Promise

By Leowang2004

28.8K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... More

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 9
Promise 10
promise 11
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 16
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise 12

940 78 24
By Leowang2004

"ဟျောင့် ရှောင်ကျန့် "

"ဘာလဲကွာ "

"အေး မင်းကတော့ဦးလေးနေတဲ့‌ဆီမှာသာယာနေတာ ဒီမှာကျန်ခဲ့တဲ့ရိပေါ်အတွက်ကျနည်းနည်းမှထည့်မစဉ်းစားဘူး"

"အဲ့တော့ဘာဖြစ်လဲ သူလဲအချိန်တနိ မေ့သွားမှာပဲ မင်းကဘာဖြစ်နေတာလဲလီယွန်း "

"အေး မင်းကဘာမှမဖြစ်သလိုနေနေပေမယ့်မင်းနဲ့ပတ်သတ်ထဲကရိပေါ်က မင်းနဲ့ရန်ဖြစ်တဲ့ကောင်တွေကြောင့်ချောင်းရိုက်ခံရတာမင်းသိလား "

"ဘာ !!"

"ဘာမနေနဲ့ နောင်တဆိုတာမျိုးမရှိချင်ရင်အခုပြန်လာခဲ့ ခွေးကောင် "

"ကျစ် သူ့ကိုဘယ်သူတွေက ချောင်းရိုက်တာလဲ "

"မင်းပထွေး ‌ဟိုတစ်ခါ အဲ့ရစ့်ကိစ္စကြောင့်ရန်စတဲ့ဟာတွေ ရိပေါ်သနားပါတယ်ဆေးရုံမှာ ဟျောင့် ဟာ ဖုန်းချသွားပြီငနဲက"

ကိုယ့်ကိစ္စဆိုမပါတတ်တဲ့လီယွန်းလိုလူမျိုးကတောင်ရိပေါ်ဘက်ကနေ ရှောင်ကျန့်ကိုဆဲဆိုသွားသည်ဆိုတော့တကယ်ပဲ ရိပေါ်အရိုက်ခံရတာလား ကျစ်

ရှောင်ကျန့်စိတ်ရှုပ်ထွေးစွာ ဆံပင်တွေထိုးဖွကာ ခုံပေါ်ကဂျက်ကတ်ကို ယူလို့ ဆိုင်ကယ်သော့ကိုဆွဲကာ ထရပ်လိုက်ချိန်

"ငါ့တူ "

"......."

"ဘေးလူဖြစ်တဲ့ဦး‌လေး ကြည့်ရသလောက်တော့ ငါ့တူက အဲ့ကောင်လေးပေါ့ တကယ်ချစ်မိနေတာပဲ ဒီတိုင်းလဲနေနိုင်နေတာလဲမဟုတ်နဲ့ကိုယ့်စိတ်ကိုသေချာပြန်သုံးသပ်ကြည့်ပါလား"

"အချစ်ကကြာရင်လူကိုထိခိုက်စေတယ် "

"ဒါဆိုလဲဘာလို့သူ့ကိုစိတ်ပူနေသေးလဲကွာဘာလို့ ရည်းစားတေယ်ထားသေးလဲဖျက်လိုက်ပါလား "

"သူ့ကိုသဘောကျတယ် သူ့ပုံစံသူ့မျက်နှာကို သူကကျနော့်အပိုင် စိတ်ပူတာမဟုတ်ဘူး ကျနော့်အပြစ်မကင်းသလိုခံစားရလို့ "

"ငါ့တူ လူတိုင်းကိုမာလီယာလိုမထင်နဲ့အေး မာလီယာဆိုတာလဲသူ့အကြောင်းပြချက်နဲ့သူ သူမကြောင့်မင်းစိတ်ထိခိုက်တယ်ဆို ဒီကောင်လေးကတော့မတူဘူးလေ သူကမာလီယာမှမဟုတ်တာ မင်းတစ်နေ့နောင်တရမယ်နော်‌ငါ့တူ"

