သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.1K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-100+101+102

570 36 0
By Miracle_Phyu97

လင်းဖန် 100+101+102

အခန်း(၁၀၀) ပရိတ်သတ် ၁.၃၂ သန်းရဲ့ အိုင်ဒေါ

နောက်တစ်နေ့ ဝေ့ပေါ်ပေါ်က ရေပန်းစား အကြောင်းအရာများမှာ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။

တစ်ညကုန်လွန်သွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု၏ ဂုဏ်သတင်းမှာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပါသည်။

ဘဝရဲ့ပျော်ရွှင်မှုကို မုန်းတီးသူ မရှိသလောက်ပင်။

ဒီဒရမ်မာ၏ ရေပန်းစားမှုက ဝေ့ပေါ်ပေါ်တွင် ရေပန်းစားအကြောင်းအရာ ၆ ခုအထိ သိမ်းပိုက်ထားခဲ့ပါပြီ။ ဒီဒရမ်မာဘယ်လောက်တောင် ရေပန်းစားသလဲ မြင်နိုင်ပါသည်၊၊

ဝေ့ပေါ်ပေါ်က ရေပန်းစားအကြောင်းအရာများတင်မကပေ။ လူများစွာက ဘဝရဲ့ပျော်ရွှင်မှု ခေါင်းဆောင်မင်းသားဖြစ်သည့် လင်းဖန်၏ သရုပ်ဆောင်ကောင်းသည့် ဇာတ်ဝင်ခန်းများကို Zhihu ၏ ရေပန်းစားအကြောင်းအရာနဲ့ pilipili app မှာလည်း တင်ခဲ့ပါသည်။

ရုတ်ခြည်းဆိုသလိုပဲ ကြည့်ရှုသူများစွာ ပေါ်လာသည်။ အားလုံးက လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးကြပါသည်။

"လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည်က ဝါရင်သရုပ်ဆောင်စွမ်းရည်နဲ့တောင်ညီတယ်လို့ ထင်မိတယ်။ ဝါရင့်တွေထက်တောင် ပိုကောင်းတယ်ကွာ။”

"ဟုတ်တယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဝါရင့်ကြီးတွေရှေ့မှာတောင် အားမနည်းဘူး။ သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်။ အရင်တုန်းက ဆရာကြီးဝူနဲ့ ဆရာကြီးချန်းတို့တောင် ဝေ့ပေါ်ပေါ်မှာ လင်းဖန်ကို ချီးကျူးခဲ့ကြသေးတယ်။ အအဲ့ဒီ ဝါရင့် သရုပ်ဆောင်ကြီးနှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အကျင့်စရိုက်တွေက တော်တော်လေး ကောင်းကြတယ်။ သူတို့နှစ်ယောက် လင်းဖန်ကို ဒီလို ချီးကျူးခဲ့ကြတယ်။ အခုတော့ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းလဲ ငါတို့မြင်နိုင်ပြီ။"

"အပိုင်းတွေတင်တာ နှေးလိုက်တာ။ ဘာလို့ ၃ ပိုင်းပဲ ရှိတာလဲ။ မလုံလောက်ဘူးကွာ။"

"နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ ဒီဒရမ်မာရဲ့ ဇာတ်ဝင်ခန်းတွေက အကောင်းဆုံးပဲ။ ပြီးတော့ ငါ့ရဲ့ ဂီတပရော်ဖက်ရှင်နယ်အမြင်အရ ဒီလို နောက်ခံဂီတမျိုးကို မာစတာအဆင့် ဂီတပညာရှင်တစ်ယောက်ပဲ ထုတ်လုပ်နိုင်လိမ့်မယ်။"

"အထူးသဖြင့် ဒီဇာတ်ဝင်တေးပေါ့။ ထာဝရဆန္ဒလို့ ခေါ်တယ်။ ရေးထားတာ အရမ်းကောင်းပြီး နားထောင်ရတာလည်း အရမ်းကောင်းတယ်။ ဘယ်သူဆိုတာလဲမသိဘူး။"

တစ်ညတည်းနဲ့ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာ၏ နာမည် မြင့်တက်သွားပါသည်။

ထိုနေ့ညက ၃ ပိုင်းသာ တင်လိုက်ပြီး iQiyi နဲ့ Tencent Arts တို့တွင် ကြည့်ရှုသူ သန်း ၃၀၀ နီးပါးရှိနေပါပြီ။

တစ်ညသာရှိသေးသော်လည်း ကြည့်ရှုသူက အလွန်များပြားနေပြီ။

လူများစွာက ဒီရုပ်သံဒရမ်မာအကြောင်း စိတ်ဝင်စားလာကြပြီး စွဲလမ်းလာကြသည်။

လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်က ကြည့်ရှုသူပေါင်းများစွာအတွက် အမြင်သာဆုံးဖြစ်လာခဲ့သည်။

အမှန်ပင်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်နှင့် တခြားလူများ၏ သရုပ်ဆောင်စွမ်းရည်ကလည်း အလွန်ကောင်းမွန်ပါသည်။

ဇာတ်ဝင်ခန်းထဲက ပြောင်းလဲမှုများနဲ့ စတိုင်တချို့ပြောင်းလဲမှုများ၊ ဝမ်းနည်းစရာ ကြိုတင်ပြကွက်များနဲ့ ဇာတ်ကောင်များ၏ ဇာတ်ကောင်စရိုက်များက အကောင်းမွန်ဆုံးဆိုတာ သံသယဖြစ်စရာမလိုတော့ပေ။

ဘဝရဲ့ပျော်ရွှင်မှုမှာ ရှေးဟောင်းဝတ္ထုကြီးလေးအုပ်မှ ရိုက်ကူးထားသော ဒရမ်မာကလွဲပြီး နိုင်ငံတော်၏ ရုပ်သံဒရမ်မာ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဒရမ်မာ ဖြစ်လာခဲ့ပြီဟု ပြောလျှင်လည်း ပုံကြီးချဲ့ရာ မကျတော့ပါ။

ရှေးဟောင်းဝတ္ထုကြီးလေးအုပ်ကို ကျော်လွန်ဖို့ကတော့ အလွန်ခက်ခဲပါသည်။ ၎င်းတို့ကို ပြန်လည်ရိုက်ကူးထားသည့် ဒရမ်မာများကလည်း အလွန်ကောင်းမွန်လှသည်။

နိုင်ငံတော်တစ်ခုလုံး၏ တည်ငြိမ်နေသော သာမန် ဒရမ်မာများဖြင့် ပြည့်နှက်နေသည့် ရုပ်သံဒရမ်မာ ရေကန်ထဲ ဘဝရဲ့ပျော်ရွှင်မှု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ သရုပ်ဆောင်များ၏ ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်ကောင်းမွန်မှု၊ ၎င်း၏ တော်လွန်းသော ထုတ်လုပ်ရေးအဖွဲ့က ချက်ချင်း ကြည့်ရှုသူ သန်း ၃၀၀ ကို ဆွဲဆောင်နိုင်ခဲ့သည်။

ဒါတောင် ၃ ပိုင်းသာ ရှိပါသေးသည်။ ဒီရုပ်သံဒရမ်မာ ဘယ်လောက်ကောင်းမှန်း မသိသေးသည့် လူများပင် ရှိပါသေးသည်။

ဘဝရဲ့ပျော်ရွှင်မှုအား စတင်ထုတ်လွှင့်ချိန်တွင် ၎င်း၏ ရေပန်းစားမှုက သန်းဆယ်ချီပြီး ရှိနေခဲ့သည်။

ရေပန်းစားမှုက သန်းဆယ်ချီပြီး ကြည့်ရှုသူက သန်း ၃၀၀ ကျော်သည်။

အမှန်ပင်။ ကြည့်ရှုသူ သန်း ၃၀၀ စလုံး ရုပ်သံစီးရီးကို ကြည့်ပြီးပြီဟု မဆိုလိုပါ။ iQiyi နဲ့ Tencent Arts တို့အတွက် တွက်ချက်သော နည်းလမ်းသာ ဖြစ်သည်။

သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု မတိုင်ခင်က ဘယ်လို ရုပ်သံဒရမ်မာကမှ ဒီလို ရလဒ်မျိုး မရဖူးပါ။

ညတွင်းချင်း အလွန်ရေပန်းစားလာခဲ့ပြီး လုံးဝ နာမည်ကျော်သွားပါသည်။

ပရိတ်သတ်က ဒီဒရမ်မာတွင် အပြစ်အနာအဆာတစ်ခုတောင် ရှာမရပါ။

တစ်ခုတည်းသော အပြစ်အနာအဆာက... ရှုယန် လင်းဖန်နဲ့ အတူတူ သရုပ်ဆောင်သည့် အခါ သူ့ပုံစံက လုံးဝ ရှုံးနိမ့်သွားခြင်းပင်။

ယွဲ့ဟွာ ဖျော်ဖြေရေး၌။

လင်းဖန် ကုမ္ပဏီသို့ ရောက်လာတော့ ကုမ္ပဏီထဲတွင် အားပေးသံများစွာ ပေါ်လာခဲ့သည်။

"လင်းဖန်က ချောလိုက်တာ။ လင်းဖန် မင်းကြောင့်သာမဟုတ်ရင် ငါတို့ရုပ်သံစီးရီးက ဒီလောက်ထိ ရေပန်းစားမှာမဟုတ်ဘူး။ မင်းက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာကိုတောင် ကူညီခဲ့တဲ့လူကိုး။ နောက်ဆက်တွဲတည်းဖြတ်ရေးနဲ့ အသံသွင်းတာတွေလည်း ပါသေးတယ်။ အားလုံးက ကောင်းလွန်းတယ်။ ရုပ်ရှင်ထုပ်လုပ်ရေးအဖွဲ့က ဘယ်အပိုင်းမဆို မင်း မပါရင် မလုပ်နိုင်လောက်ဘူး။ ခေါင်းဆောင်မင်းသားအဖြစ်ပါ မင်းသရုပ်ဆောင်ခဲ့သေးတယ်။"

"ဟုတ်တယ်။ လင်းဖန်က ချောလွန်းတယ်။ ငါတို့ ကုမ္ပဏီချင်းတူရင်တောင် မင်းရဲ့ပရိတ်သတ် ဖြစ်သွားပြီ လင်းဖန်။ နောက်ပိုင်း သေချာပေါက် ကြယ်ပွင့်ကြီး ဖြစ်လာမှာပဲ။"

"လင်းဖန်ကို အားကျတယ်။ ဒီလောက် ထူးချွန်တဲ့ လူမျိုး တကယ်ရှိလို့လား။ တကယ်ရှိတာပဲ။ ငါ့ရှေ့မှာရပ်နေတဲ့လူပေါ့။"

နာမည်ကျော်များစွာက လင်းန်ကို လေးစားအားကျစွာ ကြည့်နေကြပါသည်။

ပြောစရာမလိုအောင် ထိုနာမည်ကျော်များ၊ ဒါရိုက်တာလုပမ်ခိုင်းတို့တောင် ဒီလောက် ရေပန်းစားလာလိမ့်မည်ဟု မထင်ခဲ့မိပါ။

ဆန်းကြယ်မှုတစ်ခု ဖြစ်လာခဲ့သည်။

နိုင်ငံတော်တစ်ခုလုံးမှာတောင် ဒီလိုရာဇဝင်မျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။

ရုပ်သံဒရမ်မာက နာမည်ပေါက်သွားခဲ့သည်။

ရုပ်သံဒရမ်မာထဲက သရုပ်ဆောင်များတောင် အားလုံး အလွန်အမင်း ရေပန်းစားလာခဲ့ပါသည်။

ဒါက တစ်ဖွဲ့လုံးအတွက် အောင်ပွဲပဲဖြစ်သည်။

ဒီအောင်ပွဲက လင်းဖန်မပါဘဲ မရနိုင်ပါ။

"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော့်ကို ဒီလို ချီးကျူးစရာမလိုပါဘူးဗျာ။ ဒီတိုင်း ရုပ်သံဒရမ်မာပဲကို။"

"ဒီရုပ်သံဒရမ်မာရဲ့ အောင်မြင်မှုက ကျွန်တော်တို့ အားလုံးရဲ့အားစိုက်ထုတ်မှုတွေ မပါရင် မရနိုင်ပါဘူး။ သရုပ်ဆောင်တွေကော၊ ဒါရိုက်တာလုကော၊ အစ်ကိုကြီးလျို့ကော၊ စီအီးအိုလီကော အများကြီး ကူညီပေးခဲ့ကြတာပဲ။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူတစ်ယောက်တည်း နာမည်မယူချင်ပါ။

လင်းဖန်က ကိုယ့်ကိုယ်ကို နှိမ့်ချသည့်အခါ အလွန်တော်ပါသည်။ သူပြောတာလည်း မှန်သည်။ ရုပ်သံဒရမ်မာတစ်ခုအောင်မြင်ချင်ပါက လင်းဖန်တစ်ယောက်တည်းကို အားကိုးလို့မဖြစ်ပါ။

ဒါရိုက်တာ၊ နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ အသံသွင်းခြင်းတို့အတွက်လည်း လင်းဖန် နာမည်ယူဖို့ မကြိုးစားပါ။ ဒါက လုပမ်ခိုင်း၊ ရွှယ်ခဲ့ရှင်းနဲ့ တခြားလူများနဲ့ ထိုက်တန်သော အရာ ဖြစ်ပါသည်။

သူကတော့ ခေါင်းဆောင်မင်းသားလုပ်ပြီး ဒီလိုပြောင်မြောက်သည့် ဇာတ်ညွှန်းတစ်ခုကို ရေးခဲ့ရုံနဲ့ နာမည်ဂုဏ်ဒြပ်များစွာ ရခဲ့ပါပြီ။

"မတူဘူးလေ လင်းဖန်ရာ။ ရုပ်သံစီးရီးရဲ့ အောင်မြင်မှုက ငါတို့အားလုံးရဲ့ ကြိုးစားမှုကြောင့် ဆိုပေမယ့် မင်းက ဒီရုပ်သံစီးရီးရဲ့ မူလအစလေ။ မင်းက ဘဝရဲ့ပျော်ရွှင်မှုရဲ့ အသက်ဝိညာဥ်ပဲ။"

"နောက်ဆုံးတော့ စီအီးအိုလီ မင်းကို ဘာလို့အရမ်းသဘောကျတာလဲ နားလည်သွားပြီ။ မင်းက ဘက်စုံတော်တဲ့ ပါရမီရှင်ကိုး။ မင်းကို မကြိုက်တဲ့လူ ရှိပါ့မလား။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။

"ဒါပေါ့။ လင်းဖန်က တကယ်တော်ပါတယ်။" ရွှယ်ခဲ့ရှင်းက ပြောလိုက်သည်။

ရှားဝမ်ချွေ့လည်း လင်းဖန် ဘေးမှာရပ်နေပြီး သူ့ကို တိတ်တိတ်လေး စောင့်ကြည့်နေပါသည်။ ဘာကြောင့်မှန်းမသိဘဲ လင်းဖန် အရမ်းတော်လာခဲ့သည်။

