π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode:24

Episode 23

1.2K 130 68
By sunflower06h

သင်းကွဲအုပ်စု တည်နေရာနှင့် ခပ်လှမ်းလှမ်းတွင်ရှိသော လွင်ပြင်ကျယ်တွင် ထိုင်ရင်း အတွေးနယ်ချဲ့နေမိသည်။ သည်ရက်ပိုင်းအတွင်း သူ့စိတ်ထဲရှိသည့် အကြောင်းအရာက ဒွိဟဖြစ်ရသည့် ဆုံးဖြတ်ချက်တို့သာဖြစ်သည်လေ။

ဘာကြောင့်များ အကြောင်းတိုက်ဆိုင်စွာ အရှင်သည် ထိုသူ၏ မျိုးဆက်ဖြစ်နေရသည်လဲ။ သူကရော ဘာကြောင့်များ ထိုလူယုတ်မာ၏ မျိုးဆက်နှင့်မှ မေတ္တာမျှမိသည်လဲ။ အိုဝမ်၏ ခနဲ့စကားက အရှိုက်ထိသယောင် ခံစားရသည်​ကြောင့် ခံပြင်းလှပါသည်။

မယ်မယ့်ဘက်ကိုသာ ကြည့်လျှင် သွေးဆူလောက်သည့် အတိတ်တို့ပင် ဖြစ်လင့်ကစား သနားစဖွယ် အရှင်ကိုလည်း သူမစွန့်ပစ်ရက်ပါ။ တကယ်တမ်း အရှင့်အား သစ္စာဖောက်လိုလျှင် သူကအခြားသူများထက်ပင် လွယ်ကူသေးသည်လေ။

သို့သော်လည်း ခရမ်းစွဲရောင် မျက်ဝန်းဝိုင်းလေးများအား မြင်ယောင်မိသည့် အချိန်တိုင်း အားနာစိတ်ဖြစ်ပေါ်သည်။ သူသည် အရှင့်အား ကာကွယ်ပေးမည်၊ အရှင့်အာဏာစက် တည်မြဲအောင် ကူညီပေးမည်ဟူသော ကတိဖြင့် အရှင့်အနားရောက်လာခဲ့သည့်တိုင် လက်တွေ့သည်တော့ သူ့အား စကားမတည်သူဖြစ်အောင် တွန်းပို့နေသယောင်ယောင်ပါပင်။

စိတ်ရှုပ်ထွေးစွာဖြင့် ဆံပင်များကို ထိုးဖွလိုက်ကာ လေပူအချို့ မှုတ်ထုတ်လိုက်မိသည်။ ယခုလို စိတ်ရှုပ်ထွေးနေရချိန် အရှင့်ကို တွေ့လည်း တွေ့ချင်သလို မတွေ့လည်း မတွေ့ချင်ပါ။ အရှင့် မျက်ဝန်းလေးများသည် သူ၏ အဓိကပျော့ကွက်မို့ မမျှော်လင့်ပဲ အရာအားလုံး ဝန်ခံမိကာ မျိုးနွယ်တစုလုံး တသီတတန်းကြီး ဒုက္ခရောက်သွားနိုင်သည်ပင် မဟုတ်လား

သို့သော်လည်း ဦးလေးပတ်ခ်၏ အစီအစဥ်ကိုလည်း သူသဘောမတွေ့ပါ။ အပြစ်လုပ်ခဲ့သည်ဆိုလျှင်တောင် အပြစ်လုပ်ခဲ့သူက အရင်မင်းကြီးပင် မဟုတ်လား။ အရှင်ဟာ ခမည်းတော်ဖြစ်သူ၏ ယုတ်မာမှုတို့ကို သိခဲ့သည်မှ မဟုတ်ပဲ... အရှင့်ကိုတော့ မသက်ရောက်သင့်ဟု သုံးသပ်မိသည်။

*အကြာကြီးတွေဝေနေလို့လည်း မဖြစ်ဘူး.. ငါဘာလုပ်သင့်လဲ.. ဘာလုပ်ရမလဲ*

အရှင့်ကိုရွေးချယ်လျှင် ယခုလို ဦးလေးပတ်ခ်မရှိချိန်တွင် အရှင့်အနားပြန်သင့်ပြီဖြစ်ကာ ကျေးဇူးတရားနှင့် သွေးကြွေးကိုရွေးချယ်လျှင် အရှင့်နှင့် ဝေးသထက်ဝေးသည့် လမ်းကိုရွေးချယ်ရတော့မည်။ ဆုံးဖြတ်ချက် နှစ်ခု၏ အလယ်ဗဟိုမျဥ်းပေါ်၌ ရပ်နေရသည့် ခံစားချက်ကား ဆိုးရွားလွန်းပါ၏။ ဘယ်ဘက်ကိုရွေးရွေး ငဲ့စရာရှိနေသည့် အနေအထားက သူ့အားပို၍ ကျဥ်းထဲကျပ်ထဲရောက်စေသည်မှာ အမှန်ပင်။

*ဟင် ရုတ်တရက် ဘာလို့ လာဗင်ဒါနံ့...?*

ရုတ်ချည်းဆိုသလို အာရုံထဲတိုးဝင်လာသည့် လာဗင်ဒါအနံ့ကြောင့် လှည့်ကြည့်မိသည့်အခါ မြင်းကို ဒုန်းစိုင်းစီးကာ ခရီးနှင်လာသည့် အရှင်။ အချိန်မတော်မှ ရောက်လာရလောက်သည်အထိ ကြီးမာသော အကြောင်းကိစ္စရှိနေခဲ့ဟန်ပေါ်သည်။

"အရှင်?"

"alpha!"

အရှင်ဟာ စကားများများ မဆိုပဲ သူ့ရင်ခွင်အတွင်း အတင်းတိုးဝင်ခိုလှုံသည်။ အလန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသော်လည်း တော်သေးသည်က သူတစ်ယောက်သာ ရှိနေသည်မို့ပင်။ ပတ်ဝန်းကျင်ကိုပင် သတိမမူနိုင်ပဲ ပြုမူနေပုံအရ အရှင်ဟာ သူ့ကို အတော် သတိရနေခဲ့ပုံပေါ်သည်။

"ဘယ်လိုဖြစ်ပြီး လိုက်လာတာလဲ အရှင်"

"ခင်ဗျားက ဘာလို့ ကိုယ်တော့်ကို ရှောင်​နေလဲ!"

"ကျုပ် မရှောင်ပါဘူး အရှင်ရဲ့.. ဒီအတိုင်း ဒီမှာ ကိစ္စအချို့ ရှိနေလို့ပါ"

"ညာတာ! ကိုယ်တော် ဆင့်ခေါ်ခဲ့တာကိုတောင် သုံးခါတိတိ ငြင်းခဲ့ပြီးတော့..."

"ဟင်? အရှင် ကျုပ်ကို ခေါ်သေးတာလား?"

"ဟုတ်တယ်လေ! ခင်ဗျားပဲ ငြင်းခဲ့တာဆို။ သုံးခါတောင် ပြန်ငြင်းခဲ့တာတဲ့။ ကိုယ်တော့်ကို အဲ့လောက်တောင် မတွေ့ချင်တာလား. ဟမ်!"

အရှင်ပြောသည့် အ​ကြောင်းအရာကို သူမသိ... သည်နယ်မြေတွင် သူရှိနေသည့် တောက်လျှောက် နန်းတော်မှ အဆက်အသွယ်တခါမျှ မရှိခဲ့သည်လေ။ သို့မဟုတ် တယောက်ယောက်က ကြားထဲမှ မလည်ရှုပ်လုပ်လိုက်သည်များလား?

"မဟုတ်တာ အရှင်ရယ်။ ကျုပ် မသိလိုက်လို့ပါ။ သိမှဖြင့် အရှင့်ဆီ လာခဲ့မှာပေါ့။ တခုခုများ အဆင်မပြေဖြစ်နေလို့လား"

ချက်ချင်းဆိုသလို မျက်နှာညှိုးသွားသည့် အရှင်ကြောင့် သူတင်မက အရှင့်မှာပါ စိတ်ရှုပ်ထွေးစရာတို့ ရှိနေကြောင်း ထယ်ဟျောင်း ခန့်မှန်းလိုက်မိသည်။ သူမရှိချိန် နန်းတွင်းမှာကော ဘာတွေဖြစ်သွားခဲ့သည်များလဲ။ ထယ်​ဟျောင်းကိစ္စက ထုတ်ပြော၍ မဖြစ်နိုင်သော်လည်း အရှင် စိတ်ရှုပ်ထွေးရသည့် ကိစ္စကိုတော့ ပေါ့ပါးသွားစေလိုငြား နားထောင်ပေးချင်မိသည်။

"ပြောရရင် အရှည်ကြီးပဲ... ဒါပေမယ့် ကိုယ်တော် အခုလာတာက အဲ့ဒါကြောင့် မဟုတ်ဘူး"

အရှင်က လက်ဝါးနုနုတို့ဖြင့် သူ့မျက်နှာကို အုပ်ကိုင်ရင်း မျက်ဝန်းတို့ကို ဆုံစေသည်။ alpha၏ မျက်ဝန်းစိမ်းစိမ်းတို့သည်လည်း စကားမဆိုနိုင်ပဲ ရီဝေဝေသာ ကြည့်နေမိသည်မှာ ဘယ်လောက်ထိ လွမ်းနေခဲ့​ကြောင်း သိသာပါသည်။ သည်မျက်နှာနုနုအား အနီးကပ်မမြင်ရသည်မှာ ဘယ်လောက်တောင် ကြာပြီလဲလေ..

