သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-103+104+105

559 38 0
By Miracle_Phyu97

လင်းဖန် 103+104+105

အခန်း(၁၀၃) ဝေ့ပေါ်ရဲ့ထိပ်တန်းရေပန်းစားအကြောင်းအရာထပ်ဖြစ်လာပြီး ဖျော်ဖြေရေးလောက တုန်လှုပ်သွားခြင်း

လင်းဖန် မသိလိုက်ခင်မှာပင် ဂျွိုင်းမီဒီယာက ဘဝရဲ့ပျော်ရွှင်မှုနဲ့ ပြိုင်ဆိုင်ခြင်းအား ရပ်တန့်လိုက်ပါသည်။

ဂျွိုင်းမီဒီယာ၏ စီအီးအိုကတောင် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်ကြောင်း ဝန်ခံရသည်။ ထို့အပြင် လင်းဖန်၏ ရုပ်ရည်ကော ဇာတ်ညွှန်းများကော အားလုံး ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ သေသေချာချာ စဥ်းစားပြီးနောက် ကျောက်လွေ့က လင်းဖန်ကို တောင်းပန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူ့မှာ နောက်ပိုင်း အခွင့်အရေးရလာပါက လင်းဖန်နဲ့ အတူတူ အလုပ်လုပ်နိုင်ပါလိမ့်မည်။

ဖျော်ဖြေရေးလောကထဲတွင် ရာသက်ပန် ရန်သူဆိုတာ မရှိပါ။ ရာသက်ပန်မိတ်ဆွေဆိုတာသာ ရှိပါသည်။

ယွဲ့ဟွာနှင့် တိုက်ခိုက်မှုက အသုံးမဝင်တာကို မြင်လိုက်ရပြီးနောက် ဂျွိုင်းမီဒီယာက ၎င်းတို့၏ နည်းလမ်းကို အမြန်ပြောင်းလိုက်ပါသည်။

အဓိက အချက်က လင်းဖန်မှာ ကုမ္ပဏီတိုင်းက ခေါ်နိုင်သော တန်ဖိုးမျိုး ရှိနေသောကြောင့် ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုကို ၂ ရက်ဆက်တိုက် ထုတ်လွှင့်ပြသနေပြီး တရုတ်နိုင်ငံတစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။

ဒီရုပ်သံဒရမ်မာက အလွန်ရေပန်းစားနေ၏။

ခေါင်းဆောင်မင်းသား လင်းဖန်နှင့် ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့တို့ အကုန်လုံးလည်း လုံးဝကို နာမည်ကြီးနေကြသည်။

အကြင်နာပေးခန်းမရိုက်ဖူးသော ရှားဝမ်ချွေ့လည်း ဒီဒရမ်မာကြောင့် ပရိသတ်များ၏ ထောက်ခံမှုကို ပိုရခဲ့ပါသည်။

ထို့အပြင် ဒါက ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းဖြစ်သည်။ အလွန်ကောင်းမွန်စွာ သရုပ်ဆောင်ထားပါသည်။ မုန်းတီးရေးသမားများ ရှားဝမ်ချွေ့ကို တစ်ဖတ်သတ် ဝေဖန်လို့ မရတော့ပေ။

သူမ၏ သရုပ်ဆောင်စွမ်းရည်ကလည်း ထိုနည်းလည်းကောင် ထူးချွန်လှပါသည်။

၃ ရက်မြောက်နေ့တွင် ထုတ်လွှင့်ပြသပြီးသောအခါ အနုပညာလောကထဲတွင် အတော်လေး ပွက်လောရိုက်သွားခဲ့သည်။

ပရိသတ်က ဒီရုပ်သံဒရမ်မာ၏ ဇာတ်လမ်းကို သေချာပေါက်စောင့်ကြည့်နေသည်။ ဒီလိုရေပန်းစားသည့် ရုပ်သံဒရမ်မာမျိုးက အနုပညာလောကထဲက ကုမ္ပဏီများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ ဖျော်ဖြေရေးကုမ္ပဏီများက လင်းဖန်ကို အရေးစိုက်လာကြသည်။

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရ၎်းကောင်းတာပဲ။ ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်။ လင်းဖန်သာ ငါတို့ဒရမ်မာသစ်ထဲ သရုပ်ဆောင်ပေးရင် သေချာပေါက် ကောင်းမှာပဲ။”

"သူ့သရုပ်ဆောင်စွမ်းရည် ကောင်းတာမကောင်းတာ အရေးမကြီးဘူး။ လင်းဖန်က ချောပြီးသားပဲ။ ငါတို့ ရသစုံရှိုးမှာ ထည့်ရိုက်လို့ရမယ်ထင်တယ်။”

"ငါတို့ရုပ်သံစီးရီးမှာ ဇာတ်ပို့သရုပ်ဆောင်လိုနေတယ်။ လင်းဖန်က သင့်တော်တယ်လို့ထင်လား။ မြန်မြန်စာချုပ်ချုပ်လိုက်တော့။"

"လင်းဖန်က ပါရမီရှင်ဖြစ်ပြီး အလားအလာလည်း ရှိတယ်။ သူသာရှိရင် ငါတို့ရုပ်သံစီးရီးရဲ့ ရေပန်းစားမှုကို တိုးမြှင့်လို့ရတယ်။ မြန်မြန် လင်းဖန်ရဲ့ မန်နေဂျာကို ဆက်သွယ်လိုက်။ မဟုတ်ရင် ယွဲ့ဟွာကို ဆက်သွယ်ပြီး လင်းဖန်ရဲ့ ဖုန်းနံပါတ်တောင်းလိုက်။ လင်းဖန်ကို အရင်ခေါ်ကြရအောင်။ ရိုက်ကူးရေးခက ရုပ်သံဒရမ်မာတစ်ခုအတွက် သူ့ကို ၆ သန်း ၇ သန်းလောက်ပေးမယ်ဆိုရင် ဘယ်လိုလဲ။”

ကုမ္ပဏီပေါင်းစုံက လင်းဖန်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြပါသည်။

သို့သော်လည်း ခြွင်းချက်မရှိ ထိုကုမ္ပဏီအားလုံးကို လင်းဖန်က ငြင်းဆန်ခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုကုမ္ပဏီများ သူ့ကိုခေါ်ဖို့ မလိုသောကြောင့် ဖြစ်သည်။ သူက ရှားဝမ်ချွေ့ကို ကာကွယ်ဖို့ အနုပညာလောကထဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။ ငွေရဖို့နဲ့ သရုပ်ဆောင်ချင်လို့ မဟုတ်ပါ။

လင်းဖန်က အခုလည်း ငွေမလိုသေးပေ။ သူက ဘဝရဲ့ပျော်ရွှင်မှု၏ အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုသာ ဝင်ငွေရလာပါက လင်းဖန်လည်း အစုပေါ်အမြတ် ရာခိုင်နှုန်းတစ်ခုအထိ ရလာလိမ့်မည်။

ထိုအမြတ်ကလည်း မနည်းပါ။

ဘဝရဲ့ပျော်ရွှင်မှု မူပိုင်ခွင့်ကို iQiyi နဲ့ Tencent Arts သို့ ရောင်းလိုက်စဥ်က လင်းဖန်၏ အကောင့်ထဲတွင် ထပ်ပေါင်း ယွမ် သန်း ၄၀ ရှိနေခဲ့သည်။

ထို့အပြင်ဒီရုပ်သံဒရမ်မာ ရိုက်ကူးရေးခ စုစုပေါင်း  ယွမ် ၈ သန်းလည်း ရှိပါသေးသည်။

လင်းဖန်က လူသစ်ဖြစ်သဖြင့် စဦး ရိုက်ကူးရေးကြေးမှာ တကယ်ပဲ မများပါ။ ထို့အပြင် ရှားဝမ်ချွေ့လို ကြယ်ပွင့်တစ်ယောက်၏ ရိုက်ကူးရေးခကတောင် သန်း ၃၀ - ၄၀ မျှသာရှိပါသည်။

ဒီက နာမည်ကြီးသရုပ်ဆောင်များက သန်းရာချီ ရိုက်ကူးရေးကြေးများ တောင်းဆိုတာ အလကားမဟုတ်ပါ။ မဟုတ်ပါက ဒီလောက၏ ဖွင့်ဖြိုးတိုးတက်မှု ပုံမှန်မဟုတ်ဖြစ်လာလိမ့်မည်။

စဥ်းစားကြည့်လိုက်ပါ။ သရုပ်ဆောင်များကို ခေါ်ဖို့အတွက်လောက်နဲ့ ရင်းနှီးမြှုပ်နှံငွေထဲက ၁ ဘီလီယံယွမ်လောက်အား သုံးလိုက်ရပါက ကောင်းမွန်သော ရုပ်သံဒရမ်မာတစ်ခုကို ဘယ်လို ထုတ်လုပ်နိုင်တော့မည်နည်း။

ပိုက်ဆံရခြင်းက လင်းဖန်အတွက် ကောင်းမွန်သော်လည်း အပြင်ဘက်မှာ တစ်ယောက်တည်း သရုပ်မဆောင်ချင်ပါ။

သူသာ သရုပ်ဆောင်ချင်ပါက လင်းဖန် ရှားဝမ်ချွေ့နဲ့သာ သရုပ်ဆောင်ပါမည်။ သူမနဲ့ သရုပ်ဆောင်နေစဥ် စနောက်လို့ရသည်။ ဂရုစိုက်ပေးလို့ရသည်။ ကာကွယ်ပေးလို့ရပါသည်။

သူမအနားမှာရှိနေပါက လင်းဖန် ပိုပြီး စိတ်အေးရသည်။

ထို့နောက် ချက်ချင်းဆိုသလို ၃ ရက်မြောက်နေ့တွင် ဘဝရဲ့ပျော်ရွှင်မှု၏ အပိုင်း ၈ ကို ထုတ်လွှင့်ပြသပြီးသွားပြီး ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုကလည်း သန်း ၁၀၀ ကျော် သွားပါသည်။

ဘဝရဲ့ပျော်ရွှင်မှုကို နှိပ်ကြည့်သည့် ကြည့်ရှုသူ အရေအတွက်မှာ ၁ ဘီလီယံကျော်သွားပါပြီ။

အင်တာနက်ပေါ်ရှိ တစ်ခုတည်းသော အလွန်ရေပန်းစားသည့် ဒရမ်မာဖြစ်သည်။ အရင်တုန်းက ဒီလိုမျိုး မရှိဖူးပါ။ နောက်ကိုလည်း ရှိလာမှာမဟုတ်ပါ။

ယွဲ့ဟွာက ဒီလိုရလဒ်များကို ချက်ချင်း သိလိုက်ပါသည်။

စီအီးအိုလီက ပြုံးလိုက်သည်။ ယွဲ့ဟွာက လင်းဖန်ကြောင့် ဒီအဆင့်ထိ ရောက်လာနိုင်မည်ဟု မထင်ခဲ့ပေ။

"စီအီးအိုလီ လင်းဖန်ကို ထပ်ပြီးခေါ်ချင်သေးလား။ လင်းဖန်ကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ စာချုပ်တစ်ခု ချုပ်ခိုင်းလိုက်ပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ အနုပညာရှင် ဖြစ်လာခိုင်းလိုက်ပါလား။ ဒါဆို လင်းဖန်ကို တခြားကုမ္ပဏီတွေ လွယ်လွယ်နဲ့ ချဥ်းကပ်နိုင်မှာ မဟုတ်တော့ဘူး။" ဝန်ထမ်းတစ်ယောက်က စီအီးအိုလီကို မေးလိုက်ပါသည်။

"မလိုပါဘူး။" စီအီးအိုလီက ခေါင်းကို ခါလိုက်ပြီး ပါးပါးပြုံးလိုက်ပါသည်။

ထို့နောက် စီအီးအိုလီက ဆက်ပြောသည်။ "လင်းဖန်က ရှားပါးတဲ့ ပါရမီရှင်ပဲ။ အရမ်းထက်မြက်တယ်။ သူ့ကို စာချုပ်တစ်ခုနဲ့  ချုပ်နှောင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

"သူ သရုပ်ဆောင်ချင်တဲ့နေရာမှာ သရုပ်ဆောင်လို့ရတယ်။ သူ့ဘဝအတွက် သူ့ဖာသာသူ ဆုံးဖြတ်နိုင်တယ်။ လင်းဖန်လို ပါရမီရှင်မျိုးက ငါ့ကုမ္ပဏီတစ်ခုပဲ အသုံးချရမယ့်အရာ မဟုတ်ဘူး။ နိုင်ငံတော်တစ်ခုလုံးရဲ့ အနုပညာလောကတွေကို ဖွံ့ဖြိုးတိုးတက်အောင် သူလုပ်ပေးနိုင်တယ်။ ရုပ်သံဒရမ်မာတွေ၊ ရုပ်ရှင်တွေနဲ့ တခြားလောကတွေ အကုန်လုံး လင်းဖန် မရှိရင် အဆင်ပြေမှာ မဟုတ်ဘူး။”

"ပြီးတော့လည်း လင်းဖန်က အရမ်းချမ်းသာတယ်။ ယွဲ့ဟွာထက်တောင် ပိုချမ်းသာနိုင်တယ်။ သူ့နောက်ခံကလည်း ရှိန်လောက်စရာပဲ။ သူ့ကိုဆွဲခေါ်ထားဖို့ဆိုတာ ခက်တယ်။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။

သူ လင်းဖန်ကို ခေါ်ထားချင်သော်လည်း စာချုပ်နဲ့ လင်းဖန်ကို ချုပ်နှောင်ထားတာလိုမျိုး သေချာပေါက် လုပ်မှာ မဟုတ်ပါ။

စီအီးအိုလီက လင်းဖန်တစ်ယောက် ယွဲ့ဟွာ၏ ဇာတ်ညွှန်းရေးဆရာ ဖြစ်နေတာနဲ့တင် ကျေနပ်နေပါပြီ။

ဒီလိုဆို အနာဂတ်တွင် လင်းဖန် ယွဲ့ဟွာသို့ ရောက်လာနိုင်သည်။ ထို့အပြင် ယွဲ့ဟွာတွင် ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့ ရှိနေဆဲဖြစ်ပသည်။ ယွဲ့ဟွာက လင်းဖန်ရေးသည့် ဇာတ်ညွှန်းကောင်းတိုင်းကို ငွေများများပေးဝယ်ဖို့သာ ဦးစားပေးထားသည်။ သူတို့ လင်းဖန်ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါ။

"စီအီးအိုလီပြောတာ မှန်ပါတယ်။" ဝန်ထမ်းက ပြောလိုက်ပါသည်။

"လင်းဖန်ကို ခေါ်ချင်ရင် ဘာလို့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ခေါ်ထားလိုက်ပါလား။ အဲ့ကောင်မလေးနှစ်ယောက်က လင်းဖန်နဲ့ ရင်းနှီးကြတယ်လေ။ အထူးသဖြင့် ရှားဝမ်ချွေ့ပေါ့။" စီအီးအိုလီက ပြုံးလိုက်ပါသည်။

တခြားလူများမသိသည့်အရာကို သူသိပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က နေနဲ့လ ရွှေနဲ့မြ စုံတွဲ ဖြစ်ပါသည်။

သူတို့နှစ်ယောက်က တစ်ယောက်အလုပ်ကို တစ်ယောက် မနှောင့်ယှက်ဘဲ မကြာခဏ ရန်ဖြစ်သော်လည်း ရှားဝမ်ချွေ့ တခြားလူတွေရှေ့မှာ ချစ်ဖို့ကောင်းအောင် လုပ်ပြတာမျိုး ရှိခဲ့ဖူးလို့လား။

လင်းဖန်ရှေ့မှာသာ သူမ၏ ထူးခြားသော ပုံစံလေးကို ထုတ်ပြတတ်သည်။

ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ပြသရင်း လင်းဖန်၏ ဝေ့ပေါ်ပရိသတ်များကလည်း ဆက်ပြီး တိုးလာခဲ့ပါသည်။

၃ သန်း...

