အဆိပ် အဆိပ္

By XiaoZhan802

31.7K 1.1K 104

bl yizhan fan fiction More

အပိုင်း ၁
အပိုင္း ၁
အပိုင်း ၂
အပိုင္း ၂
အပိုင်း ၃
အပိုင္း ၃
အပိုင်း ၄
အပိုင်း ၎
အပိုင်း ၅
အပိုငျး ၆
အပိုင်း ၆
အပိုငျး ၇
အပိုင်း ၇
အပိုငျး ၈
အပိုင်း ၈
အပိုငျး ၉
အပိုင်း ၉
အပိုငျး ၁၀
အပိုင်း ၁၀
အပိုငျး ၁၁
အပိုင်း ၁၁
အပိုငျး ၁၂
အပိုင်း ၁၂
အပိုငျး ၁၃
အပိုင်း ၁၃
အပိုငျး ၁၄
အပိုင်း ၁၄
အပိုငျး ၁၅
အပိုင်း ၁၅
အပိုငျး ၁၆
အပိုင်း ၁၆
အပိုငျး ၁၇
အပိုင်း ၁၇
အပိုငျး ၁၈
အပိုင်း ၁၈
အပိုငျး ၁၉
အပိုင်း ၁၉
အပိုငျး ၂၀
အပိုင်း ၂၀
အပိုငျး ၂၁
အပိုင်း ၂၁
အပိုငျး ၂၂
အပိုင်း ၂၂
အပိုငျး ၂၃
အပိုင်း ၂၃
အပိုငျး ၂၄
အပိုင်း ၂၄
အပိုငျး ၂၅
အပိုင်း ၂၅
အပိုငျး ၂၆
အပိုင်း ၂၆
အပိုငျး ၂၇
အပိုင်း ၂၇
အပိုငျး ၂၈
အပိုင်း ၂၈
အပိုငျး ၂၉
အပိုင်း ၂၉
အပိုင်း ၃၀ (ဇာတ်သိမ်းပိုင်း)

အပိုင်း ၅

802 43 4
By XiaoZhan802

တဖက်မှာတော့ နန်းတွင်းအပျိုတော်လေးတစ်ဦးဟာ
လှပစွာကပြဖျော်ဖြေနေလေသည်။
သူမက လှပသည်။ နုနယ်သည်။
သူမရဲ့ လှပတဲ့အချိုးအဆစ်တွေရဲ့ အကအလှက ပုရိသတိုင်းစွဲမက်ချင်စရာအတိ
သူမရဲ့လှပမှု့ကြောင့် မင်းကြီးရဲ့ မျက်စိကျမှု့ကိုခံရကာ နန်းတွင်း၌ မင်းကြီးရဲ့ တိတ်တခိုးချစ်သူတွေဖြစ်နေလေတော့၏။
သို့သော် ဒီနေ့ညမှာတော့ မင်းကြီးက သူမရဲ့အလှအပတရားတွေကိုမခံစားပဲ
အရက်ကိုသာ ဇိန်ခံရင်းတွေးရင်းတောရင်းသောက်နေလေတော့...

ထိုမိန်းမလှလေး / မင်းကြီး...

သူမရဲ့ ချွဲနွဲ့နွဲ့အသံလေးက သာမာန်ပုရိသလောက်အရည်ပျော်သွားနိုင်သည်။

မိန်းမလှလေး / ဘာလို့ အရက်တွေပဲသောက်နေရတာလဲ

သူမက မင်းကြီးရဲ့ အရက်ခွက်ထဲ အရက်အနည်းငယ်ငှဲ့ပေးရင်းဆိုလိုက်သည်။

မင်းကြီး / ကိုယ်တော်စိတ်မကြည်လင်ဘူး ရှင်းလျန် ကပြဖျော်ဖြေတာရပ်လိုက်တော့

ထိုအခါသူမက အလိုက်သိစွာနဲ့ တီးမှုတ်ပေးနေသူများကို အခန်းအပြင်ထွက်ဖို့ အချက်ပြလိုက်သည်။

ရှင်းလျန် / ဒါဆို ကျွန်တော်မျိုးမ မင်းကြီးကို ပြုစုပေးရမလား

သူမရဲ့လက်တွေဟာ မင်းကြီးရဲ့ ပေါင်တံနဲ့ ရင်ဘက်တွေပေါ်ပြေးလွှားဆော့ကစားရင်းထိုသို့ဆိုလိုက်တော့ ရမ္မက် စည်းစိမ်ကြားမှာပျော်ပွေ့နေတဲ့ မင်းကြီးဟာ သူမရဲ့အပြုအမူတွေကြားမှာရုန်းမထွက်နိုင်ခဲ့ပါချေ

မင်းကြီး / ကောင်းတာပေါ့...

