Only for you ( မင်းအတွက်သာ)

By Aster_VK_Van

67K 1.6K 23

မင်းကိုဘယ်ကနေ စချစ်မိမှန်းငါမသိခဲ့ဘူး။ #ရှိုင်းဝဋ်သာလွန် အစ်ကို့ကို ချစ်​ပါတယ် ဘဝနဲ့ရင်းပြီးတော့ပေါ့... More

Part 1
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part19
Part 20
Part 21
Part 22
Part23 (final)

Part 2

3.4K 78 0
By Aster_VK_Van

Uni

နှိုင်း ဒီအလုပ်ကို သူငယ်ချင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လုပ်ခဲ့တာ ၊ သူက ပြောတယ် နှိုင်းကို တရုတ် မြန်မာ နယ်စပ်က မိုင်းလား မြို့မှာ အလုပ်သွားလုပ်ရင် ပိုက်ဆံပိုရတယ်တဲ့ ၊ အဲ့ဒါကြောင့် နှိုင်းလည်း ရောင်လည်လည်နဲ့ မိုင်းလားကို ရောက်လာခဲ့တာ ။

ဒါပေမဲ့ နှိုင်းလိုချင်တဲ့အလုပ်ထက် ဒီ bar က အလုပ်က လစာ ၂ဆ ပိုရတော့ ဒီလုပ်ကိုပဲရွေးဖြစ်သွားခဲ့တယ်။
နှိုင်းကလေ ပိုက်ဆံမက်တာတော့မဟုတ်ပေမဲ့ တစ်ဦးတည်းသော ရှိတော့တဲ့ မေကြီးကိုတော့ ကောင်းကောင်းမွန်မွန်ထားချင်သေးတယ်။

"နှိုင်း နင်က စားပွဲနံပါတ် ၆ ကိုသွားရမှာ ၊ သူတို့က မြန်မာနိုင်ငံက နာမည်ကြီး high boss တွေနော် ၊ သေချာ ဂရုစိုက်ပေး ၊ စိတ်မပျက်စေနဲ့ "

ခေါင်းဆောင်ဖြစ်သူ အစ်မက နှိုင်းရှိတဲ့ အလှပြင်ခန်းထဲကိုလာပြီ ခေါ်သည်။

" ဟုတ် မနန်း ၊နှိုင်းသေချာပေါက် ကောင်းကောင်းဂရုစိုက်ပေးပါ့မယ် "

နှိုင်းလည်း ကိုယ်ကျရာ စားပွဲနံပါတ်ဆီိကိုသွားလိုက်သည်။
နှိုင်းက body fit dress အတိုကို ဝတ်ထားကာ ဒေါက်မြင့် ၂လက်မ ကျော်ကျော် ဖိနပ် ကို စီးထားသည်။ ဖြောင့်ဆင်းနေပါသော ​ ဆံပင်တို့ကိုလည်း ချထားကာ ၊ မိတ်ကပ် ပါးပါးလေးကို လိမ်းထားသည်။ မိတ်ကပ်မလိမ်းရင်တောင်လှနေပါသော နှိုင်းက မိတ်ကပ်လိမ်းလိုက်တော့ ပိုလို့တောင်လှသွားသေးသည်။

" ဟေ့ နှိုင်း တို့ဒီမှာ "

သူငယ်ချင်း ဖြစ်သူ နှင့် ဝိုင်းအတူတူကျသည်ကြောင့် နှိုင်းအနည်းငယ်တော့အားရှိသွားသည်။

နှိုင်းသည် ခန္တာကိုယ် ခပ်ထောင့်ထောင့်နဲ့ မျက်မှန်တတ်ထားပါသော လူကြီးဘေးနားထိုင်လိုက်သည်။
ထိုလူကြီးကတော့ ဘေးကို မသိမသာလေး တိုးသွားသည်။

" နှိုင်း ဒီက လူကြီးနာမည်က ရဲမာန်ပြည့်ဟိန်းတဲ့၊ ကိုရဲ ဘေးနားက ထိန်လင်းဇော်တဲ့ ၊ ပြီးတော့ နင့်ဘေးနားက တစ်ယောက်က ရှိုင်းဝဋ်သာလွန်တဲ့ ၊ ကိုရှိုင်းက တကယ့် high boss ကြီးလေ ၊ ဒီ bar မှာလည်း သူ့ share တွေတစ်ဝက် ပါတယ် "

