သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.6K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-106+107+108

548 29 0
By Miracle_Phyu97

လင်းဖန် 106+107+108

အခန်း(၁၀၆) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တွဲနေကြပြီ

"ဝိုး... ခုနက လူက တကယ့်ကို လင်းဖန်ပဲ။ လင်းဖန်က ကြယ်ပွင့်ကြီးမဟုတ်လား။ တီဗီထဲကထက် ပိုချောနေလိမ့်မယ်ထင်မထားဘူး။”

"လင်းဖန်က Bugatti ပြိုင်ကားကြီးမောင်းလာတာဟဲ့။ အဲ့ပြိုင်ကားက သန်း ရာကျော်တန်ဖိုးရှိမယ့်ပုံပဲ။"

"နှမြောလိုက်တာ။ အစ်ကိုလင်းဖန်ကို ဓာတ်ပုံရိုက်ဖို့ မတောင်းဆိုလိုက်ရဘူး။ သူ့လက်မှတ်ရထားရင်လည်း ကောင်းမှာပဲ။”

ခရစ်စတယ်စားသောက်ဆိုင်က ကောင်မလေးနှစ်ယောက် ထိတ်လန့်သွားကြပါသည်။

သူတို့လည်း ဝန်ထမ်းများဖြစ်ပြီး ဒရမ်မာကြည့်တတ်ကြပါသည်။

လင်းဖန်လို အရပ်ရှည်ရှည်၊ ချမ်းချမ်းသာသာနဲ့ ရုပ်ချောချော ကောင်လေးတစ်ယောက်က ကောင်မလေးများစွာ၏ စိတ်ကူးယဥ်မင်းသားလေး ဖြစ်သည်။

သူတို့ လင်းဖန်နဲ့ နေနိုင်ပါက တစ်သက်လုံး စားဝတ်နေရေး စိတ်ပူဖို့လိုမည်မဟုတ်တော့ပေ။

အရေးအကြီးဆုံးက လင်းဖန်၏ ရုပ်ရည်ကြောင့် ကောင်မလေးများစွာ သဘောကျမိကြသည်။

တကယ်ချောမောသည့် လူတစ်ယောက်သာ ကောင်မလေးဘယ်လောက်များများ ကိုယ့်ကားထဲ ဝင်ချင်ကြသလဲ သူတို့အိမ်ကိုဖိတ်ချင််ကြသလဲဆိုတာ သိပါသည်။

ထိုနေ့က ထူးဆန်းသည့် သူဌေးတစ်ယောက် ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်လာတင်သွားသည်ဟူသော သတင်းက ရှန်းဟိုင်းမြို့တွင် ပျံ့နှံ့သွားခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် ခရစ်စတယ်စားသောက်ဆိုင်က အလွန်အဆင့်မြင့်သော စားသောက်ဆိုင်ဖြစ်ပြီး လူအနည်းငယ်သာ တစ်ရက်တာ ဘိုကင်တင်တတ်ကြသည်။ ခရစ်စတယ်စားသောက်ဆိုင်ကြီးတစ်ခုလုံးကို ငှားရမ်းလိုက်တာနဲ့ ညီမျှပါသည်။ ခရစ်စတယ်စားသောက်ဆိုင်တစ်ခုလုံးကို ဘိုကင်တင်ဖို့က အလွန်စျေးကြီးသည်။ ထို့အပြင် ခရစ်စတယ်စားသောက်ဆိုင်က ကောင်လေးများနဲ့ ကောင်မလေးများ ချိန်းတွေ့တတ်ကြသော သို့မဟုတ် ဒုတိယမျိုးဆက်သူဌေးများ အလည်လာတတ်သော နေရာ ဖြစ်သည်။

ပရော်ဖက်ရှင်ဆန်သော ဝန်ဆောင်မှုနဲ့ သေသပ်သော အစီအစဥ်များလည်း ရှိသည်။ လက်ထပ်ခွင့်တောင်းသော ဇာတ်ညွှန်းများကိုပင် ပြင်ဆင်ပေးရတတ်သည်။

ကတ်စတမ်မာများ တောင်းဆိုလိုက်တာနဲ့ ခရစ်စတယ်စားသောက်ဆိုင်က ဖြည့်ဆည်းပေးပါလိမ့်မည်။

"3333 သြဂုတ်လ တစ်ရက်နေ့တဲ့။ ဘယ်သူက ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်တင်သွားတာလဲ။”

"ဘောစိပဲ။ တစ်ရက်ကို ၇၀၀,၀၀၀ တောင်လေ။ ဘယ်သူက ခရစ်စတယ်စားသောက်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင်တင်ရလောက်အောင် ချမ်းသာတာလဲ။”

"ဘယ်ကောင်မလေး ဖွင့်ပြောခံရတော့မှာလဲမသိဘူး။ မနာလိုလိုက်တာနော်။"

"အဲ့ကောင်မလေးကို ဒီနေ့ည သူဌေးတစ်ယောက်က အိမ်လိုက်ပို့ပေးနေလောက်တယ်။ မနာလိုဖြစ်စရာကောင်းလိုက်တာ။"

တစ်ချို့စောင့်ကြည့်ရေးသမားများ၏ အထင်အမြင်များ ပျံ့နှံ့နေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် လင်းဖန်က Keep Running ဒါရိုက်တာ လင်းဟုန်ကို ဆက်သွယ်လိုက်ပါသည်။

ရိုက်ကကူးရေးနောက်ဆုံးနေ့ နောက်ဆုံးအချိန်တွင် ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို ကျင်းပပေးပြီး သူမကို အံ့အားသင့်သွားအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါသည်။

သူမမွေးနေ့ပွဲကျင်းပမည့်နေရာက ခရစ်စတယ်လ်စားသောက်ဆိုင် ဖြစ်သည်။

ထိုအချိန်ရောက်သောအခါ ရိုက်ကူးရေးအဖွဲ့ကို ရှားဝမ်ချွေ့အား ခေါ်လာခိုင်းရမည်။

မကြာသေးခင်က လင်းဖန် Keep Running နောက်ဆုံးပိုင်းမှာပါနိုင်အောင် စုရှောင်းယွီက စီစဥ်ပေးခဲ့သည်။

ဒီအချိန်တောအတွင်း လင်းဖန် ဘဝရဲ့ပျော်ရွှင်မှုထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ညွှန်းရေးခဲ့သည်။ ထို့ကြောင့် သူ့ရေပန်းစားမှုက အတော်လေး မြင့်မားလာခဲ့ပါသည်။

ထို့ကြောင့် လင်းဖန်သာ Keep Running ထဲပါဝင်ပါက ထူးဆန်းသည်ဟု ဘယ်ပရိသတ်မှ ထင်မှာ မဟုတ်တော့ပေ။

ဘာပဲဖြစ်ဖြစ် Keep Running က ရေပန်းစားလာခဲ့သည့် ကြယ်ပွင့်ကြီးဖြစ်သူ လင်းဖန်ကို ဖိတ်ကြားထားတာ မဟုတ်ပါလာား။

စုရှောင်းယွီက တစ်ခစ်ခစ် ရယ်မောလိုက်ပြီး ရှားဝမ်ချွေ့ရှေ့သို့ သခွားသီးတစ်ဝက်နဲ့ လျှောက်လာခဲ့ပါသည်။ သူမ တမင်သက်သက် စောင်းပြောလိုက်၏။ "ဟီးဟီး ခရစ်စတယ်လ်စားသောက်ဆိုင်ကို ဘယ်သူ ငှားသွားတာလဲမသိဘူးနော်။ ပြီးတော့ သြဂုတ်လ တစ်ရက်နေ့တဲ့။ ခရစ်စတယ်လ်စားသောက်ဆိုင်က မွေးနေ့ပွဲ ကျင်းပပေးတဲ့နေရာမှာ တော်တယ်လို့ ကြားမိတယ်။ ဖြစ်ချင်တော့ သြဂုတ်လ ၁ ရက်နေ့ အစ်မဝမ်ချွေ့ရဲ့ မွေးနေ့ ဖြစ်နေတာပဲ။ ဆရာက နင့်ကို ဘာပေးမလဲ မသိဘူးနော်။"

ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် စုရှောင်းယွီကို မော့ကြည့်လိုက်ပါသည်။ သူ သိမ်မွေ့စွာ သက်ပြင်းချလိုက်ပါသည်။ "ငါ သြဂုတ်လ ၁ ရက်နေ့မှာ ရသစုံရှိုးရိုက်ဖို့ ရှိသေးတယ်လေ။ သူနဲ့ တွေ့လို့ မရရင် သူ ငါ့ကို ဘယ်လိုလုပ်ပြီး လက်ဆောင်ပေးလို့ရမှာလဲ။”

"ငါက အမြဲလိုလို အလုပ်များနေတာ။ မွေးနေ့ပွဲ မလုပ်တာတောင် ကြာခဲ့ပြီ။ ခရစ်စတယ်လ်စားသောက်ဆိုင်လိုဟာမျိုးတွေကိုတော့ မနာလိုဖြစ်ခွင့်ပဲ ရှိပါတယ်။ အဲ့ဒီငတုံးကောင် လင်းဖန် ငါ့ကို အသီးအရွက်သုတ်ပဲ ပေးရင်တောင် ငါပျော်မှာပါ။ မွေးနေ့လက်ဆောင် မလိုပါဘူး။" ရှားဝမ်ချွေ့က လှပစွာ ပြုံးလိုက်ပါသည်။

လင်းဖန်နဲ့ အချိန်ဖြုန်းရခြင်းက သူမအတွက် အပျော်ရဆုံး ဖြစ်ပါသည်။

သူမလည်း ရိုးမန့်စ် လုပ်ခံချင်ပါသည်။ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ်ရှိသော ကောင်မလေး ဖြစ်ချင်သည်။ သို့သော်လည်း ရိုးမန့်စ်လို အရာမျိုးတွေက တခြားကောင်မလေးများနှင့်သာ သက်ဆိုင်ပါသည်။

သူမက ရသစုံရှိုးရိုက်စရာရှိသေးသဖြင့် ဘယ်လို ရိုးမန့်စ်လုပ်နိုင်တော့မည်နည်း။

"ဆရာလည်း ရိုမန့်တစ်ဆန်ပြရင် ဘယ်လိုလုပ်မလဲ" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။

"သူ ရိုမန့်တစ် ဆန်ပြရင် ကိုက်လိုက်မှာပေါ့~" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ရင်ထဲတွင် သက်ပြင်းချလိုက်ပါသည်။

လင်းဖန်သာ တကယ် ရိုမန့်တစ်ဆန်ပါက အထက်တန်းကျောင်းမှာကတည်းက သူနဲ့ ရည်းစားဖြစ်ခဲ့လောက်ပါသည်။

အခုချိန်ထိ သူမနဲ့ လင်းဖန်တို့ ဆက်ဆံရေးကို အတည်မပြုနိုင်သေးပါ။ သို့သော်လည်း ရှားဝမ်ချွေ့က ဒါတွေ ဂရုမစိုက်ပေ။ လင်းဖန် အနုပညာလောကထဲ ဒီ့ထက် မြင့်သည့်နေရာတွင် ရပ်တည်နိုင်မည့် အချိန်ကို စောင့်နေပါမည်။

ထိုအချိန်ရောက်လာပြီး လင်းဖန်နဲ့ သူမတို့ ဆက်ဆံရေးကို အတည်ပြုပေးလိုက်မှ မုန်းတီးရေးသမားများ အတင်းပြောနိုင်မှာ မဟုတ်ပါ။

ရှားဝမ်ချွေ့က လင်းဖန်အကြောင်း စဥ်းစားလိုက်ပြီး ရင်ထဲတွင် အနည်းငယ် ချိုမြိန်သွားပါသည်။

သူအနားမှာရှိနေပါက သူမ ဘာမဆိုလုပ်ဖို့ စိတ်ဓာတ်ခွန်အား ရှိနေသလိုပင်။

သူတို့အတူတူရှိနေပါက နေ့တိုင်း အချစ်ကိုထုတ်ပြရင်လျှင် လူတိုင်းကို ဖုံးကွယ်ထားရလောက်သည်။

ဘာမှန်းမသိလိုက်ဘဲ တစ်လတာ ကုန်ဆုံးသွားခဲ့၏။

ဒီတစ်လအတွင်း လင်းဖန်က ဇာတ်ညွှန်းများရေးနေပြီး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က အလုပ်လုပ်နေကြပါသည်။

ရှားဝမ်ချွေ့၏ မွေးနေ့ရောက်ဖို့ လဝက်သာလိုပါတော့သည်။

အင်တာနက်ပေါ်မှာလည်း ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုကို ၃၂ ပိုင်း ထုတ်လွှင့်ပြသပြီးပြီဖြစ်ကာ ရေပန်းစားမှုက သန်း ၈၀၀ အထိ ရှိသွားပါပြီ။

ဘဝရဲ့ပျော်ရွှင်မှုအား အင်တာနက်တစ်ခုလုံးတွင် ကြည့်ရှုသူ စုစုပေါင်း ဘီလီယံ ဆယ်နဲ့ချီပြီး ရှိနေပါသည်။

ထိုအချိန်တွင် လင်းဖန်၏ ဝေ့ပေါ်ပရိသတ်များကလည်း ဆက်ပြီး တက်နေဆဲပင်။

ယခင် သန်းအနည်းငယ်မှ ၉.၉၈ သန်းအထိ တက်လာခဲ့သည်။

တစ်လအတွင်း လင်းဖန်၏ ပရိသတ်များ ၁၀ သန်း ပြည့်တော့မည်။

လက်ရှိ လင်းဖန်မှာ ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်နေပါပြီ။

သူ့လက်အောက်တွင် ပရိသတ်များစွာရှိနေ၏။

တစ်ချိန်တည်းမှာပဲ ရှားဝမ်ချွေ့၏ ရေပန်းစားမှုကလည်း မြင့်တက်နေပါသည်။ သူမ၏ ပရိသတ်က သန်း ၉၀ အထိ ရှိသွားပါပြီ။

သန်း ၁၀၀ ရောက်ဖို့ နီးလာလေပြီ။

ဒီနေ့ ဝေ့ပေါ်တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးခန်းပါသည့် အပိုင်းကို တရားဝင် ထုတ်လွှင့်ပြသလိုက်ပြီဖြစ်သောကြောင့်ပင်။

ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အကြင်နာပေးသည့် အခန်းကို မြင်ပြီးသောအခါ ကောမန့်အကန့်တစ်ခုလုံး ရူးသွပ်ကုန်ကြသည်။

"ဟာဟာဟာ ငါ့နတ်သမီးလေး ပထမဆုံးအနမ်းကို လင်းဖန်ကို ပေးလိုက်ပြီ။"

"လင်းဖန်ကလည်း သူ့ရဲ့ ပထမဆုံးအနမ်းကို ဖန်သားပြင်ပေါ်မှာ ရှားဝမ်ချွေ့ကို ပေးလိုက်တာပဲ။ သူတို့က အထက်တန်းအတန်းဖော်တွေ၊ ငယ်ချစ်ဦးတွေပုံစံနဲ့တူတယ်။ အဲ့လို ဆက်ဆံရေးမျိုးက သာမန် မဟုတ်ဘူး။"