ထို့နောက်မင်းကြီးဟာ ထိုအမျိုးသမီးငယ်လေးကို
ကိုယ်ပေါ်ပွေ့တင်ကာ ညှပ်ရိုးနဲ့လည်တိုင်တလျောက်ကိုနမ်းရှိုက်ပြစ်လိုက်၏။
သူမကိုရွှေနန်းကုတင်ထပ်ပွေ့တင်လိုက်ပြီးနောက်
ရုတ်တရက်ဆန်စွာ အနမ်းတို့ရပ်တန့်သွားတော့သည်။

ရှင်းလျန် / ဘာဖြစ်လို့လဲ မင်းကြီး

မင်းကြီး / ကိုယ်တော်စိတ်မပါဘူး သွားတော့

ရှင်းလျန် / မင်းကြီး....

မင်းကြီး / သွားတော့! !!ကိုယ်တော်အိပ်ဆောင်ဝင်တော့မယ်

မင်းကြီးက အာဏာနည်းနည်းပြကာမောင်းထုတ်လိုက်တော့မှကြောက်ကြောက်လန့်လန့်နဲ့့ ထိုအမျိုးသမီးလေးက နန်းဆောင်ထဲမှထွက်ခွာသွားတော့သည်။

ရှင်းလျန် / ကောင်း...ကောင်းပါပြီ မင်းကြီး

မောင်းထုတ်ခံလိုက်ရသည်မို့ ထိုအမျိုးသမီးလေးဟာ မျက်နှာပျက်စွာ နန်းဆောင်ထဲက ထွက်လာခဲ့ရပေသည်။
မင်းကြီးရဲ့ အတွေးပုံရိပ်ထဲမှာတော့ ညနေက မယ်တော့်အဆောင်ရှေ့မှာတွေ့စုံခဲ့တဲ့
အရိပ်ငယ်လေးအား သတိရနေမိသည်။ ထိုအမျိုးသားငယ်ရဲ့မျက်နှာကို မမြင်လိုက်ရပါချေ သိူ့သော် သူနဲ့လက်ထပ်ရမဲ့သူဆိုတဲ့အသိကြီးက
သူ့ကိုဘာအမှားမှလုပ်ခွင့်မပြုတော့ချေ

..............

ဒီကနေ့ကတော့ ဝမ်ပြည့်ရှင်ရဲ့ လက်ထပ်မင်္ဂလာပွဲ ကျင်းပမဲ့နေ့ပဲ ဖြစ်ပါတယ်

ရှင်းလျန် / မင်းကြီး...

မင်းကြီး အဝတ်အစားပြင်ဆင်နေရာအခန်းဆီရောက်ရှိလာပါသော မိန်းမငယ်လေး
သူမဟာ အငိူမျက်လုံးများဖြင့် မင်းကြီးကို သနားစဖွယ်စိုက်ကြည့်နေလေသည်။
မင်းကြီးကလဲ မေတ္တာရှိနေတဲ့မိန်းကလေးဖြစ်တာကြောင့် သူမကိုပွေ့ဖတ်ကာ နှစ်သိမ့်ပေးလိုက်လေသည်။

မင်းကြီး / စိတ်မကောင်းမဖြစ်ပါနဲ့ရှင်းလျန်ရယ်

ရှင်းလျန် / မင်းကြီးလက်ထပ်တော့မဲ့အကြောင်းကိုဘာကြောင့်မပြောပြခဲ့ရတာလဲ
ရှင်းလျန် နှလုံးသားတွေ ကြေကွဲနေရပြီ ဟင့်...မင်းကြီး ကသိပ်ရက်စက်တာပဲ
အများသူငှာအပေါင်းအဖော်တွေကြားမှာ ရှင်းလျန် ဘယ်လိုမျက်နှာပြရတော့မလဲ
အဟင့်...

