ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

125K 18.5K 427

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်

2.6K 321 14
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်

"ဆိုတော့ကာ မင်းက ငါ အများကြီးကြားထားမိတဲ့ ကိုယ်လုပ်တော်ဆိုတဲ့ဟာလား" ပိုင်ရှန်းရှို့လောက် ရှေးခေတ်က ကိုယ်လုပ်တော်တွေအကြောင်းကို ဆုယွင်က သိပ် မသိ သိပ်နား မလည်ဘူး။ ကိုယ်လုပ်တော်ဆိုတာ မော်ဒန်ခေတ်မှာလိုဆို မယားငယ်အဆင့်နဲ့ မခြားဘူးလို့ ဆုယွင်က ထင်တာ။ ဒါကြောင့် သူမ အသံကလဲ အထင်သေးမှုတွေ အပြည့်ဖြစ်နေတယ်။

"အင်း" ပိုင်ရှန်းရှို့ ခေါင်းလေးငုံ့ပြီး ပြန်ဖြေလိုက်တယ်။ သူမ အသွင်က ရှက်မူပိုသွားသလိုပဲ။

ဆုယွင် မျက်မှောင်ကြုတ်သွားတော့တယ်။ ဒီမိန်းမက မော်ဒန်ခေတ်ကနေ ဝိညာဉ်ကူးပြောင်းလာသူ တကယ်ရော ဟုတ်ရဲ့လား။ "မင်း ဘာတွေ ရှက်သွေးဖြာနေတာလဲ" ဆုယွင် မမေးဘဲ မနေနိုင်ခဲ့ဘူး။

ဒါပေမဲ့ ဟိုတစ်ယောက်က အလိုအလျောက် ပါးပြင်ကို လက်နဲ့ အသာထိကြည့်လိုက်မိပုံနဲ့ နားမလည်စွာ ပြန်မေးလာလေတယ်။ "တို့က ရှက်သွေးဖြာနေမိတာလားဟင်"

ဆုယွင်ကတော့ ပြန်တုံ့နှင်းလိုက်တယ်။ "ယမ်းမှုန့်ကို ဘယ်လို ဖန်တီးထုတ်ဖော်ရမလဲကို မင်း ဘယ်လိုလုပ် သိတာလဲ"

"တို့ စာအုပ်တွေထဲမှာ ဖတ်ဖူးတာ"

"စာအုပ်ထဲမှာ၊ မင်း ပြောတာက စာအုပ်ဖတ်ရင်းနဲ့ တတ်သွားတာပေါ့ အဲ့လိုလား"

"ဟုတ်တယ်"

"ဒါပေမဲ့ အချိုးကျတော့. . ."

"အချိုး၊ အချိုးဆိုတာ ဘာကြီးလဲ"

"မင်းနဲက တကယ်ကို ပြောရခက်တော့မှာပဲ၊ ကဲ... ပါဝင်ပစ္စည်းတစ်ခုချင်းကို ဘယ်ပမာဏအချိုးအစားနဲ့ ထည့်ရမယ်ဆိုတာကို မင်း ဘယ်လိုလုပ်သိတာလဲ" ဆုယွင် မေးလာတော့တယ်။

"အာ အကုန် စာအုပ်ထဲမှာ ပါတယ်လေ" ပိုင်ရှန်းရှို့က အဆုံးထိ ဒီလိုပဲ ဆက်ပြီး သရုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ သူမရဲ့ ဝိညာဉ်ကပဲ ဒီခေတ်ကို ကူးပြောင်းလာတာဆိုတော့ ဆုယွင်က သူမကို လျိုယန်းယန်မှန်း သိသွားစရာ အကြောင်းမရှိဘူး။ ပြီးတော့ ဒီအခြေအနေရောက်တဲ့အထိ ပိုင်ရှန်းရှို့က ပုံမှန်ထက် သာလွန်တဲ့ အရာ တစ်ခုမှ မလုပ်ရသေးဘူး။ ဒါကြောင့် ဆုယွင် သူမ ဘယ်သူလဲဆိုတာ သိသွားမှာကို ပူစရာ မလိုနေဘူး။

"အဲ့ဒါ ဘယ်လို စာအုပ်မျိုးလဲ၊ ငါ ကြည့်ကြည့်လို့ ရမလား"

"ဒီမယ် အမိ၊ စည်းကျော်မလာနဲ့" လုံဟန့် ဝင်ဟောက်လိုက်တော့တယ်။ အဲ့ဒီမိန်းမ ပိုင်ရှန်းရှို့ကို မေးခွန်းတွေထုတ်နေတာ သူ မလိုလားဘူး။ "မင်း ဒီကို ရောက်နေပြီဆိုမှတော့ ဒီမှာ ရက်ပိုင်းလောက် ဆက်နေလိုက်၊ မဆီမဆိုင် အတွေးတွေတော့ ဝင်မလာနဲ့"

"လုံစစ်သူကြီးက တကယ်ပဲ ကျွန်မ အကူအညီကို မလိုဘူးလား၊ သူတို့ရဲ့ အဓိကစစ်စခန်းကို သိမ်းယူနိုင်မဲ့ နည်းလမ်း ကျွန်မက ပြောပြနိုင်တယ်ဆိုရင်ရော" သူ သေချာပေါက် သဘောတူမှာပဲ။ တကယ်တမ်းမှာလဲ သူ အခု ဒီအထိ ချီတက်လာတာ အဓိက စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ဖို့ မဟုတ်လား။ 'သူ ငါ့အကူအညီကို ယူမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့၊ ဒီနေရာမှာ နေရာတစ်ခုကို ငါ ယူထားနိုင်မှာပဲ' ဒီကိုယ်လုပ်တော်က တကယ်ပဲ ရှေးခေတ်က မိန်းမတစ်ယောက်ဆိုရင် ဆုယွင် သိချင်မိတာ တစ်ခုရှိတယ်။ ဒီကိုယ်လုပ်တော်ရဲ့ အမျိုးသားကို သူမရဲ့ ရင်ခွင်တွင်းက ဆွဲထုတ်လုယူနိုင်ရင် ပျော်ဖို့ကောင်းမလားလို့ပေါ့။