"ဦးလေးပြောလို့ပြီးပြီမလား ကျနော်သွားတော့မယ် "

"ရှောင်းလေး "

ထွက်သွားတော့မယ့်ရှောင်ကျန့်ရဲ့လက်ကိုဆွဲလို့ဦးလေးဖြစ်သူက ဤသို့ဆိုလာသည်

"ရဲရဲချစ်လိုက်ပါ ငါ့တူ ပြီးမှနောက်မှပြိုလဲနေတာမျိုးဦးလေးမမြင်ချင်ဘူး ကောင်လေးကမင်းကိုတကယ်ချစ်ပုံပေါ်တယ် မင်းလဲချစ်နေတာပဲကိုယ့်စိတ်ကိုယ်သိအောင်လုပ်စမ်းပါ "

🏥🏥🏥🏥🏥🏥🏥

"သားငယ်နေလို့ကောင်းရဲ့လားမူးနေသေးလား"

"မမူးတော့ပါဘူးမားမား "

"ဟုတ်ပြီး နောက်ရက်ဆိုဆေးရုံကပြန်ဆင်းလို့ရပြီလို့ဆရာဝန်ကပြောတယ် "

"ဟုတ် "

"ခဏနေရင်အိမ်ကိုပြန်ရမယ် နေရဲရဲ့လား သားငယ် "

"နေရဲပါတယ်မားမား တကယ်လို့အရေးမကြီးရင်မနက်မှပြန်လာခဲ့လေ သားကခဏနေအိပ်တော့မှာဆိုတော့ မစောင့်ပေးလဲရပါတယ်မားမား မားမားပင်ပန်းနေမှာစိုးလို့ "

"သားငယ်က သိတတ်လိုက်တာ ဒါဆိုမားမားမနက်မှပြန်လာတော့မယ်အပြင်တွေမထွက်ဘဲ အိပ်နေနော် "

"ဟုတ်ကဲ့ "

ခဏအကြာမှာပြင်ဆင်စရာရှိတာပြင်ဆင်ပေးပြီးအိမ်ပြန်သွားတဲ့မားမား နဲ့ပါးပါး ကြောင့်ရိပေါ်ဟာကုတင်ထက်မှာ တစ်ယောက်ထဲဖြစ်လို့နေတယ် အလုပ်အရေးကြီးလို့ ညနေထဲကအလုပ်ကိုပြန်သွားရတဲ့ကိုကြီးက သူ့သူငှေးနဲ့ ရုံးခွဲကိုပါသွားတယ် ဒါကြောင့်လဲဆေးရုံမှာရိပေါ်တစ်ယောက်ထဲ မအိပ်ချင်သေးတဲ့စိတ်ကြောင့်ရယ် ကြောင်စီနေတဲ့မျက်ဝန်းတွေကြောင့်ကုတင်ပေါ်လဲ ရင်းနဲ့ပဲ ဘေးတစ်ချက်က မှန်ဘောင်အကြည်ရဲ့တစ်ဖက်က လင်းထိန်းတောက်ပနေတဲ့မြို့တော်ကိုငေးနေမိတယ်

"ဂျက် !!" ( တံခါးဖွင့်သံ )

"ဘယ်သူလဲ"

"ကိုယ်ပါ "

"ဟင် "

"သက်သာလား "

"ဘယ်လိုဖြစ်လာတာလဲ "

"ဘာလို့ငြိမ်ခံနေရတာလဲ အခုတော့ဒဏ်ရာရပြီမလား"

"......ခင်များဒဏ်ရာတွေက ဘယ်လိုဖြစ်ပြီး အင့်"

"ကိုယ်တောင်းပန်ပါတယ် ထားမသွားသင့်ဘူး "

"ဘာလို့အခုမှလာရတာလဲ ဟင့် "

"အင်းနောက်ကျသွားတယ် "

"ဒဏ်ရာတွေဘယ်လိုရတာလဲဟင် အင့် sob "

"ရန်ဖြစ်လာတာ"

