CEO's Possessively Boyfriend

By Garlic_Boom

1.6M 88.7K 16.9K

[ Tom And Jerry Human Version ] More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
32 ( Final )

Chapter 18

41.7K 2.6K 456
By Garlic_Boom

Unicode

နေဥတ္တရာမှာ ခပ်နွမ်းနွမ်းလျလျ ဓာတ်ပုံလေးတစ်ပုံကို လက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ
မဥ္ဇူလမ်း  ထဲရှိ အိမ်လေးများအား တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်မေးရသည် ။

မြို့လေးက လူသူအရောက်အပေါက်အသွားအလာနည်းတဲ့ မြို့လေးဖြစ်ကာ ရေလမ်းနဲ့ ကားလမ်းမပေါက်ဘဲ မီးရထားလမ်းတစ်လမ်းသာ ပေါက်တဲ့အပြင် ချယ်ရီပန်းတွေကလည်း တစ်မြို့လုံး အနှံ့ ပွင့်နေတာများ ဝေဝေဆာဆာနဲ့ သိပ်ကိုလှရက်လွန်းတယ် ။

နေဥတ္တရာ ဒီလိုနေရာမျိုးကို မွေးထဲကနေ တစ်ခါမှမရောက်ဖူးဘူး ။ အကို့ကို လိုက်ရှာမှပဲ ရောက်ဖူးတော့တယ် ။

ဒီပတ်ဝန်းကျင်မှာနေကြတဲ့ အိမ်အများစုကတော့
လူသစ်တွေချည်းပဲမို့ အကို့ကို မသိဘူး မမြင်ဖူးဘူး ဖြေကြတာမို့ နေနေ လာရှာတဲ့နေရာများ မှားနေတာလား စာရွက်အပိုင်းအစလေးကို ပြန်ကြည့်
ရပြီ ။

အန်ကယ်ပြောတဲ့ အတိုင်းဆို နေရာက ဒီနေရာဒီ ဒေသပါပဲ ။ အကိုရည်ရွယ်လင်းသစ်ပြောတဲ့ ချယ်ရီတွေပွင့်တဲ့အရပ်ဆိုတာလည်း တခြားနေရာတွေထက် ဒီဒေသကိုပဲ ညွှန်းနေတာပဲဟာကို ။

အကိုနဲ့ အန်ကယ်တို့ နှစ်ယောက်လုံးကို နေနေက ကြိမ်းသေပေါက် ပြန်ဆုံအောင် လုပ်ပေးရမှာမို့ မလွယ်ကူမှန်းတော့ သိပါတယ်။

ဒါပေမဲ့ နေဥတ္တရာက ဘယ်မရာကိုမဆို လွယ်လွယ်ကူကူလက်မလျှော့တတ်တာမို့ အခုလည်း လက်တော့မလျှော့သေးပါ ။

ရန်ကုန်အိမ်ကိုလည်း နေနေနဲ့အတူ အကိုရည်ရွယ်လင်းသစ်ပြန်ပါလာမှ နေနေပြန်သွားတော့မှာ ။

အခုတော့ လမ်းလေး တစ်လှမ်းနှစ်လှမ်းပဲ လျှောက်ရသေးတယ် ညောင်းလို့ သေတော့မယ် ။

အရင်က သူအဲ့လို မဟုတ်ပါဘူး ။ အခုမှပဲ ဘယ်လိုဖြစ်လို့ ဒီလောက် နုနေလဲ မသိ ။ ဝီရဦးခေါင်ကလည်း အခုရက်ပိုင်း လူကို ပိုးမွေးသလိုမွေးနေတာများ ကြောက်စရာ ။

ပြီးတော့ ဝီရဦးခေါင် အခုလောက်ဆို အိမ်မှာ သူမရှိမှန်း သိပြီဆိုတော့ သောင်းကျန်းနေပြီလားတောင် မပြောတတ် ။

ပြန်ရောက်မှ နေနေ သူ့ကို သေချာ အကျိုးအကြောင်း ပြောပြရင်တော့ စိတ်ဆိုးပြေလောက်ပါတယ် ။

နေနေကလည်း ဝီရဦးခေါင် အလစ်ကို ခိုးထွက်လာတာ တစ်ရက်ခရီးဆိုပြီးအဝတ်တစ်ထည်ကိုယ်တစ်ခု နဲ့ လက်ထဲငွေသားနည်းနည်းသာ ပါသည် ။

" အန်တီရေ ရှမ်းခေါက်ဆွဲသုံးပွဲကို တစ်ပွဲစာပေါင်းချပေးပါ ပြီးတော့ လိမ္မော်သီး ဖျော်ရည် မတ်ခွက်နဲ့တစ်ခွက် အပြည့်ယူမယ် "

မနက်ထဲက ရထားဆိုက်ဆိုက်ချင်း နေနေ လူပျောက် ရှာပုံတော်ထွက်လာတာ ရေတစ်ငုံတောင် ပါးစပ်ထဲ မဝင်သေး ဗိုက်ကလည်း ဆာနေပြီမို့ ခပ်ဝေးဝေးရောက်တဲ့အထိ လမ်းဆက်လျှောက်ပြီးမှ တွေ့တဲ့ ဆိုင်တစ်ဆိုင်ဝင်ထိုင်ကာ ရှမ်းခေါက်ဆွဲတစ်ပွဲ မှာလိုက်တယ် ။

အခုတလော နေဥတ္တရာ အစားဆိုဘာမှမရှောင်တော့ ။ မြင်သမျှ တွေ့သမျှ သားရေစာမုန့်ကအစ ပါးစပ်ထဲအကုန်ကောက်ထည့်နေတာ ။

လူက ဘယ်လောက်စားစား ဝမလာလို့ အဲ့တစ်ခုတော့ ကောင်းတယ် ။

နေနေက လူတော့ ဝမလာဘူး ဒါပေမဲ့ ဗိုက်ကတော့မနေဘူး စားပြီးသောက်ပြီးရင် ဗိုက်ကလေးကိုပူလို့ ။

" လိုတာရှိရင် အန်တီ့ကိုပြောနော် သား "

အန်တီကြီး အနားရောက်လာတာနဲ့ နံ့သာဖြူ သနပ်ခါးအနံ့လေးက မွှေးနေပြီး ဆံနွယ်အရှည်ကို တစ်ပတ်ထုံးလေးထုံးထားတာမို့ နေနေ စိတ်ထဲ ကြည်နူးတာလား ဘာလားမပြောတတ် ။

ဒီလိုမျိုး ယဥ်ယဥ်လေးတွေ ဆို နေနေက အရမ်းသဘောကျတာ ။

" ဟုတ် ဟုတ် ဘာမှတော့ မလိုပါဘူး ဟီး ကောင်းကောင်းစားပါ့မယ် "

" အင်္ကျီလှန်ပြီး အန်တီ့ကို ဗိုက်ကလေးပြပါဦး သား "

သူ့ရှေ့မှာပဲ ဝင်ထိုင်ကာ ဗိုက်ကိုလှန်ခိုင်းလာတဲ့ အန်တီကြီး ကြောင့် နေနေလည်း အူကြောင်ကြောင်လေးဖြစ်သွားရသည် ။

" သား သားကို ပြောတာလား အန်တီ "

