သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

65.6K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-46/47/48

687 49 1
By Miracle_Phyu97

အခန်း(၄၆) ဘယ်သူက နင့်ကောင်မလေးယောင်ဆောင်ချင်လို့လဲ

အလုပ်များသော နေ့လည်ခင်း ပြီးဆုံးသွားသောအခါ လင်းဖန်တစ်ယောက် ကျောဆန့်လိုက်ပါသည်။

သူ့မှာ မာစတာအဆင့် စာရေးသူစွမ်းရည်နှင့် မာစတာအဆင့် ဇာတ်ညွှန်ရေးသူစွမ်းရည်တို့ ရရှိခဲ့ပြီးကတည်းက ဇာတ်ညွှန်းထဲက ဇာတ်လမ်း၏ စမှတ်များ၊ အကြောင်းတရားများ၊ အတွေ့အကြုံများနှင့် ရလဒ်များကို သိသိသာသာ နားလည်လာခဲ့သည်။

လင်းဖန်၏ ဘောပင်အောက်တွင် ကောင်းမွန်သော ဇာတ်လမ်းများ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်လာခဲ့၏။

တခြားဘာအကြောင်းပြချက်မှ မရှိဘဲ ရှားဝမ်ချွေ့အတွက်သာဖြစ်ပါသည်။

ဇာတ်ညွှန်းကောင်းကောင်းမရှိပါက ရှားဝမ်ချွေ့ ဘယ်လောက်ပဲ နာမည်ကျော်နေပါစေ၊ တဖြည်းဖြည်း ဖျော်ဖြေရေးလောကတွင် အရောင်မှေးမှိန်လာပြီး အစားထိုးခံရမည်ဖြစ်သည်။

သို့သော်လည်း သူ ရှိနေပါက ဇာတ်ညွှန်းပြဿနာကို သူ ဖြေရှင်းပေးနိုင်သည်။

ထိုအချိန်တွင် လင်းဖန်ထံသို့ ကောင်မလေး တစ်ယောက်၏ ဖုန်းဝင်လာခဲ့သည်။

လှိုင်းပြာပင်လယ်အော်အိမ်ရာက အိမ်ခြံမြေအေးဂျင့် ရှားရန်ရန်ဖြစ်ပါသည်။

"ဟယ်လို" လင်းဖန်က ဖုန်းကိုင်လိုက်၏။

"လင်းဖန်... ကျွန်မ ရှင့်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ အိမ်ခြံမြေထိန်းသိမ်းခွန် ပေးဆောင်လို့ ရမလားရှင့်။ စုစုပေါင်း ၂၃,၈၂၅ ယွမ်ပါ" ရှားရန်ရန်၏ အသံ ထွက်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် ကောင်းမွန်သည့် ဗီလာကြီး၏ အိမ်ခြံမြေထိန်းသိမ်းခွန်မှာ သေချာပေါက် မနည်းလောက်ပါ။

"ရပါတယ်" လင်းဖန်က ပြောလိုက်၏။

ရှားရန်ရန်ကို သူ သဘောကျပြီး ရှားရန်ရန်က တခြားသူများအပေါ်တွင်လည်း အလွန်ယဥ်ကျေးသူဖြစ်၏။

လင်းဖန် သဘောတူလိုက်သောအခါ ရှားရန်ရန် ရှက်သွေးဖြာသွားပါသည်။

သူမ လင်းဖန်ကို ဖုန်းဆက်ဖို့ သတ္တိတွေ စုစည်းခဲ့ရ၏။

လင်းဖန်က အလွန်ချောပြီး အလွန်တော်သည်။ ဘယ်လိုမိန်းကလေးမျိုးက မကြိုက်ဘဲ နေမှာလဲ။

သူမကလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါသည်။ သူမ လင်းဖန်နှင့် အရင်တစ်ခေါက် လမ်းခွဲပြီးကတည်းက သူ့အပေါ်ခံစားချက်မှ စရှိလာခြင်းဖြစ်သည်။

သူမဘက်ကသာ မစလျှင် လင်းဖန်ကို နောက်ထပ် ဘယ်တော့မှ ထပ်ကပ်နိုင်မည် မဟုတ်တော့ပေ။

"ဘာကိစ္စရှိသေးလဲ" လင်းဖန်က ပြုံးကာ မေးလိုက်ပါသည်။

"လင်းဖန် ကျွန်မ မေးခွန်းတစ်ခုမေးချင်လို့ပါ။ ရှင် အတည်ဖြေပေးလို့ ရမလားဟင်" ရှားရန်ရန်က အတည်ပေါက် မေးလိုက်သည်။ သူမ၏ မျက်နှာက ပို၍ပင် နီရဲလာ၏။

"ရှင့်မှာ... ကောင်မလေးရှိလားဟင်" ရှားရန်ရန်ဘက်က အရင်မေးလိုက်ပြီး အလွန်ရှက်နေပါပြီ။

ဖုန်းထဲက ပြောတာဖြစ်သော်လည်း သူမ၏ စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက် အနည်းငယ်တို့ကို လင်းဖန် ခံစားမိပါသေးသည်။

မိန်းကလေးတစ်ယောက်ဘက်က ယောက်ျားလေးတစ်ယောက်ကို ဦးစွာ သဘောကျလျှင် ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက်အကြားက သံယောဇဥ်ပိုခိုင်မာသည်ဟု ဆိုကြသည်။ ဒါက ယောက်ျားလေးတစ်ယောက်ကို သူမဘက်က ပထမဆုံး ချဥ်းကပ်ခြင်း ဖြစ်ပါသည်။

လင်းဖန်က ရှားရန်ရန်၏ ဆိုလိုရင်းကို နားလည်ပါသည်။

အခု သူ့မှာအဖြေသုံးမျိုးရှိ၏။

ပထမဆုံး သူ့မှာ ကောင်မလေး ရှိသည်။ ဒီလိုဆို သူမကို ပြတ်ပြတ်သားသား ငြင်းလိုက်ရာကျသည်။

ဒုတိယက ကောင်မလေး မရှိသေးပါ။

တတိယတော့ ခင်ဗျားက လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့်...

စုစုပေါင်း အဖြေသုံးခုရှိကာ ဒုတိယ အဖြေကိုရမှ ရှားရန်ရန် အခွင့်အရေးရှိမည်ဖြစ်သည်။

ထိုအဖြေသုံးခုက မိန်းကလေးများက ယောက်ျားလေးများကို ငြင်းသောအခါ ပေးတတ်သော ပုံမှန် အဖြေများဖြစ်ကြ၏။ သူတို့က လူကောင်းဖြစ်သော်လည်း စာသင်နေခြင်းနှင့် အလုပ်လုပ်နေခြင်းတို့ကြောင့် အချိန်မပေးနိုင်ပါဘူးဟု ပြောတတ်သည်။ သို့သော်လည်း အခုတော့ နေရာချင်း ပြောင်းပြန် ဖြစ်နေပါပြီ။

ရှားရန်ရန်က လင်းဖန်၏ အဖြေကို စောင့်ဆိုင်းနေပါသည်။

လင်းဖန် ကောင်မလေး မရှိသေးဘူးဟုသာ ဖြေလိုက်ပါက ရှားရန်ရန် သူနဲ့တွေ့ဖို့ နည်းလမ်းတစ်ခုခုရှာပြီး လက်လျှော့တော့မှာ မဟုတ်ပေ။

လင်းဖန် မွေးဖွားလာပြီး အခုချိန်အထိ ကောင်မလေးများ ချဥ်းကပ်တာကို ခံခဲ့ရတာ ၈၈၆ ကြိမ် ရှိပါပြီ။

ရှားရန်ရန်က တကယ့်ကို ရုပ်ရည်မဆိုးဘဲ လှလည်းလှပါသည်။

သို့သော်...

လင်းဖန်က သူ့အိမ်က ကြောင်လေးကို ကြည့်လိုက်သည်။

သူ့နှလုံးသားထဲတွင် အဖြေတစ်ခုက ရှိနေပြီးသားပင်။

"ကျွန်တော့်မှာ ကောင်မလေးရှိပါတယ်" လင်းဖန်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။

"သြော်... ဟုတ်ပါပြီ။ ရှင်အချိန်ရရင် ထျင်ထျင်နဲ့ ကျွန်မတို့ ရှင့်ကောင်မလေးကို လာတွေ့လို့ရမလား။ သူက အရမ်းလှမှာပဲနော်" ရှားရန်ရန်က ပျော့ပျောင်းစွာ မေးလိုက်ပါသည်။

"ဟုတ်တယ်။ သူက အရမ်းလှတယ်။" လင်းဖန်က ပြောလိုက်ပါသည်။

"အင်းအင်း ဒါဆို ကျွန်မ ဖုန်းချလိုက်တော့မယ်နော်။ အိမ်ခြံမြေထိန်းသိမ်းခွန် ပေးဖို့ မမေ့နဲ့ဦး။ မေ့သွားရင် ကျွန်မရှင့်အိမ်လာပြီး အတင်းတောင်းမှာနော်" ရှားရန်ရန်က ပြုံးကာ ပြောလိုက်ပါသည်။

ရှားရန်ရန်၏ စိတ်ခံစားချက်ပြောင်းလဲမှုကို လင်းဖန် မခံစားမိပါ။ သို့သော် ဆက်ဆံရေးများက အမြဲတမ်း ဒီလိုပဲဖြစ်ပါသည်။

သူ့မှာ ကောင်မလေးတကယ် မရှိသေးသော်လည်း လင်းဖန်က တခြားကောင်မလေးများနှင့် ပွေရှုပ်ပြီး သူတို့ကို မျှော်လင့်ချက် မပေးချင်ပါ။

ဒါက အကောင်းဆုံး တုန့်ပြန်မှုပဲဖြစ်ပါသည်။

"ချွေ့ချွေ့ရေ..." လင်းဖန်က ကွန်ပြူတာ စားပွဲအောက်တွင် အိပ်နေသည့် ကြောင်လေးကို ပွတ်သပ်ပေးလိုက်ပါသည်။

"မြောင်~" ကြောင်လေးက အော်ပြီး လင်းဖန်၏ လက်ပေါ်သို့ တက်လာခဲ့ပါသည်။

လင်းဖန်က ကွန်ပြူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။ ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် သူပြန်လည်ပြုပြင်နေသည့် ဇာတ်ညွှန်းတစ်ခုရှိသည်။ ကွန်ပြူတာပေါ်မှာ တင်ထားတဲ့ မျက်နှာပြင်ပုံလေးက ရှားဝမ်ချွေ့၏ ဂါဝန်လေး ဝတ်ဆင်ထားသည့် ပုံလေးတစ်ပုံ ဖြစ်သည်။ သူမလေးက အလွန်လှပနေပါသည်။

ပရိတ်သတ်တွေသာ ဒီပုံကို မြင်သွားလို့ကတော့ ရူးသွပ်သွားနိုင်လောက်သည်။

ဒီပုံထဲက ရှားဝမ်ချွေ့က အလွန်အမင်း လှပပါသည်။ ထို့အပြင် ဒီဓာတ်ပုံက ရှားဝမ်ချွေ့နဲ့ နှစ်ယောက်တည်း အတူတူရှိနေစဥ် လင်းဖန်ရိုက်ထားသည့် ပုံဖြစ်ပါသည်။

ညည့်နက်အချိန်ဖြစ်ပြီး ကြယ်ပွင့်လေးများကလည်း ကောင်းကင်တွင် ပြည့်နှက်နေခဲ့သည်။

လူတစ်ယောက်၊ ကြောင်လေးတစ်ကောင်နဲ့ ကွန်ပြူတာမျက်နှာပြင်ပေါ်မှ ကောင်မလေးတစ်ယောက်ရဲ့ ဓာတ်ပုံလေးတို့က ညအလှနှင့် အေးချမ်းမှုကို ခံစားနေကြသည်။

ညသန်းခေါင်ကြီး လင်းဖန် အလုပ်လုပ်နေတုန်း ရှားဝမ်ချွေ့ထံမှ ဝီချက်မက်ဆေ့ချ်ဝင်လာခဲ့သည်။

[ ရှားဝမ်ချွေ့ : "~~~" ]

[ လင်းဖန် : "???" ]

[ လင်းဖန် : "ခုလေးတင် ကောင်မလေးတစ်ယောက်က ငါ့ကိုဖွင့်ပြောပြီး ကောင်မလေးရှိလားလို့ မေးသွားတယ်" ]

[ ရှားဝမ်ချွေ့ : "ဘယ်သူလဲ" ]

[ လင်းဖန် : "ဒီက အိမ်ခြံမြေအေးဂျင့်ကောင်မလေးတစ်ယောက်ပါ။ တော်တော်လေး လှတယ်" ]

[ ရှားဝမ်ချွေ့ : "ဟွန်း နင်က ဘာပြန်ပြောလိုက်လဲ" ]

[ လင်းဖန် : "ငါ့မှာ ကောင်မလေး ရှိတယ်လို့ ပြောလိုက်တာပေါ့" ]

[ ရှားဝမ်ချွေ့ : "အရူးကောင်" ]

[ ရှားဝမ်ချွေ့ : "နင့်မှာ... တကယ် ကောင်မလေး ရှိတာလား" ]

[ လင်းဖန် : "မရှိသေးပါဘူး။ ဒါပေမယ့် ငါ့အမေက ငါ့ကို အရမ်းတိုက်တွန်းနေတယ်။ ငါ့ကောင်မလေး အယောင်ဆောင်ပြီး ငါ့အိမ်ကိုလိုက်ခဲ့ပါလား။ ငါ့အမေကို အရင်ထိန်းကြရအောင်လေ" ]

[ ရှားဝမ်ချွေ့ : "အရူးကောင်လင်းဖန် ဘယ်သူက နင့်ကောင်မလေးယောင် ဆောင်ပေးချင်လို့လဲ။ ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာပဲ နင်သိတယ်" ]

လင်းဖန် စာပို့ပြီးသွားသောအခါ ရှားဝမ်ချွေ့ထံမှ ဗီဒီယိုဖုန်းခေါ်မှုတစ်ခု ဝင်လာခဲ့သည်။

ဗီဒီယိုဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်သောအခါ ရှားဝမ်ချွေ့၏ မျက်နှာလေးကို လင်းဖန် မြင်လိုက်ရ၏။

သူမသည် ရေချိုးပြီးခါစဖြစ်ပြီး ဘောင်းဘီရှည်ကို ဝတ်ဆင်ထား၏။ သူမလေး၏ ကျော့ရှင်းလှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် အသက်ရှူမှားလောက်စရာ ပင်ကိုမျက်နှာလေးကို မြင်လိုက်ရပါသည်။

လင်းဖန်၏ လက်ထဲက ကြောင်လေးပင် ကြက်သေသေသွားရ၏။ ရှားဝမ်ချွေ့ကို ကြည့်ကာ ဆက်တိုက် အော်နေလေသည်။

ရှားဝမ်ချွေ့က မိတ်ကပ် မပါဘဲနဲ့တောင် အလွန်လှပလွန်းပါသည်။ ထို့ကြောင့်လည်း ဒီလောက်ထိ မြန်မြန် ရေပန်းစား နာမည်ကျော်လာခဲ့ခြင်းဖြစ်၏။

လင်းဖန် : "နင်ဘာလုပ်နေတာလဲ"

ရှားဝမ်ချွေ့ : "ခစ်ခစ် မြောင်မြောင်~~ နင့်ကို စစ်ဆေးနေတာ မလှုပ်နဲ့နော်"

လင်းဖန် : "ငါ့ကို စစ်ဆေးနေတာ ဟုတ်လား။ ငါက နင့်ကောင်လေး မဟုတ်သေးဘူး ထင်တယ်နော်"

ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဟင်း ဒါဆိုလည်း ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ချလိုက်လေ"

ရှားဝမ်ချွေ့ : "နင့်အခန်းကို ကြည့်မယ်~"

လင်းဖန်က တိတ်ဆိတ်စွာဖြင့် သူ့ဖုန်းနဲ့အတူ အခန်းထဲ ပတ်ပြလိုက်ပါသည်။

ရှားဝမ်ချွေ့ : "ဘယ်ဆိုးလို့လဲ"

လင်းဖန် : "ဘာလို့ ငါရှုံးတယ်လို့ ခံစားနေမိပါလိမ့်။ နင့်အခန်းကိုလည်း ပြလေ"

ရှားဝမ်ချွေ့ : "မြောင်မြောင်~~ အိမ်မှာ ဘယ်သူမှ မရှိဘူး"

လင်းဖန် : "..."