ရိပေါ်အပြင်ဘက်ကိုငေးနေတုန်း အခန်းထဲရောက်လာတဲ့ရှောင်ကျန့် မျက်နှာနဲ့လက်တွေမှာဒဏ်ရာတွေနဲ့အများအပြားရှိနေသည် ဝမ်းနည်းလွယ်တဲ့ရိပေါ်ဟာ အဆက်သွယ်ဖြတ်ထားပြီးထွက်သွားသူအားပြန်တွေ့၍ကြောင်အနေစဉ်ဒဏ်ရာတွေမြင်ပြီးကလေးတစ်ယောက်လိုငိုတော့သည်

တကယ်ပဲဒီကိုမလာခင်ရှောင်ကျန့်ဟာရန်ဖြစ်နေခဲ့တာမို့နောက်ကျမှရောက်လာခြင်းပင်

"ဘယ်လိုဖြစ်လို့ အင့် ရန်ဖြစ်တာလဲဟင် ဘယ်သူနဲ့လဲ "

"မင်းကြောင့်လေ မင်းခေါင်းကိုရိုက်တဲ့သူနဲ့ဖြစ်လာတာ "

"ဟင် "

"အင်း မငိုနဲ့တော့ခေါင်းကိုက်မယ် "

"အွန်း ဒဏ်ရာတွေဆေးထည့်ပါလား"

"ရတယ် "

"လာကျနော်ထည့်ပေးမယ် "

မျက်ရည်တွေကိုလက်နဲ့ဆွဲသုတ်ကာ ရှောင်ကျန့်လက်ကိုဆွဲလို့ ကုတင်ပေါ်မှာထိုင်စေသည်ပြီးတော့ ဘေးကဆေးသေတ္တာအသေးလေးထဲက နေ ဂွမ်းရယ်အရက်ပြန်ရယ်ကိုယူလို့ရှောင်ကျန့်မျက်နှာကဒဏ်ရာတွေကိုလိမ်း‌နေသည်

"အာ့ "

"စပ်လို့လား"

"အင်း "

"ဖူးးဖူးးဖူး ဟ ဖူးးး"

ဆေးထည့်ပေးရင်းမှုတ်ပေးနေတဲ့ပတ်တီးအ‌ဖွေးသားခေါင်းလုံးလေးကိုအပေါ်စီးကနေမြင်နေရသည်တဖူးဖူးနဲ့လေတွေမှုတ်နေသောနှုတ်ခမ်းလုံးလေးကိုလဲ မြင်နေရပြီး‌ဖောင်းနေတဲ့ပါးလေးတွေကနီမြန်းလျက်ရှိတာကြောင့် ရှောင်ကျန့်က အသဲယားလာတာထိန်းမရနိုင်‌မေးရိုးတွေကဘေးကိုကားထွက်လာသည်အထိ

"တော်တော့ "

"ဟင် "

"မျက်နှာမှာရှိနေသေးတယ် တစ်ခါလောက်ဖြစ်ဖြစ် ကျနော့်စကားကိုနားထောင်ပေးပါလား "

"အင်း "

ရိပေါ်ရဲ့စကားကြောင့်ငြိမ်ပေးနေတဲ့ရှောင်ကျန့်ကြောင့်မျက်နှာကဒဏ်ရာတွေကိုဆေးထပ်ထည့်ပေးသည် အခုမှလူနာက ကပြန်ပြီးဆေးထည့်ပေးရသည်

"ကိုယ်မထိန်းနိုင်တော့ဘူး"

"ဟင် "

"နမ်းချင်တာ "

"ဗျာ အွတ် ~~~အွင်းး ပြွတ်စ့် ရှောင်း ဟာ့ ပြွတ်စ့် အွန့်"

