သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-75+76

594 43 0
By Miracle_Phyu97

လင်းဖန် 75+76

အခန်း(၇၅) လင်းဖန်က... တကယ်ကော လူသစ်ဟုတ်ရဲ့လား

ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာအတွက် သရုပ်ဆောင်များ နောက်ဆုံးတော့ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပါသည်။

ဇာတ်လိုက်မင်းသား လင်းဖန်။

ဇာတ်လိုက်မင်းသမီး ရှားဝမ်ချွေ့။

ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ တခြားသူများအားလုံးက အရေးပါသည့် ဇာတ်ပို့များ ဖြစ်ကြသည်။

ဒီရုပ်သံဒရမ်မာတွင် ပါဝင်သည့် တခြား နာမည်ကျော် သရုပ်ဆောင်များနဲ့ ဝါရင့်သရုပ်ဆောင်များပါ ရှိသေးသည်။

သူတို့ကြားထဲတွင် ဘဝရဲ့ပျော်ရွှင်မှုရုပ်ရှင်၌ ချင်းဧကရာဇ်နေရာက ပါဝင်သရုပ်ဆောင်သည့် နာမည်ကြီး ဆရာချန်ချင်းလည်း ပါပါသည်။

ချန်ချင်း၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်ပြီး တစ်နိုင်ငံလုံးနဲ့ ကြည့်ရှုသူ ပရိတ်သတ်များစွာက အသိအမှတ်ပြုထားကြသော မင်းသားကြီး ဖြစ်သည်။ ထို့ကြောင့် လူများစွာက သူ့ကို ဆရာချန်ချင်းဟု ခေါ်ကြပါသည်။

ထို့အပြင် မင်းသားကြီး ဆရာဝူလည်း ရှိသည်။ သူလည်း အလွန်အရေးပါသောာနေရာက ပါဝင်ရပါသည်။

ဘဝရဲ့ပျော်ရွှင်မှုတွင် ခေါင်းဆောင်မင်းသမီး လင်းဝမ်အာ၊ ချင်းဧကရာဇ် ချန်းဖျင်ဖျင်၊ အကြီးဆုံး မင်းသမီး ဖန်းယွေ့ယွေ့၊ ဝမ်ချီညမ်၊ စစ်လီလီ၊ ဖန်းစစ်ကျဲနဲ့ တခြား အရေးပါသည့် ဇာတ်ကောင်များ ပါဝင်ကြပါသည်။ အားလုံးက ခေါင်းဆောင်မင်းသားနဲ့ အရေးကြီးသည့် ဆက်ဆံရေးများ ရှိကြပြီး လိုက်ဖက်ညီဖို့ အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များ လိုအပ်ကြပါသည်။

ထို့အပြင် ထိုဇာတ်ကောင်များကို အလွန်အမင်း သရုပ်ဆောင်ကောင်းသော သရုပ်ဆောင်များက သရုပ်ဆောင်ကြခြင်းဖြစ်သည်။

လင်းဖန်တစ်ယောက်တည်းသာ လူသစ်ဖြစ်နေပါသည်။

လင်းဖန်က ရိုက်ကူးရေးနေရာသို့ ကားမောင်းလာခဲ့သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကားတစ်စီးတည်းတွင် ထိုင်နေကြပါသည်။

"မြောင် မြောင်"

"နင် ဘာတွေ စဥ်းစားနေတာလဲ။" ရှားဝမ်ချွေ့က လင်းဖန်ကို စိတ်ဝင်စားစွာ ကြည့်လိုက်ပါသည်။

"ငါခဏနေရင် ရုပ်ရှင်ရိုက်ရတော့မယ်။ ဒါ ငါ့ဘဝမှာ ပထမဆုံး သရုပ်ဆောင်ဖူးတာပဲ။" လင်းဖန်က ပြုံးလိုက်ပြီး သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်ပါသည်။

"အင်း နင်က ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသားနော်။ ရေပန်းစားလာမလား မစားဘူးလား ဆိုတာက နင့်အပေါ် မူတည်တယ်။" ရှားဝမ်ချွေ့က မျက်တောင်ခတ်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

"နင်လည်း ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသမီး မဟုတ်ဘူးလား။" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။

"ဒါပေါ့ ငါတို့နှစ်ယောက် အတူတူ အလုပ်လုပ်ရမှာပေါ့။ ငါတို့သေချာပေါက် အရမ်းကောင်းတဲ့ ရုပ်သံဒရမ်မာကို ထုတ်လုပ်နိုင်မှာပါ။” ရှားဝမ်ချွေ့၏ လှပသော မျက်လုံးလေးများကလည်း မျှော်လင့်ချက်များဖြင့် ပြည့်ဝနေပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ဘေးမှာ ထိုင်နေပြီး ပြုံးလိုက်သည်။ "ဒါဆို... ပြီးကျရင် ငါတို့ အကြင်နာပေးခန်း အရင်ရိုက်မယ်လို့ ဒါရိုက်တာကို ပြောကြမလား။"

ရှားဝမ်ချွေ့၏ မျက်နှာ နီရဲသွားပါသည်။ "အရူးကောင် အရူးကောင် မရိုက်ချင်ဘူး။"

လင်းဖန်က ဆက်ပြော၏။ "ဘာပဲဖြစ်ဖြစ် အကြင်နာပေးခန်းရိုက်ရမယ့်နေ့ ရောက်လာမှာပဲလေ။ ငါတို့ အချစ်ရေးဇာတ်ဝင်ခန်းတွေအကုန်လုံးကို တစ်ခါတည်း ရီုက်လိုက်ကြမလား။ မဟုတ်ရင် နင်နဲ့ အချစ်ရေးဇာတ်ဝင်ခန်းတစ်ခန်း ရိုက်တိုင်း အရင် မုဒ်သွင်းရဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒရမ်မာထဲမှာ နင်က ငါ့ရဲ့ ဇနီးလောင်းလေ။"

ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး မေးလိုက်ပါသည်။ "နင်က ငါနဲ့ ရုပ်ရှင်ရိုက်နေတာကို ဘာလို့ မုဒ်သွင်းဖို့ လိုမှာလဲ။"

လင်းဖန်က ပြောလိုက်သည်။ "ငါ မုဒ်မသွင်းရင် နင့်ကို အကြင်နာပေးပြီး မထိန်းနိုင်ဘဲ မလွှတ်ပေးတော့ရင် ဘယ်လိုလုပ်မလဲ။"

ရှားဝမ်ချွေ့က လင်းဖန်ကို စိုက်ကြည့်လိုက်ပါသည်။ "အရူးကောင် လင်းဖန် အတင့်ရဲလိုက်တာ"

"နှာဘူးကောင်" ရှားဝမ်ချွေ့က သူမ၏ ကြောင်နားရွက် ဦးထုပ်လေးကို ဝတ်ထားပြီး ကြောင်လက်သည်းနှစ်ဖက်ကို ထုတ်ပြကာ လင်းဖန်ကို စိတ်ဆိုးနေသောမျက်နှာဖြင့် ကြည့်နေပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ စကားကိုကြားသောအခါ ဒရိုင်ဘာမှာ ချွေးပြန်နေပါ၏။

ဒီလောက်တောင် ပွင့်လင်းကြတာလား။

အဓိကအချက်က ရှားဝမ်ချွေ့က လှလွန်းသဖြင့် သူသည်းမခံနိုင်တော့တာဖြစ်မည်။

ဒရိုင်ဘာ သက်ပြင်းချလိုက်ပါသည်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က နေ့တိုင်း အတူတူ ရှိနေကြတာတောင် ချစ်မြတ်နိုးနေကြဆဲဖြစ်သည်။ လင်းဖန် ဘယ်လိုလုပ်ပြီး သည်းခံနိုင်မည်နည်း။

သူတို့ ရိုက်ကူးရေးနေရာကို ရောက်သွားတော့ မိတ်ကပ်များလိမ်းကာ နန်းတွင်းဝတ်စုံများ ဝတ်ဆင်လိုက်ကြပါသည်။

မိတ်ကပ်ပညာရှင်က လင်းဖန်ကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

"ကျွန်မ မိတ်ကပ်ပညာရှင်လုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ ဒီလိုမျိုး မကြုံဖူးဘူး။" မိတ်ကပ်ပညာရှင်က ပြောလိုက်သည်။

"အရင်တုန်းက တခြားသူတွေအတွက် မိတ်ကပ်လိမ်းပေးတုန်းက ဇာတ်ကောင်ကို အလေးပေးဖို့အတွက်ပဲ။ တစ်ခါတစ်လေမှာတော့ ဇာတ်ကောင်ကို ဖန်သားပြင်ပေါ်မှာ ပိုကြည့်ကောင်းအောင် လုပ်ပေးဖို့ပေါ့။ ဒါပေမယ့် ရှင့်လို ချောမောတဲ့လူမျိုးကို မြင်ဖူးတာ ပထမဆုံးပဲ။ မိတ်ကပ်အများကြီး မလိမ်းရင်တောင် ရှင်က ဖန်သားပြင်ပေါ်မှာ အရမ်းကြည့်ကောင်းတုန်းပဲ။ အနည်းဆုံး ညှို့အားပြင်းတဲ့ မင်းသားလေး အဆင့်လောက်ရှိတယ်။" မိတ်ကပ် ပညာရှင်က လင်းဖန်ကို မော့ကြည့်လိုက်သည်။

လင်းဖန်၏ မျက်နှာက ဘာလို့ ဒီလောက်တောင် ချောရတာလဲ။

ဖန်သားပြင်ပေါ်မှာလည်း အပြစ်အနာအဆာမရှိပါ။

ထို့အပြင် လင်းဖန်ကို မိတ်ကပ်ပညာရှင်က ပထမဆုံးမြင်ဖူးတာဖြစ်ပါသည်။

မိတ်ကပ်ပညာရှင်က လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များကို မသိသေးသော်လည်း သူ့မျက်နှာကို ကြည့်ရုံနဲ့တင် အထင်ကြီးမိနေပါပြီ။

သူမသာ နှစ်အများကြီး ပိုငယ်နေပါက လင်းဖန်ကို ကြိုက်လောက်သည်။

"ဟားဟား ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ တကယ်တော့ ဘယ်လိုပုံစံမျိုးရှိရှိ အရေးမကြီးပါဘူး။ အဓိက အချက်က ရုပ်သံဒရမ်မာတစ်ကား ရိုက်ကူးဖို့ သရုပ်ဆောင်စွမ်းရည်ကိုပဲ အာကိုးရမှာပါ။ ဒါမှ ပရိတ်သတ်က ကိုယ့်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို မှတ်မိနေမှာ မဟုတ်လား။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

မိတ်ကပ်ပညာရှင်က ထိုစကားကိုကြားသောအခါ လင်းဖန်ကို သဘောတူစွာဖြင့် ကြည့်လိုက်ပါသည်။

သူက ဖြောင့်မတ်သော အနုပညာရှင်ဖြစ်ပြီး အလွန်ချောမောပါသည်။

မိတ်ကပ်လိမ်းပေးပြီးသွားသောအခါ ရိုက်ကူးရေး တရားဝင်စတင်ခဲ့ပါသည်။

ဘာပဲဖြစ်ဖြစ် သရုပ်ဆောင်အားလုံးမှာ ကိုယ်ပိုင် အချိန်ဇယားများ ရှိကြသည်။ ရိုက်ကူးရေးကို အရှိန်မြှင့်တင်ဖို့အတွက် ဇာတ်ဝင်ခန်းတချို့ကို ဆက်တိုက်ရိုက်ကူးရပါသည်။