လင်းဖန် : "ဒါဆို ငါနင့်အိမ်ကိုလာမယ်"

ရှားဝမ်ချွေ့ : "အတင့်ရဲလိုက်တာ"

ရှားဝမ်ချွေ့ : "စုတောင်းလေ ဟွန်း။ ငါ့ကို အနိုင်ကျင့်ဖို့ပဲ စဥ်းစားနေတယ်။"

လင်းဖန် : "နင်နဲ့ နှစ်ညတောင် အတူတူအိပ်ပြီးပြီပဲ ရပါတယ်လေ ငါမရှုံးပါဘူး။"

ရှားဝမ်ချွေ့၏ မျက်နှာ နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်ပါသည်။ "ဘယ်သူက နင်နဲ့ အိပ်လို့လဲ လူဆိုးကောင်။ နင်ငါ့အိမ်လာပြီး မပြန်လို့လေ။ ပြီးတော့ နင့်အိမ်မှာ ညအိပ်တာလည်း... အကုန်လုံး နင့်အပြစ်ပဲ။"

ရှားဝမ်ချွေ့ : "ဆက်လိုက်ကြရအောင် နင့်ကွန်ပြူတာ မျက်နှာပြင်ကို ပြစမ်း။"

လင်းဖန် : "နင်လွန်လာပြီ ငါ့ကွန်ပြူတာ မျက်နှာပြင်မှာ ဘာရှိမှာမို့လို့လဲ။"

ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ "ဘယ်ပြောလို့ရမလဲ ကွန်ပြူတာထဲမှာ မဟုတ်တာတွေ ရှိနေမလားဆိုတာ ဘယ်ပြောလို့ရမလဲ။"

လင်းဖန်က အမှန်အတိုင်းပြောလိုက်၏။ "ငါက အဲ့လိုလူမျိုးလား။ ပြီးတော့ ရှိနေရင်တောင် အဲ့ဒီ မဟုတ်တာတွေက နင်နဲ့ ဘာဆိုင်လို့လဲ"။

လင်းဖန် အနည်းငယ် စိတ်ဆိုးသွားပါသည်။ ရှားဝမ်ချွေ့က သူ့ကို တကယ်မယုံဘဲ စစ်တောင် စစ်ဆေးနေပါသည်။

သူ့ကို စစ်ဆေးတာက ပြဿနာမရှိပါ။ သူမကိုလည်း စစ်ဆေးနိုင်သည်။

သို့သော် ကွန်ပြူတာ မျက်နှာပြင်ကို ပြဖို့ကတော့ များလွန်းပါသည်။ ဘာပဲဖြစ်ဖြစ် ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ ရှားဝမ်ချွေ့ရဲ့ ဓာတ်ပုံလေူ ရှိနေတာ မဟုတ်ပါလား။

သူမသာ ဒါကို မြင်သွားရင် သူ့ကို တစ်သက်လုံး အနိုင်ယူမသွားနိုင်ဘူးလား။

ရှားဝမ်ချွေ့က သနားစရာကောင်းစွာ ပြောလိုက်သည်။ "လင်းဖန် အဲ့ဒီမဟုတ်တဲ့ဟာတွေကို ကြည့်လို့မရဘူးလေ။ ငါက... မလှဘူးလား။"

ရှားဝမ်ချွေ့က အလွန်စိတ်ရှုပ်ထွေးနေပါသည်။ လင်းဖန် ကွန်ပြူတာမှာ အဲ့လိုဟာတွေ ကြည့်နေကြောင်း စိတ်ထဲမှ လက်ခံမိသလိုဖြစ်နေပြီ။ သူမ၏ လှပသော မျက်လုံးလေးများက စိတ်ပျက်ပြီး အနည်းငယ် စိတ်ဆိုးနေသလိုပင်။ သူ့ကို ဘယ်သူမဆို သနားသွားနိုင်သည်။ သူမက ငိုတော့မလိုလို ပုံစံဖြစ်နေပါပြီ။

ရှားဝမ်ချွေ့ကိုကြည့်ရင်း လင်းဖန်တစ်ယောက် မလွန်ဆန်နိုင်တော့ပါ။

နောက်ပိုင်း သူမ အနိုင်ယူတာ ခံရရုံလောက်ပဲ မဟုတ်လား။ ဒါဆိုလည်း ရှိပါစေတော့။

နောက်ပိုင်း ပြန်အနိုင်ယူနိုင်ရင် အဆင်ပြေတာပဲ မဟုတ်လား။ သူ့ရဲ့ ရိုးသားတဲ့ စရိုက်အား ရှားဝမ်ချွေ့ကို သံသယဖြစ်ခွင့်မပေးနိုင်ပါ။

ရှားဝမ်ချွေ့က အဆင့် ၂ လောက်သာ ရှိသေးသော်လည်း လင်းဖန်က အဆင့် ၅ လောက် ရောက်နေပါပြီ။ ရှားဝမ်ချွေ့ အနိုင်ယူတာကိုသာ ခံရနိုင်သော်လည်း သူမရုတ်တရက် သူ့ကိုစစ်ဆေးကြည့်လိုက်လျှင် အံ့သြသွားအောင် လုပ်နိုင်ပါသည်။

လင်းဖန် : "ငါတယ် အဲ့ဒီမဟုတ်တာတွေ မကြည့်ပါဘူး။ ငါ့ကိုမယုံရင် ငါ့ကွန်ပြူတာကို ပြမယ်"

ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများကို မော့လိုက်ပြီး ပြောင်းလဲသွားသော ဗီဒီယိုထဲက လင်းဖန်ကို ကြည့်လိုက်ပါသည်။

ကင်မရာထဲတွင် လင်းဖန်၏ ရုပ်ပုံမှတဆင့် လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်ပုံသို့ ပြောင်းသွားသည်။

ကွန်ပြူတာပေါ်တွင် Word စာဖိုင်တစ်ဖိုင်သာ ဖွင့်လျက်သားရှိနေသည်။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းဖြစ်ပါသည်။

လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်မှာ ရှားဝမ်ချွေ့၏ ဂါဝန် ဝတ်ဆင်ထားသည့် ပုံလေးတစ်ပုံ ဖြစ်နေပါသည်။

နေရောင်အောက်တွင် သူမက ဂါဝန်လေးတစ်ထည်ဝတ်ကာ ကမ်းခြေတွင် လမ်းလျှောက်နေသည်။ သူမတွင် သွယ်လျပြီး နှင်းလိုဖြူဖွေးသည့် ခြေချောင်းကလေးများ ရှိသည်။ ပုံထဲတွင် သူမက အနောက်ကို ပြန်လှည့်ကြည့်ပြီး ပြုံးနေပါသည်။ အသက်ရှူမှားလောက်အောင် လှပပြီး ကမ္ဘာကြီးထဲက ဘယ်အရာမဆို သူမကို ရပ်ကြည့်သွားလောက်သည်။

ရှားဝမ်ချွေ့က အကုန်လုံးကို ကြောင်တောင်တောင်နဲ့ ကြည့်နေမိသည်။

ဒါဆို လင်းဖန်က မဟုတ်တာတွေ မကြည့်ဘူးပေါ့။

ကွန်ပြူတာပေါ်က ဓာတ်ပုံကို သူမကို မမြင်စေချင်ခြင်းသာဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော်...

ကွန်ပြူတာ မျက်နှာပြင်ပေါ်က ကောင်မလေးမှာ သူမပဲ ဖြစ်နေသောကြောင့်သာပင်။

အခန်း(၄၇) နင်မနာလိုဖြစ်နေတာ

ရှားဝမ်ချွေ့ သူ့ကိုစစ်ဆေးချင်တယ်ဆိုတော့ လင်းဖန်က ပြင်ဆင်ထားပြီးသားဖြစ်သည်။

သူ့ ကွန်ပြူတာ မျက်နှာပြင်ပုံလေးက အမြဲတမ်း ရှားဝမ်ချွေ့၏ ဓာတ်ပုံလေးသာ ဖြစ်ခဲ့ပါသည်။

ရှားဝမ်ချွေ့၏ ရုတ်ခြည်း ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့် လင်းဖန်၏ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်ရှုခဲ့သော်လည်း နောက်ဆုံးတော့ ကွန်ပြူတာ မျက်နှာပြင်ပေါ်တွင် သူမပုံသာ ရှိနေခဲ့ပါသည်။

လင်းဖန်ကြောင့် ရှားဝမ်ချွေ့အံ့အားသင့်သွားရ၏။

ရှားဝမ်ချွေ့က လင်းဖန်၏ ကွန်ပြူတာ မျက်နှာပြင်ပုံကို ကြည့်ရင်း ရှက်သွေးဖြာသွားခဲ့ပါသည်။

ရှားဝမ်ချွေ့ : "အရူးကောင်လင်းဖန် နင်ငါ့ပုံကို ခိုးရိုက်ထားတယ်လား"

လင်းဖန် : "တကယ်လား ငါပေါ်တင်ရိုက်ခဲ့တာပါကွာ။"

ရှားဝမ်ချွေ့ : "ဟွန်း ငါ့ပုံကို ခိုးသုံးပြီး ကွန်ပြူတာ မျက်နှာပြင်ပုံ တင်ထားတယ်။ အရှက်မရှိလိုက်တာ။"

လင်းဖန် : "အေးပါ အေးပါ။ ဒါဆိုရင်လည်း ဓာတ်ပုံကို အခုချက်ချင်း ပြောင်းလိုက်ပါ့မယ်။ စုရှောင်းယွီရဲ့ ပုံကိုပဲ ပြောင်းလိုက်တော့မယ်လေ။ သူလည်း လှတာပဲ။"

ရှားဝမ်ချွေ့ : "အတင့်ရဲလိုက်တာ"

လင်းဖန်က ပြုံးကာ တမင်သက်သက် ပြောလိုက်၏။ "ဘာဖြစ်လို့ ပြောင်းလို့မရတာလဲ။ နင်က ငါ့ကောင်မလေးမှ မဟုတ်တာ။"

ရှားဝမ်ချွေ့ : "အကျင့်မကောင်းတဲဲ့ကောင် နင်က ငါ့ကိုဒေါသလာဆွနေတာပဲ။ ရပါတယ်လေ။ ငါ့ ဓာတ်ပုံကို ကွန်ပြူတာ မျက်နှာပြင်ပုံနဲ့ ဖုန်းမျက်နှာပြင်ပုံတွေအဖြစ် အသုံးပြုတဲ့ ယောက်ျားလေးတွေ အများကြီး ရှိတယ်နော်။ ငါ့ဓာတ်ပုံကို နေ့တိုင်း အကြိမ် ၁၀၀ လောက် နင်ကြည့်နေတာမလား။"

လင်းဖန်၏ ကွန်ပြူတာ စားပွဲခုံပေါ်တွင် မျက်စိကျစရာအကောင်းဆုံးက ရှားဝမ်ချွေ့၏ သွယ်လျပြီး နှင်းလိုဖြူဖွေးသော ခြေတံကလေးများနှင့် သူမ၏ မျက်နှာလှလှလေး ဖြစ်သည်။ ဘာအပြစ်ဆိုစရာမှ မရှိပါ။

လင်းဖန် : "နင့်ဓာတ်ပုံကို ဘယ်သူက ကြည့်လို့လဲ။ နေ့တိုင်း ငါအပြင်ထွက်တိုင်း ငါ့ကိုမြင်ချင်တဲ့ ကောင်မလေးတွေ အများကြီးပဲ။ ဒီနေ့လည်း ငါ့ကို ကောင်မလေးရှိလားလို့ မေးတဲ့ မိန်းမလှလေးတစ်ယောက်တောင် ရှိတယ်။"

ရှားဝမ်ချွေ့ : "ရှင်းပြတာနဲ့ ဖုံးကွယ်တာက အတူတူပဲ။"

လင်းဖန် : "တကယ်တော့ အကြိမ် ၁၀၀ လောက် ကြည့်စရာ မလိုပါဘူး။ နေ့တိုင်း ကွန်ပြူတာ ဖွင့်လိုက်ရင် ဒီတိုင်း တစ်ခေါက်ပဲ ကြည့်လိုက်တာ။ ကြည့်လို့ ကောင်းတယ်လေ။"

ရှားဝမ်ချွေ့ : "~~~"

လင်းဖန်၏ ကွန်ပြူတာ စားပွဲပေါ်က Word စာဖိုင်ကို ကြည့်လိုက်သည်။ လင်းဖန် ပြောင်းလဲပြုပြင်နေသည့် ဇာတ်ညွှန်း ဖြစ်နိုင်၏။

ဒီလောက်နောက်ကျနေတာတောင် သူက ကြိုးစားပမ်းစား အလုပ် လုပ်နေသေးသည်။

ရှားဝမ်ချွေ့တစ်ယောက် ပျော်ရွှင်သွားမိပါသည်။

ရှားဝမ်ချွေ့ : "လင်းဖန် အဲ့လောက်ကြီး ကြိုးစားမနေပါနဲ့။ ဘာပဲဖြစ်ဖြစ် ငါသရုပ်မဆောင်တာ တစ်နှစ်နီးပါးလောက်ရှိပြီဆိုတော့ ကုမ္ပဏီက ဇာတ်ညွှန်းကောင်းကောင်း ပေးလောက်မှာပါ။"

လင်းဖန် : "ဘယ်ဟုတ်မလဲ ငါစောစောပြီးအောင် လုပ်မှဖြစ်မယ်။ ဇာတ်ညွှန်းထဲမှာ အကြင်နာပေးခန်းနဲ့ အိပ်ယာဝင်အခန်းတွေ နည်းနည်း ထပ်ထည့်ရဦးမယ်။"

ရှားဝမ်ချွေ့ : "နင်ငါ့ကို အနိုင်ကျင့်ဖို့ပဲ သိတယ်။ မြောင်မြောင်။ ငါကိုက်မှာနော်။ အိပ်ယာဝင်ခန်းတွေ မထည့်ရဘူး။ အဲ့အချိန်ကျရင် ရိုက်ကွင်းမှာ လူတွေအများကြီးရှိနေမှာ။ ဟွန်း... အိပ်ယာဝင်ဇာတ်ဝင်ခန်းဆိုရင် ငါက အဝတ်အစားတောင်ချွတ်ပြီး ငါ့ပခုံးတွေကိုတောင် ပြရလောက်တယ်။"

လင်းဖန် : "ပခုံးပြရမယ်ဟုတ်လား။ ဒါက အဆင်မပြေဘူး။"

ရှားဝမ်ချွေ့ : "ဟွန်း ငါက နင့်ကောင်မလေး မဟုတ်သေးဘူးနော်။"

လင်းဖန် : "အဲ့တာလည်း အဆင်မပြေဘူး။ ရာသီဥတုက အေးတယ်။"

ရှားဝမ်ချွေ့ : "ဒါဆို နွေရာသီပေါ့~~~"

လင်းဖန် : "မရဘူးလို့ပြောရင် မရဘူးပဲ။ အိပ်ယာဇာတ်ဝင်ခန်းတွေ ဖျက်ပစ်လိုက်ပြီ။"

ရှားဝမ်ချွေ့ : "နင်သဝန်တိုနေတာပဲ"

လင်းဖန် : "Angry.jpg"

ရှားဝမ်ချွေ့ : "~~~"

ရှားဝမ်ချွေ့ : "ငါအိပ်တော့မယ်နော်။ မနက်ဖြန် အလုပ်ရှိသေးတယ်။ မနက်ဖြန်နေ့လည်ကျရင် ငါနဲ့ ရှောင်းယွီတို့ကို ရုံးမှာလာခေါ်ပေး။ ခွေးမလေးကလည်း နင်ချက်တဲ့ အရသာရှိတဲ့ ဟင်းတွေကို စားချင်တယ်လို့ပြောတယ်။"

လင်းဖန်တစ်ယောက် ဖုန်းချပြီးနောက် ပြုံးရွှင်စွာ ခေါင်းခါလိုက်ပါသည်။

ရှားဝမ်ချွေ့နှင့်အတူ ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြောဆိုခဲ့ရသဖြင့် သူပိုပျော်သွားခဲ့သည်။

ဒီလိုဘဝမျိုးက တကယ်ပဲ ကောင်းမွန်သော်လည်း လင်းဖန်နှင့် ရှားဝမ်ချွေ့တို့အကြား အကွာအဝေးတစ်ခု ရှိနေတာကိုတော့ လက်ခံရမည်။

ထိုအကွာအဝေးက ပိုက်ဆံဖြင့် တိုင်းတာနိုင်သော အရာ မဟုတ်ပေ။ လူနှစ်ယောက်အကြားက ဘုံဘာသာစကားတစ်ခုဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးအကြား ခြားနားမှုနှင့် ၎င်းတို့ နေ့စဥ် အလုပ်များရသော ကိစ္စများလည်း ရှိသေးသည်။ သူတို့သာ ကွာဝေးသွားပါက သူတို့ဆက်ဆံရေးအကြား ပဋိပက္ခများ တဖြည်းဖြည်းချင်း ပေါ်လာနိုင်ပါသည်။

ဒီလိုကိစ္စများကြောင့် ကောင်မလေးများက ကောင်လေးများ၏ သဘာဝကို နားမလည်ဘဲ ကောင်လေးများကလည်း ကောင်မလေးများ၏ အတွေးကို နားမလည်ခြင်းများ ဖြစ်လာရခြင်း ဖြစ်ပါသည်။

ထို့ကြောင့် လင်းဖန်မှာ ယခုအခါ ပိုက်ဆံ မနည်းပါးသော်လည်း အလုပ်ကြိုးစားရပါဦးမည်။

ရှားဝမ်ချွေ့က တစ်နှစ်နီးပါး သရုပ်မဆောင်ခဲ့ပါ။ ဒီတိုင်းသာ ဆက်သွားရင် ကုမ္ပဏီက သေချာပေါက် သူမကို သဘောမကျနိုင်တော့ပါ။

ထိုအထိ စဥ်းစားပြီး လင်းဖန် ဇာတ်ညွှန်းကို ဆက်လက် ပြုပြင်ပြီး ပြီးပြည့်စုံအောင်လုပ်လိုက်သည်။

သူ့စွမ်းအင်ကို ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်သုံးလိုက်၏။

အဘယ့်ကြောင့်ဆိုသော် ဒီရုပ်ရှင်က ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းနှင့် ပထမဆုံး အကြင်နာပေးခန်း ပါဝင်သော ရုပ်ရှင်ဖြစ်သောကြောင့်ပင်။

