Promise

By Leowang2004

28.8K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... More

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise- 7
Promise 8
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 16
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise 9

803 75 24
By Leowang2004

"ကျန့်  "

"ဘာလို့ကျန့်က အဲ့ရစ့် ကိုပစ်ထားရတာလဲ "

"မအားလို့ "

"ကျန့် ညကဂိမ်းဆော့တာလဲ အဲရစ့်ကိုကာကွယ်ပေးဘူး"

"မင်းကိုသာလိုက်ကာကွယ်ပေးနေရင်ပွဲရှုံးသွားမှာပေါ့"

"ကျန့်ဘာစကားပြောလိုက်တယ်"

"လမ်းခွဲရအောင်"

"ဘာ "

"ငါစကားကိုနှစ်ခါမပြောဘူး"

"တို့နဲ့တွဲတာ  နှစ်ပတ်စွန်းရုံလေးရှိသေးတယ်လေ "

"မင်းကိုစတွဲကတည်းကစိတ်ပါလို့မဟုတ်ဘူး ငါစိတ်ညစ်နေတဲ့အချိန်ပြောချင်ရာပြောမိလိုက်တာ ငါတောင်းပန်တယ်"

"ဘာဖြစ်လို့လဲ ဘာကြောင့်လဲကျန့်ရဲ့  ......"

"ငါ့အမှားမို့တောင်းပန်ပါတယ်အဲရစ့် ဒီလောက်နဲ့ရပ်ကြတာပေါ့"

"ဘာလို့လဲ ကျန့် ဘာကြောင့်အခုလိုလုပ်ရတာလဲဆိုတာပြောပြ"

ရှောင်ကျန့်အနေနဲ့သူ့အရှုပ်ကိုရှင်းပစ်တာကောင်းတယ် ဒါကြောင့်ပဲ ပန်းခြံမှာချိန်းပြီးလမ်းခွဲစကားပြောလိုက်ခြင်းပင် ဒါကိုသူမလိုလားသည့်ပုံမပေါ်ဘာပဲဖြစ်ဖြစ်ရှောင်ကျန့်ရှင်းထုတ်ပစ်ရမည်ဒါမှသာ ရိပေါ်ကသူ့ကိုစိတ်မခုမှာ

"ငါ့မှာချစ်သူရှိပြီးသား သူနဲ့ပြဿနာတတ်တုန်းမင်းရောက်လာတော့စိတ်ဖြေတဲ့သဘောတွဲမယ်ပြောလိုက်မိတာ"

"ဘာ ရှောင်ကျန့် နင် နင်ကသူနဲ့ငါမှာသူ့ကိုရွေးချယ်တယ်ပေါ့့"

"ငါသူ့အပေါ်သစ္စာမဖောက်ချင်ဘူး ပြီးတော့သူနဲ့အရင်တွဲတာ"

" ဖြန်း !! ဟား ဒါကြောင့် ညတိုင်းမအားတာနဲ့ လိုင်းပေါ်မှာရှိနေပြီးစကားမပြောတာနဲ့ကိုးနင့်လုပ်ရက်အတွက်ပေးဆပ်ဖို့ပြင်ထားငါက သူများကိုကစားရတာကြိုက်ပေမယ့်ငါ့ကိုကစားရင်တော့နည်းနည်းလေးမှမခံဘူး "

ရှောင်ကျန့်ကိုဒေါသတကြီးပြောဆိုကာထွက်သွားသောသူမကိုကြည့်ပြီး အရိုက်ခံလိုက်ရတဲ့ဘယ်ဘက်ပါး ပါးစောင်ကိုလျှာနဲ့ထိုးကာ နှုတ်ခမ်းအောက်ကမှဲ့နက်လေးကော့တက်သွားအောင်ပြုံးလိုက်တယ် မိန်းကလေးနဲ့ဖက်ပြီးရန်ဖြစ်ရတာမျိုးရှောင်ကျန့်မကြိုက်ပေသူ့လုပ်ရက်မှားနေတာကြောင်ငြိမ်ခံနေတာလဲပါသည်  ဖုန်းလေးကိုထုတ်ကာ ပုလုံးလို့မှတ်ထားတဲ့ ဖုန်း contact လေးကိုနှိပ်ကာ ဖြေသံလေး‌အားစောင့်နေလိုက်သည်

ခဏအကြာကြားလိုက်ရတဲ့အသံဩောဩောလေးကြောင့်စုကျုံ့ထားတဲ့မျက်ခုံးတစ်စုံကပြေလျော့လို့ စောနကနဲ့မတူလှပတဲ့အပြုံးလေးဖြစ်ထွန်းလာတာကိုယ်ကိုယ်တိုင်တောင့်သိပါ့မလားလေ

"ဟလို"