အာရုံအစိုက်ခံရဆုံးက လင်းဖန်ဖြစ်သည်။

လင်းဖန်က ဒီရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားဖြစ်သောကြောင့်ဖြစ်ပြီး ခေါင်းဆောင်မင်းသားတွင် ဇာတ်ဝင်ခန်းများစွာ ရှိသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ဇာတ်လမ်းအားလုံးက ခေါင်းဆောင်မင်းသားနဲ့သာ သက်ဆိုင်နေသည်။

ခေါင်းဆောင်မင်းသားငယ်စဥ်တုန်းက ပုံစံရိုက်ကူးဖို့ ကလေးသရုပ်ဆောင် သုံးရသည့် ပထမပိုင်းက လွဲပြီး နောက်ဆုံးအထိ လင်းဖန်က အားလုံးနဲ့ သရုပ်ဆောင်ရပါမည်။

လင်းဖန်၏ ပထမဆုံး ဇာတ်ဝင်ခန်းက ဖိုက်တင်ဇာတ်ဝင်ခန်းဖြစ်ပါသည်။

ဒါရိုက်တာ လုပမ်ခိုင်း၊ ဝန်ထမ်းတချို့၊ သိုင်းဒါရိုက်တာနဲ့ ပရိုဂျူဆာလျို့တို့လည်း ရှိနေကြာပြီး သူ့ဇာတ်ဝင်ခန်းကို စောင့်ကြည့်နေကြသည်။

ရှားဝမ်ချွေ့၊ ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းတို့လည်း လင်းဖန်၏ ပထမဆုံးဇာတ်ဝင်ခန်းကို စောင့်ကြည့်နေကြပါသည်။

အားလုံးက လင်းဖန်အတွက် စိတ်ပူပေးနေကြသည်။ သူ့သရုပ်ဆောင်စွမ်းရည်သာ မကောင်းပါက သူတို့အားလုံး သူ့ကို အတွေ့အကြုံများ မျှဝေပေးမည်ဖြစ်သည်။

"လင်းဖန် အရမ်းစိတ်မလှုပ်ရှားနဲ့။ ပထမဆုံးဒရမ်မာမှာ လူသစ်တစ်ယောက် အဆင်မပြေတာပုံမှန်ပဲ" လုပမ်ခိုင်းက ပြောလိုက်ပါသည်။ သူက လင်းဖန်ကို ပခုံးပုတ်ပေးလိုက်ပြီး ဘာဖိအားမှ မပေးချင်ပါ။

သရုပ်ဆောင်ခြင်းအတွက် အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များ လိုအပ်ပါသည်။ လုပမ်ခိုင်းက အပြင်ပိုင်းမှာ ဒီလိုပြောခဲ့သော်လည်း တကယ်တော့ အနည်းငယ် စိုးရိမ်နေပါသည်။

လင်းဖန်သာ သရုပ်ဆောင် မကောင်းမွန်ပါက ဒီဒရမ်မာ၏ အနှစ်ချုပ် အရည်အသွေးကို နိမ့်ကျသွားစေလိမ့်မည်။

ဒီဒရမ်မာ မအောင်မြင်တာမျိုးတောင် ဖြစ်နိုင်သည်။ ဇာတ်ညွှန်းက ဘယ်လောက်ပဲ ကောင်းနေပါစေ သရုပ်ဆောင်မှုက မကောင်းမွန်ပါက ပရိတ်သတ်မှာ ဒရမ်မာကို အသိအမှတ်မပြုဘဲ အဓိပ္ပာယ်မရှိသည့်ပုံပေါက်သွားနိုင်ပါသည်။

"လင်းဖန် မင်းလုပ်နိုင်ပါတယ်။" ရှုယန်က လင်းဖန်ကို အားပေးလိုက်ပါသည်။

လင်းဖန်၏ ပထမဆုံး ဇာတ်ဝင်ခန်းက အာရုံစိုက်မှု အများကြီး ရရှိခဲ့ပါသည်။ ဝါရင့်သရုပ်ဆောင်ကြီးများ ဖြစ်ကြသည့် ဆရာချန်နဲ့ ဆရာဝူတို့တောင် လင်းဖန်ဘေးမှာ ရပ်နေကြသည်။

လင်းဖန်က လူသစ်တစ်ယောက်ဖြစ်ပြီး သူ့သရုပ်ဆောင်စွမ်းရည် အခြေခံကလည်း မသန်မာပေ။

သူသရုပ်ဆောင်မကောင်းပါက ဒီဒရမ်မာ၏ အာနိသင် အများကြီး လျော့ကျသွားလိမ့်မည်။

လင်းဖန်က ရှားဝမ်ချွေ့နဲ့အတူ ခေါင်းဆောင်မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့အဖြစ် သရုပ်ဆောင်နေရခြင်း ဖြစ်သည်။ လင်းဖန်၏ သရုပ်ဆောင်မှုသာ တစ်ခုခု ဖြစ်သွားပါက အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ရှိလာနိုင်ပါသည်။

သိုင်းပညာဒါရိုက်တာနဲ့ ဆွေးနွေးပြီးနောက် လင်းဖန်နဲ့ ထျန်းကျစ်ကျင်းတို့ စတင်သရုပ်ဆောင်ခဲ့ကြပါသည်။

ဒီအပိုင်း၏ အဓိကဇာတ်လမ်းကတော့ လင်းဖန်က အပြစ်တင်ချောက်ချခံရပြီး တစ်ယောက်ယောက်က သူ့ကို သတ်ချင်နေခြင်း ဖြစ်သည်။ တရားရုံးတော်မှ လင်းဖန်ကိုသတ်ဖို့အတွက် ထျန်းကျစ်ကျင်းကို လျှို့ဝှက်အမိန့်ပေးခဲ့သည်။ ထို့နောက် လင်းဖန်နဲ့ တိုက်ခိုက်ခဲ့၏။ နောက်ဆုံးမှာတော့ လင်းဖန်က ထျန်းကျစ်ကျင်းကို သတ်ဖြတ်ချင်ယောင်ဆောင်လိုက်သည်။ သူ့မိဘများ၏ အဖြစ်မှန်ကို စုံစမ်းဖို့အတွက် ဦးလေးဝူကျူးကို နှုတ်ဆက်ပြီး မြို့တာ်သို့ လင်းဖန် တက်လာခဲ့ပါသည်။

ဒီအဖြစ်အပျက်များက ရိုးရှင်းသည့်ပုံပေါ်သော်လည်း သရုပ်ဆောင်စွမ်းရည်အများကြီး လိုအပ်သည်။ ချောက်ချခံရသည့်အခါ ဖြစ်သွားသည့် မျက်နှာထား၊ သူနဲ့ ပြိုင်ဘက်အကြားက တိုက်ပွဲ၊ ဇာတ်လိုက်၏ အတွေးများနဲ့ အမှန်တရားကို သိသွားသောအခါ ဖြစ်သွားမည့် မျက်နှာထားများ၊ အသေးစိတ်အားလုံးက အလွန်အရေးကြီးပါသည်။

"ဘဝရဲ့ပျော်ရွှင်မှုရိုက်ကူးရေး စတင်ပြီလို့ တရားဝင်ကြေညာပါတယ်" လုပမ်ခိုင်းက ပြောလိုက်သည်။ သူက အနည်းငယ် စိုးရိမ်နေသော်လည်း ထုတ်မပြခဲ့ပါ။

ရိုက်ကူးရေး တရားဝင်စတင်ပြီးသောအခါ လင်းဖန်က သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် စတင် သရုပ်ဆောင်ခဲ့ပါသည်။

ဒီဇာတ်ညွှန်းကို လင်းဖန်ရေးထားတာကို မေ့လို့မဖြစ်ပါ။ ဇာတ်ကောင်များကို ဘယ်လိုပုံသွင်းရမလဲဆိုတာ ဘယ်သူမှ လင်းဖန်ထက် ပိုမသိနိုင်ပေ။

သိုင်းပညာဇာတ်ဝင်ခန်းဖြစ်ဖြစ် တခြားအသေးစိတ်များဖြစ်ဖြစ် လင်းဖန်က အားလုံးကို ရှင်းလင်းစွာ သရုပ်ဆောင်ခဲ့သည်။

ပြီးတော့ ဇာတ်ကွက်ကို ရိုက်ကူးဖို့... တစ်ကြိမ်သာ ကြိုးစားခဲ့ရပါသည်။

ဒါရိုက်တာလုပမ်ခိုင်းနဲ့ ပရိုဂျူဆာလျို့တို့လည်း ဖန်သားပြင်ပေါ်က အာနိသင်များကို မြင်သောအခါ အလွန် ကြက်သေ သေသွားရပါသည်။

လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက... တကယ်ပဲ ကောင်းမွန်လွန်းပါသည်။

အသေးစိတ်နဲ့ လုပ်ရပ်တိုင်းက ပြီးပြည့်စုံလွန်းသည်။ ဒါရိုက်တာ လုပမ်ခိုင်းကို အသာထား၊ ဘေးက သိုင်းပညာဒါရိုက်တာကြီးတောင် ဘာအပြစ်မှ ရှာာမရခဲ့ပါ။

လုပမ်ခိုင်း သူ့ဘဝသူ သံသယဖြစ်မိသွားပါသည်။

လင်းဖန်က လူသစ်မဟုတ်ဘူးလား။

လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို ဖော်ပြဖို့ တစ်နည်းသာရှိပါသည်။

နတ်ဘုရားအဆင့်ရှိတဲ့ သရုပ်ဆောင်စွမ်းရည်ပါလား။

ပြီးပြည့်စုံလွန်းတယ်။

***

အခန်း(၇၆) နတ်ဘုရားအဆင့် သရုပ်ဆောင် စွမ်းရည်ကြောင့် အားလုံးထိတ်လန့်ကုန်ပြီ

"ခင်ဗျား ကြိုးစားခဲ့တာပဲ။ ကျွန်တော်တို့ ဒီဇာတ်ဝင်ခန်း ရိုက်ကူးလို့ ပြီးသွားပါပြီ။” လင်းဖန်က အခြားသရုပ်ဆောင်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"ညီလေးဖန် မင်းလည်း ကြိုးစားခဲ့တာပဲ။ မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်းတာပဲ။ ငါသရုပ်ဆောင်နေတာ ၅ နှစ်လောက်ရှိပြီ။။ ငါဆရာချန်နဲ့ ဆရာဝူတို့ရှေ့မှာ သရုပ်ဆောင်မှပဲ ဖိအားခံစားရတာ။ ဒီနေ့တော့ မင်းနဲ့ ဆုံခဲ့ရတယ်။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ငါအံ့သြသွားရတယ်။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က ဆရာနှစ်ယောက်ကို မရှုံးနိုင်ပါဘူး။" အမျိုးသားသရုပ်ဆောင်တစ်ယောက်က လင်းဖန်ကို လက်မထောင်ပြလိုက်ပါသည်။

