𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥...

By SuuNanChal

681K 33.2K 2.6K

စိုင်းတခေတ်မှိုင်း မြူဒေါင်းစိုင်းငယ် 26.8.2022 ဤစာပေသည်စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာ ဖြစ်ပါသည် ။ မည်သ... More

အမှာစာ / အမွာစာ
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35
36
37
38
စာပြင်ဖို့/စာျပင္ဖို႔
39
40
41
42
43
Hello
44
45
46
47
48
ဖတ်ပေးကြပါ
49
50
51

34

8.6K 486 53
By SuuNanChal

Unicode






မနက် 6:14

ခါတိုင်းလိုမျိုး မြူဒေါင်းအိပ်ရာမှထပြီး ပြတင်းပေါက်တံခါးကိုဆွဲဖွင့်လိုက်တယ်။အပြင်မှာလည်း မိုးဖွဲဖွဲလေးရွာနေတုန်း ကောင်းကင်ကြီးကလည်းခုထိ အုံ့မှိုက်နေသေးတယ်။မိုးက ဒါနဲ့ဆိုသုံးရက်ရှိပြီ ဆက်တိုက်ဒီလိုပဲရွာနေခဲ့တာ။ မြူဒေါင်းမျက်နှာထသစ်ပြီး ရေချိုးခန်းထဲမှာ ရေနွေးနွေးလေးစပ်ပြီးချိုးရတယ်။ အခုမှဆောင်းဝင်ကာစဆိုပေမဲ့ မိုးအေးအေးနဲ့ လွှတ်ချမ်းနေတော့တာပဲ။

ရေချိုးပြီးသွားတော့မှ အဝတ်စားသေချာလဲပြီးပဲ ဘုရားခန်းဝင်ဘုရားရှိခိုးရတယ်။

ဩကာသ၊သြကာသ၊သြကာသ......

တစ်အိမ်လုံး မြူဒေါင်းငယ်၏ဘုရားရှိခိုးသံကြောင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေတော့သည်။ဘုရားရှိခိုးပြီးသွားတော့ ပုတီးစိပ်ပြီးတရားထိုင်နဲ့ဘဲ 7နာရီနဲ့15မိနစ်အချိန်အတိတောင်အချိန်ရှိသွားပြီမို့ အောက်ထပ်ဆင်းပြီးထမင်းစားခန်းသို့ဝင်၍ ချက်ပြုတ်နေသောဒေါ်ညွှန့်အား အပြုံးနဲ့နှုတ်ဆက်နေတဲ့ မြူဒေါင်းငယ်။

ဒေါ်ညွှန်က မြူဒေါင်းငယ်ကိုကြည့်ပြီးသဘောကျလို့ ပြုံးမိပါသည်။ဒီကလေးက တအားလိမ်မာတဲ့ကလေး။မိဘအပေါ်လည်းသိတတ်တယ်။ ယဥ်ကျေးတာလည်း အရမ်းပါပဲ။စိတ်ထားလေးက အမြဲဖြူစင်ပြီးရိုးသားလွန်တဲ့ကလေးလေးပါလေ။ကြည့်လိုက်တာနဲ့ လူကိုစိတ်ရွှင်လန်းစေတယ်။ဒီလိုကလေးလေးကိုမှ အကိုလေးစိုင်းတခေတ်က ဘာကြောင့်မုန်းနိုင်နေရတာလည်း သူမစဥ်းစားလို့ကိုမရဘူး။

''ဒေါ်လေး....သားဘာကူရဦးမလဲဟင်''

''မကူရပါဘူး သားရယ်။ဒေါ်လေးပြီးပါပြီကွယ်''

''ရပါဘူး သားကကူချင်လို့ဟာကို ဒေါ်ဒေါ်ကလည်း''

ဒီကလေးကအဲ့လိုပဲ သူခင်တွယ်ရတဲ့သူတွေအပေါ်ဆို ဒီလိုလေးလည်း ချွဲတတ်ပါသေးတယ်။

''ဒေါ်လေးက တကယ်မလိုလို့ပြောတာပါကွယ်။နောက်ပြီးသားက အလုပ်သွားရအုံးမှာမလား။သွား သွား ခုံမှာပဲသွားထိုင်နေ မနက်စာဒေါ်လေးပြင်ပေးမယ်''

''ဟုတ်ကဲ့ပါဗျ....''

ဒေါ်လေးညွှန့်ပြောသလိုပဲ ထမင်းစားခန်းထဲဝင်ပြီးထိုင်စောင့်နေလိုက်တယ်။ဒါပေမဲ့လည်း မျက်စိလျှင်လျှင်ထားပြီးပဲနေနေရတယ်။ သူ့ရဲ့ကိုကိုဒေါသအိုးဝင်လာရင် သူပြဿနာတက်ရအုံးမှာလေ။ ညကအိမ်မက်ထဲကလိုမျိုး ကိုကိုသာသူ့ကိုအမြဲပြုံးပြနေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလည်းလို့တွေးမိ၏။သို့ပေမဲ့လည်း မဖြစ်နိုင်ဖို့က 90ရာခိုင်နှုန်းအသေချာဘဲ။ကျန်တဲ့ရာခိုင်နှိုင်းကတော့ မသေချာတဲ့သူ့ရဲ့မျှော်လင့်ချက်လေးပါပဲ။

''သားမြူလေးရေ မနက်စာဒီမှာရပါပြီရှင်''

''ဟာ....ဒေါ်လေး ရခိုင်မုန့်တီသုပ်လား ။ဝါး....။မိုက်လိုက်တာ သားအရမ်းကြိုက်တာ ဟီးဟီး''

''သိတယ်လေ အဲ့ကြောင့်ဒေါ်လေးကစောကြီးထပြီး ကိုယ်တိုင်မုန့်ဖက်ဝယ်ပြီးသုပ်ပေးတာ''

''ကျေးဇူးပါ ဒေါ်လေး။သားက မုန့်တီသုပ်ဆိုအရမ်းကြိုက်တာ။မေမေနဲ့အရင်အိမ်မှာနေခဲ့တုန်းကဆို မေမေကအမြဲသုပ်ကျွေးတယ် မေမေလက်ရာကအရမ်းကောင်းတာနော်သိလား ဒေါ်လေး အဟီး။''

''သိပါ့တော်....သိပါ့။အမေချစ်တဲ့သားနဲ့ သားကိုသိပ်ချစ်တဲ့အမေနဲ့တော့ ဒေါ်လေးကသိတာပေါ့ကွယ်''