သူငယ်ချင်းမလေးဖြစ်သူ ရိုစီက မိတ်ဆက်ပေးတော့နှိုင်းကလည်း ပြန်လည် မိတ်ဆက်ပေးလိုက်သည်။

" ဟုတ် တွေ့ရတာ ဝမ်းသာပါတယ် ၊ နှိုင်းလွန်းသာနွယ် လို့ခေါ်ပါတယ် ၊ နှိုင်းက ဒီ bar မှာအခုမှ စပြီးအလုပ်လုပ်ဖူးတာ ပါ "

" အော်ဟုတ်လား ၊ ကိုယ် ဒီကိုမလာတာကြာပေမဲ့ ဒီ bar က နှိုင်းဆိုတဲ့ မင်းက အရမ်းချောတယ်လို့ကြာဖူးတော့ ကိုယ်လည်း မင်းကိုခေါ်လိုက်တာ "

ရိုစီရဲ့ဘေးနားမှာထိုင် တဲ့ ကိုရဲမာန်ပြည့်ဟိန်းဆိုတဲ့ အစ်ကိုက နှိုင်းကို စကားလာပြန်ပြောသည်။
ကိုယ်ဒီကိုရောက်တာမကြာသေးပေမဲ့ ကိုယ့်သတင်းတွေက ပြန့်နေတယ်ဆိုတော့ အနည်းငယ်တော့ ရှက်မိသား။
တော်သေးတာပေါ့ သူတို့က ကိုယ်က ယောက်ျားလေးဖြစ်မှန်းမသိလို့။

" အော်ဟုတ်လား ၊ လာ အစ်ကိုတို့ တစ်ခွ​က်လောက်သောက်ပြီး ကဲကြမလား "

နှိုင်းက အရက်ငှဲ့ပေးကာ ကိုယ်တိုင်က အရက်ခွက်ကိုမြှောက်လိုက်ပြီး cheer လုပ်လိုက်သည်။

ထိုလူ ၃ယောက်ထဲမှ နှစ်ယောက်က ပျော်ပျော်ပါးပါးနဲ့ နှိုင်းတို့နဲ့ တရင်းတနှီးနေပေမဲ့ နှိုင်းဘေးနားက ရှိုင်းဝဋ်သာလွန်ဆိုသည့် ထိုလူကြီးမှာတော့ ယခုထိ စကားတစ်လုံးပင်မပြောသေးသော်လည်း ၊ ယခုထိ သူတစ်ယောက်ထဲ သီးသီးသန့်သန့်နဲ့ ထောင့်မှာသာ ကပ်နေလေသည်။

" ကိုရှိုင်းက မပျော်လို့လားဟင် ၊ နှိုင်းတို့နဲ့ က ကြမလား "
နှိုင်းက ထိုလူ့ကို စကား ပြန်ပြော နေပေမယ့် ထိုလူကတော့ နှိုင်းကို ရှိတယ်လို့ပင်မထင်။

" မင်း ဘာသာမင်း တခြားကိုသွားရင်ကောင်းလိမ့်မယ် ၊ ကိုယ်ဒီလိုတွေသိပ်စိတ်မဝင်စားလို့ပါ "

ထိုလူ့ရဲ့ အပြောကြောင့်နှိုင်း မျက်နှာပျက်သွားပေမဲ့လည်း မျက်နှာကိုအတတ်နိုင်ဆုံး ပြန်ပြင်ကာ တခြား နှစ်ယောက်နဲ့ပဲ စကားသွားပြောနေလိုက်သည်။

" ဟျောင့် ကိုရဲ   ရှိုင်းကငြိမ်လှခြည်လား "

" အေးကွ ငါလည်း သေချာမသိဘူး ၊ ငါသွားခေါ်ကြည့်ပါအုံးမယ် "

" ကိုရှိုင်း လာလေကွာ မင်းကလည်း ၊ အသဲကွဲတာလဲ ကွဲတာပေါ့ကွာ ၊ ဒီလိုကြီးငြိမ်မနေနဲ့လေ ကဲ ကြရအောင် လာကွာ "

ကိုရဲက ရှိုင်းကို လက်ဆွဲ ပြီး အတင်းခေါ်မှ ရှိုင်းကလည်း ထလာကာ အနည်းငယ် ကပြီး ခဏအကြာတော့......