"ကျုပ် လုံဟန့်က မင်း အကူအညီမလိုဘူး၊ သူတို့ကိုလဲ ကျုပ်နဲ့ ဖက်ပြိုင်နိုင်တဲ့ တန်းတူ အရည်သွေးရှိတဲ့ ရန်သူလို့ သဘောမထားဘူး" သူ လှည့်ထွက်လာလိုက်တော့တယ်။ လက်တစ်ဖက်က ပိုင်ရှန်းရှို့ကို ဆွဲလာရင်းပေါ့။ သူ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ဘူး။ သူ မိန်းမစား အမျိုးမျိုး မြင်ဖူးခဲ့တယ်။ ဒါပေမဲ့ ဒီမိန်းမလောက် ဂုဏ်မောက်ပြီး စိတ်ကြီးဝင် ရဲတင်းနေတာမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ သူမရဲ့ အကူအညီမရလဲ သူ ဆုံးရှုံးနစ်နာသွားမှာမှ မဟုတ်တာ။ ပိုင်ရှန်းရှို့အတွက် နေရာထိုင်ခင်း စီစဉ်စရာရှိတာတွေ လုပ်ပေးပြီးတာနဲ့ ရန်သူကို အလဲထိုးဖို့ဘက် သူ အာရုံပြန်စိုက်နေတော့တယ်။ ဒါပေမဲ့ ရန်သူတွေရဲ့ အဆိပ်ပညာနဲ့ အဆိပ်ပိုးကောင်တွေ ရန်ကို ရင်ဆိုင်နိုင်ဖို့ သူ သင့်လျော်တဲ့ ပြင်ဆင်မှုတွေ အရင် လုပ်ထားဖို့လိုတယ်။ လုံဟန့်က တကယ်တော့ အဆိပ်ရော၊ အဆိပ်ပိုးကောင်တွေပါ ရင်ဆိုင်ရာမှာ အတွေ့အကြုံကောင်းကောင်းရှိတယ်။ သူက အဆိပ်ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်နေတာတော့ မဟုတ်ပေမဲ့ သူ့လက်အောက်ငယ်သားတွေထဲ အဆိပ်ပညာရှင်တွေ ပါတယ်။ ဒီလက်အောက်ငယ်သားတွေအများစုက ရှုခရိုင်က လူတွေ။ အားချွမ်ခေါ်လာတဲ့ ရှုခရိုင် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ အဆိပ် ကာကွယ်နိုင်မဲ့ နည်းလမ်းတွေ အများကြီးကို လုံဟန့်တို့ စစ်တပ်က စဉ်းစားအကောင်အထည်ဖော်လိုက်နိုင်ကြတယ်။

ပိုင်ရှန်းရှို့ကတော့ ဆုယွင်နဲ့ ရင်ဆိုင်ဖို့ စိတ်မပါတာမို့ တဲထဲက မထွက်ဘဲ နေတယ်။ သူမ ယောက်ျားက အဲ့ဒီမိန်းမကို အဖက်ပြန်မလုပ်သရွေ့ အေးဆေးပဲ။ သူမဖာသာ ဆုယွင်ရှေ့မှာ လူလုံးမပြတာက ပိုကောင်းမယ်။ ဆုယွင် သူမကို ပြဿနာရှာလို့ မရအောင်လို့။ ဆုယွင်ရဲ့ မျက်ဝန်းအကြည့်တွေကို ကြည့်လိုက်ရုံနဲ့ မင်းသမီးရူး ရောဂါ ပြန်ထလာပြီဆိုတာ ပိုင်ရှန်းရှို့ သိလိုက်တယ်။ ဆုယွင် ယောက်ျားတစ်ယောက်ကို ကြိုက်မိပြီ၊ ဒါပေမဲ့ အဲ့ယောက်ျားက သူမ ခံစားချက်ကို ပြန်မတုံ့နှင်းဘူးဆိုတဲ့ အခါတိုင်း ဆုယွင်ရဲ့ အတွေးတွေက စိတ္တဇဆန်လာတတ်တော့တာပဲ။

'တကယ့်ကို မင်းသမီးရူးရောဂါသည် ပီသပါပေတယ်' ပိုင်ရှန်းရှို့ လုံဟန့်ရဲ့ ရွက်ဖျင်တဲကို သပ်ရပ်သွားအောင် ရှင်းလင်းပေးရင်း တွေးလိုက်မိတယ်။ ယောက်ျားတွေကတော့ ယောက်ျားတွေပဲ။ ရှေးခေတ်က လူဖြစ်ဖြစ်၊ မော်ဒန်ခေတ်က လူဖြစ်ဖြစ် အတူတူပဲ။ သူတို့ အခန်းတွေကို ရှင်းပေးမဲ့သူများ မရှိရင် အမြဲ ပွထနေတော့တာ။ ကြမ်းပေါ်ကျနေတဲ့ ပစ္စည်းတွေနဲ့ ခလုတ်တိုက်မိကြမှာ မစိုးဘူးလား မသိ။

သူမ ပစ္စည်းတွေ စီရီနေတုန် နောက်မှာ တစ်ယောက်ယောက်ရှိနေတာကို ပိုင်ရှန်းရှို့ ရုတ်တရက် ခံစားမိလိုက်တယ်။ သူမ လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘာ စကားမှ မပြောနိုင်သေးခင်မှာပဲ သူမ အကြောပိတ်ခံလိုက်ရလေတယ်။ တကယ်တော့ စကားပြောဖို့ နေနေသာသာ ဘာအသံမှတောင် မထွက်လိုက်ရတာ။ လုံဟန့်ရဲ့ တပ်က ရဲမက်ဝတ်စုံဝတ်ထားတဲ့ လုစစ်သူကြီး သူမကို အပေါ်စီးက ငုံ့ကြည့်နေတယ်။ "မင်း သူ့ကိူ မေးချင်တာသာ မေး၊ ကိုယ် အပြင်ကနေ စောင့်နေမယ်" လုစစ်သူကြီးက သူ့ဘေးမှာရှိတဲ့ ဆုယွင်ကို ပြောလိုက်တယ်။

"ဟုတ်ပါပြီ"

'လုစစ်သူကြီးကိုယ်တိုင် သူ့ကို လာကယ်မယ်လို့ မထင်ထားဘူး၊ ကြည့်ရတာ သူ့ကို တကယ်ကြိုက်နေတာ ဖြစ်မယ်' ပိုင်ရှန်းရှို့ အတွေးများနေတုန်း ဆုယွင်က သူမမျက်နှာကို အုပ်ကွယ်ထားတဲ့ ဆံစတွေကို သပ်တင်ပေးလိုက်တယ်။ ပိုင်ရှန်းရှို့လဲ ရှေ့မှာ ပြေကျနေတဲ့ ဆံစတွေ မရှိတော့တာမို့ ဆုယွင်ရဲ့ ရန်လို ဆန့်ကျင်နေမှုကို အကာအကွယ်မရှိ အတိုင်းသား တွေ့ရတော့တာပေါ့။ "မင်းက တကယ်ကို ချောလှတာပဲ၊ အခု မင်း စကားပြောလို့ရပြီ၊ အော်ဖို့တော့ မကြံနဲ့... မင်း မျက်နှာလှလှလေးကို ငါ အချိန်မရွေး လှီးပစ်လိုက်လို့ ရတယ်"

