CEO's Possessively Boyfriend

By Garlic_Boom

1.5M 87.6K 16.9K

[ Tom And Jerry Human Version ] More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
32 ( Final )

Chapter 23

42.6K 2.3K 331
By Garlic_Boom

Unicode

နေနေ ဝီရဦးခေါင်ကို စောင့်နေရင်းနဲ့ကို စိတ်ကမရှည်တော့ ။ လူက အိပ်ပါ ငိုက်လာသည် ။ ကား ဆီ သွားထည့်မယ်ပြောပြီး နှစ်နာရီကြာတဲ့ထိကိုပြန်မလာသေးတာတော့ မဟုတ်သေးပါဘူး ။

beeeeeeeeeeeee

ဖုန်းကို ringtone မထည့်ဘဲ vibrate သာ လုပ်ထားတတ်သူမို့ အခုလို အတွေးကောင်းနေတဲ့အချိန် ထမြည်လာသည့်အခါနေနေ့မှာ ထတောင်ခုန်မိတော့မလို ဖြစ်သွားရသည် ။

" ဟယ်လို "

" -------- "

" ကျွန်တော် အခုချက်ချင်း လာခဲ့မယ်နော် ခဏလောက် ကြည့်ပေးထားပါဦး "

တစ်ဖက်က ဆက်လာသူမှာ အကိုရည်ရွယ်လင်းသစ် အတွက် ငှားပေးထားခဲ့တဲ့ nurse-aid ညီမလေး ဖြစ်ပြီး အစောကလေးတင် အကိုသတိရလာပြီဖြစ်ကြောင်း လှမ်းပြောပေးတာပင် ။

နေနေ့မှာလည်း အကို ပြန်သတိရလာပြီဆိုတော့ လူကငိုချင်ရက်လက်တို့ဖြစ်လာသည် ။

ဒီလို ပျော်စရာကောင်းတဲ့ အချိန်မျိုးမှာ ဝီရဦးခေါင်ဆိုတဲ့ကောင်ဘာလို့ သူ့အနားမှာ မရှိနေတာလဲ ။

သတိရရခြင်း အကို အရင်ဆုံးမြင်ချင်လောက်မဲ့ သူက အန်ကယ်ဖြစ်နေမှန်း သိတော့ အန်ကယ့်အခန်းဆီသွားရသည် ။ မနေ့ကဆေးရုံသွားတုန်းကလည်း သူအန်ကယ့်ကို မခေါ်သွားဖြစ်လိုက်ဘူးလေ ။

" နေနေ သား ဘာတွေစဥ်းစားနေတာလဲ "

အခန်းထဲ မဝင်ဘဲ အဝမှာ ရပ်နေသည့်သူ့ကို အန်ကယ် က အရင်မြင်သွားသည် ။ အရင်ကထက်ပိုပြီးတောင် ညှင်းသိုးသိုးဖြစ်သွားသည့်ပုံကိုမြင်တော့လည်း စိတ်ထဲမကောင်း ။ ဘာပဲ ဖြစ်ဖြစ် အခုတော့ အရာအားလုံး အဆင်ပြေသွားတော့မှာပါ ။

အန်ကယ်နဲ့ အကိုရော ။ သူနဲ့ ဝီရဦးခေါင်ရောပဲ ။

" ကျွန်တော် နဲ့ တစ်နေရာ သွားရအောင် အန်ကယ် "

နေနေလည်း အန်ကယ့်လက်မောင်းကို သွားဆွဲကာ အောက်ထပ်ကိုဆင်းလာလိုက်တယ် ။

" ဘယ်ကို "

" လိုက်ခဲ့ပါ အန်ကယ့်အတွက် တအားကိုမှ ပျော်စရာကောင်းတဲ့ ကိစ္စလေးရှိနေတယ် "

" ပျော်စရာ ဆိုတာ အန်ကယ် မခံစားတတ်တော့တာ ကြာပါပြီ နေနေရယ် နေနေပဲ သွားလိုက်တော့နော် ဒါနဲ့ လင်းအကြောင်းလေး ထူးရင် အန်ကယ့်ကို ပြောပါဦးနော် သား "

အန်ကယ်နဲ့ ပက်သတ်ပြီး ဒီနောက်ပိုင်း သူ သတိထားမိတာလေးရှိတယ် ။ အန်ကယ်ကလေ အကို့နာမည်လေးကို စကားထဲထည့်ပြောတဲ့အခါမျိုးဆို ပြုံးနေတာပဲ ။ ပြီးတော့ အန်ကယ်က လူတစ်ယောက်ထဲကိုပဲ နှစ်တွေအကြာကြီးချစ်သွားနိုင်တာ အကိုတစ်ယောက် ဘယ်လောက်တောင်များ ကံကောင်းလိုက်လဲ ။

အကိုကရော ဘာထူးလို့လဲ ။ အန်ကယ့်အတွက်ပဲ ဒီနေ့အထိ အားတင်းပြီး တောင့်ခံနိုင်ခဲ့တာ မဟုတ်လား ။

နှစ်ယောက်သားရဲ့ အချစ်တွေက ထင်ထားတာထက်ကိုပိုပြီး လေးစားဖို့ ကောင်းလိုက်တာ ။

" ဟုတ် ကျွန်တော်ပြောမှာပါ ဒါပေမဲ့ အခုတော့ အန်ကယ်လိုက်မှကိုရမယ် "

ပေကပ်ရပ်နေတဲ့ အန်ကယ့်ကို ခြံထဲရောက်အောင် သူ့မှာအတင်းဆွဲလာရတယ် ။

" နေနေ "

" ဝီရဦးခေါင်လည်း မရှိဘူး အန်ကယ်ရဲ့ ပြီးတော့ ကျွန်တော့်ဗိုက်ထဲ အန်ကယ့်မြေးလေး ရှိနေတာနော်"

" ဟေ "

သူ့ကို အံ့သြတကြီး ကြည့်လာသော အန်ကယ့်ကို နေနေပြုံးပြလိုက်ကာဗိုက်ကလေးလှန်ပြလိုက်သည် ။

" ဟုတ်တယ် အန်ကယ် မကြာခင် မြေးချီရတော့မှာ "

" ဝီရဦးခေါင် ခွေးသား ငါ့ကို မပြောဘဲ နေနေတာ ဒီခွေးကောင်လေးတော့ ဟားဟား ငါမြေးချီရတော့မယ်ကွ "

မြေးရတော့မယ်ဆိုတော့ အန်ကယ့်မျက်နှာထက်က အပြုံးတွေကဖုံးမရဖိမရ ။

လောလောဆယ်တော့ ဆေးရုံကို ခေါ်သွားလို့ ရပြီ ။ တမင်ထုတ်မပြောတာ တခြားမဟုတ် ။ အကို့ကို မြင်မှ ပျော်သွားရအောင် လုပ်ပေးချင်တာ ။

" ဟုတ်တယ် ဟုတ်တယ် အဲ့ဒါကြောင့် ကျွန်တော် နဲ့ ဆေးရုံလိုက်ခဲ့ ရမယ်နော် "

