သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-79+80

588 46 0
By Miracle_Phyu97

လင်းဖန် 79+80

အခန်း(၇၉) လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် မြောပါသွားတယ်

ရှုယန်က မြေကြီးပေါ်မှ ရေခဲမုန့်ကို ကြည့်လိုက်ပါသည်။ ထို့နောက် ကောက်လိုက်ပြီး တိတ်ဆိတ်စွာဖြင့် အမှိုက်ပုံးထဲထည့်လိုက်သည်။

ရာသီဥတုက ပူပြင်းသော်လည်း ရှုယန်၏ နှလုံးသားက အေးစက်နေပါသည်။

ဘာလို့ သူ မလုပ်နိုင်တဲ့အရာတိုင်းကို လင်းဖန်က လုပ်နိုင်နေတာလဲ။

ထို့အပြင် သူတို့နှစ်ယောက်က ယှဥ်ပြိုင်နေကြဆဲဖြစ်သည်။

ထိုအချိန်တွင် လင်းကျင်းကျင်းက ရှုယန်ဘေးသို့ လျှောက်လာပြီး သူ့ကို ဓာတ်ဆားရေတစ်ဗူး ပေးလိုက်ပါသည်။ သူမ၏ သာယာသော အသံလေး ထွက်လာာ၏။ "ရေသောက်ဦးမလား။"

"ကျေးဇူးတင်ပါတယ်" ရှုယန်က ခေါင်းငြိမ့်လိုက်ပါသည်။ သူ့ဘေးက လင်းကျင်းကျင်းကို ကြည့်လိုက်ပြီး သူ့ကမ္ဘာကြီးက ထင်သလောက် အထီးမကျန်မှန်း သိလိုက်ရသည်။

"ရှင် ဝမ်းနည်းနေတာလား။ ကျွန်မ သီချင်းဆိုပေးရမလား။" လင်းကျင်းကျင်းက ရှုယန်ဘေးမှာ ထိုင်နေပါသည်။ သူမ ခြေထောက်ကို စုထားပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ရန်ပွဲကို ကြည့်နေပါသည်။

"အင်း" ရှုယန်က ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆို 'Miss you 3000' ဆိုပြမယ်" လင်းကျင်းကျင်းက သီချင်းစဆိုလိုက်ပါသည်။ သူမ၏ သီချင်းဆိုသံက ကောင်းမွန်လှသည်။ ရှုယန်ကလည်း လင်းကျင်းကျင်း၏ သီချင်းဆိုသံကို တိတ်ဆိတ်စွာ နားထောင်နေပါသည်။

"မင်းက အဆို တကယ်ကောင်းတာပဲ။" ရှုယန်ကချီးကျူးလိုက်သည်။

"ကျေးဇူးပါ။ ကျွန်မ အလုပ်သွားလုပ်တော့မယ်နော်။" လင်းကျင်းကျင်းက ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်ပြီး ခပ်သွက်သွက် ပြေးထွက်သွားပါသည်။

"မင်းဘာလုပ်မလို့လဲ" လင်းကျင်းကျင်း ဓာတ်ဆားရေဗူး တစ်ဝက်လောက် သယ်နေတာကို မြင်သောအခါ ရှုယန်က မေးလိုက်ပါသည်။

လင်းကျင်းကျင်းက ခပ်လှမ်းလှမ်းမှ လင်းဖန်ကို လက်ညှိုးထိုးပြလိုက်ပါသည်။ "လင်းဖန်က အရမ်းကြိုးစားပြီး ရိုက်ကူးရေးလုပ်ထားရတာလေ။ သူ့ကို ဓာတ်ဆားရေဗူးတစ်ဝက်လောက် သွားပေးပြီး ရေခဲမုန့်နှစ်ခုလောက် ဝယ်ကျွေးမလို့ လိုက်ခဲ့ဦးမလား။"

ရှုယန်က သူ့လက်ထဲက ဓာတ်ဆားရေဗူးကို ကြည့်လိုက်သည်။ ထို့နောက် လင်းကျင်းကျင်းကို ပြန်ကြည့်ကာ ခေါင်းခါလိုက်ပါသည်။

လင်းကျင်းကျင်း ဓာတ်ဆားရေဗူးတစ်ဝက်လောက် လင်းဖန်ဆီသို့ သယ်သွားတာကိုမြင်ပြီး ရေခဲမုန့်တောင် ဝယ်ကျွေးချင်သည်ဟု ဆိုသဖြင့် နောက်တစ်ဖန် ရှုယန်တစ်ယောက် သူနဲ့ လင်းဖန်တို့အကြားက ခြားနားချက်ကို ခံစားလိုက်ရပါသည်။

လင်းကျင်းကျင်း သူ့ဘေးကို ရောက်လာတော့ သူ့ရှေ့မှာရှိနေတဲ့လူကို တန်ဖိုးထားသင့်သည်ဟူသော စိတ်ကူးယဥ်အတွေးမျိုး ဝင်လာခဲ့၏။

ထို့နောက် သူ့ရှေ့မှာရှိနေတဲ့လူက ဓာတ်ဆားရေဗူးများစွာကို သယ်သွားပြီး လင်းဖန်ဆီသို့ ရောက်သွားပါသည်။

ဒီတစ်ခေါက်တော့ ရှုယန် စိတ်ဓာတ်ပြိုလဲသွားသည်။ ဒီလိုမဖြစ်သင့်ဘူးလေ။

ဒါဆို လင်းကျင်းကျင်းက လမ်းကြုံလို့ သူ့ကို ဓာတ်ဆားရေ ဝင်ပေးသွားတာပေါ့...

သီချင်းဆိုတာကတော့ သူ့ဖာသာသူ ဆိုချင်လို့ဖြစ်မယ်...

ရှုယန်က သူ့ကို သူမ သဘောကျနေသည်ဟု အထင်ပင် မှားယွင်းခဲ့ပါသည်။

အခုတော့ သူ့ရှေ့က လက်တွေ့အမှန်တရားကို မြင်လိုက်ရသဖြင့် လက်တွေ့ဘဝ၏ ရက်စက်မှုကို ရှုယန် နောက်ဆုံးတော့ နားလည်သွားပါသည်။

သူလည်း ရေခဲမုန့်စားချင်ပါသည်။ ဘာကြောင့် လင်းကျင်းကျင်းက သူ့ကိုတော့ ရေခဲမုန့် ဝယ်မကျွေးရတာလဲ။

တစ်ဖက်မှာတော့ ယန်ချင်းက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ရှေ့သို့ ပြေးလာပါသည်။ ယန်ချင်းက အနည်းငယ် စိတ်ဖိစီးနေပါသည်။ ရှားဝမ်ချွေ့က ယွဲ့ဟွာ၏ ဆိုင်းဘုတ်ဖြစ်ပြီး လူများစွာ၏ ရင်ထဲက နတ်သမီးလေး ဖြစ်ပါသည်။

အင်တာနက်ပေါ်မှာ ရှားဝမ်ချွေ့၏ ပရိတ်သတ် ဘယ်လောက်များကြောင်း ပြောနေဖို့ပင် မလိုတော့ပါ။ အနုပညာလောကမှာတောင် လူများစွာက ရှားဝမ်ချွေ့ကို သဘောကျကြပါသည်။

ရှားဝမ်ချွေ့၏ ပုံစံ၊ စိတ်ဓာတ်နဲ့ စရိုက်တို့က အားလုံး သဘောကျချင်စရာပဲဖြစ်သည်။

ထို့အပြင် ရှားဝမ်ချွေ့၏ မိသားစုနောက်ခံကလည်း အလွန်ရိုးရှင်းပါသည်။ သူမက အမြဲလိုလို နှိမ့်ချနေတတ်ပြီး ရိုးရှင်းကာ လှပသည်။ ကိုယ်ပိုင်စည်းမျဥ်းများလည်း ရှိ၏။ အကြင်နာပေးခန်းလည်း တစ်ခါမှ မရိုက်ဖူးသဖြင့် တခြား အမျိုးသား သရုပ်ဆောင်များက သူ့ကို ပိုပြီးသဘောကျသွားကြပါသည်။

"ဝမ်ချွေ့ ငါတို့ ရိုက်ကူးရေးမှာပဲ ရှိသေးတယ်နော်။ အိန္ဒြေကို ထိန်းပါဦး။ ခပ်ခွာခွာနေသင့်ရင် နေရမယ်။ နေ့တိုင်း ပူးကပ်နေလို့ပဲ မရဘူး။" ယန်ချင်းက ခါးသက်သောမျက်နှာဖြင့် ပြောလိုက်ပါသည်။

ဗီဒီယိုတစ်ခု ပျံ့နှံ့သွားလျှင် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေသည်ဟု ဆင်ခြေပေးပြီး ဖြေရှင်းနိုင်သည်။

သို့သော်လည်း ရိုက်ကူးရေးအဖွဲ့သားများက ငတုံး မဟုတ်ပါ။

လူတိုင်းမြင်ကြသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက တကယ်ပဲ ပုံမှန် မဟုတ်ပါ။ "လင်းဖန် နင်ကောပဲ နင့်ရဲ့အချစ်ကို ထုတ်ပြချင်ရင်တောင် အရမ်းလွန်လွန်ကြူးကြူးလုပ်လို့မဖြစ်ဘူး။ မဟုတ်ရင် အားလုံး မျက်နှာပူကုန်မယ်။” ယန်ချင်းကော ပြောလိုက်ပါသည်။ သူမက မန်နေဂျာတစ်ယောက်သာ ဖြစ်သဖြင့် အရမ်းကြမ်းကြမ်းတမ်းတမ်းတော့ မပြောရဲပါ။

ရှားဝမ်ချွေ့က ထိုစကားကို ကြားသောအခါ မျက်နှာနီရဲသွားပြီး လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်သည်။ "ကျွန်မ သူနဲ့ ဘာမှမလုပ်ပါဘူး။ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေတာပါ။" ရှားဝမ်ချွေ့က လင်းဖန်ကို ကာကွယ်ပေးကာ ပြောလိုက်ပါသည်။

"အစ်မယန် ကျွန်တော်တို့ တကယ် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေတာပဲ။ ရာသီဥတု ပူပူပြင်းပြင်းမှာ ကောင်မလေးတစ်ယောက်ကို ထီးမိုးပေးထားတာလည်း သာမန်ပဲကို။ ရေခဲမုန့်စားတာကလည်း ကိုယ်အပူချိန် လျော့နည်းအောင်လို့ပါဗျာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ... ဒါဆိုလည်း အရမ်းမလွန်အောင် သတိထားကြ။ နင်တို့ မထိန်းနိုင်မသိမ်းနိုင်တော့ရင်.... အခန်းထဲ သွားကြ" ယန်ချင်းက သက်ပြင်းချလိုက်သည်။ ဒါသူမ၏ နောက်ဆုံးစကားပဲ ဖြစ်ပါသည်။ သူတို့ နေ့ခင်းကြောင်တောင်ကြီးတော့ ဒီလိုလုပ်လို့မရဘူးမဟုတ်လား။

ယန်ချင်းသည် ထိုစကားပြောပြီးသွားသောအခါ ထွက်သွားခဲ့ပါသည်။

သူမ ဒီမှာဆက်နေလို့မဖြစ်တော့ပါ။ နေ့တိုင်း မျက်နှာပူနေရပါသည်။

အဓိက အချက်က လင်းဖန်၏ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်နေသောကြောင့် ဖြစ်ပါသည်။ သူတို့မှာ ဘာအပြစ်အနာအဆာမှ မရှိသဖြင့် ဘယ်သူမှ မတတ်နိုင်ကြပါ။

