𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎�...

By KookTae199

195K 10.6K 600

မင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!! More

𝐒𝐄𝐕𝐄𝐍 𝐈𝐧𝐭𝐫𝐨
𝐒𝐄𝐕𝐄𝐍 1
𝐒𝐄𝐕𝐄𝐍 2
𝐒𝐄𝐕𝐄𝐍 3
𝐒𝐄𝐕𝐄𝐍 4
𝐒𝐄𝐕𝐄𝐍 5
𝐒𝐄𝐕𝐄𝐍 6 !!!
𝐒𝐄𝐕𝐄𝐍 7 !!!
𝐒𝐄𝐕𝐄𝐍 8
𝐒𝐄𝐕𝐄𝐍 9
𝐒𝐄𝐕𝐄𝐍 10
𝐒𝐄𝐕𝐄𝐍 11
𝐒𝐄𝐕𝐄𝐍 13
𝐒𝐄𝐕𝐄𝐍 14
𝐒𝐄𝐕𝐄𝐍 15
𝐒𝐄𝐕𝐄𝐍 16
𝐒𝐄𝐕𝐄𝐍 17
𝐒𝐄𝐕𝐄𝐍 18 !!!
𝐒𝐄𝐕𝐄𝐍 19 !!!
𝐒𝐄𝐕𝐄𝐍 20
𝐒𝐄𝐕𝐄𝐍 21
𝐒𝐄𝐕𝐄𝐍 22
𝐒𝐄𝐕𝐄𝐍 23
𝐒𝐄𝐕𝐄𝐍 24
𝐒𝐄𝐕𝐄𝐍 25
𝐒𝐄𝐕𝐄𝐍 26
𝐒𝐄𝐕𝐄𝐍 27
𝐒𝐄𝐕𝐄𝐍 28
𝐒𝐄𝐕𝐄𝐍 29 !!!
𝐒𝐄𝐕𝐄𝐍 30 !!!
𝐒𝐄𝐕𝐄𝐍 31
𝐒𝐄𝐕𝐄𝐍 32
𝐒𝐄𝐕𝐄𝐍 33
𝐒𝐄𝐕𝐄𝐍 34
𝐒𝐄𝐕𝐄𝐍 35
𝐒𝐄𝐕𝐄𝐍 36
𝐒𝐄𝐕𝐄𝐍 37
𝐒𝐄𝐕𝐄𝐍 38
𝐒𝐄𝐕𝐄𝐍 39
𝐒𝐄𝐕𝐄𝐍 40
𝐒𝐄𝐕𝐄𝐍 41
𝐒𝐄𝐕𝐄𝐍 42
𝐅𝐢𝐧𝐚𝐥
new creation

𝐒𝐄𝐕𝐄𝐍 12

3.7K 248 6
By KookTae199

Unicode........

"ဘာလဲ....."

အရှေ့ကထွက်သွားသည့်Babyနောက်ဂျောင်ကုအမြန်လိုက်ကာပင် ယမ်းနေသည့်လက်လေးတစ်ဖက်ကိုလှမ်းဆွဲလိုက်သည်နှင့်ထွက်လာသည့်အသံစွာစွာလေး။

"လူတွေများတယ် ခဗျားလေးပျောက်သွားလိမ့်မယ်"

"ပျောက်လဲပြန်တတ်တယ်ကလေးလေးမဟုတ်ဘူး လက်ကိုလွှတ်"

"ကလေးလေးမဟုတ်ဘူးဆိုတာ ကိုယ့်ကိုသက်သေပြလေ"

သူ့အောက်ပိုင်းအား မျက်စာပစ်ပြကာပြောလာသည့်အရူးကောင်အား ထယ်ယောင်းစိတ်မထိန်းနိုင်စွာ။

"မင်း!နှာဘူးကောင်!"

