Loco

By lov_n_e

6.8K 695 87

ကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo] More

Intro
1
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18

2

305 36 3
By lov_n_e

Unicode

"ငါလား သူ့ကိုငါ့အပိုင်ဖြစ်အောင်လုပ်မလို့"

"နင်ဟာလေ တကယ်ပါပဲ"

Rosé ဟာ Lisaကိုမနိုင်မှာမှန်းသိရက်နဲ့ တားဖို့ကြိုးစားသေးသည် ဒါပေမဲ့လဲအချည်းနှီးသာ။ Rosé ကသူ့ကို ခြေရောလက်ပါမြှောက်မိသည်

"ကိုယ်ချင်းစာစမ်းပါ Park Chaeyoung ရာ နင်ရော အဲ့ဒီ ဘာ? Jisoo Turtle- Monkey ဆိုလား?"

"Jisoo Turtle-Rabbit ဟ Kim Jisoo လို့ခေါ်ရင်ရပြီ နာမည်မဖျက်နဲ့"

Rosé အကောင်းနားထောင်နေရင်းကနေ Lisa စကားကြောင့် Lisaကိုထသတ်ချင်စိတ်ပေါက်သွားတာအမှန်ပါ

"နင်ရော Kim Jisoo ကိုမပိုင်ဆိုင်ချင်ဘူးလား"

"ငါကကြိုးစားလို့ရသေးတယ် သူ့မှာဆိုင်သူမရှိသေးဘူး"

အဲ့တာပြန်ပြောပြီး အေးအေးဆေးဆေး မနက်စာပြန်စားနေတဲ့ Rosé ကိုကြည့်ကာ Kim Jisoo မြန်မြန်ရည်းစားရသွားမှ ကောင်းမှာလို့ မေတ္တာပို့နေတာ Lisaဖြစ်သည်

"နောက်နေ့ငါစောစောထရမယ်"

"ငါတို့2ပတ်ပဲနေမှာ"

"ဟမ်"

Rosé ၏စကားကြောင့် Lisa သူ့ကိုယ်သူအသက်ရှိနေတယ်လို့ မထင်တော့ပါ သူ့ဘဝက Ruby ရှိမှပြည့်စုံမှာ

"ဘာလို့လဲ Meeting က 2ပတ်အတွင်း5ခါပဲလုပ်မှာ အဲ့တာပြီးတာနဲ့ ငါတို့ Korea ကိုပြန်ပြီးပြင်ဆင်ရမယ်"

"နင်ပဲပြန်တော့ ငါနေခဲ့မှာ"

"Ya နင်ကဒါရိုက်တာနော်"

Lisa စိတ်ရှုပ်လာသည် Korea ကိုသူက Rubyမပါပဲမပြန်ချင်ပါ တစ်ဘက်မှာလဲကုမ္မဏီကတန်းလန်းကြီး

"ငါမရှိလည်းရတယ်လေ နင့်တစ်ယောက်ထဲမကိုင်တွယ်နိုင်ဘူးလား ဒါလေးတောင် မထိန်းနိုင်ရင် နင့်CEOရာထူးကဘာသုံးစားရမှာလဲ"

Lisa မပြန်ချင်၍ပြောနေပေမယ့် Rosé ဒေါသထွက်သွားတာအမှန်ပါ 'နင့်CEOရာထူးကဘာသုံးစားရမှာလဲ' ဆိုသည့်အသုံးအနှုန်းက နင်ကဘာသုံးစားရမှာလဲ ဆိုသည့်အဓိပ္ပာယ်ပေါက်သွားပုံရသည်

"Lalisa ကုမ္မဏီက ငါတို့နှစ်ယောက်ရှိမှဖြစ်မှာ ငါတို့ကရာထူးအကြီးဆုံးလေ နင် Jennie Kim အတွက်ကြောင့်နဲ့ Korea ကိုတောင်ပြန်မလိုက်တော့ဘူးလား"

