Unicode
နောက်ဆုံးတော့ ပိုင်ခန့်ကိုပါ အတူလိုက်ခဲ့ပေးမယ်ဆိုသော သဘောတူညီချက်နှင့် လက်စွပ်ကိုတော့ မရောင်းပေးဖြစ်တော့ပါ။ ပိုင်ခန့်ကိုက သောကြာနေ့တစ်ရက်သာ အလုပ်နားတာမို့၊ အလုပ်နားတဲ့ရက်နဲ့၊ ကျန်တဲ့ရက်တွေမှာတော့ အလုပ်ကပြန်လာတဲ့အချိန်တွေ လိုက်ခဲ့ပေးမယ်ဟု ပြောထားလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗညားထွဋ်ခေါင်အား တစ်ယောက်တည်း လွှတ်လိုက်ဖို့လည်း အဆင်မပြေလောက်၍ ဖြစ်သည်။
"အခန်းက လေးလွှာမှာ ... မင်း အောက်မှာနေခဲ့မှာလား"
"ငါ လိုက်ခဲ့ပါမယ်"
အလုံ ဗဟိုအမျိုးသမီးဆေးရုံရှေ့က ကွန်ဒိုဖြစ်သည်။ ဗညားထွဋ်ခေါင်ကတော့ သူ့အခန်းက လေးလွှာမှာဟု အသေအချာကို ပြောနေ၏။
"ဘယ်အခန်းကို သွားချင်လို့လဲဗျ"
"လေးလွှာပါ၊ 406 .."
"ကဒ်လေး တစ်ချက်လောက်ပြပေးပါ"
Security က လုံခြုံရေးကဒ် တောင်းနေတာ ထင်သည်။
ဗညားထွဋ်ခေါင်က စိတ်ရှုပ်သွားသလို ခေါင်းတစ်ချက်ခါရမ်းကာ Security အား ကြည့်ရင်း -
"အဲ့ဒါ ကျွန်တော့် အခန်းပါ"
"406 က နိုင်ငံခြားသားတွေ ပိုင်တာပါ၊ ပြီးတော့ အခုကလည်း ပိတ်ထားတဲ့အခန်းဖြစ်နေတော့လေ၊ ဒီက ညီလေးက ပိုင်ရှင်အသစ်ဆိုရင် ကဒ်လေးပြပေးဖို့ လိုပါတယ်"
"ဘာ ..."
သိပ်အဆင်မပြေတော့တဲ့ အခြေအနေကြောင့် ဗညားထွဋ်ခေါင်အား အနားကပ်ကာ ခပ်တိုးတိုး သတိပေးရသည်။
"တစ်ခုခုမှားနေတယ်ထင်တယ်"
"ဘာမှ မမှားဘူး၊ အဲ့ဒါ ငါ့အခန်း၊ ဘာလို့ ပိတ်ထားတဲ့အခန်း ဖြစ်ရမှာလဲ"
ခပ်တိုးတိုးနဲ့ တစ်ယောက်တစ်ခွန်းပြောနေသော သူတို့နှစ်ယောက်အား Security က နားမလည်တဲ့ပုံစံနဲ့ ကြည့်နေ၏။
"လာပါ ... အခု အရင်ပြန်ရအောင်၊ ပြီးမှ ဆက်စဉ်းစားတာပေါ့"
ဗညားထွဋ်ခေါင် သိပ်တော့ကျေနပ်ပုံမရပေမယ့် လက်ရှိအခြေအနေကိုတော့ သူလည်း သဘောပေါက်ပုံရပါသည်။ ပြန်လိုက်လာသည်။
"အခန်းနံပါတ်မှားနေတာများလား"
"မမှားပါဘူး၊ ငါ နေနေတဲ့အခန်းပဲကို"
ဗညားထွဋ်ခေါင်က နည်းနည်းလေးတောင် မတွေဝေ၊ အသေအချာကို ပြောနေတာမို့ ပိုင်ခန့်ကို ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားရသည်။
"ဖေဖေက အခန်းကို တမင်ပိတ်ခိုင်းလိုက်တာများ ဖြစ်နေမလား မသိဘူး"
"မင်းအဖေနဲ့ ပြဿနာဖြစ်လာတာပေါ့"
"အင်း ... ပြဿနာကတော့ ခနခနဖြစ်နေကျပါ၊ ငါ ဖေဖေ့ဆီ သွားမှ ဖြစ်မယ်"
"အခုလား၊ မင်းကလဲ နေပါဦး"
ဗညားထွဋ်ခေါင်ပုံစံက အခုပဲသွားတော့မဲ့ပုံမို့ ခပ်မြန်မြန် တားလိုက်ရသေးသည်။ အခုသွားမယ်လုပ်နေတာက တခြားနေရာမဟုတ်၊ ဦးထွဋ်ခေါင်ရဲ့ ရုံးခန်း တဲ့။
"နေလို့မရဘူး၊ အခုက ဘာဖြစ်လို့ဖြစ်နေမှန်းလဲ မသိဘဲ၊ ငါက လမ်းပေါ်မှာ ဒီတိုင်းလျှောက်သွားနေရမှာလား"
"အခု ငါလည်း မနားရသေးတော့ ပင်ပန်းနေပြီ၊ မနက်ဖြန်မှ ထပ်သွားကြတာပေါ့"
ပင်ပန်းနေပြီ လို့ပြောမှ ပိုင်ခန့်ကိုအား တချက်ကြည့်ရင်း "ပြီးရော" ဆိုသည့် ပုံစံနဲ့ ခေါင်းညိတ်သည်။ ဗညားထွဋ်ခေါင် ဆိုတဲ့ကောင်ဟာ တကယ် ပြဿနာတွေချည်းပဲ ဖန်တီးနေတော့တာ ဖြစ်သည်။ အခုလည်း အသာတကြည်ပြန်လိုက်လာလို့သာ တော်သေး၏။ ဦးထွဋ်ခေါင် ရုံးခန်းအထိ သွားတာကတော့ သေချာမှ သွားစေချင်သည်။
ပိုင်ခန့်ကို ကိုယ်တိုင်လည်း ဒီကောင့်နောက်ကို တကောက်ကောက်လိုက်ပြီး ဘာလို့များ ဒုက္ခခံနေရသလဲ ဆိုတာ ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့ချေ။
.........................