"ကိုယ်တော်တို့ကြားမှာ ပိုပြီး ပွင့်လင်းသင့်တယ်လို့ ခံစားမိလို့ alpha... တခါတလေ ကိုယ်တော်က ခင်ဗျားရဲ့ mateဖြစ်ပြီး ဘေးလူလောက်တောင် ခင်ဗျားအကြောင်း မသိရဘူးလို့ ခံစားရလို့ ဝမ်းနည်းတယ်..."

"မဟုတ်တာ အရှင်ရယ်...အဲ့ဒါကြောင့် ဒီအထိတောင် လိုက်လာခဲ့တာလား...."

စကားမဆိုပဲ ခေါင်းတဆတ်ဆတ်ငြှိမ့်သည့် အရှင့်ကို ကြည့်ရင်း alphaတစ်ယောက် အဖြေစကား ကင်းမဲ့ရပြန်သည်။ တဆက်တည်းမှာပင် ဝေခွဲရခက်ဖြစ်နေသည့် ကိုယ့်ကိုယ်ကို အပြစ်လည်း တင်မိသည်။ အရှင်က သူ့အပေါ် သည်လောက် တွယ်တာတာ သူက ဘာကြောင့် တွေဝေနေရသည်လဲ...

"ကိုယ်တော် ခင်ဗျားကို ယုံကြည်ချင်တယ်.. alpha.. အကြွင်းမဲ့ပေါ့... ကျေးဇူးပြုပြီး ကိုယ်တော့်ကို ပွင့်လင်းပေးနိုင်မလားဟင်"

စကြာဝဠာတခုလုံး ထည့်ထားသည် ထင်ရလောက်သော မျက်ဝန်းတောက်တောက်လေးများက တောင်းဆိုချက် မှန်သမျှကို ငြင်းဆန်ရခက်စေသည်။ ဘာအကြောင်းကိစ္စကြောင့် အရှင်ဟာ သည်လို စကားမျိုးဆိုမှန်း မသိသော်လည်း အားကိုးရှာနေဟန်ပေါ်သည့် ခရမ်းစွဲရောင် မျက်ဝန်းလေးတို့က သူ့အား ဆက်၍ အရှည်မတွေးနိုင်စေရန် ညှို့ယူသည်။

"အင်း... အရှင်တောင်းဆိုမှတော့ ကျုပ်ဘယ်ငြင်းနိုင်ပါ့မလဲ.."

အချစ်ဟူသည် အလွန် အားပြင်းသော ခံစားချက် နာမ်စားတစ်ခုပင်ဖြစ်သည်။ တလျှောက်လုံး ဒွိဟဖြစ်ခဲ့ရသမျှက အရှင့်မျက်ဝန်းလေးများနှင့် ယှဥ်လာသည့်အခါ ဘေးရောက်သွားသည်တဲ့... အရှင့်မျက်ဝန်းလေးများက အမှန်ပင် alpha၏ အားနည်းချက်ပါပင်..

*တောင်းပန်ပါတယ် မယ်မယ်။ ကျနော် ဒီမျက်ဝန်းလေးတွေကို လွန်ဆန်နိုင်မယ် မထင်ဘူး*

"တကယ်တော့ ကျုပ်က---"

"အာ့!!"

"အရှင်! ဘယ်လိုဖြစ်တာလဲ အဆင်ပြေရဲ့လား!?"

အာရုံတစိုက် နားထောင်နေရင်းမှ ရုတ်ချည်းဆိုသလို ဝမ်းဗိုက်ကို ဖိနှိပ်ကာ နာကျင်သံပြုရင်း ခွေကျသွားသည့် အရှင့်ကြောင့် သူပါ ထိတ်လန့်ရသည်။ ထွေးပွေ့ထားမိရင်းပင် ခံစားမိသည့် သာမန်ထက် ပြင်းထန်လာသော လာဗင်ဒါနံ့နှင့် ပူနွေးသည့် အသားအရည်တို့အရ အရှင်လေး၏ heatက တကျော့ပြန်ခဲ့ပုံပေါ်ပါသည်။

အရှင်ဟာ ဆေးတို့၏ အကျိုးဆက်ကြောင့် တချက်တချက်တွင် heatကာလ နာကျင်မှုတို့ကို ခံစားရဆဲပင် မဟုတ်လား။ နေသာစေရန် ကျောပြင်ငယ်အား ခပ်ဖွဖွပွတ်သပ်ပေးမိတော့ ရင်ခွင်တွင်း ပို၍ တိုးဝင်ရင်း ကိုယ်ငွေ့အား ပို၍ ခိုလှုံသည်။ လွတ်ထွက်သွားမည်ကို ကြောက်သည့်အလား ဖက်ထားသည့် အရှင့်ကိုကြည့်ရင်း ထယ်ဟျောင်းရင်ထဲလည်း လေးလံလာမိ၏။

"အရမ်းနေရခက်နေလား အရှင်..."

"ဟင့်အင်း.. ခုတော့ အဆင်ပြေလာပါပြီ.. ခင်ဗျား ရှိလို့လေ alpha"

ထိုစကားက alpha၏ ရင်အစုံကို လှုပ်ခတ်စေသလို မျက်ဝန်းစိမ်းတို့ကိုပါ မတည်မငြိမ်ဖြစ်စေပြန်သေးသည်။ အရှင်ဟာ သူ့အပေါ် ဘယ်လောက်ထိ တွယ်တာလိုက်သလဲ... သန်မာပုံကိုသာ ပြချင်သည့် အရှင်ဟာ သူ့အပေါ်တွင်တော့ ပုံရိပ်မျိုးစုံကို ​ပြသရန် ဝန်မလေးသူပင်။ ဒါကိုတောင် သူက ဝေခွဲရခက်နေသည်က အမှန်ပင် စိတ်ပျက်ဖွယ်ကောင်းလှပါသည်။

တဆက်တည်းမှာပင် သတိရသွားသည်က သူတို့ရှိနေသည့်နေရာသည် သင်းကွဲအုပ်စု နယ်မြေအတွင်းမို့ အခန့်မသင့်၍ လူမိလျှင် ၂ယောက်လုံးအတွက် ကောင်းကျိုး လုံးလုံး မရှိနိုင်။ ထို့ကြောင့် အရှင့်အား အမြန်ပင် ပွေ့ချီလိုက်ကာ...

"သွားကြရအောင်။ တောအုပ်ထဲက ကျုပ်အိမ်ဟောင်းဆီကို။ ဒီမှာက အေးပြီး မလုံခြုံဘူး"

ပွေ့ချီခံထားလျက်ရှိသော အရှင်က ခေါင်းအသာငြှိမ့်ကာ ရင်ခွင်ကျယ်အတွင်း ပို၍ မျက်နှာအပ်ကာ တိုးဝင်သည်။ heatကာလတွင်း အချွဲပိုတတ်သော omegaတို့၏ သဘာဝကြောင့် ပွေ့ချီထားသော သက်ဆိုင်သူ alphaမှာလည်း စိတ်ရှုပ်ထွေးစရာများကြားကပင် အသည်းယားစွာ ပြုံးမိသည်အထိ။

ဘယ်လိုကိစ္စပင် ရှိရှိ ယခုချိန်တွင်တော့ ထယ်ဟျောင်းသည် အရှင့်၏ အယုံကြည်ရဆုံး mate၊ အားကိုးရသည့် alphaဖြစ်ကာ အရှင်သည်လည်း alpha၏ မြတ်နိုးချစ်ခင်ရသည့် လာဗင်ဒါလေးပင် ဖြစ်သည်။ သည်အချိန်တွင်တော့ သွေးကြွေးဆိုသည့်အရာလည်း သတိမရနိုင်သလို အတိတ်ဆိုသည့်အရာသည်လည်း ပါးမွှားသာသာဖြစ်သွားလေ၏။