လင်းဖန်က ပြုံးလိုက်ပြီး ကျိုးနွံစွာဖြင့် ပြောလိုက်ပါသည်။ "ဆရာချန်နဲ့ ဆရာဝူတို့နှစ်ယောက်စလုံးက အနုပညာလောကမှာ စီနီယာကြီးတွေပါ။ ပြီးတော့လည်း သူတို့နှစ်ယောက်စလုံးက ဝါရင့်သရုပ်ဆောင်ကြီးတွေပါ။ သူတို့သရုပ်ဆောင်စွမ်းရည်က အရမ်းအံ့သြဖို့ကောင်းတယ်။ ကျွန်တော့် သရုပ်ဆောင်စွမ်းရည်က သူတို့ကိုမှီဖို့ အများကြီး လိုပါသေးတယ်။"

အမျိုးသားသရုပ်ဆောင်က ခေါင်းခါလိုက်ပါသည်။ “မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကို သာမန်အဆင့်လို့ပြောရင် ဒီကျောက်တုံးကို ဒီနေရာမှာပဲ စားပစ်လိုက်မယ်။"

လင်းဖန် သရုပ်ဆောင်ပြီးသွားသောအခါ စုရှောင်းယွီက ရေသန့်တစ်ဗူး ယူပြီး ပေးလိုက်ပါသည်။

"ဆရာ ရေသောက်ပါဦး။" စုရှောင်းယွီက ရေဗူးကို ယူလာပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။

"နင်အခု သရုပ်ဆောင်လိုက်တဲ့ ဇာတ်ဝင်ခန်းမှာ... ဝိုး နင့်ရဲ့ သရုပ်ဆောင်စွမ်းရည်က ငါ့ထက်တောင် ပိုကောင်းနေတာပဲ။ အစ်မဝမ်ချွေ့တောင် မှင်သက်သွားတယ်။" စုရှောင်းယွီက ချီးကျူးလိုက်ပါသည်။

"ဟုတ်လား။ ငါတော့ တိုးတက်ဖို့ အများကြီး လိုသေးတယ်လို့ထင်တာပဲ။" လင်းဖန်က ပြုံးလိုက်ပါသည်။

"ဒါပေါ့။ ကြည့်ပါဦး။ အစ်မဝမ်ချွေ့တောင် ရှက်သွေးဖြာနေပြီ။" စုရှောင်းယွီက တစ်ခစ်ခစ် ရယ်မောလိုက်ပါသည်။

"နင်ကမှ ရှက်သွေးဖြာနေတာ" ရှားဝမ်ချွေ့က စုရှောင်းယွီကို မျက်စောင်းရွယ်လိုက်ပါသည်။ သို့သော်လည်း သူမ လင်းဖန်အတွက် ဝမ်းသာပါသည်။

တစ်ဖက်မှာတော့ သရုပ်ဆောင်များစွာက လုပမ်ခိုင်းကို ဝန်းရံလိုက်ကြပြီး အဆုံးသတ်ရလဒ်ကို ကြည့်လိုက်ကြသည်။

"လခွမ်း။ အစ်ကိုဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အေအဆင့် သရုပ်ဆောင်တွေကိုတောင် မှီလောက်တယ်။ သူ့မျက်နှာထားနဲ့ အက်ရှင်တွေကို ကြည့်ပါဦး။ သူ ဆန်းသစ်နေတယ်လို့တောင် ခံစားရတယ်။ လူသစ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအဆင့် ရှိနေရတာလဲ။"

"လခွမ်းပဲ။ ညီလေးဖန်က ဇာတ်ညွှန်းပဲ ရေးတတ်တာ မဟုတ်ဘူး။ ရုပ်လည်းချောပြီး သရုပ်ဆောင်စွမ်းရည်လည်း ကောင်းသေးတယ်။ လင်းဖန်က ခေါင်းဆောင်မင်းသားလုပ်ဖို့ မသင့်တော်ဘူးလို့ ဘယ်သူပြောတာလလဲ။ ဘယ်လိုတုန့်ပြန်လိုက်တာလဲ ကြည့်ပါဦး။ ညီလေးဖန်က ခေါင်းဆောင်မင်းသား လုပ်ဖို့ အသင့်တော်ဆုံးလူပဲ။"

"ငါ သောက်ရမ်း အံ့သြနေပြီ။ ညီလေးလင်းဖန်နဲ့ ငါတို့စူပါစတားညီမ ရှားဝမ်ချွေ့တို့ရဲ့ အချစ်ရေးဇာတ်ဝင်ခန်းတွေကိုတောင် မျှော်လင့်နေမိပြီကွာ။"

"အေး ညီလေးဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။ ရှားဝမ်ချွေ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်ပဲ။ အရေးအကြီးဆုံးက ဒါ ရှားဝမ်ချွေ့ရဲ့ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းရိုက်ဖူးတာပဲ။ ပထမဆုံး အကြင်နာပေးခန်းလည်း ဟုတ်တယ်။ ငါမနာလိုဖြစ်လိုက်တာကွာ။ ငါလည်း ခေါင်းဆောင်မင်းသား ဖြစ်ချင်လိုက်တာ။"

"မေ့လိုက်တော့။ ငါမင်းကို တိုးတိုးတိတ်တိတ် ပြောပြဦးမယ်။ ရှားဝမ်ချွေ့က လင်းဖန်ကို ခေါင်းဆောင်မင်းသားဖြစ်အောင် ရွေးခဲ့တာတဲ့။ ညီလေးဖန်သာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်မဆောင်ရင် သူလည်း ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်မဆောင်လောက်ဘူး။ ဒါ ညီလေးဖန်ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုပဲ။ သူတို့က အထက်တန်းတုန်းက အတန်းဖော်တွေလေ။"

မင်းသားတစ်အုပ် သက်ပြင်းချလိုက်ကြပါသည်။ သူတို့ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို အထင်ကြီးမိသွားရုံသာမကဘဲ နောက်ထပ် ဇာတ်ဝင်ခန်းများကိုလည်း မျှော်လင့်နေမိပါသည်။

အထူးသဖြင့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူသရုပ်ဆောင်ရင် ဘယ်လိုနေမလဲ ဆိုတာကိုဖြစ်သည်။

လျို့မူနဲ့ လုပမ်ခိုင်းတို့ အတူတူ ထိုင်လိုက်ကြသည်။

"လင်းဖန် ခေါင်းဆောင်မင်းသားလုပ်ဖို့ မသင့်တော်ဘူးလို့ ပြောရဲတဲ့လူရှိရင် ငါရိုက်သတ်ပစ်မယ်။ တခြားသူတွေရဲ့ သရုပ်ဆောင်စွမ်းရည်က စုတ်ပြတ်နေတာပဲ။ လင်းဖန်ကတော့ တစ်ခါတည်းနဲ့ ဇာတ်ဝင်ခန်းတစ်ခုကို ရိုက်နိုင်တယ်။ လင်းဖန်နဲ့ ဘယ်သူယှဥ်နိုင်မှာလဲ။" မစ္စတာလျို့က ပြောလိုက်ပါသည်။

"ဒါဆိုးရွားတယ်။ မာဖေး။ ငါ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို လုံးဝ ယုံကြည်သွားပြီ။ အရင်တုန်းက နည်းနည်းစိတ်ပူခဲ့ပေမယ့် အခုတော့ အသင့်တော်ဆုံး ခေါင်းဆောင်မင်းသားက လင်းဖန်နဲ့တူတယ်။ လင်းဖန်ရဲ့ ချောမောတဲ့ပုံစံနဲ့ ပေါင်းစပ်လိုက်ရင် ဒီဒရမ်မာက နာမည်ကျော်ဖို့ အာမခံလို့ရပြီ။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။

တစ်ဖက်မှာတော့ ဝါရင့်မင်းသားကြီးများဟု ခေါ်ကြသည့် ဆရာချန်နဲ့ ဆရာဝူတို့လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

မျိုးဆက်ငယ်များက သေချာပေါက် သူတို့ကို မကြာခင် ကျော်နိုင်ပါတော့မည်။

သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ပြီးပြည့်စုံလွန်းပါသည်။

"အစ်ကိုဝါ ဒီလောက်တော်တဲ့ လူသစ်မျိုး ငါမတွေ့ရတာကြာပြီ အရင်တစ်ခေါက် ဒီလိုသရုပ်ဆောင်ကောင်းတဲ့ လူမျိုးကို မြင်ဖူးတာ စုရှောင်းယွီတုန်းကပဲ။" ဆရာချန်က ပြုံးလိုက်သည်။

"အစ်ကိုချန် မင်းပြောတာ လွန်လွန်းနေပြီ။ ဒီလိုသရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ နောက်ဆုံးလူက ရှားဝမ်ချွေ့ပဲ" ဆရာဝူက ပြောလိုက်ပါသည်။

"ဒါပေမယ့် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က တော်တော်ကောင်းတယ်ဆိုတာကိုတော့ ဝန်ခံရမယ်။ ဒါပေမယ့် သူတို့ လူသစ်တွေအဖြစ် ရှိနေတုန်းက အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လေ။ နောက်ပိုင်း တိုးတက်လာတာ သိသာပါတယ်။ ဒါပေမယ့် လင်းဖန်ကတော့ လုံးဝ ကွဲပြားခြားနားတယ်။"

"Fight the Landlord ကစားရသလိုပဲ လင်းဖန်က စလာကတည်းက မိုက်နေပြီ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။ ဒီလောက်ကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်မျိုးနဲ့ဆိုရင် ထုတ်လွှင့်တဲ့နေ့အထိ စောင့်လိုက်ဦး။ ဘယ်လောက်တောင် နာမည်ကြီးလာမလဲ မပြောနိုင်ဘူး။ ငါထင်တာတော့ အနာဂတ်မှာ လင်းဖန် စူပါစတား တစ်ယောက်ဖြစ်လာမယ်ထင်တယ်" ဆရာချန်က သက်ပြင်းချလိုက်ပါသည်။

"လင်းဖန်က တကယ်ငယ်ရွယ်ပြီး အလာအလာကောင်းတယ်။ ဒီဒရမ်မာအတွက် ဇာတ်ညွှန်းကိုလည်း လင်းဖန်ပဲ ရေးပေးထားတာလို့ ကြားတယ်။ ရှားဝမ်ချွေ့နဲ့ အိပ်ချင်တဲ့ ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုတစ်ယောက်ရှိခဲ့ပြီး လင်းဖန်က ပြန်တိုက်ခိုက်ခဲ့တယ်လို့ ပြောတယ်။ အဲ့ဒီကုမ္ပဏီ အခု ဘာဖြစ်သွားပြီလဲ သိလား။ ဒေဝါလီခံလိုက်ရပြီး ကုမ္ပဏီဘော့စ်က အဖမ်းတောင်ခံလိုက်ရတယ်။ သူ့ကို အနည်းဆုံး ထောင် ၁၀ နှစ်လောက် အချခံရတယ်တဲ့" ဆရာဝူက ပြောလိုက်ပါသည်။

"ဟားဟား မင်းနဲ့ငါတို့လည်း နောက်ပိုင်း လင်းဖန် ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုခုမှာ သရုပ်ဆောင်ရလောက်ပါတယ်။ ဒါဒီဒရမ်မာကို တကယ်ကြိုက်တယ်။ ဘဝရဲ့ပျော်ရွှင်မှုတဲ့။ ငါတစ်ပြားမှမရရင်တောင် သရုပ်ဆောင်နိုင်တယ်။" ဆရာချန်က ခေါင်းငြိမ့်ပြလိုက်ပါသည်။

တခြား ဘေးပတ်လည်က သရုပ်ဆောင်များကလည်း အံ့သြကုန်ကြပါသည်။

အားလုံးလေးစားကြသည့် အနုပညာလောကထဲက မင်းသားကြီးနှစ်ယောက်က လင်းဖန်ကို ချီးကျူးနေကြပါသည်။