၄ သန်း...

၃ ရက်အတွင်း လင်းဖန်၏ ဝေ့ပေါ်ပရိသတ်မှာ ၅ သန်းအထိ တိုးလာခဲ့ပါသည်။

သူ့ပရိသတ်များ တိုးလာသည့် နှုန်းထားက အတော်လေး မြန်ဆန်သည်ဟု ဆိုနိုင်သည်။

လင်းဖန်က ပရိသတ်များစွာ ကြိုက်နှစ်သက်သည့် ကြယ်ပွင့်တပွင့် အလျှင်အမြန်ပဲ ဖြစ်လာခဲ့ပါသည်။

သူက ချောမောပြီး ဆွဲဆောင်မှုရှိသည်။ အရေအကြီးဆုံးက လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ထူးချွန်သည်။ ပရိသတ်များ သူ့ကို သဘောမကျဘဲ နေပါ့မလား။

အထူးသဖြင့် လင်းဖန်ကို စွဲလမ်းသွားကြသည့် ကောင်မလေးများစွာအတွက် ပိုမှန်ပါသည်။

လင်းဖန်က သူတို့ အိုင်ဒေါဖြစ်သည်။ တချို့ပရိသတ်များဆို လင်းဖန်နဲ့တွေ့ပြီး လက်မှတ်တောင်းချင်နေပါသည်။

ကောင်မလေးများစွာက လင်းဖန်၏ စားသောက်ဆိုင်တွင် လာစောင့်ကာ သူ့ကိုတွေ့ချင်နေကြသည်။

လင်းဖန်က တကယ့်ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်လာခဲ့သည်။ လူတွေက သူ့ကို မနာလိုဖြစ်ကြ၏။ သူအနုပညာလောကထဲ တကယ် ခြေချခဲ့ပါပြီ။

တစ်ချိန်တည်းမှာပင်...

လင်းဖန်က ဝေ့ပေါ်၌ ထိပ်တန်းရေပန်းစားသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ရေပန်းစားသည့် အကြောင်းအရာက နိုင်ငံတော်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ပါသည်။

အခန်း(၁၀၄) ဇာတ်ညွှန်းရေးဆရာအစစ် လင်းဖန်

ရုတ်ခြည်းဆိုသလို ဝေ့ပေါ်ပေါ်တွင် ပထမဆုံး ရေပန်းစားသည့် အကြောင်းအရာတစ်ခု ပေါ်လာခဲ့ပါသည်။

ရေပန်းစားသည့် အကြောင်းအရာ၏ နာမည်က...

(လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာပေါ့)

တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့စဥ်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာမှာ လင်းဖန်ဖြစ်ကြောင်း တစ်ခါတည်း ရေးသားထားပြီးသား ဖြစ်သည်။ သို့သော်လည်း ထိုအချိန်တုန်းက လူတော်တော်များများ သတိမထားမိခဲ့ကြပေ။ သူတို့၏ အာရုံစိုက်မှုအများစုက ခေါင်းဆောင်မင်းသား လင်းဖန်ဖြစ်နေခြင်းနှင့် ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့အပေါ်မှာသာ ရှိကြပါသည်။

ရေပန်းစား သရုပ်ဆောင်များစွာနဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပင် ပါကြသည်။ ထိုသရုပ်ဆောင်များက ဘဝရဲ့ပျော်ရွှင်မှုကို ဖြစ်တည်လာစေခဲ့သည်။ ထို့ကြောင့် အားလုံးက ရုပ်သံဒရမ်မာ၏ ဇာတ်ညွှန်းရေးဆရာကို လျစ်လျူရှုခဲ့ကြပါသည်။

ခုတော့ ဘဝရဲ့ပျော်ရွှင်မှု၏ ရေပန်းစားမှုနဲ့ဆို ဒီရုပ်သံဒရမ်မာက ထိပ်တန်းရေပန်းစားစာရင်းထဲ အကြိမ်ပေါင်းများစွာ ရောက်နေပြီးပါပြီ။

နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းရေးဆရာက လင်းဖန်ဖြစ်ကြောင်း သတိထားမိသွားပြီး ပရိသတ်ကလည်း စိတ်ဝင်စားသွားကြသည်။

အင်တာနက်ပေါ်တွင် ကောမန့်များစွာ ပေါ်လာ၏။ အားလုံးက လင်းဖန်ကို ချီးကျူးနေကြခြင်း ဖြစ်ပါသည်။

"လခွမ်း လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းဆရာတဲ့။ လင်းဖန်က တော်လိုက်တာ။ သူရေးထားတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။"

"အဲ့ဒီအကျင့်မကောင်းတဲ့ လင်းဖန်ကတော့။ တကယ်ကြီး ငါနေ့တိုင်းကြည့်ရတဲ့ ဒရမ်မာအတွက် ဇာတ်ညွှန်းကို ရေးပေးထားတာပဲ။ ငါဒရမ်မာမကြည့်ဖြစ်ရင် နေလို့ မကောင်းတော့ဘူး။”

"လင်းဖန်က တကယ်တော်တာပဲ။ သူ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းပြီး အခု ဆရာအဆင့် ဇာတ်ညွှန်းရေးဆရာ ဖြစ်နေပြီ။”

"ဟုတ်သားပဲ။ ငါသိသွားပြီ။ လင်းဖန်က ယွဲ့ဟွာလက်အောက်က ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ပဲ။ သူက လူသစ်ဇာတ်ညွှန်းရေးဆရာဆိုပေမယ့် အစွမ်းအစက မြင့်လိုက်တာ။”

"လင်းဖန်က တကယ်ပဲ သာမန်လူ မဟုတ်ဘူးပဲ။ လင်းဖန်က တခြားလက်ရာတွေကော ရေးဖြစ်ဦးမှာလား။ ငါမျှော်နေမိပြီ။ ဘဝရဲ့ပျော်ရွှင်မှု မြန်မြန်တင်ပေးရင် ကောင်းမှာပဲ။”

ကောမန့်ပေါင်းစုံပေါ်လာခဲ့ပါသည်။

ထူးချွန်သည့် ဇာတ်ညွှန်းရေးဆရာတစ်ယောက်က နိုင်ငံတော်တစ်ခုလုံး၏ ရုပ်ရှင်လောကကို အဆင့်မြှင့်တင်ပေးရာတွင် အလွန်အရေးပါသည်။

တစ်ချိန်တည်းမှာပင် ဖျော်ဖြေရေးကုမ္ပဏီအားလုံးက လင်းဖန်ကို သတိထားမိလာပါသည်။

ဟွမ်ရွေ့၊ ဝမ်မိန့်၊ ရှင်းလီ၊ ကျားရှင်း၊ ကျန်းဝု၊ ဟွာစဲနဲ့ တခြား ကုမ္ပဏီများပေါင်းစုံက လင်းဖန်လို ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာတစ်ယောက် တည်ရှိနေကြောင်း သိသွားကြပါသည်။

ကုမ္ပဏီကြီး အားလုံးနီးပါးက လင်းဖန်ကို ဆက်သွယ်နေကြသည်။

"ဟယ်လို မစ္စတာလင်း ကျွန်တော်တို့က ဟွမ်ရွေ့က ဝန်ထမ်းတွေပါ။ ခုတလော ဇာတ်ညွှန်းသစ် ရေးထားသေးလား သိချင်လို့ပါ။ ခင်ဗျားရေးတဲ့ ဇာတ်ညွှန်းက အရမ်းကောင်းတာပဲ။ ဘဝရဲ့ပျော်ရွှင်မှု နာမည်ကြီးတာက ခင်ဗျားရဲ့ဇာတ်ညွှန်း မပါရင် ဖြစ်မလာပါဘူး။”

"မစ္စတာလင်း ကျွန်တော်တို့က  ကျားရှင်းရဲ့ ဝန်ထမ်းတွေပါ။ အရင်တုန်းက ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းကို ဝယ်ဖို့ မေးခဲ့သေးတယ်လေ။ ကျွန်တော်တို့နဲ့ အလုပ်လုပ်ချင်ရင် ကျွန်တော်တို့ဆီ လာလို့ရပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ခင်ဗျားရဲ့ ဇာတ်ညွှန်းကို ဒီလောကထဲမှာ အမြင့်ဆုံးစျေးပြီး ဝယ်မှာပါ။"

"မစ္စတာလင်း ရှင်းလီကို ဇာတ်ညွှန်းရေးဆရာ လာလုပ်ဖို့ စိတ်ဝင်စားလားဗျ။ ဇာတ်ညွှန်းကြေး ကောင်းကောင်း ပေးမှာပါဗျာ။”

ကုမ္ပဏီပေါင်းစုံက ရူးသွပ်ကုန်ကြပြီး လင်းဖန်ကို ဆက်သွယ်လာကြသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ပါရမီရှင်တစ်ယောက်မဟုတ်လား။ သူတို့ လင်းဖန်နဲ့ စာချုပ်တစ်ခုချုပ်နိုင်တာနဲ့ လင်းဖန်ရေးပေးသည့် ဇာတ်ညွှန်းများမှာ ထိုကုမ္ပဏီများ ရုပ်သံဒရမ်မာကောင်းတစ်ခု ဖန်တီးနိုင်ဖို့ လုံလောက်ပါသည်။

လင်းဖန်၏ တန်ဖိုးက အခုဆို အလွန်သိသာနေပါပြီ။

တစ်ချိန်တည်းမှာပင် ဂျွိုင်းမီဒီယာ၏ ကျောက်လွေ့က လင်းဖန်ကို ဆက်သွယ်လာသည်။

"မစ္စတာလင်း အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ကျွန်မတို့တောင်းပန်ပါတယ်။ အလုပ်တူတူ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိရင် ကျွန်မတို့ကုမ္ပဏီက ရှင်နဲ့အတူ ပူးပေါင်းပြီး IP အသစ်တစ်ခု ဖန်တီးဖို့ ဆန္ဒရှိပါတယ်။” ကျောက်လွေ့က ပြောလိုက်ပါသည်။

ဖျော်ဖြေရေးကုမ္ပဏီထဲက အားလုံးနီးပါးသည်လည်း လင်းဖန်ကို သတိထားမိသွားကြသည်။

လင်းဖန်က ညတွင်းချင် နာမည်ကျော်သွားသည့် စူပါစတားအစစ်တစ်ယောက်လိုပင်။

လင်းဖန်ကို သတိထားမိသွားတာ ပရိသတ်တင်မကသေးပါ။ ဖျော်ဖြေရေးကုမ္ပဏီများ၏ အထက်လူကြီးများကတောင် လင်းဖန်က ဘယ်လောက် အရေးပါမှန်း သိသွားကြပါသည်။

လင်းဖန်က ၎င်းတို့၏ ကုမ္ပဏီများကို တန်ဖိုးပိုမြင့်လာအောင် လုပ်ပေးနိုင်သည်။

လင်းဖန်က ယွဲ့ဟွာ၏ ဝန်ထမ်းဖြစ်နေရင်တောင် သူတို့လင်းဖန်ကို ဆက်သွယ်ပြီး ဇာတ်ညွှန်းကောင်းတစ်ခု ဖန်တီးခိုင်းပါသည်။

ယွဲ့ဟွာတွင်။

လင်းဖန်က ရုံးခန်းထဲတွင် ဇာတ်ညွှန်းအသစ်တစ်ခု ရေးသားနေပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ပထမတွဲက ရေပန်းစားလာပြီဖြစ်သဖြင့် လင်းဖန်က ဒုတိယတွဲကို ပြင်ဆင်နေပါသည်။ ထို့အပြင် "ဓားနဲ့နတ်သမီးရာဇဝင်" ဇာတ်ညွှန်းကိုလည်း ရေးနေပါသေးသည်။

ထိုဖျော်ဖြေရေးကုမ္ပဏီများ၏ ဖိတ်ကြားစာ အများစုကိုတော့ လင်းဖန် လျစ်လျူရှုလိုက်ပါသည်။ တစ်ချိန်လုံး သူအလုပ်များနေ၏။ အမှန်ပင်။ လင်းဖန်က ပျင်းရိနေခြင်းသာဖြစ်သည်။ သူ့ဇာတ်ညွှန်းကမ္ဘာထဲမှာ နစ်မြောရင်း ဇာတ်ညွှန်းရေးရတာ မဆိုးလှပါ။

အရေးအကြီးဆုံးက သူပိုက်ဆံရနိုင်သည်။ ဇာတ်ညွှန်းရေးပြီး ရုပ်ရှင်ရိုက်ကူးလိုက်ရုံနဲ့ ပိုက်ဆံအများကြီး ရနိုင်ပါသည်။

"လင်းဖန် မင်းဒီမှာ ဇာတ်ညွှန်းတွေ ရေးနေတုန်းပဲလား။" ရှုယန်က လင်းဖန်၏ ရုံးခန်းတံခါးကို ခေါက်ပြီး ပြုံးလိုက်ပါသည်။

"အေး" လင်းဖန်က နောက်ပြန်မလှည့်ဘဲ ခေါင်းငြိမ့်လိုက်ပါသည်။

"လင်းဖန် မင်းကိုဆက်သွယ်ပြီး စာချုပ်ချုပ်ချင်နေတဲ့ တခြား ဖျော်ဖြေရေးကုမ္ပဏီသုံးခု ရှိသေးတယ်။ မင်းနဲ့ တွေ့ချင်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ဟွမ်ရွေ့မီဒီယာက မင်းနဲ့စာချုပ်ချုပ်ဖို့ တစ်နှစ်စာ သန်း၂၀ ကမ်းလှမ်းတယ်လို့ ကြားတယ်။ သူတို့အတွက် တစ်နှစ်ကို ဇာတ်ညွှန်း နှစ်ပုဒ်ရေးပေးရုံပဲတဲ့။" ရှုယန်က ပြောလိုက်သည်။

"သန်း ၂၀ ဟုတ်လား။" လင်းဖန်က ပြန်မေးလိုက်သည်။

"စိတ်ဝင်စားသွားပြီလား" ရှုယန်က လင်းဖန်ကိုကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ယွမ် သန်း ၂၀ ဆိုတာ မနည်းပေ။ ထို့အပြင် တစ်နှစ်ကို သန်း ၂၀ ဖြစ်သည်။ လင်းဖန် ဟွမ်ရွေ့မီဒီယာသို့ သွားပြီး ဇာတ်ညွှန်းရေးဆရာလုပ်ကာ တစ်နှစ်ကို ဇာတ်ညွှန်းအနည်းငယ် ရေးပေးဖို့သာ လိုအပ်ပါသည်။

"စိတ်မဝင်စားပါဘူး" လင်းဖန်က ခေါင်းခါလိုက်ပါသည်။

"ဟားဟား အဲ့မှာ ရှားဝမ်ချွေ့လောက်လှတဲ့ ကောင်မလေးတွေမရှိလို့လား။" ရှုယန်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန်က ရှုယန်ကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြုံးလိုက်ပါသည်။ "မဟုတ်ပါဘူး။ ယွမ် သန်း ၂၀ ဆိုတာ များလို့လား။"

ရှုယန် "လင်းဖန် ယွမ် သန်း ၂၀ က မများဘူးလား။”

လင်းဖန်က ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်ပါသည်။ "လောလောဆယ် ငါ နှစ်တိုင်းရနေတဲ့ အိမ်ငှားခနဲ့ အစုပေါ်အမြတ်တွေက ယွမ် သန်း ၁၀၀ - ၂၀၀ ဝန်းကျင်ရှိတယ်။ တစ်နှစ်ကို ယွမ် သန်း၂၀ ပေးပြီး စာချုပ်ချုပ်ချင်ကြတယ်ပေါ့။ ပြီးတော့ ငါ့ဇာတ်ညွှန်းနှစ်ပုဒ်ကိုတောင် လိုချင်နေသေးတယ်။ ဒါ ရှားဝမ်ချွေ့နဲ့ ဘာမှမဆိုင်ပါဘူး။ ရှားဝမ်ချွေ့ မရှိရင်တောင် ဟွမ်ရွေ့မီဒီယာရဲ့ ကမ်းလှမ်းချက်ကြောင့် ငါတုန်လှုပ်မှာ မဟုတ်ဘူး။”

ရှုယန် "...”