•••••

မိုးမခတောအတွင်းရှိ အိမ်ဟောင်းတလုံးအတွင်းဖြစ်သည်။ ပြန့်ကျဲနေသည့် အဝတ်အစားများနှင့်အတူ လွတ်ထွက်မတတ် ပွေ့ဖက်ထားကြသည့် ချစ်သူနှစ်ဦးက ဟောင်းနွမ်းနေသည်မို့ နူးညံ့မှုမရှိသည့် အိပ်ရာကိုပင် ဂရုစိုက်မိပုံမပေါ်။ မောဟိုက်သည့် အသက်ရှူသံ မှန်မှန်တို့နှင့်အတူ လေထုအတွင်း ရောယှက်၍နေသော မိုးရနံ့နှင့် လာဗင်ဒါ ရနံ့ကလည်း သိပ်လိုက်ဖက်လွန်းသည်။

အမောပြေသည့်အချိန်တွင် အရှင်လေးက ရင်ခွင်ကျယ်အတွင်း ပို၍တိုးဝင်ကာ ရင်ငွေ့ကို ခိုလှုံမိသည်။ အလိုက်သိလှသည့် alphaသည်လည်း နာကျင်မှုဒဏ် ကျန်ရစ်သည့် ခါးတဝိုက်အား လက်ဖြင့် ဖွဖွ ပွတ်သပ်နှိပ်နယ်ပေးနေသည်။ ထို့အပြင် mateအမှတ်အသားရှိရာ ပုခုံးစပ်တဝိုက်ကိုလည်း ခပ်ဖွဖွ အနမ်းပြုရင်း ခံစားချက် ကောင်းစေရန် ကူညီပေးနေသည်။

heatကြောင့် နာကျင်မှုကို ခံစားရချိန်တွင်လည်း သက်သာစေရန် ကူညီသည်။ သာယာမှုကို တောင်းဆိုချိန်တွင်လည်း တကိုယ်ကောင်းမဆန်စွာပင် ဖြည့်ဆည်းပေးပြန်သည်။ ယခုလည်း ထိုအကျိုးဆက်ကြောင့် ကျန်ခဲ့သော နွမ်းနယ်မှုကို သက်သာလို သက်သာငြား ကုစားပေးနေပြန်သည်။ မိမိalphaမှာ သိပ်ကို အလိုက်သိလွန်းသည် မဟုတ်လား? သည်လိုလူမျိုးနှင့် ပတ်သက်ဆက်နွယ်ရခြင်းမှာ အရှင့်အတွက်တော့ ကောင်းချီးတစ်ခုပင် ဖြစ်လောက်ပါ၏။

သို့သော်လည်း တဆက်တည်းမှာပင် ခမည်းတော်၏ စွန့်ပစ်ခြင်း ခံခဲ့ရသည့် အပြစ်မဲ့ omegaကို တွေးမိကာ အားနာစိတ်ဝင်လာမိပြန်သည်။ စွန့်ပစ်ခံ omegaဖြစ်သည်ကြောင့် mateလည်း ထပ်မရှိနိုင်တော့သည့် သူမသည် ခက်ခဲသည့် heatအချိန်တို့အား ဘယ်လိုများ ဖြတ်သန်းခဲ့သည်လဲ.. သို့မဟုတ် စွန့်ပစ်ခံရခြင်း၏နောက် ပျက်စီးမှု အကျိုးဆက်တို့ထဲ omegaတို့၏ အဓိကအရာဖြစ်သည့် heatပါ ပါသွားခဲ့သည်လား..

"ဘာတွေတွေးနေတာများလဲ အရှင်... နေလို့ကောင်းရဲ့လား"

ရုတ်ချည်းဆိုသလို မျက်နှာညှိုးသွားသည့် အရှင်ကြောင့် မေးခွန်းထုတ်မိတော့ အရှင်က မတည်ငြိမ်သော မျက်ဝန်းတို့ဖြင့် စကားတိုးတိုးကို ဆိုသည်။ Heatအရှိန်သက်သာလာ၍ သိချင်စိတ်တို့ ပြန်၍ ပြင်းပျလာသည်လား။

"alpha"

"​hmm"

"mateဖြစ်ပြီးမှ စွန့်ပစ်ခံရရင် ဘယ်လိုအကျိုးဆက်တွေရှိလဲ သိလားဟင်"

အရှင့်၏ အမေးကြောင့် ထယ်ဟျောင်း မျက်ခုံးများ တွန့်ချိုးမိသည်။ စကားစပြတ်သွားခဲ့သည့် သူ့အတိတ်အကြောင်း မေးလာလိမ့်မည် ထင်ခဲ့သော်လည်း အဆက်အစပ်မရှိသည့် မေးခွန်းကြောင့် ကြောင်အန်းသွားမိ၏။

မေးခွန်းက ဘာကိုရည်ရွယ်မှန်းမသိသော်လည်း mate၏ စွန့်ပစ်ခြင်းခံရသော မယ်မယ့်အား သတိရစေမိသည်မို့ စိတ်ထဲ တမျိုးဖြစ်မိသည်ကတော့ အမှန်ပင်။ အရှင့်ခမည်းတော်အကြောင်းကို ကြိုသိထား၍လည်း ပါလိမ့်မည် ထင်သည်။

သို့သော်လည်း မျက်နှာမပျက်အောင်ထိန်းကာ အရှင့်မေးခွန်းကိုတော့ ဖြေမိ၏။ အဖြေကိုရှောင်ဖယ်နေမှ ပို၍ မသင်္ကာစရာကောင်းသည်မဟုတ်လား။

"ကိုယ်ပိုင်ရနံ့မှန်သမျှကို အနံ့ခံနိုင်တော့မှာ မဟုတ်ဘူး။ အဲ့လိုကနေ တဖြည်းဖြည်း innerwolfနဲ့ ဆက်နွယ်မှုပါ အားနည်းပြီး နောက်ဆုံးမှာ innerwolfနဲ့ ဆက်သွယ်မှုလုံးဝမရှိတော့ပဲ ဖြစ်လာလိမ့်မယ်"

"ဟင်... innerwolf မရှိတော့တာက ဝိဥာဥ်မရှိတော့သလိုပဲလေ"

"ဟုတ်တာပေါ့... သေလူနဲ့ ခြားမှာ မဟုတ်တော့ဘူး... ဆက်နွယ်မှုပျောက်သွားရင်း တဖြည်းဖြည်း ချို့ယွင်းလာရင်းပဲ ဇီဝိန်ချုပ်သွားမှာ.. ဒါနဲ့ ရုတ်တရက်ကြီး ဘာလို့ အဲ့ဒါကို သိချင်ရတာလဲ"

alpha၏ အဖြေကြောင့် မျက်မှောင်ကြုံ့မိသည်။ သူ့ခမည်းတော်က ဒါကိုသိရက်နှင့်ပင် ထိုမင်းသမီးငယ်ကို ပစ်ထားခဲ့တာတဲ့လား.. ရက်စက်လိုက်ပါဘိ...

"ဒီအတိုင်း... မမျှော်လင့်ပဲ omegaတယောက်အကြောင်း သိခဲ့ရလို့.. mateက စွန့်ပစ်တာခံခဲ့ရတာတဲ့လေ.. သူမက သိပ်သနားဖို့ကောင်းတာပဲ"

အရှင့်စကားကြောင့် ထယ်ဟျောင်း ပို၍ တုန်လှုပ်မိသွား၏။ အကြောင်းတိုက်ဆိုင်လွန်းသည်လား သိလျက်နှင့် မေးနေသည်လား.. အရှင်က မသိပဲ မေးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူက သိထားပြီးသူမို့ စိတ်တို့ပို၍ ဂနာမငြိမ်ဖြစ်မိ၏။

ထို့အပြင် ဆက်၍ ဆိုလာသည့် စကားတို့က ပို၍ သံသယများစေတော့သည်။ အစက မယ်မယ်တို့ အတိတ်အကြောင်းကိုသာ ချန်လှပ်၍ မိမိအကြောင်း အရှင့်အား ဖွင့်ဟမည်ဟု ကြံခဲ့သော်လည်း သည်တိုင်းဆို ပြော၍ မဖြစ်လောက်သေးပါလေ...

"ခင်ဗျားကတော့ အဲ့ဒါမျိုး လုပ်မှာမဟုတ်ဘူးမလား "

alpha၏ အတွင်းစိတ်မှ လွန်ဆွဲမှုကို မရိပ်မိ​သေးသော အရှင်လေးသည်တော့ သာမန်စိတ်နှင့်ဆို မာန်ကလေးခံနေခြင်းကြောင့် မေးမိလိမ့်မည် မဟုတ်သည့် မေးခွန်းအထိပင် heatအချိန်ပေမို့ သတိလက်လွတ် ထွက်လာခဲ့၏။

နောက်ပြီး ပွင့်လင်းစွာ ဝန်ခံရလျှင် ခမည်းတော်၏ ဝဋ်တို့က သူ့ထံလည်မည်ကို ကြောက်ပါသည်။ အပြစ်လုပ်ထားသည်က လူတစ်ယောက်ထဲ အပေါ်မဟုတ်ပဲ မြေစာပင်ဖြစ်ခဲ့သည်ဆိုသော သူနှင့် အမျိုးတော်သည့် ထိုမျိုးဆက်ကလေးအထိပင် မဟုတ်လား...