မြူဒေါင်းက မုန့်တီသုပ်ကို ပလုတ်ပလောင်းစားပြီး သွားလေးပေါ်အောင်ထိရယ်ပြနေပြန်ပါသည်။ဒီကလေးက တကယ့်ချစ်မွှေးလေးပဲ။

''ဖြေးဖြေးစားပါ သားရယ်။နောက်က ကျားမလိုက်ပါဘူးကွယ်''

''ဖြေးဖြေးချင်းစားလို့ မရဘူး ဒေါ်လေးရဲ့။ကိုကို နိုးလာရင်သားကို စိတ်တိုနေလိမ့်မယ်လေ အဲ့ကြောင့်ပါ''

ဒီလိုဆိုတော့လည်း ဒေါ်ညွှန့်စိတ်ထဲမကောင်းပေ။ဒီကလေးမှာဘာအပြစ်မှ မရှိပါပဲ အကိုလေးကသိပ်ကိုမုန်းနေတာတော့ခက်ပါသည်။မယားပါသားဆိုပေမဲ့လည်း မြူဒေါင်းလေးကအပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်ပါပဲ။ အမုန်းတွေ၊အငြိုးတွေနဲ့ မသက်ဆိုင်တဲ့ ကလေးတစ်ယောက်ပါလေ။

''ဒေါ်လေး မနက်ဖြန် သားမွေးနေ့။အဲ့တာ ဘုရားသွားမလို့ ဒေါ်လေးလိုက်အုံးမလားဟင်''

''ဟယ်...သားတောင်မနက်ဖြန်အသက်ပြည့်တော့မှာပေါ့ ဟုတ်လား ''

''ဟုတ်....သားမွေးနေ့ကျ ဒေါ်လေးကို မုန့်ဝယ်ကျွေးမယ်နော်''

''အမလေး နေပါကွယ် အပိုကုန်အောင်မကျွေးနေပါနဲ့သားရယ်။ဒေါ်လေးညွှန်းက မနက်ဖြန်ကျ သားကြိုက်တာတွေ ချက်ကျွေးမယ် ''

''ဖြစ်ပါ့မလား ဒေါ်လေးရယ်။ကိုကိုသိရင်ဖြင့် ဒေါ်လေးကို အော်နေပါအုံးမယ်''

''အဲ့တော့လည်း အကိုလေးမသိအောင် ဒေါ်လေးတို့အိပ်ဆောင်ဘက် သွားစားကြမယ်လေ မကောင်းဘူးလား''

ဒေါ်ညွှန့်ပြောတဲ့ အိပ်ဆောင်ဆိုတာ အလုပ်သမားတွေဖို့သီးသန့်ထားတဲ့ ခြံအနောက်ဘက်အိမ်တစ်လုံးကို ပြောနေတာပေ။ ကိုကိုတို့ရဲ့အိမ်ခြံကအကျယ်ကြီးဖြစ်တာကြောင့် အလုပ်သမားဆောင်ဆိုပြီး သီးသန့်နောက်မှာဆောက်လုပ်ထားသေး၏။

''ဟုတ်ပါပြီဗျ ဒေါ်လေးသဘောပါ။သားအလုပ်သွားတော့မယ်နော် ကိုကိုမနိုးခင် သွားမှဖြစ်မယ်ဒေါ်လေးရဲ့''

''အေး အေးသား ။ဂရုစိုက်သွားအုံးနော် ကြားလား''

''ဟုတ်ကဲ့ပါဗျ ''

. . . . . .

''ဟေး....မြူလေး။ငါဒီမှာ....''

အလုပ်ကို စောစောရောက်လာပေမယ့် ကေနိုရာကသူ့ထက်အလုပ်ကိုစောရောက်နှင့်နေတယ်။ လက်ထဲမှာလည်း ထမင်းချိုင့်ကြီးနဲ့။

''ဘာတွေယူလာတာလဲ နိုရာ''

''ဟီး...ဟီး ငါ့လူကြီးစားဖို့ အုန်းနို့ခေါက်ဆွဲဝယ်လာတာလေ။ မင်းဖို့လည်း တစ်ချိုင့်ပါတယ် ကုန်အောင်စားရမယ်နော်''

''အာ.....ငါအိမ်က မုန့်တီသုပ်စားခဲ့ပြီနိုရာ။မင်းတို့ပဲ စားလိုက်တော့နော်''

''မြူလေးကလည်း ငါ့မှာတကူးတကကြီး ဝယ်လာပေးတဲ့ဟာကို စားပါနော် ''

''အင်းပါ အဲ့ဆိုလည်း ခဏနေမှစားတော့မယ်နော်''

''အဲ့ကြောင့် ငါ့သူငယ်ချင်းလေးကိုချစ်တာ အဟီး''

''အပိုတွေ နင့်လူကြီးပိုချစ်တာမလား ဟွန့်။''

''နင့်ကိုလည်း ချစ်ပါတယ် မြူလေးကလည်း စိတ်ကောက်ရဘူးလေ''

မြူဒေါင်းနိုရာကို မျက်စောင်းလေးထိုးပြီးရယ်နေလိုက်တယ်။ ပထမဆုံးနဲ့ အရင်းနှီးဆုံးသောသူ့ရဲ့ သူငယ်ချင်းလေးဟာ ကေနိုရာပါပဲ။သူတို့နှစ် အချင်းချင်း စနှောက်ရင်းနဲ့ပဲ အလုပ်ခွင်သို့ဝင်ခဲ့ကြတယ်။

. . . . . .

အနောက်ကားတစ်စီးက မြို့ထဲမှာ ခပ်ဖြည်းဖြည်းပြေးလွှာနေတယ်။ကားအနောက်ခန်းထဲရှိ စိုင်းတစ်ယောက်အတွင်းထဲကနေ ခြေချိတ်ထိုင်ပြီး အပြင်ကိုခပ်တွေးတွေးလေးငေးနေခဲ့တယ်။

