တပင်တိုင်

By Mhaw_Eaint_Met

36.2K 2.3K 239

"ကိုကိုပြန်လာရင် ပင်တိုင့်ကိုနှိုးနော်" More

တပင်တိုင်
တပင်တိုင် Part 2
တပင်တိုင် part 3
တပင်တိုင်(Part 4)
တပင္တိုင္(Part 5)
တပင္တိုင္(part 6)
တပင္တိုင္(part 7)
တပင္တိုင္(part 8)
တပင္တိုင္(Part 9)
တပင္တိုင္(Part 10)
တပင္တိုင္(Part 11)
တပင္တိုင္(Part 12)
တပင္တိုင္(Part 13)
တပင္တိုင္(Part 14)
တပင္တိုင္(Part 15)
Part 16
Part 17
Part 18
Part (19)
Part 20
Part (21)
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
bl

Part 33(Final part)

1.4K 61 31
By Mhaw_Eaint_Met

(Unicode)

နေခြစ်ခြစ်တောက်ပူပြင်းနေတဲ့နေ့လည်ပိုင်းတွင် ဦးထုပ်မပါထီးမပါဘဲ အလျင်လိုနေတဲ့ခြေလှမ်းတွေဖြင့်လျှောက်နေတဲ့သူရ။လက်ထဲတွင်လည်းစာလေးတစ်စောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ဦးမိုးမြင်နဲ့ဒေါ်အေးသွယ်တို့အိမ်ကိုလာနေလေသည်။

အဝေးကမြင်နေရတဲ့အိမ်ဆီသွားနေရပေမဲ့ သူရရင်တွေပူပြင်းနေသည်။
ယခုချိန်မှာကောင်းကင်ယံကနေမင်းကြီးရဲ့အပူထက် သူ့ရင်ထဲကအပူကပိုပြီးပူပြင်းနေသလိုပင်ခံစားနေရ၏။

"ဒေါ်လေး...ဒေါ်လေးအေးသွယ်"

သူမနာမည်ကိုရေရွတ်ကာ အိမ်အပြင်ကအသံကုန်ဟစ်၍အော်နေတဲ့အသံကြားပြီး ဒေါ်အေးသွယ်အိမ်အပြင်ကိုအမြန်ထွက်လာလိုက်ရသည်။အိမ်အပြင်တွင် ရုပ်ပျက်ဆင်းပျက်ဖြင့်အလောတကြီးအော်ခေါ်နေသူက သူရဖြစ်နေတာကြောင့်သူမတောင်အံသြနေရ၏။

တစ်အိမ်သားလုံးကြားရတဲ့အထိအော်ခေါ်နေတ​ဲ့သူရအသံကြောင့် ဒေါ်အေးသွယ်တင်မဟုတ်၊ဦးမိုးမြင့်နဲ့ မေမိုးတို့လင်မယားပါအိမ်အပြင်ကိုရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့ကြသည်။

နေပူကြီးမှာရပ်နေတဲ့သူရကိုကြည့်ပြီး ဒေါ်အေးသွယ်စိတ်မအေးရပေ။တစ်ခုခုဖြစ်မှာဆိုးတာကြောင့်လည်း.....

"အိမ်ထဲလာခဲ့လေဆရာလေးရဲ့ နေပူကြီးရပ်နေလို့အပူရှပ်နေဦးမယ်"

သူရကိုစိတ်ပူစွာဘဲ ဒေါ်အေးသွယ်အိမ်ထဲကိုခေါ်လိုက်လေသည်။

သူရ သူမရှိရာတော့လျှောက်လာပါသည်။သို့သော်အိမ်ထဲကိုတော့မဝင်၊သူ့ကိုစိတ်ပူပေးနေရှာတဲ့ဒေါ်အေးသွယ်အတွက် သူရစိတ်မကောင်းလွန်း၍​အသိပေးရမည့်အကြောင်းကိုပြောမထွက်ဘဲ ဝမ်းနည်းစွာဘဲကြည့်နေမိတော့၏။

"ဘာဖြစ်လာလို့လဲဆရာလေးရဲ့ တစ်ခုခုများအဆင်မပြေဖြစ်လာလို့လား...ဒေါ်လေးတို့ဘာကူညီရမလဲပြောလေ"

ဂရုဏာသက်စွာပြောနေတဲ့ဒေါ်အေးသွယ်ကို သူရလာရင်းအကြောင်းပြောဖို့ခဲယဥ်းလှစွာ။သူမစကားတွေကိုခေါင်းတရမ်းရမ်းနဲ့ဘဲငြင်းဆန်ပြီးတုန့်ပြန်နေမိတော့သည်။ထို့နောက် အသံတွေတုန်တုန်ယင်ယင်ဖြင့်....

"ကျွန်တော်စိတ်မကောင်းပါဘူး...ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဒေါ်လေးရယ်"

"ဟေ....ဘာဖြစ်တာလဲသူရရယ် မထိတ်တာမလန့်သာနဲ့"

သူရဝမ်းနည်းတစ်ပန်းပြောနေတဲ့စကားတွေကြောင့် ဒေါ်အေးသွယ်တို့ပါစိတ်ပူစပြုလာ၏။အကြောင်းအရင်းကိုသေချာမသိသေးသော်လည်း ရှိုက်ကြီးတငင်ငိုပြောနေတဲ့သူရကိုမြင်ယုံနဲ့တင် သူမတို့ပါစိတ်မကောင်းဖြစ်လာရလေသည်။

"ပင်တိုင်ဆုံးပြီဒေါ်လေး...ကျွန်တော့်တပည့်ဆုံးပြီတဲ့ဗျာ"

သတင်းစကားတောင်မကြားရဘဲ လတွေကြာတဲ့အထိပုန်းရှောင်နေတဲ့သားဖြစ်သူရဲ့ ပထမဆုံးပြန်ကြားရတဲ့သတင်းဟာ သူမရင်ကိုအစိမ်းလိုက်ခွဲခံလိုက်ရသည့်အလားပင်။ဒေါ်အေးသွယ်ရင်ဘက်တစ်ခုလုံးအောင့်သက်နာကျင်လာပြီး မျက်ရည်များကအထိန်းအကွပ်မဲ့စွာစီးကျလာလေသည်။သားဖြစ်သူရဲ့သတင်းကို သူမယုံကြည်ဖို့ခက်ခဲစွာဘဲ....

"မဟုတ်နိုင်ပါဘူးဆရာလေးရယ် ကျွန်မသားတွေကကျွန်မတို့ကိုပုန်းနေတာ၊ပင်တိုင်ကဆုံးပြီတဲ့လား မဖြစ်နိုင်တာ...မဖြစ်နိုင်ပါဘူး"

"ဒေါ်လေးတို့ကို ပင်တိုင်တို့ဘယ်မှာရှိလဲဆိုတာမပြောခဲ့တာ ကျွန်တော့်အမှားတွေပါဗျာ၊ဒီမနက်ဘဲကျွန်တော့်ရွာကစာရောက်လာတယ်...ပင်တိုင်အပြင်းဖျားလို့ဆုံးပြီတဲ့"

"အပြင်းဖျားတယ်...အပြင်းဖျားတယ်တဲ့လား"

ဒေါ်အေးသွယ် သူရစကားတွေကိုနားထောင်ရင်း နားထောင်ရင်းနဲ့ သူမတစ်ကိုယ်လုံးရှိသမျှအားအင်တွေဆုပ်ယူခံလိုက်ရသည့်အလား ငိုကြွေးရင်းဖြင့်ခြေထောက်တွေယိုင်ကျသွားလေသည်။

မေမိုးနဲ့ကိုသိန်းတန်တို့ အနောက်မှအချိန်မီထိန်းလိုက်လို့ မြေကြီးပေါ်ပစ်ကျမသွားပေမဲ့ ဒေါ်အေးသွယ်မြေကြီးပေါ်မှာငုတ်တုတ်ထိုင်ကြီးနဲ့ဘဲအရူးတစ်ပိုင်းငိုကြွေးလျက်ပင်။မအေကိုကြောက်ရသည့် "မေမေ မေမေ"နဲ့ခေါ်နေတဲ့ပင်တိုင့် မျက်နှာလေးတွေ၊အရိုက်ခံရမှာကြောက်လို့ထွက်ပြေးတက်တဲ့ပင်တိုင့်ပုံစံလေးတွေ၊ကျန်းမာရေးချူချာသည့်အချိန်တွေမှာ သူမရင်ခွင်ထဲကမထွက်ဘဲမှေးနေတက်တဲ့ပင်တိုင့်ပုံရိပ်လေးတွေကိုပြန်မြင်ယောင်ရင်း သူမရင်တွေလဲကွဲရပါသည်။နှုတ်ကလဲ အသိစိတ်ကင်းမဲ့နေသည့်လူတစ်ယောက်ပမာ....