လင်းဖန်နဲ့ စကားပြောရတာ သူရှုံးနိမ့်နေသလို ရှုယန်ခံစားမိပါသည်။

အခုမှ လင်းဖန်မှာ ဇာတ်ညွှန်းရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင်၊ သရုပ်ဆောင်ဆိုတာတွေထက် တခြားအလုပ်များစွာ ရှိသေးမှန်း သူသိလိုက်ရပါသည်။

လင်းဖန်က အိမ်ရှင်ကြီးတစ်ယောက်ဖြစ်သည်။

နှစ်စဥ် ရနေတဲ့ အိမ်ငှားခကလည်း ယွမ် သန်း ၁၀၀ - ၂၀၀ ဝန်းကျင်တဲ့။

ထိပ်တန်း သရုပ်ဆောင်များအတွက်တောင် တစ်နှစ်တည်းနဲ့ ဒီလောက်ပိုက်ဆံအများကြီး ရနိုင်ဖို့က ခက်ခဲလှပါသည်။ ကမ္ဘာကြီးထဲက သရုပ်ဆောင်အများစုက သရုပ်ဆောင်ရင်း သန်း ဆယ်ချီပြီးသာ ရနိုင်သည်။ ရာနဲ့ ချီပြီး မရနိုင်ပါ။

သို့သော်လည်းလင်းဖန်ကတော့ အံ့သြဖို့ကောင်းလွန်းပါသည်။

ရှုယန်က ရှားဝမ်ချွေ့ကို ပိုးပန်းမှု ရပ်တန့်လိုက်ပြီးနောက် ထပ်ပြီး အရှက်မခွဲခံရတော့ဘူးဟု ထင်ထားခဲ့သည်။ လင်းဖန် တိုက်ခိုက်တာ ခံရဖို့ဆို ပိုဝေးပါသည်။

လင်းဖန်နဲ့ စကားခဏပြောလိုက်ပြီးနောက် ရှုယန် တရားရသွားပါသည်။

သူလည်း ကြယ်ပွင့်ကြီးတစ်ယောက်ပါ...

ဘာလို့ လင်းဖန်နဲ့ သူနဲ့ ကမ္ဘာခြားနေသလို ဘာြဖစ်လို့ ခံစားနေရတာပါလိမ့်။

လင်းဖန်က ဇာတ်ညွှန်းဆက်ရေးရင်း လက်ဖက်ရည်သောက်လိုက်သည်။ သူပြောလိုက်၏။ "ဟုတ်တာပေါ့။ ရှားဝမ်ချွေ့ရှိနေတာက ငါ ဒီမှာ ရှိနေရတဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပါပဲ။"

"ပိုက်ဆံနဲ့ တခြားကိစ္စတွေက အရေးမကြီးဘူး။”

ရှုယန်က လင်းဖန်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လင်းဖန်က သူနဲ့တစ်ကမ္ဘာတည်းမှာ မရှိတော့ဘူးဟု ခံစားလိုက်ရသည်။

ရှုယန်သည် ကြိုးစားခဲ့၏။ ရှုယန်ရဲ့ အိမ်မက်က သရုပ်ဆောင်အိပ်မက်အပြင် သူ့အကြီးမားဆုံးပန်းတိုင်က ပိုက်ဆံရဖို့ဖြစ်သည်။

သို့သော်လည်း လင်းဖန်၏ ပန်းတိုင်က ပိုက်ဆံရဖို့မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော်... ဒါက သူဌေးများ၏ လောကဖြစ်နေသောကြောင့်ပင်။

အခန်း(၁၀၅) ဒါဆို သူတို့ဆက်ဆံရေးကို အတည်ပြုလို့ရပြီမဟုတ်လား။

လင်းဖန်က မတ်တပ်ရပ်ကာ ရှုယန်၏ ပခုံးကို ပုတ်လိုက်သည်။

"ကြိုးစားထား ကြိုးစားထား။ နောက်ဆို ငါဘယ်လိုခံစားရသလဲဆိုတာ မင်းလည်း ခံစားလာရမှာပါကွာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ရှုယန် “...”

ဒါက လူတစ်ယောက်ကြိုးစားရုံနဲ့ အောင်မြင်မှုရနိုင်တဲ့ လောကကြီးလား။ ယွမ် သန်း ၁၀၀ - ၂၀၀ တဲ့...။ စူပါစတားတစ်ယောက်တောင် ဒီလောက် ဝင်ငွေရဖို့ ခက်ခဲလွန်းပါသည်။

"မြောင်မြောင်"

ရှားဝမ်ချွေ့က ရုံးခန်းတံခါးဝတွင် ရပ်နေသည်။ ခေါင်းပြူကာ လင်းဖန်နှင့် ရှုယန်တို့အား ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က ဒီနေ့ အတိုင်းထက်အလွန် လှပလျက် ရှိသည်။

ရှားဝမ်ချွေ့က ဘောင်းဘီတို ဝတ်ထားသဖြင့် သူမ၏ သွယ်လျပြီး နှင်းလိုဖြူဖွေးသော ခြေတံများက ပေါ်လွင်နေသည်။

ကြောင်နားရွက်ဦးထုတ်လေးကို ဆောင်းထားဆဲဖြစ်၏။ ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းရုံတင်မကဘဲ ဆွဲဆောင်မှုလည်း ရှိပါသည်။

သူမ၏ ခြေတံများက... သွယ်လျလွန်းနေသည်။

"မင်းတို့တွေ စကားပြောကြလေ။ အဟမ်း ငါသွားတော့မယ်။" ရှုယန်က ပြောလိုက်ပြီး အမြန်လစ်ထွက်သွားပါသည်။ သူ မသွားပါက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သူ့ကို မျက်နှာပူအောင် လုပ်ကြဦးမည်။

"နင်ဇာတ်ညွှန်းရေးနေတာလား။" ရှားဝမ်ချွေ့က ဝင်လာပြီး လင်းဖန်ကို နောက်ထပ် လက်ဖက်ရည်တစ်ခွက် ပေးလိုက်ပါသည်။

"အင်း နင့်အတွက် ဇာတ်ညွှန်းအသစ်တစ်ခု ရေးပေးမလို့လေ။" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ထံမှ လက်ဖက်ရည်ကို ယူလိုက်ပါသည်။

ဒီလိုဘဝမျိုးက သာယာလွန်းလှပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်များကို ကြည့်လိုက်ပြီး အကြည့်မခွာနိုင်တော့ပေ။

"နင်ဘာကြည့်နေတာလဲ။" ရှားဝမ်ချွေ့မျက်နှာ နီရဲသွားပြီး လင်းဖန်ကို စိုက်ကြည့်လိုက်ပါသည်။ ကောင်မလေးများ ဘောင်းဘီတို ဝတ်တာ မထူးဆန်းဘဲ အလွန်လှပကြပါသည်။ "ဒါမျိုး နောက်ကို ဝတ်လို့ မရဘူး။" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ပြီး ပြောလိုက်ပါသည်။

"ဟွန်း... လင်းဖန် ငါက နင့်ရည်းစားမှ မဟုတ်တာ။" ရှားဝမ်ချွေ့ပါးပြင်များ ပိုနီရဲသွားပြီး ခေါင်းကို ဘေးဘက်သို့ စောင်းလိုက်ပါသည်။ ဟိုနေ့က လင်းဖန် သူမကို စကားပြောလို့မဆုံးခင်မှာ ယန်ချင်းက သူမကို လာခေါ်သွားခဲ့သည်။

လင်းဖန် ဒါကိုကြားသောာအခါ ပြုံးကာ မတ်တပ်ရပ်လိုက်ပါသည်။ ထို့နောက် ရုံးခန်းတံခါးကို ပိတ်လိုက်၏။

ရှားဝမ်ချွေ့က ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "လင်းဖန် ဘာလို့ တံခါးကို ပိတ်လိုက်တာလဲ။ ငါ့ကိုအနိုင်မကျင့်နဲ့နော်...။”

လင်းဖန်က ရှားဝမ်ချွေ့ဘေးသို့ လျှောက်လာပြီး သူမလက်ကို ကိုင်လိုက်ပါသည်။ သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။

"ဟုတ်တယ်။ နင်က ငါ့ကောင်မလေး မဟုတ်သေးဘူး။ ဒါပေမယ့် အခု ဘယ်သူ့လက်ကို ငါကိုင်ထားတာလဲ။" လင်းဖန်က ရှားဝမ်ချွေ့လက်နှစ်ဖက်ကို ပူးလိုက်ပြီး ကိုင်ထားလိုက်ပါသည်။

ဒါက ယွဲ့ဟွာမှာဖြစ်ပြီး လင်းဖန်၏ ရုံးခန်းထဲမှာဖြစ်သည်။ အပြင်ဘက်မှာ ဖြတ်သွားဖြတ်လာလူများ ရှိသော်လည်း လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားဆဲ ဖြစ်သည်။

အရင်တစ်ခေါက်က သူမလက်ကို ကိုင်လို့ မဝသေးသဖြင့် ဒီတစ်ခေါက် လွှတ်ပေးနိုင်ပါ့မလား။

"နင့်ကိုစကားမပြောတော့ဘူး နှာဘူး" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ၏မျက်နှာ နီရဲနေပြီး လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"နင်ငါ့ကို ပိုးပန်းချင်ရင်တောင် နင့်ကို လက်မခံဘူး။ ကောင်မလေးတစ်ယောက်ကို ဒီလိုပိုးပန်းလို့ရမလား" ရှားဝမ်ချွေ့က စိတ်ဆိုးစာဖြင့် ခြေထောက်ကို ဆောင့်လိုက်သည်။ သူမ မြန်မြန်လက်ခံလိုက်ပါက အရမ်းလွယ်တယ်လို့ လင်းဖန် ထင်မသွားနိုင်ဘူးလား။

"ဒါဆို ဘယ်လို ပိုးပန်းရမလဲ။" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ နူးညံ့စွာပြုံးလိုက်ပါသည်။

"ဟမ်း.... ဒါပေါ့၊ ရိုမန့်တစ်ဆန်ရမှာပေါ့။" ရှားဝမ်ချွေ့က နူးညံ့စွာ လင်းဖန်၏ ပခုံးကို ခေါက်လိုက်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့လက်ကို ထပ်ကိုင်လိုက်ပြီး အတည်ပေါက် ပြောလိုက်ပါသည်။ "ဘာပဲဖြစ်ဖြစ်ပါ။ နောက်ကို ဒီလိုဘောင်းဘီတို ဝတ်ခွင့်မရှိဘူး။ ဘောင်းဘီတို ဝတ်ချင်တယ်ဆိုရင် အပေါ်ကနေ စကတ်ထပ်ဝတ်ရမယ်။”

ရှားဝမ်ချွေ့က တည်ကြည်နေသော လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "နင် မကြိုက်လို့လား" လင်းဖန်က အရှေ့တိုးလိုက်ပြီး ရှားဝမ်ချွေ့၏ နှဖူးလေးကို ညှင်သာစွာ နမ်းလိုက်ပါသည်။

"မဟုတ်ဘူး။ ကြိုက်ပါတယ်။"

"နင် မဝတ်ရင်တောင် နောက်ကို ငါပဲမြင်နိုင်တော့မှာလေ။" လင်းဖန်က ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့မျက်နှာ ပိုနီရဲသွားပြီး လင်းဖန်၏ ရင်ဘတ်ကို ထုလိုက်ပါသည်။ "လူယုတ်မာ။ လူဆိုးကောင်။ နင် ဒီလိုမကောင်းတဲ့အတွေးတွေ ဝင်နေတာ ကြာပြီကိုး။ နောက်ကို နင့်အိမ်မလာတော့ဘူး" ရှားဝမ်ချွေ့က စိတ်ဆိုးစွာ ပြောလိုက်ပါသည်။ "ငါသွားတော့မယ်။ နင့်ရုံးခန်းထဲ မလာတော့ဘူး။ ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။" ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ နူးညံ့စွာ ပြောလိုက်ပါသည်။ ရှားဝမ်ချွေ့၏ နောက်ကျောကိုကြည့်ရင်း လင်းဖန် မတားမြစ်တော့ဘဲ ပြုံးသာ ပြုံးနေလိုက်ပါသည်။

ယခု သူနဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို... အတည်ပြုလို့ရပြီမဟုတ်လား။

သူတို့ဆက်ဆံရေးကို အတည်မပြုရသေးရင်တောင် ရှားဝမ်ချွေ့က သူ့ကြောင်မလေး ဖြစ်သည်။ သူ့လက်ထဲက ထွက်ပြေးလို့မရပါ။ ရှားဝမ်ချွေ့ကို ထွက်ပြေးခွင့် ပေးမှာလည်း မဟုတ်ပေ။

ဒါ ရှားဝမ်ချွေ့ကို နမ်းရတာ ၃ ကြိမ်မြောက် ဖြစ်ပါသည်။

အလွန်ခံစားလို့ကောင်းသည်။

တခြားလူများသာ ဒီမြင်ကွင်းကို မြင်သွားပါက လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့၏ ပရိသတ်များစွာ လိုက်ရိုက်တာကို ခံရလိမ့်မည်။