လင်းဖန်အနားမှာရှိလျှင် ရှားဝမ်ချွေ့ အလွန်လုံခြုံသလို ခံစားရည်။

အနည်းဆုံးတော့ ဒီအနုပညာလောကထဲမှာ သူမကို အနိုင်ကျင့်ရဲသည့်လူ မရှိလောက်တော့ပါ။

လင်းဖန်အနားမှာရှိနေပါက ရှာဝမ်ချွေ့တစ်ယောက် ဘာမှမကြောက်တော့ပေ။ အနုပညာ လောကထဲမှာတောင် ကြောက်ဖို့ မလိုတော့ပါ။

ထိုအချိန်တွင် စုရှောင်းယွီက လင်းဖန်ရှေ့သို့ လျှောက်သွားပြီး အံ့အားတသင့်ပြောလိုက်သည်။

"ဆရာရေ နင့်ရဲ့ ဝေ့ပေါ်ပရိတ်သတ် အရေအတွက်ကို ကြည့်ပါဦး။ ဆက်တိုက်တက်နေတာပဲ။"

"မနေ့က ၁၀,၀၀၀ လောက်ပဲ ရှိသေးတာ မြင်ပါတယ်။ ဒါပေမယ့် အခုတော့ အများကြီးပဲ။"

စုရှောင်းယွီက သူမဖုန်းကို ကြည့်နေသည်။ သူမ လင်းဖန်နဲ့ သူ့ပရိတ်သတ်အရေအတွက်ကို အာရုံစိုက်ထားခဲ့၏။ မယုံနိုင်စရာကောင်းလှသည်ဟု သူမ ခံစားမိပါသည်။

တစ်ညတည်းနဲ့။

လင်းဖန်၏ ဝေ့ပေါ်ပရိတ်သတ်အရေအတွက်မှာ ၁၀,၀၀၀ မှ ၁.၃၂ သန်း အထိ တက်သွားခဲပါသည်။ ညတွင်းချင်း ပရိတ်သတ် သန်းနဲ့ချီပြီး ရသွားပါသည်။ ထို့အပြင် ထိုလူများက အမာခံပရိတ်သတ်များ ဖြစ်ကြသည်။

လင်းဖန်၏ ကောမန့်အောက်တွင် သူတို့ တောင်းပန်ပြီး ချီးကျူးကြသည်။

အရင်တုန်းက သူတို့လုပ်ခဲ့သည့်အရာအတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။

ထို့ကြောင့် ယခုသူတို့ လင်းဖန်၏ အမာခံပရိတ်သတ်များ ဖြစ်လာခဲ့သည်။

ထိုပရိတ်သတ်များက လင်းဖန်ကို ၎င်းတို့၏ အိုင်ဒေါအဖြစ် သတ်မှတ်ပြီးကြပါပြီ။

အခန်း(၁၀၁) ဂုဏ်သတင်းပြောင်းပြန်ဖြစ်၊ ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်ခြင်း

"လင်းဖန် ငါမှားသွားတယ်။ မင်းက အချောဆုံးပဲ။ ပြီးတော့ မင်းရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်း အကောင်းဆုံးပဲကွာ။"

"နောက်ကို မင်းရဲ့သရုပ်ဆောင်စွမ်းရည်က မကောင်းဘူးလို့ ပြောရဲတဲ့လူရှိရင် အဲ့ဒီလူရဲ့ပါးစပ်ကို တူနဲ့ ပိတ်ပေးမယ်။”

"လင်းဖန်က တကယ်ချောတဲ့လူပဲ။ ရှုယန်ထက်တောင် ပိုချောတယ်။ ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသား ဖြစ်ထိုက်ပါတယ်။"

လင်းဖန်က ကောမန့်များကို တိတ်တဆိတ် ဆွဲကြည့်ရင်း ပြုံးလိုက်ပါသည်။

ရေပန်းစားလာလျှင် အလွန်ဒုက္ခများနိုင်သဖြင့် အစကတော့ နာမည်မကြီးချင်ခဲ့ပါ။

သို့သော် အခုတော့ သူ ဘာမှ မတတ်နိုင်တော့ပေ။ ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်နေပြီဖြစ်သဖြင့် လင်းဖန်ကလည်း အလွန်နာမည်ကြီးလာခဲ့ပါပြီ။

လင်းဖန် သာမန်လူဖြစ်ချင်ရင်တောင် နာမည်ကျော်တစ်ယောက်ဖြစ်သွားပါပြီ.

ဘာမှန်းမသိလိုက်ဘဲ စနေနေ့ညသို့ ရောက်လာခဲ့သည်။

အသစ်တင်မည့်အပိုင်းများကို ကြည့်ဖို့ စောင့်နေသည့် ပရိတ်သတ်များ မရေမတွက်နိုင်အောင်ရှိသည်။

အပိုင်း ၄၊ အပိုင်း ၅ နဲ့ အပိုင်း ၆ တို့ကို ထုတ်လွှင့်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှုမှာ ရေပန်းစား အကြောင်းအရာနေရာကို ထပ်ရသွားပြန်ပါသည်။

ဒီဒရမ်မာအတွက် ပရိတ်သတ်များ၏ စိတ်အားထက်သန်မှုက မကြုံစဖူးအဆင့်တစ်ခုအထိ ရောက်သွားခဲ့ပါပြီ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်တင်မကဘဲ ဒီဒရမ်မာထဲတွင် အသေးစိတ်များစွာလည်း ပါဝင်သည်။ အဓိကဇာတ်ကောင်နဲ့ အဓိကဗီလိန်တို့အကြားက ဉာဏ်ရည်တိုက်ခိုက်မှုနဲ့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ကြားက ဆက်ဆံရေး စသည်တို့ဖြစ်သည်။ ပရိတ်သတ်များ၏ နှလုံးသားများကို ဆက်တိုက် ဆွဲဆောင်နေခဲ့ပါသည်။

စနေနေ့ ထုတ်လွှင့်ပြသမှု ပြီးသောအခါ ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုက သန်း ၉၀ အထိ ရောက်သွားပါသည်။

၂ ရက်သာ ထုတ်လွှင့်ရသေးသော်လည်း ရုပ်သံဒရမ်မာ၏ ရေပန်းစားမှုက သန်း ၉၀ ရှိသွားပါပြီ။

ထို့အပြင် ကြည့်ရှုသူကလည်း သန်း ၄၀၀ ကျော်သွားလေပြီ။

နှစ်ရက်တည်းထုတ်လွှင့်လိုက်ရုံနဲ့ ဒီလို ရလဒ်မျိုးရလာခဲ့သည်။

ဒီရုပ်သံဒရမ်မာကို ကြိုက်နှစ်သက်ကြသည့် ပရိတ်သတ်တင်မကဘဲ Tencent Arts နဲ့ iQiyi ၏ ဝန်ထမ်းများပါ မှင်သက်သွားကြသည်။

ဒီဒရမ်မာ အလွန်ကောင်းတာသိကြသော်လည်း ဒီလောက်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဒီဒရမ်မာကို ဝယ်လိုက်တာ မှန်သွားတာပဲ။ ဒီနှစ်တွေအတွင်းမှာ ဒီလိုရေပန်းစားတဲ့ဒရမ်မာ ပေါ်လာတာ ပထမဆုံးပဲ။ ဘဝရဲ့ပျော်ရွှင်မှုရဲ့ ရေပန်းစားမှုနဲ့ဆို IP ဂန္တဝင်လက်ရာ ဖြစ်လာနိုင်တယ်။"

"လမ်းမနဲ့ လမ်းကြားတွေထဲမှာ ဘဝရဲ့ပျော်ရွှင်မှုကို စောင့်ကြည့်နေကြတဲ့ လူတွေမရေမတွက်နိုင်အောင်ရှိနိုင်တယ်။ ဒီရုပ်သံဒရမ်မာမှာ ကျယ်ပြန့်တဲ့ ပရိတ်သတ်ရှိတယ်။ ကလေးတွေကြိုက်တဲ့ ဟာသဆန်ဆန်စတိုင်လည်း ပါတယ်။ လူငယ်တွေကြိုက်တဲ့ အချစ်ရေး ဇာတ်ဝင်ခန်းတွေလည်း ပါတယ်။ လူလတ်ပိုင်းတွေကြိုက်တဲ့ နိုင်ငံရေးဗျူဟာတွေလည်းပါတယ်။ ဒီဇာတ်လမ်းမှာ အားလုံးပါတယ်လို့ ပြောလို့ရတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ကောင်းပြီး နောက်ဆက်တွဲထုတ်လုပ်ရေး အဖွဲ့ကလည်း ပြီးပြည့်စုံတယ်။ နောက်ပိုင်းဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ပြီးပြီ။ အထူးသဖြင့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးတဲ့အခန်းလေ။ ကောင်းလွန်းပါတယ်ကွာ။ ကြည့်ပြီးတော့ ငါချစ်မိတော့မလိုပဲ။” ဟု Tencent Arts ဝန်ထမ်းက ပြောလိုက်ပါသည်။

မကြာမီ Tencent Arts မန်နေဂျာက ဝန်ထမ်းကို ဆက်သွယ်လာသည်။

"ဘဝရဲ့ပျော်ရွှင်မှုစီးရီးရဲ့ ဇာတ်ညွှန်းရေးဆရာက ဘယ်သူလဲ။ ဒါရိုက်တာက ဘယ်သူလဲ။ ပြီးတော့ နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ အသံသွင်းအဖွဲ့တွေကကော ဘယ်သူတွေလဲ။ နာမည်စာရင်း လိုချင်ပါတယ်။ ဒီလို ရေပန်းစားတဲ့ ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်တယ်ဆိုတော့ ဒီလူတွေနဲ့ပဲ သက်ဆိုင်မှာပေါ့။" Tencent Arts မန်နေဂျာက ပြောလိုက်ပါသည်။

Tencent Arts ၏ ဝန်ထမ်းက စုံစမ်ပြီးနောက် ပြောလိုက်ပါသည်။ "မန်နေဂျာကြီး ဒီရုပ်သံစီးရီးရဲ့ ဇာတ်ညွှန်းရေးဆရာက လင်းဖန်ပါ။ ခေါင်းဆောင်မင်းသားကလည်း လင်းဖန်ပါပဲ။ ဒါရိုက်တာက လုပမ်ခိုင်း၊ ရွှယ်ခဲ့ရှင်းက နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အသံသွင်းအဖွဲ့ကလည်း အရမ်းတော်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက... ဒါရိုက်တာအပိုင်းရော၊ နောက်ဆက်တွဲထုတ်လုပ်ရေးအပိုင်းရော၊ အသံသွင်းအပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ လင်းဖန်ပါခဲ့တယ်လို့ ကြားမိတယ်။"

ထိုစကားကို ကြားသောအခါ Tencent Arts မန်နေဂျာ ထိတ်လန့်သွားပါသည်။ "ဘာဖြစ်တယ်။ လင်းဖန်က ဇာတ်ညွှန်းရေးဆရာနဲ့ ခေါင်းဆောင်မင်းသားဖြစ်ရုံတင်မကဘူး။ နောက်ဆက်တွဲ ထုတ်လုပ်ရေးနဲ့ အသံသွင်းတာတွေကိုပါ လုပ်တတ်တယ် ဟုတ်လား။”

"လင်းဖန်က ဇာတ်ညွှန်းရေးဆရာတစ်ယောက် သက်သက်ဆိုရင်တောင် ဒီလောကထဲ ဝင်လာနိုင်တဲ့ တန်ဖိုးရှိတယ်။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်ခန်းအားလုံးကို  ငါကြည့်ပြီးပြီ။ ဇာတ်လမ်းက အပိုင်း ၄၆ မှာ မပြီးသေးဘူး။ အတွဲ ၂ သေချာပေါက် ရှိဦးမှာပဲ။ ငါတို့ လင်းဖန်ကို အမြန်ဆုံးဆက်သွယ်ပြီး ဒုတိယအတွဲအတွက် မူပိုင်ခွင့်ကို ယူရမယ်။ အချိန်ကျရင် ငါတို့တွေကိုယ်တိုင် ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံရမယ်။” Tencent Arts မန်နေဂျာက ပြောလိုက်ပါသည်။

"မြန်မြန် မြန်မြန် လင်းဖန်ကို ဆက်သွယ်ဖို့ နည်းလမ်းစဥ်းစားပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယအတွဲအတွက် မူပိုင်ခွင့်ကို ဝယ်လိုက်တော့။ ဒုတိယအတွဲကို ရေးပြီးပြီလားလို့ မေးလိုက်ပါဦး။ ပထမအတွဲအတွက် ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။" iQiyui ဝန်ထမ်းက ပြောလိုက်ပါသည်။

ထိုဗီဒီယိုကုမ္ပဏီနှစ်ခုက တူညီသော ဆုံးဖြတ်ချက်ကို ချခဲ့ပါသည်။

ဒီရုပ်သံဒရမ်မာက အလွန်ရေပန်းစားလာပြီး သူတို့အားလုံး လင်းဖန်၏ တန်ဖိုးကို မြင်ခဲ့ပါပြီ။

အမှန်ပင်။ လင်းဖန်က နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ ဒါရိုက်တာလုပ်ငန်းတွေကိုပါ လုပ်နိုင်သည်ဟုတော့ သူတို့ မယုံကြပါ။

ဒီလိုသာဆို လင်းဖန် လူကော ဟုတ်သေးရဲ့လား။

လင်းဖန်တစ်ယောက်တည်းနဲ့ ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ကူညီသွားတာလား။

ဒါက သာမန်လူများ တိုင်းတာနိုင်သည့် အရာမျိုးမဟုတ်ပေ။

ဘဝရဲ့ပျော်ရွှင်မှုအား ထုတ်လုပ်နေစဥ် စစ်သူကြီးနဲ့ ကျွန်မ စီးရီးကိုလည်း ၆ ပိုင်း ထုတ်လွှင့်ခဲ့ပါသည်။

စစ်သူကြီးနဲ့ကျွန်မက ဘာမှ ထူးခြားမှု ရှိမနေပေ။

၂ ရက်လောက်ကြာပြီးတာတောင် စစ်သူကြီးနဲ့ ကျွန်မ တွင်စောင့်ကြည့်သူ ၁၀ သန်းနဲ့ ကြည့်ရှုသူ သန်း ၂၀ သာ ရှိသည်။

ရေပန်းစားမှုအရဆိုရင် ဘဝရဲ့ပျော်ရွှင်မှုက ၉ ဆလောက် ပိုများပြီး ကြည့်ရှုသူအရဆိုရင် စစ်သူကြီးနဲ့ကျွန်မထက် အဆ ၂၀ လောက် ပိုများနေပါသည်။

'ဘဝရဲ့ပျော်ရွှင်မှု' ကကြည့်ရှုသူ သန်း ၄၀၀ ရှိပြီး 'စစ်သူကြီးနဲ့ကျွန်မ' ကတော့ သန်း ၂၀ သာ ရှိသည်။

ဒါက ၎င်းတို့အကြားက သိသာသော ခြားနားချက် ဖြစ်သည်။ ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုက ထုတ်လုပ်သည့် ရုပ်သံဒရမ်မာနှစ်ခုကို တစ်ချိန်တည်း ထုတ်လွှင့်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ ၎င်းတို့အကြား ကမ္ဘာတစ်ခုလောက် ခြားနားနေပါသည်။

ဇာတ်ညွှန်းအရကော၊ သရုပ်ဆောင်စွမ်းရည်အရကော၊ နောက်ဆက်တွဲထုတ်လုပ်မှုအပိုင်းအရကော၊ အသံသွင်းမှုအပိုင်းအရပါ ဘဝရဲ့ပျော်ရွှင်မှု၏ အနိုင်ယူခြင်းကို ခံခဲ့ရပါသည်။