"ကျွန်မသားလေးက ဆယ်တန်းကိုဂုဏ်ထူးတွေနဲ့တောင်အောင်တာဆရာလေးရဲ့ သူ့ကိုကိုလိုဘဲဘွဲ့ရပညာတက်ကြီးဖြစ်အောင်နေရဦးမှာလေ၊ပြီးတော့လေ သူကမိသားစုစုံစုံလင်လင်နဲ့အရမ်းနေချင်တဲ့ကလေးလေးဆရာလေးရဲ့ မိသားစုကိုအရမ်းတွယ်တာတဲ့ကျွန်မသားလေ...နောက်ဆုံးအချိန်မှာတောင်မိသားစုနဲ့မတွေ့ရဘဲ လောကကြီးကထွက်သွားရတယ်တဲ့လား...ဟင့် သားရေ သားရဲ့"

"စိတ်ကိုထိန်းပါဦးမေမေလေးရယ်"

ဒေါ်အေးသွယ်ကိုသာ မေမိုးစိတ်ထိန်းဖို့ပြောနေရတယ်၊သူမလည်းရင်ကွဲမတက်ခံစားနေရလေသည်။ပင်တိုင်တို့ပြန်လာခဲ့ရင်ဆိုပြီး မျှော်နေတက်တဲ့ဒေါ်အေးသွယ်က မိခင်ပီပီပိုပြီးခံစားနေရသူမို့ သူမတို့ဘေးကနှစ်သိမ့်ပေးရင်း ပေါ်ပေါ်ထင်ထင်ငိုကြွေးမနေတာဘဲရှိ၏။

ဤအချိန်မှာ ဒေါ်အေးသွယ်နဲ့ထပ်တူကျကာ အပြစ်ရှိစိတ်နဲ့ခံစားနေရသူဟာ ဦးမိုးမြင့်ဘဲဖြစ်သည်။အဆုံးထိသူဥပေက္ခာပြုခဲ့မိသလို အဆုံးထိဖခင်တာဝန်ပျက်ကွက်ခဲ့တာ​တွေကသူ့ရင်ကိုထိုးနှက်နေသည့်အလား နာကျင်နေရသည်။သွေးသားရင်းအချာမဟုတ်ခဲ့ပါ၊သို့သော် ငယ်စဥ်ကထဲကသူ့လက်ပေါ်ကြီးပြင်းလာတဲ့ကလေးကိုဆုံးရှုံးလိုက်ရခြင်းဟာ သူ့အသွေးအသားကအစတစ်ဆစ်ဆစ်နာကျင်စေနေလေသည်။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
နေ့တွင်းချင်း သူရ ဒေါ်အေးသွယ်တို့မိသားစုနဲ့အတူ သူ့ရွာလေးဆီရထားဖြင့်​ေလာခဲ့ရသည်။တစ်ညလုံး ပင်တိုင့်အတွက်ပူလောင်နေရတာနဲ့ အိပ်လို့အိပ်ချင်ရကောင်းမှန်းလည်းသူတို့မသိ၊လမ်းတစ်လျှောက်မျက်ရည်ကိုယ်စီနဲ့လာခဲ့ရာ နောက်နေ့မနက်မှရွာကိုရောက်၏။

သူရရွာကိုမပြန်ဖြစ်တာဘဲ ၃နှစ်ခန့်ရှိလေပြီ။တာဝန်ကျသည့်ရွာမှ သူ့မွေးရပ်မြေလေးကိုပြန်ရသည့်အချိန်ဆိုလျှင် အိမ်အပြန်အလမ်းတွေကတက်ကြွလို့မဆုံး။အခုတော့ လှမ်းမြင်နေရတဲ့အိမ်လေးဆီမှ လူတွေတစ်ယောက်ဝင်တစ်ယောက်ထွက်လုပ်နေကြတာကိုမြင်ယုံနဲ့တင် သူ့စိတ်တွေမတက်ကြွနိုင်ချေ။

ဘေးကလိုက်ပါတဲ့ ဒေါ်အေးသွယ်မှာလည်းစိတ်ထောင်းလို့ကိုယ်ကြေကာ အတော်လေးငိုထားသဖြင့် မျက်တွင်းလေးတွေပါနက်နေပြီ။ရထားအဆင်း အထက်စုကနေလည်းလမ်းလျှောက်ခဲ့ရသဖြင့် သူရအိမ်ကိုလက်ညိုးထိုးပြလျက်....

"ရှေ့နားဆိုရောက်ပါပြီဒေါ်လေး"

အိမ်ကိုရောက်ရန်သိပ်မလိုတော့ကြောင်းပြောတော့ ဒေါ်အေးသွယ်မျက်လုံးလေးတွေတဘက်ကလေးဖြင့်သုတ်ပြီးသာခေါင်းငြိမ့်ရှာသည်။

သူရ ဒေါ်အေးသွယ်တို့ကိုခေါ်ပြီးအိမ်ထဲဝင်လာချိန်၌ အိမ်ထဲတွင်အစောနဲ့ကိုကျော့မြိုင်တို့ပါရောက်နေကြသည်။အိမ်ထဲကိုဝင်လာတဲ့သူရကိုမြင်ပြီး ဝမ်းသာအားရဆီးကြိုရမည့်အစား မျက်ရည်စတွေနဲ့ဆီးကြိုလာတဲ့ သူ့မိခင်ဒေါ်တင်မိကတော့ သူရကိုစိတ်မကောင်းစွာပွေ့ဖက်လာလေသည်။

သူမသားဖြစ်သူကိုဖက်ထားလျက်နဲ့....

"သားရယ် ပင်တိုင်လေးကကွယ်..."

"အမေ ပင်တိုင့်မိသားစုလည်းပါလာတယ်"

သူရ သူ့မိခင်ပင်တိုင့်အကြောင်းပြောနေလျှင် ဒေါ်အေးသွယ်တို့စိတ်မကောင်းဖြစ်မှာကြောင့် ဆက်မပြောခင်မှာဘဲအရင်စကားလမ်းကြောင်းလွှဲလိုက်ရ၏။ထိုအခါမှ ဒေါ်တင်မိ သူ့ကိုဖက်ထားရာမှလွှတ်ပြီး ပင်တိုင့်မိသားစုတွေရှိရာသွားလေသည်။

"ပင်တိုင့်မိသားစုတွေလား"

"ဟုတ်ပါတယ်အမ"

အရီးတင်မိက သူမထက်စာလျှင်အသက်ကြီးပုံပေါ်သဖြင့် ဒေါ်အေးသွယ်လေးစားသမှုဘဲပြောဆိုလိုက်ရသည်။

"ပင်တိုင့်မြေပုံဆီသွားကြဦးမယ်မလား"

"ဟုတ်ကဲ့ ကျွန်မ ....အခု ကျွန်မသားလေးမြေပုံကိုသွားကြည့်ချင်တယ်"

ဒေါ်တင်မိကကျန်းမာရေးအခြေအနေသိပ်မကောင်းပေ။ဒူးလည်းမကောင်းတာကြောင့် ပင်တိုင့်ကိုမြှုပ်ထားသည့်ကုန်းပေါ်သို့လိုက်လံပို့ဖို့အဆင်မပြေ။အိမ်မှာရောက်ရှိနေကြတဲ့ ကိုကျော့မြိုင်တိုကိုဘဲအကူအညီတောင်းဖို့အကြောင်းဖန်လာသည်။

"ကျော့မြိုင်တို့လိုက်ပို့ပါလိမ့်မယ်...အစောနဲ့ကျော့မြိုင်တို့က ပင်တိုင့်နောက်ဆုံးအချိန်ထိဘေးမှာရှိနေကြတဲ့သူတွေလေ"

ဒေါ်အေးသွယ် အစောတို့ကိုကျေးဇူးတင်နေသည့်အကြည့်မျိုးတွေနဲ့ကြည့်လာခဲ့၏။

"အဒေါ့်သားလေးဘေးမှာရှိနေပေးခဲ့တဲ့အတွက် မင်းတို့ကိုအဒေါ်ကျေးဇူးတင်ပါတယ်ကွယ်"

အစောနဲ့ကိုကျော့မြိုင်တို့ မျက်နှာမကောင်းစွာဘဲခေါင်းငြိမ့်လိုက်ရသည်။ထို့နောက်အချိန်ဆွဲမနေတော့ဘဲ ဒေါ်အေးသွယ်တို့ကိုခေါ်ပြီး ပင်တိုင့်မြေပုံရှိရာကိုသာလာခဲ့ကြလေသည်။သူရလည်း ပင်တိုင့်နောက်ဆုံးခရီးကိုလိုက်လံမပို့ဆောင်နိုင်ပေမဲ့ ပင်တိုင့်မြေပုံကိုကြည့်ရန်အတွက်တော့လိုက်ပါလာခဲ့သည်။