လက်ထဲကအတင်းရုန်းထွက်နေတဲ့ လက်လေးကို ခပ်တင်းတင်းစုတ်ကိုင်ကာBabyပြောသည်ကို မကြားချင်ယောင်ဆောင်၍ အရှေ့ကမှဦးဆောင်ကာခေါ်ဆောင်လာလိုက်တော့သည်၊ Babyတွက်ခုလိုပွဲမျိုးက တစ်ရင်းတစ်နှီးဖြစ်နေရင်တောင် သူ့အတွက်ကတော့ ဒါဟာပထမဆုံးညဈေးကိုရောက်ဖူးတာဖြစ်သည်။

ဂျောင်ကုအရှေ့မှမြင်ကွင်းအား အာရုံရောက်နေတာမို့ သူ့ဘေးကBabyကိုလှည့်ကြည့်မိတော့လဲ သူ့နှင့်ထိုနည်းတူစွာ စိတ်ဝင်တစ်စားလိုက်ကြည့်နေသည့်မျက်ဝန်းတို့ကြောင့် ဂျောင်ကုလှစ်ခနဲ့ပြုံးလိုက်မိ‌‌သည်၊ညဈေးပွဲကိုစိတ်ဝင်တစ်စားလိုက်ကြည့်နေသည့်
Babyက မားမားBoyလေးဖြစ်ခဲ့ပုံရသည်။

"ယောင်း"

"ဘာလဲ!"

"ဟော ခေါ်ယုံလေးခေါ်တာကို ကိုယ့်ကိုဆိုလေသံကိုကမာနေရောပဲ"

"မင်းကအချိုးပြေအောင်မှမနေတာ"

"အချိုးပြေအောင်ဘယ်လိုနေရမှာလဲ"

"သင်ပြလဲတတ်မယ့်သူမှမဟုတ်တာ"

သူ့အားခပ်တိုးတိုးနူတ်ခမ်းတစ်ဆူဆူဖြင့်ပြောနေသည့် ‌Babyကသူ့မျက်လုံးထဲ ချစ်ဖို့ကောင်းလွန်းသည် သူ့မျက်ဝန်းထဲမှာတော့Babyက အစားစားလဲချစ်ဖို့ကောင်းသလို ကျိမ်ဆဲနေတဲ့အချိန်လဲချစ်ဖို့ကောင်းတယ်
သူ့ကိုစိတ်တိုနေတဲ့ အချိန်တွေလဲချစ်ဖို့ကောင်းသလို မျက်မှောင်ကျုံ့ထားပြန်၍လဲချစ်ဖို့ကောင်းပြန်သေးသည်၊ ဘာလုပ်လုပ်ကိုချစ်ဖို့ကောင်းနေတာတော့ခဗျားလေး
လွန်လွန်းတယ်မလားBaby။

.

.

.

.

.

"ကိုယ်အလုပ်ကိုသွားရမှာ ယောင်းတစ်ယောက်တည်းဖြစ်ပါ့မလား"

"မင်းကဘယ်ချိန်ပြန်လာမှာလဲ"

ထိုအခါမှဂျောင်ကုလက်ကောက်ဝတ်၌ပတ်ထားသည့်အမဲရောင်နာရီအားငုံ့၍ကြည့်ကာ။

"ကိုယ်ညနေ3နာရီလောက်မှပြန်လာလို့ရမှာ"

မနက်တည်းကဝတ်စုံအပြည့်ဝတ်ထားသည့်လူရမ်းကားအား ထယ်ယောင်းမျက်တောင်မခတ်တမ်းလိုက်ကြည့်နေမိကာ ထိုလူရမ်းကားကခုလိုကြတော့လဲ တစ်မျိုးချောနေပြန်သည်ဟု၍တောင်မှတ်ချက်တွေပေးနေခဲ့သေးတာ။

"ဟို~~~"

"ယောင်းအဆင်မပြေ~~~"

"လိုက်ခဲ့လို့မရဘူးလားဟင်"

ထယ်ယောင်းထိုလူရမ်းကားမျက်ဝန်းအားစေ့စေ့ကြည့်ကာမေးလိုက်မိတော့သည်၊သူနှင့်စိမ်းသက်နေသည့်ဒီအိမ်ထဲမှာတော့ သူ့တစ်ယောက်တည်းမနေရဲတာတော့အမှန်ပင် ထိုလူရမ်းကားနဲ့အတူနေချိန်ဆိုထယ်ယောင်းကြောက်စိတ်မဝင်မိပေမယ့် လူရမ်းကားကောင်မရှိတော့မယ့်အချိန်ဆိုသည့်အတွေးက တကယ်ပင်ခြောက်လန့်စရာ။

"ကိုယ်ခေါ်ရင်ယောင်းမလိုက်ချင်မှာဆိုးလို့ကိုယ်ကမခေါ်တာ ယောင်းလိုက်ချင်လိုက်ခဲ့လို့ရတယ်"