မနက်ကသူအလုပ်သွားဖို့ အောက်ဆင်းတော့ဟိုကလေးကိုမတွေ့ဘူး။ဒေါ်ညွှန့်ကိုမေးတော့လည်း အလုပ်သွားပြီလို့ပြောတယ်။ စိုင်းအဲ့တာတွေမကြိုက်တာဘဲ အိမ်မှာနေဘာအလုပ်မှ ပင်ပင်ပန်းပန်းလုပ်နေစရာတောင်မလိုဘူး။အိပ်ရာလည်း အစောကြီးထစရာမလိုအောင် ပြည့်စုံအောင်ဖေဖေက သူတို့သားအမိကိုထားပေးထားတာတောင် သူကဘာအတွက်အလုပ်လုပ်ချင်နေမှန်းကိုမသိဘူး။ ဖြစ်နိုင်ရင်အဲ့ကိုလိုက်သွားပြီး ခေါ်လာပစ်လိုက်ချင်တယ်။အပြင်တွေလျှောက်မထွက်ရဲအောင်လည်း ခြေထောက်တွေကိုရိုက်ချိုးထားလိုက်ချင်တယ်။

တွေးရင်းတွေးရင်း ဒေါသကထွက်ရတယ်။မသိအောင်ကိုယ်တွေသားအဖက သူတို့ကိုအငတ်ထားနေသလိုလိုနဲ့။အသက်မပြည့်သေးပဲနဲ့တောင်အလုပ်ခန့်တယ်ဆိုတော့ ဟန်ဓနရိုးက မြူဒေါင်းငယ်နဲ့ဘာဖြစ်ချင်နေတာလည်း။

''တောက်စ်....!''

ရှေ့က ကားမောင်းနေတဲ့ သီဟကမှန်ကနေတစ်ဆင့်ရဲ့ သူ့သူဌေးရဲ့အရိပ်အခြေကို သေချာအကဲခတ်နေပြန်တယ်။အံတွေကြိတ်ပြီး အကြောတွေတောင်ထလို့ ဘာတွေစိတ်တိုနေပြန်ပြီလည်းမသိ။ ကြာရင်သူပါ သူ့သူဌေးနားနေပြီး အသက်တိုရတော့မှာ။

''''မနက်ဖြန် ဟို....သားမြူလေးမွေးနေ့ကျရင် ဒေါ်လေးတို့အလုပ်စောစောနားလို့ရလားဟင် အကိုလေး''''

နားထဲပြန်ကြားမိလာတဲ့ ဒေါ်ညွှန့်ရဲ့စကားတွေကြောင့် စိုင်းမျက်မှောင်ကျုံ့ထားရာက အနည်းငယ်ပြေလျော့သွားတယ်။

မနက်ဖြန်က အဲ့စိတ်ပျက်ဖို့ကောင်းတဲ့ဟာလေးရဲ့ မွေးနေ့တဲ့လား။ဒါဆိုသူက အသက်18တောင်ပြည့်သွားပြီပေါ့လေ အဟွန်း။အရွယ်သာရောက်လာတယ် အခုထိကလေးမျက်နှာနဲ့ ဘယ်နေရာကအသက်ပြည့်တဲ့ပုံနဲ့တူနေလို့လည်း....

ကျစ်....စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။မင်းဘာတွေတွေးနေပြန်တာလည်း စိုင်းတခေတ်....!

ဆံပင်တစ်ချက်ခါလိုက်ပြီး အပြင်ကိုပြန်ကြည့်လိုက်တယ် လမ်းတစ်နေရာရောက်တော့ ''ပန်းစည်းဆိုင်''။

''သီဟ.....ကားခဏရပ်''

''ဟုတ်ကဲ့ Boss''

ပြောတဲ့အတိုင်း ကားကိုပန်းစည်းဆိုင်ရှေ့ ရပ်ပေးလိုက်ပြီး သူဌေးကိုတံခါးသွားဖွင့်ပေးလိုက်တယ်။ကားထဲက ဝတ်စုံအပြည့်နဲ့သူဌေးကဆင်းလာပြီး ဆိုင်ထဲသို့ဝင်သွားတော့ သီဟမှာ ကြောင်တောင်တောင်လေးကျန်ခဲ့ရသည်။

ဆိုင်အတွင်းပိုင်းမှာ ပန်းအိုးများနဲ့အလှဆိုင်ထားပြီးပန်းပေါင်းစုံ အစုံအလင်ရှိတယ်။စိုင်းဆိုင်ထဲဝင်လာတော့ အမျိုးသမီးတစ်ယောက်က ဘာအလိုရှိသလဲမေးသည်။

''ခရေပန်းအတုရှိလား''

''ရှင်.....''

''ခရေပန်းမရှိဘူးလား''

''ဟုတ်ကဲ့ ခရေပန်းကအစစ်ပဲရှိတာပါရှင့်။အတုတော့ မရှိပါဘူး''

''ဒါဆိုအဖြူရောင်ပန်းအတု ဘာပန်းရှိလဲ''

''ဟို....ကောင်မလေးအတွက်လားရှင့်''

စိုင်းရဲ့နားရွက်တွေက ဖြန်းကတည်းရဲတက်လာတယ်။မျက်လုံးတွေက ဟိုသည်လှည့်ကြည့်နေပြီးမှ စိတ်မရှည်ဟန်ဖြင့်

''ပန်းစည်းလာဝယ်တာ အဲ့တာပြောပြဖို့လိုအပ်လို့လား!''

''ညီမတို့ဘက်က အဲ့လိုသဘောမျိုးနဲ့မေးတာမဟုတ်ပါဘူးရှင် ချစ်သူအတွက်လားဒါမှမဟုတ် သူငယ်ချင်းအတွက်လား၊မိဘတွေကိုပေးဖို့လားသိတော့ လိုက်ဖက်တဲ့ပန်းစည်းလုပ်ပေးနိုင်အောင်လို့ပါ''

''မွေးနေ့လက်ဆောင်ပေးဖို့အတွက်''

''ဪ....ဟုတ်။အကိုက ပန်းအဖြူလိုချင်တာလားရှင့်''

''အင်း....''

''နှင်းဆီအဖြူဆိုရင်ရော ဒါလေးက ရိုးရှင်းပြီးအမြင်တင့်တယ်စေပါတယ်''

ပန်းစည်းတစ်ခု ယူလာပြီးစိုင်းကိုပြတော့ စိုင်းကမျက်မှောင်ခပ်ကျုံ့ကျုံ့နဲ့ဘဲ။

''ပန်းကဘာလို့ သုံးပွင့်ပဲပါတာလည်း ကပ်စေးနဲတယ်ထင်နေလိမ့်မယ်!''

''ရှင်......''