သူတို့ တစ်ဘဝလုံး တစ်ယောက်ယောက်ကို ချီးကျူးဖူးတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်ပါသည်။

တကယ်တော့ သူတို့၏ လင်းဖန်အပေါ် သုံးသပ်ချက်မှာ... လင်းဖန် အနာဂတ်တွင် စူပါစတားတစ်ယောက်ပင် ဖြစ်လာနိုင်သည်ဟူ၍ ဖြစ်ပါသည်။

သူတို့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကိုတောင် ဒီလိုမျိုး မသုံးသပ်ဖူးပါ။

လင်းဖန်က မင်းသားကြီးနှစ်ယောက်အတွက် ဘယ်လောာက်တောင်အရေးပါသလဲ မြင်နိုင်ပါသည်။

ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးနောက် လင်းဖန်က သရုပ်ဆောင်ချက်တွေကို ပြန်သွားကြည့်လိုက်ပါသည်။

သရုပ်ဆောင်ချက်တွေကို ပြန်ကြည့်ပြီးသောအခါ လင်းဖန်က ခေါင်းခါလိုက်ပါသည်။

"ဒါရိုက်တာလု။ ရိုးရိုးသားသားပြောရရင် ဒီဇာတ်ဝင်ခန်းထဲမှာ အဆင့်မြှင့်လို့ရတဲ့နေရာတွေ ရှိပါသေးတယ်။ ကြည့်။ ဒီထောင့်ကနေ ရိုက်မယ်ဆိုရင် ပုံရိပ်နဲ့ အာနိသင်တွေက ပိုကောင်းလိမ့်မယ်။"

"ဖိုက်တင်ဇာတ်ဝင်ခန်းတွေလည်း အတူတူပဲ။ ရိုက်ကူးတဲ့ ရှုထောင့်ကို ပြောင်းလိုက်ရင် ဇာတ်ကောင်တွေရဲ့ မျက်နှာထားနဲ့ အက်ရှင်တွေကို ပြီးပြည့်စုံအောင် ပြနိုင်ရုံတင်မကဘူး၊ အလင်းနဲ့ အမှောင်အကြား ခြားနားမှုကိုလည်း မြင်နိုင်လိမ့်မယ်။” လင်းဖန်က လုပမ်ခိုင်းကို ကြည့်ကာ ပြောလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်မှာ အခု နတ်ဘုရားအဆင့် ဒါရိုက်တာ စကေးလည်းရှိနေပြီဖြစ်သည်။ ဒါက လင်းဖန်ရေးထားသည့် ဇာတ်ညွှန်းဖြစ်ပြီး ဒီဒရမ်မာအတွက် လင်းဖန်၏ ပါဝင်မှုက မြင့်မားလွန်းပါသည်။

"အဲ့တာကြောင့် ကျွန်တော် အကြံပေးစရာ နည်းနည်း ရှိပါတယ်။ ကျွန်တော်တို့ ရိုက်လိုက်တဲ့ ဇာတ်ဝင်ခန်းကို ပြန်ရိုက်ကြရအောင်။ ဘယ်လိုသဘောရလဲ။ အသေးစိတ်တချို့ကို အဆင့်မြှင့်လို့ရပါတယ်။ အဲ့ဒီအသေးစိတ်တွေကြောင့်သာ ပရိတ်သတ်က ဒရမ်မာတစ်ခုကို ကြိုက်နှစ်သက်ကြတာ" လင်းဖန်က ပြောလိုက်သည်။

လင်းဖန်၏ အကြံပေးချက်ကို ကြားပြီးနောက် လုပမ်ခိုင်း နားလည်သွားပါသည်။

ဟုတ်တာပေါ့။ ဘာလို့ သူ ဒီလို မစဥ်းစားမိရတာလဲ။

သူတို့စကားပြောရင်း လုပမ်ခိုင်း ထိတ်လန့်စရာ အချက်တစ်ခုကို သိသွားရပါသည်။

သူက နာမည်ကျော် ဒါရိုက်တာတစ်ယောက် ဖြစ်နေပြီးသား ဖြစ်ပါသည်။ ရိုက်ကူးရေးပိုင်းတွင် လင်းဖန်က သူ့ထက် ပိုသိပြီး ဗဟုသုတ ပိုရှိတာာကို သိလိုက်ရပါသည်။

လင်းဖန်၏ သရုပ်ဆောင်လောကတွင် အောင်မြင်မှုများက သူ့ထက်ပင် ပိုမြင့်နေပါသည်။

လင်းဖန်က... တကယ်ပဲ သာမန် ဇာတ်ညွှန်းရေး ဆရာတစ်ယောက်ရော ဟုတ်ရဲ့လား။

ဘာလို့ ဒါရိုက်တာပညာနဲ့ သရုပ်ဆောင်ပညာတွေမှာကော အရမ်းတော်နေရတာလဲ။ လင်းဖန်က အလုံးစုံ ထူးချွန်နေသူဟု သူ ခံစားမိနေပါသည်။

"လင်းဖန် ငါအံ့သြလိုက်တာကွာ။ ဒါရိုက်တာ ပညာကို ဘာလို့ မင်းက ငါ့ထက်ပိုပြီး သိနေရတာလဲကွ။" လုပိုင်းခိုင်က သက်ပြင်းချကာ မေးလိုက်ပါသည်။

"ကျွန်တော် ဒီတိုင်း နည်းနည်းပဲ သိထားတာပါ။" လင်းဖန်က ပြုံးလိုက်သည်။

"မင်းက နိမ့်ချလွန်းတယ်။ လခွမ်း ဒီနေ့ မကောင်းဆိုးဝါးတစ်ကောင်ကို မြင်လိုက်ရသလိုပဲ။ သရုပ်ဆောင်စွမ်းရည်ကော၊ ဇာတ်ညွှန်းရေးစွမ်းရည်ကော ကောင်းတယ်။ ဒါရိုက်တာတောင် လုပ်နိုင်တယ်။ ငါမင်းပြောတာ နားထောင်ပါ့မယ်။ ဒီဇာတ်ဝင်ခန်းကို ထပ်ရိုက်လိုက်ရင် သေချာပေါက် အကောင်းဆုံး အာနိသင်ရလာမှာပဲ။" လုပမ်ခိုင်းက ရယ်မောလိုက်ပါသည်။ သူ့မှာ မနာလိုမှုမရှိဘဲ အံ့အားသင့်မှုသာ ရှိပါသည်။

ဒါရိုက်တာတစ်ယောက်လုပ်ပြီး ရုပ်သံဒရမ်မာတစ်ကားကို ရိုက်ကူးရာတွင် လင်းဖန်ထံမှ တစ်ခုခုကို သင်ယူရလိမ့်မည်ဟု မထင်ခဲ့ပါ။

လင်းဖန်၏ ရိုက်ကူးရေးအပေါ် လေးနက်မှု၊ နယ်ပယ်ပေါင်းစုံတွင် ကျွမ်းကျင်မှုနဲ့ ရိုက်ကူးရေးအပိုင်းမှာ သူ့အသိပညာကတောင် အားလုံး သူ့မျက်လုံးထဲတွင် ထိပ်တန်းအဆင့် ဖြစ်ပါသည်။

Zawgyi

လင္းဖန္ 75+76

အခန္း(၇၅) လင္းဖန္က... တကယ္ေကာ လူသစ္ဟုတ္ရဲ႕လား

ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ႐ုပ္သံဒရမ္မာအတြက္ သ႐ုပ္ေဆာင္မ်ား ေနာက္ဆုံးေတာ့ ဆုံးျဖတ္ၿပီးသြားၿပီ ျဖစ္ပါသည္။

ဇာတ္လိုက္မင္းသား လင္းဖန္။

ဇာတ္လိုက္မင္းသမီး ႐ွားဝမ္ေခြၽ႕။

႐ႈယန္၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္းနဲ႔ တျခားသူမ်ားအားလုံးက အေရးပါသည့္ ဇာတ္ပို႔မ်ား ျဖစ္ၾကသည္။

ဒီ႐ုပ္သံဒရမ္မာတြင္ ပါဝင္သည့္ တျခား နာမည္ေက်ာ္ သ႐ုပ္ေဆာင္မ်ားနဲ႔ ဝါရင့္သ႐ုပ္ေဆာင္မ်ားပါ ႐ွိေသးသည္။

သူတို႔ၾကားထဲတြင္ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ႐ုပ္႐ွင္၌ ခ်င္းဧကရာဇ္ေနရာက ပါဝင္သ႐ုပ္ေဆာင္သည့္ နာမည္ႀကီး ဆရာခ်န္ခ်င္းလည္း ပါပါသည္။

ခ်န္ခ်င္း၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက အလြန္ေကာင္းမြန္ၿပီး တစ္ႏိုင္ငံလုံးနဲ႔ ၾကည့္႐ႈသူ ပရိတ္သတ္မ်ားစြာက အသိအမွတ္ျပဳထားၾကေသာ မင္းသားႀကီး ျဖစ္သည္။ ထို႔ေၾကာင့္ လူမ်ားစြာက သူ႕ကို ဆရာခ်န္ခ်င္းဟု ေခၚၾကပါသည္။

ထို႔အျပင္ မင္းသားႀကီး ဆရာဝူလည္း ႐ွိသည္။ သူလည္း အလြန္အေရးပါေသာာေနရာက ပါဝင္ရပါသည္။

ဘဝရဲ႕ေပ်ာ္႐ႊင္မႈတြင္ ေခါင္းေဆာင္မင္းသမီး လင္းဝမ္အာ၊ ခ်င္းဧကရာဇ္ ခ်န္းဖ်င္ဖ်င္၊ အႀကီးဆုံး မင္းသမီး ဖန္းေယြ႕ေယြ႕၊ ဝမ္ခ်ီညမ္၊ စစ္လီလီ၊ ဖန္းစစ္က်ဲနဲ႔ တျခား အေရးပါသည့္ ဇာတ္ေကာင္မ်ား ပါဝင္ၾကပါသည္။ အားလုံးက ေခါင္းေဆာင္မင္းသားနဲ႔ အေရးႀကီးသည့္ ဆက္ဆံေရးမ်ား ႐ွိၾကၿပီး လိုက္ဖက္ညီဖို႔ အလြန္ေကာင္းမြန္ေသာ သ႐ုပ္ေဆာင္စြမ္းရည္မ်ား လိုအပ္ၾကပါသည္။

ထို႔အျပင္ ထိုဇာတ္ေကာင္မ်ားကို အလြန္အမင္း သ႐ုပ္ေဆာင္ေကာင္းေသာ သ႐ုပ္ေဆာင္မ်ားက သ႐ုပ္ေဆာင္ၾကျခင္းျဖစ္သည္။

လင္းဖန္တစ္ေယာက္တည္းသာ လူသစ္ျဖစ္ေနပါသည္။

လင္းဖန္က ႐ိုက္ကူးေရးေနရာသို႔ ကားေမာင္းလာခဲ့သည္။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ ကားတစ္စီးတည္းတြင္ ထိုင္ေနၾကပါသည္။

"ေျမာင္ ေျမာင္"

"နင္ ဘာေတြ စဥ္းစားေနတာလဲ။" ႐ွားဝမ္ေခြၽ႕က လင္းဖန္ကို စိတ္ဝင္စားစြာ ၾကည့္လိုက္ပါသည္။