နောက်တစ်လဝန်းကျင်ကျော်ကျော်တွင်...။

ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးကို  သာမန်အတိုင်းပဲ ဆောင်ရွက်ခဲ့ပါသည်။ ရိုက်ကူးရေး လုပ်ငန်းစဥ်တစ်ခုလုံးက အလွန်ချောမွေ့လွန်းလှပါသည်။

ဘဝရဲ့ပျော်ရွှင်မှု၏ ဇာတ်လိုက်များက အားလုံးတော်ကြသော သရုပ်ဆောင်များဖြစ်ကြပါသည်။ ထို့အပြင် ဝါရင့်သရုပ်ဆောင်များစွာလည်း ပါသေးသည်။

ဒရမ်မာတစ်ခုလုံး၏ အခြေအနေက ချက်ချင်းဆိုသလိုပဲ မြင့်တက်သွားခဲ့သည်။

လင်းဖန်၏ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်မှု၊ ဇာတ်ညွှန်းအပြည့်အစုံအပြင် လင်းဖန်က လုပမ်ခိုင်းကို အများကြီး ကူညီခဲ့ပါသည််။ ရုပ်သံဒရမ်မာ တစ်ခုလုံးအား အလွန်လျှင်မြန်စွာ ရိုက်ကူးနိုင်ခဲ့ပါသည်။

အလုပ်အများဆုံးက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ဖြစ်ပါသည်။ သူတို့နှစ်ယောက်က "Keep Running" ရသစုံရှိုးကိုလည်း အချိန်ပေး ရိုက်ကူးရပါသေးသည်။

တစ်လကျော်လောက် အချိန်ကြာသောအခါ ဇာတ်ညွှန်းတစ်ဝက်လောက်ကို ရိုက်ကူးပြီးသွားပြီဖြစ်ပါသည်။

ရိုက်ကူးရေးလုပ်ငန်းစဥ်တစ်ခုလုံးက ချွင်းချက်မရှိ ချောမွေ့လွန်းလှပါသည်။ ရက်ပိုင်းအတွင်း ပြီးမြောက်ပါတော့မည်။

ဒီအချိန််တောအတွင်း လုပမ်ခိုင်းက လင်းဖန်ကို လုံးဝ အထင်ကြီးနေမိပါပြီ။

"ဟုတ်ပြီ။ ဒီအပိုင်းတော့ ပြီးသွားပြီ။"

"တစ်လကျော်လောက် ကြာနေပြီ။ ဒါပေမယ့် လင်းဖန်ရဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရိုက်ရဘူး။ သူက အမြဲတမ်းနီးပါး တစ်ခေါက်တည်းနဲ့ ရတယ်။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက... ပြီးပြည့်စုံလွန်းတယ်" လုပမ်ခိုင်းက ပြုံးကာ ပြောလိုက်ပါသည်။

ဝါရင့်သရုပ်ဆောင် ဆရာချန်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ငါလည်း အရင်တုန်းက သရုပ်ဆောင်တွေ အများကြီးနဲ့ အလုပ်လုပ်ဖူးပါတယ်။ လင်းဖန်ရဲ့ သူ့သရုပ်ဆောင်စွမ်းရည်နဲ့ အရှိန်အဝါတွေကို ထိန်းချုပ်နိုင်စွမ်းက အားလုံး သန်မာကြတယ်။ ဒါက လင်းဖန်ရဲ့ ပထမဆုံး ရုပ်သံဒရမ်မာ မဟုတ်လား။ နောက်ထပ် ရှိုးနည်းနည်းလောက် ထပ်ပြီး ရိုက်မယ်ဆိုရင် တိုးတက်မှုက ပိုပြီးတောင် များလာဦးမယ်။ ပြီးတော့ ငါတို့ သရုပ်ဆောင်ဟောင်းတွေကိုပါ ကျော်သွားနိုင်တယ်။”

လင်းဖန်က ထိုစကားကို ကြားသောအခါ ပြုံးပြီး ပြောလိုက်ပါသည်။ "ဆရာချန်နဲ့ ဆရာဝူတို့က ကျွန်တော့် စီနီယာကြီးတွေပါဗျာ။ ဆရာတို့ဆီက သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။”

ထိုစကားကြားသောအခါ ဆရာချန်က ပြုံးလိုက်ပါသည်။ သရုပ်ဆောင်စွမ်းရည်နဲ့ အစွမ်းအစရှိပြီး ကျိုးနွံတတ်သည့် လင်းဖန်လို လူသစ်သရုပ်ဆောင်များက ရှားပါသည်။

အရင်တုန်းက ဆရာချန် လူငယ်သရုပ်ဆောင်များစွာကို အထင်သေးခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလူငယ်သရုပ်ဆောင်များက အနာမခံချင်ကြသောကြောင့်ဖြစ်ပါသည်။ သူတို့ လက်ချောင်းလေး ရှမိတာတောင် အလုပ်ဆက်မလုပ်ချင်ကြတော့ပေ။ သူတို့ စာသားများကို မှတ်သားရာတွင် ၁၂၃၄၅၆၇ အော်နေရ၏။ ရလဒ်အနေဖြင့် နိုင်ငံတော်၏ အနုပညာလောက တစ်ခုလုံးတွင် လက်ရာကောင်းများ မရှိတော့ပါ။ ရုပ်သံဒရမ်မာနဲ့ ဇာတ်ကားများထဲတွင် ထူးခြားသော လက်ရာများက မရှိသလောက် ရှားပါသည်။ ဟောလိဝုဒ်က သူတို့ထက် အများကြီး ကျော်လွန်နေသည်။ လက်ရှိ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပြီး ထိုဝါရင့်သရုပ်ဆောင်များက သက်ပြင်းသာ ချနိုင်ပါတော့သည်။

သို့သော်လည်း အခုတော့ လင်းဖန်ပေါ်လာသဖြင့် ဆရာချန်တစ်ယောက် အနည်းငယ် မျှော်လင့်ချက် ရှိလာပါသည်။

လင်းဖန်လို ပါရမီရှင်မျိုး များများစားစားမရှိပါ။

ဧကန္တ အနာဂတ်မှာ နိုင်ငံတော်တစ်ခုလုံး၏ အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှာ လင်းဖန်လို ပါရမီရှင်တစ်ယောက်အပေါ် လုံးဝ မူတည်လာနိုင်သည်။

အကြာကြီး ရိုက်ကူးပြီးသွားသောအခါ ယွဲ့ဟွာ၏ စီအီးအိုလီက ဒါရိုက်တာ လုပမ်ခိုင်းကို ဆက်သွယ်လာပါသည်။

"အခြေအနေ ဘယ်လိုရှိလဲ။ လင်းဖန်က လူသစ်ဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည်တွေက်လည်း ရင့်ကျက်မှာ မဟုတ်သေးဘူး။ ရိုက်ကူးရေးမှာ သူ ပြဿနာ နည်းနည်း ရှိနိုင်တယ်။ ခင်ဗျားတို့ သူ့ကို ခွင့်လွှတ်လိုက်ပါ။ ဇာတ်ညွှန်းရိုက်ဖို့ ၄ လတောင်ရှိတာပဲ။ အချိန်ယူပါ။" စီအီးအိုလီက ဖုန်းထဲမှ ပြောလိုက်ပါသည်။

လုပမ်ခိုင်းက ခါးသက်စွာ ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။ "စီအီးအိုလီ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကျုပ်တို့ ရိုက်ကူးရေးအဖွဲ့သားအားလုံး အထင်ကြီးနေတာမသိဘူး။ ဝါရင့်သရုပ်ဆောင်ကြီး နှစ်ယောက်တောင် လင်းဖန်ကို ချီးကျူးနေကြတယ်။ ရိုးရိုးသားသားပြောရရင် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကျွန်တော်က လင်းဖန်လောက်တောင် အသုံးမဝင်ဘူးလို့ ခံစားမိတယ်။ ရိုက်ကူးရေးတစ်လျှောက်လုံး လင်းဖန်က မကြာမကြာ ကျွန်တော့်အတွက် ပြဿနာတချို့ကို ထောက်ပြပေးတယ်။ သူ့ရဲ့ ဒါရိုက်တာပညာ နားလည်မှုက ကျွန်တော့်ထက် ပိုနက်ရှိုင်းနေပါသေးတယ်။”

"ရိုက်ကူးရေးကတော့ အဆင်ပြေချောမွေ့နေတယ်။ ဘာမှ ပြန်ရိုက်ဖို့ မလိုသလောက်ပဲ။ ကျွန်တော်တို့ အချိန် ၁ လကျော်ကျော်ပဲ ယူရသေးတာကို ဇာတ်ညွှန်း ၇၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ အစကတော့ အကြာကြီး အချိန်ယူရမယ်လို့ ထင်ထားတာ။ ဒါပေမယ့် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေ အဓိက ကောင်းတာကြောင့်ပါ။ ဟုတ်တာပေါ့ ဒီတစ်ခေါက် သရုပ်ဆောင်တွေကလည်း အရမ်း အားကောင်းကြတယ်လေ။" လုပမ်ခိုင်းက ချီးကျူးလိုက်သည်။

ဖုန်းကိုင်ထားသည့် စီအီးအိုလီက လုပမ်ခိုင်း၏ လင်းဖန်အပေါ် ချီးကျူးစကားကို ကြားသောအခါ သူကြက်သေသေသွာားရပါသည်။

ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့အပြင် လင်းဖန်က သရုပ်ဆောင်စွမ်းရည်လည်း ကောင်းမွန်သည်။ အရေးအကြီးဆုံးက လင်းဖန်မှာ လုပမ်ခိုင်းထက်ပင် ဒါရိုက်တာအသိပညာ ပိုထူးချွန်နေသည်။ ထို့အပြင် ရိုက်ကူးရေး လုပ်ငန်းစဥ်ကလည်း အလွန်မြန်ဆန်လွန်းပါသည်။

စိအီးအိုလီ လုံးဝ ထိတ်လန့်မိပါသည်။

အနုပညာလောကအတွက် လူသစ်ဖြစ်တဲ့ လင်းဖန်မှာ ဒီလို အစွမ်းအစကောင်းတွေရှိနေတာပဲ။

အခန်း(၈၀) သူလုပ်နိုင်ပါတယ်

လုပမ်ခိုင်းက ဆက်ပြီး ချီးကျူးပါသည်။ "စီအီးအိုလီ လင်းဖန်လို ပါရမီရှင်မျိုးကို ဆွဲခေါ်ထားမှ ဖြစ်မယ်နော်။ ဒီဒရမ်မာ ဘဝရဲ့ပျော်ရွှင်မှု တစ်ခုတည်းနဲ့ အင်တာနက်ပေါ်မှာ ပေါ်ပြူလာ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အသက်ရှူမှားလောက်တဲ့ ဇာတ်ကွက်တွေကို ပေါင်းစပ်လိုက်ရင် ပရိတ်သတ်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ လုံလောက်ပါတယ်။"

"ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးက မပြီးသေးပါဘူး။ အဲ့ဒီအချိန် တကယ်ရေပန်းစားလာမယ်ဆိုရင် ပရိတ်သတ်များစွာက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲကို မျှော်ကြလိမ့်မယ်။ ကုမ္ပဏီတွေ အများကြီးကလည်း တိုက်ခိုက်ပြီး လင်းဖန်ကို ဇာတ်ညွှန်းအသစ် ရေးခိုင်းကြလိမ့်မယ်။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။

