DDBM - Bai Re Meng Wo [ ဘာသာပ...

By xiaochong17

7.6K 666 42

ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14

Chapter 6

241 33 0
By xiaochong17

Translators - Li Zhen & Xiao Chong

အမှန်အတိုင်းဆိုရလျှင် အမှတ် (၈) အထက်တန်းကျောင်းမှာ မြို့တော် A ၏ ထိပ်ဆုံးကျောင်း မဟုတ်သော်လည်း အကောင်းဆုံးကျောင်းများတွင် တစ်ကျောင်းအပါအဝင်ဖြစ်သည်။

ထိုမျှသာမက ဤကျောင်းမှာ အလွန်တရာ ကြွယ်ဝသည်။ ကျောင်းစာကြည့်တိုက်ထဲရှိ စာအုပ်အရေအတွက်မှာ ကြက်သေသေစေနိုင်သည်အထိ များပြားကာ ကျောင်းအဆောင်များကိုလည်း အဆင့်မြင့်အိမ်ရာခန်းများအသွင် ဆောက်လုပ်ထားသည်။ အပေါ်ဆုံးထပ်ရှိ ကျောင်းကန်တင်းတွင် အီတလီဟင်းလျာများပါ ရနိုင်သော်လည်း လက်တွေ့တွင်မူ မည်သူမှ ထိုနေရာသို့ သွားရောက်ခြင်းမရှိပေ။ အဆင့်မြင့်စားသောက်ဆိုင်များအစား လူတိုင်းက ကျောင်းအပြင်ဘက်ရှိ ဖန်းမီ သို့မဟုတ် ချဉ်စပ်ဟင်းရည်ကို သောက်ရန် ပို၍ လိုလားပေသည်။

ကျောင်းမှာ မြို့လယ်ခေါင်တည့်တည့်တွင် တည်ရှိသော်ငြား အံ့အားသင့်ဖွယ် အကျယ်အဝန်းကို ပိုင်ဆိုင်သည်။ အောင်ချက်အမြင့်ဆုံးဖြစ်သည့် အမှတ် (၁) အထက်တန်းကျောင်းမှာ အမှတ် (၈) အထက်တန်းကျောင်း၏ တဝက်မျှပင် မရှိချေ။

လျိုဖူကျန်းကား ကျိန်းသေပေါက် ဂုဏ်ယူဝံ့ကြွားနိုင်သည်။

ငါတို့ကျောင်းက မကျယ်ဘူးလား! ငါတို့ကျောင်းက ချမ်းသာတယ်!!

ထို့ပြင် ရှန်သာ့လောင်ကဲ့သို့သော လွှမ်းမိုးနိုင်သူသည်လည်း ကျောင်းတွင် နာမည်ကြီးပေမည်။ လင်းယွီကျင်းက ထိုကိစ္စကို ကြိုတင်ခန့်မှန်းထားနှင့်ပြီးဖြစ်၏။ မည်သို့ပင်ဆိုစေ သူတို့အားလုံးမှာ အငြိမ်မနေနိုင်သည့် ဆယ်ကျော်သက်အရွယ် အချိန်ကာလကို ဖြတ်သန်းနေဆဲဖြစ်ပြီး ဆိုးသွမ်းလူငယ်တစ်ယောက်အနေဖြင့် သူ့ရုပ်ရည်မှာ ချောမောလွန်းလှသည်။

ပြဿနာမှာ မြို့တော် A အတွင်းရှိ များပြားလှစွာသော အထက်တန်းကျောင်းများအနက် အမှတ် (၈) အထက်တန်းကျောင်း၊ အခန်း ၁၀၏ ကျောင်းသားအနေဖြင့် သူက ဘာကြောင့် ဤမျှ နာမည်ကြီးနေရသနည်း။

တစ်ခါတစ်ရံ လူတစ်ယောက်က ကံကြမ္မာကို ယုံကြည်ရတတ်သည်ဟု လင်းယွီကျင်း ခံစားရသည်။ သူမနှင့် ရှန်ကျွမ့်အကြား ကျိန်းသေပေါက် ကံစပ်ပေသည်။ ဤမြို့ထံ ရောက်ရှိပြီး တပတ်အတွင်း၌ သူမ သူ့ကို သုံးကြိမ်တိတိ မြင်တွေ့ပြီးလေပြီ။ ယင်းမှာ သူမနှင့် တစ်အိမ်ထဲ နေထိုင်သည့် သူမအစ်ကိုဆိုသူကို မြင်တွေ့သည့် အကြိမ်အရေအတွက်ထက် နှစ်ကြိမ်ပိုသည်။

သူမ သူ့ထံ လှမ်းကြည့်ချိန်တွင် ရှန်ကျွမ့်သည်လည်း သူမအား လှမ်းကြည့်လာသည်။

လူရွယ်မှာ တုံ့ပြန်မှု များများစားစား မဖော်ပြလာလေပဲ မျက်ခုံးတစ်ချက်မျှသာ ပင့်ပြီးနောက် သူ၏ ပုံစံဖြစ်သည့် ထူးမခြားနားသည့် မျက်နှာပေးအဖြစ် ပြန်ပြောင်းသွားကာ သူ၏ ခပ်သွယ်သွယ် မျက်ဝန်းတို့က သူမထံ တည့်တည့်စိုက်ကြည့်လာသည်။

တစ်

နှစ်

သုံး

လေး

ငါး

သူမထံ ငါးစက္ကန့်မျှ စိုက်ကြည့်ပြီးနောက် သူမရှေ့တွင်ပင် ရှန်ကျွမ့် သမ်းဝေလိုက်သည်။

လင်းယွီကျင်း - "….."

ငါ့ပုံစံက အိပ်မွေ့ချတဲ့သူ ပုံစံပေါက်နေတာလား?

သူမ မျက်လုံးလှိမ့်လိုက်ပြီးနောက် ခေါင်းပြန်လှည့်ကာ သည်ထူးဆန်းသည့်ကံတရားကို လစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

လျိုဖူကျန်းမှာ ယခင်က မြောက်ဘက်အဆောက်အအုံရှိ တတိယနှစ်များကို သင်ကြားသည့် ဆရာဖြစ်သည်။ နေ့ရက်တိုင်း၌ သူ အပြင်ထွက်သည်မှာ ရှားပါးလွန်းလှပြီး အတန်းချိန်များနှင့် သင်ခန်းစာများမှ လွဲ၍ မည်သည်ကိုမှ ဘယ်တော့မှ ဂရုစိုက်လေ့မရှိတာမို့ ကျောင်းဝန်းအတွင်းရှိ လူငယ်များ လုပ်လေ့ရှိသည်များကို များများစားစား နားမလည်ချေ။

သူကား ရှန်ကျွမ့်ကို မှတ်မိခြင်းမရှိပဲ ယူနီဖောင်းသေသေသပ်သပ် ဝတ်ဆင်ထားကာ တည်တည်ငြိမ်ငြိမ်စကားဆိုနေသည့် ကောင်ကလေးကိုသာ မြင်သည်။ သူ့ပုံစံက သဘောကျစရာပင် ကောင်းသေးဘိ၏။

ထိုမျှသာမက ထိုလူငယ်မှာ အတော်လေး ကြည့်ကောင်းကာ အရပ်မြင့်မြင့်၊ ပိန်သွယ်သွယ်။ ဘေးဘက်တွင် လက်ချကာ မတ်တပ်ရပ်နေဟန်မှာ အနည်းငယ် ပျင်းရိပျင်းတွဲနိုင်သော်လည်း သူ့ကျောပြင်မှာ ထောက်တိုင်ကဲ့သို့ ခပ်မတ်မတ်။

သူက ကျောင်းလွယ်အိတ်ကို လွယ်မထားရုံ။

ခဏလေး? ကျောင်းလွယ်အိတ်မလွယ်ထားဘူး?

လျိုဖူကျန်း - "အာ… ကျောင်းပထမရက်ဆိုတော့ နှစ်မိနစ်လောက် နောက်ကျတာက ကိစ္စကြီးတော့ မဟုတ်ပါဘူး၊ ရပါတယ်"

ရှန်ကျွမ့်က ခါးကိုင်းလိုက်ပြီး

"ကျေးဇူးတင်ပါတယ် လောင်ရှစ်"

လျိူဖူကျန်းက သူ့အား ဖော်ဖော်ရွေရွေ ကြည့်လာသည်။

"မင်း အိမ်စာရော?"

"……"

ရှန်ကျွမ့်က နှစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာသည်။

"ကျွန်တော် ယူလာဖို့ မေ့သွားတယ်"

လျိုဖူကျန်း - "……"

လူအားလုံး -  "……."

လင်းယွီကျင်း - "……."

သာ့ကော… နင် ဒီလိုလုပ်ရင် စကားဆက်ပြောရတာ ခက်သွားတာပေါ့။

နင် တညလုံး ညမအိပ်ပဲ အိမ်စာလုပ်နေခဲ့ပြီး ယူလာဖို့ မေ့ခဲ့တယ်? ဒါက တအားရိုးသားမနေဘူးလား?

လင်းယွီကျင်းခမျာ မည်ကဲ့သို့ မျက်နှာအမူအရာ ထားရမည်ပင် မသိတော့ချေ။ သူမ၏ ယခင်ကျောင်းမှ ဒေါသကြီးသည့် အတန်းပိုင်ဆရာသာဆိုလျှင် အခုလောက်ဆို သူ ကျောင်းခန်းထဲမှ မောင်းထုတ်ခံရလောက်ပြီးလေပြီ။

ကံကောင်းစွာဖြင့်ပင် လျိုဖူကျန်းတွင် ဘုရားသခင်ကဲ့သို့ စိတ်ရှည်သည်းခံတတ်သော စိတ်ထားရှိ၏။ သူ့စကားကို ယုံကြည်ပေးလိုစိတ်ရှိကာ များများစားစား မဆိုလာပဲ နေရာတွင် ဝင်ထိုင်ရန် ဆိုလာသည်။ ရှန်ကျွမ့် စာသင်ခန်းထဲသို့ လျှောက်ဝင်လာပြီး စင်မြင့်ရှေ့တွင် မတ်တပ်ရပ်ကာ ထိုင်ခုံလွတ် ရှာဖွေသည့်အနေဖြင့် အခန်းထဲ မျက်လုံးဝေ့ကြည့်လိုက်သည်။

ဒုတိယနှစ်ကျောင်းသားများအား လူမှုဘာသာနှင့် သိပ္ပံဘာသာဟူ၍ ပိုင်းခြားပြီးနောက် အတန်းများအား ပြန်လည် ဖွဲ့စည်းထားသည်။ ထို့ကြောင့် သိကျွမ်းနှင့်ပြီးဖြစ်သည့် ကျောင်းသားများရှိသလို မသိသေးသူများလည်း ရှိသည်။ ထိုင်ခုံများသည်လည်း ဦးသူယူစနစ်ဖြစ်ကာ လူနှစ်ယောက်က စားပွဲတစ်လုံးကို မျှဝေသုံးစွဲရ၏။ ထိုင်ခုံလေးခုံ၊ အတန်းခြောက်တန်းရှိကာ စုစုပေါင်း ၄၈ယောက်စာဖြစ်သည်။

ရှန်ကျွမ့်မှာ နောက်ဆုံးမှ ရောက်လာသူဖြစ်ပြီး ယေဘူယျအားဖြင့် ပြတင်းပေါက်ဘေး ထိုင်ခုံများနှင့် နောက်ဆုံးတန်းများမှာ ဦးထားနှင့်ပြီးဖြစ်သည်။ စင်မြင့်ရှေ့တွင် စာတော်သူများ ထိုင်လေ့ရှိသည်မို့ ကျန်ရှိသည့် ထိုင်ခုံမှာ နံရံဘေးနေရာဖြစ်ပြီး သူ့ဘေးရှိ ထိုင်ခုံမှာ အပြင်ဘက်တန်းဖြစ်သည်။

ရှန်ကျွမ့်က နံရံဘေးရှိ ထိုင်ခုံကို ရွေးချယ်လိုက်သည်။ သူ့ဦးတည်ရာဆီ လျှောက်သွားပြီးနောက် ခေါင်းငုံ့ကာ အပြင်ဘက်တန်းရှိ ထိုင်ခုံတွင် ထိုင်နေသည့် ကျောင်းသားထံ တည်ငြိမ်သည့် လေသံဖြင့် ယဉ်ယဉ်ကျေးကျေးဆိုလိုက်သည်။

"ငါ့ကို အထဲဝင်ခွင့်ပေးမလား? ကျေးဇူးတင်ပါတယ်"

စာသင်ခန်းထဲသို့ ရှန်ကျွမ့် ခြေချပြီးချိန်မှစ၍ အခန်း ၁၀၏ ဆူညံနေသည့် လူများမှာ အဖမ်းခံရသည့် ကြက်ပေါက်များပမာ စကားသံတစ်ချက်မျှ မထွက်နိုင်ပေ။

ထိုတခဏတွင် လူတိုင်း၏ အကြည့်များက သူ့ထံကပ်ညိလိုက်ပါလာကာ နာမည်ကြီးတစ်ယောက် နေရာတွင် ဝင်ထိုင်သည်ကို တိတ်တဆိတ်ကြည့်နေကြသည်။ လျိုဖူကျန်းသည်ပင် ထိုအခြေအနေ၏ သက်ရောက်ခြင်း ခံရကာ စကားတစ်ခွန်း မဆို။

ဘာများကြည့်စရာရှိလဲ လင်းယွီကျင်း မသိသော်လည်း လူတိုင်းစိုက်ကြည့်နေသည်မို့ သူမသည်လည်း စိုက်ကြည့်ရပေမည်။

ထို့နောက် လူတိုင်း၏ အကြည့်အောက်၌ပင် ကောင်ကလေးက ကတုန်ကယင်ဖြင့် သူ့လွယ်အိတ်နှင့် ရေဘူးကို အံဆွဲထဲမှ ထုတ်ယူကာ ဘေးတဖက်ခြမ်းရှိ အပြင်ဘက်တန်းထိုင်ခုံဆီ ပြောင်းရွှေ့ထိုင်သည်။

လင်းယွီကျင်း - " ? "

လင်းယွီကျင်း သူမမှတ်ဉာဏ်ထဲ ပြန်လည် တူးဆွလိုက်သည်။ ရှန်ကျွမ့်က အသေအချာကိုပင် ‘ကျေးဇူးပြု၍’ ဟု ပြောခဲ့ခြင်းဖြစ်ပြီး ‘ထွက်သွား’ဟု မဆိုခဲ့ပါချေ။

အမှတ် (၈) အထက်တန်းကျောင်းတွင် ရှန်ကျွမ့်၏ ဂုဏ်သတင်းမှာ မည်ကဲ့သို့ ကျော်ကြားနေ၍ တစ်စုံတစ်ယောက်ကို ဤအခြေအနေထိ ထိတ်လန့််ကြောက်ရွံ့စေပြီး သူ့ထိုင်ခုံဖော်ဖြစ်ရန် သတ္တိမရှိဖြစ်စေရသနည်း။

သို့သော် ရှန်ကျွမ့်ကား မျက်တောင်တစ်ချက်ပင်မခတ်ပဲ အထဲသို့ တည်တည်ငြိမ်ငြိမ်ဝင်သွားကာ ပထမဆုံးတန်းရှိ နံရံဘက်ခြမ်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

စာသင်ခန်းတစ်ခုလုံးတွင် ယင်းအခြေအနေကို ပုံမှန်သာဖြစ်သည်ဟု တွေးတောသူမှာ လျိုဖူကျန်းတစ်ယောက်ထဲသာ ဖြစ်ဟန်တူသည်။ သူက အားရဝမ်းသာဖြင့် ခေါင်းလှည့်လာပြီး လင်းယွီကျင်းထံ လှမ်းကြည့်လာကာ နောက်ဆုံးတွင်မှ ပြီးခဲ့သည့် ဆယ်မိနစ်လုံး သူမ ထိုနေရာတွင် မတ်တပ်ရပ်နေသည်ကို အမှတ်ရသွားသည်။ ဤသို့ဖြင့် သူက ညွှန်ကြားလာသည်။

"ကောင်းပြီ၊ ဒါဆို လင်းယွီကျင်း မင်းလည်း ထိုင်ခုံဆီ ပြန်တော့"

လင်းယွီကျင်း ခေါင်းညိတ်သည်ကို မြင်လျှင် လျိုဖူကျန်းက ဆက်ဆိုလာသည်။

"အရင်ဆုံး ထိုင်ခုံလွတ်မှာ မင်းထိုင်လိုက်၊ တကယ်လို့ အနောက်ဘက်က လူတစ်ယောက်ယောက် ကျောက်သင်ပုန်းကို မမြင်ရရင် ကျေးဇူးပြုပြီး လောင်ရှစ်ကို လာရှာ၊ နေရာကူလဲပေးမယ်၊ အမှန်အတိုင်းပြောရရင် လောင်ရှစ်က အဲ့လိုမလုပ်ပေးချင်ဘူး၊ ဘာလို့လဲဆိုတော့ ဘဝမှာ မင်းတို့ရွေးချယ်မှုတွေက မှန်ကန်နေတာမျိုး ရှိတတ်တယ်၊ ရွေးချယ်စရာတွေက အများကြီးပဲ၊ မင်းတို့က ငယ်သေးတာမို့ ဒီနေ့ ထိုင်ခုံနေရာရွေးတာ အပါအဝင် မင်းတို့ အဲ့ဒီနေရာကို ရွေးပြီးမှတော့ ဒီနေရာနဲ့ ရေစက်ရှိတယ်လို့ ပြောလို့ ရတယ်၊ အဲ့ဒီထိုင်ခုံရဲ့ သံလိုက်စက်ကွင်းက မင်းတို့ကို ဆွဲဆောင်လိုက်တာမို့ မင်းတို့ အဲ့ဒီထိုင်ခုံနေရာကို ရွေးလိုက်တာ….."

"……"

လင်းယွီကျင်းက မျက်နှာသေဖြင့် သူမလွယ်အိတ်ကို သယ်ကာ စင်မြင့်ကို ကွေ့ပတ်လျှောက်ပြီးနောက် အခန်းထဲရှိ တစ်ခုတည်းသော ထိုင်ခုံလွတ်ဆီ လျှောက်သွားကာ ရွေးချယ်စရာမရှိပဲ ထိုင်ချလိုက်သည်။

ရှန်ကျွမ့်က ထိုင်ခုံကို မှီကာ လျိုဖူကျန်း၏ စကားကြောရှည်မှုကို နားထောင်သည်။ သူ့ပတ်ဝန်းကျင်အခြေအနေမှာ အတော်လေး ကောင်းမွန်သည်၊ လူအားလုံးတိတ်ဆိတ်နေပြီး ကြက်ပေါက်ကလေးများ၏ အကြည့်မှာ သူ့ဦးခေါင်းနောက်ဘက်ဆီ မကြာမကြာ ရောက်ရှိလာပြီး သူ့ဂန္ဓာမာပန်းလက်ဖက်ရည်ထဲ သစ်သီးဖတ်လောင်းထည့်ခံရသည့် ညီအစ်ကိုမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းယွီကျင်းနောက်ဘက်တွင် ထိုင်လျက်ရှိသည်။ သူက လေသံတိုးတိုးဖြင့် သူ့အတန်းဖော်ကို ပြောပြနေသည်ကို လင်းယွီကျင်း ကြားလိုက်သည်။

"ငါူး… ရှန်ကျွမ့်က ငါတို့နဲ့ တစ်ခန်းထဲဟ"

သူ့ထိုင်ခုံဖော်မှာ ခွန်းတုံ့မပြန်ချေ။

ဂန္ဓာပန်းလက်ဖက်ရည်က စကားဆက်ဆို၏။

"ဒါဆို သူက ​ကျောင်းတစ်နှစ်နားလိုက်တဲ့သ​ဘောမျိုးပဲ​​ပေါ့ ဟုတ်တယ်မလား ၊ ငါကဖြင့် သူ ​ကျောင်းထုတ်ခံလိုက်ရမယ်လို့​တောင် ထင်ထားတာ"

သူ့ထိုင်ခုံ​ဖော်မှာ အသံတစ်ချက်မှမထွက်တိတ်ဆိတ်လျက်သား။

​ဂန္ဓာပန်းလက်ဖက်ရည် ;

"အရင်တစ်​ခေါက် ပြဿနာဖြစ်တဲ့တစ်​ယောက်ကတည်း သူ့ထိုင်ခုံ​ဖော်ပဲမလား ၊ 'သာ့​လောင်'က ​တော်​တော်​တော့ မိုက်သား​နော် ၊ ​အေး​လေ....ကျောင်းသားသစ်ကလွဲရင် ဘယ်သူက သူ့​ဘေးမှာထိုင်ရဲမှာမလို့လဲ ၊ ​သေ​အောင်​ကြောက်ဖို့​ကောင်း​နေတာကြီး"

[ T/N ; သာ့​လောင် - ​ဆရာကြီး ၊ အစ်ကိုကြီး ၊ ​ဘော့စ် ]

သူ့ထိုင်ခုံ​ဖော်မှာကား အသက်ရှင်လိုစိတ် အလွန်ပြင်းထန်ပုံရသည်မှာ ​လေပင်မလည်ရဲသည်အထိ။

လင်းယွီကျင်းက ​ခေါင်းသဲ့သဲ့​လေး​စောင်း၍ ရှန်ကျွမ့်ဘက်သို့လှည့်ကြည့်လိုက်သည်။

ဆယ်​ကျော်သက်လူငယ်​လေးမှာ လူတစ်ကိုယ်လုံး နံရံဘက်သို့​စောင်းမှီထားသည့်အပြင် ကိုယ်တစ်ခြမ်းကိုလည်း အ​ရှေ့စားပွဲခုံထက်၌ ​လျှောမှီထား​သေးသည်။ မျက်နှာကိုလည်း လက်တစ်ဖက်ဖြင့်​​ထောက်၍ထိန်းထားပြီး ဦး​ခေါင်းအ​နောက်ပိုင်းကို​​တော့ နံရံထက်၌​မှေးမှီထား၏။ ကြည့်လိုက်လျှင် မည်သည့်အန္တာရယ်မျိုးမှ မ​ပေးနိုင်သည့်အတိုင်းနှယ်။

ဂန္ဓာပန်းလက်ဖက်ရည်က သည်အချိန်တွင်မှ ရုတ်ချည်းအသိဝင်လာပြီး ခပ်တိုးတိုး​လေးဆိုလိုက်၏။

"​အေ့....ငါတို့ ဒီအသံနဲ့စကား​ပြော​နေတာကို သာ့​လောင်မကြား​လောက်ပါဘူး​နော်"

နှစ်စက္ကန့်တိတိ ငြိမ်ကျသွားခဲ့၏။

ရှန်သာ့​လောင်က ခန္ဓာကိုယ်ကိုမတ်မတ်ပြင်ထိုင်လိုက်ပြီး ​ခေါင်းလှည့်ကြည့်လာ၏။ အမူအရာမှာ ပုံမှန်အတိုင်းတည်တည်ငြိမ်ငြိမ် ၊ စကားသံတို့ကလည်း ​ပေါ့​​ပေါ့ပါးပါးဖြစ်ပြီး အနည်းငယ်ပြင်း​နေသည့်နှာ​ခေါင်းသံ​သာ အ​အေးမိထားသ​ယောင်ဖြစ်​နေ​​၏။

"ကြားရတယ်"

ဂန္ဓာပန်းလက်ဖက်ရည် ; "....."

ဂန္ဓာပန်းလက်ဖက်ရည်၏မျက်နှာမှာ ဖြူ​ဖျော့သွားခဲ့ရပြီး အအ,ထစ်ထစ်ဖြင့် ;

"​တောင်း ​တောင်း ​တောင်းပန်ပါတယ်​နော် ၊ ကျွန်​တော်က မ​ကောင်း​​ကြောင်းပြောရတာမဟုတ်ပါဘူး ၊ တကယ်မဟုတ်ပါဘူး"

သာ့​လောင်တစ်​ယောက် စကားမဆို​တော့ဘဲ တစ်ဖက်သို့ပြန်လှည့်ပြီး နဂိုပုံစံအတိုင်းပြန်​ခွေ​ခေါက်သွားခဲ့​သည်။

စာသင်သည့်စတိတ်စင်ထက်မှ လျိုဖူကျန်းသည်​တော့ ယခုလက်ရှိငြိမ်သက်​နေသည့်အ​ခြေအ​နေအား အ​တော်ပင်စိတ်​ကျေနပ်​နေပြီး ​ပြောလက်စမိန့်ခွန်းစကားသည်လည်း အဆုံးသတ်ခါနီးပြီဖြစ်ရာ လျိုဖူကျန်းက လည်​ချောင်းရှင်းလိုက်၍ ;

"ဆရာတို့​တွေက အခုဆိုရင် အတန်းသစ်တစ်ခုစနေပြီ​လေ ဟုတ်တယ်မလား ၊ အတန်းပိုင်ဆရာလည်းအသစ်....အတန်းသား​တွေလည်းအသစ်....စတင်ခြင်း​တွေကလည်း အသစ်ပဲ ၊ ​နောင်ဆိုရင် အားလုံးက အတန်း(၁၀)ရဲ့အတန်းသားအုပ်စုကြီးဖြစ်သွားကြ​တော့မှာ ၊ အားလုံးကလည်း ကိုယ်ပိုင်အမူအကျင့်​တွေရှိကြတဲ့က​လေး​တွေပါ ၊ က​လေးတို့​​တွေရဲ့ ​နောင်လာမယ့်သင်ကြား​ရေးကာလ​တွေထဲမှာ သ​ဘောထားကွဲလွဲမှု​တွေ အခြား​သောအချင်းပွားစရာ​လေး​တွေလည်း ရှိ​ကောင်းရှိလာနိုင်တယ် ၊ ဒါ​​ပေမယ့် ဒီလိုကိစ္စ​လေး​တွေ​ကြောင့်နဲ့ အချင်းချင်းမတည့်ဘဲခွဲခြားဆက်ဆံတာမျိုးကို​တော့ ဆရာ့ရဲ့အတန်းမှာ လုံးဝခွင့်မပြုပါဘူး!"

လျိုဖူကျန်း မျက်နှာထက်မှ အပြုံးစ​လေးမှာ တ​ဖြည်းဖြည်း​ပြေ​လျော့သွားရမှတဆင့် ရုတ်ချည်းတည်တံ့သွားခဲ့၍ ;

"မင်းတို့​တွေကြားမှာ တချို့အတန်းသား​တွေက အချင်းချင်းရင်းနှီးကြ​​ပေမယ့် မရင်းနှီးကြ​သေးတဲ့လူ​တွေရှိမှန်းလည်း ဆရာသိတယ် ၊ အဲ့ဒါ​ကြောင့်မလို့ အခု ဆရာက မင်းတို့​ရဲ့အတန်းပိုင်ဆရာအ​နေနဲ့ မင်းတို့ ပြီး​​မြောက်​အောင်လုပ်ကိုလုပ်ရမယ့် ပထမဆုံးသင်ခန်းစာတစ်ခု​ပေးမယ် ၊ က​လေး​တို့​တွေအားလုံး.....တစ်ဖက်ကိုလှည့်ပြီးရင် မင်းတို့ရဲ့ထိုင်ခုံ​ဖော်​နဲ့ မျက်နှာချင်းဆိုင်ပြီး တစ်မိနစ်တိတိအကြည့်ချင်းဆုံရမယ်"

"....."

? ? ?

ရှန်ကျွမ့် ဝင်လာသည့်အချိန်ကတည်းက ​တောက်​လျှောက်ငြိမ်သက်​နေခဲ့သည့်စာသင်ခန်းအတွင်း ပထမဆုံးအကြိမ် လှုပ်လှုပ်ရွရွပြန်ဖြစ်လာခဲ့သည်။ ရှိရှိသမျှလူအားလုံးမှာ အနှီ​ရူးနှမ်းနှမ်းသင်ခန်းစာကြီး​ကြောင့် အံ့သြကုန်ရရင်း အလိုမကျသည့်ဟန်ဖြင့် ဆန့်ကျင်ချင်ကြ​​တော့၏။

"​လောင်ရှစ် ၊ ကျွန်​တော် မလုပ်နိုင်ဘူးဗျာ!"

"အရမ်းများလွန်းတယ် ​လောင်ရှစ်!"

"ကျန်း​ကော! ဒါကြီး​တော့မလုပ်ပါနဲ့!"

"ငါ-ူး 'စုန့်ကျစ်မင်' ၊ ငိုး....မင်း ငါ့ကို ကြိုက်​နေသလိုမျိုးကြီးစိုက်မကြည့်နဲ့!"

ဗုဒ္ဓလမ်းစဥ်များကျင့်သုံးသည့်လျိုဖူကျန်းတစ်​​ယောက်မှာကား ဤနည်းလမ်းသည် အတန်းသားများကြားမှချစ်ကြည်​​ရေးကို ​သေချာ​ပေါက်တိုးပွားလာ​စေနိုင်မည်ဟု တိတိကျကျလက်ကိုင်ထားရုံကလွဲ အခြားရည်ရွယ်ချက်မျိုးမရှိ။ အဆုံးတွင်​တော့ ​အားလုံးမှာ ရွေးချယ်စရာမရှိသည့်အဆုံးတွင် မိမိ၏ထိုင်ခုံ​ဖော်သူငယ်ချင်းအား မကြည့်ချင်ကြည့်ချင်ဖြင့် စိုက်ကြည့်ကြရ​တော့၏။

​လင်းယွီကျင်းလည်း စကားမဆိုဘဲတစ်ဖက်သို့လှည့်လိုက်သည်။ ရှန်ကျွမ့်သည်လည်း ကောင်မ​လေး၏စကားတစ်ခွန်းမဆိုဘဲငြိမ်​နေသည့်အကြည့်များ​နှင့် တည်တည်ငြိမ်ငြိမ်ပင် ထိပ်တိုက်ဆုံ​စေလိုက်သည်။

စာသင်သည့်စတိတ်စင်ထက်တွင်​တော့ လျိုဖူကျန်းက အချိန်​ရေတွက်​နေပြီဖြစ်၏။

"အသင့်ပြင်ထားမယ်! စပြီ!"

လင်းယွီကျင်းမှာ ရှန်ကျွမ့်နှင့်အကြည့်ချင်းဆုံထားရင်း အာရုံမလွှင့်သွား​​စေရန်အတွက်လည်း ကြိုးစားပြီးထိန်းထား၏။

လျိုဖူကျန်း ; "ဆယ်စက္ကန့်!"

အခုမှ ဆယ်စက္ကန့်ပဲရှိ​သေးတာလား.....

"စက္ကန့်နှစ်ဆယ်"

လင်းယွီကျင်း၏တစ်ကိုယ်လုံး စတင်၍​တောင့်တင်းလာရ​တော့၏။

"စက္ကန့်သုံးဆယ်"

လင်းယွီကျင်းမှာ စကား​ပြောလိုက်ရ​ကောင်းနိုးနိုးဖြင့် စတင်၍ဗျာများလာခဲ့သည်။

အကယ်၍ စကားမ​ပြောဘဲ​နေပါက သူမ၏မျက်နှာ​ကြောများ တွန့်လိမ်ကုန်​တော့မည်​ပေ။

ရှန်ကျွမ့်ထံကြည့်လိုက်လျှင်​တော့ သူဟာ အရိုးမပါသည့်အ​နေအထားအတိုင်းသာမှီလျက်ရှိပြီး သူ၏ထိုင်ခုံ​ဖော်အသစ်​လေးအား မမှိန်မ​သွေဖြင့်စိုက်ကြည့်​နေ​လေသည်။

ရှန်ကျွမ့်အ​နေဖြင့် ဆန့်ကျင်ဘက်လိင်၏ရုပ်ရည်တို့အ​ပေါ် ​​ဝေဖန်ခွဲခြားနိုင်သည့်အရည်အချင်းမှာ သိပ်မရှိလှ။ တစ်ခါတစ်​လေ ကျန်းဟန်၊ဝမ်ရိရန်တို့က သူ့အထင်အမြင်၌ မည်သည့်​ကောင်မ​လေးမျိုးကပိုလှ​ကြောင်း​မေးလာသည့်အခါ သူ့အ​နေဖြင့် အားလုံးဟာ သိပ်မထူးမခြားနားဟူ၍သာ ထင်ခဲ့သည်။

သူ၏ ဤထိုင်ခုံ​ဖော်အသစ်​လေး၏ရုပ်ရည်မှာ​တော့ အ​တော်​လေးမှတ်မိ​စေနိုင်​လောက်မည့်အထဲတွင်ပါ၏။

ပိုနီ​တေးလ်သဏ္ဍာန် ခပ်မြှင့်မြှင့်​မြှောက်စည်းထားသည့်ဆံပင်ပုံစံ ၊ မီနီစကတ်ခပ်ဝဲဝဲ ၊ အနက်​ရောင်လည်သာဖိနပ်နှင့်တွဲဖက်ပြီး ဒူးအထိရှည်သည့်​အသားကပ်ခြေအိတ်တို့အား ​ခြေတံရှည်ရှည်​လေးများထက်၌ ဝတ်ဆင်ထားသည်။

ဗာဒံ​စေ့သဏ္ဍာန်မျက်ဝန်းများက အ​ပေါ်ဘက်သို့အနည်း​လေးမျှ​ကော့ညွှတ်​နေပြီး မျက်ရစ်တို့မှာခပ်ပါးပါး ၊ အသားအရည်မှာလည်း ဖြူ​ဖွေးပြီးကြည်လင်​နေ၏။ ဤမျှနီးကပ်လွန်းသည့်အကွာအ​ဝေး​ကြောင့် ရှန်ကျွမ့်မှာ ​ကောင်မ​လေး၏နှာ​ခေါင်းထိပ်မှ အ​မွေးနုနု​လေးများကိုပင် မြင်​နေရသည်။

မျက်​တောင်​​​မွေးတို့ကလည်း ​ပြောစမှတ်ပြုရ​လောက်သည်အထိ ရှည်လျားလွန်း​သေး၏။

အရင်က ဘာလို့သတိမထားမိခဲ့တာလဲမသိ ၊ ကျန်းဟန် အဲ့အရူး​ကောင်ရဲ့အမြင်က မဆိုးဘူးပဲ.....

"စက္ကန့်ငါးဆယ်!"

လျိုဖူကျန်းက ခွန်အား​ပေးဖို့ရာလည်း မ​မေ့ပါ​ချေ။

"​တောင့်ထားကြ! ပြီး​တော့မှာ​နော်! ​အောင်မြင်မှုက အ​ရှေ့​လေးမှာတင်ပဲ!"

ထိုင်ခုံ​ဖော်အသစ်​လေးက ရုတ်တရက် စကားစလာ၏။

"နင် အ​အေးမိ​နေတာလား"

"အမ်?"

ရှန်ကျွမ့်မှာ ​ကောင်မ​လေး၏မျက်​တောင်​မွေးများကို စိုက်ကြည့်​နေရင်း ရုတ်ချည်းအာရုံလွှဲခံလိုက်ရခြင်း​ကြောင့် 'အင်း'ဟု အသံတစ်ချက်ပြုလိုက်သည်။

"နည်းနည်း"

"နင် ဝယ်​ပေးတဲ့ထမင်းလုံး​လေ"

ထိုင်ခုံ​ဖော်အသစ်​​လေးက စကားဆက်ဆို၍ ;

"ငါ အဲ့ဒီညက စားဖို့​မေ့သွားတာ ၊ ​နောက်​နေ့ အိပ်ရာနိုးလာ​တော့ မ​ကောင်း​တော့ဘူး"

"မ​ကောင်း​တော့ဘူးဆို​တော့လည်း မ​ကောင်း​တော့ဘူး​ပေါ့"

ရှန်ကျွမ့်မှာ ထမင်းလုံးစားခြင်းမစားခြင်း ကိစ္စအား အဘယ်မှာစိတ်ထဲ​ထည့်​နေပါ့။

"​ကောင်းပြီ! အချိန်ပြည့်ပြီ!"

ကသိက​အောက်နိုင်​မှုကြီး​ကြောင့် မကြာခင်အတွင်းထူပူ၍သတိလစ်ရပါတော့မည့်အချိန်တွင်မှာမှ လင်းယွီကျင်းမှာ  လျိုထူကျန်း၏အသက်ကယ်အော်သံ​​လေးအား ကြားလိုက်ရတော့သည်။

ပုခုံးနှစ်ဖက်လုံး​ပြေ​လျော့သွားရသည်နှင့်အတူ သက်ပြင်းတစ်ချက်ချရင်း တစ်ဖက်သို့အလှည့်၌လည်း ​အသက်ရှင်ခွင့်ရပြီဟူ​​သောခံစားချက်​လေးပါ ခံစားမိလိုက်ရ​သေး၏။

လျိုဖူကျန်းသည်​တော့ အ​တော်​လေးတက်ကြွ​နေကာ အတန်းပိုင်ဆရာတစ်​ယောက်၏ပထမဆုံး​ခြေလှမ်းအား ​​အောင်​အောင်မြင်မြင်လှမ်းလိုက်နိုင်ပြီဟုပင် ထင်​နေပုံရသည်။ သို့နှင့် စာသင်စားပွဲထက်တင်ထား​သော 'သင် ပုန်ကန်တတ်တဲ့လူငယ်​လေးကို ကြည့်​နေတဲ့အချိန်မှာ ပုန်ကန်တတ်တဲ့လူငယ်​လေးကလည်း သင့်ကိုပြန်ကြည့်​နေလိမ့်မယ်' ဟူ​သောစာအုပ်အား တိတ်တိတ်​လေး လှမ်းကြည့်လိုက်သည်။

[ -- ဒုတိယ​ခြေလှမ်း : 'စကား​ပြောပါ'။ သင်က ခက်ခဲလှတဲ့ ပထမ​ခြေလှမ်း : 'ကြည့်ပါ' ကို ​ဖြတ်​ကျော်နိုင်ပြီးပြီဆိုရင် ဒါဟာ တစ်ဝက်​အောင်မြင်လာပြီးပြီလို့ယူဆနိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို ပထမဆုံး​ခြေလှမ်းက​ အမြဲတမ်းအခက်ဆုံးဖြစ်ခဲ့တာ​ပါပဲ။ အဲ့ဒါကြောင့် သင်က အခုဆိုရင် သူတို့​လေး​တွေကို သူတို့​လေး​တွေရဲ့ကြင်နာတတ်မှု​အ​ကြောင်း ကိုယ်စီကိုယ်ကျ 'ထုတ်​ပြော' ခိုင်းရမှာပါ။ သင် သိထားရမှာက​တော့ အခု သင် ရင်ဆိုင်​နေရတာက ပုန်ကန်တတ်တဲ့လူငယ်အုပ်စု​​လေး....]

ကျန်​နေ​သေးသည့်စာပိုဒ်မှာ ​နောက်တစ်မျက်နှာသို့လှန်ရမည်ဖြစ်​သော​ကြောင့် လျိုဖူကျန်းက သူ့နည်းသူ့လမ်းဖြင့်ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

သူဟာ ​မြေဖြူကို​ကောက်ကိုင် ၊ တစ်ဖက်သို့လှည့်ပြီး ​ကျောက်သင်ပုန်းထက်၌ စကားလုံး​လေးလုံးအား အလှပဆုံးနှင့်ကြီးကြီး​လေး​ရေးသားလိုက်သည် -- ကျွန်​​တော့်ရဲ့ထိုင်ခုံ​​ဖော်။ ( ​ဝေါ်သယ်ထုံ​ကျော )

လျိုဖူကျန်းက လက်ခုပ်တီးရင်းဖြင့် ပြုံးပြုံးကြီးလှည့်လာပြန်၏။

"အခုက​တော့....ဆရာက မင်းတို့​တွေကို သုံးမိနစ်အချိန်​ပေးမယ် ၊ အခုတုန်းက အကြည့်ချင်းဆုံလိုက်တဲ့အချိန်တွင်းမှာ မင်းတို့ရဲ့ထိုင်ခုံ​ဖော်အ​ပေါ်မြင်တဲ့ ပထမဆုံးထင်မြင်ချက်ကို အားလုံးစဥ်းစားထားကြ ၊ ခုဏ​နေကျရင် ​ကျောင်းသားတစ်​ယောက်ချင်းစီတိုင်းက အ​ရှေ့ထွက်ပြီး မင်းတို့ရဲ့ထိုင်ခုံ​ဖော်အ​ပေါ်မြင်မိတဲ့ ပထမဆုံးထင်မြင်ချက်အ​ကြောင်းကို ​ပြောပြရမယ် ၊ မင်းတို့မျက်လုံးထဲမှာ သူက ဘယ်လိုမျိုးလဲ​ပေါ့"

"......"

? ? ? ? ?

စကား​ဆုံးသည်နှင့် လျိုဖူကျန်းက သူမ၏စာ​ရေးခုံဘက်သို့ လက်ညှိုးထိုးလာ၍ ;

"ဒီဘက်က​​နေ စကြတာ​ပေါ့ကွာ ၊ လင်းယွီကျင်း....သမီး အရင်ဆုံးလာခဲ့"

လင်းယွီကျင်း : "....."

ငါ-ူးပဲ​ဟေ့!.....

-------

စာ​ရေးသူတွင် ​ပြောစရာရှိသည် ;

လင်းယွီကျင်း ; "ဘာ​ကိုပြောရမှာလဲ ​၊ ငါ-ူး ဘာ​ပြောရမှာလဲလို့"

​ကျောင်းသားရှန်ကျွမ့် မင်း ဘယ်လိုဖြစ်​တာလဲ​နော် ၊ မင်းကို ထိုင်ခုံ​ဖော်နဲ့ အကြည့်ချင်းပဲဆုံခိုင်းတာ​လေ ၊ ထိုင်ခုံ​ဖော်ရဲ့​အသားကပ်ခြေအိတ်ရှည်ရှည်​လေးကို ဘာလုပ်ဖို့သွားကြည့်တာလဲ?

********

~~Zawgyi~~

Translators - Li Zhen & Xiao Chong

အမွန္အတိုင္းဆိုရလွ်င္ အမွတ္ (၈) အထက္တန္းေက်ာင္းမွာ ၿမိဳ႕ေတာ္ A ၏ ထိပ္ဆုံးေက်ာင္း မဟုတ္ေသာ္လည္း အေကာင္းဆုံးေက်ာင္းမ်ားတြင္ တစ္ေက်ာင္းအပါအဝင္ျဖစ္သည္။

ထိုမွ်သာမက ဤေက်ာင္းမွာ အလြန္တရာ ႂကြယ္ဝသည္။ ေက်ာင္းစာၾကည့္တိုက္ထဲရွိ စာအုပ္အေရအတြက္မွာ ၾကက္ေသေသေစနိုင္သည္အထိ မ်ားျပားကာ ေက်ာင္းအေဆာင္မ်ားကိုလည္း အဆင့္ျမင့္အိမ္ရာခန္းမ်ားအသြင္ ေဆာက္လုပ္ထားသည္။ အေပၚဆုံးထပ္ရွိ ေက်ာင္းကန္တင္းတြင္ အီတလီဟင္းလ်ာမ်ားပါ ရနိုင္ေသာ္လည္း လက္ေတြ႕တြင္မူ မည္သူမွ ထိုေနရာသို႔ သြားေရာက္ျခင္းမရွိေပ။ အဆင့္ျမင့္စားေသာက္ဆိုင္မ်ားအစား လူတိုင္းက ေက်ာင္းအျပင္ဘက္ရွိ ဖန္းမီ သို႔မဟုတ္ ခ်ဥ္စပ္ဟင္းရည္ကို ေသာက္ရန္ ပို၍ လိုလားေပသည္။

ေက်ာင္းမွာ ၿမိဳ႕လယ္ေခါင္တည့္တည့္တြင္ တည္ရွိေသာ္ျငား အံ့အားသင့္ဖြယ္ အက်ယ္အဝန္းကို ပိုင္ဆိုင္သည္။ ေအာင္ခ်က္အျမင့္ဆုံးျဖစ္သည့္ အမွတ္ (၁) အထက္တန္းေက်ာင္းမွာ အမွတ္ (၈) အထက္တန္းေက်ာင္း၏ တဝက္မွ်ပင္ မရွိေခ်။

လ်ိဳဖူက်န္းကား က်ိန္းေသေပါက္ ဂုဏ္ယူဝံ့ႂကြားနိုင္သည္။

ငါတို႔ေက်ာင္းက မက်ယ္ဘူးလား! ငါတို႔ေက်ာင္းက ခ်မ္းသာတယ္!!

ထို႔ျပင္ ရွန္သာ့ေလာင္ကဲ့သို႔ေသာ လႊမ္းမိုးနိုင္သူသည္လည္း ေက်ာင္းတြင္ နာမည္ႀကီးေပမည္။ လင္းယြီက်င္းက ထိုကိစၥကို ႀကိဳတင္ခန့္မွန္းထားႏွင့္ၿပီးျဖစ္၏။ မည္သို႔ပင္ဆိုေစ သူတို႔အားလုံးမွာ အၿငိမ္မေနနိုင္သည့္ ဆယ္ေက်ာ္သက္အ႐ြယ္ အခ်ိန္ကာလကို ျဖတ္သန္းေနဆဲျဖစ္ၿပီး ဆိုးသြမ္းလူငယ္တစ္ေယာက္အေနျဖင့္ သူ႕႐ုပ္ရည္မွာ ေခ်ာေမာလြန္းလွသည္။

ျပႆနာမွာ ၿမိဳ႕ေတာ္ A အတြင္းရွိ မ်ားျပားလွစြာေသာ အထက္တန္းေက်ာင္းမ်ားအနက္ အမွတ္ (၈) အထက္တန္းေက်ာင္း၊ အခန္း ၁၀၏ ေက်ာင္းသားအေနျဖင့္ သူက ဘာေၾကာင့္ ဤမွ် နာမည္ႀကီးေနရသနည္း။

တစ္ခါတစ္ရံ လူတစ္ေယာက္က ကံၾကမၼာကို ယုံၾကည္ရတတ္သည္ဟု လင္းယြီက်င္း ခံစားရသည္။ သူမႏွင့္ ရွန္ကြၽမ့္အၾကား က်ိန္းေသေပါက္ ကံစပ္ေပသည္။ ဤၿမိဳ႕ထံ ေရာက္ရွိၿပီး တပတ္အတြင္း၌ သူမ သူ႕ကို သုံးႀကိမ္တိတိ ျမင္ေတြ႕ၿပီးေလၿပီ။ ယင္းမွာ သူမႏွင့္ တစ္အိမ္ထဲ ေနထိုင္သည့္ သူမအစ္ကိုဆိုသူကို ျမင္ေတြ႕သည့္ အႀကိမ္အေရအတြက္ထက္ ႏွစ္ႀကိမ္ပိုသည္။

သူမ သူ႕ထံ လွမ္းၾကည့္ခ်ိန္တြင္ ရွန္ကြၽမ့္သည္လည္း သူမအား လွမ္းၾကည့္လာသည္။

လူ႐ြယ္မွာ တုံ႕ျပန္မႈ မ်ားမ်ားစားစား မေဖာ္ျပလာေလပဲ မ်က္ခုံးတစ္ခ်က္မွ်သာ ပင့္ၿပီးေနာက္ သူ၏ ပုံစံျဖစ္သည့္ ထူးမျခားနားသည့္ မ်က္ႏွာေပးအျဖစ္ ျပန္ေျပာင္းသြားကာ သူ၏ ခပ္သြယ္သြယ္ မ်က္ဝန္းတို႔က သူမထံ တည့္တည့္စိုက္ၾကည့္လာသည္။

တစ္

ႏွစ္

သုံး

ေလး

ငါး

သူမထံ ငါးစကၠန့္မွ် စိုက္ၾကည့္ၿပီးေနာက္ သူမေရွ႕တြင္ပင္ ရွန္ကြၽမ့္ သမ္းေဝလိုက္သည္။

လင္းယြီက်င္း - ".."

ငါ့ပုံစံက အိပ္ေမြ႕ခ်တဲ့သူ ပုံစံေပါက္ေနတာလား?

သူမ မ်က္လုံးလွိမ့္လိုက္ၿပီးေနာက္ ေခါင္းျပန္လွည့္ကာ သည္ထူးဆန္းသည့္ကံတရားကို လစ္လ်ဴရႈရန္ ဆုံးျဖတ္လိုက္သည္။

လ်ိဳဖူက်န္းမွာ ယခင္က ေျမာက္ဘက္အေဆာက္အအုံရွိ တတိယႏွစ္မ်ားကို သင္ၾကားသည့္ ဆရာျဖစ္သည္။ ေန႕ရက္တိုင္း၌ သူ အျပင္ထြက္သည္မွာ ရွားပါးလြန္းလွၿပီး အတန္းခ်ိန္မ်ားႏွင့္ သင္ခန္းစာမ်ားမွ လြဲ၍ မည္သည္ကိုမွ ဘယ္ေတာ့မွ ဂ႐ုစိုက္ေလ့မရွိတာမို႔ ေက်ာင္းဝန္းအတြင္းရွိ လူငယ္မ်ား လုပ္ေလ့ရွိသည္မ်ားကို မ်ားမ်ားစားစား နားမလည္ေခ်။

သူကား ရွန္ကြၽမ့္ကို မွတ္မိျခင္းမရွိပဲ ယူနီေဖာင္းေသေသသပ္သပ္ ဝတ္ဆင္ထားကာ တည္တည္ၿငိမ္ၿငိမ္စကားဆိုေနသည့္ ေကာင္ကေလးကိုသာ ျမင္သည္။ သူ႕ပုံစံက သေဘာက်စရာပင္ ေကာင္းေသးဘိ၏။

ထိုမွ်သာမက ထိုလူငယ္မွာ အေတာ္ေလး ၾကည့္ေကာင္းကာ အရပ္ျမင့္ျမင့္၊ ပိန္သြယ္သြယ္။ ေဘးဘက္တြင္ လက္ခ်ကာ မတ္တပ္ရပ္ေနဟန္မွာ အနည္းငယ္ ပ်င္းရိပ်င္းတြဲနိုင္ေသာ္လည္း သူ႕ေက်ာျပင္မွာ ေထာက္တိုင္ကဲ့သို႔ ခပ္မတ္မတ္။

သူက ေက်ာင္းလြယ္အိတ္ကို လြယ္မထား႐ုံ။

ခဏေလး? ေက်ာင္းလြယ္အိတ္မလြယ္ထားဘူး?

လ်ိဳဖူက်န္း - "အာ ေက်ာင္းပထမရက္ဆိုေတာ့ ႏွစ္မိနစ္ေလာက္ ေနာက္က်တာက ကိစၥႀကီးေတာ့ မဟုတ္ပါဘူး၊ ရပါတယ္"

ရွန္ကြၽမ့္က ခါးကိုင္းလိုက္ၿပီး

"ေက်းဇူးတင္ပါတယ္ ေလာင္ရွစ္"

လ်ိဴဖူက်န္းက သူ႕အား ေဖာ္ေဖာ္ေ႐ြေ႐ြ ၾကည့္လာသည္။

"မင္း အိမ္စာေရာ?"

""

ရွန္ကြၽမ့္က ႏွစ္စကၠန့္မွ် တိတ္ဆိတ္သြားၿပီးမွ ျပန္ေျဖလာသည္။

"ကြၽန္ေတာ္ ယူလာဖို႔ ေမ့သြားတယ္"

လ်ိဳဖူက်န္း - ""

လူအားလုံး -  "."

လင္းယြီက်င္း - "."

သာ့ေကာ နင္ ဒီလိုလုပ္ရင္ စကားဆက္ေျပာရတာ ခက္သြားတာေပါ့။

နင္ တညလုံး ညမအိပ္ပဲ အိမ္စာလုပ္ေနခဲ့ၿပီး ယူလာဖို႔ ေမ့ခဲ့တယ္? ဒါက တအားရိုးသားမေနဘူးလား?

လင္းယြီက်င္းခမ်ာ မည္ကဲ့သို႔ မ်က္ႏွာအမူအရာ ထားရမည္ပင္ မသိေတာ့ေခ်။ သူမ၏ ယခင္ေက်ာင္းမွ ေဒါသႀကီးသည့္ အတန္းပိုင္ဆရာသာဆိုလွ်င္ အခုေလာက္ဆို သူ ေက်ာင္းခန္းထဲမွ ေမာင္းထုတ္ခံရေလာက္ၿပီးေလၿပီ။

ကံေကာင္းစြာျဖင့္ပင္ လ်ိဳဖူက်န္းတြင္ ဘုရားသခင္ကဲ့သို႔ စိတ္ရွည္သည္းခံတတ္ေသာ စိတ္ထားရွိ၏။ သူ႕စကားကို ယုံၾကည္ေပးလိုစိတ္ရွိကာ မ်ားမ်ားစားစား မဆိုလာပဲ ေနရာတြင္ ဝင္ထိုင္ရန္ ဆိုလာသည္။ ရွန္ကြၽမ့္ စာသင္ခန္းထဲသို႔ ေလွ်ာက္ဝင္လာၿပီး စင္ျမင့္ေရွ႕တြင္ မတ္တပ္ရပ္ကာ ထိုင္ခုံလြတ္ ရွာေဖြသည့္အေနျဖင့္ အခန္းထဲ မ်က္လုံးေဝ့ၾကည့္လိုက္သည္။

ဒုတိယႏွစ္ေက်ာင္းသားမ်ားအား လူမႈဘာသာႏွင့္ သိပၸံဘာသာဟူ၍ ပိုင္းျခားၿပီးေနာက္ အတန္းမ်ားအား ျပန္လည္ ဖြဲ႕စည္းထားသည္။ ထို႔ေၾကာင့္ သိကြၽမ္းႏွင့္ၿပီးျဖစ္သည့္ ေက်ာင္းသားမ်ားရွိသလို မသိေသးသူမ်ားလည္း ရွိသည္။ ထိုင္ခုံမ်ားသည္လည္း ဦးသူယူစနစ္ျဖစ္ကာ လူႏွစ္ေယာက္က စားပြဲတစ္လုံးကို မွ်ေဝသုံးစြဲရ၏။ ထိုင္ခုံေလးခုံ၊ အတန္းေျခာက္တန္းရွိကာ စုစုေပါင္း ၄၈ေယာက္စာျဖစ္သည္။

ရွန္ကြၽမ့္မွာ ေနာက္ဆုံးမွ ေရာက္လာသူျဖစ္ၿပီး ေယဘူယ်အားျဖင့္ ျပတင္းေပါက္ေဘး ထိုင္ခုံမ်ားႏွင့္ ေနာက္ဆုံးတန္းမ်ားမွာ ဦးထားႏွင့္ၿပီးျဖစ္သည္။ စင္ျမင့္ေရွ႕တြင္ စာေတာ္သူမ်ား ထိုင္ေလ့ရွိသည္မို႔ က်န္ရွိသည့္ ထိုင္ခုံမွာ နံရံေဘးေနရာျဖစ္ၿပီး သူ႕ေဘးရွိ ထိုင္ခုံမွာ အျပင္ဘက္တန္းျဖစ္သည္။

ရွန္ကြၽမ့္က နံရံေဘးရွိ ထိုင္ခုံကို ေ႐ြးခ်ယ္လိုက္သည္။ သူ႕ဦးတည္ရာဆီ ေလွ်ာက္သြားၿပီးေနာက္ ေခါင္းငုံ႕ကာ အျပင္ဘက္တန္းရွိ ထိုင္ခုံတြင္ ထိုင္ေနသည့္ ေက်ာင္းသားထံ တည္ၿငိမ္သည့္ ေလသံျဖင့္ ယဥ္ယဥ္ေက်းေက်းဆိုလိုက္သည္။

"ငါ့ကို အထဲဝင္ခြင့္ေပးမလား? ေက်းဇူးတင္ပါတယ္"

စာသင္ခန္းထဲသို႔ ရွန္ကြၽမ့္ ေျခခ်ၿပီးခ်ိန္မွစ၍ အခန္း ၁၀၏ ဆူညံေနသည့္ လူမ်ားမွာ အဖမ္းခံရသည့္ ၾကက္ေပါက္မ်ားပမာ စကားသံတစ္ခ်က္မွ် မထြက္နိုင္ေပ။

ထိုတခဏတြင္ လူတိုင္း၏ အၾကည့္မ်ားက သူ႕ထံကပ္ညိလိုက္ပါလာကာ နာမည္ႀကီးတစ္ေယာက္ ေနရာတြင္ ဝင္ထိုင္သည္ကို တိတ္တဆိတ္ၾကည့္ေနၾကသည္။ လ်ိဳဖူက်န္းသည္ပင္ ထိုအေျခအေန၏ သက္ေရာက္ျခင္း ခံရကာ စကားတစ္ခြန္း မဆို။

ဘာမ်ားၾကည့္စရာရွိလဲ လင္းယြီက်င္း မသိေသာ္လည္း လူတိုင္းစိုက္ၾကည့္ေနသည္မို႔ သူမသည္လည္း စိုက္ၾကည့္ရေပမည္။

ထို႔ေနာက္ လူတိုင္း၏ အၾကည့္ေအာက္၌ပင္ ေကာင္ကေလးက ကတုန္ကယင္ျဖင့္ သူ႕လြယ္အိတ္ႏွင့္ ေရဘူးကို အံဆြဲထဲမွ ထုတ္ယူကာ ေဘးတဖက္ျခမ္းရွိ အျပင္ဘက္တန္းထိုင္ခုံဆီ ေျပာင္းေ႐ႊ႕ထိုင္သည္။

လင္းယြီက်င္း - " ? "

လင္းယြီက်င္း သူမမွတ္ဉာဏ္ထဲ ျပန္လည္ တူးဆြလိုက္သည္။ ရွန္ကြၽမ့္က အေသအခ်ာကိုပင္ ေက်းဇူးျပဳ၍ ဟု ေျပာခဲ့ျခင္းျဖစ္ၿပီး ထြက္သြားဟု မဆိုခဲ့ပါေခ်။

အမွတ္ (၈) အထက္တန္းေက်ာင္းတြင္ ရွန္ကြၽမ့္၏ ဂုဏ္သတင္းမွာ မည္ကဲ့သို႔ ေက်ာ္ၾကားေန၍ တစ္စုံတစ္ေယာက္ကို ဤအေျခအေနထိ ထိတ္လန့္္ေၾကာက္႐ြံ႕ေစၿပီး သူ႕ထိုင္ခုံေဖာ္ျဖစ္ရန္ သတၱိမရွိျဖစ္ေစရသနည္း။

သို႔ေသာ္ ရွန္ကြၽမ့္ကား မ်က္ေတာင္တစ္ခ်က္ပင္မခတ္ပဲ အထဲသို႔ တည္တည္ၿငိမ္ၿငိမ္ဝင္သြားကာ ပထမဆုံးတန္းရွိ နံရံဘက္ျခမ္း ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

စာသင္ခန္းတစ္ခုလုံးတြင္ ယင္းအေျခအေနကို ပုံမွန္သာျဖစ္သည္ဟု ေတြးေတာသူမွာ လ်ိဳဖူက်န္းတစ္ေယာက္ထဲသာ ျဖစ္ဟန္တူသည္။ သူက အားရဝမ္းသာျဖင့္ ေခါင္းလွည့္လာၿပီး လင္းယြီက်င္းထံ လွမ္းၾကည့္လာကာ ေနာက္ဆုံးတြင္မွ ၿပီးခဲ့သည့္ ဆယ္မိနစ္လုံး သူမ ထိုေနရာတြင္ မတ္တပ္ရပ္ေနသည္ကို အမွတ္ရသြားသည္။ ဤသို႔ျဖင့္ သူက ၫႊန္ၾကားလာသည္။

"ေကာင္းၿပီ၊ ဒါဆို လင္းယြီက်င္း မင္းလည္း ထိုင္ခုံဆီ ျပန္ေတာ့"

လင္းယြီက်င္း ေခါင္းညိတ္သည္ကို ျမင္လွ်င္ လ်ိဳဖူက်န္းက ဆက္ဆိုလာသည္။

"အရင္ဆုံး ထိုင္ခုံလြတ္မွာ မင္းထိုင္လိုက္၊ တကယ္လို႔ အေနာက္ဘက္က လူတစ္ေယာက္ေယာက္ ေက်ာက္သင္ပုန္းကို မျမင္ရရင္ ေက်းဇူးျပဳၿပီး ေလာင္ရွစ္ကို လာရွာ၊ ေနရာကူလဲေပးမယ္၊ အမွန္အတိုင္းေျပာရရင္ ေလာင္ရွစ္က အဲ့လိုမလုပ္ေပးခ်င္ဘူး၊ ဘာလို႔လဲဆိုေတာ့ ဘဝမွာ မင္းတို႔ေ႐ြးခ်ယ္မႈေတြက မွန္ကန္ေနတာမ်ိဳး ရွိတတ္တယ္၊ ေ႐ြးခ်ယ္စရာေတြက အမ်ားႀကီးပဲ၊ မင္းတို႔က ငယ္ေသးတာမို႔ ဒီေန႕ ထိုင္ခုံေနရာေ႐ြးတာ အပါအဝင္ မင္းတို႔ အဲ့ဒီေနရာကို ေ႐ြးၿပီးမွေတာ့ ဒီေနရာနဲ႕ ေရစက္ရွိတယ္လို႔ ေျပာလို႔ ရတယ္၊ အဲ့ဒီထိုင္ခုံရဲ႕ သံလိုက္စက္ကြင္းက မင္းတို႔ကို ဆြဲေဆာင္လိုက္တာမို႔ မင္းတို႔ အဲ့ဒီထိုင္ခုံေနရာကို ေ႐ြးလိုက္တာ.."

""

လင္းယြီက်င္းက မ်က္ႏွာေသျဖင့္ သူမလြယ္အိတ္ကို သယ္ကာ စင္ျမင့္ကို ေကြ႕ပတ္ေလွ်ာက္ၿပီးေနာက္ အခန္းထဲရွိ တစ္ခုတည္းေသာ ထိုင္ခုံလြတ္ဆီ ေလွ်ာက္သြားကာ ေ႐ြးခ်ယ္စရာမရွိပဲ ထိုင္ခ်လိဳက္သည္။

ရွန္ကြၽမ့္က ထိုင္ခုံကို မွီကာ လ်ိဳဖူက်န္း၏ စကားေၾကာရွည္မႈကို နားေထာင္သည္။ သူ႕ပတ္ဝန္းက်င္အေျခအေနမွာ အေတာ္ေလး ေကာင္းမြန္သည္၊ လူအားလုံးတိတ္ဆိတ္ေနၿပီး ၾကက္ေပါက္ကေလးမ်ား၏ အၾကည့္မွာ သူ႕ဦးေခါင္းေနာက္ဘက္ဆီ မၾကာမၾကာ ေရာက္ရွိလာၿပီး သူ႕ဂႏၶာမာပန္းလက္ဖက္ရည္ထဲ သစ္သီးဖတ္ေလာင္းထည့္ခံရသည့္ ညီအစ္ကိုမွာ တိုက္တိုက္ဆိုင္ဆိုင္ပင္ လင္းယြီက်င္းေနာက္ဘက္တြင္ ထိုင္လ်က္ရွိသည္။ သူက ေလသံတိုးတိုးျဖင့္ သူ႕အတန္းေဖာ္ကို ေျပာျပေနသည္ကို လင္းယြီက်င္း ၾကားလိုက္သည္။

"ငါူး ရွန္ကြၽမ့္က ငါတို႔နဲ႕ တစ္ခန္းထဲဟ"

သူ႕ထိုင္ခုံေဖာ္မွာ ခြန္းတုံ႕မျပန္ေခ်။

ဂႏၶာပန္းလက္ဖက္ရည္က စကားဆက္ဆို၏။

"ဒါဆို သူက ေက်ာင္းတစ္ႏွစ္နားလိုက္တဲ့သေဘာမ်ိဳးပဲေပါ့ ဟုတ္တယ္မလား ၊ ငါကျဖင့္ သူ ေက်ာင္းထုတ္ခံလိုက္ရမယ္လို႔ေတာင္ ထင္ထားတာ"

သူ႕ထိုင္ခုံေဖာ္မွာ အသံတစ္ခ်က္မွမထြက္တိတ္ဆိတ္လ်က္သား။

ဂႏၶာပန္းလက္ဖက္ရည္ ;

"အရင္တစ္ေခါက္ ျပႆနာျဖစ္တဲ့တစ္ေယာက္ကတည္း သူ႕ထိုင္ခုံေဖာ္ပဲမလား ၊ 'သာ့ေလာင္'က ေတာ္ေတာ္ေတာ့ မိုက္သားေနာ္ ၊ ေအးေလ....ေက်ာင္းသားသစ္ကလြဲရင္ ဘယ္သူက သူ႕ေဘးမွာထိုင္ရဲမွာမလို႔လဲ ၊ ေသေအာင္ေၾကာက္ဖို႔ေကာင္းေနတာႀကီး"

[ T/N ; သာ့ေလာင္ - ဆရာႀကီး ၊ အစ္ကိုႀကီး ၊ ေဘာ့စ္ ]

သူ႕ထိုင္ခုံေဖာ္မွာကား အသက္ရွင္လိုစိတ္ အလြန္ျပင္းထန္ပုံရသည္မွာ ေလပင္မလည္ရဲသည္အထိ။

လင္းယြီက်င္းက ေခါင္းသဲ့သဲ့ေလးေစာင္း၍ ရွန္ကြၽမ့္ဘက္သို႔လွည့္ၾကည့္လိုက္သည္။

ဆယ္ေက်ာ္သက္လူငယ္ေလးမွာ လူတစ္ကိုယ္လုံး နံရံဘက္သို႔ေစာင္းမွီထားသည့္အျပင္ ကိုယ္တစ္ျခမ္းကိုလည္း အေရွ႕စားပြဲခုံထက္၌ ေလွ်ာမွီထားေသးသည္။ မ်က္ႏွာကိုလည္း လက္တစ္ဖက္ျဖင့္ေထာက္၍ထိန္းထားၿပီး ဦးေခါင္းအေနာက္ပိုင္းကိုေတာ့ နံရံထက္၌ေမွးမွီထား၏။ ၾကည့္လိုက္လွ်င္ မည္သည့္အႏၱာရယ္မ်ိဳးမွ မေပးနိုင္သည့္အတိုင္းႏွယ္။

ဂႏၶာပန္းလက္ဖက္ရည္က သည္အခ်ိန္တြင္မွ ႐ုတ္ခ်ည္းအသိဝင္လာၿပီး ခပ္တိုးတိုးေလးဆိုလိုက္၏။

"ေအ့....ငါတို႔ ဒီအသံနဲ႕စကားေျပာေနတာကို သာ့ေလာင္မၾကားေလာက္ပါဘူးေနာ္"

ႏွစ္စကၠန့္တိတိ ၿငိမ္က်သြားခဲ့၏။

ရွန္သာ့ေလာင္က ခႏၶာကိုယ္ကိုမတ္မတ္ျပင္ထိုင္လိုက္ၿပီး ေခါင္းလွည့္ၾကည့္လာ၏။ အမူအရာမွာ ပုံမွန္အတိုင္းတည္တည္ၿငိမ္ၿငိမ္ ၊ စကားသံတို႔ကလည္း ေပါ့ေပါ့ပါးပါးျဖစ္ၿပီး အနည္းငယ္ျပင္းေနသည့္ႏွာေခါင္းသံသာ အေအးမိထားသေယာင္ျဖစ္ေန၏။

"ၾကားရတယ္"

ဂႏၶာပန္းလက္ဖက္ရည္ ; "....."

ဂႏၶာပန္းလက္ဖက္ရည္၏မ်က္ႏွာမွာ ျဖဴေဖ်ာ့သြားခဲ့ရၿပီး အအ,ထစ္ထစ္ျဖင့္ ;

"ေတာင္း ေတာင္း ေတာင္းပန္ပါတယ္ေနာ္ ၊ ကြၽန္ေတာ္က မေကာင္းေၾကာင္းေျပာရတာမဟုတ္ပါဘူး ၊ တကယ္မဟုတ္ပါဘူး"

သာ့ေလာင္တစ္ေယာက္ စကားမဆိုေတာ့ဘဲ တစ္ဖက္သို႔ျပန္လွည့္ၿပီး နဂိုပုံစံအတိုင္းျပန္ေခြေခါက္သြားခဲ့သည္။

စာသင္သည့္စတိတ္စင္ထက္မွ လ်ိဳဖူက်န္းသည္ေတာ့ ယခုလက္ရွိၿငိမ္သက္ေနသည့္အေျခအေနအား အေတာ္ပင္စိတ္ေက်နပ္ေနၿပီး ေျပာလက္စမိန့္ခြန္းစကားသည္လည္း အဆုံးသတ္ခါနီးၿပီျဖစ္ရာ လ်ိဳဖူက်န္းက လည္ေခ်ာင္းရွင္းလိုက္၍ ;

"ဆရာတို႔ေတြက အခုဆိုရင္ အတန္းသစ္တစ္ခုစေနၿပီေလ ဟုတ္တယ္မလား ၊ အတန္းပိုင္ဆရာလည္းအသစ္....အတန္းသားေတြလည္းအသစ္....စတင္ျခင္းေတြကလည္း အသစ္ပဲ ၊ ေနာင္ဆိုရင္ အားလုံးက အတန္း(၁၀)ရဲ႕အတန္းသားအုပ္စုႀကီးျဖစ္သြားၾကေတာ့မွာ ၊ အားလုံးကလည္း ကိုယ္ပိုင္အမူအက်င့္ေတြရွိၾကတဲ့ကေလးေတြပါ ၊ ကေလးတို႔ေတြရဲ႕ ေနာင္လာမယ့္သင္ၾကားေရးကာလေတြထဲမွာ သေဘာထားကြဲလြဲမႈေတြ အျခားေသာအခ်င္းပြားစရာေလးေတြလည္း ရွိေကာင္းရွိလာနိုင္တယ္ ၊ ဒါေပမယ့္ ဒီလိုကိစၥေလးေတြေၾကာင့္နဲ႕ အခ်င္းခ်င္းမတည့္ဘဲခြဲျခားဆက္ဆံတာမ်ိဳးကိုေတာ့ ဆရာ့ရဲ႕အတန္းမွာ လုံးဝခြင့္မျပဳပါဘူး!"

လ်ိဳဖူက်န္း မ်က္ႏွာထက္မွ အၿပဳံးစေလးမွာ တျဖည္းျဖည္းေျပေလ်ာ့သြားရမွတဆင့္ ႐ုတ္ခ်ည္းတည္တံ့သြားခဲ့၍ ;

"မင္းတို႔ေတြၾကားမွာ တခ်ိဳ႕အတန္းသားေတြက အခ်င္းခ်င္းရင္းႏွီးၾကေပမယ့္ မရင္းႏွီးၾကေသးတဲ့လူေတြရွိမွန္းလည္း ဆရာသိတယ္ ၊ အဲ့ဒါေၾကာင့္မလို႔ အခု ဆရာက မင္းတို႔ရဲ႕အတန္းပိုင္ဆရာအေနနဲ႕ မင္းတို႔ ၿပီးေျမာက္ေအာင္လုပ္ကိုလုပ္ရမယ့္ ပထမဆုံးသင္ခန္းစာတစ္ခုေပးမယ္ ၊ ကေလးတို႔ေတြအားလုံး.....တစ္ဖက္ကိုလွည့္ၿပီးရင္ မင္းတို႔ရဲ႕ထိုင္ခုံေဖာ္နဲ႕ မ်က္ႏွာခ်င္းဆိုင္ၿပီး တစ္မိနစ္တိတိအၾကည့္ခ်င္းဆုံရမယ္"

"....."

? ? ?

ရွန္ကြၽမ့္ ဝင္လာသည့္အခ်ိန္ကတည္းက ေတာက္ေလွ်ာက္ၿငိမ္သက္ေနခဲ့သည့္စာသင္ခန္းအတြင္း ပထမဆုံးအႀကိမ္ လႈပ္လႈပ္႐ြ႐ြျပန္ျဖစ္လာခဲ့သည္။ ရွိရွိသမွ်လူအားလုံးမွာ အႏွီ႐ူးႏွမ္းႏွမ္းသင္ခန္းစာႀကီးေၾကာင့္ အံ့ၾသကုန္ရရင္း အလိုမက်သည့္ဟန္ျဖင့္ ဆန့္က်င္ခ်င္ၾကေတာ့၏။

"ေလာင္ရွစ္ ၊ ကြၽန္ေတာ္ မလုပ္နိုင္ဘူးဗ်ာ!"

"အရမ္းမ်ားလြန္းတယ္ ေလာင္ရွစ္!"

"က်န္းေကာ! ဒါႀကီးေတာ့မလုပ္ပါနဲ႕!"

"ငါ-ူး 'စုန့္က်စ္မင္' ၊ ငိုး....မင္း ငါ့ကို ႀကိဳက္ေနသလိုမ်ိဳးႀကီးစိုက္မၾကည့္နဲ႕!"

ဗုဒၶလမ္းစဥ္မ်ားက်င့္သုံးသည့္လ်ိဳဖူက်န္းတစ္ေယာက္မွာကား ဤနည္းလမ္းသည္ အတန္းသားမ်ားၾကားမွခ်စ္ၾကည္ေရးကို ေသခ်ာေပါက္တိုးပြားလာေစနိုင္မည္ဟု တိတိက်က်လက္ကိုင္ထား႐ုံကလြဲ အျခားရည္႐ြယ္ခ်က္မ်ိဳးမရွိ။ အဆုံးတြင္ေတာ့ အားလုံးမွာ ေ႐ြးခ်ယ္စရာမရွိသည့္အဆုံးတြင္ မိမိ၏ထိုင္ခုံေဖာ္သူငယ္ခ်င္းအား မၾကည့္ခ်င္ၾကည့္ခ်င္ျဖင့္ စိုက္ၾကည့္ၾကရေတာ့၏။

လင္းယြီက်င္းလည္း စကားမဆိုဘဲတစ္ဖက္သို႔လွည့္လိုက္သည္။ ရွန္ကြၽမ့္သည္လည္း ေကာင္မေလး၏စကားတစ္ခြန္းမဆိုဘဲၿငိမ္ေနသည့္အၾကည့္မ်ားႏွင့္ တည္တည္ၿငိမ္ၿငိမ္ပင္ ထိပ္တိုက္ဆုံေစလိုက္သည္။

စာသင္သည့္စတိတ္စင္ထက္တြင္ေတာ့ လ်ိဳဖူက်န္းက အခ်ိန္ေရတြက္ေနၿပီျဖစ္၏။

"အသင့္ျပင္ထားမယ္! စၿပီ!"

လင္းယြီက်င္းမွာ ရွန္ကြၽမ့္ႏွင့္အၾကည့္ခ်င္းဆုံထားရင္း အာ႐ုံမလႊင့္သြားေစရန္အတြက္လည္း ႀကိဳးစားၿပီးထိန္းထား၏။

လ်ိဳဖူက်န္း ; "ဆယ္စကၠန့္!"

အခုမွ ဆယ္စကၠန့္ပဲရွိေသးတာလား.....

"စကၠန့္ႏွစ္ဆယ္"

လင္းယြီက်င္း၏တစ္ကိုယ္လုံး စတင္၍ေတာင့္တင္းလာရေတာ့၏။

"စကၠန့္သုံးဆယ္"

လင္းယြီက်င္းမွာ စကားေျပာလိုက္ရေကာင္းနိုးနိုးျဖင့္ စတင္၍ဗ်ာမ်ားလာခဲ့သည္။

အကယ္၍ စကားမေျပာဘဲေနပါက သူမ၏မ်က္ႏွာေၾကာမ်ား တြန့္လိမ္ကုန္ေတာ့မည္ေပ။

ရွန္ကြၽမ့္ထံၾကည့္လိုက္လွ်င္ေတာ့ သူဟာ အရိုးမပါသည့္အေနအထားအတိုင္းသာမွီလ်က္ရွိၿပီး သူ၏ထိုင္ခုံေဖာ္အသစ္ေလးအား မမွိန္မေသြျဖင့္စိုက္ၾကည့္ေနေလသည္။

ရွန္ကြၽမ့္အေနျဖင့္ ဆန့္က်င္ဘက္လိင္၏႐ုပ္ရည္တို႔အေပၚ ေဝဖန္ခြဲျခားနိုင္သည့္အရည္အခ်င္းမွာ သိပ္မရွိလွ။ တစ္ခါတစ္ေလ က်န္းဟန္၊ဝမ္ရိရန္တို႔က သူ႕အထင္အျမင္၌ မည္သည့္ေကာင္မေလးမ်ိဳးကပိုလွေၾကာင္းေမးလာသည့္အခါ သူ႕အေနျဖင့္ အားလုံးဟာ သိပ္မထူးမျခားနားဟူ၍သာ ထင္ခဲ့သည္။

သူ၏ ဤထိုင္ခုံေဖာ္အသစ္ေလး၏႐ုပ္ရည္မွာေတာ့ အေတာ္ေလးမွတ္မိေစနိုင္ေလာက္မည့္အထဲတြင္ပါ၏။

ပိုနီေတးလ္သ႑ာန္ ခပ္ျမႇင့္ျမႇင့္ျမႇောက္စည္းထားသည့္ဆံပင္ပုံစံ ၊ မီနီစကတ္ခပ္ဝဲဝဲ ၊ အနက္ေရာင္လည္သာဖိနပ္ႏွင့္တြဲဖက္ၿပီး ဒူးအထိရွည္သည့္အသားကပ္ေျခအိတ္တို႔အား ေျခတံရွည္ရွည္ေလးမ်ားထက္၌ ဝတ္ဆင္ထားသည္။

ဗာဒံေစ့သ႑ာန္မ်က္ဝန္းမ်ားက အေပၚဘက္သို႔အနည္းေလးမွ်ေကာ့ၫႊတ္ေနၿပီး မ်က္ရစ္တို႔မွာခပ္ပါးပါး ၊ အသားအရည္မွာလည္း ျဖဴေဖြးၿပီးၾကည္လင္ေန၏။ ဤမွ်နီးကပ္လြန္းသည့္အကြာအေဝးေၾကာင့္ ရွန္ကြၽမ့္မွာ ေကာင္မေလး၏ႏွာေခါင္းထိပ္မွ အေမြးႏုႏုေလးမ်ားကိုပင္ ျမင္ေနရသည္။

မ်က္ေတာင္ေမြးတို႔ကလည္း ေျပာစမွတ္ျပဳရေလာက္သည္အထိ ရွည္လ်ားလြန္းေသး၏။

အရင္က ဘာလို႔သတိမထားမိခဲ့တာလဲမသိ ၊ က်န္းဟန္ အဲ့အ႐ူးေကာင္ရဲ႕အျမင္က မဆိုးဘူးပဲ.....

"စကၠန့္ငါးဆယ္!"

လ်ိဳဖူက်န္းက ခြန္အားေပးဖို႔ရာလည္း မေမ့ပါေခ်။

"ေတာင့္ထားၾက! ၿပီးေတာ့မွာေနာ္! ေအာင္ျမင္မႈက အေရွ႕ေလးမွာတင္ပဲ!"

ထိုင္ခုံေဖာ္အသစ္ေလးက ႐ုတ္တရက္ စကားစလာ၏။

"နင္ အေအးမိေနတာလား"

"အမ္?"

ရွန္ကြၽမ့္မွာ ေကာင္မေလး၏မ်က္ေတာင္ေမြးမ်ားကို စိုက္ၾကည့္ေနရင္း ႐ုတ္ခ်ည္းအာ႐ုံလႊဲခံလိုက္ရျခင္းေၾကာင့္ 'အင္း'ဟု အသံတစ္ခ်က္ျပဳလိုက္သည္။

"နည္းနည္း"

"နင္ ဝယ္ေပးတဲ့ထမင္းလုံးေလ"

ထိုင္ခုံေဖာ္အသစ္ေလးက စကားဆက္ဆို၍ ;

"ငါ အဲ့ဒီညက စားဖို႔ေမ့သြားတာ ၊ ေနာက္ေန႕ အိပ္ရာနိုးလာေတာ့ မေကာင္းေတာ့ဘူး"

"မေကာင္းေတာ့ဘူးဆိုေတာ့လည္း မေကာင္းေတာ့ဘူးေပါ့"

ရွန္ကြၽမ့္မွာ ထမင္းလုံးစားျခင္းမစားျခင္း ကိစၥအား အဘယ္မွာစိတ္ထဲထည့္ေနပါ့။

"ေကာင္းၿပီ! အခ်ိန္ျပည့္ၿပီ!"

ကသိကေအာက္နိုင္မႈႀကီးေၾကာင့္ မၾကာခင္အတြင္းထူပူ၍သတိလစ္ရပါေတာ့မည့္အခ်ိန္တြင္မွာမွ လင္းယြီက်င္းမွာ လ်ိဳထူက်န္း၏အသက္ကယ္ေအာ္သံေလးအား ၾကားလိုက္ရေတာ့သည္။

ပုခုံးႏွစ္ဖက္လုံးေျပေလ်ာ့သြားရသည္ႏွင့္အတူ သက္ျပင္းတစ္ခ်က္ခ်ရင္း တစ္ဖက္သို႔အလွည့္၌လည္း အသက္ရွင္ခြင့္ရၿပီဟူေသာခံစားခ်က္ေလးပါ ခံစားမိလိုက္ရေသး၏။

လ်ိဳဖူက်န္းသည္ေတာ့ အေတာ္ေလးတက္ႂကြေနကာ အတန္းပိုင္ဆရာတစ္ေယာက္၏ပထမဆုံးေျခလွမ္းအား ေအာင္ေအာင္ျမင္ျမင္လွမ္းလိုက္နိုင္ၿပီဟုပင္ ထင္ေနပုံရသည္။ သို႔ႏွင့္ စာသင္စားပြဲထက္တင္ထားေသာ 'သင္ ပုန္ကန္တတ္တဲ့လူငယ္ေလးကို ၾကည့္ေနတဲ့အခ်ိန္မွာ ပုန္ကန္တတ္တဲ့လူငယ္ေလးကလည္း သင့္ကိုျပန္ၾကည့္ေနလိမ့္မယ္' ဟူေသာစာအုပ္အား တိတ္တိတ္ေလး လွမ္းၾကည့္လိုက္သည္။

[ -- ဒုတိယေျခလွမ္း : 'စကားေျပာပါ'။ သင္က ခက္ခဲလွတဲ့ ပထမေျခလွမ္း : 'ၾကည့္ပါ' ကို ျဖတ္ေက်ာ္နိုင္ၿပီးၿပီဆိုရင္ ဒါဟာ တစ္ဝက္ေအာင္ျမင္လာၿပီးၿပီလို႔ယူဆနိုင္ပါတယ္။ ဘယ္လိုပဲဆိုဆို ပထမဆုံးေျခလွမ္းက အၿမဲတမ္းအခက္ဆုံးျဖစ္ခဲ့တာပါပဲ။ အဲ့ဒါေၾကာင့္ သင္က အခုဆိုရင္ သူတို႔ေလးေတြကို သူတို႔ေလးေတြရဲ႕ၾကင္နာတတ္မႈအေၾကာင္း ကိုယ္စီကိုယ္က် 'ထုတ္ေျပာ' ခိုင္းရမွာပါ။ သင္ သိထားရမွာကေတာ့ အခု သင္ ရင္ဆိုင္ေနရတာက ပုန္ကန္တတ္တဲ့လူငယ္အုပ္စုေလး....]

က်န္ေနေသးသည့္စာပိုဒ္မွာ ေနာက္တစ္မ်က္ႏွာသို႔လွန္ရမည္ျဖစ္ေသာေၾကာင့္ လ်ိဳဖူက်န္းက သူ႕နည္းသူ႕လမ္းျဖင့္ဆက္သြားရန္ ဆုံးျဖတ္လိုက္သည္။

သူဟာ ေျမျဖဴကိုေကာက္ကိုင္ ၊ တစ္ဖက္သို႔လွည့္ၿပီး ေက်ာက္သင္ပုန္းထက္၌ စကားလုံးေလးလုံးအား အလွပဆုံးႏွင့္ႀကီးႀကီးေလးေရးသားလိုက္သည္ -- ကြၽန္ေတာ့္ရဲ႕ထိုင္ခုံေဖာ္။ ( ေဝၚသယ္ထုံေက်ာ )

လ်ိဳဖူက်န္းက လက္ခုပ္တီးရင္းျဖင့္ ၿပဳံးၿပဳံးႀကီးလွည့္လာျပန္၏။

"အခုကေတာ့....ဆရာက မင္းတို႔ေတြကို သုံးမိနစ္အခ်ိန္ေပးမယ္ ၊ အခုတုန္းက အၾကည့္ခ်င္းဆုံလိုက္တဲ့အခ်ိန္တြင္းမွာ မင္းတို႔ရဲ႕ထိုင္ခုံေဖာ္အေပၚျမင္တဲ့ ပထမဆုံးထင္ျမင္ခ်က္ကို အားလုံးစဥ္းစားထားၾက ၊ ခုဏေနက်ရင္ ေက်ာင္းသားတစ္ေယာက္ခ်င္းစီတိုင္းက အေရွ႕ထြက္ၿပီး မင္းတို႔ရဲ႕ထိုင္ခုံေဖာ္အေပၚျမင္မိတဲ့ ပထမဆုံးထင္ျမင္ခ်က္အေၾကာင္းကို ေျပာျပရမယ္ ၊ မင္းတို႔မ်က္လုံးထဲမွာ သူက ဘယ္လိုမ်ိဳးလဲေပါ့"

"......"

? ? ? ? ?

စကားဆုံးသည္ႏွင့္ လ်ိဳဖူက်န္းက သူမ၏စာေရးခုံဘက္သို႔ လက္ညွိုးထိုးလာ၍ ;

"ဒီဘက္ကေန စၾကတာေပါ့ကြာ ၊ လင္းယြီက်င္း....သမီး အရင္ဆုံးလာခဲ့"

လင္းယြီက်င္း : "....."

ငါ-ူးပဲေဟ့!.....

-------

စာေရးသူတြင္ ေျပာစရာရွိသည္ ;

လင္းယြီက်င္း ; "ဘာကိုေျပာရမွာလဲ ၊ ငါ-ူး ဘာေျပာရမွာလဲလို႔"

ေက်ာင္းသားရွန္ကြၽမ့္ မင္း ဘယ္လိုျဖစ္တာလဲေနာ္ ၊ မင္းကို ထိုင္ခုံေဖာ္နဲ႕ အၾကည့္ခ်င္းပဲဆုံခိုင္းတာေလ ၊ ထိုင္ခုံေဖာ္ရဲ႕အသားကပ္ေျခအိတ္ရွည္ရွည္ေလးကို ဘာလုပ္ဖို႔သြားၾကည့္တာလဲ?

********

Continue Reading

You'll Also Like

645K 31.1K 26
𝐓𝐡𝐞 𝐔𝐧𝐞𝐱𝐩𝐞𝐜𝐭𝐞𝐝 𝐬𝐞𝐫𝐢𝐞𝐬 ~ 𝐁𝐨𝐨𝐤 𝟐 Sara Zafar, once a vibrant, effervescent spirit, embarks on a new chapter of her life in New Y...
4.1M 260K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
526K 28.8K 48
𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐨𝐟 𝐈𝐬𝐡𝐪 𝐤𝐢 𝐝𝐚𝐬𝐭𝐚𝐧 advika: "uski nafrat mere pyaar se jeet gayi bhai meri mohabbat uski nafrat ke samne kamzor padh gay...
369K 5K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...