" သွားစို့ သွားစို့ ငါ့မြေးကို ဖိုးဖိုးကိုယ်တိုင် ဆေးရုံ လိုက်ပို့မယ် "

အန်ကယ့်မြေး အတွက် ဗိုက်သွားအပ်မှာတော့ အန်ကယ့်သား ပြန်လာမှသွားမှာ အန်ကယ်ရေ ။ လိမ်လိုက်ရတဲ့အတွက်တော့ တောင်းပန်ပါတယ် ။

နောက်ပြီး ကျွန်တော်ကလည်း ဝီရဦးခေါင်မပါဘဲဒီ ဗိုက်ကို ဆေးရုံမှာ သွားအပ်ဖို့ စိတ်ကူးမရှိပါဘူး ။

" ဘာစားချင်တာ ရှိလဲ "

" ကျွန်တော် ဗိုက်မဆာပါဘူး "

" မြေးကို မေးတာပါ နေနေရယ် "

" အော် အဟင်း ။ မဆာဘူးတဲ့ ဆာရင် သူပြောမယ်တဲ့ "

" ရော့ ဒါယူထားလိုက် နေနေ ။ ကတ်ထဲ ငါးရာ လောက်ကျန်သေးတယ် နောက်မှ အန်ကယ် ကတ်လဲပေးမယ် "

" မယူ "

" ယူထား နေနေ့ကို ပေးတာ မဟုတ်ဘူး မြေးအတွက် အဖိုးရဲ့ ပထမဆုံး မုန့်ဖိုးပေါ့ "

မြေးကို ပေးတာဆိုတော့ သူ့မြေးက အပြင်ကိုထွက်လာပြီလားပြော ။ ထွက်မလာသေးတဲ့ ကလေးကို ကဲတဲ့နေရာသဲတဲ့နေရာမှာတော့ ဝီရဦးခေါင်နဲ့ အန်ကယ်ကသားအဖလို့မပြောရဘူး တစ်ထေရာထဲ ။

ဘယ်လောက်တောင်ကဲသဲလဲဆိုရင် အန်ကယ်က သူ့ကို ကားတောင် မမောင်းခိုင်းတော့ ။

လမ်းတစ်လျှောက်လဲ မြေးအတွက်ဆိုပြီး ဝယ်လိုက်တာ ကားနောက်ခန်းထဲ မုန့်တွေနဲ့ အသီးအနှံတွေကအပြည့်အမောက် ။

အဖိုးနဲ့ အဖေရဲ့ အချစ်ကို ဗိုက်ထဲက တစ်ယောက် ဒီလောက်ခံနေရတာ နေနေက နည်းနည်းတောင် မနာလိုဖြစ်ချင်လာပြီ ။

" ဒီဆေးရုံမှာ ပြမှာလား "

ဆေးရုံနဲ့ အိမ်က သိပ်မဝေးတာမို့ နာရီဝက်လောက်နဲ့ပင် ရောက်လာသည် ။

" မဟုတ်ဘူး အန်ကယ် ကျွန်တော် "

" ခဏ မြေးတောင် ရတော့မယ် နေနေက
အန်ကယ့်ကို ဖေဖေလို့ ခေါ်ဖို့ရော စိတ်ကူးရှိရဲ့လား "

သူ့ပုခုံးကို ပုတ်ကာ အန်ကယ်က ရယ်ရယ်မောမောမေးလာတာကြောင့် နေနေအားနာစိတ်ကလေးဝင်လာရသည် ။

" ရှိ ရှိပါတယ် "

" ဟုတ်ပြီ ဒါဆို ဖေတို့ အထဲဝင်ကြမလား "

" ဟုတ် ဟုတ်ကဲ့ ဖေ ဖေ "

အကို့အခန်းနားရောက်လေ နေနေကတော့ ခြေလှမ်းတွေ ပိုလေးလာတယ်လို့ ခံစားရတယ် ။

အန်ကယ်ကတော့ ဘာမှမသိဘဲ နေနေပြောထားတဲ့ အခန်းနံပါတ်အတိုင်း တည့်တည့်ကိုသွားနေလေသည် ။

" room number 27 နော် VVIP လား "

" ဟုတ် "

" နေနေ ဝင်လေ နေနေဧည့်သည့်မလား ဖေမှမသိတာ "

" ကျွန်တော် .... ကျွန်တော် မောလို့ ခဏထိုင်ဦးမယ် ဖေဖေအရင်ဝင်သွားပြီး သတင်းမေးလိုက်နော် "

" ကောင်းပါ့မလား "

" ကောင်းပါတယ် ဖေဖေရဲ့ "

" ပြီးရင် လိုက်လာခဲ့ နော် နေနေ ဖေအရင်ဝင်ပြီးစကားပြောနှင့်မယ် "

ဂုဏ်ရှိန်မင်းခေါင် နေနေ့ကို မြန်မြန်ဝင်လာဖို့ပြောကာ အခန်းတံခါးကို ဖွင့်ကာဝင်သွားလိုက်သည်။

သူလည်း မသိဘဲနဲ့ သတင်းမေးရဦးမယ် ။ နေနေ တစ်ယောက်ဟာလည်း အဖေကို ဘာတွေခိုင်းမှန်း မသိ ။

" ကို....ကို "

ရုတ်တရက် နားထဲဝင်လာတဲ့ အသံတိုးတိုးလျလျလေးတစ်ခုကြောင့် တံခါးပြန်ပိတ်နေရင်းပင် နေရာမှာပဲ ခြေစုံရပ်နေမိတယ် ။

ဒီအသံက သူဘယ်တော့မှ မေ့ဖျောက်လို့ မရတဲ့ လင်းရဲ့ အသံလေး မဟုတ်လား ။

ဒါဆို... ဒါဆို လင်း အခု ဒီအခန်းထဲ ရှိနေတာ သူ့ရဲ့ ရည်ရွယ်လင်းသစ်များလား ။

" ကိုကို ကျွန်တော် လွမ်းနေတာဗျာ "

" လင်း "

သူ့လှည့်ကြည့်လိုက်တဲ့အချိန် လင်းတစ်ယောက်က ဆေးရုံကုတင်လေးပေါ်မှာ ပုံ့ပုံ့လေးထိုင်ကာ သူ့ကိုမျက်ရည်တွေနဲ့ငေးနေခြင်း ။

ဟိုအရင်အချိန်တွေအတိုင်း ဘာမှမပြောင်းလဲဘဲ လင်းက သူ့ရှေ့မှာ ရှိနေတယ် ။

" လာဖက်ပါဦး ကိုကိုရဲ့ ကျွန်တော် ဟင့် "

လင်းစကားမဆုံးမီ ဂုဏ်ရှိန်မင်းခေါင်အနားသွားကာ ခန္ဓာကိုယ် သေးသေးလေးကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

ဘယ်လောက်တောင်များ အိပ်လိုက်ရလို့ အသားတွေက ဖြူဖတ်ဖြူရော်ဖြစ်နေတာလဲကွာ ။

ပြီးတော့ သူ့လင်းက Suicide လုပ်သွားတာ မဟုတ်ဘူး ပေါ့ ။

" ကိုကို အသက်ရှူကျပ် "