Rosé စိတ်ကိုလျှော့ပြီး ပြန်ချော့ပြောလိုက်သည်

"ငါတစ်လလောက်မရှိတော့ နင်နဲ့ကုမ္မဏီကဘာဖြစ်သွားမှာမလို့လဲ အဲ့လောက်လေးကိုဖြစ်ပျက်နေတာ ငါမရှိရင်ဘာမှမလုပ်တတ်တော့ဘူးလား"

Rosé အကြာကြီးငြိမ်သက်နေမိသည် သူ့ပုံစံကပေါက်ကွဲတော့မည့် မီးတောင်ကြီးအတိုင်းပါ Lisa က Chaeyoung ကိုကြည့်ပြီး သူ့စကားကလွန်သွားပြီဆိုတာသိလိုက်သည်

"အင်း နင့်သဘောပဲ"

2မိနစ်ခန့်ကြာမှထွက်လာသည့် Chaeyoung ၏အသံ......

ဘာမှဖြစ်ပုံမရပဲ ထသွားသည်ကြောင့် Lisa စိတ်တော့အေးသွားရသည် သူဒီမှာနေခဲ့မယ်လို့ပြောလို့ အတင်းလိုက်ခဲ့ဖို့ပြောနေတာကြောင့် Lisaအနည်းငယ်စိတ်တိုသွားတာဖြစ်သည်


"အမှန်တကယ် ဒီရောက်တာနဲ့ ကမ်းခြေတွေအရင်သွားမယ်လုပ်ထားတာ အခုမှရောက်ဖြစ်တော့တယ်"

Hawaii ကိုရောက်တာ 5ရက်ရှိပြီဖြစ်သော်လဲ Meeting တွေနဲ့ Party တွေကြောင့် ပင်လယ်ဘက်ကိုအခုမှလာတော့သည် Juneလလယ်ဖြစ်တာ‌ကြောင့် နေ့လယ်ဘက်လာလျှင် ပူလောက်ပေမဲ့ ညနေ4နာရီထိုးခါနီးမလို့ နေအေးသည် Lisaလန်းဆန်းသွားသည်

"Rubyတို့က ဘယ်အချိန်လောက်လာမလဲမသိဘူး အာ ငါ့ Mobile Phone မယူခဲ့ရဘူးပဲ ယူပြီး Ruby စီကဖုန်းနံပါတ်ဖြစ်ဖြစ်တောင်းရမှာ"

Lisa ကသူ၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ဖုန်းကိုစမ်းကြည့်မိတော့ ဝယ်ကာစ အသစ်ပေါ်Nokia ဖုန်းလေးပါမလာတာကြောင့် စိတ်ညစ်သွားပြန်သည်

"ဟားဟားဟား"

"Irene ya come-on"

"Okay Okay နောက်တစ်ခါပေါ့ ဟုတ်ပြီလား"

Lisa နှင့် ခပ်လှမ်းလှမ်းကမိန်းကလေး3ဦးသည် အခုမှကားပေါ်ကဆင်းလာပြီး စကားတစ်ပြောပြောနှင့် အုန်းပင်တွေနားက စက်ဘီးတွေစီဦးတည်သွားနေတာမြင်ရသည် လောလောဆယ် ဒီကမ်းခြေမှာLisaအပါအဝင် 4ယောက်ထဲရှိ‌နေသည်

"Nah မရဘူးနော် Wednesday နင်အားတယ်မလား"

"အားပေမဲ့ အခုတော့ စက်ဘီးချိန်းကြိုးကျနေတယ် Jennie ya နင်ပြန်တပ်တတ်လား"

Lisa သည်စစတုန်းက သူ့အလုပ်မဟုတ်တာကြောင့် Ruby အလာကိုပဲစောင့်နေပေမဲ့ Jennie ya ဆိုသည့်အသံကြားမှ ထိုမိန်းကလေးတွေအနား လှည့်ကြည့်လိုက်သည် တကယ်ပဲသူ့ရဲ့Rubyဖြစ်နေသည်

"ငါမလုပ်တတ်ဘူး Jisoo Unnie...."