စီအီးအိုလီက ခေါင်းငြိမ့်လိုက်ပါသည်။ သူ လင်းဖန်၏ အစွမ်းအစကို အထင်သေးခဲ့မိတာ နားလည်သွားပါပြီ။

လင်းဖန်က ဇာတ်ညွှန်းသာ ရေးနိုင်သည်ဟု သူထင်ခဲ့မိသည်။

သို့သော်လည်း ဇာတ်ညွှန်းရေးတာအပြင် လင်းဖန်၏ တခြား အစွမ်းအစများကလည်း အံ့သြဖို့ ကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပါ။

စီအီးအိုလီ ပြုံးလိုက်ပါသည်။ လင်းဖန်လို လူမျိုးသာ အနားမှာရှိနေပါက နိုင်ငံတော်တစ်ခုလုံး၏ ရိုးရာနဲ့ အနုပညာလောကကို အဆင့်မြှင့်တင်နိုင်ပါလိမ့်မည်။

ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားလာပါက စီအီးအိုလီက လင်းဖန် ဇာတ်ညွှန်းများကို ပြန်လည်ရိုက်ကူးဖို့ စျေးမြင့်မြင့်ပေးပြီး ဝယ်ပါဦးမည်။

ဒိလိုသာဆို လက်ရာမြောက် ရုပ်သံဒရမ်မာများ တစ်ခုပြီးတစ်ခု ထွက်လာလိမ့်မည်။

"ဒါရိုက်တာလုဆီက ဒီလိုချီးကျူးခံရတဲ့ သရုပ်ဆောင် များများစားစား မရှိဘူး။ ကြည့်ရတာ လင်းဖန်က တကယ်ပဲ သာမန်မဟုတ်ဘူးထင်တယ်။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။

လုပမ်ခိုင်းက ခေါင်းခါလိုက်ပါသည်။ "စီအီးအိုလီ ကျွန်တော်ဘယ်လိုလူမျိုးလဲ ခင်ဗျားသိပါတယ်။ သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ လူတွေအများကြီး ကျွန်တော်တွေ့ဖူးပါတယ်။ ဒါပေမယ့် လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်မျိုးကိုတော့ အခုမှ ပထမဆုံးတွေ့ဖူးတာပဲ။ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ပဲ မဟုတ်ဘူး၊ သူ့ရဲ့ အကျင့်စရိုက်လည်းပါတယ်။ သူ့အလုပ်ပေါ်ထားတဲ့ စေ့စပ်တိကျချက်ကို မြင်ပြီး ဒီလိုလူမျိုးက တကယ့်ပါရမီရှင်အစစ်ဆိုတာ ကျွန်တော်နားလည်သွားတယ်။ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုပဲ။ ပြီးတော့ ကျွန်တော်တို့ အနုပညာလောကအတွက် မျှော်လင့်ချက်လည်း ဟုတ်တယ်။ အနုပညာလောကထဲမှာ သရုပ်ဆောင်စွမ်းရည်ကောင်းဖို့ပဲ လိုတာမဟုတ်ဘူး။ ပိုအရေးကြီးတာက အကျင့်စရိုက်ပဲ။”

"နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးတာတောင် ဘယ်သူ့ကိုမှ အထင်မကြီးခဲ့ဖူးဘူး။ လင်းဖန်က ပထမဆုံးပါပဲ။" လုပမ်ခိုင်းက ချီးကျူးလိုက်ပါသည်။

သူနဲ့အတူ တစ်လကျော်လောက် အလုပ်တူတူလုပ်ပြီးနောက် လုပမ်ခိုင်းက ဒါရိုက်တာတစ်ယောက်အနေဖြင့် အလွယ်ကူဆုံး အလုပ်ကို လုပ်ခဲ့ရပါသည်။

သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းလွန်းသဖြင့် တစ်ခါလောက် ရိုက်ပြီးတာနဲ့ ဇာတ်ဝင်ခန်းအားလုံးနီးပါးကို လက်ခံနိုင်ပါသည်။

အရင်တုန်းက ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးရာတွင် သရုပ်ဆောင်တချို့က စာသားများကို မမှတ်မိပါက နံပါတ်များအလိုက် ကျက်ရသည်။ တချို့သရုပ်ဆောင်များက လက်ချောင်းကလေး ရှသွားရင်တောင် ဆေးရုံပို့ပေးရပါသည်။ တချို့ ရုပ်ဖြောင့်ဖြောင့် သရုပ်ဆောင်လေးများက ပိုဆိုးပါသည်။ တချို့ နာမည်ကြီး သရုပ်ဆောင်များက လာတောင်မလားဘဲ ရိုက်ကူးရေးအဖွဲ့သားများကိုသာ သူတို့၏ ဇာတ်ဝင်ခန်းများကို ကူညီတည်းဖြတ်ပေးဖို့ ခိုင်းစေပါသည်။ ဒီလို အပြုအမူမျိုးတွေနဲ့ ဘယ်လိုလုပ် ထူးချွန်သည့် လက်ရာများကို ထုတ်လုပ်နိုင်မည်နည်း။

လုပမ်ခိုင်းတစ်ယောက် လင်းဖန်ကို အထင်ကြီးရသည့် အကြောင်းအရင်းမှာ ထိုအခြင်းအရာများကြောင့်လည်း ပါဝင်ပေသည်။

သူတို့အားလုံးက ရုပ်ဖြောင့်ဖြောင့် သရုပ်ဆောင်လေးများ ဖြစ်ကြသည်။ သို့သော်လည်း လင်းဖန်က ထိုနာမည်ကျော် သရုပ်ဆောင်များထက် ပိုတော်ပါသည်။

တစ်ချိန်တည်းမှာပဲ "ဘဝရဲ့ပျော်ရွှင်မှု" သရုပ်ဆောင်များကို ဝေ့ပေါ် ပေါ်တွင် တရားဝင်ကြေညာခဲ့ပါသည်။

ရုပ်သံ ဒရမ်မာ၊ ဘဝရဲ့ပျော်ရွှင်မှု

ဒါရိုက်တာ၊ လုပမ်ခိုင်း

ခေါင်းဆောင်မင်သား/မင်းသမီး၊ လင်းဖန် ၊ ရှားဝမ်ချွေ့

အဓိက သရုပ်ဆောင်များ၊ ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ လင်းရန်ရန်၊ ကောရိယွီ

မူလစာရေးဆရာ၊ လင်းဖန်

တရားဝင်ကြေညာချက် ဝေ့ပေါ် တွင် တက်လာသောအခါ ရေပန်းစားမှုက ချက်ချင်းဆိုသလိုပဲ မြင့်တက်သွားခဲ့ပါသည်။

၁၀,၀၀၀

၁၀၀,၀၀၀

၁သန်း

၂သန်း

၃သန်း

၄သန်း

နေ့တစ်ဝက်အတွင်းမှာပင် ရေပန်းစားမှုက ၄ သန်းအထိ တက်သွားခဲ့သည်။

ပရိတ်သတ်၏ မျှော်လင့်ချက်ကလည်း အလွန်မြင့်မားပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒရမ်မာထဲတွင် ထူးချွန်သည့် သရုပ်ဆောင်များစွာနဲ့ ဝါရင့်သရုပ်ဆောင်များ ပါဝင်နေသောကြောင့်ဖြစ်ပါသည်။

အွန်လိုင်းပေါ်မှာ မရေမတွက်နိုင်သော ကြည့်ရှုသူများစွာရှိပြီး အများစုက ရှားဝမ်ချွေ့၏ ပရိတ်သတ်များ ဖြစ်ကြပါသည်။ ၎င်းတို့က ပို၍ပင် စိတ်လှုပ်ရှားကြပြီး ဝေ့ပေါ် ပေါ်မှာ ရူးသွပ်စွာ ပရိုမိုးရှင်းဆင်းကြပါသည်။

ရှားဝမ်ချွေ့ ရုပ်ရှင်မရိုက်ခဲ့တာ တစ်နှစ်လောက်ရှိနေပါပြီ။

ရှားဝမ်ချွေ့က အချစ်ရေးဇာတ်ဝင်ခန်းမရိုက်တတ်ဘူးဟု ပြောကြသည့် ဆန့်ကျင်ဖက် ပရိသတ်များစွာလည်း ရှိသည်။ ထို့အပြင် ထိုလူများက ရှားဝမ်ချွေ့ ထုတ်ပယ်ခံလိုက်ရသည်ဟူသော ကောလဟာလများပင် လွှင့်ခဲ့ကြသည်။

သို့သော်လည်း ဒီနေ့တော့ ဝေ့ပေါ် မှာ တရားဝင်ကြေညာခဲ့ပါပြီ။

ဘဝရဲ့ပျော်ရွှင်မှုအတွက် ရိုက်ကူးရေးစတင်ပြီ။

ထို့အပြင် ရိုက်ကူးနေတာလည်း တစ်လလောက်ကြာနေပါပြီ။

ဒီဒရမ်မာက ရှားဝမ်ချွေ့အတွက် ၁ နှစ်လောက် အနားယူပြီး ပထမဆုံး ရုပ်ရှင် ဖြစ်ပါသည်။

ရှားဝမ်ချွေ့မှာလည်း ဇာတ်ညွှန်းအတွက် မျှော်လင့်ချက် မြင့်မြင့်မားမား ရှိတာကို ပရိတ်သတ်က သိပါသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ပရိတ်သတ်များက ဒီရှိုးကို ပို၍ပင် သဘောကျလာပါသည်။

ဘဝရဲ့ပျော်ရွှင်မှု တရားဝင်ကြေညာချက်ကြောင့် အင်တာနက် တစ်ခွင်လုံး ပွက်လောရိုက်သွားပါသည်။

ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်ပြီး ဒီဒရမ်မာက သူမ အချစ်ရေးဇာတ်ဝင်ခန်း ပထမဆုံး ရိုက်ကူးမည့် ဒရမ်မာလည်း ဖြစ်တာကြောင့်ဖြစ်ပါသည်။

"အား ချွေ့ချွေ့နောက်ဆုံးတော့ ကြေညာလိုက်ပြီ။ အားလုံးပဲ ကျေးဇူးပြုပြီး ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံ ဒရမ်မာကို အာရုံပိုစိုက်ပေးကြပါ"

"ချွေ့ချွေ့က ခေါင်းဆောင်မင်းသမီးဖြစ်ပြီး အချစ်ရေးဇာတ်ဝင်ခန်းရိုက်တော့မှာ။ သေချာပေါက် ဒီဒရမ်မာကို အဝကြည့်မှာ။ ချွေ့ချွေ့က အရမ်းလှတာပဲ။"

"ရှားဝမ်ချွေ့ ချစ်တယ် ချစ်တယ်။"

"ဝိုး ဒီဒရမ်မာာက သေချာပေါက် ရေပန်းစားလာမှာပဲ။ သေချာပေါက် အဝကြည့်မယ်ကွာ။"

"တစ်နှစ်တောင် ကြာခဲ့ပြီ။ နောက်ဆုံးတော့ ကြည့်စရာ ဒရမ်မာရှိလာပြီပေါ့။ ဘယ်တော့ ထွက်မှာလဲ သိတဲ့လူရှိလား။"