"အဲ့ဒါဆိုခဏစောင့်ပေးလို့ရလား"

ထယ်ယောင်း‌ ဂျောင်ကုဆီကအဖြေကိုမျှော်လင့်တစ်စားစောင့်နေမိသည် သူ့ကြောင့်အလုပ်ချိန်နောက်ကျမှာကိုတော့ ထယ်ယောင်းမလိုချင်ပါ၊ ထိုအခါမှသူ့အားပြုံးပြလာသည့်လူရမ်းကားက ခေါင်းငြိမ့်ပြသည်မို့ ထယ်ယောင်းအမြန်ပင်ရေချိုးခန်းထဲပြေးကာ အဝတ်စားအမြန်လဲရတော့သည်။

.

.

.

.
ကားပေါ်ကဆင်းသွားသည့်လူရမ်းကားကြောင့် ထယ်ယောင်းအပြင်ဘက်အားခေါင်းပြူကြည့်မိတော့ သူ့မျက်ဝန်းထဲဝင်လာသည့်က Jeon company ဟုရေးထိုးထားသည့်စာလုံးတို့ကြောင့် ထယ်ယောင်းနူတ်ဖျားမှရေရွတ်မိသည်က။

ဂျွန်ဂျောင်ကုဟု၍နာမည်ကိုသာ၊

ထိုအခါမှသူ့ဘက်ခြမ်း ကားတံခါးအပြင်ဘက်မှမတ်တပ်ရပ်လာသည့်လူရမ်းကားက။

"ယောင်းကားပေါ်ကဆင်းလေ"

လူရမ်းကားကောင် ကားတံခါးလာဖွင့်ပေးတော့မှသာ ထယ်ယောင်းကားပေါ်ကဆင်းလာလိုက်မိတော့သည်၊ ကားပေါ်ကဆင်းတာနဲ့သူ့လက်အားလာကိုင်သည်ကိုသတိထားမိတာကြောင့်မထိခင်မှာပဲ ထယ်ယောင်းရှောင်လိုက်မိကာ။

"ပွဲဈေးမဟုတ်ဘူး အရှေ့ကသွား"

ထိုအခါမှဂျောင်ကုတစ်ယောက်ကြိတ်ပြုံးမိကာ အရှေ့ကအနောက်တစ်လှည့်ကြည့်ကြည့်နှင့်လျှောက်လာမိတော့သည်။

ထယ်ယောင်းJeon companyကိုဝင်လိုက်တာနဲ့ အရှေ့ကအမျိုးသားတစ်ယောက် လူရမ်းကားအားဆီးကြိုကာ အထဲဝင်ဖို့ရာခေါ်ဆောင်သွားတာမို့ ထယ်ယောင်းမှာ ‌အရှေ့ကထိုလူနှစ်ယောက်နောက်ကယောင်လည်လည်နဲ့လိုက်မိတော့၏။

အိမ်မှာနေခဲ့မိရင်ကောင်းသား ခုတော့၊

သူ့အတွေးတို့ကရပ်တန့်လို့သွားကာ သူ့လက်အားဆွဲကိုင်လာသည့် လက်တစ်ဖက်ကြောင့် ထယ်ယောင်းမော့ကြည့်မိတော့။

လူရမ်းကားသာ၊

ထိုအခါတွင်တော့ထယ်ယောင်းလူရမ်းကားဆွဲကိုင်ထားသည့်လက်ကို မရုန်းမိပဲ သူ့လက်တို့ကလူရမ်းကားလက်ကိုပြန်၍ဆုတ်ကိုင်လို့ထားမိသည်။ ထယ်ယောင်းသတိထားမိသည်က လူရမ်းကားနဲ့အတူရှိနေရင်ကြောက်စိတ်တို့မဝင်မိတော့သလို သိမ်ငယ်နေတယ်လို့လဲမခံစားရပါ။

"ဒါရုံးခန်းပါသူဌေး"

"ကောင်းပါပြီဒီကအတွင်းရေးမှူးကို တစ်ဆင့်ခေါ်ပေးခဲ့ပါအုန်း"

"ဟုတ်ကဲ့ပါသူဌေး"

အရှေ့ကအမျိုးသားထွက်သွားတာနဲ့ ရုံးခန်းအားဝေ့ပတ်ကြည့်နေသည့် ထယ်ယောင်းအား။

"ယောင်းဒီမှာလာထိုင်လေ"