"တွေ့ရအောင်ညနေကျရင် "

"ဟင် "

"ကိုယ်စာပို့ထားတဲ့နေရာကိုလာခဲ့ လမ်းမသိရင်ပြောပြမယ် "

"ဟင် မဟုတ်ဘူးလေ မားမားနဲ့ပါးပါးတို့ရှိတယ်  မလာပါရစေနဲ့လား"

"ပုလုံးမလာရင် ကိုယ်မင်းအိမ်လိုက်လာမှာ"

"အဲ့လိုတော့မလုပ်ပါနဲ့ အပြင်ထွက်ဖို့ကိုဘယ်လိုပြောရမလဲမသိဘူး "

"သူငယ်ချင်းနဲ့မုန့်သားမယ်ဆိုပြီးထွက်ခဲ့"

"အင်းပါကြိုးစားကြည့်ဦးမယ်"

ချသွားတဲ့ဖုန်းလေးကိုကြည့်ကာရိပေါ်စိတ်ညစ်မိသည် မသွားရင်လဲ အိမ်ထိလိုက်လာပြီးအဖြေတောင်းတုန်းကလိုအော်မှာကြောက်သည် သွားရင်လဲ အကြောင်းမရှိဘဲအပြင်သိပ်မထွက်တဲ့ရိပေါ်ကိုမေးမြန်းကြမှာစိုးတယ် ရိပေါ်မလိမ်ဖူးဘူး ဒါကြောင့်ရိပ်မိသွားမှာသိပ်ကြောက်မိတယ် သို့ပေမယ့်လဲ သူမသွားရင်ပိုဆိုးလာမယ့်ပြဿနာမို့သွားဖို့သာဆုံးဖြတ်လိုက်တယ် နာရီကိုကြည့်တော့သုံးနာရီ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်တော့ ကြောင်ချီးရုပ်လေးလိုဖြစ်နေတာကြောင့်ရေချိုးကာဖီးလိမ်းပြင်ဆင်လိုက်တော့သည်
( သူသိပ်မသွားချင်ရှာဘူးပဲ😑)

"သားငယ် "

"ဗျာ"

"သန့်ပြန့်လို့ပါလား"

"ဟာ မားမားကလဲ သားကအရင်ကလဲဒီတိုင်းပါပဲ "

"ဟုတ်ပါပြီ "

ရိပေါ်ရဲ့အတင်းငြင်းနေတဲ့ပုံကိုကြည့်ပြီး ရိပေါ်မားမားက စာရင်းတွေကိုမျင်စစ်နေတော့သည် ရိပေါ်လဲ ခွသ့်တောသ်းဖို့ရာမားမားရဲ့ဘေးမှာဝင်ထိုင်ကာ ပြောဖို့အားမွေးလိုက်သည်

"မားမား"

"ပြောလေသားငယ်"

"သားလေ သူငယ်ချင်းတွေနဲ့မုန့်ထွက်စားချင်လို့ "

"ဘယ်သူနဲ့လဲ ဖန်းလေးနဲ့လား"

"မဟုတ်ပါဘူးမားမားကျူးကျူးနဲ့"

"အင်းသွားလေ သားရဲ့ ဒါမယ့်သိပ်မနောက်ကျစေနဲ့အခူတောင်လေးနာရီခွဲတော့မယ် "

"ဟုတ် အာဘွား သားသွားတော့မယ်နော် "

"ဟုတ်ပါပြီ "

ဟူးးးတော်သေးသည်ရိပေါ်လိမ်တာမားမားမရိပ်မိလို့ အမြန်ပဲစက်ဘီးလေးထုတ်ကာ ဦးတည်ရာကရှောင်ကျန့်ချိန်းဆိုသည့်နေရာသို့

ရိပေါ်ကိုချိန်းတဲ့နေရာလေးက သူ့တို့ရပ်ကွက် နှစ်ခုအကျော်က တောလမ်းလေးပင် အရင်က ပန်းခြံလေးလုပ်ထားပေမယ့် လူသိပ်မသွားတော့လို့အခုဆို ခြံတွေခပ်များများရယ် တောတွင်းလေးနဲ့တူနေသည်

ရိပေါ်ရောက်တော့ သူ့ကိုကျောပေးကာ မတ်တပ်ရပ်နေသော ရှောင်ကျန့် ရိပေါ်ကိုချိန်းထားတဲ့နေရာလေးက ကန်ရေပြင်လေးနဲ့အတူခုံတန်းလေးရှိ‌တဲ့နေရာ ရိပေါ်တောင်ပထမဆုံးရောက်ဖူးခြင်းပင် နေရာလေးကတော်တော်လေးလှပသည် စိတ်ကြည်လင်သည်ရိပေါ်စိတ်လွတ်လပ်ရပြုံးလိုက်မိတော့သည်


"ရောက်နေတာကြာပြီလား "

"......."