"ရှင်... ရှင် ကျွန်မဆီက ဘာကို လိုချင်တာလဲ" ပိုင်ရှန်းရှို့ကိုယ်ကို ကြာပန်းဖြူလေး ဝင်ပူးသွားတဲ့ အတိုင်းပဲ။ သူမ တစ်ကိုယ်လုံးက သစ်ရွက်လေးလို တုန်ယင်လာပြီး မျက်ရည်တွေ သွင်သွင်စီးကျလာတော့တာ။ ဝိညာဉ်ကူးပြောင်းလာတဲ့ မိန်းမအများစုက ကြာပန်းဖြူ စရိုက်ကို အသေမုန်းကြတာ။ ဆုယွင်လဲ အဲ့သလို မုန်းလောက်တယ်ဆိုတာ ပိုင်ရှန်းရှို့ ခန့်မှန်းမိတယ်။

"ဟဲ့ ငါ ဘာမှတောင် မပြောရသေးဘူး နင်က ငိုနေပြီလား၊ နင့်ကိုယ်နင် ကြောင်ပေါက်လေးလို ထင်မနေနဲ့၊ ပြောစမ်း... နင်က ဒီလောကကို ဝိညာဉ်ကူးပြောင်းပြီးရောက်လာတာ မဟုတ်လား၊ ငါက စိတ်ရှည်တာ မဟုတ်ဘူးနော်၊ နင် ဟုတ်နေရင် ငါနဲ့ လိုက်ခဲ့၊ ယောက်ျားတစ်ယောက်ရဲ့ ကိုယ်လုပ်တော် လုပ်တာ ဘာအကျိုးရှိမှာမို့လဲ"

"ဒါဆို. . . ရှင် ဘာလုပ်မှာလဲ"

"ဘာမှ မလုပ်ဘူး၊ နင် ဒီကို ဝိညာဉ်ကူးပြောင်း ရောက်လာတယ်ဆိုရင်လဲ ယောက်ျားတွေ ခြံရံပြီး နေသင့်တာပေါ့။ ဒီကောင်တွေကို နင့်ရဲ့ နယ်ရုပ်တွေ ဖြစ်အောင်လုပ်၊ နင့်ကို ကိုးကွယ် ပသပြီးထားအောင် လုပ်၊ နင် စိတ်ပါရင် အသုံးချပြီး ငြီးငွေ့တာနဲ့ ကန်ထုတ်ပစ်လိုက်လေ၊ ယောက်ျားတွေမှ ပေါလွန်းလို့...! လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ခစားဝပ်တွားနေမဲ့ ယောက်ျားတွေ ပြေးလာစေရမယ်"

"ဒါ. . . ဒါတော့ မကောင်းဘူးနဲ့ တူတယ်"

"ဘာ မကောင်းစရာ ရှိလို့လဲ၊ ရှေးခေတ်ကို ဝိညာဉ်ကူးပြောင်းတယ်ဆိုတာက အရည်အချင်းရှိ အရည်အသွေးမြင့်တဲ့ ယောက်ျားတွေကို ရှာဖို့ပဲ မဟုတ်လား၊ သူ့တို့ အပိုင်ပစ္စည်းအဖြစ် လိုလိုလားလား နင်က နေချင်စရာလား၊ အပြင်မှာ ယောက်ျားမျိုးစုံရှိတယ်၊ နင် တစ်ယောက်ချင်းစီကို အရသာခံ မြည်းစမ်းကြည့်သင့်တာပေါ့"

"ဒါ. . ." ပိုင်ရှန်းရှို့ မျက်နှာကတော့ အတော်လေး လန့်သွားရပုံနဲ့။ 'အမလေး မမလေးရဲ့ အရမ်းကြီး မရှုပ်ပွေလွန်းဘူးလား၊ စားစော်ကြီးဖြစ်နေပြီ၊ ရှေးခေတ်မှာပါ အဆင်ဖမ်းပြီး ပွေချင်သေးတာလား၊ ငါ့ကိုပါ အရောင်ဆိုးချင်သေးတယ်၊ အထင်ကြီး လေးစာမိသွားပြီ'

"အဲ့ဒီ သွေးပျက်ထိတ်လန့်နေတဲ့ မျက်နှာပေးကို ပြင်စမ်း၊ ယောက်ျားတွေကျတော့ မိန်းမတွေနဲ့ ပလူးလို့ ကစားလို့ ရပြီး မိန်းမတွေကျတော့ ဘာလို့ မပွေနိုင်ရမှာလဲ"

"ဒါပေမဲ့ ရှင် အဲ့လို ယောက်ျားတကာနဲ့ ပတ်အိပ်ရင် ဆောင်ကြာမြိုင်က ပြည့်တန်ဆာတွေ အပျော်မယ်တွေနဲ့ ဘာကွာခြားတော့မှာလဲ"

ဖြန်း...! ပိုင်ရှန်းရှို့ ပါးချခံလိုက်ရတယ်။ ဆုယွင်က ဟက်ဟက်ပက်ပက်ရယ်ပြီး ဆက်ပြောလေတယ်။ "အဲ့ဒီ အပျော်မယ်တွေက ယောက်ျားတွေအတွက် ကစားစရာသက်သက်ပဲ၊ သူတို့မှာ ရွေးချယ်စရာ မရှိဘူး၊ ဒါပေမဲ့ ဒီအစ်မကြီးက ယောက်ျားတွေကို ကစားမှာ"

"သြော် ဒါဆို ရှင်က သူတို့ထက် အဆင့်ပိုမြင့်တဲ့ မိန်းမပျက်ပေါ့" ပိုင်ရှန်းရှို့က နောက်ဆုံးမှ သဘောပေါက်သွားတဲ့ ပုံစံနဲ့ ခေါင်းတညိတ်ညိတ်  လုပ်လိုက်တယ်။ "ဒီမှာလဲ စိတ်နှလုံးကောင်းတဲ့ ယောက်ျားတွေ ရှိတာပဲ၊ ရှင်က သူတို့ကို စိတ်ရင်းနဲ့ မဆက်ဆံမှတော့ သူတို့က ရှင့်ကို စိတ်ရင်းနဲ့ ဆက်ဆံပါတော့မလား"

"မိန်းမတွေက ယောက်ျားတွေအပေါ် စိတ်ရင်းနဲ့ ဆက်ဆံရမယ်လို့ ဘယ်သူပြောလဲ၊ နင့်မှာသာ အစွမ်းအစရှိရင် ယောက်ျားတွေက နင့်ကို သူတို့ဘဝကြီးရဲ့ ဗဟိုပြုရာလို သဘောထားမှာ၊ မြန်မြန်သာ ပြောစမ်းပါ၊ နင်က ဒီလောကထဲကို ဝိညာဉ်ကူးပြောင်းပြီး ရောက်လာတာလား"

"မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲ့စာအုပ်ထဲမှာ ရေးထားတာတော့ တခြားလောကက စာအုပ်တဲ့၊ အရမ်းကို ငြိမ်းချမ်းတဲ့ ကမ္ဘာကနေ လာတာတဲ့၊ သူတို့ လေ့လာသင်ယူရတဲ့ အရာတွေက ကျယ်ပြန့်တာကြောင့် စာအုပ်ထဲ ချရေးထားတာတဲ့"