တစ်ချိန်တည်းမှာပဲ သူနှင့် ရှားဝမ်ချွေ့တို့၏ ပထမဆုံး ရုပ်ရှင်လည်း ဖြစ်သည်။

ကြောင်မလေးအတွက် သူအစွမ်းကုန် ကြိုးစားဖို့သာ ရှိတော့သည်။

နောက်တစ်နေ့ သူနိုးလာခဲ့ပြီး Sign-in ဝင်လိုက်ပါသည်။

ဒီတစ်ခေါက် ငွေသားကံစမ်းမဲတစ်ခုရ၏။ လင်းဖန် စိတ်ပျက်သွားရသည်က စနစ် ဗားရှင်း ၂.၀ သို့ တင်ပြီးကတည်းက ပစ္စည်းကောင်းကောင်းရဖို့ မစ်ရှင်များ ပြုလုပ်ရသည်။

အကြိမ်တိုင်းလည်း မစ်ရှင်များက ခြားနား၏။ သို့သော် လင်းဖန်က ပုံမှန်အတိုင်းပဲ စားသောက်ဆိုင်တွင် နာရီအနည်းငယ်လောက် အလုပ်သွားလုပ်ခဲ့ပါသေးသည်။

ဒီတစ်ခေါက် လင်းဖန်က Rolls-Royce Cullinan ကားကြီး မောင်းနှင်လာခဲ့သည်။ အဆိုပါကားကြီးက ခမ်းနားသော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

စားသောက်ဆိုင်သို့ သူရောက်သောအခါ တန်းစီနေကြသည့် ပရိတ်သတ်များစွာ ရှိနေပြီဖြစ်သည်။

ဝေ့ပေါ် မှာ ရေပန်းစားလာကတည်းက လင်းဖန်၏ စားသောက်ဆိုင်မှာ အလွန်အမင်း နာမည်ကြီးလာခဲ့ပါသည်။

သူ့ဆိုင်မှာ အစားအသောက်တွေ မှာယူစားသောက်ဖို့ လူတွေ ဘယ်လောက်များများ ဘိုကင်ကြိုတင်ထားချင်သလဲ မသိပါ။ သို့သော် သူတို့တင်လို့မရပေ။

အဓိကအချက်ကတော့ လင်းဖန်၏ ဆိုင်ဖွင့်ချိန်က ပုံသေမဟုတ်သောကြောင့်ဖြစ်သည်။ သို့သော် တစ်ရက်ကို ၂ နာရီလောက်တော့ ဖွင့်ပါသည်။

"ဝိုး လင်းဖန်က ကားပြောင်းလိုက်ပြန်ပြီ။ Bugatti ကြီး မောင်းမလာတော့ဘူး။ အဲ့တာ Rolls-Royce Cullinan ကားကြီးမလား။"

"နင်နားမလည်ရင် မေးကြည့်လိုက်။ Rolls-Royce Cullinan ဘယ်လိုကားမျိုးလဲ။ Rolls-Royce Cullinan ကားကြီးက အရမ်းမိုက်တယ်လို့ ငါကြားဖူးတယ်။"

"ဒါပေါ့ Rolls-Royce Cullinan က ဇိမ်ခံကားကြီးလေ။ သာမန်လူတစ်ယောက်တော့ မောင်းနိုင်မှာ မဟုတ်ဘူး။ လင်းဖန်က တော်လိုက်တာ။ ဒီကားက အနည်းဆုံး ယွမ်မီလီယံနဲ့ချိပြီး ပေးရလောက်တယ်။"

"အစ်ကိုလင်းဖန် ဘာလို့ ဒီလောက်တောင် ချောပြီး အစ်ကိုချက်တဲ့ ဟင်းတွေက ဘာလို့ အရသာ အရမ်းရှိနေရတာလဲ။ ညီမမေးချင်လို့ အစ်ကို့မှာ ရည်းစားရှိလား။ မရှိရင် ညီမကို စဥ်းစားပေးပါလား။"

ကောင်မလေးများစွာက စုရုံးလာကြပြီး လင်းဖန်ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏ ရင်ထဲတွင် မေးခွန်းများရှိနေကြ၏။

ရုပ်ချော၊ ချမ်းသာပြီး ချက်တတ်ပြုတ်တတ်သည့် ကောင်လေးများက အလွန်အမင်း ဆွဲဆောင်မှု ရှိပါသည်။ ထို့အပြင် လင်းဖန်က တစ်ယောက်တည်းသမား ဖြစ်နေဆဲဖြစ်သည်။ မရေမတွက်နိုင်သော ကောင်မလေး များစွာက သူ့ကို ချည်းကပ်ချင်နေပါသည်။

သို့သော်လည်း လင်းဖန်က ထိုကောင်မလေးများနှင့် ခပ်လှမ်းလှမ်း ခွာနေပါသည်။

"ကျွန်တော်က စားသောက်ဆိုင်ဖွင့်ဖို့ လာတာပါဗျာ။ ရည်းစားထားဖို့ မဟုတ်ပါဘူး။ကျွန်တော် ဓာတ်ပုံလည်း မရိုက်ဘူး။ လက်မှတ်လေး ထိုးမပေးဘူးနော်။ ဒီတိုင်း တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်စားပေးကြပါ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

အားလုံး မှာယူပြီးကြသောအခါ လင်းဖန် စတင်အလုပ်ရှုပ်သွားလေသည်။

ဒီစားသောက်ဆိုင်က သူမိဘများ သူ့ကို အမွေပေးထားခြင်းဖြစ်သည်။ အမြတ်အများကြီး မရသော်လည်း လင်းဖန်က ဒီလို ဘဝမျိုးကို ပျော်ရွှင်ပါသည်။

လင်းဖန်၏ ပြုမူပြောဆိုပုံကြောင့် ထိုကောင်မလေးများ သူ့ကိုပိုသဘောကျသွားခြင်းဖြစ်သည်။

လင်းဖန်က ဖြောင့်မတ်သည်။ ချောမောသည်။ သန့်ရှင်းသပ်ရပ်၏။ သူက ကောင်မလေး များစွာ၏ ညှို့အားပြင်းသော မင်းသားလေးဖြစ်ပါသည်။

လင်းဖန်က လူအများကြီးနှင့်လုပ်ရသော လေ့ကျင့်ခန်းမျိုး သဘောကျပါက မိန်းကလေးများ၏ ရင်ထဲတွင် အမှတ်တွေ ဘယ်လောက်တောင် ဆုံးရှုံးသွားမလဲ မသိပါ။

"ဝိုး ကောင်လေး ချစ်တယ်။ ရှင့်ပြောစကား နားထောင်ပါ့မယ်။ ဒီမှာပဲ စားကြရအောင်။"

"အစ်ကိုလင်းက တကယ် ဖြောင့်မတ်တဲ့ လူတစ်ယောက်ပဲ။ ငါတို့ ဓာတ်ပုံအတူတူရိုက်လို့ မရပေမယ့် သူ့ဓာတ်ပုံကိုတော့ ခိုးရိုက်ပေးလို့ ရပါသေးတယ်။ နောက်ပိုင်း လင်းဖန်သာ ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်လာရင် ငါကံကောင်းပြီပေါ့။"

လင်းဖန်တစ်ယောက် ၂ နာရီလောက် အလုပ်များခဲ့သည်။ ဝင်ငွေ ယွမ် ၁,၀၀၀ ကျော် ရရှိခဲ့သဖြင့် အတော်လေး နေလို့ထိုင်လို့ ကောင်းပါသည်။

သူ အချိန်ကိုကြည့်လိုက်၏။ နေ့လည်ခင်း ၃ နာရီ အချိန်ရှိနေပြီး ဆိုင်ကို ပိတ်ဖို့ ပြင်လိုက်ပါသည်။

စားသုံးသူများစွာက မပြန်ချင်ကြသေးပေ။ သို့သော် လင်းဖန်ကတော့ ဆိုင်ကို ပိတ်ခဲ့ပါသည်။

လင်းဖန်က Rolls-Royce Cullinan ကြီးဖြင့် မောင်းထွက်လာခဲ့သည်။ သူက ကြွားဝါဖို့ မဟုတ်ပါ။ ဒီနေ့ နေ့လည်ခင်း ရှားဝမ်ချွေ့နဲ့ သူတို့ ချိန်ထားသောကြောင့်ပင်။

အခန်း(၄၈) ကြောင်မလေး စိတ်ဆိုးနေပြီ အကျိုးဆက်က ပြင်းထန်လိမ့်မယ်

"အစ်ကိုလင်းဖန် ဘာလို့ ဆိုင်ကို ပိတ်သွားတာလဲ။ ၂ နာရီပဲ ဖွင့်တာလား။ နေ့လည် ၃ နာရီပဲ ရှိသေးတာလေ။"

"အေး ငါတို့ မနက်ဖြန်မှ ပြန်လာဖို့ပဲ ရှိတော့တယ်။ စားသောက်ဆိုင်သာ ဆက်ဖွင့်မယ်ဆို ဘယ်လောက် ကောင်းလိုက်မလဲ။"

"ဒီလောက် စားကောင်းတဲ့ အစားအသောက်တွေ ရောင်းတဲ့ စားသောက်ဆိုင်က တစ်ရက်ကို ၂ နာရီပဲ ဖွင့်တယ်။ Review မကောင်းအောင် ပေးလိုက်ဦးမယ်။"

စားသုံးသူများစွာက သက်ပြင်းချပြီး ပြန်သွားကြပါသည်။ တန်းစီနေကြသည့် စားသုံးသူများမှာ ရွေးချယ်စရာ မရှိတော့ဘဲ မနက်ဖြန်မှ ပြန်လာနိုင်ပါတော့သည်။

အားလုံးပြန်သွားသောအခါ လင်းဖန်က စားသောက်ဆိုင် တံခါးကို ပိတ်လိုက်သည်။

ထိုအချိန်တွင် ကောင်မလေးတစ်ယောက်က လင်းဖန်၏ ဘေးသို့ ပြေးလာ၏။

"ဆိုင်ပိတ်ပါပြီ။ မနက်ဖြန်မှ ပြန်လာခဲ့ပါ" လင်းဖန်က ပြုံးကာ ဆိုင်တံခါး ပိတ်လိုက်ပါသည်။

"လင်းဖန် နင်တကယ် ဒီမှာ ရှိနေတာပဲ" ကောင်မလေးက ပြောလိုက်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေပြီး ငိုနေပါသည်။

"ရှုရှစ်ယင် နင်ဘာလို့ ဒီကိုရောက်လာတာလဲ" လင်းဖန်က ပြုံးလိုက်ပါသည်။ ရှုရှစ်ယင် သူ့အိမ်ကို လာလည်ပြီးကတည်းက သူတို့မတွေ့ရတာ ကြာပြီဖြစ်သည်။

"လင်းဖန် ငါ့မောင်လေး... အပြင်းအထန် ဖျားနေတယ်။"

"ဆေးရုံက သူ အပြင်းအထန် ဖျားနေပြီး ခွဲစိတ် ကုသဖို့ လိုတယ်လို့ အကြောင်းကြားတယ်... ဒါ...ဒါပေမယ့် ငါ့မှာ ငွေမရှိဘူး" ရှုရှစ်ယင်က အားမဲ့စွာ လင်းဖန်၏ ရှေ့တွင် မျက်လုံးနီနီဖြင့် ငိုကြွေးနေပါသည်။

သာမန်လူတွေ အဖျားရောဂါနှင့် အလွန်အမင်း များပြားသော ခွဲစိတ်ကုသစရိတ်တွေကို ပေးချေဖို့ ဘယ်လိုလုပ်ပြီး လွယ်ကူနိုင်မည်နည်း။ အဆိုပါ အလွန်အမင်း များပြားသော ခွဲစိတ်ကုသစရိတ်ကြောင့် မိသားစုတစ်စုလုံးကို ဖိချေပစ်လိုက်နိုင်သည်။

အရင်က ရှုရှစ်ယင်၏ မောင် နာမကျန်းဖြစ်နေမှန်း လင်းဖန်သိသည်။ ထို့ကြောင့် အဝတ်အစား သိန်းချီဖိုး ဝယ်ယူခဲ့ခြင်းဖြစ်၏။ ဒီလိုဆို ရှုရှစ်ယင် ကော်မရှင်ခကောင်းကောင်း ရနိုင်ပါသည်။

လင်းဖန်က ရှုရှစ်ယင်အကြောင်း ကောင်းကောင်း သိပါသည်။ သူမက အလုပ်ကြိုးစားပြီး ကိုယ့်ကိုယ်ကိုလည်း လေးစားသမှုရှိသည်။ ဒုတိယမျိုးဆက် သူဌေးသားများစွာက သူမကို မပိုးပမ်းနိုင်ခဲ့ပါ။

လင်းဖန်က ချမ်းသာသော်လည်း ထိုအချိန်က ရှုရှစ်ယင်ကို ပိုက်ဆံပေးလိုက်လျှင် သူမ၏ မာနကို ထိခိုက်စေပါလိမ့်မည်။

တကယ်လို့ သူမ၏ မောင်လေးသာ အသည်းအသန် ဖြစ်မနေပါက ရှုရှစ်ယင်က သူ့ကို အကူအညီတောင်းမှာ မဟုတ်မှန်း လင်းဖန်သိ၏။

"နင့်မောင်လေးက ဘာရောဂါဖြစ်နေတာာလဲ" လင်းဖန်က မေးလိုက်သာည်။

ရှုရှစ်ယင်က ခေါင်းငုံ့ကာ အံကြိတ်လိုက်ပါသည်။ "သွေးကင်ဆာ"

"သူတို့တွေက ငါ့မောင်လေးအတွက် သင့်တော်တဲ့ ရိုးတွင်းခြင်ဆီတစ်ခုကို တွေ့ထားပြီးပြီ။ ဒါပေမယ့် ငါတို့မိသားစုက ခွဲစိတ်ကုသစရိတ် ယွမ် ၃၀၀,၀၀၀ ကို မတတ်နိုင်ဘူး။ လင်းဖန် ငါ့ကို ယွမ် ၃၀၀,၀၀၀ လောက် ချေးပါလား။ သေချာပေါက် ငါပြန်ဆပ်မှာပါ။".

"နင်ငါ့ကို ကူညီပေးမယ်ဆိုရင် ငါ ဘာမဆိုလုပ်ပေးပါ့မယ်။ လင်းဖန် ငါက... အပျိုပါ" ရှုရှစ်ယင်က သတ္တိကို စုစည်းလိုက်ပြီး လင်းဖန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပါသည်။

လင်းဖန်က သူမ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်မှန်း သူမ သိပါသည်။

သူမ၏ မိသားစုက သူတို့ ချေးငှားနိုင်သည့် နေရာတိုင်းမှ ပိုက်ဆံများ ချေးငှားပြီးပြီ ဖြစ်သည်။ သူမမောင်လေး၏ ဆေးကုသစရိတ်နှင့် ခွဲစိတ်ကုသစရိတ်များ ရက်ပေါင်းများစွာ ကြာလာသောအခါ ရှုရှစ်ယင်၏ မိသားစု အကြွေးနွံထဲနစ်သွားနိုင်ပါသည်။

ရှုရှစ်ယင် ဒီလိုပြောပြီးသောအခါ သူမကိုယ်သူမ အလွန် သိက္ခာမဲ့သည်ဟု ခံစားလိုက်မိပါသည်။

လင်းဖန်ကို သူမ၏ ညှို့အားပြင်းသော မင်းသားလေးလို အမြဲတမ်း သဘောထားခဲ့သည်။ ထို့ကြောင့် လင်းဖန်၏ ရင်ထဲတွင် သူမကို ပြီးပြည့်စုံသော ကောင်မလေးတစ်ယောက်လို မြင်စေချင်၏။ အနည်းဆုံးတော့ လင်းဖန်က ချမ်းသာသဖြင့် သူမ ကပ်မည် မဟုတ်ပါ။ သူမကို သိုက်တူးသမားဟု ထင်သွားနိုင်သည်။

သို့သော်လည်း သူမက သိုက်တူးသမား မဟုတ်ပါဘူး။ ဘယ်လို ကောင်မလေးမျိုးက ရင်ထဲမှာ ညှို့အားပြင်းတဲ့ မင်းသားလေးတစ်ယောက် မရှိကြဘဲနေမှာတဲ့လဲ။

ထိုစကားလုံးများကို လင်းဖန်ရှေ့တွင် ပြောပြီးသွားသောအခါ သူမ၏ အကျင့်သိက္ခာများ ထာဝရ ပျက်စီးသွားပြီဟု ခံစားလိုက်ရပါသည်။

လင်းဖန်က သူမကို ငွေကြောင့် ခန္ဓာကိုယ် ရောင်းချချင်သော မိန်းမတစ်ယောက်ဟု ထင်သွားလောက်သည်။

သို့သော် သူမက ထိုကဲ့သို့လူမျိုး မဟုတ်ပါဘူး။

သူမ ဘာမှ ရှင်းမပြနိုင်တော့ပါ။

ထိုကဲ့သို့ စကားများပြောပြီးနောက် လင်းဖန်ကို သူမ ဘယ်လို ကပ်နိုင်ပါတော့မည်နည်း။

ရှုရှစ်ယင်တစ်ယောက် ပုန်းအောင်းဖို့ တစ်နေရာရာသာ ထွက်ပြေးသွားချင်သည်။

လင်းဖန်က မည်သည့်တုန့်ပြန်မှုမှ မရှိဘဲ ၂ စက္ကန့် ၃ စက္ကန့်လောက် ကြက်သေ သေနေတာကို မြင်သောအခါ ရှုရှစ်ယင်တစ်ယောက် ထပ်ငိုပြန်သည်။

"ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်။ ကျေးဇူးတင်ပါတယ်။ နင့်မှာလည်း နင့်အခက်အခဲနဲ့ နင်ရှိတာ ငါသိပါတယ်။ ငါသွားတော့မယ်နော်။"

ရှုရှစ်ယင်က လင်းဖန်ရှေ့မှာ မျက်နှာမပြဝံ့တော့ပါ။ သူမ ထွက်ပြေးသွားချင်သည်။

သူမ သဘောအကျဆုံးကောင်လေးရှေ့တွင် သူမ၏ ဂုဏ်သိက္ခာ ပျက်စီးသွားခဲ့ရပြီ။

စိတ်ကူးယဥ်ဆန်သည့် မိန်းကလေးများက ဒီလိုပဲဖြစ်သည်။ အများကြီး တွေးတောတတ်၏။

"ရှုရှစ်ယင်" လင်းဖန်က ရှုရှစ်ယင်၏ လက်ကို ဆွဲလိုက်ပါသည်။

"ပိုက်ဆံကိစ္စပဲ မဟုတ်လား။ ငါနင့်ကို နင့်မောင်လေးရဲ့ ရောဂါ ကုသဖို့အတွက် ယွမ် ၆၀၀,၀၀၀ ချေးလိုက်မယ်။ ပြီးတော့ နင့်ကျန်းမာရေးကလည်း အရေးကြီးတယ်။ နင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်" လင်းဖန်က ရှုရှစ်ယင်ကို ကြည့်ရင်း ပြောလိုက်ပါသည်။

"ဟင်" ရှုရှစ်ယင်က သူမ၏ လှပသော မျက်လုံးလေးများဖြင့် လင်းဖန်ကို မော့ကြည့်လိုက်ပါသည်။ လင်းဖန် ဒီလိုမျိုး ပြန်ပြောလိမ့်မည်ဟု မထင်ထားပါ။

လင်းဖန် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ချိန်တွင် ယွမ် ၆၀၀,၀၀၀ ချေးမည်ဟူသည့် စကားထွက်လာခဲ့သည်။

တကယ်တော့ ယွမ် ၃၀၀,၀၀၀ ဆိုတာ ခွဲစိတ်ကုသမှု အခြေခံစရိတ်သာ ရှိပါသေးသည်။ သူ့မောင်လေးကို ဆေးရုံတင်ထားရဦးမည်။ သူမ၏ မိသားစုကိုလည်း စောင့်ရှောက်ရဦးမည်။ အသေးအဖွဲ မဟုတ်သည့် တခြား ကုန်ကျစရိတ်များလည်း ရှိပါသေးသည်။

လင်းဖန်က ရှုရှစ်ယင်၏ ခေါင်းကို ပုတ်ပေးကာ တည်တံ့စွာဖြင့် ပြောလိုက်ပါသည်။ "ငါ့ကို အဲ့လိုနှာဗူးတစ်ယောက်လို သဘောမထားပါနဲ့။ ကောင်မလေးတစ်ယောက်ရဲ့ ပထမဆုံး အကြိမ်ဆိုတာ သူချစ်မြတ်နိုးတဲ့ လူတစ်ယောက် အတွက်ပဲ ဖြစ်သင့်တယ်။ အဲ့လို တောင်းဆိုချက်မျိုး ငါ့ကို နောက်တစ်ခါ မတောင်းဆိုနဲ့။"

"နင်က လှပေမယ့် ငါက အဲ့လိုလူမျိုး မဟုတ်ဘူး။ နင့်ကိုယ်နင် ကောင်းကောင်း ဂရုစိုက်ပါ။ ငါ့ရှေ့မှာ အဲ့လိုစကားတွေ ထပ်ပြောရင် ငါပိုက်ဆံမချေးဘဲ နေလိုက်မှာနော်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန်ကလည်း ယောက်ျားတစ်ယောက်ဖြစ်ပြီး ကောင်မလေး ချောချောလှလှများကို သဘောကျတတ်ပါသည်။ သို့သော် ဒါက ကောင်မလေးများအပေါ် မဟုတ်တရုတ် အတွေးများ ထားတတ်သည်ဟု မဆိုလိုပါ။

ရှုရှစ်ယင်က ကျောက်ရုပ်တစ်ရုပ်လို ရပ်တန့်နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးလေးများက လင်းဖန်ကို ကြည့်လိုက်ပြီး ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်ပါသည်။

ဒီတော့ လင်းဖန်က ဒီလူလိုမျိုး မဟုတ်ဘူးပေါ့။ လင်းဖန်ကလည်း သူမကို ဒီလိုလူမျိုးလို့ သဘောမထားဘူးလား။

ဒီလို သူငယ်ချင်းမျိုး ရှိရတာ ကောင်းလိုက်တာ။

"လင်းဖန် ကျေးဇူးတင်ပါတယ်... တကယ် ကျေးဇူးတင်ပါတယ်။"

"ငါ အဲ့လိုတောင်းဆိုချက်မျိုး ထပ်မလုပ်တော့ပါဘူး" ရှုရှစ်ယင်က လင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါသ်ည။

"အဲ့တာ မကောင်းဘူးလား။ ပြီးတော့လည်း နင်အဲ့ပိုက်ဆံကို ပြန်ပေးရမှာနော်။ အခမဲ့ လက်ဆောင်ပေးတာ မဟုတ်ဘူး။ နောက်ပိုင်း နင်ပိုက်ဆံတွေ အများကြီးရရင် ငါ့ကို ပြန်ဆပ်လို့ရတယ်" လင်းဖန်က ပြောလိုက်ပါသည်။

"ဒါပေါ့ ငါ့မောင်လေးကို ကုသပြီးရင် သေချာပေါက် အလုပ်ကြိုးစားပြီး နင့်ပိုက်ဆံတွေ အကုန်လုံးကို ပြန်ဆပ်မှာပါ" ရှုရှစ်ယင် နောက်ဆုံးတော့ ပြန်ပြုံးသွားပါသည်။

လင်းဖန်က သူမကို ပြန်မဆပ်စေချင်ရင်တောင် သူမ ပြန်ဆပ်ပါမည်။ ဒါက သူမ၏ သဘောထား ဖြစ်သည်။

"ငါ့ကို နင့်ဘဏ်ကတ်ပေး၊ အခုပဲ ပိုက်ဆံလွှဲပေးလိုက်မယ်" လင်းဖန်က ပြောလိုက်ပါသည်။

ယွမ် ၆၀၀,၀၀၀ က လင်းဖန်အတွက် ဘာမှ မဟုတ်သော်လည်း ရှုရှစ်ယင်အတွက် သူ့မောင်လေး၏ အသက်ကို ကယ်တင်ပေးနိုင်သည်။

"အင်း" ရှုရှစ်ယင်က ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ဘဏ်အကောင့်နံပါတ်ကို လင်းဖန်အား ပေးလိုက်ပါသည်။

"ဟုတ်ပြီ၊ ငါလွှဲလိုက်ပြီ။ နင့်မောင်လေးကို သွားတွေ့လိုက်ပါ။ နင် ပိုက်ဆံမလောက်သေးရင် ငါ့ဆီက ထပ်ယူလို့ ရသေးတယ်နော်" လင်းဖန်က ပြောလိုက်ပါသည်။

"လင်းဖန် ကျေးဇူးတင်ပါတယ်။ ငါ့မောင်လေးရဲ့ အသက်ကို ကယ်တင်တဲ့ ကျေးဇူးကို ငါ တစ်သက်လုံး မမေ့ပါဘူး" ရှုရှစ်ယင်က လင်းဖန်ကို ကြည့်လိုက်ပါသည်။

သူမ ရှေ့က ကောင်လေးက အလွန်အရပ်ရှည်ပြီး ချောမောလာသလို ခံစားလိုက်ရပါသည်။

ဘဏ်ကတ်ကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားပြီး စိတ်ခံစားချက် ပြင်းပြသွားရသည်။

ပိုက်ဆံကို နေရာတိုင်းတွင် လိုက်လံချေးငှားဖူးသူများသာ ပိုက်ဆံချေးငှားရခြင်း၏ အခက်အခဲကို နားလည်နိုင်ပါသည်။

သူမ လှပသော မျက်လုံးလေးများကို မော့ကြည့်လိုက်သည်။ သူမ သတ္တိကို စုစည်းလျက် လင်းဖန်ကို ဖက်လိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်ကို သူမကျေးဇူးတင်ရမည် မဟုတ်လား။

ရွေးချယ်စရာမရှိဘဲ ဒီလိုနည်းလမ်းဖြင့် ကျေးဇူးတင်လိုက်ရပါသည်။

သူ့ရှေ့က အားနည်းသည့် ကောင်မလေးကို ကြည့်ရင်း လင်းဖန်က အခွင့်အကောင်းယူပြီး သူမ၏ ခန္ဓာကိုယ်ပေါ် လက်မတင်ပါ။ သူ့ကို စက္ကန့်ပိုင်းလောက်သာ ဖက်ထားခွင့်ပေးလိုက်ပါသည်။

ဘာရှုပ်ထွေးသည့် အဓိပ္ပာယ်မှ မပါသော ရိုးရှင်းသည့် ပွေ့ဖက်မှုက သူမကို အကောင်းဆုံး နှစ်သိမ့်မှု ပေးနိုင်ပါသည်။

"ငါသွားတော့မယ်နော်" ရှုရှစ်ယင်ထိုသို့ ပြောပြီးနောက် သူမမျက်နှာ နီရဲသွားပြီး ခပ်သုတ်သုတ် လမ်းပြန်လျှောက်သွားခဲ့ပါသည်။

ရှုရှစ်ယင် ရောက်လာသောကြောင့် သူအချိန်အနည်းငယ် ကုန်သွားသည်။

ထိုအချိန်တွင် လင်းဖန် ဖုန်းကို ဖွင့်လိုက်ပါသည်။

ရှားဝမ်ချွေ့က လွန်ခဲ့သည့် ၁၀ မိနစ်လောက်ကတည်းက ဝီချက်မက်ဆေ့ချ်ချ်ချ်ပို့ထားတာကို မြင်လိုက်ရပါသည်။

ရှားဝမ်ချွေ့ : "ငါနဲ့ ရှောင်းယွီတို့ကို အလုပ်မှာ လာခေါ်တော့ ညစာအတူတူစားကြရအောင်~"

ရှားဝမ်ချွေ့ : "???"

ရှားဝမ်ချွေ့ : "ခွေးကောင် နင်စာမပြန်ဘူးလား။"

ရှားဝမ်ချွေ့ : "ငါစိတ်ဆိုးလာပြီနော်။"

ရှားဝမ်ချွေ့ : "အရူးကောင်"

စုစုပေါင်း မဖတ်ရသေးသည့် ဝီချက်မက်ဆေ့ချ်ချ်ချ် ၃၂ စောင်ရှိနေသည်။ အကုန်လုံးက ရှားဝမ်ချွေ့ ပို့ထားခြင်း ဖြစ်၏။

ရှားဝမ်ချွေ့ထံမှ စုစုပေါင်း Missed call ၁၈ ခု ဝင်ထားသည်။

ဒီလောက်များပြားသည့် မက်ဆေ့ချ်ချ်များနှင့် Missed call များကို မြင်လိုက်ရသောအခါ လင်းဖန်တစ်ယောက် အရိုးထဲထိ စိမ့်ကာ ကြက်သီးထသွားပါသည်။

သွားပြီ။

ကြောင်မလေးသာ စိတ်ဆိုးရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်။



Zawgyi


အခန္း(၄၆) ဘယ္သူက နင့္ေကာင္မေလးေယာင္ေဆာင္ခ်င္လို႔လဲ

အလုပ္မ်ားေသာ ေန႔လည္ခင္း ၿပီးဆုံးသြားေသာအခါ လင္းဖန္တစ္ေယာက္ ေက်ာဆန္႔လိုက္ပါသည္။

သူ႕မွာ မာစတာအဆင့္ စာေရးသူစြမ္းရည္ႏွင့္ မာစတာအဆင့္ ဇာတ္ၫႊန္ေရးသူစြမ္းရည္တို႔ ရ႐ွိခဲ့ၿပီးကတည္းက ဇာတ္ၫႊန္းထဲက ဇာတ္လမ္း၏ စမွတ္မ်ား၊ အေၾကာင္းတရားမ်ား၊ အေတြ႕အၾကဳံမ်ားႏွင့္ ရလဒ္မ်ားကို သိသိသာသာ နားလည္လာခဲ့သည္။

လင္းဖန္၏ ေဘာပင္ေအာက္တြင္ ေကာင္းမြန္ေသာ ဇာတ္လမ္းမ်ား တစ္ပုဒ္ၿပီးတစ္ပုဒ္ ထြက္လာခဲ့၏။

တျခားဘာအေၾကာင္းျပခ်က္မွ မ႐ွိဘဲ ႐ွားဝမ္ေခြၽ႕အတြက္သာျဖစ္ပါသည္။

ဇာတ္ၫႊန္းေကာင္းေကာင္းမ႐ွိပါက ႐ွားဝမ္ေခြၽ႕ ဘယ္ေလာက္ပဲ နာမည္ေက်ာ္ေနပါေစ၊ တျဖည္းျဖည္း ေဖ်ာ္ေျဖေရးေလာကတြင္ အေရာင္ေမွးမွိန္လာၿပီး အစားထိုးခံရမည္ျဖစ္သည္။

သို႔ေသာ္လည္း သူ ႐ွိေနပါက ဇာတ္ၫႊန္းျပႆနာကို သူ ေျဖ႐ွင္းေပးႏိုင္သည္။

ထိုအခ်ိန္တြင္ လင္းဖန္ထံသို႔ ေကာင္မေလး တစ္ေယာက္၏ ဖုန္းဝင္လာခဲ့သည္။

လိႈင္းျပာပင္လယ္ေအာ္အိမ္ရာက အိမ္ျခံေျမေအးဂ်င့္ ႐ွားရန္ရန္ျဖစ္ပါသည္။

"ဟယ္လို" လင္းဖန္က ဖုန္းကိုင္လိုက္၏။

"လင္းဖန္... ကြၽန္မ ႐ွင့္ကို ေႏွာင့္ယွက္မိတာ ေတာင္းပန္ပါတယ္။ အိမ္ျခံေျမထိန္းသိမ္းခြန္ ေပးေဆာင္လို႔ ရမလား႐ွင့္။ စုစုေပါင္း ၂၃,၈၂၅ ယြမ္ပါ" ႐ွားရန္ရန္၏ အသံ ထြက္လာခဲ့သည္။ ဘာပဲျဖစ္ျဖစ္ ဒီေလာက္ ေကာင္းမြန္သည့္ ဗီလာႀကီး၏ အိမ္ျခံေျမထိန္းသိမ္းခြန္မွာ ေသခ်ာေပါက္ မနည္းေလာက္ပါ။

"ရပါတယ္" လင္းဖန္က ေျပာလိုက္၏။

႐ွားရန္ရန္ကို သူ သေဘာက်ၿပီး ႐ွားရန္ရန္က တျခားသူမ်ားအေပၚတြင္လည္း အလြန္ယဥ္ေက်းသူျဖစ္၏။

လင္းဖန္ သေဘာတူလိုက္ေသာအခါ ႐ွားရန္ရန္ ႐ွက္ေသြးျဖာသြားပါသည္။

သူမ လင္းဖန္ကို ဖုန္းဆက္ဖို႔ သတၱိေတြ စုစည္းခဲ့ရ၏။

လင္းဖန္က အလြန္ေခ်ာၿပီး အလြန္ေတာ္သည္။ ဘယ္လိုမိန္းကေလးမ်ိဳးက မႀကိဳက္ဘဲ ေနမွာလဲ။

သူမကလည္း ထိုနည္းလည္းေကာင္းပဲျဖစ္ပါသည္။ သူမ လင္းဖန္ႏွင့္ အရင္တစ္ေခါက္ လမ္းခြဲၿပီးကတည္းက သူ႕အေပၚခံစားခ်က္မွ စ႐ွိလာျခင္းျဖစ္သည္။

သူမဘက္ကသာ မစလွ်င္ လင္းဖန္ကို ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္ကပ္ႏိုင္မည္ မဟုတ္ေတာ့ေပ။

"ဘာကိစၥ႐ွိေသးလဲ" လင္းဖန္က ျပဳံးကာ ေမးလိုက္ပါသည္။

"လင္းဖန္ ကြၽန္မ ေမးခြန္းတစ္ခုေမးခ်င္လို႔ပါ။ ႐ွင္ အတည္ေျဖေပးလို႔ ရမလားဟင္" ႐ွားရန္ရန္က အတည္ေပါက္ ေမးလိုက္သည္။ သူမ၏ မ်က္ႏွာက ပို၍ပင္ နီရဲလာ၏။

"႐ွင့္မွာ... ေကာင္မေလး႐ွိလားဟင္" ႐ွားရန္ရန္ဘက္က အရင္ေမးလိုက္ၿပီး အလြန္႐ွက္ေနပါၿပီ။

ဖုန္းထဲက ေျပာတာျဖစ္ေသာ္လည္း သူမ၏ စိတ္လႈပ္႐ွားမႈ၊ စိုးရိမ္မႈႏွင့္ ေမွ်ာ္လင့္ခ်က္ အနည္းငယ္တို႔ကို လင္းဖန္ ခံစားမိပါေသးသည္။

မိန္းကေလးတစ္ေယာက္ဘက္က ေယာက်္ားေလးတစ္ေယာက္ကို ဦးစြာ သေဘာက်လွ်င္ ေယာက်္ား တစ္ေယာက္ႏွင့္ မိန္းမတစ္ေယာက္အၾကားက သံေယာဇဥ္ပိုခိုင္မာသည္ဟု ဆိုၾကသည္။ ဒါက ေယာက်္ားေလးတစ္ေယာက္ကို သူမဘက္က ပထမဆုံး ခ်ဥ္းကပ္ျခင္း ျဖစ္ပါသည္။

လင္းဖန္က ႐ွားရန္ရန္၏ ဆိုလိုရင္းကို နားလည္ပါသည္။

အခု သူ႕မွာအေျဖသုံးမ်ိဳး႐ွိ၏။

ပထမဆုံး သူ႕မွာ ေကာင္မေလး ႐ွိသည္။ ဒီလိုဆို သူမကို ျပတ္ျပတ္သားသား ျငင္းလိုက္ရာက်သည္။

ဒုတိယက ေကာင္မေလး မ႐ွိေသးပါ။

တတိယေတာ့ ခင္ဗ်ားက လူေကာင္းတစ္ေယာက္ပါ။ ဒါေပမယ့္...