"မင်း တစ်ယောက်တည်း လျှောက်သွားမနေနဲ့ဦးနော်"
ဖုန်းထဲမှာ တစ်ခုခုကို ရှာသလို ငုံ့ကြည့်နေသော ဗညားထွဋ်ခေါင်က မော့ကြည့်သည်။ ဘာမှတော့ ပြန်မပြော။
"ငါ ညနေ ဖုန်းဆက်လိုက်မယ်"
"မင်း မပင်ပန်းဘူးလား၊ အလုပ်လည်း သွားရသေးတယ်၊ ငါ့ဟာငါ သွားလိုက်ပါ့မယ်"
"မင်းပြဿနာတက်လာလို့ လိုက်ရှင်းရမှ ပိုပင်ပန်းမှာ၊ ညနေ ငါပြန်လာတဲ့အထိ ငြိမ်ငြိမ်လေး အိမ်မှာပဲ စောင့်နေပေး"
ပိုင်ခန့်ကို စကားကြောင့် မကျေမနပ်ဖြစ်သွားပုံရတဲ့
ဗညားထွဋ်ခေါင်က ဖုန်းကို ပိတ်လိုက်ရင်း မျက်မှောင်ကြုံ့ကာ ကြည့်သည်။ စတွေ့တဲ့ရက်တုန်းကလို အချိုးမပြေတဲ့ရုပ်မျိုးနဲ့ပဲ ဖြစ်၏။
"ငါ့ကို ပြဿနာရှာတယ်လို့ မင်းလည်း ထင်နေတာပဲကိုး"
"အဲ့လိုပဲ ဖြစ်နေတာလေ၊ မင်းက အခု ....၊ ငါတို့အိမ်ကလူ ဖြစ်နေပြီ ဆိုတော့၊ မင်းပြဿနာတစ်ခုခုဖြစ်လာရင် ငါရော မမရော မသိသလိုနေလို့ရမှာ မဟုတ်ဘူး"
*ငါတို့ အိမ်သား* လို့ ပြောမလို့လုပ်ပြီးမှ၊ *ငါတို့အိမ်က လူ* လို့ပဲ သတိထားကာ ပြောလိုက်သည်။ ဗညားထွဋ်ခေါင်ကတော့ အသုံးအနှုန်းတွေလည်း သတိထားမိပုံမရပါ။ ပိုင်ခန့်ကို ကသာ ဘာလို့ ဂရုစိုက်မိနေမှန်း မသိ။
"အေးပါ ... ငါမသွားပါဘူး၊ မင်း အလုပ်ကပြန်လာပြီး မနားရဘဲ ငါနဲ့လိုက်ပေးနေရတာ အားနာလို့"
တချက်မော့ကြည့်ကာ ပြောပြီး၊ ဖုန်းကို ပြန်ငုံ့ကြည့်နေသည်။ ဗညားထွဋ်ခေါင်ရဲ့ ထိုအမူအယာတွေက ပုံမှန်ပဲလားတော့ မသိပေမယ့်၊ အားနာနေတဲ့ပုံ မပေါက်တဲ့အပြင်၊ အထက်စီးဆန်ဆန်ပြောနေတဲ့ ပုံသာပေါက်သည်။ ဒီကောင်က တကယ်ပဲ အသိုင်းအဝိုင်းကြီးထဲက ဖြစ်ပြီး၊ မမပြောသလိုမျိုး ခေါင်းကိုထိခိုက်မိလို့ ဘာမှ မမှတ်မိတော့တာ တကယ်များ ဖြစ်နေမလားလို့တောင် ထင်လာမိသည်။
တကယ်သာ အဲ့ဒီလိုဖြစ်ပြီး အားလုံးကိုပြန်မှတ်မိသွားခဲ့ရင်၊ စတွေ့တဲ့ရက်ကလို အချိုးမျိုးနဲ့ ဗညားထွဋ်ခေါင်ဆိုတဲ့ကောင်ဟာ သူ့ကို ပြဿနာရှာမှာ ကျိန်းသေ၏။ ဒါပေမယ့်လည်း ပိုင်ခန့်ကို သူ့ကိုထိုးလိုက်တာ၊ ဆေးခန်းကို ခေါ်လာတာတွေကိုကျတော့ အကုန်မှတ်မိနေပြန်သည်။ ဒါမှမဟုတ် သူ့ကို လူတွေ မေ့သွားကြတယ်ဆိုတာ တကယ်များလားမသိ။
*ငါ ဘာတွေလျှောက်တွေးနေပါလိမ့်* ဟု ကိုယ့်ကိုယ်ကို သတိပေးရင်း အလုပ်သွားဖို့သာ ထွက်ခဲ့လိုက်တော့သည်။ ဗညားထွဋ်ခေါင်အကြောင်း ကြာကြာစဉ်းစားရင် သူပါ ရူးသွားနိုင်သည်။
..........................