အနိမ့်ပိုင်းမှ ခပ်မြင့်မြင့်ကုန်းလေးပေါ်ဖြည်းဖြည်းချင်းတက်သွားရတဲ့လမ်းတစ်လျှောက် လေထုကအေးစက်နေသည်။လေထုရဲ့ကျီစယ်မှုဖြင့် မြေစာပင်လေးတွေလည်းဘယ်ညာယိမ်းလို့ပင်။ပတ်ဝန်းကျင်တစ်ခုလုံးလဲတိတ်ဆိတ်နေပြီး အေးချမ်းမှုကိုခံစားရသည်။ကိုယ်စီပူလောင်နေရလို့သာ ထိုအေးချမ်းမှုကိုသူတို့မခံစားနိုင်ကြတာ။

"ဝုတ်.....ဝုတ်....ဝုတ်"

ကုန်းပေါ်သို့သူတို့ရောက်လာသည့်အချိန်၌ စိုစွတ်နေဆဲမြေပုံဘေးတွင်ခေါင်းလေးမှီအိပ်နေတဲ့တုတ်ပေါ ရုတ်တရက်ထဟောင်တာကြောင့် ဒေါ်အေးသွယ်တို့ရုတ်တရက်ထိတ်သွားရလေသည်။အကြောင်းသိတဲ့ အစောနဲ့ကိုကျော့မြိုင်တို့ကတော့မျက်နှာမကောင်း၊ထပ်မံစိတ်မကောင်းရပြန်သည်။

"ဝုတ်.....ဝုတ်....ဝုတ်"

အဆက်မပြတ်ထိုးဟောင်နေတဲ့တုတ်ပေါက အဟောင်မပျက်ချေ။သူဟောင်နေတာနဲ့ ဒေါ်အေးသွယ်တို့မြေပုံနားကပ်ဖို့တောင်ခက်ခဲတာကြောင့်.....

"မကြောက်ပါနဲ့ဒေါ်လေး...အဲ့ဒါလင်းခေးနဲ့တုတ်ပေါတို့မွေးထားတဲ့ခွေးလေးပါ၊သူ့သခင်မြေပုံဘေးမှာ လူစိမ်းတွေကပ်လာလို့ဟောင်နေတာ"ဟူ၍သာ ကိုကျော့မြိုင်ကအရင်ရှင်းပြလိုက်ရသည်။ပြီးလျှင် စိတ်မကောင်းစွာဘဲ.....

"သူ့သခင်ဘေးကတစ်စက်မှမခွာဘူးဗျာ...ပင်တိုင့်ကိုမြေမြှုပ်ပြီးကထဲ တစ်ချိန်လုံးဘေးမှာဘဲစောင့်နေတာ"

ကိုကျော့မြိုင်​မျက်ရည်တွေသုတ်ရင်းပြောနေတာကြောင့် ဒေါ်အေးသွယ်ပိုပြီးစိတ်မကောင်းဖြစ်လာရ၏။
ခေါင်းလေးထောင်ကာရန်လိုနေတဲ့ခွေးလေးကိုမြင်ပြီး မျက်ရည်ကအလိုလိုကျလာပြန်သည်။

"ကိုကျော့မြိုင် တုတ်ပေါကိုထိန်းထားလိုက်ပါဦး...ဒေါ်လေးတို့လည်းအနားကပ်ချင်မှာပေါ့"

"သြော် အင်း"

အစောသတိပေးလိုက်မှ ကိုကျော့မြိုင် တုတ်ပေါနားသွားပြီး ဒေါ်အေးသွယ်တို့လာလို့ရအောင်ထိန်းပေးလေသည်။

စိုစွတ်နေဆဲမြေပုံပေါ်က မှတ်တိုင်လေးပေါ်မှာ

မောင်တပင်တိုင်
အသက်(၁၈)နှစ် တဲ့။

ပင်တိုင့်နာမည်လေးနဲ့အတူ အသက်ကလေးပါရေးထိုးထားတဲ့မှတ်တိုင်လေးကိုကြည့်ရင်း ဒေါ်အေးသွယ်ငိုသံတောင်မထွက်နိုင်တော့ချေ။ဆို့နစ်နေတဲ့သူမရင်ဘက်ကလေးကိုသာ လက်ကလေးဖြင့်အုပ်ကာ တသိမ့်သိမ့်ငိုကြွေးနေလေသည်။

ဒေါ်အေးသွယ်ဘေးငုတ်တုတ်လေးထိုင်နေတဲ့မေမိုးမှာလည်း အသံထွက်၍ပင်မငိုရဲ။သူမပိုငိုနေမိလျှင် ဒေါ်အေးသွယ်ပိုစိတ်ထိခိုက်မှာစိုးရိမ်လှပါသည်။

"မေမေဘယ်လိုစိတ်နဲ့နေရမလဲသားရယ်၊မင်းကလဲမေမေ့ကိုထားသွားပြီ...မင်းကိုကိုကလဲမေမေတို့ဆီပြန်မလာဘူးသားရဲ့။မင်းကိုကိုကို မေမေတို့ဘယ်မှာသွားရှာရမလဲလဲမသိဘူးသားရယ်...."

လင်းခေးပျောက်နေသည့်အကြောင်း အနည်းအကျဥ်းသိပြီးတော့ ဦးမိုးမြင့်ကောဒေါ်အေးသွယ်ပါ ပင်တိုင့်ကိစ္စအပြင် လင်းခေးကိစ္စပါ တစ်ပူပေါ်တစ်ပူဆင့်သွားရသည်။ပင်တိုင့်အတွက်မျှော်လင့်ချက်ပျောက်ဆုံးသွားသလို လင်းခေးပြန်အလာကိုမျှော်လင့်နေရမဲ့သူတို့အဖြစ်က မရေရာမသေချာစမ်းတစ်ဝါးဝါးနဲ့သာ။

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
လှပခမ်းနားစွာပြင်ဆင်ထားတဲ့ မင်္ဂလာပွဲအတွင်း အဆက်မပြတ်လာနေတဲ့ဧည့်သည်တွေနဲ့ပြည့်နှက်စွာ မင်္ဂလာပွဲကလူစည်ကားနေလေသည်။မင်္ဂလာပွဲအတွင်း တစ်ယောက်လက်ကိုတစ်ယောက်တွဲချိတ်ပြီး ဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်နေကြတဲ့သတိုးသားနဲ့သတို့သမီးရဲ့အပြုံးတွေကလည်းအသက်ဝင်နေခဲ့သည်။

အပျော်ကြီးပျော်နေတဲ့သတိုးသားနဲ့သတိုးသမီးကပျော်နေခဲ့ကြပေမဲ့ ဦးယက္ခကတော့ ဟန်ဆောင်ပြုံးနဲ့ဘဲ လာသမျှဧည့်သည်အပေါင်းကိုနှုတ်ဆက်နေရ၏။လူရိုးကိုအရင်စိတ်အတိုင်း ဒေါသတွေနဲ့ပေါက်ကွဲထွက်ရမည့်အစား ဦးယက္ခအသာတကြည်ဘဲမင်္ဂလာပွဲကျင်းပရန်လက်ခံခွင့်ပြုမိလိုက်သည်။သမီးဖြစ်သူရဲ့မင်္ဂလာပွဲအတွက် သူတစ်ချိန်ကများစွာမျှော်လင့်ထားပေမဲ့ ယခုချိန်မှာတော့ထိုသို့မဟုတ်၊မင်္ဂလာပွဲထက် လင်းခေးအပေါ်သူကျူးလွန်ခဲ့သည့်အပြစ်တစ်ခုဘဲစိတ်ထဲရောက်နေသည်။

လူရိုးနဲ့နှင်းသဒ္ဒါ ဧည့်သည်တွေကိုလိုက်လံနှုတ်ဆက်နေတုန်း နှင်းသဒ္ဒါ ပွဲအတွင်းဝင်လာတဲ့ကိုသိန်းတန်နဲ့ရဲတစ်ချို့ကိုမြင်ပြီး အငေးသားဖြင့်ဘေးကလူရိုးကိုလက်တို့လိုက်ရလေသည်။လူရိုးလည်း သူမလက်တို့ပြောမှမြင်ပုံရ၏။

မင်္ဂလာယူနေတဲ့အချိန် ရဲတွေမထင်မှတ်ဘဲရောက်လာတာကြောင့် ဧည့်သည်တွေလည်းရဲတွေဆီကိုအာရုံရောက်သွားကြသည်။လူရိုးနဲ့နှင်းသဒ္ဒါတို့နဲ့အတူရှိနေတဲ့ ဦးယက္ခဆီကိုရဲတွေလာနေတာကြောင့် သူတို့ဆီဘဲအကြည့်တွေကဦးတည်နေကြလေသည်။