သူ့ထိုင်ခုံဘေးကခုံကိုယူကာ ထိုနေရာတွင်သူဝင်ထိုင်ပြီး သူ့စားပွဲခုံနှင့်ဆက်ဆက်နေသည့် ခုံနေရာကိုတော့ ထယ်ယောင်းအားဝင်ထိုင်ရန်ခေါ်နေသည်မို့။

"ဒီခုံမှာမထိုင်ချင်ဘူး မင်းထိုင်နေရာပဲထပေး"

"ယောင်းကျောနာလိမ့်မယ်"

"မင်းကကြမနာဘူးလား"

ထယ်ယောင်းလူရမ်းကားကိုလွှတ်ခနဲမေးလိုက်မိတော့ ထိုလူရမ်းကားကောင်က ဘာကိုသဘောကျသွားမှန်းမသိပြုံးစိစိလုပ်ကာ။

"ယောင်းကကိုယ်ကျောနာမှာစိတ်ပူလို့လား"

ထိုအခါမှထယ်ယောင်း လူရမ်းကားပြုံးနေသည်ကိုသဘောပေါက်သွားကာ မျက်နှာတို့ပင်ပူလာရတော့သည်။

"မ~~မဟုတ်ပါဘူး ဒီခုံမှာမထိုင်ချင်လို့ ထပါဆို"

ထယ်ယောင်း လူရမ်းကားကောင်လက်မောင်းအားဆွဲကာ အတင်းဆွဲထူကာမှ သူဆွဲထူရာကပါမလာပဲ လက်မောင်းအားဆွဲနေသည့် သူ့လက်အား လူရမ်းကားကောင်ကကဆွဲချလိုက်တာမို့ ထယ်ယောင်းခန္ဓာကိုယ်သာ ထိုလူရမ်းကားကိုယ်ပေါ်သို့ပြုတ်ကျသွားတော့သည်။

"ဂျွန်ဂျောင်ကု ဒါရုံးခန်းမှာနော် ဘယ်လိုလုပ်တာလဲ"

ထယ်ယောင်းခါးအားဖက်ထားသည့် ဂျောင်ကုကြောင့်ထယ်ယောင်းအံကြိတ်၍သာပြောမိတော့သည်။

"ဒီနေ့တစ်နေ့လုံး ယောင်းကိုမထိရသေးဘူး"

‌ထယ်ယောင်းနူတ်ခမ်းကိုကြည့်ကာပြောလာသည့် လူရမ်းကားကောင်ကြောင့် ထယ်‌ယောင်းထိုလူရမ်းကားရင်ဘတ်ကိုသာလက်ဖြင့်တွန်းထားမိရင်း။

"မင်းဘာလုပ်မလို့လဲ"

"ကိုယ်ဘာလုပ်မယ်ထင်လဲ"

"မင်း!!လွှတ်လို့ ဂျွန်ဂျောင်ကု!!~~~"

ထိုအခါမှရုံးခန်းတံခါးဆီမှ ခေါက်သံကြားရသည်မို့ ထယ်ယောင်းချက်ခြင်းပင် ထိုလူရမ်းကား‌ကိုယ်ပေါ်မှကျုံးထမိတော့ သူ့ခါးတွင်ဖက်ထားသည့်လက်တို့သည်လဲလွှတ်ပေးလာတော့သည်။

"သူဌေးခေါ်တယ်ဆိုလို့"

"ဟုတ်တယ်ထိုင်ပါအုန်း"

လူရမ်းကားကောင်ထိုင်ခုံလဲထိုင်ပေးတာကြောင့် ထယ်ယောင်းထိုနေရာမှာသာ ငြိမ်ငြိမ်လေးထိုင်နေမိရင်း ဖုန်းကိုသာကြည့်နေမိတော့သည်။

"ဒီလပိတ်ရင်းစာရင်းတွေအခုလိုချင်တယ်"

ထိုအခါမှအရှေ့ကအမျိုးသမီးမျက်နှာပျက်သွားသည့်ကို ဂျောင်ကုတွေ့တာမို့ မျက်မှောင်ကျုံ့ကာပင်။

"ပြောနေတာမကြားရဘူးလား ဒီလပိတ်ရင်းစာရင်းတွေလိုချင်တယ်လို့ပြောနေတာ"

"ဟု~~~ဟုတ် ကြား~ကြားပါတယ်သူဌေး"