'စစ်သူကြီးနဲ့ ကျွန်မ' လုံးဝ ရှုံးနိမ့်ခဲ့သွားပါပြီ။ အမှန်ပင်။ စစ်သူကြီးနဲ့ ကျွန်မ ကလည်း ရေပန်းစားပါသည်။

ရေပန်းစားသည့် အကြောင်းအရင်းကတော့ ဒီဒရမ်မာထဲက ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့မှာ အစားထိုး အသုံးများသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်မင်းသား မင်းသမီးများက တစ်ချို့နေရာများတွင်ဆို ဖိုတိုရှော့ပ်များကိုပင် သုံးခဲ့ကြပါသည်။

ဖိုတိုရှော့ပ်များဖြင့် ပြည့်နှက်နေသည့် ရုပ်သံဒရမ်မာတစ်ခုမှာ ပရိတ်သက်များကို အရူးဟု သက်မှတ်လိုက်သလို ဖြစ်သည်။ ထို့အပြင် ဇာတ်ညွှန်းအဆင့်ကလည်း သာမန်မျှသာ ဖြစ်သည်။ အထဲက ဇာတ်လိုက်များ၏ သရုပ်ဆောင်စကေးကလည်း မကောင်းမွန်ပါ။ ဘဝရဲ့ပျော်ရွှင်မှုနဲ့ ယှဥ်နိုင်စရာ လုံးဝ မရှိပေ။ ဒရမ်မာနှစ်ခုအကြား ခြားနားချက်က အလွန်အားကောင်းလွန်းပါသည်။

"စစ်သူကြီးနဲ့ကျွန်မ"က ၎င်းတို့၏ ဖိုတိုရှော့ပ် အသုံးပြုမှုကြောင့် နာမည်ကြီးခြင်းဖြစ်သည်။

"စစ်သူကြီးနဲ့ကျွန်မကို ကြော်ငြာထာားတာ ဒီလောက်ကြာတာတောင် အရည်အသွေးက ဒီလောက်ပဲ ထွက်လာတာလား၊ ဘယ်လို သရုပ်ဆောင်စကေးမျိုးလဲကွာ၊ ဖိုတိုရှော့ပ်တွေတောင် သုံးထားသေးတယ်။ ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်လိုက်။ သူတို့သရုပ်ဆောင်စွမ်းရည်က မင်းတို့ထက် အများကြီး ပိုကောင်းတယ်။"

"ပရိတ်သတ်တွေက မင်းတို့ကိုဖားချင်တဲ့ အရူးတွေလို့ထင်နေလား။"

"ဘဝရဲ့ကပျော်ရွှင်မှုကို ဒီလိုအရည်အသွေးနဲ့ တိုက်ခိုက်ချင်တယ်လား။ သတ္တိတွေ ဘယ်ကရလာလဲ မသိဘူး။ နာမည်ကျော်နှစ်ယောက် ဖြစ်တဲ့ ဝမ်မန်းဟန်နဲ့ ကျောက်ကျစ်ယွဲ့တို့အတွက်တော့ စိတ်မကောင်းစရာပဲ"

ဒရမ်မာနှစ်ခုအကြားက ခြားနားချက်ကိုကြည့်ကာ HappyFruit နဲ့ MangoTV တို့ နှစ်ခုစလုံး ကြက်သေသေကုန်ကြသည်။

အထူးသဖြင့် စာချုပ်အပိုင်းကို တာဝန်ယူထားသောလူများဖြစ်သည့် ဝမ်လီလီနဲ့ လီမန်မန်တို့ တရားရကုန်ကြပါသည်။

"လခွမ်းပဲ။ ဘာလို့ ဘဝရဲ့ပျော်ရွှင်မှု မူပိုင်ခွင့်ကို မဝယ်ခဲ့မိတာလဲ။ ဒီလောက်ရေပန်းစားလာလိမ့်မယ်လို့ ဘယ်သိမှာလဲ။ အားးးး နောင်တရတယ်ဟာ" ဝမ်လီလီက ပြောလိုက်ပါသည်။ သူမ၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီက ကြီးကြီးမားမား အရှုံးပေါ်သွားခဲ့သည်။ သူမ အလုပ်ပင် ဖြုတ်ခံရလောက်သည်။ သူမ ဘဝရဲ့ပျော်ရွှင်မှုအတွက် မူပိုင်ခွင့်စာချုပ် ချုပ်ခဲ့ပါက အမြတ်ငွေမှာ သန်း ၁၀၀ ပင် ကျော်သွားနိုင်သည်။

ဒီချိန်တွင် ဝမ်လီလီနဲ့ လီမန်မန်တို့ အနည်းငယ် နောင်တ ရနေကြပါသည်။

ဘဝရဲ့ပျော်ရွှင်မှု၏ မူပိုင်ခွင့်က အမြတ်ကို ကိုယ်စားပြုရုံသာမကဘဲ ရေပန်းစားမှုကိုလည်း ကိုယ်စားပြုနေပါသည်။

ဒီခေတ်တွင် ရေပန်းစားမှုက ဘုရင်တစ်ပါး ဖြစ်သည်။ အင်တာနက်ကြည့်ရှုသူအများဆုံး ဗီဒီယို ဝက်ဘ်ဆိုက်က စျေးကွက်ရှယ်ယာ အများဆုံး ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုကြောင့် ထိုကြည့်ရှုသူများ Tencent Arts နဲ့ iQiyui ထံသို့ရောက်ကုန်ကြပါသည်။

ကြည့်ရှုသူများစွာ ဆုံးရှုံးခြင်းက ယွမ် သန်း ၁၀၀ - ၂၀၀ ဆုံးရှုံးတာနဲ့ မတူတော့ပါ။

သူတို့ အသုံးပြုသူနဲ့ အခွင့်အလမ်းတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားလိုက်သလဲ။

၎င်းတို့၏ ကုမ္ပဏီနှစ်ခုက Tencent Arts နဲ့ iQiyi တို့ကို ဒီတစ်သက် မကျော်လွန်နိုင်တော့ပေ။

သူတို့ ဆုံးဖြတ်ချက်တစ်ခု မှားယွင်းခဲ့သောကြောင့်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ကုမ္ပဏီတစ်ခုလုံး၏ အနာဂတ် ထိခိုက်ပါတော့မည်။

အခန်း(၁၀၂) ဂျွိုင်းမီဒီယာ ရုန်းကန်ဖို့စွန့်လွှတ်ကာ အကြွင်းမဲ့ရှုံးနိမ့်သွားခြင်း

ဂျွိုင်းမီဒီယာတွင် တိတ်ဆိတ်လျက်ရှိနေသည်။

အဘယ့်ကြောင့်ဆိုသော် "စစ်သူကြီးနဲ့ ကျွန်မ' မှာ လုံးဝ အနိုင်ယူခံလိုက်ရသောကြောင့်ပင်။ အတော်လေး ပြင်းထန်သော ရှုံးနိမ့်မှု ဖြစ်သည်။

အစောပိုင်းအဆင့်များက ဂျွိုင်းမီဒီယာ လုပ်ခဲ့သော ပြင်ဆင်မှုများလည်း အားလုံး အလကား ဖြစ်ကုန်ပြီ။ ထို့အစား "ဘဝရဲ့ပျော်ရွှင်မှု" ကိုပို၍ပင် နာမည်ကြီးအောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားသည်။

ကျောက်လွေ့၏ မျက်နှာက စိမ်းနက်နေပါပြီ။ အရင်တုန်းက သူမ ကြွားခဲ့သည့်ပုံစံအတိုင်း အရှက်ခွဲခံလိုက်ရသည်။

ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်သွားပါသည်။

ကျောက်လွေ့တောင် ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးပြီးသွားသောအခါ ဇာတ်လမ်းက ဒီလောက်တောင် ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ယွဲ့ဟွာက မလွဲဘူးပဲ။ သူတို့တွေ ပညာရှင်တွေငှားလိုက်တာလား"

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည် ဒီလောက်ကောင်းမယ်လို့ ထင်မထားဘူး။ သူ့ပုံစံကလည်း ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်။ ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့နဲ့ သရုပ်ဆောင်တဲ့အခါမှာလည်း အပြစ် ဘာမှ မတွေ့ရဘူး။ ဒီလို ရုပ်သံဒရမ်မာက လုံးဝ ရေပန်းစားမှာပေါ့။"

"အဓိကအချက်ဖြစ်တဲ့ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာရဲ့ အကောင်းဆုံးအရာက ဒီမှာ မဟုတ်သေးဘူး။ အဲ့တာက ဒီရုပ်သံဒရမ်မာ ရိုက်ကူးတဲ့ပုံစံမျိုးကို ငါတို့ အရင်က လုံးဝမမြင်ဖူးတာပဲ။ တရုတ်နိုင်ငံတစ်ခုလုံးမှာတောင် ဒီလိုရိုက်ကူးရေးနည်းလမ်း မရှိလောက်ဘူး။ ငါ့အမြင်မှာတော့ ဒါရိုက်တာလုပမ်ခိုင်းမှာ ဒီလိုအစွမ်းအစ လုံးဝ မရှိလောက်ဘူး။ ဘယ်လို လူမသိသူမသိပညာရှင်က ဘဝရဲ့ပျော်ရွှင်မှုကို ဒီလိုအဆင့်မြင့်အောင် ရိုက်ကူးခဲ့တာလဲ။”

ကျောက်လွေ့ ပြောလိုက်ပြီး နက်နက်နဲနဲ တွေးလိုက်မိပါသည်။

ယွဲ့ဟွာ ဖျော်ဖြေရေးက နိုင်ငံတော်ထဲရှိ ဖျော်ဖြေရေးကုမ္ပဏီများထဲတွင် အကောင်းဆုံး မဟုတ်သေးပါ။

ဒီလို ပါရမီရှင်မျိုးကိုခေါ်ဖို့က ခက်ခဲလွန်းသည်။ "အဲ့လို မဟုတ်လောက်ဘူး။ ရုပ်သံဒရမ်မာတစ်ခုအတွက် ဒီလိုနာမည်ကြီးသရုပ်ဆောင်တွေကို ခေါ်ထားတာနဲ့တင် ပိုက်ဆံတွေ အများကြီး ကုန်နေလောက်ပြီ။ အဲ့လိုလူမသိသူမသိပညာရှင်ကို ငှားရမ်းဖို့ ယွဲ့ဟွာမှာ ပိုက်ဆံရှိပါ့မလား။"

"မဟုတ်မှလွဲရော ယွဲ့ဟွာက ဟောလိဝုဒ်ဒါရိုက်တာတစ်ယောက်ကို ငှားလိုက်တာလား။ သူတို့ ဟောလိဝုဒ်ရိုက်ကူးရေးနည်းလမ်းနဲ့ စွမ်းရည်တွေကို သုံးလိုက်တာလား။” ကျောက်လွေ့က ထိုင်ခုံတစ်ခုတွင်ထိုင်ကာ ဆန်းစစ်လေ့လာနေသည်။

အချိန်အကြာကြီး စဥ်းစားခဲ့သော်လည်း ယွဲ့ဟွာဘယ်လိုပညာရှင်မျိုး ငှားရမ်းခဲ့သလဲ မတွေးနိုင်ပါ။

"စီအီးအိုကျောက် ဒီရုပ်သံဒရမ်မာရဲ့ ရိုက်ကူးရေးရှုထောင့်တွေက အနုပညာဆန်ရုံတင်မကဘူး တင်ပြထားတဲ့ ဇာတ်ဝင်ခန်းတွေရဲ့ ပြုလုပ်ချက်တွေကလည်း အရမ်းကောင်းတယ်။ ဒါပေမယ့် အတည်ပေါက် ကြည့်မယ်ဆိုရင် ဒီရုပ်သံဒရမ်မာရဲ့ နောက်ခံအသံနဲ့ သီချင်းတွေကလည်း အဆင့်အမြင့်ဆုံးမှာရှိတယ်။ ကျွန်တော် ဂီတဆရာကြီးတစ်ယောက်ကို ဆက်သွယ်ပြီးပြီ။ ဂီတဆရာကြီး ပြောတာက... ဒီရုပ်သံဒရမ်မာရဲ့ အသံသွင်းမှုက နိုင်ငံတော်ထဲမှာ အကောင်းဆုံးပဲတဲ့။" ဝန်ထမ်းက ပြောလိုက်ပါသည်။

ဂျွိုင်းမီဒီယာထဲက အားလုံး ထိတ်လန့်သွားကြပါသည်။

ယွဲ့ဟွာက ဘယ်လို ပညာရှင်မျိုးကို ငှားရမ်းခဲ့တာလဲ။

အသံသွင်းခြင်း၊ ဓာတ်ပုံများ၊ နောက်ခံများ၊ ဂီတများ၊ ဇာတ်ဝင်တေးများ၊ ရိုက်ကူးရေးရှုထောင့်များနှင့် ဒါရိုက်တာစွမ်းရည်အားလုံးမှာ ထိပ်တန်းအဆင့် ရှိနေပါသည်။

သူတို့ နိုင်ငံတော်ထဲတွင် အားအကောင်းဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်ခဲ့၏။ ကျောက်လွေ့တောင် လေးစားအားကျစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။

ဂျွိုင်းမီဒီယာက ဒီကဏ္ဍတွင် အလွန် ကောင်းမွန်အောင် ကြိုးစားထားသော်လည်း ယွဲ့ဟွာကို မယှဥ်နိုင်သေးပါ။

ယွဲ့ဟွာ၏ ရုပ်သံဒရမ်မာများက မဟာဆင့်ကဲ ပြောင်းလဲမှုကြီးကို ကြုံတွေ့ခဲ့ရသည်။

ရှားဝမ်ချွေ့၏ ပါဝင်မှုနှင့် သူမ၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းကလည်း နာမည်ကြီးသွားခဲ့၏။

ယွဲ့ဟွာ၏ ဒုတိယ ရေပန်းအစားဆုံး အမျိုးသမီးသရုပ်ဆောင် စုရှောင်းယွီလည်း အဆိုပါဒရမ်မာထဲတွင် ပါဝင်သည်။

ဒါက နာမည်ကျော်များစွာ အတူတူပါဝင်ထားသော ရုပ်သံဒရမ်မာတစ်ကားဖြစ်သည်။

ဝါရင့်သရုပ်ဆောင်ကြီးများတချို့လည်း ပါဝင်သေးသည်။ ထိုလူများပါဝင်မှုက အပေါ်ယံ ရွှေမှုန်ကြဲရုံမျှသာဆိုလျှင်...