သူတို့ဆီလာနေတဲ့ရဲတွေကိုမြင်ပြီး ကိုယ့်စိတ်ကိုယ်မလုံဘဲ ထိတ်လန့်သွားရသူတွေမှာ လူရိုးနဲ့ဦးယက္ခဘဲဖြစ်သည်။ဆေးအမှုနဲ့ပတ်သက်မှာကြောက်၍လူရိုးအနည်းငယ်စိုးရိမ်မိသလို၊ဦးယက္ခကတော့ ကိုယ့်လုပ်ကကိုယ့်ကိုပြန်ခြောက်လန့်နေသည့်အလား စိုးရိမ်နေရလေသည်။သို့ပေမဲ့ ဦးယက္ခမူမပျက်ဘဲနေမြဲအတိုင်းဘဲပိရိစွာဆက်နေနေလိုက်၏။

"စိတ်မရှိပါနဲ့ ကျွန်တော်တို့ဒီကသတိုးသားနဲ့သတို့သမီးကိုမေးစရာလေးရှိလို့လာခဲ့တာပါ"

"ဟုတ်ကဲ့ဘာများလဲမသိဘူးရှင့်"

နှင်းသဒ္ဒါဘဲထူးဆန်းနေသည့်အခြေအနေကို သိချင်စိတ်ဖြင့်မေးလိုက်လေသည်။

"ဒီလိုပါ ဒီကညီမလေးတို့နှစ်ယောက်က လင်းခေးမြင့်မိုရ်ရဲ့သူငယ်ချင်းတွေလို့သိလို့ပါ"

"ဟုတ်ပါတယ်ရှင့် လင်းခေးဘာဖြစ်လို့လဲဟင်"

"သူပျောက်နေတာနှစ်ပတ်ကျော်နေလို့ပါ...ကျောက်ပန်းတောင်းကိုတက်သွားပြီး ပြန်မလာဘဲသတင်းအစအနလဲမရလို့ ညီမလေးတို့များသိမလားလာစုံစမ်းတာပါ"

"ရှင်!...ကျွန်မတို့နဲ့လည်းအဆက်အသွယ်မရှိဘူးဆရာ၊ကျွန်မတို့နောက်ဆုံးကြားတာက သူနဲ့တပင်တိုင်ထွက်ပြေးတယ်ဆိုတာဘဲ"

"ဟုတ်ပါတယ်...အခုလင်းခေးမြင့်မိုရ်ကပျောက်နေပါတယ်...တပင်တိုင်ကတော့လွန်ခဲ့တဲ့တစ်ပတ်ကဆုံးပါးသွားပါပြီ"

"ရှင်"

"ဗျာ"

လူရိုးငြိမ်ချက်သားကောင်းနေပြီးမှ ပင်တိုင်ဆုံးပြီဆိုတဲ့သတင်းကြောင့် နှင်းသဒ္ဒါနဲ့အတူအံသြသွားကာ သံပြိုင်ဘဲအော်မိသွား၏။ကိုသိန်းတန်ကိုကြည့်တော့လည်းစိတ်မကောင်းစွာဘဲခေါင်းငြိမ့်ပြလာသည်။

ပင်တိုင့်သတင်းကြောင့် ပျော်နေတဲ့အပျော်တွေတောင်ဘယ်ပျောက်သွားမှန်းမသိပေ။လှပစွာပြင်ဆင်ထားတဲ့သတိုးသမီးလေးက မျက်ရည်လေးတွေဝဲတက်လာသလို သတိုးသားကလည်းမျက်နှာညိုးသွား၏။

"ဒါနဲ့ဦးယက္ခကော လင်းခေးမြင့်မိုရ်သတင်းလေးဘာလေးများကြားမိသေးလားဗျ...ဦးယက္ခကလူအဆက်အသွယ်များတော့"

ရုတ်တရက် သူ့ဘက်မြှားဦးလှည့်လာတဲ့ရဲအရာရှိစကားကြောင့် ဦးယက္ခကိုယ့်လိပ်ပြာကိုယ်မလုံဘဲ ထိတ်သွားရသည်မှာအသေအချာ။သို့သော်တည်ငြိမ်စွာဘဲ ဦးယက္ခပြန်ဖြေလိုက်သည်က....

"မကြားမိပါဘူးဆရာ"ဟုသာ။
ထိုစကားအတွက်လည်းသူနောင်တမရှိ။ဤအခြေအနေမှာ အမှန်တရားကသူကလွဲ၍ ကျန်တဲ့သူတွေမသိလဲဖြစ်သည့်အခြေအနေမျိုး။

"ကောင်းပါပြီဗျာ သူ့အကြောင်းသတင်းကြားရင် ကျွန်တော်တို့ကိုဆက်သွယ်ကြပါ"

"စိတ်ချပါဆရာ"

ရဲအရာရှိလည်းမှာစရာရှိတာမှာခဲ့ပြီး ကိုသိန်းတန်နဲ့အတူပြန်ထွက်သွားလေသည်။ကျန်နေခဲ့တဲ့သူတို့မှာလည်း မင်္ဂလာပွဲဆက်ကျင်းပဖို့တောင်အားမရှိတော့ချေ။လင်းခေးအတွက်စိတ်ပူပြီး ပင်တိုင့်အတွက်လည်းစိတ်မကောင်းရဘဲ စိတ်မပါလက်မပါသည့်ပုံတွေနဲ့သာကျန်နေခဲ့သည်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ပင်တိုင့်အတွက် နောက်ဆုံးပင်တိုင်ခေါင်းချရာရွာတွင်လည်းတရားနာခဲ့သလို ရွာကိုပြန်လာသည့်အချိန်တွင်လည်းဒေါ်အေးသွယ်တို့ဆွမ်းသွတ်တရားနာဖို့ပြုလုပ်ကြလေသည်။

"လွန်လေပြီးသော၇ရက်ခန့်က ကွယ်လွန်သွားပြီဖြစ်တဲ့ဒကာလေးတပင်တိုင်.........."

ရေစက်ချတရားနာသည့်အချိန်တွင် ရေစက်ခွက်ကိုကိုင်ထားသည့်ဒေါ်အေးသွယ့်လက်တွေတုန်ယင်လို့နေသည်။ပင်တိုင့်အတွက် အမျှပေးဝေရန်အတွက် သူမနှုတ်တွေလေးလံလှစွာ.....

"တပင်တိုင်ရေ အမျှ..အမျှ...အမျှ၊ယူတော်မူကြပါဂုဏ်တော် သာဓု...သာဓု...သာဓု"

တရားနာလာကြတဲ့သူတွေနဲ့ရောယှက်ပြီး သူမရေစက်ခွက်ကိုတုန်တုန်ယင်ယင်ဘဲချနေရသည်။

"တပင်တိုင်ရေ အမျှ...အမျှ...အမျှ၊ယူတော်မူကြပါဂုဏ်တော် သာဓု...သာဓု...သာဓု"

"တပင်တိုင်ရေ အမျှ...အမျှ...အမျှ၊ယူတော်မူကြပါဂုဏ်တော် သာဓု...သာဓု...သာဓု"

နောက်ဆုံးအချိန်ထိ လင်းခေးပြန်အလာကိုစောင့်မျှော်ကြိုနေခဲ့တဲ့ပင်တိုင်ဟာ ထာဝရအိပ်စက်ခြင်းနဲ့အတူအိပ်စက်သွားခဲ့ပေမဲ့ ကျန်ရစ်သူတွေကတော့ လင်းခေးပြန်အလာကိုမျှော်လင့်နေခဲ့သေးသည်။သူတို့လည်း ပင်တိုင့်လိုဘဲပါဘဲ။နောက်ဆုံးပင်တိုင်ထွက်သက်အထိရောက်မလာမည့်လူကိုမျှော်လင့်နေခဲ့သလို သူတိုလည်းနှစ်တွေကြာတဲ့အထိတော့ရောက်မလာမည့်လူကိုမျှော်နေခဲ့ကြသေးသည်။

The End

🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋

(Zawgyi)

ေနျခစ္ျခစ္ေတာက္ပူျပင္းေနတဲ့ေန႕လည္ပိုင္းတြင္ ဦးထုပ္မပါထီးမပါဘဲ အလ်င္လိုေနတဲ့ေျခလွမ္းေတြျဖင့္ေလွ်ာက္ေနတဲ့သူရ။လက္ထဲတြင္လည္းစာေလးတစ္ေစာင္ကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ၿပီး ဦးမိုးျမင္နဲ႕ေဒၚေအးသြယ္တို႔အိမ္ကိုလာေနေလသည္။

အေဝးကျမင္ေနရတဲ့အိမ္ဆီသြားေနရေပမဲ့ သူရရင္ေတြပူျပင္းေနသည္။
ယခုခ်ိန္မွာေကာင္းကင္ယံကေနမင္းႀကီးရဲ႕အပူထက္ သူ႕ရင္ထဲကအပူကပိုၿပီးပူျပင္းေနသလိုပင္ခံစားေနရ၏။

