာလဲ။ အေသးစိတ္ ျဖစ္သည္။

ေနာက္ခံအသံတိုင္းနဲ႔ ေတးသြားတိုင္းကို သူ ဂ႐ုစိုက္ၿပီး ၾကည့္သည္။ နားေထာင္ၾကည့္ၿပီး ပိုၿပီး အဆင့္ျမႇင့္ႏိုင္မလား ႐ွာေဖြခဲ့၏။

တျခား ဇာတ္ၫႊန္းေရးဆရာမ်ားမွာ သီခ်င္းေရးစပ္သည့္ အစြမ္းအစမ႐ွိႏိုင္ေသာ္လည္း လင္းဖန္မွာေတာ့ ႐ွိပါသည္။

ဇာတ္ၫႊန္းေရးဆရာႀကီးတစ္ေယာက္ ျဖစ္႐ုံသာမကဘဲ သူ႕အဆိုစြမ္းရည္ကလည္း အလြန္ ထူးျခားသည္။ ႏွစ္ခုစလုံးကို ေပါင္းလိုက္ေသာအခါ လင္းဖန္ ဖန္တီးထားသည့္ စာသားနဲ႔ သီခ်င္းတို႔က ေပါင္းစပ္ၿပီး ၿပီးျပည့္စုံသည့္ ဂႏၲဝင္လက္ရာ ျဖစ္လာပါသည္။

လူမ်ားစြာ၏ ေမွ်ာ္လင့္ေစာင့္စားမႈႏွင့္ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္းနဲ႔ ကုမၸဏီတို႔က သူ႕ေဘးမွာ ႐ွိေနသျဖင့္ လင္းဖန္မျငင္းေတာ့ဘဲ ဇာတ္ဝင္ေတးကို တိုက္႐ိုက္သီဆိုဖို႔ ျပင္ဆင္လိုက္ပါသည္။

ေနာက္ခံသံစဥ္နဲ႔အတူ လင္းဖန္ စတင္သီဆိုခဲ့ပါသည္။

(ႏွင္းေတာင္ကမ္းပါးကို ၾကားဖူးလား)

(လူေတြကို အေတြးထဲ နစ္ေျမာသြားေစတဲ့ေနရာ)

လင္းဖန္ ပါးစပ္ဟလိုက္တာႏွင့္ ထူးျခားသည့္ အသံတစ္ခုကို သူ႕သီဆိုသံနဲ႔အတူၾကားႏိုင္ပါသည္။

ခန္းမတစ္ခုလုံး တိတ္ဆိတ္သြားၾကပါသည္။

ေဘးပတ္လည္က လူအားလုံး ေအးခဲသြားသလိုပင္။

အားလုံးက စင္လယ္က လင္းဖန္ကို ၾကည့္ေနၾကပါသည္။ ၎တို႔၏ မ်က္လုံးမ်ားက အံ့ၾသမႈနဲ႔ အထင္ႀကီးမႈတို႔ျဖင့္ ျပည့္ႏွက္ေနၾကပါသည္။

သီခ်င္းအေၾကာင္း နားလည္သည့္ လူမ်ားကေတာင္ လင္းဖန္၏ ပထမဆုံး စာသားကို ၾကားလိုက္ရေသာအခါ မွင္သက္သြားၾကပါသည္။

ပရိတ္သတ္တခ်ိဳ႕က ေရခဲမုန္႔မ်ား စားေနရင္း ၎တို႔၏ ေရခဲမုန္႔ အရည္ေပ်ာ္က်သြားတာကိုပင္ သတိမထားမိလိုက္ၾကပါ။

အဘယ့္ေၾကာင့္ဆိုေသာ္... လင္းဖန္၏ အဆိုစြမ္းရည္က ေကာင္းလြန္းေသာေၾကာင့္ပင္။ ပထမစာသားနဲ႔တင္ အားလုံးကို အံ့ၾသသြားေစသည္။

သိမ္ေမြ႕ၿပီး သာယာသည့္ သီခ်င္းႏုတ္စ္ႏွင့္ လင္းဖန္တို႔၏ အသံက အားလုံး၏ နားထဲဝင္ေရာက္လာသည္။