" လင်း "

" ကျွန်တော် အကြာကြီး စောင့်လိုက်ရတာ ကိုကို ရယ် "

ထုံးစံအတိုင်း သူတို့ ချိန်းတွေ့နေစဥ်ကလို သွားတက်ကလေးတွေပေါ်အောင်ပြုံးရင်း လက်သုံးစကားလေးထုတ်ပြောလာသည့်လင်းအား ထပ်မံပြီး ပွေ့ဖက်ထားမိပြန်တယ် ။

ဒီကူလီကူမာကလေးလေးကို သူဘယ်လောက်တောင်များချစ်လိုက်ရလဲ ။

" ကိုကိုရောပဲ မင်းကို လွမ်းနေခဲ့တာ လင်းရယ် "

" အိမ်ခေါ်သွားနော် ကိုကိုနဲ့မခွဲချင်တော့ဘူး "

" ခေါ်သွားမှာ ခေါ်သွားမှာ ကိုကို လင်းကို ဘယ်တော့မှ မထားခဲ့တော့ဘူးနော် ကိုကို ကတိပေးပါတယ် လင်းရယ် "

လင်းပုခုံးအပေါ်ခေါင်းအပ်ပြီး ငိုလိုက်ရတဲ့အချိန်ခဏလေးမှာပဲ ဂုဏ်ရှိန်မင်းခေါင် သိလိုက်တာကသူတစ်ယောက်ထဲ အထီးကျန်စွာရှင်သန်လာခဲ့တဲ့ နှစ်တွေကို ဒီအခိုက်တန့်လေးနဲ့ မေ့ဖျောက်နိုင်သွားပြီဆိုတာပဲ ။

" မငိုပါနဲ့ ကိုကိုရဲ့ ကျွန်တော် နောက်ကျရင် ဒီထပ်ပိုပြီးကျန်းမာလာတော့မှာ "

" အင်း ကိုကို သိတယ် "

" နေနေ ပါလာတယ် မလား ကိုကို "

" လင်းနဲ့ သားက "

" အင်း ကျွန်တော် သိနေတာ ကိုကို "

" ဒါဆို အခန်းထဲ ခေါ်လိုက်မယ် သားကြောင့် သာ ကိုကိုနဲ့ လင်း ပြန်တွေ့ရတာ "

" ဟုတ် ကိုကို နေနေက ကျွန်တော် နဲ့ ကိုကို့ရဲ့ ကျေးဇူးရှင် နော် သေချာမှတ်ထား ဦး ပြီးတော့ အခုလောက်ဆို နေနေ့ဆီမှာ ကျွန်တော် လက်ဆောင်ပေးထားတဲ့ လိမ္မော်သီး လေးရောက်နေလောက်ပြီ "

" လိမ္မော်သီး "

" ကိုကို မြေးချီရတော့မှာလေ မသိဘူး မပြောနဲ့နော် "

" သိတယ် သိတယ် ခဏပြန်အိပ်ဦး အခုမှနိုးလာတာစကားအများကြီးမပြောရဘူး နားဦး ရည်ရွယ်လင်းသစ် "

" ကိုကိုကလည်း "

" ကိုကိုကလည်း မလုပ်နဲ့ နေနေနဲ့ စကားခဏပြောပြီး ပြန်အိပ်ရမယ် နိုးလာတဲ့အချိန်အထိ ဘေးမှာ ကိုကို ရှိနေပေးမယ် ကြားလား "

" ဟုတ် ကိုကို "

အခန်းထဲ နှစ်ယောက် တစ်ကမ္ဘာတည်နေသော ဖေဖေနဲ့ အကို့ကို နေနေ မနှောင့်ယှက်ချင်တော့တာမို့ မျက်နှာလေးဝင်ပြပြီး နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့လိုက်တယ် ။

ဝီရဦးခေါင် message များပို့ထားမလားဆိုတဲ့အသိနဲ့ ဖုန်းထုတ်ကြည့်တော့ ဘာ message မှ
မတွေ့တာကြောင့် နေနေ မျက်နှာလေးမရွှင်တော့ ။

တစ်ကယ်ကိုပဲ ဝီရဦးခေါင်ဆိုတဲ့ကောင် ဘယ်တွေသွားလို့ ကြာနေရတာလဲ ။

အန်တီရို့ ဆီ သွားနေတာများလား ။ ခါတိုင်းလည်း သွားနေကျပါ ။ သွားလည်း ဒီနေ့လောက်ထိ မကြာတတ်ပါဘူး ။

လမ်းမှာ တစ်ခုခုဖြစ်လို့ များလား ။ ဒါမှမဟုတ် ကားပျက်သွားတာများလား ။

ပြန်ရောက်မှ နေနေ အဲ့ကောင်ကို ပြဿနာ ရှာပစ်ရမယ် ။

ဒါမှမဟုတ် နေနေ လိုက်သွားရင်ရော ဝီရဦးခေါင် သွားတတ်တဲ့နေရာတွေ သွားရှာကြည့်ရင်ရော ။ မဟုတ်လည်း အိမ်ပဲ ပြန်လိုက်ရမလား ။ အိမ်ပြန်ပြီး အိမ်မှာပဲ ငြိမ်ငြိမ်လေး ထိုင်စောင့်နေရင် ပိုကောင်းမယ် ထင်တယ် ။

ခွေးကောင်လေး လူကို စိတ်ပူအောင်လုပ်နေတာ ။ ခဏလေးသွားမယ်ပြောပြီး အကြာကြီး ရှိနေပြီ ။

နောက်ဆုံးတော့လည်း နေနေ အိမ်ကိုပဲ အရင်ပြန်လာလိုက်သည် ။

ရေလည်း မချိုးနိုင်တော့ အဝတ်စားလဲပြီးတာနဲ့ အိပ်ဆေးသုံးလုံးလောက်သောက်ကာ Aircon ကို အအေးဆုံးဖွင့်ပြီးတာနဲ့ စောင်ကြီးခေါင်းထိခြုံပြီးအိပ်ပျော်အောင် အိပ်ပစ်လိုက်သည် ။

ဒါပေမယ့်  အိပ်ဆေးသောက်ထားတာ တောင် အိပ်မပျော်ဘဲ မျက်လုံးက ကြောင်နေတာကြီး ။

အိပ်ပျော်အောင် အိပ်ရမယ်လေ ဒါမှနိုးလာရင် သူ့ဘေးမှာ ဝီရဦးခေါင် ရောက်နေတာကို တွေ့ရမှာ ။

ဘယ်လိုမှအိပ်မရတဲ့အဆုံးတော့ နေနေက ငယ်ငယ်ကလုပ်နည်းအတိုင်း သိုးတစ်ကောင်နှစ်ကောင် ကိုရေတွက်ရင်း အိပ်ပျော်အောင်ပြန်ကြိုးစားလိုက်သည် ။

ဒီနည်းက ပဲ သူ့အပေါ်အလုပ်ဖြစ်တာလား မသိ ။ သိုး အကောင်ရေမြောက် 230 ရောက်တဲ့အခါမှာတော့ နေနေ့မျက်လုံးတွေက အလုံးစုံ  မှိတ်ကျသွားခဲ့ပြီ ။