နမ်းချင်တယ်လို့ပြောပြီးရိပေါ်ရဲ့ခေါင်းကိုဆွဲယူကာ အတင်းနမ်းလာသည် ရိပေါ်ရဲ့ခါးသိမ်သိမ်လေးအားဖတ်ကာ မနားတမ်းနမ်းသည် ဖောင်းနေတဲ့ပါးလေးကိုအနုယွဆုံးကိုင်ကာ ခေါင်းကိုစောင်းလို့နမ်းသည် မရပ်မနားနမ်းနေတဲ့ရှောင်ကျန့်ရဲ့အနမ်းတွေကြောင့် မနေနိုင်သူကရိပေါ်ဖြစ်သည်

တုံ့ပြန်နမ်းဖို့တောင်ရိပေါ်မှာ မေ့နေသည်အထိ အနမ်းကြမ်းကြမ်းတွေနောက်မနည်းလိုက်နေရသောရိပေါ်မှာကြာလာသည်နှင့် အသက်ရူရန်ခက်ခဲပြီးမောဟိုက်လာသည် ဒါနဲ့ပဲ ရှောင်ကျန့်ရဲ့ရင်ဘက်ကို အတင်းထုလို့ တွန်းထုတ်ပစ်သည်

"ဟင်းးး ဟင်း ဟင်း ဆိုး ~~ဆိုးလိုက်တာ "

"ဟက် လှတယ် "

"ဘာ~ဘာကိုလဲ "

"ကိုယ့်ကြောင့်ဖူးရောင်နေတဲ့ နှုတ်ခမ်းလေးကမင်းနဲ့လိုက်တယ်"

"ရှောင် ~~~~ရှောင်ကျန့် "

"ကိုကိုဆို ကိုကိုလို့ပဲခေါ် "

"အင့် "

ကိုကိုလို့ခေါ်ခိုင်းနေတဲ့လူဆိုးကောင်ကရိပေါ်ကိုအတင်းဖတ်တွယ်ထားတယ် ရိပေါ်ကသာ သူ့ရင်ခွင်ထဲ မြုပ်နေရတာ

"ပိန်သွားတယ် "

"အွန်း ပစ်ထားတာကို "

"နောက်မပစ်ထားတော့ဘူးစိတ်ရင်းမှန်လဲ သိပြီမို့ မင်းကိုထားမသွားတော့ဘူး ချစ်တယ် ကလေးငယ် "

"ကျနော်လဲ ချစ်...ချစ်တယ် "

လွန်ခဲ့သော ၂နာရီခန့်က မြို့စွန်နားကလူပြတ်သော‌နေရာတစ်ခုတွင်

"ဟျောင့်မင်းငါ့ချစ်သူကိုရိုက်တယ်ဆို "

"ဪ ဆေးသမားတွေပဲ "

"ငါတို့ရောင်းတဲ့ဆေးကိုမင်းမြိုနေတာမဟုတ်လား "

"ဘာ "

"ငါတို့ရောင်းတဲ့ဆေးကိုသုံး ငါ့တို့ဆီကမိန်းမတွေနဲ့ပျော်နေတဲ့ကောင် ငါတို့အရိပ်အောက်ကတောင်မထွက်နိုင်တဲ့ကောင်က ငါ့တို့ဆရာတူငါ့သူငယ်ချင်းရဲ့ချစ်သူကို ‌ရိုက်ခဲ့တာမင်းသေပြီမှတ် "

"ဟားဟားကြောက်လိုက်တာ ‌ကြက်သိန်းတွေတောင်ထတယ် "

"ခွေးမသား ချကွာ "

ရှောင်ကျန့်အခဲမကျေတာကြောင့် ချိန်းထိုးဖို့လုပ်ထားတာကို ဦးလေးအိမ်က သူ့သူငယ်ချင်းလင်းချန် တို့ကပါ လိုက်မယ်ဆိုတာကြောင့်ခေါ်သွားလိုက်သည် ဟိုရောက်တော့အချိုးမပြေတဲ့ကောင်တွေကိုအပြီကြိတ်ကြသည် ပြောမယ့်သာပြောရသည် လင်းချန်တို့က သူ့ကိုထိရင် အသေသတ်မယ့်သူတွေပင်သူငယ်ချင်းဆိုတာထက်ပိုပြီးသစ္စာရှိကြသည့်လုပ်ဖော်ကိုင်ဖက်မျိုးပင် အပြန်အလှန်ထိုးကြိတ်ခဲ့ရာရှောင်ကျန့်က ဒဏ်ရာ နည်း"ပါး"ရပေမယ့် ဟိုဘက်ကတော့ပိုအထိနာသည် ‌မနက်တောင်းပန်ဖို့လဲမှာလိုက်သေးသည် ရှောင်ကျန့်ကဒီလိုလူစားမျိုးပင်