ဒါ... ေကာင္းကင္ဘုံက ေတးသြားလိုပါပဲလား။

စာသားတစ္ေၾကာင္းတည္းနဲ႔ ထိုလူမ်ားက လင္းဖန္၏ အဆိုစြမ္းရည္ထဲ နက္နက္႐ိႈင္း႐ိႈင္း နစ္ေျမာသြားၾကပါၿပီ။

လင္းက်င္က်င္းေတာင္ ထိုနည္းလည္းေကာင္း ျဖစ္သည္။ သူမ၏ လွပေသာမ်က္လုံးမ်ားက လင္းဖန္ကို ၾကည့္လိုက္ၿပီး ခ်ိဳသာစြာ ျပဳံးလိုက္ပါသည္။ သူမကလည္း အဆိုနတ္သမီး ျဖစ္ပါသည္။ သို႔ေသာ္ လင္းဖန္ေ႐ွ႕မွာေတာ့ သူနဲ႔ မယွဥ္ႏိုင္ေတာ့ဘူးဟု ခံစားမိပါသည္။

ဆရာမမိန္႔လန္ေတာင္ လင္းဖန္ကို အလြန္ခ်ီးက်ဴးခဲ့သည္။ သူ႕ဂီတကြၽမ္းက်င္မႈက တျခားသူမ်ားစြာထက္ပင္ ေက်ာ္လြန္ေနပါၿပီ။

တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္႐ႈေနသည့္ ၾကည့္႐ႈသူသန္းနဲ႔ခ်ီၿပီး ႐ွိေနပါသည္။ လင္းဖန္၏ အသံကို ၾကားၿပီးေသာအခါ...

တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုလုံး ၂ စကၠန္႔ေလာက္ ၿငိမ္သက္သြား၏။

ထို ၂ စကၠန္႔အတြင္း မည္သူမွ ေကာမန္႔မေရးၾကပါ။

၂ စကၠန္႔ၾကာေသာာအခါ တိုက္႐ိုက္ထုတ္လႊင့္မႈ တစ္ခုလုံး ေျဗာင္းဆန္သြားခဲ့ပါသည္။

(ငါ ဒူးေထာက္အ႐ႈံးေပးပါၿပီ၊ ဒါအဆိုနတ္ဘုရားပဲေဟ့။ ဒီ႐ုပ္သံစီးရီးအတြက္ ဇာတ္ဝင္ေတးကို ပညာ႐ွင္တစ္ေယာက္က ဆိုထားသလိုပဲ။ ပညာ႐ွင္ေတြေတာင္ လင္းဖန္ေလာက္ ေတာ္မွာ မဟုတ္ဘူး။)

"က်ိဳးက်ယ္လြင္ရဲ႕ ေဖ်ာ္ေျဖမႈကို ေရာက္ေနတယ္လို႔ ဘာလို႔ခံစားမိပါလိမ့္။ လင္းဖန္ အဆိုေကာင္းလြန္းတယ္။ သူက တကယ့္အဆိုနတ္ဘုရားပဲ။"

ခန္းမထဲတြင္ လင္းဖန္ သီဆိုေနဆဲ ျဖစ္သည္။

သူ႕စိတ္ခံစားခ်က္မ်ားအား ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ဝင္ေတးထဲသို႔ ႏွစ္ျမႇဳပ္ထားသျဖင့္ လင္းဖန္ သီဆိုသည့္အခါ သီခ်င္းထဲတြင္ နက္႐ိႈင္းသည့္ စိတ္ခံစားခ်က္မ်ား ေပၚလြင္ေနပါသည္။

မီဒီယာက ဓာတ္ပုံ႐ိုက္ယူဖို႔ပင္ ေမ့ကုန္ၾကၿပီး ပရိတ္သတ္မ်ားက လင္းဖန္၏ အသံေၾကာင့္ ယစ္မူးကုန္ၾကပါသည္။