"ငါလဲမလုပ်တတ်ဘူးရယ် ဒီနားလေးငါတို့ပဲရှိပုံရတယ်"

Rubyအပါအဝင် မိန်းကလေး3ဟိုကြည့်ဒီကြည့်နဲ့မလို့ Lisaအဲ့ဒီနားကိုသွားလိုက်သည် ပုံမှန်ဆို ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါတတ်ပေမဲ့ ဒါကတော့ပါရမည် သူ့စက်ဘီးချိန်းကြိုးကျသွားတဲ့ မိန်းကလေးက Ruby ရဲ့သူငယ်ချင်းမဟုတ်လား

"ဟိုဟာ မင်းတို့တစ်ခုခုများဖြစ်နေလို့လား"

Lisaသူတို့နားကိုဖြေးဖြေးချင်းလျှောက်လာတော့ မိန်းကလေးတွေကအကူအညီတောင်းမဲ့ပုံရသည်

"အားတော့နာပေမဲ့လေ ရှင်ချိန်းကြိုးပြင်တတ်လားမသိဘူး ကျွန်မစက်ဘီးချိန်းကြိုးကျသွားလို့ ကူညီပါဦး"

Irene လို့အမည်ရတဲ့မိန်းကလေးက Lisaကိုမေးလာသည်

"ပြင်တတ်ပါတယ် ဘယ်စက်ဘီးလဲ"

"ဟိုအဝါရောင်လေး"

Lisaပြင်ပေးတော့သိပ်မကြာလိုက် 5မိနစ်ခန့်သာအချိန်ယူရသည်

"ပြင်ပြီးပါပြီ ပြန်ကောင်းသွားပြီ"

Lisaငယ်ငယ်က စက်ဘီးစီးတော့ ချိန်းကြိုးကခဏခဏကျတာကြောင့် ပြန်တင်တတ်အောင် သင်ထားတာက အခုမှအလုပ်ဖြစ်တော့သည်

"ကျေးဇူးတင်လိုက်တာ"

"ရပါတယ်"

Jisooက ကျေးဇူးတင်ပါတယ်လို့ပြောတာကြောင့် Lisaကလဲ မလိုကြောင်းသာပြန်ပြောသည် Lisaသည် သူ့ရဲ့Rubyကိုကြည့်လိုက်တော့ Rubyကတုပ်တုပ်တောင်မလှုပ်ပါ

"ဒါနဲ့လေ ဒီ‌နှစ်ယောက်က Mr.Jane သမီးတွေမဟုတ်လား"

"ရှင် ဟုတ်ပါတယ် ဘာလို့လဲမသိဘူး"

"အာ မနေ့က Eventမှာတွေ့မိလိုက်လို့ပါ"

"‌အော Miss Manobal မဟုတ်လား Daddy ပြောဖူးပါတယ်"

Lisaက Ruby ဖြေစေချင်လို့‌စကားပြောနေပေမဲ့လဲ Jisoo ပဲဖြေနေပြီး Rubyကခေါင်းညိမ့်ခေါင်းခါသာလုပ်နေတာကြောင့် Lisa စိတ်ညစ်သွားပြန်သည်

မပြုံးချင်ပြုံးချင်နဲ့ Jisooနဲ့ Ireneဆိုတဲ့နှစ်ယောက်ကိုပြုံးပြလိုက်ကာ နောက်စကားအတွက်မေးခွန်းရှာတော့သည်

"နာမည်ဘယ်လိုခေါ်ကြလဲမသိဘူး"

"Irene ပါ Bae Joohyunလို့လဲခေါ်လို့ရပါတယ်"

"Jisooပါ Kim Jisoo ပေါ့"

နှစ်ယောက်ကမိတ်ဆက်ပြီးသွားပေမဲ့ Lisaမျှော်နေတဲ့နောက်တစ်ယောက်က အခုထိမမိတ်ဆက်သေးပါ

"Jennie ya ပြောလိုက်ဦးလေ"