.
.
.
.

beeeeeeeeeeeeeeeeeeeeeeeeeeeeeee

ခေါင်းအုံးဘေးနား ထားအိပ်သည့် ဖုန်းက ထပ်ပြီး မြည်လာတာမို့ နေနေ အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်ရသည် ။

" ဝီရဦးခေါင်လည်း ပြန်မရောက်သေးဘူး "

နာရီကြည့်တော့ ညနေ ငါးနာရီ တောင် ထိုးနေပြီ ။ ဒီကောင်စုတ်လေးကတော့ အိမ်ကို တောင် ဘယ်သွားမယ် ဆိုတာ ပြောမသွားဘူး ။

beeeeeeeeeeeeeeeeeeeeeeeeee

ဟုတ်သား သူ့ဖုန်းလာနေတာ ဝီရဦးခေါင်များလား ။ နေနေ ကြည့်လိုက်တော့ ဖိုးခေါင် ဆက်တာ မဟုတ် ဘဲ  199 ဆိုတဲ့ number ကြောင့်  စိတ်ထဲ ထင့်ခနဲဖြစ်သွားရသည်  ။

" ဟယ်လို "

သူဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က အလောတကြီးပြောလာတဲ့ ဦးလေးကြီးအသံကြောင့် နေဥတ္တရာ ကြောင်ပြီး ရပ်နေမိတယ် ။

"----------------- "

နောက်တစ်ခေါက်ထပ်ပြီး ဟိုဘက်ကနေအော်လာတဲ့အခါမှာတော့ နေနေ ကားသော့ဆွဲကာပြောတဲ့နေရာကို  အရှိန်တင်ကာ အမြန်ဆုံး  မောင်းသွားလိုက်သည် ။

ခုနက ဟိုဦးလေးကြီးပြောနေတဲ့ စကားတွေကနားထဲမကြားတစ်ချက်ကြားတစ်ချက်နဲ့မို့ နေနေ စိတ်ကို အမြန်လျှော့ရတယ် ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဝီရဦးခေါင်က သူ့ကို ခဏလို့ပဲပြောပြီး ထွက်သွားတာလေ ။

ကော်ဖီဆိုင်နားရောက်တာနဲ့ နေနေ ကားကိုကြုံသလိုရပ်ကာ လူတွေစုနေတဲ့ နေရာကိုပြေးသွားလိုက်သည် ။

" ရောက်လာပြီလား ဒီနားက သူတွေပြောတာတော့ မနက်ထဲကကားပေါ်က  ဆင်းသွားတာတဲ့ တစ်နေကုန် ကားကိုဒီနားမှာရပ်ထားတာပဲ ဆိုင်ရှေ့က  CCTV လည်း ကြည့်ပြီးပြီ လူတော့အဲ့အချိန်ထဲကမတွေ့ရတာပဲ "

" မဟုတ်တာ "

" နေပါဦး ဒီ အိတ်ထဲ ဗူးလေးနှစ်ဗူးတော့ တွေ့တယ် ။  ပြီးတော့ တန်ဖိုးကြီးပစ္စည်းတွေပါ ထားခဲ့တာ ဆိုတော့ ခဏဆိုပြီး ဆင်းသွားတာဖြစ်ဖို့များတယ် "

သူ့လက်ထဲ ထည့်ပေးလာတဲ့ ဗူးလေးနှစ်ဗူးကို နေနေသေချာပိုက်ထားကာ ဝီရဦးခေါင် သူ့ကိုနောက်နေတယ်ထင်ပြီး ဟိုကြည့်ဒီကြည့်ကြည့်နေမိသည် ။

" ဦးလေးတို့လည်း သေချာပေါက် ကူညီပေးမှာပါ အခုတော့ အိမ်ပြန်လိုက်ဦးနော် မနက်ဖြန် ကျကားလာယူလို့ရပြီ "

ဘာကိုပြန်ရမှာလဲ သူကဘာလို့အိမ်ပြန်ရမှာလဲ ။

ဝီရဦးခေါင်  ငါ့ကို မနောက်နဲ့နော် ။

သူ့ပါးပြင်မှာ မျက်ရည်တွေကလည်း တာကျိုးသလိုကိုစီးကျနေပြီ ။

လက်ထဲက ဗူးလေးကို အမြန်ဖွင့်ကြည့်တော့ သူလိုချင်တဲ့ Gucci Brand  ဘီးလေးတစ်ချောင်းနဲ့ Channel Brand ဘီးကုပ်လေးတစ်ခု ။

အရောင်လေးရွေးပေးထားတာကလည်း ဝီရဦးခေါင်အကြိုက်ဆုံးဖြစ်သည့် ပန်းရောင်လေး ။

ဒီပစ္စည်းလေးနှစ်ခုကို ကြည့်နေရင်းနဲ့ လမ်းဘေးပလက်ဖောင်းမှာထိုင်ချပြီးငိုနေမိတာ ဘယ်လောက်ကြာသွားလဲတောင်မသိ ။

သူမတ်တပ်ထရပ်တော့ ခြေထောက်တွေကထုံကျင်နေတာကြောင့် ကောင်းကောင်းမရပ်နိုင်တော့ ပိုပြီးငိုမိတာပဲ ။

မင်းဒီလိုဆက်စနေရင် ငါမင်းကလေးကို မွေးမပေးဘဲ နေပစ်လိုက်တော့မှာ ဝီရဦးခေါင် ။

//

Garlic
25/11/23

နေနေ့အတွက် ဝီရဦးခေါင် ရွေးပေးထားတဲ့ လက်ဆောင်လေးနှစ်ခုပါ။









Zawgyi

ေနေန ဝီရဦးေခါင္ကို ေစာင့္ေနရင္းနဲ႕ကို စိတ္ကမရွည္ေတာ့ ။ လူက အိပ္ပါ ငိုက္လာသည္ ။ ကား ဆီ သြားထည့္မယ္ေျပာၿပီး ႏွစ္နာရီၾကာတဲ့ထိကိုျပန္မလာေသးတာေတာ့ မဟုတ္ေသးပါဘူး ။

beeeeeeeeeeeee

ဖုန္းကို ringtone မထည့္ဘဲ vibrate သာ လုပ္ထားတတ္သူမို႔ အခုလို အေတြးေကာင္းေနတဲ့အခ်ိန္ ထျမည္လာသည့္အခါေနေန႕မွာ ထေတာင္ခုန္မိေတာ့မလို ျဖစ္သြားရသည္ ။

" ဟယ္လို "

" -------- "

" ကြၽန္ေတာ္ အခုခ်က္ခ်င္း လာခဲ့မယ္ေနာ္ ခဏေလာက္ ၾကည့္ေပးထားပါဦး "

တစ္ဖက္က ဆက္လာသူမွာ အကိုရည္႐ြယ္လင္းသစ္ အတြက္ ငွားေပးထားခဲ့တဲ့ nurse-aid ညီမေလး ျဖစ္ၿပီး အေစာကေလးတင္ အကိုသတိရလာၿပီျဖစ္ေၾကာင္း လွမ္းေျပာေပးတာပင္ ။