"ငါခဏေနရင္ ႐ုပ္႐ွင္႐ိုက္ရေတာ့မယ္။ ဒါ ငါ့ဘဝမွာ ပထမဆုံး သ႐ုပ္ေဆာင္ဖူးတာပဲ။" လင္းဖန္က ျပဳံးလိုက္ၿပီး သူ႕ေဘးက ေကာင္မေလးကို ၾကည့္လိုက္ပါသည္။

"အင္း နင္က ဒီဒရမ္မာရဲ႕ ေခါင္းေဆာင္မင္းသားေနာ္။ ေရပန္းစားလာမလား မစားဘူးလား ဆိုတာက နင့္အေပၚ မူတည္တယ္။" ႐ွားဝမ္ေခြၽ႕က မ်က္ေတာင္ခတ္လိုက္ၿပီး ခ်ိဳၿမိန္စြာ ျပဳံးလိုက္ပါသည္။

"နင္လည္း ဒီဒရမ္မာရဲ႕ ေခါင္းေဆာင္မင္းသမီး မဟုတ္ဘူးလား။" လင္းဖန္က ႐ွားဝမ္ေခြၽ႕ကို ၾကည့္လိုက္ပါသည္။

"ဒါေပါ့ ငါတို႔ႏွစ္ေယာက္ အတူတူ အလုပ္လုပ္ရမွာေပါ့။ ငါတို႔ေသခ်ာေပါက္ အရမ္းေကာင္းတဲ့ ႐ုပ္သံဒရမ္မာကို ထုတ္လုပ္ႏိုင္မွာပါ။” ႐ွားဝမ္ေခြၽ႕၏ လွပေသာ မ်က္လုံးေလးမ်ားကလည္း ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ဝေနပါသည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕ေဘးမွာ ထိုင္ေနၿပီး ျပဳံးလိုက္သည္။ "ဒါဆို... ၿပီးက်ရင္ ငါတို႔ အၾကင္နာေပးခန္း အရင္႐ိုက္မယ္လို႔ ဒါ႐ိုက္တာကို ေျပာၾကမလား။"

႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာ နီရဲသြားပါသည္။ "အ႐ူးေကာင္ အ႐ူးေကာင္ မ႐ိုက္ခ်င္ဘူး။"

လင္းဖန္က ဆက္ေျပာ၏။ "ဘာပဲျဖစ္ျဖစ္ အၾကင္နာေပးခန္း႐ိုက္ရမယ့္ေန႔ ေရာက္လာမွာပဲေလ။ ငါတို႔ အခ်စ္ေရးဇာတ္ဝင္ခန္းေတြအကုန္လုံးကို တစ္ခါတည္း ႐ီုက္လိုက္ၾကမလား။ မဟုတ္ရင္ နင္နဲ႔ အခ်စ္ေရးဇာတ္ဝင္ခန္းတစ္ခန္း ႐ိုက္တိုင္း အရင္ မုဒ္သြင္းရဦးမယ္။ ဘာပဲျဖစ္ျဖစ္ ဒရမ္မာထဲမွာ နင္က ငါ့ရဲ႕ ဇနီးေလာင္းေလ။"

႐ွားဝမ္ေခြၽ႕က ႐ွက္ေသြးျဖာသြားၿပီး ေမးလိုက္ပါသည္။ "နင္က ငါနဲ႔ ႐ုပ္႐ွင္႐ိုက္ေနတာကို ဘာလို႔ မုဒ္သြင္းဖို႔ လိုမွာလဲ။"

လင္းဖန္က ေျပာလိုက္သည္။ "ငါ မုဒ္မသြင္းရင္ နင့္ကို အၾကင္နာေပးၿပီး မထိန္းႏိုင္ဘဲ မလႊတ္ေပးေတာ့ရင္ ဘယ္လိုလုပ္မလဲ။"

႐ွားဝမ္ေခြၽ႕က လင္းဖန္ကို စိုက္ၾကည့္လိုက္ပါသည္။ "အ႐ူးေကာင္ လင္းဖန္ အတင့္ရဲလိုက္တာ"

"ႏွာဘူးေကာင္" ႐ွားဝမ္ေခြၽ႕က သူမ၏ ေၾကာင္နား႐ြက္ ဦးထုပ္ေလးကို ဝတ္ထားၿပီး ေၾကာင္လက္သည္းႏွစ္ဖက္ကို ထုတ္ျပကာ လင္းဖန္ကို စိတ္ဆိုးေနေသာမ်က္ႏွာျဖင့္ ၾကည့္ေနပါသည္။

လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔၏ စကားကိုၾကားေသာအခါ ဒ႐ိုင္ဘာမွာ ေခြၽးျပန္ေနပါ၏။

ဒီေလာက္ေတာင္ ပြင့္လင္းၾကတာလား။

အဓိကအခ်က္က ႐ွားဝမ္ေခြၽ႕က လွလြန္းသျဖင့္ သူသည္းမခံႏိုင္ေတာ့တာျဖစ္မည္။

ဒ႐ိုင္ဘာ သက္ျပင္းခ်လိုက္ပါသည္။ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က ေန႔တိုင္း အတူတူ ႐ွိေနၾကတာေတာင္ ခ်စ္ျမတ္ႏိုးေနၾကဆဲျဖစ္သည္။ လင္းဖန္ ဘယ္လိုလုပ္ၿပီး သည္းခံႏိုင္မည္နည္း။

သူတို႔ ႐ိုက္ကူးေရးေနရာကို ေရာက္သြားေတာ့ မိတ္ကပ္မ်ားလိမ္းကာ နန္းတြင္းဝတ္စုံမ်ား ဝတ္ဆင္လိုက္ၾကပါသည္။

မိတ္ကပ္ပညာ႐ွင္က လင္းဖန္ကိုၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္မိသည္။

"ကြၽန္မ မိတ္ကပ္ပညာ႐ွင္လုပ္လာတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီ ဒီလိုမ်ိဳး မၾကဳံဖူးဘူး။" မိတ္ကပ္ပညာ႐ွင္က ေျပာလိုက္သည္။

"အရင္တုန္းက တျခားသူေတြအတြက္ မိတ္ကပ္လိမ္းေပးတုန္းက ဇာတ္ေကာင္ကို အေလးေပးဖို႔အတြက္ပဲ။ တစ္ခါတစ္ေလမွာေတာ့ ဇာတ္ေကာင္ကို ဖန္သားျပင္ေပၚမွာ ပိုၾကည့္ေကာင္းေအာင္ လုပ္ေပးဖို႔ေပါ့။ ဒါေပမယ့္ ႐ွင့္လို ေခ်ာေမာတဲ့လူမ်ိဳးကို ျမင္ဖူးတာ ပထမဆုံးပဲ။ မိတ္ကပ္အမ်ားႀကီး မလိမ္းရင္ေတာင္ ႐ွင္က ဖန္သားျပင္ေပၚမွာ အရမ္းၾကည့္ေကာင္းတုန္းပဲ။ အနည္းဆုံး ညိႇဳ႕အားျပင္းတဲ့ မင္းသားေလး အဆင့္ေလာက္႐ွိတယ္။" မိတ္ကပ္ ပညာ႐ွင္က လင္းဖန္ကို ေမာ့ၾကည့္လိုက္သည္။

လင္းဖန္၏ မ်က္ႏွာက ဘာလို႔ ဒီေလာက္ေတာင္ ေခ်ာရတာလဲ။

ဖန္သားျပင္ေပၚမွာလည္း အျပစ္အနာအဆာမ႐ွိပါ။

ထို႔အျပင္ လင္းဖန္ကို မိတ္ကပ္ပညာ႐ွင္က ပထမဆုံးျမင္ဖူးတာျဖစ္ပါသည္။

မိတ္ကပ္ပညာ႐ွင္က လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားကို မသိေသးေသာ္လည္း သူ႕မ်က္ႏွာကို ၾကည့္႐ုံနဲ႔တင္ အထင္ႀကီးမိေနပါၿပီ။

သူမသာ ႏွစ္အမ်ားႀကီး ပိုငယ္ေနပါက လင္းဖန္ကို ႀကိဳက္ေလာက္သည္။

"ဟားဟား ခ်ီးက်ဴးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ဗ်ာ။ တကယ္ေတာ့ ဘယ္လိုပုံစံမ်ိဳး႐ွိ႐ွိ အေရးမႀကီးပါဘူး။ အဓိက အခ်က္က ႐ုပ္သံဒရမ္မာတစ္ကား ႐ိုက္ကူးဖို႔ သ႐ုပ္ေဆာင္စြမ္းရည္ကိုပဲ အာကိုးရမွာပါ။ ဒါမွ ပရိတ္သတ္က ကိုယ့္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြကို မွတ္မိေနမွာ မဟုတ္လား။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

မိတ္ကပ္ပညာ႐ွင္က ထိုစကားကိုၾကားေသာအခါ လင္းဖန္ကို သေဘာတူစြာျဖင့္ ၾကည့္လိုက္ပါသည္။

သူက ေျဖာင့္မတ္ေသာ အႏုပညာ႐ွင္ျဖစ္ၿပီး အလြန္ေခ်ာေမာပါသည္။

မိတ္ကပ္လိမ္းေပးၿပီးသြားေသာအခါ ႐ိုက္ကူးေရး တရားဝင္စတင္ခဲ့ပါသည္။

ဘာပဲျဖစ္ျဖစ္ သ႐ုပ္ေဆာင္အားလုံးမွာ ကိုယ္ပိုင္ အခ်ိန္ဇယားမ်ား ႐ွိၾကသည္။ ႐ိုက္ကူးေရးကို အ႐ွိန္ျမႇင့္တင္ဖို႔အတြက္ ဇာတ္ဝင္ခန္းတခ်ိဳ႕ကို ဆက္တိုက္႐ိုက္ကူးရပါသည္။

အာ႐ုံအစိုက္ခံရဆုံးက လင္းဖန္ျဖစ္သည္။

လင္းဖန္က ဒီ႐ုပ္႐ွင္မွာ ေခါင္းေဆာင္မင္းသားျဖစ္ေသာေၾကာင့္ျဖစ္ၿပီး ေခါင္းေဆာင္မင္းသားတြင္ ဇာတ္ဝင္ခန္းမ်ားစြာ ႐ွိေသာေၾကာင့္ ျဖစ္ပါသည္။

ထို႔ေၾကာင့္ ဇာတ္လမ္းအားလုံးက ေခါင္းေဆာင္မင္းသားနဲ႔သာ သက္ဆိုင္ေနသည္။

ေခါင္းေဆာင္မင္းသားငယ္စဥ္တုန္းက ပုံစံ႐ိုက္ကူးဖို႔ ကေလးသ႐ုပ္ေဆာင္ သုံးရသည့္ ပထမပိုင္းက လြဲၿပီး ေနာက္ဆုံးအထိ လင္းဖန္က အားလုံးနဲ႔ သ႐ုပ္ေဆာင္ရပါမည္။

လင္းဖန္၏ ပထမဆုံး ဇာတ္ဝင္ခန္းက ဖိုက္တင္ဇာတ္ဝင္ခန္းျဖစ္ပါသည္။

ဒါ႐ိုက္တာ လုပမ္ခိုင္း၊ ဝန္ထမ္းတခ်ိဳ႕၊ သိုင္းဒါ႐ိုက္တာနဲ႔ ပ႐ိုဂ်ဴဆာလ်ိဳ႕တို႔လည္း ႐ွိေနၾကာၿပီး သူ႕ဇာတ္ဝင္ခန္းကို ေစာင့္ၾကည့္ေနၾကသည္။