စုစုေပါင္း အေျဖသုံးခု႐ွိကာ ဒုတိယ အေျဖကိုရမွ ႐ွားရန္ရန္ အခြင့္အေရး႐ွိမည္ျဖစ္သည္။

ထိုအေျဖသုံးခုက မိန္းကေလးမ်ားက ေယာက်္ားေလးမ်ားကို ျငင္းေသာအခါ ေပးတတ္ေသာ ပုံမွန္ အေျဖမ်ားျဖစ္ၾက၏။ သူတို႔က လူေကာင္းျဖစ္ေသာ္လည္း စာသင္ေနျခင္းႏွင့္ အလုပ္လုပ္ေနျခင္းတို႔ေၾကာင့္ အခ်ိန္မေပးႏိုင္ပါဘူးဟု ေျပာတတ္သည္။ သို႔ေသာ္လည္း အခုေတာ့ ေနရာခ်င္း ေျပာင္းျပန္ ျဖစ္ေနပါၿပီ။

႐ွားရန္ရန္က လင္းဖန္၏ အေျဖကို ေစာင့္ဆိုင္းေနပါသည္။

လင္းဖန္ ေကာင္မေလး မ႐ွိေသးဘူးဟုသာ ေျဖလိုက္ပါက ႐ွားရန္ရန္ သူနဲ႔ေတြ႕ဖို႔ နည္းလမ္းတစ္ခုခု႐ွာၿပီး လက္ေလွ်ာ့ေတာ့မွာ မဟုတ္ေပ။

လင္းဖန္ ေမြးဖြားလာၿပီး အခုခ်ိန္အထိ ေကာင္မေလးမ်ား ခ်ဥ္းကပ္တာကို ခံခဲ့ရတာ ၈၈၆ ႀကိမ္ ႐ွိပါၿပီ။

႐ွားရန္ရန္က တကယ့္ကို ႐ုပ္ရည္မဆိုးဘဲ လွလည္းလွပါသည္။

သို႔ေသာ္...

လင္းဖန္က သူ႕အိမ္က ေၾကာင္ေလးကို ၾကည့္လိုက္သည္။

သူ႕ႏွလုံးသားထဲတြင္ အေျဖတစ္ခုက ႐ွိေနၿပီးသားပင္။

"ကြၽန္ေတာ့္မွာ ေကာင္မေလး႐ွိပါတယ္" လင္းဖန္က ျပဳံးကာ ျပန္ေျဖလိုက္ပါသည္။

"ေၾသာ္... ဟုတ္ပါၿပီ။ ႐ွင္အခ်ိန္ရရင္ ထ်င္ထ်င္နဲ႔ ကြၽန္မတို႔ ႐ွင့္ေကာင္မေလးကို လာေတြ႕လို႔ရမလား။ သူက အရမ္းလွမွာပဲေနာ္" ႐ွားရန္ရန္က ေပ်ာ့ေပ်ာင္းစြာ ေမးလိုက္ပါသည္။

"ဟုတ္တယ္။ သူက အရမ္းလွတယ္။" လင္းဖန္က ေျပာလိုက္ပါသည္။

"အင္းအင္း ဒါဆို ကြၽန္မ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္။ အိမ္ျခံေျမထိန္းသိမ္းခြန္ ေပးဖို႔ မေမ့နဲ႔ဦး။ ေမ့သြားရင္ ကြၽန္မ႐ွင့္အိမ္လာၿပီး အတင္းေတာင္းမွာေနာ္" ႐ွားရန္ရန္က ျပဳံးကာ ေျပာလိုက္ပါသည္။

႐ွားရန္ရန္၏ စိတ္ခံစားခ်က္ေျပာင္းလဲမႈကို လင္းဖန္ မခံစားမိပါ။ သို႔ေသာ္ ဆက္ဆံေရးမ်ားက အၿမဲတမ္း ဒီလိုပဲျဖစ္ပါသည္။

သူ႕မွာ ေကာင္မေလးတကယ္ မ႐ွိေသးေသာ္လည္း လင္းဖန္က တျခားေကာင္မေလးမ်ားႏွင့္ ေပြ႐ႈပ္ၿပီး သူတို႔ကို ေမွ်ာ္လင့္ခ်က္ မေပးခ်င္ပါ။

ဒါက အေကာင္းဆုံး တုန္႔ျပန္မႈပဲျဖစ္ပါသည္။

"ေခြၽ႕ေခြၽ႕ေရ..." လင္းဖန္က ကြန္ျပဴတာ စားပြဲေအာက္တြင္ အိပ္ေနသည့္ ေၾကာင္ေလးကို ပြတ္သပ္ေပးလိုက္ပါသည္။

"ေျမာင္~" ေၾကာင္ေလးက ေအာ္ၿပီး လင္းဖန္၏ လက္ေပၚသို႔ တက္လာခဲ့ပါသည္။

လင္းဖန္က ကြန္ျပဴတာမ်က္ႏွာျပင္ကို ၾကည့္လိုက္သည္။ ကြန္ျပဴတာမ်က္ႏွာျပင္ေပၚတြင္ သူျပန္လည္ျပဳျပင္ေနသည့္ ဇာတ္ၫႊန္းတစ္ခု႐ွိသည္။ ကြန္ျပဴတာေပၚမွာ တင္ထားတဲ့ မ်က္ႏွာျပင္ပုံေလးက ႐ွားဝမ္ေခြၽ႕၏ ဂါဝန္ေလး ဝတ္ဆင္ထားသည့္ ပုံေလးတစ္ပုံ ျဖစ္သည္။ သူမေလးက အလြန္လွပေနပါသည္။

ပရိတ္သတ္ေတြသာ ဒီပုံကို ျမင္သြားလို႔ကေတာ့ ႐ူးသြပ္သြားႏိုင္ေလာက္သည္။

ဒီပုံထဲက ႐ွားဝမ္ေခြၽ႕က အလြန္အမင္း လွပပါသည္။ ထို႔အျပင္ ဒီဓာတ္ပုံက ႐ွားဝမ္ေခြၽ႕နဲ႔ ႏွစ္ေယာက္တည္း အတူတူ႐ွိေနစဥ္ လင္းဖန္႐ိုက္ထားသည့္ ပုံျဖစ္ပါသည္။

ညည့္နက္အခ်ိန္ျဖစ္ၿပီး ၾကယ္ပြင့္ေလးမ်ားကလည္း ေကာင္းကင္တြင္ ျပည့္ႏွက္ေနခဲ့သည္။

လူတစ္ေယာက္၊ ေၾကာင္ေလးတစ္ေကာင္နဲ႔ ကြန္ျပဴတာမ်က္ႏွာျပင္ေပၚမွ ေကာင္မေလးတစ္ေယာက္ရဲ႕ ဓာတ္ပုံေလးတို႔က ညအလွႏွင့္ ေအးခ်မ္းမႈကို ခံစားေနၾကသည္။

ညသန္းေခါင္ႀကီး လင္းဖန္ အလုပ္လုပ္ေနတုန္း ႐ွားဝမ္ေခြၽ႕ထံမွ ဝီခ်က္မက္ေဆ့ခ်္ဝင္လာခဲ့သည္။

[ ႐ွားဝမ္ေခြၽ႕ : "~~~" ]

[ လင္းဖန္ : "???" ]

[ လင္းဖန္ : "ခုေလးတင္ ေကာင္မေလးတစ္ေယာက္က ငါ့ကိုဖြင့္ေျပာၿပီး ေကာင္မေလး႐ွိလားလို႔ ေမးသြားတယ္" ]

[ ႐ွားဝမ္ေခြၽ႕ : "ဘယ္သူလဲ" ]

[ လင္းဖန္ : "ဒီက အိမ္ျခံေျမေအးဂ်င့္ေကာင္မေလးတစ္ေယာက္ပါ။ ေတာ္ေတာ္ေလး လွတယ္" ]

[ ႐ွားဝမ္ေခြၽ႕ : "ဟြန္း နင္က ဘာျပန္ေျပာလိုက္လဲ" ]

[ လင္းဖန္ : "ငါ့မွာ ေကာင္မေလး ႐ွိတယ္လို႔ ေျပာလိုက္တာေပါ့" ]

[ ႐ွားဝမ္ေခြၽ႕ : "အ႐ူးေကာင္" ]

[ ႐ွားဝမ္ေခြၽ႕ : "နင့္မွာ... တကယ္ ေကာင္မေလး ႐ွိတာလား" ]

[ လင္းဖန္ : "မ႐ွိေသးပါဘူး။ ဒါေပမယ့္ ငါ့အေမက ငါ့ကို အရမ္းတိုက္တြန္းေနတယ္။ ငါ့ေကာင္မေလး အေယာင္ေဆာင္ၿပီး ငါ့အိမ္ကိုလိုက္ခဲ့ပါလား။ ငါ့အေမကို အရင္ထိန္းၾကရေအာင္ေလ" ]

[ ႐ွားဝမ္ေခြၽ႕ : "အ႐ူးေကာင္လင္းဖန္ ဘယ္သူက နင့္ေကာင္မေလးေယာင္ ေဆာင္ေပးခ်င္လို႔လဲ။ ငါ့ကို ဘယ္လို အႏိုင္က်င့္ရမလဲဆိုတာပဲ နင္သိတယ္" ]

လင္းဖန္ စာပို႔ၿပီးသြားေသာအခါ ႐ွားဝမ္ေခြၽ႕ထံမွ ဗီဒီယိုဖုန္းေခၚမႈတစ္ခု ဝင္လာခဲ့သည္။

ဗီဒီယိုဖုန္းေခၚဆိုမႈကို လက္ခံလိုက္ေသာအခါ ႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာေလးကို လင္းဖန္ ျမင္လိုက္ရ၏။

သူမသည္ ေရခ်ိဳးၿပီးခါစျဖစ္ၿပီး ေဘာင္းဘီ႐ွည္ကို ဝတ္ဆင္ထား၏။ သူမေလး၏ ေက်ာ့႐ွင္းလွပသည့္ ကိုယ္လုံးကိုယ္ေပါက္ႏွင့္ အသက္႐ွဴမွားေလာက္စရာ ပင္ကိုမ်က္ႏွာေလးကို ျမင္လိုက္ရပါသည္။

လင္းဖန္၏ လက္ထဲက ေၾကာင္ေလးပင္ ၾကက္ေသေသသြားရ၏။ ႐ွားဝမ္ေခြၽ႕ကို ၾကည့္ကာ ဆက္တိုက္ ေအာ္ေနေလသည္။

႐ွားဝမ္ေခြၽ႕က မိတ္ကပ္ မပါဘဲနဲ႔ေတာင္ အလြန္လွပလြန္းပါသည္။ ထို႔ေၾကာင့္လည္း ဒီေလာက္ထိ ျမန္ျမန္ ေရပန္းစား နာမည္ေက်ာ္လာခဲ့ျခင္းျဖစ္၏။

လင္းဖန္ : "နင္ဘာလုပ္ေနတာလဲ"

႐ွားဝမ္ေခြၽ႕ : "ခစ္ခစ္ ေျမာင္ေျမာင္~~ နင့္ကို စစ္ေဆးေနတာ မလႈပ္နဲ႔ေနာ္"

လင္းဖန္ : "ငါ့ကို စစ္ေဆးေနတာ ဟုတ္လား။ ငါက နင့္ေကာင္ေလး မဟုတ္ေသးဘူး ထင္တယ္ေနာ္"

႐ွားဝမ္ေခြၽ႕က ႏႈတ္ခမ္းစူကာ ေျပာလိုက္သည္။ "ဟင္း ဒါဆိုလည္း ဗီဒီယိုဖုန္းေခၚဆိုမႈကို ခ်လိုက္ေလ"

႐ွားဝမ္ေခြၽ႕ : "နင့္အခန္းကို ၾကည့္မယ္~"

လင္းဖန္က တိတ္ဆိတ္စြာျဖင့္ သူ႕ဖုန္းနဲ႔အတူ အခန္းထဲ ပတ္ျပလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕ : "ဘယ္ဆိုးလို႔လဲ"

လင္းဖန္ : "ဘာလို႔ ငါ႐ႈံးတယ္လို႔ ခံစားေနမိပါလိမ့္။ နင့္အခန္းကိုလည္း ျပေလ"

႐ွားဝမ္ေခြၽ႕ : "ေျမာင္ေျမာင္~~ အိမ္မွာ ဘယ္သူမွ မ႐ွိဘူး"

လင္းဖန္ : "..."

လင္းဖန္ : "ဒါဆို ငါနင့္အိမ္ကိုလာမယ္"

႐ွားဝမ္ေခြၽ႕ : "အတင့္ရဲလိုက္တာ"

႐ွားဝမ္ေခြၽ႕ : "စုေတာင္းေလ ဟြန္း။ ငါ့ကို အႏိုင္က်င့္ဖို႔ပဲ စဥ္းစားေနတယ္။"

လင္းဖန္ : "နင္နဲ႔ ႏွစ္ညေတာင္ အတူတူအိပ္ၿပီးၿပီပဲ ရပါတယ္ေလ ငါမ႐ႈံးပါဘူး။"

႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာ နီရဲသြားၿပီး ႐ွက္႐ြံ႕စြာ ေျပာလိုက္ပါသည္။ "ဘယ္သူက နင္နဲ႔ အိပ္လို႔လဲ လူဆိုးေကာင္။ နင္ငါ့အိမ္လာၿပီး မျပန္လို႔ေလ။ ၿပီးေတာ့ နင့္အိမ္မွာ ညအိပ္တာလည္း... အကုန္လုံး နင့္အျပစ္ပဲ။"

႐ွားဝမ္ေခြၽ႕ : "ဆက္လိုက္ၾကရေအာင္ နင့္ကြန္ျပဴတာ မ်က္ႏွာျပင္ကို ျပစမ္း။"

လင္းဖန္ : "နင္လြန္လာၿပီ ငါ့ကြန္ျပဴတာ မ်က္ႏွာျပင္မွာ ဘာ႐ွိမွာမို႔လို႔လဲ။"

႐ွားဝမ္ေခြၽ႕က ေျပာလိုက္ပါသည္။ "ဘယ္ေျပာလို႔ရမလဲ ကြန္ျပဴတာထဲမွာ မဟုတ္တာေတြ ႐ွိေနမလားဆိုတာ ဘယ္ေျပာလို႔ရမလဲ။"

လင္းဖန္က အမွန္အတိုင္းေျပာလိုက္၏။ "ငါက အဲ့လိုလူမ်ိဳးလား။ ၿပီးေတာ့ ႐ွိေနရင္ေတာင္ အဲ့ဒီ မဟုတ္တာေတြက နင္နဲ႔ ဘာဆိုင္လို႔လဲ"။

လင္းဖန္ အနည္းငယ္ စိတ္ဆိုးသြားပါသည္။ ႐ွားဝမ္ေခြၽ႕က သူ႕ကို တကယ္မယုံဘဲ စစ္ေတာင္ စစ္ေဆးေနပါသည္။

သူ႕ကို စစ္ေဆးတာက ျပႆနာမ႐ွိပါ။ သူမကိုလည္း စစ္ေဆးႏိုင္သည္။

သို႔ေသာ္ ကြန္ျပဴတာ မ်က္ႏွာျပင္ကို ျပဖို႔ကေတာ့ မ်ားလြန္းပါသည္။ ဘာပဲျဖစ္ျဖစ္ ကြန္ျပဴတာ မ်က္ႏွာျပင္ေပၚမွာ ႐ွားဝမ္ေခြၽ႕ရဲ႕ ဓာတ္ပုံေလူ ႐ွိေနတာ မဟုတ္ပါလား။