ေနေန႕မွာလည္း အကို ျပန္သတိရလာၿပီဆိုေတာ့ လူကငိုခ်င္ရက္လက္တို႔ျဖစ္လာသည္ ။

ဒီလို ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္မ်ိဳးမွာ ဝီရဦးေခါင္ဆိုတဲ့ေကာင္ဘာလို႔ သူ႕အနားမွာ မရွိေနတာလဲ ။

သတိရရျခင္း အကို အရင္ဆုံးျမင္ခ်င္ေလာက္မဲ့ သူက အန္ကယ္ျဖစ္ေနမွန္း သိေတာ့ အန္ကယ့္အခန္းဆီသြားရသည္ ။ မေန႕ကေဆး႐ုံသြားတုန္းကလည္း သူအန္ကယ့္ကို မေခၚသြားျဖစ္လိုက္ဘူးေလ ။

" ေနေန သား ဘာေတြစဥ္းစားေနတာလဲ "

အခန္းထဲ မဝင္ဘဲ အဝမွာ ရပ္ေနသည့္သူ႕ကို အန္ကယ္ က အရင္ျမင္သြားသည္ ။ အရင္ကထက္ပိုၿပီးေတာင္ ညွင္းသိုးသိုးျဖစ္သြားသည့္ပုံကိုျမင္ေတာ့လည္း စိတ္ထဲမေကာင္း ။ ဘာပဲ ျဖစ္ျဖစ္ အခုေတာ့ အရာအားလုံး အဆင္ေျပသြားေတာ့မွာပါ ။

အန္ကယ္နဲ႕ အကိုေရာ ။ သူနဲ႕ ဝီရဦးေခါင္ေရာပဲ ။

" ကြၽန္ေတာ္ နဲ႕ တစ္ေနရာ သြားရေအာင္ အန္ကယ္ "

ေနေနလည္း အန္ကယ့္လက္ေမာင္းကို သြားဆြဲကာ ေအာက္ထပ္ကိုဆင္းလာလိုက္တယ္ ။

" ဘယ္ကို "

" လိုက္ခဲ့ပါ အန္ကယ့္အတြက္ တအားကိုမွ ေပ်ာ္စရာေကာင္းတဲ့ ကိစၥေလးရွိေနတယ္ "

" ေပ်ာ္စရာ ဆိုတာ အန္ကယ္ မခံစားတတ္ေတာ့တာ ၾကာပါၿပီ ေနေနရယ္ ေနေနပဲ သြားလိုက္ေတာ့ေနာ္ ဒါနဲ႕ လင္းအေၾကာင္းေလး ထူးရင္ အန္ကယ့္ကို ေျပာပါဦးေနာ္ သား "

အန္ကယ္နဲ႕ ပက္သတ္ၿပီး ဒီေနာက္ပိုင္း သူ သတိထားမိတာေလးရွိတယ္ ။ အန္ကယ္ကေလ အကို႔နာမည္ေလးကို စကားထဲထည့္ေျပာတဲ့အခါမ်ိဳးဆို ၿပဳံးေနတာပဲ ။ ၿပီးေတာ့ အန္ကယ္က လူတစ္ေယာက္ထဲကိုပဲ ႏွစ္ေတြအၾကာႀကီးခ်စ္သြားနိုင္တာ အကိုတစ္ေယာက္ ဘယ္ေလာက္ေတာင္မ်ား ကံေကာင္းလိုက္လဲ ။

အကိုကေရာ ဘာထူးလို႔လဲ ။ အန္ကယ့္အတြက္ပဲ ဒီေန႕အထိ အားတင္းၿပီး ေတာင့္ခံနိုင္ခဲ့တာ မဟုတ္လား ။

ႏွစ္ေယာက္သားရဲ႕ အခ်စ္ေတြက ထင္ထားတာထက္ကိုပိုၿပီး ေလးစားဖို႔ ေကာင္းလိုက္တာ ။

" ဟုတ္ ကြၽန္ေတာ္ေျပာမွာပါ ဒါေပမဲ့ အခုေတာ့ အန္ကယ္လိုက္မွကိုရမယ္ "

ေပကပ္ရပ္ေနတဲ့ အန္ကယ့္ကို ၿခံထဲေရာက္ေအာင္ သူ႕မွာအတင္းဆြဲလာရတယ္ ။

" ေနေန "

" ဝီရဦးေခါင္လည္း မရွိဘူး အန္ကယ္ရဲ႕ ၿပီးေတာ့ ကြၽန္ေတာ့္ဗိုက္ထဲ အန္ကယ့္ေျမးေလး ရွိေနတာေနာ္"

" ေဟ "

သူ႕ကို အံ့ၾသတႀကီး ၾကည့္လာေသာ အန္ကယ့္ကို ေနေနၿပဳံးျပလိုက္ကာဗိုက္ကေလးလွန္ျပလိုက္သည္ ။

" ဟုတ္တယ္ အန္ကယ္ မၾကာခင္ ေျမးခ်ီရေတာ့မွာ "

" ဝီရဦးေခါင္ ေခြးသား ငါ့ကို မေျပာဘဲ ေနေနတာ ဒီေခြးေကာင္ေလးေတာ့ ဟားဟား ငါေျမးခ်ီရေတာ့မယ္ကြ "

ေျမးရေတာ့မယ္ဆိုေတာ့ အန္ကယ့္မ်က္ႏွာထက္က အၿပဳံးေတြကဖုံးမရဖိမရ ။

ေလာေလာဆယ္ေတာ့ ေဆး႐ုံကို ေခၚသြားလို႔ ရၿပီ ။ တမင္ထုတ္မေျပာတာ တျခားမဟုတ္ ။ အကို႔ကို ျမင္မွ ေပ်ာ္သြားရေအာင္ လုပ္ေပးခ်င္တာ ။

" ဟုတ္တယ္ ဟုတ္တယ္ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ နဲ႕ ေဆး႐ုံလိုက္ခဲ့ ရမယ္ေနာ္ "

" သြားစို႔ သြားစို႔ ငါ့ေျမးကို ဖိုးဖိုးကိုယ္တိုင္ ေဆး႐ုံ လိုက္ပို႔မယ္ "

အန္ကယ့္ေျမး အတြက္ ဗိုက္သြားအပ္မွာေတာ့ အန္ကယ့္သား ျပန္လာမွသြားမွာ အန္ကယ္ေရ ။ လိမ္လိုက္ရတဲ့အတြက္ေတာ့ ေတာင္းပန္ပါတယ္ ။

ေနာက္ၿပီး ကြၽန္ေတာ္ကလည္း ဝီရဦးေခါင္မပါဘဲဒီ ဗိုက္ကို ေဆး႐ုံမွာ သြားအပ္ဖို႔ စိတ္ကူးမရွိပါဘူး ။

" ဘာစားခ်င္တာ ရွိလဲ "

" ကြၽန္ေတာ္ ဗိုက္မဆာပါဘူး "

" ေျမးကို ေမးတာပါ ေနေနရယ္ "