မင်းကြီး / ကိုယ်တောင်းပန်ပါတယ် ရှင်းလျန် အခုကိစ္စကလဲ မယ်တော်အတင်းအကြပ်စီစဥ်လို့ပါ ဒါပေမဲ့ စိတ်ချပါ ကိုယ်မင်းကိူ မရ ရအောင်လက်ထပ်မယ်
ကိုယ်သူ့ကိုလဲမချစ်မနှစ်သက်ပါဘူး

ရှင်းလျန် / ကောင်းပါပြီ ရှင်းလျန် ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းကြီးကိုစောင့်နေပါ့မယ်

ထို့နောက် မင်းကြီးက ထိုမိန်းကလေးအားထပ်မံ၍ပွေ့ဖတ်လိုက်သည်။

ထိုအခြေအနေကို အစအဆုံးကြားသိလိုက်တဲ့ ကောင်ငယ်လေးတစ်ယောက်ရှိနေတာကိုတော့ မင်းကြီးရော ထိုမိန်းကလေးပါမသိလိုက်ပါချေ...

ရှောင်ကျန့်ဟာ သူလက်ထပ်မဲ့အမျိုးသားက တခြားသူအပေါ်မေတ္တာသက်ဝင်နေမှန်းသိပါလျက် ပိုင်ဆိုင်ချင်တဲ့ အတ္တစိတ်လေးကြောင့် အားလုံးကိုလျစ်လျူရှု့ကာ
လက်ထပ်ပွဲကို အဆုံးထိကျင်းပခဲ့လေသည်။
လက်ထပ်ပွဲအခမ်းအနားလေးဟာလဲ ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားပါတော့၏။

ရှောင်ကျန့်ဟာ မနက်က သူတွေ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
အပြည့်အဝမပျော်ရွှင်နိုင်ခဲ့ပေ ထို့ကြောင့် မိသားစုနဲ့ပင်ကြာကြာမတွေ့တော့ပဲ
အဆောင်တော်ကူးကာ အနားယူနေ၏။
မင်းကြီးကတော့ ဧည့်သည်တွေနဲ့ မှူးကြီးမတ်ရာများဝိုင်းဝန်းဂုဏ်ပြုတာခံရင်း
သောက်စားကာကျန်ရစ်ခဲ့လေသည်။
ထိုအချိန် ရှောင်မားနဲ့ရှောင်ပါးရောက်လာကာ

ရှောင်ပါး ရှောင်မား   / မင်းကြီး မယ်တော်ကြီး ဂါရဝပြုပါတယ်

မယ်တော်ကြီး / ခမည်းခမတ်တွေဖြစ်နေကြပြီပဲ နယ်စားကြီးရယ်
ဒီလိုတွေမလိုတော့ပါဘူး

ရှောင်ပါး / အဟက်ဟက် အခုလိုချီးမြှင့်ပေးလို့ ဝမ်းသာလှ​ကြောင်းပါ
ဒါနဲ့ မင်းကြီး ကျွန်တော်မျိုးနဲ့ သီးသန့်စကားပြောလိူ့ရမလား

မင်းကြီး / ကောင်းပြီ

ရှောင်ပါးက ရှောင်မားဘက်လှည့်ကာ

ရှောင်ပါး  / ရှင်မ မိဖုရားကြီးကိုအဖော်ပြုပြီးခဏ နေခဲ့ပါ

ရှောင်မား / ဟုတ်ကဲ့

ပွဲအခမ်းအနားနဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဥယျာဥ်ထဲကို မင်းကြီးနဲ့ ရှောင်ပါးတို့ လမ်းလျောက်ထွက်ခဲ့ကြပေသည်။ အတော်အတန်ကြာအောင်တိတ်ဆိတ်နေတဲ့လေထုကို မင်းကြီးက စတင်ဖြိုခွင်လိုက်သည်။

မင်းကြီး / နယ်စားကြီး ကိုယ်တော့်ကိုပြောစရာများရှိလို့လား

မင်းကြီးကထိုသို့စကားစလာတော့ နယ်စားမင်းဟာ လမ်းလျောက်နေရာမှရပ်တန့်လိုက်ပြီး ပွင့်လင်းသူပီပီစကားကို ကွေ့ဝိုက်မနေပဲ တိုက်ရိုက်ပြောလိုက်လေသည်။