ဧည့်ခန်းကျယ်ကြီးထဲက ကျွန်းကနုတ်နဲ့ဘောင်ခတ်ထားသော ဆိုဖာခုံကြီးပေါ် ထိုင်လိုက်၊ ထလိုက်လုပ်ကာ၊ မျက်နှာအမူအယာနဲ့တင် ဒေါသဖြစ်နေမှန်းသိသာသော အသက်ငါးဆယ်၀န်းကျင် လူကြီးတစ်ဦး။ ဘေးနားမှာ လက်ကို အနောက်ပစ်ကာ ရပ်နေကြသော လူဆယ်ယောက်ခန့်၏ မျက်နှာတွေက စိုးရိမ်ကြောင့်ကြမှုအပြည့်နှင့် ဖြစ်သည်။
"ရာဇာ .. မင်းတစ်ယောက်လုံးရှိနေပြီးတော့၊ ငါ့သားက ပျောက်သွားစရာလား"
"တောင်းပန်ပါတယ် ဆရာ"
တောင်းပန်စကားကိုကြားလိုက်မှ ထိုလူကြီး၏မျက်နှာမှာ ပို၍တင်းမာသွားသလို၊ တောက်ခေါက်သံကလည်း ဧည့်ခန်းကျယ်ကြီးထဲ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"အဲ့တုန်းက မင်းက ဘယ်ရောက်နေလဲ ရာဇာ"
"ကျွန်တော် ရှိနေပါတယ် ဆရာ၊ ဘေးမှာ မင်းထွန်းလည်း ရှိပါတယ်၊ ကျန်တဲ့သူတွေက ကားပါကင်မှာပဲ စောင့်နေကြတာပါ"
ရာဇာက ဒီလူတွေအားလုံးရဲ့ ခေါင်းဆောင်ပုံစံမျိုးမို့ သူ့လူတွေအပြစ်တော့ မဟုတ်ကြောင်း ရှင်းပြပေမယ့်၊ ဦးထွဋ်ခေါင်ကတော့ ဒီအချိန်မှာ ဘာအကျိုးအကြောင်းမှ နား၀င်သည့်ပုံမပေါ်ပါ။
"အပေါ်မှာ သောက်နေရာကနေ ကားထွက်မောင်းမယ်ဆိုပြီး အောက်ဆင်းလာတော့ ကျွန်တော်တို့နှစ်ယောက်ပါ အတူပါလာတာပါ၊ ပြီးတော့ Toilet ၀င်နေလို့ အပြင်မှာ ရပ်စောင့်ပေးနေတုန်း၊ တော်တော်ကြာတဲ့အထိ ပြန်ထွက်မလာတာနဲ့ ကျွန်တော်တို့ ၀င်ကြည့်တော့ မတွေ့တော့တာပါ"
"အဲ့ဒါ အဓိပ္ပာယ်ရှိတဲ့စကားလား၊ တောက် ..."
"ကျွန်တော်တို့ အမှန်တိုင်းပြောတာပါ ဆရာ"
ဘေးမှာ ရပ်နေသော မင်းထွန်းကပါ ကိုယ်ကိုညွတ်ကိုင်းရင်း ၀င်ပြောသည်။
"အကိုလေးကို ကျွန်တော်တို့ တွေ့အောင် ပြန်ရှာပါ့မယ်"
"ပြန်ရှာ ...၊ ငါ့သားကို မတွေ့ရင် မင်းတို့ မျက်နှာတွေလည်း မမြင်ချင်ဘူး"
"ဟုတ်ကဲ့ပါ၊ ဒီလိုတွေ ဖြစ်ရတဲ့အတွက် တောင်းပန်ပါတယ် ဆရာ"
ရာဇာက တောင်းပန်စကား ခပ်တိုးတိုး ပြောသည်။
"မတောင်းပန်နဲ့၊ မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့အကြောင်းပြချက်တွေလည်း ထပ်မကြားချင်ဘူး၊ ငါ့သားကိုပဲ ရအောင် သွားရှာ"
"ဟုတ်ကဲ့ပါ ဆရာ"
"ပြီးတော့ ဒီကိစ္စကို ဘယ်သူမှ မသိစေနဲ့၊ မလိုအပ်တဲ့ စကားတွေပြောဖို့ ဒီအချိန်မှာ ငါ စိတ်မပါဘူး၊ လူပျောက်တိုင်တာမျိုး ငါမခိုင်းတဲ့ အပိုကိစ္စတွေ တစ်ယောက်မှ မလုပ်နဲ့၊ ရာဇာ ... ဒါတွေအကုန် မင်းတာ၀န်နော်"
"ဟုတ်ကဲ့ပါ ဆရာ၊ စိတ်ချပါ"
စကားအဆုံးမှာ ဆိုဖာပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သော ဦးထွဋ်ခေါင်ရဲ့ ခေါင်းထဲမှာတော့ အတွေးမျိုးစုံက ပြေးလွှားလျက် ...။