"ကြားရင်သွားယူလေ ဘာလုပ်နေတာလဲ"

ထယ်ယောင်းဖုန်းကြည့်ရင်းမှ ဘေးကအခြေနေကိုအကဲခတ်နေမိတော့သည် အရှေ့ကအမျိုးသမီးကမျက်နှာပျက်နေသလို လူရမ်းကားကလဲမျက်မှောင်ကျုံ့ထားသည်မှာ မနက်ကနှင့်လားလားမျှမဆိုင်စိတ်တိုနေသလို၊ အရှေ့ကအမျိုးသမီးထွက်သွားတော့မှ။

"အလုပ်ရှင်ဆိုပြီးအလုပ်သမားကိုအဲ့လိုပဲဆက်ဆံတာလား"

ထယ်ယောင်းဂျောင်ကုကိုနားမလည်သလိုကြည့်ကာ မေးမိတော့သည်၊ သူနဲ့ခုကိစ္စကဘာမှမဆိုင်ပေမယ့် ထိုလူရမ်းကားကောင်ကိုတော့ ထိုသို့ဆက်ဆံတတ်သည့်လူလို့မထင်မိခဲ့၊ သူသဘောမကျဆုံးလူမျိုးကအလုပ်ရှင်ဆိုပြီး အလုပ်သမားကို ဖိနှိမ်ဆက်ဆံသည့်လူမျိုးသာဖြစ်သည်။

"တန်ရာတန်ကြေးယူပြီး အလုပ်ကိုသစ္စာရှိရှိလုပ်ပေးတတ်တဲ့လူမျိုးဆို ကိုယ်အခုလိုမျိုးမဆက်ဆံတတ်ဘူး တန်ရာတန်ကြေးယူယုံမကပဲ သူ‌ခိုးနဲ့ပေါင်းပြီးပစ္စည်းခိုးထုတ်နေတဲ့လူဆိုရင်တော့ ကိုယ်ကောင်းကောင်းမွန်မွန်မဆက်ဆံသင့်ဘူးမလား"

လူအားလေးလေးနက်နက်ပြောပြနေသည့် လူရမ်းကားကြောင့် ထယ်ယောင်းဘာမှဆက်မပြောပဲငြိမ်နေမိတော့သည်။

"လူတိုင်းကယောင်းလို့မဖြူစင်ဘူး ခဏနေယောင်းနားလည်သွားလိမ့်မယ်"

.

.

.

"သူဌေး~ဒီ~ဒီလစာရင်းပါ"

စားပွဲထက်သူ‌ဘက်ထိုးပေးလာသည့် စာရင်းဖိုင်အားယူကာ။

"ကောင်းပြီခဏနေခေါ်လိုက်မယ် သွားလို့ရပြီ"

ဂျောင်ကုစာရင်းဖိုင်တွေကိုလျှောက်လှန်ကြည့်ကာ 9.10ရက်နေ့က ပိတ်စာရင်းတွေကွာဟနေတာကြောင့်....။

ဂျောင်ကုဖုန်းကိုထုတ်ကာပင် ချန်းဆိုကာမှတ်ထားသည့်ဖုန်းနံပါတ်ကိုခေါ်လိုက်တော့သည်။

ဒူ~~~~ဒူ~~~~ဒူ~~~~ဟုဝင်သွားပေမယ့် ‌နှစ်ကြိမ်မြှောက်ခေါ်ဆိုမှသာ ကိုင်လာသည်မို့။

"ချန်းမင်းအခုဘယ်မှာလဲ......."

"ဘယ်မှာမှာလဲကိုဂျေ‌ရာ အိမ်မှာအိပ်နေတာပေါ့"

"ငါအခုရုံးကိုရောက်နေတယ် လာခဲ့ပေး"

"ဟာဗျာ ရုံးကိုဘာသွားလုပ်တာတုန်း"

"မင်းပထွေး စာရင်းလာစစ်တာ အခုတောင် စာရက်၅ရွက်လောက်ပဲလှန်ကြည့်သေးတဲ့ ဒီမှာစာရင်းမှားနေပြီကွ"

"အဲ့ဒါကျွန်တော်ကဘာလုပ်တတ်မှာလဲ မှားတဲ့လူအလုပ်ထုတ်လိုက် ပြီးတာကိုကိုဂျေရာ"

"မင်းလာမှာလားလာဘူးလား"