သီခ်င္းတစ္ပုဒ္လုံးကို သီဆိုၿပီးသြားေသာအခါ လင္းဖန္နဲ႔ တျခားသူမ်ား တိတ္ဆိတ္စြာျဖင့္ ခန္းမထဲက ထြက္သြားၾကပါသည္။

ပရီတ္သတ္က လင္းဖန္၏ သီခ်င္းေၾကာင့္ ယစ္မူးေနၾကဆဲ ျဖစ္သည္။

ခဏၾကာေသာအခါမွ လင္းဖန္ သီခ်င္းဆိုၿပီးသြားကာ ျပန္သြားၿပီျဖစ္ေၾကာင္း သိလိုက္ရပါသည္။

လင္းဖန္ ထြက္သြားၿပီ ျဖစ္ေသာ္လည္း လူအုပ္ႀကီးက အားေပးေနဆဲ ျဖစ္ပါသည္။

"လခြမ္း လခြမ္း... လင္းဖန္ရဲ႕ အဆိုစြမ္းရည္က အရမ္းေကာင္းတာပဲ။ သူက ဂီတနတ္ဘုရား တစ္ပါးလိုပဲ။”

"လင္းဖန္ မသြားပါနဲ႔။ ငါတို႔အတြက္ ထပ္ၿပီး ဆိုေပးပါဦး။ ငါတို႔ ပိုက္ဆံေပးပါ့မယ္။”

"လင္းဖန္ အဆိုေတာ္ ဘာလို႔ မလုပ္တာလဲ။ အယ္လ္ဘမ္တစ္ခုသာ ထုတ္လိုက္။ ငါတို႔ ေသခ်ာေပါက္ မင္းရဲ႕ေဖ်ာ္ေျဖပြဲကို လာမွာပါ။"

"လင္းဖန္ ဒီေလာက္အဆိုေကာင္းမယ္လို႔ ထင္မထားဘူး။ သူ ေရးထားတာတဲ့။ ႀကိဳက္တယ္~"

"လင္းဖန္ လင္းဖန္ လင္းဖန္။”

သတင္းစာ႐ွင္းလင္းပြဲတြင္ နာမည္ေက်ာ္မ်ားစြာ ႐ွိေနပါသည္။

လင္းဖန္၊ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီ၊ ႐ႈယန္၊ လင္းက်င္းက်င္းနဲ႔ တျခားလူမ်ား၏ ပရိတ္သတ္မ်ားလည္း ႐ွိသည္။

သို႔ေသာ္လည္း သတင္းစာ႐ွင္းလင္းပြဲအဆုံးမွာေတာ့ အားလုံးက လင္းဖန္၏ နာမည္ကိုသာ ေအာ္ေနၾကပါသည္။

လင္းဖန္၏ ႐ုပ္ရည္၊ စ႐ိုက္၊ သ႐ုပ္ေဆာင္စြမ္းရည္၊ အဆိုစြမ္းရည္တို႔က ပရိတ္သတ္ကို လုံးဝ ဖမ္းစားႏိုင္ခဲ့ပါၿပီ။

"လခြမ္း လင္းဖန္က ေတာ္လိုက္တာကြာ အရမ္းေကာင္းတယ္"

အခန္း(၁၁၀) မာစတာရဲ႕ အဆိုက အရမ္းေကာင္းလြန္းတယ္

ကားထဲတြင္ စုေ႐ွာင္းယြီနဲ႔ လင္းဖန္တို႔ အတူတူထိုင္လိုက္ၾကသည္။ စုေ႐ွာင္းယြီက လင္းဖန္ကို ၾကည့္ရင္း အံ့ၾသတႀကီးေျပာလိုက္ပါသည္။ "မာစတာ ငါနင့္ကိုအရမ္း ေလးစားသြားၿပီ။ ငါနင့္ကို ေမးပါရေစဦး။ ဘာလို႔ အဲ့ေလာက္ အဆိုေကာင္းရတာလဲ။”