အမေတူသား၊ ဗညားထွဋ်ခေါင်ဟာ အင်မတန် ထိန်းသိမ်းရခက်ပြီး ခေါင်းမာသည်။ "ကိုယ်လုပ်တာမှ အမှန်" ဆိုသော စိတ်က အမေဖြစ်သူဆီကနေ အပြည့်အ၀ အမွေရထားတာ ဖြစ်လိမ့်မည်။ ယောက်ျားနဲ့သားကို ထားပစ်ခဲ့ပြီး ဘွဲ့ဒီဂရီတွေ၊ ရာထူးဂုဏ်တွေကို ရွေးချယ်သွားသော ဒေါ်မိုးမိုးခိုင် ဆိုသည့် ဇနီးသည်ကို ပြန်မြင်ယောင်မိသည့်အခါ၊ ဗညားထွဋ်ခေါင်သည် "အမေတူသား" ဆိုတာ ငြင်းစရာပင်မရှိတော့။
"ငါ ဒီလောက် ပြည့်စုံအောင် ဖြည့်ဆည်းပေးထားတာပဲ မိုး၊ မင်း ဘာများလိုအပ်နေသေးတာလဲ"
"အို ... ရှင်ပေးထားတဲ့အဆောင်အယောင်တွေနဲ့ ရှင့်နောက်က လိုက်ပြီး ပွဲတက်ရုံတက်ပေးမဲ့ မိန်းမမျိုး မဟုတ်မှန်း ရှင် သိပါတယ်"
"သိတာပေါ့၊ အဲ့ဒါကြောင့်လည်း ငါ့နောက်မှာ မင်းကို ဘယ်တုန်းက ထားခဲ့ဖူးသလဲ၊ မင်း သူများဆေးရုံမှာ ၀န်ထမ်းလုပ်စရာမလိုပါဘူး"
"၀န်ထမ်းဆိုရင်လည်း ဒါဟာ ကျွန်မအရည်အချင်းနဲ့ ရထားတဲ့နေရာမို့လို့ တန်ဖိုးထားတယ်၊ ကျွန်မက အဆင်သင့် အခန်းထဲ၀င်ထိုင်ရမဲ့ ဆေးရုံအုပ်ဖြစ်ချင်တာ မဟုတ်ဘူး"
"သားကို ထည့်မတွက်တော့ဘူးလား မိုး"
ဦးထွဋ်ခေါင် နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်ပေမယ့်၊ မာနအရောင်နဲ့ တဖျတ်ဖျတ်လက်နေခဲ့သော ဒေါ်မိုးမိုးခိုင်ရဲ့ မျက်၀န်းတွေက အရောင်ဖျော့မသွားပါ။ တွေဝေခြင်း မရှိဘဲ စကားကို ဆက်သည်။
"သားကို ထားခဲ့ပေးရမလား၊ ကျွန်မခေါ်သွားရမလားဆိုတာ ရှင်ပဲ ဆုံးဖြတ်ပါ"
"ငါ့သားကို ငါခေါ်ထားမှာ ... "
ခေါင်းမာသည်။ တဇွတ်ထိုးဆန်သည်။ သံယောဇဉ်နည်းသည်။ အဆိုးဆုံးက သူတို့ရဲ့စိတ်ကို ပြုပြင်ပြောင်းလဲ မခံသော သားအမိနှစ်ယောက်ဖြစ်သည်။ သားဖြစ်သူကို အကောင်းဆုံး ပြုစုပျိုးထောင်ဖို့ သူ့နည်းလမ်းဟာ မှားနေခဲ့သလား။ မိုးနဲ့ သားကို အကောင်းဆုံးဆိုတာတွေသာ ပေးခဲ့သည်။ ဘယ်နေရာက မှားနေသေးလဲဆိုတာ မသိတော့ပါ။
စောစောက ဒေါသနဲ့အော်ဟစ်သောင်းကျန်းနေခဲ့သော ဦးထွဋ်ခေါင်ဟာ အခုတော့ ဖုန်းနံပါတ် တစ်ခုကို ခေါ်ဆိုရန် တွန့်ဆုတ်စွာဖြင့် .....။
..........................................................................................
Zawgyi
ေနာက္ဆုံးေတာ့ ပိုင္ခန္႔ကိုပါ အတူလိုက္ခဲ့ေပးမယ္ဆိုေသာ သေဘာတူညီခ်က္ႏွင့္ လက္စြပ္ကိုေတာ့ မေရာင္းေပးျဖစ္ေတာ့ပါ။ ပိုင္ခန္႔ကိုက ေသာၾကာေန႔တစ္ရက္သာ အလုပ္နားတာမို႔၊ အလုပ္နားတဲ့ရက္နဲ႔၊ က်န္တဲ့ရက္ေတြမွာေတာ့ အလုပ္ကျပန္လာတဲ့အခ်ိန္ေတြ လိုက္ခဲ့ေပးမယ္ဟု ေျပာထားလိုက္သည္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဗညားထြဋ္ေခါင္အား တစ္ေယာက္တည္း လႊတ္လိုက္ဖို႔လည္း အဆင္မေျပေလာက္၍ ျဖစ္သည္။
"အခန္းက ေလးလႊာမွာ ... မင္း ေအာက္မွာေနခဲ့မွာလား"
"ငါ လိုက္ခဲ့ပါမယ္"
အလုံ ဗဟိုအမ်ိဳးသမီးေဆး႐ုံေ႐ွ႕က ကြန္ဒိုျဖစ္သည္။ ဗညားထြဋ္ေခါင္ကေတာ့ သူ႕အခန္းက ေလးလႊာမွာဟု အေသအခ်ာကို ေျပာေန၏။
"ဘယ္အခန္းကို သြားခ်င္လို႔လဲဗ်"
"ေလးလႊာပါ၊ 406 .."