"အဓိကက သူတို့သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းလွန်းနေတာ။ ဝမ်းနည်းလွန်းလို့ ငိုတောင် ငိုမိတော့မယ်။ ဒီလောက် သရုပ်ဆောင်ကောင်းတဲ့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတွေကို တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က စုံတွဲအစစ်တွေလိုပဲ။”

"အရင်တုန်းက ထွက်လာတဲ့ ဓာတ်ပုံလည်းရှိတယ်မလား။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အထက်တန်းကျောင်းတုန်းက ပုံတွေလေ။ အရမ်းချိုမြိန်တာပဲ။ အောင်မယ်လေး လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ တကယ်တွဲနေကြတာများလား။”

"ဒီရေပန်းစားအကြောင်းအရာကိုကြည့်လိုက်ဦး။ ရှားဝမ်ချွေ့ Keep Running ရိုက်ကူးရေးလုပ်နေတုန်း လင်းဖန်က သွားလည်ပြီး ပန်းတောာင် ပေးလိုက်တယ်တဲ့။”

"ကြိုက်တယ် ကြိုက်တယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ။ မဟုတ်မှလွဲရော သူတို့က တကယ့်စုံတွဲတွေလား။ စုံတွဲတွေဆိုရင် ဆုတောင်းပေးမယ်။”

"အဲ့တာကြောင့်လည်း ရိုက်ကူးရေးသမားတွေက လင်းဖန်ကို ခေါင်းဆောင်မင်းသား လုပ်ခိုင်းပြီး ရှားဝမ်ချွေ့ကို ခေါင်းဆောင်မင်းသမီး လုပ်ခိုင်းတာပေါ့။ သူတို့နှစ်ယောက်က အရမ်းလိုက်တယ်လေ။”

ဝေ့ပေါ်ပေါ်က ရေပန်းစားအကြောင်းအရာမှာ လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကြောင့် ထပ်ပြီး ရေပန်းစားလာပြန်ပါပြီ။ ဒီတစ်ခေါက် Keep Running ရိုက်ကူးရေးတွင် ရှားဝမ်ချွေ့ဆီသို့ လင်းဖန်သွားလည်သည့် အကြောင်းကို တစ်ယောက်ယောက်က သိသွားခြင်း ဖြစ်သည်။

ရှားဝမ်ချွေ့ကို လင်းဖန်ပန်းပေးခြင်းကစလို့ ဒီလို သိသာသည့် မျက်နှာထားများကြောင့် ပရိသတ်များက တိကျသော သက်သေပြနိုင်နေပါပြီ။ သူတို့သာ တွဲနေတာ မဟုတ်ပါက ဘာကြောင့် ဒီလိုချစ်ရေးချစ်ရာ အပြုအမူတွေကို လုပ်ကြမှာလဲ။

ရုပ်သံစီးရီးအပါအဝင် တချို့ ဗီဒီယိုများနဲ့ လင်းဖန် သွားလည်သည့် ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် သိသာနေပါပြီ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့  တကယ်တွဲနေကြသည်။

ထိုသတင်းအချက်အလက်ကြောင့်လည်း ဝေ့ပေါ်ပေါ်တွင် ရေပန်းစားသည့် အကြောင်းအရာအဖြစ် ထပ်တက်လာခဲ့သည်။

ဝေ့ပေါ်၏ ဆာဗာက သိပ်မကြီးဘဲ အသုံးပြုနိုင်သော ပမာဏကလည်း အရမ်းကြီး မများသောကြောင့် လူများစွာ ဖန်သားပြင်ကို တစ်ပြိုင်တည်း ပြုံသုံးလိုက်ပါက ထစ်သွားနိုင်ပါသည်။ အခုတော့ ဝေ့ပေါ်ပေါ်က ရေပန်းစားသည့် အကြောင်းအရာတစ်ခုက အလွန်လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။

(လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တွဲနေတာ အမှန်ပဲ)

အခန်း(၁၀၇) ရှားဝမ်ချွေ့ဝန်ခံလိုက်ပြီလား

ထို့နောက် ဗီဒီယိုတစ်ခု တက်လာခဲ့ပါသည်။

လင်းဖန် ရှားဝမ်ချွေ့ဆီသွားလည်ပြီးနောက် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်း ဖြစ်သည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ပန်းပေးကာ သူမကို ဦးထုပ်ဆောင်းပေးလိုက်သည်။

သို့သော်လည်း ထိုလုပ်ရပ်သေးသေးလေးကြောင့် မိန်းကလေးများစွာ မနာလိုဖြစ်ကုန်ကြ၏။

လင်းဖန်သာ သူတို့အပေါ် ဒီလိုနွေးထွေးလျှင်...။

"မဖြစ်နိုင်ပါဘူး။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက အဲ့လောက်ကောင်းလို့လား။”

"ဒီမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အထက်တန်းကျောင်းမှာကတည်းက အတန်းဖော်တွေလေ။ သူတို့ဆက်ဆံရေးက အရမ်းကောင်းတယ်။ သူတို့ အကြင်နာပေးခန်းရိုက်တော့ အရမ်းအခြေအနေတွေ ကောင်းနေတာ။ တကယ့် စုံတွဲတွေအတိုင်းပဲ။”

“လခွမ်း... ဒါဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက တကယ့်ကို သာမန်ထက်ပိုတယ်ဆိုတဲ့ သဘောလား။ ပြီးတော့ သူတို့ဓာတ်ပုံတွေကလည်း အများကြီးရှိတယ်။”

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ တွဲနေကြတာဆိုရင် ငါအရင်ဆုံး ကန့်ကွက်မှာ၊ လင်းဖန်က အရမ်းချောပေမယ့် ငါတို့ချွေ့ချွေ့လေးက နတ်သမီးလေးလိုပဲ။ ဘယ်သူမှ သူနဲ့မတန်ဘူး။"

မရေမတွက်နိုင်သော ကောမန့်များက တစ်ချိန်တည်းမှာပဲ ပွက်လောရိုက်ကုန်ကြပါသည်။

ရှားဝမ်ချွေ့ လင်းဖန်နဲ့ သတင်းထပ်ထွက်လာပြန်ပြီ။ ဒီလိုသတင်းမျိုးက ရှားဝမ်ချွေ့အတွက် မကောင်းနိုင်ပါ။

အမျိုးသမီးအနုပညာရှင်တစ်ယောက် သတင်းဆိုးများစွာ ထွက်လာပါက ပရိသတ်များ လျော့သွားရုံသာရှိမည်။

အနုပညာလောကတွင် ပရိသတ်များစွာက မိန်းကလေးများနဲ့ ပတ်သတ်လာလျှင် တင်းကြပ်ကြသည်။

မိန်းကလေးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ဘဝက အလွန်ရှုပ်ထွေးနေပါက နောက်တစ်ခေါက် ထပ်ပြီး ပွဲထွက်နိုင်မှာ မဟုတ်တော့ပါ။

ရှားဝမ်ချွေ့၏ မကောင်းသတင်းကြောင့် လုပ်ငန်းနဲ့ ကြော်ငြာသမားများလည်း သူမကို သဘောမကျဖြစ်လာနိုင်သည်။ ရှားဝမ်ချွေ့၏ ထောက်ခံချက်များကိုပင် ရုတ်သိမ်းလိုက်နိုင်သည်။

ထိုကဲ့သို့ ဖိအားမျိုးနဲ့ ရင်ဆိုင်လာရသောအခါ ရှုထောင့်ကဏ္ဍမျိုးစုံက ဖိအားများကိုလည်း ရှားဝမ်ချွေ့ ထပ်ပြီး ရင်ဆိုင်ရနိုင်သည်။

အစကတော့ ရှားဝမ်ချွေ့ ရှေ့ထွက်လာပြီး ရှင်းလင်းမည်ဟု အားလုံးထင်ထားခဲ့၏။

သူမ မလုပ်ခဲ့ပါ။

လင်းဖန်ကလည်း မရှင်းခဲ့ပေ။

သူတို့နှစ်ယောက် အချင်းချင်း မပြောဘဲ နားလည်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက် မရှင်းကြတော့ပါ။

"ကောင်မလေး။ အင်တာနက်ပေါ်က သတင်းဆိုးတွေကို ကြည့်ပါဦး။ ချွေ့ချွေ့ အဲ့ဒီသတင်းဆိုးတွေက နင့်အတွက် မကောင်းဘူးနော်။ နင် လိမ်ပြီး ရှင်းရမယ်ဆိုရင်တောင် အဲ့ဒီကောလဟာလတွေကို ပျောက်သွားအောင် လုပ်လို့ ရတာပဲ။ မဟုတ်ရင် ကြော်ငြာသမားနဲ့ ရင်းနှီးမြှုပ်နှံသူတွေက နင့်ကို သဘောမကျ ဖြစ်လာလိမ့်မယ်နော်။" ယန်ချင်းက အလွန်စိတ်ဖိစီးနေပါသည်။

သူမလည်း ရှားဝမ်ချွေ့၏ အကျင့်စရိုက်ကို သိပါသည်။ ပြောင်းလဲဖို့ အလွန်ခက်ခဲ၏။ သို့သော်လည်း သူမနဲ့ လင်းဖန်တို့အကြောင်း ဆက်တိုက်သတင်းမျာား ထွက်နေသဖြင့် ကုမ္ပဏီ၏ လူထုဆက်ဆံရေးဌာနကတောင် ရေပန်းစားအကြောင်းအရာများကို မထိန်းနိုင်တော့ပါ။

ရှားဝမ်ချွေ့က ခေါင်းခါပြီး ပြောလိုက်ပါသည်။ "ကျွန်မ မရှင်းချင်ဘူး။ သူတို့ပြောတာ... အမှန်ပဲလေ။"

ရှားဝမ်ချွေ့ ထိုစကားကို ပြောလိုက်သောအခါ ယန်ချင်း မှင်သက်သွားပါသည်။ ရုံးတံခါးရှေ့ ဖြတ်သွားသည့် ရှုယန်လည်း ကြက်သေ သေသွားသည်။

သူနောက်ဆုတ်ဖို့ ရွေးချယ်ခဲ့တာတောင်မှ မတတ်နိုင်သေးပါ။

သို့သော်လည်း ယောက်ျားလေးတစ်ယောက်၏ နှလုံးသားထဲ မိန်းကလေးတစ်ယောက် ရောက်လာသောအခါ ထိုခံစားချက်များက ချက်ချင်း အလွယ်တကူ ပျောက်မသွားနိုင်ပါ။

ရှားဝမ်ချွေ့ကိုယ်တိုင် ဝန်ခံံလိုက်တာကို ရှုယန်ကြားလိုက်ရသောအခါ ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်ပါသည်။

ရှားဝမ်ချွေ့ ကိုယ်တိုင် ဝန်ခံသွားပြီ။

ပရိသတ်များက အမှန်တရားကို ပြောနေကြခြင်းဖြစ်သည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ်တွဲနေကြတာလား။

သူ့မှာ တကယ်ပဲ လုံးဝ အခွင့်အရေး မရှိတော့ဘူးလား။

ရှုယန် တဖြည်းဖြည်းနဲ့ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး ဘာမှမကြားချင်ယောင်ဆောင်လိုက်ပါသည်။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အလုပ်ဆက်လုပ်နေလိုက်ပါသည်။

'ချွေ့ချွေ့....နင်... တဲ့တိုးကြီး ဝန်ခံလို့မရဘူးလေ။"

"နင် လင်းဖန်နဲ့ ဆက်ဆံရေးကောင်းတာ ငါသိပါတယ်။ ဒါပေမယ့် ဒါက နင့်လုပ်ငန်းနဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်နော်။ နင်ပြန်စဥ်းစားရမယ်။”

"နင်မရှင်းချင်ရင်တောင် နောက်တစ်ခေါက် လင်းဖန်နဲ့ ချိန်းတွေ့တဲ့အခါ သတိထားရမယ်။ နောက်တစ်ခေါက်သာ လူထပ်မိသွားရင်..." ယန်ချင်းက ပြောလိုက်သည်။

"အစ်မယန် ကျွန်တော်တာဝန်ယူပါ့မယ်။" လင်းဖန် ကပြုံးလိုက်သည်။

"ကြော်ငြာသမားတွေနဲ့ ကုမ္ပဏီတွေက သူ့ကို မခေါ်ချင်တော့တဲ့အခါ သူ့ကို ခေါ်ချင်လာအောင် လုပ်ဖို့ နည်းလမ်း ကျွန်တော့်မှာ ရှိပါတယ်။" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ဘေးတွင် ရပ်လိုက်ပါသည်။

လင်းဖန်ကို မြင်လိုက်တော့ ရှားဝမ်ချွေ့ပါးပြင်များ အနည်းငယ် နီရဲသွားပါသည်။

ယန်ချင်းလည်း သက်ပြင်းချလိုက်တော့သည်။ သူမ ရွေးချယ်စရာမရှိဘဲ ထွက်သွားရတော့သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ဘာဆက်ပြောရမှန်း သူမ မသိတော့ပါ။

သူတို့အချစ်ရေးကို လူသိထင်ရှား ထုတ်ပြပြီး သူမရှေ့မှာတောင် မရှောင်တော့ပါ။ မန်နေဂျာတစ်ယောက်အနေဖြင့် သူမ စိတ်ပျက်လက်ပျက်သာ ကြည့်နေနိုင်တော့သည်။

ချစ်မိသွားတဲ့လူတွေက ဒီတိုင်းပဲလား။

ယန်ချင်း မျက်နှာထပ်ပူလာသလို ခံစားမိပါသည်။

ထားလိုက်ပါတော့။ တကယ် အဆင်မပြေပါက သူတို့ဆက်ဆံရေးကို တရားဝင်ကြေညာလိမ့်မည်။

ဒီလိုဆို လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက် သူတို့အချစ််ရေးကို ပွင့်ပွင့်လင်းလင်း ထုတ်ပြနိုင်လိမ့်မည်။ ထို့နောက် ရှုယန်နဲ့ ယန်ချင်းတို့ပဲ နာကျင်ရုံမကဘဲ မရေမတွက်နိုင်သော ပရိသတ်များပါ နာကျင်သွားကြလိမ့်မည်။

ထိုပရိသတ်များသာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နေ့တိုင်း ချစ်ကြည်နူးနေကြတာ မြင်သွားပါက နှလုံးသားများ ကွဲထွက်ကုန်လောက်သည်။

သူတို့နတ်သမီးလေးနဲ့ ညှို့အားပြင်းတဲ့မင်းသားလေးတို့ နေ့တိုင်း အတူတူရှိပြီး ရှက်စရာကောင်းတာတွေ မကြာခဏ လုပ်နေကြသည်။ လူတိုင်း မနာလိုမဖြစ်ဘဲ နေနိုင်ပါဦးမလား။

ယန်ချင််းလည်း ဒီအတိုင်း ထွက်လာခဲ့ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ ပြုံးလိုက်သည်။ "နင်ဘာပြောလိုက်တာလဲ။ ဝေ့ပေါ်ပေါ်က ပရိသတ်တွေပြောတာ အမှန်ပဲလား။”

ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ လင်းဖန်ကို စိတ်ဆိုးသော မျက်နှာထားဖြင့် ကြည့်လိုက်ပါသည်။ "သူတို့ပြောတာ မမှန်ဘူး။ ဖြေရှင်းရမှာ ပျင်းလို့။ ဟမ်း... နင်ဖြေရှင်းချင်ရင် ငါဖြေရှင်းပေးမယ်။”

လင်းဖန်က ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "တကယ်တော့ ငါလည်း မဖြေရှင်းအားဘူး။ နင်အရင်ရှင်းလိုက်ပါ။”

ရှားဝမ်ချွေ့က ဒေါသထွက်စွာ ပြောလိုက်ပါသည်။ "နင်အရင်လုပ်ပါလား။”

လင်းဖန်က ပြောလိုကပ်၏။ "ဒါဆိုလည်း ထားလိုက်တော့လေ။ ငါတို့ ဘာမှ မရှင်းတော့ဘူး။”

ရှားဝမ်ချွေ့ "လူဆိုးကောင် နင်မရှင်းချင်လည်း ထားလိုက်တော့။ နင်ရှင်းချင်ရင်တောင် ရှင်းလို့ရမှာ မဟုတ်ဘူး။”

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်ပါသည်။

တကယ်ပဲ ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ပါ။

သို့သော်လည်း စုရှောင်းယွီလည်း ရှိနေသည်။ စုရှောင်းယွီက ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး လှလည်း လှပါသည်။

လင်းဖန်က စုရှောင်းယွီကို ပန်းမပေးဘဲ ရှားဝမ်ချွေ့ကိုသာ ပေးခဲ့ပါသည်။

ဘဝရဲ့ပျော်ရွှင်မှုတွင် ပါဝင်သည့် အကြင်နာပေးခန်းနဲ့ ပေါင်းလိုက်ေသောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့ကို အခု ဘာပဲပြောပြော မှားနိုင်ပါသည်။

အရေးအကြီးဆုံးက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့လည်း ဘာမှဖြေရှင်းချင်သည့်ပုံစံမပေါက်တော့ပါ။

စုရှောင်းယွီက လင်းဖန်ရှေ့ပြေးလာပြီး သူ့ကိုကြည့်လိုက်ကာ နူးနူးညံ့ညံ့ မေးလိုက်ပါသည်။ "ဆရာဆရာ အစ်မဝမ်ချွေ့နဲ့ ဘယ်တော့ တွဲမှာလဲ။ နင်တို့ကို ထောက်ခံပေးမယ်နော်။"

"ကလေးတွေ ဝင်မပါနဲ့။"လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြုံးလိုက်ပါသည်။

"ဆရာာ ငါက ကလေးမှ မဟုတ်တော့တာ။ ငါ့အသက် ၂၂ နှစ်ရှိနေပြီ။ ရင်ဘတ်လည်း ကြီးလာပြီ။ ခြေထောက်တွေလည်း ရှည်လာပြီ။ ငါ့ကို ကလေးလို့ ဘာဖြစ်လို့ ခေါ်တာလဲ။" စုရှောင်းယွီက စိတ်ဆိုးသွားသည့်ပုံပင်။

"နင့်ရင်ဘတ်က ကြီးလာလို့လား။ ငါသိတောင်မသိဘူး။" လင်းဖန်က ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပါသည်။ အရင်တုန်းကအတိုင်းပဲ ရှိနေပါသေးသည်။

"အာဝူး ဆရာ နင့်ကိုကိုက်မယ်။" စုရှောင်းယွီက ပို၍ပင် စိတ်ဆိုးသွားသည်။

"ငါအစ်မဝမ်ချွေ့ကို သွားပြောလိုက်တော့မယ်။ နင်သူ့မွေးနေ့အတွက် စပရိုက်လုပ်ဖို့ ပြင်ထားပြီး ခရစ်စတယ်လ်စားသောက်ဆိုင်မှာတောင် ဘိုကင်လုပ်ထားတဲ့အကြောင်းကိုပါ သွားပြောလိုက်မယ်။" စုရှောင်းယွီက စိတ်ဆိုးစွာ ပြောလိုက်သည်။

"အေးပါ အေးပါ။ နင့်ရင်ဘတ်ကြီးလာပါတယ်။ ဝက်ဝံကြီးတွေလို့ ခေါ်မယ်။" လင်းဖန်က ပြောလိုက်သည်။

"ဆရာ နင်တော်တော်ဆိုးတာပဲ။" စုရှောင်းယွီက မျက်နှာနီကာ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။

"သူက အမြဲတမ်း ရိုးမန့်စ်လုပ်ချင်ခဲ့တာလေ... အဲ့တာကြောင့် သူ့မွေးနေ့ရောက်တဲ့အထိ စောင့်ပြီး အံ့သြသွားအောင် လုပ်ကြရအောင်။"

"ငါဖွင့်ပြောမလားဆိုတာကတော့ နင့်ဆရာငါက လောလောဆယ် အဆင့်အတန်း မမြင့်သေးဘူး။ ငါလုံလုံလောက်လောက် အဆင့်အတန်းမြင့်လာတဲ့အခါမှ သူ့ကို တကယ်ကာကွယ်နိုင်တဲ့အခါမှ သူပြေးလို့မလွတ်ပါဘူး။”

လင်းဖန်က အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ပြုံးလိုက်ပါသည်။

ဘဝရဲ့ပျော်ရွှင်မှုက သူ့ဇာတ်ညွှန်းရေး ခရီးစဥ်၏ အစသာရှိပါသေးသည်။ သူရေးထားသည့် နောက်ဆက်တွဲ ဇာတ်ညွှန်းတိုင်းကို အောင်မြင်သည့် ရုပ်သံစီးရီးများအဖြစ် ပြောင်းလဲရိုက်ကူးနိုင်လိမ့်မည်ဟု ယုံကြည်သည်။

သူ့ကြောင်မလေးကို ထိုအခါမှ ဖွင့်ပြောလည်း နောက်မကျလောက်သေးပါ။

မိန်းကလေးများကို ပိုးပန်းသည့်အခါ အရေးအကြီးဆုံးက အရိပ်အကဲကြည့်တတ်ဖို့ဖြစ်သည်။

အချိန်တန်ပြီဟု လင်းဖန်ခံစားရပါက လင်းဖန် တကယ် လှုပ်ရှားပါမည်။

အခန်း(၁၀၈) ကျွန်တော်ငွေရေးကြေးရေး စိတ်မဝင်စားဘူး

ဘဝရဲ့ပျော်ရွှင်မှုကို တစ်လကြာ ထုတ်လွှင့်ပြသပြီးနောက် ယွဲ့ဟွာဖျော်ဖြေရေးက ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

ယခင်တုန်းက သတင်းစာရှင်းလင်းပွဲများ မကျင်းပခဲ့ရသော အကြောင်းအရင်းမှာ လင်းဖန်က လူသစ်တစ်ယောက်ဖြစ်နေပြီး အင်တာနက်တစ်ခွင်လုံးကလည်း လင်းဖန်ကို နာမည်ဖျက်နေကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာရှင်းလင်းပွဲလုပ်နေစဥ် လင်းဖန် အန္တရာယ်ကြုံရမှာကို စိတ်ပူပြီး မကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။

တစ်လကြာ ထုတ်လွှင့်ပြသပြီးနောက်မှာတော့ ဂုဏ်သတင်းက အများကြီး ပိုကောင်းမွန်လာခဲ့ပါသည်။

ယွဲ့ဟွာ၏ သတင်းစာရှင်းလင်းပွဲ တရားဝင် စတင်ခဲ့ပါပြီ။

ဒီနေ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများစွာသာမကဘဲ ပရိတ်သတ်များစွာလည်း ရှိလိမ့်မည်။

သတင်းပြန့်သွားသောအခါ မီဒီယာများစွာနဲ့ ပရိတ်သတ်များစွာက လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကို တွေ့ချင်သွားကြသည်။

အမှန်ပင်။ ရေပန်းစားသည့် တခြား နာမည်ကျော်တချို့လည်း ရှိပါသေးသည်။

သို့သော် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မကြာသေးခင်ကမှ သတင်းထွက်ထားသဖြင့် အထူးမျက်စိကျစရာကောင်းနေကြပါသည်။သူတို့ထဲက ဘယ်သူမှ ကောလဟာလများကို မဖြေရှင်းခဲ့ကြပေ။

အကြောင်းအရင်း နှစ်ခု ရှိနိုင်ပါသည်။

ပထမက ပရိတ်သတ်များ ပြောတာ မှန်နေသောကြောင့်ဖြစ်နိုင်သည်။

ဒုတိယကတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကောလဟာလများကို ချေပဖို့မလိုဘူးဟု ခံစားမိသောကြောင့် ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ကောလဟာလများသက်သက်သာ။ ကြယ်ပွင့်ကြီးများက အရာရာကို ဖြေရှင်းနေဖို့ မလိုပါ။ အနုပညာလောကထဲတွင် သတင်းဆိုးထွက်သည့် နာမည်ကျော်များစွာလည်း ရှိပါသည်။

သတင်းစားရှင်းလင်းပွဲနေ့တွင်် ယွဲ့ဟွာ၏ နာမည်ကျော်များစွာ စုစည်းခဲ့ကြသည်။

ဒီနေ့ ပွဲတော်က ခြွင်းချက်မရှိအောင် တည်တံ့နေပါသည်။ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာ၏ ရေပန်းစားမှုကြောင့် နိုင်ငံတော်တစ်ခုလုံးတွင် အာရုံစိုက်မှုနဲ့ ဆွေးနွေးမှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

လူများစွာက  ဒီဒရမ်မာအကြောင်းကို သိနှင့်ပြီးသား ဖြစ်သည်။

လင်းဖန်၏ အထက်တန်း အတန်းဖော်များကပင် လင်းဖန်ကို ဂရုထဲ၌ နေ့တိုင်း tag တွဲလေ့ရှိပြီး သူ့ကိုတွေ့ချင်နေပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ချောရုံတင်မကဘဲ ကြယ်ပွင့်ကြီးတစ်ယောက်လည်း ဖြစ်နေလေပြီ။

ထိုအထက်တန်းနဲ့ တက္ကသိုလ် အတန်းဖော်များက လင်းဖန်ကို ဆက်သွယ်ဖို့ ကြိုးစားနေကြပါသည်။

လင်းဖန်ကို  ပိုးပန်းချင်သည့်ကောင်မလေးများစွာရှိသော်လည်း လင်းဖန်က လျစ်လျူရှုထားပါသည်။

သတင်းစာရှင်းလင်းပွဲနေ့တွင် ဘဝရဲ့ပျော်ရွှင်မှု အဓိက သရုပ်ဆောင်များအားလုံး ပါဝင်ကြသည်။

ဒီနေ့ လင်းဖန်က အလွန်သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပါသည်။

ဒီလို အရေးကြီးပွဲတော်မျိုးတွင် လင်းဖန် သာမန်အဝတ်အစားများ ဝတ်လာလို့မဖြစ်ပါ။ သူ့ အိုင်ကျူနဲ့ အီးကျူ နိမ့်ကျနေသလို ထင်ရပါလိမ့်မည်။

လင်းဖန်က ဝတ်စုံတစ်စုံကို ဝတ်ထားပြီး ကားထဲတွင်ထိုင်ကာ သတင်းစာရှင်းလင်းပွဲနေရာသို့ လင်းဖန် ရောက်လာပြီး ကားထဲက ထွက်ဖို့ ပြင်လိုက်စဥ်တွင် အားပေးသံများဖြင့် ကြိုဆိုခံလိုက်ရပါသည်။

"ဝိုးဝိုးဝိုး လင်းဖန်ရဲ့ အဝတ်အစားတွေက လှလိုက်တာ။ လင်းဖန်က တီဗီထဲကထက်တောင် ပိုချောနေသေးတယ်။”

"လင်းဖန် ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။ ဓာတ်ပုံ အတူတူ ရိုက်ရအောင်။"

"လင်းဖန် လင်းဖန် လင်းဖန်"

အားပေးသံများ တစ်သံပြီးတစ်သံ ထွက်လာကြသည်။

လင်းဖန်က လှမ်းကြည့်လိုက်ပြီး  ၎င်းတို့အား အပြုံးဖြင့် နှုက်ဆက်လိုက်ပါသည်။

ထင်ထားသည့်အတိုင်း သူ မနေချင်သည့် ပုံစံအတိုင်း နေရပါဦးမည်။

ယခင်တုန်းက လင်းဖန် ချောရင်တောင် ဇာတ်နိမ့်နေခဲ့သည်။ သူအပြင်ထွက်လျှင် သုံးဘီးသာ စီးသွား၏။ ဒီလိုဆို လူများများစားစား သူ့ကို ဂရုစိုက်ကြမှာ မဟုတ်ပါ။

သို့သော်လည်း ဒီလိုဆိိုရင်တောင် လင်းဖန်နောက်ကို လိုက်ကြသည့် အန်တီကြီးများစွာ ရှိခဲ့ပါသည်။

သူက အခု ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်နေပြီး ပရိတ်သတ်များစွာ၏ အထောက်အပံ့ကိုလည်း ရထားသည်။ ထိုပရိတ်သတ်များက အစွန်းရောက်လွန်းပါသည်။

"ရှားဝမ်ချွေ့ ရှားဝမ်ချွေ့ ရှားဝမ်ချွေ့"

"ရှားဝမ်ချွေ့က အလှဆုံးပဲ။"

"စုရှောင်းယွီလည်း လှပါတယ်။"

"ရှုယန်လည်း ချောလိုက်တာ အံ့သြလိုက်တာ။ ဒါပေမယ့် ရှုယန်က လင်းဖန်လောက်မချောသလိုပဲ။ လင်းဖန်က ယွဲ့ဟွာရဲ့ အချောဆုံး စူပါစတားပဲ။"

"လင်းကျင်းကျင်းလည်း ရှိနေတယ်။ လင်းကျင်းကျင်း နတ်သမီးလေး။"

ဒီနေ့ ရှားဝမ်ချွေ့က ဂါဝန်ရှည်ရှည်ကို ဝတ်ထားကာ သူမ၏ အရှိန်အဝါကလည်း သာမန်ထက် ထူးကဲနေပါသည်။

ရှားဝမ်ချွေ့ အပေါ်ထပ်သို့ တက်သွားတော့ လင်းဖန် သူမနောက်က တိတ်တဆိတ်လိုက်ကာ ဂါဝန်အစကို ကူညီမတင်ပေးပါသည်။

သူတို့နှစ်ယောက် သတင်းထွက်နေသောကြောင့် အတင်းအဖျင်းများကို ရှောင်လွှဲလို့မရခဲ့ပါ။

လင်းဖန်က သူ့ကြောင်မလေး ပြုတ်ကျမည်စိုးသဖြင့် ဂါဝန်ကိုတောင် မတင်ပေးသည်။

ရှားဝမ်ချွေ့က ဒီနေ့ ဒေါက်မြင့်ဖိနပ်စီးလာပြီး အရှိန်အဝါလည်း အလွန်ကောင်းနေပါသည်။ စူပါစတားတစ်ယောက်နဲ့ လုံးဝ တူပြီး သူမ၏ တရားလွန်အလှတရားကလည်း လူများစွာ၏ သဘောကျမှုကို ဆွဲဆောင်နိုင်သည်။