လင်းဖန်က သူတို့နတ်သမီးလေး ရှားဝမ်ချွေ့ကို နမ်းခဲ့သည်။

ရှားဝမ်ချွေ့၏ မွေးနေ့က နောက်လထဲမှာ ဖြစ်ပါသည်။

ဒီနေ့လင်းဖန် အလုပ်မလုပ်တော့ပေ။ Bugatti ဖြင့် ရှန်ဟိုင်းရှိ ခရစ်စတယ်စားသောက်ဆိုင်သို့ မောင်းသွားလိုက်သည်။

ခရစ်စတယ်စားသောက်ဆိုင်မှာ အဆင့်မြင့်လူများအတွက် အထူးတလည် စီမံထားခြင်း ဖြစ်သည်။ တကယ့် သူဌေးကြီးများသာ ဒီမှာ စားသောက်နိုင်ကြပါသည်။

ခရစ်စတယ်စားသောက်ဆိုင်၏ ဝန်ဆောင်မှုများက အဆင့်မြင့်ပြီး ခမ်းနားသည်။ အထဲက ဟင်းလျာ တချို့ကလည်း အလွန်ကောင်းမွန်ပါသည်။ သူတို့ ကတ်စတမ်မာများအတွက် ခြားနားသော ရှုခင်းနဲ့ ဂီတများကိုပင် စီစဥ်ပေးနိုင်ပါသည်။

ကတ်စတမ်မာတစ်ယောက် တောင်းဆိုလိုက်တာနဲ့ ခရစ်စတယ်စားသောက်ဆိုင် ဝန်ထမ်းများက သူတို့စိတ်ကျေနပ်မှုရှိစေရန် အကောင်းဆုံး ကြိုးစားကြမည်ဖြစ်သည်။

လင်းဖန်ရောက်လာတော့ ခရစ်စတယ်စားသောက်ဆိုင်က ဝန်ထမ်းများ၏ မျက်လုံးများ ဝိုင်းစက်သွားကြပါသည်။

သူတို့ အရင်တုန်းက အဆင့်မြင့်လူများစွာကို ဝန်ဆောင်မှုပေးဖူးပြီး ဇိမ်ခံကားကြီးများစွာကိုလည်း မြင်ဖူးသော်ငှားလည်း လင်းဖန်လောက် ချမ်းသာသည့်လူမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ လင်းဖန်က သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားကြီးတစ်စီးကိုမောင်းလာသည်။ Limited Edition Bugatti ကြီး ဖြစ်ပါသည်။

Bugatti ကြီးက လှပစွာ ခရစ်စတယ်စားသောက်ဆိုင်ထဲ ချိုးဝင်လာရင်း ရပ်တန့်သွားသည်။။

ခရစ်စတယ်စားသောက်ဆိုင်တွင် မတ်တပ်ရပ်နေသည့် ကောင်မလေးနှစ်ယောက်က  ချက်ချင်းပဲ အသင့်ပြင်လိုက်ကြပါသည်။

သူမတို့နှစ်ယောက် မှင်သက်နေကြ၏။

အခုလာမည့်လူက သေချာပေါက် သူဌေးအကြီးစား ဖြစ်နိုင်သည်။

သူဌေးအကြီးစားနဲ့ တချို့ ဒုတိယမျိုးဆက် သူဌေးသားများသာ ဒီလိုဇိမ်ခံကားမျိုးကို မောင်းနိုင်သသည်။

သူမတို့ကလည်း အစကတည်းက အဆင့်အတန်းမြင့်ကြပြီး ပြိုင်ကားဖြစ်ဖြစ် လင်းဖန်ကိုဖြစ်ဖြစ် မြင်တိုင်း အော်ဟစ်တတ်ကြသော လမ်းပေါ်က လူတွေလို မဟုတ်ကြပါ။

လင်းဖန်ကားပေါ်က ဆင်းလာသောအခါ ကောင်မလေးနှစ်ယောာက်၏ မျက်လုံးများ ဝိုင်းစက်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် လင်းဖန်က... ချောလွန်းသောကြောင့် ဖြစ်ပါသည်။

လင်းဖန် ဒီတစ်ခေါက် ထွက်လာတော့ နေကာမျက်မှန်ကို တပ်ထားသည်။ ကောင်မလေးနှစ်ယောက် သူ့ကို မမှတ်မိပေ။

"ဟယ်လို ဆရာ" ကောင်မလေးနှစ်ယောက်က ပြုံးလိုက်ပြီး ယဥ်ကျေးစွာ ဦးညွှတ်လိုက်ပါသည်။

"ဟယ်လိုပါ။ ကျွန်တော် သြဂုတ်လ ၁ ရက်နေ့အတွက် ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်လာတင်တာပါ။ တစ်ရက်လုံးငှားမှာပါ။ အဲ့ကျရင် ကျွန်တော့်ကို ကူညီပြီးစီစဥ်ပေးပါဦး။ ပြီးတော့လည်း ကျွန်တော့်ကို စန္ဒရားတစ်လုံး စီစဥ်ပေးပါ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ခရစ်စတယ်စားသောက်ဆိုင်ကို ပတ်ကြည့်ပြီးနောက် အတော်လေးအဆင်ပြေကြောင်း လင်းဖန် တွေ့သွားပါသည်။ သူက Keep Running နောက်ဆုံးပိုင်းတွင် ပါဝင်ဖို့ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ထိုနေ့ရောက်သောအခါ လင်းဖန် ခရစ်စတယ်စားသောက်ဆိုင်တွင်ပေါ်လာပြီး ရှားဝမ်ချွေ့ကို အံ့အားသင့်စေကာ သူမ မွေးနေ့အတွက် ပျော်ပွဲရွှင်ပွဲကျင်းပပေးမည်ဖြစ်သည်။

ဒီနှစ်ပေါင်းများစွာအတွင်း ရှားဝမ်ချွေ့အတွက် လင်းဖန်တစ်ခါမှ မွေးနေ့ပါတီ မလုပ်ပေးဖူးပါ။ ဒိတစ်ခေါက်တော့ သူမကို ပျော်ရွှင်စရာကောင်းသော မွေးနေ့ပွဲလေးရအောင် ဖန်တီးပေးပါမည်။

သူမက ရိုးမန့်စ်ကြိုက်တတ်တယ်မဟုတ်လား။

ထို့ကြောင့် သူမအတွက် အံ့အားသင့်သွားရအောင် စီစဥ်ပေးမည်။

လင်းဖန်၏ တောင်းဆိုမှုကို ကြားသောအခါ ကောင်မလေးနှစ်ယောက်၏ မျက်လုံးများ ဝိုင်းစက်သွားပါသည်။

လင်းဖန်က တကယ်ပဲ သူဌေးတစ်ယောက်ပင်။

ခရစ်စတယ်စားသောက်ဆိုင်ကို တစ်ရက်လုံး ဘိုကင်တင်ဖို့အတွက် ယွမ် ၇၀၀,၀၀၀ ကျပါသည်။

ထို့အပြင် စိတ်ကြိုက်ပြုလုပ်သည့် ပစ္စည်းများလည်း ပါသေးသည်။ အတိုချုန်းပြောရလျှင် တစ်ယောက်ယော်က ဒီကိုရောက်လာတာနဲ့ နတ်ပြည်ရောက်သလို ခံစားချက်မျိုး ခံစားရပါလိမ့်မည်။

လင်းဖန် ငွေချေပြီးနောက် မျက်မှန်ချွတ်လိုက်ပြီး ခရစ်စတယ်စားသောက်ဆိုင် အခြေအနေကို ကြည့်လိုက်ပါသည်။ ကောင်မလေးနှစ်ယောက်ကို လိုအပ်ချက်များ ပြောပြီးနောက် ပြန်သွား၏။

ကောင်မလေးနှစ်ယောက်က ရင်ထဲ သေချာမှတ်ထားပါသည်။ သူတို့ လင်းဖန်၏ နောက်ကျောကို ကြည့်ရင်း အံ့သြနေကြဆဲ ဖြစ်သည်။

လင်းဖန်မျက်မှန်ချွတ်လိုက်သောအခါ သူတို့ မှတ်မိသွားကြပါသည်။

အဲ့တာ... နာမည်ကျော်စီးရီး "ဘဝရဲ့ပျော်ရွှင်မှု" ထဲက ခေါင်းဆောင်းမင်းသား မဟုတ်လာား။"

ဘုရားရေ...

သူ့ကို လူကိုယ်တိုင်မြင်ရလိမ့်မည်ဟု မထင်ခဲ့မိပါ။

လင်းဖန်က သူမတို့ရှေ့မှာ ပေါ်လာခဲ့သည်။

သူမတို့ လင်းဖန် မျက်နှာကို မြင်လိုက်ရတော့ ကောင်မလေးနှစ်ယောက် ချစ်မိသွားသလို ခံစားခဲ့ရပါသည်။

ဒါ... တကယ့်စူပါစတားအစစ် လင်းဖန်လား။

လင်းဖန်၏ အရှိန်အဝါ၊ သူ့စကားပြောပုံ၊ သူ့ရုပ်ရည်၊ သူစီးနေသောကားတို့ကြောင့် ကောင်မလေးနှစ်ယောက် အမြင်ကျယ်သွားကြပါသည်။ အစက သူမတို့နှစ်ယောက်မှာ ခရစ်စတယ်စားသောက်ဆိုင်၏ သာမန်ဝိတ်တာမလေးများသာဖြစ်သော်လည်း ဒီနေ့တော့ ကံတကယ်ကောင်းပြီး စူပါစတား လင်းဖန်နဲ့ ဆုံခဲ့ကြရပါသည်။

Zawgyi

လင္းဖန္ 103+104+105

အခန္း(၁၀၃) ေဝ့ေပၚရဲ႕ထိပ္တန္းေရပန္းစားအေၾကာင္းအရာထပ္ျဖစ္လာၿပီး ေဖ်ာ္ေျဖေရးေလာက တုန္လႈပ္သြားျခင္း

လင္းဖန္ မသိလိုက္ခင္မွာပင္ ဂြၽိဳင္းမီဒီယာက ဘဝရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ ၿပိဳင္ဆိုင္ျခင္းအား ရပ္တန္႔လိုက္ပါသည္။

ဂြၽိဳင္းမီဒီယာ၏ စီအီးအိုကေတာင္ လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ေကာင္းမြန္ေၾကာင္း ဝန္ခံရသည္။ ထို႔အျပင္ လင္းဖန္၏ ႐ုပ္ရည္ေကာ ဇာတ္ၫႊန္းမ်ားေကာ အားလုံး ထိပ္တန္းအဆင့္မ်ား ျဖစ္ၾကသည္။ ေသေသခ်ာခ်ာ စဥ္းစားၿပီးေနာက္ ေက်ာက္ေလြ႕က လင္းဖန္ကို ေတာင္းပန္ဖို႔ ဆုံးျဖတ္လိုက္ပါသည္။ သူ႕မွာ ေနာက္ပိုင္း အခြင့္အေရးရလာပါက လင္းဖန္နဲ႔ အတူတူ အလုပ္လုပ္ႏိုင္ပါလိမ့္မည္။

ေဖ်ာ္ေျဖေရးေလာကထဲတြင္ ရာသက္ပန္ ရန္သူဆိုတာ မ႐ွိပါ။ ရာသက္ပန္မိတ္ေဆြဆိုတာသာ ႐ွိပါသည္။

ယြဲ႕ဟြာႏွင့္ တိုက္ခိုက္မႈက အသုံးမဝင္တာကို ျမင္လိုက္ရၿပီးေနာက္ ဂြၽိဳင္းမီဒီယာက ၎တို႔၏ နည္းလမ္းကို အျမန္ေျပာင္းလိုက္ပါသည္။

အဓိက အခ်က္က လင္းဖန္မွာ ကုမၸဏီတိုင္းက ေခၚႏိုင္ေသာ တန္ဖိုးမ်ိဳး ႐ွိေနေသာေၾကာင့္ ျဖစ္သည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ၂ ရက္ဆက္တိုက္ ထုတ္လႊင့္ျပသေနၿပီး တ႐ုတ္ႏိုင္ငံတစ္ခုလုံးကို ပြက္ေလာ႐ိုက္သြားေစခဲ့သည္။

ဒီ႐ုပ္သံဒရမ္မာက အလြန္ေရပန္းစားေန၏။

ေခါင္းေဆာင္မင္းသား လင္းဖန္ႏွင့္ ေခါင္းေဆာင္မင္းသမီး ႐ွားဝမ္ေခြၽ႕တို႔ အကုန္လုံးလည္း လုံးဝကို နာမည္ႀကီးေနၾကသည္။

အၾကင္နာေပးခန္းမ႐ိုက္ဖူးေသာ ႐ွားဝမ္ေခြၽ႕လည္း ဒီဒရမ္မာေၾကာင့္ ပရိသတ္မ်ား၏ ေထာက္ခံမႈကို ပိုရခဲ့ပါသည္။

ထို႔အျပင္ ဒါက ႐ွားဝမ္ေခြၽ႕၏ ပထမဆုံး အခ်စ္ေရးဇာတ္ဝင္ခန္းျဖစ္သည္။ အလြန္ေကာင္းမြန္စြာ သ႐ုပ္ေဆာင္ထားပါသည္။ မုန္းတီးေရးသမားမ်ား ႐ွားဝမ္ေခြၽ႕ကို တစ္ဖတ္သတ္ ေဝဖန္လို႔ မရေတာ့ေပ။

သူမ၏ သ႐ုပ္ေဆာင္စြမ္းရည္ကလည္း ထိုနည္းလည္းေကာင္ ထူးခြၽန္လွပါသည္။

၃ ရက္ေျမာက္ေန႔တြင္ ထုတ္လႊင့္ျပသၿပီးေသာအခါ အႏုပညာေလာကထဲတြင္ အေတာ္ေလး ပြက္ေလာ႐ိုက္သြားခဲ့သည္။

ပရိသတ္က ဒီ႐ုပ္သံဒရမ္မာ၏ ဇာတ္လမ္းကို ေသခ်ာေပါက္ေစာင့္ၾကည့္ေနသည္။ ဒီလိုေရပန္းစားသည့္ ႐ုပ္သံဒရမ္မာမ်ိဳးက အႏုပညာေလာကထဲက ကုမၸဏီမ်ားစြာ၏ အာ႐ုံစိုက္မႈကို ဆြဲေဆာင္ႏိုင္ခဲ့ပါသည္။

ေဖ်ာ္ေျဖေရးအသိုင္းအဝိုင္း႐ွိ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားက လင္းဖန္ကို အေရးစိုက္လာၾကသည္။

"လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က အရ၎္းေကာင္းတာပဲ။ ပ်ိဳးေထာင္ေပးဖို႔ ထိုက္တန္တယ္။ လင္းဖန္သာ ငါတို႔ဒရမ္မာသစ္ထဲ သ႐ုပ္ေဆာင္ေပးရင္ ေသခ်ာေပါက္ ေကာင္းမွာပဲ။”