သူမသာ ဒါကို ျမင္သြားရင္ သူ႕ကို တစ္သက္လုံး အႏိုင္ယူမသြားႏိုင္ဘူးလား။

႐ွားဝမ္ေခြၽ႕က သနားစရာေကာင္းစြာ ေျပာလိုက္သည္။ "လင္းဖန္ အဲ့ဒီမဟုတ္တဲ့ဟာေတြကို ၾကည့္လို႔မရဘူးေလ။ ငါက... မလွဘူးလား။"

႐ွားဝမ္ေခြၽ႕က အလြန္စိတ္႐ႈပ္ေထြးေနပါသည္။ လင္းဖန္ ကြန္ျပဴတာမွာ အဲ့လိုဟာေတြ ၾကည့္ေနေၾကာင္း စိတ္ထဲမွ လက္ခံမိသလိုျဖစ္ေနၿပီ။ သူမ၏ လွပေသာ မ်က္လုံးေလးမ်ားက စိတ္ပ်က္ၿပီး အနည္းငယ္ စိတ္ဆိုးေနသလိုပင္။ သူ႕ကို ဘယ္သူမဆို သနားသြားႏိုင္သည္။ သူမက ငိုေတာ့မလိုလို ပုံစံျဖစ္ေနပါၿပီ။

႐ွားဝမ္ေခြၽ႕ကိုၾကည့္ရင္း လင္းဖန္တစ္ေယာက္ မလြန္ဆန္ႏိုင္ေတာ့ပါ။

ေနာက္ပိုင္း သူမ အႏိုင္ယူတာ ခံရ႐ုံေလာက္ပဲ မဟုတ္လား။ ဒါဆိုလည္း ႐ွိပါေစေတာ့။

ေနာက္ပိုင္း ျပန္အႏိုင္ယူႏိုင္ရင္ အဆင္ေျပတာပဲ မဟုတ္လား။ သူ႕ရဲ႕ ႐ိုးသားတဲ့ စ႐ိုက္အား ႐ွားဝမ္ေခြၽ႕ကို သံသယျဖစ္ခြင့္မေပးႏိုင္ပါ။

႐ွားဝမ္ေခြၽ႕က အဆင့္ ၂ ေလာက္သာ ႐ွိေသးေသာ္လည္း လင္းဖန္က အဆင့္ ၅ ေလာက္ ေရာက္ေနပါၿပီ။ ႐ွားဝမ္ေခြၽ႕ အႏိုင္ယူတာကိုသာ ခံရႏိုင္ေသာ္လည္း သူမ႐ုတ္တရက္ သူ႕ကိုစစ္ေဆးၾကည့္လိုက္လွ်င္ အံ့ၾသသြားေအာင္ လုပ္ႏိုင္ပါသည္။

လင္းဖန္ : "ငါတယ္ အဲ့ဒီမဟုတ္တာေတြ မၾကည့္ပါဘူး။ ငါ့ကိုမယုံရင္ ငါ့ကြန္ျပဴတာကို ျပမယ္"

႐ွားဝမ္ေခြၽ႕က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားကို ေမာ့လိုက္ၿပီး ေျပာင္းလဲသြားေသာ ဗီဒီယိုထဲက လင္းဖန္ကို ၾကည့္လိုက္ပါသည္။

ကင္မရာထဲတြင္ လင္းဖန္၏ ႐ုပ္ပုံမွတဆင့္ လင္းဖန္၏ ကြန္ျပဴတာ မ်က္ႏွာျပင္ပုံသို႔ ေျပာင္းသြားသည္။

ကြန္ျပဴတာေပၚတြင္ Word စာဖိုင္တစ္ဖိုင္သာ ဖြင့္လ်က္သား႐ွိေနသည္။ ဘဝရဲ႕ေပ်ာ္႐ႊင္မႈ ဇာတ္ၫႊန္းျဖစ္ပါသည္။

လင္းဖန္၏ ကြန္ျပဴတာ မ်က္ႏွာျပင္မွာ ႐ွားဝမ္ေခြၽ႕၏ ဂါဝန္ ဝတ္ဆင္ထားသည့္ ပုံေလးတစ္ပုံ ျဖစ္ေနပါသည္။

ေနေရာင္ေအာက္တြင္ သူမက ဂါဝန္ေလးတစ္ထည္ဝတ္ကာ ကမ္းေျခတြင္ လမ္းေလွ်ာက္ေနသည္။ သူမတြင္ သြယ္လ်ၿပီး ႏွင္းလိုျဖဴေဖြးသည့္ ေျခေခ်ာင္းကေလးမ်ား ႐ွိသည္။ ပုံထဲတြင္ သူမက အေနာက္ကို ျပန္လွည့္ၾကည့္ၿပီး ျပဳံးေနပါသည္။ အသက္႐ွဴမွားေလာက္ေအာင္ လွပၿပီး ကမ႓ာႀကီးထဲက ဘယ္အရာမဆို သူမကို ရပ္ၾကည့္သြားေလာက္သည္။

႐ွားဝမ္ေခြၽ႕က အကုန္လုံးကို ေၾကာင္ေတာင္ေတာင္နဲ႔ ၾကည့္ေနမိသည္။

ဒါဆို လင္းဖန္က မဟုတ္တာေတြ မၾကည့္ဘူးေပါ့။

ကြန္ျပဴတာေပၚက ဓာတ္ပုံကို သူမကို မျမင္ေစခ်င္ျခင္းသာျဖစ္သည္။

အဘယ့္ေၾကာင့္ဆိုေသာ္...

ကြန္ျပဴတာ မ်က္ႏွာျပင္ေပၚက ေကာင္မေလးမွာ သူမပဲ ျဖစ္ေနေသာေၾကာင့္သာပင္။

အခန္း(၄၇) နင္မနာလိုျဖစ္ေနတာ

႐ွားဝမ္ေခြၽ႕ သူ႕ကိုစစ္ေဆးခ်င္တယ္ဆိုေတာ့ လင္းဖန္က ျပင္ဆင္ထားၿပီးသားျဖစ္သည္။

သူ႕ ကြန္ျပဴတာ မ်က္ႏွာျပင္ပုံေလးက အၿမဲတမ္း ႐ွားဝမ္ေခြၽ႕၏ ဓာတ္ပုံေလးသာ ျဖစ္ခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕၏ ႐ုတ္ျခည္း ဗီဒီယိုဖုန္းေခၚဆိုမႈျဖင့္ လင္းဖန္၏ ကြန္ျပဴတာမ်က္ႏွာျပင္ကို ၾကည့္႐ႈခဲ့ေသာ္လည္း ေနာက္ဆုံးေတာ့ ကြန္ျပဴတာ မ်က္ႏွာျပင္ေပၚတြင္ သူမပုံသာ ႐ွိေနခဲ့ပါသည္။

လင္းဖန္ေၾကာင့္ ႐ွားဝမ္ေခြၽ႕အံ့အားသင့္သြားရ၏။

႐ွားဝမ္ေခြၽ႕က လင္းဖန္၏ ကြန္ျပဴတာ မ်က္ႏွာျပင္ပုံကို ၾကည့္ရင္း ႐ွက္ေသြးျဖာသြားခဲ့ပါသည္။

႐ွားဝမ္ေခြၽ႕ : "အ႐ူးေကာင္လင္းဖန္ နင္ငါ့ပုံကို ခိုး႐ိုက္ထားတယ္လား"

လင္းဖန္ : "တကယ္လား ငါေပၚတင္႐ိုက္ခဲ့တာပါကြာ။"

႐ွားဝမ္ေခြၽ႕ : "ဟြန္း ငါ့ပုံကို ခိုးသုံးၿပီး ကြန္ျပဴတာ မ်က္ႏွာျပင္ပုံ တင္ထားတယ္။ အ႐ွက္မ႐ွိလိုက္တာ။"

လင္းဖန္ : "ေအးပါ ေအးပါ။ ဒါဆိုရင္လည္း ဓာတ္ပုံကို အခုခ်က္ခ်င္း ေျပာင္းလိုက္ပါ့မယ္။ စုေ႐ွာင္းယြီရဲ႕ ပုံကိုပဲ ေျပာင္းလိုက္ေတာ့မယ္ေလ။ သူလည္း လွတာပဲ။"

႐ွားဝမ္ေခြၽ႕ : "အတင့္ရဲလိုက္တာ"

လင္းဖန္က ျပဳံးကာ တမင္သက္သက္ ေျပာလိုက္၏။ "ဘာျဖစ္လို႔ ေျပာင္းလို႔မရတာလဲ။ နင္က ငါ့ေကာင္မေလးမွ မဟုတ္တာ။"

႐ွားဝမ္ေခြၽ႕ : "အက်င့္မေကာင္းတဲဲ႕ေကာင္ နင္က ငါ့ကိုေဒါသလာဆြေနတာပဲ။ ရပါတယ္ေလ။ ငါ့ ဓာတ္ပုံကို ကြန္ျပဴတာ မ်က္ႏွာျပင္ပုံနဲ႔ ဖုန္းမ်က္ႏွာျပင္ပုံေတြအျဖစ္ အသုံးျပဳတဲ့ ေယာက်္ားေလးေတြ အမ်ားႀကီး ႐ွိတယ္ေနာ္။ ငါ့ဓာတ္ပုံကို ေန႔တိုင္း အႀကိမ္ ၁၀၀ ေလာက္ နင္ၾကည့္ေနတာမလား။"

လင္းဖန္၏ ကြန္ျပဴတာ စားပြဲခုံေပၚတြင္ မ်က္စိက်စရာအေကာင္းဆုံးက ႐ွားဝမ္ေခြၽ႕၏ သြယ္လ်ၿပီး ႏွင္းလိုျဖဴေဖြးေသာ ေျခတံကေလးမ်ားႏွင့္ သူမ၏ မ်က္ႏွာလွလွေလး ျဖစ္သည္။ ဘာအျပစ္ဆိုစရာမွ မ႐ွိပါ။

လင္းဖန္ : "နင့္ဓာတ္ပုံကို ဘယ္သူက ၾကည့္လို႔လဲ။ ေန႔တိုင္း ငါအျပင္ထြက္တိုင္း ငါ့ကိုျမင္ခ်င္တဲ့ ေကာင္မေလးေတြ အမ်ားႀကီးပဲ။ ဒီေန႔လည္း ငါ့ကို ေကာင္မေလး႐ွိလားလို႔ ေမးတဲ့ မိန္းမလွေလးတစ္ေယာက္ေတာင္ ႐ွိတယ္။"

႐ွားဝမ္ေခြၽ႕ : "႐ွင္းျပတာနဲ႔ ဖုံးကြယ္တာက အတူတူပဲ။"

လင္းဖန္ : "တကယ္ေတာ့ အႀကိမ္ ၁၀၀ ေလာက္ ၾကည့္စရာ မလိုပါဘူး။ ေန႔တိုင္း ကြန္ျပဴတာ ဖြင့္လိုက္ရင္ ဒီတိုင္း တစ္ေခါက္ပဲ ၾကည့္လိုက္တာ။ ၾကည့္လို႔ ေကာင္းတယ္ေလ။"

႐ွားဝမ္ေခြၽ႕ : "~~~"

လင္းဖန္၏ ကြန္ျပဴတာ စားပြဲေပၚက Word စာဖိုင္ကို ၾကည့္လိုက္သည္။ လင္းဖန္ ေျပာင္းလဲျပဳျပင္ေနသည့္ ဇာတ္ၫႊန္း ျဖစ္ႏိုင္၏။

ဒီေလာက္ေနာက္က်ေနတာေတာင္ သူက ႀကိဳးစားပမ္းစား အလုပ္ လုပ္ေနေသးသည္။

႐ွားဝမ္ေခြၽ႕တစ္ေယာက္ ေပ်ာ္႐ႊင္သြားမိပါသည္။

႐ွားဝမ္ေခြၽ႕ : "လင္းဖန္ အဲ့ေလာက္ႀကီး ႀကိဳးစားမေနပါနဲ႔။ ဘာပဲျဖစ္ျဖစ္ ငါသ႐ုပ္မေဆာင္တာ တစ္ႏွစ္နီးပါးေလာက္႐ွိၿပီဆိုေတာ့ ကုမၸဏီက ဇာတ္ၫႊန္းေကာင္းေကာင္း ေပးေလာက္မွာပါ။"

လင္းဖန္ : "ဘယ္ဟုတ္မလဲ ငါေစာေစာၿပီးေအာင္ လုပ္မွျဖစ္မယ္။ ဇာတ္ၫႊန္းထဲမွာ အၾကင္နာေပးခန္းနဲ႔ အိပ္ယာဝင္အခန္းေတြ နည္းနည္း ထပ္ထည့္ရဦးမယ္။"

႐ွားဝမ္ေခြၽ႕ : "နင္ငါ့ကို အႏိုင္က်င့္ဖို႔ပဲ သိတယ္။ ေျမာင္ေျမာင္။ ငါကိုက္မွာေနာ္။ အိပ္ယာဝင္ခန္းေတြ မထည့္ရဘူး။ အဲ့အခ်ိန္က်ရင္ ႐ိုက္ကြင္းမွာ လူေတြအမ်ားႀကီး႐ွိေနမွာ။ ဟြန္း... အိပ္ယာဝင္ဇာတ္ဝင္ခန္းဆိုရင္ ငါက အဝတ္အစားေတာင္ခြၽတ္ၿပီး ငါ့ပခုံးေတြကိုေတာင္ ျပရေလာက္တယ္။"

လင္းဖန္ : "ပခုံးျပရမယ္ဟုတ္လား။ ဒါက အဆင္မေျပဘူး။"

႐ွားဝမ္ေခြၽ႕ : "ဟြန္း ငါက နင့္ေကာင္မေလး မဟုတ္ေသးဘူးေနာ္။"

လင္းဖန္ : "အဲ့တာလည္း အဆင္မေျပဘူး။ ရာသီဥတုက ေအးတယ္။"

႐ွားဝမ္ေခြၽ႕ : "ဒါဆို ေႏြရာသီေပါ့~~~"

လင္းဖန္ : "မရဘူးလို႔ေျပာရင္ မရဘူးပဲ။ အိပ္ယာဇာတ္ဝင္ခန္းေတြ ဖ်က္ပစ္လိုက္ၿပီ။"

႐ွားဝမ္ေခြၽ႕ : "နင္သဝန္တိုေနတာပဲ"

လင္းဖန္ : "Angry.jpg"

႐ွားဝမ္ေခြၽ႕ : "~~~"

႐ွားဝမ္ေခြၽ႕ : "ငါအိပ္ေတာ့မယ္ေနာ္။ မနက္ျဖန္ အလုပ္႐ွိေသးတယ္။ မနက္ျဖန္ေန႔လည္က်ရင္ ငါနဲ႔ ေ႐ွာင္းယြီတို႔ကို ႐ုံးမွာလာေခၚေပး။ ေခြးမေလးကလည္း နင္ခ်က္တဲ့ အရသာ႐ွိတဲ့ ဟင္းေတြကို စားခ်င္တယ္လို႔ေျပာတယ္။"

လင္းဖန္တစ္ေယာက္ ဖုန္းခ်ၿပီးေနာက္ ျပဳံး႐ႊင္စြာ ေခါင္းခါလိုက္ပါသည္။

႐ွားဝမ္ေခြၽ႕ႏွင့္အတူ ဗီဒီယိုဖုန္းေခၚဆိုမႈ ေျပာဆိုခဲ့ရသျဖင့္ သူပိုေပ်ာ္သြားခဲ့သည္။

ဒီလိုဘဝမ်ိဳးက တကယ္ပဲ ေကာင္းမြန္ေသာ္လည္း လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔အၾကား အကြာအေဝးတစ္ခု ႐ွိေနတာကိုေတာ့ လက္ခံရမည္။

ထိုအကြာအေဝးက ပိုက္ဆံျဖင့္ တိုင္းတာႏိုင္ေသာ အရာ မဟုတ္ေပ။ လူႏွစ္ေယာက္အၾကားက ဘုံဘာသာစကားတစ္ခုျဖစ္သည္။ ၎တို႔၏ တန္ဖိုးအၾကား ျခားနားမႈႏွင့္ ၎တို႔ ေန႔စဥ္ အလုပ္မ်ားရေသာ ကိစၥမ်ားလည္း ႐ွိေသးသည္။ သူတို႔သာ ကြာေဝးသြားပါက သူတို႔ဆက္ဆံေရးအၾကား ပဋိပကၡမ်ား တျဖည္းျဖည္းခ်င္း ေပၚလာႏိုင္ပါသည္။

ဒီလိုကိစၥမ်ားေၾကာင့္ ေကာင္မေလးမ်ားက ေကာင္ေလးမ်ား၏ သဘာဝကို နားမလည္ဘဲ ေကာင္ေလးမ်ားကလည္း ေကာင္မေလးမ်ား၏ အေတြးကို နားမလည္ျခင္းမ်ား ျဖစ္လာရျခင္း ျဖစ္ပါသည္။

ထို႔ေၾကာင့္ လင္းဖန္မွာ ယခုအခါ ပိုက္ဆံ မနည္းပါးေသာ္လည္း အလုပ္ႀကိဳးစားရပါဦးမည္။

႐ွားဝမ္ေခြၽ႕က တစ္ႏွစ္နီးပါး သ႐ုပ္မေဆာင္ခဲ့ပါ။ ဒီတိုင္းသာ ဆက္သြားရင္ ကုမၸဏီက ေသခ်ာေပါက္ သူမကို သေဘာမက်ႏိုင္ေတာ့ပါ။