"ေဒၚေလး...ေဒၚေလးေအးသြယ္"

သူမနာမည္ကိုေရ႐ြတ္ကာ အိမ္အျပင္ကအသံကုန္ဟစ္၍ေအာ္ေနတဲ့အသံၾကားၿပီး ေဒၚေအးသြယ္အိမ္အျပင္ကိုအျမန္ထြက္လာလိုက္ရသည္။အိမ္အျပင္တြင္ ႐ုပ္ပ်က္ဆင္းပ်က္ျဖင့္အေလာတႀကီးေအာ္ေခၚေနသူက သူရျဖစ္ေနတာေၾကာင့္သူမေတာင္အံၾသေနရ၏။

တစ္အိမ္သားလုံးၾကားရတဲ့အထိေအာ္ေခၚေနတဲ့သူရအသံေၾကာင့္ ေဒၚေအးသြယ္တင္မဟုတ္၊ဦးမိုးျမင့္နဲ႕ ေမမိုးတို႔လင္မယားပါအိမ္အျပင္ကိုေရွ႕ဆင့္ေနာက္ဆင့္ထြက္လာခဲ့ၾကသည္။

ေနပူႀကီးမွာရပ္ေနတဲ့သူရကိုၾကည့္ၿပီး ေဒၚေအးသြယ္စိတ္မေအးရေပ။တစ္ခုခုျဖစ္မွာဆိုးတာေၾကာင့္လည္း.....

"အိမ္ထဲလာခဲ့ေလဆရာေလးရဲ႕ ေနပူႀကီးရပ္ေနလို႔အပူရွပ္ေနဦးမယ္"

သူရကိုစိတ္ပူစြာဘဲ ေဒၚေအးသြယ္အိမ္ထဲကိုေခၚလိုက္ေလသည္။

သူရ သူမရွိရာေတာ့ေလွ်ာက္လာပါသည္။သို႔ေသာ္အိမ္ထဲကိုေတာ့မဝင္၊သူ႕ကိုစိတ္ပူေပးေနရွာတဲ့ေဒၚေအးသြယ္အတြက္ သူရစိတ္မေကာင္းလြန္း၍အသိေပးရမည့္အေၾကာင္းကိုေျပာမထြက္ဘဲ ဝမ္းနည္းစြာဘဲၾကည့္ေနမိေတာ့၏။

"ဘာျဖစ္လာလို႔လဲဆရာေလးရဲ႕ တစ္ခုခုမ်ားအဆင္မေျပျဖစ္လာလို႔လား...ေဒၚေလးတို႔ဘာကူညီရမလဲေျပာေလ"

ဂ႐ုဏာသက္စြာေျပာေနတဲ့ေဒၚေအးသြယ္ကို သူရလာရင္းအေၾကာင္းေျပာဖို႔ခဲယဥ္းလွစြာ။သူမစကားေတြကိုေခါင္းတရမ္းရမ္းနဲ႕ဘဲျငင္းဆန္ၿပီးတုန့္ျပန္ေနမိေတာ့သည္။ထို႔ေနာက္ အသံေတြတုန္တုန္ယင္ယင္ျဖင့္....

"ကြၽန္ေတာ္စိတ္မေကာင္းပါဘူး...ကြၽန္ေတာ္တကယ္စိတ္မေကာင္းပါဘူးေဒၚေလးရယ္"

"ေဟ....ဘာျဖစ္တာလဲသူရရယ္ မထိတ္တာမလန့္သာနဲ႕"

သူရဝမ္းနည္းတစ္ပန္းေျပာေနတဲ့စကားေတြေၾကာင့္ ေဒၚေအးသြယ္တို႔ပါစိတ္ပူစျပဳလာ၏။အေၾကာင္းအရင္းကိုေသခ်ာမသိေသးေသာ္လည္း ရွိုက္ႀကီးတငင္ငိုေျပာေနတဲ့သူရကိုျမင္ယုံနဲ႕တင္ သူမတို႔ပါစိတ္မေကာင္းျဖစ္လာရေလသည္။

"ပင္တိုင္ဆုံးၿပီေဒၚေလး...ကြၽန္ေတာ့္တပည့္ဆုံးၿပီတဲ့ဗ်ာ"

သတင္းစကားေတာင္မၾကားရဘဲ လေတြၾကာတဲ့အထိပုန္းေရွာင္ေနတဲ့သားျဖစ္သူရဲ႕ ပထမဆုံးျပန္ၾကားရတဲ့သတင္းဟာ သူမရင္ကိုအစိမ္းလိုက္ခြဲခံလိုက္ရသည့္အလားပင္။ေဒၚေအးသြယ္ရင္ဘက္တစ္ခုလုံးေအာင့္သက္နာက်င္လာၿပီး မ်က္ရည္မ်ားကအထိန္းအကြပ္မဲ့စြာစီးက်လာေလသည္။သားျဖစ္သူရဲ႕သတင္းကို သူမယုံၾကည္ဖို႔ခက္ခဲစြာဘဲ....

"မဟုတ္နိုင္ပါဘူးဆရာေလးရယ္ ကြၽန္မသားေတြကကြၽန္မတို႔ကိုပုန္းေနတာ၊ပင္တိုင္ကဆုံးၿပီတဲ့လား မျဖစ္နိုင္တာ...မျဖစ္နိုင္ပါဘူး"

"ေဒၚေလးတို႔ကို ပင္တိုင္တို႔ဘယ္မွာရွိလဲဆိုတာမေျပာခဲ့တာ ကြၽန္ေတာ့္အမွားေတြပါဗ်ာ၊ဒီမနက္ဘဲကြၽန္ေတာ့္႐ြာကစာေရာက္လာတယ္...ပင္တိုင္အျပင္းဖ်ားလို႔ဆုံးၿပီတဲ့"

"အျပင္းဖ်ားတယ္...အျပင္းဖ်ားတယ္တဲ့လား"

ေဒၚေအးသြယ္ သူရစကားေတြကိုနားေထာင္ရင္း နားေထာင္ရင္းနဲ႕ သူမတစ္ကိုယ္လုံးရွိသမွ်အားအင္ေတြဆုပ္ယူခံလိုက္ရသည့္အလား ငိုေႂကြးရင္းျဖင့္ေျခေထာက္ေတြယိုင္က်သြားေလသည္။

ေမမိုးနဲ႕ကိုသိန္းတန္တို႔ အေနာက္မွအခ်ိန္မီထိန္းလိုက္လို႔ ေျမႀကီးေပၚပစ္က်မသြားေပမဲ့ ေဒၚေအးသြယ္ေျမႀကီးေပၚမွာငုတ္တုတ္ထိုင္ႀကီးနဲ႕ဘဲအ႐ူးတစ္ပိုင္းငိုေႂကြးလ်က္ပင္။မေအကိုေၾကာက္ရသည့္ "ေမေမ ေမေမ"နဲ႕ေခၚေနတဲ့ပင္တိုင့္ မ်က္ႏွာေလးေတြ၊အရိုက္ခံရမွာေၾကာက္လို႔ထြက္ေျပးတက္တဲ့ပင္တိုင့္ပုံစံေလးေတြ၊က်န္းမာေရးခ်ဴခ်ာသည့္အခ်ိန္ေတြမွာ သူမရင္ခြင္ထဲကမထြက္ဘဲေမွးေနတက္တဲ့ပင္တိုင့္ပုံရိပ္ေလးေတြကိုျပန္ျမင္ေယာင္ရင္း သူမရင္ေတြလဲကြဲရပါသည္။ႏႈတ္ကလဲ အသိစိတ္ကင္းမဲ့ေနသည့္လူတစ္ေယာက္ပမာ....