"သူ႕သ႐ုပ္ေဆာင္စြမ္းရည္ ေကာင္းတာမေကာင္းတာ အေရးမႀကီးဘူး။ လင္းဖန္က ေခ်ာၿပီးသားပဲ။ ငါတို႔ ရသစုံ႐ိႈးမွာ ထည့္႐ိုက္လို႔ရမယ္ထင္တယ္။”

"ငါတို႔႐ုပ္သံစီးရီးမွာ ဇာတ္ပို႔သ႐ုပ္ေဆာင္လိုေနတယ္။ လင္းဖန္က သင့္ေတာ္တယ္လို႔ထင္လား။ ျမန္ျမန္စာခ်ဳပ္ခ်ဳပ္လိုက္ေတာ့။"

"လင္းဖန္က ပါရမီ႐ွင္ျဖစ္ၿပီး အလားအလာလည္း ႐ွိတယ္။ သူသာ႐ွိရင္ ငါတို႔႐ုပ္သံစီးရီးရဲ႕ ေရပန္းစားမႈကို တိုးျမႇင့္လို႔ရတယ္။ ျမန္ျမန္ လင္းဖန္ရဲ႕ မန္ေနဂ်ာကို ဆက္သြယ္လိုက္။ မဟုတ္ရင္ ယြဲ႕ဟြာကို ဆက္သြယ္ၿပီး လင္းဖန္ရဲ႕ ဖုန္းနံပါတ္ေတာင္းလိုက္။ လင္းဖန္ကို အရင္ေခၚၾကရေအာင္။ ႐ိုက္ကူးေရးခက ႐ုပ္သံဒရမ္မာတစ္ခုအတြက္ သူ႕ကို ၆ သန္း ၇ သန္းေလာက္ေပးမယ္ဆိုရင္ ဘယ္လိုလဲ။”

ကုမၸဏီေပါင္းစုံက လင္းဖန္ကို ေခၚယူဖို႔ ျပင္ဆင္ေနၾကပါသည္။

သို႔ေသာ္လည္း ႁခြင္းခ်က္မ႐ွိ ထိုကုမၸဏီအားလုံးကို လင္းဖန္က ျငင္းဆန္ခဲ့ပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ထိုကုမၸဏီမ်ား သူ႕ကိုေခၚဖို႔ မလိုေသာေၾကာင့္ ျဖစ္သည္။ သူက ႐ွားဝမ္ေခြၽ႕ကို ကာကြယ္ဖို႔ အႏုပညာေလာကထဲ ဝင္လာခဲ့ျခင္း ျဖစ္သည္။ ေငြရဖို႔နဲ႔ သ႐ုပ္ေဆာင္ခ်င္လို႔ မဟုတ္ပါ။

လင္းဖန္က အခုလည္း ေငြမလိုေသးေပ။ သူက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံသူ ျဖစ္သည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈသာ ဝင္ေငြရလာပါက လင္းဖန္လည္း အစုေပၚအျမတ္ ရာခိုင္ႏႈန္းတစ္ခုအထိ ရလာလိမ့္မည္။

ထိုအျမတ္ကလည္း မနည္းပါ။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ မူပိုင္ခြင့္ကို iQiyi နဲ႔ Tencent Arts သို႔ ေရာင္းလိုက္စဥ္က လင္းဖန္၏ အေကာင့္ထဲတြင္ ထပ္ေပါင္း ယြမ္ သန္း ၄၀ ႐ွိေနခဲ့သည္။

ထို႔အျပင္ဒီ႐ုပ္သံဒရမ္မာ ႐ိုက္ကူးေရးခ စုစုေပါင္း  ယြမ္ ၈ သန္းလည္း ႐ွိပါေသးသည္။

လင္းဖန္က လူသစ္ျဖစ္သျဖင့္ စဦး ႐ိုက္ကူးေရးေၾကးမွာ တကယ္ပဲ မမ်ားပါ။ ထို႔အျပင္ ႐ွားဝမ္ေခြၽ႕လို ၾကယ္ပြင့္တစ္ေယာက္၏ ႐ိုက္ကူးေရးခကေတာင္ သန္း ၃၀ - ၄၀ မွ်သာ႐ွိပါသည္။

ဒီက နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားက သန္းရာခ်ီ ႐ိုက္ကူးေရးေၾကးမ်ား ေတာင္းဆိုတာ အလကားမဟုတ္ပါ။ မဟုတ္ပါက ဒီေလာက၏ ဖြင့္ၿဖိဳးတိုးတက္မႈ ပုံမွန္မဟုတ္ျဖစ္လာလိမ့္မည္။

စဥ္းစားၾကည့္လိုက္ပါ။ သ႐ုပ္ေဆာင္မ်ားကို ေခၚဖို႔အတြက္ေလာက္နဲ႔ ရင္းႏွီးျမႇဳပ္ႏွံေငြထဲက ၁ ဘီလီယံယြမ္ေလာက္အား သုံးလိုက္ရပါက ေကာင္းမြန္ေသာ ႐ုပ္သံဒရမ္မာတစ္ခုကို ဘယ္လို ထုတ္လုပ္ႏိုင္ေတာ့မည္နည္း။

ပိုက္ဆံရျခင္းက လင္းဖန္အတြက္ ေကာင္းမြန္ေသာ္လည္း အျပင္ဘက္မွာ တစ္ေယာက္တည္း သ႐ုပ္မေဆာင္ခ်င္ပါ။

သူသာ သ႐ုပ္ေဆာင္ခ်င္ပါက လင္းဖန္ ႐ွားဝမ္ေခြၽ႕နဲ႔သာ သ႐ုပ္ေဆာင္ပါမည္။ သူမနဲ႔ သ႐ုပ္ေဆာင္ေနစဥ္ စေနာက္လို႔ရသည္။ ဂ႐ုစိုက္ေပးလို႔ရသည္။ ကာကြယ္ေပးလို႔ရပါသည္။

သူမအနားမွာ႐ွိေနပါက လင္းဖန္ ပိုၿပီး စိတ္ေအးရသည္။

ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ၃ ရက္ေျမာက္ေန႔တြင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ အပိုင္း ၈ ကို ထုတ္လႊင့္ျပသၿပီးသြားၿပီး ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားမႈကလည္း သန္း ၁၀၀ ေက်ာ္ သြားပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ႏွိပ္ၾကည့္သည့္ ၾကည့္႐ႈသူ အေရအတြက္မွာ ၁ ဘီလီယံေက်ာ္သြားပါၿပီ။

အင္တာနက္ေပၚ႐ွိ တစ္ခုတည္းေသာ အလြန္ေရပန္းစားသည့္ ဒရမ္မာျဖစ္သည္။ အရင္တုန္းက ဒီလိုမ်ိဳး မ႐ွိဖူးပါ။ ေနာက္ကိုလည္း ႐ွိလာမွာမဟုတ္ပါ။

ယြဲ႕ဟြာက ဒီလိုရလဒ္မ်ားကို ခ်က္ခ်င္း သိလိုက္ပါသည္။

စီအီးအိုလီက ျပဳံးလိုက္သည္။ ယြဲ႕ဟြာက လင္းဖန္ေၾကာင့္ ဒီအဆင့္ထိ ေရာက္လာႏိုင္မည္ဟု မထင္ခဲ့ေပ။

"စီအီးအိုလီ လင္းဖန္ကို ထပ္ၿပီးေခၚခ်င္ေသးလား။ လင္းဖန္ကို ကြၽန္ေတာ္တို႔ ကုမၸဏီနဲ႔ စာခ်ဳပ္တစ္ခု ခ်ဳပ္ခိုင္းလိုက္ၿပီး ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕ အႏုပညာ႐ွင္ ျဖစ္လာခိုင္းလိုက္ပါလား။ ဒါဆို လင္းဖန္ကို တျခားကုမၸဏီေတြ လြယ္လြယ္နဲ႔ ခ်ဥ္းကပ္ႏိုင္မွာ မဟုတ္ေတာ့ဘူး။" ဝန္ထမ္းတစ္ေယာက္က စီအီးအိုလီကို ေမးလိုက္ပါသည္။

"မလိုပါဘူး။" စီအီးအိုလီက ေခါင္းကို ခါလိုက္ၿပီး ပါးပါးျပဳံးလိုက္ပါသည္။

ထို႔ေနာက္ စီအီးအိုလီက ဆက္ေျပာသည္။ "လင္းဖန္က ႐ွားပါးတဲ့ ပါရမီ႐ွင္ပဲ။ အရမ္းထက္ျမက္တယ္။ သူ႕ကို စာခ်ဳပ္တစ္ခုနဲ႔  ခ်ဳပ္ေႏွာင္ထားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။”

"သူ သ႐ုပ္ေဆာင္ခ်င္တဲ့ေနရာမွာ သ႐ုပ္ေဆာင္လို႔ရတယ္။ သူ႕ဘဝအတြက္ သူ႕ဖာသာသူ ဆုံးျဖတ္ႏိုင္တယ္။ လင္းဖန္လို ပါရမီ႐ွင္မ်ိဳးက ငါ့ကုမၸဏီတစ္ခုပဲ အသုံးခ်ရမယ့္အရာ မဟုတ္ဘူး။ ႏိုင္ငံေတာ္တစ္ခုလုံးရဲ႕ အႏုပညာေလာကေတြကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ သူလုပ္ေပးႏိုင္တယ္။ ႐ုပ္သံဒရမ္မာေတြ၊ ႐ုပ္႐ွင္ေတြနဲ႔ တျခားေလာကေတြ အကုန္လုံး လင္းဖန္ မ႐ွိရင္ အဆင္ေျပမွာ မဟုတ္ဘူး။”

"ၿပီးေတာ့လည္း လင္းဖန္က အရမ္းခ်မ္းသာတယ္။ ယြဲ႕ဟြာထက္ေတာင္ ပိုခ်မ္းသာႏိုင္တယ္။ သူ႕ေနာက္ခံကလည္း ႐ွိန္ေလာက္စရာပဲ။ သူ႕ကိုဆြဲေခၚထားဖို႔ဆိုတာ ခက္တယ္။" စီအီးအိုလီက ျပဳံးကာ ေျပာလိုက္ပါသည္။

သူ လင္းဖန္ကို ေခၚထားခ်င္ေသာ္လည္း စာခ်ဳပ္နဲ႔ လင္းဖန္ကို ခ်ဳပ္ေႏွာင္ထားတာလိုမ်ိဳး ေသခ်ာေပါက္ လုပ္မွာ မဟုတ္ပါ။

စီအီးအိုလီက လင္းဖန္တစ္ေယာက္ ယြဲ႕ဟြာ၏ ဇာတ္ၫႊန္းေရးဆရာ ျဖစ္ေနတာနဲ႔တင္ ေက်နပ္ေနပါၿပီ။

ဒီလိုဆို အနာဂတ္တြင္ လင္းဖန္ ယြဲ႕ဟြာသို႔ ေရာက္လာႏိုင္သည္။ ထို႔အျပင္ ယြဲ႕ဟြာတြင္ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီတို႔ ႐ွိေနဆဲျဖစ္ပသည္။ ယြဲ႕ဟြာက လင္းဖန္ေရးသည့္ ဇာတ္ၫႊန္းေကာင္းတိုင္းကို ေငြမ်ားမ်ားေပးဝယ္ဖို႔သာ ဦးစားေပးထားသည္။ သူတို႔ လင္းဖန္ကို ဆိုးဆိုး႐ြား႐ြား ဆက္ဆံမွာ မဟုတ္ပါ။

"စီအီးအိုလီေျပာတာ မွန္ပါတယ္။" ဝန္ထမ္းက ေျပာလိုက္ပါသည္။

"လင္းဖန္ကို ေခၚခ်င္ရင္ ဘာလို႔ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို ေခၚထားလိုက္ပါလား။ အဲ့ေကာင္မေလးႏွစ္ေယာက္က လင္းဖန္နဲ႔ ရင္းႏွီးၾကတယ္ေလ။ အထူးသျဖင့္ ႐ွားဝမ္ေခြၽ႕ေပါ့။" စီအီးအိုလီက ျပဳံးလိုက္ပါသည္။

တျခားလူမ်ားမသိသည့္အရာကို သူသိပါသည္။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က ေနနဲ႔လ ေ႐ႊနဲ႔ျမ စုံတြဲ ျဖစ္ပါသည္။

သူတို႔ႏွစ္ေယာက္က တစ္ေယာက္အလုပ္ကို တစ္ေယာက္ မေႏွာင့္ယွက္ဘဲ မၾကာခဏ ရန္ျဖစ္ေသာ္လည္း ႐ွားဝမ္ေခြၽ႕ တျခားလူေတြေ႐ွ႕မွာ ခ်စ္ဖို႔ေကာင္းေအာင္ လုပ္ျပတာမ်ိဳး ႐ွိခဲ့ဖူးလို႔လား။

လင္းဖန္ေ႐ွ႕မွာသာ သူမ၏ ထူးျခားေသာ ပုံစံေလးကို ထုတ္ျပတတ္သည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ထုတ္လႊင့္ျပသရင္း လင္းဖန္၏ ေဝ့ေပၚပရိသတ္မ်ားကလည္း ဆက္ၿပီး တိုးလာခဲ့ပါသည္။

၃ သန္း...

၄ သန္း...

၃ ရက္အတြင္း လင္းဖန္၏ ေဝ့ေပၚပရိသတ္မွာ ၅ သန္းအထိ တိုးလာခဲ့ပါသည္။

သူ႕ပရိသတ္မ်ား တိုးလာသည့္ ႏႈန္းထားက အေတာ္ေလး ျမန္ဆန္သည္ဟု ဆိုႏိုင္သည္။

လင္းဖန္က ပရိသတ္မ်ားစြာ ႀကိဳက္ႏွစ္သက္သည့္ ၾကယ္ပြင့္တပြင့္ အလွ်င္အျမန္ပဲ ျဖစ္လာခဲ့ပါသည္။

သူက ေခ်ာေမာၿပီး ဆြဲေဆာင္မႈ႐ွိသည္။ အေရအႀကီးဆုံးက လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ထူးခြၽန္သည္။ ပရိသတ္မ်ား သူ႕ကို သေဘာမက်ဘဲ ေနပါ့မလား။

အထူးသျဖင့္ လင္းဖန္ကို စြဲလမ္းသြားၾကသည့္ ေကာင္မေလးမ်ားစြာအတြက္ ပိုမွန္ပါသည္။

လင္းဖန္က သူတို႔ အိုင္ေဒါျဖစ္သည္။ တခ်ိဳ႕ပရိသတ္မ်ားဆို လင္းဖန္နဲ႔ေတြ႕ၿပီး လက္မွတ္ေတာင္းခ်င္ေနပါသည္။

ေကာင္မေလးမ်ားစြာက လင္းဖန္၏ စားေသာက္ဆိုင္တြင္ လာေစာင့္ကာ သူ႕ကိုေတြ႕ခ်င္ေနၾကသည္။

လင္းဖန္က တကယ့္ၾကယ္ပြင့္ႀကီးတစ္ပြင့္ျဖစ္လာခဲ့သည္။ လူေတြက သူ႕ကို မနာလိုျဖစ္ၾက၏။ သူအႏုပညာေလာကထဲ တကယ္ ေျခခ်ခဲ့ပါၿပီ။

တစ္ခ်ိန္တည္းမွာပင္...