"သြော် အဲ့လိုလား၊ အဲ့စာအုပ်ကို ယူလာသေးလား"

"ကျွန်မ ငယ်ငယ်က ဖတ်ဖူးတာပါ၊ အခုလောက်ဆို စာအုပ်က ဆွေးသွားလောက်ပြီ"

". . .မင်း မှတ်ဉာဏ်က အထင်ကြီးလေးစားစရာပဲ"

"ဒီကိုယ်လုပ်တော်က စာပေပညာရှိမျိုးရိုးက ဆင်းသက်တာပါ၊ သာမန်လူတွေထက် ကျွန်မက ဉာဏ်ကောင်းပါတယ်"

"အဲ့သလိုဆိုရင်လဲ နင့်မှာ ရွေးစရာမရှိတော့ဘူး၊ ငါနဲ့ လိုက်ခဲ့ရမယ်" ဆုယွင် ပိုင်ရှန်းရှို့ကို ဆွဲခေါ်သွားဖို့ လုပ်ပြီ။ ပိုင်ရှန်းရှို့က ဝိညာဉ် ကူးပြောင်းသူ မဟုတ်ဘူးဆိုတော့ ဆုယွင်မှာ သူမကို စစ်စခန်းဆီ ခေါ်သွားပြီး ဗုံးလုပ်နည်းရဖို့ စစ်မေးရတော့မှာပဲ။ ယမ်းမှုန့်တွေကို အလုံးအရင်းနဲ့ အများကြီး ထုတ်လုပ်နိုင်သွားပြီဆိုရင် နိုင်ငံတွေကို သိမ်းပိုက်တာက လက်နဲ့ တောက်ချတာလောက်ကို လွယ်သွားတော့မှာ။ အဲ့အခါကျရင် သူမ အကူအညီကို မတောင်းခံလိုက်ရလေခြင်းဆိုပြီး လုံဟန့်ကြီးလဲ နောင်တတွေ တစ်ပွေ့ကြီး ရနေရော့မယ်။ အခုချိန်မှာတော့ ပိုင်ရှန်းရှို့လဲ တကယ်ကြီး အကူအညီ အော်မခေါ်ရဲတော့ဘူး။ ဆုယွင်က သိပ်ရက်စက်တတ်သူမှန်း သူမ ကောင်းကောင်းသိထားတာကိုး။ သူမ စိတ်ရှိတဲ့အတိုင်း သတ်ချင် သတ်ပစ်လိုက်မှာ၊ ဖင့်လေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်ပဲ တဲနံရံကို ဓားတစ်ချောင်း ဖောက်ဝင်လာပြီး လူရိပ်တစ်ခုက ဓားကိုင်ရမ်းလျက် ဆုယွင်ဆီကို ဦးတည်လာတော့တယ်။ ဆုယွင်က လျင်တယ်၊ တုံ့ပြန်တာ မြန်တယ်၊ ချက်ချင်းကို တိုက်ခိုက်လာတာကို ရှောင်ဖို့ လုပ်တယ်။ ဒါပေမဲ့ သူမ ရှောင်ရင်းနဲ့ ပိုင်ရှန်းရှို့ကို ဘေးဘက် တွန်းပစ်လိုက်တာ။ လာကယ်တဲ့ လူရဲ့ မျက်နှာကို ဆုယွင်တွေ့သွားတော့ အံ့သြမင်သက်သွားရပြန်တယ်။ ရန်သူ့စစ်စခန်းထဲမှာ နတ်ဘုရားတစ်ပါးလို ရုပ်သွင်နဲ့ ယောက်ျားမျိုး ရှိနေမယ်လို့ သူမ စိတ်တောင် မကူးကြည့်ဖူးဘူး။ ဒါပေမဲ့ အခုချိန်က အဆင်ငမ်းရမဲ့ အချိန်မဟုတ်တာ သူမ သိတယ်။ သူမ အမြန်ချက်ချင်း ရွက်ဖျင်တဲထဲက ထွက်​ပြီး လုစစ်သူကြီးနဲ့အတူ ပြေးသွားလေတော့တယ်။

ယွီခွမ်း သူတို့နောက်ကို လိုက်ဖမ်းချင်တာပေမဲ့ ပိုင်ရှန်းရှို့ ကြမ်းပြင်ပေါ်မှာ လဲနေပြီး မလှုပ်တာကို တွေ့သွားလေတယ်။ ပြီးတော့ သူမ မျက်နှာက အရောင်အဆင်းကင်းမဲ့ ဖြူရော်နေပြီး သိပ်နာကျင်နေရသလို အံကြိတ်ထားရလေရဲ့။ သူ ခဏလောက် တုံ့ဆိုင်းသွားမိပြီးနောက်တော့ သူမဆီကို ပြေးသွားလိုက်ကာ အကြောဖွင့်ပေးလိုက်တယ်။ "ဘယ်လို ဖြစ်တာလဲ"
[ပိုင်ရှန်းရှို့ကို အကြောဖွင့်ပေးဖို့က မသင့်တော်ဘူး သူ ထင်နေလို့ တုံ့ဆိုင်းသွားတာ]

"ကျွန်မ ဗိုက်က... အောင့်တယ်"

__________

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၂၂၉) ၾကာပန္းျဖဴနဲ႔ မင္းသမီးရူးၿပိဳင္ ဘယ္သူႏိုင္

"ဆိုေတာ့ကာ မင္းက ငါ အမ်ားႀကီးၾကားထားမိတဲ့ ကိုယ္လုပ္ေတာ္ဆိုတဲ့ဟာလား" ပိုင္ရွန္းရိႈ႔ေလာက္ ေရွးေခတ္က ကိုယ္လုပ္ေတာ္ေတြအေၾကာင္းကို ဆုယြင္က သိပ္ မသိ သိပ္နား မလည္ဘူး။ ကိုယ္လုပ္ေတာ္ဆိုတာ ေမာ္ဒန္ေခတ္မွာလိုဆို မယားငယ္အဆင့္နဲ႔ မျခားဘူးလို႔ ဆုယြင္က ထင္တာ။ ဒါေၾကာင့္ သူမ အသံကလဲ အထင္ေသးမႈေတြ အျပည့္ျဖစ္ေနတယ္။

"အင္း" ပိုင္ရွန္းရိႈ႔ ေခါင္းေလးငံု႔ၿပီး ျပန္ေျဖလိုက္တယ္။ သူမ အသြင္က ရွက္မူပိုသြားသလိုပဲ။

ဆုယြင္ မ်က္ေမွာင္ၾကဳတ္သြားေတာ့တယ္။ ဒီမိန္းမက ေမာ္ဒန္ေခတ္ကေန ဝိညာဉ္ကူးေျပာင္းလာသူ တကယ္ေရာ ဟုတ္ရဲ့လား။ "မင္း ဘာေတြ ရွက္ေသြးျဖာေနတာလဲ" ဆုယြင္ မေမးဘဲ မေနႏိုင္ခဲ့ဘူး။