"ကဒ္ေလး တစ္ခ်က္ေလာက္ျပေပးပါ"
Security က လုံျခဳံေရးကဒ္ ေတာင္းေနတာ ထင္သည္။
ဗညားထြဋ္ေခါင္က စိတ္႐ႈပ္သြားသလို ေခါင္းတစ္ခ်က္ခါရမ္းကာ Security အား ၾကည့္ရင္း -
"အဲ့ဒါ ကြၽန္ေတာ့္ အခန္းပါ"
"406 က ႏိုင္ငံျခားသားေတြ ပိုင္တာပါ၊ ၿပီးေတာ့ အခုကလည္း ပိတ္ထားတဲ့အခန္းျဖစ္ေနေတာ့ေလ၊ ဒီက ညီေလးက ပိုင္႐ွင္အသစ္ဆိုရင္ ကဒ္ေလးျပေပးဖို႔ လိုပါတယ္"
"ဘာ ..."
သိပ္အဆင္မေျပေတာ့တဲ့ အေျခအေနေၾကာင့္ ဗညားထြဋ္ေခါင္အား အနားကပ္ကာ ခပ္တိုးတိုး သတိေပးရသည္။
"တစ္ခုခုမွားေနတယ္ထင္တယ္"
"ဘာမွ မမွားဘူး၊ အဲ့ဒါ ငါ့အခန္း၊ ဘာလို႔ ပိတ္ထားတဲ့အခန္း ျဖစ္ရမွာလဲ"
ခပ္တိုးတိုးနဲ႔ တစ္ေယာက္တစ္ခြန္းေျပာေနေသာ သူတို႔ႏွစ္ေယာက္အား Security က နားမလည္တဲ့ပုံစံနဲ႔ ၾကည့္ေန၏။
"လာပါ ... အခု အရင္ျပန္ရေအာင္၊ ၿပီးမွ ဆက္စဥ္းစားတာေပါ့"
ဗညားထြဋ္ေခါင္ သိပ္ေတာ့ေက်နပ္ပုံမရေပမယ့္ လက္႐ွိအေျခအေနကိုေတာ့ သူလည္း သေဘာေပါက္ပုံရပါသည္။ ျပန္လိုက္လာသည္။
"အခန္းနံပါတ္မွားေနတာမ်ားလား"
"မမွားပါဘူး၊ ငါ ေနေနတဲ့အခန္းပဲကို"
ဗညားထြဋ္ေခါင္က နည္းနည္းေလးေတာင္ မေတြေဝ၊ အေသအခ်ာကို ေျပာေနတာမို႔ ပိုင္ခန္႔ကို ဘာဆက္ေျပာရမွန္းမသိေအာင္ ျဖစ္သြားရသည္။
"ေဖေဖက အခန္းကို တမင္ပိတ္ခိုင္းလိုက္တာမ်ား ျဖစ္ေနမလား မသိဘူး"
"မင္းအေဖနဲ႔ ျပႆနာျဖစ္လာတာေပါ့"
"အင္း ... ျပႆနာကေတာ့ ခနခနျဖစ္ေနက်ပါ၊ ငါ ေဖေဖ့ဆီ သြားမွ ျဖစ္မယ္"
"အခုလား၊ မင္းကလဲ ေနပါဦး"
ဗညားထြဋ္ေခါင္ပုံစံက အခုပဲသြားေတာ့မဲ့ပုံမို႔ ခပ္ျမန္ျမန္ တားလိုက္ရေသးသည္။ အခုသြားမယ္လုပ္ေနတာက တျခားေနရာမဟုတ္၊ ဦးထြဋ္ေခါင္ရဲ႕ ႐ုံးခန္း တဲ့။
"ေနလို႔မရဘူး၊ အခုက ဘာျဖစ္လို႔ျဖစ္ေနမွန္းလဲ မသိဘဲ၊ ငါက လမ္းေပၚမွာ ဒီတိုင္းေလွ်ာက္သြားေနရမွာလား"
"အခု ငါလည္း မနားရေသးေတာ့ ပင္ပန္းေနၿပီ၊ မနက္ျဖန္မွ ထပ္သြားၾကတာေပါ့"
ပင္ပန္းေနၿပီ လို႔ေျပာမွ ပိုင္ခန္႔ကိုအား တခ်က္ၾကည့္ရင္း "ၿပီးေရာ" ဆိုသည့္ ပုံစံနဲ႔ ေခါင္းညိတ္သည္။ ဗညားထြဋ္ေခါင္ ဆိုတဲ့ေကာင္ဟာ တကယ္ ျပႆနာေတြခ်ည္းပဲ ဖန္တီးေနေတာ့တာ ျဖစ္သည္။ အခုလည္း အသာတၾကည္ျပန္လိုက္လာလို႔သာ ေတာ္ေသး၏။ ဦးထြဋ္ေခါင္ ႐ုံးခန္းအထိ သြားတာကေတာ့ ေသခ်ာမွ သြားေစခ်င္သည္။
ပိုင္ခန္႔ကို ကိုယ္တိုင္လည္း ဒီေကာင့္ေနာက္ကို တေကာက္ေကာက္လိုက္ၿပီး ဘာလို႔မ်ား ဒုကၡခံေနရသလဲ ဆိုတာ ကိုယ့္ကိုယ္ကို နားမလည္ႏိုင္ေတာ့ေခ်။
.........................