လင္းဖန္က ေဝ့ေပၚ၌ ထိပ္တန္းေရပန္းစားသည့္ အေၾကာင္းအရာ ျဖစ္လာခဲ့သည္။

ဒီတစ္ႀကိမ္မွာေတာ့ ေရပန္းစားသည့္ အေၾကာင္းအရာက ႏိုင္ငံေတာ္တစ္ခုလုံးကို လႈပ္ခါသြားေစခဲ့ပါသည္။

အခန္း(၁၀၄) ဇာတ္ၫႊန္းေရးဆရာအစစ္ လင္းဖန္

႐ုတ္ျခည္းဆိုသလို ေဝ့ေပၚေပၚတြင္ ပထမဆုံး ေရပန္းစားသည့္ အေၾကာင္းအရာတစ္ခု ေပၚလာခဲ့ပါသည္။

ေရပန္းစားသည့္ အေၾကာင္းအရာ၏ နာမည္က...

(လင္းဖန္က ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းေရးဆရာေပါ့)

တရားဝင္ေၾကညာခ်က္ ထုတ္ျပန္ခဲ့စဥ္က ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းေရးဆရာမွာ လင္းဖန္ျဖစ္ေၾကာင္း တစ္ခါတည္း ေရးသားထားၿပီးသား ျဖစ္သည္။ သို႔ေသာ္လည္း ထိုအခ်ိန္တုန္းက လူေတာ္ေတာ္မ်ားမ်ား သတိမထားမိခဲ့ၾကေပ။ သူတို႔၏ အာ႐ုံစိုက္မႈအမ်ားစုက ေခါင္းေဆာင္မင္းသား လင္းဖန္ျဖစ္ေနျခင္းႏွင့္ ေခါင္းေဆာင္မင္းသမီး ႐ွားဝမ္ေခြၽ႕အေပၚမွာသာ ႐ွိၾကပါသည္။

ေရပန္းစား သ႐ုပ္ေဆာင္မ်ားစြာနဲ႔ ဝါရင့္သ႐ုပ္ေဆာင္ႀကီးမ်ားပင္ ပါၾကသည္။ ထိုသ႐ုပ္ေဆာင္မ်ားက ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ျဖစ္တည္လာေစခဲ့သည္။ ထို႔ေၾကာင့္ အားလုံးက ႐ုပ္သံဒရမ္မာ၏ ဇာတ္ၫႊန္းေရးဆရာကို လ်စ္လ်ဴ႐ႈခဲ့ၾကပါသည္။

ခုေတာ့ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ ေရပန္းစားမႈနဲ႔ဆို ဒီ႐ုပ္သံဒရမ္မာက ထိပ္တန္းေရပန္းစားစာရင္းထဲ အႀကိမ္ေပါင္းမ်ားစြာ ေရာက္ေနၿပီးပါၿပီ။

ေနာက္ဆုံးေတာ့ တစ္စုံတစ္ေယာက္က ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းေရးဆရာက လင္းဖန္ျဖစ္ေၾကာင္း သတိထားမိသြားၿပီး ပရိသတ္ကလည္း စိတ္ဝင္စားသြားၾကသည္။

အင္တာနက္ေပၚတြင္ ေကာမန္႔မ်ားစြာ ေပၚလာ၏။ အားလုံးက လင္းဖန္ကို ခ်ီးက်ဴးေနၾကျခင္း ျဖစ္ပါသည္။

"လခြမ္း လင္းဖန္က ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းဆရာတဲ့။ လင္းဖန္က ေတာ္လိုက္တာ။ သူေရးထားတဲ့ ဇာတ္ၫႊန္းက အရမ္းေကာင္းတာပဲ။"

"အဲ့ဒီအက်င့္မေကာင္းတဲ့ လင္းဖန္ကေတာ့။ တကယ္ႀကီး ငါေန႔တိုင္းၾကည့္ရတဲ့ ဒရမ္မာအတြက္ ဇာတ္ၫႊန္းကို ေရးေပးထားတာပဲ။ ငါဒရမ္မာမၾကည့္ျဖစ္ရင္ ေနလို႔ မေကာင္းေတာ့ဘူး။”

"လင္းဖန္က တကယ္ေတာ္တာပဲ။ သူ႕သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းလြန္းၿပီး အခု ဆရာအဆင့္ ဇာတ္ၫႊန္းေရးဆရာ ျဖစ္ေနၿပီ။”

"ဟုတ္သားပဲ။ ငါသိသြားၿပီ။ လင္းဖန္က ယြဲ႕ဟြာလက္ေအာက္က ေ႐ႊတံဆိပ္ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ပဲ။ သူက လူသစ္ဇာတ္ၫႊန္းေရးဆရာဆိုေပမယ့္ အစြမ္းအစက ျမင့္လိုက္တာ။”

"လင္းဖန္က တကယ္ပဲ သာမန္လူ မဟုတ္ဘူးပဲ။ လင္းဖန္က တျခားလက္ရာေတြေကာ ေရးျဖစ္ဦးမွာလား။ ငါေမွ်ာ္ေနမိၿပီ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ျမန္ျမန္တင္ေပးရင္ ေကာင္းမွာပဲ။”

ေကာမန္႔ေပါင္းစုံေပၚလာခဲ့ပါသည္။

ထူးခြၽန္သည့္ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္က ႏိုင္ငံေတာ္တစ္ခုလုံး၏ ႐ုပ္႐ွင္ေလာကကို အဆင့္ျမႇင့္တင္ေပးရာတြင္ အလြန္အေရးပါသည္။

တစ္ခ်ိန္တည္းမွာပင္ ေဖ်ာ္ေျဖေရးကုမၸဏီအားလုံးက လင္းဖန္ကို သတိထားမိလာပါသည္။

ဟြမ္ေ႐ြ႕၊ ဝမ္မိန္႔၊ ႐ွင္းလီ၊ က်ား႐ွင္း၊ က်န္းဝု၊ ဟြာစဲနဲ႔ တျခား ကုမၸဏီမ်ားေပါင္းစုံက လင္းဖန္လို ေ႐ႊတံဆိပ္ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ တည္႐ွိေနေၾကာင္း သိသြားၾကပါသည္။

ကုမၸဏီႀကီး အားလုံးနီးပါးက လင္းဖန္ကို ဆက္သြယ္ေနၾကသည္။

"ဟယ္လို မစၥတာလင္း ကြၽန္ေတာ္တို႔က ဟြမ္ေ႐ြ႕က ဝန္ထမ္းေတြပါ။ ခုတေလာ ဇာတ္ၫႊန္းသစ္ ေရးထားေသးလား သိခ်င္လို႔ပါ။ ခင္ဗ်ားေရးတဲ့ ဇာတ္ၫႊန္းက အရမ္းေကာင္းတာပဲ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ နာမည္ႀကီးတာက ခင္ဗ်ားရဲ႕ဇာတ္ၫႊန္း မပါရင္ ျဖစ္မလာပါဘူး။”

"မစၥတာလင္း ကြၽန္ေတာ္တို႔က  က်ား႐ွင္းရဲ႕ ဝန္ထမ္းေတြပါ။ အရင္တုန္းက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းကို ဝယ္ဖို႔ ေမးခဲ့ေသးတယ္ေလ။ ကြၽန္ေတာ္တို႔နဲ႔ အလုပ္လုပ္ခ်င္ရင္ ကြၽန္ေတာ္တို႔ဆီ လာလို႔ရပါတယ္။ ကြၽန္ေတာ္တို႔ကုမၸဏီက ခင္ဗ်ားရဲ႕ ဇာတ္ၫႊန္းကို ဒီေလာကထဲမွာ အျမင့္ဆုံးေစ်းၿပီး ဝယ္မွာပါ။"

"မစၥတာလင္း ႐ွင္းလီကို ဇာတ္ၫႊန္းေရးဆရာ လာလုပ္ဖို႔ စိတ္ဝင္စားလားဗ်။ ဇာတ္ၫႊန္းေၾကး ေကာင္းေကာင္း ေပးမွာပါဗ်ာ။”

ကုမၸဏီေပါင္းစုံက ႐ူးသြပ္ကုန္ၾကၿပီး လင္းဖန္ကို ဆက္သြယ္လာၾကသည္။ ဘာပဲျဖစ္ျဖစ္ လင္းဖန္က ပါရမီ႐ွင္တစ္ေယာက္မဟုတ္လား။ သူတို႔ လင္းဖန္နဲ႔ စာခ်ဳပ္တစ္ခုခ်ဳပ္ႏိုင္တာနဲ႔ လင္းဖန္ေရးေပးသည့္ ဇာတ္ၫႊန္းမ်ားမွာ ထိုကုမၸဏီမ်ား ႐ုပ္သံဒရမ္မာေကာင္းတစ္ခု ဖန္တီးႏိုင္ဖို႔ လုံေလာက္ပါသည္။

လင္းဖန္၏ တန္ဖိုးက အခုဆို အလြန္သိသာေနပါၿပီ။

တစ္ခ်ိန္တည္းမွာပင္ ဂြၽိဳင္းမီဒီယာ၏ ေက်ာက္ေလြ႕က လင္းဖန္ကို ဆက္သြယ္လာသည္။

"မစၥတာလင္း အရင္တုန္းက ျဖစ္ခဲ့တာေတြအတြက္ ကြၽန္မတို႔ေတာင္းပန္ပါတယ္။ အလုပ္တူတူ ပူးေပါင္းေဆာင္႐ြက္ခ်င္တဲ့ ဆႏၵ႐ွိရင္ ကြၽန္မတို႔ကုမၸဏီက ႐ွင္နဲ႔အတူ ပူးေပါင္းၿပီး IP အသစ္တစ္ခု ဖန္တီးဖို႔ ဆႏၵ႐ွိပါတယ္။” ေက်ာက္ေလြ႕က ေျပာလိုက္ပါသည္။

ေဖ်ာ္ေျဖေရးကုမၸဏီထဲက အားလုံးနီးပါးသည္လည္း လင္းဖန္ကို သတိထားမိသြားၾကသည္။

လင္းဖန္က ညတြင္းခ်င္ နာမည္ေက်ာ္သြားသည့္ စူပါစတားအစစ္တစ္ေယာက္လိုပင္။

လင္းဖန္ကို သတိထားမိသြားတာ ပရိသတ္တင္မကေသးပါ။ ေဖ်ာ္ေျဖေရးကုမၸဏီမ်ား၏ အထက္လူႀကီးမ်ားကေတာင္ လင္းဖန္က ဘယ္ေလာက္ အေရးပါမွန္း သိသြားၾကပါသည္။

လင္းဖန္က ၎တို႔၏ ကုမၸဏီမ်ားကို တန္ဖိုးပိုျမင့္လာေအာင္ လုပ္ေပးႏိုင္သည္။

လင္းဖန္က ယြဲ႕ဟြာ၏ ဝန္ထမ္းျဖစ္ေနရင္ေတာင္ သူတို႔လင္းဖန္ကို ဆက္သြယ္ၿပီး ဇာတ္ၫႊန္းေကာင္းတစ္ခု ဖန္တီးခိုင္းပါသည္။

ယြဲ႕ဟြာတြင္။

လင္းဖန္က ႐ုံးခန္းထဲတြင္ ဇာတ္ၫႊန္းအသစ္တစ္ခု ေရးသားေနပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ပထမတြဲက ေရပန္းစားလာၿပီျဖစ္သျဖင့္ လင္းဖန္က ဒုတိယတြဲကို ျပင္ဆင္ေနပါသည္။ ထို႔အျပင္ "ဓားနဲ႔နတ္သမီးရာဇဝင္" ဇာတ္ၫႊန္းကိုလည္း ေရးေနပါေသးသည္။

ထိုေဖ်ာ္ေျဖေရးကုမၸဏီမ်ား၏ ဖိတ္ၾကားစာ အမ်ားစုကိုေတာ့ လင္းဖန္ လ်စ္လ်ဴ႐ႈလိုက္ပါသည္။ တစ္ခ်ိန္လုံး သူအလုပ္မ်ားေန၏။ အမွန္ပင္။ လင္းဖန္က ပ်င္းရိေနျခင္းသာျဖစ္သည္။ သူ႕ဇာတ္ၫႊန္းကမ႓ာထဲမွာ နစ္ေျမာရင္း ဇာတ္ၫႊန္းေရးရတာ မဆိုးလွပါ။

အေရးအႀကီးဆုံးက သူပိုက္ဆံရႏိုင္သည္။ ဇာတ္ၫႊန္းေရးၿပီး ႐ုပ္႐ွင္႐ိုက္ကူးလိုက္႐ုံနဲ႔ ပိုက္ဆံအမ်ားႀကီး ရႏိုင္ပါသည္။

"လင္းဖန္ မင္းဒီမွာ ဇာတ္ၫႊန္းေတြ ေရးေနတုန္းပဲလား။" ႐ႈယန္က လင္းဖန္၏ ႐ုံးခန္းတံခါးကို ေခါက္ၿပီး ျပဳံးလိုက္ပါသည္။

"ေအး" လင္းဖန္က ေနာက္ျပန္မလွည့္ဘဲ ေခါင္းၿငိမ့္လိုက္ပါသည္။

"လင္းဖန္ မင္းကိုဆက္သြယ္ၿပီး စာခ်ဳပ္ခ်ဳပ္ခ်င္ေနတဲ့ တျခား ေဖ်ာ္ေျဖေရးကုမၸဏီသုံးခု ႐ွိေသးတယ္။ မင္းနဲ႔ ေတြ႕ခ်င္တဲ့ ကုမၸဏီေတြလည္း ႐ွိတယ္။ ဟြမ္ေ႐ြ႕မီဒီယာက မင္းနဲ႔စာခ်ဳပ္ခ်ဳပ္ဖို႔ တစ္ႏွစ္စာ သန္း၂၀ ကမ္းလွမ္းတယ္လို႔ ၾကားတယ္။ သူတို႔အတြက္ တစ္ႏွစ္ကို ဇာတ္ၫႊန္း ႏွစ္ပုဒ္ေရးေပး႐ုံပဲတဲ့။" ႐ႈယန္က ေျပာလိုက္သည္။

"သန္း ၂၀ ဟုတ္လား။" လင္းဖန္က ျပန္ေမးလိုက္သည္။

"စိတ္ဝင္စားသြားၿပီလား" ႐ႈယန္က လင္းဖန္ကိုၾကည့္လိုက္သည္။ ဘာပဲျဖစ္ျဖစ္ ယြမ္ သန္း ၂၀ ဆိုတာ မနည္းေပ။ ထို႔အျပင္ တစ္ႏွစ္ကို သန္း ၂၀ ျဖစ္သည္။ လင္းဖန္ ဟြမ္ေ႐ြ႕မီဒီယာသို႔ သြားၿပီး ဇာတ္ၫႊန္းေရးဆရာလုပ္ကာ တစ္ႏွစ္ကို ဇာတ္ၫႊန္းအနည္းငယ္ ေရးေပးဖို႔သာ လိုအပ္ပါသည္။