လင္းဖန္က ျပဳံးလိုက္သည္။ "ငါ ႐ိုး႐ိုးသီခ်င္းတစ္ပုဒ္ပဲ ဆိုလိုက္တာမဟုတ္ဘူးလား။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ဝင္ေတးက အဲ့ေလာက္လည္း မေကာင္းပါဘူး။ ဒရမ္မာတစ္ခုနဲ႔ ကိုက္ညီေအာင္ ေရးထားတာေလ။”

စုေ႐ွာင္းယြီက လွ်ာထုတ္လိုက္သည္။ "မာစတာ သီခ်င္းဆိုႏိုင္တဲ့လူေတြ ဘယ္ေလာက္ကံေကာင္းလဲ နင္မသိဘူးလား။ ငါအသံမေကာင္းဘဲ ေမြးလာတာ ဆိုး႐ြားတာပဲ။”

လင္းဖန္က ျပဳံးလိုက္သည္။ "ဟုတ္တယ္ နင္က ေဟာင္ပဲ ေဟာင္တတ္တာ။”

စုေ႐ွာင္းယြီက လင္းဖန္ကိုေခြးတစ္ေကာင္လို ၾကည့္ကာ ေျပာလိုက္ပါသည္။ "အာဝူး မာစတာ ငါက ေခြးပဲေလ။ နင့္ကို ကိုက္မယ္~”

"မာစတာ မာစတာ ငါ့ကို ေနာက္သီခ်င္းတစ္ပုဒ္ေလာက္ ဆိုျပပါ။" စုေ႐ွာင္းယြီက လင္းဖန္ကို ေႏွာင့္ယွက္ေနသည္။

"နင္ဘာနားေထာင္ခ်င္လို႔လဲ။" လင္းဖန္က ျပဳံးလိုက္သည္။

"ဘာျဖစ္ျဖစ္ ဆိုျပပါ။ ဘာပဲျဖစ္ျဖစ္ မာစတာ့ရဲ႕ သီခ်င္းေတြက အားလုံး ေကာင္းၿပီးသားကို။ အႀကိမ္ႀကိမ္ေတာင္နားေထာင္ႏိုင္တယ္။” စုေ႐ွာင္းယြီက ေျပာလိုက္ပါသည္။

"ဒါဆို တစ္ပုဒ္ ဆိုျပမယ္။ အခ်စ္ရဲ႕ဝန္ခံခ်က္လို႔ေခၚတယ္။” လင္းဖန္က ျပဳံးကာ ေျပာလိုက္ၿပီး ကားထဲတြင္ စတင္သီခ်င္းဆိုလိုက္ပါသည္။

လင္းဖန္ ေျပာလိုက္ၿပီးေနာက္ စုေ႐ွာင္းယြီက သူ႕ကို အံ့ၾသတႀကီး ၾကည့္ေနပါသည္။

ဆရာ့ရဲ႕ ခြန္အားအစစ္က ဒါလား။ ဆရာ အခ်စ္သီခ်င္းဆိုတဲ့အခါ အၿမဲ ဒီလိုပဲလား။

ဒီသီခ်င္းက... ခ်ိဳၿမိန္လြန္းသျဖင့္ စုေ႐ွာင္းယြီ မ်က္ရည္ပင္ ဝဲမိပါသည္။

စုေ႐ွာင္းယြီက သူ႕ကို အလြန္သေဘာက်သြားသည္။ ဘာလို႔ ဒီေလာက္ အဆိုေကာင္းရတာလဲ။

က်ိဳးက်ယ္လြင္ေတာင္ လင္းဖန္ေလာက္ အဆိုမေကာင္းႏိုင္ဘူး မဟုတ္လား။

မၾကာေသးခင္က ဇာတ္ဝင္ေတးျဖစ္ေသာ ထာဝရဆႏၵကို သီဆိုေနတုန္းက အလြန္ေကာင္းသည္ဟု စုေ႐ွာင္းယြီ ခံစားမိခဲ့ပါသည္။ သို႔ေသာ္လည္း ဒီအဆင့္ထိေတာ့ မေရာက္ေသးေပ။