ဒါေပမဲ့ ဟိုတစ္ေယာက္က အလိုအေလ်ာက္ ပါးျပင္ကို လက္နဲ႔ အသာထိၾကည့္လိုက္မိပံုနဲ႔ နားမလည္စြာ ျပန္ေမးလာေလတယ္။ "တို႔က ရွက္ေသြးျဖာေနမိတာလားဟင္"

ဆုယြင္ကေတာ့ ျပန္တံု႔ႏွင္းလိုက္တယ္။ "ယမ္းမႈန္႔ကို ဘယ္လို ဖန္တီးထုတ္ေဖာ္ရမလဲကို မင္း ဘယ္လိုလုပ္ သိတာလဲ"

"တို႔ စာအုပ္ေတြထဲမွာ ဖတ္ဖူးတာ"

"စာအုပ္ထဲမွာ၊ မင္း ေျပာတာက စာအုပ္ဖတ္ရင္းနဲ႔ တတ္သြားတာေပါ့ အဲ့လိုလား"

"ဟုတ္တယ္"

"ဒါေပမဲ့ အခ်ိဳးက်ေတာ့. . ."

"အခ်ိဳး၊ အခ်ိဳးဆိုတာ ဘာႀကီးလဲ"

"မင္းနဲက တကယ္ကို ေျပာရခက္ေတာ့မွာပဲ၊ ကဲ... ပါဝင္ပစၥည္းတစ္ခုခ်င္းကို ဘယ္ပမာဏအခ်ိဳးအစားနဲ႔ ထည့္ရမယ္ဆိုတာကို မင္း ဘယ္လိုလုပ္သိတာလဲ" ဆုယြင္ ေမးလာေတာ့တယ္။

"အာ အကုန္ စာအုပ္ထဲမွာ ပါတယ္ေလ" ပိုင္ရွန္းရိႈ႔က အဆံုးထိ ဒီလိုပဲ ဆက္ၿပီး သရုပ္ေဆာင္သြားဖို႔ ဆံုးျဖတ္လိုက္ၿပီ။ သူမရဲ့ ဝိညာဉ္ကပဲ ဒီေခတ္ကို ကူးေျပာင္းလာတာဆိုေတာ့ ဆုယြင္က သူမကို လ်ိဳယန္းယန္မွန္း သိသြားစရာ အေၾကာင္းမရိွဘူး။ ၿပီးေတာ့ ဒီအေျခအေနေရာက္တဲ့အထိ ပိုင္ရွန္းရိႈ႔က ပံုမွန္ထက္ သာလြန္တဲ့ အရာ တစ္ခုမွ မလုပ္ရေသးဘူး။ ဒါေၾကာင့္ ဆုယြင္ သူမ ဘယ္သူလဲဆိုတာ သိသြားမွာကို ပူစရာ မလိုေနဘူး။

"အဲ့ဒါ ဘယ္လို စာအုပ္မ်ိဳးလဲ၊ ငါ ၾကည့္ၾကည့္လို႔ ရမလား"

"ဒီမယ္ အမိ၊ စည္းေက်ာ္မလာနဲ႔" လံုဟန္႔ ဝင္ေဟာက္လိုက္ေတာ့တယ္။ အဲ့ဒီမိန္းမ ပိုင္ရွန္းရိႈ႔ကို ေမးခြန္းေတြထုတ္ေနတာ သူ မလိုလားဘူး။ "မင္း ဒီကို ေရာက္ေနၿပီဆိုမွေတာ့ ဒီမွာ ရက္ပိုင္းေလာက္ ဆက္ေနလိုက္၊ မဆီမဆိုင္ အေတြးေတြေတာ့ ဝင္မလာနဲ႔"

"လံုစစ္သူႀကီးက တကယ္ပဲ ကြၽန္မ အကူအညီကို မလိုဘူးလား၊ သူတို႔ရဲ့ အဓိကစစ္စခန္းကို သိမ္းယူႏိုင္မဲ့ နည္းလမ္း ကြၽန္မက ေျပာျပႏိုင္တယ္ဆိုရင္ေရာ" သူ ေသခ်ာေပါက္ သေဘာတူမွာပဲ။ တကယ္တမ္းမွာလဲ သူ အခု ဒီအထိ ခ်ီတက္လာတာ အဓိက စစ္စခန္းကို တိုက္ခိုက္ သိမ္းပိုက္ဖို႔ မဟုတ္လား။ 'သူ ငါ့အကူအညီကို ယူမယ္လို႔ ဆံုးျဖတ္လိုက္တာနဲ႔၊ ဒီေနရာမွာ ေနရာတစ္ခုကို ငါ ယူထားႏိုင္မွာပဲ' ဒီကိုယ္လုပ္ေတာ္က တကယ္ပဲ ေရွးေခတ္က မိန္းမတစ္ေယာက္ဆိုရင္ ဆုယြင္ သိခ်င္မိတာ တစ္ခုရိွတယ္။ ဒီကိုယ္လုပ္ေတာ္ရဲ့ အမ်ိဳးသားကို သူမရဲ့ ရင္ခြင္တြင္းက ဆြဲထုတ္လုယူႏိုင္ရင္ ေပ်ာ္ဖို႔ေကာင္းမလားလို႔ေပါ့။

