Part 32

677 58 23
                                    

(Unicode)

ဤကနေ့နဲ့ဆို လင်းခေးပြန်မလာတာတစ်ပတ်ခန့်ပင်ကြာမြင့်သွားပြီဖြစ်၏။ပင်တိုင့်အခြေအနေကလည်းတစ်နေ့တစ်ခြားပိုပြီးဆိုးလာလေသည်။ပိုပြီးအဖျားကြီးလာသည့်အပြင် အစားမဝင်တာကြောင့် အားအင်ချိနဲ့ကာလူလည်းအတော်လေးပိန်ကျသွားခဲ့သည်။

တစ်ပတ်တောင်ကြာသွားပြီမို့ ပင်တိုင့်ကိုကြည့်ရတာလည်းစိတ်မချမ်းသာတာကြောင့် ကိုကျော့မြိုင်ကိုယ်တိုင်လည်းလင်းခေးကိုသွားရှာရန်​ကျောက်ပန်းတောင်းတက်သွားတာ သည်နေ့ဆိုပြန်လာတော့မည့်ရက်ဖြစ်၏။ကိုကျော့မြိုင်ပြန်အလာကို အစောဘူတာရုံအထိလည်းသွားမကြိုနိုင်ပါ၊နေမကောင်းနေတဲ့ပင်တိုင့်ကို တစ်ယောက်ထဲထားမခဲ့နိုင်သဖြင့် အိမ်ရှေ့ကဘဲကိုကျော့မြိုင်ပြန်အလာကိုစောင့်ကြိုနေရသည်။

အိပ်ပျော်နေတ​ဲ့ပင်တိုင့်ကို ခဏထားခဲ့ပြီး အစောအိမ်ရှေ့အကျော်လောက်အထိရောက်အောင်သွားပြီး ကိုကျော့မြိုင်နဲ့အတူလင်းခေးပါလာဖို့မျှော်လင့်စွာ စောင့်ကြိုနေခဲ့၏။

ရွာလမ်းမကြီးအတိုင်းလျှောက်လာခဲ့တဲ့ကိုကျော့မြိုင်တစ်ယောက် အိမ်အပြန်ခြေလမ်းတွေလေးလံနေခဲ့လေသည်။မြို့အနှံ့လင်းခေးကိုရှာတာတောင် ကိုကျော့မြိုင် လင်းခေးကိုမတွေ့ခဲ့၊လင်းခေးအကြောင်းသတင်းအစအနတောင်မကြားခဲ့ရသဖြင့် သူပြန်ရောက်လျှင်ပင်တိုင့်ကိုဘယ်လိုပြောရမည်မှန်းတောင်မသိချေ။

ကိုကျော့မြိုင်ကိုယ့်အတွေးနဲ့ကိုယ်လျှောက်လာလိုက်တာ အိမ်အနားကိုတောင်ရောက်တော့မည်။အိမ်နားရောက်ခါနီး သူမြင်လိုက်ရသည်ကထွက်ကြိုနေသည့်အစောကိုသာ။အစောကတော့ သူ့ကိုမြင်ပုံမရ သူ့လိုဘဲအစောကိုယ့်အတွေးနဲ့ကိုယ်အာရုံပျံ့နေပုံရ၏။

အစောသူ့ကိုမမြင်တော့ ကိုကျော့မြိုင်ကဘဲ....

"အစော .."

အစောကိုလှမ်းပြီးအသံပြုလိုက်ရ၏။

သူလှမ်းအော်မှခေါင်းကိုမော့ကြည့်လာတဲ့အစောလည်း တစ်ယောက်ထဲပြန်လာတဲ့သူ့ကိုမြင်ပြီးအတော်လေးစိတ်ဓာတ်ကျသွားပုံရ၏။အစောမျက်နှာလေးပိုပြီးညိုးသွားသည်ကို ကိုကျော့မြိုင်ခပ်လှမ်းလှမ်းကတောင်မြင်နေရလေသည်။

တပင်တိုင်حيث تعيش القصص. اكتشف الآن