"ကိုယ်ပြန်တော့မယ် မနက်ကျဆေးရုံဆင်းမှာမလားနားတော့ ခေါင်းကိုက်နေမယ် "

"အွန်း "

"အခုအိပ် ကုတင်ပေါ်လဲလိုက်တော့ "

"အမ် "

"လုပ်လေ "

"အွန်းအွန်း "

"စောင်ခြုံထား အေးတယ် ကိုယ်ပြတင်းပေါက်တွေပိတ်ပေးခဲ့မယ် ကဲပြောနေရင်းနဲ့အဲ့လက်ကိုပါအထဲထည့်ထား "

"ဟင်း မနေတတ်ဘူး "

"ပြောတဲ့တိုင်းမလုပ်ဘူးလား "

"ဟုတ် လုပ်ပါ့မယ် "

"ရွတ် လိမ္မာတယ် အိပ်တော့ "

ရိပေါ်ကို စောင်ခြုံပေးကာ အခန်းတံခါးတွေသေချာပိတ်ပေးလို့ထွက်သွားသည့်ထိုသူ အရင်က အခုလိုဂရုမစိုက်ဖူးတဲ့သူကကြင်နာယုယပြတော့ရင်ဖိုရသူကရိပေါ်ရယ်သာ ချစ်တယ်တဲ့ရိပေါ်ကို ရှောင်ကျန့်ကချစ်တယ်တဲ့ကြင်ကြင်နာနာလဲ နမ်းတယ် ရိပေါ်ပြုံးမိသည် နမ်းသွားသည့်နဖူးလေးကိုပြန်စမ်းလို့ ရှက်သွေးဖြာရသည်

"ကျနော်လဲ ကိုကို့ကို ချစ်တယ် အများကြီး ဟီး "

🌄🌄🌄🌄

"သားကြီး အထုတ်တွေစုံပြီလား"

"ဟုတ်ကဲ့မား "

"သားငယ်လာ သွားကြမယ် "

"ဟုတ် "

ဒီနေ့ကရိပေါ်ဆေးရုံကဆင်းတဲ့နေ့ ရိပေါ်သိပ်ပျော်တယ်နောက်ဆုံးတော့ ဆေးနံ့တွေမရူရတော့ဘူး မားမားကရိပေါ်ကိုတွဲပြီး ကားပေါ်ကိုလိုက်ပို့တယ်ပါးပါးကတော့ ကားခေါင်းခန်းက မောင်းသူနေရာမှာပြုံးပြနေတာ ကိုကြီးကတော့အနောက်ကနေအထုတ်ဆွဲပေါ့

"ကဲအိမ်ပြန်ရောက်ပြီ "

"ဟီးဟီး‌ဆေးရုံနဲ့တွေမရူရတော့ဘူး "

"ငယ်လေးကတော့ကွာ "

"ရိပေါ် "

"ဟင် "

ရိပေါ်တို့အိမ်ကိုပြန်ရောက်တော့ ခြံတံခါးဆင်းဖွင့်နေတဲ့ကိုကြီးနောက်လိုက်ကာကူတွန်းပေးနေတုန်း သူ့နာမည်ကိုခေါ်လာတဲ့အသံကြောင့် လှည့်ကြည့်တော့ရိပေါ်ကိုရိုက်သွားသည့်ကောင်လေးတွေ မျက်နှာမှာလဲ ဒဏ်ရာတွေအပြည့် ရိပေါ်သိပါတယ်ဒါဟာကိုကို့လက်ချက်ဆိုတာ အခုကောသူတို့ကကိုကို့ကို‌မကျေနပ်လို့ရိပေါ်ကိုရန်လာရှာတာလား ရိပေါ်ကကိစ္စမရှိပေပါးပါးတို့မားမားတို့ရှိတယ် ကိုကြီးလဲရှိတာမို့ရိပေါ်မကြောက်တော့ဘူး