အဓိကဗဟိုချက်က လင်းဖန် ဖြစ်လိမ့်မည်။

"ဘော့စ်ကျောက် တခြားပြဿနာတွေကို ကျွန်တော်တို့ မတွေ့ဘူး။ ဒါပေမယ့် ဒီရုပ်သံဒရမ်မာအတွက် ဇာတ်ညှန်းကို လင်းဖန်ရေးထားတာ ဆိုတာကိုတော့ အတည်ပြုလို့ရပါတယ်။”

"လင်းဖန်ရေးထားတဲ့ ဇာတ်ညွှန်း... ဇာတ်လမ်းထဲက ပဋိပက္ခတွေကစလို့ အချစ်ရေးဇာတ်ဝင်ခန်းတွေအထိ ပုံဖော်ထားတာ အရမ်းကောင်းပြီး ဇာတ်ကောင်တွေကို ကိုင်တွယ်တာလည်း အရမ်းကောင်းတယ်။"

"လင်းဖန်က တကယ့်ဇာတ်ညွှန်းရေးဆရာတစ်ဆူပဲ။ အဲ့တာကြောင့် ယွဲ့ဟွာက လင်းဖန်ကို သူတို့ရဲ့ ထိပ်တန်းဇာတ်ညွှန်းရေးဆရာ ဖြစ်စေချင်တာပေါ့။ ယွဲ့ဟွာက ဒီလိုပါရမီရှင်မျိုးကို ဦးအောင် ဆွဲခေါ်လိုက်ကြတာပဲ။" ဝန်ထမ်းကပြောလိုက််ပါသည်။

ကျောက်လွေ့နာကျင်စွာဖြင့် မျက်စိမှိတ်လိုက်သည်။

အားလုံးက လင်းဖန်၏ ဇာတ်ညွှန်းကြောင့် အစပြုခဲ့မှန်း သူမသိပါသည်။

လင်းဖန်ပထမဆုံး သူ့ဇာတ်ညွှန်းအား ဂျွိုင်းမီဒီယာသို့ လာပြတော့ သူမ ပိုက်ဆံသက်သာချင်ပြီး လင်းဖန်က လူသစ်ဖြစ်နေသည့်အချက်ကိုသုံးကာ စျေးအလွန်နှိမ်ခဲ့သည်။

သို့သော်လည်း ယွဲ့ဟွာက ဒီဇာတ်ညွှန်းအား မိုးထိုးနေသောစျေးနှုန်းဖြစ်သည့် တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ဖြင့် ဝယ်လိမ့်မည်ဟု မထင်ခဲ့မိပေ။

ကြည့်ရသလောက်တော့ တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ ဆိုတာ စျေးကြီးသလား။

လုံးဝ စျေးမကြီးပါ။

နိုင်ငံတော်တစ်ခုလုံးတွင် ရေပန်းစားလာမည့် ထူးခြားသည့် လက်ရာတစ်ခုမှာ သိန်းချီသောပမာဏဖြင့် တိုင်းတာလို့ရသောအရာ မဟုတ်ပေ။

လင်းဖန်၏ ဇာတ်ညွှန်းက အလွန်ရေပန်းစားပြီး ယွဲ့ဟွာလက်အောက်က နာမည်ကျော်များကလည်း အလွန်ရေပန်းစားပါသည်။

စီအီးအိုလီ၏ အမြော်အမြင်ကလည်း ပြောင်မြောက်လှသည်ဟု ပြောရမည်။ လင်းဖန်၏ တန်ဖိုးကို နားလည်ပြီးနောက် ချက်ချင်းတိုက်ခိုက်ခဲ့သည်။

ကျောက်လွေ့က ဒီအခွင့်အရေးကို ဆုံးရှုံးသွားလျှင် လင်းဖန်ကို ခေါ်ဖို့ လွယ်ကူတော့မှာ မဟုတ်မှန်း သိပါသည်။

အများဆုံး သက်သာနိုင်ဖို့ သူမ ဘာလုပ်သင့်သနည်း။

အားလုံး ကျောက်လွေ့၏ နောက်ထပ်အစီအစဥ်ကို စောင့်နေကြပါသည်။

ကျောက်လွေ့က အကြာကြီးစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "စစ်သူကြီးနဲ့ကျွန်မကို လက်လျှော့လိုက်ရအောင်။ အခု စစ်သူကြီးနဲ့ကျွန်မက ဘဝရဲ့ပျော်ရွှင်မှုနဲ့ ယှဥ်ဖို့ မဖြစ်နိုင်တော့ဘူး။ စစ်သူကြီးနဲ့ ကျွန်မကို ကောင်းကောင်း ရိုက်ကူးထားတယ်ဆိုပေမယ့် ဘဝရဲ့ပျော်ရွှင်မှုနဲ့ လုံးဝ မယှဥ်နိုင်ဘူး။"

"ယွဲ့ဟွာဘယ်လိုပြောင်းလဲသွားသလဲ ငါမသိတော့ဘူး။ ယွဲ့ဟွာမှာ ဘယ်လိုဆရာမျိုး ရှိနေသလဲဆိုတာလည်း မပြောနိုင်တော့ဘူး။ ငါအတည်ပြုနိုင်တာကတော့ လင်းဖန် ယွဲ့ဟွာကို ရောက်လာကတည်းက ယွဲ့ဟွာ ပြောင်းလဲလာတယ် ဆိုတာပဲ။"

"အဲ့တာကြောင့် ငါတို့ ကုမ္ပဏီလည်း အဲ့လိုမျိုး ထူးချွန်တဲ့ ဇာတ်ညွှန်းရေးဆရာမျိုးကို ခေါ်ဖို့ လိုအပ်တယ်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က နောက်ပိုင်း ဇာတ်ညွှန်းသစ်တစ်ခု ထပ်ရေးလောက်ပြီး ငါတို့လည်း သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ အခွင့်အရေး ရှိလောက်သေးတယ်။ ငါတို့ တစ်ခေါက် ကျရှုံးသွားတာက ဘာမှမဖြစ်ဘူး။ အရေးအကြီးဆုံးက ဒီကျရှုံးမှုအပြီးမှာ အောင်မြင်ဖို့ လမ်းစ ထပ်ရှာဖို့ပဲ။" ကျောက်လွေ့က ပြောလိုက်သည်။

ဝန်ထမ်းက ဆက်ပြောသည်။ "ဘော့စ်ကျောက် ဒါပေမယ့် ကျွန်တော်တို့ လင်းဖန်ကို နာမည်ဖျက်ဖို့ အရင်က ရေပန်းစားအကြောင်းအရာတွေကိုတောင် ဝယ်ခဲ့တယ်လေ...။”

ကျောက်လွေ့က ပြုံးကာ ပြောလိုက်သည်။ "အဲ့တာငါ့အပြစ်ပါ။ ငါကိုယ်တိုင် လင်းဖန်ကို တောင်းပန်ပြီး သူ့ကို ညစာလိုက်ကျွေးလိုက်မယ်။ ငါတို့ကုမ္ပဏီလက်အောက်မှာလည်း နာမည်ကျော် တော်တော်များများ ရှိပါတယ်။ ငါတို့လင်းဖန်နဲ့ ဆက်ပြီး ပြိုင်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး ထင်တယ်။ ငါတို့ အတူတူ အလုပ်လုပ်မှပဲ အနိုင်ရနိုင်မယ်။ ငါသေချာပေါက် သူ့ကို နာမည်ဖျက်မိတဲ့အတွက် တောင်းပန်ရမယ်။”

"တစ်ချိန်တည်းမှာပဲ ငါတောင်းပန်တာကို ပြသတဲ့အနေနဲ့ လင်းဖန်ကို ပိုက်ဆံနည်းနည်းပေးလိုက်မယ်။ လင်းဖန်ကို အရင်က အထင်သေးခဲ့မိတယ်။ လင်းဖန် ချန်းဟုန်ကွမ်ကို တစ်ရက်တည်းနဲ့ ချေမှုန်းလိုက်ကတည်းက ငါသတိထားခဲ့သင့်တာ။ လင်းဖန်က တကယ်ပဲ သာမန်လူ မဟုတ်ဘူးပဲ။"

"ငါ့အမြင်မှာတော့ ဇာတ်ညွှန်းရေးတာဖြစ်ဖြစ် ဒါရိုက်တာလုပ်တာဖြစ်ဖြစ် နောက်ဆက်တွဲ ထုတ်လုပ်ရေးအပိုင်းမှာပဲဖြစ်ဖြစ် ပြီးတော့ အသံသွင်းတဲ့အပိုင်းတွေမှာတောင် လင်းဖန်နဲ့ ပတ်သတ်နေလိမ့်မယ်။"

"စဥ်းစားကြည့်လိုက်စမ်းပါ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က ဒီလောက် ရင်းနှီးတာ။ သူက အရမ်းချမ်းသာတယ်၊ ဒါတောင် အနုပညာလောကထဲ ဝင်လာတုန်းပဲ။ သေချာပေါက် သူအကုန်သိတယ်။ လင်းဖန်က ရှားဝမ်ချွေ့အတွက် အသန်မာဆုံး အထောက်အကူပဲ။" ကျောက်လွေ့က ပြောလိုက်ပါသည်။

ကျောက်လွေ့၏ လေ့လာဆန်းစစ်ချက်ကို ကြားပြီးသောအခါ ဂျွိုင်းမီဒီယာ၏ ဝန်ထမ်းများစွာ အံ့သြကုန်ကြပါသည်။

ဘော့စ်ကျောက်က တကယ်ပဲ ထက်မြက်သည်။ သူမ ဆန်းစစ်လေ့လာတာ အလွန်ကောင်းပါသည်။

ဖြစ်နိုင်ချေက အလွန်နည်းသော်ငြားလည်း ဒီလိုသာဆို အားလုံးအဓိပ္ပာယ်ရှိသွားပါမည်။

လင်းဖန်က လူထု၏ ဝေဖန်မှုကို ခံရတာတောင် တစ်ခွန်းမဟခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လင်းဖန်က အစကတည်းက သူတို့ထက် ပိုမြင့်သော နေရာတွင် ရှိနေခဲ့သောကြောင့် ဖြစ်ပါသည်။

လင်းဖန်က သူ့အလုပ်ကို အကြွင်းမဲ့ ယုံကြည်ချက် ရှိသည်။ သူ့တွင် ပြောင်မြောက်သော လက်ရာများရှိနေသေးသရွေ့ ကောလဟာလများ ပျောက်ကွယ်သွားပါလိမ့်မည်။

တစ်နည်းအားဖြင့်...

လင်းဖန်၏ အစွမ်းအစက သေချာပေါက် အပြင်ပိုင်းမှာ မြင်ရသလောက်ပဲမဟုတ်ပေ။

လင်းဖန်၏ ဉာဏ်ထက်မြက်မှုနဲ့ အသိပညာကြောင့် ဂျွိုင်းမီဒီယာာ၏ စီအီးအို ကျောက်လွေ့ ထိတ်လန့်ကာ အထင်ကြီးသွားမိသည်။

လင်းဖန်လို ပါရမီရှင်စစ်စစ်က တရုတ်နိုင်ငံတစ်ခုလုံးမှာတောင် ရှားပါးပါသည်။

Zawgyi

လင္းဖန္ 100+101+102

အခန္း(၁၀၀) ပရိတ္သတ္ ၁.၃၂ သန္းရဲ႕ အိုင္ေဒါ

ေနာက္တစ္ေန႔ ေဝ့ေပၚေပၚက ေရပန္းစား အေၾကာင္းအရာမ်ားမွာ လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္အေၾကာင္း ေဆြးေႏြးေနၾကဆဲ ျဖစ္သည္။

တစ္ညကုန္လြန္သြားေသာအခါ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ ဂုဏ္သတင္းမွာ ႀကီးႀကီးမားမား ေျပာင္းလဲသြားခဲ့ပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို မုန္းတီးသူ မ႐ွိသေလာက္ပင္။

ဒီဒရမ္မာ၏ ေရပန္းစားမႈက ေဝ့ေပၚေပၚတြင္ ေရပန္းစားအေၾကာင္းအရာ ၆ ခုအထိ သိမ္းပိုက္ထားခဲ့ပါၿပီ။ ဒီဒရမ္မာဘယ္ေလာက္ေတာင္ ေရပန္းစားသလဲ ျမင္ႏိုင္ပါသည္၊၊

ေဝ့ေပၚေပၚက ေရပန္းစားအေၾကာင္းအရာမ်ားတင္မကေပ။ လူမ်ားစြာက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေခါင္းေဆာင္မင္းသားျဖစ္သည့္ လင္းဖန္၏ သ႐ုပ္ေဆာင္ေကာင္းသည့္ ဇာတ္ဝင္ခန္းမ်ားကို Zhihu ၏ ေရပန္းစားအေၾကာင္းအရာနဲ႔ pilipili app မွာလည္း တင္ခဲ့ပါသည္။

႐ုတ္ျခည္းဆိုသလိုပဲ ၾကည့္႐ႈသူမ်ားစြာ ေပၚလာသည္။ အားလုံးက လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္ကို ခ်ီးက်ဴးၾကပါသည္။

"လင္းဖန္ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က ဝါရင္သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ေတာင္ညီတယ္လို႔ ထင္မိတယ္။ ဝါရင့္ေတြထက္ေတာင္ ပိုေကာင္းတယ္ကြာ။”

"ဟုတ္တယ္။ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ဝါရင့္ႀကီးေတြေ႐ွ႕မွာေတာင္ အားမနည္းဘူး။ သူ႕သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းေကာင္းတယ္။ အရင္တုန္းက ဆရာႀကီးဝူနဲ႔ ဆရာႀကီးခ်န္းတို႔ေတာင္ ေဝ့ေပၚေပၚမွာ လင္းဖန္ကို ခ်ီးက်ဴးခဲ့ၾကေသးတယ္။ အအဲ့ဒီ ဝါရင့္ သ႐ုပ္ေဆာင္ႀကီးႏွစ္ေယာက္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ အက်င့္စ႐ိုက္ေတြက ေတာ္ေတာ္ေလး ေကာင္းၾကတယ္။ သူတို႔ႏွစ္ေယာက္ လင္းဖန္ကို ဒီလို ခ်ီးက်ဴးခဲ့ၾကတယ္။ အခုေတာ့ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ ဘယ္ေလာက္ေကာင္းလဲ ငါတို႔ျမင္ႏိုင္ၿပီ။"

"အပိုင္းေတြတင္တာ ေႏွးလိုက္တာ။ ဘာလို႔ ၃ ပိုင္းပဲ ႐ွိတာလဲ။ မလုံေလာက္ဘူးကြာ။"

"ေနာက္ဆက္တြဲထုတ္လုပ္ေရးနဲ႔ ဒီဒရမ္မာရဲ႕ ဇာတ္ဝင္ခန္းေတြက အေကာင္းဆုံးပဲ။ ၿပီးေတာ့ ငါ့ရဲ႕ ဂီတပေရာ္ဖက္႐ွင္နယ္အျမင္အရ ဒီလို ေနာက္ခံဂီတမ်ိဳးကို မာစတာအဆင့္ ဂီတပညာ႐ွင္တစ္ေယာက္ပဲ ထုတ္လုပ္ႏိုင္လိမ့္မယ္။"

"အထူးသျဖင့္ ဒီဇာတ္ဝင္ေတးေပါ့။ ထာဝရဆႏၵလို႔ ေခၚတယ္။ ေရးထားတာ အရမ္းေကာင္းၿပီး နားေထာင္ရတာလည္း အရမ္းေကာင္းတယ္။ ဘယ္သူဆိုတာလဲမသိဘူး။"

တစ္ညတည္းနဲ႔ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုပ္သံဒရမ္မာ၏ နာမည္ ျမင့္တက္သြားပါသည္။

ထိုေန႔ညက ၃ ပိုင္းသာ တင္လိုက္ၿပီး iQiyi နဲ႔ Tencent Arts တို႔တြင္ ၾကည့္႐ႈသူ သန္း ၃၀၀ နီးပါး႐ွိေနပါၿပီ။