....

ရှိုင်းဝဋ်သာလွန်ဆိုတဲ့ငါ့လို အရာရာပြီးပြည့်စုံနေတဲ့သူကို ဟန်နီ ကဖြတ်ရက်တယ် ။
အေးကြည့်နေ ဟန်နီ ငါ့လိုလူကလိုချင်တာကို မရရအောင်ယူတတ်တယ် ကွ ။

ရှိုင်းတစ်ယောက် သူ့အရှေ့က ဟန်နီဆိုတဲ့ ကောင်မလေးရဲ့ ကျောပြင်ကို ငေးကြည့်ကာ သူ့ရဲ့စိတ်ထဲ တစ်ယောက်ထဲ ကြုံးဝါးမိတယ်။

ဟန်နီ ဆိုတာ သူ့ရဲ့ အချစ်ဆုံး ရည်းစား ၊
ဒါပေမဲ့ အခုတော့ ဟန်နီက သူ့ကို ဖြတ်ပြီး
တရုတ်ဘက်က high boss တစ်ယောက်နဲ့ တွဲနေတာ
ဟန်နီက play girl / material girl / ဆိုတာသူသိပါတယ်
ဒါပေမဲ့ ဟန်နီဖြစ်နေလို့ကို မရ မက လိုချင်နေတာ ။

ဟန်နီက သူ့လိုတော့ ငြိမ်ငြိမ်လေးနေတဲ့ အထဲတော့မပါဘူး ၊ party တွေ bar တွေ ကလပ်တွေ သွားရတာကိုကြိုက်တယ် ၊ ဒါပေမဲ့ သူကတော့ ဂုဏ်သိက္ခာရှိရှိ နဲ့ ကိုယ့်ဘာသာ တစ်သီးတစ်သန့်နေတာ ။

အခု သူငယ်ချင်းနှစ်ယောက်ကောင်းမှုနဲ့ ဟန်နီရှိတဲ့နေရာကို သိခဲ့တယ် ။
ထင်တဲ့အတိုင်းပါပဲ ဟန်နီက မိုင်းလားဘက်က bar တစ်ခုကိုရောက်နေတာ သူ့ရဲ့တရုတ် ရည်းစားကြီးနဲ့လေ။
ဒီဘက်က တော်တော်များများ က တရုတ် ပိုင်နက်လိုလိုတောင်ဖြစ်နေပြီ ၊တရုတ်သူဋ္ဌေးတွေအများဆုံးလာတဲ့ နေရာလေ။

" စိတ်ရှုပ်ရတဲ့ ကြားထဲ ဘယ်လိုမိန်းမ မျိုးတွေနဲ့လာတွေ့နေရတာလဲကွာ "
ရှိုင်း တစ်ယောက်ထဲ ကြားရရုံလေး ငြီးငြူမိသည်။

ဘေးနားက စကပ်တိုတို ဆံပင်ဖျားလျား ချထားပြီး ဒေါင့်မြင့်စီးထားတဲ့ မိန်းမက သူ့အနားအရမ်း ကပ်လွန်းနေသည် ။ သူမကြိုက်ပါ ဒါမျိုးဆို သိပ်မုန်းတာ သိပ်ရွံတာပဲ ၊ ဟန်နီက ချွင်းချက်ပေါ့။

" ကိုရှိုင်းက မပျော်လို့လားဟင် ၊ နှိုင်းတို့နဲ့ က ကြမလား "

ဟန်နီ့ကို မမှိတ်မသုန် ကြည့်နေတုန်း ဘေးနားမှာ သူနဲ့အရမ်းနီးတဲ့ နေရာကနေ သူ့ကို လာမေးတဲ့ ထိုမိန်းမ ။