"ကြၽန္မသားေလးက ဆယ္တန္းကိုဂုဏ္ထူးေတြနဲ႕ေတာင္ေအာင္တာဆရာေလးရဲ႕ သူ႕ကိုကိုလိုဘဲဘြဲ႕ရပညာတက္ႀကီးျဖစ္ေအာင္ေနရဦးမွာေလ၊ၿပီးေတာ့ေလ သူကမိသားစုစုံစုံလင္လင္နဲ႕အရမ္းေနခ်င္တဲ့ကေလးေလးဆရာေလးရဲ႕ မိသားစုကိုအရမ္းတြယ္တာတဲ့ကြၽန္မသားေလ...ေနာက္ဆုံးအခ်ိန္မွာေတာင္မိသားစုနဲ႕မေတြ႕ရဘဲ ေလာကႀကီးကထြက္သြားရတယ္တဲ့လား...ဟင့္ သားေရ သားရဲ႕"

"စိတ္ကိုထိန္းပါဦးေမေမေလးရယ္"

ေဒၚေအးသြယ္ကိုသာ ေမမိုးစိတ္ထိန္းဖို႔ေျပာေနရတယ္၊သူမလည္းရင္ကြဲမတက္ခံစားေနရေလသည္။ပင္တိုင္တို႔ျပန္လာခဲ့ရင္ဆိုၿပီး ေမွ်ာ္ေနတက္တဲ့ေဒၚေအးသြယ္က မိခင္ပီပီပိုၿပီးခံစားေနရသူမို႔ သူမတို႔ေဘးကႏွစ္သိမ့္ေပးရင္း ေပၚေပၚထင္ထင္ငိုေႂကြးမေနတာဘဲရွိ၏။

ဤအခ်ိန္မွာ ေဒၚေအးသြယ္နဲ႕ထပ္တူက်ကာ အျပစ္ရွိစိတ္နဲ႕ခံစားေနရသူဟာ ဦးမိုးျမင့္ဘဲျဖစ္သည္။အဆုံးထိသူဥေပကၡာျပဳခဲ့မိသလို အဆုံးထိဖခင္တာဝန္ပ်က္ကြက္ခဲ့တာေတြကသူ႕ရင္ကိုထိုးႏွက္ေနသည့္အလား နာက်င္ေနရသည္။ေသြးသားရင္းအခ်ာမဟုတ္ခဲ့ပါ၊သို႔ေသာ္ ငယ္စဥ္ကထဲကသူ႕လက္ေပၚႀကီးျပင္းလာတဲ့ကေလးကိုဆုံးရႈံးလိုက္ရျခင္းဟာ သူ႕အေသြးအသားကအစတစ္ဆစ္ဆစ္နာက်င္ေစေနေလသည္။

ေန႕တြင္းခ်င္း သူရ ေဒၚေအးသြယ္တို႔မိသားစုနဲ႕အတူ သူ႕႐ြာေလးဆီရထားျဖင့္ေလာခဲ့ရသည်။တစ်ညလုံး ပင္တိုင့္အတြက္ပူေလာင္ေနရတာနဲ႕ အိပ္လို႔အိပ္ခ်င္ရေကာင္းမွန္းလည္းသူတို႔မသိ၊လမ္းတစ္ေလွ်ာက္မ်က္ရည္ကိုယ္စီနဲ႕လာခဲ့ရာ ေနာက္ေန႕မနက္မွ႐ြာကိုေရာက္၏။

သူရ႐ြာကိုမျပန္ျဖစ္တာဘဲ ၃ႏွစ္ခန့္ရွိေလၿပီ။တာဝန္က်သည့္႐ြာမွ သူ႕ေမြးရပ္ေျမေလးကိုျပန္ရသည့္အခ်ိန္ဆိုလွ်င္ အိမ္အျပန္အလမ္းေတြကတက္ႂကြလို႔မဆုံး။အခုေတာ့ လွမ္းျမင္ေနရတဲ့အိမ္ေလးဆီမွ လူေတြတစ္ေယာက္ဝင္တစ္ေယာက္ထြက္လုပ္ေနၾကတာကိုျမင္ယုံနဲ႕တင္ သူ႕စိတ္ေတြမတက္ႂကြနိုင္ေခ်။

ေဘးကလိုက္ပါတဲ့ ေဒၚေအးသြယ္မွာလည္းစိတ္ေထာင္းလို႔ကိုယ္ေၾကကာ အေတာ္ေလးငိုထားသျဖင့္ မ်က္တြင္းေလးေတြပါနက္ေနၿပီ။ရထားအဆင္း အထက္စုကေနလည္းလမ္းေလွ်ာက္ခဲ့ရသျဖင့္ သူရအိမ္ကိုလက္ညိုးထိုးျပလ်က္....

"ေရွ႕နားဆိုေရာက္ပါၿပီေဒၚေလး"

အိမ္ကိုေရာက္ရန္သိပ္မလိုေတာ့ေၾကာင္းေျပာေတာ့ ေဒၚေအးသြယ္မ်က္လုံးေလးေတြတဘက္ကေလးျဖင့္သုတ္ၿပီးသာေခါင္းၿငိမ့္ရွာသည္။

သူရ ေဒၚေအးသြယ္တို႔ကိုေခၚၿပီးအိမ္ထဲဝင္လာခ်ိန္၌ အိမ္ထဲတြင္အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔ပါေရာက္ေနၾကသည္။အိမ္ထဲကိုဝင္လာတဲ့သူရကိုျမင္ၿပီး ဝမ္းသာအားရဆီးႀကိဳရမည့္အစား မ်က္ရည္စေတြနဲ႕ဆီးႀကိဳလာတဲ့ သူ႕မိခင္ေဒၚတင္မိကေတာ့ သူရကိုစိတ္မေကာင္းစြာေပြ႕ဖက္လာေလသည္။

သူမသားျဖစ္သူကိုဖက္ထားလ်က္နဲ႕....

"သားရယ္ ပင္တိုင္ေလးကကြယ္..."

"အေမ ပင္တိုင့္မိသားစုလည္းပါလာတယ္"

သူရ သူ႕မိခင္ပင္တိုင့္အေၾကာင္းေျပာေနလွ်င္ ေဒၚေအးသြယ္တို႔စိတ္မေကာင္းျဖစ္မွာေၾကာင့္ ဆက္မေျပာခင္မွာဘဲအရင္စကားလမ္းေၾကာင္းလႊဲလိုက္ရ၏။ထိုအခါမွ ေဒၚတင္မိ သူ႕ကိုဖက္ထားရာမွလႊတ္ၿပီး ပင္တိုင့္မိသားစုေတြရွိရာသြားေလသည္။

"ပင္တိုင့္မိသားစုေတြလား"

"ဟုတ္ပါတယ္အမ"

အရီးတင္မိက သူမထက္စာလွ်င္အသက္ႀကီးပုံေပၚသျဖင့္ ေဒၚေအးသြယ္ေလးစားသမႈဘဲေျပာဆိုလိုက္ရသည္။

"ပင္တိုင့္ေျမပုံဆီသြားၾကဦးမယ္မလား"

"ဟုတ္ကဲ့ ကြၽန္မ ....အခု ကြၽန္မသားေလးေျမပုံကိုသြားၾကည့္ခ်င္တယ္"

ေဒၚတင္မိကက်န္းမာေရးအေျခအေနသိပ္မေကာင္းေပ။ဒူးလည္းမေကာင္းတာေၾကာင့္ ပင္တိုင့္ကိုျမႇုပ္ထားသည့္ကုန္းေပၚသို႔လိုက္လံပို႔ဖို႔အဆင္မေျပ။အိမ္မွာေရာက္ရွိေနၾကတဲ့ ကိုေက်ာ့ၿမိဳင္တိုကိုဘဲအကူအညီေတာင္းဖို႔အေၾကာင္းဖန္လာသည္။

"ေက်ာ့ၿမိဳင္တို႔လိုက္ပို႔ပါလိမ့္မယ္...အေစာနဲ႕ေက်ာ့ၿမိဳင္တို႔က ပင္တိုင့္ေနာက္ဆုံးအခ်ိန္ထိေဘးမွာရွိေနၾကတဲ့သူေတြေလ"

ေဒၚေအးသြယ္ အေစာတို႔ကိုေက်းဇူးတင္ေနသည့္အၾကည့္မ်ိဳးေတြနဲ႕ၾကည့္လာခဲ့၏။

"အေဒၚ့သားေလးေဘးမွာရွိေနေပးခဲ့တဲ့အတြက္ မင္းတို႔ကိုအေဒၚေက်းဇူးတင္ပါတယ္ကြယ္"

အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔ မ်က္ႏွာမေကာင္းစြာဘဲေခါင္းၿငိမ့္လိုက္ရသည္။ထို႔ေနာက္အခ်ိန္ဆြဲမေနေတာ့ဘဲ ေဒၚေအးသြယ္တို႔ကိုေခၚၿပီး ပင္တိုင့္ေျမပုံရွိရာကိုသာလာခဲ့ၾကေလသည္။သူရလည္း ပင္တိုင့္ေနာက္ဆုံးခရီးကိုလိုက္လံမပို႔ေဆာင္နိုင္ေပမဲ့ ပင္တိုင့္ေျမပုံကိုၾကည့္ရန္အတြက္ေတာ့လိုက္ပါလာခဲ့သည္။

အနိမ့္ပိုင္းမွ ခပ္ျမင့္ျမင့္ကုန္းေလးေပၚျဖည္းျဖည္းခ်င္းတက္သြားရတဲ့လမ္းတစ္ေလွ်ာက္ ေလထုကေအးစက္ေနသည္။ေလထုရဲ႕က်ီစယ္မႈျဖင့္ ေျမစာပင္ေလးေတြလည္းဘယ္ညာယိမ္းလို႔ပင္။ပတ္ဝန္းက်င္တစ္ခုလုံးလဲတိတ္ဆိတ္ေနၿပီး ေအးခ်မ္းမႈကိုခံစားရသည္။ကိုယ္စီပူေလာင္ေနရလို႔သာ ထိုေအးခ်မ္းမႈကိုသူတို႔မခံစားနိုင္ၾကတာ။