တစ္ညသာ႐ွိေသးေသာ္လည္း ၾကည့္႐ႈသူက အလြန္မ်ားျပားေနၿပီ။

လူမ်ားစြာက ဒီ႐ုပ္သံဒရမ္မာအေၾကာင္း စိတ္ဝင္စားလာၾကၿပီး စြဲလမ္းလာၾကသည္။

လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္က ၾကည့္႐ႈသူေပါင္းမ်ားစြာအတြက္ အျမင္သာဆုံးျဖစ္လာခဲ့သည္။

အမွန္ပင္။ ႐ွားဝမ္ေခြၽ႕၊ စုေ႐ွာင္းယြီ၊ ႐ႈယန္ႏွင့္ တျခားလူမ်ား၏ သ႐ုပ္ေဆာင္စြမ္းရည္ကလည္း အလြန္ေကာင္းမြန္ပါသည္။

ဇာတ္ဝင္ခန္းထဲက ေျပာင္းလဲမႈမ်ားနဲ႔ စတိုင္တခ်ိဳ႕ေျပာင္းလဲမႈမ်ား၊ ဝမ္းနည္းစရာ ႀကိဳတင္ျပကြက္မ်ားနဲ႔ ဇာတ္ေကာင္မ်ား၏ ဇာတ္ေကာင္စ႐ိုက္မ်ားက အေကာင္းမြန္ဆုံးဆိုတာ သံသယျဖစ္စရာမလိုေတာ့ေပ။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈမွာ ေ႐ွးေဟာင္းဝတၳဳႀကီးေလးအုပ္မွ ႐ိုက္ကူးထားေသာ ဒရမ္မာကလြဲၿပီး ႏိုင္ငံေတာ္၏ ႐ုပ္သံဒရမ္မာ သမိုင္းတစ္ေလွ်ာက္တြင္ အေကာင္းဆုံးဒရမ္မာ ျဖစ္လာခဲ့ၿပီဟု ေျပာလွ်င္လည္း ပုံႀကီးခ်ဲ႕ရာ မက်ေတာ့ပါ။

ေ႐ွးေဟာင္းဝတၳဳႀကီးေလးအုပ္ကို ေက်ာ္လြန္ဖို႔ကေတာ့ အလြန္ခက္ခဲပါသည္။ ၎တို႔ကို ျပန္လည္႐ိုက္ကူးထားသည့္ ဒရမ္မာမ်ားကလည္း အလြန္ေကာင္းမြန္လွသည္။

ႏိုင္ငံေတာ္တစ္ခုလုံး၏ တည္ၿငိမ္ေနေသာ သာမန္ ဒရမ္မာမ်ားျဖင့္ ျပည့္ႏွက္ေနသည့္ ႐ုပ္သံဒရမ္မာ ေရကန္ထဲ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုတ္တရက္ေပၚထြက္လာခဲ့သည္။ သ႐ုပ္ေဆာင္မ်ား၏ ၿပီးျပည့္စုံေသာ သ႐ုပ္ေဆာင္စြမ္းရည္ေကာင္းမြန္မႈ၊ ၎၏ ေတာ္လြန္းေသာ ထုတ္လုပ္ေရးအဖြဲ႕က ခ်က္ခ်င္း ၾကည့္႐ႈသူ သန္း ၃၀၀ ကို ဆြဲေဆာင္ႏိုင္ခဲ့သည္။

ဒါေတာင္ ၃ ပိုင္းသာ ႐ွိပါေသးသည္။ ဒီ႐ုပ္သံဒရမ္မာ ဘယ္ေလာက္ေကာင္းမွန္း မသိေသးသည့္ လူမ်ားပင္ ႐ွိပါေသးသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈအား စတင္ထုတ္လႊင့္ခ်ိန္တြင္ ၎၏ ေရပန္းစားမႈက သန္းဆယ္ခ်ီၿပီး ႐ွိေနခဲ့သည္။

ေရပန္းစားမႈက သန္းဆယ္ခ်ီၿပီး ၾကည့္႐ႈသူက သန္း ၃၀၀ ေက်ာ္သည္။

အမွန္ပင္။ ၾကည့္႐ႈသူ သန္း ၃၀၀ စလုံး ႐ုပ္သံစီးရီးကို ၾကည့္ၿပီးၿပီဟု မဆိုလိုပါ။ iQiyi နဲ႔ Tencent Arts တို႔အတြက္ တြက္ခ်က္ေသာ နည္းလမ္းသာ ျဖစ္သည္။

သို႔ေသာ္လည္း ဘဝရဲ႕ေပ်ာ္႐ႊင္မႈ မတိုင္ခင္က ဘယ္လို ႐ုပ္သံဒရမ္မာကမွ ဒီလို ရလဒ္မ်ိဳး မရဖူးပါ။

ညတြင္းခ်င္း အလြန္ေရပန္းစားလာခဲ့ၿပီး လုံးဝ နာမည္ေက်ာ္သြားပါသည္။

ပရိတ္သတ္က ဒီဒရမ္မာတြင္ အျပစ္အနာအဆာတစ္ခုေတာင္ ႐ွာမရပါ။

တစ္ခုတည္းေသာ အျပစ္အနာအဆာက... ႐ႈယန္ လင္းဖန္နဲ႔ အတူတူ သ႐ုပ္ေဆာင္သည့္ အခါ သူ႕ပုံစံက လုံးဝ ႐ႈံးနိမ့္သြားျခင္းပင္။

ယြဲ႕ဟြာ ေဖ်ာ္ေျဖေရး၌။

လင္းဖန္ ကုမၸဏီသို႔ ေရာက္လာေတာ့ ကုမၸဏီထဲတြင္ အားေပးသံမ်ားစြာ ေပၚလာခဲ့သည္။

"လင္းဖန္က ေခ်ာလိုက္တာ။ လင္းဖန္ မင္းေၾကာင့္သာမဟုတ္ရင္ ငါတို႔႐ုပ္သံစီးရီးက ဒီေလာက္ထိ ေရပန္းစားမွာမဟုတ္ဘူး။ မင္းက ဇာတ္ၫႊန္းေရးၿပီး ဒါ႐ိုက္တာကိုေတာင္ ကူညီခဲ့တဲ့လူကိုး။ ေနာက္ဆက္တြဲတည္းျဖတ္ေရးနဲ႔ အသံသြင္းတာေတြလည္း ပါေသးတယ္။ အားလုံးက ေကာင္းလြန္းတယ္။ ႐ုပ္႐ွင္ထုပ္လုပ္ေရးအဖြဲ႕က ဘယ္အပိုင္းမဆို မင္း မပါရင္ မလုပ္ႏိုင္ေလာက္ဘူး။ ေခါင္းေဆာင္မင္းသားအျဖစ္ပါ မင္းသ႐ုပ္ေဆာင္ခဲ့ေသးတယ္။"

"ဟုတ္တယ္။ လင္းဖန္က ေခ်ာလြန္းတယ္။ ငါတို႔ ကုမၸဏီခ်င္းတူရင္ေတာင္ မင္းရဲ႕ပရိတ္သတ္ ျဖစ္သြားၿပီ လင္းဖန္။ ေနာက္ပိုင္း ေသခ်ာေပါက္ ၾကယ္ပြင့္ႀကီး ျဖစ္လာမွာပဲ။"

"လင္းဖန္ကို အားက်တယ္။ ဒီေလာက္ ထူးခြၽန္တဲ့ လူမ်ိဳး တကယ္႐ွိလို႔လား။ တကယ္႐ွိတာပဲ။ ငါ့ေ႐ွ႕မွာရပ္ေနတဲ့လူေပါ့။"

နာမည္ေက်ာ္မ်ားစြာက လင္းန္ကို ေလးစားအားက်စြာ ၾကည့္ေနၾကပါသည္။

ေျပာစရာမလိုေအာင္ ထိုနာမည္ေက်ာ္မ်ား၊ ဒါ႐ိုက္တာလုပမ္ခိုင္းတို႔ေတာင္ ဒီေလာက္ ေရပန္းစားလာလိမ့္မည္ဟု မထင္ခဲ့မိပါ။

ဆန္းၾကယ္မႈတစ္ခု ျဖစ္လာခဲ့သည္။

ႏိုင္ငံေတာ္တစ္ခုလုံးမွာေတာင္ ဒီလိုရာဇဝင္မ်ိဳး တစ္ခါမွ မ႐ွိခဲ့ဖူးပါ။

႐ုပ္သံဒရမ္မာက နာမည္ေပါက္သြားခဲ့သည္။

႐ုပ္သံဒရမ္မာထဲက သ႐ုပ္ေဆာင္မ်ားေတာင္ အားလုံး အလြန္အမင္း ေရပန္းစားလာခဲ့ပါသည္။

ဒါက တစ္ဖြဲ႕လုံးအတြက္ ေအာင္ပြဲပဲျဖစ္သည္။

ဒီေအာင္ပြဲက လင္းဖန္မပါဘဲ မရႏိုင္ပါ။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ ကြၽန္ေတာ့္ကို ဒီလို ခ်ီးက်ဴးစရာမလိုပါဘူးဗ်ာ။ ဒီတိုင္း ႐ုပ္သံဒရမ္မာပဲကို။"

"ဒီ႐ုပ္သံဒရမ္မာရဲ႕ ေအာင္ျမင္မႈက ကြၽန္ေတာ္တို႔ အားလုံးရဲ႕အားစိုက္ထုတ္မႈေတြ မပါရင္ မရႏိုင္ပါဘူး။ သ႐ုပ္ေဆာင္ေတြေကာ၊ ဒါ႐ိုက္တာလုေကာ၊ အစ္ကိုႀကီးလ်ိဳ႕ေကာ၊ စီအီးအိုလီေကာ အမ်ားႀကီး ကူညီေပးခဲ့ၾကတာပဲ။” လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။ သူတစ္ေယာက္တည္း နာမည္မယူခ်င္ပါ။

လင္းဖန္က ကိုယ့္ကိုယ္ကို ႏွိမ့္ခ်သည့္အခါ အလြန္ေတာ္ပါသည္။ သူေျပာတာလည္း မွန္သည္။ ႐ုပ္သံဒရမ္မာတစ္ခုေအာင္ျမင္ခ်င္ပါက လင္းဖန္တစ္ေယာက္တည္းကို အားကိုးလို႔မျဖစ္ပါ။

ဒါ႐ိုက္တာ၊ ေနာက္ဆက္တြဲထုတ္လုပ္ေရးနဲ႔ အသံသြင္းျခင္းတို႔အတြက္လည္း လင္းဖန္ နာမည္ယူဖို႔ မႀကိဳးစားပါ။ ဒါက လုပမ္ခိုင္း၊ ႐ႊယ္ခဲ့႐ွင္းနဲ႔ တျခားလူမ်ားနဲ႔ ထိုက္တန္ေသာ အရာ ျဖစ္ပါသည္။

သူကေတာ့ ေခါင္းေဆာင္မင္းသားလုပ္ၿပီး ဒီလိုေျပာင္ေျမာက္သည့္ ဇာတ္ၫႊန္းတစ္ခုကို ေရးခဲ့႐ုံနဲ႔ နာမည္ဂုဏ္ျဒပ္မ်ားစြာ ရခဲ့ပါၿပီ။

"မတူဘူးေလ လင္းဖန္ရာ။ ႐ုပ္သံစီးရီးရဲ႕ ေအာင္ျမင္မႈက ငါတို႔အားလုံးရဲ႕ ႀကိဳးစားမႈေၾကာင့္ ဆိုေပမယ့္ မင္းက ဒီ႐ုပ္သံစီးရီးရဲ႕ မူလအစေလ။ မင္းက ဘဝရဲ႕ေပ်ာ္႐ႊင္မႈရဲ႕ အသက္ဝိညာဥ္ပဲ။"

"ေနာက္ဆုံးေတာ့ စီအီးအိုလီ မင္းကို ဘာလို႔အရမ္းသေဘာက်တာလဲ နားလည္သြားၿပီ။ မင္းက ဘက္စုံေတာ္တဲ့ ပါရမီ႐ွင္ကိုး။ မင္းကို မႀကိဳက္တဲ့လူ ႐ွိပါ့မလား။" လုပမ္ခိုင္းက ေျပာလိုက္ပါသည္။

"ဒါေပါ့။ လင္းဖန္က တကယ္ေတာ္ပါတယ္။" ႐ႊယ္ခဲ့႐ွင္းက ေျပာလိုက္သည္။

႐ွားဝမ္ေခြၽ႕လည္း လင္းဖန္ ေဘးမွာရပ္ေနၿပီး သူ႕ကို တိတ္တိတ္ေလး ေစာင့္ၾကည့္ေနပါသည္။ ဘာေၾကာင့္မွန္းမသိဘဲ လင္းဖန္ အရမ္းေတာ္လာခဲ့သည္။

လင္းဖန္အနားမွာ႐ွိလွ်င္ ႐ွားဝမ္ေခြၽ႕ အလြန္လုံျခဳံသလို ခံစားရည္။

အနည္းဆုံးေတာ့ ဒီအႏုပညာေလာကထဲမွာ သူမကို အႏိုင္က်င့္ရဲသည့္လူ မ႐ွိေလာက္ေတာ့ပါ။

လင္းဖန္အနားမွာ႐ွိေနပါက ႐ွာဝမ္ေခြၽ႕တစ္ေယာက္ ဘာမွမေၾကာက္ေတာ့ေပ။ အႏုပညာ ေလာကထဲမွာေတာင္ ေၾကာက္ဖို႔ မလိုေတာ့ပါ။

ထိုအခ်ိန္တြင္ စုေ႐ွာင္းယြီက လင္းဖန္ေ႐ွ႕သို႔ ေလွ်ာက္သြားၿပီး အံ့အားတသင့္ေျပာလိုက္သည္။

"ဆရာေရ နင့္ရဲ႕ ေဝ့ေပၚပရိတ္သတ္ အေရအတြက္ကို ၾကည့္ပါဦး။ ဆက္တိုက္တက္ေနတာပဲ။"

"မေန႔က ၁၀,၀၀၀ ေလာက္ပဲ ႐ွိေသးတာ ျမင္ပါတယ္။ ဒါေပမယ့္ အခုေတာ့ အမ်ားႀကီးပဲ။"

စုေ႐ွာင္းယြီက သူမဖုန္းကို ၾကည့္ေနသည္။ သူမ လင္းဖန္နဲ႔ သူ႕ပရိတ္သတ္အေရအတြက္ကို အာ႐ုံစိုက္ထားခဲ့၏။ မယုံႏိုင္စရာေကာင္းလွသည္ဟု သူမ ခံစားမိပါသည္။

တစ္ညတည္းနဲ႔။

လင္းဖန္၏ ေဝ့ေပၚပရိတ္သတ္အေရအတြက္မွာ ၁၀,၀၀၀ မွ ၁.၃၂ သန္း အထိ တက္သြားခဲပါသည္။ ညတြင္းခ်င္း ပရိတ္သတ္ သန္းနဲ႔ခ်ီၿပီး ရသြားပါသည္။ ထို႔အျပင္ ထိုလူမ်ားက အမာခံပရိတ္သတ္မ်ား ျဖစ္ၾကသည္။