ဝန်ထမ်းမလေးက သူ့ရဲ့လေသံမာမာကြောင့်လန့်သွားပုံရပြီးနောက်မှ နားလည်ဟန်ဖြင့်မဝံ့မရဲရှင်းပြလာသည်။

''အဲ့တာက အလှပါရှင့်အကို။ပန်းကလေး အစစ်ပေးတာပိုကောင်းမယ်ထင်တယ် ပိုမွှေးပြီးပိုအသက်ဝင်အောင်လို့ပါ''

''အစစ်က ခဏပဲခံတာ ။အတုကတစ်သက်လုံး အနားထားလို့ရတယ်''

''သြော်.....ဟုတ်ကဲ့ ''

''ထားတော့ မဝယ်တော့ဘူး ''

ခပ်ပြတ်ပြတ်ပဲ ပြောပြီးအပြင်ပြန်ထွက်လာခဲ့တယ်။လမ်းဘေးဆိုင်တွေက စျေးပေါပြီးသူသဘောမကျဘူး။ ကားထဲပြန်ဝင်ထိုင်လိုက်ပြီး ကားကိုဆက်မောင်းဖို့ပြောလိုက်တယ်။

''သီဟ.....''

''ဗျာ......boss''

''အဖြူရောင်နှင်းဆီအလှပန်းစည်း တစ်စည်းလောက်မှာပေး လက်ဆောင်ပေးဖို့အကောင်းစားလိုချင်တယ်''

''ဟုတ်ကဲ့ boss''

''နောက်ပြီး ကိတ်တစ်လုံးရော။မနက်ဖြန်ကျ ငါ့အိမ်ရှေ့တစ်ယောက်ယောက်ကိုသွားပို့ခိုင်းလိုက် ဘယ်သူပို့တာလဲဆိုတာပေးမသိခဲ့နဲ့''

''ပန်းစည်းနဲ့တစ်ခါတည်းပို့လိုက်ရမှာလားဗျ''

''အင်း.....''

တီ.....တီ......တီ....(ဖုန်းမြည်သံ)

ဖုန်းထဲမှာပေါ်လာတာ ပျိုတဲ့။စိုင်းစိတ်မကြည်လာပြန်ပါဘူး ။သေချာဖြီးတင်ထားတဲ့ ဆံပင်ရှည်တွေကိုတစ်ချက်ဖွလိုက်ပြီး ဖုန်းကိုကိုင်လိုက်တယ်။

''ပြော....ပျို''

''ကို....အခုဘယ်မှာလဲ ''

''ကိုယ်အပြင်မှာ''

''ပျိုတို့ ညတွေ့ကြမလား''

''ကိုယ်မအားဘူး''

''ကို့ကို ပျိုက ဦးမင်းမင်းသိန်းရဲ့အတွင်းသတင်းလေးပြောပြရင်းနဲ့ အလုပ်အကြောင်းဆွေးနွေးချင်လို့ပါကွာ''

စိုင်းမျက်ခုံးပင့်ပြီး ဖုန်းကိုနားထောင်နေလိုက်တယ်။ဦးမင်းမင်းသိန်းဆိုတဲ့လူက ကြောင်သူတော်၊ကြွက်သူခိုးမျိုး စိုင်းတခေတ်ရဲ့လက်အောက်မှာတော့အမြှီးကုပ်နေသလိုလိုနဲ့ နောက်ကွယ်မှာရှယ်ယာရှင်တွေစုပြီး သူ့ကိုဖြုတ်ချဖို့ကြံနေတာစိုင်းသိထားသည်။ ထိုအဘိုးကြီး အကြောင်းသိရမယ်ဆိုတော့လည်း သူ့အတွက်အရှုံးမရှိပါဘူး။

''ကောင်းပြီ။ ကိုယ့်ကိုလိမ်ရင်တော့ မင်းဘဝမအေးချမ်းနိုင်ဘူးဆိုတာ မင်းသိတယ်မလားပျို''

''သိတာပေါ့ ကိုရယ်။ကို့ကိုအရူးလိပ်တော့ရော ပျိုအတွက်ကောင်းတဲ့အရာမှမဟုတ်တာ။ပျိုက ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ''

''အင်း.....။ဒါဘဲ ကိုယ်မအားဘူး''

ပြတ်တောက်သွားတဲ့ဖုန်းလိုင်းနဲ့အတူ ပျိုပါးပြင်ထက်မျက်ရည်စက်များ တစ်ပေါက်ပေါက်ကျဆင်းလို့နေတယ်။သူမဒီလိုမျိုးတွေမဖြစ်လာချင်ပါဘူး ဒါပေမယ့်.....။တောင်းပန်ပါတယ် ကိုစိုင်းတခေတ်မှိုင်း။တောင်းပန်ပါတယ် အသွင်။

#TBC

အပိုင်းကရှည်တာကြောင့် အပိုင်းခွဲတင်လိုက်တာပါ ။မန့်တွေများကြီးရရင် မနက်ဖြန်တစ်ပိုင်းချက်ချင်းထပ်တင်ပေးပါမယ်။မရရင်တော့ သုံးရက်နေမှလာတင်ပါမယ် ဟဲဟဲ။စျေးကိုင်နေလို့စိတ်မဆိုးကြနဲ့နော် နန်းကမန့်တွေများကြီးဖတ်ရရင်စာရေးရတာပိုစိတ်ပါလို့ပါ။upတို့မျှော်နေမယ်တို့အစားတခြားဟာတွေမန့်စေချင်ပါတယ်ရှင် 😕

ဒါကပန်းဆိုင်ကပြတဲ့ပန်းစည်းပါ နည်းလို့မကြိုက်ပါဘူးတဲ့ရှင်။



Zawgyi




မနက္ 6:14

ခါတိုင္းလိုမ်ိဳး ျမဴေဒါင္းအိပ္ရာမွထၿပီး ျပတင္းေပါက္တံခါးကိုဆြဲဖြင့္လိုက္တယ္။အျပင္မွာလည္း မိုးဖြဲဖြဲေလး႐ြာေနတုန္း ေကာင္းကင္ႀကီးကလည္းခုထိ အုံ႕မွိုက္ေနေသးတယ္။မိုးက ဒါနဲ႕ဆိုသုံးရက္ရွိၿပီ ဆက္တိုက္ဒီလိုပဲ႐ြာေနခဲ့တာ။ ျမဴေဒါင္းမ်က္ႏွာထသစ္ၿပီး ေရခ်ိဳးခန္းထဲမွာ ေရႏြေးႏြေးေလးစပ္ၿပီးခ်ိဳးရတယ္။ အခုမွေဆာင္းဝင္ကာစဆိုေပမဲ့ မိုးေအးေအးနဲ႕ လႊတ္ခ်မ္းေနေတာ့တာပဲ။

ေရခ်ိဳးၿပီးသြားေတာ့မွ အဝတ္စားေသခ်ာလဲၿပီးပဲ ဘုရားခန္းဝင္ဘုရားရွိခိုးရတယ္။

ဩကာသ၊ၾသကာသ၊ၾသကာသ......