" ေအာ္ အဟင္း ။ မဆာဘူးတဲ့ ဆာရင္ သူေျပာမယ္တဲ့ "

" ေရာ့ ဒါယူထားလိုက္ ေနေန ။ ကတ္ထဲ ငါးရာ ေလာက္က်န္ေသးတယ္ ေနာက္မွ အန္ကယ္ ကတ္လဲေပးမယ္ "

" မယူ "

" ယူထား ေနေန႕ကို ေပးတာ မဟုတ္ဘူး ေျမးအတြက္ အဖိုးရဲ႕ ပထမဆုံး မုန့္ဖိုးေပါ့ "

ေျမးကို ေပးတာဆိုေတာ့ သူ႕ေျမးက အျပင္ကိုထြက္လာၿပီလားေျပာ ။ ထြက္မလာေသးတဲ့ ကေလးကို ကဲတဲ့ေနရာသဲတဲ့ေနရာမွာေတာ့ ဝီရဦးေခါင္နဲ႕ အန္ကယ္ကသားအဖလို႔မေျပာရဘူး တစ္ေထရာထဲ ။

ဘယ္ေလာက္ေတာင္ကဲသဲလဲဆိုရင္ အန္ကယ္က သူ႕ကို ကားေတာင္ မေမာင္းခိုင္းေတာ့ ။

လမ္းတစ္ေလွ်ာက္လဲ ေျမးအတြက္ဆိုၿပီး ဝယ္လိုက္တာ ကားေနာက္ခန္းထဲ မုန့္ေတြနဲ႕ အသီးအႏွံေတြကအျပည့္အေမာက္ ။

အဖိုးနဲ႕ အေဖရဲ႕ အခ်စ္ကို ဗိုက္ထဲက တစ္ေယာက္ ဒီေလာက္ခံေနရတာ ေနေနက နည္းနည္းေတာင္ မနာလိုျဖစ္ခ်င္လာၿပီ ။

" ဒီေဆး႐ုံမွာ ျပမွာလား "

ေဆး႐ုံနဲ႕ အိမ္က သိပ္မေဝးတာမို႔ နာရီဝက္ေလာက္နဲ႕ပင္ ေရာက္လာသည္ ။

" မဟုတ္ဘူး အန္ကယ္ ကြၽန္ေတာ္ "

" ခဏ ေျမးေတာင္ ရေတာ့မယ္ ေနေနက
အန္ကယ့္ကို ေဖေဖလို႔ ေခၚဖို႔ေရာ စိတ္ကူးရွိရဲ႕လား "

သူ႕ပုခုံးကို ပုတ္ကာ အန္ကယ္က ရယ္ရယ္ေမာေမာေမးလာတာေၾကာင့္ ေနေနအားနာစိတ္ကေလးဝင္လာရသည္ ။

" ရွိ ရွိပါတယ္ "

" ဟုတ္ၿပီ ဒါဆို ေဖတို႔ အထဲဝင္ၾကမလား "

" ဟုတ္ ဟုတ္ကဲ့ ေဖ ေဖ "

အကို႔အခန္းနားေရာက္ေလ ေနေနကေတာ့ ေျခလွမ္းေတြ ပိုေလးလာတယ္လို႔ ခံစားရတယ္ ။

အန္ကယ္ကေတာ့ ဘာမွမသိဘဲ ေနေနေျပာထားတဲ့ အခန္းနံပါတ္အတိုင္း တည့္တည့္ကိုသြားေနေလသည္ ။

" room number 27 ေနာ္ VVIP လား "

" ဟုတ္ "

" ေနေန ဝင္ေလ ေနေနဧည့္သည့္မလား ေဖမွမသိတာ "

" ကြၽန္ေတာ္ .... ကြၽန္ေတာ္ ေမာလို႔ ခဏထိုင္ဦးမယ္ ေဖေဖအရင္ဝင္သြားၿပီး သတင္းေမးလိုက္ေနာ္ "

" ေကာင္းပါ့မလား "

" ေကာင္းပါတယ္ ေဖေဖရဲ႕ "

" ၿပီးရင္ လိုက္လာခဲ့ ေနာ္ ေနေန ေဖအရင္ဝင္ၿပီးစကားေျပာႏွင့္မယ္ "

ဂုဏ္ရွိန္မင္းေခါင္ ေနေန႕ကို ျမန္ျမန္ဝင္လာဖို႔ေျပာကာ အခန္းတံခါးကို ဖြင့္ကာဝင္သြားလိုက္သည္။

သူလည္း မသိဘဲနဲ႕ သတင္းေမးရဦးမယ္ ။ ေနေန တစ္ေယာက္ဟာလည္း အေဖကို ဘာေတြခိုင္းမွန္း မသိ ။

" ကို....ကို "

႐ုတ္တရက္ နားထဲဝင္လာတဲ့ အသံတိုးတိုးလ်လ်ေလးတစ္ခုေၾကာင့္ တံခါးျပန္ပိတ္ေနရင္းပင္ ေနရာမွာပဲ ေျခစုံရပ္ေနမိတယ္ ။

ဒီအသံက သူဘယ္ေတာ့မွ ေမ့ေဖ်ာက္လို႔ မရတဲ့ လင္းရဲ႕ အသံေလး မဟုတ္လား ။

ဒါဆို... ဒါဆို လင္း အခု ဒီအခန္းထဲ ရွိေနတာ သူ႕ရဲ႕ ရည္႐ြယ္လင္းသစ္မ်ားလား ။

" ကိုကို ကြၽန္ေတာ္ လြမ္းေနတာဗ်ာ "

" လင္း "

သူ႕လွည့္ၾကည့္လိုက္တဲ့အခ်ိန္ လင္းတစ္ေယာက္က ေဆး႐ုံကုတင္ေလးေပၚမွာ ပုံ႕ပုံ႕ေလးထိုင္ကာ သူ႕ကိုမ်က္ရည္ေတြနဲ႕ေငးေနျခင္း ။

ဟိုအရင္အခ်ိန္ေတြအတိုင္း ဘာမွမေျပာင္းလဲဘဲ လင္းက သူ႕ေရွ႕မွာ ရွိေနတယ္ ။

" လာဖက္ပါဦး ကိုကိုရဲ႕ ကြၽန္ေတာ္ ဟင့္ "

လင္းစကားမဆုံးမီ ဂုဏ္ရွိန္မင္းေခါင္အနားသြားကာ ခႏၶာကိုယ္ ေသးေသးေလးကို ရင္ခြင္ထဲ ထည့္ထားလိုက္သည္။

ဘယ္ေလာက္ေတာင္မ်ား အိပ္လိုက္ရလို႔ အသားေတြက ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနတာလဲကြာ ။

ၿပီးေတာ့ သူ႕လင္းက Suicide လုပ္သြားတာ မဟုတ္ဘူး ေပါ့ ။

" ကိုကို အသက္ရႉက်ပ္ "

" လင္း "

" ကြၽန္ေတာ္ အၾကာႀကီး ေစာင့္လိုက္ရတာ ကိုကို ရယ္ "