"ဟင်.. ဖြေလေ..alpha.. ကိုယ်တော့်ကို ထားသွားမှာ မဟုတ်ဘူးမလား... ဟင်"

မလှုပ်မယှက်ဖြင့် အဖြေစကားလည်း မပေးသည့် alphaကြောင့် ဆွဲကိုင်ထားသည့် လက်အား စိတ်မရှည်စွာ လှုပ်ယမ်းမိ၏။ သို့သော်လည်း အဖြေရယ်လို့ ရေရေရာရာမပေးပဲ နဖူးပြင်သို့သာ အနမ်းဖွဖွပေးသော alpha၏ တုန့်ပြန်မှုကို သူဘဝင်မကျ။ ရင်ဖိုဖွယ် ဖြစ်သည့်တိုင် alphaနှုတ်မှ ဆိုသော အ​ဖြေကိုသာ လိုချင်သည်လေ...

"ပင်ပန်းနေပြီမဟုတ်လား အရှင်~ အိပ်တော့"

"စကားလမ်းကြောင်းလွှဲပစ်တာလား"

"မဟုတ်ရပါဘူး အရှင်ရယ်။ ဒီလိုအကြောင်းအရာတွေက အခုလိုအချိန်မှာ မပြောသင့်ဘူးလို့ ခံစားမိလို့ပါ"

"မရဘူး ဖြေ..."

heatအချိန်မို့ပင်လား အရှင်ဟာ သိပ်ခံစားလွယ်နေသည်။ မလွန်ဆန်နိုင်သည့် မျက်ဝန်းဝိုင်းဝိုင်းလေးတို့၌ ငွေ့ရည်ဖွဲ့ကာ တောင်းဆိုလာသည့်အခါ alphaသည်လည်း စကားလမ်းလွှဲခြင်း အမှုအား ဆက်၍ မပြုနိုင်တော့... ရင်ခွင်တွင်းမှ အရှင့်အား ပို၍ နီးကပ်အောင် ပွေ့ဖက်ထားမိရင်း မေးဖျားလေးအား ဖွဖွ ဆွဲမော့ကာ အဖြေတိုးတိုးကို ပြုမိ၏။

"ကျုပ်က အရှင့်ကို သိပ်ချစ်တာလေ ဘယ်လိုလုပ် ထားရက်မှာလဲ"

လိုချင်သော အဖြေစကားကိုရသည်ကြောင့် အရှင်လေးက ကျေနပ်အားရစွာပြုံးကာ alpha၏ ကိုယ်ငွေ့ကို ပို၍ခိုလှုံရင်း ရင်ခွင်တွင်းသို့ တိုးဝင်သည်။ အမှန်ပင် alphaက သူ့အတွက် စိတ်လုံခြုံစေသည်ပဲ။

"အခုလိုမျိုးလေးပဲ ဘယ်တော့မှ မပြောင်းလဲပါနဲ့ alpha"

*ခင်ဗျားသာ ပြောင်းလဲသွားရင် ကိုယ်တော် ခံနိုင်ရည်ရှိမယ် မထင်ဘူး...*

စိတ်ချလုံခြုံစွာ အိပ်မောကျသွားသော အရှင်လေးသည် မိမိစကားကြောင့် အတွေးများကာ သက်ပြင်းအကြိမ်ကြိမ် ချမိသော Alpha၏ အခြေအနေကိုတော့ သိခဲ့လိမ့်မည် မဟုတ်ပါလေ..

••••••

အေးစက် မှောင်မဲသည့် ခံစားချက်ကြောင့် နိုးလာခဲ့သည်။ မအိပ်ခင်ကထက်စာလျှင် နေရသက်သာနေသော်လည်း အနွေးဓာတ်ကင်းမဲ့မှုကြောင့် သက်ဆိုင်သူ အနားမှာ မရှိနေမှန်း တပ်အပ်သိလိုက်သည်။ သူ့ကို ထားခဲ့ပြန်ပြီပဲ။

"အမြဲတမ်း ဒီဝတ်ရုံတစ်ခုနဲ့ပဲ ကိုယ်တော့်ကို ချွေးသိပ်တယ်။ ခင်ဗျား သိပ်ဆိုးတယ် alpha"

အနားမရှိချိန် ဝေဒနာများ သက်သာစေလိုငြား ​ခြုံပေးထားခဲ့သည့် ဝတ်ရုံကို တင်းတင်းဆုပ်ရင်း ရေရွတ်မိသည်။ imnerwolfအဖို့တော့ alpha၏ မိုးရနံ့တို့နှင့်ပင် စိတ်သက်သာဖွယ်ဖြစ်သော်လည်း သူ့အတွက်တော့ alpha၏ နွေးထွေးစွာ ပွေ့ဖက်ထားမှုကို ပို၍လိုအပ်သည်​လေ။

အကြိမ်ကြိမ်စဥ်းစားပြီးနောက် ဆက်၍ စောင့်နေသည်ထက် alphaရှိရာကို လိုက်ရှာသည်က ပို၍ သင့်တော်မည်ဟု ဆုံးဖြတ်လိုက်မိသည်။ သည့်ထက်ပို၍ မဝေးကွာရအောင် alphaက ရှောင်နေလျှင်တောင် သူက ရှေ့တိုးမည်ဟု ဆုံးဖြတ်ထားခဲ့သည် မဟုတ်လား...

အလှမ်းကွာဝေးနေရာမှ ကွဲကွာရသည့် အဖြစ်မျိုးအား အရှင်လေးမှာ မကြုံချင်ပါ။ အထူးသဖြင့် ခမည်းတော်ကဲ့သို့ သစ္စာမဲ့သည့် အဖြစ်မျိုးဖြင့် ဝဋ်လည်မည်ကိုလည်း စိုးရိမ်သည်ကြောင့် နှစ်ဦးကြား အကွာအဝေးကို အတတ်နိုင်ဆုံး လျှော့ချသင့်သည်ဟု ယူဆမိသည်ပင်။

heatမပြီးသေးသည်ကြောင့် အားနည်းမှုက ရှိနေသေးသော်လည်း နောက်တကြိမ် heatပြန်ဝင်မလာခင် လှုပ်ရှားသည်က အသင့်တော်ဆုံးပင်ဖြစ်သည်။ alphaက ကိစ္စတခုခုကြောင့် ခဏထွက်သွားခြင်းဖြစ်နိုင်သော်လည်း အရှင်လေးအဖို့တော့ လွန်ကဲသော စိုးရိမ်မှုတို့က heatကာလအတွင်း ညမှောင်မှောင်မှာပင် မဆိုင်းမတွ အပြင်ထွက်လာစေနိုင်ရန် တွန်းအားဖြစ်ခဲ့ပါသည်။

ထို့ကြောင့်ပင် alpha၏ ဝတ်ရုံကို ​ခြုံကာ ရနံ့များကို ဖုံးကွယ်ရင်း ခိုလှုံရာနေရာမှ ထွက်လာခဲ့သည်။ Heatကာလအတွင်း တောနက်ထဲ သွားလာခြင်းမှာ omegaတို့အတွက် အန္တရာယ်လည်း များသလို တော်ရုံ မဝံ့သော ကိစ္စလည်း ဖြစ်သည်။ ထို့အပြင် ညမှောင်မှောင်ဖြစ်သည်မို့ ရန်ပြုခံရရန် လွယ်ကူလွန်းသည့် အချိန်ပင် မဟုတ်လား။

သို့သော်လည်း ထိုစိုးရိမ်ဖွယ် အချက်တို့သည် အရှင့်အား မတားဆီးနိုင်ခဲ့ပါ။ အသွေးအသားတို့က တမူထူးခြားစွာ ထုဆစ်ထားသည့် omegaပီပီ အကာအကွယ် ဝတ်ရုံတခုကိုသာ ခြုံ၍ တောနက်ထဲ သွားလာနေခြင်းမှာ ရဲတင်းလွန်းလှသလို အချစ်၏ တွန်းအားကြောင့်လည်း ပါသည်ဆိုသည်မှာ ညာ၍ မရ...