"မင္း တစ္ေယာက္တည္း ေလွ်ာက္သြားမေနနဲ႔ဦးေနာ္"
ဖုန္းထဲမွာ တစ္ခုခုကို ႐ွာသလို ငုံ႔ၾကည့္ေနေသာ ဗညားထြဋ္ေခါင္က ေမာ့ၾကည့္သည္။ ဘာမွေတာ့ ျပန္မေျပာ။
"ငါ ညေန ဖုန္းဆက္လိုက္မယ္"
"မင္း မပင္ပန္းဘူးလား၊ အလုပ္လည္း သြားရေသးတယ္၊ ငါ့ဟာငါ သြားလိုက္ပါ့မယ္"
"မင္းျပႆနာတက္လာလို႔ လိုက္႐ွင္းရမွ ပိုပင္ပန္းမွာ၊ ညေန ငါျပန္လာတဲ့အထိ ၿငိမ္ၿငိမ္ေလး အိမ္မွာပဲ ေစာင့္ေနေပး"
ပိုင္ခန္႔ကို စကားေၾကာင့္ မေက်မနပ္ျဖစ္သြားပုံရတဲ့
ဗညားထြဋ္ေခါင္က ဖုန္းကို ပိတ္လိုက္ရင္း မ်က္ေမွာင္ၾကဳံ႕ကာ ၾကည့္သည္။ စေတြ႕တဲ့ရက္တုန္းကလို အခ်ိဳးမေျပတဲ့႐ုပ္မ်ိဳးနဲ႔ပဲ ျဖစ္၏။
"ငါ့ကို ျပႆနာ႐ွာတယ္လို႔ မင္းလည္း ထင္ေနတာပဲကိုး"
"အဲ့လိုပဲ ျဖစ္ေနတာေလ၊ မင္းက အခု ....၊ ငါတို႔အိမ္ကလူ ျဖစ္ေနၿပီ ဆိုေတာ့၊ မင္းျပႆနာတစ္ခုခုျဖစ္လာရင္ ငါေရာ မမေရာ မသိသလိုေနလို႔ရမွာ မဟုတ္ဘူး"
*ငါတို႔ အိမ္သား* လို႔ ေျပာမလို႔လုပ္ၿပီးမွ၊ *ငါတို႔အိမ္က လူ* လို႔ပဲ သတိထားကာ ေျပာလိုက္သည္။ ဗညားထြဋ္ေခါင္ကေတာ့ အသုံးအႏႈန္းေတြလည္း သတိထားမိပုံမရပါ။ ပိုင္ခန္႔ကို ကသာ ဘာလို႔ ဂ႐ုစိုက္မိေနမွန္း မသိ။
"ေအးပါ ... ငါမသြားပါဘူး၊ မင္း အလုပ္ကျပန္လာၿပီး မနားရဘဲ ငါနဲ႔လိုက္ေပးေနရတာ အားနာလို႔"
တခ်က္ေမာ့ၾကည့္ကာ ေျပာၿပီး၊ ဖုန္းကို ျပန္ငုံ႔ၾကည့္ေနသည္။ ဗညားထြဋ္ေခါင္ရဲ႕ ထိုအမူအယာေတြက ပုံမွန္ပဲလားေတာ့ မသိေပမယ့္၊ အားနာေနတဲ့ပုံ မေပါက္တဲ့အျပင္၊ အထက္စီးဆန္ဆန္ေျပာေနတဲ့ ပုံသာေပါက္သည္။ ဒီေကာင္က တကယ္ပဲ အသိုင္းအဝိုင္းႀကီးထဲက ျဖစ္ၿပီး၊ မမေျပာသလိုမ်ိဳး ေခါင္းကိုထိခိုက္မိလို႔ ဘာမွ မမွတ္မိေတာ့တာ တကယ္မ်ား ျဖစ္ေနမလားလို႔ေတာင္ ထင္လာမိသည္။
တကယ္သာ အဲ့ဒီလိုျဖစ္ၿပီး အားလုံးကိုျပန္မွတ္မိသြားခဲ့ရင္၊ စေတြ႕တဲ့ရက္ကလို အခ်ိဳးမ်ိဳးနဲ႔ ဗညားထြဋ္ေခါင္ဆိုတဲ့ေကာင္ဟာ သူ႕ကို ျပႆနာ႐ွာမွာ က်ိန္းေသ၏။ ဒါေပမယ့္လည္း ပိုင္ခန္႔ကို သူ႕ကိုထိုးလိုက္တာ၊ ေဆးခန္းကို ေခၚလာတာေတြကိုက်ေတာ့ အကုန္မွတ္မိေနျပန္သည္။ ဒါမွမဟုတ္ သူ႕ကို လူေတြ ေမ့သြားၾကတယ္ဆိုတာ တကယ္မ်ားလားမသိ။
*ငါ ဘာေတြေလွ်ာက္ေတြးေနပါလိမ့္* ဟု ကိုယ့္ကိုယ္ကို သတိေပးရင္း အလုပ္သြားဖို႔သာ ထြက္ခဲ့လိုက္ေတာ့သည္။ ဗညားထြဋ္ေခါင္အေၾကာင္း ၾကာၾကာစဥ္းစားရင္ သူပါ ႐ူးသြားႏိုင္သည္။
..........................