"စိတ္မဝင္စားပါဘူး" လင္းဖန္က ေခါင္းခါလိုက္ပါသည္။

"ဟားဟား အဲ့မွာ ႐ွားဝမ္ေခြၽ႕ေလာက္လွတဲ့ ေကာင္မေလးေတြမ႐ွိလို႔လား။" ႐ႈယန္က ျပဳံးကာ ေျပာလိုက္ပါသည္။

လင္းဖန္က ႐ႈယန္ကို ၾကည့္ကာ တည္ၿငိမ္စြာျဖင့္ ျပဳံးလိုက္ပါသည္။ "မဟုတ္ပါဘူး။ ယြမ္ သန္း ၂၀ ဆိုတာ မ်ားလို႔လား။"

႐ႈယန္ "လင္းဖန္ ယြမ္ သန္း ၂၀ က မမ်ားဘူးလား။”

လင္းဖန္က ေခါင္းခါလိုက္ၿပီး ဆက္ေျပာလိုက္ပါသည္။ "ေလာေလာဆယ္ ငါ ႏွစ္တိုင္းရေနတဲ့ အိမ္ငွားခနဲ႔ အစုေပၚအျမတ္ေတြက ယြမ္ သန္း ၁၀၀ - ၂၀၀ ဝန္းက်င္႐ွိတယ္။ တစ္ႏွစ္ကို ယြမ္ သန္း၂၀ ေပးၿပီး စာခ်ဳပ္ခ်ဳပ္ခ်င္ၾကတယ္ေပါ့။ ၿပီးေတာ့ ငါ့ဇာတ္ၫႊန္းႏွစ္ပုဒ္ကိုေတာင္ လိုခ်င္ေနေသးတယ္။ ဒါ ႐ွားဝမ္ေခြၽ႕နဲ႔ ဘာမွမဆိုင္ပါဘူး။ ႐ွားဝမ္ေခြၽ႕ မ႐ွိရင္ေတာင္ ဟြမ္ေ႐ြ႕မီဒီယာရဲ႕ ကမ္းလွမ္းခ်က္ေၾကာင့္ ငါတုန္လႈပ္မွာ မဟုတ္ဘူး။”

႐ႈယန္ "...”

လင္းဖန္နဲ႔ စကားေျပာရတာ သူ႐ႈံးနိမ့္ေနသလို ႐ႈယန္ခံစားမိပါသည္။

အခုမွ လင္းဖန္မွာ ဇာတ္ၫႊန္းေရးဆရာ၊ စားေသာက္ဆိုင္ပိုင္႐ွင္၊ သ႐ုပ္ေဆာင္ဆိုတာေတြထက္ တျခားအလုပ္မ်ားစြာ ႐ွိေသးမွန္း သူသိလိုက္ရပါသည္။

လင္းဖန္က အိမ္႐ွင္ႀကီးတစ္ေယာက္ျဖစ္သည္။

ႏွစ္စဥ္ ရေနတဲ့ အိမ္ငွားခကလည္း ယြမ္ သန္း ၁၀၀ - ၂၀၀ ဝန္းက်င္တဲ့။

ထိပ္တန္း သ႐ုပ္ေဆာင္မ်ားအတြက္ေတာင္ တစ္ႏွစ္တည္းနဲ႔ ဒီေလာက္ပိုက္ဆံအမ်ားႀကီး ရႏိုင္ဖို႔က ခက္ခဲလွပါသည္။ ကမ႓ာႀကီးထဲက သ႐ုပ္ေဆာင္အမ်ားစုက သ႐ုပ္ေဆာင္ရင္း သန္း ဆယ္ခ်ီၿပီးသာ ရႏိုင္သည္။ ရာနဲ႔ ခ်ီၿပီး မရႏိုင္ပါ။

သို႔ေသာ္လည္းလင္းဖန္ကေတာ့ အံ့ၾသဖို႔ေကာင္းလြန္းပါသည္။

႐ႈယန္က ႐ွားဝမ္ေခြၽ႕ကို ပိုးပန္းမႈ ရပ္တန္႔လိုက္ၿပီးေနာက္ ထပ္ၿပီး အ႐ွက္မခြဲခံရေတာ့ဘူးဟု ထင္ထားခဲ့သည္။ လင္းဖန္ တိုက္ခိုက္တာ ခံရဖို႔ဆို ပိုေဝးပါသည္။

လင္းဖန္နဲ႔ စကားခဏေျပာလိုက္ၿပီးေနာက္ ႐ႈယန္ တရားရသြားပါသည္။

သူလည္း ၾကယ္ပြင့္ႀကီးတစ္ေယာက္ပါ...

ဘာလို႔ လင္းဖန္နဲ႔ သူနဲ႔ ကမ႓ာျခားေနသလို ဘာျဖစ္လို႔ ခံစားေနရတာပါလိမ့္။

လင္းဖန္က ဇာတ္ၫႊန္းဆက္ေရးရင္း လက္ဖက္ရည္ေသာက္လိုက္သည္။ သူေျပာလိုက္၏။ "ဟုတ္တာေပါ့။ ႐ွားဝမ္ေခြၽ႕႐ွိေနတာက ငါ ဒီမွာ ႐ွိေနရတဲ့ အေၾကာင္းျပခ်က္ေတြထဲက တစ္ခုပါပဲ။"

"ပိုက္ဆံနဲ႔ တျခားကိစၥေတြက အေရးမႀကီးဘူး။”

႐ႈယန္က လင္းဖန္ကို တိတ္ဆိတ္စြာ ၾကည့္ေနသည္။ လင္းဖန္က သူနဲ႔တစ္ကမ႓ာတည္းမွာ မ႐ွိေတာ့ဘူးဟု ခံစားလိုက္ရသည္။

႐ႈယန္သည္ ႀကိဳးစားခဲ့၏။ ႐ႈယန္ရဲ႕ အိမ္မက္က သ႐ုပ္ေဆာင္အိပ္မက္အျပင္ သူ႕အႀကီးမားဆုံးပန္းတိုင္က ပိုက္ဆံရဖို႔ျဖစ္သည္။

သို႔ေသာ္လည္း လင္းဖန္၏ ပန္းတိုင္က ပိုက္ဆံရဖို႔မဟုတ္ပါ။ အဘယ့္ေၾကာင့္ဆိုေသာ္... ဒါက သူေဌးမ်ား၏ ေလာကျဖစ္ေနေသာေၾကာင့္ပင္။

အခန္း(၁၀၅) ဒါဆို သူတို႔ဆက္ဆံေရးကို အတည္ျပဳလို႔ရၿပီမဟုတ္လား။

လင္းဖန္က မတ္တပ္ရပ္ကာ ႐ႈယန္၏ ပခုံးကို ပုတ္လိုက္သည္။

"ႀကိဳးစားထား ႀကိဳးစားထား။ ေနာက္ဆို ငါဘယ္လိုခံစားရသလဲဆိုတာ မင္းလည္း ခံစားလာရမွာပါကြာ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

႐ႈယန္ “...”

ဒါက လူတစ္ေယာက္ႀကိဳးစား႐ုံနဲ႔ ေအာင္ျမင္မႈရႏိုင္တဲ့ ေလာကႀကီးလား။ ယြမ္ သန္း ၁၀၀ - ၂၀၀ တဲ့...။ စူပါစတားတစ္ေယာက္ေတာင္ ဒီေလာက္ ဝင္ေငြရဖို႔ ခက္ခဲလြန္းပါသည္။

"ေျမာင္ေျမာင္"

႐ွားဝမ္ေခြၽ႕က ႐ုံးခန္းတံခါးဝတြင္ ရပ္ေနသည္။ ေခါင္းျပဴကာ လင္းဖန္ႏွင့္ ႐ႈယန္တို႔အား ၾကည့္လိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က ဒီေန႔ အတိုင္းထက္အလြန္ လွပလ်က္ ႐ွိသည္။

႐ွားဝမ္ေခြၽ႕က ေဘာင္းဘီတို ဝတ္ထားသျဖင့္ သူမ၏ သြယ္လ်ၿပီး ႏွင္းလိုျဖဴေဖြးေသာ ေျခတံမ်ားက ေပၚလြင္ေနသည္။

ေၾကာင္နား႐ြက္ဦးထုတ္ေလးကို ေဆာင္းထားဆဲျဖစ္၏။ ႐ွားဝမ္ေခြၽ႕က ခ်စ္ဖို႔ေကာင္း႐ုံတင္မကဘဲ ဆြဲေဆာင္မႈလည္း ႐ွိပါသည္။

သူမ၏ ေျခတံမ်ားက... သြယ္လ်လြန္းေနသည္။

"မင္းတို႔ေတြ စကားေျပာၾကေလ။ အဟမ္း ငါသြားေတာ့မယ္။" ႐ႈယန္က ေျပာလိုက္ၿပီး အျမန္လစ္ထြက္သြားပါသည္။ သူ မသြားပါက လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ သူ႕ကို မ်က္ႏွာပူေအာင္ လုပ္ၾကဦးမည္။

"နင္ဇာတ္ၫႊန္းေရးေနတာလား။" ႐ွားဝမ္ေခြၽ႕က ဝင္လာၿပီး လင္းဖန္ကို ေနာက္ထပ္ လက္ဖက္ရည္တစ္ခြက္ ေပးလိုက္ပါသည္။

"အင္း နင့္အတြက္ ဇာတ္ၫႊန္းအသစ္တစ္ခု ေရးေပးမလို႔ေလ။" လင္းဖန္က ျပဳံးလိုက္ၿပီး ႐ွားဝမ္ေခြၽ႕ထံမွ လက္ဖက္ရည္ကို ယူလိုက္ပါသည္။

ဒီလိုဘဝမ်ိဳးက သာယာလြန္းလွပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ ေျခတံသြယ္သြယ္မ်ားကို ၾကည့္လိုက္ၿပီး အၾကည့္မခြာႏိုင္ေတာ့ေပ။

"နင္ဘာၾကည့္ေနတာလဲ။" ႐ွားဝမ္ေခြၽ႕မ်က္ႏွာ နီရဲသြားၿပီး လင္းဖန္ကို စိုက္ၾကည့္လိုက္ပါသည္။ ေကာင္မေလးမ်ား ေဘာင္းဘီတို ဝတ္တာ မထူးဆန္းဘဲ အလြန္လွပၾကပါသည္။ "ဒါမ်ိဳး ေနာက္ကို ဝတ္လို႔ မရဘူး။" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကိုၾကည့္ၿပီး ေျပာလိုက္ပါသည္။

"ဟြန္း... လင္းဖန္ ငါက နင့္ရည္းစားမွ မဟုတ္တာ။" ႐ွားဝမ္ေခြၽ႕ပါးျပင္မ်ား ပိုနီရဲသြားၿပီး ေခါင္းကို ေဘးဘက္သို႔ ေစာင္းလိုက္ပါသည္။ ဟိုေန႔က လင္းဖန္ သူမကို စကားေျပာလို႔မဆုံးခင္မွာ ယန္ခ်င္းက သူမကို လာေခၚသြားခဲ့သည္။

လင္းဖန္ ဒါကိုၾကားေသာာအခါ ျပဳံးကာ မတ္တပ္ရပ္လိုက္ပါသည္။ ထို႔ေနာက္ ႐ုံးခန္းတံခါးကို ပိတ္လိုက္၏။

႐ွားဝမ္ေခြၽ႕က ေျခႏွစ္လွမ္းေလာက္ ေနာက္ဆုတ္လိုက္ၿပီး လင္းဖန္ကို ၾကည့္လိုက္ပါသည္။ "လင္းဖန္ ဘာလို႔ တံခါးကို ပိတ္လိုက္တာလဲ။ ငါ့ကိုအႏိုင္မက်င့္နဲ႔ေနာ္...။”

လင္းဖန္က ႐ွားဝမ္ေခြၽ႕ေဘးသို႔ ေလွ်ာက္လာၿပီး သူမလက္ကို ကိုင္လိုက္ပါသည္။ သူ႕ေ႐ွ႕က ေကာင္မေလးကိုၾကည့္ရင္း လင္းဖန္ ေတာက္ပစြာ ျပဳံးလိုက္သည္။

"ဟုတ္တယ္။ နင္က ငါ့ေကာင္မေလး မဟုတ္ေသးဘူး။ ဒါေပမယ့္ အခု ဘယ္သူ႕လက္ကို ငါကိုင္ထားတာလဲ။" လင္းဖန္က ႐ွားဝမ္ေခြၽ႕လက္ႏွစ္ဖက္ကို ပူးလိုက္ၿပီး ကိုင္ထားလိုက္ပါသည္။

ဒါက ယြဲ႕ဟြာမွာျဖစ္ၿပီး လင္းဖန္၏ ႐ုံးခန္းထဲမွာျဖစ္သည္။ အျပင္ဘက္မွာ ျဖတ္သြားျဖတ္လာလူမ်ား ႐ွိေသာ္လည္း လင္းဖန္က ႐ွားဝမ္ေခြၽ႕၏ လက္ကို ကိုင္ထားဆဲ ျဖစ္သည္။

အရင္တစ္ေခါက္က သူမလက္ကို ကိုင္လို႔ မဝေသးသျဖင့္ ဒီတစ္ေခါက္ လႊတ္ေပးႏိုင္ပါ့မလား။

"နင့္ကိုစကားမေျပာေတာ့ဘူး ႏွာဘူး" ႐ွားဝမ္ေခြၽ႕က ႏူးညံ့စြာ ေျပာလိုက္ပါသည္။ သူမ၏မ်က္ႏွာ နီရဲေနၿပီး လက္ကို ျပန္႐ုတ္သိမ္းလိုက္သည္။

"နင္ငါ့ကို ပိုးပန္းခ်င္ရင္ေတာင္ နင့္ကို လက္မခံဘူး။ ေကာင္မေလးတစ္ေယာက္ကို ဒီလိုပိုးပန္းလို႔ရမလား" ႐ွားဝမ္ေခြၽ႕က စိတ္ဆိုးစာျဖင့္ ေျခေထာက္ကို ေဆာင့္လိုက္သည္။ သူမ ျမန္ျမန္လက္ခံလိုက္ပါက အရမ္းလြယ္တယ္လို႔ လင္းဖန္ ထင္မသြားႏိုင္ဘူးလား။

"ဒါဆို ဘယ္လို ပိုးပန္းရမလဲ။" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကိုၾကည့္ကာ ႏူးညံ့စြာျပဳံးလိုက္ပါသည္။

"ဟမ္း.... ဒါေပါ့၊ ႐ိုမန္႔တစ္ဆန္ရမွာေပါ့။" ႐ွားဝမ္ေခြၽ႕က ႏူးညံ့စြာ လင္းဖန္၏ ပခုံးကို ေခါက္လိုက္ပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕လက္ကို ထပ္ကိုင္လိုက္ၿပီး အတည္ေပါက္ ေျပာလိုက္ပါသည္။ "ဘာပဲျဖစ္ျဖစ္ပါ။ ေနာက္ကို ဒီလိုေဘာင္းဘီတို ဝတ္ခြင့္မ႐ွိဘူး။ ေဘာင္းဘီတို ဝတ္ခ်င္တယ္ဆိုရင္ အေပၚကေန စကတ္ထပ္ဝတ္ရမယ္။”