႐ွားဝမ္ေခြၽ႕၊ ႐ႈယန္၊ စုေ႐ွာင္းယြီ၊ လင္းက်င္းက်င္းတို႔လည္း လင္းဖန္၏ ပထမဆုံးဇာတ္ဝင္ခန္းကို ေစာင့္ၾကည့္ေနၾကပါသည္။

အားလုံးက လင္းဖန္အတြက္ စိတ္ပူေပးေနၾကသည္။ သူ႕သ႐ုပ္ေဆာင္စြမ္းရည္သာ မေကာင္းပါက သူတို႔အားလုံး သူ႕ကို အေတြ႕အၾကဳံမ်ား မွ်ေဝေပးမည္ျဖစ္သည္။

"လင္းဖန္ အရမ္းစိတ္မလႈပ္႐ွားနဲ႔။ ပထမဆုံးဒရမ္မာမွာ လူသစ္တစ္ေယာက္ အဆင္မေျပတာပုံမွန္ပဲ" လုပမ္ခိုင္းက ေျပာလိုက္ပါသည္။ သူက လင္းဖန္ကို ပခုံးပုတ္ေပးလိုက္ၿပီး ဘာဖိအားမွ မေပးခ်င္ပါ။

သ႐ုပ္ေဆာင္ျခင္းအတြက္ အလြန္ေကာင္းမြန္ေသာ သ႐ုပ္ေဆာင္စြမ္းရည္မ်ား လိုအပ္ပါသည္။ လုပမ္ခိုင္းက အျပင္ပိုင္းမွာ ဒီလိုေျပာခဲ့ေသာ္လည္း တကယ္ေတာ့ အနည္းငယ္ စိုးရိမ္ေနပါသည္။

လင္းဖန္သာ သ႐ုပ္ေဆာင္ မေကာင္းမြန္ပါက ဒီဒရမ္မာ၏ အႏွစ္ခ်ဳပ္ အရည္အေသြးကို နိမ့္က်သြားေစလိမ့္မည္။

ဒီဒရမ္မာ မေအာင္ျမင္တာမ်ိဳးေတာင္ ျဖစ္ႏိုင္သည္။ ဇာတ္ၫႊန္းက ဘယ္ေလာက္ပဲ ေကာင္းေနပါေစ သ႐ုပ္ေဆာင္မႈက မေကာင္းမြန္ပါက ပရိတ္သတ္မွာ ဒရမ္မာကို အသိအမွတ္မျပဳဘဲ အဓိပၸာယ္မ႐ွိသည့္ပုံေပါက္သြားႏိုင္ပါသည္။

"လင္းဖန္ မင္းလုပ္ႏိုင္ပါတယ္။" ႐ႈယန္က လင္းဖန္ကို အားေပးလိုက္ပါသည္။

လင္းဖန္၏ ပထမဆုံး ဇာတ္ဝင္ခန္းက အာ႐ုံစိုက္မႈ အမ်ားႀကီး ရ႐ွိခဲ့ပါသည္။ ဝါရင့္သ႐ုပ္ေဆာင္ႀကီးမ်ား ျဖစ္ၾကသည့္ ဆရာခ်န္နဲ႔ ဆရာဝူတို႔ေတာင္ လင္းဖန္ေဘးမွာ ရပ္ေနၾကသည္။

လင္းဖန္က လူသစ္တစ္ေယာက္ျဖစ္ၿပီး သူ႕သ႐ုပ္ေဆာင္စြမ္းရည္ အေျခခံကလည္း မသန္မာေပ။

သူသ႐ုပ္ေဆာင္မေကာင္းပါက ဒီဒရမ္မာ၏ အာနိသင္ အမ်ားႀကီး ေလ်ာ့က်သြားလိမ့္မည္။

လင္းဖန္က ႐ွားဝမ္ေခြၽ႕နဲ႔အတူ ေခါင္းေဆာင္မင္းသားနဲ႔ ေခါင္းေဆာင္မင္းသမီးတို႔အျဖစ္ သ႐ုပ္ေဆာင္ေနရျခင္း ျဖစ္သည္။ လင္းဖန္၏ သ႐ုပ္ေဆာင္မႈသာ တစ္ခုခု ျဖစ္သြားပါက အြန္လိုင္းေပၚတြင္ ေဝဖန္မႈမ်ား ႐ွိလာႏိုင္ပါသည္။

သိုင္းပညာဒါ႐ိုက္တာနဲ႔ ေဆြးေႏြးၿပီးေနာက္ လင္းဖန္နဲ႔ ထ်န္းက်စ္က်င္းတို႔ စတင္သ႐ုပ္ေဆာင္ခဲ့ၾကပါသည္။

ဒီအပိုင္း၏ အဓိကဇာတ္လမ္းကေတာ့ လင္းဖန္က အျပစ္တင္ေခ်ာက္ခ်ခံရၿပီး တစ္ေယာက္ေယာက္က သူ႕ကို သတ္ခ်င္ေနျခင္း ျဖစ္သည္။ တရား႐ုံးေတာ္မွ လင္းဖန္ကိုသတ္ဖို႔အတြက္ ထ်န္းက်စ္က်င္းကို လွ်ိဳ႕ဝွက္အမိန္႔ေပးခဲ့သည္။ ထို႔ေနာက္ လင္းဖန္နဲ႔ တိုက္ခိုက္ခဲ့၏။ ေနာက္ဆုံးမွာေတာ့ လင္းဖန္က ထ်န္းက်စ္က်င္းကို သတ္ျဖတ္ခ်င္ေယာင္ေဆာင္လိုက္သည္။ သူ႕မိဘမ်ား၏ အျဖစ္မွန္ကို စုံစမ္းဖို႔အတြက္ ဦးေလးဝူက်ဴးကို ႏႈတ္ဆက္ၿပီး ၿမိဳ႕တာ္သို႔ လင္းဖန္ တက္လာခဲ့ပါသည္။

ဒီအျဖစ္အပ်က္မ်ားက ႐ိုး႐ွင္းသည့္ပုံေပၚေသာ္လည္း သ႐ုပ္ေဆာင္စြမ္းရည္အမ်ားႀကီး လိုအပ္သည္။ ေခ်ာက္ခ်ခံရသည့္အခါ ျဖစ္သြားသည့္ မ်က္ႏွာထား၊ သူနဲ႔ ၿပိဳင္ဘက္အၾကားက တိုက္ပြဲ၊ ဇာတ္လိုက္၏ အေတြးမ်ားနဲ႔ အမွန္တရားကို သိသြားေသာအခါ ျဖစ္သြားမည့္ မ်က္ႏွာထားမ်ား၊ အေသးစိတ္အားလုံးက အလြန္အေရးႀကီးပါသည္။

"ဘဝရဲ႕ေပ်ာ္႐ႊင္မႈ႐ိုက္ကူးေရး စတင္ၿပီလို႔ တရားဝင္ေၾကညာပါတယ္" လုပမ္ခိုင္းက ေျပာလိုက္သည္။ သူက အနည္းငယ္ စိုးရိမ္ေနေသာ္လည္း ထုတ္မျပခဲ့ပါ။

႐ိုက္ကူးေရး တရားဝင္စတင္ၿပီးေသာအခါ လင္းဖန္က သူ႕ဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ စတင္ သ႐ုပ္ေဆာင္ခဲ့ပါသည္။

ဒီဇာတ္ၫႊန္းကို လင္းဖန္ေရးထားတာကို ေမ့လို႔မျဖစ္ပါ။ ဇာတ္ေကာင္မ်ားကို ဘယ္လိုပုံသြင္းရမလဲဆိုတာ ဘယ္သူမွ လင္းဖန္ထက္ ပိုမသိႏိုင္ေပ။

သိုင္းပညာဇာတ္ဝင္ခန္းျဖစ္ျဖစ္ တျခားအေသးစိတ္မ်ားျဖစ္ျဖစ္ လင္းဖန္က အားလုံးကို ႐ွင္းလင္းစြာ သ႐ုပ္ေဆာင္ခဲ့သည္။

ၿပီးေတာ့ ဇာတ္ကြက္ကို ႐ိုက္ကူးဖို႔... တစ္ႀကိမ္သာ ႀကိဳးစားခဲ့ရပါသည္။

ဒါ႐ိုက္တာလုပမ္ခိုင္းနဲ႔ ပ႐ိုဂ်ဴဆာလ်ိဳ႕တို႔လည္း ဖန္သားျပင္ေပၚက အာနိသင္မ်ားကို ျမင္ေသာအခါ အလြန္ ၾကက္ေသ ေသသြားရပါသည္။

လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက... တကယ္ပဲ ေကာင္းမြန္လြန္းပါသည္။

အေသးစိတ္နဲ႔ လုပ္ရပ္တိုင္းက ၿပီးျပည့္စုံလြန္းသည္။ ဒါ႐ိုက္တာ လုပမ္ခိုင္းကို အသာထား၊ ေဘးက သိုင္းပညာဒါ႐ိုက္တာႀကီးေတာင္ ဘာအျပစ္မွ ႐ွာာမရခဲ့ပါ။

လုပမ္ခိုင္း သူ႕ဘဝသူ သံသယျဖစ္မိသြားပါသည္။

လင္းဖန္က လူသစ္မဟုတ္ဘူးလား။

လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္ကို ေဖာ္ျပဖို႔ တစ္နည္းသာ႐ွိပါသည္။

နတ္ဘုရားအဆင့္႐ွိတဲ့ သ႐ုပ္ေဆာင္စြမ္းရည္ပါလား။

ၿပီးျပည့္စုံလြန္းတယ္။

***

အခန္း(၇၆) နတ္ဘုရားအဆင့္ သ႐ုပ္ေဆာင္ စြမ္းရည္ေၾကာင့္ အားလုံးထိတ္လန္႔ကုန္ၿပီ

"ခင္ဗ်ား ႀကိဳးစားခဲ့တာပဲ။ ကြၽန္ေတာ္တို႔ ဒီဇာတ္ဝင္ခန္း ႐ိုက္ကူးလို႔ ၿပီးသြားပါၿပီ။” လင္းဖန္က အျခားသ႐ုပ္ေဆာင္နဲ႔ လက္ဆြဲႏႈတ္ဆက္လိုက္ပါသည္။

"ညီေလးဖန္ မင္းလည္း ႀကိဳးစားခဲ့တာပဲ။ မင္းရဲ႕သ႐ုပ္ေဆာင္စြမ္းရည္က တကယ္ေကာင္းတာပဲ။ ငါသ႐ုပ္ေဆာင္ေနတာ ၅ ႏွစ္ေလာက္႐ွိၿပီ။။ ငါဆရာခ်န္နဲ႔ ဆရာဝူတို႔ေ႐ွ႕မွာ သ႐ုပ္ေဆာင္မွပဲ ဖိအားခံစားရတာ။ ဒီေန႔ေတာ့ မင္းနဲ႔ ဆုံခဲ့ရတယ္။ မင္းရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေၾကာင့္ ငါအံ့ၾသသြားရတယ္။ မင္းရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ဆရာႏွစ္ေယာက္ကို မ႐ႈံးႏိုင္ပါဘူး။" အမ်ိဳးသားသ႐ုပ္ေဆာင္တစ္ေယာက္က လင္းဖန္ကို လက္မေထာင္ျပလိုက္ပါသည္။