ဧည့္ခန္းက်ယ္ႀကီးထဲက ကြၽန္းကႏုတ္နဲ႔ေဘာင္ခတ္ထားေသာ ဆိုဖာခုံႀကီးေပၚ ထိုင္လိုက္၊ ထလိုက္လုပ္ကာ၊ မ်က္ႏွာအမူအယာနဲ႔တင္ ေဒါသျဖစ္ေနမွန္းသိသာေသာ အသက္ငါးဆယ္၀န္းက်င္ လူႀကီးတစ္ဦး။ ေဘးနားမွာ လက္ကို အေနာက္ပစ္ကာ ရပ္ေနၾကေသာ လူဆယ္ေယာက္ခန္႔၏ မ်က္ႏွာေတြက စိုးရိမ္ေၾကာင့္ၾကမႈအျပည့္ႏွင့္ ျဖစ္သည္။
"ရာဇာ .. မင္းတစ္ေယာက္လုံး႐ွိေနၿပီးေတာ့၊ ငါ့သားက ေပ်ာက္သြားစရာလား"
"ေတာင္းပန္ပါတယ္ ဆရာ"
ေတာင္းပန္စကားကိုၾကားလိုက္မွ ထိုလူႀကီး၏မ်က္ႏွာမွာ ပို၍တင္းမာသြားသလို၊ ေတာက္ေခါက္သံကလည္း ဧည့္ခန္းက်ယ္ႀကီးထဲ က်ယ္ေလာင္စြာ ထြက္ေပၚလာ၏။
"အဲ့တုန္းက မင္းက ဘယ္ေရာက္ေနလဲ ရာဇာ"
"ကြၽန္ေတာ္ ႐ွိေနပါတယ္ ဆရာ၊ ေဘးမွာ မင္းထြန္းလည္း ႐ွိပါတယ္၊ က်န္တဲ့သူေတြက ကားပါကင္မွာပဲ ေစာင့္ေနၾကတာပါ"
ရာဇာက ဒီလူေတြအားလုံးရဲ႕ ေခါင္းေဆာင္ပုံစံမ်ိဳးမို႔ သူ႕လူေတြအျပစ္ေတာ့ မဟုတ္ေၾကာင္း ႐ွင္းျပေပမယ့္၊ ဦးထြဋ္ေခါင္ကေတာ့ ဒီအခ်ိန္မွာ ဘာအက်ိဳးအေၾကာင္းမွ နား၀င္သည့္ပုံမေပၚပါ။
"အေပၚမွာ ေသာက္ေနရာကေန ကားထြက္ေမာင္းမယ္ဆိုၿပီး ေအာက္ဆင္းလာေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပါ အတူပါလာတာပါ၊ ၿပီးေတာ့ Toilet ၀င္ေနလို႔ အျပင္မွာ ရပ္ေစာင့္ေပးေနတုန္း၊ ေတာ္ေတာ္ၾကာတဲ့အထိ ျပန္ထြက္မလာတာနဲ႔ ကြၽန္ေတာ္တို႔ ၀င္ၾကည့္ေတာ့ မေတြ႕ေတာ့တာပါ"
"အဲ့ဒါ အဓိပၸာယ္႐ွိတဲ့စကားလား၊ ေတာက္ ..."
"ကြၽန္ေတာ္တို႔ အမွန္တိုင္းေျပာတာပါ ဆရာ"
ေဘးမွာ ရပ္ေနေသာ မင္းထြန္းကပါ ကိုယ္ကိုၫြတ္ကိုင္းရင္း ၀င္ေျပာသည္။
"အကိုေလးကို ကြၽန္ေတာ္တို႔ ေတြ႕ေအာင္ ျပန္႐ွာပါ့မယ္"
"ျပန္႐ွာ ...၊ ငါ့သားကို မေတြ႕ရင္ မင္းတို႔ မ်က္ႏွာေတြလည္း မျမင္ခ်င္ဘူး"
"ဟုတ္ကဲ့ပါ၊ ဒီလိုေတြ ျဖစ္ရတဲ့အတြက္ ေတာင္းပန္ပါတယ္ ဆရာ"
ရာဇာက ေတာင္းပန္စကား ခပ္တိုးတိုး ေျပာသည္။
"မေတာင္းပန္နဲ႔၊ မင္းတို႔ရဲ႕ အဓိပၸာယ္မ႐ွိတဲ့အေၾကာင္းျပခ်က္ေတြလည္း ထပ္မၾကားခ်င္ဘူး၊ ငါ့သားကိုပဲ ရေအာင္ သြား႐ွာ"
"ဟုတ္ကဲ့ပါ ဆရာ"
"ၿပီးေတာ့ ဒီကိစၥကို ဘယ္သူမွ မသိေစနဲ႔၊ မလိုအပ္တဲ့ စကားေတြေျပာဖို႔ ဒီအခ်ိန္မွာ ငါ စိတ္မပါဘူး၊ လူေပ်ာက္တိုင္တာမ်ိဳး ငါမခိုင္းတဲ့ အပိုကိစၥေတြ တစ္ေယာက္မွ မလုပ္နဲ႔၊ ရာဇာ ... ဒါေတြအကုန္ မင္းတာ၀န္ေနာ္"