ဂျောင်ကုအံကြိတ်၍သွားကြားထဲက လေအနည်းငယ်သာထွက်သည့်အသံဖြင့်ပြောလိုက်တော့မှ။

"လာရင်ပြီးရောမလား ဘယ်သူကမလာဘူးပြောနေလို့လဲ လာပြီ လာပြီ"

ဖုန်းချသွားသည့်ဖုန်းကိုကြည့်ကာ ဂျောင်ကုပြုံးမိရင်း တစ်ဖက်ကကောင်လေးကတော့။

"ကြက်သီးထစရာအသံကြီးနဲ့ ဘယ်ဘဝကသူ့ဆီကများအကြွေးယူထားလို့ အခုဘဝမှာခြိမ်းခြောက်တတ်တဲ့အကိုရထားတာပါလဲ"

.

.

"စာရင်းကွာနေတာလား"

စာရင်းဖိုင်ကိုစစ်နေရင်း ဘေးမှBabyအသံကြောင့်ဂျောင်ကုလှည့်ကြည့်မိကာ။

"အင်းဟုတ်တယ်"

"အရမ်းကွာနေလို့လားဟင်"

"အွန်းနည်းနည်းလေးကွာရင်တော့ ကိုယ်ဘာမှမပြောဘူးလုပ်ထားပေမယ့် အခုကတော့မပြောလို့မရဘူး မဟုတ်လို့အခုလိုသာထပ်ခိုးထုတ်‌တာသာငြိမ်ခံနေရင် companyလည်ပတ်ငွေမရှိပဲဒေဝါလီခံသွားရတော့မှာ"

"ဘယ်လိုတောင်"

‌ဂျောင်ကုဘေးကြိုးဖုန်းကိုနှိပ်ကာပင်။

"ရှေ့၂လကစာရင်းတွေကိုပါ လာပေးပေးပါ ပြီးတော့ ဂန်မင်ယောင်းကိုလဲဖုန်းဆက်ထားလိုက်အုန်း နိုင်ငံခြားကသူဌေးရဲ့သား စာရင်းလာစစ်တယ်လို့"

ဂျောင်ကုဖုန်းကိုချပြီးတာနဲ့။

"ယောင်းပျင်းနေပြီလား"

"ဟင့်အင်း~~ဒါနဲ့လေ"

"အွန်းး"

"ဂန်မင်ယောင်းဆိုတဲ့လူက"

"သိချင်လို့လား"

"ပြောပြလို့မရဘူးလား"

သိချင်စိတ်ဖြင့်သူ့အားငေးကြည့်နေသည့် Babyကြောင့် ဂျောင်ကုပြုံးမိကာ။

"သူကအတွင်းရေမှူးနဲ့ပေါင်းပြီး ပစ္စည်းထုတ်တဲ့လူ သူကcompanyမှာ ၄၀%ရှယ်ယာဝင်ထားတဲ့ရှယ်ယာရှင်"

"သူကမင်းထက်ရှယ်ယာပိုများတာလား"

Babyအပြောကြောင့် ဂျောင်ကုပြုံးယုံမကပဲထရယ်မိတော့သည်။

"ဘာရယ်စရာပါလို့လဲ မင်း! အကောင်းမေးနေတာကို"

"companyနာမည်ကဂျွန်လေဗျာ သူသာကိုယ်တို့ထက်ရှယ်ယာများနေရင် ဂျွန်လို့ပေးလို့ရမလား ဂန်လို့ပေးသွားမှာပေါ့"

"အဲ့ဒါဆိုမင်းကရှယ်ယာပိုများတာပေါ့ အဲ့လိုလား"

"အွန်း ကိုယ့်ရှယ်ယာက၈၀%ရှိတယ် "

"ကိုယ့်ရှယ်ယာလို့ပြောရအောင် ‌မင်းကအလုပ်လုပ်လို့လား"

"အထင်သေးလိုက်တာဗျာ တစ်သက်မုန့်ဖိုးတွေ တစ်သက်လုပ်အားတွေနဲ့ထည့်ထားတဲ့ရှယ်ယာတွေပါ ဒယ်ဒီဆီကမယူထားဘူး"

"မုန့်ဖိုးဆိုမှတော့ ပါနေပြီလေ ပြီးတော့မင်းကဘာအလုပ်လုပ်မှာလဲ ငါမြင်တာတော့ မင်းဘာအလုပ်မှမလုပ်ပဲနဲ့"