လင္းဖန္က ျပဳံးလိုက္ၿပီး က်ိဳးႏြံစြာျဖင့္ ေျပာလိုက္ပါသည္။ "ဆရာခ်န္နဲ႔ ဆရာဝူတို႔ႏွစ္ေယာက္စလုံးက အႏုပညာေလာကမွာ စီနီယာႀကီးေတြပါ။ ၿပီးေတာ့လည္း သူတို႔ႏွစ္ေယာက္စလုံးက ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြပါ။ သူတို႔သ႐ုပ္ေဆာင္စြမ္းရည္က အရမ္းအံ့ၾသဖို႔ေကာင္းတယ္။ ကြၽန္ေတာ့္ သ႐ုပ္ေဆာင္စြမ္းရည္က သူတို႔ကိုမွီဖို႔ အမ်ားႀကီး လိုပါေသးတယ္။"

အမ်ိဳးသားသ႐ုပ္ေဆာင္က ေခါင္းခါလိုက္ပါသည္။ “မင္းရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ကို သာမန္အဆင့္လို႔ေျပာရင္ ဒီေက်ာက္တုံးကို ဒီေနရာမွာပဲ စားပစ္လိုက္မယ္။"

လင္းဖန္ သ႐ုပ္ေဆာင္ၿပီးသြားေသာအခါ စုေ႐ွာင္းယြီက ေရသန္႔တစ္ဗူး ယူၿပီး ေပးလိုက္ပါသည္။

"ဆရာ ေရေသာက္ပါဦး။" စုေ႐ွာင္းယြီက ေရဗူးကို ယူလာၿပီး လင္းဖန္ကိုၾကည့္လိုက္ပါသည္။

"နင္အခု သ႐ုပ္ေဆာင္လိုက္တဲ့ ဇာတ္ဝင္ခန္းမွာ... ဝိုး နင့္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ငါ့ထက္ေတာင္ ပိုေကာင္းေနတာပဲ။ အစ္မဝမ္ေခြၽ႕ေတာင္ မွင္သက္သြားတယ္။" စုေ႐ွာင္းယြီက ခ်ီးက်ဴးလိုက္ပါသည္။

"ဟုတ္လား။ ငါေတာ့ တိုးတက္ဖို႔ အမ်ားႀကီး လိုေသးတယ္လို႔ထင္တာပဲ။" လင္းဖန္က ျပဳံးလိုက္ပါသည္။

"ဒါေပါ့။ ၾကည့္ပါဦး။ အစ္မဝမ္ေခြၽ႕ေတာင္ ႐ွက္ေသြးျဖာေနၿပီ။" စုေ႐ွာင္းယြီက တစ္ခစ္ခစ္ ရယ္ေမာလိုက္ပါသည္။

"နင္ကမွ ႐ွက္ေသြးျဖာေနတာ" ႐ွားဝမ္ေခြၽ႕က စုေ႐ွာင္းယြီကို မ်က္ေစာင္း႐ြယ္လိုက္ပါသည္။ သို႔ေသာ္လည္း သူမ လင္းဖန္အတြက္ ဝမ္းသာပါသည္။

တစ္ဖက္မွာေတာ့ သ႐ုပ္ေဆာင္မ်ားစြာက လုပမ္ခိုင္းကို ဝန္းရံလိုက္ၾကၿပီး အဆုံးသတ္ရလဒ္ကို ၾကည့္လိုက္ၾကသည္။

"လခြမ္း။ အစ္ကိုဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြက ေအအဆင့္ သ႐ုပ္ေဆာင္ေတြကိုေတာင္ မွီေလာက္တယ္။ သူ႕မ်က္ႏွာထားနဲ႔ အက္႐ွင္ေတြကို ၾကည့္ပါဦး။ သူ ဆန္းသစ္ေနတယ္လို႔ေတာင္ ခံစားရတယ္။ လူသစ္တစ္ေယာက္က ဘယ္လိုလုပ္ၿပီး ဒီအဆင့္ ႐ွိေနရတာလဲ။"

"လခြမ္းပဲ။ ညီေလးဖန္က ဇာတ္ၫႊန္းပဲ ေရးတတ္တာ မဟုတ္ဘူး။ ႐ုပ္လည္းေခ်ာၿပီး သ႐ုပ္ေဆာင္စြမ္းရည္လည္း ေကာင္းေသးတယ္။ လင္းဖန္က ေခါင္းေဆာင္မင္းသားလုပ္ဖို႔ မသင့္ေတာ္ဘူးလို႔ ဘယ္သူေျပာတာလလဲ။ ဘယ္လိုတုန္႔ျပန္လိုက္တာလဲ ၾကည့္ပါဦး။ ညီေလးဖန္က ေခါင္းေဆာင္မင္းသား လုပ္ဖို႔ အသင့္ေတာ္ဆုံးလူပဲ။"

"ငါ ေသာက္ရမ္း အံ့ၾသေနၿပီ။ ညီေလးလင္းဖန္နဲ႔ ငါတို႔စူပါစတားညီမ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ အခ်စ္ေရးဇာတ္ဝင္ခန္းေတြကိုေတာင္ ေမွ်ာ္လင့္ေနမိၿပီကြာ။"

"ေအး ညီေလးဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းလြန္းတယ္။ ႐ွားဝမ္ေခြၽ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကလည္း ထိပ္တန္းအဆင့္ပဲ။ အေရးအႀကီးဆုံးက ဒါ ႐ွားဝမ္ေခြၽ႕ရဲ႕ ပထမဆုံး အခ်စ္ေရးဇာတ္ဝင္ခန္း႐ိုက္ဖူးတာပဲ။ ပထမဆုံး အၾကင္နာေပးခန္းလည္း ဟုတ္တယ္။ ငါမနာလိုျဖစ္လိုက္တာကြာ။ ငါလည္း ေခါင္းေဆာင္မင္းသား ျဖစ္ခ်င္လိုက္တာ။"

"ေမ့လိုက္ေတာ့။ ငါမင္းကို တိုးတိုးတိတ္တိတ္ ေျပာျပဦးမယ္။ ႐ွားဝမ္ေခြၽ႕က လင္းဖန္ကို ေခါင္းေဆာင္မင္းသားျဖစ္ေအာင္ ေ႐ြးခဲ့တာတဲ့။ ညီေလးဖန္သာ ေခါင္းေဆာင္မင္းသားအျဖစ္ သ႐ုပ္မေဆာင္ရင္ သူလည္း ေခါင္းေဆာင္မင္းသမီးအျဖစ္ သ႐ုပ္မေဆာင္ေလာက္ဘူး။ ဒါ ညီေလးဖန္ရဲ႕ ထူးျခားတဲ့ ဆြဲေဆာင္မႈပဲ။ သူတို႔က အထက္တန္းတုန္းက အတန္းေဖာ္ေတြေလ။"

မင္းသားတစ္အုပ္ သက္ျပင္းခ်လိုက္ၾကပါသည္။ သူတို႔ လင္းဖန္၏ သ႐ုပ္ေဆာင္စြမ္းရည္ကို အထင္ႀကီးမိသြား႐ုံသာမကဘဲ ေနာက္ထပ္ ဇာတ္ဝင္ခန္းမ်ားကိုလည္း ေမွ်ာ္လင့္ေနမိပါသည္။

အထူးသျဖင့္ လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ အတူတူသ႐ုပ္ေဆာင္ရင္ ဘယ္လိုေနမလဲ ဆိုတာကိုျဖစ္သည္။

လ်ိဳ႕မူနဲ႔ လုပမ္ခိုင္းတို႔ အတူတူ ထိုင္လိုက္ၾကသည္။

"လင္းဖန္ ေခါင္းေဆာင္မင္းသားလုပ္ဖို႔ မသင့္ေတာ္ဘူးလို႔ ေျပာရဲတဲ့လူ႐ွိရင္ ငါ႐ိုက္သတ္ပစ္မယ္။ တျခားသူေတြရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က စုတ္ျပတ္ေနတာပဲ။ လင္းဖန္ကေတာ့ တစ္ခါတည္းနဲ႔ ဇာတ္ဝင္ခန္းတစ္ခုကို ႐ိုက္ႏိုင္တယ္။ လင္းဖန္နဲ႔ ဘယ္သူယွဥ္ႏိုင္မွာလဲ။" မစၥတာလ်ိဳ႕က ေျပာလိုက္ပါသည္။

"ဒါဆိုး႐ြားတယ္။ မာေဖး။ ငါ သူ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ကို လုံးဝ ယုံၾကည္သြားၿပီ။ အရင္တုန္းက နည္းနည္းစိတ္ပူခဲ့ေပမယ့္ အခုေတာ့ အသင့္ေတာ္ဆုံး ေခါင္းေဆာင္မင္းသားက လင္းဖန္နဲ႔တူတယ္။ လင္းဖန္ရဲ႕ ေခ်ာေမာတဲ့ပုံစံနဲ႔ ေပါင္းစပ္လိုက္ရင္ ဒီဒရမ္မာက နာမည္ေက်ာ္ဖို႔ အာမခံလို႔ရၿပီ။" လုပမ္ခိုင္းက ေျပာလိုက္ပါသည္။

တစ္ဖက္မွာေတာ့ ဝါရင့္မင္းသားႀကီးမ်ားဟု ေခၚၾကသည့္ ဆရာခ်န္နဲ႔ ဆရာဝူတို႔လည္း ေပ်ာ္႐ႊင္စြာ ျပဳံးလိုက္သည္။

မ်ိဳးဆက္ငယ္မ်ားက ေသခ်ာေပါက္ သူတို႔ကို မၾကာခင္ ေက်ာ္ႏိုင္ပါေတာ့မည္။

သူ႕ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ၿပီးျပည့္စုံလြန္းပါသည္။

"အစ္ကိုဝါ ဒီေလာက္ေတာ္တဲ့ လူသစ္မ်ိဳး ငါမေတြ႕ရတာၾကာၿပီ အရင္တစ္ေခါက္ ဒီလိုသ႐ုပ္ေဆာင္ေကာင္းတဲ့ လူမ်ိဳးကို ျမင္ဖူးတာ စုေ႐ွာင္းယြီတုန္းကပဲ။" ဆရာခ်န္က ျပဳံးလိုက္သည္။

"အစ္ကိုခ်န္ မင္းေျပာတာ လြန္လြန္းေနၿပီ။ ဒီလိုသ႐ုပ္ေဆာင္စြမ္းရည္ေကာင္းတဲ့ ေနာက္ဆုံးလူက ႐ွားဝမ္ေခြၽ႕ပဲ" ဆရာဝူက ေျပာလိုက္ပါသည္။

"ဒါေပမယ့္ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ေတာ္ေတာ္ေကာင္းတယ္ဆိုတာကိုေတာ့ ဝန္ခံရမယ္။ ဒါေပမယ့္ သူတို႔ လူသစ္ေတြအျဖစ္ ႐ွိေနတုန္းက အခက္အခဲေတြ အမ်ားႀကီး ၾကဳံေတြ႕ခဲ့ရတယ္ေလ။ ေနာက္ပိုင္း တိုးတက္လာတာ သိသာပါတယ္။ ဒါေပမယ့္ လင္းဖန္ကေတာ့ လုံးဝ ကြဲျပားျခားနားတယ္။"