လင္းဖန္၏ ေကာမန္႔ေအာက္တြင္ သူတို႔ ေတာင္းပန္ၿပီး ခ်ီးက်ဴးၾကသည္။

အရင္တုန္းက သူတို႔လုပ္ခဲ့သည့္အရာအတြက္ အလြန္စိတ္မေကာင္းျဖစ္မိပါသည္။

ထို႔ေၾကာင့္ ယခုသူတို႔ လင္းဖန္၏ အမာခံပရိတ္သတ္မ်ား ျဖစ္လာခဲ့သည္။

ထိုပရိတ္သတ္မ်ားက လင္းဖန္ကို ၎တို႔၏ အိုင္ေဒါအျဖစ္ သတ္မွတ္ၿပီးၾကပါၿပီ။

အခန္း(၁၀၁) ဂုဏ္သတင္းေျပာင္းျပန္ျဖစ္၊ ဂြၽိဳင္းမီဒီယာ လုံးဝ ႐ႈံးနိမ့္ျခင္း

"လင္းဖန္ ငါမွားသြားတယ္။ မင္းက အေခ်ာဆုံးပဲ။ ၿပီးေတာ့ မင္းရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြကလည္း အေကာင္းဆုံးပဲကြာ။"

"ေနာက္ကို မင္းရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က မေကာင္းဘူးလို႔ ေျပာရဲတဲ့လူ႐ွိရင္ အဲ့ဒီလူရဲ႕ပါးစပ္ကို တူနဲ႔ ပိတ္ေပးမယ္။”

"လင္းဖန္က တကယ္ေခ်ာတဲ့လူပဲ။ ႐ႈယန္ထက္ေတာင္ ပိုေခ်ာတယ္။ ဒီဒရမ္မာရဲ႕ ေခါင္းေဆာင္မင္းသား ျဖစ္ထိုက္ပါတယ္။"

လင္းဖန္က ေကာမန္႔မ်ားကို တိတ္တဆိတ္ ဆြဲၾကည့္ရင္း ျပဳံးလိုက္ပါသည္။

ေရပန္းစားလာလွ်င္ အလြန္ဒုကၡမ်ားႏိုင္သျဖင့္ အစကေတာ့ နာမည္မႀကီးခ်င္ခဲ့ပါ။

သို႔ေသာ္ အခုေတာ့ သူ ဘာမွ မတတ္ႏိုင္ေတာ့ေပ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ထုတ္လႊင့္ေနၿပီျဖစ္သျဖင့္ လင္းဖန္ကလည္း အလြန္နာမည္ႀကီးလာခဲ့ပါၿပီ။

လင္းဖန္ သာမန္လူျဖစ္ခ်င္ရင္ေတာင္ နာမည္ေက်ာ္တစ္ေယာက္ျဖစ္သြားပါၿပီ.

ဘာမွန္းမသိလိုက္ဘဲ စေနေန႔ညသို႔ ေရာက္လာခဲ့သည္။

အသစ္တင္မည့္အပိုင္းမ်ားကို ၾကည့္ဖို႔ ေစာင့္ေနသည့္ ပရိတ္သတ္မ်ား မေရမတြက္ႏိုင္ေအာင္႐ွိသည္။

အပိုင္း ၄၊ အပိုင္း ၅ နဲ႔ အပိုင္း ၆ တို႔ကို ထုတ္လႊင့္ၿပီးေနာက္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈမွာ ေရပန္းစား အေၾကာင္းအရာေနရာကို ထပ္ရသြားျပန္ပါသည္။

ဒီဒရမ္မာအတြက္ ပရိတ္သတ္မ်ား၏ စိတ္အားထက္သန္မႈက မၾကဳံစဖူးအဆင့္တစ္ခုအထိ ေရာက္သြားခဲ့ပါၿပီ။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ သ႐ုပ္ေဆာင္စြမ္းရည္တင္မကဘဲ ဒီဒရမ္မာထဲတြင္ အေသးစိတ္မ်ားစြာလည္း ပါဝင္သည္။ အဓိကဇာတ္ေကာင္နဲ႔ အဓိကဗီလိန္တို႔အၾကားက ဉာဏ္ရည္တိုက္ခိုက္မႈနဲ႔ ေခါင္းေဆာင္မင္းသားနဲ႔ မင္းသမီးတို႔ၾကားက ဆက္ဆံေရး စသည္တို႔ျဖစ္သည္။ ပရိတ္သတ္မ်ား၏ ႏွလုံးသားမ်ားကို ဆက္တိုက္ ဆြဲေဆာင္ေနခဲ့ပါသည္။

စေနေန႔ ထုတ္လႊင့္ျပသမႈ ၿပီးေသာအခါ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားမႈက သန္း ၉၀ အထိ ေရာက္သြားပါသည္။

၂ ရက္သာ ထုတ္လႊင့္ရေသးေသာ္လည္း ႐ုပ္သံဒရမ္မာ၏ ေရပန္းစားမႈက သန္း ၉၀ ႐ွိသြားပါၿပီ။

ထို႔အျပင္ ၾကည့္႐ႈသူကလည္း သန္း ၄၀၀ ေက်ာ္သြားေလၿပီ။

ႏွစ္ရက္တည္းထုတ္လႊင့္လိုက္႐ုံနဲ႔ ဒီလို ရလဒ္မ်ိဳးရလာခဲ့သည္။

ဒီ႐ုပ္သံဒရမ္မာကို ႀကိဳက္ႏွစ္သက္ၾကသည့္ ပရိတ္သတ္တင္မကဘဲ Tencent Arts နဲ႔ iQiyi ၏ ဝန္ထမ္းမ်ားပါ မွင္သက္သြားၾကသည္။

ဒီဒရမ္မာ အလြန္ေကာင္းတာသိၾကေသာ္လည္း ဒီေလာက္ေကာင္းလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ၾကေပ။

"ဒီဒရမ္မာကို ဝယ္လိုက္တာ မွန္သြားတာပဲ။ ဒီႏွစ္ေတြအတြင္းမွာ ဒီလိုေရပန္းစားတဲ့ဒရမ္မာ ေပၚလာတာ ပထမဆုံးပဲ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈရဲ႕ ေရပန္းစားမႈနဲ႔ဆို IP ဂႏၲဝင္လက္ရာ ျဖစ္လာႏိုင္တယ္။"

"လမ္းမနဲ႔ လမ္းၾကားေတြထဲမွာ ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ေစာင့္ၾကည့္ေနၾကတဲ့ လူေတြမေရမတြက္ႏိုင္ေအာင္႐ွိႏိုင္တယ္။ ဒီ႐ုပ္သံဒရမ္မာမွာ က်ယ္ျပန္႔တဲ့ ပရိတ္သတ္႐ွိတယ္။ ကေလးေတြႀကိဳက္တဲ့ ဟာသဆန္ဆန္စတိုင္လည္း ပါတယ္။ လူငယ္ေတြႀကိဳက္တဲ့ အခ်စ္ေရး ဇာတ္ဝင္ခန္းေတြလည္း ပါတယ္။ လူလတ္ပိုင္းေတြႀကိဳက္တဲ့ ႏိုင္ငံေရးဗ်ဴဟာေတြလည္းပါတယ္။ ဒီဇာတ္လမ္းမွာ အားလုံးပါတယ္လို႔ ေျပာလို႔ရတယ္။ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြက ေကာင္းၿပီး ေနာက္ဆက္တြဲထုတ္လုပ္ေရး အဖြဲ႕ကလည္း ၿပီးျပည့္စုံတယ္။ ေနာက္ပိုင္းဇာတ္ဝင္ခန္းေတြကိုလည္း ၾကည့္ၿပီးၿပီ။ အထူးသျဖင့္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ အၾကင္နာေပးတဲ့အခန္းေလ။ ေကာင္းလြန္းပါတယ္ကြာ။ ၾကည့္ၿပီးေတာ့ ငါခ်စ္မိေတာ့မလိုပဲ။” ဟု Tencent Arts ဝန္ထမ္းက ေျပာလိုက္ပါသည္။

မၾကာမီ Tencent Arts မန္ေနဂ်ာက ဝန္ထမ္းကို ဆက္သြယ္လာသည္။

"ဘဝရဲ႕ေပ်ာ္႐ႊင္မႈစီးရီးရဲ႕ ဇာတ္ၫႊန္းေရးဆရာက ဘယ္သူလဲ။ ဒါ႐ိုက္တာက ဘယ္သူလဲ။ ၿပီးေတာ့ ေနာက္ဆက္တြဲထုတ္လုပ္ေရးနဲ႔ အသံသြင္းအဖြဲ႕ေတြကေကာ ဘယ္သူေတြလဲ။ နာမည္စာရင္း လိုခ်င္ပါတယ္။ ဒီလို ေရပန္းစားတဲ့ ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးႏိုင္တယ္ဆိုေတာ့ ဒီလူေတြနဲ႔ပဲ သက္ဆိုင္မွာေပါ့။" Tencent Arts မန္ေနဂ်ာက ေျပာလိုက္ပါသည္။

Tencent Arts ၏ ဝန္ထမ္းက စုံစမ္ၿပီးေနာက္ ေျပာလိုက္ပါသည္။ "မန္ေနဂ်ာႀကီး ဒီ႐ုပ္သံစီးရီးရဲ႕ ဇာတ္ၫႊန္းေရးဆရာက လင္းဖန္ပါ။ ေခါင္းေဆာင္မင္းသားကလည္း လင္းဖန္ပါပဲ။ ဒါ႐ိုက္တာက လုပမ္ခိုင္း၊ ႐ႊယ္ခဲ့႐ွင္းက ေနာက္ဆက္တြဲထုတ္လုပ္ေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္ၿပီး အသံသြင္းအဖြဲ႕ကလည္း အရမ္းေတာ္ၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ေျပာခ်င္တာက... ဒါ႐ိုက္တာအပိုင္းေရာ၊ ေနာက္ဆက္တြဲထုတ္လုပ္ေရးအပိုင္းေရာ၊ အသံသြင္းအပိုင္းမွာေရာ၊ ဂီတအပိုင္းမွာပါ လင္းဖန္ပါခဲ့တယ္လို႔ ၾကားမိတယ္။"

ထိုစကားကို ၾကားေသာအခါ Tencent Arts မန္ေနဂ်ာ ထိတ္လန္႔သြားပါသည္။ "ဘာျဖစ္တယ္။ လင္းဖန္က ဇာတ္ၫႊန္းေရးဆရာနဲ႔ ေခါင္းေဆာင္မင္းသားျဖစ္႐ုံတင္မကဘူး။ ေနာက္ဆက္တြဲ ထုတ္လုပ္ေရးနဲ႔ အသံသြင္းတာေတြကိုပါ လုပ္တတ္တယ္ ဟုတ္လား။”

"လင္းဖန္က ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ သက္သက္ဆိုရင္ေတာင္ ဒီေလာကထဲ ဝင္လာႏိုင္တဲ့ တန္ဖိုး႐ွိတယ္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ဝင္ခန္းအားလုံးကို  ငါၾကည့္ၿပီးၿပီ။ ဇာတ္လမ္းက အပိုင္း ၄၆ မွာ မၿပီးေသးဘူး။ အတြဲ ၂ ေသခ်ာေပါက္ ႐ွိဦးမွာပဲ။ ငါတို႔ လင္းဖန္ကို အျမန္ဆုံးဆက္သြယ္ၿပီး ဒုတိယအတြဲအတြက္ မူပိုင္ခြင့္ကို ယူရမယ္။ အခ်ိန္က်ရင္ ငါတို႔ေတြကိုယ္တိုင္ ဒရမ္မာထဲမွာ ရင္းႏွီးျမႇဳပ္ႏွံရမယ္။” Tencent Arts မန္ေနဂ်ာက ေျပာလိုက္ပါသည္။

"ျမန္ျမန္ ျမန္ျမန္ လင္းဖန္ကို ဆက္သြယ္ဖို႔ နည္းလမ္းစဥ္းစားၿပီး ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယအတြဲအတြက္ မူပိုင္ခြင့္ကို ဝယ္လိုက္ေတာ့။ ဒုတိယအတြဲကို ေရးၿပီးၿပီလားလို႔ ေမးလိုက္ပါဦး။ ပထမအတြဲအတြက္ ဇာတ္ၫႊန္းက စိတ္ဝင္စားဖို႔ေကာင္းလြန္းတယ္။" iQiyui ဝန္ထမ္းက ေျပာလိုက္ပါသည္။

ထိုဗီဒီယိုကုမၸဏီႏွစ္ခုက တူညီေသာ ဆုံးျဖတ္ခ်က္ကို ခ်ခဲ့ပါသည္။

ဒီ႐ုပ္သံဒရမ္မာက အလြန္ေရပန္းစားလာၿပီး သူတို႔အားလုံး လင္းဖန္၏ တန္ဖိုးကို ျမင္ခဲ့ပါၿပီ။

အမွန္ပင္။ လင္းဖန္က ေနာက္ဆက္တြဲထုတ္လုပ္ေရးနဲ႔ ဒါ႐ိုက္တာလုပ္ငန္းေတြကိုပါ လုပ္ႏိုင္သည္ဟုေတာ့ သူတို႔ မယုံၾကပါ။

ဒီလိုသာဆို လင္းဖန္ လူေကာ ဟုတ္ေသးရဲ႕လား။

လင္းဖန္တစ္ေယာက္တည္းနဲ႔ ႐ိုက္ကူးေရးတစ္ဖြဲ႕လုံးကို ကူညီသြားတာလား။

ဒါက သာမန္လူမ်ား တိုင္းတာႏိုင္သည့္ အရာမ်ိဳးမဟုတ္ေပ။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈအား ထုတ္လုပ္ေနစဥ္ စစ္သူႀကီးနဲ႔ ကြၽန္မ စီးရီးကိုလည္း ၆ ပိုင္း ထုတ္လႊင့္ခဲ့ပါသည္။

စစ္သူႀကီးနဲ႔ကြၽန္မက ဘာမွ ထူးျခားမႈ ႐ွိမေနေပ။

၂ ရက္ေလာက္ၾကာၿပီးတာေတာင္ စစ္သူႀကီးနဲ႔ ကြၽန္မ တြင္ေစာင့္ၾကည့္သူ ၁၀ သန္းနဲ႔ ၾကည့္႐ႈသူ သန္း ၂၀ သာ ႐ွိသည္။

ေရပန္းစားမႈအရဆိုရင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈက ၉ ဆေလာက္ ပိုမ်ားၿပီး ၾကည့္႐ႈသူအရဆိုရင္ စစ္သူႀကီးနဲ႔ကြၽန္မထက္ အဆ ၂၀ ေလာက္ ပိုမ်ားေနပါသည္။

'ဘဝရဲ႕ေပ်ာ္႐ႊင္မႈ' ကၾကည့္႐ႈသူ သန္း ၄၀၀ ႐ွိၿပီး 'စစ္သူႀကီးနဲ႔ကြၽန္မ' ကေတာ့ သန္း ၂၀ သာ ႐ွိသည္။

ဒါက ၎တို႔အၾကားက သိသာေသာ ျခားနားခ်က္ ျဖစ္သည္။ ေဖ်ာ္ေျဖေရးကုမၸဏီႏွစ္ခုက ထုတ္လုပ္သည့္ ႐ုပ္သံဒရမ္မာႏွစ္ခုကို တစ္ခ်ိန္တည္း ထုတ္လႊင့္လိမ့္မည္ဟု မည္သူမွ မထင္ခဲ့ၾကေပ။ ၎တို႔အၾကား ကမ႓ာတစ္ခုေလာက္ ျခားနားေနပါသည္။