ထုံးစံအတိုင္း သူတို႔ ခ်ိန္းေတြ႕ေနစဥ္ကလို သြားတက္ကေလးေတြေပၚေအာင္ၿပဳံးရင္း လက္သုံးစကားေလးထုတ္ေျပာလာသည့္လင္းအား ထပ္မံၿပီး ေပြ႕ဖက္ထားမိျပန္တယ္ ။

ဒီကူလီကူမာကေလးေလးကို သူဘယ္ေလာက္ေတာင္မ်ားခ်စ္လိုက္ရလဲ ။

" ကိုကိုေရာပဲ မင္းကို လြမ္းေနခဲ့တာ လင္းရယ္ "

" အိမ္ေခၚသြားေနာ္ ကိုကိုနဲ႕မခြဲခ်င္ေတာ့ဘူး "

" ေခၚသြားမွာ ေခၚသြားမွာ ကိုကို လင္းကို ဘယ္ေတာ့မွ မထားခဲ့ေတာ့ဘူးေနာ္ ကိုကို ကတိေပးပါတယ္ လင္းရယ္ "

လင္းပုခုံးအေပၚေခါင္းအပ္ၿပီး ငိုလိုက္ရတဲ့အခ်ိန္ခဏေလးမွာပဲ ဂုဏ္ရွိန္မင္းေခါင္ သိလိုက္တာကသူတစ္ေယာက္ထဲ အထီးက်န္စြာရွင္သန္လာခဲ့တဲ့ ႏွစ္ေတြကို ဒီအခိုက္တန့္ေလးနဲ႕ ေမ့ေဖ်ာက္နိုင္သြားၿပီဆိုတာပဲ ။

" မငိုပါနဲ႕ ကိုကိုရဲ႕ ကြၽန္ေတာ္ ေနာက္က်ရင္ ဒီထပ္ပိုၿပီးက်န္းမာလာေတာ့မွာ "

" အင္း ကိုကို သိတယ္ "

" ေနေန ပါလာတယ္ မလား ကိုကို "

" လင္းနဲ႕ သားက "

" အင္း ကြၽန္ေတာ္ သိေနတာ ကိုကို "

" ဒါဆို အခန္းထဲ ေခၚလိုက္မယ္ သားေၾကာင့္ သာ ကိုကိုနဲ႕ လင္း ျပန္ေတြ႕ရတာ "

" ဟုတ္ ကိုကို ေနေနက ကြၽန္ေတာ္ နဲ႕ ကိုကို႔ရဲ႕ ေက်းဇူးရွင္ ေနာ္ ေသခ်ာမွတ္ထား ဦး ၿပီးေတာ့ အခုေလာက္ဆို ေနေန႕ဆီမွာ ကြၽန္ေတာ္ လက္ေဆာင္ေပးထားတဲ့ လိေမၼာ္သီး ေလးေရာက္ေနေလာက္ၿပီ "

" လိေမၼာ္သီး "

" ကိုကို ေျမးခ်ီရေတာ့မွာေလ မသိဘူး မေျပာနဲ႕ေနာ္ "

" သိတယ္ သိတယ္ ခဏျပန္အိပ္ဦး အခုမွနိုးလာတာစကားအမ်ားႀကီးမေျပာရဘူး နားဦး ရည္႐ြယ္လင္းသစ္ "

" ကိုကိုကလည္း "

" ကိုကိုကလည္း မလုပ္နဲ႕ ေနေနနဲ႕ စကားခဏေျပာၿပီး ျပန္အိပ္ရမယ္ နိုးလာတဲ့အခ်ိန္အထိ ေဘးမွာ ကိုကို ရွိေနေပးမယ္ ၾကားလား "

" ဟုတ္ ကိုကို "

အခန္းထဲ ႏွစ္ေယာက္ တစ္ကမၻာတည္ေနေသာ ေဖေဖနဲ႕ အကို႔ကို ေနေန မႏွောင့္ယွက္ခ်င္ေတာ့တာမို႔ မ်က္ႏွာေလးဝင္ျပၿပီး ႏႈတ္ဆက္ကာ ျပန္ထြက္လာခဲ့လိုက္တယ္ ။

ဝီရဦးေခါင္ message မ်ားပို႔ထားမလားဆိုတဲ့အသိနဲ႕ ဖုန္းထုတ္ၾကည့္ေတာ့ ဘာ message မွ
မေတြ႕တာေၾကာင့္ ေနေန မ်က္ႏွာေလးမ႐ႊင္ေတာ့ ။

တစ္ကယ္ကိုပဲ ဝီရဦးေခါင္ဆိုတဲ့ေကာင္ ဘယ္ေတြသြားလို႔ ၾကာေနရတာလဲ ။

အန္တီရို႔ ဆီ သြားေနတာမ်ားလား ။ ခါတိုင္းလည္း သြားေနက်ပါ ။ သြားလည္း ဒီေန႕ေလာက္ထိ မၾကာတတ္ပါဘူး ။

လမ္းမွာ တစ္ခုခုျဖစ္လို႔ မ်ားလား ။ ဒါမွမဟုတ္ ကားပ်က္သြားတာမ်ားလား ။

ျပန္ေရာက္မွ ေနေန အဲ့ေကာင္ကို ျပႆနာ ရွာပစ္ရမယ္ ။

ဒါမွမဟုတ္ ေနေန လိုက္သြားရင္ေရာ ဝီရဦးေခါင္ သြားတတ္တဲ့ေနရာေတြ သြားရွာၾကည့္ရင္ေရာ ။ မဟုတ္လည္း အိမ္ပဲ ျပန္လိုက္ရမလား ။ အိမ္ျပန္ၿပီး အိမ္မွာပဲ ၿငိမ္ၿငိမ္ေလး ထိုင္ေစာင့္ေနရင္ ပိုေကာင္းမယ္ ထင္တယ္ ။

ေခြးေကာင္ေလး လူကို စိတ္ပူေအာင္လုပ္ေနတာ ။ ခဏေလးသြားမယ္ေျပာၿပီး အၾကာႀကီး ရွိေနၿပီ ။

ေနာက္ဆုံးေတာ့လည္း ေနေန အိမ္ကိုပဲ အရင္ျပန္လာလိုက္သည္ ။

ေရလည္း မခ်ိဳးနိုင္ေတာ့ အဝတ္စားလဲၿပီးတာနဲ႕ အိပ္ေဆးသုံးလုံးေလာက္ေသာက္ကာ Aircon ကို အေအးဆုံးဖြင့္ၿပီးတာနဲ႕ ေစာင္ႀကီးေခါင္းထိၿခဳံၿပီးအိပ္ေပ်ာ္ေအာင္ အိပ္ပစ္လိုက္သည္ ။

ဒါေပမယ့္  အိပ္ေဆးေသာက္ထားတာ ေတာင္ အိပ္မေပ်ာ္ဘဲ မ်က္လုံးက ေၾကာင္ေနတာႀကီး ။

အိပ္ေပ်ာ္ေအာင္ အိပ္ရမယ္ေလ ဒါမွနိုးလာရင္ သူ႕ေဘးမွာ ဝီရဦးေခါင္ ေရာက္ေနတာကို ေတြ႕ရမွာ ။