သည်လိုနှင့် alpha ရှာပုံတော်ဖွင့်ခဲ့ရာ တောတွင်းတစ်နေရာအရောက် တီးတိုးစကားသံအချို့ကြောင့် မိုးမခပင်စည်ကို အကာအကွယ်ယူကာ ပုန်းလိုက်မိသည်။ မီးပုံ အနီးတွင် လူနှစ်ယောက်က ထိုင်လျက် စကားဆိုနေကြ၏။ အနီးရှိ မြင်းနှစ်ကောင်နှင့် ချိတ်ဆွဲထားသည့် အထုတ်အပိုးအချို့အရ ခရီးတထောက်နားနေသော ခရီးသွားအချို့ဖြစ်ဟန်တူမည်ဟုလည်း ခန့်မှန်းလိုက်မိသည်။

"အခုချိန်ထိ ဘာသတင်း အစအနမှ မရသေးဘူးလား?"

"နန်းတွင်းထဲမှာတော့ မရှိဘူးလို့ သိရပါတယ်။ ကြည့်ရတာ အလုပ်သဘောအရ ခရီးတခုခုရောက်နေပုံပါပဲ"

"အဟင်း ကင်မ်ထယ်ဟျောင်း ကင်မ်ထယ်ဟျောင်း"

ထင်မှတ်မထားပဲ ကြားလိုက်ရသည့် မိမိ alpha၏ အမည်ကြောင့် မျက်ခုံးများကို တွန့်ချိုးလိုက်မိကာ ပို၍ အာရုံစိုက် နားထောင်မိသည်။ နန်းတွင်းဟုလည်း ဆိုသလို alpha၏ အမည်လည်း ပါလာသည့် သည်စကားဝိုင်းမှ လူများ၏ သရုပ်မှန်က ဘယ်သူများလဲ...

"ရန်သူဆီမှာ ကျွန်ခံနေတဲ့ သစ္စာဖောက်လေး...တမလွန်က မာရီယာသိရင်တော့ ခံပြင်းလောက်စရာပဲ"

မာ-မာရီယာ... ?

သည်ရက်ပိုင်းမှာပင် ကြိမ်ဖန်များစွာ မြင်ခဲ့ရသည့် နာမည်၊ အရှင့်အား စိတ်မလုံခြုံမှုတို့ကို ဖြစ်စေသည့် အမည်က ယခုလည်း ထပ်၍ ပေါ်လာပြန်သည်။ သည်လူတို့၏ စကားအရ ထို omega မင်းသမီးငယ်သည် မိမိ alphaနှင့်ပါ တနည်းတဖုံ ပတ်သက်ဆက်နွယ်မှုရှိခဲ့ပုံပင်...

မဟုတ်မှလွဲရော... ခမည်းတော်နဲ့ ထိုomegaရဲ့ နန်းဆက်ဆိုတာ သူ့alphaများ....

ဟင့်အင်း... အဲ​လိုဖြစ်လို့မရဘူးလေ...

သူနဲ့ alphaရဲ့ အနေအထားက နောက်ဆုတ်လို့ ရတော့တာမှ မဟုတ်တော့တာ...mateတွေ ဖြစ်ခဲ့ကြပြီးပြီပင် မဟုတ်လား..

အရှင့် လက်ဖျားလေးများ အေးစက်လာကာ နေရာမှာပင် မလှုပ်မယှက် နားထောင်နေမိသည်။ တကယ်ပဲ သွေးသားတော်စပ်နေတာတော့ မဟုတ်လောက်ဘူးမလား...

"လူကဲခတ်ညံ့တယ်ပြောရမှာပေါ့.. အဟင်း တူဝရီးနှစ်ယောက်လုံးက တပုံစံတည်းပဲ. မပတ်သက်သင့်တဲ့သူတွေနဲ့ သိပ်ပတ်သက်ချင်ကြတာ ပြီးရင် ဇာတ်သိမ်းလှမှာလည်း မဟုတ်ပဲ"

"ဒါပေမယ့် ကင်မ်ထယ်ဟျောင်းကရော သိသိကြီးနဲ့ ဘုရင့်သစ္စာခံလုပ်နေတာ ဟုတ်ပါ့မလား? အမေတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့သူကို ဒုက္ခပေးခဲ့တဲ့သူရဲ့သားအပေါ် ကာကွယ်ပေးနေတာ ပုံမှန်စိတ်ကော ဟုတ်ပါ့မလား?"

"သေချာမသိသေးတာလဲ ဖြစ်နိုင်တာပဲ။ ငါမေးတုန်းကတောင် မဟုတ်တာတွေပြောနေသလို ရန်စောင်နေခဲ့တာလေ. သိပြီးသားသာဆို Eldoraနန်းတွင်းမှာ ဂယောက်ဂယက်တွေ ဖြစ်နေလောက်ရောပေါ့."

"ဟုတ်ပါတယ်လေ.. သိသာသိနေရင် Eldora ဘုရင်ဟာ သူ့ရဲ့ အမုန်းဆုံးလူဖြစ်နေရမှာပေါ့။ တကယ်တမ်း မာရီယာရဲ့ အာဏာစက်သာ မကုန်ခမ်းခဲ့ရင် ဒင်းလည်း နန်းကျမင်းသားဖြစ်မှာမှ မဟုတ်တာ။ ဒါတွေကို သိရက်နဲ့ ခုထိ ကျွန်ခံနေမှာတော့ မဟုတ်ဘူး။ မသိသေးတာပဲနေမှာ"

မထင်မှတ်ပဲ ထပ်သိလိုက်ရသည့် အမှန်တရားတို့က ခမည်းတော်၏ အတိတ်တို့ထက်ပင် ပို၍ ထိတ်လန့်စေသည်။ ခမည်းတော် ရက်စက်ခဲ့သူက alpha၏ အဒေါ်တော်စပ်သူ ဖြစ်ကောင်းကာ၊ alphaသည်လည်း တော်ဝင်မျိုးနွယ်ဖြစ်ခဲ့ပုံပေါ်၏။ ထိုအကြောင်းအရာတို့ကို မသိရှိပဲ သူ့အနားရောက်လာခဲ့ပုံရသည့် alphaက သွေးသားတော်စပ်မှု မရှိ ဆိုသော်ငြားလည်း ညှိုးမာန်ဖွဲ့ရမည့် ဆက်ဆံရေးတဲ့လား... ဘယ်လိုတောင်ရက်စက်လိုက်တဲ့ ရေစက်လဲ...

alphaဟာ ထိုအကြောင်းအရာများကို မသိ၍သာ သူ့အပေါ် ကြင်နာစွာ ဆက်ဆံနေနိုင်ခြင်းဖြစ်လောက်မည်ထင်သည်။ အကြောင်းစုံသိပါက သူဟာ alpha၏ အကြီးမားဆုံး ရန်သူဖြစ်နေသည် မဟုတ်လား...ရန်သူနှင့် ချစ်ကြိုးသွယ်ရင်း mateဆက်ဆံရေးအထိ ဖြစ်လာလောက်သည်အထိတော့ သဘောထားကြီးလောက်မည်မထင်ပါလေ...

အကယ်၍ အကြောင်းစုံသာ သိပါလျှင် နဂိုကမှ ကွာဝေးလာပြီဖြစ်သော သူတို့ဆက်ဆံရေးမှာ ပို၍ အဝေးကြီး ဝေးရပေလိမ့်မည်။ ဒါ့အပြင် alphaက သူ့လျှို့ဝှက်ချက် အတော်များများကို သိထားသူမို့ အန္တရာယ်လည်း များသည်ပင် မဟုတ်လား...

သေချာသည်ကတော့ သည်အကြောင်းတို့အား alphaမသိစေရန် သူအစွမ်းကုန် တားဆီးရတော့မည်ပင် ဖြစ်သည်... မလုပ်သင့်သည့် အကြောင်းအရာဟု ခံစားမိသည့်တိုင် နောက်ဆုတ်၍ မရတော့သည့် ဆက်ဆံရေးအား ဘယ်လိုနည်းနှင့်မှ မစွန်းထင်းချင်ပါလေ...

ဒါနှင့် သည်လူတွေက ဘယ်သူတွေများလဲ.. alpha့အကြောင်းကို ဘာကြောင့် ထဲထဲဝင်ဝင် သိနေသည်လဲ... ရင်မောစွာဖြင့် ထိုင်နေမိရာမှ မျက်နှာတို့ကို အသေအချာမြင်ရလေရန် ပို၍ နီးသည့် ပင်စည်တစ်ခု အနီးသို့ ခပ်သွက်သွက်ရွှေ့ပြောင်းမိ၏။ သို့သော်လည်း ကံတရားက အရှင့်ဘက်ရှိခဲ့ဟန် မပေါ်ပေ။

"ဘယ်သူလဲ!"

သေစမ်း!! လမ်းခုလတ်ရှိ သစ်ရွက်ခြောက်တို့ကို သတိမထားမိခဲ့သည်ပဲ! အလျင်အမြန်ပင် ထိုင်ချကာ ပင်စည်နှင့် သစ်ရွက်တို့ကို အကာအကွယ်ယူ ပုန်းလိုက်မိသည်။

"လူရှိနေတယ် ထင်တယ်. သွားကြည့်စမ်း!"