"က်ဳပ္ လံုဟန္႔က မင္း အကူအညီမလိုဘူး၊ သူတို႔ကိုလဲ က်ဳပ္နဲ႔ ဖက္ၿပိဳင္ႏိုင္တဲ့ တန္းတူ အရည္ေသြးရိွတဲ့ ရန္သူလို႔ သေဘာမထားဘူး" သူ လွည့္ထြက္လာလိုက္ေတာ့တယ္။ လက္တစ္ဖက္က ပိုင္ရွန္းရိႈ႔ကို ဆြဲလာရင္းေပါ့။ သူ မ်က္ေမွာင္မၾကဳတ္ဘဲ မေနႏိုင္ခဲ့ဘူး။ သူ မိန္းမစား အမ်ိဳးမ်ိဳး ျမင္ဖူးခဲ့တယ္။ ဒါေပမဲ့ ဒီမိန္းမေလာက္ ဂုဏ္ေမာက္ၿပီး စိတ္ႀကီးဝင္ ရဲတင္းေနတာမ်ိဳး တစ္ခါမွ မေတြ့ဖူးခဲ့ဘူး။ သူမရဲ့ အကူအညီမရလဲ သူ ဆံုးရႈံးနစ္နာသြားမွာမွ မဟုတ္တာ။ ပိုင္ရွန္းရိႈ႔အတြက္ ေနရာထိုင္ခင္း စီစဉ္စရာရိွတာေတြ လုပ္ေပးၿပီးတာနဲ႔ ရန္သူကို အလဲထိုးဖို႔ဘက္ သူ အာရံုျပန္စိုက္ေနေတာ့တယ္။ ဒါေပမဲ့ ရန္သူေတြရဲ့ အဆိပ္ပညာနဲ႔ အဆိပ္ပိုးေကာင္ေတြ ရန္ကို ရင္ဆိုင္ႏိုင္ဖို႔ သူ သင့္ေလ်ာ္တဲ့ ျပင္ဆင္မႈေတြ အရင္ လုပ္ထားဖို႔လိုတယ္။ လံုဟန္႔က တကယ္ေတာ့ အဆိပ္ေရာ၊ အဆိပ္ပိုးေကာင္ေတြပါ ရင္ဆိုင္ရာမွာ အေတြ့အႀကံဳေကာင္းေကာင္းရိွတယ္။ သူက အဆိပ္ပိုင္းဆိုင္ရာမွာ ကြၽမ္းက်င္ေနတာေတာ့ မဟုတ္ေပမဲ့ သူ႔လက္ေအာက္ငယ္သားေတြထဲ အဆိပ္ပညာရွင္ေတြ ပါတယ္။ ဒီလက္ေအာက္ငယ္သားေတြအမ်ားစုက ရႈခရိုင္က လူေတြ။ အားခြၽမ္ေခၚလာတဲ့ ရႈခရိုင္ ေဒသခံျပည္သူေတြရဲ့ အကူအညီနဲ႔ အဆိပ္ ကာကြယ္ႏိုင္မဲ့ နည္းလမ္းေတြ အမ်ားႀကီးကို လံုဟန္႔တို႔ စစ္တပ္က စဉ္းစားအေကာင္အထည္ေဖာ္လိုက္ႏိုင္ၾကတယ္။

ပိုင္ရွန္းရိႈ႔ကေတာ့ ဆုယြင္နဲ႔ ရင္ဆိုင္ဖို႔ စိတ္မပါတာမို႔ တဲထဲက မထြက္ဘဲ ေနတယ္။ သူမ ေယာက္်ားက အဲ့ဒီမိန္းမကို အဖက္ျပန္မလုပ္သေရြ့ ေအးေဆးပဲ။ သူမဖာသာ ဆုယြင္ေရ႔ွမွာ လူလံုးမျပတာက ပိုေကာင္းမယ္။ ဆုယြင္ သူမကို ျပႆနာရွာလို႔ မရေအာင္လို႔။ ဆုယြင္ရဲ့ မ်က္ဝန္းအၾကည့္ေတြကို ၾကည့္လိုက္ရံုနဲ႔ မင္းသမီးရူး ေရာဂါ ျပန္ထလာၿပီဆိုတာ ပိုင္ရွန္းရိႈ႔ သိလိုက္တယ္။ ဆုယြင္ ေယာက္်ားတစ္ေယာက္ကို ႀကိဳက္မိၿပီ၊ ဒါေပမဲ့ အဲ့ေယာက္်ားက သူမ ခံစားခ်က္ကို ျပန္မတံု႔ႏွင္းဘူးဆိုတဲ့ အခါတိုင္း ဆုယြင္ရဲ့ အေတြးေတြက စိတၲဇဆန္လာတတ္ေတာ့တာပဲ။

'တကယ့္ကို မင္းသမီးရူးေရာဂါသည္ ပီသပါေပတယ္' ပိုင္ရွန္းရိႈ႔ လံုဟန္႔ရဲ့ ရြက္ဖ်င္တဲကို သပ္ရပ္သြားေအာင္ ရွင္းလင္းေပးရင္း ေတြးလိုက္မိတယ္။ ေယာက္်ားေတြကေတာ့ ေယာက္်ားေတြပဲ။ ေရွးေခတ္က လူျဖစ္ျဖစ္၊ ေမာ္ဒန္ေခတ္က လူျဖစ္ျဖစ္ အတူတူပဲ။ သူတို႔ အခန္းေတြကို ရွင္းေပးမဲ့သူမ်ား မရိွရင္ အၿမဲ ပြထေနေတာ့တာ။ ၾကမ္းေပၚက်ေနတဲ့ ပစၥည္းေတြနဲ႔ ခလုတ္တိုက္မိၾကမွာ မစိုးဘူးလား မသိ။

သူမ ပစၥည္းေတြ စီရီေနတုန္ ေနာက္မွာ တစ္ေယာက္ေယာက္ရိွေနတာကို ပိုင္ရွန္းရိႈ႔ ရုတ္တရက္ ခံစားမိလိုက္တယ္။ သူမ လွည့္ၾကည့္လိုက္တယ္။ ဒါေပမဲ့ ဘာ စကားမွ မေျပာႏိုင္ေသးခင္မွာပဲ သူမ အေၾကာပိတ္ခံလိုက္ရေလတယ္။ တကယ္ေတာ့ စကားေျပာဖို႔ ေနေနသာသာ ဘာအသံမွေတာင္ မထြက္လိုက္ရတာ။ လံုဟန္႔ရဲ့ တပ္က ရဲမက္ဝတ္စံုဝတ္ထားတဲ့ လုစစ္သူႀကီး သူမကို အေပၚစီးက ငံု႔ၾကည့္ေနတယ္။ "မင္း သူ႔ကိူ ေမးခ်င္တာသာ ေမး၊ ကိုယ္ အျပင္ကေန ေစာင့္ေနမယ္" လုစစ္သူႀကီးက သူ႔ေဘးမွာရိွတဲ့ ဆုယြင္ကို ေျပာလိုက္တယ္။

"ဟုတ္ပါၿပီ"

'လုစစ္သူႀကီးကိုယ္တိုင္ သူ႔ကို လာကယ္မယ္လို႔ မထင္ထားဘူး၊ ၾကည့္ရတာ သူ႔ကို တကယ္ႀကိဳက္ေနတာ ျဖစ္မယ္' ပိုင္ရွန္းရိႈ႔ အေတြးမ်ားေနတုန္း ဆုယြင္က သူမမ်က္ႏွာကို အုပ္ကြယ္ထားတဲ့ ဆံစေတြကို သပ္တင္ေပးလိုက္တယ္။ ပိုင္ရွန္းရိႈ႔လဲ ေရ႔ွမွာ ေျပက်ေနတဲ့ ဆံစေတြ မရိွေတာ့တာမို႔ ဆုယြင္ရဲ့ ရန္လို ဆန္႔က်င္ေနမႈကို အကာအကြယ္မရိွ အတိုင္းသား ေတြ့ရေတာ့တာေပါ့။ "မင္းက တကယ္ကို ေခ်ာလွတာပဲ၊ အခု မင္း စကားေျပာလို႔ရၿပီ၊ ေအာ္ဖို႔ေတာ့ မႀကံနဲ႔... မင္း မ်က္ႏွာလွလွေလးကို ငါ အခ်ိန္မေရြး လွီးပစ္လိုက္လို႔ ရတယ္"