"အော် Jennie Ruby-Jane ပါ Korean name တော့ရှင်သိလောက်ပါတယ် English name တောင်ရှင်သိတယ်ထင်လို့ခုနမပြောတာ"

Lisaရှက်သလိုတောင်ဖြစ်လာသည် သူကLisaကိုမှတ်မိတာလား ညကသူ့နာမည်မိတ်ဆက်ပေးတာ Lisaလဲဆက်ဆက်ကြားမှာပဲဆိုပြီး မမိတ်ဆက်ပေးတာနေမယ်

"အာ ဟုတ်တာပဲ ညက You and Me ဆိုသွားတာမဟုတ်လား"

Rubyကခေါင်းသာငြိမ့်သည် သူ Korea မှာနေလျှင်တော့ ဒီထပ်ယဉ်ကျေးမယ်ထင်သည် ဒါကိုလဲမပြောလိုပါ အနောက်တိုင်းဆိုတော့ ‌အနောက်တိုင်းအကျင့်အတိုင်းပဲလေ

"ဟုတ်ပါတယ်"

"Korea လိုပြောတတ်ကြလားမသိဘူး"

"Mommy သင်ပေးထားတာမလို့တတ်ပါတယ် Irene လဲ ကျွန်မနဲ့တူတူပြောင်းလာတာမလို့တတ်တယ်"

"အာ"

Jisooကဖြေတာမလို့ Lisaထပ်မမေးချင်တော့ပါ။

"ဒါဆိုပြောစရာမရှိတော့ဘူးမဟုတ်လား ကျွန်မတို့သွားလိုက်ပါဦးမယ်"

"အာ ဟုတ်ကဲ့"

သုံးယောက်သားLisaနားမှ စက်ဘီးတွေစီး၍ထွက်သွားကြသည် Lisaသိပ်တော့ကျေနပ်ချင်သည်မဟုတ်ပါ။ သူ့Rubyနဲ့ စကားကောင်းကောင်းမပြောလိုက်ရဘူးလေ

အခုတော့အိမ်မပြန်ခင် Honolulu က Musical instruments ဆိုင် တစ်ဆိုင်ဆိုင်မှာUkuleleဝင်ဝယ်ရမည် Chaeyoung နဲ့စကားများခဲ့လို့တောင်းပန်တဲ့အနေနဲ့ဝယ်ပေးမလို့ဖြစ်သည် ပုံမှန်ဆိုဒီလောက်ဈေးကြီးတာမဝယ်ပေးပေမဲ့ ဟိုတလောက Chaeyoung ကလိုချင်တယ်ပြောလို့ရယ် Lisaတခါတလေယူတီးဖို့ရယ်ဖြစ်သည်

"Park Chaeyoung"

"အင်း"

အိမ်‌ရှေ့ဧည့်ခန်းကနေ ထမင်းစားခန်းကိုတမ်းရောက်သွားတာကြောင့် ထမင်းစားခန်းကRosé အသံကြားတာနဲ့ ထမင်းစားခန်းထဲဝင်လိုက်သည် ပြီးတော့တွေ့ပါပြီ ဘေးမှာစာရွက်စာတမ်းနဲ့ ရှေ့မှာLaptopနဲ့အလုပ်ရှုပ်နေတဲ့ဆရာမကြီးကို

"ရော့ ဒီမှာ"

Chaeyoung မော့ကြည့်လိုက်ရာမှ ukulele ကိုတွေ့တာကြောင့် ခါတိုင်းလိုပဲလို့တွေးလိုက်သည်

"ကျေးဇူးပဲ နင့်Rubyရော"

"သူကချေတယ်ရယ် ငါ့ကိုအဖက်သိပ်လုပ်ချင်‌ပုံမရဘူး"

"Lalisa Manobal ကြီးအချေခံလိုက်ရတယ်ဆိုပါတော့ အဲ့တာနောက်ထား မနက်ဖြန်စာအုပ်သွားငှားပေးမလား"