အသက်ပင် ဖြောင့်ဖြောင့်မရှူရဲပဲ ငြိမ်ကုတ်စွာ ပုန်းနေမိသည်။ လုံခြုံပြီ ထင်နေခဲ့သော်လည်း အရှင်လေး မေ့လျော့သွားခဲ့သည်က ခံစားချက်ပြင်းထန်တိုင်း ထိန်းချုပ်ရခက်သော မိမိ၏ ခရမ်းစွဲရောင် မျက်ဝန်းများပင် ဖြစ်သည်။

ပုန်းကွယ်ရာနေရာ ချုံနွယ်ရှေ့မှ ဖြတ်သွားသည်ကြောင့် စိတ်အေးစွာ သက်ပြင်းချမိရုံရှိသေး ပြန်၍ စူးရှလာသည့် မီးတုတ်အလင်းရောင်ကြောင့် နှလုံးခုန်နှုန်းတို့ ပို၍ မြန်ဆန်လာခဲ့သည်။ ထွက်ပဲပြေးလိုက်ရလေမလား.. ယခုအတိုင်း ဟန်မပျက်ပုန်းရင်း သည်လူ ကျော်သွားမည့် အချိန်ကို စောင့်ရလေမလား ဝေခွဲရခက်နေစဥ်မှာပင် ရှေ့ဆက်လာသည့် စကားက အရှင့်မျက်ဝန်းလေးများအား ပို၍ ပြူးကျယ်စေတော့သည်။

"အော် ဒီမှာရှိနေတာပဲ--- အားး!!"

မီးတုတ်မကိုင်ထားသည့် လက်က ပုန်းခိုရာ ချုံနွယ်အတွင်းသို့ လှမ်းလာသည့်အခါ ကြံရာမရသည့်အဆုံး အိတ်ဆောင်ဓားငယ်ဖြင့် ထိုးချလိုက်သည့် အရှင်လေး။ တောနက်နက်အတွင်း ဟိမ်းထွက်သွားသည့် အော်သံစူးစူးက ညအမှောင်အား ပို၍ ခြောက်ခြားစေသည်။ ကျိန်းသေပေါက် သည်လူ၏ အော်သံကြောင့် အဖော်ဖြစ်သူလည်း ရောက်လာလိမ့်မည်မို့ ထွက်ပြေးခြင်း နည်းလမ်းတစ်ခုသာ ရှိပါတော့သည်။

သာမန်အချိန်သာဆိုလျှင် သည်လူနှစ်ယောက်လုံးကို ပြန်ယှဥ်ခုခံမိလောက်သော်လည်း ယခုလို အခြေအနေနှင့်က ခုခံရန်မဖြစ်နိုင်ပါလေ။ ညမှောင်မှောင် တောကြီးမျက်မည်းထဲဖြစ်သည့်အပြင် မိမိသည် heatဝင်စပြုနေသည့် omegaဖြစ်နေသည်မို့ အခန့်မသင့်လျှင် ဒုက္ခရောက်သွားနိုင်သည်လေ။

ခြေဦးတည့်ရာ ပြေးလာမိသည်မို့ လမ်းအမှန်မှန်း အမှားမှန်းပင် သတိမထားမိတော့ပါ။ နောက်မှလိုက်လာသည့် လူစိမ်းနှစ်ယောက်ဆီမှ လွတ်ရန်သာ စိတ်ကူးရှိသည်မို့ အလျင်အမြန်သာ ထွက်ပြေးလာမိသည်။

သို့သော်လည်း လမ်းခုလတ် တနေရာအရောက် စူးနင့်လာသည့် ကိုယ်တွင်းမှ နာကျင်မှုနှင့်အတူ အနီးရှိ သစ်ပင် ပင်စည်ကို ကိုင်ကာ ယိုင်ကျသွားမိ၏။ ခြေထောက်တို့သည်လည်း မနားတမ်း ခြေလျင်ခရီးနှင်လာခဲ့ရသည်မို့ ထုံကျင်၍ပင် နေပြီဖြစ်သည်။

သူမေ့နေခဲ့တာ... ဒီအချိန်မှာတော့ သူဟာ အားအင်အပြည့်နဲ့ တိုင်းပြည်အရှင်မှ မဟုတ်ပဲ.. heatဝင်နေသည်ကြောင့် အားနည်းနေသည့် omegaသာဖြစ်သည် မဟုတ်လား..

အံကိုကြိတ်ကာ မနည်းထရင်း အမြန်ရှေ့ဆက်မိသည်။ သို့သော်လည်း တဆတဆပိုလာသည့် နာကျင်ကိုက်ခဲမှုတို့ကြောင့် မျှော်လင့်သလောက်အရာမထင်ပါလေ... နီးကပ်လာသည့် ခြေသံတစ်ခုနှင့်အတူ ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်ရင်း ရှေ့ဆက်နေမိ၏။ မိသွားခဲ့လျှင်တောင် ရသလောက် ခုခံမည်ဟူသော ရည်ရွယ်ချက်နှင့်ပင်။

ထို့နောက်တွင်တော့ အနီးဆုံးသို့ရောက်လာသည့် ကိုယ်ငွေ့တစ်ခုနှင့်အတူ လက်မောင်းရင်းမှ ဆွဲလှည့်ခံလိုက်ရသည့် ခံစားချက်။ လက်ကျန်အားကို အသုံးပြုကာ တဖက်လူ၏ လည်ပင်းနေရာကို မှန်းဆ၍ ဓားနှင့် ချိန်ရွယ်လိုက်မိသော်လည်း ရင်းနှီးနှင့်ပြီးသော ကိုယ်ငွေ့နှင့် အစိမ်းရောင် မျက်ဝန်းတောက်တောက်တို့ကြောင့် ထိတ်လန့်စိတ်တို့ အနည်းငယ်တော့ ပြေလျော့သွား၏။ နောက်ဆုံးတော့ လုံခြုံပါပြီလေ...

"al..alpha..."

ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော လက်နွေးနွေးတို့၏ ထွေးပွေ့ခြင်းကို ခံလိုက်ရသည့်အခါ မပြောင်းလဲသည့် နွေးထွေးလုံခြုံမှုကို ခံစားလိုက်ရသည်။ ထို့နောက် တင်းထားသည့် စိတ်တို့အား လျှော့ချလိုက်၍လား..အားနည်းနှင့်ပြီးသား ခြေထောက်တို့သည် ခွေယိုင်ကျကာ အရှင့်ကမ္ဘာကြီးလည်း မဲမှောင်သွားတော့သည်။ သို့သော်လည်း လက်​ဖြူဖြူလေးတို့သည်တော့သတိလွတ်သွားသည်အထိ alpha၏ အင်္ကျီစကို ဆုပ်ကိုင်ထားလျက်ပင်ဖြစ်သည်။

သည်လောက်ထိပင် အရှင်က alphaအပေါ် ယုံကြည်အားကိုးပါသည်လေ...

•••••

မီးဟုန်းဟုန်းတောက်ကာ ပွစာကြဲနေသော နန်းရင်ပြင်၊ ဆူညံလျက်ရှိ​သော ဓားလက်နက်တို့ဖြငိ့ တိုက်ခိုက်သံ၊ ထို့အပြင် ထိုဖရိုဖရဲ စစ်မြေပြင်၏ အလယ်တွင် ရပ်လျက်ရှိသော ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည့် မျက်နှာချောချော...

ထိုသူက... ထိုသူက....

"..alpha..."

သွေးစွန်းနေသော မျက်နှာချောချောသည် တည်တင်းလျက် မျက်ခုံးတန်းတို့သည် တွန့်ချိုးလျက်၊ သူ့အား မာန်စွယ်ငေါငေါဖြင့် ကြည့်နေသူက သိပ်ချစ်ရပါသည်ဆိုသည့် သူ၏ mate.. သူ၏ alpha...

"ဘာဖြစ်လို့လဲဟင်? ဘာလို့ ကိုယ်တော့်ကို အဲ့လိုကြည့်နေတာလဲ? ကြောက်ဖို့ကောင်းအောင်"

"ခင်ဗျားရဲ့ ခမည်းတော်ကြောင့် မယ်မယ် ဘဝပျက်ခဲ့ရတာ! အရာအားလုံး ဆုံးရှုံးခဲ့ရတာ! ဒါကို မသိပဲ ​ကျုပ်က ခင်ဗျားကို ချစ်ခဲ့မိတယ်တဲ့ အဟက်..."