ဇာတ္ၫႊန္းအရေကာ၊ သ႐ုပ္ေဆာင္စြမ္းရည္အရေကာ၊ ေနာက္ဆက္တြဲထုတ္လုပ္မႈအပိုင္းအရေကာ၊ အသံသြင္းမႈအပိုင္းအရပါ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ အႏိုင္ယူျခင္းကို ခံခဲ့ရပါသည္။

'စစ္သူႀကီးနဲ႔ ကြၽန္မ' လုံးဝ ႐ႈံးနိမ့္ခဲ့သြားပါၿပီ။ အမွန္ပင္။ စစ္သူႀကီးနဲ႔ ကြၽန္မ ကလည္း ေရပန္းစားပါသည္။

ေရပန္းစားသည့္ အေၾကာင္းအရင္းကေတာ့ ဒီဒရမ္မာထဲက ေခါင္းေဆာင္မင္းသားနဲ႔ မင္းသမီးတို႔မွာ အစားထိုး အသုံးမ်ားေသာေၾကာင့္ ျဖစ္သည္။ ေခါင္းေဆာင္မင္းသား မင္းသမီးမ်ားက တစ္ခ်ိဳ႕ေနရာမ်ားတြင္ဆို ဖိုတိုေ႐ွာ့ပ္မ်ားကိုပင္ သုံးခဲ့ၾကပါသည္။

ဖိုတိုေ႐ွာ့ပ္မ်ားျဖင့္ ျပည့္ႏွက္ေနသည့္ ႐ုပ္သံဒရမ္မာတစ္ခုမွာ ပရိတ္သက္မ်ားကို အ႐ူးဟု သက္မွတ္လိုက္သလို ျဖစ္သည္။ ထို႔အျပင္ ဇာတ္ၫႊန္းအဆင့္ကလည္း သာမန္မွ်သာ ျဖစ္သည္။ အထဲက ဇာတ္လိုက္မ်ား၏ သ႐ုပ္ေဆာင္စေကးကလည္း မေကာင္းမြန္ပါ။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ ယွဥ္ႏိုင္စရာ လုံးဝ မ႐ွိေပ။ ဒရမ္မာႏွစ္ခုအၾကား ျခားနားခ်က္က အလြန္အားေကာင္းလြန္းပါသည္။

"စစ္သူႀကီးနဲ႔ကြၽန္မ"က ၎တို႔၏ ဖိုတိုေ႐ွာ့ပ္ အသုံးျပဳမႈေၾကာင့္ နာမည္ႀကီးျခင္းျဖစ္သည္။

"စစ္သူႀကီးနဲ႔ကြၽန္မကို ေၾကာ္ျငာထာားတာ ဒီေလာက္ၾကာတာေတာင္ အရည္အေသြးက ဒီေလာက္ပဲ ထြက္လာတာလား၊ ဘယ္လို သ႐ုပ္ေဆာင္စေကးမ်ိဳးလဲကြာ၊ ဖိုတိုေ႐ွာ့ပ္ေတြေတာင္ သုံးထားေသးတယ္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ၾကည့္လိုက္။ သူတို႔သ႐ုပ္ေဆာင္စြမ္းရည္က မင္းတို႔ထက္ အမ်ားႀကီး ပိုေကာင္းတယ္။"

"ပရိတ္သတ္ေတြက မင္းတို႔ကိုဖားခ်င္တဲ့ အ႐ူးေတြလို႔ထင္ေနလား။"

"ဘဝရဲ႕ကေပ်ာ္႐ႊင္မႈကို ဒီလိုအရည္အေသြးနဲ႔ တိုက္ခိုက္ခ်င္တယ္လား။ သတၱိေတြ ဘယ္ကရလာလဲ မသိဘူး။ နာမည္ေက်ာ္ႏွစ္ေယာက္ ျဖစ္တဲ့ ဝမ္မန္းဟန္နဲ႔ ေက်ာက္က်စ္ယြဲ႕တို႔အတြက္ေတာ့ စိတ္မေကာင္းစရာပဲ"

ဒရမ္မာႏွစ္ခုအၾကားက ျခားနားခ်က္ကိုၾကည့္ကာ HappyFruit နဲ႔ MangoTV တို႔ ႏွစ္ခုစလုံး ၾကက္ေသေသကုန္ၾကသည္။

အထူးသျဖင့္ စာခ်ဳပ္အပိုင္းကို တာဝန္ယူထားေသာလူမ်ားျဖစ္သည့္ ဝမ္လီလီနဲ႔ လီမန္မန္တို႔ တရားရကုန္ၾကပါသည္။

"လခြမ္းပဲ။ ဘာလို႔ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ မူပိုင္ခြင့္ကို မဝယ္ခဲ့မိတာလဲ။ ဒီေလာက္ေရပန္းစားလာလိမ့္မယ္လို႔ ဘယ္သိမွာလဲ။ အားးးး ေနာင္တရတယ္ဟာ" ဝမ္လီလီက ေျပာလိုက္ပါသည္။ သူမ၏ မွားယြင္းေသာ ဆုံးျဖတ္ခ်က္ေၾကာင့္ ကုမၸဏီက ႀကီးႀကီးမားမား အ႐ႈံးေပၚသြားခဲ့သည္။ သူမ အလုပ္ပင္ ျဖဳတ္ခံရေလာက္သည္။ သူမ ဘဝရဲ႕ေပ်ာ္႐ႊင္မႈအတြက္ မူပိုင္ခြင့္စာခ်ဳပ္ ခ်ဳပ္ခဲ့ပါက အျမတ္ေငြမွာ သန္း ၁၀၀ ပင္ ေက်ာ္သြားႏိုင္သည္။

ဒီခ်ိန္တြင္ ဝမ္လီလီနဲ႔ လီမန္မန္တို႔ အနည္းငယ္ ေနာင္တ ရေနၾကပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ မူပိုင္ခြင့္က အျမတ္ကို ကိုယ္စားျပဳ႐ုံသာမကဘဲ ေရပန္းစားမႈကိုလည္း ကိုယ္စားျပဳေနပါသည္။

ဒီေခတ္တြင္ ေရပန္းစားမႈက ဘုရင္တစ္ပါး ျဖစ္သည္။ အင္တာနက္ၾကည့္႐ႈသူအမ်ားဆုံး ဗီဒီယို ဝက္ဘ္ဆိုက္က ေစ်းကြက္႐ွယ္ယာ အမ်ားဆုံး ျဖစ္သည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားမႈေၾကာင့္ ထိုၾကည့္႐ႈသူမ်ား Tencent Arts နဲ႔ iQiyui ထံသို႔ေရာက္ကုန္ၾကပါသည္။

ၾကည့္႐ႈသူမ်ားစြာ ဆုံး႐ႈံးျခင္းက ယြမ္ သန္း ၁၀၀ - ၂၀၀ ဆုံး႐ႈံးတာနဲ႔ မတူေတာ့ပါ။

သူတို႔ အသုံးျပဳသူနဲ႔ အခြင့္အလမ္းေတြ ဘယ္ေလာက္ေတာင္ ဆုံး႐ႈံးသြားလိုက္သလဲ။

၎တို႔၏ ကုမၸဏီႏွစ္ခုက Tencent Arts နဲ႔ iQiyi တို႔ကို ဒီတစ္သက္ မေက်ာ္လြန္ႏိုင္ေတာ့ေပ။

သူတို႔ ဆုံးျဖတ္ခ်က္တစ္ခု မွားယြင္းခဲ့ေသာေၾကာင့္ျဖစ္သည္။ ထိုဆုံးျဖတ္ခ်က္မွားယြင္းမႈေၾကာင့္ ကုမၸဏီတစ္ခုလုံး၏ အနာဂတ္ ထိခိုက္ပါေတာ့မည္။

အခန္း(၁၀၂) ဂြၽိဳင္းမီဒီယာ ႐ုန္းကန္ဖို႔စြန္႔လႊတ္ကာ အႂကြင္းမဲ့႐ႈံးနိမ့္သြားျခင္း

ဂြၽိဳင္းမီဒီယာတြင္ တိတ္ဆိတ္လ်က္႐ွိေနသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ "စစ္သူႀကီးနဲ႔ ကြၽန္မ' မွာ လုံးဝ အႏိုင္ယူခံလိုက္ရေသာေၾကာင့္ပင္။ အေတာ္ေလး ျပင္းထန္ေသာ ႐ႈံးနိမ့္မႈ ျဖစ္သည္။

အေစာပိုင္းအဆင့္မ်ားက ဂြၽိဳင္းမီဒီယာ လုပ္ခဲ့ေသာ ျပင္ဆင္မႈမ်ားလည္း အားလုံး အလကား ျဖစ္ကုန္ၿပီ။ ထို႔အစား "ဘဝရဲ႕ေပ်ာ္႐ႊင္မႈ" ကိုပို၍ပင္ နာမည္ႀကီးေအာင္ ျပဳလုပ္ေပးလိုက္သလို ျဖစ္သြားသည္။

ေက်ာက္ေလြ႕၏ မ်က္ႏွာက စိမ္းနက္ေနပါၿပီ။ အရင္တုန္းက သူမ ႂကြားခဲ့သည့္ပုံစံအတိုင္း အ႐ွက္ခြဲခံလိုက္ရသည္။

ဂြၽိဳင္းမီဒီယာ လုံးဝ ႐ႈံးနိမ့္သြားပါသည္။

ေက်ာက္ေလြ႕ေတာင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ိုက္ကူးၿပီးသြားေသာအခါ ဇာတ္လမ္းက ဒီေလာက္ေတာင္ ေကာင္းေနလိမ့္မည္ဟု ထင္မထားခဲ့ေပ။

"ယြဲ႕ဟြာက မလြဲဘူးပဲ။ သူတို႔ေတြ ပညာ႐ွင္ေတြငွားလိုက္တာလား"

"လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ ဒီေလာက္ေကာင္းမယ္လို႔ ထင္မထားဘူး။ သူ႕ပုံစံကလည္း ေခါင္းေဆာင္မင္းသားအျဖစ္ သ႐ုပ္ေဆာင္ဖို႔ အရမ္းသင့္ေတာ္တယ္။ ေခါင္းေဆာင္မင္းသမီး ႐ွားဝမ္ေခြၽ႕နဲ႔ သ႐ုပ္ေဆာင္တဲ့အခါမွာလည္း အျပစ္ ဘာမွ မေတြ႕ရဘူး။ ဒီလို ႐ုပ္သံဒရမ္မာက လုံးဝ ေရပန္းစားမွာေပါ့။"

"အဓိကအခ်က္ျဖစ္တဲ့ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုပ္သံဒရမ္မာရဲ႕ အေကာင္းဆုံးအရာက ဒီမွာ မဟုတ္ေသးဘူး။ အဲ့တာက ဒီ႐ုပ္သံဒရမ္မာ ႐ိုက္ကူးတဲ့ပုံစံမ်ိဳးကို ငါတို႔ အရင္က လုံးဝမျမင္ဖူးတာပဲ။ တ႐ုတ္ႏိုင္ငံတစ္ခုလုံးမွာေတာင္ ဒီလို႐ိုက္ကူးေရးနည္းလမ္း မ႐ွိေလာက္ဘူး။ ငါ့အျမင္မွာေတာ့ ဒါ႐ိုက္တာလုပမ္ခိုင္းမွာ ဒီလိုအစြမ္းအစ လုံးဝ မ႐ွိေလာက္ဘူး။ ဘယ္လို လူမသိသူမသိပညာ႐ွင္က ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို ဒီလိုအဆင့္ျမင့္ေအာင္ ႐ိုက္ကူးခဲ့တာလဲ။”

ေက်ာက္ေလြ႕ ေျပာလိုက္ၿပီး နက္နက္နဲနဲ ေတြးလိုက္မိပါသည္။

ယြဲ႕ဟြာ ေဖ်ာ္ေျဖေရးက ႏိုင္ငံေတာ္ထဲ႐ွိ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားထဲတြင္ အေကာင္းဆုံး မဟုတ္ေသးပါ။

ဒီလို ပါရမီ႐ွင္မ်ိဳးကိုေခၚဖို႔က ခက္ခဲလြန္းသည္။ "အဲ့လို မဟုတ္ေလာက္ဘူး။ ႐ုပ္သံဒရမ္မာတစ္ခုအတြက္ ဒီလိုနာမည္ႀကီးသ႐ုပ္ေဆာင္ေတြကို ေခၚထားတာနဲ႔တင္ ပိုက္ဆံေတြ အမ်ားႀကီး ကုန္ေနေလာက္ၿပီ။ အဲ့လိုလူမသိသူမသိပညာ႐ွင္ကို ငွားရမ္းဖို႔ ယြဲ႕ဟြာမွာ ပိုက္ဆံ႐ွိပါ့မလား။"

"မဟုတ္မွလြဲေရာ ယြဲ႕ဟြာက ေဟာလိဝုဒ္ဒါ႐ိုက္တာတစ္ေယာက္ကို ငွားလိုက္တာလား။ သူတို႔ ေဟာလိဝုဒ္႐ိုက္ကူးေရးနည္းလမ္းနဲ႔ စြမ္းရည္ေတြကို သုံးလိုက္တာလား။” ေက်ာက္ေလြ႕က ထိုင္ခုံတစ္ခုတြင္ထိုင္ကာ ဆန္းစစ္ေလ့လာေနသည္။

အခ်ိန္အၾကာႀကီး စဥ္းစားခဲ့ေသာ္လည္း ယြဲ႕ဟြာဘယ္လိုပညာ႐ွင္မ်ိဳး ငွားရမ္းခဲ့သလဲ မေတြးႏိုင္ပါ။

"စီအီးအိုေက်ာက္ ဒီ႐ုပ္သံဒရမ္မာရဲ႕ ႐ိုက္ကူးေရး႐ႈေထာင့္ေတြက အႏုပညာဆန္႐ုံတင္မကဘူး တင္ျပထားတဲ့ ဇာတ္ဝင္ခန္းေတြရဲ႕ ျပဳလုပ္ခ်က္ေတြကလည္း အရမ္းေကာင္းတယ္။ ဒါေပမယ့္ အတည္ေပါက္ ၾကည့္မယ္ဆိုရင္ ဒီ႐ုပ္သံဒရမ္မာရဲ႕ ေနာက္ခံအသံနဲ႔ သီခ်င္းေတြကလည္း အဆင့္အျမင့္ဆုံးမွာ႐ွိတယ္။ ကြၽန္ေတာ္ ဂီတဆရာႀကီးတစ္ေယာက္ကို ဆက္သြယ္ၿပီးၿပီ။ ဂီတဆရာႀကီး ေျပာတာက... ဒီ႐ုပ္သံဒရမ္မာရဲ႕ အသံသြင္းမႈက ႏိုင္ငံေတာ္ထဲမွာ အေကာင္းဆုံးပဲတဲ့။" ဝန္ထမ္းက ေျပာလိုက္ပါသည္။