"အော ဘယ်စာကြည့်တိုက်လဲ ငါညနေပိုင်းသွားလိုက်မယ်"

"နည်းနည်း‌တော့ဝေးတယ် #$&#မှာ"

"ဒီနားက စာကြည့်တိုက်တင် သွားလို့မရဘူးလား"

"အဲ့ဒီကစာကြည့်တိုက်မှူးကငါနဲ့သိတယ် Roséနာမည်နဲ့စရင်းပဲသူ့စီရှိတာ Korea မှာတုန်းကသူ့အမနဲ့သူငယ်ချင်းမလို့ပါဟ"

"အိုကေ ငါသွားလိုက်ရင်ရပြီမဟုတ်လား တခြားဘာမှာစရာရှိသေးလဲ"

"အဲ့နားလေးမှာနေကြာပန်းခြံရှိပေမယ့် ငါနဲ့မှတူတူသွားရအောင် မနက်ဖြန်ငါမအားသေးလို့"

"အိုကေ အိုကေ"

Lisa အိမ်ပေါ်တက်လာသည် သူ့အခန်းအပြင်ကဝရံတာကိုလမ်းလျှောက်လာပြီး လမ်းမကြီးကိုကြည့်နေလိုက်သည်

ပြောရရင် သူတို့အိမ်က ကျွန်းနဲ့ဆောက်လုပ်ထားတဲ့အိမ်ကြီးမလို့ နွေရာသီတောင်အေးအေးမြမြနဲ့ နေလို့ကောင်းသည် ကိုယ်ပိုင်ခြံဝန်းကျယ်ကြီးနဲ့ ပင်လယ်တွေမှာရှိတဲ့ အုန်းပင်အများအပြားနဲ့ hibiscus tiliaceus လို့ခေါ်တဲ့ ပန်းတစ်မျိုးလဲအများကြီးရှိတယ် အဲ့အပင်နှစ်မျိုးတင်မကပါ အများအပြားရှိသေးသည်

အခုလည်းဝရံတာအောက်ကစိုက်ပျိုးထားတဲ့ အုန်းပင်တွေကြီးလာတာမလို့ ဝရံတာထပ်နည်းနည်းမြင့်ပြီး အရိပ်ရသည်

Lisaတို့လိုအိမ်မျိုး Honolulu မြို့ထဲမှာတွေ့ရရှားပေမဲ့ Lisa တို့အိမ်ကမြို့ထဲမှာရှိနေသည် အခုအချိန်အရာရာအေးချမ်းလှသည် ဒီအချိန် radio ကသီချင်းတွေလာတာကြောင့် radio ကိုဖွင့်ပြီး သူနဲ့အတူဝရံတာမှာထားလိုက်သည်

နေကဝင်ပြီးလို့ တော်တော်တောင်မှောင်နေပါပြီ လေတိုက်တာကြောင့် Lisaရှေ့က အုန်းရွက်တွေက တစ်ဖျက်ဖျက်နဲ့လွင့်လာသည် Lisaနဲ့ Chaeyoung စတွေ့တုန်းကလဲဒီလိုပါပဲ

Flash Back

"Lisa ဒါသမီးရဲ့မေမေလေးလေ"

"အာ nae တွေ့ရတာဝမ်းသာပါတယ်"

Lisa အနည်းငယ်ဝမ်းနည်းပေမဲ့ Daddy နဲ့ Mommy ကွာရှင်းထားတာ3နှစ်လောက်ရှိနေပြီမို့ နားလည်ပေးသင့်တယ်လို့ သူထင်သည် Daddyလဲ အသက်ကြီးတော့ စိတ်ကိုအလိုလိုက်ချင်နေပြီမဟုတ်လား

"Chaeyoung သမီး၊ လာပါဦး"