" လိမ္မော်သီး လေးကို နံ့သာဖြူ အနံ့ကလေးကောင်းချီး ပေးချင်လို့ "

" လိမ္မော်သီး ကို ပေးချင်တာလား သားက လိမ္မော်သီး မဟုတ်ဘူး ဟီးဟီး "

အငြင်းစကားဆိုလိုက်ပေမဲ့ အန်တီကြီးက ပြုံးပြုံးလေးပဲ ကြည့်နေတာမို့ နေနေလည်း မတ်တပ်ရပ်ကာအင်္ကျီကို မကာ ဗိုက်ပူလေးကို ပြလိုက်သည် ။

" အဲ့ "

သူ့ဗိုက်ကို လက်နဲ့ထိပြီး ပါးစပ်ကနေ တတွတ်တွတ်ရွတ်နေသည့် အန်တီကြီး ကြောင့် နေဥတ္တရာ လည်း ငြိမ်ငြိမ်လေးပဲ နေပေးလိုက်တော့တယ် ။

ဘာတုန်းဟ ဒီမြို့က လူတွေက ထူးဆန်းလိုက်တာ ။

" တစ်ကယ့်ကို ကောင်းချီးလေးပဲ "

" ဟုတ် အန်တီ ဒါနဲ့ ဆက်စားမယ်နော် ဗိုက်ဆာနေလို့လေ "

" စားလို့ ရပါပြီ စားစား "

အခုထိ လူကို မေတ္တာဓာတ်အပြည့်နဲ့ ကြည့်နေတဲ့ အန်တီကြီးကို နေနေ ဘာမှမပြောတော့ ။ ကြည့်လို့ အသားပဲ့သွားတာမှ မဟုတ်တာ ကိုယ့်ကိုချစ်လို့
ကြည့်တာပဲ ။

စားနေတဲ့ အချိန်တော့ လက်ထဲက ဓာတ်ပုံလေးကို ဘေးနားခဏချထားလိုက်သည် ။

အကိုရည်ရွယ်လင်းသစ် ဒီမြို့လေးမှာ ရှိနေရင် သိပ်ကောင်းမှာပဲ ။

" အို သား က လင်းလေးကို လာခေါ်တာလားဟင် "

" အဟွတ် အဟွတ် "

စားလက်စပင် မြိုမကျတော့ဘဲ တန်းလန်းကြီး ဖြစ်ကာ ပါးစပ်ထဲက ခေါက်ဆွဲတွေပင်အပြင်ပြန်ထွက်လာတာမို့ နေနေရေအမြန်သောက်လိုက်ရသည် ။

သိနေတယ် အကို့ကို ဒီအန်တီကြီး သိနေတယ် ။ ပြီးတော့ မျက်ရည်တွေဝဲကာ ဝမ်းသာလုံးဆို့နေဟန် ။

" ဟုတ်တယ်မလား ရည်ရွယ်လင်းသစ်လေးကို သား လာခေါ်တာ မဟုတ်လား "

" ဟုတ် ဟုတ်တယ် အန်တီ အကို့ကို ကျွန်တော် ပြန်ခေါ်သွားမှာ "

ခေါင်းကို အခေါက်ခေါက်အခါခါ ငြိမ့်ပြကာ ပြောတော့ အန်တီကြီးက သူ့လက်ကလေးကို ကိုင်ကာ ဆိုင်အနောက်ဘက်ထဲဆွဲခေါ်သွားတာမို့ နေနေလည်းအနောက်ကနေ ခပ်သွက်သွက်ကလေးလိုက်သွားရသည် ။

လိုက်ကာ အနောက်ရောက်သွားတာနဲ့ ဆေးပေါင်းစုံရဲ့ ရနံ့တွေက ပိုပြီးပြင်းလာကာ နေနေပင် ခေါင်းတွေချာချာလည်လာတယ် ။

" ဝင်သွားလိုက် အထဲမှာ လင်းလေး စောင့်နေတယ် "

အကို စောင့်နေတယ် ။ နေဥတ္တရာ ပျော်လွန်းလို့ မျက်ရည်တွေပါ ဝဲတက်လာသည် ။ အန်ကယ်ရော အကိုရည်ရွယ်လင်းသစ် မသေသေးတာသိရင် ဘယ်လောက်များ ပျော်လိုက်မလဲ ။

ရင်တထိတ်ထိတ်နဲ့ပဲ နေနေ အခန်းတံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည် ။

" အကို "

ဘာတုံ့ပြန်သံမှ မကြားရတာမို့ နေနေ သေချာရှေ့တိုးပြီး ကြည့်လိုက်တဲ့ အချိန် ဆေးပိုက်ပေါင်းများစွာတပ်ထားရတဲ့ လူတစ်ယောက်က ကုတင်ပေါ်မှာ လဲလျောင်းနေလေသည် ။

" လင်း လေး ဒီလိုဖြစ်နေတာ နှစ်ချီနေပြီလေ "

" အကိုက သတ်သေ "

" ရည်ရွယ်လင်းသစ်က ကိုယ့်ကိုကိုယ် သတ်သေမဲ့ လူမျိုး လုံးဝမဟုတ်ဘူး "

" ဒါဆို "

" မသေမချင်း ကားနဲ့အတိုက်ခံခဲ့ရတာလေ အန်တီဆေးရုံ လိုက်သွားတော့ လင်းလေး အသိစိတ်က ရှိတစ်ချက် မရှိတစ်ချက်ဖြစ်နေပြီ "

အန်တီကြီး စကားကြောင့် နေနေ့မှာ အော်မိတော့မလိုဖြစ်သွား၍ ပါးစပ်ကို လက်နဲ့အမြန်အုပ်ထားလိုက်ရသည် ။

အန်တီရို့ လက်ချက်တော့ မဟုတ်ဘူးမလား ။ တစ်ကယ် အန်တီရို့လက်ချက်သာဆိုရင်တော့ နေဥတ္တရာက အဲ့အဘွားကြီးကို သွားရိုက်မိတော့မှာ ။

" အန်တီလည်း သူတို့ ကိစ္စတွေကို သေသေချာချာ မသိပေမဲ့ လင်းက စိတ်ဓာတ်မာတဲ့ကလေး ဆိုတာကို သိလို့ အခုချိန်ထိ စောင့်ရှောက်ပေးထားတာပဲ "

" အကိုက ဒီအတိုင်းလေးပဲ ရှိနေတာလား "

" လင်းလေးလည်း ဘယ်သူ့အတွက် ဒီနေ့အထိ တောင့်ခံထားလဲဆိုတာ အန်တီ မသိဘူး ဒါပေမယ့် တစ်ခါတလေဆို လင်းက မျက်ရည်တွေ ကျကျလာတယ် "

" အင်းပေါ့ "

" လင်း သတိလစ်မသွားခင် အန်တီ့ကို ပြောခဲ့တာရှိတယ် ဘာကိစ္စတွေပဲ ဖြစ်ဖြစ် သူ့ကို လုံးဝလက်မလျှော့လိုက်ဖို့ ဆိုတာပဲ အန်တီလည်း အကြိမ်ပေါင်းများစွာ လက်လွှတ်ဖို့ စဥ်းစားမိတိုင်း  ပြန်တွေးရတယ်။ လင်းရဲ့ တစ်စုံတစ်ယောက် အတွက်ရှင်သန်ချင်ခဲ့တဲ့ မျှော်လင့်ချက်လေးကို အန်တီရိုက်မချိုးသင့်ဘူးလို့လေ "