ဝေ့ပေါ် ပေါ်က ဆွေးနွေးမှုများက အစသာ ရှိပါသေးသည်။

ပရိတ်သတ်များထဲက နိုးကြားသည့် အဖွဲ့ဝင်များမှာ တစ်ခုခုကို သတိထားမိသွားကြသည်။

ခေါင်းဆောင်မင်းသမီးက ရှားဝမ်ချွေ့ဖြစ်တာကိုတောာ့ သံသယဖြစ်စရာမလိုပါ။

ရှုယန်က ယွဲ့ဟွာမှာ နံပါတ်တစ် အမျိုးသားသရုပ်ဆောင်ဖြစ်ကြောင်း ပရိတ်သတ်အားလုံး သိကြပါသည်။ ဒရမ်မာများစွာတွင် ရှုယန်က ခေါင်းဆောင်မင်းသား ဖြစ်ပါသည်။

သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှုမှာတော့ ရှုယန်က ခေါင်းဆောင်မင်းသား မဟုတ်ပါ။

ခေါင်းဆောင်မင်းသားက လင်းဖန် တစ်ခါမှ ရုပ်ရှင်မရိုက်ဖူးတဲ့ အနုပညာလောကရဲ့ လူသစ် လင်းဖန် ဖြစ်ပါသည်။

ဒီဒရမ်မာတွင် လင်းဖန် ခေါင်းဆောင်မင်းသားဖြစ်လာသည့် သတင်းက ချက်ချင်းပဲ အင်တာနက်ပေါ်မှာ ပွက်လောရိုက် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။

"လခွမ်း မင်းတို့တွေ သတိထားမိကြလား။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ခေါင်းဆောင်မင်းသားက လင်းဖန်တဲ့။"

"ငါ လင်းဖန်ကို သိတယ်။ သူက အရသာရှိတဲ့ အစားအစာတွေ ချက်ပေးတဲ့ စားသောက်ဆိုင်ပိုင်ရှင်ပဲ။ သူက ရှားဝမ်ချွေ့ရဲ့ အထက်တန်း အခန်းဖော်လည်း ဟုတ်တယ်။ သူအရမ်းချောတာပဲလို့ ကြားမိတယ်။"

"ဒီရှိုးအတွက် ဇာတ်ညွှန်းကိုလည်း လင်းဖန်ပဲ ရေးထားတာပဲ။ မဟုတ်မှလွဲရော ဟင်းချက်ကောင်းတာအပြင် ဇာတ်ညွှန်းပါ ရေးတတ်တာလား။ လခွမ်း အဲ့ဒီလင်းဖန်က အရမ်းတော်တာပဲ။"

"လင်းဖန်ရဲ့ စားသောက်ဆိုင် ဘာလို့ မဖွင့်တာလဲလို့ တွေးနေတာ။ သူက ရုပ်ရှင်သွားရိုက်တာကိုး။ သူတို့ ရိုက်မယ့် အချစ်ရေးဇာတ်ဝင်ခန်းတွေက အရမ်းချိုမြိန်မှာပဲ။ ငါတော့ မျှော်နေပြီ။"

"မတရားလိုက်တာ။ လင်းဖန်က လူသစ်တစ်ယောက် မဟုတ်ဘူးလား။ သူက ဒီဒရမ်မာထဲမှာ ဘာလို့ ခေါင်းဆောင်မင်းသား ဖြစ်လာခွင့် ရှိတာလဲ။ ခေါင်းဆောင်မင်းသားက ရှုယန် ဖြစ်သင့်တာလေ။"

"လင်းဖန်က သူ့သရုပ်ဆောင်စွမ်းရည်နဲ့ ခေါင်းဆောင်မင်းသား ဖြစ်နိုင်ပါ့မလား။ သူ ပေကျင်း ရုပ်ရှင် အကယ်ဒမီက ဘွဲ့ရထားတယ်လို့တော့ မထင်ဘူးနော်။"

တစ်ချိန်တည်းမှာပဲ လင်းဖန်အပေါ် မကောင်းမြင်သည့် ကွန်းမန့်များလည်း အင်တာနက်ပေါ်မှာ ပေါ်လာခဲ့ပါသည်။

အကောင်းမြင်သည့် ကွန်းမန့်များကော အဆိုးမြင်သည့် ကွန်းမန့်များကော ရှိနေသည်။

အဆိုးမြင်သည့် ကွန်းမန့်များက အကောင်းမြင်သည့် ကွန်းမန့်များထက် ပိုများနေပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီဒရမ်မာထဲမှာ အစွမ်းအစရှိသော သရုပ်ဆောင်များစွာရှိနေပါသည်။လင်းဖန်ကလူသစ်သာဖြစ်ပြီး ဒီဒရမ်မာအတွက် လုံးဝ အဆင့်မမှီသည့်ပုံပေါက်နေပါသည်။

ဝေ့ပေါ် ပေါ်တွင် လင်းဖန်ကို သံသယဖြစ်နေကြသူ များစွာရှိပါသည်။။

ဒါက သာမန်သာဖြစ်သည်။ လင်းဖန်ကို မဆိုဦးနဲ့။ ရေပန်းစားသည့် ကောင်လေးတစ်ယောက် ဖြစ်နေရင်တောင် သရုပ်ဆောင်စွမ်းရည် ကောင်းကောင်းမရှိပါက အွန်လိုင်းပေါ်မှာ ဆိုးဆိုးရွားရွား ဝေဖန်ခံရပါလိမ့်မည်။

ယွဲ့ဟွာတွင် ပြိုင်ဘက်များစွာရှိ၏။ ၎င်းတို့၏ ပြိုင်ဘက်များက ဒီအခွင့်အရေးကိုယူပြီး ဘဝရဲ့ပျော်ရွှင်မှုကို တိုက်ခိုက်ကြလိမ့်မည်။ သူတို့ ဒီဒရမ်မာကို မထုတ်လွှင့်နိုင်ခင်မှာပင် အောက်ဆုံးထိ ရောက်အောင် နာမည်ဖျက်ကြလိမ့်မည်။

ဝေ့ပေါ် ပေါ်က ကွန်းမန့်အများစုကို အလျှင်အမြန် မားကတ်တင်း အကောင့်များက ဦးဆောင်သွားကြသည်။

"လင်းဖန်က တကယ်ကြီး ခေါင်းဆောင်မင်းသား လုပ်နိုင်လို့လား။ ဒီရှိုး ပျက်စီးမသွားနိုင်ဘူးလား။"

"လင်းဖန်က ပေကျင်းရုပ်ရှင်တက္ကသိုလ်က ဘွဲ့ရထားတာမှမဟုတ်တာ။ သူ့လို စားသောက်ဆိုင်ပိုင်ရှင်က ဘာလို့ခေါင်းဆောင်မင်းသား လုပ်နိုင်မှာလဲ။"

"ခေါင်းဆောင်မင်းသားကို ပြောင်းရင်ပြောင်း မပြောင်းရင် မကြည့်တော့ဘူး။"

"မင်းတို့ကောင်တွေ နည်းနည်းျလာက် အသိတရားရှိပါဦးလား။ အနည်းဆုံးတော့ ဘာမှမပြောခင် ဒရမ်မာကို အရင်ကြည့်ပါဦးဟ။"

ကွန်းမန့်များ တိုးဝင်လာသောအခါ ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ့်တစ်ခုက မရေမတွက်နိုင်သော ပရိတ်သတ်များစွာကို အကြီးအကျယ် ထိတ်လန့်သွားစေသည်။

ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပို့စ်တွင်... စကားလုံး ၅ လုံးတည်းသာ ရှိပါသည်။

ထိုစကားလုံး ၅ လုံးကြောင့် ပရိတ်သတ်များ၏ သံသယအားလုံး ပျက်ပြယ်သွားရသည်။

"သူလုပ်နိုင်ပါတယ်"

Zawgyi

လင္းဖန္ 79+80

အခန္း(၇၉) လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ ေျမာပါသြားတယ္

႐ႈယန္က ေျမႀကီးေပၚမွ ေရခဲမုန္႔ကို ၾကည့္လိုက္ပါသည္။ ထို႔ေနာက္ ေကာက္လိုက္ၿပီး တိတ္ဆိတ္စြာျဖင့္ အမိႈက္ပုံးထဲထည့္လိုက္သည္။

ရာသီဥတုက ပူျပင္းေသာ္လည္း ႐ႈယန္၏ ႏွလုံးသားက ေအးစက္ေနပါသည္။

ဘာလို႔ သူ မလုပ္ႏိုင္တဲ့အရာတိုင္းကို လင္းဖန္က လုပ္ႏိုင္ေနတာလဲ။

ထို႔အျပင္ သူတို႔ႏွစ္ေယာက္က ယွဥ္ၿပိဳင္ေနၾကဆဲျဖစ္သည္။

ထိုအခ်ိန္တြင္ လင္းက်င္းက်င္းက ႐ႈယန္ေဘးသို႔ ေလွ်ာက္လာၿပီး သူ႕ကို ဓာတ္ဆားေရတစ္ဗူး ေပးလိုက္ပါသည္။ သူမ၏ သာယာေသာ အသံေလး ထြက္လာာ၏။ "ေရေသာက္ဦးမလား။"

"ေက်းဇူးတင္ပါတယ္" ႐ႈယန္က ေခါင္းၿငိမ့္လိုက္ပါသည္။ သူ႕ေဘးက လင္းက်င္းက်င္းကို ၾကည့္လိုက္ၿပီး သူ႕ကမ႓ာႀကီးက ထင္သေလာက္ အထီးမက်န္မွန္း သိလိုက္ရသည္။

"႐ွင္ ဝမ္းနည္းေနတာလား။ ကြၽန္မ သီခ်င္းဆိုေပးရမလား။" လင္းက်င္းက်င္းက ႐ႈယန္ေဘးမွာ ထိုင္ေနပါသည္။ သူမ ေျခေထာက္ကို စုထားၿပီး လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ရန္ပြဲကို ၾကည့္ေနပါသည္။

"အင္း" ႐ႈယန္က ေခါင္းၿငိမ့္လိုက္ပါသည္။

"ဒါဆို 'Miss you 3000' ဆိုျပမယ္" လင္းက်င္းက်င္းက သီခ်င္းစဆိုလိုက္ပါသည္။ သူမ၏ သီခ်င္းဆိုသံက ေကာင္းမြန္လွသည္။ ႐ႈယန္ကလည္း လင္းက်င္းက်င္း၏ သီခ်င္းဆိုသံကို တိတ္ဆိတ္စြာ နားေထာင္ေနပါသည္။

"မင္းက အဆို တကယ္ေကာင္းတာပဲ။" ႐ႈယန္ကခ်ီးက်ဴးလိုက္သည္။

"ေက်းဇူးပါ။ ကြၽန္မ အလုပ္သြားလုပ္ေတာ့မယ္ေနာ္။" လင္းက်င္းက်င္းက ေပ်ာ္႐ႊင္စြာ ေခါင္းၿငိမ့္လိုက္ၿပီး ခပ္သြက္သြက္ ေျပးထြက္သြားပါသည္။

"မင္းဘာလုပ္မလို႔လဲ" လင္းက်င္းက်င္း ဓာတ္ဆားေရဗူး တစ္ဝက္ေလာက္ သယ္ေနတာကို ျမင္ေသာအခါ ႐ႈယန္က ေမးလိုက္ပါသည္။

လင္းက်င္းက်င္းက ခပ္လွမ္းလွမ္းမွ လင္းဖန္ကို လက္ညိႇဳးထိုးျပလိုက္ပါသည္။ "လင္းဖန္က အရမ္းႀကိဳးစားၿပီး ႐ိုက္ကူးေရးလုပ္ထားရတာေလ။ သူ႕ကို ဓာတ္ဆားေရဗူးတစ္ဝက္ေလာက္ သြားေပးၿပီး ေရခဲမုန္႔ႏွစ္ခုေလာက္ ဝယ္ေကြၽးမလို႔ လိုက္ခဲ့ဦးမလား။"