ဘယ္လိုမွအိပ္မရတဲ့အဆုံးေတာ့ ေနေနက ငယ္ငယ္ကလုပ္နည္းအတိုင္း သိုးတစ္ေကာင္ႏွစ္ေကာင္ ကိုေရတြက္ရင္း အိပ္ေပ်ာ္ေအာင္ျပန္ႀကိဳးစားလိုက္သည္ ။

ဒီနည္းက ပဲ သူ႕အေပၚအလုပ္ျဖစ္တာလား မသိ ။ သိုး အေကာင္ေရေျမာက္ 230 ေရာက္တဲ့အခါမွာေတာ့ ေနေန႕မ်က္လုံးေတြက အလုံးစုံ  မွိတ္က်သြားခဲ့ၿပီ ။

.
.
.
.

beeeeeeeeeeeeeeeeeeeeeeeeeeeeeee

ေခါင္းအုံးေဘးနား ထားအိပ္သည့္ ဖုန္းက ထပ္ၿပီး ျမည္လာတာမို႔ ေနေန အိပ္ခ်င္မူးတူးနဲ႕ ထထိုင္လိုက္ရသည္ ။

" ဝီရဦးေခါင္လည္း ျပန္မေရာက္ေသးဘူး "

နာရီၾကည့္ေတာ့ ညေန ငါးနာရီ ေတာင္ ထိုးေနၿပီ ။ ဒီေကာင္စုတ္ေလးကေတာ့ အိမ္ကို ေတာင္ ဘယ္သြားမယ္ ဆိုတာ ေျပာမသြားဘူး ။

beeeeeeeeeeeeeeeeeeeeeeeeee

ဟုတ္သား သူ႕ဖုန္းလာေနတာ ဝီရဦးေခါင္မ်ားလား ။ ေနေန ၾကည့္လိုက္ေတာ့ ဖိုးေခါင္ ဆက္တာ မဟုတ္ ဘဲ  199 ဆိုတဲ့ number ေၾကာင့္  စိတ္ထဲ ထင့္ခနဲျဖစ္သြားရသည္  ။

" ဟယ္လို "

သူဖုန္းကိုင္လိုက္တာနဲ႕ တစ္ဖက္က အေလာတႀကီးေျပာလာတဲ့ ဦးေလးႀကီးအသံေၾကာင့္ ေနဥတၱရာ ေၾကာင္ၿပီး ရပ္ေနမိတယ္ ။

"----------------- "

ေနာက္တစ္ေခါက္ထပ္ၿပီး ဟိုဘက္ကေနေအာ္လာတဲ့အခါမွာေတာ့ ေနေန ကားေသာ့ဆြဲကာေျပာတဲ့ေနရာကို  အရွိန္တင္ကာ အျမန္ဆုံး  ေမာင္းသြားလိုက္သည္ ။

ခုနက ဟိုဦးေလးႀကီးေျပာေနတဲ့ စကားေတြကနားထဲမၾကားတစ္ခ်က္ၾကားတစ္ခ်က္နဲ႕မို႔ ေနေန စိတ္ကို အျမန္ေလွ်ာ့ရတယ္ ။

ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ ဝီရဦးေခါင္က သူ႕ကို ခဏလို႔ပဲေျပာၿပီး ထြက္သြားတာေလ ။

ေကာ္ဖီဆိုင္နားေရာက္တာနဲ႕ ေနေန ကားကိုႀကဳံသလိုရပ္ကာ လူေတြစုေနတဲ့ ေနရာကိုေျပးသြားလိုက္သည္ ။

" ေရာက္လာၿပီလား ဒီနားက သူေတြေျပာတာေတာ့ မနက္ထဲကကားေပၚက  ဆင္းသြားတာတဲ့ တစ္ေနကုန္ ကားကိုဒီနားမွာရပ္ထားတာပဲ ဆိုင္ေရွ႕က  CCTV လည္း ၾကည့္ၿပီးၿပီ လူေတာ့အဲ့အခ်ိန္ထဲကမေတြ႕ရတာပဲ "

" မဟုတ္တာ "

" ေနပါဦး ဒီ အိတ္ထဲ ဗူးေလးႏွစ္ဗူးေတာ့ ေတြ႕တယ္ ။  ၿပီးေတာ့ တန္ဖိုးႀကီးပစၥည္းေတြပါ ထားခဲ့တာ ဆိုေတာ့ ခဏဆိုၿပီး ဆင္းသြားတာျဖစ္ဖို႔မ်ားတယ္ "

သူ႕လက္ထဲ ထည့္ေပးလာတဲ့ ဗူးေလးႏွစ္ဗူးကို ေနေနေသခ်ာပိုက္ထားကာ ဝီရဦးေခါင္ သူ႕ကိုေနာက္ေနတယ္ထင္ၿပီး ဟိုၾကည့္ဒီၾကည့္ၾကည့္ေနမိသည္ ။

" ဦးေလးတို႔လည္း ေသခ်ာေပါက္ ကူညီေပးမွာပါ အခုေတာ့ အိမ္ျပန္လိုက္ဦးေနာ္ မနက္ျဖန္ က်ကားလာယူလို႔ရၿပီ "

ဘာကိုျပန္ရမွာလဲ သူကဘာလို႔အိမ္ျပန္ရမွာလဲ ။

ဝီရဦးေခါင္  ငါ့ကို မေနာက္နဲ႕ေနာ္ ။

သူ႕ပါးျပင္မွာ မ်က္ရည္ေတြကလည္း တာက်ိဳးသလိုကိုစီးက်ေနၿပီ ။

လက္ထဲက ဗူးေလးကို အျမန္ဖြင့္ၾကည့္ေတာ့ သူလိုခ်င္တဲ့ Gucci Brand  ဘီးေလးတစ္ေခ်ာင္းနဲ႕ Channel Brand ဘီးကုပ္ေလးတစ္ခု ။

အေရာင္ေလးေ႐ြးေပးထားတာကလည္း ဝီရဦးေခါင္အႀကိဳက္ဆုံးျဖစ္သည့္ ပန္းေရာင္ေလး ။

ဒီပစၥည္းေလးႏွစ္ခုကို ၾကည့္ေနရင္းနဲ႕ လမ္းေဘးပလက္ေဖာင္းမွာထိုင္ခ်ၿပီးငိုေနမိတာ ဘယ္ေလာက္ၾကာသြားလဲေတာင္မသိ ။

သူမတ္တပ္ထရပ္ေတာ့ ေျခေထာက္ေတြကထုံက်င္ေနတာေၾကာင့္ ေကာင္းေကာင္းမရပ္နိုင္ေတာ့ ပိုၿပီးငိုမိတာပဲ ။

မင္းဒီလိုဆက္စေနရင္ ငါမင္းကေလးကို ေမြးမေပးဘဲ ေနပစ္လိုက္ေတာ့မွာ ဝီရဦးေခါင္ ။

//

Garlic
25/11/23



ေနေန႕အတြက္ ဝီရဦးေခါင္ ေ႐ြးေပးထားတဲ့ လက္ေဆာင္ေလးႏွစ္ခုပါ။


Continue Reading

You'll Also Like

286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...