တစ္အိမ္လုံး ျမဴေဒါင္းငယ္၏ဘုရားရွိခိုးသံေၾကာင့္ က်က္သေရမဂၤလာအေပါင္းႏွင့္ ျပည့္စုံေစေတာ့သည္။ဘုရားရွိခိုးၿပီးသြားေတာ့ ပုတီးစိပ္ၿပီးတရားထိုင္နဲ႕ဘဲ 7နာရီနဲ႕15မိနစ္အခ်ိန္အတိေတာင္အခ်ိန္ရွိသြားၿပီမို႔ ေအာက္ထပ္ဆင္းၿပီးထမင္းစားခန္းသို႔ဝင္၍ ခ်က္ျပဳတ္ေနေသာေဒၚၫႊန့္အား အၿပဳံးနဲ႕ႏႈတ္ဆက္ေနတဲ့ ျမဴေဒါင္းငယ္။

ေဒၚၫႊန္က ျမဴေဒါင္းငယ္ကိုၾကည့္ၿပီးသေဘာက်လိဳ႕ ၿပဳံးမိပါသည္။ဒီကေလးက တအားလိမ္မာတဲ့ကေလး။မိဘအေပၚလည္းသိတတ္တယ္။ ယဥ္ေက်းတာလည္း အရမ္းပါပဲ။စိတ္ထားေလးက အၿမဲျဖဴစင္ၿပီးရိုးသားလြန္တဲ့ကေလးေလးပါေလ။ၾကည့္လိုက္တာနဲ႕ လူကိုစိတ္႐ႊင္လန္းေစတယ္။ဒီလိုကေလးေလးကိုမွ အကိုေလးစိုင္းတေခတ္က ဘာေၾကာင့္မုန္းနိုင္ေနရတာလည္း သူမစဥ္းစားလို႔ကိုမရဘူး။

''ေဒၚေလး....သားဘာကူရဦးမလဲဟင္''

''မကူရပါဘူး သားရယ္။ေဒၚေလးၿပီးပါၿပီကြယ္''

''ရပါဘူး သားကကူခ်င္လို႔ဟာကို ေဒၚေဒၚကလည္း''

ဒီကေလးကအဲ့လိုပဲ သူခင္တြယ္ရတဲ့သူေတြအေပၚဆို ဒီလိုေလးလည္း ခြၽဲတတ္ပါေသးတယ္။

''ေဒၚေလးက တကယ္မလိုလို႔ေျပာတာပါကြယ္။ေနာက္ၿပီးသားက အလုပ္သြားရအုံးမွာမလား။သြား သြား ခုံမွာပဲသြားထိုင္ေန မနက္စာေဒၚေလးျပင္ေပးမယ္''

''ဟုတ္ကဲ့ပါဗ်....''

ေဒၚေလးၫႊန့္ေျပာသလိုပဲ ထမင္းစားခန္းထဲဝင္ၿပီးထိုင္ေစာင့္ေနလိုက္တယ္။ဒါေပမဲ့လည္း မ်က္စိလွ်င္လွ်င္ထားၿပီးပဲေနေနရတယ္။ သူ႕ရဲ႕ကိုကိုေဒါသအိုးဝင္လာရင္ သူျပႆနာတက္ရအုံးမွာေလ။ ညကအိမ္မက္ထဲကလိုမ်ိဳး ကိုကိုသာသူ႕ကိုအၿမဲၿပဳံးျပေနခဲ့ရင္ ဘယ္ေလာက္ေကာင္းလိုက္မလည္းလို႔ေတြးမိ၏။သို႔ေပမဲ့လည္း မျဖစ္နိုင္ဖို႔က 90ရာခိုင္ႏႈန္းအေသခ်ာဘဲ။က်န္တဲ့ရာခိုင္ႏွိုင္းကေတာ့ မေသခ်ာတဲ့သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ေလးပါပဲ။

''သားျမဴေလးေရ မနက္စာဒီမွာရပါၿပီရွင္''

''ဟာ....ေဒၚေလး ရခိုင္မုန႔္တီသုပ္လား ။ဝါး....။မိုက္လိုက္တာ သားအရမ္းႀကိဳက္တာ ဟီးဟီး''

''သိတယ္ေလ အဲ့ေၾကာင့္ေဒၚေလးကေစာႀကီးထၿပီး ကိုယ္တိုင္မုန့္ဖက္ဝယ္ၿပီးသုပ္ေပးတာ''

''ေက်းဇူးပါ ေဒၚေလး။သားက မုန့္တီသုပ္ဆိုအရမ္းႀကိဳက္တာ။ေမေမနဲ႕အရင္အိမ္မွာေနခဲ့တုန္းကဆို ေမေမကအၿမဲသုပ္ေကြၽးတယ္ ေမေမလက္ရာကအရမ္းေကာင္းတာေနာ္သိလား ေဒၚေလး အဟီး။''

''သိပါ့ေတာ္....သိပါ့။အေမခ်စ္တဲ့သားနဲ႕ သားကိုသိပ္ခ်စ္တဲ့အေမနဲ႕ေတာ့ ေဒၚေလးကသိတာေပါ့ကြယ္''

ျမဴေဒါင္းက မုန့္တီသုပ္ကို ပလုတ္ပေလာင္းစားၿပီး သြားေလးေပၚေအာင္ထိရယ္ျပေနျပန္ပါသည္။ဒီကေလးက တကယ့္ခ်စ္ေမႊးေလးပဲ။

''ေျဖးေျဖးစားပါ သားရယ္။ေနာက္က က်ားမလိုက္ပါဘူးကြယ္''

''ေျဖးေျဖးခ်င္းစားလို႔ မရဘူး ေဒၚေလးရဲ႕။ကိုကို နိုးလာရင္သားကို စိတ္တိုေနလိမ့္မယ္ေလ အဲ့ေၾကာင့္ပါ''

ဒီလိုဆိုေတာ့လည္း ေဒၚၫႊန့္စိတ္ထဲမေကာင္းေပ။ဒီကေလးမွာဘာအျပစ္မွ မရွိပါပဲ အကိုေလးကသိပ္ကိုမုန္းေနတာေတာ့ခက္ပါသည္။မယားပါသားဆိုေပမဲ့လည္း ျမဴေဒါင္းေလးကအျပစ္ကင္းတဲ့ကေလးေလးတစ္ေယာက္ပါပဲ။ အမုန္းေတြ၊အၿငိဳးေတြနဲ႕ မသက္ဆိုင္တဲ့ ကေလးတစ္ေယာက္ပါေလ။