႐ႈယန္က သူ႕လက္ထဲက ဓာတ္ဆားေရဗူးကို ၾကည့္လိုက္သည္။ ထို႔ေနာက္ လင္းက်င္းက်င္းကို ျပန္ၾကည့္ကာ ေခါင္းခါလိုက္ပါသည္။

လင္းက်င္းက်င္း ဓာတ္ဆားေရဗူးတစ္ဝက္ေလာက္ လင္းဖန္ဆီသို႔ သယ္သြားတာကိုျမင္ၿပီး ေရခဲမုန္႔ေတာင္ ဝယ္ေကြၽးခ်င္သည္ဟု ဆိုသျဖင့္ ေနာက္တစ္ဖန္ ႐ႈယန္တစ္ေယာက္ သူနဲ႔ လင္းဖန္တို႔အၾကားက ျခားနားခ်က္ကို ခံစားလိုက္ရပါသည္။

လင္းက်င္းက်င္း သူ႕ေဘးကို ေရာက္လာေတာ့ သူ႕ေ႐ွ႕မွာ႐ွိေနတဲ့လူကို တန္ဖိုးထားသင့္သည္ဟူေသာ စိတ္ကူးယဥ္အေတြးမ်ိဳး ဝင္လာခဲ့၏။

ထို႔ေနာက္ သူ႕ေ႐ွ႕မွာ႐ွိေနတဲ့လူက ဓာတ္ဆားေရဗူးမ်ားစြာကို သယ္သြားၿပီး လင္းဖန္ဆီသို႔ ေရာက္သြားပါသည္။

ဒီတစ္ေခါက္ေတာ့ ႐ႈယန္ စိတ္ဓာတ္ၿပိဳလဲသြားသည္။ ဒီလိုမျဖစ္သင့္ဘူးေလ။

ဒါဆို လင္းက်င္းက်င္းက လမ္းၾကဳံလို႔ သူ႕ကို ဓာတ္ဆားေရ ဝင္ေပးသြားတာေပါ့...

သီခ်င္းဆိုတာကေတာ့ သူ႕ဖာသာသူ ဆိုခ်င္လို႔ျဖစ္မယ္...

႐ႈယန္က သူ႕ကို သူမ သေဘာက်ေနသည္ဟု အထင္ပင္ မွားယြင္းခဲ့ပါသည္။

အခုေတာ့ သူ႕ေ႐ွ႕က လက္ေတြ႕အမွန္တရားကို ျမင္လိုက္ရသျဖင့္ လက္ေတြ႕ဘဝ၏ ရက္စက္မႈကို ႐ႈယန္ ေနာက္ဆုံးေတာ့ နားလည္သြားပါသည္။

သူလည္း ေရခဲမုန္႔စားခ်င္ပါသည္။ ဘာေၾကာင့္ လင္းက်င္းက်င္းက သူ႕ကိုေတာ့ ေရခဲမုန္႔ ဝယ္မေကြၽးရတာလဲ။

တစ္ဖက္မွာေတာ့ ယန္ခ်င္းက လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ေ႐ွ႕သို႔ ေျပးလာပါသည္။ ယန္ခ်င္းက အနည္းငယ္ စိတ္ဖိစီးေနပါသည္။ ႐ွားဝမ္ေခြၽ႕က ယြဲ႕ဟြာ၏ ဆိုင္းဘုတ္ျဖစ္ၿပီး လူမ်ားစြာ၏ ရင္ထဲက နတ္သမီးေလး ျဖစ္ပါသည္။

အင္တာနက္ေပၚမွာ ႐ွားဝမ္ေခြၽ႕၏ ပရိတ္သတ္ ဘယ္ေလာက္မ်ားေၾကာင္း ေျပာေနဖို႔ပင္ မလိုေတာ့ပါ။ အႏုပညာေလာကမွာေတာင္ လူမ်ားစြာက ႐ွားဝမ္ေခြၽ႕ကို သေဘာက်ၾကပါသည္။

႐ွားဝမ္ေခြၽ႕၏ ပုံစံ၊ စိတ္ဓာတ္နဲ႔ စ႐ိုက္တို႔က အားလုံး သေဘာက်ခ်င္စရာပဲျဖစ္သည္။

ထို႔အျပင္ ႐ွားဝမ္ေခြၽ႕၏ မိသားစုေနာက္ခံကလည္း အလြန္႐ိုး႐ွင္းပါသည္။ သူမက အၿမဲလိုလို ႏွိမ့္ခ်ေနတတ္ၿပီး ႐ိုး႐ွင္းကာ လွပသည္။ ကိုယ္ပိုင္စည္းမ်ဥ္းမ်ားလည္း ႐ွိ၏။ အၾကင္နာေပးခန္းလည္း တစ္ခါမွ မ႐ိုက္ဖူးသျဖင့္ တျခား အမ်ိဳးသား သ႐ုပ္ေဆာင္မ်ားက သူ႕ကို ပိုၿပီးသေဘာက်သြားၾကပါသည္။

"ဝမ္ေခြၽ႕ ငါတို႔ ႐ိုက္ကူးေရးမွာပဲ ႐ွိေသးတယ္ေနာ္။ အိေႁႏၵကို ထိန္းပါဦး။ ခပ္ခြာခြာေနသင့္ရင္ ေနရမယ္။ ေန႔တိုင္း ပူးကပ္ေနလို႔ပဲ မရဘူး။" ယန္ခ်င္းက ခါးသက္ေသာမ်က္ႏွာျဖင့္ ေျပာလိုက္ပါသည္။

ဗီဒီယိုတစ္ခု ပ်ံ႕ႏွံ႔သြားလွ်င္ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးေနသည္ဟု ဆင္ေျခေပးၿပီး ေျဖ႐ွင္းႏိုင္သည္။

သို႔ေသာ္လည္း ႐ိုက္ကူးေရးအဖြဲ႕သားမ်ားက ငတုံး မဟုတ္ပါ။

လူတိုင္းျမင္ၾကသည္။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ ဆက္ဆံေရးက တကယ္ပဲ ပုံမွန္ မဟုတ္ပါ။ "လင္းဖန္ နင္ေကာပဲ နင့္ရဲ႕အခ်စ္ကို ထုတ္ျပခ်င္ရင္ေတာင္ အရမ္းလြန္လြန္ၾကဴးၾကဴးလုပ္လို႔မျဖစ္ဘူး။ မဟုတ္ရင္ အားလုံး မ်က္ႏွာပူကုန္မယ္။” ယန္ခ်င္းေကာ ေျပာလိုက္ပါသည္။ သူမက မန္ေနဂ်ာတစ္ေယာက္သာ ျဖစ္သျဖင့္ အရမ္းၾကမ္းၾကမ္းတမ္းတမ္းေတာ့ မေျပာရဲပါ။

႐ွားဝမ္ေခြၽ႕က ထိုစကားကို ၾကားေသာအခါ မ်က္ႏွာနီရဲသြားၿပီး လင္းဖန္ကို စိတ္ဆိုးစြာ ၾကည့္လိုက္သည္။ "ကြၽန္မ သူနဲ႔ ဘာမွမလုပ္ပါဘူး။ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးေနတာပါ။" ႐ွားဝမ္ေခြၽ႕က လင္းဖန္ကို ကာကြယ္ေပးကာ ေျပာလိုက္ပါသည္။

"အစ္မယန္ ကြၽန္ေတာ္တို႔ တကယ္ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးေနတာပဲ။ ရာသီဥတု ပူပူျပင္းျပင္းမွာ ေကာင္မေလးတစ္ေယာက္ကို ထီးမိုးေပးထားတာလည္း သာမန္ပဲကို။ ေရခဲမုန္႔စားတာကလည္း ကိုယ္အပူခ်ိန္ ေလ်ာ့နည္းေအာင္လို႔ပါဗ်ာ။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

"ဟုတ္ပါၿပီ... ဒါဆိုလည္း အရမ္းမလြန္ေအာင္ သတိထားၾက။ နင္တို႔ မထိန္းႏိုင္မသိမ္းႏိုင္ေတာ့ရင္.... အခန္းထဲ သြားၾက" ယန္ခ်င္းက သက္ျပင္းခ်လိုက္သည္။ ဒါသူမ၏ ေနာက္ဆုံးစကားပဲ ျဖစ္ပါသည္။ သူတို႔ ေန႔ခင္းေၾကာင္ေတာင္ႀကီးေတာ့ ဒီလိုလုပ္လို႔မရဘူးမဟုတ္လား။

ယန္ခ်င္းသည္ ထိုစကားေျပာၿပီးသြားေသာအခါ ထြက္သြားခဲ့ပါသည္။

သူမ ဒီမွာဆက္ေနလို႔မျဖစ္ေတာ့ပါ။ ေန႔တိုင္း မ်က္ႏွာပူေနရပါသည္။

အဓိက အခ်က္က လင္းဖန္၏ ႐ွားဝမ္ေခြၽ႕တို႔၏ သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းလြန္ေနေသာေၾကာင့္ ျဖစ္ပါသည္။ သူတို႔မွာ ဘာအျပစ္အနာအဆာမွ မ႐ွိသျဖင့္ ဘယ္သူမွ မတတ္ႏိုင္ၾကပါ။

ေနာက္တစ္လဝန္းက်င္ေက်ာ္ေက်ာ္တြင္...။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ိုက္ကူးေရးကို  သာမန္အတိုင္းပဲ ေဆာင္႐ြက္ခဲ့ပါသည္။ ႐ိုက္ကူးေရး လုပ္ငန္းစဥ္တစ္ခုလုံးက အလြန္ေခ်ာေမြ႕လြန္းလွပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ၏ ဇာတ္လိုက္မ်ားက အားလုံးေတာ္ၾကေသာ သ႐ုပ္ေဆာင္မ်ားျဖစ္ၾကပါသည္။ ထို႔အျပင္ ဝါရင့္သ႐ုပ္ေဆာင္မ်ားစြာလည္း ပါေသးသည္။

ဒရမ္မာတစ္ခုလုံး၏ အေျခအေနက ခ်က္ခ်င္းဆိုသလိုပဲ ျမင့္တက္သြားခဲ့သည္။

လင္းဖန္၏ ႐ွားဝမ္ေခြၽ႕တို႔၏ သ႐ုပ္ေဆာင္မႈ၊ ဇာတ္ၫႊန္းအျပည့္အစုံအျပင္ လင္းဖန္က လုပမ္ခိုင္းကို အမ်ားႀကီး ကူညီခဲ့ပါသည္္။ ႐ုပ္သံဒရမ္မာ တစ္ခုလုံးအား အလြန္လွ်င္ျမန္စြာ ႐ိုက္ကူးႏိုင္ခဲ့ပါသည္။

အလုပ္အမ်ားဆုံးက ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ျဖစ္ပါသည္။ သူတို႔ႏွစ္ေယာက္က "Keep Running" ရသစုံ႐ိႈးကိုလည္း အခ်ိန္ေပး ႐ိုက္ကူးရပါေသးသည္။

တစ္လေက်ာ္ေလာက္ အခ်ိန္ၾကာေသာအခါ ဇာတ္ၫႊန္းတစ္ဝက္ေလာက္ကို ႐ိုက္ကူးၿပီးသြားၿပီျဖစ္ပါသည္။