ယခု လင္းဖန္က အခ်စ္သီခ်င္းတစ္ပုဒ္ကို သီဆိုေနပါသည္။ စုေ႐ွာင္းယြီ ေနာက္ဆုံးေတာ့ လင္းဖန္၏ အဆိုစြမ္းရည္ကို ေတြ႕လိုက္ရပါၿပီ။ "မာစတာက အရမ္းေခ်ာလည္းေခ်ာတယ္~~ သီခ်င္းေတြကလည္း ေကာင္းတယ္ ႀကိဳက္တယ္။" စုေ႐ွာင္းယြီက ေျပာလိုက္သည္။ ဇာတ္ဝင္ေတး ထာဝရဆႏၵက ခံစားခ်က္အျပည့္အဝ ပါဝင္ေသာ သီခ်င္း မဟုတ္ပါ။ အခ်စ္ရဲ႕ဝန္ခံခ်က္ သီခ်င္းက စုေ႐ွာင္းယြီကို လုံးဝ ဖမ္းစားႏိုင္ခဲ့ပါသည္။

"ဒီလိုပါပဲ။ မၾကာေသးခင္ကမွ အဲ့သီခ်င္းကို ေရးထားတာေလ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

"မာစတာ နင္က အရမ္းေတာ္တာပဲ။ နင့္လိုေကာင္ေလးမ်ိဳး ငါဘယ္မွာသြား႐ွာရမလဲ။" စုေ႐ွာင္းယြီက သူမ ပါးကို ကိုင္ရင္း ကားျပတင္းေပါက္ အျပင္က ႐ႈခင္းမ်ားကို ၾကည့္ေနပါသည္။

"တျခားေယာက်္ားေလးေတြက နင့္ေလာက္ ေခ်ာလည္းမေခ်ာ ေတာ္လည္းမေတာ္ဘူး။ နင့္လို ဟင္းလည္းမခ်က္တတ္၊ သီခ်င္းလည္း မဆိုတတ္ဘူး။” စုေ႐ွာင္းယြီက အတည္ေပါက္ ေျပာလိုက္ပါသည္။

လင္းဖန္နဲ႔ အခ်ိန္အၾကာႀကီး အတူ႐ွိေနခဲ့ရၿပီးေနာက္ သူဘယ္ေလာက္ေတာင္ ေတာ္သလဲ သူမ သိလာပါသည္။

ဒီေလာက္ေခ်ာသည့္ ေယာက်္ားေလးတစ္ေယာာက္နဲ႔ အၾကာႀကီး အတူ႐ွိေနၿပီးေနာက္ စုေ႐ွာင္းယြီ တျခားေယာက်္ားေလးမ်ားကို မစဥ္းစားႏိုင္ေတာ့ေပ။

လင္းဖန္ထက္ ပိုေတာ္တဲ့ ေယာက်္ားေလး ႐ွိပါ့မလား။

လင္းဖန္၏ အရသာ႐ွိေသာ အခ်က္အျပဳတ္ စြမ္းရည္တစ္ခုတည္းနဲ႔ ေကာင္မေလးမ်ားစြာကို ဆြဲေဆာင္ႏိုင္ေနပါၿပီ။

"ရည္းစားထားတာ ဘာေကာင္းလို႔လဲ။ ပထမဆုံး ပိုက္ဆံ႐ွာစမ္းပါ။ ေငြေရးေၾကးေရးအရ ဘယ္သူ႕ကိုမွ မွီခိုစရာမလိုတဲ့အခါ နင္လုပ္ခ်င္တာ လုပ္လို႔ရတယ္။” လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

လင္းဖန္က အခုခ်မ္းသာေနေသာ္လည္း ပိုက္ဆံက မလုံေလာက္ေသးပါ။ ဘာပဲျဖစ္ျဖစ္ သူ႕ဘဏ္အေကာင့္ထဲမွာ ယြမ္ သန္း ၈၀ ေလာက္သာ ႐ွိေသးသည္။ နည္းလြန္းပါသည္။

လင္းဖန္၏ ပိုင္ဆိုင္မႈက ဘီလီယံဆယ္နဲ႔ခ်ီၿပီး႐ွိလိမ့္မည္ဟု အားလုံးက ထင္ထားၾကေသာ္လည္း သူ႕မွာ ဒီေလာက္သာ ႐ွိပါသည္။ အလြန္ဆင္းရဲပါသည္။