ခါးသက်သက် ရယ်မောကာ စကားဆိုလာသူက ဘယ်လောက်နာကျည်းနေမှန်း မျက်လုံးတို့မှာပင် ပေါ်လွင်သည်။ အရှင်လေးသည်လည်း ဘယ်လောက်ပင် စိတ်မာသူဖြစ်လင့်ကစား ချစ်ရသူထံမှ စကားခါးခါးတို့ကိုတော့ လက်မခံနိုင်ခဲ့ပါလေ..

"ခမည်းတော်ရဲ့ ကိုယ်စား ကိုယ်တော်ကပဲ တောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့လို့ မရဘူးလားဟင်..."

"ဟင့်အင်း ထိုက်သင့်တဲ့ ပေးဆပ်မှုတော့ ရှိရမှာပေါ့ အရှင်ဂျွန်"

ထို့နောက် alphaက သွေးစွန်းနေသည့် ဓားဖြင့် mateအမှတ်အသားရှိရာ နေရာကို ချိန်ရွယ်ကာ...

"မယ်မယ် ခံစားရသလို ခင်ဗျားလည်း ခံစားရမယ်! mateက အသက်ရှင်လျက်ရှိနေရက်နဲ့ စွန့်ပစ်ခံရတဲ့ ဘဝမျိုးမှာ နေကြည့်ပြီး ခင်ဗျား ခမည်းတော်ရဲ့ အပြစ်ကြွေးကို ဆပ်လိုက်!"

"ဟင့်အင်း! မလုပ်ပါနဲ့! alpha!"

ကိုင်ရိုက်ထားသကဲ့သို့ နာကျင်မှုနှင့် ပုံမှန်မဟုတ်သည့် သက်တောင့်သက်သာ မဖြစ်မှုကြောင့် အလန့်တကြားနိုးလာမိသည်။ သူ အိပ်မက်မက်နေခဲ့သည်ပဲ... တော်ပါသေးသည်..
ပုခုံးနှင့် ဂုတ်စပ်ကြားနေရာမှ အမှတ်ကို ပြန်စမ်းကြည့်ရင်း အသက်ရှုသံတို့ ပြန်မှန်အောင် ကြိုးစားနေရသည်အထိပင် အိပ်မက်ဆိုးတို့က ဒုက္ခပေးလွန်းပါသည်။

အသက်ရှူမှန်လာချိန်တွင်တော့ သတိမမေ့ခင် အဖြစ်အပျက်တို့က အာရုံထဲရောက်လာသည်ကြောင့် ဘေးဘီဝဲယာကို ကြည့်ရင်း alphaအား အပူတပြင်းရှာမိသည်။ ခပ်လှမ်းလှမ်းမှ အပြင်ဘက်ကို ငေးမောနေဟန်ရှိသည့် ပုံရိပ်ကိုမြင်မှ စိတ်အေးစွာ သက်ပြင်းချမိကာ အပြေးသွား၍ ခါးကို ဖက်တွယ်လိုက်မိတော့သည်။ တုန့်ဆိုင်းသွားဟန်​ပေါ်သော alphaသည် ရုတ်တရက်မို့ လန့်သွားဟန်တူပါသည်။

"ဘယ်တွေသွားနေတာလဲ... ကိုယ်တော် ခင်ဗျားမရှိလို့ လိုက်ရှာနေခဲ့တာ.."

အရှင်လာဗင်ဒါလေးမှာ ကိုယ့်အပူနှင့် ကိုယ်မို့ alphaဖြစ်သူအား ကျစ်နေအောင် ဖက်ထားရင်း နားပူနားဆာတိုက်မိသည်။ အချိန်အတန်ကြာအောင် ပြန်မလာခဲ့သည်မို့ အတွေးများကာ စိုးရိမ်သွားခဲ့ရသည်ပင် မဟုတ်လား..
အကြောင်းစုံသိ၍ ထားရစ်ခဲ့ပြီများလားဟု စိုးထိတ်မိသည်အထိ မိမိ သိထားသော လျှို့ဝှက်ချက်တို့က ရိုက်ခတ်ချက် ပြင်းထန်ပါသည်... ယခုလည်း တော်တော်နှင့် အဖြေစကား မရသည်မို့ စိတ်မရှည်စွာ ဆူအောင့်မိတော့...

"ဟင်! ဘယ်တွေရောက်နေခဲ့တာလဲလို့! "

"အရှင့်အတွက် စားသောက်စရာ တခုခု သွားရှာနေခဲ့တာပါ... အရှင်မနိုးခင် ပြန်လာဖို့ လုပ်ခဲ့တာ အရှင်က ထင်ထားတာထက် စောစော နိုးလာခဲ့လို့.."

alpha၏ အဖြေစကားကိုကြားမှ တင်းထားသည့် စိတ်အလုံးစုံကို လျှော့ချနိုင်​တော့သည်။ စိတ်ရှုပ်ထွေးမှုကြောင့်ပင်လား.. ခါတိုင်းထက် ပို၍ တည်ငြိမ်နေသယောင် ခံစားရသည့် alpha့ လေသံကြောင့်ပင်လား.. heatကြောင့် မတည်ငြိမ်သော ဟော်မုန်းတို့ကြောင့်ပင်လား.. ခရမ်းစွဲရောင် မျက်ဝန်းတောက်တောက်တို့တွင်လည်း မျက်ရည်ဥတို့ တွဲခိုလာသည်။ ရိပ်မိသွားမည် စိုးသည်ကြောင့် အမြန်ပင် ရင်ခွင်ကျယ်အား မျက်နှာအပ်လိုက်မိတော့ alpha၏ လေသံက စိုးရိမ်သွားလေဟန်...

"ဘာလို့လဲ အရှင်.. ကျုပ်မရှိတုန်း ဘာအဆင်မပြေတာဖြစ်လို့လဲ"

"ကိုယ်တော့်ကို...ဟင့်... ကိုယ်တော့်ကို ထားသွားပြီလို့ ထင်ခဲ့တာ"

ထိန်းထားသည့် ကြားထဲမှပင် ရှိုက်သံလေးက ထွက်လာသော အရှင်မှာ ကိုယ်ငယ်ကပါ တသိမ့်သိမ့်တုန်လာသည်။ အလိုက်သိစွာ ခေါင်းကို အသာအယာ ပွတ်သပ်ပေးသော alphaကြောင့် ပို၍လည်း ဝမ်းနည်းလာသည်။ ယခုသာ ကြင်နာနေတာ အကြောင်းစုံသာ သိလျှင် alphaဟာ သူ့အပေါ် ရန်ငြှိုးထားတော့မည်မဟုတ်လား...

"ဘာလို့ ငိုနေတာလဲ အရှင်ရယ်... ကျုပ်က ဘာလို့ အရှင့်ကို ထားခဲ့ရမှာလဲ... ကျုပ်ရဲ့ လာဗင်ဒါလေးကိုလေ"

"ဒီအတိုင်း.... ဒီအတိုင်း လန့်သွားခဲ့လို့ပါ..."

"တောထဲမှာ ဘေးတွေ့ခဲ့လို့လား..? မပူပါနဲ့ အခု ကျုပ်ရှိနေပြီပဲ မဟုတ်လား...ကျုပ်က ကာကွယ်ပေးမှာပေါ့"

ပုံမှန်စိတ်နှင့်သာဆို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သည်ဟူ၍ အထွဋ်တက်မိလောက်သော်လည်း ယခုအခါတွင်တော့ နှုတ်ဆိတ်နေမိသည်။ အကြောင်းစုံသာသိသွားခဲ့ရင် alphaနှုတ်မှ သည်လိုစကားမျိုး ဆိုနိုင်ပါဦးမလား...အိပ်မက်ထဲကလို သူ့အပေါ် နာကျည်းစွာ တိုက်ခိုက်လေမလား...တွေးကြည့်ရုံနှင့်ပင် တုန်လှုပ်မိပါ၏...

ဘယ်လောက်ပဲ သန်မာသည်ပြောပြော အချစ်နှင့် ယှဥ်လာလျှင်တော့ အနည်းနှင့်အများ ပျော့ပြောင်းတတ်ကြသည် မဟုတ်လား... အရှင်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သတိမထားလိုက်မိသည့် အချိန်မှာပင် သည်မျက်ဝန်းစိမ်းပိုင်ရှင်အပေါ်ကို အတော်လေး ပျော်ဝင်သွားမိပုံပေါ်သည်။

ဆုံးဖြတ်လိုက်ပါသည်။ အစတည်းက ရှိခဲ့သော ရည်ရွယ်ချက်ဖြစ်သော်ငြား ယခုပို၍ သေချာလာခဲ့သော တောင်းဆိုမှုအား alphaထံ ဖွင့်ဟတော့မည်ဟူ၍...
အနားတွင် ရှိနေခြင်းလောက် လုံခြုံသည့်နေရာ မရှိသည်မို့...

"alpha..."

"အင်း..."