''ေဒၚေလး မနက္ျဖန္ သားေမြးေန႕။အဲ့တာ ဘုရားသြားမလို႔ ေဒၚေလးလိုက္အုံးမလားဟင္''

''ဟယ္...သားေတာင္မနက္ျဖန္အသက္ျပည့္ေတာ့မွာေပါ့ ဟုတ္လား ''

''ဟုတ္....သားေမြးေန႕က် ေဒၚေလးကို မုန့္ဝယ္ေကြၽးမယ္ေနာ္''

''အမေလး ေနပါကြယ္ အပိုကုန္ေအာင္မေကြၽးေနပါနဲ႕သားရယ္။ေဒၚေလးၫႊန္းက မနက္ျဖန္က် သားႀကိဳက္တာေတြ ခ်က္ေကြၽးမယ္ ''

''ျဖစ္ပါ့မလား ေဒၚေလးရယ္။ကိုကိုသိရင္ျဖင့္ ေဒၚေလးကို ေအာ္ေနပါအုံးမယ္''

''အဲ့ေတာ့လည္း အကိုေလးမသိေအာင္ ေဒၚေလးတို႔အိပ္ေဆာင္ဘက္ သြားစားၾကမယ္ေလ မေကာင္းဘူးလား''

ေဒၚၫႊန့္ေျပာတဲ့ အိပ္ေဆာင္ဆိုတာ အလုပ္သမားေတြဖို႔သီးသန့္ထားတဲ့ ၿခံအေနာက္ဘက္အိမ္တစ္လုံးကို ေျပာေနတာေပ။ ကိုကိုတို႔ရဲ႕အိမ္ၿခံကအက်ယ္ႀကီးျဖစ္တာေၾကာင့္ အလုပ္သမားေဆာင္ဆိုၿပီး သီးသန႔္ေနာက္မွာေဆာက္လုပ္ထားေသး၏။

''ဟုတ္ပါၿပီဗ် ေဒၚေလးသေဘာပါ။သားအလုပ္သြားေတာ့မယ္ေနာ္ ကိုကိုမနိုးခင္ သြားမွျဖစ္မယ္ေဒၚေလးရဲ႕''

''ေအး ေအးသား ။ဂ႐ုစိုက္သြားအုံးေနာ္ ၾကားလား''

''ဟုတ္ကဲ့ပါဗ် ''

. . . . . .

''ေဟး....ျမဴေလး။ငါဒီမွာ....''

အလုပ္ကို ေစာေစာေရာက္လာေပမယ့္ ေကနိုရာကသူ႕ထက္အလုပ္ကိုေစာေရာက္ႏွင့္ေနတယ္။ လက္ထဲမွာလည္း ထမင္းခ်ိဳင့္ႀကီးနဲ႕။

''ဘာေတြယူလာတာလဲ နိုရာ''

''ဟီး...ဟီး ငါ့လူႀကီးစားဖို႔ အုန္းနို႔ေခါက္ဆြဲဝယ္လာတာေလ။ မင္းဖို႔လည္း တစ္ခ်ိဳင့္ပါတယ္ ကုန္ေအာင္စားရမယ္ေနာ္''

''အာ.....ငါအိမ္က မုန့္တီသုပ္စားခဲ့ၿပီနိုရာ။မင္းတို႔ပဲ စားလိုက္ေတာ့ေနာ္''

''ျမဴေလးကလည္း ငါ့မွာတကူးတကႀကီး ဝယ္လာေပးတဲ့ဟာကို စားပါေနာ္ ''

''အင္းပါ အဲ့ဆိုလည္း ခဏေနမွစားေတာ့မယ္ေနာ္''

''အဲ့ေၾကာင့္ ငါ့သူငယ္ခ်င္းေလးကိုခ်စ္တာ အဟီး''

''အပိုေတြ နင့္လူႀကီးပိုခ်စ္တာမလား ဟြန့္။''

''နင့္ကိုလည္း ခ်စ္ပါတယ္ ျမဴေလးကလည္း စိတ္ေကာက္ရဘူးေလ''

ျမဴေဒါင္းနိုရာကို မ်က္ေစာင္းေလးထိုးၿပီးရယ္ေနလိုက္တယ္။ ပထမဆုံးနဲ႕ အရင္းႏွီးဆုံးေသာသူ႕ရဲ႕ သူငယ္ခ်င္းေလးဟာ ေကနိုရာပါပဲ။သူတို႔ႏွစ္ အခ်င္းခ်င္း စႏွောက္ရင္းနဲ႕ပဲ အလုပ္ခြင္သို႔ဝင္ခဲ့ၾကတယ္။

. . . . . .

အေနာက္ကားတစ္စီးက ၿမိဳ႕ထဲမွာ ခပ္ျဖည္းျဖည္းေျပးလႊာေနတယ္။ကားအေနာက္ခန္းထဲရွိ စိုင္းတစ္ေယာက္အတြင္းထဲကေန ေျခခ်ိတ္ထိုင္ၿပီး အျပင္ကိုခပ္ေတြးေတြးေလးေငးေနခဲ့တယ္။

မနက္ကသူအလုပ္သြားဖို႔ ေအာက္ဆင္းေတာ့ဟိုကေလးကိုမေတြ႕ဘူး။ေဒၚၫႊန့္ကိုေမးေတာ့လည္း အလုပ္သြားၿပီလို႔ေျပာတယ္။ စိုင္းအဲ့တာေတြမႀကိဳက္တာဘဲ အိမ္မွာေနဘာအလုပ္မွ ပင္ပင္ပန္းပန္းလုပ္ေနစရာေတာင္မလိုဘူး။အိပ္ရာလည္း အေစာႀကီးထစရာမလိုေအာင္ ျပည့္စုံေအာင္ေဖေဖက သူတို႔သားအမိကိုထားေပးထားတာေတာင္ သူကဘာအတြက္အလုပ္လုပ္ခ်င္ေနမွန္းကိုမသိဘူး။ ျဖစ္နိုင္ရင္အဲ့ကိုလိုက္သြားၿပီး ေခၚလာပစ္လိုက္ခ်င္တယ္။အျပင္ေတြေလွ်ာက္မထြက္ရဲေအာင္လည္း ေျခေထာက္ေတြကိုရိုက္ခ်ိဳးထားလိုက္ခ်င္တယ္။

ေတြးရင္းေတြးရင္း ေဒါသကထြက္ရတယ္။မသိေအာင္ကိုယ္ေတြသားအဖက သူတို႔ကိုအငတ္ထားေနသလိုလိုနဲ႕။အသက္မျပည့္ေသးပဲနဲ႕ေတာင္အလုပ္ခန့္တယ္ဆိုေတာ့ ဟန္ဓနရိုးက ျမဴေဒါင္းငယ္နဲ႕ဘာျဖစ္ခ်င္ေနတာလည္း။

''ေတာက္စ္....!''