"ကျနော့်ကိုခေါ်တာလား"

"ငါတို့တောင်းပန်ပါတယ်ရိပေါ် ငါတို့လွန်သွားတယ် "

"ဟာ မဟုတ် "

ရိပေါ်ကိုတောင်းပန်ကြပြီးဒူးထောက်ချလိုက်တာကြောင့်ရိပေါ်မှာကြောင်အန်းသွားသည်စိတ်ကူးထားတာနဲ့လက်တွေ့လွဲနေလွန်းတာကြောင့် သူတို့လိုလူတွေကရိပေါ်ရှေ့ဒူးထောက်သည်တဲ့လားပါးပါတို့ကလဲရိပေါ်နည်းတူ ကြောင်ကြည့်နေကြသည်

"ရိပေါ်ကို မတရားလုပ်မိသွားတယ် ကျေနပ်တဲ့အထိတောင်းပန်မှာပါ ရိပေါ်ဆီကခွင့်လွှတ်ပေးဖို့မတောင်းခံရဲပါဘူး ကျနော်တို့ တောင်းပန်တာကိုတော့အသိမှတ်ပြုပေးပါ"

"မဟုတ်တာထပါ အားနာစရာကြီး "

"ဘာအားနာစရာရှိလို့လဲ မင်းတို့ကိုယ့်အမှားကိုတော့သိသားပဲ "

"ဟုတ်ကဲ့ "

"ကိုကြီး ~~~ခွင့်လွတ်တာမို့ထကြပါ လူမြင်မကောင်းပါဘူး ကျနော်ကခွင့်လွှတ်တာမို့ပြန်ကြတော့ "

"ကျေးဇူးပါပဲ ရိပေါ် "

"ဟုတ်ကဲ့ "

ထူးထူးဆန်းဆန်းလာတောင်းပန်နေတဲ့သူတွေကြောင့်ရိပေါ်ဟာကိုကို့စနက်မှန်းရိပ်မိလိုက်သည် ဒီလိုကျတော့ကိုကိုကချစ်ဖို့ကောင်းလွန်းသည် အခန်းထဲရောက်တာနဲ့ဖုန်းလေးထုတ်ကာကိုကို့ဆီစာပို့မို့လုပ်တုန်းဝင်လာတဲ့စာတိုလေးကြောင့်တကယ်ကျေနပ်မိသွားသည်

❤️ကလေးငယ် ဟိုကောင်တွေတောင်းပန်လား

💚ဟုတ် ဒူးထောက်ပြီးတောင်းပန်နေကြတာ သနားပါတယ် အားနာစရာကြီး

❤️သနားစရာမလိုဘူးသူတို့မှားတာ

💚ကိုကိုကလဲ ဒါပေမယ့်လူတွေအများကြီးရှေ့မှာ

❤️သနားတာလားရိပေါ် ငါကတော့မင်းကိုထိလို့မကျေနပ်နေတာကိုမင်းက‌ကျေနပ်တယ်ပေါ့ဟုတ်လားသနားတယ်ပေါ့ အဲ့ဒါဆို သူတို့ကိုခေါင်းပေါ်တင်ထားလိုက်

💚ကိုကို ကျနော်က ဒီတိုင်းပဲပြောလိုက်တာပါ

❤️ဒီမှာ ကလေးငယ် လူတိုင်းကိုမသနားနဲ့ စေတနာလဲလိုတာထက်မပိုနဲ့ လူတိုင်းက ကလေးလိုစိတ်ရှိတာမဟုတ်ဘူး