"ဝုတ္.....ဝုတ္....ဝုတ္"

ကုန္းေပၚသို႔သူတို႔ေရာက္လာသည့္အခ်ိန္၌ စိုစြတ္ေနဆဲေျမပုံေဘးတြင္ေခါင္းေလးမွီအိပ္ေနတဲ့တုတ္ေပါ ႐ုတ္တရက္ထေဟာင္တာေၾကာင့္ ေဒၚေအးသြယ္တို႔႐ုတ္တရက္ထိတ္သြားရေလသည္။အေၾကာင္းသိတဲ့ အေစာနဲ႕ကိုေက်ာ့ၿမိဳင္တို႔ကေတာ့မ်က္ႏွာမေကာင္း၊ထပ္မံစိတ္မေကာင္းရျပန္သည္။

"ဝုတ္.....ဝုတ္....ဝုတ္"

အဆက္မျပတ္ထိုးေဟာင္ေနတဲ့တုတ္ေပါက အေဟာင္မပ်က္ေခ်။သူေဟာင္ေနတာနဲ႕ ေဒၚေအးသြယ္တို႔ေျမပုံနားကပ္ဖို႔ေတာင္ခက္ခဲတာေၾကာင့္.....

"မေၾကာက္ပါနဲ႕ေဒၚေလး...အဲ့ဒါလင္းေခးနဲ႕တုတ္ေပါတို႔ေမြးထားတဲ့ေခြးေလးပါ၊သူ႕သခင္ေျမပုံေဘးမွာ လူစိမ္းေတြကပ္လာလို႔ေဟာင္ေနတာ"ဟူ၍သာ ကိုေက်ာ့ၿမိဳင္ကအရင္ရွင္းျပလိုက္ရသည္။ၿပီးလွ်င္ စိတ္မေကာင္းစြာဘဲ.....

"သူ႕သခင္ေဘးကတစ္စက္မွမခြာဘူးဗ်ာ...ပင္တိုင့္ကိုေျမျမႇုပ္ၿပီးကထဲ တစ္ခ်ိန္လုံးေဘးမွာဘဲေစာင့္ေနတာ"

ကိုေက်ာ့ၿမိဳင္မ်က္ရည္ေတြသုတ္ရင္းေျပာေနတာေၾကာင့္ ေဒၚေအးသြယ္ပိုၿပီးစိတ္မေကာင္းျဖစ္လာရ၏။
ေခါင္းေလးေထာင္ကာရန္လိုေနတဲ့ေခြးေလးကိုျမင္ၿပီး မ်က္ရည္ကအလိုလိုက်လာျပန္သည္။

"ကိုေက်ာ့ၿမိဳင္ တုတ္ေပါကိုထိန္းထားလိုက္ပါဦး...ေဒၚေလးတို႔လည္းအနားကပ္ခ်င္မွာေပါ့"

"ေၾသာ္ အင္း"

အေစာသတိေပးလိုက္မွ ကိုေက်ာ့ၿမိဳင္ တုတ္ေပါနားသြားၿပီး ေဒၚေအးသြယ္တို႔လာလို႔ရေအာင္ထိန္းေပးေလသည္။

စိုစြတ္ေနဆဲေျမပုံေပၚက မွတ္တိုင္ေလးေပၚမွာ

ေမာင္တပင္တိုင္
အသက္(၁၈)ႏွစ္ တဲ့။

ပင္တိုင့္နာမည္ေလးနဲ႕အတူ အသက္ကေလးပါေရးထိုးထားတဲ့မွတ္တိုင္ေလးကိုၾကည့္ရင္း ေဒၚေအးသြယ္ငိုသံေတာင္မထြက္နိုင္ေတာ့ေခ်။ဆို႔နစ္ေနတဲ့သူမရင္ဘက္ကေလးကိုသာ လက္ကေလးျဖင့္အုပ္ကာ တသိမ့္သိမ့္ငိုေႂကြးေနေလသည္။

ေဒၚေအးသြယ္ေဘးငုတ္တုတ္ေလးထိုင္ေနတဲ့ေမမိုးမွာလည္း အသံထြက္၍ပင္မငိုရဲ။သူမပိုငိုေနမိလွ်င္ ေဒၚေအးသြယ္ပိုစိတ္ထိခိုက္မွာစိုးရိမ္လွပါသည္။

"ေမေမဘယ္လိုစိတ္နဲ႕ေနရမလဲသားရယ္၊မင္းကလဲေမေမ့ကိုထားသြားၿပီ...မင္းကိုကိုကလဲေမေမတို႔ဆီျပန္မလာဘူးသားရဲ႕။မင္းကိုကိုကို ေမေမတို႔ဘယ္မွာသြားရွာရမလဲလဲမသိဘူးသားရယ္...."

လင္းေခးေပ်ာက္ေနသည့္အေၾကာင္း အနည္းအက်ဥ္းသိၿပီးေတာ့ ဦးမိုးျမင့္ေကာေဒၚေအးသြယ္ပါ ပင္တိုင့္ကိစၥအျပင္ လင္းေခးကိစၥပါ တစ္ပူေပၚတစ္ပူဆင့္သြားရသည္။ပင္တိုင့္အတြက္ေမွ်ာ္လင့္ခ်က္ေပ်ာက္ဆုံးသြားသလို လင္းေခးျပန္အလာကိုေမွ်ာ္လင့္ေနရမဲ့သူတို႔အျဖစ္က မေရရာမေသခ်ာစမ္းတစ္ဝါးဝါးနဲ႕သာ။

လွပခမ္းနားစြာျပင္ဆင္ထားတဲ့ မဂၤလာပြဲအတြင္း အဆက္မျပတ္လာေနတဲ့ဧည့္သည္ေတြနဲ႕ျပည့္ႏွက္စြာ မဂၤလာပြဲကလူစည္ကားေနေလသည္။မဂၤလာပြဲအတြင္း တစ္ေယာက္လက္ကိုတစ္ေယာက္တြဲခ်ိတ္ၿပီး ဧည့္သည္ေတြကိုလိုက္လံႏႈတ္ဆက္ေနၾကတဲ့သတိုးသားနဲ႕သတို႔သမီးရဲ႕အၿပဳံးေတြကလည္းအသက္ဝင္ေနခဲ့သည္။

အေပ်ာ္ႀကီးေပ်ာ္ေနတဲ့သတိုးသားနဲ႕သတိုးသမီးကေပ်ာ္ေနခဲ့ၾကေပမဲ့ ဦးယကၡကေတာ့ ဟန္ေဆာင္ၿပဳံးနဲ႕ဘဲ လာသမွ်ဧည့္သည္အေပါင္းကိုႏႈတ္ဆက္ေနရ၏။လူရိုးကိုအရင္စိတ္အတိုင္း ေဒါသေတြနဲ႕ေပါက္ကြဲထြက္ရမည့္အစား ဦးယကၡအသာတၾကည္ဘဲမဂၤလာပြဲက်င္းပရန္လက္ခံခြင့္ျပဳမိလိုက္သည္။သမီးျဖစ္သူရဲ႕မဂၤလာပြဲအတြက္ သူတစ္ခ်ိန္ကမ်ားစြာေမွ်ာ္လင့္ထားေပမဲ့ ယခုခ်ိန္မွာေတာ့ထိုသို႔မဟုတ္၊မဂၤလာပြဲထက္ လင္းေခးအေပၚသူက်ဴးလြန္ခဲ့သည့္အျပစ္တစ္ခုဘဲစိတ္ထဲေရာက္ေနသည္။

လူရိုးနဲ့နှင်းသဒ္ဒါ ဧည့္သည္ေတြကိုလိုက္လံႏႈတ္ဆက္ေနတုန္း နှင်းသဒ္ဒါ ပြဲအတြင္းဝင္လာတဲ့ကိုသိန္းတန္နဲ႕ရဲတစ္ခ်ိဳ႕ကိုျမင္ၿပီး အေငးသားျဖင့္ေဘးကလူရိုးကိုလက္တို႔လိုက္ရေလသည္။လူရိုးလည္း သူမလက္တို႔ေျပာမွျမင္ပုံရ၏။

မဂၤလာယူေနတဲ့အခ်ိန္ ရဲေတြမထင္မွတ္ဘဲေရာက္လာတာေၾကာင့္ ဧည့်သည်တွေလည်းရဲတွေဆီကိုအာရုံရောက်သွားကြသည်။လူရိုးနဲ့နှင်းသဒ္ဒါတို့နဲ့အတူရှိနေတဲ့ ဦးယကၡဆီကိုရဲေတြလာေနတာေၾကာင့္ သူတို႔ဆီဘဲအၾကည့္ေတြကဦးတည္ေနၾကေလသည္။