ထိုပိုင္ဆိုင္မႈမ်ားက လင္းဖန္အပိုင္ျဖစ္ေသာ္လည္း ေရာင္းလို႔ မရပါ။ လြန္ခဲ့သည့္လအတြင္း လင္းဖန္ စနစ္တြင္ အႀကိမ္ေပါင္းမ်ားစြာ sign in ဝင္ခဲ့ပါသည္။

အၿမဲတမ္း ကံစမ္းမဲလက္မွတ္သာျဖစ္ေနၿပီး သူ ဘာေပါက္သလဲဆိုတာကေတာ့...။

လင္းဖန္၏ အိမ္က ေရခဲေသတၱာေျခာက္လုံးမွာ ကိုကာကိုလာမ်ား၊ အိုက္စ္တီးမ်ားနဲ႔ ျပည့္ေနပါၿပီ။ လင္းဖန္ ပိုက္ဆံအိတ္ထဲမွာလည္း တစ္ေဒၚလာတန္မ်ားနဲ႔ ျပည့္ေနေလၿပီ။ လင္းဖန္ ဘာေတြၾကဳံေတြ႕ခဲ့ရသလဲ မေမးႏိုင္ေတာ့ပါ။ စနစ္ကိုသာ အားကိုးပါက သူ ငတ္ေသသြားႏိုင္ပါသည္။

စနစ္ကို ဗား႐ွင္း ၂.၀ သို႔တင္လိုက္ၿပီးေနာက္ မစ္႐ွင္တစ္ခုကို ေအာင္ျမင္ပါက ပိုေကာင္းသည့္ ပစၥည္းမ်ား ရႏိုင္သည္ဟု ဆိုခဲ့သည္။

ဒီမစ္႐ွင္ကိုၿပီးေအာင္ မလုပ္ႏိုင္ပါက refresh လုပ္ၿပီး ေနာက္မစ္႐ွင္ကို ရႏိုင္မွာ မဟုတ္ေပ။ ထို႔ေၾကာင့္ သူ sign in ဝင္လိုက္ေတာ့ တခ်ိဳ႕ အိုက္စ္တီးနဲ႔ ကိုကာကိုလာတခ်ိဳ႕ကိုသာ ရႏိုင္ခဲ့ျခင္း ျဖစ္ပါသည္။

လင္းဖန္၏ ဒုတိယမစ္႐ွင္က အလြန္႐ိုး႐ွင္းလြန္းပါသည္။ ႐ွားဝမ္ေခြၽ႕ကို ပိုးပန္းဖို႔ျဖစ္သည္။

လခြမ္း ေၾကာင္မေလးကို ပိုးပန္းဖို႔က ဒီေလာက္ လြယ္မလား။ သူမကို ပိုးပန္းခ်င္ရင္ေတာင္ အခ်ိန္မက်ေသးပါ။

ထို႔ေၾကာင့္လည္း လင္းဖန္ ဘာပစၥည္းေကာင္းမွ မရႏိုင္ခဲ့ျခင္းျဖစ္ပါသည္။ ႐ွားဝမ္ေခြၽ႕ကို ပိုးပန္းၿပီးခါမွ လင္းဖန္တစ္ေယာက္ Sign in လုပ္ၿပီး ပစၥည္းေကာင္းမ်ားစြာကို ျပန္ရႏိုင္မည္ထင္သည္။

ဒီလိုစနစ္နဲ႔ လင္းဖန္ တျဖည္းျဖည္းခ်င္း စနစ္ကိုပဲ အားကိုးၿပီး အမ်ားႀကီး ႂကြယ္ဝလာဖို႔က လက္ေတြ႕မက်မွန္း နားလည္လာပါသည္။

စနစ္က ေရာင္းလို႔မရႏိုင္ေသာ ပုံေသပိုင္ဆိုင္မႈမ်ားနဲ႔ တခ်ိဳ႕ စေကးမ်ားကိုသာ အမ်ားဆုံး ေပးႏိုင္ပါလိမ့္မည္။ သူ ပိုက္ဆံ႐ွာခ်င္ပါက သူ႕အားသူကိုးရပါမည္။