" တော်သေးတာပေါ့ အန်တီရယ် "

အကိုရည်ရွယ်လင်းသစ် က အန်ကယ်တစ်ယောက်ထဲ အတွက် ရှင်သန်ချင်ခဲ့တာပါ ။

" ဟုတ်တယ် အစက အန်တီ တို့ က တခြားနယ်ဘက်မှာ နေတာ အရင်လေးငါးနှစ်လောက်မှ ဒီနေရာလေးကို ပြောင်းလာခဲ့တာ တစ်ခုကောင်းတာက ဒီမြေဒီရေ နဲ့ လင်းက အဆင်ပြေတယ်ပြောရမယ် ဟိုတစ်လောကတောင် ညနေဘက်ကြီး အောက်ဆီဂျင် ထိုးကျသွားလို့ အန်တီဖြင့် ရူးတော့မလိုပဲ ဒါပေမဲ့မကြာဘူး ပြန်တက်လာတယ်လေ "

" ကျွန်တော် အကို့ကို ခေါ်သွားချင်တယ် အန်တီ
ခွင့်ပြုပေးလို့ ရမလား ဟိုမှာ သူစောင့်နေတဲ့သူ သူ့ကိုစောင့်နေတဲ့သူ ရှိတယ် "

" ရတာပေါ့ အဓိက က ရည်ရွယ်လင်းသစ် အခြေနေက ဒီထပ်ပိုပြီး တိုးတက်လာဖို့ပဲ အန်တီ မျှော်
လင့်တာ အန်တီကလည်း ဆိုင်တစ်ဖက်နဲ့ဆိုတော့ လင်းလေးကို မကြည့်မိတဲ့အချိန်တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေတာ သားရယ် "

နေဥတ္တရာ ခေါင်းငြိမ့်ပြကာ အကို့လက်ကလေးကို အသာယာကိုင်လိုက်သည် ။

ကြိမ်းသေပေါက် ပြန်နိုးလာပြီး ဟိုအဘွားကြီးရှေ့ အန်ကယ်နဲ့ ချစ်ကြည်နူးရမယ်နော် ။

ကျွန်တော်ကတော့ အကို့ဘက်ကပဲ မို့ အကိုဘာဖြစ်ဖြစ် အကို့ဘက်မှာရှိနေမှာ ။

နေနေ အကို့ကို ရန်ကုန်ကို ပြန်ခေါ်သွားဖို့ စီစဥ်စရာရှိတာ စီစဥ်ရသည် ။

အန်ကယ်နဲ့လည်း အမြန်ဆုံးပေးတွေ့ချင်လှပြီ ။ သူ့အဖြစ်ကလည်း ချစ်လျက်နဲ့ ရှင်ကွဲ ကွဲနေကြတဲ့ ကလေးနှစ်ယောက် အတွက် တွေးပူနေရတဲ့ မိဘလိုပဲ ။

ဝီရဦးခေါင်ကိုလည်း နေနေ လွမ်းနေပြီလေ ။ ဒါတောင် ခွဲရတာ တစ်ညနဲ့ တစ်ညနေပဲ ရှိသေး ။

//

ဝီရဦးခေါင်မှာ ဒေါသထွက်ရလွန်းလို့ နံရံကို လက်သီးနဲ့ထိုးနေမိတာ လက်ဖမိုးတစ်ခုလုံးလည်း သွေးထွက်ကာ စုတ်ပြတ်သတ်နေပြီ ။

သူ့ကို မပြောမဆိုနဲ့ နေဥတ္တရာ ထွက်သွားတာ တစ်ညနဲ့ တစ်ညနေ ရှိနေပြီဖြစ်တဲ့အပြင် ဖုန်းလည်း မယူသွားဘူး ။

အိမ်မှာ နေနေ မရှိတော့တာကို သူ သိသိချင်းပဲ ညတွင်းချင်း လိုက်ရှာတာ ရန်ကုန်တစ်မြို့လုံးလည်း နှံ့နေပြီ ။

ဒါပေမဲ့ နေဥတ္တရာ ရဲ့ အရိပ်ယောင်လေးတောင် မတွေ့ရပါ ။

ဝီရဦးခေါင် နေနေ့အပေါ် အများကြီး ဆိုးနေမိလို့ သူ့ဆီက အပြီးထွက်သွားတာများလား ။အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ ဘာတစ်ခုမှ မယူဘဲနဲ့လေ ။

ဒီလိုဆိုရင်တောင် ဘယ်ကိုထွက်သွားမယ်မှန်း နည်းနည်းပါးပါး ပြောပြသင့်တယ်လေ ။ အခုတော့
ဘယ်နေရာမှာ ဘာဖြစ်နေမှန်း မသိတာကြောင့် သူ့ရင်ဘတ်တစ်ခုလုံးပူလောင်နေကာ ပေါက်ကွဲထွက်တော့မယ် ။

ဒယ်ဒီ့ကို သွားမေးတော့လည်း ဒယ်ဒီလည်း ဘာမှသိဟန်မပေါ် အခြေနေလည်းကောင်းပုံမရ ။

ဝီရဦးခေါင် စိတ်ပူရလွန်းလို့ ခေါင်းကနေ အငွေ့တွေပါထွက်ချင်လာသည် ။ သူပူနေရတာ တစ်ယောက်တောင် မဟုတ် နှစ်ယောက်စာအတွက်တွေးပြီး ပူနေရတာ ။

" ဆိုးလိုက်တာ နေနေရယ် ကျုပ်ကို မုန်းတာနဲ့ ပဲ ထွက်ပြေးသွားတယ်ပေါ့ "

ဒီလိုဆိုပေမဲ့လည်း လိုက်မရှာဘဲ မနေနိုင်ပြန်၍ ကားသော့ဆွဲကာ ပဲခူးဘက်ကိုတစ်ချက်သွားကြည့်ဖို့ ထွက်လာလိုက်တယ် ။

ညကသောက်ထားတဲ့ အရှိန်တွေနဲ့ရော တစ်နေကုန်လုံးလည်း ဘာမှမစားရသေး၍ ဝီရဦးခေါင် ရဲ့ ဗိုက်က ထိုးအောင့်လာပြန်သည် ။

ဘာမှလည်း မစားချင်ပါ နေဥတ္တရာရဲ့ ခြေဖျားကနေ ဆံခြည်မျှင်အဆုံး အထိအခိုက်တစ်စုံတစ်ရာ မရှိတာ မြင်မှပဲ သူစားဝင်သောက်ဝင်တော့မှာ ။

" ကျစ်! "

ဝီရဦးခေါင် ကိုယ့်ကိုကိုယ် လည်း နားမလည်နိုင်ဘူး ။ နေဥတ္တရာက အရွယ်ရောက်ပြီးသား လူတစ်ယောက် ဖြစ်နေတာတောင် သူက ဘာကို စိတ်မချဖြစ်နေတာလဲ ။

မဟုတ်မှ သူ နေဥတ္တရာကို ကျစ်! စောက်ရေးမပါတာ ။ ငယ်ငယ်တုန်းက သံယောဇဉ် တွေကြောင့် သူ ဒီလိုဖြစ်နေတာပါ ။