႐ိုက္ကူးေရးလုပ္ငန္းစဥ္တစ္ခုလုံးက ခြၽင္းခ်က္မ႐ွိ ေခ်ာေမြ႕လြန္းလွပါသည္။ ရက္ပိုင္းအတြင္း ၿပီးေျမာက္ပါေတာ့မည္။

ဒီအခ်ိန္္ေတာအတြင္း လုပမ္ခိုင္းက လင္းဖန္ကို လုံးဝ အထင္ႀကီးေနမိပါၿပီ။

"ဟုတ္ၿပီ။ ဒီအပိုင္းေတာ့ ၿပီးသြားၿပီ။"

"တစ္လေက်ာ္ေလာက္ ၾကာေနၿပီ။ ဒါေပမယ့္ လင္းဖန္ရဲ႕ ဇာတ္ဝင္ခန္းေတြကို ဘယ္ေတာ့မွ ႏွစ္ခါျပန္မ႐ိုက္ရဘူး။ သူက အၿမဲတမ္းနီးပါး တစ္ေခါက္တည္းနဲ႔ ရတယ္။ သူ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြက... ၿပီးျပည့္စုံလြန္းတယ္" လုပမ္ခိုင္းက ျပဳံးကာ ေျပာလိုက္ပါသည္။

ဝါရင့္သ႐ုပ္ေဆာင္ ဆရာခ်န္က ေခါင္းၿငိမ့္ကာ ေျပာလိုက္ပါသည္။ "ငါလည္း အရင္တုန္းက သ႐ုပ္ေဆာင္ေတြ အမ်ားႀကီးနဲ႔ အလုပ္လုပ္ဖူးပါတယ္။ လင္းဖန္ရဲ႕ သူ႕သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ အ႐ွိန္အဝါေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းက အားလုံး သန္မာၾကတယ္။ ဒါက လင္းဖန္ရဲ႕ ပထမဆုံး ႐ုပ္သံဒရမ္မာ မဟုတ္လား။ ေနာက္ထပ္ ႐ိႈးနည္းနည္းေလာက္ ထပ္ၿပီး ႐ိုက္မယ္ဆိုရင္ တိုးတက္မႈက ပိုၿပီးေတာင္ မ်ားလာဦးမယ္။ ၿပီးေတာ့ ငါတို႔ သ႐ုပ္ေဆာင္ေဟာင္းေတြကိုပါ ေက်ာ္သြားႏိုင္တယ္။”

လင္းဖန္က ထိုစကားကို ၾကားေသာအခါ ျပဳံးၿပီး ေျပာလိုက္ပါသည္။ "ဆရာခ်န္နဲ႔ ဆရာဝူတို႔က ကြၽန္ေတာ့္ စီနီယာႀကီးေတြပါဗ်ာ။ ဆရာတို႔ဆီက သင္ယူစရာေတြ အမ်ားႀကီး ႐ွိပါေသးတယ္။”

ထိုစကားၾကားေသာအခါ ဆရာခ်န္က ျပဳံးလိုက္ပါသည္။ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ အစြမ္းအစ႐ွိၿပီး က်ိဳးႏြံတတ္သည့္ လင္းဖန္လို လူသစ္သ႐ုပ္ေဆာင္မ်ားက ႐ွားပါသည္။

အရင္တုန္းက ဆရာခ်န္ လူငယ္သ႐ုပ္ေဆာင္မ်ားစြာကို အထင္ေသးခဲ့ပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ထိုလူငယ္သ႐ုပ္ေဆာင္မ်ားက အနာမခံခ်င္ၾကေသာေၾကာင့္ျဖစ္ပါသည္။ သူတို႔ လက္ေခ်ာင္းေလး ႐ွမိတာေတာင္ အလုပ္ဆက္မလုပ္ခ်င္ၾကေတာ့ေပ။ သူတို႔ စာသားမ်ားကို မွတ္သားရာတြင္ ၁၂၃၄၅၆၇ ေအာ္ေနရ၏။ ရလဒ္အေနျဖင့္ ႏိုင္ငံေတာ္၏ အႏုပညာေလာက တစ္ခုလုံးတြင္ လက္ရာေကာင္းမ်ား မ႐ွိေတာ့ပါ။ ႐ုပ္သံဒရမ္မာနဲ႔ ဇာတ္ကားမ်ားထဲတြင္ ထူးျခားေသာ လက္ရာမ်ားက မ႐ွိသေလာက္ ႐ွားပါသည္။ ေဟာလိဝုဒ္က သူတို႔ထက္ အမ်ားႀကီး ေက်ာ္လြန္ေနသည္။ လက္႐ွိ ႏိုင္ငံေတာ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈကိုၾကည့္ၿပီး ထိုဝါရင့္သ႐ုပ္ေဆာင္မ်ားက သက္ျပင္းသာ ခ်ႏိုင္ပါေတာ့သည္။

သို႔ေသာ္လည္း အခုေတာ့ လင္းဖန္ေပၚလာသျဖင့္ ဆရာခ်န္တစ္ေယာက္ အနည္းငယ္ ေမွ်ာ္လင့္ခ်က္ ႐ွိလာပါသည္။

လင္းဖန္လို ပါရမီ႐ွင္မ်ိဳး မ်ားမ်ားစားစားမ႐ွိပါ။

ဧကႏၲ အနာဂတ္မွာ ႏိုင္ငံေတာ္တစ္ခုလုံး၏ အႏုပညာလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္မႈမွာ လင္းဖန္လို ပါရမီ႐ွင္တစ္ေယာက္အေပၚ လုံးဝ မူတည္လာႏိုင္သည္။

အၾကာႀကီး ႐ိုက္ကူးၿပီးသြားေသာအခါ ယြဲ႕ဟြာ၏ စီအီးအိုလီက ဒါ႐ိုက္တာ လုပမ္ခိုင္းကို ဆက္သြယ္လာပါသည္။

"အေျခအေန ဘယ္လို႐ွိလဲ။ လင္းဖန္က လူသစ္ျဖစ္ၿပီး သူ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြက္လည္း ရင့္က်က္မွာ မဟုတ္ေသးဘူး။ ႐ိုက္ကူးေရးမွာ သူ ျပႆနာ နည္းနည္း ႐ွိႏိုင္တယ္။ ခင္ဗ်ားတို႔ သူ႕ကို ခြင့္လႊတ္လိုက္ပါ။ ဇာတ္ၫႊန္း႐ိုက္ဖို႔ ၄ လေတာင္႐ွိတာပဲ။ အခ်ိန္ယူပါ။" စီအီးအိုလီက ဖုန္းထဲမွ ေျပာလိုက္ပါသည္။

လုပမ္ခိုင္းက ခါးသက္စြာ ရယ္ေမာလိုက္ၿပီး ေခါင္းခါလိုက္သည္။ "စီအီးအိုလီ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို က်ဳပ္တို႔ ႐ိုက္ကူးေရးအဖြဲ႕သားအားလုံး အထင္ႀကီးေနတာမသိဘူး။ ဝါရင့္သ႐ုပ္ေဆာင္ႀကီး ႏွစ္ေယာက္ေတာင္ လင္းဖန္ကို ခ်ီးက်ဴးေနၾကတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္ၿပီး ကြၽန္ေတာ္က လင္းဖန္ေလာက္ေတာင္ အသုံးမဝင္ဘူးလို႔ ခံစားမိတယ္။ ႐ိုက္ကူးေရးတစ္ေလွ်ာက္လုံး လင္းဖန္က မၾကာမၾကာ ကြၽန္ေတာ့္အတြက္ ျပႆနာတခ်ိဳ႕ကို ေထာက္ျပေပးတယ္။ သူ႕ရဲ႕ ဒါ႐ိုက္တာပညာ နားလည္မႈက ကြၽန္ေတာ့္ထက္ ပိုနက္႐ိႈင္းေနပါေသးတယ္။”

"႐ိုက္ကူးေရးကေတာ့ အဆင္ေျပေခ်ာေမြ႕ေနတယ္။ ဘာမွ ျပန္႐ိုက္ဖို႔ မလိုသေလာက္ပဲ။ ကြၽန္ေတာ္တို႔ အခ်ိန္ ၁ လေက်ာ္ေက်ာ္ပဲ ယူရေသးတာကို ဇာတ္ၫႊန္း ၇၀ ရာခိုင္ႏႈန္းေလာက္ ၿပီးေနၿပီ။ အစကေတာ့ အၾကာႀကီး အခ်ိန္ယူရမယ္လို႔ ထင္ထားတာ။ ဒါေပမယ့္ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြ အဓိက ေကာင္းတာေၾကာင့္ပါ။ ဟုတ္တာေပါ့ ဒီတစ္ေခါက္ သ႐ုပ္ေဆာင္ေတြကလည္း အရမ္း အားေကာင္းၾကတယ္ေလ။" လုပမ္ခိုင္းက ခ်ီးက်ဴးလိုက္သည္။

ဖုန္းကိုင္ထားသည့္ စီအီးအိုလီက လုပမ္ခိုင္း၏ လင္းဖန္အေပၚ ခ်ီးက်ဴးစကားကို ၾကားေသာအခါ သူၾကက္ေသေသသြာားရပါသည္။

ဒါ... ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။

ဇာတ္ၫႊန္းေရးဆရာျဖစ္တဲ့အျပင္ လင္းဖန္က သ႐ုပ္ေဆာင္စြမ္းရည္လည္း ေကာင္းမြန္သည္။ အေရးအႀကီးဆုံးက လင္းဖန္မွာ လုပမ္ခိုင္းထက္ပင္ ဒါ႐ိုက္တာအသိပညာ ပိုထူးခြၽန္ေနသည္။ ထို႔အျပင္ ႐ိုက္ကူးေရး လုပ္ငန္းစဥ္ကလည္း အလြန္ျမန္ဆန္လြန္းပါသည္။

စိအီးအိုလီ လုံးဝ ထိတ္လန္႔မိပါသည္။

အႏုပညာေလာကအတြက္ လူသစ္ျဖစ္တဲ့ လင္းဖန္မွာ ဒီလို အစြမ္းအစေကာင္းေတြ႐ွိေနတာပဲ။

အခန္း(၈၀) သူလုပ္ႏိုင္ပါတယ္

လုပမ္ခိုင္းက ဆက္ၿပီး ခ်ီးက်ဴးပါသည္။ "စီအီးအိုလီ လင္းဖန္လို ပါရမီ႐ွင္မ်ိဳးကို ဆြဲေခၚထားမွ ျဖစ္မယ္ေနာ္။ ဒီဒရမ္မာ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ တစ္ခုတည္းနဲ႔ အင္တာနက္ေပၚမွာ ေပၚျပဴလာ ျဖစ္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ေတြကလည္း နာမည္ေက်ာ္ေတြပဲ။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ ထူးခြၽန္တဲ့ သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ အသက္႐ွဴမွားေလာက္တဲ့ ဇာတ္ကြက္ေတြကို ေပါင္းစပ္လိုက္ရင္ ပရိတ္သတ္ရဲ႕ အာ႐ုံစိုက္မႈကို ဆြဲေဆာင္ႏိုင္ဖို႔ လုံေလာက္ပါတယ္။"

"ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ိုက္ကူးေရးက မၿပီးေသးပါဘူး။ အဲ့ဒီအခ်ိန္ တကယ္ေရပန္းစားလာမယ္ဆိုရင္ ပရိတ္သတ္မ်ားစြာက ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဒုတိယတြဲကို ေမွ်ာ္ၾကလိမ့္မယ္။ ကုမၸဏီေတြ အမ်ားႀကီးကလည္း တိုက္ခိုက္ၿပီး လင္းဖန္ကို ဇာတ္ၫႊန္းအသစ္ ေရးခိုင္းၾကလိမ့္မယ္။" လုပမ္ခိုင္းက ေျပာလိုက္ပါသည္။

စီအီးအိုလီက ေခါင္းၿငိမ့္လိုက္ပါသည္။ သူ လင္းဖန္၏ အစြမ္းအစကို အထင္ေသးခဲ့မိတာ နားလည္သြားပါၿပီ။

လင္းဖန္က ဇာတ္ၫႊန္းသာ ေရးႏိုင္သည္ဟု သူထင္ခဲ့မိသည္။

သို႔ေသာ္လည္း ဇာတ္ၫႊန္းေရးတာအျပင္ လင္းဖန္၏ တျခား အစြမ္းအစမ်ားကလည္း အံ့ၾသဖို႔ ေကာင္းလိမ့္မည္ဟု ထင္မထားခဲ့ပါ။

စီအီးအိုလီ ျပဳံးလိုက္ပါသည္။ လင္းဖန္လို လူမ်ိဳးသာ အနားမွာ႐ွိေနပါက ႏိုင္ငံေတာ္တစ္ခုလုံး၏ ႐ိုးရာနဲ႔ အႏုပညာေလာကကို အဆင့္ျမႇင့္တင္ႏိုင္ပါလိမ့္မည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ေရပန္းစားလာပါက စီအီးအိုလီက လင္းဖန္ ဇာတ္ၫႊန္းမ်ားကို ျပန္လည္႐ိုက္ကူးဖို႔ ေစ်းျမင့္ျမင့္ေပးၿပီး ဝယ္ပါဦးမည္။

ဒိလိုသာဆို လက္ရာေျမာက္ ႐ုပ္သံဒရမ္မာမ်ား တစ္ခုၿပီးတစ္ခု ထြက္လာလိမ့္မည္။

"ဒါ႐ိုက္တာလုဆီက ဒီလိုခ်ီးက်ဴးခံရတဲ့ သ႐ုပ္ေဆာင္ မ်ားမ်ားစားစား မ႐ွိဘူး။ ၾကည့္ရတာ လင္းဖန္က တကယ္ပဲ သာမန္မဟုတ္ဘူးထင္တယ္။" စီအီးအိုလီက ျပဳံးကာ ေျပာလိုက္ပါသည္။

လုပမ္ခိုင္းက ေခါင္းခါလိုက္ပါသည္။ "စီအီးအိုလီ ကြၽန္ေတာ္ဘယ္လိုလူမ်ိဳးလဲ ခင္ဗ်ားသိပါတယ္။ သ႐ုပ္ေဆာင္စြမ္းရည္ေကာင္းတဲ့ လူေတြအမ်ားႀကီး ကြၽန္ေတာ္ေတြ႕ဖူးပါတယ္။ ဒါေပမယ့္ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္မ်ိဳးကိုေတာ့ အခုမွ ပထမဆုံးေတြ႕ဖူးတာပဲ။ သူ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ပဲ မဟုတ္ဘူး၊ သူ႕ရဲ႕ အက်င့္စ႐ိုက္လည္းပါတယ္။ သူ႕အလုပ္ေပၚထားတဲ့ ေစ့စပ္တိက်ခ်က္ကို ျမင္ၿပီး ဒီလိုလူမ်ိဳးက တကယ့္ပါရမီ႐ွင္အစစ္ဆိုတာ ကြၽန္ေတာ္နားလည္သြားတယ္။ ႏိုင္ငံေတာ္ရဲ႕ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္တစ္ခုပဲ။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ အႏုပညာေလာကအတြက္ ေမွ်ာ္လင့္ခ်က္လည္း ဟုတ္တယ္။ အႏုပညာေလာကထဲမွာ သ႐ုပ္ေဆာင္စြမ္းရည္ေကာင္းဖို႔ပဲ လိုတာမဟုတ္ဘူး။ ပိုအေရးႀကီးတာက အက်င့္စ႐ိုက္ပဲ။”

"ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္ၿပီးတာေတာင္ ဘယ္သူ႕ကိုမွ အထင္မႀကီးခဲ့ဖူးဘူး။ လင္းဖန္က ပထမဆုံးပါပဲ။" လုပမ္ခိုင္းက ခ်ီးက်ဴးလိုက္ပါသည္။

သူနဲ႔အတူ တစ္လေက်ာ္ေလာက္ အလုပ္တူတူလုပ္ၿပီးေနာက္ လုပမ္ခိုင္းက ဒါ႐ိုက္တာတစ္ေယာက္အေနျဖင့္ အလြယ္ကူဆုံး အလုပ္ကို လုပ္ခဲ့ရပါသည္။

သ႐ုပ္ေဆာင္မ်ား၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ေကာင္းလြန္းသျဖင့္ တစ္ခါေလာက္ ႐ိုက္ၿပီးတာနဲ႔ ဇာတ္ဝင္ခန္းအားလုံးနီးပါးကို လက္ခံႏိုင္ပါသည္။

အရင္တုန္းက ႐ုပ္သံဒရမ္မာတစ္ခုကို ႐ိုက္ကူးရာတြင္ သ႐ုပ္ေဆာင္တခ်ိဳ႕က စာသားမ်ားကို မမွတ္မိပါက နံပါတ္မ်ားအလိုက္ က်က္ရသည္။ တခ်ိဳ႕သ႐ုပ္ေဆာင္မ်ားက လက္ေခ်ာင္းကေလး ႐ွသြားရင္ေတာင္ ေဆး႐ုံပို႔ေပးရပါသည္။ တခ်ိဳ႕ ႐ုပ္ေျဖာင့္ေျဖာင့္ သ႐ုပ္ေဆာင္ေလးမ်ားက ပိုဆိုးပါသည္။ တခ်ိဳ႕ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ားက လာေတာင္မလားဘဲ ႐ိုက္ကူးေရးအဖြဲ႕သားမ်ားကိုသာ သူတို႔၏ ဇာတ္ဝင္ခန္းမ်ားကို ကူညီတည္းျဖတ္ေပးဖို႔ ခိုင္းေစပါသည္။ ဒီလို အျပဳအမူမ်ိဳးေတြနဲ႔ ဘယ္လိုလုပ္ ထူးခြၽန္သည့္ လက္ရာမ်ားကို ထုတ္လုပ္ႏိုင္မည္နည္း။

လုပမ္ခိုင္းတစ္ေယာက္ လင္းဖန္ကို အထင္ႀကီးရသည့္ အေၾကာင္းအရင္းမွာ ထိုအျခင္းအရာမ်ားေၾကာင့္လည္း ပါဝင္ေပသည္။

သူတို႔အားလုံးက ႐ုပ္ေျဖာင့္ေျဖာင့္ သ႐ုပ္ေဆာင္ေလးမ်ား ျဖစ္ၾကသည္။ သို႔ေသာ္လည္း လင္းဖန္က ထိုနာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားထက္ ပိုေတာ္ပါသည္။

တစ္ခ်ိန္တည္းမွာပဲ "ဘဝရဲ႕ေပ်ာ္႐ႊင္မႈ" သ႐ုပ္ေဆာင္မ်ားကို ေဝ့ေပၚ ေပၚတြင္ တရားဝင္ေၾကညာခဲ့ပါသည္။

႐ုပ္သံ ဒရမ္မာ၊ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ

ဒါ႐ိုက္တာ၊ လုပမ္ခိုင္း

ေခါင္းေဆာင္မင္သား/မင္းသမီး၊ လင္းဖန္ ၊ ႐ွားဝမ္ေခြၽ႕

အဓိက သ႐ုပ္ေဆာင္မ်ား၊ ႐ႈယန္၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္း၊ လင္းရန္ရန္၊ ေကာရိယြီ

မူလစာေရးဆရာ၊ လင္းဖန္

တရားဝင္ေၾကညာခ်က္ ေဝ့ေပၚ တြင္ တက္လာေသာအခါ ေရပန္းစားမႈက ခ်က္ခ်င္းဆိုသလိုပဲ ျမင့္တက္သြားခဲ့ပါသည္။

၁၀,၀၀၀

၁၀၀,၀၀၀

၁သန္း

၂သန္း

၃သန္း

၄သန္း

ေန႔တစ္ဝက္အတြင္းမွာပင္ ေရပန္းစားမႈက ၄ သန္းအထိ တက္သြားခဲ့သည္။

ပရိတ္သတ္၏ ေမွ်ာ္လင့္ခ်က္ကလည္း အလြန္ျမင့္မားပါသည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ဒရမ္မာထဲတြင္ ထူးခြၽန္သည့္ သ႐ုပ္ေဆာင္မ်ားစြာနဲ႔ ဝါရင့္သ႐ုပ္ေဆာင္မ်ား ပါဝင္ေနေသာေၾကာင့္ျဖစ္ပါသည္။

အြန္လိုင္းေပၚမွာ မေရမတြက္ႏိုင္ေသာ ၾကည့္႐ႈသူမ်ားစြာ႐ွိၿပီး အမ်ားစုက ႐ွားဝမ္ေခြၽ႕၏ ပရိတ္သတ္မ်ား ျဖစ္ၾကပါသည္။ ၎တို႔က ပို၍ပင္ စိတ္လႈပ္႐ွားၾကၿပီး ေဝ့ေပၚ ေပၚမွာ ႐ူးသြပ္စြာ ပ႐ိုမိုး႐ွင္းဆင္းၾကပါသည္။

႐ွားဝမ္ေခြၽ႕ ႐ုပ္႐ွင္မ႐ိုက္ခဲ့တာ တစ္ႏွစ္ေလာက္႐ွိေနပါၿပီ။

႐ွားဝမ္ေခြၽ႕က အခ်စ္ေရးဇာတ္ဝင္ခန္းမ႐ိုက္တတ္ဘူးဟု ေျပာၾကသည့္ ဆန္႔က်င္ဖက္ ပရိသတ္မ်ားစြာလည္း ႐ွိသည္။ ထို႔အျပင္ ထိုလူမ်ားက ႐ွားဝမ္ေခြၽ႕ ထုတ္ပယ္ခံလိုက္ရသည္ဟူေသာ ေကာလဟာလမ်ားပင္ လႊင့္ခဲ့ၾကသည္။

သို႔ေသာ္လည္း ဒီေန႔ေတာ့ ေဝ့ေပၚ မွာ တရားဝင္ေၾကညာခဲ့ပါၿပီ။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈအတြက္ ႐ိုက္ကူးေရးစတင္ၿပီ။

ထို႔အျပင္ ႐ိုက္ကူးေနတာလည္း တစ္လေလာက္ၾကာေနပါၿပီ။

ဒီဒရမ္မာက ႐ွားဝမ္ေခြၽ႕အတြက္ ၁ ႏွစ္ေလာက္ အနားယူၿပီး ပထမဆုံး ႐ုပ္႐ွင္ ျဖစ္ပါသည္။

႐ွားဝမ္ေခြၽ႕မွာလည္း ဇာတ္ၫႊန္းအတြက္ ေမွ်ာ္လင့္ခ်က္ ျမင့္ျမင့္မားမား ႐ွိတာကို ပရိတ္သတ္က သိပါသည္။ ထို႔ေၾကာင့္ မေရမတြက္ႏိုင္ေသာ ပရိတ္သတ္မ်ားက ဒီ႐ိႈးကို ပို၍ပင္ သေဘာက်လာပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ တရားဝင္ေၾကညာခ်က္ေၾကာင့္ အင္တာနက္ တစ္ခြင္လုံး ပြက္ေလာ႐ိုက္သြားပါသည္။