"ဟုတ္ကဲ့ပါ ဆရာ၊ စိတ္ခ်ပါ"
စကားအဆုံးမွာ ဆိုဖာေပၚ စိတ္ပ်က္လက္ပ်က္ ထိုင္ခ်လိုက္ေသာ ဦးထြဋ္ေခါင္ရဲ႕ ေခါင္းထဲမွာေတာ့ အေတြးမ်ိဳးစုံက ေျပးလႊားလ်က္ ...။
အေမတူသား၊ ဗညားထြဋ္ေခါင္ဟာ အင္မတန္ ထိန္းသိမ္းရခက္ၿပီး ေခါင္းမာသည္။ "ကိုယ္လုပ္တာမွ အမွန္" ဆိုေသာ စိတ္က အေမျဖစ္သူဆီကေန အျပည့္အ၀ အေမြရထားတာ ျဖစ္လိမ့္မည္။ ေယာက်္ားနဲ႔သားကို ထားပစ္ခဲ့ၿပီး ဘြဲ႕ဒီဂရီေတြ၊ ရာထူးဂုဏ္ေတြကို ေ႐ြးခ်ယ္သြားေသာ ေဒၚမိုးမိုးခိုင္ ဆိုသည့္ ဇနီးသည္ကို ျပန္ျမင္ေယာင္မိသည့္အခါ၊ ဗညားထြဋ္ေခါင္သည္ "အေမတူသား" ဆိုတာ ျငင္းစရာပင္မ႐ွိေတာ့။
"ငါ ဒီေလာက္ ျပည့္စုံေအာင္ ျဖည့္ဆည္းေပးထားတာပဲ မိုး၊ မင္း ဘာမ်ားလိုအပ္ေနေသးတာလဲ"
"အို ... ႐ွင္ေပးထားတဲ့အေဆာင္အေယာင္ေတြနဲ႔ ႐ွင့္ေနာက္က လိုက္ၿပီး ပြဲတက္႐ုံတက္ေပးမဲ့ မိန္းမမ်ိဳး မဟုတ္မွန္း ႐ွင္ သိပါတယ္"
"သိတာေပါ့၊ အဲ့ဒါေၾကာင့္လည္း ငါ့ေနာက္မွာ မင္းကို ဘယ္တုန္းက ထားခဲ့ဖူးသလဲ၊ မင္း သူမ်ားေဆး႐ုံမွာ ၀န္ထမ္းလုပ္စရာမလိုပါဘူး"
"၀န္ထမ္းဆိုရင္လည္း ဒါဟာ ကြၽန္မအရည္အခ်င္းနဲ႔ ရထားတဲ့ေနရာမို႔လို႔ တန္ဖိုးထားတယ္၊ ကြၽန္မက အဆင္သင့္ အခန္းထဲ၀င္ထိုင္ရမဲ့ ေဆး႐ုံအုပ္ျဖစ္ခ်င္တာ မဟုတ္ဘူး"
"သားကို ထည့္မတြက္ေတာ့ဘူးလား မိုး"
ဦးထြဋ္ေခါင္ ေနာက္ဆုံးလက္နက္ကို ထုတ္သုံးလိုက္ေပမယ့္၊ မာနအေရာင္နဲ႔ တဖ်တ္ဖ်တ္လက္ေနခဲ့ေသာ ေဒၚမိုးမိုးခိုင္ရဲ႕ မ်က္၀န္းေတြက အေရာင္ေဖ်ာ့မသြားပါ။ ေတြေဝျခင္း မ႐ွိဘဲ စကားကို ဆက္သည္။
"သားကို ထားခဲ့ေပးရမလား၊ ကြၽန္မေခၚသြားရမလားဆိုတာ ႐ွင္ပဲ ဆုံးျဖတ္ပါ"
"ငါ့သားကို ငါေခၚထားမွာ ... "
ေခါင္းမာသည္။ တဇြတ္ထိုးဆန္သည္။ သံေယာဇဥ္နည္းသည္။ အဆိုးဆုံးက သူတို႔ရဲ႕စိတ္ကို ျပဳျပင္ေျပာင္းလဲ မခံေသာ သားအမိႏွစ္ေယာက္ျဖစ္သည္။ သားျဖစ္သူကို အေကာင္းဆုံး ျပဳစုပ်ိဳးေထာင္ဖို႔ သူ႕နည္းလမ္းဟာ မွားေနခဲ့သလား။ မိုးနဲ႔ သားကို အေကာင္းဆုံးဆိုတာေတြသာ ေပးခဲ့သည္။ ဘယ္ေနရာက မွားေနေသးလဲဆိုတာ မသိေတာ့ပါ။
ေစာေစာက ေဒါသနဲ႔ေအာ္ဟစ္ေသာင္းက်န္းေနခဲ့ေသာ ဦးထြဋ္ေခါင္ဟာ အခုေတာ့ ဖုန္းနံပါတ္ တစ္ခုကို ေခၚဆိုရန္ တြန္႔ဆုတ္စြာျဖင့္ .....။
..........................................................................................