"Fight the Landlord ကစားရသလိုပဲ လင္းဖန္က စလာကတည္းက မိုက္ေနၿပီ။ လင္းဖန္ရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္က ေကာင္းလြန္းတယ္။ ဒီေလာက္ေကာင္းတဲ့ သ႐ုပ္ေဆာင္စြမ္းရည္မ်ိဳးနဲ႔ဆိုရင္ ထုတ္လႊင့္တဲ့ေန႔အထိ ေစာင့္လိုက္ဦး။ ဘယ္ေလာက္ေတာင္ နာမည္ႀကီးလာမလဲ မေျပာႏိုင္ဘူး။ ငါထင္တာေတာ့ အနာဂတ္မွာ လင္းဖန္ စူပါစတား တစ္ေယာက္ျဖစ္လာမယ္ထင္တယ္" ဆရာခ်န္က သက္ျပင္းခ်လိုက္ပါသည္။

"လင္းဖန္က တကယ္ငယ္႐ြယ္ၿပီး အလာအလာေကာင္းတယ္။ ဒီဒရမ္မာအတြက္ ဇာတ္ၫႊန္းကိုလည္း လင္းဖန္ပဲ ေရးေပးထားတာလို႔ ၾကားတယ္။ ႐ွားဝမ္ေခြၽ႕နဲ႔ အိပ္ခ်င္တဲ့ ကုမၸဏီတစ္ခုရဲ႕ စီအီးအိုတစ္ေယာက္႐ွိခဲ့ၿပီး လင္းဖန္က ျပန္တိုက္ခိုက္ခဲ့တယ္လို႔ ေျပာတယ္။ အဲ့ဒီကုမၸဏီ အခု ဘာျဖစ္သြားၿပီလဲ သိလား။ ေဒဝါလီခံလိုက္ရၿပီး ကုမၸဏီေဘာ့စ္က အဖမ္းေတာင္ခံလိုက္ရတယ္။ သူ႕ကို အနည္းဆုံး ေထာင္ ၁၀ ႏွစ္ေလာက္ အခ်ခံရတယ္တဲ့" ဆရာဝူက ေျပာလိုက္ပါသည္။

"ဟားဟား မင္းနဲ႔ငါတို႔လည္း ေနာက္ပိုင္း လင္းဖန္ ေရးထားတဲ့ ဇာတ္ၫႊန္းတစ္ခုခုမွာ သ႐ုပ္ေဆာင္ရေလာက္ပါတယ္။ ဒါဒီဒရမ္မာကို တကယ္ႀကိဳက္တယ္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈတဲ့။ ငါတစ္ျပားမွမရရင္ေတာင္ သ႐ုပ္ေဆာင္ႏိုင္တယ္။" ဆရာခ်န္က ေခါင္းၿငိမ့္ျပလိုက္ပါသည္။

တျခား ေဘးပတ္လည္က သ႐ုပ္ေဆာင္မ်ားကလည္း အံ့ၾသကုန္ၾကပါသည္။

အားလုံးေလးစားၾကသည့္ အႏုပညာေလာကထဲက မင္းသားႀကီးႏွစ္ေယာက္က လင္းဖန္ကို ခ်ီးက်ဴးေနၾကပါသည္။

သူတို႔ တစ္ဘဝလုံး တစ္ေယာက္ေယာက္ကို ခ်ီးက်ဴးဖူးတာ ဒါပထမဆုံးအႀကိမ္ပဲျဖစ္ပါသည္။

တကယ္ေတာ့ သူတို႔၏ လင္းဖန္အေပၚ သုံးသပ္ခ်က္မွာ... လင္းဖန္ အနာဂတ္တြင္ စူပါစတားတစ္ေယာက္ပင္ ျဖစ္လာႏိုင္သည္ဟူ၍ ျဖစ္ပါသည္။

သူတို႔ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကိုေတာင္ ဒီလိုမ်ိဳး မသုံးသပ္ဖူးပါ။

လင္းဖန္က မင္းသားႀကီးႏွစ္ေယာက္အတြက္ ဘယ္ေလာာက္ေတာင္အေရးပါသလဲ ျမင္ႏိုင္ပါသည္။

ဒီဇာတ္ဝင္ခန္းကို ႐ိုက္ကူးၿပီးေနာက္ လင္းဖန္က သ႐ုပ္ေဆာင္ခ်က္ေတြကို ျပန္သြားၾကည့္လိုက္ပါသည္။

သ႐ုပ္ေဆာင္ခ်က္ေတြကို ျပန္ၾကည့္ၿပီးေသာအခါ လင္းဖန္က ေခါင္းခါလိုက္ပါသည္။

"ဒါ႐ိုက္တာလု။ ႐ိုး႐ိုးသားသားေျပာရရင္ ဒီဇာတ္ဝင္ခန္းထဲမွာ အဆင့္ျမႇင့္လို႔ရတဲ့ေနရာေတြ ႐ွိပါေသးတယ္။ ၾကည့္။ ဒီေထာင့္ကေန ႐ိုက္မယ္ဆိုရင္ ပုံရိပ္နဲ႔ အာနိသင္ေတြက ပိုေကာင္းလိမ့္မယ္။"

"ဖိုက္တင္ဇာတ္ဝင္ခန္းေတြလည္း အတူတူပဲ။ ႐ိုက္ကူးတဲ့ ႐ႈေထာင့္ကို ေျပာင္းလိုက္ရင္ ဇာတ္ေကာင္ေတြရဲ႕ မ်က္ႏွာထားနဲ႔ အက္႐ွင္ေတြကို ၿပီးျပည့္စုံေအာင္ ျပႏိုင္႐ုံတင္မကဘူး၊ အလင္းနဲ႔ အေမွာင္အၾကား ျခားနားမႈကိုလည္း ျမင္ႏိုင္လိမ့္မယ္။” လင္းဖန္က လုပမ္ခိုင္းကို ၾကည့္ကာ ေျပာလိုက္ပါသည္။

ဘာပဲျဖစ္ျဖစ္ လင္းဖန္မွာ အခု နတ္ဘုရားအဆင့္ ဒါ႐ိုက္တာ စေကးလည္း႐ွိေနၿပီျဖစ္သည္။ ဒါက လင္းဖန္ေရးထားသည့္ ဇာတ္ၫႊန္းျဖစ္ၿပီး ဒီဒရမ္မာအတြက္ လင္းဖန္၏ ပါဝင္မႈက ျမင့္မားလြန္းပါသည္။

"အဲ့တာေၾကာင့္ ကြၽန္ေတာ္ အၾကံေပးစရာ နည္းနည္း ႐ွိပါတယ္။ ကြၽန္ေတာ္တို႔ ႐ိုက္လိုက္တဲ့ ဇာတ္ဝင္ခန္းကို ျပန္႐ိုက္ၾကရေအာင္။ ဘယ္လိုသေဘာရလဲ။ အေသးစိတ္တခ်ိဳ႕ကို အဆင့္ျမႇင့္လို႔ရပါတယ္။ အဲ့ဒီအေသးစိတ္ေတြေၾကာင့္သာ ပရိတ္သတ္က ဒရမ္မာတစ္ခုကို ႀကိဳက္ႏွစ္သက္ၾကတာ" လင္းဖန္က ေျပာလိုက္သည္။

လင္းဖန္၏ အၾကံေပးခ်က္ကို ၾကားၿပီးေနာက္ လုပမ္ခိုင္း နားလည္သြားပါသည္။

ဟုတ္တာေပါ့။ ဘာလို႔ သူ ဒီလို မစဥ္းစားမိရတာလဲ။

သူတို႔စကားေျပာရင္း လုပမ္ခိုင္း ထိတ္လန္႔စရာ အခ်က္တစ္ခုကို သိသြားရပါသည္။

သူက နာမည္ေက်ာ္ ဒါ႐ိုက္တာတစ္ေယာက္ ျဖစ္ေနၿပီးသား ျဖစ္ပါသည္။ ႐ိုက္ကူးေရးပိုင္းတြင္ လင္းဖန္က သူ႕ထက္ ပိုသိၿပီး ဗဟုသုတ ပို႐ွိတာာကို သိလိုက္ရပါသည္။

လင္းဖန္၏ သ႐ုပ္ေဆာင္ေလာကတြင္ ေအာင္ျမင္မႈမ်ားက သူ႕ထက္ပင္ ပိုျမင့္ေနပါသည္။

လင္းဖန္က... တကယ္ပဲ သာမန္ ဇာတ္ၫႊန္းေရး ဆရာတစ္ေယာက္ေရာ ဟုတ္ရဲ႕လား။

ဘာလို႔ ဒါ႐ိုက္တာပညာနဲ႔ သ႐ုပ္ေဆာင္ပညာေတြမွာေကာ အရမ္းေတာ္ေနရတာလဲ။ လင္းဖန္က အလုံးစုံ ထူးခြၽန္ေနသူဟု သူ ခံစားမိေနပါသည္။

"လင္းဖန္ ငါအံ့ၾသလိုက္တာကြာ။ ဒါ႐ိုက္တာ ပညာကို ဘာလို႔ မင္းက ငါ့ထက္ပိုၿပီး သိေနရတာလဲကြ။" လုပိုင္းခိုင္က သက္ျပင္းခ်ကာ ေမးလိုက္ပါသည္။

"ကြၽန္ေတာ္ ဒီတိုင္း နည္းနည္းပဲ သိထားတာပါ။" လင္းဖန္က ျပဳံးလိုက္သည္။

"မင္းက နိမ့္ခ်လြန္းတယ္။ လခြမ္း ဒီေန႔ မေကာင္းဆိုးဝါးတစ္ေကာင္ကို ျမင္လိုက္ရသလိုပဲ။ သ႐ုပ္ေဆာင္စြမ္းရည္ေကာ၊ ဇာတ္ၫႊန္းေရးစြမ္းရည္ေကာ ေကာင္းတယ္။ ဒါ႐ိုက္တာေတာင္ လုပ္ႏိုင္တယ္။ ငါမင္းေျပာတာ နားေထာင္ပါ့မယ္။ ဒီဇာတ္ဝင္ခန္းကို ထပ္႐ိုက္လိုက္ရင္ ေသခ်ာေပါက္ အေကာင္းဆုံး အာနိသင္ရလာမွာပဲ။" လုပမ္ခိုင္းက ရယ္ေမာလိုက္ပါသည္။ သူ႕မွာ မနာလိုမႈမ႐ွိဘဲ အံ့အားသင့္မႈသာ ႐ွိပါသည္။

ဒါ႐ိုက္တာတစ္ေယာက္လုပ္ၿပီး ႐ုပ္သံဒရမ္မာတစ္ကားကို ႐ိုက္ကူးရာတြင္ လင္းဖန္ထံမွ တစ္ခုခုကို သင္ယူရလိမ့္မည္ဟု မထင္ခဲ့ပါ။

လင္းဖန္၏ ႐ိုက္ကူးေရးအေပၚ ေလးနက္မႈ၊ နယ္ပယ္ေပါင္းစုံတြင္ ကြၽမ္းက်င္မႈနဲ႔ ႐ိုက္ကူးေရးအပိုင္းမွာ သူ႕အသိပညာကေတာင္ အားလုံး သူ႕မ်က္လုံးထဲတြင္ ထိပ္တန္းအဆင့္ ျဖစ္ပါသည္။

Continue Reading

You'll Also Like

274K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
162K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
122K 13K 200
အပိုင်း ၁ မှ ၁၉၆ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်...
1.7M 93.1K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...