နေနေနဲ့ သူက ဘယ်လိုမှကို မဖြစ်နိုင်တာကြီးကို ။ နေနေကလည်း သူ့ကိုဆို ငယ်ငယ်တုန်းကလိုပဲ ကလေးလိုဆက်ဆံနေတာချည်းကို ။

" ကိုယ်ဝန်ဆောင်တွေ အတွက် ဆောင်ထားသင့်တဲ့ လက်ဖွဲ့ကြိုးနီလေးတွေ ရမယ်နော် တစ်ခုမှ 5000 ထဲ တန်မှတန် "

" တစ်ခုယူမယ် ကျုပ်ကို တစ်ခုပေး "

ဝီရဦးခေါင် wallet ထဲက 1 သောင်းတန် တစ်ရွက်ထုတ်ပေးလိုက်ကာ ပြန်အမ်းငွေမယူဖြစ်တော့ ။

ဟိုလူကမ်းပေးလာတဲ့ လက်ဖွဲ့ကြိုးနီလေးကို wallet ထဲ ပြန်ထည့်ကာ ရှေ့ဆက်မောင်းလာခဲ့လိုက်သည် ။

ကားမောင်းနေရင်း မွေးလာမဲ့ ကလေးလေးနာမည်ကို ဘာပေးရင်ကောင်းမလဲ စဥ်းစားမိနေတာ
ကြောင့် ဝီရဦးခေါင် နည်းနည်းပြုံးမိလာတယ် ။

ဘာပဲ ဖြစ်ဖြစ် သူကတော့ သူ့နာမည်ပါအောင်ကို ပေးမှာ ။

! i want you to know i love you the most i'll always be there right by your side cause baby you're always in my mind just give me you forever !

ကားမောင်းနေရင်း ဖုန်းစိမ်းဝင်လာတာမို့ ဝီရဦးခေါင် ချပစ်ဖို့ပြင်လိုက်ပေမဲ့ ဒီ ringtone က နေနေ့ ph number တစ်ခုထဲ အတွက် သီးသန့်မှတ်ထားတဲ့ ringtone မို့ အမြန်ကောက်ကိုင်လိုက်ရသည် ။

" shitttt! "

စောက်ရေးထဲ လက်က ချော်ပြီး ဖုန်းလွတ်ကျသွားသေးတယ် ။

" နေဥတ္တရာ ခင်ဗျား အခုဘယ်မှာလဲ !!!!! "

တစ်ဖက်က လူတော့ မသိဘူး သူကတော့ အားကုန်အော်ပစ်လိုက်ရ၍ လည်ချောင်းတောင် နာချင်သွားပြီ ။

" ...... "

ခပ်စွာစွာ အသံလေးကြားလိုက်ရမှ ဝီရဦးခေါင် ရင်ဘတ်ထဲက အပူကတစ်ပူငြိမ်းသွားသယောင် ။

" နေရာကနေ ခြေတစ်လှမ်းမှ မရွေ့နဲ့ အခုချက်ချင်း ခင်ဗျားဆီ ကျုပ် လာခဲ့မယ် "

ကားကို ပြန်ကွေ့ကာ နေဥတ္တရာ ရှိတဲ့ နေရာကို ဦးတည်ပြီး မိုင်ကုန်မောင်းလာခဲ့သည် ။

တစ်လမ်းလုံးလည်း တစ်ဖက်ကားသမားတွေရဲ့ သူ့ကို ဆဲဆိုသံတွေက မွှန်လို့ ။

ဝီရဦးခေါင် အဆဲခံရတာကို ဒေါသလည်း မဖြစ်ဘဲ ရယ်တောင်ရယ်မိသေးတယ် ။

နေဥတ္တရာကို ပြန်တွေ့ရတော့မယ်ဆိုတဲ့အသိက အဲလောက်တောင် ပျော်စရာ ကောင်းတာလား ။ ဒါဆိုရင်တော့ လုံးဝကို သူ ရူးနေပြီပဲ ။

တစ်ယောက်ထဲ ပြုံးလိုက် ရီလိုက် လုပ်နေတာကို ဝီရဦးခေါင်မှာ သတိထားမိ၍ မျက်နှာကို ပြန်တည်ရသည် ။

လူချင်းတွေ့တာနဲ့ နေနေ့ကို သူနည်းနည်းလောက်တော့ ဆူပစ်ဦးမှရမယ်။

တစ်ကယ်လက်တွေ့မှာတော့ အများတကာ ကြားထဲ ထင်းနေသည့် ဘောင်းဘီနဲ့အင်္ကျီ ဆင်တူ ကြံရည်ရောင် ဝမ်းဆက်ကလေးနဲ့ အူတူတူ လူကို မြင်လိုက်ရတဲ့အချိန် ဆူမယ်ဆိုပြီး အားခဲထားတဲ့ စကားတွေလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည် ။

ဒါ့အ​ပြင် အဲ့ဒီ့အချိန်ခဏမှာပဲ အရာအားလုံး ရပ်တန့်သွားပြီး ဝီရဦးခေါင် အမြင်အာရုံတွေ ထဲ လျှာထိုး ဦးထုပ်လေးစောင်းကာ သူ့ကိုငေးကြည့်နေသည့် လူတစ်ယောက်သာ ရှိတော့တယ်  ။

//

Garlic
14/11/23

နှစ်တွေအကြာကြီး ရည်ရွယ်လင်းသစ် ကိုမာဝင်တာဘာညာက စိတ်ကူးယဥ်ပြီး ရေးထားတာ ပါ side couple ကို se မလုပ်ချင်လို့ လေ ။ အပြင်မှာ အဲ့လောက်အကြာကြီးကိုမာဝင်တာ ရှိမရှိတော့ မသိပါဘူး။





Zawgyi

ေနဥတၱရာမွာ ခပ္ႏြမ္းႏြမ္းလ်လ် ဓာတ္ပုံေလးတစ္ပုံကို လက္ထဲ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ
မဥ္ဇူလမ်း  ထဲရွိ အိမ္ေလးမ်ားအား တစ္အိမ္ဝင္တစ္အိမ္ထြက္ လိုက္ေမးရသည္ ။

ၿမိဳ႕ေလးက လူသူအေရာက္အေပါက္အသြားအလာနည္းတဲ့ ၿမိဳ႕ေလးျဖစ္ကာ ေရလမ္းနဲ႕ ကားလမ္းမေပါက္ဘဲ မီးရထားလမ္းတစ္လမ္းသာ ေပါက္တဲ့အျပင္ ခ်ယ္ရီပန္းေတြကလည္း တစ္ၿမိဳ႕လုံး အႏွံ႕ ပြင့္ေနတာမ်ား ေဝေဝဆာဆာနဲ႕ သိပ္ကိုလွရက္လြန္းတယ္ ။

ေနဥတၱရာ ဒီလိုေနရာမ်ိဳးကို ေမြးထဲကေန တစ္ခါမွမေရာက္ဖူးဘူး ။ အကို႔ကို လိုက္ရွာမွပဲ ေရာက္ဖူးေတာ့တယ္ ။