ေခါင္းေဆာင္မင္းသမီးက ႐ွားဝမ္ေခြၽ႕ျဖစ္ၿပီး ဒီဒရမ္မာက သူမ အခ်စ္ေရးဇာတ္ဝင္ခန္း ပထမဆုံး ႐ိုက္ကူးမည့္ ဒရမ္မာလည္း ျဖစ္တာေၾကာင့္ျဖစ္ပါသည္။

"အား ေခြၽ႕ေခြၽ႕ေနာက္ဆုံးေတာ့ ေၾကညာလိုက္ၿပီ။ အားလုံးပဲ ေက်းဇူးျပဳၿပီး ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုပ္သံ ဒရမ္မာကို အာ႐ုံပိုစိုက္ေပးၾကပါ"

"ေခြၽ႕ေခြၽ႕က ေခါင္းေဆာင္မင္းသမီးျဖစ္ၿပီး အခ်စ္ေရးဇာတ္ဝင္ခန္း႐ိုက္ေတာ့မွာ။ ေသခ်ာေပါက္ ဒီဒရမ္မာကို အဝၾကည့္မွာ။ ေခြၽ႕ေခြၽ႕က အရမ္းလွတာပဲ။"

"႐ွားဝမ္ေခြၽ႕ ခ်စ္တယ္ ခ်စ္တယ္။"

"ဝိုး ဒီဒရမ္မာာက ေသခ်ာေပါက္ ေရပန္းစားလာမွာပဲ။ ေသခ်ာေပါက္ အဝၾကည့္မယ္ကြာ။"

"တစ္ႏွစ္ေတာင္ ၾကာခဲ့ၿပီ။ ေနာက္ဆုံးေတာ့ ၾကည့္စရာ ဒရမ္မာ႐ွိလာၿပီေပါ့။ ဘယ္ေတာ့ ထြက္မွာလဲ သိတဲ့လူ႐ွိလား။"

ေဝ့ေပၚ ေပၚက ေဆြးေႏြးမႈမ်ားက အစသာ ႐ွိပါေသးသည္။

ပရိတ္သတ္မ်ားထဲက ႏိုးၾကားသည့္ အဖြဲ႕ဝင္မ်ားမွာ တစ္ခုခုကို သတိထားမိသြားၾကသည္။

ေခါင္းေဆာင္မင္းသမီးက ႐ွားဝမ္ေခြၽ႕ျဖစ္တာကိုေတာာ့ သံသယျဖစ္စရာမလိုပါ။

႐ႈယန္က ယြဲ႕ဟြာမွာ နံပါတ္တစ္ အမ်ိဳးသားသ႐ုပ္ေဆာင္ျဖစ္ေၾကာင္း ပရိတ္သတ္အားလုံး သိၾကပါသည္။ ဒရမ္မာမ်ားစြာတြင္ ႐ႈယန္က ေခါင္းေဆာင္မင္းသား ျဖစ္ပါသည္။

သို႔ေသာ္လည္း ဘဝရဲ႕ေပ်ာ္႐ႊင္မႈမွာေတာ့ ႐ႈယန္က ေခါင္းေဆာင္မင္းသား မဟုတ္ပါ။

ေခါင္းေဆာင္မင္းသားက လင္းဖန္ တစ္ခါမွ ႐ုပ္႐ွင္မ႐ိုက္ဖူးတဲ့ အႏုပညာေလာကရဲ႕ လူသစ္ လင္းဖန္ ျဖစ္ပါသည္။

ဒီဒရမ္မာတြင္ လင္းဖန္ ေခါင္းေဆာင္မင္းသားျဖစ္လာသည့္ သတင္းက ခ်က္ခ်င္းပဲ အင္တာနက္ေပၚမွာ ပြက္ေလာ႐ိုက္ ေဆြးေႏြးမႈမ်ား ျဖစ္ေပၚလာေစခဲ့သည္။

"လခြမ္း မင္းတို႔ေတြ သတိထားမိၾကလား။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈအတြက္ ေခါင္းေဆာင္မင္းသားက လင္းဖန္တဲ့။"

"ငါ လင္းဖန္ကို သိတယ္။ သူက အရသာ႐ွိတဲ့ အစားအစာေတြ ခ်က္ေပးတဲ့ စားေသာက္ဆိုင္ပိုင္႐ွင္ပဲ။ သူက ႐ွားဝမ္ေခြၽ႕ရဲ႕ အထက္တန္း အခန္းေဖာ္လည္း ဟုတ္တယ္။ သူအရမ္းေခ်ာတာပဲလို႔ ၾကားမိတယ္။"

"ဒီ႐ိႈးအတြက္ ဇာတ္ၫႊန္းကိုလည္း လင္းဖန္ပဲ ေရးထားတာပဲ။ မဟုတ္မွလြဲေရာ ဟင္းခ်က္ေကာင္းတာအျပင္ ဇာတ္ၫႊန္းပါ ေရးတတ္တာလား။ လခြမ္း အဲ့ဒီလင္းဖန္က အရမ္းေတာ္တာပဲ။"

"လင္းဖန္ရဲ႕ စားေသာက္ဆိုင္ ဘာလို႔ မဖြင့္တာလဲလို႔ ေတြးေနတာ။ သူက ႐ုပ္႐ွင္သြား႐ိုက္တာကိုး။ သူတို႔ ႐ိုက္မယ့္ အခ်စ္ေရးဇာတ္ဝင္ခန္းေတြက အရမ္းခ်ိဳၿမိန္မွာပဲ။ ငါေတာ့ ေမွ်ာ္ေနၿပီ။"

"မတရားလိုက္တာ။ လင္းဖန္က လူသစ္တစ္ေယာက္ မဟုတ္ဘူးလား။ သူက ဒီဒရမ္မာထဲမွာ ဘာလို႔ ေခါင္းေဆာင္မင္းသား ျဖစ္လာခြင့္ ႐ွိတာလဲ။ ေခါင္းေဆာင္မင္းသားက ႐ႈယန္ ျဖစ္သင့္တာေလ။"

"လင္းဖန္က သူ႕သ႐ုပ္ေဆာင္စြမ္းရည္နဲ႔ ေခါင္းေဆာင္မင္းသား ျဖစ္ႏိုင္ပါ့မလား။ သူ ေပက်င္း ႐ုပ္႐ွင္ အကယ္ဒမီက ဘြဲ႕ရထားတယ္လို႔ေတာ့ မထင္ဘူးေနာ္။"

တစ္ခ်ိန္တည္းမွာပဲ လင္းဖန္အေပၚ မေကာင္းျမင္သည့္ ကြန္းမန္႔မ်ားလည္း အင္တာနက္ေပၚမွာ ေပၚလာခဲ့ပါသည္။

အေကာင္းျမင္သည့္ ကြန္းမန္႔မ်ားေကာ အဆိုးျမင္သည့္ ကြန္းမန္႔မ်ားေကာ ႐ွိေနသည္။

အဆိုးျမင္သည့္ ကြန္းမန္႔မ်ားက အေကာင္းျမင္သည့္ ကြန္းမန္႔မ်ားထက္ ပိုမ်ားေနပါသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ဒီဒရမ္မာထဲမွာ အစြမ္းအစ႐ွိေသာ သ႐ုပ္ေဆာင္မ်ားစြာ႐ွိေနပါသည္။လင္းဖန္ကလူသစ္သာျဖစ္ၿပီး ဒီဒရမ္မာအတြက္ လုံးဝ အဆင့္မမွီသည့္ပုံေပါက္ေနပါသည္။

ေဝ့ေပၚ ေပၚတြင္ လင္းဖန္ကို သံသယျဖစ္ေနၾကသူ မ်ားစြာ႐ွိပါသည္။။

ဒါက သာမန္သာျဖစ္သည္။ လင္းဖန္ကို မဆိုဦးနဲ႔။ ေရပန္းစားသည့္ ေကာင္ေလးတစ္ေယာက္ ျဖစ္ေနရင္ေတာင္ သ႐ုပ္ေဆာင္စြမ္းရည္ ေကာင္းေကာင္းမ႐ွိပါက အြန္လိုင္းေပၚမွာ ဆိုးဆိုး႐ြား႐ြား ေဝဖန္ခံရပါလိမ့္မည္။

ယြဲ႕ဟြာတြင္ ၿပိဳင္ဘက္မ်ားစြာ႐ွိ၏။ ၎တို႔၏ ၿပိဳင္ဘက္မ်ားက ဒီအခြင့္အေရးကိုယူၿပီး ဘဝရဲ႕ေပ်ာ္႐ႊင္မႈကို တိုက္ခိုက္ၾကလိမ့္မည္။ သူတို႔ ဒီဒရမ္မာကို မထုတ္လႊင့္ႏိုင္ခင္မွာပင္ ေအာက္ဆုံးထိ ေရာက္ေအာင္ နာမည္ဖ်က္ၾကလိမ့္မည္။

ေဝ့ေပၚ ေပၚက ကြန္းမန္႔အမ်ားစုကို အလွ်င္အျမန္ မားကတ္တင္း အေကာင့္မ်ားက ဦးေဆာင္သြားၾကသည္။

"လင္းဖန္က တကယ္ႀကီး ေခါင္းေဆာင္မင္းသား လုပ္ႏိုင္လို႔လား။ ဒီ႐ိႈး ပ်က္စီးမသြားႏိုင္ဘူးလား။"

"လင္းဖန္က ေပက်င္း႐ုပ္႐ွင္တကၠသိုလ္က ဘြဲ႕ရထားတာမွမဟုတ္တာ။ သူ႕လို စားေသာက္ဆိုင္ပိုင္႐ွင္က ဘာလို႔ေခါင္းေဆာင္မင္းသား လုပ္ႏိုင္မွာလဲ။"

"ေခါင္းေဆာင္မင္းသားကို ေျပာင္းရင္ေျပာင္း မေျပာင္းရင္ မၾကည့္ေတာ့ဘူး။"

"မင္းတို႔ေကာင္ေတြ နည္းနည္း်လာက္ အသိတရား႐ွိပါဦးလား။ အနည္းဆုံးေတာ့ ဘာမွမေျပာခင္ ဒရမ္မာကို အရင္ၾကည့္ပါဦးဟ။"

ကြန္းမန္႔မ်ား တိုးဝင္လာေသာအခါ ႐ွားဝမ္ေခြၽ႕၏ ေဝ့ေပၚ ပို႔စ့္တစ္ခုက မေရမတြက္ႏိုင္ေသာ ပရိတ္သတ္မ်ားစြာကို အႀကီးအက်ယ္ ထိတ္လန္႔သြားေစသည္။

႐ွားဝမ္ေခြၽ႕၏ ေဝ့ေပၚ ပို႔စ္တြင္... စကားလုံး ၅ လုံးတည္းသာ ႐ွိပါသည္။

ထိုစကားလုံး ၅ လုံးေၾကာင့္ ပရိတ္သတ္မ်ား၏ သံသယအားလုံး ပ်က္ျပယ္သြားရသည္။

"သူလုပ္ႏိုင္ပါတယ္"

Continue Reading

You'll Also Like

12.3K 232 12
BL ဝတ္ထုလေးမို့ဖတ်ချင်မှဖတ်ပါနော်
1.7M 93.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
75.5K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...