" မင်း ဘာသာမင်း တခြားကိုသွားရင်ကောင်းလိမ့်မယ် ၊ ကိုယ်ဒီလိုတွေသိပ်စိတ်မဝင်စားလို့ပါ "

ရှိုင်းပြတ်ပြတ်သားသားပြောလိုက်ကာ တစ်ဖက်သို့ လှည့်သွားလိုက်သည်။
သူဘာဖြစ်ဖြစ် ပေါ့ ၊ တစ်ဖက်လူရဲ့ခံစားချက်ကို ထည့်မတွေးပေးတတ်တာ ရှိုင်းဝဋ်သာလွန်တို့ရဲ့ အကျင့်ပဲ ၊ ဝမ်းနည်းသွားလဲ မတတ်နိုင်ဘူး ။

ခဏအကြာတော် ဟန်နီက ဟိုတရုတ် အကောင်နဲ့ ဖက်လားနမ်းလားလုပ်ပြီး bar ထဲကနေ ထွက်သွားတာ ကို ရှိုင်း တစ်ဆုံးအထိ ကြည့်မိသည်။

ဒေါသကလည်း အတော်ထွက် နေတာ ၊ အခုနေများ ဘေးနားက လူတစ်ယောက်ယောက်ကို တစ်ခုခုနဲ့ ရိုက်ခွဲလိုက်ရရင်ဖြင့်....

ခလွမ် အ့

အသံနှစ်သံဟာ ရှေ့ဆင့်နောက်ဆင့် ပြိုင်တူ ထွက်လာ ခဲ့တော့သည်။

" ရှိုင်း မင်းဘယ်လိုလုပ်လိုက်တာလဲ "

" ဘာလဲ ငါမမှားဘူးနော် ၊ ဟေ့ဒီမှာ ရော့ဒီပိုက်ဆံတွေယူပြီး ဆေးခန်းသွားပြလိုက် ၊ ခေါင်းပဲကွဲသွားတာ ၊အဟက် မင်းတို့က အဲ့သောက်ခွက် ကိုဗန်းပြပြီး လုပ်စားနေကြတဲ့သူတွေမို့လို့ ငါသိပါတယ် ခေါင်းကိုပဲရိုက်လိုက်တာ မင်းမျက်နှာကိုတော့ မလုပ်မိပါဘူး "

နှိုင်း စွံ အ မိသည်။
စောဏလေးကမှ ပျော်ပျော်ပါးပါးကနေသေးတဲ့ ထိုလူက ရုတ်တရက်ကြီး သူ့ဘေးနားမှာကနေတဲ့ နှိုင်းကို အရက်ပုလင်းနဲ့ ရိုက်တယ်တဲ့လား ။
နှိုင်းအခု ဘာမှမတွေးနိုင်တော့ဘူး ၊ ခေါင်းတွေလဲ မူးဝေနေတယ် ၊ ထိုသူပြောတဲ့ တချို့တဝက်စကားတွေကို ကြားတစ်ချက် မကြားတစ်ချက် ၊ ခဏအကြာမှာ နှိုင်းရဲ့ မျက်နှာကို ပိုက်ဆံထုတ်နဲ့ ပစ်ပေါက်ခဲ့ပြီး ထွက်သွားပါသော ထိုသူ ။ သိပ်ရိုင်းစိုင်းလွန်းပါဘိ။
နှိုင်းတွေးမိတာ တစ်ခုက ထိုသူနဲ့ နောက်တစ်ခါထပ်မတွေ့ပါစေနဲ့ဆိုတာကိုပင်။

TBC
10.11.2023
Van
Thank you for reading my fic

Zawgyi

ႏွိုင္း ဒီအလုပ္ကို သူငယ္ခ်င္းတစ္ေယာက္နဲ႕ ခ်ိတ္ဆက္မိၿပီး လုပ္ခဲ့တာ ၊ သူက ေျပာတယ္ ႏွိုင္းကို တ႐ုတ္ ျမန္မာ နယ္စပ္က မိုင္းလား ၿမိဳ႕မွာ အလုပ္သြားလုပ္ရင္ ပိုက္ဆံပိုရတယ္တဲ့ ၊ အဲ့ဒါေၾကာင့္ ႏွိုင္းလည္း ေရာင္လည္လည္နဲ႕ မိုင္းလားကို ေရာက္လာခဲ့တာ ။