ဒီပတ္ဝန္းက်င္မွာေနၾကတဲ့ အိမ္အမ်ားစုကေတာ့
လူသစ္ေတြခ်ည္းပဲမို႔ အကို႔ကို မသိဘူး မျမင္ဖူးဘူး ေျဖၾကတာမို႔ ေနေန လာရွာတဲ့ေနရာမ်ား မွားေနတာလား စာ႐ြက္အပိုင္းအစေလးကို ျပန္ၾကည့္
ရၿပီ ။

အန္ကယ္ေျပာတဲ့ အတိုင္းဆို ေနရာက ဒီေနရာဒီ ေဒသပါပဲ ။ အကိုရည္႐ြယ္လင္းသစ္ေျပာတဲ့ ခ်ယ္ရီေတြပြင့္တဲ့အရပ္ဆိုတာလည္း တျခားေနရာေတြထက္ ဒီေဒသကိုပဲ ၫႊန္းေနတာပဲဟာကို ။

အကိုနဲ႕ အန္ကယ္တို႔ ႏွစ္ေယာက္လုံးကို ေနေနက ႀကိမ္းေသေပါက္ ျပန္ဆုံေအာင္ လုပ္ေပးရမွာမို႔ မလြယ္ကူမွန္းေတာ့ သိပါတယ္။

ဒါေပမဲ့ ေနဥတၱရာက ဘယ္မရာကိုမဆို လြယ္လြယ္ကူကူလက္မေလွ်ာ့တတ္တာမို႔ အခုလည္း လက္ေတာ့မေလွ်ာ့ေသးပါ ။

ရန္ကုန္အိမ္ကိုလည္း ေနေနနဲ႕အတူ အကိုရည္႐ြယ္လင္းသစ္ျပန္ပါလာမွ ေနေနျပန္သြားေတာ့မွာ ။

အခုေတာ့ လမ္းေလး တစ္လွမ္းႏွစ္လွမ္းပဲ ေလွ်ာက္ရေသးတယ္ ေညာင္းလို႔ ေသေတာ့မယ္ ။

အရင္က သူအဲ့လို မဟုတ္ပါဘူး ။ အခုမွပဲ ဘယ္လိုျဖစ္လို႔ ဒီေလာက္ ႏုေနလဲ မသိ ။ ဝီရဦးေခါင္ကလည္း အခုရက္ပိုင္း လူကို ပိုးေမြးသလိုေမြးေနတာမ်ား ေၾကာက္စရာ ။

ၿပီးေတာ့ ဝီရဦးေခါင္ အခုေလာက္ဆို အိမ္မွာ သူမရွိမွန္း သိၿပီဆိုေတာ့ ေသာင္းက်န္းေနၿပီလားေတာင္ မေျပာတတ္ ။

ျပန္ေရာက္မွ ေနေန သူ႕ကို ေသခ်ာ အက်ိဳးအေၾကာင္း ေျပာျပရင္ေတာ့ စိတ္ဆိုးေျပေလာက္ပါတယ္ ။

ေနေနကလည္း ဝီရဦးေခါင္ အလစ္ကို ခိုးထြက္လာတာ တစ္ရက္ခရီးဆိုၿပီးအဝတ္တစ္ထည္ကိုယ္တစ္ခု နဲ႕ လက္ထဲေငြသားနည္းနည္းသာ ပါသည္ ။

" အန္တီေရ ရွမ္းေခါက္ဆြဲသုံးပြဲကို တစ္ပြဲစာေပါင္းခ်ေပးပါ ၿပီးေတာ့ လိေမၼာ္သီး ေဖ်ာ္ရည္ မတ္ခြက္နဲ႕တစ္ခြက္ အျပည့္ယူမယ္ "

မနက္ထဲက ရထားဆိုက္ဆိုက္ခ်င္း ေနေန လူေပ်ာက္ ရွာပုံေတာ္ထြက္လာတာ ေရတစ္ငုံေတာင္ ပါးစပ္ထဲ မဝင္ေသး ဗိုက္ကလည္း ဆာေနၿပီမို႔ ခပ္ေဝးေဝးေရာက္တဲ့အထိ လမ္းဆက္ေလွ်ာက္ၿပီးမွ ေတြ႕တဲ့ ဆိုင္တစ္ဆိုင္ဝင္ထိုင္ကာ ရွမ္းေခါက္ဆြဲတစ္ပြဲ မွာလိုက္တယ္ ။

အခုတေလာ ေနဥတၱရာ အစားဆိုဘာမွမေရွာင္ေတာ့ ။ ျမင္သမွ် ေတြ႕သမွ် သားေရစာမုန့္ကအစ ပါးစပ္ထဲအကုန္ေကာက္ထည့္ေနတာ ။

လူက ဘယ္ေလာက္စားစား ဝမလာလို႔ အဲ့တစ္ခုေတာ့ ေကာင္းတယ္ ။

ေနေနက လူေတာ့ ဝမလာဘူး ဒါေပမဲ့ ဗိုက္ကေတာ့မေနဘူး စားၿပီးေသာက္ၿပီးရင္ ဗိုက္ကေလးကိုပူလို႔ ။

" လိုတာရွိရင္ အန္တီ့ကိုေျပာေနာ္ သား "

အန္တီႀကီး အနားေရာက္လာတာနဲ႕ နံ႕သာျဖဴ သနပ္ခါးအနံ႕ေလးက ေမႊးေနၿပီး ဆံႏြယ္အရွည္ကို တစ္ပတ္ထုံးေလးထုံးထားတာမို႔ ေနေန စိတ္ထဲ ၾကည္ႏူးတာလား ဘာလားမေျပာတတ္ ။

ဒီလိုမ်ိဳး ယဥ္ယဥ္ေလးေတြ ဆို ေနေနက အရမ္းသေဘာက်တာ ။

" ဟုတ္ ဟုတ္ ဘာမွေတာ့ မလိုပါဘူး ဟီး ေကာင္းေကာင္းစားပါ့မယ္ "

" အကၤ်ီလွန္ၿပီး အန္တီ့ကို ဗိုက္ကေလးျပပါဦး သား "

သူ႕ေရွ႕မွာပဲ ဝင္ထိုင္ကာ ဗိုက္ကိုလွန္ခိုင္းလာတဲ့ အန္တီႀကီး ေၾကာင့္ ေနေနလည္း အူေၾကာင္ေၾကာင္ေလးျဖစ္သြားရသည္ ။

" သား သားကို ေျပာတာလား အန္တီ "

" လိေမၼာ္သီး ေလးကို နံ႕သာျဖဴ အနံ႕ကေလးေကာင္းခ်ီး ေပးခ်င္လို႔ "

" လိေမၼာ္သီး ကို ေပးခ်င္တာလား သားက လိေမၼာ္သီး မဟုတ္ဘူး ဟီးဟီး "

အျငင္းစကားဆိုလိုက္ေပမဲ့ အန္တီႀကီးက ၿပဳံးၿပဳံးေလးပဲ ၾကည့္ေနတာမို႔ ေနေနလည္း မတ္တပ္ရပ္ကာအကၤ်ီကို မကာ ဗိုက္ပူေလးကို ျပလိုက္သည္ ။

" အဲ့ "

သူ႕ဗိုက္ကို လက္နဲ႕ထိၿပီး ပါးစပ္ကေန တတြတ္တြတ္႐ြတ္ေနသည့္ အန္တီႀကီး ေၾကာင့္ ေနဥတၱရာ လည္း ၿငိမ္ၿငိမ္ေလးပဲ ေနေပးလိုက္ေတာ့တယ္ ။