ရှောင်ပါး / သားရှောင်ဟာ ကျွန်တော်မျိုးရဲ့အသဲနှလုံးပါမင်းကြီး
အခြေအနေအရ မင်းကြီးနဲ့ လက်ထပ်ပေးလိုက်ရတယ်ဆိုပေမဲ့
သားရှောင်ကိုငယ်ငယ်လေးထဲက မျက်နှာတချက်မညှိုးရအောင်
ကျွန်တော်မျိုးကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့ရတာပါ

မင်းကြီး / နယ်စားမင်း ဘာကိုဆိုလိုချင်နေတာလဲ

ရှောင်ပါး / မင်းကြီးကိုနန်းတွင်းသူတစ်ယောက်နဲ့ သတင်းတွေကြားနေရပါတယ်
ကျွန်တော်မျိုးသိသလောက်ဆိုရင် အတော်လေးခရီးရောက်နေပြီလို့ထင်ပါတယ်
အရင်ကတော့ မင်းကြီးကလူလွတ်မို့ ဘာမှမဖြစ်ပေမဲ့
အခုသားရှောင်နဲ့လက်ထပ်လိုက်ပြီဆိုတော့ ဆင်ဆင်ခြင်ခြင်နေစေချင်ပါတယ်
အခုဒီစကားတွေပြောနေရတာ ယောက်ခမတစ်ယောက်အနေနဲ့မဟုတ်ပဲ
သားတစ်ယောက်ရဲ့ဖခင်အနေနဲ့ပြောနေတာပါ ဒီလောက်ဆိူ ဘာကိုဆိုလိုတာမှန်းမင်းကြီးသိလောက်ပြီမဟုတ်လား

မင်းကြီး / အခု နယ်စားမင်းက ကိုယ်တော့်ကိုအမိန့်ပြန်ပေးနေတာလား

ရှောင်ပါး / မဝင့်ရဲပါဘူး ဒါပေမဲ့
ဒီနန်းတွင်းထဲမှာ သားရှောင်ဟာ မျက်ရည်ပေါက်ကြီးငယ်ကျနေရမယ်ဆိုရင်
ကျွန်တော်မျိုးရဲ့အင်အားနဲ့ မင်းကြီးကို ပြန်တိုက်ခိုက်ရပါလိမ့်မယ်

မင်းကြီးလဲ ထိုစကားကြောင့် ဒေါသအနည်းငယ်ထွက်သွားကာ

မင်းကြီး /ကိုယ်တော့်ကို လာခြိမ်းခြောက်နေတာလား

ရှောင်ပါး / ကျွန်တော်မျိုးမှာ အဲ့လိုလုပ်နိုင်တဲ့အင်းအားရှိတယ်ဆိုတာ မင်းကြီးအသိဆုံးဖြစ်မှာပါ သားရှောင်ကိုအပ်ပါတယ် ခွင့်ပြုပါဦး

နယ်စားမင်းထွက်သွားတော့ မင်းကြီးရဲ့ အမြတ်ဒေါသဟာ အထွဋ်အထိပ်ကိုရောက်ရှိလို့နေခဲ့ပြီ

မင်းကြီး / တောက် !!!ငါကိုယ်တော်ကိုများ ခြိမ်းခြောက်ရဲတယ်လား!!!

Continue Reading

You'll Also Like

655K 33.1K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
4.2K 50 16
I'm just bored rn I will do Imagines later but For rn I'm doing Headcanons
21.3K 3.6K 57
စစ်ထွက်ခါနီးတိုင်း ဒီစစ်ပွဲက ကိုယ့်ရဲ့နောက်ဆုံးစစ်ပွဲဖြစ်သွားနိုင်တယ်ဆိုတဲ့စိတ် အမြဲထည့်ထားတယ်။ အသက်ပေးပြီးကာကွယ်နေတဲ့ဒီဂိုဂူလျောမြေဆီကနေ လိုချင်မိတာ...
130K 6.8K 17
YiZhan အတွဲလေးကို အရမ်းချစ်လို့ Fan Fictionလေး ရေးချင်လာလို့ပါ