ဂြၽိဳင္းမီဒီယာထဲက အားလုံး ထိတ္လန္႔သြားၾကပါသည္။

ယြဲ႕ဟြာက ဘယ္လို ပညာ႐ွင္မ်ိဳးကို ငွားရမ္းခဲ့တာလဲ။

အသံသြင္းျခင္း၊ ဓာတ္ပုံမ်ား၊ ေနာက္ခံမ်ား၊ ဂီတမ်ား၊ ဇာတ္ဝင္ေတးမ်ား၊ ႐ိုက္ကူးေရး႐ႈေထာင့္မ်ားႏွင့္ ဒါ႐ိုက္တာစြမ္းရည္အားလုံးမွာ ထိပ္တန္းအဆင့္ ႐ွိေနပါသည္။

သူတို႔ ႏိုင္ငံေတာ္ထဲတြင္ အားအေကာင္းဆုံး ႐ုပ္သံဒရမ္မာကို ႐ိုက္ကူးႏိုင္ခဲ့၏။ ေက်ာက္ေလြ႕ေတာင္ ေလးစားအားက်စြာျဖင့္ သက္ျပင္းခ်လိုက္မိပါသည္။

ဂြၽိဳင္းမီဒီယာက ဒီက႑တြင္ အလြန္ ေကာင္းမြန္ေအာင္ ႀကိဳးစားထားေသာ္လည္း ယြဲ႕ဟြာကို မယွဥ္ႏိုင္ေသးပါ။

ယြဲ႕ဟြာ၏ ႐ုပ္သံဒရမ္မာမ်ားက မဟာဆင့္ကဲ ေျပာင္းလဲမႈႀကီးကို ၾကဳံေတြ႕ခဲ့ရသည္။

႐ွားဝမ္ေခြၽ႕၏ ပါဝင္မႈႏွင့္ သူမ၏ ပထမဆုံး အခ်စ္ေရးဇာတ္ဝင္ခန္းကလည္း နာမည္ႀကီးသြားခဲ့၏။

ယြဲ႕ဟြာ၏ ဒုတိယ ေရပန္းအစားဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ စုေ႐ွာင္းယြီလည္း အဆိုပါဒရမ္မာထဲတြင္ ပါဝင္သည္။

ဒါက နာမည္ေက်ာ္မ်ားစြာ အတူတူပါဝင္ထားေသာ ႐ုပ္သံဒရမ္မာတစ္ကားျဖစ္သည္။

ဝါရင့္သ႐ုပ္ေဆာင္ႀကီးမ်ားတခ်ိဳ႕လည္း ပါဝင္ေသးသည္။ ထိုလူမ်ားပါဝင္မႈက အေပၚယံ ေ႐ႊမႈန္ႀကဲ႐ုံမွ်သာဆိုလွ်င္...

အဓိကဗဟိုခ်က္က လင္းဖန္ ျဖစ္လိမ့္မည္။

"ေဘာ့စ္ေက်ာက္ တျခားျပႆနာေတြကို ကြၽန္ေတာ္တို႔ မေတြ႕ဘူး။ ဒါေပမယ့္ ဒီ႐ုပ္သံဒရမ္မာအတြက္ ဇာတ္ညႇန္းကို လင္းဖန္ေရးထားတာ ဆိုတာကိုေတာ့ အတည္ျပဳလို႔ရပါတယ္။”

"လင္းဖန္ေရးထားတဲ့ ဇာတ္ၫႊန္း... ဇာတ္လမ္းထဲက ပဋိပကၡေတြကစလို႔ အခ်စ္ေရးဇာတ္ဝင္ခန္းေတြအထိ ပုံေဖာ္ထားတာ အရမ္းေကာင္းၿပီး ဇာတ္ေကာင္ေတြကို ကိုင္တြယ္တာလည္း အရမ္းေကာင္းတယ္။"

"လင္းဖန္က တကယ့္ဇာတ္ၫႊန္းေရးဆရာတစ္ဆူပဲ။ အဲ့တာေၾကာင့္ ယြဲ႕ဟြာက လင္းဖန္ကို သူတို႔ရဲ႕ ထိပ္တန္းဇာတ္ၫႊန္းေရးဆရာ ျဖစ္ေစခ်င္တာေပါ့။ ယြဲ႕ဟြာက ဒီလိုပါရမီ႐ွင္မ်ိဳးကို ဦးေအာင္ ဆြဲေခၚလိုက္ၾကတာပဲ။" ဝန္ထမ္းကေျပာလိုက္္ပါသည္။

ေက်ာက္ေလြ႕နာက်င္စြာျဖင့္ မ်က္စိမွိတ္လိုက္သည္။

အားလုံးက လင္းဖန္၏ ဇာတ္ၫႊန္းေၾကာင့္ အစျပဳခဲ့မွန္း သူမသိပါသည္။

လင္းဖန္ပထမဆုံး သူ႕ဇာတ္ၫႊန္းအား ဂြၽိဳင္းမီဒီယာသို႔ လာျပေတာ့ သူမ ပိုက္ဆံသက္သာခ်င္ၿပီး လင္းဖန္က လူသစ္ျဖစ္ေနသည့္အခ်က္ကိုသုံးကာ ေစ်းအလြန္ႏွိမ္ခဲ့သည္။

သို႔ေသာ္လည္း ယြဲ႕ဟြာက ဒီဇာတ္ၫႊန္းအား မိုးထိုးေနေသာေစ်းႏႈန္းျဖစ္သည့္ တစ္ပိုင္းကို ယြမ္ ၄၀၀,၀၀၀ ျဖင့္ ဝယ္လိမ့္မည္ဟု မထင္ခဲ့မိေပ။

ၾကည့္ရသေလာက္ေတာ့ တစ္ပိုင္းကို ယြမ္ ၄၀၀,၀၀၀ ဆိုတာ ေစ်းႀကီးသလား။

လုံးဝ ေစ်းမႀကီးပါ။

ႏိုင္ငံေတာ္တစ္ခုလုံးတြင္ ေရပန္းစားလာမည့္ ထူးျခားသည့္ လက္ရာတစ္ခုမွာ သိန္းခ်ီေသာပမာဏျဖင့္ တိုင္းတာလို႔ရေသာအရာ မဟုတ္ေပ။

လင္းဖန္၏ ဇာတ္ၫႊန္းက အလြန္ေရပန္းစားၿပီး ယြဲ႕ဟြာလက္ေအာက္က နာမည္ေက်ာ္မ်ားကလည္း အလြန္ေရပန္းစားပါသည္။

စီအီးအိုလီ၏ အေျမာ္အျမင္ကလည္း ေျပာင္ေျမာက္လွသည္ဟု ေျပာရမည္။ လင္းဖန္၏ တန္ဖိုးကို နားလည္ၿပီးေနာက္ ခ်က္ခ်င္းတိုက္ခိုက္ခဲ့သည္။

ေက်ာက္ေလြ႕က ဒီအခြင့္အေရးကို ဆုံး႐ႈံးသြားလွ်င္ လင္းဖန္ကို ေခၚဖို႔ လြယ္ကူေတာ့မွာ မဟုတ္မွန္း သိပါသည္။

အမ်ားဆုံး သက္သာႏိုင္ဖို႔ သူမ ဘာလုပ္သင့္သနည္း။

အားလုံး ေက်ာက္ေလြ႕၏ ေနာက္ထပ္အစီအစဥ္ကို ေစာင့္ေနၾကပါသည္။

ေက်ာက္ေလြ႕က အၾကာႀကီးစဥ္းစားလိုက္ၿပီး ေျပာလိုက္ပါသည္။ "စစ္သူႀကီးနဲ႔ကြၽန္မကို လက္ေလွ်ာ့လိုက္ရေအာင္။ အခု စစ္သူႀကီးနဲ႔ကြၽန္မက ဘဝရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ ယွဥ္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။ စစ္သူႀကီးနဲ႔ ကြၽန္မကို ေကာင္းေကာင္း ႐ိုက္ကူးထားတယ္ဆိုေပမယ့္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈနဲ႔ လုံးဝ မယွဥ္ႏိုင္ဘူး။"

"ယြဲ႕ဟြာဘယ္လိုေျပာင္းလဲသြားသလဲ ငါမသိေတာ့ဘူး။ ယြဲ႕ဟြာမွာ ဘယ္လိုဆရာမ်ိဳး ႐ွိေနသလဲဆိုတာလည္း မေျပာႏိုင္ေတာ့ဘူး။ ငါအတည္ျပဳႏိုင္တာကေတာ့ လင္းဖန္ ယြဲ႕ဟြာကို ေရာက္လာကတည္းက ယြဲ႕ဟြာ ေျပာင္းလဲလာတယ္ ဆိုတာပဲ။"

"အဲ့တာေၾကာင့္ ငါတို႔ ကုမၸဏီလည္း အဲ့လိုမ်ိဳး ထူးခြၽန္တဲ့ ဇာတ္ၫႊန္းေရးဆရာမ်ိဳးကို ေခၚဖို႔ လိုအပ္တယ္။ ဘာပဲျဖစ္ျဖစ္ လင္းဖန္က ေနာက္ပိုင္း ဇာတ္ၫႊန္းသစ္တစ္ခု ထပ္ေရးေလာက္ၿပီး ငါတို႔လည္း သူနဲ႔အတူ အလုပ္တြဲလုပ္ဖို႔ အခြင့္အေရး ႐ွိေလာက္ေသးတယ္။ ငါတို႔ တစ္ေခါက္ က်႐ႈံးသြားတာက ဘာမွမျဖစ္ဘူး။ အေရးအႀကီးဆုံးက ဒီက်႐ႈံးမႈအၿပီးမွာ ေအာင္ျမင္ဖို႔ လမ္းစ ထပ္႐ွာဖို႔ပဲ။" ေက်ာက္ေလြ႕က ေျပာလိုက္သည္။

ဝန္ထမ္းက ဆက္ေျပာသည္။ "ေဘာ့စ္ေက်ာက္ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လင္းဖန္ကို နာမည္ဖ်က္ဖို႔ အရင္က ေရပန္းစားအေၾကာင္းအရာေတြကိုေတာင္ ဝယ္ခဲ့တယ္ေလ...။”

ေက်ာက္ေလြ႕က ျပဳံးကာ ေျပာလိုက္သည္။ "အဲ့တာငါ့အျပစ္ပါ။ ငါကိုယ္တိုင္ လင္းဖန္ကို ေတာင္းပန္ၿပီး သူ႕ကို ညစာလိုက္ေကြၽးလိုက္မယ္။ ငါတို႔ကုမၸဏီလက္ေအာက္မွာလည္း နာမည္ေက်ာ္ ေတာ္ေတာ္မ်ားမ်ား ႐ွိပါတယ္။ ငါတို႔လင္းဖန္နဲ႔ ဆက္ၿပီး ၿပိဳင္ေနမယ္ဆိုရင္ အဆင္ေျပမွာ မဟုတ္ဘူး ထင္တယ္။ ငါတို႔ အတူတူ အလုပ္လုပ္မွပဲ အႏိုင္ရႏိုင္မယ္။ ငါေသခ်ာေပါက္ သူ႕ကို နာမည္ဖ်က္မိတဲ့အတြက္ ေတာင္းပန္ရမယ္။”

"တစ္ခ်ိန္တည္းမွာပဲ ငါေတာင္းပန္တာကို ျပသတဲ့အေနနဲ႔ လင္းဖန္ကို ပိုက္ဆံနည္းနည္းေပးလိုက္မယ္။ လင္းဖန္ကို အရင္က အထင္ေသးခဲ့မိတယ္။ လင္းဖန္ ခ်န္းဟုန္ကြမ္ကို တစ္ရက္တည္းနဲ႔ ေခ်မႈန္းလိုက္ကတည္းက ငါသတိထားခဲ့သင့္တာ။ လင္းဖန္က တကယ္ပဲ သာမန္လူ မဟုတ္ဘူးပဲ။"

"ငါ့အျမင္မွာေတာ့ ဇာတ္ၫႊန္းေရးတာျဖစ္ျဖစ္ ဒါ႐ိုက္တာလုပ္တာျဖစ္ျဖစ္ ေနာက္ဆက္တြဲ ထုတ္လုပ္ေရးအပိုင္းမွာပဲျဖစ္ျဖစ္ ၿပီးေတာ့ အသံသြင္းတဲ့အပိုင္းေတြမွာေတာင္ လင္းဖန္နဲ႔ ပတ္သတ္ေနလိမ့္မယ္။"

"စဥ္းစားၾကည့္လိုက္စမ္းပါ။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က ဒီေလာက္ ရင္းႏွီးတာ။ သူက အရမ္းခ်မ္းသာတယ္၊ ဒါေတာင္ အႏုပညာေလာကထဲ ဝင္လာတုန္းပဲ။ ေသခ်ာေပါက္ သူအကုန္သိတယ္။ လင္းဖန္က ႐ွားဝမ္ေခြၽ႕အတြက္ အသန္မာဆုံး အေထာက္အကူပဲ။" ေက်ာက္ေလြ႕က ေျပာလိုက္ပါသည္။

ေက်ာက္ေလြ႕၏ ေလ့လာဆန္းစစ္ခ်က္ကို ၾကားၿပီးေသာအခါ ဂြၽိဳင္းမီဒီယာ၏ ဝန္ထမ္းမ်ားစြာ အံ့ၾသကုန္ၾကပါသည္။

ေဘာ့စ္ေက်ာက္က တကယ္ပဲ ထက္ျမက္သည္။ သူမ ဆန္းစစ္ေလ့လာတာ အလြန္ေကာင္းပါသည္။

ျဖစ္ႏိုင္ေခ်က အလြန္နည္းေသာ္ျငားလည္း ဒီလိုသာဆို အားလုံးအဓိပၸာယ္႐ွိသြားပါမည္။

လင္းဖန္က လူထု၏ ေဝဖန္မႈကို ခံရတာေတာင္ တစ္ခြန္းမဟခဲ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ လင္းဖန္က အစကတည္းက သူတို႔ထက္ ပိုျမင့္ေသာ ေနရာတြင္ ႐ွိေနခဲ့ေသာေၾကာင့္ ျဖစ္ပါသည္။

လင္းဖန္က သူ႕အလုပ္ကို အႂကြင္းမဲ့ ယုံၾကည္ခ်က္ ႐ွိသည္။ သူ႕တြင္ ေျပာင္ေျမာက္ေသာ လက္ရာမ်ား႐ွိေနေသးသေ႐ြ႕ ေကာလဟာလမ်ား ေပ်ာက္ကြယ္သြားပါလိမ့္မည္။

တစ္နည္းအားျဖင့္...

လင္းဖန္၏ အစြမ္းအစက ေသခ်ာေပါက္ အျပင္ပိုင္းမွာ ျမင္ရသေလာက္ပဲမဟုတ္ေပ။

လင္းဖန္၏ ဉာဏ္ထက္ျမက္မႈနဲ႔ အသိပညာေၾကာင့္ ဂြၽိဳင္းမီဒီယာာ၏ စီအီးအို ေက်ာက္ေလြ႕ ထိတ္လန္႔ကာ အထင္ႀကီးသြားမိသည္။

လင္းဖန္လို ပါရမီ႐ွင္စစ္စစ္က တ႐ုတ္ႏိုင္ငံတစ္ခုလုံးမွာေတာင္ ႐ွားပါးပါသည္။

Continue Reading

You'll Also Like

72.4K 4K 67
My first story. Dy njerez te ndryshem por njekohesisht edhe aq te njejt. Dy njerez te cileve jeta i ka sjellur provoja nga me te ndryshmet por a do m...
1.4M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
75.8K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
164K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...