"ရွင္... ရွင္ ကြၽန္မဆီက ဘာကို လိုခ်င္တာလဲ" ပိုင္ရွန္းရိႈ႔ကိုယ္ကို ၾကာပန္းျဖဴေလး ဝင္ပူးသြားတဲ့ အတိုင္းပဲ။ သူမ တစ္ကိုယ္လံုးက သစ္ရြက္ေလးလို တုန္ယင္လာၿပီး မ်က္ရည္ေတြ သြင္သြင္စီးက်လာေတာ့တာ။ ဝိညာဉ္ကူးေျပာင္းလာတဲ့ မိန္းမအမ်ားစုက ၾကာပန္းျဖဴ စရိုက္ကို အေသမုန္းၾကတာ။ ဆုယြင္လဲ အဲ့သလို မုန္းေလာက္တယ္ဆိုတာ ပိုင္ရွန္းရိႈ႔ ခန္႔မွန္းမိတယ္။

"ဟဲ့ ငါ ဘာမွေတာင္ မေျပာရေသးဘူး နင္က ငိုေနၿပီလား၊ နင့္ကိုယ္နင္ ေၾကာင္ေပါက္ေလးလို ထင္မေနနဲ႔၊ ေျပာစမ္း... နင္က ဒီေလာကကို ဝိညာဉ္ကူးေျပာင္းၿပီးေရာက္လာတာ မဟုတ္လား၊ ငါက စိတ္ရွည္တာ မဟုတ္ဘူးေနာ္၊ နင္ ဟုတ္ေနရင္ ငါနဲ႔ လိုက္ခဲ့၊ ေယာက္်ားတစ္ေယာက္ရဲ့ ကိုယ္လုပ္ေတာ္ လုပ္တာ ဘာအက်ိဳးရိွမွာမို႔လဲ"

"ဒါဆို. . . ရွင္ ဘာလုပ္မွာလဲ"

"ဘာမွ မလုပ္ဘူး၊ နင္ ဒီကို ဝိညာဉ္ကူးေျပာင္း ေရာက္လာတယ္ဆိုရင္လဲ ေယာက္်ားေတြ ၿခံရံၿပီး ေနသင့္တာေပါ့။ ဒီေကာင္ေတြကို နင့္ရဲ့ နယ္ရုပ္ေတြ ျဖစ္ေအာင္လုပ္၊ နင့္ကို ကိုးကြယ္ ပသၿပီးထားေအာင္ လုပ္၊ နင္ စိတ္ပါရင္ အသံုးခ်ၿပီး ၿငီးေငြ့တာနဲ႔ ကန္ထုတ္ပစ္လိုက္ေလ၊ ေယာက္်ားေတြမွ ေပါလြန္းလို႔...! လက္တစ္ခ်က္ ေဝ႔ွယမ္းလိုက္ရံုနဲ႔ ခစားဝပ္တြားေနမဲ့ ေယာက္်ားေတြ ေျပးလာေစရမယ္"

"ဒါ. . . ဒါေတာ့ မေကာင္းဘူးနဲ႔ တူတယ္"

"ဘာ မေကာင္းစရာ ရိွလို႔လဲ၊ ေရွးေခတ္ကို ဝိညာဉ္ကူးေျပာင္းတယ္ဆိုတာက အရည္အခ်င္းရိွ အရည္အေသြးျမင့္တဲ့ ေယာက္်ားေတြကို ရွာဖို႔ပဲ မဟုတ္လား၊ သူ႔တို႔ အပိုင္ပစၥည္းအျဖစ္ လိုလိုလားလား နင္က ေနခ်င္စရာလား၊ အျပင္မွာ ေယာက္်ားမ်ိဳးစံုရိွတယ္၊ နင္ တစ္ေယာက္ခ်င္းစီကို အရသာခံ ျမည္းစမ္းၾကည့္သင့္တာေပါ့"

"ဒါ. . ." ပိုင္ရွန္းရိႈ႔ မ်က္ႏွာကေတာ့ အေတာ္ေလး လန္႔သြားရပံုနဲ႔။ 'အမေလး မမေလးရဲ့ အရမ္းႀကီး မရႈပ္ေပြလြန္းဘူးလား၊ စားေစာ္ႀကီးျဖစ္ေနၿပီ၊ ေရွးေခတ္မွာပါ အဆင္ဖမ္းၿပီး ေပြခ်င္ေသးတာလား၊ ငါ့ကိုပါ အေရာင္ဆိုးခ်င္ေသးတယ္၊ အထင္ႀကီး ေလးစာမိသြားၿပီ'

"အဲ့ဒီ ေသြးပ်က္ထိတ္လန္႔ေနတဲ့ မ်က္ႏွာေပးကို ျပင္စမ္း၊ ေယာက္်ားေတြက်ေတာ့ မိန္းမေတြနဲ႔ ပလူးလို႔ ကစားလို႔ ရၿပီး မိန္းမေတြက်ေတာ့ ဘာလို႔ မေပြႏိုင္ရမွာလဲ"

"ဒါေပမဲ့ ရွင္ အဲ့လို ေယာက္်ားတကာနဲ႔ ပတ္အိပ္ရင္ ေဆာင္ၾကာၿမိဳင္က ျပည့္တန္ဆာေတြ အေပ်ာ္မယ္ေတြနဲ႔ ဘာကြာျခားေတာ့မွာလဲ"

ျဖန္း...! ပိုင္ရွန္းရိႈ႔ ပါးခ်ခံလိုက္ရတယ္။ ဆုယြင္က ဟက္ဟက္ပက္ပက္ရယ္ၿပီး ဆက္ေျပာေလတယ္။ "အဲ့ဒီ အေပ်ာ္မယ္ေတြက ေယာက္်ားေတြအတြက္ ကစားစရာသက္သက္ပဲ၊ သူတို႔မွာ ေရြးခ်ယ္စရာ မရိွဘူး၊ ဒါေပမဲ့ ဒီအစ္မႀကီးက ေယာက္်ားေတြကို ကစားမွာ"

"ေၾသာ္ ဒါဆို ရွင္က သူတို႔ထက္ အဆင့္ပိုျမင့္တဲ့ မိန္းမပ်က္ေပါ့" ပိုင္ရွန္းရိႈ႔က ေနာက္ဆံုးမွ သေဘာေပါက္သြားတဲ့ ပံုစံနဲ႔ ေခါင္းတညိတ္ညိတ္  လုပ္လိုက္တယ္။ "ဒီမွာလဲ စိတ္ႏွလံုးေကာင္းတဲ့ ေယာက္်ားေတြ ရိွတာပဲ၊ ရွင္က သူတို႔ကို စိတ္ရင္းနဲ႔ မဆက္ဆံမွေတာ့ သူတို႔က ရွင့္ကို စိတ္ရင္းနဲ႔ ဆက္ဆံပါေတာ့မလား"