Daddy ခေါ်လိုက်တော့ ရွှေအိုရောင်ဆံနွယ်တွေကို ဒီတိုင်းချထားပြီး ဂါဝန်အပြာရောင်လေးကိုဝတ်ထားတဲ့ Lisaနဲ့ရွယ်တူလို့ထင်ရတဲ့မိန်းကလေးက ဆိုဖာပေါ်ကနေထလာသည်

"ဒါက ဦးရဲ့သမီး Lalisaတဲ့ Lisa မှတ်ထားနော် ဒါက မေမေလေးရဲ့သမီး Roséတဲ့ Chaeyoung လို့လဲခေါ်လို့ရတယ် Aussie ဆိုပေမဲ့ ကိုးရီးယားလိုလဲပြောတတ်တော့ သမီးတို့အတွက်အဆင်ပြေတာပေါ့"

"annyeonghaseyo Rosé လို့ခေါ်ပါတယ်"

"Nae annyeonghaseyo Lisa ပါ"

တစ်ယောက်ကိုယ်တစ်ယောက်မိတ်ဆက်ပြီး ဆိုဖာကထိုင်ခုံပေါ် မလှုပ်မယက်ပဲထိုင်နေမိသည် Lisa က Chaeyoung ကိုခဏခဏ အကဲခတ်နေလဲ Chaeyoung ကအဆင်မပြေပုံမပေါ်ပါဘူး

Lisa သာသူ့နေရာမှာဆို စိတ်ကျင်းကြပ်ပြီး မျက်မှောင်သာကျံု့မိနေလောက်သည် ကိုယ့်နိုင်ငံကလဲထွက်လာရသေးတယ် ပြီး‌တော့ ကိုယ့်အမေကလဲဒုတိယအိမ်ထောင် ယူတော့မယ်ဆိုရင် သူ့လိုတည်ငြိမ်နေတဲ့လူ ဘယ်သူရှိဦးပါ့မလဲ

"အော Lisa, Rosé ကိုခြံဝန်းထဲလိုက်ပြလိုက်ပါဦး သူကဒီကိုပထမဦးဆုံးရောက်ဖူးတာရယ် Rosé သမီးLisa နဲ့ခြံထဲလျှောက်သွားနော်"

Lisa ကသူ့ရဲ့ Daddy ကပြောလာတဲ့အခါ Lisaကထပြီး သူ့ရဲ့မျက်နှာချင်းဆိုင်က Roséဆိုတဲ့ကောင်မလေးနားထသွားသည် Roséကလဲ Lisa Daddy ကိုခေါင်းငြိမ့်ပြပြီး Lisaနဲ့လိုက်လာခဲ့သည်

အချိန်အားဖြင့် ညနေ6နာရီဖြစ်သည် ဧရာမ တံခါးမကြီးကို ကောင်မလေးနှစ်ယောက်အတွက် အိမ်စောင့်အဒေါ်ကြီးကဖွင့်ပေးခဲ့ရာ အိမ်အပြင်အရောက်မှာ ကောင်မလေးနှစ်ယောက်လဲ မလှုပ်မယက်ရပ်သည်

လေတွေကလဲတိုက်နေပြီး ခြံဝန်းထဲကအပြင်ကြီးတွေ၊ ပန်းပင်လေးတွေကလဲ တော်တော်လေးကို ယိမ်းကျနေသည် Manobal မိသားစုဟာ ဘိုးဘွားစဉ်ဆက် အပင်တွေကို မြတ်နိုးကြခဲ့တာမလို့ အိမ်ကြီးကြီး ခြံအကျယ်ကြီးတွေမှာ နေကြသည်

"အသက်ဘယ်လောက်လဲ"

အိမ်အပြင်မှာပဲရပ်နေပြီး နွေဦးရဲ့လေပြင်းတိုက်တာတွေကို ကြည့်နေရင်းမှ Lisa ထမေးလိုက်သည် Roséလဲ သစ်ပင်တွေကိုကြည့်နေရာမှ ဆံပင်တိုတိုကောင်မလေးကို ပြောင်းကြည့်လိုက်ပြီး ပြန်ဖြေလာသည်