"ဝိုး လင်းဖန်က အရမ်း လူကြီးလူကောင်း ပီသတာပဲ။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တကယ်စုံတွဲတွေလား။ အရမ်းချိုမြိန်ကြတာပဲ။”

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက တကယ်ကောင်းတယ်နော်။ သူတို့က အတွဲတွေ မဟုတ်ဘဲ သူငယ်ချင်းကောင်းတွေဖြစ်ရင်ဖြစ်မှာပေါ့။”

ပရိတ်သတ်များစွာက ပြောဆိုနေကြပြီး ကင်မရာများကလည်း ဓာတ်ပုံရိုက်ယူနေကြပါသည်။

သတင်းစာရှင်းလင်းပွဲခန်းမကို အာရုံစိုက်ထားကြသည့် တိုက်ရိုက်ထုတ်လွှင့်မှုတောင် ရှိပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် လူ တစ်သန်းနီးပါးလောက် ရှိသည်။ သတင်းစာရှင်းလင်းပွဲ၏ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှုသူများနဲ့ ပရိတ်သတ်များစွာက စောင့်ကြည့်နေကြပါသည်။ ခန်းမတွင် မီဒီယာများစွာလည်း ရှိနေပါသည်။ ဘဝရဲ့ပျော်ရွှင်မှု အဓိကဇာတ်လိုက်များ စင်ပေါ်သို့ တက်လာသောအခါ ၎င်းတို့၏ နာမည်ကို လက်မှတ်ထိုးကြသည်။ ထို့နောက် ချက်ချင်းပဲ လူအုပ်ကြီးက အားပေးလိုက်ကြပါသည်။

ထို့နောက် တင်ဆက်သူ၏ အလွန်ကြာသော စကားပြောဆိုခြင်း ရောက်လာပါသည်။

မေးခွန်းမေးဖို့ အချိန်ရောက်လာသောအခါ မီဒီယာတစ်ခုက မေးလိုက်သည်။ "ရှုယန် ဒီတစ်ခေါက် ခေါင်းဆောင်မင်းသား ဖြစ်မလာဘဲ လူသစ်တစ်ယောက်ကို နေရာပေးလိုက်တယ်နော်။ ဘာလို့လဲ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ရှုယန်ထက် ကောင်းနေလို့လား။”

ဒီမီဒီယာ၏ မေးခွန်းများက အလွန်လှည့်ကွက်များပါသည်။ လင်းဖန်က ရှုယန်ရဲ့ ခေါင်းဆောင်မင်းသားနေရာကို ခိုးသွားတယ်လို့ ဆိုလိုတာလား။ အားလုံး သိထားသည့်အတိုင်း ရှုယန်က ယွဲ့ဟွာ၏ ထိပ်တန်း အမျိုးသားသရုပ်ဆောင် ဖြစ်သည်။ ရင်းမြစ်များစွာရှိပြီး ဇာတ်ပို့နေရာက သရုပ်မဆောင်ဖူးသလောက် ရှားပါသည်။

ထိုမေးခွန်းကို ကြားသောအခါ ရှုယန်က ပြုံးလိုက်သည်။ "လင်းဖန်က ကျွန်တော့်ညီအစ်ကိုပါ။ ခေါင်းဆောင်မင်းသားဘယ်သူဖြစ်လဲဆိုတာ အရေးမကြီဘူး။ ပြီးတော့လည်း သူ့သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းသလဲ အားလုံးသိကြမယ်ဆိုတာ ကျွန်တော်ယုံတယ်။”

ရှုယန်၏ အဖြေအား လေးစားသွားကြပါသည်။

ရှုယန်က လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို တိုက်ရိုက်ပြိုင်ဆိုင်ခြင်း မရှိပါ။ လင်းဖန်နဲ့ ဆက်ဆံရေး မကောင်းဘူးဟုလည်း အပြင်လောကကို မပြောပါ။

လင်းဖန်က သူ့ညီအစ်ကို ဖြစ်သည်။ ဒီတစ်ကြောင်းတည်းနဲ့လုံလောက်ပါပြီ။

ထို့နောက် မီဒီယာနောက်တစ်ခုက မေးလိုက်ပါသည်။ ဒီတစ်ခေါက် ရှားဝမ်ချွေ့ကို တိုက်ရိုက်မေးမြန်းခြင်း ဖြစ်သည်။

"ရှားဝမ်ချွေ့ လင်းဖန်နဲ့  ရှင်နဲ့ကြားက ကောလဟာလတွေကို ဘယ်လိုသဘောရပါသလဲ။ အကြင်နာပေးခန်းတွေကို နှစ်ပေါင်းများစွာ မရိုက်ခဲ့တာ လင်းဖန်ကြောင့်လား။”

ထိုမေးခွန်းအား မေးလိုက်သောအခါ ကြည့်ရှုသူများ ကြက်သေ သေသွားကြသည်။

မီဒီယာက တဲ့တိုးဆန်လွန်းနေပါသည်.။

ရှားဝမ်ချွေ့က အွန်လိုင်းပေါ်က သတင်းများကို အကြောင်းမပြန်ခဲ့ပါ။ ထို့အစား ဒီအချိန် မီဒီယာက ရှားဝမ်ချွေ့ကို တဲ့တိုးမေးလိုက်ပါသည်။

ရှားဝမ်ချွေ့အဖြေပေးရတော့မည်။

ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်လာရသဖြင့် လင်းဖန်က အရင်ဆုံး ပြောလိုက်ပါသည်။ "ဝမ်ချွေ့နဲ့ ကျွန်တော်တို့က အရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ပြီး တစ်ယောက်အကြောင်း တစ်ယောက် သိကြတယ်။ ငယ်ကျွမ်းဆွေတွေပေါ့။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့ တွဲနေကြတာလားဆိုတဲ့ အားလုံးရဲ့ မေးခွန်းတွေကိုတော့ ရှင်းပြဖို့လိုမယ်မထင်ဘူး။”

"ကျွန်တော်တို့ မတွဲသေးပါဘူး။ ဝမ်ချွေ့က သူ့လုပ်ငန်းကို ဦးစားပေးတယ်။ ကျွန်တော်ကလည်း ဇာတ်ညွှန်းတွေကို သက်သက်သာသာ ရေးတယ်။ တစ်ခါတစ်လေ သရုပ်ဆောင်ရင်းပေါ့။" လင်းဖန်က ပြုံးလိုက်ပါသည်။

ဒီလို အခြေအနေအောက်တွင် သူရှေ့ထွက်ပြီး ငြင်းရပါတော့မည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က အမှန်တိုင်း ပြောနေခြင်းသာ ဖြစ်သည်။ သူနဲ့ ရှားဝမ်ချွေ့တို့ တကယ်မတွဲရသေးပါ။

သူတို့တွဲနေကြပါက ဒီသတင်းစာရှင်းလင်းပွဲတွင် သူက ရှားဝမ်ချွေ့လက်ကို ကိုင်ထားမည်ဖြစ်သည်။ တစ်ကိုယ်ရေ ဘယ်လောက်တောင် မျက်နှာပူကြမလဲ မသိပါ။

ထို့အပြင် ဒီတစ်ခေါက် သတင်းစားရှင်းလင်းပွဲက ဘဝရဲ့ပျော်ရွှင်မှုကို ပရိုမိုးရှင်းဆင်းဖို့သာ ဖြစ်သည်။ ထိုစကားကိုကြားသောအခါ လင်းဖန်ကိုသူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး ခေါင်းကို နူးညံ့စွာ ငြိမ့်လိုက်ပါသည်။

လင်းဖန် ဘေးမှာရှိနေရင် သတင်းသမားများစွာနဲ့ ရင်ဆိုင်ရမှာ ကြောက်ဖို့ မလိုအပ်တော့ပါ။

လင်းဖန်က သူမကို လုံခြုံသလို ခံစားရစေသည်။ ထိုခံစားချက်က ထူးခြားသည်။ ထို့နောက် မီဒီယာတစ်ခုက ဆက်မေးသည်။

"လင်းဖန်က သရုပ်ဆောင်ပြီး ဇာတ်ညွှန်းတွေ ရေးနေတာက ပိုက်ဆံကြောင့်လား။ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုနဲ့ ဝါသနာကြောင့်လား။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းလွန်းလို့ပါ။”

လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "တကယ်တော့ ကျွန်တော် ငွေရေးကြေးရေး စိတ်မဝင်စားပါဘူး။ ကျွန်တော် ပိုက်ဆံရတာ မရတာ အရေးမကြီးဘူး။ အရေးကြီးတာက ကျွန်တော် ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်ပြီး နိုင်ငံတော်ရဲ့ ရုပ်ရှင်လောကကို အထောက်အကူပြုနိုင်ရင် တော်ပါပြီ။”

လင်းဖန် ထိုသို့ပြောလိုက်သောအခါ ပရိတ်သတ်က လက်ခုပ်သြဘာများ ပေးကြပါသည်။

လင်းဖန်က... တကယ်ပဲ သာမန်လူ မဟုတ်ပေ။

စင်အောက်က ပရိတ်သတ်များစွာက ပို၍ပင် သဘောကျသွားကြပါသည်။

ဒီလို ဖြောင့်မတ်သည့် အနုပညာဖြစ်ရတာ သဘောကျသည့် လင်းဖန်လို စူပါစတားမျိုးကို တစ်ခါမှ မမျှော်လင့်ကြဖူးပေ။

Zawgyi

လင္းဖန္ 106+107+108

အခန္း(၁၀၆) လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တြဲေနၾကၿပီ

"ဝိုး... ခုနက လူက တကယ့္ကို လင္းဖန္ပဲ။ လင္းဖန္က ၾကယ္ပြင့္ႀကီးမဟုတ္လား။ တီဗီထဲကထက္ ပိုေခ်ာေနလိမ့္မယ္ထင္မထားဘူး။”

"လင္းဖန္က Bugatti ၿပိဳင္ကားႀကီးေမာင္းလာတာဟဲ့။ အဲ့ၿပိဳင္ကားက သန္း ရာေက်ာ္တန္ဖိုး႐ွိမယ့္ပုံပဲ။"

"ႏွေျမာလိုက္တာ။ အစ္ကိုလင္းဖန္ကို ဓာတ္ပုံ႐ိုက္ဖို႔ မေတာင္းဆိုလိုက္ရဘူး။ သူ႕လက္မွတ္ရထားရင္လည္း ေကာင္းမွာပဲ။”

ခရစ္စတယ္စားေသာက္ဆိုင္က ေကာင္မေလးႏွစ္ေယာက္ ထိတ္လန္႔သြားၾကပါသည္။

သူတို႔လည္း ဝန္ထမ္းမ်ားျဖစ္ၿပီး ဒရမ္မာၾကည့္တတ္ၾကပါသည္။

လင္းဖန္လို အရပ္႐ွည္႐ွည္၊ ခ်မ္းခ်မ္းသာသာနဲ႔ ႐ုပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္က ေကာင္မေလးမ်ားစြာ၏ စိတ္ကူးယဥ္မင္းသားေလး ျဖစ္သည္။

သူတို႔ လင္းဖန္နဲ႔ ေနႏိုင္ပါက တစ္သက္လုံး စားဝတ္ေနေရး စိတ္ပူဖို႔လိုမည္မဟုတ္ေတာ့ေပ။

အေရးအႀကီးဆုံးက လင္းဖန္၏ ႐ုပ္ရည္ေၾကာင့္ ေကာင္မေလးမ်ားစြာ သေဘာက်မိၾကသည္။

တကယ္ေခ်ာေမာသည့္ လူတစ္ေယာက္သာ ေကာင္မေလးဘယ္ေလာက္မ်ားမ်ား ကိုယ့္ကားထဲ ဝင္ခ်င္ၾကသလဲ သူတို႔အိမ္ကိုဖိတ္ခ်င္္ၾကသလဲဆိုတာ သိပါသည္။

ထိုေန႔က ထူးဆန္းသည့္ သူေဌးတစ္ေယာက္ ခရစ္စတယ္စားေသာက္ဆိုင္ကို ဘိုကင္လာတင္သြားသည္ဟူေသာ သတင္းက ႐ွန္းဟိုင္းၿမိဳ႕တြင္ ပ်ံ႕ႏွံ႔သြားခဲ့ပါသည္။

ဘာပဲျဖစ္ျဖစ္ ခရစ္စတယ္စားေသာက္ဆိုင္က အလြန္အဆင့္ျမင့္ေသာ စားေသာက္ဆိုင္ျဖစ္ၿပီး လူအနည္းငယ္သာ တစ္ရက္တာ ဘိုကင္တင္တတ္ၾကသည္။ ခရစ္စတယ္စားေသာက္ဆိုင္ႀကီးတစ္ခုလုံးကို ငွားရမ္းလိုက္တာနဲ႔ ညီမွ်ပါသည္။ ခရစ္စတယ္စားေသာက္ဆိုင္တစ္ခုလုံးကို ဘိုကင္တင္ဖို႔က အလြန္ေစ်းႀကီးသည္။ ထို႔အျပင္ ခရစ္စတယ္စားေသာက္ဆိုင္က ေကာင္ေလးမ်ားနဲ႔ ေကာင္မေလးမ်ား ခ်ိန္းေတြ႕တတ္ၾကေသာ သို႔မဟုတ္ ဒုတိယမ်ိဳးဆက္သူေဌးမ်ား အလည္လာတတ္ေသာ ေနရာ ျဖစ္သည္။

ပေရာ္ဖက္႐ွင္ဆန္ေသာ ဝန္ေဆာင္မႈနဲ႔ ေသသပ္ေသာ အစီအစဥ္မ်ားလည္း ႐ွိသည္။ လက္ထပ္ခြင့္ေတာင္းေသာ ဇာတ္ၫႊန္းမ်ားကိုပင္ ျပင္ဆင္ေပးရတတ္သည္။

ကတ္စတမ္မာမ်ား ေတာင္းဆိုလိုက္တာနဲ႔ ခရစ္စတယ္စားေသာက္ဆိုင္က ျဖည့္ဆည္းေပးပါလိမ့္မည္။

"3333 ၾသဂုတ္လ တစ္ရက္ေန႔တဲ့။ ဘယ္သူက ခရစ္စတယ္စားေသာက္ဆိုင္ကို ဘိုကင္တင္သြားတာလဲ။”

"ေဘာစိပဲ။ တစ္ရက္ကို ၇၀၀,၀၀၀ ေတာင္ေလ။ ဘယ္သူက ခရစ္စတယ္စားေသာက္ဆိုင္ တစ္ဆိုင္လုံးကို ဘိုကင္တင္ရေလာက္ေအာင္ ခ်မ္းသာတာလဲ။”

"ဘယ္ေကာင္မေလး ဖြင့္ေျပာခံရေတာ့မွာလဲမသိဘူး။ မနာလိုလိုက္တာေနာ္။"

"အဲ့ေကာင္မေလးကို ဒီေန႔ည သူေဌးတစ္ေယာက္က အိမ္လိုက္ပို႔ေပးေနေလာက္တယ္။ မနာလိုျဖစ္စရာေကာင္းလိုက္တာ။"