႐ွားဝမ္ေခြၽ႕က တည္ၾကည္ေနေသာ လင္းဖန္ကို ၾကည့္ကာ ျပဳံးလိုက္ပါသည္။ "နင္ မႀကိဳက္လို႔လား" လင္းဖန္က အေ႐ွ႕တိုးလိုက္ၿပီး ႐ွားဝမ္ေခြၽ႕၏ ႏွဖူးေလးကို ညႇင္သာစြာ နမ္းလိုက္ပါသည္။

"မဟုတ္ဘူး။ ႀကိဳက္ပါတယ္။"

"နင္ မဝတ္ရင္ေတာင္ ေနာက္ကို ငါပဲျမင္ႏိုင္ေတာ့မွာေလ။" လင္းဖန္က ေျပာလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕မ်က္ႏွာ ပိုနီရဲသြားၿပီး လင္းဖန္၏ ရင္ဘတ္ကို ထုလိုက္ပါသည္။ "လူယုတ္မာ။ လူဆိုးေကာင္။ နင္ ဒီလိုမေကာင္းတဲ့အေတြးေတြ ဝင္ေနတာ ၾကာၿပီကိုး။ ေနာက္ကို နင့္အိမ္မလာေတာ့ဘူး" ႐ွားဝမ္ေခြၽ႕က စိတ္ဆိုးစြာ ေျပာလိုက္ပါသည္။ "ငါသြားေတာ့မယ္။ နင့္႐ုံးခန္းထဲ မလာေတာ့ဘူး။ ငါ့ကို အႏိုင္က်င့္ဖို႔ပဲသိတယ္။" ႐ွားဝမ္ေခြၽ႕က ႏႈတ္ခမ္းစူကာ ႏူးညံ့စြာ ေျပာလိုက္ပါသည္။ ႐ွားဝမ္ေခြၽ႕၏ ေနာက္ေက်ာကိုၾကည့္ရင္း လင္းဖန္ မတားျမစ္ေတာ့ဘဲ ျပဳံးသာ ျပဳံးေနလိုက္ပါသည္။

ယခု သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ဆက္ဆံေရးကို... အတည္ျပဳလို႔ရၿပီမဟုတ္လား။

သူတို႔ဆက္ဆံေရးကို အတည္မျပဳရေသးရင္ေတာင္ ႐ွားဝမ္ေခြၽ႕က သူ႕ေၾကာင္မေလး ျဖစ္သည္။ သူ႕လက္ထဲက ထြက္ေျပးလို႔မရပါ။ ႐ွားဝမ္ေခြၽ႕ကို ထြက္ေျပးခြင့္ ေပးမွာလည္း မဟုတ္ေပ။

ဒါ ႐ွားဝမ္ေခြၽ႕ကို နမ္းရတာ ၃ ႀကိမ္ေျမာက္ ျဖစ္ပါသည္။

အလြန္ခံစားလို႔ေကာင္းသည္။

တျခားလူမ်ားသာ ဒီျမင္ကြင္းကို ျမင္သြားပါက လင္းဖန္တစ္ေယာက္ ႐ွားဝမ္ေခြၽ႕၏ ပရိသတ္မ်ားစြာ လိုက္႐ိုက္တာကို ခံရလိမ့္မည္။

လင္းဖန္က သူတို႔နတ္သမီးေလး ႐ွားဝမ္ေခြၽ႕ကို နမ္းခဲ့သည္။

႐ွားဝမ္ေခြၽ႕၏ ေမြးေန႔က ေနာက္လထဲမွာ ျဖစ္ပါသည္။

ဒီေန႔လင္းဖန္ အလုပ္မလုပ္ေတာ့ေပ။ Bugatti ျဖင့္ ႐ွန္ဟိုင္း႐ွိ ခရစ္စတယ္စားေသာက္ဆိုင္သို႔ ေမာင္းသြားလိုက္သည္။

ခရစ္စတယ္စားေသာက္ဆိုင္မွာ အဆင့္ျမင့္လူမ်ားအတြက္ အထူးတလည္ စီမံထားျခင္း ျဖစ္သည္။ တကယ့္ သူေဌးႀကီးမ်ားသာ ဒီမွာ စားေသာက္ႏိုင္ၾကပါသည္။

ခရစ္စတယ္စားေသာက္ဆိုင္၏ ဝန္ေဆာင္မႈမ်ားက အဆင့္ျမင့္ၿပီး ခမ္းနားသည္။ အထဲက ဟင္းလ်ာ တခ်ိဳ႕ကလည္း အလြန္ေကာင္းမြန္ပါသည္။ သူတို႔ ကတ္စတမ္မာမ်ားအတြက္ ျခားနားေသာ ႐ႈခင္းနဲ႔ ဂီတမ်ားကိုပင္ စီစဥ္ေပးႏိုင္ပါသည္။

ကတ္စတမ္မာတစ္ေယာက္ ေတာင္းဆိုလိုက္တာနဲ႔ ခရစ္စတယ္စားေသာက္ဆိုင္ ဝန္ထမ္းမ်ားက သူတို႔စိတ္ေက်နပ္မႈ႐ွိေစရန္ အေကာင္းဆုံး ႀကိဳးစားၾကမည္ျဖစ္သည္။

လင္းဖန္ေရာက္လာေတာ့ ခရစ္စတယ္စားေသာက္ဆိုင္က ဝန္ထမ္းမ်ား၏ မ်က္လုံးမ်ား ဝိုင္းစက္သြားၾကပါသည္။

သူတို႔ အရင္တုန္းက အဆင့္ျမင့္လူမ်ားစြာကို ဝန္ေဆာင္မႈေပးဖူးၿပီး ဇိမ္ခံကားႀကီးမ်ားစြာကိုလည္း ျမင္ဖူးေသာ္ငွားလည္း လင္းဖန္ေလာက္ ခ်မ္းသာသည့္လူမ်ိဳးကို ျမင္ဖူးတာ ပထမဆုံးအႀကိမ္ ျဖစ္သည္။ လင္းဖန္က သန္းရာခ်ီတန္ဖိုး႐ွိသည့္ ၿပိဳင္ကားႀကီးတစ္စီးကိုေမာင္းလာသည္။ Limited Edition Bugatti ႀကီး ျဖစ္ပါသည္။

Bugatti ႀကီးက လွပစြာ ခရစ္စတယ္စားေသာက္ဆိုင္ထဲ ခ်ိဳးဝင္လာရင္း ရပ္တန္႔သြားသည္။။

ခရစ္စတယ္စားေသာက္ဆိုင္တြင္ မတ္တပ္ရပ္ေနသည့္ ေကာင္မေလးႏွစ္ေယာက္က  ခ်က္ခ်င္းပဲ အသင့္ျပင္လိုက္ၾကပါသည္။

သူမတို႔ႏွစ္ေယာက္ မွင္သက္ေနၾက၏။

အခုလာမည့္လူက ေသခ်ာေပါက္ သူေဌးအႀကီးစား ျဖစ္ႏိုင္သည္။

သူေဌးအႀကီးစားနဲ႔ တခ်ိဳ႕ ဒုတိယမ်ိဳးဆက္ သူေဌးသားမ်ားသာ ဒီလိုဇိမ္ခံကားမ်ိဳးကို ေမာင္းႏိုင္သသည္။

သူမတို႔ကလည္း အစကတည္းက အဆင့္အတန္းျမင့္ၾကၿပီး ၿပိဳင္ကားျဖစ္ျဖစ္ လင္းဖန္ကိုျဖစ္ျဖစ္ ျမင္တိုင္း ေအာ္ဟစ္တတ္ၾကေသာ လမ္းေပၚက လူေတြလို မဟုတ္ၾကပါ။

လင္းဖန္ကားေပၚက ဆင္းလာေသာအခါ ေကာင္မေလးႏွစ္ေယာာက္၏ မ်က္လုံးမ်ား ဝိုင္းစက္သြားၾကသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ လင္းဖန္က... ေခ်ာလြန္းေသာေၾကာင့္ ျဖစ္ပါသည္။

လင္းဖန္ ဒီတစ္ေခါက္ ထြက္လာေတာ့ ေနကာမ်က္မွန္ကို တပ္ထားသည္။ ေကာင္မေလးႏွစ္ေယာက္ သူ႕ကို မမွတ္မိေပ။

"ဟယ္လို ဆရာ" ေကာင္မေလးႏွစ္ေယာက္က ျပဳံးလိုက္ၿပီး ယဥ္ေက်းစြာ ဦးၫႊတ္လိုက္ပါသည္။

"ဟယ္လိုပါ။ ကြၽန္ေတာ္ ၾသဂုတ္လ ၁ ရက္ေန႔အတြက္ ခရစ္စတယ္စားေသာက္ဆိုင္ကို ဘိုကင္လာတင္တာပါ။ တစ္ရက္လုံးငွားမွာပါ။ အဲ့က်ရင္ ကြၽန္ေတာ့္ကို ကူညီၿပီးစီစဥ္ေပးပါဦး။ ၿပီးေတာ့လည္း ကြၽန္ေတာ့္ကို စႏၵရားတစ္လုံး စီစဥ္ေပးပါ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

ခရစ္စတယ္စားေသာက္ဆိုင္ကို ပတ္ၾကည့္ၿပီးေနာက္ အေတာ္ေလးအဆင္ေျပေၾကာင္း လင္းဖန္ ေတြ႕သြားပါသည္။ သူက Keep Running ေနာက္ဆုံးပိုင္းတြင္ ပါဝင္ဖို႔ ဆုံးျဖတ္ၿပီးသြားၿပီျဖစ္သည္။ ထိုေန႔ေရာက္ေသာအခါ လင္းဖန္ ခရစ္စတယ္စားေသာက္ဆိုင္တြင္ေပၚလာၿပီး ႐ွားဝမ္ေခြၽ႕ကို အံ့အားသင့္ေစကာ သူမ ေမြးေန႔အတြက္ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပေပးမည္ျဖစ္သည္။

ဒီႏွစ္ေပါင္းမ်ားစြာအတြင္း ႐ွားဝမ္ေခြၽ႕အတြက္ လင္းဖန္တစ္ခါမွ ေမြးေန႔ပါတီ မလုပ္ေပးဖူးပါ။ ဒိတစ္ေခါက္ေတာ့ သူမကို ေပ်ာ္႐ႊင္စရာေကာင္းေသာ ေမြးေန႔ပြဲေလးရေအာင္ ဖန္တီးေပးပါမည္။

သူမက ႐ိုးမန္႔စ္ႀကိဳက္တတ္တယ္မဟုတ္လား။

ထို႔ေၾကာင့္ သူမအတြက္ အံ့အားသင့္သြားရေအာင္ စီစဥ္ေပးမည္။

လင္းဖန္၏ ေတာင္းဆိုမႈကို ၾကားေသာအခါ ေကာင္မေလးႏွစ္ေယာက္၏ မ်က္လုံးမ်ား ဝိုင္းစက္သြားပါသည္။

လင္းဖန္က တကယ္ပဲ သူေဌးတစ္ေယာက္ပင္။

ခရစ္စတယ္စားေသာက္ဆိုင္ကို တစ္ရက္လုံး ဘိုကင္တင္ဖို႔အတြက္ ယြမ္ ၇၀၀,၀၀၀ က်ပါသည္။

ထို႔အျပင္ စိတ္ႀကိဳက္ျပဳလုပ္သည့္ ပစၥည္းမ်ားလည္း ပါေသးသည္။ အတိုခ်ဳန္းေျပာရလွ်င္ တစ္ေယာက္ေယာ္က ဒီကိုေရာက္လာတာနဲ႔ နတ္ျပည္ေရာက္သလို ခံစားခ်က္မ်ိဳး ခံစားရပါလိမ့္မည္။

လင္းဖန္ ေငြေခ်ၿပီးေနာက္ မ်က္မွန္ခြၽတ္လိုက္ၿပီး ခရစ္စတယ္စားေသာက္ဆိုင္ အေျခအေနကို ၾကည့္လိုက္ပါသည္။ ေကာင္မေလးႏွစ္ေယာက္ကို လိုအပ္ခ်က္မ်ား ေျပာၿပီးေနာက္ ျပန္သြား၏။

ေကာင္မေလးႏွစ္ေယာက္က ရင္ထဲ ေသခ်ာမွတ္ထားပါသည္။ သူတို႔ လင္းဖန္၏ ေနာက္ေက်ာကို ၾကည့္ရင္း အံ့ၾသေနၾကဆဲ ျဖစ္သည္။

လင္းဖန္မ်က္မွန္ခြၽတ္လိုက္ေသာအခါ သူတို႔ မွတ္မိသြားၾကပါသည္။

အဲ့တာ... နာမည္ေက်ာ္စီးရီး "ဘဝရဲ႕ေပ်ာ္႐ႊင္မႈ" ထဲက ေခါင္းေဆာင္းမင္းသား မဟုတ္လာား။"

ဘုရားေရ...

သူ႕ကို လူကိုယ္တိုင္ျမင္ရလိမ့္မည္ဟု မထင္ခဲ့မိပါ။

လင္းဖန္က သူမတို႔ေ႐ွ႕မွာ ေပၚလာခဲ့သည္။

သူမတို႔ လင္းဖန္ မ်က္ႏွာကို ျမင္လိုက္ရေတာ့ ေကာင္မေလးႏွစ္ေယာက္ ခ်စ္မိသြားသလို ခံစားခဲ့ရပါသည္။

ဒါ... တကယ့္စူပါစတားအစစ္ လင္းဖန္လား။

လင္းဖန္၏ အ႐ွိန္အဝါ၊ သူ႕စကားေျပာပုံ၊ သူ႕႐ုပ္ရည္၊ သူစီးေနေသာကားတို႔ေၾကာင့္ ေကာင္မေလးႏွစ္ေယာက္ အျမင္က်ယ္သြားၾကပါသည္။ အစက သူမတို႔ႏွစ္ေယာက္မွာ ခရစ္စတယ္စားေသာက္ဆိုင္၏ သာမန္ဝိတ္တာမေလးမ်ားသာျဖစ္ေသာ္လည္း ဒီေန႔ေတာ့ ကံတကယ္ေကာင္းၿပီး စူပါစတား လင္းဖန္နဲ႔ ဆုံခဲ့ၾကရပါသည္။

Continue Reading

You'll Also Like

170K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
237K 17.1K 27
စကြဝဠာကြီးရဲ့ထောင့်တနေရာမှာ ကျွန်မအတွက်အချစ်တွေရှိနေမလား သံသရာကြီးရဲ့အစွန်းတဖက်မှာ ကျွန်မအတွက်အနွေးဓာတ်တွေများရပ်စောင့်နေမလား ကျွန်မလေ..ဘယ်နေရာဖြစ်ဖြ...
1.7M 94.1K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...