ဘာတုန္းဟ ဒီၿမိဳ႕က လူေတြက ထူးဆန္းလိုက္တာ ။

" တစ္ကယ့္ကို ေကာင္းခ်ီးေလးပဲ "

" ဟုတ္ အန္တီ ဒါနဲ႕ ဆက္စားမယ္ေနာ္ ဗိုက္ဆာေနလို႔ေလ "

" စားလို႔ ရပါၿပီ စားစား "

အခုထိ လူကို ေမတၱာဓာတ္အျပည့္နဲ႕ ၾကည့္ေနတဲ့ အန္တီႀကီးကို ေနေန ဘာမွမေျပာေတာ့ ။ ၾကည့္လို႔ အသားပဲ့သြားတာမွ မဟုတ္တာ ကိုယ့္ကိုခ်စ္လို႔
ၾကည့္တာပဲ ။

စားေနတဲ့ အခ်ိန္ေတာ့ လက္ထဲက ဓာတ္ပုံေလးကို ေဘးနားခဏခ်ထားလိုက္သည္ ။

အကိုရည္႐ြယ္လင္းသစ္ ဒီၿမိဳ႕ေလးမွာ ရွိေနရင္ သိပ္ေကာင္းမွာပဲ ။

" အို သား က လင္းေလးကို လာေခၚတာလားဟင္ "

" အဟြတ္ အဟြတ္ "

စားလက္စပင္ ၿမိဳမက်ေတာ့ဘဲ တန္းလန္းႀကီး ျဖစ္ကာ ပါးစပ္ထဲက ေခါက္ဆြဲေတြပင္အျပင္ျပန္ထြက္လာတာမို႔ ေနေနေရအျမန္ေသာက္လိုက္ရသည္ ။

သိေနတယ္ အကို႔ကို ဒီအန္တီႀကီး သိေနတယ္ ။ ၿပီးေတာ့ မ်က္ရည္ေတြဝဲကာ ဝမ္းသာလုံးဆို႔ေနဟန္ ။

" ဟုတ္တယ္မလား ရည္႐ြယ္လင္းသစ္ေလးကို သား လာေခၚတာ မဟုတ္လား "

" ဟုတ္ ဟုတ္တယ္ အန္တီ အကို႔ကို ကြၽန္ေတာ္ ျပန္ေခၚသြားမွာ "

ေခါင္းကို အေခါက္ေခါက္အခါခါ ၿငိမ့္ျပကာ ေျပာေတာ့ အန္တီႀကီးက သူ႕လက္ကေလးကို ကိုင္ကာ ဆိုင္အေနာက္ဘက္ထဲဆြဲေခၚသြားတာမို႔ ေနေနလည္းအေနာက္ကေန ခပ္သြက္သြက္ကေလးလိုက္သြားရသည္ ။

လိုက္ကာ အေနာက္ေရာက္သြားတာနဲ႕ ေဆးေပါင္းစုံရဲ႕ ရနံ႕ေတြက ပိုၿပီးျပင္းလာကာ ေနေနပင္ ေခါင္းေတြခ်ာခ်ာလည္လာတယ္ ။

" ဝင္သြားလိုက္ အထဲမွာ လင္းေလး ေစာင့္ေနတယ္ "

အကို ေစာင့္ေနတယ္ ။ ေနဥတၱရာ ေပ်ာ္လြန္းလို႔ မ်က္ရည္ေတြပါ ဝဲတက္လာသည္ ။ အန္ကယ္ေရာ အကိုရည္႐ြယ္လင္းသစ္ မေသေသးတာသိရင္ ဘယ္ေလာက္မ်ား ေပ်ာ္လိုက္မလဲ ။

ရင္တထိတ္ထိတ္နဲ႕ပဲ ေနေန အခန္းတံခါးကို ဖြင့္ကာ ဝင္သြားလိုက္သည္ ။

" အကို "

ဘာတုံ႕ျပန္သံမွ မၾကားရတာမို႔ ေနေန ေသခ်ာေရွ႕တိုးၿပီး ၾကည့္လိုက္တဲ့ အခ်ိန္ ေဆးပိုက္ေပါင္းမ်ားစြာတပ္ထားရတဲ့ လူတစ္ေယာက္က ကုတင္ေပၚမွာ လဲေလ်ာင္းေနေလသည္ ။

" လင္း ေလး ဒီလိုျဖစ္ေနတာ ႏွစ္ခ်ီေနၿပီေလ "

" အကိုက သတ္ေသ "

" ရည္႐ြယ္လင္းသစ္က ကိုယ့္ကိုကိုယ္ သတ္ေသမဲ့ လူမ်ိဳး လုံးဝမဟုတ္ဘူး "

" ဒါဆို "

" မေသမခ်င္း ကားနဲ႕အတိုက္ခံခဲ့ရတာေလ အန္တီေဆး႐ုံ လိုက္သြားေတာ့ လင္းေလး အသိစိတ္က ရွိတစ္ခ်က္ မရွိတစ္ခ်က္ျဖစ္ေနၿပီ "

အန္တီႀကီး စကားေၾကာင့္ ေနေန႕မွာ ေအာ္မိေတာ့မလိုျဖစ္သြား၍ ပါးစပ္ကို လက္နဲ႕အျမန္အုပ္ထားလိုက္ရသည္ ။

အန္တီရို႔ လက္ခ်က္ေတာ့ မဟုတ္ဘူးမလား ။ တစ္ကယ္ အန္တီရို႔လက္ခ်က္သာဆိုရင္ေတာ့ ေနဥတၱရာက အဲ့အဘြားႀကီးကို သြားရိုက္မိေတာ့မွာ ။

" အန္တီလည္း သူတို႔ ကိစၥေတြကို ေသေသခ်ာခ်ာ မသိေပမဲ့ လင္းက စိတ္ဓာတ္မာတဲ့ကေလး ဆိုတာကို သိလို႔ အခုခ်ိန္ထိ ေစာင့္ေရွာက္ေပးထားတာပဲ "

" အကိုက ဒီအတိုင္းေလးပဲ ရွိေနတာလား "

" လင္းေလးလည္း ဘယ္သူ႕အတြက္ ဒီေန႕အထိ ေတာင့္ခံထားလဲဆိုတာ အန္တီ မသိဘူး ဒါေပမယ့္ တစ္ခါတေလဆို လင္းက မ်က္ရည္ေတြ က်က်လာတယ္ "

" အင္းေပါ့ "

" လင္း သတိလစ္မသြားခင္ အန္တီ့ကို ေျပာခဲ့တာရွိတယ္ ဘာကိစၥေတြပဲ ျဖစ္ျဖစ္ သူ႕ကို လုံးဝလက္မေလွ်ာ့လိုက္ဖို႔ ဆိုတာပဲ အန္တီလည္း အႀကိမ္ေပါင္းမ်ားစြာ လက္လႊတ္ဖို႔ စဥ္းစားမိတိုင္း  ျပန္ေတြးရတယ္။ လင္းရဲ႕ တစ္စုံတစ္ေယာက္ အတြက္ရွင္သန္ခ်င္ခဲ့တဲ့ ေမွ်ာ္လင့္ခ်က္ေလးကို အန္တီရိုက္မခ်ိဳးသင့္ဘူးလို႔ေလ "