တစ္ခ်ိဳ႕ေစာင့္ၾကည့္ေရးသမားမ်ား၏ အထင္အျမင္မ်ား ပ်ံ႕ႏွံ႔ေနၿပီျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ လင္းဖန္က Keep Running ဒါ႐ိုက္တာ လင္းဟုန္ကို ဆက္သြယ္လိုက္ပါသည္။

႐ိုက္ကကူးေရးေနာက္ဆုံးေန႔ ေနာက္ဆုံးအခ်ိန္တြင္ ႐ွားဝမ္ေခြၽ႕၏ ေမြးေန႔ပြဲကို က်င္းပေပးၿပီး သူမကို အံ့အားသင့္သြားေအာင္ လုပ္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါသည္။

သူမေမြးေန႔ပြဲက်င္းပမည့္ေနရာက ခရစ္စတယ္လ္စားေသာက္ဆိုင္ ျဖစ္သည္။

ထိုအခ်ိန္ေရာက္ေသာအခါ ႐ိုက္ကူးေရးအဖြဲ႕ကို ႐ွားဝမ္ေခြၽ႕အား ေခၚလာခိုင္းရမည္။

မၾကာေသးခင္က လင္းဖန္ Keep Running ေနာက္ဆုံးပိုင္းမွာပါႏိုင္ေအာင္ စုေ႐ွာင္းယြီက စီစဥ္ေပးခဲ့သည္။

ဒီအခ်ိန္ေတာအတြင္း လင္းဖန္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ဇာတ္ၫႊန္းေရးခဲ့သည္။ ထို႔ေၾကာင့္ သူ႕ေရပန္းစားမႈက အေတာ္ေလး ျမင့္မားလာခဲ့ပါသည္။

ထို႔ေၾကာင့္ လင္းဖန္သာ Keep Running ထဲပါဝင္ပါက ထူးဆန္းသည္ဟု ဘယ္ပရိသတ္မွ ထင္မွာ မဟုတ္ေတာ့ေပ။

ဘာပဲျဖစ္ျဖစ္ Keep Running က ေရပန္းစားလာခဲ့သည့္ ၾကယ္ပြင့္ႀကီးျဖစ္သူ လင္းဖန္ကို ဖိတ္ၾကားထားတာ မဟုတ္ပါလာား။

စုေ႐ွာင္းယြီက တစ္ခစ္ခစ္ ရယ္ေမာလိုက္ၿပီး ႐ွားဝမ္ေခြၽ႕ေ႐ွ႕သို႔ သခြားသီးတစ္ဝက္နဲ႔ ေလွ်ာက္လာခဲ့ပါသည္။ သူမ တမင္သက္သက္ ေစာင္းေျပာလိုက္၏။ "ဟီးဟီး ခရစ္စတယ္လ္စားေသာက္ဆိုင္ကို ဘယ္သူ ငွားသြားတာလဲမသိဘူးေနာ္။ ၿပီးေတာ့ ၾသဂုတ္လ တစ္ရက္ေန႔တဲ့။ ခရစ္စတယ္လ္စားေသာက္ဆိုင္က ေမြးေန႔ပြဲ က်င္းပေပးတဲ့ေနရာမွာ ေတာ္တယ္လို႔ ၾကားမိတယ္။ ျဖစ္ခ်င္ေတာ့ ၾသဂုတ္လ ၁ ရက္ေန႔ အစ္မဝမ္ေခြၽ႕ရဲ႕ ေမြးေန႔ ျဖစ္ေနတာပဲ။ ဆရာက နင့္ကို ဘာေပးမလဲ မသိဘူးေနာ္။"

႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားျဖင့္ စုေ႐ွာင္းယြီကို ေမာ့ၾကည့္လိုက္ပါသည္။ သူ သိမ္ေမြ႕စြာ သက္ျပင္းခ်လိုက္ပါသည္။ "ငါ ၾသဂုတ္လ ၁ ရက္ေန႔မွာ ရသစုံ႐ိႈး႐ိုက္ဖို႔ ႐ွိေသးတယ္ေလ။ သူနဲ႔ ေတြ႕လို႔ မရရင္ သူ ငါ့ကို ဘယ္လိုလုပ္ၿပီး လက္ေဆာင္ေပးလို႔ရမွာလဲ။”

"ငါက အၿမဲလိုလို အလုပ္မ်ားေနတာ။ ေမြးေန႔ပြဲ မလုပ္တာေတာင္ ၾကာခဲ့ၿပီ။ ခရစ္စတယ္လ္စားေသာက္ဆိုင္လိုဟာမ်ိဳးေတြကိုေတာ့ မနာလိုျဖစ္ခြင့္ပဲ ႐ွိပါတယ္။ အဲ့ဒီငတုံးေကာင္ လင္းဖန္ ငါ့ကို အသီးအ႐ြက္သုတ္ပဲ ေပးရင္ေတာင္ ငါေပ်ာ္မွာပါ။ ေမြးေန႔လက္ေဆာင္ မလိုပါဘူး။" ႐ွားဝမ္ေခြၽ႕က လွပစြာ ျပဳံးလိုက္ပါသည္။

လင္းဖန္နဲ႔ အခ်ိန္ျဖဳန္းရျခင္းက သူမအတြက္ အေပ်ာ္ရဆုံး ျဖစ္ပါသည္။

သူမလည္း ႐ိုးမန္႔စ္ လုပ္ခံခ်င္ပါသည္။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္၊ လြတ္လြတ္လပ္လပ္႐ွိေသာ ေကာင္မေလး ျဖစ္ခ်င္သည္။ သို႔ေသာ္လည္း ႐ိုးမန္႔စ္လို အရာမ်ိဳးေတြက တျခားေကာင္မေလးမ်ားႏွင့္သာ သက္ဆိုင္ပါသည္။

သူမက ရသစုံ႐ိႈး႐ိုက္စရာ႐ွိေသးသျဖင့္ ဘယ္လို ႐ိုးမန္႔စ္လုပ္ႏိုင္ေတာ့မည္နည္း။

"ဆရာလည္း ႐ိုမန္႔တစ္ဆန္ျပရင္ ဘယ္လိုလုပ္မလဲ" စုေ႐ွာင္းယြီက မ်က္ေတာင္ခတ္လိုက္ပါသည္။

"သူ ႐ိုမန္႔တစ္ ဆန္ျပရင္ ကိုက္လိုက္မွာေပါ့~" ႐ွားဝမ္ေခြၽ႕က ႐ွက္ေသြးျဖာသြားၿပီး ရင္ထဲတြင္ သက္ျပင္းခ်လိုက္ပါသည္။

လင္းဖန္သာ တကယ္ ႐ိုမန္႔တစ္ဆန္ပါက အထက္တန္းေက်ာင္းမွာကတည္းက သူနဲ႔ ရည္းစားျဖစ္ခဲ့ေလာက္ပါသည္။

အခုခ်ိန္ထိ သူမနဲ႔ လင္းဖန္တို႔ ဆက္ဆံေရးကို အတည္မျပဳႏိုင္ေသးပါ။ သို႔ေသာ္လည္း ႐ွားဝမ္ေခြၽ႕က ဒါေတြ ဂ႐ုမစိုက္ေပ။ လင္းဖန္ အႏုပညာေလာကထဲ ဒီ့ထက္ ျမင့္သည့္ေနရာတြင္ ရပ္တည္ႏိုင္မည့္ အခ်ိန္ကို ေစာင့္ေနပါမည္။

ထိုအခ်ိန္ေရာက္လာၿပီး လင္းဖန္နဲ႔ သူမတို႔ ဆက္ဆံေရးကို အတည္ျပဳေပးလိုက္မွ မုန္းတီးေရးသမားမ်ား အတင္းေျပာႏိုင္မွာ မဟုတ္ပါ။

႐ွားဝမ္ေခြၽ႕က လင္းဖန္အေၾကာင္း စဥ္းစားလိုက္ၿပီး ရင္ထဲတြင္ အနည္းငယ္ ခ်ိဳၿမိန္သြားပါသည္။

သူအနားမွာ႐ွိေနပါက သူမ ဘာမဆိုလုပ္ဖို႔ စိတ္ဓာတ္ခြန္အား ႐ွိေနသလိုပင္။

သူတို႔အတူတူ႐ွိေနပါက ေန႔တိုင္း အခ်စ္ကိုထုတ္ျပရင္လွ်င္ လူတိုင္းကို ဖုံးကြယ္ထားရေလာက္သည္။

ဘာမွန္းမသိလိုက္ဘဲ တစ္လတာ ကုန္ဆုံးသြားခဲ့၏။

ဒီတစ္လအတြင္း လင္းဖန္က ဇာတ္ၫႊန္းမ်ားေရးေနၿပီး ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔က အလုပ္လုပ္ေနၾကပါသည္။

႐ွားဝမ္ေခြၽ႕၏ ေမြးေန႔ေရာက္ဖို႔ လဝက္သာလိုပါေတာ့သည္။

အင္တာနက္ေပၚမွာလည္း ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားမႈက ဆက္လက္ျမင့္တက္ေနဆဲ ျဖစ္သည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ၃၂ ပိုင္း ထုတ္လႊင့္ျပသၿပီးၿပီျဖစ္ကာ ေရပန္းစားမႈက သန္း ၈၀၀ အထိ ႐ွိသြားပါၿပီ။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈအား အင္တာနက္တစ္ခုလုံးတြင္ ၾကည့္႐ႈသူ စုစုေပါင္း ဘီလီယံ ဆယ္နဲ႔ခ်ီၿပီး ႐ွိေနပါသည္။

ထိုအခ်ိန္တြင္ လင္းဖန္၏ ေဝ့ေပၚပရိသတ္မ်ားကလည္း ဆက္ၿပီး တက္ေနဆဲပင္။

ယခင္ သန္းအနည္းငယ္မွ ၉.၉၈ သန္းအထိ တက္လာခဲ့သည္။

တစ္လအတြင္း လင္းဖန္၏ ပရိသတ္မ်ား ၁၀ သန္း ျပည့္ေတာ့မည္။

လက္႐ွိ လင္းဖန္မွာ ၾကယ္ပြင့္ႀကီးတစ္ေယာက္ ျဖစ္ေနပါၿပီ။

သူ႕လက္ေအာက္တြင္ ပရိသတ္မ်ားစြာ႐ွိေန၏။

တစ္ခ်ိန္တည္းမွာပဲ ႐ွားဝမ္ေခြၽ႕၏ ေရပန္းစားမႈကလည္း ျမင့္တက္ေနပါသည္။ သူမ၏ ပရိသတ္က သန္း ၉၀ အထိ ႐ွိသြားပါၿပီ။

သန္း ၁၀၀ ေရာက္ဖို႔ နီးလာေလၿပီ။

ဒီေန႔ ေဝ့ေပၚတစ္ခုလုံး ပြက္ေလာ႐ိုက္သြားခဲ့ပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ အၾကင္နာေပးခန္းပါသည့္ အပိုင္းကို တရားဝင္ ထုတ္လႊင့္ျပသလိုက္ၿပီျဖစ္ေသာေၾကာင့္ပင္။

႐ွားဝမ္ေခြၽ႕နဲ႔ လင္းဖန္တို႔ အၾကင္နာေပးသည့္ အခန္းကို ျမင္ၿပီးေသာအခါ ေကာမန္႔အကန္႔တစ္ခုလုံး ႐ူးသြပ္ကုန္ၾကသည္။

"ဟာဟာဟာ ငါ့နတ္သမီးေလး ပထမဆုံးအနမ္းကို လင္းဖန္ကို ေပးလိုက္ၿပီ။"

"လင္းဖန္ကလည္း သူ႕ရဲ႕ ပထမဆုံးအနမ္းကို ဖန္သားျပင္ေပၚမွာ ႐ွားဝမ္ေခြၽ႕ကို ေပးလိုက္တာပဲ။ သူတို႔က အထက္တန္းအတန္းေဖာ္ေတြ၊ ငယ္ခ်စ္ဦးေတြပုံစံနဲ႔တူတယ္။ အဲ့လို ဆက္ဆံေရးမ်ိဳးက သာမန္ မဟုတ္ဘူး။"

"အဓိကက သူတို႔သ႐ုပ္ေဆာင္စြမ္းရည္ေတြက အရမ္းေကာင္းလြန္းေနတာ။ ဝမ္းနည္းလြန္းလို႔ ငိုေတာင္ ငိုမိေတာ့မယ္။ ဒီေလာက္ သ႐ုပ္ေဆာင္ေကာင္းတဲ့ ေခါင္းေဆာင္မင္းသားနဲ႔ မင္းသမီးေတြကို တစ္ခါမွ မျမင္ဖူးဘူး။ သူတို႔က စုံတြဲအစစ္ေတြလိုပဲ။”

"အရင္တုန္းက ထြက္လာတဲ့ ဓာတ္ပုံလည္း႐ွိတယ္မလား။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ အထက္တန္းေက်ာင္းတုန္းက ပုံေတြေလ။ အရမ္းခ်ိဳၿမိန္တာပဲ။ ေအာင္မယ္ေလး လင္းဖန္နဲ႔႐ွားဝမ္ေခြၽ႕တို႔ တကယ္တြဲေနၾကတာမ်ားလား။”

"ဒီေရပန္းစားအေၾကာင္းအရာကိုၾကည့္လိုက္ဦး။ ႐ွားဝမ္ေခြၽ႕ Keep Running ႐ိုက္ကူးေရးလုပ္ေနတုန္း လင္းဖန္က သြားလည္ၿပီး ပန္းေတာာင္ ေပးလိုက္တယ္တဲ့။”

"ႀကိဳက္တယ္ ႀကိဳက္တယ္။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ ဆက္ဆံေရးက တကယ္ေကာင္းတာပဲ။ မဟုတ္မွလြဲေရာ သူတို႔က တကယ့္စုံတြဲေတြလား။ စုံတြဲေတြဆိုရင္ ဆုေတာင္းေပးမယ္။”

"အဲ့တာေၾကာင့္လည္း ႐ိုက္ကူးေရးသမားေတြက လင္းဖန္ကို ေခါင္းေဆာင္မင္းသား လုပ္ခိုင္းၿပီး ႐ွားဝမ္ေခြၽ႕ကို ေခါင္းေဆာင္မင္းသမီး လုပ္ခိုင္းတာေပါ့။ သူတို႔ႏွစ္ေယာက္က အရမ္းလိုက္တယ္ေလ။”

ေဝ့ေပၚေပၚက ေရပန္းစားအေၾကာင္းအရာမွာ လင္းဖန္နဲ႔႐ွားဝမ္ေခြၽ႕တို႔ေၾကာင့္ ထပ္ၿပီး ေရပန္းစားလာျပန္ပါၿပီ။ ဒီတစ္ေခါက္ Keep Running ႐ိုက္ကူးေရးတြင္ ႐ွားဝမ္ေခြၽ႕ဆီသို႔ လင္းဖန္သြားလည္သည့္ အေၾကာင္းကို တစ္ေယာက္ေယာက္က သိသြားျခင္း ျဖစ္သည္။