"ငါက16 ပြည့်ပြီ March လကပြည့်တာ"

"အော ငါလဲ16ပဲ March ဘယ်နှစ်ရက်လဲ"

"15"

"အော် နှစ်ရက်ကြီးတဲ့ သူငယ်ချင်းလေးပဲ"

"နင်က 17လား"

"အင်း"

ထို့နောက် ပြန်လည်တိတ်ဆိတ်သွားပြန်သည် 5မိနစ်လောက်ကြာမှ Lisaကစကားစပြောသည်

"ငါနင့်ကိုဘယ်လိုခေါ်ရမလဲ Roséလား Chaeyoung လား"

Rosé က Lisaစကားကိုကြားပြီးတဲ့အချိန် ခဏငြိမ်နေသေးသည် စက္ကန့်အနည်းငယ်အကြာမှာ

"When I was in Melbourne, mom and my friends called me Rosie (Melbourne မှာတုန်းက Momနဲ့ သူငယ်ချင်းတွေက Rosie လို့ခေါ်တယ်)"

ကြည့်ရတာ ကိုးရီးယားလို လည်လည်ပတ်ပတ်ပြောတတ်သေးပုံမပေါ်ပါဘူး Roséကမပြောသေးပဲ ငြိမ်နေသေးသည် ပြီးတော့မှစကားဆက်သည်

"Rosie, Rosé, Park Rosé, Rose, Rosanne, Rosanne Park, Park Chaeyoung, Chaeyoung, Chae အဲ့ထဲကကြိုက်တာခေါ်ပါ"

Roséက သူ့နာမည်တွေကို သူပြန်ခေါ်ရင်း လက်ချောင်းလေးတွေကိုပါ ထောင်ပြီးရေတွက်လိုက်သည် လက်9ချောင်းအရောက်မှာ ရပ်လိုက်သည်

Lisa စဉ်းစားကြည့်တော့ အဲ့တာတွေက rose ဆိုတဲ့အမည်နဲ့ သက်ဆိုင်နေတာမလို့ မေးလိုက်ပြန်သည် ဒါပေမဲ့မမေးသေးခင် တစ်ခါအရင်ပြောသည်

"ကိုးရီးယားလိုကောင်းကောင်းပြောတတ်လား"

"သင်နေတုန်းပါ"

"အဲ့တာထူးဆန်းတဲ့နာမည်တွေပဲ နင်ကနှင်းဆီပန်းလား"

Lisaဟာ အင်္ဂလိပ်လိုပြန်ပြောလိုက်တာကြောင့် ကောင်မလေးက လက်ကိုအသာညမ်းရင်းနဲ့ ပြန်ငြင်းဖို့လုပ်တော့သည်

"ငါကိုးရီးယားလိုနားလည်ပါတယ် ခုနကငါမပြောတတ်တာနဲ့ Eng လိုမြန်မြန်ပြောလိုက်တာ ပြီးတော့ Momက နှင်းဆီပန်းသိပ်ကြိုက်လို့ ငါ့နာမည်ကိုအဲ့တာတွေပေးခဲ့တာပါ"

"အင်း ဟုတ်ပါပြီ ကြိုက်တာကိုကြိုက်တဲ့အချိန်ခေါ်မယ်"

Flash back ended

Rosé နဲ့စတွေ့တဲ့အချိန်ကို Lisa မေ့မရပါ နောက်ဘဝထိပါပါသွားဦးမည်ထင်သည်

"Rosie, Rosé, Park Rosé, Rose, Rosanne, Rosanne Park, Park Chaeyoung, Chaeyoung, Chae"

Lisa တိုးတိုးလေးရေရွတ်ပြန်သည်

"ဟားဟားဟား"