" ေတာ္ေသးတာေပါ့ အန္တီရယ္ "

အကိုရည္႐ြယ္လင္းသစ္ က အန္ကယ္တစ္ေယာက္ထဲ အတြက္ ရွင္သန္ခ်င္ခဲ့တာပါ ။

" ဟုတ္တယ္ အစက အန္တီ တို႔ က တျခားနယ္ဘက္မွာ ေနတာ အရင္ေလးငါးႏွစ္ေလာက္မွ ဒီေနရာေလးကို ေျပာင္းလာခဲ့တာ တစ္ခုေကာင္းတာက ဒီေျမဒီေရ နဲ႕ လင္းက အဆင္ေျပတယ္ေျပာရမယ္ ဟိုတစ္ေလာကေတာင္ ညေနဘက္ႀကီး ေအာက္ဆီဂ်င္ ထိုးက်သြားလို႔ အန္တီျဖင့္ ႐ူးေတာ့မလိုပဲ ဒါေပမဲ့မၾကာဘူး ျပန္တက္လာတယ္ေလ "

" ကြၽန္ေတာ္ အကို႔ကို ေခၚသြားခ်င္တယ္ အန္တီ
ခြင့္ျပဳေပးလို႔ ရမလား ဟိုမွာ သူေစာင့္ေနတဲ့သူ သူ႕ကိုေစာင့္ေနတဲ့သူ ရွိတယ္ "

" ရတာေပါ့ အဓိက က ရည္႐ြယ္လင္းသစ္ အေျခေနက ဒီထပ္ပိုၿပီး တိုးတက္လာဖို႔ပဲ အန္တီ ေမွ်ာ္
လင့္တာ အန္တီကလည္း ဆိုင္တစ္ဖက္နဲ႕ဆိုေတာ့ လင္းေလးကို မၾကည့္မိတဲ့အခ်ိန္တစ္ခုခု ျဖစ္သြားမွာ စိုးရိမ္ေနတာ သားရယ္ "

ေနဥတၱရာ ေခါင္းၿငိမ့္ျပကာ အကို႔လက္ကေလးကို အသာယာကိုင္လိုက္သည္ ။

ႀကိမ္းေသေပါက္ ျပန္နိုးလာၿပီး ဟိုအဘြားႀကီးေရွ႕ အန္ကယ္နဲ႕ ခ်စ္ၾကည္ႏူးရမယ္ေနာ္ ။

ကြၽန္ေတာ္ကေတာ့ အကို႔ဘက္ကပဲ မို႔ အကိုဘာျဖစ္ျဖစ္ အကို႔ဘက္မွာရွိေနမွာ ။

ေနေန အကို႔ကို ရန္ကုန္ကို ျပန္ေခၚသြားဖို႔ စီစဥ္စရာရွိတာ စီစဥ္ရသည္ ။

အန္ကယ္နဲ႕လည္း အျမန္ဆုံးေပးေတြ႕ခ်င္လွၿပီ ။ သူ႕အျဖစ္ကလည္း ခ်စ္လ်က္နဲ႕ ရွင္ကြဲ ကြဲေနၾကတဲ့ ကေလးႏွစ္ေယာက္ အတြက္ ေတြးပူေနရတဲ့ မိဘလိုပဲ ။

ဝီရဦးေခါင္ကိုလည္း ေနေန လြမ္းေနၿပီေလ ။ ဒါေတာင္ ခြဲရတာ တစ္ညနဲ႕ တစ္ညေနပဲ ရွိေသး ။

//

ဝီရဦးေခါင္မွာ ေဒါသထြက္ရလြန္းလို႔ နံရံကို လက္သီးနဲ႕ထိုးေနမိတာ လက္ဖမိုးတစ္ခုလုံးလည္း ေသြးထြက္ကာ စုတ္ျပတ္သတ္ေနၿပီ ။

သူ႕ကို မေျပာမဆိုနဲ႕ ေနဥတၱရာ ထြက္သြားတာ တစ္ညနဲ႕ တစ္ညေန ရွိေနၿပီျဖစ္တဲ့အျပင္ ဖုန္းလည္း မယူသြားဘူး ။

အိမ္မွာ ေနေန မရွိေတာ့တာကို သူ သိသိခ်င္းပဲ ညတြင္းခ်င္း လိုက္ရွာတာ ရန္ကုန္တစ္ၿမိဳ႕လုံးလည္း ႏွံ႕ေနၿပီ ။

ဒါေပမဲ့ ေနဥတၱရာ ရဲ႕ အရိပ္ေယာင္ေလးေတာင္ မေတြ႕ရပါ ။

ဝီရဦးေခါင္ ေနေန႕အေပၚ အမ်ားႀကီး ဆိုးေနမိလို႔ သူ႕ဆီက အၿပီးထြက္သြားတာမ်ားလား ။အဝတ္အစားနဲ႕ အသုံးအေဆာင္ပစၥည္းေတြ ဘာတစ္ခုမွ မယူဘဲနဲ႕ေလ ။

ဒီလိုဆိုရင္ေတာင္ ဘယ္ကိုထြက္သြားမယ္မွန္း နည္းနည္းပါးပါး ေျပာျပသင့္တယ္ေလ ။ အခုေတာ့
ဘယ္ေနရာမွာ ဘာျဖစ္ေနမွန္း မသိတာေၾကာင့္ သူ႕ရင္ဘတ္တစ္ခုလုံးပူေလာင္ေနကာ ေပါက္ကြဲထြက္ေတာ့မယ္ ။

ဒယ္ဒီ့ကို သြားေမးေတာ့လည္း ဒယ္ဒီလည္း ဘာမွသိဟန္မေပၚ အေျခေနလည္းေကာင္းပုံမရ ။

ဝီရဦးေခါင္ စိတ္ပူရလြန္းလို႔ ေခါင္းကေန အေငြ႕ေတြပါထြက္ခ်င္လာသည္ ။ သူပူေနရတာ တစ္ေယာက္ေတာင္ မဟုတ္ ႏွစ္ေယာက္စာအတြက္ေတြးၿပီး ပူေနရတာ ။

" ဆိုးလိုက္တာ ေနေနရယ္ က်ဳပ္ကို မုန္းတာနဲ႕ ပဲ ထြက္ေျပးသြားတယ္ေပါ့ "

ဒီလိုဆိုေပမဲ့လည္း လိုက္မရွာဘဲ မေနနိုင္ျပန္၍ ကားေသာ့ဆြဲကာ ပဲခူးဘက္ကိုတစ္ခ်က္သြားၾကည့္ဖို႔ ထြက္လာလိုက္တယ္ ။

ညကေသာက္ထားတဲ့ အရွိန္ေတြနဲ႕ေရာ တစ္ေနကုန္လုံးလည္း ဘာမွမစားရေသး၍ ဝီရဦးေခါင္ ရဲ႕ ဗိုက္က ထိုးေအာင့္လာျပန္သည္ ။

ဘာမွလည္း မစားခ်င္ပါ ေနဥတၱရာရဲ႕ ေျခဖ်ားကေန ဆံျခည္မွ်င္အဆုံး အထိအခိုက္တစ္စုံတစ္ရာ မရွိတာ ျမင္မွပဲ သူစားဝင္ေသာက္ဝင္ေတာ့မွာ ။