သူတို႔ဆီလာေနတဲ့ရဲေတြကိုျမင္ၿပီး ကိုယ့္စိတ္ကိုယ္မလုံဘဲ ထိတ္လန့္သြားရသူေတြမွာ လူရိုးနဲ႕ဦးယကၡဘဲျဖစ္သည္။ေဆးအမႈနဲ႕ပတ္သက္မွာေၾကာက္၍လူရိုးအနည္းငယ္စိုးရိမ္မိသလို၊ဦးယကၡကေတာ့ ကိုယ့္လုပ္ကကိုယ့္ကိုျပန္ေျခာက္လန့္ေနသည့္အလား စိုးရိမ္ေနရေလသည္။သို႔ေပမဲ့ ဦးယကၡမူမပ်က္ဘဲေနၿမဲအတိုင္းဘဲပိရိစြာဆက္ေနေနလိုက္၏။

"စိတ္မရွိပါနဲ႕ ကြၽန္ေတာ္တို႔ဒီကသတိုးသားနဲ႕သတို႔သမီးကိုေမးစရာေလးရွိလို႔လာခဲ့တာပါ"

"ဟုတ္ကဲ့ဘာမ်ားလဲမသိဘူးရွင့္"

နှင်းသဒ္ဒါဘဲထူးဆန်းနေသည့်အခြေအနေကို သိခ်င္စိတ္ျဖင့္ေမးလိုက္ေလသည္။

"ဒီလိုပါ ဒီကညီမေလးတို႔ႏွစ္ေယာက္က လင္းေခးျမင့္မိုရ္ရဲ႕သူငယ္ခ်င္းေတြလို႔သိလို႔ပါ"

"ဟုတ္ပါတယ္ရွင့္ လင္းေခးဘာျဖစ္လို႔လဲဟင္"

"သူေပ်ာက္ေနတာႏွစ္ပတ္ေက်ာ္ေနလို႔ပါ...ေက်ာက္ပန္းေတာင္းကိုတက္သြားၿပီး ျပန္မလာဘဲသတင္းအစအနလဲမရလို႔ ညီမေလးတို႔မ်ားသိမလားလာစုံစမ္းတာပါ"

"ရွင္!...ကြၽန္မတို႔နဲ႕လည္းအဆက္အသြယ္မရွိဘူးဆရာ၊ကြၽန္မတို႔ေနာက္ဆုံးၾကားတာက သူနဲ႕တပင္တိုင္ထြက္ေျပးတယ္ဆိုတာဘဲ"

"ဟုတ္ပါတယ္...အခုလင္းေခးျမင့္မိုရ္ကေပ်ာက္ေနပါတယ္...တပင္တိုင္ကေတာ့လြန္ခဲ့တဲ့တစ္ပတ္ကဆုံးပါးသြားပါၿပီ"

"ရွင္"

"ဗ်ာ"

လူရိုးၿငိမ္ခ်က္သားေကာင္းေနၿပီးမွ ပင္တိုင္ဆုံးၿပီဆိုတဲ့သတင္းေၾကာင့္ နှင်းသဒ္ဒါနဲ့အတူအံသြသွားကာ သံၿပိဳင္ဘဲေအာ္မိသြား၏။ကိုသိန္းတန္ကိုၾကည့္ေတာ့လည္းစိတ္မေကာင္းစြာဘဲေခါင္းၿငိမ့္ျပလာသည္။

ပင္တိုင့္သတင္းေၾကာင့္ ေပ်ာ္ေနတဲ့အေပ်ာ္ေတြေတာင္ဘယ္ေပ်ာက္သြားမွန္းမသိေပ။လွပစြာျပင္ဆင္ထားတဲ့သတိုးသမီးေလးက မ်က္ရည္ေလးေတြဝဲတက္လာသလို သတိုးသားကလည္းမ်က္ႏွာညိုးသြား၏။

"ဒါနဲ႕ဦးယကၡေကာ လင္းေခးျမင့္မိုရ္သတင္းေလးဘာေလးမ်ားၾကားမိေသးလားဗ်...ဦးယကၡကလူအဆက္အသြယ္မ်ားေတာ့"

႐ုတ္တရက္ သူ႕ဘက္ျမႇားဦးလွည့္လာတဲ့ရဲအရာရွိစကားေၾကာင့္ ဦးယကၡကိုယ့္လိပ္ျပာကိုယ္မလုံဘဲ ထိတ္သြားရသည္မွာအေသအခ်ာ။သို႔ေသာ္တည္ၿငိမ္စြာဘဲ ဦးယကၡျပန္ေျဖလိုက္သည္က....

"မၾကားမိပါဘူးဆရာ"ဟုသာ။
ထိုစကားအတြက္လည္းသူေနာင္တမရွိ။ဤအေျခအေနမွာ အမွန္တရားကသူကလြဲ၍ က်န္တဲ့သူေတြမသိလဲျဖစ္သည့္အေျခအေနမ်ိဳး။

"ေကာင္းပါၿပီဗ်ာ သူ႕အေၾကာင္းသတင္းၾကားရင္ ကြၽန္ေတာ္တို႔ကိုဆက္သြယ္ၾကပါ"

"စိတ္ခ်ပါဆရာ"

ရဲအရာရွိလည္းမွာစရာရွိတာမွာခဲ့ၿပီး ကိုသိန္းတန္နဲ႕အတူျပန္ထြက္သြားေလသည္။က်န္ေနခဲ့တဲ့သူတို႔မွာလည္း မဂၤလာပြဲဆက္က်င္းပဖို႔ေတာင္အားမရွိေတာ့ေခ်။လင္းေခးအတြက္စိတ္ပူၿပီး ပင္တိုင့္အတြက္လည္းစိတ္မေကာင္းရဘဲ စိတ္မပါလက္မပါသည့္ပုံေတြနဲ႕သာက်န္ေနခဲ့သည္။

ပင္တိုင့္အတြက္ ေနာက္ဆုံးပင္တိုင္ေခါင္းခ်ရာ႐ြာတြင္လည္းတရားနာခဲ့သလို ႐ြာကိုျပန္လာသည့္အခ်ိန္တြင္လည္းေဒၚေအးသြယ္တို႔ဆြမ္းသြတ္တရားနာဖို႔ျပဳလုပ္ၾကေလသည္။

"လြန္ေလၿပီးေသာ၇ရက္ခန့္က ကြယ္လြန္သြားၿပီျဖစ္တဲ့ဒကာေလးတပင္တိုင္.........."

ေရစက္ခ်တရားနာသည့္အခ်ိန္တြင္ ေရစက္ခြက္ကိုကိုင္ထားသည့္ေဒၚေအးသြယ့္လက္ေတြတုန္ယင္လို႔ေနသည္။ပင္တိုင့္အတြက္ အမွ်ေပးေဝရန္အတြက္ သူမႏႈတ္ေတြေလးလံလွစြာ.....

"တပင္တိုင္ေရ အမွ်..အမွ်...အမွ်၊ယူေတာ္မူၾကပါဂုဏ္ေတာ္ သာဓု...သာဓု...သာဓု"

တရားနာလာၾကတဲ့သူေတြနဲ႕ေရာယွက္ၿပီး သူမေရစက္ခြက္ကိုတုန္တုန္ယင္ယင္ဘဲခ်ေနရသည္။

"တပင္တိုင္ေရ အမွ်...အမွ်...အမွ်၊ယူေတာ္မူၾကပါဂုဏ္ေတာ္ သာဓု...သာဓု...သာဓု"

"တပင္တိုင္ေရ အမွ်...အမွ်...အမွ်၊ယူေတာ္မူၾကပါဂုဏ္ေတာ္ သာဓု...သာဓု...သာဓု"

ေနာက္ဆုံးအခ်ိန္ထိ လင္းေခးျပန္အလာကိုေစာင့္ေမွ်ာ္ႀကိဳေနခဲ့တဲ့ပင္တိုင္ဟာ ထာဝရအိပ္စက္ျခင္းနဲ႕အတူအိပ္စက္သြားခဲ့ေပမဲ့ က်န္ရစ္သူေတြကေတာ့ လင္းေခးျပန္အလာကိုေမွ်ာ္လင့္ေနခဲ့ေသးသည္။သူတို႔လည္း ပင္တိုင့္လိုဘဲပါဘဲ။ေနာက္ဆုံးပင္တိုင္ထြက္သက္အထိေရာက္မလာမည့္လူကိုေမွ်ာ္လင့္ေနခဲ့သလို သူတိုလည္းႏွစ္ေတြၾကာတဲ့အထိေတာ့ေရာက္မလာမည့္လူကိုေမွ်ာ္ေနခဲ့ၾကေသးသည္။

The End

Continue Reading

You'll Also Like

1.4M 35.2K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
304K 17.8K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
288K 33.2K 83
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
707K 43.3K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...