ေရွ႕က ကားေမာင္းေနတဲ့ သီဟကမွန္ကေနတစ္ဆင့္ရဲ႕ သူ႕သူေဌးရဲ႕အရိပ္အေျခကို ေသခ်ာအကဲခတ္ေနျပန္တယ္။အံေတြႀကိတ္ၿပီး အေၾကာေတြေတာင္ထလို႔ ဘာေတြစိတ္တိုေနျပန္ၿပီလည္းမသိ။ ၾကာရင္သူပါ သူ႕သူေဌးနားေနၿပီး အသက္တိုရေတာ့မွာ။

''''မနက္ျဖန္ ဟို....သားျမဴေလးေမြးေန႕က်ရင္ ေဒၚေလးတို႔အလုပ္ေစာေစာနားလို႔ရလားဟင္ အကိုေလး''''

နားထဲျပန္ၾကားမိလာတဲ့ ေဒၚၫႊန့္ရဲ႕စကားေတြေၾကာင့္ စိုင္းမ်က္ေမွာင္က်ဳံ႕ထားရာက အနည္းငယ္ေျပေလ်ာ့သြားတယ္။

မနက္ျဖန္က အဲ့စိတ္ပ်က္ဖို႔ေကာင္းတဲ့ဟာေလးရဲ႕ ေမြးေန႕တဲ့လား။ဒါဆိုသူက အသက္18ေတာင္ျပည့္သြားၿပီေပါ့ေလ အဟြန္း။အ႐ြယ္သာေရာက္လာတယ္ အခုထိကေလးမ်က္ႏွာနဲ႕ ဘယ္ေနရာကအသက္ျပည့္တဲ့ပုံနဲ႕တူေနလို႔လည္း....

က်စ္....စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ။မင္းဘာေတြေတြးေနျပန္တာလည္း စိုင္းတေခတ္....!

ဆံပင္တစ္ခ်က္ခါလိုက္ၿပီး အျပင္ကိုျပန္ၾကည့္လိုက္တယ္ လမ္းတစ္ေနရာေရာက္ေတာ့ ''ပန္းစည္းဆိုင္''။

''သီဟ.....ကားခဏရပ္''

''ဟုတ္ကဲ့ Boss''

ေျပာတဲ့အတိုင္း ကားကိုပန္းစည္းဆိုင္ေရွ႕ ရပ္ေပးလိုက္ၿပီး သူေဌးကိုတံခါးသြားဖြင့္ေပးလိုက္တယ္။ကားထဲက ဝတ္စုံအျပည့္နဲ႕သူေဌးကဆင္းလာၿပီး ဆိုင္ထဲသို႔ဝင္သြားေတာ့ သီဟမွာ ေၾကာင္ေတာင္ေတာင္ေလးက်န္ခဲ့ရသည္။

ဆိုင္အတြင္းပိုင္းမွာ ပန္းအိုးမ်ားနဲ႕အလွဆိုင္ထားၿပီးပန္းေပါင္းစုံ အစုံအလင္ရွိတယ္။စိုင္းဆိုင္ထဲဝင္လာေတာ့ အမ်ိဳးသမီးတစ္ေယာက္က ဘာအလိုရွိသလဲေမးသည္။

''ခေရပန္းအတုရွိလား''

''ရွင္.....''

''ခေရပန္းမရွိဘူးလား''

''ဟုတ္ကဲ့ ခေရပန္းကအစစ္ပဲရွိတာပါရွင့္။အတုေတာ့ မရွိပါဘူး''

''ဒါဆိုအျဖဴေရာင္ပန္းအတု ဘာပန္းရွိလဲ''

''ဟို....ေကာင္မေလးအတြက္လားရွင့္''

စိုင္းရဲ႕နား႐ြက္ေတြက ျဖန္းကတည္းရဲတက္လာတယ္။မ်က္လုံးေတြက ဟိုသည္လွည့္ၾကည့္ေနၿပီးမွ စိတ္မရွည္ဟန္ျဖင့္

''ပန္းစည္းလာဝယ္တာ အဲ့တာေျပာျပဖို႔လိုအပ္လို႔လား!''

''ညီမတို႔ဘက္က အဲ့လိုသေဘာမ်ိဳးနဲ႕ေမးတာမဟုတ္ပါဘူးရွင္ ခ်စ္သူအတြက္လားဒါမွမဟုတ္ သူငယ္ခ်င္းအတြက္လား၊မိဘေတြကိုေပးဖို႔လားသိေတာ့ လိုက္ဖက္တဲ့ပန္းစည္းလုပ္ေပးနိုင္ေအာင္လို႔ပါ''

''ေမြးေန႕လက္ေဆာင္ေပးဖို႔အတြက္''

''ဪ....ဟုတ္။အကိုက ပန္းအျဖဴလိုခ်င္တာလားရွင့္''

''အင္း....''

''ႏွင္းဆီအျဖဴဆိုရင္ေရာ ဒါေလးက ရိုးရွင္းၿပီးအျမင္တင့္တယ္ေစပါတယ္''

ပန္းစည္းတစ္ခု ယူလာၿပီးစိုင္းကိုျပေတာ့ စိုင္းကမ်က္ေမွာင္ခပ္က်ဳံ႕က်ဳံ႕နဲ႕ဘဲ။

''ပန္းကဘာလို႔ သုံးပြင့္ပဲပါတာလည္း ကပ္ေစးနဲတယ္ထင္ေနလိမ့္မယ္!''

''ရွင္......''