ဒါေပမဲ့ ႏွိုင္းလိုခ်င္တဲ့အလုပ္ထက္ ဒီ bar က အလုပ္က လစာ ၂ဆ ပိုရေတာ့ ဒီလုပ္ကိုပဲေ႐ြးျဖစ္သြားခဲ့တယ္။
ႏွိုင္းကေလ ပိုက္ဆံမက္တာေတာ့မဟုတ္ေပမဲ့ တစ္ဦးတည္းေသာ ရွိေတာ့တဲ့ ေမႀကီးကိုေတာ့ ေကာင္းေကာင္းမြန္မြန္ထားခ်င္ေသးတယ္။

"ႏွိုင္း နင္က စားပြဲနံပါတ္ ၆ ကိုသြားရမွာ ၊ သူတို႔က ျမန္မာနိုင္ငံက နာမည္ႀကီး high boss ေတြေနာ္ ၊ ေသခ်ာ ဂ႐ုစိုက္ေပး ၊ စိတ္မပ်က္ေစနဲ႕ "

ေခါင္းေဆာင္ျဖစ္သူ အစ္မက ႏွိုင္းရွိတဲ့ အလွျပင္ခန္းထဲကိုလာၿပီ ေခၚသည္။

" ဟုတ္ မနန္း ၊ႏွိုင္းေသခ်ာေပါက္ ေကာင္းေကာင္းဂ႐ုစိုက္ေပးပါ့မယ္ "

ႏွိုင္းလည္း ကိုယ္က်ရာ စားပြဲနံပါတ္ဆီိကိုသြားလိုက္သည္။
ႏွိုင္းက body fit dress အတိုကို ဝတ္ထားကာ ေဒါက္ျမင့္ ၂လက္မ ေက်ာ္ေက်ာ္ ဖိနပ္ ကို စီးထားသည္။ ေျဖာင့္ဆင္းေနပါေသာ ​ ဆံပင္တို႔ကိုလည္း ခ်ထားကာ ၊ မိတ္ကပ္ ပါးပါးေလးကို လိမ္းထားသည္။ မိတ္ကပ္မလိမ္းရင္ေတာင္လွေနပါေသာ ႏွိုင္းက မိတ္ကပ္လိမ္းလိုက္ေတာ့ ပိုလို႔ေတာင္လွသြားေသးသည္။

" ေဟ့ ႏွိုင္း တို႔ဒီမွာ "

သူငယ္ခ်င္း ျဖစ္သူ ႏွင့္ ဝိုင္းအတူတူက်သည္ေၾကာင့္ ႏွိုင္းအနည္းငယ္ေတာ့အားရွိသြားသည္။

ႏွိုင္းသည္ ခႏၱာကိုယ္ ခပ္ေထာင့္ေထာင့္နဲ႕ မ်က္မွန္တတ္ထားပါေသာ လူႀကီးေဘးနားထိုင္လိုက္သည္။
ထိုလူႀကီးကေတာ့ ေဘးကို မသိမသာေလး တိုးသြားသည္။

" ႏွိုင္း ဒီက လူႀကီးနာမည္က ရဲမာန္ျပည့္ဟိန္းတဲ့၊ ကိုရဲ ေဘးနားက ထိန္လင္းေဇာ္တဲ့ ၊ ၿပီးေတာ့ နင့္ေဘးနားက တစ္ေယာက္က ရွိုင္းဝဋ္သာလြန္တဲ့ ၊ ကိုရွိုင္းက တကယ့္ high boss ႀကီးေလ ၊ ဒီ bar မွာလည္း သူ႕ share ေတြတစ္ဝက္ ပါတယ္ "

သူငယ္ခ်င္းမေလးျဖစ္သူ ရိုစီက မိတ္ဆက္ေပးေတာ့ႏွိုင္းကလည္း ျပန္လည္ မိတ္ဆက္ေပးလိုက္သည္။

" ဟုတ္ ေတြ႕ရတာ ဝမ္းသာပါတယ္ ၊ ႏွိုင္းလြန္းသာႏြယ္ လို႔ေခၚပါတယ္ ၊ ႏွိုင္းက ဒီ bar မွာအခုမွ စၿပီးအလုပ္လုပ္ဖူးတာ ပါ "