စုေ႐ွာင္းယြီထိုစကားကို ၾကားေသာအခါ လင္းဖန္ေဘးကို သြားလိုက္ၿပီး ေမးလိုက္ပါသည္။ "မာစတာ နင့္ဘဏ္အေကာင့္ထဲမွာ ပိုက္ဆံဘယ္ေလာက္႐ွိလဲ။” လင္းဖန္ ၾကက္ေသ ေသသြားပါသည္။ "ယြမ္ သန္း ၈၀ ဝန္းက်င္ေလာက္ပဲ။ အမ်ားႀကီး မဟုတ္ပါဘူး။”

ထိုစကားကိုၾကားေသာအခါ စုေ႐ွာင္းယြီ ေျပာလိုက္ပါသည္။ "ေၾသာ္ တကယ္ အမ်ားႀကီး မဟုတ္ဘူးပဲ။ ငါ့တစ္လမုန္႔ဖိုးက သန္း ဆယ္ခ်ီၿပီး ရတယ္။ အရင္တစ္ေခါက္တုန္းက သန္း ၁၀၀ ေလာက္ လႊဲေပးမယ္လို႔ေတာင္ ငါ့အေဖကေျပာတယ္။ ပိုက္ဆံရတာ ဘာလုပ္ဖို႔လဲဆိုတာေတာင္ မသိေတာ့ဘူး။ ဟီးဟီး ဘာပဲျဖစ္ျဖစ္ပါ။ ငါ့မွာ ျဖဳန္းစရာ ပိုက္ဆံအမ်ားႀကီး ႐ွိတာေပါ့။”

လင္းဖန္ "...”

လင္းဖန္ အနည္းငယ္ စိတ္ပ်က္သြားပါသည္။ သူအခ်ိန္အၾကာႀကီး ႀကိဳးစားခဲ့တာေတာင္ စုေငြ သန္း ၈၀ သာ႐ွိေသးသည္။ စုေ႐ွာင္းယြီ၏ တစ္လတာ မုန္႔ဖိုးကေတာ့ သန္းဆယ္ခ်ီ သို႔မဟုတ္ သန္းရာခ်ီၿပီးေတာင္ ႐ွိေနပါသည္။

ဘာလဲဟ...။  သူ႕ေဘးမွာ ႐ုတ္တရက္ႀကီး ဘယ္တုန္းက သူေဌးမေလးတစ္ေယာက္ ေရာက္ေနတာလဲ။

မဟုတ္ပါ။ စုေ႐ွာင္းယြီက နဂိုကတည္းက အလြန္ခ်မ္းသာေသာ မိန္းကေလးျဖစ္သည္။ သူမက ေျခတံသြယ္သြယ္လွပေသာ မိန္းကေလးမ်ိဳးျဖစ္ၿပီး၊ ခ်စ္ဖို႔လည္းေကာင္းသည္။ ႏူးညံ့ၿပီး အႏိုင္ယူရလြယ္သည္။ ပိုအေရးႀကိးတာက စုေ႐ွာင္းယြီ ခ်မ္းသာမွန္း ပုံမွန္ဆို မသိႏိုင္ပါ။

သူမေလးက ျဖဳန္းစရာပိုက္ဆံမ်ားလြန္းသည့္အထိေတာင္ ခ်မ္းသာသူ ျဖစ္သည္။

လင္းဖန္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈတြင္ ရင္းႏွီးျမႇဳပ္ႏွံၿပီးေနာက္ သူ႕ပိုက္ဆံအားလုံး ကုန္လုနီးပါး ျဖစ္သြားပါသည္။

ယခုအခါ ပိုက္ဆံတခ်ိဳ႕ ရ႐ွိထားပါေသာ္လည္း လင္းဖန္ အလြန္ဆင္းရဲေနဆဲျဖစ္သည္ဟု ခံစားေနမိပါသည္။