႐ွားဝမ္ေခြၽ႕ကို လင္းဖန္ပန္းေပးျခင္းကစလို႔ ဒီလို သိသာသည့္ မ်က္ႏွာထားမ်ားေၾကာင့္ ပရိသတ္မ်ားက တိက်ေသာ သက္ေသျပႏိုင္ေနပါၿပီ။ သူတို႔သာ တြဲေနတာ မဟုတ္ပါက ဘာေၾကာင့္ ဒီလိုခ်စ္ေရးခ်စ္ရာ အျပဳအမူေတြကို လုပ္ၾကမွာလဲ။

႐ုပ္သံစီးရီးအပါအဝင္ တခ်ိဳ႕ ဗီဒီယိုမ်ားနဲ႔ လင္းဖန္ သြားလည္သည့္ ဓာတ္ပုံမ်ားကို ၾကည့္ျခင္းအားျဖင့္ သိသာေနပါၿပီ။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔  တကယ္တြဲေနၾကသည္။

ထိုသတင္းအခ်က္အလက္ေၾကာင့္လည္း ေဝ့ေပၚေပၚတြင္ ေရပန္းစားသည့္ အေၾကာင္းအရာအျဖစ္ ထပ္တက္လာခဲ့သည္။

ေဝ့ေပၚ၏ ဆာဗာက သိပ္မႀကီးဘဲ အသုံးျပဳႏိုင္ေသာ ပမာဏကလည္း အရမ္းႀကီး မမ်ားေသာေၾကာင့္ လူမ်ားစြာ ဖန္သားျပင္ကို တစ္ၿပိဳင္တည္း ျပဳံသုံးလိုက္ပါက ထစ္သြားႏိုင္ပါသည္။ အခုေတာ့ ေဝ့ေပၚေပၚက ေရပန္းစားသည့္ အေၾကာင္းအရာတစ္ခုက အလြန္လွ်င္ျမန္စြာ ျမင့္တက္လာခဲ့သည္။

(လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တြဲေနတာ အမွန္ပဲ)

အခန္း(၁၀၇) ႐ွားဝမ္ေခြၽ႕ဝန္ခံလိုက္ၿပီလား

ထို႔ေနာက္ ဗီဒီယိုတစ္ခု တက္လာခဲ့ပါသည္။

လင္းဖန္ ႐ွားဝမ္ေခြၽ႕ဆီသြားလည္ၿပီးေနာက္ ျဖစ္ပ်က္ခဲ့သည့္ ျမင္ကြင္း ျဖစ္သည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ပန္းေပးကာ သူမကို ဦးထုပ္ေဆာင္းေပးလိုက္သည္။

သို႔ေသာ္လည္း ထိုလုပ္ရပ္ေသးေသးေလးေၾကာင့္ မိန္းကေလးမ်ားစြာ မနာလိုျဖစ္ကုန္ၾက၏။

လင္းဖန္သာ သူတို႔အေပၚ ဒီလိုေႏြးေထြးလွ်င္...။

"မျဖစ္ႏိုင္ပါဘူး။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးက အဲ့ေလာက္ေကာင္းလို႔လား။”

"ဒီမွာ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က အထက္တန္းေက်ာင္းမွာကတည္းက အတန္းေဖာ္ေတြေလ။ သူတို႔ဆက္ဆံေရးက အရမ္းေကာင္းတယ္။ သူတို႔ အၾကင္နာေပးခန္း႐ိုက္ေတာ့ အရမ္းအေျခအေနေတြ ေကာင္းေနတာ။ တကယ့္ စုံတြဲေတြအတိုင္းပဲ။”

“လခြမ္း... ဒါဆို လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးက တကယ့္ကို သာမန္ထက္ပိုတယ္ဆိုတဲ့ သေဘာလား။ ၿပီးေတာ့ သူတို႔ဓာတ္ပုံေတြကလည္း အမ်ားႀကီး႐ွိတယ္။”

"လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔သာ တြဲေနၾကတာဆိုရင္ ငါအရင္ဆုံး ကန္႔ကြက္မွာ၊ လင္းဖန္က အရမ္းေခ်ာေပမယ့္ ငါတို႔ေခြၽ႕ေခြၽ႕ေလးက နတ္သမီးေလးလိုပဲ။ ဘယ္သူမွ သူနဲ႔မတန္ဘူး။"

မေရမတြက္ႏိုင္ေသာ ေကာမန္႔မ်ားက တစ္ခ်ိန္တည္းမွာပဲ ပြက္ေလာ႐ိုက္ကုန္ၾကပါသည္။

႐ွားဝမ္ေခြၽ႕ လင္းဖန္နဲ႔ သတင္းထပ္ထြက္လာျပန္ၿပီ။ ဒီလိုသတင္းမ်ိဳးက ႐ွားဝမ္ေခြၽ႕အတြက္ မေကာင္းႏိုင္ပါ။

အမ်ိဳးသမီးအႏုပညာ႐ွင္တစ္ေယာက္ သတင္းဆိုးမ်ားစြာ ထြက္လာပါက ပရိသတ္မ်ား ေလ်ာ့သြား႐ုံသာ႐ွိမည္။

အႏုပညာေလာကတြင္ ပရိသတ္မ်ားစြာက မိန္းကေလးမ်ားနဲ႔ ပတ္သတ္လာလွ်င္ တင္းၾကပ္ၾကသည္။

မိန္းကေလးတစ္ေယာက္၏ ကိုယ္ေရးကိုယ္တာ ဘဝက အလြန္႐ႈပ္ေထြးေနပါက ေနာက္တစ္ေခါက္ ထပ္ၿပီး ပြဲထြက္ႏိုင္မွာ မဟုတ္ေတာ့ပါ။

႐ွားဝမ္ေခြၽ႕၏ မေကာင္းသတင္းေၾကာင့္ လုပ္ငန္းနဲ႔ ေၾကာ္ျငာသမားမ်ားလည္း သူမကို သေဘာမက်ျဖစ္လာႏိုင္သည္။ ႐ွားဝမ္ေခြၽ႕၏ ေထာက္ခံခ်က္မ်ားကိုပင္ ႐ုတ္သိမ္းလိုက္ႏိုင္သည္။

ထိုကဲ့သို႔ ဖိအားမ်ိဳးနဲ႔ ရင္ဆိုင္လာရေသာအခါ ႐ႈေထာင့္က႑မ်ိဳးစုံက ဖိအားမ်ားကိုလည္း ႐ွားဝမ္ေခြၽ႕ ထပ္ၿပီး ရင္ဆိုင္ရႏိုင္သည္။

အစကေတာ့ ႐ွားဝမ္ေခြၽ႕ ေ႐ွ႕ထြက္လာၿပီး ႐ွင္းလင္းမည္ဟု အားလုံးထင္ထားခဲ့၏။

သူမ မလုပ္ခဲ့ပါ။

လင္းဖန္ကလည္း မ႐ွင္းခဲ့ေပ။

သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္း မေျပာဘဲ နားလည္ၾကၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္ မ႐ွင္းၾကေတာ့ပါ။

"ေကာင္မေလး။ အင္တာနက္ေပၚက သတင္းဆိုးေတြကို ၾကည့္ပါဦး။ ေခြၽ႕ေခြၽ႕ အဲ့ဒီသတင္းဆိုးေတြက နင့္အတြက္ မေကာင္းဘူးေနာ္။ နင္ လိမ္ၿပီး ႐ွင္းရမယ္ဆိုရင္ေတာင္ အဲ့ဒီေကာလဟာလေတြကို ေပ်ာက္သြားေအာင္ လုပ္လို႔ ရတာပဲ။ မဟုတ္ရင္ ေၾကာ္ျငာသမားနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြက နင့္ကို သေဘာမက် ျဖစ္လာလိမ့္မယ္ေနာ္။" ယန္ခ်င္းက အလြန္စိတ္ဖိစီးေနပါသည္။

သူမလည္း ႐ွားဝမ္ေခြၽ႕၏ အက်င့္စ႐ိုက္ကို သိပါသည္။ ေျပာင္းလဲဖို႔ အလြန္ခက္ခဲ၏။ သို႔ေသာ္လည္း သူမနဲ႔ လင္းဖန္တို႔အေၾကာင္း ဆက္တိုက္သတင္းမ်ာား ထြက္ေနသျဖင့္ ကုမၸဏီ၏ လူထုဆက္ဆံေရးဌာနကေတာင္ ေရပန္းစားအေၾကာင္းအရာမ်ားကို မထိန္းႏိုင္ေတာ့ပါ။

႐ွားဝမ္ေခြၽ႕က ေခါင္းခါၿပီး ေျပာလိုက္ပါသည္။ "ကြၽန္မ မ႐ွင္းခ်င္ဘူး။ သူတို႔ေျပာတာ... အမွန္ပဲေလ။"

႐ွားဝမ္ေခြၽ႕ ထိုစကားကို ေျပာလိုက္ေသာအခါ ယန္ခ်င္း မွင္သက္သြားပါသည္။ ႐ုံးတံခါးေ႐ွ႕ ျဖတ္သြားသည့္ ႐ႈယန္လည္း ၾကက္ေသ ေသသြားသည္။

သူေနာက္ဆုတ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာေတာင္မွ မတတ္ႏိုင္ေသးပါ။

သို႔ေသာ္လည္း ေယာက်္ားေလးတစ္ေယာက္၏ ႏွလုံးသားထဲ မိန္းကေလးတစ္ေယာက္ ေရာက္လာေသာအခါ ထိုခံစားခ်က္မ်ားက ခ်က္ခ်င္း အလြယ္တကူ ေပ်ာက္မသြားႏိုင္ပါ။

႐ွားဝမ္ေခြၽ႕ကိုယ္တိုင္ ဝန္ခံံလိုက္တာကို ႐ႈယန္ၾကားလိုက္ရေသာအခါ ခါးသီးစြာ ျပဳံးလိုက္ၿပီး ေခါင္းခါလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕ ကိုယ္တိုင္ ဝန္ခံသြားၿပီ။

ပရိသတ္မ်ားက အမွန္တရားကို ေျပာေနၾကျခင္းျဖစ္သည္။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တကယ္တြဲေနၾကတာလား။

သူ႕မွာ တကယ္ပဲ လုံးဝ အခြင့္အေရး မ႐ွိေတာ့ဘူးလား။

႐ႈယန္ တျဖည္းျဖည္းနဲ႔ စိတ္ပ်က္လက္ပ်က္ သက္ျပင္းခ်လိုက္ၿပီး ဘာမွမၾကားခ်င္ေယာင္ေဆာင္လိုက္ပါသည္။ ဘာမွမျဖစ္ခဲ့သလို ဟန္ေဆာင္ကာ အလုပ္ဆက္လုပ္ေနလိုက္ပါသည္။

'ေခြၽ႕ေခြၽ႕....နင္... တဲ့တိုးႀကီး ဝန္ခံလို႔မရဘူးေလ။"

"နင္ လင္းဖန္နဲ႔ ဆက္ဆံေရးေကာင္းတာ ငါသိပါတယ္။ ဒါေပမယ့္ ဒါက နင့္လုပ္ငန္းနဲ႔ အနာဂတ္နဲ႔ သက္ဆိုင္ေနတယ္ေနာ္။ နင္ျပန္စဥ္းစားရမယ္။”

"နင္မ႐ွင္းခ်င္ရင္ေတာင္ ေနာက္တစ္ေခါက္ လင္းဖန္နဲ႔ ခ်ိန္းေတြ႕တဲ့အခါ သတိထားရမယ္။ ေနာက္တစ္ေခါက္သာ လူထပ္မိသြားရင္..." ယန္ခ်င္းက ေျပာလိုက္သည္။

"အစ္မယန္ ကြၽန္ေတာ္တာဝန္ယူပါ့မယ္။" လင္းဖန္ ကျပဳံးလိုက္သည္။

"ေၾကာ္ျငာသမားေတြနဲ႔ ကုမၸဏီေတြက သူ႕ကို မေခၚခ်င္ေတာ့တဲ့အခါ သူ႕ကို ေခၚခ်င္လာေအာင္ လုပ္ဖို႔ နည္းလမ္း ကြၽန္ေတာ့္မွာ ႐ွိပါတယ္။" လင္းဖန္က ျပဳံးကာ ႐ွားဝမ္ေခြၽ႕ေဘးတြင္ ရပ္လိုက္ပါသည္။

လင္းဖန္ကို ျမင္လိုက္ေတာ့ ႐ွားဝမ္ေခြၽ႕ပါးျပင္မ်ား အနည္းငယ္ နီရဲသြားပါသည္။

ယန္ခ်င္းလည္း သက္ျပင္းခ်လိုက္ေတာ့သည္။ သူမ ေ႐ြးခ်ယ္စရာမ႐ွိဘဲ ထြက္သြားရေတာ့သည္။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ကို ဘာဆက္ေျပာရမွန္း သူမ မသိေတာ့ပါ။

သူတို႔အခ်စ္ေရးကို လူသိထင္႐ွား ထုတ္ျပၿပီး သူမေ႐ွ႕မွာေတာင္ မေ႐ွာင္ေတာ့ပါ။ မန္ေနဂ်ာတစ္ေယာက္အေနျဖင့္ သူမ စိတ္ပ်က္လက္ပ်က္သာ ၾကည့္ေနႏိုင္ေတာ့သည္။

ခ်စ္မိသြားတဲ့လူေတြက ဒီတိုင္းပဲလား။

ယန္ခ်င္း မ်က္ႏွာထပ္ပူလာသလို ခံစားမိပါသည္။

ထားလိုက္ပါေတာ့။ တကယ္ အဆင္မေျပပါက သူတို႔ဆက္ဆံေရးကို တရားဝင္ေၾကညာလိမ့္မည္။

ဒီလိုဆို လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ႏွစ္ေယာက္ သူတို႔အခ်စ္္ေရးကို ပြင့္ပြင့္လင္းလင္း ထုတ္ျပႏိုင္လိမ့္မည္။ ထို႔ေနာက္ ႐ႈယန္နဲ႔ ယန္ခ်င္းတို႔ပဲ နာက်င္႐ုံမကဘဲ မေရမတြက္ႏိုင္ေသာ ပရိသတ္မ်ားပါ နာက်င္သြားၾကလိမ့္မည္။

ထိုပရိသတ္မ်ားသာ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ေန႔တိုင္း ခ်စ္ၾကည္ႏူးေနၾကတာ ျမင္သြားပါက ႏွလုံးသားမ်ား ကြဲထြက္ကုန္ေလာက္သည္။

သူတို႔နတ္သမီးေလးနဲ႔ ညိႇဳ႕အားျပင္းတဲ့မင္းသားေလးတို႔ ေန႔တိုင္း အတူတူ႐ွိၿပီး ႐ွက္စရာေကာင္းတာေတြ မၾကာခဏ လုပ္ေနၾကသည္။ လူတိုင္း မနာလိုမျဖစ္ဘဲ ေနႏိုင္ပါဦးမလား။

ယန္ခ်င္္းလည္း ဒီအတိုင္း ထြက္လာခဲ့ပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕ကိုၾကည့္ကာ ျပဳံးလိုက္သည္။ "နင္ဘာေျပာလိုက္တာလဲ။ ေဝ့ေပၚေပၚက ပရိသတ္ေတြေျပာတာ အမွန္ပဲလား။”