" ေအာ္ဟုတ္လား ၊ ကိုယ္ ဒီကိုမလာတာၾကာေပမဲ့ ဒီ bar က ႏွိုင္းဆိုတဲ့ မင္းက အရမ္းေခ်ာတယ္လို႔ၾကာဖူးေတာ့ ကိုယ္လည္း မင္းကိုေခၚလိုက္တာ "

ရိုစီရဲ႕ေဘးနားမွာထိုင္ တဲ့ ကိုရဲမာန္ျပည့္ဟိန္းဆိုတဲ့ အစ္ကိုက ႏွိုင္းကို စကားလာျပန္ေျပာသည္။
ကိုယ္ဒီကိုေရာက္တာမၾကာေသးေပမဲ့ ကိုယ့္သတင္းေတြက ျပန့္ေနတယ္ဆိုေတာ့ အနည္းငယ္ေတာ့ ရွက္မိသား။
ေတာ္ေသးတာေပါ့ သူတို႔က ကိုယ္က ေယာက္်ားေလးျဖစ္မွန္းမသိလို႔။

" ေအာ္ဟုတ္လား ၊ လာ အစ္ကိုတို႔ တစ္ခြ​က္ေလာက္ေသာက္ၿပီး ကဲၾကမလား "

ႏွိုင္းက အရက္ငွဲ႕ေပးကာ ကိုယ္တိုင္က အရက္ခြက္ကိုျမႇောက္လိုက္ၿပီး cheer လုပ္လိုက္သည္။

ထိုလူ ၃ေယာက္ထဲမွ ႏွစ္ေယာက္က ေပ်ာ္ေပ်ာ္ပါးပါးနဲ႕ ႏွိုင္းတို႔နဲ႕ တရင္းတႏွီးေနေပမဲ့ ႏွိုင္းေဘးနားက ရွိုင္းဝဋ္သာလြန္ဆိုသည့္ ထိုလူႀကီးမွာေတာ့ ယခုထိ စကားတစ္လုံးပင္မေျပာေသးေသာ္လည္း ၊ ယခုထိ သူတစ္ေယာက္ထဲ သီးသီးသန့္သန့္နဲ႕ ေထာင့္မွာသာ ကပ္ေနေလသည္။

" ကိုရွိုင္းက မေပ်ာ္လို႔လားဟင္ ၊ ႏွိုင္းတို႔နဲ႕ က ၾကမလား "
ႏွိုင္းက ထိုလူ႕ကို စကား ျပန္ေျပာ ေနေပမယ့္ ထိုလူကေတာ့ ႏွိုင္းကို ရွိတယ္လို႔ပင္မထင္။

" မင္း ဘာသာမင္း တျခားကိုသြားရင္ေကာင္းလိမ့္မယ္ ၊ ကိုယ္ဒီလိုေတြသိပ္စိတ္မဝင္စားလို႔ပါ "

ထိုလူ႕ရဲ႕ အေျပာေၾကာင့္ႏွိုင္း မ်က္ႏွာပ်က္သြားေပမဲ့လည္း မ်က္ႏွာကိုအတတ္နိုင္ဆုံး ျပန္ျပင္ကာ တျခား ႏွစ္ေယာက္နဲ႕ပဲ စကားသြားေျပာေနလိုက္သည္။

" ေဟ်ာင့္ ကိုရဲ   ရွိုင္းကၿငိမ္လွျခည္လား "

" ေအးကြ ငါလည္း ေသခ်ာမသိဘူး ၊ ငါသြားေခၚၾကည့္ပါအုံးမယ္ "

" ကိုရွိုင္း လာေလကြာ မင္းကလည္း ၊ အသဲကြဲတာလဲ ကြဲတာေပါ့ကြာ ၊ ဒီလိုႀကီးၿငိမ္မေနနဲ႕ေလ ကဲ ၾကရေအာင္ လာကြာ "

ကိုရဲက ရွိုင္းကို လက္ဆြဲ ၿပီး အတင္းေခၚမွ ရွိုင္းကလည္း ထလာကာ အနည္းငယ္ ကၿပီး ခဏအၾကာေတာ့......

....

ရွိုင္းဝဋ္သာလြန္ဆိုတဲ့ငါ့လို အရာရာၿပီးျပည့္စုံေနတဲ့သူကို ဟန္နီ ကျဖတ္ရက္တယ္ ။
ေအးၾကည့္ေန ဟန္နီ ငါ့လိုလူကလိုခ်င္တာကို မရရေအာင္ယူတတ္တယ္ ကြ ။

ရွိုင္းတစ္ေယာက္ သူ႕အေရွ႕က ဟန္နီဆိုတဲ့ ေကာင္မေလးရဲ႕ ေက်ာျပင္ကို ေငးၾကည့္ကာ သူ႕ရဲ႕စိတ္ထဲ တစ္ေယာက္ထဲ ႀကဳံးဝါးမိတယ္။

ဟန္နီ ဆိုတာ သူ႕ရဲ႕ အခ်စ္ဆုံး ရည္းစား ၊
ဒါေပမဲ့ အခုေတာ့ ဟန္နီက သူ႕ကို ျဖတ္ၿပီး
တ႐ုတ္ဘက္က high boss တစ္ေယာက္နဲ႕ တြဲေနတာ
ဟန္နီက play girl / material girl / ဆိုတာသူသိပါတယ္
ဒါေပမဲ့ ဟန္နီျဖစ္ေနလို႔ကို မရ မက လိုခ်င္ေနတာ ။

ဟန္နီက သူ႕လိုေတာ့ ၿငိမ္ၿငိမ္ေလးေနတဲ့ အထဲေတာ့မပါဘူး ၊ party ေတြ bar ေတြ ကလပ္ေတြ သြားရတာကိုႀကိဳက္တယ္ ၊ ဒါေပမဲ့ သူကေတာ့ ဂုဏ္သိကၡာရွိရွိ နဲ႕ ကိုယ့္ဘာသာ တစ္သီးတစ္သန့္ေနတာ ။

အခု သူငယ္ခ်င္းႏွစ္ေယာက္ေကာင္းမႈနဲ႕ ဟန္နီရွိတဲ့ေနရာကို သိခဲ့တယ္ ။
ထင္တဲ့အတိုင္းပါပဲ ဟန္နီက မိုင္းလားဘက္က bar တစ္ခုကိုေရာက္ေနတာ သူ႕ရဲ႕တ႐ုတ္ ရည္းစားႀကီးနဲ႕ေလ။
ဒီဘက္က ေတာ္ေတာ္မ်ားမ်ား က တ႐ုတ္ ပိုင္နက္လိုလိုေတာင္ျဖစ္ေနၿပီ ၊တ႐ုတ္သူ႒ေးေတြအမ်ားဆုံးလာတဲ့ ေနရာေလ။

" စိတ္ရႈပ္ရတဲ့ ၾကားထဲ ဘယ္လိုမိန္းမ မ်ိဳးေတြနဲ႕လာေတြ႕ေနရတာလဲကြာ "
ရွိုင္း တစ္ေယာက္ထဲ ၾကားရ႐ုံေလး ၿငီးျငဴမိသည္။

ေဘးနားက စကပ္တိုတို ဆံပင္ဖ်ားလ်ား ခ်ထားၿပီး ေဒါင့္ျမင့္စီးထားတဲ့ မိန္းမက သူ႕အနားအရမ္း ကပ္လြန္းေနသည္ ။ သူမႀကိဳက္ပါ ဒါမ်ိဳးဆို သိပ္မုန္းတာ သိပ္႐ြံတာပဲ ၊ ဟန္နီက ခြၽင္းခ်က္ေပါ့။

" ကိုရွိုင္းက မေပ်ာ္လို႔လားဟင္ ၊ ႏွိုင္းတို႔နဲ႕ က ၾကမလား "

ဟန္နီ႕ကို မမွိတ္မသုန္ ၾကည့္ေနတုန္း ေဘးနားမွာ သူနဲ႕အရမ္းနီးတဲ့ ေနရာကေန သူ႕ကို လာေမးတဲ့ ထိုမိန္းမ ။