Lisaကအော်လဲရယ်လိုက်မိသည် အခုသူတို့ဆုံခဲ့တာ6နှစ်ရှိသွားပြီဆိုပေမဲ့ အဲ့နေ့ကို Rosé ရဲ့နာမည်တွေကြောင့်ပဲမှတ်မိနေခဲ့တာပါ

"Park Chaeyoung နင်ကတော့လေ နင်ရော နင်ကြိုက်နေတဲ့လူရော အကုန်ထူးဆန်းတာပဲ"

Lisaက Jisoo ရဲ့နာမည်ကိုပြန်ကြားယောင်ပြီး ရယ်လိုက်ပြန်သည် သူပြောလဲပြောချင်စရာရယ်ပါ

Zawgyi


"နင်ဟာလေ တကယ်ပါပဲ"









"ငါတို့2ပတ်ပဲနေမှာ"

"ဟမ်"




"Ya နင်ကဒါရိုက်တာနော်"








"အင်း နင့်သဘောပဲ"








"ဟားဟားဟား"

"Irene ya come-on"


Lisa နှင့် ခပ်လှမ်းလှမ်းကမိန်းကလေ3းဦးသည် အခုမှကားပေါ်ကဆင်းလာပြီး စကားတစ်ပြောပြောနှင့် အုန်းပင်တွေနားက စက်ဘီးတွေစီဦးတည်သွားနေတာမြင်ရသည် လောလောဆယ် ဒီကမ်းခြေမှာLisaအပါအဝင် 4ယောက်ထဲရှိ‌နေသည်






Rubyအပါအဝင် မိန်းကလေ3းဟိုကြည့်ဒီကြည့်နဲ့မလို့ Lisaအဲ့ဒီနားကိုသွားလိုက်သည် ပုံမှန်ဆို ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မပါတတ်ပေမဲ့ ဒါကတော့ပါရမည် သူ့စက်ဘီးချိန်းကြိုးကျသွားတဲ့ မိန်းကလေးက Ruby ရဲ့သူငယ်ချင်းမဟုတ်လား






"ဟိုအဝါရောင်လေး"




"ကျေးဇူးတင်လိုက်တာ"

"ရပါတယ်"










"Jisooပါ Kim Jisoo ပေါ့"







"ဟုတ်ပါတယ်"



"အာ"



"အာ ဟုတ်ကဲ့"



"Park Chaeyoung"

"အင်း"


"ရော့ ဒီမှာ"











"အိုကေ အိုကေ"






Flash Back




"Chaeyoung သမီး၊ လာပါဦး"






Lisa သာသူ့နေရာမှာဆို စိတ်ကျင်းကြပ်ပြီး မျက်မှောင်သာကျုံ့မိနေလောက်သည် ကိုယ့်နိုင်ငံကလဲထွက်လာရသေးတယ် ပြီး‌တော့ ကိုယ့်အမေကလဲဒုတိယအိမ်ထောင် ယူတော့မယ်ဆိုရင် သူ့လိုတည်ငြိမ်နေတဲ့လူ ဘယ်သူရှိဦးပါ့မလဲ





"အသက်ဘယ်လောက်လဲ"




"15"


"နင်က 17လား"

"အင်း"










"သင်နေတုန်းပါ"





Flash back ended




"ဟားဟားဟား"




Continue Reading

You'll Also Like

181K 4.5K 19
(This is also on my quotev account) You were experimented on as a child by HYDRA, only being rescued years later by Tony Stark and Steve Rogers. You...
170K 3.5K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
4.3K 697 6
နတ်သမီးပုံပြင်တွေက ဇာတ်ပေါင်းခန်းတွေမှာအမြဲတမ်းလှပခဲ့တယ်မဟုတ်လား ဒါဆို လီဆာ့အတွက် နတ်သမီးရေးပေးမယ့် ပုံပြင်အဆုံးသတ်ကရော
3.8K 144 10
Nar çiçeğini alıp Seyranın yavaşça kulağının arkasına yerleştirdi Ferit.Seyranın kalp atışları hızlanırken gözleri Ferit'in gözlerini buldu,ellerini...