"ရှောင်ကျန့် "

".........."

"ကိုကို ......"

ရိပေါ်စိတ်ထဲတစ်ခုခုကိုအလိုမကျသလိုခံစားရသည် ဘယ့်နှယ်သူခေါ်နေတာကြာပြီး ဘာလို့စကားမပြောရတာပါလိမ့် ရိပေါ်ကအရူးကြီးကျလို့သူ့ကိုစိုက်ကြည့်နေပုံများ မယ်ဒူဆာဆိုရိပေါ်ကျောက်ရုပ်ဖြစ်နေလောက်ပြီ

ရှောင်ကျန့်ရိပေါ်ကိုစောင့်နေတုန်း  အနောက်ကခေါ်သံကြောင့်လှည့်ကြည့်မိတော့ ရိပေါ်က ချစ်စရာကောင်းလွန်းနေသည် ဘယ်လိုလေးပါလိမ့် ကလေးလေးလိုပဲ ဖြူလုံးလေးက အဖြူရောင် hoodie လေးနဲ့သိပ်လိုက်ဖတ်နေသလို သူ့မျက်လုံးထဲဒီနေ့မှပိုချစ်ဖို့ကောင်းနေသလိုရင်ခုန်သံတွေကလဲ အရင်နေ့နဲ့မတူထိန်းမရသိမ်းမရ

"အဟမ်း ရောက်လာပြီလားရော့ "

"ဟင် ကျနော့်အတွက်လား"

"ဟုတ်တယ်  ပထမဆုံးဒိတ်အတွက်လက်ဆောင် "

"ဟီးးသဘောကျတယ် "

"အင်း မင်းနဲ့လိုက်တယ် "

ပန်းစီးထိုးပေးလာတဲ့ရှောင်ကျန့်ကပထမဒိတ်အတွက်လက်ဆောင်ပါတဲ့ ဒီလိုကျပြန်တော့ရှောင်ကျန့်ကချစ်တတ်သူကြီးပါလား ပေါ့

စကားတွေအများကြီးပြောကြတယ်ခုံတန်းလေးပေါ်မှာထိုင်ရင်းအချိန်တွေကုန်ဆုံးတယ် အတော်လေး ကြာမှရိပေါ်ကပြန်ဖို့စကားစတယ်

"နောက်ကျနေပြီ ရှောင်း ဟမ်း မဟုတ်ဘူးကိုကို"

"အင်း ကိုယ်လိုက်ပို့ပေးမယ် ဒါမယ့်ပါးလေးကိုနမ်းမယ် "

"ဟင် "

"ရွတ်စ့် !!"

"ကို ကိုကို "

"ဟား မွှေးနေတာပဲ ဘာတွေလိမ်းထားတာလဲ "

"မ မလိမ်းပါဘူး"

"ကလေးရဲ့ကိုယ်သင်းနံ့လေးကိုကြိုက်တယ်သဘောကျတယ် "

" ကလေး ဟုတ်လား"

"အင်း ကိုယ့်အတွက်ဖြူစင်လွန်းတဲ့ကလေး "

"......."

"သဘောကျလား"

"အင်း သဘောကျတယ် ထားသွားမှာလားဟင် "

"ကလေးကိုရွေးချယ်ထားတာမို့မစွန့်လွှတ်ဘူး "

"တကယ်လား ကျနော့်ကိုမလှည့်စားပါနဲ့ ကျနော်ကခင်များတွေ့ဖူးတဲ့သူတွေလိုမဟုတ်ဘူး "

"ချစ်တယ် "

"........"

"ပြွတ်စ့်  "

"သွားမယ်ကိုယ်လိုက်ပို့ပေးမယ် "

"အွန်း "

__________

အိမ်ပြန်ရောက်တဲ့အထိရိပေါ်ဟာမယုံနိုင်သေး သူ့ပါးကိုနမ်းလိုက်တာများနူးနူးညံ့ညံ့ တွေးရင်းနဲ့ရက်တွေခုန်လာသည် လူဆိုးကောင်ရဲ့လုပ်ပုံနဲ့တော့ ကြာရင် ရိပေါ်တကယ်ချစ်မိတော့မည် ပြီးတော့နှုတ်ခမ်းး အားးးရှက်လိုက်တာ

ရိပေါ်တစ်ယောက်အခန်းထဲကမှန်တင်ခုံရှေ့မှာ သူ့ပါးကိုကိုင်ရင်းစဉ်းစားခန်းဝင်နေကာ နောက်ဆုံးနှုတ်ခမ်းကိုလက်နဲ့ထိအားလို့အော်ပြီးမွေ့ရာပေါ်လှဲချပစ်သည် ပါးနှစ်ဖက်နီမြန်းနေတဲ့ကောင်လေးကသိပ်ရှက်နေရှာမှန်းသိသာလွန်းသည်

အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်စဉ်းစားနေမိတာက ပုလုံးလေးအကြောင်း အစကတော့စိတ်ပျော်ရုံ သက်သက်ကစားမယ်ဆိုပြီးတွဲခဲ့ပေမယ် အခုတော့ သူ့ရဲ့စိတ်ကူးတွေပြောင်းလဲလာပြီထင်ပါတယ် ထိုကောင်လေးကပြုစားလွန်းတယ်ဖြူစင်လွန်းတဲ့က‌လေးသာသာလေးတွေကိုစိတ်မဝင်စားပေမယ့်ဒီကောင်လေးကတော့သူများတွေနဲ့မတူနူးညံ့တဲ့အသားရေကဆွဲမွပစ်ချင်စရာ ရှောင်းထိတွေ့မိတဲ့ နီမြန်းနေနဲ့ ပါးလေးနဲ့ရဲဆွေးစိုအိနေတဲ့နှုတ်ခမ်းလေးကရှောင်ကျန့်စိတ်အစုံက လွတ်ထွက်စေတယ်

စဉ်းစားရင်းပြုံးမိပြန်တော့ လမ်းကလူသွားလူလာတွေကိုကြည့်ရသေးတယ် တော်ကြာ အရူးလို့ထင်နေမှာစိုးသေး  အိမ်ထဲကိုဝင်မလို့လုပ်ခဲ့ပေမယ့် သူ့ရှေ့လာပိတ်တဲ့ကားကြောင့် အပျော်တွေပျက်စီးကာ မေးရိုးတွေကထင်းကနဲ

"သား "

"ဘာကိစ္စလဲ "

"သားအဖေ့ကိုနည်းနည်းလေးမှမကြည့်တော့ဘူးလား "

"ကြည့်စရာမလိုဘူးအဖေ့မယားငယ်မရှိနေတယ်လေ ပိုက်ဆံလဲရှိတယ်ဘာလိုသေးလို့လဲ"

"သရဲ့ချစ်ခြင်းမေတ္တာတွေကိုသားအဖေကလိုအပ်နေတာလေ "

"ခင်များဝင်မပြောနဲ့"

"သားမရိုင်းစမ်းနဲ့ "

"ရိုင်းတယ်ဗျာ ခသ်များတို့ကိုစိတ်ကုန်တယ် ထွက်သွား "

"သား "

"မခေါ်နဲ့ ကျနော်ကခင်များသားမဟုတ်ဘူး"

"အမြဲတမ်းတံခါးဖွင့်ထားတာမို့ သားအမြင်မှန်ရတဲ့တစ်နေ့ လှမ်းလာခဲ့ပါ "

"........."

ထွက်သွာူတဲ့ကားလေးကိုကျောခိုင်းလို့ လက်သီးလက်မောင်းတင်းနေအောင်စုတ်ထားတဲ့ရှောင်ကျန့်က ဖြတ်သွားဖြတ်လာတွေတောင်ရှိန်စေတယ်

"အားးးး ဒုန်းးး စောက်ကျက်သရေတုန်းလွန်းတယ် "

#တိုသွားပေမယ့် စာဖတ်သူတစ်ယောက်က ပူဆာနေလို့တင်လိုက်ပြီ



Zawgyi

"ကျန့်  "


"မအားလို့ "




"လမ်းခွဲရအောင်"

"ဘာ "














"ဟလို"

"တွေ့ရအောင်ညနေကျရင် "

"ဟင် "








"သားငယ် "

"ဗျာ"

"သန့်ပြန့်လို့ပါလား"


"ဟုတ်ပါပြီ "


"မားမား"

"ပြောလေသားငယ်"






"ဟုတ်ပါပြီ "





"ရောက်နေတာကြာပြီလား "

"......."

"ရှောင်ကျန့် "

".........."

"ကိုကို ......"




"ဟင် ကျနော့်အတွက်လား"


"ဟီးးသဘောကျတယ် "

"အင်း မင်းနဲ့လိုက်တယ် "





"ဟင် "

"ရွတ်စ့် !!"

"ကို ကိုကို "


"မ မလိမ်းပါဘူး"


" ကလေး ဟုတ်လား"


"......."

"သဘောကျလား"




"ချစ်တယ် "

"........"

"ပြွတ်စ့်  "


"အွန်း "

__________





"သား "

"ဘာကိစ္စလဲ "




"ခင်များဝင်မပြောနဲ့"

"သားမရိုင်းစမ်းနဲ့ "


"သား "



"........."




Continue Reading

You'll Also Like

225K 7.7K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
157K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
207K 4.3K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
125K 5.4K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...