" က်စ္! "

ဝီရဦးေခါင္ ကိုယ့္ကိုကိုယ္ လည္း နားမလည္နိုင္ဘူး ။ ေနဥတၱရာက အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ ျဖစ္ေနတာေတာင္ သူက ဘာကို စိတ္မခ်ျဖစ္ေနတာလဲ ။

မဟုတ္မွ သူ ေနဥတၱရာကို က်စ္! ေစာက္ေရးမပါတာ ။ ငယ္ငယ္တုန္းက သံေယာဇဥ္ ေတြေၾကာင့္ သူ ဒီလိုျဖစ္ေနတာပါ ။

ေနေနနဲ႕ သူက ဘယ္လိုမွကို မျဖစ္နိုင္တာႀကီးကို ။ ေနေနကလည္း သူ႕ကိုဆို ငယ္ငယ္တုန္းကလိုပဲ ကေလးလိုဆက္ဆံေနတာခ်ည္းကို ။

" ကိုယ္ဝန္ေဆာင္ေတြ အတြက္ ေဆာင္ထားသင့္တဲ့ လက္ဖြဲ႕ႀကိဳးနီေလးေတြ ရမယ္ေနာ္ တစ္ခုမွ 5000 ထဲ တန္မွတန္ "

" တစ္ခုယူမယ္ က်ဳပ္ကို တစ္ခုေပး "

ဝီရဦးေခါင္ wallet ထဲက 1 ေသာင္းတန္ တစ္႐ြက္ထုတ္ေပးလိုက္ကာ ျပန္အမ္းေငြမယူျဖစ္ေတာ့ ။

ဟိုလူကမ္းေပးလာတဲ့ လက္ဖြဲ႕ႀကိဳးနီေလးကို wallet ထဲ ျပန္ထည့္ကာ ေရွ႕ဆက္ေမာင္းလာခဲ့လိုက္သည္ ။

ကားေမာင္းေနရင္း ေမြးလာမဲ့ ကေလးေလးနာမည္ကို ဘာေပးရင္ေကာင္းမလဲ စဥ္းစားမိေနတာ
ေၾကာင့္ ဝီရဦးေခါင္ နည္းနည္းၿပဳံးမိလာတယ္ ။

ဘာပဲ ျဖစ္ျဖစ္ သူကေတာ့ သူ႕နာမည္ပါေအာင္ကို ေပးမွာ ။

! i want you to know i love you the most i'll always be there right by your side cause baby you're always in my mind just give me you forever !

ကားေမာင္းေနရင္း ဖုန္းစိမ္းဝင္လာတာမို႔ ဝီရဦးေခါင္ ခ်ပစ္ဖို႔ျပင္လိုက္ေပမဲ့ ဒီ ringtone က ေနေန႕ ph number တစ္ခုထဲ အတြက္ သီးသန့္မွတ္ထားတဲ့ ringtone မို႔ အျမန္ေကာက္ကိုင္လိုက္ရသည္ ။

" shitttt! "

ေစာက္ေရးထဲ လက္က ေခ်ာ္ၿပီး ဖုန္းလြတ္က်သြားေသးတယ္ ။

" ေနဥတၱရာ ခင္ဗ်ား အခုဘယ္မွာလဲ !!!!! "

တစ္ဖက္က လူေတာ့ မသိဘူး သူကေတာ့ အားကုန္ေအာ္ပစ္လိုက္ရ၍ လည္ေခ်ာင္းေတာင္ နာခ်င္သြားၿပီ ။

" ...... "

ခပ္စြာစြာ အသံေလးၾကားလိုက္ရမွ ဝီရဦးေခါင္ ရင္ဘတ္ထဲက အပူကတစ္ပူၿငိမ္းသြားသေယာင္ ။

" ေနရာကေန ေျခတစ္လွမ္းမွ မေ႐ြ႕နဲ႕ အခုခ်က္ခ်င္း ခင္ဗ်ားဆီ က်ဳပ္ လာခဲ့မယ္ "

ကားကို ျပန္ေကြ႕ကာ ေနဥတၱရာ ရွိတဲ့ ေနရာကို ဦးတည္ၿပီး မိုင္ကုန္ေမာင္းလာခဲ့သည္ ။

တစ္လမ္းလုံးလည္း တစ္ဖက္ကားသမားေတြရဲ႕ သူ႕ကို ဆဲဆိုသံေတြက မႊန္လို႔ ။

ဝီရဦးေခါင္ အဆဲခံရတာကို ေဒါသလည္း မျဖစ္ဘဲ ရယ္ေတာင္ရယ္မိေသးတယ္ ။

ေနဥတၱရာကို ျပန္ေတြ႕ရေတာ့မယ္ဆိုတဲ့အသိက အဲေလာက္ေတာင္ ေပ်ာ္စရာ ေကာင္းတာလား ။ ဒါဆိုရင္ေတာ့ လုံးဝကို သူ ႐ူးေနၿပီပဲ ။

တစ္ေယာက္ထဲ ၿပဳံးလိုက္ ရီလိုက္ လုပ္ေနတာကို ဝီရဦးေခါင္မွာ သတိထားမိ၍ မ်က္ႏွာကို ျပန္တည္ရသည္ ။

လူခ်င္းေတြ႕တာနဲ႕ ေနေန႕ကို သူနည္းနည္းေလာက္ေတာ့ ဆူပစ္ဦးမွရမယ္။

တစ္ကယ္လက္ေတြ႕မွာေတာ့ အမ်ားတကာ ၾကားထဲ ထင္းေနသည့္ ေဘာင္းဘီနဲ႕အကၤ်ီ ဆင္တူ ႀကံရည္ေရာင္ ဝမ္းဆက္ကေလးနဲ႕ အူတူတူ လူကို ျမင္လိုက္ရတဲ့အခ်ိန္ ဆူမယ္ဆိုၿပီး အားခဲထားတဲ့ စကားေတြလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကုန္သည္ ။

ဒါ့အျပင္ အဲ့ဒီ့အခ်ိန္ခဏမွာပဲ အရာအားလုံး ရပ္တန့္သြားၿပီး ဝီရဦးေခါင္ အျမင္အာ႐ုံေတြ ထဲ လွ်ာထိုး ဦးထုပ္ေလးေစာင္းကာ သူ႕ကိုေငးၾကည့္ေနသည့္ လူတစ္ေယာက္သာ ရွိေတာ့တယ္  ။

//

Garlic
14/11/23

ႏွစ္ေတြအၾကာႀကီး ရည္႐ြယ္လင္းသစ္ ကိုမာဝင္တာဘာညာက စိတ္ကူးယဥ္ၿပီး ေရးထားတာ ပါ side couple ကို se မလုပ္ခ်င္လို႔ ေလ ။ အျပင္မွာ အဲ့ေလာက္အၾကာႀကီးကိုမာဝင္တာ ရွိမရွိေတာ့ မသိပါဘူး။





Continue Reading

You'll Also Like

4.2M 140K 30
Spencer O'connor. A socially anxious wolf who is scared of everyone. He will only mutter a few words to people he knows. He has to leave his pack whe...
406K 9.8K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
16.3M 545K 35
Down-on-her-luck Aubrey gets the job offer of a lifetime, with one catch: her ex-husband is her new boss. *** Aubrey...