"မိန္းမေတြက ေယာက္်ားေတြအေပၚ စိတ္ရင္းနဲ႔ ဆက္ဆံရမယ္လို႔ ဘယ္သူေျပာလဲ၊ နင့္မွာသာ အစြမ္းအစရိွရင္ ေယာက္်ားေတြက နင့္ကို သူတို႔ဘဝႀကီးရဲ့ ဗဟိုျပဳရာလို သေဘာထားမွာ၊ ျမန္ျမန္သာ ေျပာစမ္းပါ၊ နင္က ဒီေလာကထဲကို ဝိညာဉ္ကူးေျပာင္းၿပီး ေရာက္လာတာလား"

"မဟုတ္ပါဘူး၊ ဒါေပမဲ့ အဲ့စာအုပ္ထဲမွာ ေရးထားတာေတာ့ တျခားေလာကက စာအုပ္တဲ့၊ အရမ္းကို ၿငိမ္းခ်မ္းတဲ့ ကမ႓ာကေန လာတာတဲ့၊ သူတို႔ ေလ့လာသင္ယူရတဲ့ အရာေတြက က်ယ္ျပန္႔တာေၾကာင့္ စာအုပ္ထဲ ခ်ေရးထားတာတဲ့"

"ေၾသာ္ အဲ့လိုလား၊ အဲ့စာအုပ္ကို ယူလာေသးလား"

"ကြၽန္မ ငယ္ငယ္က ဖတ္ဖူးတာပါ၊ အခုေလာက္ဆို စာအုပ္က ေဆြးသြားေလာက္ၿပီ"

". . .မင္း မွတ္ဉာဏ္က အထင္ႀကီးေလးစားစရာပဲ"

"ဒီကိုယ္လုပ္ေတာ္က စာေပပညာရိွမ်ိဳးရိုးက ဆင္းသက္တာပါ၊ သာမန္လူေတြထက္ ကြၽန္မက ဉာဏ္ေကာင္းပါတယ္"

"အဲ့သလိုဆိုရင္လဲ နင့္မွာ ေရြးစရာမရိွေတာ့ဘူး၊ ငါနဲ႔ လိုက္ခဲ့ရမယ္" ဆုယြင္ ပိုင္ရွန္းရိႈ႔ကို ဆြဲေခၚသြားဖို႔ လုပ္ၿပီ။ ပိုင္ရွန္းရိႈ႔က ဝိညာဉ္ ကူးေျပာင္းသူ မဟုတ္ဘူးဆိုေတာ့ ဆုယြင္မွာ သူမကို စစ္စခန္းဆီ ေခၚသြားၿပီး ဗံုးလုပ္နည္းရဖို႔ စစ္ေမးရေတာ့မွာပဲ။ ယမ္းမႈန္႔ေတြကို အလံုးအရင္းနဲ႔ အမ်ားႀကီး ထုတ္လုပ္ႏိုင္သြားၿပီဆိုရင္ ႏိုင္ငံေတြကို သိမ္းပိုက္တာက လက္နဲ႔ ေတာက္ခ်တာေလာက္ကို လြယ္သြားေတာ့မွာ။ အဲ့အခါက်ရင္ သူမ အကူအညီကို မေတာင္းခံလိုက္ရေလျခင္းဆိုၿပီး လံုဟန္႔ႀကီးလဲ ေနာင္တေတြ တစ္ေပြ့ႀကီး ရေနေရာ့မယ္။ အခုခ်ိန္မွာေတာ့ ပိုင္ရွန္းရိႈ႔လဲ တကယ္ႀကီး အကူအညီ ေအာ္မေခၚရဲေတာ့ဘူး။ ဆုယြင္က သိပ္ရက္စက္တတ္သူမွန္း သူမ ေကာင္းေကာင္းသိထားတာကိုး။ သူမ စိတ္ရိွတဲ့အတိုင္း သတ္ခ်င္ သတ္ပစ္လိုက္မွာ၊ ဖင့္ေလးေနမွာ မဟုတ္ဘူး။

ရုတ္တရက္ပဲ တဲနံရံကို ဓားတစ္ေခ်ာင္း ေဖာက္ဝင္လာၿပီး လူရိပ္တစ္ခုက ဓားကိုင္ရမ္းလ်က္ ဆုယြင္ဆီကို ၪီးတည္လာေတာ့တယ္။ ဆုယြင္က လ်င္တယ္၊ တံု႔ျပန္တာ ျမန္တယ္၊ ခ်က္ခ်င္းကို တိုက္ခိုက္လာတာကို ေရွာင္ဖို႔ လုပ္တယ္။ ဒါေပမဲ့ သူမ ေရွာင္ရင္းနဲ႔ ပိုင္ရွန္းရိႈ႔ကို ေဘးဘက္ တြန္းပစ္လိုက္တာ။ လာကယ္တဲ့ လူရဲ့ မ်က္ႏွာကို ဆုယြင္ေတြ့သြားေတာ့ အံ့ၾသမင္သက္သြားရျပန္တယ္။ ရန္သူ႔စစ္စခန္းထဲမွာ နတ္ဘုရားတစ္ပါးလို ရုပ္သြင္နဲ႔ ေယာက္်ားမ်ိဳး ရိွေနမယ္လို႔ သူမ စိတ္ေတာင္ မကူးၾကည့္ဖူးဘူး။ ဒါေပမဲ့ အခုခ်ိန္က အဆင္ငမ္းရမဲ့ အခ်ိန္မဟုတ္တာ သူမ သိတယ္။ သူမ အျမန္ခ်က္ခ်င္း ရြက္ဖ်င္တဲထဲက ထြက္​ၿပီး လုစစ္သူႀကီးနဲ႔အတူ ေျပးသြားေလေတာ့တယ္။

ယြီခြမ္း သူတို႔ေနာက္ကို လိုက္ဖမ္းခ်င္တာေပမဲ့ ပိုင္ရွန္းရိႈ႔ ၾကမ္းျပင္ေပၚမွာ လဲေနၿပီး မလႈပ္တာကို ေတြ့သြားေလတယ္။ ၿပီးေတာ့ သူမ မ်က္ႏွာက အေရာင္အဆင္းကင္းမဲ့ ျဖဴေရာ္ေနၿပီး သိပ္နာက်င္ေနရသလို အံႀကိတ္ထားရေလရဲ့။ သူ ခဏေလာက္ တံု႔ဆိုင္းသြားမိၿပီးေနာက္ေတာ့ သူမဆီကို ေျပးသြားလိုက္ကာ အေၾကာဖြင့္ေပးလိုက္တယ္။ "ဘယ္လို ျဖစ္တာလဲ"
[ပိုင္ရွန္းရိႈ႔ကို အေၾကာဖြင့္ေပးဖို႔က မသင့္ေတာ္ဘူး သူ ထင္ေနလို႔ တံု႔ဆိုင္းသြားတာ]

"ကြၽန္မ ဗိုက္က... ေအာင့္တယ္"

Continue Reading

You'll Also Like

105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
488K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
339K 35.3K 173
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
268K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...