သူ႕မွာ မိသားစု အဆင့္အတန္းလည္း မ႐ွိပါ။ ေၾကာင္မေလး သို႔မဟုတ္ ေခြးမေလးက သူ႕ထက္ ပိုခ်မ္းသာပါသည္။

သူက ဘယ္လိုဆက္ၿပီး ကစားႏိုင္ေတာ့မည္နည္း။

ထိုအထိစဥ္းစားၿပီး လင္းဖန္ တိုးတိတ္စြာျဖင့္ ႐ွားဝမ္ေခြၽ႕ထံသို႔ ဝီခ်က္ မက္ေဆ့ခ်္တစ္ေစာင္ ပို႔လိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က ကုမၸဏီ၏ တျခားကားတစ္စီးထဲတြင္ ထိုင္ေနပါသည္။ သူမက လင္းဖန္နဲ႔ အတူတူ မသြားပါ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူတို႔ကို ဓာတ္ပုံ႐ိုက္ေနသည့္ လူမ်ားစြာ ႐ွိေနေသာေၾကာင့္ပင္။

လင္းဖန္ "ဝက္မေလး နင္စုထားတဲ့ ပိုက္ဆံဘယ္ေလာက္႐ွိေနၿပီလဲ။”

႐ွားဝမ္ေခြၽ႕ "အ႐ူးေကာင္ ငါက ေၾကာင္ဟဲ့။”

လင္းဖန္ "ၾကမ္းတမ္းခ်င္ေယာင္ေဆာင္မေနဘဲ ျမန္ျမန္ေျပာစမ္းပါ။"

႐ွားဝမ္ေခြၽ႕ "စုေငြကိုၾကည့္ၿပီး မိသားစု အဆင့္အတန္းကို ဆုံးျဖတ္မွာလား။ အဲ့တာဆို နင္႐ႈံးမွာေနာ္။”

လင္းဖန္ "ငါ့မွာလည္း ပိုက္ဆံအမ်ားႀကီးမ႐ွိပါဘူး။ ငါ့မွာ ယြမ္ သန္း ၈၀ေလာက္ပဲ အပိုေငြ႐ွိတယ္ *သူ႕စုေငြscreenshot မ်ားကိုပို႔လိုက္သည္* "

႐ွားဝမ္ေခြၽ႕ "ေျမာင္ေျမာင္ အဲ့တာဆို ေနာက္ဆို ငါက အထက္မွာ႐ွိၿပီး နင္က ေအာက္ကလူျဖစ္ေတာ့မွာပဲ။"

လင္းဖန္ "???"

႐ွားဝမ္ေခြၽ႕ပို႔ထားသည့္ မက္ေဆ့ခ်္ကို လင္းဖန္ တိတ္ဆိတ္စြာ ၾကည့္ေနပါသည္။

သူမ၏ စုေငြမ်ား ျဖစ္သည္။

လင္းဖန္ ဒါကို ျမင္ေသာအခါ တရားရသြားမိပါသည္။

သူက သူေဌးတစ္ေယာက္ပင္။ သို႔ေသာ္ သူ႕ဇနီးေလာင္း၏ စုေငြမ်ားကိုျမင္ေသာအခါ အလုပ္မႀကိဳးစားပါက တစ္သက္လုံး ေၾကာင္မေလး အႏိုင္ယူတာကို ခံရလိမ့္မည္ဟု ခံစားမိပါသည္။

ေယာက်္ားတစ္ေယာက္၏ ဂုဏ္သိကၡာအတြက္ စိုးရိမ္စရာျဖစ္လာၿပီး သူက အထက္စီးကလူ ျဖစ္ရပါမည္။

သို႔ေသာ္လည္း ႐ွားဝမ္ေခြၽ႕၏ စုေငြမ်ားကို ဘယ္လိုေက်ာ္ႏိုင္မည္နည္း။ သူမ၏ စုေငြမ်ားက... ယြမ္ သန္း ၃၀၀ ေတာင္ ႐ွိေနပါသည္။

Continue Reading

You'll Also Like

376K 68.7K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
42.2K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator