ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွ...

By jellyflower1

20.8K 2K 4

အပိုင်း (၂၀၀ မှ ongoing) More

စာစဉ်(၁၅) ep201+202+203+204+205
Ep 206+207+208+209+210
စာစဉ်(၁၆) ep211+212+213
ep 214+215+216
ep 217+218+219
ep 220+221+222
Ep 223+224+225
စာစဉ်(၁၇) Ep 226+227+228
Ep 229+230+231
Ep 232+233+234
Ep235+236+237
Ep238+239+240
Ep 244+245+246
Ep 247+248+249
Ep 250+251+252
Ep 253+254+255
စာစဉ်(၁၉) 256+257+258
Ep 259+260+261
Ep 262+263+264
Ep 265+266+267
Ep 268+269+270
စာစဉ်(၂၀) Ep 271+272+273
Ep 274+275+276
Ep 277+278+279
Ep 280+281+282
Ep 283+284+285
စာစဉ်(၂၁) Ep 286+287+288
Ep 289+290+291
Ep 292+293+294
Ep 295+296+297
Ep 298+299+300
စာစဉ်(၂၂) Ep 301+302+303
Ep 304+305+306
Ep 307+308+309
Ep 310+311+312
Ep 313+314+315
စာစဉ်(၂၃) Ep 316+317+318
Ep 319+320+321
Ep 322+323+324
Ep 325+326+327
Ep 328+329+330
စာစဉ်(၂၄) Ep 331+332+333
Ep 334+335+336
Ep 337+338+339
Ep 340+341+342
Ep 343+344+345
စာစဉ်(၂၅) Ep 346+347+348
Ep 349+350+351
Ep 352+353+354
Ep 355+356+357
Ep 358+359+360
စာစဉ်(၂၆) Ep 361+362+363
Ep 364+365+366
Ep 367+368+369
Ep 370+371+372
Ep 373+374+375
စာစဉ်(၂၇) Ep 376+377+378
Ep 379+380+381
Ep 382+383+384
Ep 385+386+387
Ep 388+389+390
စာစဉ်(၂၈) Ep 391+392+393
Ep 394+395+396
Ep 397+398+399
Ep 400+401+402
Ep 403+404+405
စာစဉ်(၂၉) Ep 406+407+408
Ep 409+410+411
Ep 412+413+414
Ep 415+416+417
Ep 418+419+420
စာစဉ်(၃၀) 421+422+423
Ep 424+425+426
Ep 427+428+429
Ep 430+431+432
အပိုင်း(၄၃၃)
အပိုင်း(၄၃၄)
အပိုင်း(၄၃၅)
အပိုင်း(၄၃၆)
အပိုင်း(၄၃၇)
အပိုင်း(၄၃၈)
အပိုင်း(၄၃၉)
အပိုင်း(၄၄၀)
အပိုင်း(၄၄၁)
အပိုင်း(၄၄၂)
အပိုင်း(၄၄၃)
အပိုင်း(၄၄၄)
အပိုင်း(၄၄၅)
အပိုင်း(၄၄၆)
အပိုင်း(၄၄၇)
အပိုင်း(၄၄၈)
အပိုင်း(၄၄၉)
အပိုင်း(၄၅၀)
အပိုင်း(၄၅၁)
အပိုင်း(၄၅၂)
အပိုင်း(၄၅၃)
အပိုင်း(၄၅၄)
အပိုင်း(၄၅၅)
အပိုင်း(၄၅၆)
အပိုင်း(၄၅၇)
အပိုင်း(၄၅၈)
အပိုင်း(၄၅၉)
အပိုင်း(၄၆၀)
အပိုင်း(၄၆၁)
အပိုင်း(၄၆၂)
အပိုင်း(၄၆၃)
အပိုင်း(၄၆၄)
အပိုင်း(၄၆၅)
အပိုင်း(၄၆၆)
အပိုင်း(၄၆၇)
Roချင်သူများအတွက်
အပိုင်း(၄၆၈)
အပိုင်း(၄၆၉)
အပိုင်း(၄၇၀)
အပိုင်း(၄၇၁)
အပိုင်း(၄၇၂)
အပိုင်း(၄၇၃)
အပိုင်း(၄၇၄)
အပိုင်း(၄၇၅)
အပိုင်း(၄၇၆)
အပိုင်း(၄၇၇)
အပိုင်း(၄၇၈)
အပိုင်း(၄၇၉)
အပိုင်း(၄၈၀)
အပိုင်း(၄၈၁)
အပိုင်း(၄၈၂)
အပိုင်း(၄၈၃)
အပိုင်း(၄၈၄)
အပိုင်း(၄၈၅)
အပိုင်း(၄၈၆)
အပိုင်း(၄၈၇)
အပိုင်း(၄၈၈)
အပိုင်း(၄၈၉)
အပိုင်း(၄၉၀)
အပိုင်း(၄၉၁)
အပိုင်း(၄၉၂)
အပိုင်း(၄၉၃)
အပိုင်း(၄၉၄)
အပိုင်း(၄၉၅)
အပိုင်း(၄၉၆)
အပိုင်း(၄၉၇)
အပိုင်း(၄၉၈)
အပိုင်း(၄၉၉)
အပိုင်း(၅၀၀)
အပိုင်း(၅၀၁)
အပိုင်း(၅၀၂)
အပိုင်း(၅၀၃)
အပိုင်း(၅၀၄)
အပိုင်း(၅၀၅)
အပိုင်း(၅၀၆)
အပိုင်း(၅၀၇)
အပိုင်း(၅၀၈)
အပိုင်း(၅၀၉)
အပိုင်း(၅၁၀)
အပိုင်း(၅၁၁)
အပိုင်း(၅၁၂)
အပိုင်း(၅၁၃)
အပိုင်း(၅၁၄)
အပိုင်း(၅၁၅)
အပိုင်း(၅၁၆)
အပိုင်း(၅၁၇)
အပိုင်း(၅၁၈)
အပိုင်း(၅၁၉)
အပိုင်း(၅၂၀)
အပိုင်း(၅၂၁)
အပိုင်း(၅၂၂)
အပိုင်း(၅၂၃)
အပိုင်း(၅၂၄)
အပိုင်း(၅၂၅)
အပိုင်း(၅၂၆)
အပိုင်း(၅၂၇)
အပိုင်း(၅၂၈)
အပိုင်း(၅၂၉)
အပိုင်း(၅၃၀)
အပိုင်း(၅၃၁)
အပိုင်း(၅၃၂)
အပိုင်း(၅၃၃)
အပိုင်း(၅၃၄)
အပိုင်း(၅၃၅)
အပိုင်း(၅၃၆)
အပိုင်း(၅၃၇)
အပိုင်း(၅၃၈)
အပိုင်း(၅၃၉)
အပိုင်း(၅၄၀)
အပိုင်း(၅၄၁)

စာစဉ်(၁၈) Ep 241+242+243

162 10 0
By jellyflower1

အပိုင်း (၂၄၁)

ဒီစုံတွဲလေးကို အားပေးဖို့ဆုံးဖြတ်လိုက်ပြီ

 
 
 
မို့ထင်နှင့်ထျန်းနင်၏ဆက်ဆံရေးနှင့် ပတ်သက်ဆက်နွှယ်ပြီး ပုံမှန်အားဖြင့် လူအများစုက ကောလာဟလ သတင်းများကို ဖြန့်ဝေကြသည်။ သို့တိုင် ဟိုက်ဟွေ့၏သတင်းအဖွဲ့ အရှိန်အဝါကို ထိတ်လန့်မိ၍ ပြဿနာကိုပုံကြီး မချဲ့ရဲကြပေ။
ထျန်းနင်၏တင်ပါးဒဏ်ရာပြင်းထန်လွန်း၍ အိပ်ရာပေါ်မှာ လဲလျောင်းနေရပြီး တခြားသူအကူအညီပါမှ အိပ်ရာပေါ်မှထနိုင်သည်။
ထို့ကြောင့်လည်း နောက်တစ်နေ့မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ထျန်းနင်၏လည်ပင်းများ ခြောက်ကပ်နေပြီး စကားမပြောနိုင် ဖြစ်နေသည်။ သူမ၏ခံစားချက်နှင့် အတွေးအမြင်ကို လက်ဟန်အမူအရာဖြင့်သာ ဖော်ပြနိုင်စွမ်းရှိသည်။
မို့ထင်က သူမ၏အိပ်ရာဘေးနားမှာထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို မဆိုသလောက်လေး လှည့်လိုက်ပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးကြည့်နေသည်။ ထျန်းနင်က ပွန်းပဲ့ဒဏ်ရာကြောင့် နူးညံ့သည့် အသားစပျက်စီးသွားပြီး ၁၅ရက်တိတိ အပြည့်အဝအနားယူမှသာ ဒဏ်ရာသက်သာ ပျောက်ကင်းလိမ့်မည်။
ထျန်းနင်က မို့ထင်၏ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းနေပြီး သူမ အသက်ဆက်ရှင်နိုင်မည့် ကိုယ်သင်းရနံ့လေးကို အရူးအမူး နမ်းရှိုက်နေသည်။
မို့ထင်က သူမ၏ဦးခေါင်းလေးကို သူ့ပေါင်ပေါ် ညင်ညင်သာသာတင်လိုက်ပြီး သူမ၏မျက်နှာကို ကွယ်ထားသည့် ဆံနွယ်များကို ကြင်ကြင်နာနာ သပ်ပေးလိုက်သည်။
“ချစ်လေး နေကောင်းတော့မှာပါ”
“ဒီညလည်း တစ်ညလုံး မအိပ်မနေအလုပ်တွေ လုပ်ဦးမှာလား”
ထျန်းနင်က မတ်တတ်ထရပ်နိုင်စွမ်းမရှိ၍ မလှုပ်မယှက်ဖြင့် ဤမေးခွန်းကို မေးမြန်းလိုက်သည်။ သူမ စကားပြောနေစဉ် မျက်တောင်လေးများက ညင်သာစွာ လှုပ်ခတ်သွားသည်။
“ကိုယ်က တန်ခိုးရှင် မဟုတ်ဘူးလေ။ သေချာပေါက် အနားယူဖို့လိုအပ်တာပေါ့”
မို့ထင်က သူမ၏ပါးမို့မို့လေးကို သူ့လက်ဖဝါးဖြင့် ကြင်နာစွာ ဖွဖွလေးကို ထိတွေ့လိုက်သည်။
“နိုင်ငံခြားပြိုင်ပွဲမှာ ချစ်လေးရဲ့နာမည်ကို စာရင်းပေးထားတယ်”
“ဘယ်လိုယှဉ်ပြိုင်ပွဲမျိုးလဲ”
မို့ထင်၏မျက်ဝန်းအကြည့်က ထျန်းနင်၏ခန္ဓာကိုယ် ကောက်ကြောင်းအတိုင်း ရွေ့လျားသွားပြီး သူမ၏ခြေထောက်မှာ ရပ်တန့်သွားသည်။
“ချစ်လေးက ပြိုင်ပွဲအဆင့်သတ်မှတ်ချက် စာရင်းမှာ ဝင်နိုင်တယ်လို့ ကိုယ်ခံစားမိတာ ဘာကြောင့်မှန်းတော့ မသိဘူး။ အခုအချိန်တော့ အဲဒီပြိုင်ပွဲကိစ္စကို မပြောသေးဘူးလေ”
“အခုအချိန်အထိ ချင်းယွီက သူ့အမှားကို မဝန်ခံသေးဘူးလား”
“ည ၁၁နာရီ ၅၉မိနစ် မရောက်မချင်း ရှေ့ထွက်လာမှာ မဟုတ်ဘူး”
ချင်းယီလို အကျင့်စရိုက်ရှိသည့်လူစားမျိုးကို မို့ထင် ကြုံတွေ့ဖူး၍ အလွယ်တကူအရှုံးကို ဝန်ခံမှာမဟုတ်မှန်း သိနေသည်။
နောက်ဆုံးစက္ကန့်ပိုင်း မရောက်မချင်း သူ့အမှားကို ဝန်ခံချင်စိတ်ဖြစ်လာအောင် ကြံရွယ်နိုင်သည့်နည်းလမ်း မရှိပေ။
“အဲဒီမိန်းမကို တမင်တကာ စိတ်ဒုက္ခပေးဖို့ ကြံရွယ်ခဲ့တာမလား”
ထျန်းနင်က ခိုးခိုးခစ်ခစ်ရယ်မောလိုက်ပြီး မို့ထင်၏လက်ကို လှမ်းဆွဲကာ သူမ၏လက်ချောင်းလေးများနှင့် သူ့လက်ချောင်းလေးများကို ချည်နှောင်ထားသည်။
ထျန်းနင်၏စိတ်တည်ငြိမ်မှန်း မြင်တွေ့ရမှ အင်တာနက်သုံးစွဲသူများ၏ ပို့စ်များကို တစ်စုတစ်စည်းတည်း စုဆောင်းထားသည့်ဖိုင်ကို ထုတ်ပြလိုက်သည်။
ထျန်းနင်က အများပြည်သူ၏ သုံးသပ်ချက်အမြင်များ လှန်လှော ဖတ်ရှုလိုက်ပြီး ရုတ်တရက် စိတ်နှောင့်သွားသည်။
“သူတို့တွေ အကုန်သိသွားပြီလား”
“ကိုယ်က ချစ်လေးရဲ့မန်နေဂျာပါလို့ ကြေညာလိုက်တာ သူတို့က ဘုမသိဘမသိဖြစ်နေဦးမယ်လို့ ချစ်လေးက ထင်နေလား”
မို့ထင်က တခစ်ခစ်ရယ်မောလိုက်သည်။
“ဒါပေမဲ့ ကိုယ်တို့ဘက် ဝန်မခံသရွေ့ သူတို့မှာအဖြေရှိလာမှာ မဟုတ်ဘူး။ အခုတော့ ကိုယ်တို့ဆက်ဆံရေးကို စုံစမ်းဖို့ သူတို့နည်းသူတို့ဟန်နဲ့ ဆက်ရှာခွင့်ပေးလိုက်ပါ။ ဒါပေမဲ့ သူတို့တွေကို ဆက်ခန့်မှန်းခွင့်ပဲ ပေးထားမယ်”
မို့ထင်က ဝန်ခံခြင်းမရှိသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ပေ။ မို့ထင်က မန်နေဂျာ အနေဖြင့် လုပ်သင့်သည့်အလုပ်ကို လုပ်ဆောင်ပြီး သူကာကွယ်ပေးချင်သူကို ရိုးရှင်းစွာ ကာကွယ်ပေးနေသည်။
ထျန်းနင်၏တာဝန်က သူမ၏ဘဝရည်မှန်းချက် အောင်မြင်ရန် အကောင်းဆုံး အာရုံစိုက်ရမည်။
“နောက်ဆုံးတော့ သူတို့အားလုံးက အမှန်တရားကို ရှာတွေ့နိုင်မှာပါ”
“ချစ်လေး ကြောက်နေလို့လား”
မို့ထင် မေးမြန်းလိုက်သည်။
ထျန်းနင် ခေါင်းခါလိုက်သည်။ အများပြည်သူ၏ထင်ကြေးကို ပထမဆုံး မြင်တွေ့ရချိန်ကထက် ပို၍ စိုးရိမ်သောက ကင်းဝေးနေသည်။
“မကြောက်ပါဘူး။ အခုလို အခြေအနေလေး ပိုသဘောကျမိတယ်။ ဒီလိုနည်းလမ်းနဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းလိုက်တာက ချစ်လေးတို့ရဲ့ အချစ်ရေးကို ကြေညာမလား ဖုံးကွယ်မလားကို ဆုံးဖြတ်ခွင့်ရှိတဲ့သူက ချစ်လေးတို့မှန်း သတင်းထောက်တွေ သိသွားအောင် လုပ်နိုင်တဲ့အပါးနပ်ဆုံး နည်းလမ်းပဲ”
မို့ထင်က ထျန်းနင်၏မန်နေဂျာဟု ကြေညာလိုက်တည်းက လျှို့ဝှက်ချက်ကို ဖော်ထုတ်ချင်သူ၊ စက်ဆုပ်သည့်ခံစားချက် ခံစားနေရသူ၊ သူတို့ကို သိက္ခာချချင်သူနှင့် ရိုမန်တစ်ဆန်သည့် အချစ်ရေးကိစ္စလေးကို အားပေးသည့် ပရိသတ်များလည်း ပေါ်လာခဲ့သည်။
“စိတ်ကူးယဉ်ဆန်သည့်မိန်းကလေးအများစုရဲ့ အမြင်မှာ အားမာန်အပြည့်ရှိတဲ့ ကျားကြီး ကာကွယ်မှုကို ခံယူနေရတဲ့ ချစ်စရာကောင်းလွန်း ကြောင်မလေးထျန်းနင် ဖြစ်နေတာပေါ့”
“သူတို့နှစ်ယောက်က အရမ်း လိုက်ဖက်ညီတယ်။ သူတို့ဘာသာ ဝန်ခံချင်ဝန်ခံ မဝန်ခံချင်နေပေါ့။ ငါကတော့ သူတို့ကြား သင်္ဘောကြီးလွှင့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ”
“ထျန်းနင်ရဲ့ခြေတံရှည်လေးရယ် မို့သူဌေးရဲ့ 1.9မီတာ အရပ်အမောင်းက လိုက်ဖက်ညီလွန်းတယ်ကွာ။ ငါတော့ အရင်တုန်းတည်းက LM ကြော်ငြာကို ထင်ကြေးမပေးဖူးဘူး။ ဒါပေမဲ့ အခုနောက်တစ်ခေါက် ထပ်ကြည့်မိတော့ အချစ်တွေပြည့်နှက်နေသလို ခံစားမိတယ်”
“ငါတို့ရဲ့နာမည်ကျော် စီအီးအိုကြီးက သူ့ဂုဏ်သိက္ခာကို တစ်ဆင့်လျှော့ချပြီး မော်ဒယ်လေးရဲ့မန်နေဂျာ လုပ်တယ်။ အချစ်ကြောင့်သာ အခုလိုမျိုးလုပ်နိုင်တာပေါ့ မဟုတ်ဘူးလား”
မို့ထင်က ထျန်းနင်ကို ဆုပေးပွဲအခမ်းအနားမှာ အကူအညီပေးရန် ရောက်လာသည့်မြင်ကွင်းကို ပရိသတ်တစ်ဦးက ရုပ်ပြကာတွန်း ရေးဆွဲကာ စာတင်ထားသည်။
ထျန်းနင်တို့၏ ရိုမန်တစ်ဆန်သည့်အပြုအမူကြောင့် ပရိသတ်များမှာ အားကျရလွန်း၍ နှာခေါင်းသွေးလျှံရသည်။
“ငါကတော့ တခြားသူတွေနဲ့ဆန့်ကျင်ဘက်ပဲ သူတို့ဆက်ဆံရေးကို လျှို့ဝှက်ထား စေချင်သေးတယ်”
“မို့သူဌေးက ထျန်းနင်ကို သဘောကျတယ်မလား”
“ထျန်းနင်လို အေးတိအေးစက် တည်တည်ငြိမ်ငြိမ် အကျင့်စရိုက်ရှိတဲ့မိန်းကလေးက မို့သူဌေးကြီးရဲ့ချစ်ခြင်းကို လိုအပ်တာပေါ့။ ငါတော့ တကယ် ကျေနပ်တယ်”
ထျန်းနင်က သူတို့အားလုံး၏ကွန့်မန့်လေးကို ဖတ်ရှုပြီး ကြည်နူးနေမိသည်။
လုချယ်က စာထည့်ထားသည့်သေတ္တာလေးနှင့် လက်ဆောင်ပစ္စည်းများကို ယူဆောင်လာပြီး Hyatt Regencyကို ရောက်လာခဲ့သည်။
“ဒါတွေကိုလည်း ပရိသတ်တွေပေးတာပဲ။ ပစ္စည်းတချို့က မဒမ်ကိုပေးတာ။ တချို့ပစ္စည်းတွေက သူဌေးကို လက်ဆောင်ပေးကြတာပါ”
“ဒီလက်ဆောင်တွေအားလုံးကို တစ်နေ့တည်းနဲ့ရလာတာပါ”
ထျန်းနင်က စာအိတ်လေးများ ဖွင့်ဖတ်လိုက်သည်။
“ခန့်ညားချောမောပြီး အသန်မာဆုံး ဘော်ဒီဂတ်ကြီးကို မန်နေဂျာအဖြစ် ပိုင်ဆိုင်ထားတဲ့ ထျန်းနင်ကို ငါတို့အားလုံးက ဂုဏ်ပြုပါတယ်”
ထျန်းနင်က ပါးချိုင့်လေးများ ပေါ်လာသည်အထိ ပြုံးလိုက်သည်။
“ဒီလူတွေက မို့သူဌေးကြီးဆီ ဒီလိုစာတွေရေးပြီး ပို့ရဲလောက်တဲ့သတ္တိရှိခဲ့မယ်လို့ ထင်ကိုမထင်ခဲ့မိဘူး။ ထျန်းနင်သာ ဘေးနားရှိနေရင် မို့သူဌေးက ချဉ်းကပ်လို့မရတဲ့ ကြောက်စရာကောင်းတဲ့သူဌေးကြီး မဟုတ်တော့ဘူး”
ထျန်းနင်က လုချယ်လက်ထဲမှ သေတ္တာလေးကို လက်လွှဲယူလိုက်ပြီး စိတ်လှုပ်ရှားနေရသည်။
“စာထဲမှာ မို့ထင်အကြောင်း ဘာတွေရေးထားသေးလဲ”
ထျန်းနင်က မို့ထင်အတွက် ပေးထားသည့်စာတစ်စောင်ကို စပ်စပ်စုစုဖွင့်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။
“မို့သူဌေးကို တိုက်ရိုက်စကားပြောခွင့်ရလို့ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ အရဲကိုးပြီး ပြောချင်တာတော့ မို့သူဌေးက အရမ်းကို ချောတယ်”
“မဒမ် ပျင်းရင် ဒီစာလေးတွေကိုဖတ်ပြီး အပန်းဖြေလို့ရပါတယ်”
လုချယ်က စာအိတ်သေတ္တာလေးကို ထျန်းနင်ဘေးနားက ကြမ်းပြင်ပေါ် ထားပေးလိုက်သည်။
ထို့နောက် ထျန်းနင်က အဝါရောင်စာအိတ်လေးကို ဆွဲထုတ်လိုက်သည်။ သို့သော်လည်း စာတစ်ကြောင်းမှ မပါဝင်ဘဲ ဓာတ်ပုံတစ်ပုံကိုသာ မြင်တွေ့ရသည်။
ဓာတ်ပုံထဲမှာ သူမက ယောက်ျားတစ်ယောက်ကို နမ်းနေသည်။
ဓာတ်ပုံထဲမှာ နမ်းနေသည့်အမျိုးသားကို ခန့်မှန်းနေစရာပင် မလိုအပ်ချေ။ သတင်းထောက်က ညအချိန်မှ သူမတို့နှင့်တည့်တည့်တိုးပြီး အဝေးတစ်နေရာမှ ရိုက်ကူးထားရ၍ ထိုအမျိုးသား၏ နောက်ကျောပြင်ကိုသာ ဝေဝေဝါးဝါး မြင်တွေ့ရသည်။
ဓာတ်ပုံပေါ်မှာ ရေးသားထားသည့်စာတိုလေးကိုကြည့်ပြီး ထျန်းနင် မဲ့ပြုံးပြုံးလိုက်သည်။
“ထျန်းနင်၊ မင်း နမ်းနေတဲ့ပုံကို ငါတို့က ဖုံးကွယ်ထားမယ်လို့များ မျှော်လင့်နေတာလား။ အရမ်းမောက်မာမနေနဲ့”
ထျန်းနင်က ဓာတ်ပုံလေးကို သူမ၏ဘေးနား ချထားလိုက်ပြီး မို့ထင်အလုပ်ပြီးမည့်အချိန်ကို စောင့်မျှော်နေသည်။
ည၈နာရီအချိန်ကို ရောက်လာခဲ့သည်။ ထျန်းနင် သတင်းကိုကြည့်လိုက်မှ ဟိုက်ဟွေ့က ဆုပေးပွဲကျင်းပရန် စီစဉ်သူကို ဖြေရှင်းချက်ပေးရန် နှစ်ကြိမ်တိတိ ဖိအားပေးထားကြောင်း သိလိုက်ရသည်။
အမှန်တကယ်တော့ ချင်းယွီကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သတိပေးခဲ့ခြင်း ဖြစ်ရမည်။
ယခုအချိန်တွင် ချင်းယွီတစ်ဦးတည်း သောကရောက်နေခြင်းမဟုတ်၊ ပါဝင်ပတ်သက်မိသည့် ချင်းယွီ၏မန်နေဂျာလည်း ဗျာပါဒများနေသည်။
“ဒီပြဿနာကို နင်တို့ဘာသာ ဖြေရှင်းလိုက်လို့မရဘူးလား”
ချင်းယွီက သူမ၏လက်ထဲမှ ခေါင်းအုံးကို ဆောင့်ဆွဲလိုက်သည်။
“ဟိုက်ဟွေ့ဘက်က ဒုတိယသတိပေးချက် ထုတ်လိုက်တာ နင်တို့ မသိဘူးလား”
“ငါလည်း မစဉ်းစားတတ်တော့ဘူး”
မန်နေဂျာမှာ ဇောချွေးပြန်နေပါပြီ။
“ငါသေချာ စဉ်းစားမိတာတော့ ဟိုက်ဟွေ့ကို အထင်မသေးသင့်တာပဲ မို့သူဌေးရဲ့လှည့်ကွက်တွေကို နင်လည်းကြားဖူးမှာပါ”
“အေဂျင်စီကလည်း ငါ့ဘက်က ရပ်တည်ပေးဖို့ အခုအထိ ငြင်းဆန်နေတုန်းပဲ”
ချင်းယွီ၏မျက်ဝန်းတွင် ရှုံးနိမ့်သည့်ခံစားချက်များ ဖြစ်ပေါ်နေသည်။
“ငါတို့အေဂျင်စီက ဟိုက်ဟွေ့ကို တိတ်တိတ်လေး ယှဉ်ပြိုင်နေတတ်ပေမဲ့ ပေါ်ပေါ်ထင်ထင် ထိပ်တိုက်မရင်ဆိုင်ဖူးဘူး။ ဒီတစ်ခေါက်တော့ နင်လုပ်ခဲ့တဲ့အပြစ်အတွက် မို့ထင် ပေါ်ပေါ်ထင်ထင် အပြစ်ပေးချင်ပုံပဲ။ နင် ရှောင်ပြေးဖို့ ဘယ်လိုပဲကြိုးစားကြိုးစား ဘယ်လိုမှ မလွတ်မြောက်နိုင်ဘူး။ ချင်းယွီ နင် ဝန်ခံလိုက်တော့”
“ထျန်းနင်ရဲ့ဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူးနော်။ မို့ထင်လက်က လွတ်ချင်ရင်တော့ လက်တွေ့မှာ မလွယ်ကူလောက်ဘူး”
 
 
***

အပိုင်း(၂၄၂)

ငါကမို့ထင်

 
 
 
မန်နေဂျာပြောလိုက်သည့် စကားကိုကြားပြီးသည့်တိုင် ချင်းယွီက သူမ၏ကံတရားကို လက်ခံရန် ငြင်းဆန်နေသေးသည်။ ထို့ကြောင့်လည်း လက်ထဲမှာရှိနေသည့် ခေါင်းအုံးက သူမ၏မျက်နှာနည်းတူ ရှုံ့မဲ့ တွန့်ကြေနေသည်။
“ထျန်းနင်၊ နင်တကယ့်ကို ကံကောင်းနေတာပဲ”
ချင်းယွီက မယုံကြည်နိုင်စွာ လှောင်ရယ်လိုက်သည်။ ထို့နောက် သူမ၏မန်နေဂျာဘက်လှည့်ကာ တောင်းဆိုလေ၏။
“ငါ့ကို နောက်ဆုံးတစ်ကြိမ်လောက် ကူညီပေးပါ။ ငါ့ကိုယ်စား ထျန်းနင်ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရအောင်ရှာပေးပါနော်”
“ချင်းယွီ။ နင် ဘာတွေမွှေဦးမလို့လဲ”
ချင်းယွီ၏မျက်နှာပေါ်တွင် နာကြည်းခါးသက်သော အပြုံးလေးပေါ်လွင်လာသည်။ ဟိုက်ဟွေ့က သူမကို ယခုလိုအခြေအနေရောက်အောင် တွန်းပို့ပေးခဲ့ပြီး သူမ၏အေဂျင်စီက သူမ၏ ရှေ့ဆက်မည့်အနာဂတ်ကို လုံးလုံးလျားလျား ဂရုမစိုက်သည့်အတွက် သူမမှာ မည်သည့်ရွေးချယ်စရာ ကျန်ရှိသေးသနည်း။
“မီဒီယာကို ဆက်သွယ်ပေး။ မော်ဒယ်လောကထဲက နုတ်ထွက်မယ်အကြောင်း ကြေညာမယ်လို့ ထည့်ပြောပေး”
“မဖြစ်သေးဘူး။ ချင်းယွီ နင်ဒီလိုလုပ်လို့မရဘူးနော်။ ဒီနေ့လို အခြေအနေရောက်ဖို့ နင်အတော့်ကို ကြိုးစားခဲ့ရတာနော်။ နင့်အတွက်လည်း မလွယ်ကူခဲ့ဘူး”
“ဒါဆိုဖြေပေးပါဦး။ ငါ့အတွက် ရွေးချယ်စရာ တခြားလမ်းကြောင်း ရှိသေးလို့လား”
ချင်းယွီက မန်နေဂျာဘက် ခေါင်းလှည့်လိုက်သည်။ သူမအနိုင်မယူနိုင်သည့် မို့ထင်ကို ပိုင်ဆိုင်ထားသော ထျန်းနင်ကို လက်မြှောက်အရှုံးပေးရန်သာ တတ်နိုင်တော့သည်။
မန်နေဂျာက ဦးခေါင်းကိုတွင်တွင်ခါပြီး တည့်တည့်မတ်မတ်ရပ်ကာ သက်ပြင်းချလိုက်သည်။
သို့သော်လည်း ကျောခိုင်းလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သူမ သရော်လိုက်သည်။ ချင်းယွီဘက်က ဖြစ်လာမည့်ပြဿနာကို တာဝန်အပြည့်အဝ ယူလိုက်လျှင် ဟိုက်ဟွေ့က သူမကို ဒုက္ခပေးရန် မကြံရွယ်လောက်ပေ။ ချင်းယွီက သူမကိုယ်စား အပြစ်ဒဏ်ခံလိုက်လျှင် သူမ၏ဘဝလည်း အေးချမ်းသွားပြီး တခြားမော်ဒယ်တစ်ဦးကို လေ့ကျင့်ပျိုးထောင်ပေးကာ အသက်ဆက်ရှင်ခွင့်ရဦးမည်။
Star Ageဘက်မှ သူမကို ဝှက်ဖဲပေးထားတည်းက သူမ၏စွမ်းအားကို ဆက်လက်အကုန်ခံရမည်နည်း။
သိပ်မကြာလိုက် ချင်းယွီ၏မန်နေဂျာက ထျန်းနင်၏ဖုန်းနံပါတ်ကို ဖောက်သည်တစ်ယောက်စီမှ တောင်းယူကာ ချင်းယွီကို ပေးလိုက်သည်။
ချင်းယွီက ထျန်းနင်၏ဖုန်းနံပါတ်စာရွက်လေးကို ဆုပ်ကိုင်ထားပြီး နံရံပေါ်မှာ ချိတ်ဆွဲထားသည့် ချိန်းသီးနာရီကို ကြည့်ကာ အချိန်သိပ်မကျန်တော့မှန်း နားလည်လိုက်သည်။ နောက်ဆုံးတော့ ထျန်းနင်၏ဖုန်းကို လှမ်းခေါ်လိုက်သည်။
“ထျန်းနင်။ နင် စင်ပေါ်ကပြုတ်ကျတဲ့ ပြဿနာကို နောက်ကွယ်က ကြိုးကိုင်ခဲ့တဲ့လူက ငါဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါ လုံးဝနောင်တ မရဘူး”
“နင်လို အင်တာနေရှယ်နယ်ဆုတစ်ခုတောင် မရခဲ့တဲ့ တတိယတန်းစားမော်ဒယ်က ငါပိုင်ဆိုင်သင့်တဲ့ ကြော်ငြာကို လုယူရတယ်လို့”
“ငါ နင့်ကိုမုန်းတယ်။ နင့်ရဲ့ပျားရည်လောင်းထားတဲ့ ဟန်ဆောင်ပန်ဆောင် အမူအရာတွေကိုလည်း ငါမုန်းတယ်။ ငါရှုံးနိမ့်သွားလို့ မော်ဒယ်တစ်ယောက် မဖြစ်နိုင်တော့ပေမဲ့”
“ငါ နင့်ကို ကျိန်စာတိုက်ခဲ့မယ်။ ဟိုက်ဟွေ့က နင့်ကို စွန့်ပစ်သွားပါစေ။ နင်လည်း အရာရာကို ဆုံးရှုံးရပါစေ။ အိမ်ရှေ့တံခါးအပြင်ဘက်ကို ထွက်တာနဲ့ ကားတိုက်ပြီးသေပါစေလို့ ငါဆုတောင်းတယ်”
ချင်းယွီက ဗလုံးဗထွေးဖြင့် သူမ၏ဒေါသစိတ်ကို ထုတ်ဖော်နေသည်။
သို့သော်လည်း ခဏကြာ နှုတ်ဆိတ်နေပြီးမှ တစ်ဖက်ဖုန်းမှ ဩရှရှအသံကို ကြားလိုက်ရပြီး ရင်ထဲဗလောင်ဆူသွားသည်။
“အခု နားထောင်နေတဲ့လူက မို့ထင်ပဲ”
မို့ထင်
မို့ထင်
မို့ထင်က ထျန်းနင်၏ဖုန်းကို ကိုင်လိမ့်မည်ဟု ဘယ်သောအခါမှ ချင်းယွီ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့်လည်း ယခုလို့ ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို ပြောဆိုရဲခြင်းဖြစ်၏။
သူမ၏ အပြောအဆိုအပြုအမူများကို ပြန်လည်ဆင်ခြင်ပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး အအေးဓာတ် လွှမ်းခြုံလာသည်။
ချင်းယွီမှာ ရုတ်တရက် ကတုန်ကယင် ဖြစ်လာသည်။
“သူဌေးမို့။ ကျွန်မ ကျွန်မက ကျီစယ်လိုက်တာပါ”
“ဟုတ်လို့လား။ မင်း တမင်တကာ ကျိန်စာတိုက်လိုက်တာ မဟုတ်ဘူးလား”
မို့ထင်က ထျန်းနင်၏ဖုန်းကို ကိုင်လိုက်တည်းက ချင်းယွီပြောသမျှကို မှတ်တမ်းတင် ထားလိုက်သည်။
အပြည့်အဝ မှတ်တမ်းမတင်နိုင်သော်လည်း ထျန်းနင်ကို ချင်းယွီ ကျိန်စာတိုက်ခဲ့သည့်အပိုင်းကို ပီပီပြင်ပြင် မှတ်တမ်းတင်နိုင်ခဲ့သည်။
သူမ၏ဘဝ လုံးဝစုတ်ပြတ်သတ်သွားမှန်း ချင်းယွီ နားလည်လိုက်ပြီး အရှုံးသမားလို အော်ဟစ်ငိုကြွေးလေ၏။
“မို့သူဌေး။ ငါ တောင်းပန်ပါတယ်။ ငါ့ကို ခွင့်လွှတ်ပေးပါ”
“ငါက ခွင့်လွှတ်ပေးတတ် အခွင့်အရေးပေးတတ်တဲ့ သဘောထားကြီးမြတ်သူ မဟုတ်ဘူး။ မင်းပြောချင်တာပြောပြီးမှ ရှက်ရကောင်းမှန်းမသိ တောင်းပန်ရဲသေးတယ်နော်။ နင်က အခွင့်ရေးပေးဖို့ ထိုက်တန်တဲ့ မိန်းမစား မဟုတ်ဘူး”
ထိုစကားကိုပြောပြီးနောက် မို့ထင်၏လေသံက ပို၍ခက်ထန်လာသည်။
“ငါ အဲလောက်အထိ စိတ်မရှည်ဘူး။ နင့်ကို သတိပေးလိုက်မယ်။ အခု ည၉နာရီရောက်နေပြီ ဘာလုပ်သင့်လဲ မြန်မြန်ဆုံးဖြတ်စမ်း”
ထို့နောက် မို့ထင်က ဖုန်းချလိုက်ပြီး လုချယ်ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“ထျန်းနင်ကို ဖုန်းနံပါတ်အသစ်ပြောင်းပေးလိုက်တော့။ အခုကစပြီးတော့ အလုပ်ကိစွတို့ ပွဲအခမ်းနားတို့အတွက် ထျန်းနင်ကို ဆက်သွယ်ချင်ရင် ငါ့ဖုန်းနံပါတ်ကိုပဲ ပေးလိုက်”
“ဟုတ်ကဲ့ပါ သူဌေး”
လုချယ်က အခြေအနေကို အတိအကျမသိသော်လည်း မို့ထင်၏လေသံတွင် ဒေါသရောယှက်နေမှန်း ခံစားမိသည်။
မို့သူဌေးနှင့် ဖုန်းပြောခြင်း အဆုံးသတ်ပြီးနောက် အရေးကြီးသည့်သတင်းကို လုံကျဲသိအောင် အသိပေးရသည်။ ထျန်းနင်ကို ခြိမ်းခြောက်သည့်ဖုန်းမျိုး လက်ခံခဲ့မိ၍ သူဌေးကြီးက ယခုလို လွန်လွန်ကဲကဲ တုံ့ပြန်သည်ဟု လုံကျဲ ခန့်မှန်းခဲ့သည်။ တကယ်လက်တွေ့က ထျန်းနင်ကို ကားတိုက်ပါစေဟု ချင်းယွီ ကျိန်စာတိုက်ခဲ့၍ ဖြစ်လေ၏။
ယုတ်မာရက်စက်သည့်နှလုံးသားကို ပိုင်ဆိုင်ထားသည့် မိန်းမယုတ်ချင်းယွီ ဖြစ်နေသည်။
ဖျော်ဖြေရေးလောက၏ ဧကရာဇ်တစ်ပါးဖြစ်နေ၍ ချင်းယွီကို ကတိပေးထားသည်ထက် ကျော်လွန်ကာ ဒုက္ခပေးနိုင်သည့် အရည်အချင်း အပြည့်အဝရှိသည်။
တစ်ဖက်မှာတော့ ချင်းယွီမှာ ဖုန်းချချချင်း သူမ၏လက်ဖျားထိပ်လေးများ တဆတ်ဆတ်တုန်နေသည်။ နောက်ဆုံးတော့ ချင်းယွီက ဖုန်းကို အဝေးလွှင့်ပစ်လိုက်ပြီး ချုံးပွဲချငိုကြွေးလေ၏။
ည၁၀နာရီ
ချင်းယွီက သာမန်အဝတ်အစားလေးကို ဝတ်ဆင်ပြီး သူမ၏အိမ်အပြင်ဘက်မှ စောင့်ဆိုင်းနေသည့် သတင်းထောက်များကို မျက်နှာချင်းဆိုင်လိုက်သည်။
သတင်းထောက်များက အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းထားမိသည်။ ထျန်းနင်ကို ဒုက္ခပေးခဲ့သည့်တရားခံက ယနေ့ ဝန်ခံလိမ့်မည်ဟု မို့ထင်ကြေညာထားသည်။
ချင်းယွီက ထျန်းနင်ကို မကောင်းကြံစည်ရလောက်သည့်အထိ ရန်ငြိုးရန်စ ရှိရသည့်အကြောင်းအရင်းကို သူတို့ သေချာမသိခဲ့ပေ။
ထျန်းနင်မှာ စင်မြင့်ပေါ်မှ ပြုတ်ကျခဲ့ပြီး အသက်ဘေးကို ရင်ဆိုင်ခဲ့ရသည်။
ညလေအေးက သူမ၏ရင်ထဲက အပူမီးကို မငြှိမ်းသက်နိုင်ခဲ့ပေ။ ချင်းယွီက မိတ်ကပ် ကောင်းကောင်းမွန်မွန် လိမ်းခြယ်ပြီး အမည်းရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ကာ သတင်းထောက်များကို မျက်နှာချင်းဆိုင်လိုက်သည်။
မိုးသည်းနေသည့်ကောင်းကင်ယံအောက်မှာ သူမ၏လက်ထောက်က ထီးလေးမိုးပြီး သူမ၏နောက်မှလိုက်ပါလာသည်။ ချင်းယွီ၏မျက်နှာက မရွှင်မလန်းဖြစ်နေသည်။
“ငါ .... ချင်းယွီ မော်ဒယ်လောကထဲက နုတ်ထွက်မယ်လို့ ကြေညာချင်ပါတယ်။ ဒီနေ့ကစပြီးတော့ ဖျော်ဖြေရေးလောထဲကို နောက်ထပ်ခြေတစ်လှမ်းတောင် မလှမ်းစေရဘူး”
“ကျွန်မကို နှစ်ပေါင်းများစွာ အားပေးပံ့ပိုးပေးခဲ့တဲ့ ပရိသတ်တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ သူတို့ကို ဘယ်လိုပြန်ပေးဆပ်ရမလဲတောင် မသိတော့ပါဘူး။ ကျွန်မကို အမှတ်ရနေပေးဖို့ မျှော်လင့်မိပါတယ်”
ထိုစကားကိုပြောပြီးနောက် ချင်းယွီက သတင်းထောက်များကို မေးခွန်းမေးခွင့် မပေး ကျောခိုင်း လှည့်ထွက်သွားသည်။
ချင်းယွီ၏ရုတ်တရက်ဆန်သော အပြုအမူကြောင့် သတင်းထောက်များမှာ အတွေးကိုယ်စီဖြင့် ကျန်ရစ်ခဲ့သည်။
“အချစ်ရဆုံးကြည့်ရှုသူ ပရိသတ်များ ခင်ဗျား။ ကျွန်တော်တို့ ဖျော်ဖြေးရေးသတင်းထောက် နောက်ဆုံးပေးပို့တဲ့သတင်းအရတော့ ဒီည၁၀နာရီမှာ Star Ageရဲ့မော်ဒယ်ချင်းယွီက မော်ဒယ်လောကထဲက နုတ်ထွက်သွားကြောင်း တရားဝင် ကြေညာသွားပါတယ်။ သူမရဲ့အိမ်အပြင်ဘက်မှာပဲ အားလုံးကို အကျဉ်းချုပ် နှုတ်ဆက်စကား ပြောသွားတာပါ”
“ချင်းယွီလို သာမန်မော်ဒယ်လေးက ဘာအကြောင်းကြောင့်များ မော်ဒယ်လောကထဲက နုတ်ထွက်သွားလည်း အားလုံးက သိချင်နေတုန်းပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဟိုက်ဟွေ့ရဲ့စီအီးအိုက ထျန်းနင်ကို လုပ်ကြံတဲ့တရားခံက သူ့အပြစ်ကို ဝန်ခံမယ်လို့ ကြေညာထားပြန်တယ်”
“ပြီးတော့ ကျွန်တော်တို့ စုဆောင်းထားတဲ့ သတင်းတွေအရတော့ ချင်းယွီက ထျန်းနင်ကို အကြိမ်ကြိမ် သိက္ခာချဖူးတယ်တဲ့။ ဒါကြောင့် ချင်းယွီနုတ်ထွက်သွားတဲ့ အကြောင်းအရင်းက လူတိုင်းကောက်ချက်ချဖို့ မခဲယဉ်းဘူးလို့ ကျွန်တော်လည်း ခံစားမိပါတယ်”
“သတင်းထောက်ပို့ထားတဲ့သတင်းအရတော့ ထျန်းနင်က တရားခံကို ဒုက္ခမပေးချင်လို့ ဒဏ်ရာကို သည်းခံရင်းနဲ့ ပွဲအခမ်းအနားလည်းပြီးရော ဆိုးရွားတဲ့အခြေအနေကို ရောက်သွားတာတဲ့။ ထျန်းနင်ရဲ့ဒဏ်ရာဆိုးရွားခဲ့လို့လည်း သူ့မန်နေဂျာရဲ့ဒေါသမီး လောက်မြိုက်နေတာပေါ့”
“ဒါကြောင့် ငါတို့အားလုံး တစ်ခုတော့ သင်ခန်းစာယူသင့်တယ်။ ဘယ်လိုအခြေအနေကိုပဲ ရောက်နေရောက်နေ ဘယ်အဆင့်အတန်းပဲရှိရှိ ကိုယ့်ဒေါသစိတ် ကိုယ်မနာလိုစိတ်ကို ထိန်းချုပ်သင့်တယ်။ အဲဒီလိုမှမဟုတ်ရင်တော့ ကိုယ့်ဘာသာကိုယ်လည်း ထိခိုက်စေသလို တခြားသူကိုလည်း ထိခိုက်နာကျင်စေတယ်”
 
 
***

အပိုင်း(၂၄၃)

လုချယ် လုချယ် ရှင်နော်

 
 
 
သတင်းကို ကြည့်ရှုပြီးနောက် မို့ထင်က တီဗွီရီမုကိုလှမ်းယူကာ တီဗွီပိတ်လိုက်သည်။
ချင်းယွီက အမှန်အတိုင်း ဝန်မခံဘဲ ကွေ့ပတ်ရှောင်သွား၍ မို့ထင် စိတ်ဘဝင်မကျဖြစ်မိသည်။ ချင်းယွီမှာ ထျန်းနင်ကို တောင်းပန်ချင်စိတ် လုံးဝရှိမနေပေ။
ထျန်းနင်က ခင်ပွန်းသည်၏ဒေါသစိတ်ကို ရိပ်စားမိသည်။ လုချယ်ကို ဖုန်းခေါ်ရန် ကြံရွယ်နေသော မို့ထင်၏လက်ကို လှမ်းဆွဲလိုက်သည်။
“တော်သင့်ပြီထင်တယ်။ ဒီလောက်ဆိုရင် လုံလောက်နေပါပြီ။ ချင်းယွီလို မောက်မာတဲ့မိန်းမက သူ့အသက်မွေးဝမ်းကျောင်း အလုပ်ကို စွန့်လွှတ်လိုက်တည်းက သူ့ကို သတ်လိုက်တာထက် ပိုနာကျင်စေမှာပါ။ သူ့ဘက်က တောင်းပန်စကား ပြောလာအောင် ဘယ်လိုများ ဖိအားပေးနိုင်မှာလဲ”
“အပေါစားမိန်းမတွေကြောင့် ‘ထင်’ ရဲ့ အချိန်တွေကို မဖြုန်းတီးသင့်ဘူး။ အားလပ်ချိန်မှာ အနားယူသင့်တယ်”
မို့ထင်က သူ့ကို ဖျောင်းဖျနေသည့်ချစ်ဇနီးလေးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ချစ်ဇနီးလေးအနား တိုးကပ်သွားကာ သူ့ရင်ခွင်ထဲ ထွေ့ပိုက်ထားလိုက်သည်။
“ကိုယ့်နှလုံးသားက ချစ်လေးကြောင့် နာကျင်နေရတယ်”
ထျန်းနင်က မို့ထင်၏ပခုံးသားလေးကို နှိပ်နယ်ပေးလိုက်မှ အကြောတောင့်တင်းနေမှန်း ခံစားမိသည်။
“ကြည့်ပါဦး။ အရမ်းကို အလုပ်တွေကြိုးစားထားပုံပဲ။ ‘ထင်’ ရဲ့ခန္ဓာကိုယ်က အနားယူပေးဖို့ အသိပေးနေပြီနော်”
မို့ထင်က တခြားဘာဆိုဘာမှ မပြောခဲ့ပေ။ ထျန်းနင်ကို ပွေ့ဖက်လိုက်ပြီး မျက်လွှာချကာ နဖူးလေးကို အနမ်းခြွေလိုက်သည်။
“ချစ်လေးက အရည်အချင်းအရှိဆုံး အတော်ဆုံးမန်နေဂျာကို ပိုင်ဆိုင်ပြီးပြီပဲလေ။ ဒါကြောင့်လည်း ချင်းယွီရဲ့တည်ရှိမှုကို မျက်လုံးထဲတောင် မထည့်ပါဘူး။ ‘ထင်’ ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အခုလို အပိုအလုပ်တွေအတွက် မဖြုန်းတီးရဘူးနော်”
“ကောင်းပါပြီ”
မို့ထင်က မျက်လွှာချကာ ခေါင်းညိတ်လိုက်သည်။
***
ထျန်းနင် ဒဏ်ရာကုစားနေသည့် အချိန်အတိုင်းအတာအတွင်း လုံကျဲလည်း ပိတ်ရက်ရှည်ကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထျန်းနင်၏လိုအပ်ချက်တိုင်းကို ဂရုစိုက်ပေးတတ်သည့် မို့ထင်ရှိနေ၍ လုံကျဲ စိုးရိမ်ကြောင့်ကြစရာ မလိုအပ်ပေ။
စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းသော အခြေအနေကို ကျော်လွှားနိုင်ရန် အလို့ငှာ လုံကျဲက ဟိုက်ဟွေ့ဖျော်ဖြေရေးကို အလည်အပတ်သွားရန် ဆုံးဖြတ်လိုက်သည်။ လုချယ်နှင့်အတူတူ အချိန်ဖြုန်းချင်သည့် ရည်ရွယ်ချက်ဖြစ်သည်။
သို့သော်လည်း လုချယ်၏ရုံးခန်းတံခါးပေါက်ဝနားကို ရောက်ရောက်ချင်း လုချယ်၏ ဆူငေါက်သံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
လုံကျဲက အခန်းထဲမဝင်ဘဲ တံခါးဘောင်လေးကို မှီကာ မတ်တတ်ရပ်နေသည်။ နောက်ဆုံးတော့ လုချယ်၏အတွင်းရေးမှူးမလေး ငိုမဲ့မဲ့ဖြင့် အပြင်ပြေးထွက်လာသည်။ လုံကျဲက ခေါင်းခါလိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ လုချယ်ကို စကားပြောလိုက်သည်။
“လူတွေကို ဒီနည်းလမ်းသုံးပြီး လေ့ကျင့်ပျိုးထောင်ပေးလို့ရပါ့မလား။ ဆုံးမပဲ့ပြင်ပေးလို့ရော ရရဲ့လား။ မိန်းကလေးတွေကို ကြင်ကြင်နာနာ ပြောဆိုစမ်းပါ လုချယ်ရယ်။ အခုတော့ ငိုသွားအောင် အော်လိုက်ရတယ်လို့ အံ့ဩပါရဲ့”
လုချယ်က စိတ်ဆိုးဆိုးဖြင့် သူ့အရှေ့က စာရွက်စာတမ်းကို ပိတ်လိုက်သည်။
လုချယ်၏ဒေါသစိတ်ကို လုံကျဲ ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးခြင်းဖြစ်သည်။ လုချယ်၏ဒေါသထွက်နေသော မျက်နှာလေးက သူမအတွက် ချစ်ဖို့ကောင်းနေသည်။
“နင့်ကြောင့် လူဘယ်နှယောက်လောက် ငိုသွားပြီလဲဆိုတာ အစ်မကြီလုံကို ပြောပြစမ်းပါဦး။ ဆယ်ယောက်ထက်တော့ မလျော့မှာ သေချာတယ်”
လုချယ်က ခေါင်းမော့လိုက်ပြီး လုံကျဲကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
သူ့အကြည့်ကြောင့် လုံကျဲ ရင်တလှပ်လှပ် ခုန်နေမိသည်။
“ငါ့ကို ဘာလို့ငေးကြည့်နေတာလဲ”
“ကိုယ့်ကြောင့် မင်းမငိုရတာတော့ သေချာပါတယ်နော်”
လုံကျဲက ခပ်တိုးတိုးရယ်မောလိုက်ပြီး မပီမပြင်လေသံဖြင့် စကားပြောလေ၏။
“ငါတော့ ယုံကြည်မိတော့မလို့”
“ဘာကိုယုံကြည်တာလဲ”
လုံကျဲက ခေါင်းမော့လိုက်ပြီး လုချယ်ကို ပြုံးပြလိုက်သည်။
“နင့်အစ်မကြီးက စိတ်ဓာတ်မာကျောတယ်လေ။ နင့်ရဲ့အတွေးရေးမှူးကို ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို အခုပြောပြလေ”
“ငါ့အိမ်ထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်တာ မကြိုက်ဘူး။ ငါ့အိမ်မှာ ကျန်ခဲ့တဲ့စာရွက်စာတမ်းတွေကို သွားယူပေးဖို့ သူ့ကို ခိုင်းမိပါတယ်။ ငါ့အိပ်ခန်းကိုပါ ရှင်းလင်းပေးသွားတယ်လေ”
လုချယ်က စာရွက်ကိုငုံ့ကြည့်ကာ ရှင်းပြလေ၏။ လုချယ်က အလုပ်ကို လေးလေးစားစား လုပ်တတ်သည့် အလုပ်ကြမ်းပိုးလေး ဖြစ်လေ၏။
‌သူ့ဖြေရှင်းချက်ကို နားစွင့်ပြီးနောက် လုံကျဲ၏နှလုံးသားလေး နောက်တစ်ကြိမ် အခုန်မြန်လာသည်။
အကြောင်းမူက သူမလည်း လုချယ်၏အိမ်ကို အလည်သွားဖူးပြီး တစ်ညတာ တည်းခိုဖူးလေသည်။ သို့တိုင် လုချယ်က သူမကို အပြစ်မတင်ဖူးပေ။
“အရိုးသားဆုံးပြောရရင် နင့်အိမ်က တော်တော်လေး ရှုပ်ပွတယ်”
“ငါ သန့်ရှင်းရေး ကူလုပ်ပေးရမလား”
ထိုစကားကိုပြောပြီးနောက် လုကျဲ မပြောသင့်မှန်း ပြန်သတိရသွားသည်။ လုချယ်က အလုပ်မှာ စျာန်ဝင်စားနေပြီး နှုတ်ဆိတ်နေသည်။ အချိန်အတော်ကြာမှ ခေါင်းမော့လာပြီး သော့တွဲကို လှမ်းပေးသည်။
“ကောင်းပြီလေ။ ကိုယ်သဘောတူပါတယ်”
လုံကျဲ၏မျက်နှာက နီမြန်းသွားသည်။
လုချယ်က သူမနှင့်အတွေးချင်းများ တူနေမလားဟု ရင်ခုန်နေမိသည်။ သူမနှင့်ခံစားချက်မတူညီလျှင် ခပ်ခွာခွာနေရလိမ့်မည်။ သူမတို့နှစ်ဦးက သူငယ်ချင်းဖြစ်ခွင့်လေးပါ မရခဲ့လျှင် သူမ ဘာဆက်လုပ်သင့်သနည်း။
အတွေးထဲမျောနေရင်း လုချယ်ပေးသည့် သော့တွဲကို ယူထားလိုက်သည်။ သူမက လုချယ်အတွက် ထူးခြားသည့် ဖြစ်တည်မှုလေးဟူသော ယုံကြည်ချက်ဖြင့် သူ့အိမ်ကို ဦးတည် ထွက်ခွာလာသည်။
အများအမြင်မှာ သူမတို့က စေ့စပ်ထားသည့် ချစ်သူစုံတွဲလေးဘဝကို ရောက်နေသည်။
လုချယ်၏အိမ်ကိုရောက်သည်နှင့် တစ်ပြိုင်နက်တည်း အိမ်သန့်ရှင်းရေးအလုပ်ကို စတင်လေ၏။ ရေချိုးခန်းထဲမှာ ချိတ်ထားသည့် နံစော်နေသော အဝတ်အစား၊ ခြေအိတ်များနှင့် အတွင်းခံများကို လျှော်ရန် အဝတ်လျှော်စက်ထဲထည့်ကာ အတွေးထဲ မျောနေမိပြန်သည်။ တစ်နေ့ထက်တစ်နေ့ လုချယ်ကို ချစ်မိသည့်အချစ်က ပိုပိုတိုးလာပြီး နောက်ဆုတ်ရန် ခက်ခဲလာသည်။
နာရီဝက်ကြာပြီးနောက် လုချယ် အိမ်ပြန်ရောက်လာသည်။ မို့ထင်က ထျန်းနင်ကိုဂရုစိုက်ရင်း အချိန်ဖြုန်းနေ၍ လုချယ် အလုပ်ဝန်ပိနေသည်။
အခန်းတံခါးကို ဖွင့်ဖွင့်ချင်း ဒိုဘီလုပ်နေသည့်လုံကျဲကို မြင်မိ၍ သူ့အိပ်ခန်းထဲကိုသာ တည့်တည့်ဝင်သွားလိုက်ပြီး အိပ်ရာပေါ်လှဲနေလိုက်သည်။
လုချယ် ရေချိုးအနားယူနေသည်ဟု ယူဆမိ၍ လုံကျဲက သူ့ကို မြန်မြန်ဆန်ဆန် နှုတ်ဆက်ပြီး ထွက်သွားရန် ဆုံးဖြတ်မိသည်။ သို့သော်လည်း လုံကျဲ ပါးစပ်ဟလိုက်သည်နှင့် လုချယ်၏ ဗလုံးဗထွေးအသံကို ကြားလိုက်ရသည်။
“ကိုယ် ဘာမှမစားရသေးဘူး။ ဗိုက်ဆာတယ်”
လုံကျဲက စကားလမ်းကြောင်း လွှဲချင်သည့်အတွေးကို ရပ်တန့်လိုက်ပြီး လုချယ်အတွက် ညစာပြင်ဆင်ပေးလိုက်သည်။ သို့သော်လည်း သူမ ပြင်ဆင်ပြီးချိန် လုချယ်က အိပ်ပျော်သွားပါပြီ။
လုံကျဲက သူ့အင်္ကျီအိတ်ထဲမှ သော့တွဲကိုထုတ်လိုက်ပြီး စားပွဲခုံပေါ် တင်ပေးလိုက်သည်။ သို့တိုင် ယင်းအသံလေးက လုချယ်က နိုးသွားစေသည်။
သူက ထထိုင်လိုက်ပြီး လုံကျဲကို မော့ကြည့်လာသည်။
“သော့ပါ ယူသွားလေ”
လုံကျဲ
“…”
“အခုတလော ကိုယ်အရမ်းကို အလုပ်ရှုပ်နေတော့ ကိုယ့်အိမ်ကြီး ရှုပ်ပွနေတာ မင်းလည်းမြင်မှာပါ။ ကိုယ်က တခြားသူတွေကို မယုံကြည်ပေးနိုင်ဘူး”
ထိုစကားကိုကြားပြီးနောက် လုံကျဲ၏မျက်နှာပေါ်မှာ အပြုံးလေး ပေါ်လွင်လာသည်။
“ညစာ မြန်မြန်စားဦး။ နင်စားလို့ပြီးမှ ငါလည်းအိမ်ပြန်လို့ရမှာလေ လုချယ်က စက္ကန့်ပိုင်းကြာမှ ပြန်တုံ့ပြန်လာသည်။ နောက်ဆုံးတော့ အိပ်ရာပေါ်မှ ထလိုက်ပြီး လုံကျဲကို တံခါးနားအထိ လိုက်ပို့ပေးခဲ့သည်။ တံခါးနောက်ကွယ်မှ လုံကျဲ၏ပုံရိပ်လေးဝေးကွာသွားမှ တံခါးလေးကို မှီကာ ရင်ဘတ်ကို ဖိထားလိုက်သည်။
“ဘာလို့များ လုံကျဲကို ငါ့အိမ်မှာ အကြာကြီး နေစေချင်မိတာလဲ”
ယခုလိုခံစားချက်မျိုးကို လုချယ်တစ်ဦးတည်း ခံစားနေရသည်မဟုတ်၊ လုံကျဲလည်း မိမိနှစ်သက်သည့် လုချယ်နှင့်အတူတူ အချိန်ဖြုန်းချင်မိသည်။
လုချယ် လုချယ်
ဘာလို့များ ငါ့ကို ဒီလိုနည်းလမ်းသုံးပြီး နှိပ်စက်ရလား။
လုံကျဲက သူမ၏ကားသော့လေးကို ဆွဲထုတ်လိုက်ပြီး ကားပေါ်တက်တက်ချင်း လုချယ်က ဖုန်းခေါ်လာသည်။
“စာရွက် တစ်ရွက်ပျောက်နေတာ ဘယ်လိုမှ ရှာမရဘူး။ အခန်း သန့်ရှင်းရေးလုပ်တုန်းက တစ်နေရာရာမှာ ထားမိသေးလား။ အဲဒီစာရွက်က တကယ့်ကို အရေးကြီးလို့ပါ။ အပြာရောင်ဖိုင်တွဲလေးနဲ့လေ”
“နံရံကပ်စင်ပေါ် တတိယအလွှာရဲ့ ဒုတိယအံဆွဲထဲမှာ ရှိတယ်”
“အဲဒီမှာလည်း မရှိပြန်ဘူး။ ကိုယ့်ကို ကူညီပြီး ရှာပေးဖို့ အိမ်ပြန်လာခဲ့ဦး”
 
 

***

Continue Reading

You'll Also Like

1.4M 109K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
13.7K 1K 14
Author - 枝玖 He only told me that he wanted me to live.
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
115M 5.1M 99
"It is your choice," he said, stepping so close to me that our lips were almost touching. "Either do what I say - or get another job." My heart s...