ထိုအထိ စဥ္းစားၿပီး လင္းဖန္ ဇာတ္ၫႊန္းကို ဆက္လက္ ျပဳျပင္ၿပီး ၿပီးျပည့္စုံေအာင္လုပ္လိုက္သည္။

သူ႕စြမ္းအင္ကို ၁၀၀ ရာခိုင္ႏႈန္းအထိ ထုတ္သုံးလိုက္၏။

အဘယ့္ေၾကာင့္ဆိုေသာ္ ဒီ႐ုပ္႐ွင္က ႐ွားဝမ္ေခြၽ႕၏ ပထမဆုံး အခ်စ္ေရးဇာတ္ဝင္ခန္းႏွင့္ ပထမဆုံး အၾကင္နာေပးခန္း ပါဝင္ေသာ ႐ုပ္႐ွင္ျဖစ္ေသာေၾကာင့္ပင္။

တစ္ခ်ိန္တည္းမွာပဲ သူႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ ပထမဆုံး ႐ုပ္႐ွင္လည္း ျဖစ္သည္။

ေၾကာင္မေလးအတြက္ သူအစြမ္းကုန္ ႀကိဳးစားဖို႔သာ ႐ွိေတာ့သည္။

ေနာက္တစ္ေန႔ သူႏိုးလာခဲ့ၿပီး Sign-in ဝင္လိုက္ပါသည္။

ဒီတစ္ေခါက္ ေငြသားကံစမ္းမဲတစ္ခုရ၏။ လင္းဖန္ စိတ္ပ်က္သြားရသည္က စနစ္ ဗား႐ွင္း ၂.၀ သို႔ တင္ၿပီးကတည္းက ပစၥည္းေကာင္းေကာင္းရဖို႔ မစ္႐ွင္မ်ား ျပဳလုပ္ရသည္။

အႀကိမ္တိုင္းလည္း မစ္႐ွင္မ်ားက ျခားနား၏။ သို႔ေသာ္ လင္းဖန္က ပုံမွန္အတိုင္းပဲ စားေသာက္ဆိုင္တြင္ နာရီအနည္းငယ္ေလာက္ အလုပ္သြားလုပ္ခဲ့ပါေသးသည္။

ဒီတစ္ေခါက္ လင္းဖန္က Rolls-Royce Cullinan ကားႀကီး ေမာင္းႏွင္လာခဲ့သည္။ အဆိုပါကားႀကီးက ခမ္းနားေသာ ခံစားခ်က္တစ္ခုကို ေပးစြမ္းေန၏။

စားေသာက္ဆိုင္သို႔ သူေရာက္ေသာအခါ တန္းစီေနၾကသည့္ ပရိတ္သတ္မ်ားစြာ ႐ွိေနၿပီျဖစ္သည္။

ေဝ့ေပၚ မွာ ေရပန္းစားလာကတည္းက လင္းဖန္၏ စားေသာက္ဆိုင္မွာ အလြန္အမင္း နာမည္ႀကီးလာခဲ့ပါသည္။

သူ႕ဆိုင္မွာ အစားအေသာက္ေတြ မွာယူစားေသာက္ဖို႔ လူေတြ ဘယ္ေလာက္မ်ားမ်ား ဘိုကင္ႀကိဳတင္ထားခ်င္သလဲ မသိပါ။ သို႔ေသာ္ သူတို႔တင္လို႔မရေပ။

အဓိကအခ်က္ကေတာ့ လင္းဖန္၏ ဆိုင္ဖြင့္ခ်ိန္က ပုံေသမဟုတ္ေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ တစ္ရက္ကို ၂ နာရီေလာက္ေတာ့ ဖြင့္ပါသည္။

"ဝိုး လင္းဖန္က ကားေျပာင္းလိုက္ျပန္ၿပီ။ Bugatti ႀကီး ေမာင္းမလာေတာ့ဘူး။ အဲ့တာ Rolls-Royce Cullinan ကားႀကီးမလား။"

"နင္နားမလည္ရင္ ေမးၾကည့္လိုက္။ Rolls-Royce Cullinan ဘယ္လိုကားမ်ိဳးလဲ။ Rolls-Royce Cullinan ကားႀကီးက အရမ္းမိုက္တယ္လို႔ ငါၾကားဖူးတယ္။"

"ဒါေပါ့ Rolls-Royce Cullinan က ဇိမ္ခံကားႀကီးေလ။ သာမန္လူတစ္ေယာက္ေတာ့ ေမာင္းႏိုင္မွာ မဟုတ္ဘူး။ လင္းဖန္က ေတာ္လိုက္တာ။ ဒီကားက အနည္းဆုံး ယြမ္မီလီယံနဲ႔ခ်ိၿပီး ေပးရေလာက္တယ္။"

"အစ္ကိုလင္းဖန္ ဘာလို႔ ဒီေလာက္ေတာင္ ေခ်ာၿပီး အစ္ကိုခ်က္တဲ့ ဟင္းေတြက ဘာလို႔ အရသာ အရမ္း႐ွိေနရတာလဲ။ ညီမေမးခ်င္လို႔ အစ္ကို႔မွာ ရည္းစား႐ွိလား။ မ႐ွိရင္ ညီမကို စဥ္းစားေပးပါလား။"

ေကာင္မေလးမ်ားစြာက စု႐ုံးလာၾကၿပီး လင္းဖန္ကို ၾကည့္လိုက္ၾကသည္။ သူတို႔အားလုံး၏ ရင္ထဲတြင္ ေမးခြန္းမ်ား႐ွိေနၾက၏။

႐ုပ္ေခ်ာ၊ ခ်မ္းသာၿပီး ခ်က္တတ္ျပဳတ္တတ္သည့္ ေကာင္ေလးမ်ားက အလြန္အမင္း ဆြဲေဆာင္မႈ ႐ွိပါသည္။ ထို႔အျပင္ လင္းဖန္က တစ္ေယာက္တည္းသမား ျဖစ္ေနဆဲျဖစ္သည္။ မေရမတြက္ႏိုင္ေသာ ေကာင္မေလး မ်ားစြာက သူ႕ကို ခ်ည္းကပ္ခ်င္ေနပါသည္။

သို႔ေသာ္လည္း လင္းဖန္က ထိုေကာင္မေလးမ်ားႏွင့္ ခပ္လွမ္းလွမ္း ခြာေနပါသည္။

"ကြၽန္ေတာ္က စားေသာက္ဆိုင္ဖြင့္ဖို႔ လာတာပါဗ်ာ။ ရည္းစားထားဖို႔ မဟုတ္ပါဘူး။ကြၽန္ေတာ္ ဓာတ္ပုံလည္း မ႐ိုက္ဘူး။ လက္မွတ္ေလး ထိုးမေပးဘူးေနာ္။ ဒီတိုင္း တိတ္တိတ္ဆိတ္ဆိတ္ေလး ထိုင္စားေပးၾကပါ" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

အားလုံး မွာယူၿပီးၾကေသာအခါ လင္းဖန္ စတင္အလုပ္႐ႈပ္သြားေလသည္။

ဒီစားေသာက္ဆိုင္က သူမိဘမ်ား သူ႕ကို အေမြေပးထားျခင္းျဖစ္သည္။ အျမတ္အမ်ားႀကီး မရေသာ္လည္း လင္းဖန္က ဒီလို ဘဝမ်ိဳးကို ေပ်ာ္႐ႊင္ပါသည္။

လင္းဖန္၏ ျပဳမူေျပာဆိုပုံေၾကာင့္ ထိုေကာင္မေလးမ်ား သူ႕ကိုပိုသေဘာက်သြားျခင္းျဖစ္သည္။

လင္းဖန္က ေျဖာင့္မတ္သည္။ ေခ်ာေမာသည္။ သန္႔႐ွင္းသပ္ရပ္၏။ သူက ေကာင္မေလး မ်ားစြာ၏ ညိႇဳ႕အားျပင္းေသာ မင္းသားေလးျဖစ္ပါသည္။

လင္းဖန္က လူအမ်ားႀကီးႏွင့္လုပ္ရေသာ ေလ့က်င့္ခန္းမ်ိဳး သေဘာက်ပါက မိန္းကေလးမ်ား၏ ရင္ထဲတြင္ အမွတ္ေတြ ဘယ္ေလာက္ေတာင္ ဆုံး႐ႈံးသြားမလဲ မသိပါ။

"ဝိုး ေကာင္ေလး ခ်စ္တယ္။ ႐ွင့္ေျပာစကား နားေထာင္ပါ့မယ္။ ဒီမွာပဲ စားၾကရေအာင္။"

"အစ္ကိုလင္းက တကယ္ ေျဖာင့္မတ္တဲ့ လူတစ္ေယာက္ပဲ။ ငါတို႔ ဓာတ္ပုံအတူတူ႐ိုက္လို႔ မရေပမယ့္ သူ႕ဓာတ္ပုံကိုေတာ့ ခိုး႐ိုက္ေပးလို႔ ရပါေသးတယ္။ ေနာက္ပိုင္း လင္းဖန္သာ ၾကယ္ပြင့္ႀကီးတစ္ပြင့္ျဖစ္လာရင္ ငါကံေကာင္းၿပီေပါ့။"

လင္းဖန္တစ္ေယာက္ ၂ နာရီေလာက္ အလုပ္မ်ားခဲ့သည္။ ဝင္ေငြ ယြမ္ ၁,၀၀၀ ေက်ာ္ ရ႐ွိခဲ့သျဖင့္ အေတာ္ေလး ေနလို႔ထိုင္လို႔ ေကာင္းပါသည္။

သူ အခ်ိန္ကိုၾကည့္လိုက္၏။ ေန႔လည္ခင္း ၃ နာရီ အခ်ိန္႐ွိေနၿပီး ဆိုင္ကို ပိတ္ဖို႔ ျပင္လိုက္ပါသည္။

စားသုံးသူမ်ားစြာက မျပန္ခ်င္ၾကေသးေပ။ သို႔ေသာ္ လင္းဖန္ကေတာ့ ဆိုင္ကို ပိတ္ခဲ့ပါသည္။

လင္းဖန္က Rolls-Royce Cullinan ႀကီးျဖင့္ ေမာင္းထြက္လာခဲ့သည္။ သူက ႂကြားဝါဖို႔ မဟုတ္ပါ။ ဒီေန႔ ေန႔လည္ခင္း ႐ွားဝမ္ေခြၽ႕နဲ႔ သူတို႔ ခ်ိန္ထားေသာေၾကာင့္ပင္။

အခန္း(၄၈) ေၾကာင္မေလး စိတ္ဆိုးေနၿပီ အက်ိဳးဆက္က ျပင္းထန္လိမ့္မယ္

"အစ္ကိုလင္းဖန္ ဘာလို႔ ဆိုင္ကို ပိတ္သြားတာလဲ။ ၂ နာရီပဲ ဖြင့္တာလား။ ေန႔လည္ ၃ နာရီပဲ ႐ွိေသးတာေလ။"

"ေအး ငါတို႔ မနက္ျဖန္မွ ျပန္လာဖို႔ပဲ ႐ွိေတာ့တယ္။ စားေသာက္ဆိုင္သာ ဆက္ဖြင့္မယ္ဆို ဘယ္ေလာက္ ေကာင္းလိုက္မလဲ။"

"ဒီေလာက္ စားေကာင္းတဲ့ အစားအေသာက္ေတြ ေရာင္းတဲ့ စားေသာက္ဆိုင္က တစ္ရက္ကို ၂ နာရီပဲ ဖြင့္တယ္။ Review မေကာင္းေအာင္ ေပးလိုက္ဦးမယ္။"

စားသုံးသူမ်ားစြာက သက္ျပင္းခ်ၿပီး ျပန္သြားၾကပါသည္။ တန္းစီေနၾကသည့္ စားသုံးသူမ်ားမွာ ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ဘဲ မနက္ျဖန္မွ ျပန္လာႏိုင္ပါေတာ့သည္။

အားလုံးျပန္သြားေသာအခါ လင္းဖန္က စားေသာက္ဆိုင္ တံခါးကို ပိတ္လိုက္သည္။

ထိုအခ်ိန္တြင္ ေကာင္မေလးတစ္ေယာက္က လင္းဖန္၏ ေဘးသို႔ ေျပးလာ၏။

"ဆိုင္ပိတ္ပါၿပီ။ မနက္ျဖန္မွ ျပန္လာခဲ့ပါ" လင္းဖန္က ျပဳံးကာ ဆိုင္တံခါး ပိတ္လိုက္ပါသည္။

"လင္းဖန္ နင္တကယ္ ဒီမွာ ႐ွိေနတာပဲ" ေကာင္မေလးက ေျပာလိုက္သည္။ သူမ၏ မ်က္လုံးမ်ားက အနည္းငယ္ နီရဲေနၿပီး ငိုေနပါသည္။

"႐ႈ႐ွစ္ယင္ နင္ဘာလို႔ ဒီကိုေရာက္လာတာလဲ" လင္းဖန္က ျပဳံးလိုက္ပါသည္။ ႐ႈ႐ွစ္ယင္ သူ႕အိမ္ကို လာလည္ၿပီးကတည္းက သူတို႔မေတြ႕ရတာ ၾကာၿပီျဖစ္သည္။

"လင္းဖန္ ငါ့ေမာင္ေလး... အျပင္းအထန္ ဖ်ားေနတယ္။"

"ေဆး႐ုံက သူ အျပင္းအထန္ ဖ်ားေနၿပီး ခြဲစိတ္ ကုသဖို႔ လိုတယ္လို႔ အေၾကာင္းၾကားတယ္... ဒါ...ဒါေပမယ့္ ငါ့မွာ ေငြမ႐ွိဘူး" ႐ႈ႐ွစ္ယင္က အားမဲ့စြာ လင္းဖန္၏ ေ႐ွ႕တြင္ မ်က္လုံးနီနီျဖင့္ ငိုေႂကြးေနပါသည္။

သာမန္လူေတြ အဖ်ားေရာဂါႏွင့္ အလြန္အမင္း မ်ားျပားေသာ ခြဲစိတ္ကုသစရိတ္ေတြကို ေပးေခ်ဖို႔ ဘယ္လိုလုပ္ၿပီး လြယ္ကူႏိုင္မည္နည္း။ အဆိုပါ အလြန္အမင္း မ်ားျပားေသာ ခြဲစိတ္ကုသစရိတ္ေၾကာင့္ မိသားစုတစ္စုလုံးကို ဖိေခ်ပစ္လိုက္ႏိုင္သည္။

အရင္က ႐ႈ႐ွစ္ယင္၏ ေမာင္ နာမက်န္းျဖစ္ေနမွန္း လင္းဖန္သိသည္။ ထို႔ေၾကာင့္ အဝတ္အစား သိန္းခ်ီဖိုး ဝယ္ယူခဲ့ျခင္းျဖစ္၏။ ဒီလိုဆို ႐ႈ႐ွစ္ယင္ ေကာ္မ႐ွင္ခေကာင္းေကာင္း ရႏိုင္ပါသည္။

လင္းဖန္က ႐ႈ႐ွစ္ယင္အေၾကာင္း ေကာင္းေကာင္း သိပါသည္။ သူမက အလုပ္ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကိုလည္း ေလးစားသမႈ႐ွိသည္။ ဒုတိယမ်ိဳးဆက္ သူေဌးသားမ်ားစြာက သူမကို မပိုးပမ္းႏိုင္ခဲ့ပါ။

လင္းဖန္က ခ်မ္းသာေသာ္လည္း ထိုအခ်ိန္က ႐ႈ႐ွစ္ယင္ကို ပိုက္ဆံေပးလိုက္လွ်င္ သူမ၏ မာနကို ထိခိုက္ေစပါလိမ့္မည္။

တကယ္လို႔ သူမ၏ ေမာင္ေလးသာ အသည္းအသန္ ျဖစ္မေနပါက ႐ႈ႐ွစ္ယင္က သူ႕ကို အကူအညီေတာင္းမွာ မဟုတ္မွန္း လင္းဖန္သိ၏။

"နင့္ေမာင္ေလးက ဘာေရာဂါျဖစ္ေနတာာလဲ" လင္းဖန္က ေမးလိုက္သာည္။

႐ႈ႐ွစ္ယင္က ေခါင္းငုံ႔ကာ အံႀကိတ္လိုက္ပါသည္။ "ေသြးကင္ဆာ"

"သူတို႔ေတြက ငါ့ေမာင္ေလးအတြက္ သင့္ေတာ္တဲ့ ႐ိုးတြင္းျခင္ဆီတစ္ခုကို ေတြ႕ထားၿပီးၿပီ။ ဒါေပမယ့္ ငါတို႔မိသားစုက ခြဲစိတ္ကုသစရိတ္ ယြမ္ ၃၀၀,၀၀၀ ကို မတတ္ႏိုင္ဘူး။ လင္းဖန္ ငါ့ကို ယြမ္ ၃၀၀,၀၀၀ ေလာက္ ေခ်းပါလား။ ေသခ်ာေပါက္ ငါျပန္ဆပ္မွာပါ။".