💚ဟုတ်

❤️အခုမှပြန်ရောက်တာမလားနားတော့

💚အွန်း

ပြတ်တောက်သွားတဲ့ conversation လေးတစ်ခုကိုရိပေါ်ကြည့်နေမိသည် ဟုတ်လဲဟုတ်သည်ရိပေါ်ရဲ့အားနာလွန်းတဲ့စိတ်ကိုပြင်ရမယ် တစ်ခါတစ်ခါရိပေါ်ကချစ်သူရတာလား ဆရာတစ်ယောက်ရတာလားမသဲကွဲတော့ဘူး သူ့ကိုလူတွေအကြောင်းနားလည်အောင်သင်ပြပေးသည့်ကိုကိုက ရိပေါ်အတွက်ချစ်သူလို ဆရာလို အရမ်းဆိုးတယ် မကောင်းဘူးထင်ရပေမယ့် ကိုကိုကရိပေါ်အတွက်တစ်ခါတစ်ခါတကယ်နူးညံ့ပေးသည့်လူသား





#နောက်တစ်ပိုင်း စာဖတ်သူတွေပျောက်တယ်နော် ဟွန်းဟွန်း အားလုံးနောက်လ၆ရက်နေ့မှာပြန်တွေ့ပါမယ် စောင့်နေပေးပါ ဒီထက်ကောင်းတဲ့အသစ်သစ်တွေဖန်တီးပေးဖို့ရှိပါသေးတယ်












Zawgyi

"ဟျောင့် ရှောင်ကျန့် "

"ဘာလဲကွာ "




"ဘာ !!"






"ငါ့တူ "

"......."







"ရှောင်းလေး "



🏥🏥🏥🏥🏥🏥🏥


"မမူးတော့ပါဘူးမားမား "


"ဟုတ် "




"ဟုတ်ကဲ့ "


"ဂျက် !!" ( တံခါးဖွင့်သံ )

"ဘယ်သူလဲ"

"ကိုယ်ပါ "

"ဟင် "

"သက်သာလား "

"ဘယ်လိုဖြစ်လာတာလဲ "





"အင်းနောက်ကျသွားတယ် "


"ရန်ဖြစ်လာတာ"





"ဟင် "



"ရတယ် "

"လာကျနော်ထည့်ပေးမယ် "


"အာ့ "

"စပ်လို့လား"

"အင်း "

"ဖူးးဖူးးဖူး ဟ ဖူးးး"


"တော်တော့ "

"ဟင် "


"အင်း "



"ဟင် "

"နမ်းချင်တာ "





"ဟက် လှတယ် "

"ဘာ~ဘာကိုလဲ "


"ရှောင် ~~~~ရှောင်ကျန့် "


"အင့် "


"ပိန်သွားတယ် "

"အွန်း ပစ်ထားတာကို "


"ကျနော်လဲ ချစ်...ချစ်တယ် "



"ဪ ဆေးသမားတွေပဲ "


"ဘာ "



"ခွေးမသား ချကွာ "



"အွန်း "


"အမ် "

"လုပ်လေ "

"အွန်းအွန်း "


"ဟင်း မနေတတ်ဘူး "


"ဟုတ် လုပ်ပါ့မယ် "




🌄🌄🌄🌄


"ဟုတ်ကဲ့မား "

"သားငယ်လာ သွားကြမယ် "

"ဟုတ် "


"ကဲအိမ်ပြန်ရောက်ပြီ "


"ငယ်လေးကတော့ကွာ "

"ရိပေါ် "

"ဟင် "


"ကျနော့်ကိုခေါ်တာလား"


"ဟာ မဟုတ် "





"ဟုတ်ကဲ့ "


"ကျေးဇူးပါပဲ ရိပေါ် "

"ဟုတ်ကဲ့ "









💚ဟုတ်


💚အွန်း












Continue Reading

You'll Also Like

73.4K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
940K 21.5K 49
In wich a one night stand turns out to be a lot more than that.
206K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
73.4K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...