႐ွားဝမ္ေခြၽ႕က ႏႈတ္ခမ္းစူကာ လင္းဖန္ကို စိတ္ဆိုးေသာ မ်က္ႏွာထားျဖင့္ ၾကည့္လိုက္ပါသည္။ "သူတို႔ေျပာတာ မမွန္ဘူး။ ေျဖ႐ွင္းရမွာ ပ်င္းလို႔။ ဟမ္း... နင္ေျဖ႐ွင္းခ်င္ရင္ ငါေျဖ႐ွင္းေပးမယ္။”

လင္းဖန္က ျပဳံးလိုက္ၿပီး ေျပာလိုက္ပါသည္။ "တကယ္ေတာ့ ငါလည္း မေျဖ႐ွင္းအားဘူး။ နင္အရင္႐ွင္းလိုက္ပါ။”

႐ွားဝမ္ေခြၽ႕က ေဒါသထြက္စြာ ေျပာလိုက္ပါသည္။ "နင္အရင္လုပ္ပါလား။”

လင္းဖန္က ေျပာလိုကပ္၏။ "ဒါဆိုလည္း ထားလိုက္ေတာ့ေလ။ ငါတို႔ ဘာမွ မ႐ွင္းေတာ့ဘူး။”

႐ွားဝမ္ေခြၽ႕ "လူဆိုးေကာင္ နင္မ႐ွင္းခ်င္လည္း ထားလိုက္ေတာ့။ နင္႐ွင္းခ်င္ရင္ေတာင္ ႐ွင္းလို႔ရမွာ မဟုတ္ဘူး။”

လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္ကာ ေတာက္ေတာက္ပပ ျပဳံးလိုက္ပါသည္။

တကယ္ပဲ ေျဖ႐ွင္းဖို႔ နည္းလမ္း မ႐ွိေတာ့ပါ။

သို႔ေသာ္လည္း စုေ႐ွာင္းယြီလည္း ႐ွိေနသည္။ စုေ႐ွာင္းယြီက ၾကယ္ပြင့္တစ္ေယာက္ျဖစ္ၿပီး လွလည္း လွပါသည္။

လင္းဖန္က စုေ႐ွာင္းယြီကို ပန္းမေပးဘဲ ႐ွားဝမ္ေခြၽ႕ကိုသာ ေပးခဲ့ပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈတြင္ ပါဝင္သည့္ အၾကင္နာေပးခန္းနဲ႔ ေပါင္းလိုေက္ေသာအခါ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕ကို အခု ဘာပဲေျပာေျပာ မွားႏိုင္ပါသည္။

အေရးအႀကီးဆုံးက လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔လည္း ဘာမွေျဖ႐ွင္းခ်င္သည့္ပုံစံမေပါက္ေတာ့ပါ။

စုေ႐ွာင္းယြီက လင္းဖန္ေ႐ွ႕ေျပးလာၿပီး သူ႕ကိုၾကည့္လိုက္ကာ ႏူးႏူးညံ့ညံ့ ေမးလိုက္ပါသည္။ "ဆရာဆရာ အစ္မဝမ္ေခြၽ႕နဲ႔ ဘယ္ေတာ့ တြဲမွာလဲ။ နင္တို႔ကို ေထာက္ခံေပးမယ္ေနာ္။"

"ကေလးေတြ ဝင္မပါနဲ႔။"လင္းဖန္က စုေ႐ွာင္းယြီကို ၾကည့္ကာ ျပဳံးလိုက္ပါသည္။

"ဆရာာ ငါက ကေလးမွ မဟုတ္ေတာ့တာ။ ငါ့အသက္ ၂၂ ႏွစ္႐ွိေနၿပီ။ ရင္ဘတ္လည္း ႀကီးလာၿပီ။ ေျခေထာက္ေတြလည္း ႐ွည္လာၿပီ။ ငါ့ကို ကေလးလို႔ ဘာျဖစ္လို႔ ေခၚတာလဲ။" စုေ႐ွာင္းယြီက စိတ္ဆိုးသြားသည့္ပုံပင္။

"နင့္ရင္ဘတ္က ႀကီးလာလို႔လား။ ငါသိေတာင္မသိဘူး။" လင္းဖန္က ၾကည့္လိုက္ၿပီး ေခါင္းခါလိုက္ပါသည္။ အရင္တုန္းကအတိုင္းပဲ ႐ွိေနပါေသးသည္။

"အာဝူး ဆရာ နင့္ကိုကိုက္မယ္။" စုေ႐ွာင္းယြီက ပို၍ပင္ စိတ္ဆိုးသြားသည္။

"ငါအစ္မဝမ္ေခြၽ႕ကို သြားေျပာလိုက္ေတာ့မယ္။ နင္သူ႕ေမြးေန႔အတြက္ စပ႐ိုက္လုပ္ဖို႔ ျပင္ထားၿပီး ခရစ္စတယ္လ္စားေသာက္ဆိုင္မွာေတာင္ ဘိုကင္လုပ္ထားတဲ့အေၾကာင္းကိုပါ သြားေျပာလိုက္မယ္။" စုေ႐ွာင္းယြီက စိတ္ဆိုးစြာ ေျပာလိုက္သည္။

"ေအးပါ ေအးပါ။ နင့္ရင္ဘတ္ႀကီးလာပါတယ္။ ဝက္ဝံႀကီးေတြလို႔ ေခၚမယ္။" လင္းဖန္က ေျပာလိုက္သည္။

"ဆရာ နင္ေတာ္ေတာ္ဆိုးတာပဲ။" စုေ႐ွာင္းယြီက မ်က္ႏွာနီကာ လင္းဖန္ကို စိုက္ၾကည့္လိုက္သည္။

"သူက အၿမဲတမ္း ႐ိုးမန္႔စ္လုပ္ခ်င္ခဲ့တာေလ... အဲ့တာေၾကာင့္ သူ႕ေမြးေန႔ေရာက္တဲ့အထိ ေစာင့္ၿပီး အံ့ၾသသြားေအာင္ လုပ္ၾကရေအာင္။"

"ငါဖြင့္ေျပာမလားဆိုတာကေတာ့ နင့္ဆရာငါက ေလာေလာဆယ္ အဆင့္အတန္း မျမင့္ေသးဘူး။ ငါလုံလုံေလာက္ေလာက္ အဆင့္အတန္းျမင့္လာတဲ့အခါမွ သူ႕ကို တကယ္ကာကြယ္ႏိုင္တဲ့အခါမွ သူေျပးလို႔မလြတ္ပါဘူး။”

လင္းဖန္က အႂကြင္းမဲ့ ယုံၾကည္ခ်က္ျဖင့္ ျပဳံးလိုက္ပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈက သူ႕ဇာတ္ၫႊန္းေရး ခရီးစဥ္၏ အစသာ႐ွိပါေသးသည္။ သူေရးထားသည့္ ေနာက္ဆက္တြဲ ဇာတ္ၫႊန္းတိုင္းကို ေအာင္ျမင္သည့္ ႐ုပ္သံစီးရီးမ်ားအျဖစ္ ေျပာင္းလဲ႐ိုက္ကူးႏိုင္လိမ့္မည္ဟု ယုံၾကည္သည္။

သူ႕ေၾကာင္မေလးကို ထိုအခါမွ ဖြင့္ေျပာလည္း ေနာက္မက်ေလာက္ေသးပါ။

မိန္းကေလးမ်ားကို ပိုးပန္းသည့္အခါ အေရးအႀကီးဆုံးက အရိပ္အကဲၾကည့္တတ္ဖို႔ျဖစ္သည္။

အခ်ိန္တန္ၿပီဟု လင္းဖန္ခံစားရပါက လင္းဖန္ တကယ္ လႈပ္႐ွားပါမည္။

အခန္း(၁၀၈) ကြၽန္ေတာ္ေငြေရးေၾကးေရး စိတ္မဝင္စားဘူး

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို တစ္လၾကာ ထုတ္လႊင့္ျပသၿပီးေနာက္ ယြဲ႕ဟြာေဖ်ာ္ေျဖေရးက ၎၏ ပထမဆုံး သတင္းစာ႐ွင္းလင္းပြဲကို က်င္းပခဲ့ပါသည္။

ယခင္တုန္းက သတင္းစာ႐ွင္းလင္းပြဲမ်ား မက်င္းပခဲ့ရေသာ အေၾကာင္းအရင္းမွာ လင္းဖန္က လူသစ္တစ္ေယာက္ျဖစ္ေနၿပီး အင္တာနက္တစ္ခြင္လုံးကလည္း လင္းဖန္ကို နာမည္ဖ်က္ေနၾကေသာေၾကာင့္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ သတင္းစာ႐ွင္းလင္းပြဲလုပ္ေနစဥ္ လင္းဖန္ အႏၲရာယ္ၾကဳံရမွာကို စိတ္ပူၿပီး မက်င္းပခဲ့ၾကျခင္း ျဖစ္ပါသည္။

တစ္လၾကာ ထုတ္လႊင့္ျပသၿပီးေနာက္မွာေတာ့ ဂုဏ္သတင္းက အမ်ားႀကီး ပိုေကာင္းမြန္လာခဲ့ပါသည္။

ယြဲ႕ဟြာ၏ သတင္းစာ႐ွင္းလင္းပြဲ တရားဝင္ စတင္ခဲ့ပါၿပီ။

ဒီေန႔သတင္းစာ႐ွင္းလင္းပြဲတြင္ မီဒီယာမ်ားစြာသာမကဘဲ ပရိတ္သတ္မ်ားစြာလည္း ႐ွိလိမ့္မည္။

သတင္းျပန္႔သြားေသာအခါ မီဒီယာမ်ားစြာနဲ႔ ပရိတ္သတ္မ်ားစြာက လင္းဖန္နဲ႔႐ွားဝမ္ေခြၽ႕တို႔ကို ေတြ႕ခ်င္သြားၾကသည္။

အမွန္ပင္။ ေရပန္းစားသည့္ တျခား နာမည္ေက်ာ္တခ်ိဳ႕လည္း ႐ွိပါေသးသည္။

သို႔ေသာ္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က မၾကာေသးခင္ကမွ သတင္းထြက္ထားသျဖင့္ အထူးမ်က္စိက်စရာေကာင္းေနၾကပါသည္။သူတို႔ထဲက ဘယ္သူမွ ေကာလဟာလမ်ားကို မေျဖ႐ွင္းခဲ့ၾကေပ။

အေၾကာင္းအရင္း ႏွစ္ခု ႐ွိႏိုင္ပါသည္။

ပထမက ပရိတ္သတ္မ်ား ေျပာတာ မွန္ေနေသာေၾကာင့္ျဖစ္ႏိုင္သည္။

ဒုတိယကေတာ့ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ေကာလဟာလမ်ားကို ေခ်ပဖို႔မလိုဘူးဟု ခံစားမိေသာေၾကာင့္ ျဖစ္ႏိုင္သည္။ ဘာပဲျဖစ္ျဖစ္ ေကာလဟာလမ်ားသက္သက္သာ။ ၾကယ္ပြင့္ႀကီးမ်ားက အရာရာကို ေျဖ႐ွင္းေနဖို႔ မလိုပါ။ အႏုပညာေလာကထဲတြင္ သတင္းဆိုးထြက္သည့္ နာမည္ေက်ာ္မ်ားစြာလည္း ႐ွိပါသည္။

သတင္းစား႐ွင္းလင္းပြဲေန႔တြင္္ ယြဲ႕ဟြာ၏ နာမည္ေက်ာ္မ်ားစြာ စုစည္းခဲ့ၾကသည္။

ဒီေန႔ ပြဲေတာ္က ႁခြင္းခ်က္မ႐ွိေအာင္ တည္တံ့ေနပါသည္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုပ္သံဒရမ္မာ၏ ေရပန္းစားမႈေၾကာင့္ ႏိုင္ငံေတာ္တစ္ခုလုံးတြင္ အာ႐ုံစိုက္မႈနဲ႔ ေဆြးေႏြးမႈမ်ားစြာကို ဆြဲေဆာင္ႏိုင္ခဲ့ပါသည္။

လူမ်ားစြာက  ဒီဒရမ္မာအေၾကာင္းကို သိႏွင့္ၿပီးသား ျဖစ္သည္။

လင္းဖန္၏ အထက္တန္း အတန္းေဖာ္မ်ားကပင္ လင္းဖန္ကို ဂ႐ုထဲ၌ ေန႔တိုင္း tag တြဲေလ့႐ွိၿပီး သူ႕ကိုေတြ႕ခ်င္ေနပါသည္။

ဘာပဲျဖစ္ျဖစ္ လင္းဖန္က ေခ်ာ႐ုံတင္မကဘဲ ၾကယ္ပြင့္ႀကီးတစ္ေယာက္လည္း ျဖစ္ေနေလၿပီ။

ထိုအထက္တန္းနဲ႔ တကၠသိုလ္ အတန္းေဖာ္မ်ားက လင္းဖန္ကို ဆက္သြယ္ဖို႔ ႀကိဳးစားေနၾကပါသည္။

လင္းဖန္ကို  ပိုးပန္းခ်င္သည့္ေကာင္မေလးမ်ားစြာ႐ွိေသာ္လည္း လင္းဖန္က လ်စ္လ်ဴ႐ႈထားပါသည္။

သတင္းစာ႐ွင္းလင္းပြဲေန႔တြင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ အဓိက သ႐ုပ္ေဆာင္မ်ားအားလုံး ပါဝင္ၾကသည္။

ဒီေန႔ လင္းဖန္က အလြန္သပ္ရပ္ေသာ ဝတ္စုံကို ဝတ္ဆင္ထားပါသည္။

ဒီလို အေရးႀကီးပြဲေတာ္မ်ိဳးတြင္ လင္းဖန္ သာမန္အဝတ္အစားမ်ား ဝတ္လာလို႔မျဖစ္ပါ။ သူ႕ အိုင္က်ဴနဲ႔ အီးက်ဴ နိမ့္က်ေနသလို ထင္ရပါလိမ့္မည္။

လင္းဖန္က ဝတ္စုံတစ္စုံကို ဝတ္ထားၿပီး ကားထဲတြင္ထိုင္ကာ သတင္းစာ႐ွင္းလင္းပြဲေနရာသို႔ လင္းဖန္ ေရာက္လာၿပီး ကားထဲက ထြက္ဖို႔ ျပင္လိုက္စဥ္တြင္ အားေပးသံမ်ားျဖင့္ ႀကိဳဆိုခံလိုက္ရပါသည္။

"ဝိုးဝိုးဝိုး လင္းဖန္ရဲ႕ အဝတ္အစားေတြက လွလိုက္တာ။ လင္းဖန္က တီဗီထဲကထက္ေတာင္ ပိုေခ်ာေနေသးတယ္။”

"လင္းဖန္ ေက်းဇူးျပဳၿပီး လက္မွတ္ထိုးေပးပါ။ ဓာတ္ပုံ အတူတူ ႐ိုက္ရေအာင္။"

"လင္းဖန္ လင္းဖန္ လင္းဖန္"