" မင္း ဘာသာမင္း တျခားကိုသြားရင္ေကာင္းလိမ့္မယ္ ၊ ကိုယ္ဒီလိုေတြသိပ္စိတ္မဝင္စားလို႔ပါ "

ရွိုင္းျပတ္ျပတ္သားသားေျပာလိုက္ကာ တစ္ဖက္သို႔ လွည့္သြားလိုက္သည္။
သူဘာျဖစ္ျဖစ္ ေပါ့ ၊ တစ္ဖက္လူရဲ႕ခံစားခ်က္ကို ထည့္မေတြးေပးတတ္တာ ရွိုင္းဝဋ္သာလြန္တို႔ရဲ႕ အက်င့္ပဲ ၊ ဝမ္းနည္းသြားလဲ မတတ္နိုင္ဘူး ။

ခဏအၾကာေတာ္ ဟန္နီက ဟိုတ႐ုတ္ အေကာင္နဲ႕ ဖက္လားနမ္းလားလုပ္ၿပီး bar ထဲကေန ထြက္သြားတာ ကို ရွိုင္း တစ္ဆုံးအထိ ၾကည့္မိသည္။

ေဒါသကလည္း အေတာ္ထြက္ ေနတာ ၊ အခုေနမ်ား ေဘးနားက လူတစ္ေယာက္ေယာက္ကို တစ္ခုခုနဲ႕ ရိုက္ခြဲလိုက္ရရင္ျဖင့္....

ခလြမ္ အ့

အသံႏွစ္သံဟာ ေရွ႕ဆင့္ေနာက္ဆင့္ ၿပိဳင္တူ ထြက္လာ ခဲ့ေတာ့သည္။

" ရွိုင္း မင္းဘယ္လိုလုပ္လိုက္တာလဲ "

" ဘာလဲ ငါမမွားဘူးေနာ္ ၊ ေဟ့ဒီမွာ ေရာ့ဒီပိုက္ဆံေတြယူၿပီး ေဆးခန္းသြားျပလိုက္ ၊ ေခါင္းပဲကြဲသြားတာ ၊အဟက္ မင္းတို႔က အဲ့ေသာက္ခြက္ ကိုဗန္းျပၿပီး လုပ္စားေနၾကတဲ့သူေတြမို႔လို႔ ငါသိပါတယ္ ေခါင္းကိုပဲရိုက္လိုက္တာ မင္းမ်က္ႏွာကိုေတာ့ မလုပ္မိပါဘူး "

ႏွိုင္း စြံ အ မိသည္။
ေစာဏေလးကမွ ေပ်ာ္ေပ်ာ္ပါးပါးကေနေသးတဲ့ ထိုလူက ႐ုတ္တရက္ႀကီး သူ႕ေဘးနားမွာကေနတဲ့ ႏွိုင္းကို အရက္ပုလင္းနဲ႕ ရိုက္တယ္တဲ့လား ။
ႏွိုင္းအခု ဘာမွမေတြးနိုင္ေတာ့ဘူး ၊ ေခါင္းေတြလဲ မူးေဝေနတယ္ ၊ ထိုသူေျပာတဲ့ တခ်ိဳ႕တဝက္စကားေတြကို ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ ၊ ခဏအၾကာမွာ ႏွိုင္းရဲ႕ မ်က္ႏွာကို ပိုက္ဆံထုတ္နဲ႕ ပစ္ေပါက္ခဲ့ၿပီး ထြက္သြားပါေသာ ထိုသူ ။ သိပ္ရိုင္းစိုင္းလြန္းပါဘိ။
ႏွိုင္းေတြးမိတာ တစ္ခုက ထိုသူနဲ႕ ေနာက္တစ္ခါထပ္မေတြ႕ပါေစနဲ႕ဆိုတာကိုပင္။

TBC
10.11.2023
Van
Thank you for reading my fic

Continue Reading

You'll Also Like

4.2M 266K 102
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.8M 45.7K 67
When Ana confronts her new neighbour after being kept up all night by his sex noises, she's mortified to discover he's none other than Freddie-the po...
1.2M 62.7K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
247K 28K 72
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...