"နင္ငါ့ကို ကူညီေပးမယ္ဆိုရင္ ငါ ဘာမဆိုလုပ္ေပးပါ့မယ္။ လင္းဖန္ ငါက... အပ်ိဳပါ" ႐ႈ႐ွစ္ယင္က သတၱိကို စုစည္းလိုက္ၿပီး လင္းဖန္၏ အက်ႌလက္ကို ဆြဲလိုက္ပါသည္။

လင္းဖန္က သူမ၏ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ ျဖစ္မွန္း သူမ သိပါသည္။

သူမ၏ မိသားစုက သူတို႔ ေခ်းငွားႏိုင္သည့္ ေနရာတိုင္းမွ ပိုက္ဆံမ်ား ေခ်းငွားၿပီးၿပီ ျဖစ္သည္။ သူမေမာင္ေလး၏ ေဆးကုသစရိတ္ႏွင့္ ခြဲစိတ္ကုသစရိတ္မ်ား ရက္ေပါင္းမ်ားစြာ ၾကာလာေသာအခါ ႐ႈ႐ွစ္ယင္၏ မိသားစု အေႂကြးႏြံထဲနစ္သြားႏိုင္ပါသည္။

႐ႈ႐ွစ္ယင္ ဒီလိုေျပာၿပီးေသာအခါ သူမကိုယ္သူမ အလြန္ သိကၡာမဲ့သည္ဟု ခံစားလိုက္မိပါသည္။

လင္းဖန္ကို သူမ၏ ညိႇဳ႕အားျပင္းေသာ မင္းသားေလးလို အၿမဲတမ္း သေဘာထားခဲ့သည္။ ထို႔ေၾကာင့္ လင္းဖန္၏ ရင္ထဲတြင္ သူမကို ၿပီးျပည့္စုံေသာ ေကာင္မေလးတစ္ေယာက္လို ျမင္ေစခ်င္၏။ အနည္းဆုံးေတာ့ လင္းဖန္က ခ်မ္းသာသျဖင့္ သူမ ကပ္မည္ မဟုတ္ပါ။ သူမကို သိုက္တူးသမားဟု ထင္သြားႏိုင္သည္။

သို႔ေသာ္လည္း သူမက သိုက္တူးသမား မဟုတ္ပါဘူး။ ဘယ္လို ေကာင္မေလးမ်ိဳးက ရင္ထဲမွာ ညိႇဳ႕အားျပင္းတဲ့ မင္းသားေလးတစ္ေယာက္ မ႐ွိၾကဘဲေနမွာတဲ့လဲ။

ထိုစကားလုံးမ်ားကို လင္းဖန္ေ႐ွ႕တြင္ ေျပာၿပီးသြားေသာအခါ သူမ၏ အက်င့္သိကၡာမ်ား ထာဝရ ပ်က္စီးသြားၿပီဟု ခံစားလိုက္ရပါသည္။

လင္းဖန္က သူမကို ေငြေၾကာင့္ ခႏၶာကိုယ္ ေရာင္းခ်ခ်င္ေသာ မိန္းမတစ္ေယာက္ဟု ထင္သြားေလာက္သည္။

သို႔ေသာ္ သူမက ထိုကဲ့သို႔လူမ်ိဳး မဟုတ္ပါဘူး။

သူမ ဘာမွ ႐ွင္းမျပႏိုင္ေတာ့ပါ။

ထိုကဲ့သို႔ စကားမ်ားေျပာၿပီးေနာက္ လင္းဖန္ကို သူမ ဘယ္လို ကပ္ႏိုင္ပါေတာ့မည္နည္း။

႐ႈ႐ွစ္ယင္တစ္ေယာက္ ပုန္းေအာင္းဖို႔ တစ္ေနရာရာသာ ထြက္ေျပးသြားခ်င္သည္။

လင္းဖန္က မည္သည့္တုန္႔ျပန္မႈမွ မ႐ွိဘဲ ၂ စကၠန္႔ ၃ စကၠန္႔ေလာက္ ၾကက္ေသ ေသေနတာကို ျမင္ေသာအခါ ႐ႈ႐ွစ္ယင္တစ္ေယာက္ ထပ္ငိုျပန္သည္။

"ငါေတာင္းပန္ပါတယ္ ငါေတာင္းပန္ပါတယ္။ ေက်းဇူးတင္ပါတယ္။ နင့္မွာလည္း နင့္အခက္အခဲနဲ႔ နင္႐ွိတာ ငါသိပါတယ္။ ငါသြားေတာ့မယ္ေနာ္။"

႐ႈ႐ွစ္ယင္က လင္းဖန္ေ႐ွ႕မွာ မ်က္ႏွာမျပဝံ့ေတာ့ပါ။ သူမ ထြက္ေျပးသြားခ်င္သည္။

သူမ သေဘာအက်ဆုံးေကာင္ေလးေ႐ွ႕တြင္ သူမ၏ ဂုဏ္သိကၡာ ပ်က္စီးသြားခဲ့ရၿပီ။

စိတ္ကူးယဥ္ဆန္သည့္ မိန္းကေလးမ်ားက ဒီလိုပဲျဖစ္သည္။ အမ်ားႀကီး ေတြးေတာတတ္၏။

"႐ႈ႐ွစ္ယင္" လင္းဖန္က ႐ႈ႐ွစ္ယင္၏ လက္ကို ဆြဲလိုက္ပါသည္။

"ပိုက္ဆံကိစၥပဲ မဟုတ္လား။ ငါနင့္ကို နင့္ေမာင္ေလးရဲ႕ ေရာဂါ ကုသဖို႔အတြက္ ယြမ္ ၆၀၀,၀၀၀ ေခ်းလိုက္မယ္။ ၿပီးေတာ့ နင့္က်န္းမာေရးကလည္း အေရးႀကီးတယ္။ နင့္က်န္းမာေရးကိုလည္း ဂ႐ုစိုက္ရမယ္" လင္းဖန္က ႐ႈ႐ွစ္ယင္ကို ၾကည့္ရင္း ေျပာလိုက္ပါသည္။

"ဟင္" ႐ႈ႐ွစ္ယင္က သူမ၏ လွပေသာ မ်က္လုံးေလးမ်ားျဖင့္ လင္းဖန္ကို ေမာ့ၾကည့္လိုက္ပါသည္။ လင္းဖန္ ဒီလိုမ်ိဳး ျပန္ေျပာလိမ့္မည္ဟု မထင္ထားပါ။

လင္းဖန္ သူ႕ပါးစပ္ကို ဖြင့္ဟလိုက္ခ်ိန္တြင္ ယြမ္ ၆၀၀,၀၀၀ ေခ်းမည္ဟူသည့္ စကားထြက္လာခဲ့သည္။

တကယ္ေတာ့ ယြမ္ ၃၀၀,၀၀၀ ဆိုတာ ခြဲစိတ္ကုသမႈ အေျခခံစရိတ္သာ ႐ွိပါေသးသည္။ သူ႕ေမာင္ေလးကို ေဆး႐ုံတင္ထားရဦးမည္။ သူမ၏ မိသားစုကိုလည္း ေစာင့္ေ႐ွာက္ရဦးမည္။ အေသးအဖြဲ မဟုတ္သည့္ တျခား ကုန္က်စရိတ္မ်ားလည္း ႐ွိပါေသးသည္။

လင္းဖန္က ႐ႈ႐ွစ္ယင္၏ ေခါင္းကို ပုတ္ေပးကာ တည္တံ့စြာျဖင့္ ေျပာလိုက္ပါသည္။ "ငါ့ကို အဲ့လိုႏွာဗူးတစ္ေယာက္လို သေဘာမထားပါနဲ႔။ ေကာင္မေလးတစ္ေယာက္ရဲ႕ ပထမဆုံး အႀကိမ္ဆိုတာ သူခ်စ္ျမတ္ႏိုးတဲ့ လူတစ္ေယာက္ အတြက္ပဲ ျဖစ္သင့္တယ္။ အဲ့လို ေတာင္းဆိုခ်က္မ်ိဳး ငါ့ကို ေနာက္တစ္ခါ မေတာင္းဆိုနဲ႔။"

"နင္က လွေပမယ့္ ငါက အဲ့လိုလူမ်ိဳး မဟုတ္ဘူး။ နင့္ကိုယ္နင္ ေကာင္းေကာင္း ဂ႐ုစိုက္ပါ။ ငါ့ေ႐ွ႕မွာ အဲ့လိုစကားေတြ ထပ္ေျပာရင္ ငါပိုက္ဆံမေခ်းဘဲ ေနလိုက္မွာေနာ္" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။

လင္းဖန္ကလည္း ေယာက်္ားတစ္ေယာက္ျဖစ္ၿပီး ေကာင္မေလး ေခ်ာေခ်ာလွလွမ်ားကို သေဘာက်တတ္ပါသည္။ သို႔ေသာ္ ဒါက ေကာင္မေလးမ်ားအေပၚ မဟုတ္တ႐ုတ္ အေတြးမ်ား ထားတတ္သည္ဟု မဆိုလိုပါ။

႐ႈ႐ွစ္ယင္က ေက်ာက္႐ုပ္တစ္႐ုပ္လို ရပ္တန္႔ေနခဲ့သည္။ သူမ၏ လွပေသာ မ်က္လုံးေလးမ်ားက လင္းဖန္ကို ၾကည့္လိုက္ၿပီး ေခါင္းကို ညင္သာစြာ ၿငိမ့္လိုက္ပါသည္။

ဒီေတာ့ လင္းဖန္က ဒီလူလိုမ်ိဳး မဟုတ္ဘူးေပါ့။ လင္းဖန္ကလည္း သူမကို ဒီလိုလူမ်ိဳးလို႔ သေဘာမထားဘူးလား။

ဒီလို သူငယ္ခ်င္းမ်ိဳး ႐ွိရတာ ေကာင္းလိုက္တာ။

"လင္းဖန္ ေက်းဇူးတင္ပါတယ္... တကယ္ ေက်းဇူးတင္ပါတယ္။"

"ငါ အဲ့လိုေတာင္းဆိုခ်က္မ်ိဳး ထပ္မလုပ္ေတာ့ပါဘူး" ႐ႈ႐ွစ္ယင္က လင္းဖန္ကို ေက်းဇူးတင္စြာ ၾကည့္လိုက္ပါသ္ည။

"အဲ့တာ မေကာင္းဘူးလား။ ၿပီးေတာ့လည္း နင္အဲ့ပိုက္ဆံကို ျပန္ေပးရမွာေနာ္။ အခမဲ့ လက္ေဆာင္ေပးတာ မဟုတ္ဘူး။ ေနာက္ပိုင္း နင္ပိုက္ဆံေတြ အမ်ားႀကီးရရင္ ငါ့ကို ျပန္ဆပ္လို႔ရတယ္" လင္းဖန္က ေျပာလိုက္ပါသည္။

"ဒါေပါ့ ငါ့ေမာင္ေလးကို ကုသၿပီးရင္ ေသခ်ာေပါက္ အလုပ္ႀကိဳးစားၿပီး နင့္ပိုက္ဆံေတြ အကုန္လုံးကို ျပန္ဆပ္မွာပါ" ႐ႈ႐ွစ္ယင္ ေနာက္ဆုံးေတာ့ ျပန္ျပဳံးသြားပါသည္။

လင္းဖန္က သူမကို ျပန္မဆပ္ေစခ်င္ရင္ေတာင္ သူမ ျပန္ဆပ္ပါမည္။ ဒါက သူမ၏ သေဘာထား ျဖစ္သည္။

"ငါ့ကို နင့္ဘဏ္ကတ္ေပး၊ အခုပဲ ပိုက္ဆံလႊဲေပးလိုက္မယ္" လင္းဖန္က ေျပာလိုက္ပါသည္။

ယြမ္ ၆၀၀,၀၀၀ က လင္းဖန္အတြက္ ဘာမွ မဟုတ္ေသာ္လည္း ႐ႈ႐ွစ္ယင္အတြက္ သူ႕ေမာင္ေလး၏ အသက္ကို ကယ္တင္ေပးႏိုင္သည္။

"အင္း" ႐ႈ႐ွစ္ယင္က ေခါင္းၿငိမ့္လိုက္ၿပီး သူမ၏ ဘဏ္အေကာင့္နံပါတ္ကို လင္းဖန္အား ေပးလိုက္ပါသည္။

"ဟုတ္ၿပီ၊ ငါလႊဲလိုက္ၿပီ။ နင့္ေမာင္ေလးကို သြားေတြ႕လိုက္ပါ။ နင္ ပိုက္ဆံမေလာက္ေသးရင္ ငါ့ဆီက ထပ္ယူလို႔ ရေသးတယ္ေနာ္" လင္းဖန္က ေျပာလိုက္ပါသည္။

"လင္းဖန္ ေက်းဇူးတင္ပါတယ္။ ငါ့ေမာင္ေလးရဲ႕ အသက္ကို ကယ္တင္တဲ့ ေက်းဇူးကို ငါ တစ္သက္လုံး မေမ့ပါဘူး" ႐ႈ႐ွစ္ယင္က လင္းဖန္ကို ၾကည့္လိုက္ပါသည္။

သူမ ေ႐ွ႕က ေကာင္ေလးက အလြန္အရပ္႐ွည္ၿပီး ေခ်ာေမာလာသလို ခံစားလိုက္ရပါသည္။

ဘဏ္ကတ္ကို သူမလက္ထဲတြင္ ဆုပ္ကိုင္ထားၿပီး စိတ္ခံစားခ်က္ ျပင္းျပသြားရသည္။

ပိုက္ဆံကို ေနရာတိုင္းတြင္ လိုက္လံေခ်းငွားဖူးသူမ်ားသာ ပိုက္ဆံေခ်းငွားရျခင္း၏ အခက္အခဲကို နားလည္ႏိုင္ပါသည္။

သူမ လွပေသာ မ်က္လုံးေလးမ်ားကို ေမာ့ၾကည့္လိုက္သည္။ သူမ သတၱိကို စုစည္းလ်က္ လင္းဖန္ကို ဖက္လိုက္ပါသည္။

ဘာပဲျဖစ္ျဖစ္ လင္းဖန္ကို သူမေက်းဇူးတင္ရမည္ မဟုတ္လား။

ေ႐ြးခ်ယ္စရာမ႐ွိဘဲ ဒီလိုနည္းလမ္းျဖင့္ ေက်းဇူးတင္လိုက္ရပါသည္။

သူ႕ေ႐ွ႕က အားနည္းသည့္ ေကာင္မေလးကို ၾကည့္ရင္း လင္းဖန္က အခြင့္အေကာင္းယူၿပီး သူမ၏ ခႏၶာကိုယ္ေပၚ လက္မတင္ပါ။ သူ႕ကို စကၠန္႔ပိုင္းေလာက္သာ ဖက္ထားခြင့္ေပးလိုက္ပါသည္။

ဘာ႐ႈပ္ေထြးသည့္ အဓိပၸာယ္မွ မပါေသာ ႐ိုး႐ွင္းသည့္ ေပြ႕ဖက္မႈက သူမကို အေကာင္းဆုံး ႏွစ္သိမ့္မႈ ေပးႏိုင္ပါသည္။

"ငါသြားေတာ့မယ္ေနာ္" ႐ႈ႐ွစ္ယင္ထိုသို႔ ေျပာၿပီးေနာက္ သူမမ်က္ႏွာ နီရဲသြားၿပီး ခပ္သုတ္သုတ္ လမ္းျပန္ေလွ်ာက္သြားခဲ့ပါသည္။

႐ႈ႐ွစ္ယင္ ေရာက္လာေသာေၾကာင့္ သူအခ်ိန္အနည္းငယ္ ကုန္သြားသည္။

ထိုအခ်ိန္တြင္ လင္းဖန္ ဖုန္းကို ဖြင့္လိုက္ပါသည္။

႐ွားဝမ္ေခြၽ႕က လြန္ခဲ့သည့္ ၁၀ မိနစ္ေလာက္ကတည္းက ဝီခ်က္မက္ေဆ့ခ်္ခ်္ခ်္ပို႔ထားတာကို ျမင္လိုက္ရပါသည္။

႐ွားဝမ္ေခြၽ႕ : "ငါနဲ႔ ေ႐ွာင္းယြီတို႔ကို အလုပ္မွာ လာေခၚေတာ့ ညစာအတူတူစားၾကရေအာင္~"

႐ွားဝမ္ေခြၽ႕ : "???"

႐ွားဝမ္ေခြၽ႕ : "ေခြးေကာင္ နင္စာမျပန္ဘူးလား။"

႐ွားဝမ္ေခြၽ႕ : "ငါစိတ္ဆိုးလာၿပီေနာ္။"

႐ွားဝမ္ေခြၽ႕ : "အ႐ူးေကာင္"

စုစုေပါင္း မဖတ္ရေသးသည့္ ဝီခ်က္မက္ေဆ့ခ်္ခ်္ခ်္ ၃၂ ေစာင္႐ွိေနသည္။ အကုန္လုံးက ႐ွားဝမ္ေခြၽ႕ ပို႔ထားျခင္း ျဖစ္၏။

႐ွားဝမ္ေခြၽ႕ထံမွ စုစုေပါင္း Missed call ၁၈ ခု ဝင္ထားသည္။

ဒီေလာက္မ်ားျပားသည့္ မက္ေဆ့ခ်္ခ်္မ်ားႏွင့္ Missed call မ်ားကို ျမင္လိုက္ရေသာအခါ လင္းဖန္တစ္ေယာက္ အ႐ိုးထဲထိ စိမ့္ကာ ၾကက္သီးထသြားပါသည္။

သြားၿပီ။

ေၾကာင္မေလးသာ စိတ္ဆိုးရင္ အက်ိဳးဆက္က ျပင္းထန္လိမ့္မယ္။

Continue Reading

You'll Also Like

730K 41.5K 26
Jk - Possessive type #Warning Cv_ Pinterest
1.7M 94.2K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
276K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...