အားေပးသံမ်ား တစ္သံၿပီးတစ္သံ ထြက္လာၾကသည္။

လင္းဖန္က လွမ္းၾကည့္လိုက္ၿပီး  ၎တို႔အား အျပဳံးျဖင့္ ႏႈက္ဆက္လိုက္ပါသည္။

ထင္ထားသည့္အတိုင္း သူ မေနခ်င္သည့္ ပုံစံအတိုင္း ေနရပါဦးမည္။

ယခင္တုန္းက လင္းဖန္ ေခ်ာရင္ေတာင္ ဇာတ္နိမ့္ေနခဲ့သည္။ သူအျပင္ထြက္လွ်င္ သုံးဘီးသာ စီးသြား၏။ ဒီလိုဆို လူမ်ားမ်ားစားစား သူ႕ကို ဂ႐ုစိုက္ၾကမွာ မဟုတ္ပါ။

သို႔ေသာ္လည္း ဒီလိုဆိိဳရင္ေတာင္ လင္းဖန္ေနာက္ကို လိုက္ၾကသည့္ အန္တီႀကီးမ်ားစြာ ႐ွိခဲ့ပါသည္။

သူက အခု ၾကယ္ပြင့္ႀကီးတစ္ပြင့္ျဖစ္ေနၿပီး ပရိတ္သတ္မ်ားစြာ၏ အေထာက္အပံ့ကိုလည္း ရထားသည္။ ထိုပရိတ္သတ္မ်ားက အစြန္းေရာက္လြန္းပါသည္။

"႐ွားဝမ္ေခြၽ႕ ႐ွားဝမ္ေခြၽ႕ ႐ွားဝမ္ေခြၽ႕"

"႐ွားဝမ္ေခြၽ႕က အလွဆုံးပဲ။"

"စုေ႐ွာင္းယြီလည္း လွပါတယ္။"

"႐ႈယန္လည္း ေခ်ာလိုက္တာ အံ့ၾသလိုက္တာ။ ဒါေပမယ့္ ႐ႈယန္က လင္းဖန္ေလာက္မေခ်ာသလိုပဲ။ လင္းဖန္က ယြဲ႕ဟြာရဲ႕ အေခ်ာဆုံး စူပါစတားပဲ။"

"လင္းက်င္းက်င္းလည္း ႐ွိေနတယ္။ လင္းက်င္းက်င္း နတ္သမီးေလး။"

ဒီေန႔ ႐ွားဝမ္ေခြၽ႕က ဂါဝန္႐ွည္႐ွည္ကို ဝတ္ထားကာ သူမ၏ အ႐ွိန္အဝါကလည္း သာမန္ထက္ ထူးကဲေနပါသည္။

႐ွားဝမ္ေခြၽ႕ အေပၚထပ္သို႔ တက္သြားေတာ့ လင္းဖန္ သူမေနာက္က တိတ္တဆိတ္လိုက္ကာ ဂါဝန္အစကို ကူညီမတင္ေပးပါသည္။

သူတို႔ႏွစ္ေယာက္ သတင္းထြက္ေနေသာေၾကာင့္ အတင္းအဖ်င္းမ်ားကို ေ႐ွာင္လႊဲလို႔မရခဲ့ပါ။

လင္းဖန္က သူ႕ေၾကာင္မေလး ျပဳတ္က်မည္စိုးသျဖင့္ ဂါဝန္ကိုေတာင္ မတင္ေပးသည္။

႐ွားဝမ္ေခြၽ႕က ဒီေန႔ ေဒါက္ျမင့္ဖိနပ္စီးလာၿပီး အ႐ွိန္အဝါလည္း အလြန္ေကာင္းေနပါသည္။ စူပါစတားတစ္ေယာက္နဲ႔ လုံးဝ တူၿပီး သူမ၏ တရားလြန္အလွတရားကလည္း လူမ်ားစြာ၏ သေဘာက်မႈကို ဆြဲေဆာင္ႏိုင္သည္။

"ဝိုး လင္းဖန္က အရမ္း လူႀကီးလူေကာင္း ပီသတာပဲ။"

"လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က တကယ္စုံတြဲေတြလား။ အရမ္းခ်ိဳၿမိန္ၾကတာပဲ။”

"လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးက တကယ္ေကာင္းတယ္ေနာ္။ သူတို႔က အတြဲေတြ မဟုတ္ဘဲ သူငယ္ခ်င္းေကာင္းေတြျဖစ္ရင္ျဖစ္မွာေပါ့။”

ပရိတ္သတ္မ်ားစြာက ေျပာဆိုေနၾကၿပီး ကင္မရာမ်ားကလည္း ဓာတ္ပုံ႐ိုက္ယူေနၾကပါသည္။

သတင္းစာ႐ွင္းလင္းပြဲခန္းမကို အာ႐ုံစိုက္ထားၾကသည့္ တိုက္႐ိုက္ထုတ္လႊင့္မႈေတာင္ ႐ွိပါသည္။

တိုက္႐ိုက္ထုတ္လႊင့္မႈကို ၾကည့္႐ႈေနသည့္ လူ တစ္သန္းနီးပါးေလာက္ ႐ွိသည္။ သတင္းစာ႐ွင္းလင္းပြဲ၏ တိုက္႐ိုက္ထုတ္လႊင့္ျပသမႈကို ၾကည့္႐ႈသူမ်ားနဲ႔ ပရိတ္သတ္မ်ားစြာက ေစာင့္ၾကည့္ေနၾကပါသည္။ ခန္းမတြင္ မီဒီယာမ်ားစြာလည္း ႐ွိေနပါသည္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ အဓိကဇာတ္လိုက္မ်ား စင္ေပၚသို႔ တက္လာေသာအခါ ၎တို႔၏ နာမည္ကို လက္မွတ္ထိုးၾကသည္။ ထို႔ေနာက္ ခ်က္ခ်င္းပဲ လူအုပ္ႀကီးက အားေပးလိုက္ၾကပါသည္။

ထို႔ေနာက္ တင္ဆက္သူ၏ အလြန္ၾကာေသာ စကားေျပာဆိုျခင္း ေရာက္လာပါသည္။

ေမးခြန္းေမးဖို႔ အခ်ိန္ေရာက္လာေသာအခါ မီဒီယာတစ္ခုက ေမးလိုက္သည္။ "႐ႈယန္ ဒီတစ္ေခါက္ ေခါင္းေဆာင္မင္းသား ျဖစ္မလာဘဲ လူသစ္တစ္ေယာက္ကို ေနရာေပးလိုက္တယ္ေနာ္။ ဘာလို႔လဲ။ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ႐ႈယန္ထက္ ေကာင္းေနလို႔လား။”

ဒီမီဒီယာ၏ ေမးခြန္းမ်ားက အလြန္လွည့္ကြက္မ်ားပါသည္။ လင္းဖန္က ႐ႈယန္ရဲ႕ ေခါင္းေဆာင္မင္းသားေနရာကို ခိုးသြားတယ္လို႔ ဆိုလိုတာလား။ အားလုံး သိထားသည့္အတိုင္း ႐ႈယန္က ယြဲ႕ဟြာ၏ ထိပ္တန္း အမ်ိဳးသားသ႐ုပ္ေဆာင္ ျဖစ္သည္။ ရင္းျမစ္မ်ားစြာ႐ွိၿပီး ဇာတ္ပို႔ေနရာက သ႐ုပ္မေဆာင္ဖူးသေလာက္ ႐ွားပါသည္။

ထိုေမးခြန္းကို ၾကားေသာအခါ ႐ႈယန္က ျပဳံးလိုက္သည္။ "လင္းဖန္က ကြၽန္ေတာ့္ညီအစ္ကိုပါ။ ေခါင္းေဆာင္မင္းသားဘယ္သူျဖစ္လဲဆိုတာ အေရးမႀကီဘူး။ ၿပီးေတာ့လည္း သူ႕သ႐ုပ္ေဆာင္စြမ္းရည္ ဘယ္ေလာက္ေကာင္းသလဲ အားလုံးသိၾကမယ္ဆိုတာ ကြၽန္ေတာ္ယုံတယ္။”

႐ႈယန္၏ အေျဖအား ေလးစားသြားၾကပါသည္။

႐ႈယန္က လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္ကို တိုက္႐ိုက္ၿပိဳင္ဆိုင္ျခင္း မ႐ွိပါ။ လင္းဖန္နဲ႔ ဆက္ဆံေရး မေကာင္းဘူးဟုလည္း အျပင္ေလာကကို မေျပာပါ။

လင္းဖန္က သူ႕ညီအစ္ကို ျဖစ္သည္။ ဒီတစ္ေၾကာင္းတည္းနဲ႔လုံေလာက္ပါၿပီ။

ထို႔ေနာက္ မီဒီယာေနာက္တစ္ခုက ေမးလိုက္ပါသည္။ ဒီတစ္ေခါက္ ႐ွားဝမ္ေခြၽ႕ကို တိုက္႐ိုက္ေမးျမန္းျခင္း ျဖစ္သည္။

"႐ွားဝမ္ေခြၽ႕ လင္းဖန္နဲ႔  ႐ွင္နဲ႔ၾကားက ေကာလဟာလေတြကို ဘယ္လိုသေဘာရပါသလဲ။ အၾကင္နာေပးခန္းေတြကို ႏွစ္ေပါင္းမ်ားစြာ မ႐ိုက္ခဲ့တာ လင္းဖန္ေၾကာင့္လား။”

ထိုေမးခြန္းအား ေမးလိုက္ေသာအခါ ၾကည့္႐ႈသူမ်ား ၾကက္ေသ ေသသြားၾကသည္။

မီဒီယာက တဲ့တိုးဆန္လြန္းေနပါသည္.။

႐ွားဝမ္ေခြၽ႕က အြန္လိုင္းေပၚက သတင္းမ်ားကို အေၾကာင္းမျပန္ခဲ့ပါ။ ထို႔အစား ဒီအခ်ိန္ မီဒီယာက ႐ွားဝမ္ေခြၽ႕ကို တဲ့တိုးေမးလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕အေျဖေပးရေတာ့မည္။

ဒီလိုေမးခြန္းမ်ိဳးနဲ႔ ရင္ဆိုင္လာရသျဖင့္ လင္းဖန္က အရင္ဆုံး ေျပာလိုက္ပါသည္။ "ဝမ္ေခြၽ႕နဲ႔ ကြၽန္ေတာ္တို႔က အရမ္းခင္တဲ့ သူငယ္ခ်င္းေတြပါ။ အထက္တန္းေက်ာင္းတုန္းက အတန္းေဖာ္ေတြျဖစ္ၿပီး တစ္ေယာက္အေၾကာင္း တစ္ေယာက္ သိၾကတယ္။ ငယ္ကြၽမ္းေဆြေတြေပါ့။ ဝမ္ေခြၽ႕နဲ႔ ကြၽန္ေတာ္တို႔ တြဲေနၾကတာလားဆိုတဲ့ အားလုံးရဲ႕ ေမးခြန္းေတြကိုေတာ့ ႐ွင္းျပဖို႔လိုမယ္မထင္ဘူး။”

"ကြၽန္ေတာ္တို႔ မတြဲေသးပါဘူး။ ဝမ္ေခြၽ႕က သူ႕လုပ္ငန္းကို ဦးစားေပးတယ္။ ကြၽန္ေတာ္ကလည္း ဇာတ္ၫႊန္းေတြကို သက္သက္သာသာ ေရးတယ္။ တစ္ခါတစ္ေလ သ႐ုပ္ေဆာင္ရင္းေပါ့။" လင္းဖန္က ျပဳံးလိုက္ပါသည္။

ဒီလို အေျခအေနေအာက္တြင္ သူေ႐ွ႕ထြက္ၿပီး ျငင္းရပါေတာ့မည္။ ဘာပဲျဖစ္ျဖစ္ လင္းဖန္က အမွန္တိုင္း ေျပာေနျခင္းသာ ျဖစ္သည္။ သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ တကယ္မတြဲရေသးပါ။

သူတို႔တြဲေနၾကပါက ဒီသတင္းစာ႐ွင္းလင္းပြဲတြင္ သူက ႐ွားဝမ္ေခြၽ႕လက္ကို ကိုင္ထားမည္ျဖစ္သည္။ တစ္ကိုယ္ေရ ဘယ္ေလာက္ေတာင္ မ်က္ႏွာပူၾကမလဲ မသိပါ။

ထို႔အျပင္ ဒီတစ္ေခါက္ သတင္းစား႐ွင္းလင္းပြဲက ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ပ႐ိုမိုး႐ွင္းဆင္းဖို႔သာ ျဖစ္သည္။ ထိုစကားကိုၾကားေသာအခါ လင္းဖန္ကိုသူမ၏ လွပေသာ မ်က္လုံးေလးမ်ားျဖင့္ ၾကည့္လိုက္ၿပီး ေခါင္းကို ႏူးညံ့စြာ ၿငိမ့္လိုက္ပါသည္။

လင္းဖန္ ေဘးမွာ႐ွိေနရင္ သတင္းသမားမ်ားစြာနဲ႔ ရင္ဆိုင္ရမွာ ေၾကာက္ဖို႔ မလိုအပ္ေတာ့ပါ။

လင္းဖန္က သူမကို လုံျခဳံသလို ခံစားရေစသည္။ ထိုခံစားခ်က္က ထူးျခားသည္။ ထို႔ေနာက္ မီဒီယာတစ္ခုက ဆက္ေမးသည္။

"လင္းဖန္က သ႐ုပ္ေဆာင္ၿပီး ဇာတ္ၫႊန္းေတြ ေရးေနတာက ပိုက္ဆံေၾကာင့္လား။ ဒါမွမဟုတ္ ကိုယ္ေရးကိုယ္တာ စိတ္ဝင္စားမႈနဲ႔ ဝါသနာေၾကာင့္လား။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းက စိတ္ဝင္စားဖို႔ေကာင္းလြန္းလို႔ပါ။”

လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ "တကယ္ေတာ့ ကြၽန္ေတာ္ ေငြေရးေၾကးေရး စိတ္မဝင္စားပါဘူး။ ကြၽန္ေတာ္ ပိုက္ဆံရတာ မရတာ အေရးမႀကီးဘူး။ အေရးႀကီးတာက ကြၽန္ေတာ္ ဇာတ္ၫႊန္းေကာင္းေကာင္း ေရးႏိုင္ၿပီး ႏိုင္ငံေတာ္ရဲ႕ ႐ုပ္႐ွင္ေလာကကို အေထာက္အကူျပဳႏိုင္ရင္ ေတာ္ပါၿပီ။”

လင္းဖန္ ထိုသို႔ေျပာလိုက္ေသာအခါ ပရိတ္သတ္က လက္ခုပ္ၾသဘာမ်ား ေပးၾကပါသည္။

လင္းဖန္က... တကယ္ပဲ သာမန္လူ မဟုတ္ေပ။

စင္ေအာက္က ပရိတ္သတ္မ်ားစြာက ပို၍ပင္ သေဘာက်သြားၾကပါသည္။

ဒီလို ေျဖာင့္မတ္သည့္ အႏုပညာျဖစ္ရတာ သေဘာက်သည့္ လင္းဖန္လို စူပါစတားမ်ိဳးကို တစ္ခါမွ မေမွ်ာ္လင့္ၾကဖူးေပ။

Continue Reading

You'll Also Like

471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
730K 41.4K 26
Jk - Possessive type #Warning Cv_ Pinterest