ဂျောင်ကုတစ်ဖက်ခေါင်းလှည့်ကာပင်ရယ်မိ၍ ခပ်တိုးတိုးသာရေရွတ်မိတော့သည်။

"အထင်သေးလိုက်တာဗျာ~~~"

"ကိုယ့်အလုပ်ကဒီမှာမှမဟုတ်တာ ကိုယ့်အလုပ်ကအမေရိကမှာ သူငယ်ချင်းတွေနဲ့Computerဆိုင်ဖွင့်ထားတယ် ပိုက်ဆံကယောင်းဘယ်လောက်လိုချင်လဲ ချက်ခြင်းရစေရမယ်"

"လေနဲ့လျှောက်ပြောနေတယ်"

"လေဟုတ်မဟုတ်သိချင်ရင် ကိုယ့်ကိုယူပြီးအမေရိကကိုလိုက်ခဲ့ကြည့်ပါ့လား"

"ဂျွန်ဂျောင်ကု!မင်းဖောက်မလာနဲ့နော်"



5.11.23
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

စာဖတ်သူတစ်ယောက်ခြင်းဆီကို ကျေးဇူးတင်လျှက်

/ဂျေ/

Zawgyi .......

"ဘာလဲ....."






"မင်း!နှာဘူးကောင်!"



"ယောင်း"

"ဘာလဲ!"






.

.

.

.

.






"ဟို~~~"

"ယောင်းအဆင်မပြေ~~~"






.

.

.

.










လူရမ်းကားသာ၊


"ဒါရုံးခန်းပါသူဌေး"


"ဟုတ်ကဲ့ပါသူဌေး"






"မင်းကကြမနာဘူးလား"










"မင်းဘာလုပ်မလို့လဲ"

"ကိုယ်ဘာလုပ်မယ်ထင်လဲ"



"သူဌေးခေါ်တယ်ဆိုလို့"

"ဟုတ်တယ်ထိုင်ပါအုန်း"













.

.

.

"သူဌေး~ဒီ~ဒီလစာရင်းပါ"






"ချန်းင်းအခုယ်မှာလဲ......."

"ဘယ်မှာမှာလဲကိုဂျေရာ အိမ်မှာအိပ်တောပေါ့"



"မင်းပထွေး စာရင်းလာစ်တာခုတောင် စာရက်၅ရွက်လောက်ပဲလှန်ကြည့်ရသေးတဲ့ ဒီမှာစာရင်းမှားနေပြီကွ"

"အဲ့ဒါကျွန်တော်ကဘာလုပ်တ်မှာလဲ မှားတဲ့လူအလုပ်ထုတ်လိုက်ပီးတာကိုကိုဂျေရာ"



"လာင်ပြီးရောလားယ်သူကမလာဘူးပြောလေို့လဲ လာပြီ လာပြီ"



.

.

"စာရင်းကွာနေတာလား"


"အင်းဟုတ်တယ်"



"ဘယ်လိုတောင်"




"ယောင်းပျင်းနေပြီလား"

"ဟင့်အင်း~~ဒါနဲ့လေ"

"အွန်းး"


"သိချင်လို့လား"

"ပြောပြလို့မရဘူးလား"













"အထင်သေးလိုက်တာဗျာ~~~"







5.11.23
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _


/ဂျေ/

Continue Reading

You'll Also Like

11.4K 1K 10
ထိရဲရင်ထိကြည့်လိုက်လေ Jeon Jungkookဆိုတာ Kim Taehyungဆိုတဲ့ ငါ့အပိုင်ပဲ!!! ထိရဲရငျထိကွညျ့လိုကျလေ Jeon Jungkookဆိုတာ Kim Taehyungဆိုတဲ့ ငါ့အပိုငျပဲ!!!
237K 20.6K 32
​ယောင်း တိုတို့ရဲ့ လည်ပင်း​လေး စားလို့ရမလားဟင် ဟင် ကိုကို့လည်ပင်းကိုစားရင် ​သေသွားမှာ​ပေါ့ ​ယောင်းရဲ့ ​သေဝူး​လေ ​သေး​သေး​လေးဘဲ စားမှာ Unicode ::::Zaw...
4.4K 78 10
"So, I'm taking my two favourite kids out for ice cream later, anyone else want to join?" Bucky asks as he cuts up Steve breakfast and places the pla...