ဝန္ထမ္းမေလးက သူ႕ရဲ႕ေလသံမာမာေၾကာင့္လန့္သြားပုံရၿပီးေနာက္မွ နားလည္ဟန္ျဖင့္မဝံ့မရဲရွင္းျပလာသည္။

''အဲ့တာက အလွပါရွင့္အကို။ပန္းကေလး အစစ္ေပးတာပိုေကာင္းမယ္ထင္တယ္ ပိုေမႊးၿပီးပိုအသက္ဝင္ေအာင္လို႔ပါ''

''အစစ္က ခဏပဲခံတာ ။အတုကတစ္သက္လုံး အနားထားလို႔ရတယ္''

''ေၾသာ္.....ဟုတ္ကဲ့ ''

''ထားေတာ့ မဝယ္ေတာ့ဘူး ''

ခပ္ျပတ္ျပတ္ပဲ ေျပာၿပီးအျပင္ျပန္ထြက္လာခဲ့တယ္။လမ္းေဘးဆိုင္ေတြက ေစ်းေပါၿပီးသူသေဘာမက်ဘဴး။ ကားထဲျပန္ဝင္ထိုင္လိုက္ၿပီး ကားကိုဆက္ေမာင္းဖို႔ေျပာလိုက္တယ္။

''သီဟ.....''

''ဗ်ာ......boss''

''အျဖဴေရာင္ႏွင္းဆီအလွပန္းစည္း တစ္စည္းေလာက္မွာေပး လက္ေဆာင္ေပးဖို႔အေကာင္းစားလိုခ်င္တယ္''

''ဟုတ္ကဲ့ boss''

''ေနာက္ၿပီး ကိတ္တစ္လုံးေရာ။မနက္ျဖန္က် ငါ့အိမ္ေရွ႕တစ္ေယာက္ေယာက္ကိုသြားပို႔ခိုင္းလိုက္ ဘယ္သူပို႔တာလဲဆိုတာေပးမသိခဲ့နဲ႕''

''ပန္းစည္းနဲ႕တစ္ခါတည္းပို႔လိုက္ရမွာလားဗ်''

''အင္း.....''

တီ.....တီ......တီ....(ဖုန္းျမည္သံ)

ဖုန္းထဲမွာေပၚလာတာ ပ်ိဳတဲ့။စိုင္းစိတ္မၾကည္လာျပန္ပါဘူး ။ေသခ်ာၿဖီးတင္ထားတဲ့ ဆံပင္ရွည္ေတြကိုတစ္ခ်က္ဖြလိုက္ၿပီး ဖုန္းကိုကိုင္လိုက္တယ္။

''ေျပာ....ပ်ိဳ''

''ကို....အခုဘယ္မွာလဲ ''

''ကိုယ္အျပင္မွာ''

''ပ်ိဳတို႔ ညေတြ႕ၾကမလား''

''ကိုယ္မအားဘူး''

''ကို႔ကို ပ်ိဳက ဦးမင္းမင္းသိန္းရဲ႕အတြင္းသတင္းေလးေျပာျပရင္းနဲ႕ အလုပ္အေၾကာင္းေဆြးႏြေးခ်င္လို႔ပါကြာ''

စိုင္းမ်က္ခုံးပင့္ၿပီး ဖုန္းကိုနားေထာင္ေနလိုက္တယ္။ဦးမင္းမင္းသိန္းဆိုတဲ့လူက ေၾကာင္သူေတာ္၊ႂကြက္သူခိုးမ်ိဳး စိုင္းတေခတ္ရဲ႕လက္ေအာက္မွာေတာ့အျမႇီးကုပ္ေနသလိုလိုနဲ႕ ေနာက္ကြယ္မွာရွယ္ယာရွင္ေတြစုၿပီး သူ႕ကိုျဖဳတ္ခ်ဖိဳ႕ႀကံေနတာစိုင္းသိထားသည္။ ထိုအဘိုးႀကီး အေၾကာင္းသိရမယ္ဆိုေတာ့လည္း သူ႕အတြက္အရႈံးမရွိပါဘူး။

''ေကာင္းၿပီ။ ကိုယ့္ကိုလိမ္ရင္ေတာ့ မင္းဘဝမေအးခ်မ္းနိုင္ဘူးဆိုတာ မင္းသိတယ္မလားပ်ိဳ''

''သိတာေပါ့ ကိုရယ္။ကို႔ကိုအ႐ူးလိပ္ေတာ့ေရာ ပ်ိဳအတြက္ေကာင္းတဲ့အရာမွမဟုတ္တာ။ပ်ိဳက ဘယ္လိုလုပ္ လိမ္ရဲပါ့မလဲ''

''အင္း.....။ဒါဘဲ ကိုယ္မအားဘူး''

ျပတ္ေတာက္သြားတဲ့ဖုန္းလိုင္းနဲ႕အတူ ပ်ိဳပါးျပင္ထက္မ်က္ရည္စက္မ်ား တစ္ေပါက္ေပါက္က်ဆင္းလို႔ေနတယ္။သူမဒီလိုမ်ိဳးေတြမျဖစ္လာခ်င္ပါဘူး ဒါေပမယ့္.....။ေတာင္းပန္ပါတယ္ ကိုစိုင္းတေခတ္မွိုင္း။ေတာင္းပန္ပါတယ္ အသြင္။

#TBC

အပိုင္းကရွည္တာေၾကာင့္ အပိုင္းခြဲတင္လိုက္တာပါ ။မန့္ေတြမ်ားႀကီးရရင္ မနက္ျဖန္တစ္ပိုင္းခ်က္ခ်င္းထပ္တင္ေပးပါမယ္။မရရင္ေတာ့ သုံးရက္ေနမွလာတင္ပါမယ္ ဟဲဟဲ။ေစ်းကိုင္ေနလို႔စိတ္မဆိုးၾကနဲ႕ေနာ္ နန္းကမန့္ေတြမ်ားႀကီးဖတ္ရရင္စာေရးရတာပိုစိတ္ပါလို႔ပါ။upတို႔ေမွ်ာ္ေနမယ္တို႔အစားတျခားဟာေတြမန့္ေစခ်င္ပါတယ္ရွင္ 😕







Continue Reading

You'll Also Like

1K 117 7
အချစ်ဆိုတာ ငါတို့ရဲ့ရရှိခြင်းလို့ ငါထင်တယ်၊ မေတ္တာကတော့ မင်းရောငါရောသိတာပဲ.. အပြစ်မယူခြင်း ခွင့်လွှတ်ခြင်း အဖန်တလဲလဲစောင့်ရှောက်ခြင်း ပေးကမ်းခြင်းတ...
377K 29.2K 29
ရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရွင္သန္ျခင္းက ဘာလဲလို႔အေမးခံရတဲ့အခါ ဦးရဲ႕...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
93.2K 15.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