"ကိုယ်တော်နဲ့ နန်းတော်ကို ပြန်လိုက်ခဲ့ပါနော်..."

"......"

#Tbc

A/N: ရွေးချယ်ရခက်နေတဲ့ alphaက အရှင် တောင်းဆိုတာကို လက်ခံပါ့မလား? အရှင့်အိပ်မက်ဆိုးကရော အိပ်မက်ဆိုးသက်သက်ပဲလား ဒါမှမဟုတ်.....? 😬

အလုပ်နဲ့ ကျောင်းနဲ့ကြား ဘောလုံးလေးလိုလိမ့်နေရင်း upပေးလိုက်ပါတယ် ဘေဘီတို့ 🥲 အားဆေးအဖြစ် motiလေး ဘာလေး ပေးခဲ့ကြရင် ကောင်းမှာပဲ 🥺🥺 နောက်ပြီး ရာသီဥတုရော နိုင်ငံရေးတွေကော မူမမှန်တာမို့ အစစအရာရာ ဂရုစိုက်ကြပါနော်~ 🥺🤍

See you in next episode~

- 해바라기

ZG

သင္းကြဲအုပ္စု တည္ေနရာႏွင့္ ခပ္လွမ္းလွမ္းတြင္ရွိေသာ လြင္ျပင္က်ယ္တြင္ ထိုင္ရင္း အေတြးနယ္ခ်ဲ့ေနမိသည္။ သည္ရက္ပိုင္းအတြင္း သူ႕စိတ္ထဲရွိသည့္ အေၾကာင္းအရာက ဒြိဟျဖစ္ရသည့္ ဆုံးျဖတ္ခ်က္တို႔သာျဖစ္သည္ေလ။

ဘာေၾကာင့္မ်ား အေၾကာင္းတိုက္ဆိုင္စြာ အရွင္သည္ ထိုသူ၏ မ်ိဳးဆက္ျဖစ္ေနရသည္လဲ။ သူကေရာ ဘာေၾကာင့္မ်ား ထိုလူယုတ္မာ၏ မ်ိဳးဆက္ႏွင့္မွ ေမတၱာမွ်မိသည္လဲ။ အိုဝမ္၏ ခနဲ႕စကားက အရွိုက္ထိသေယာင္ ခံစားရသည္ေၾကာင့္ ခံျပင္းလွပါသည္။

မယ္မယ့္ဘက္ကိုသာ ၾကည့္လွ်င္ ေသြးဆူေလာက္သည့္ အတိတ္တို႔ပင္ ျဖစ္လင့္ကစား သနားစဖြယ္ အရွင္ကိုလည္း သူမစြန့္ပစ္ရက္ပါ။ တကယ္တမ္း အရွင့္အား သစၥာေဖာက္လိုလွ်င္ သူကအျခားသူမ်ားထက္ပင္ လြယ္ကူေသးသည္ေလ။

သို႔ေသာ္လည္း ခရမ္းစြဲေရာင္ မ်က္ဝန္းဝိုင္းေလးမ်ားအား ျမင္ေယာင္မိသည့္ အခ်ိန္တိုင္း အားနာစိတ္ျဖစ္ေပၚသည္။ သူသည္ အရွင့္အား ကာကြယ္ေပးမည္၊ အရွင့္အာဏာစက္ တည္ၿမဲေအာင္ ကူညီေပးမည္ဟူေသာ ကတိျဖင့္ အရွင့္အနားေရာက္လာခဲ့သည့္တိုင္ လက္ေတြ႕သည္ေတာ့ သူ႕အား စကားမတည္သူျဖစ္ေအာင္ တြန္းပို႔ေနသေယာင္ေယာင္ပါပင္။

စိတ္ရႈပ္ေထြးစြာျဖင့္ ဆံပင္မ်ားကို ထိုးဖြလိုက္ကာ ေလပူအခ်ိဳ႕ မႈတ္ထုတ္လိုက္မိသည္။ ယခုလို စိတ္ရႈပ္ေထြးေနရခ်ိန္ အရွင့္ကို ေတြ႕လည္း ေတြ႕ခ်င္သလို မေတြ႕လည္း မေတြ႕ခ်င္ပါ။ အရွင့္ မ်က္ဝန္းေလးမ်ားသည္ သူ၏ အဓိကေပ်ာ့ကြက္မို႔ မေမွ်ာ္လင့္ပဲ အရာအားလုံး ဝန္ခံမိကာ မ်ိဳးႏြယ္တစုလုံး တသီတတန္းႀကီး ဒုကၡေရာက္သြားနိုင္သည္ပင္ မဟုတ္လား

သို႔ေသာ္လည္း ဦးေလးပတ္ခ္၏ အစီအစဥ္ကိုလည္း သူသေဘာမေတြ႕ပါ။ အျပစ္လုပ္ခဲ့သည္ဆိုလွ်င္ေတာင္ အျပစ္လုပ္ခဲ့သူက အရင္မင္းႀကီးပင္ မဟုတ္လား။ အရွင္ဟာ ခမည္းေတာ္ျဖစ္သူ၏ ယုတ္မာမႈတို႔ကို သိခဲ့သည္မွ မဟုတ္ပဲ... အရွင့္ကိုေတာ့ မသက္ေရာက္သင့္ဟု သုံးသပ္မိသည္။

*အၾကာႀကီးေတြေဝေနလို႔လည္း မျဖစ္ဘူး.. ငါဘာလုပ္သင့္လဲ.. ဘာလုပ္ရမလဲ*

အရွင့္ကိုေ႐ြးခ်ယ္လွ်င္ ယခုလို ဦးေလးပတ္ခ္မရွိခ်ိန္တြင္ အရွင့္အနားျပန္သင့္ၿပီျဖစ္ကာ ေက်းဇူးတရားႏွင့္ ေသြးေႂကြးကိုေ႐ြးခ်ယ္လွ်င္ အရွင့္ႏွင့္ ေဝးသထက္ေဝးသည့္ လမ္းကိုေ႐ြးခ်ယ္ရေတာ့မည္။ ဆုံးျဖတ္ခ်က္ ႏွစ္ခု၏ အလယ္ဗဟိုမ်ဥ္းေပၚ၌ ရပ္ေနရသည့္ ခံစားခ်က္ကား ဆိုး႐ြားလြန္းပါ၏။ ဘယ္ဘက္ကိုေ႐ြးေ႐ြး ငဲ့စရာရွိေနသည့္ အေနအထားက သူ႕အားပို၍ က်ဥ္းထဲက်ပ္ထဲေရာက္ေစသည္မွာ အမွန္ပင္။

*ဟင္ ႐ုတ္တရက္ ဘာလို႔ လာဗင္ဒါနံ႕...?*

႐ုတ္ခ်ည္းဆိုသလို အာ႐ုံထဲတိုးဝင္လာသည့္ လာဗင္ဒါအနံ႕ေၾကာင့္ လွည့္ၾကည့္မိသည့္အခါ ျမင္းကို ဒုန္းစိုင္းစီးကာ ခရီးႏွင္လာသည့္ အရွင္။ အခ်ိန္မေတာ္မွ ေရာက္လာရေလာက္သည္အထိ ႀကီးမာေသာ အေၾကာင္းကိစၥရွိေနခဲ့ဟန္ေပၚသည္။

"အရွင္?"

"alpha!"

အရွင္ဟာ စကားမ်ားမ်ား မဆိုပဲ သူ႕ရင္ခြင္အတြင္း အတင္းတိုးဝင္ခိုလႈံသည္။ အလန့္တၾကားျဖင့္ ပတ္ဝန္းက်င္ကို ၾကည့္လိုက္မိေသာ္လည္း ေတာ္ေသးသည္က သူတစ္ေယာက္သာ ရွိေနသည္မို႔ပင္။ ပတ္ဝန္းက်င္ကိုပင္ သတိမမူနိုင္ပဲ ျပဳမူေနပုံအရ အရွင္ဟာ သူ႕ကို အေတာ္ သတိရေနခဲ့ပုံေပၚသည္။

"ဘယ္လိုျဖစ္ၿပီး လိုက္လာတာလဲ အရွင္"

"ခင္ဗ်ားက ဘာလို႔ ကိုယ္ေတာ့္ကို ေရွာင္ေနလဲ!"

"က်ဳပ္ မေရွာင္ပါဘူး အရွင္ရဲ႕.. ဒီအတိုင္း ဒီမွာ ကိစၥအခ်ိဳ႕ ရွိေနလို႔ပါ"

"ညာတာ! ကိုယ္ေတာ္ ဆင့္ေခၚခဲ့တာကိုေတာင္ သုံးခါတိတိ ျငင္းခဲ့ၿပီးေတာ့..."

"ဟင္? အရွင္ က်ဳပ္ကို ေခၚေသးတာလား?"

"ဟုတ္တယ္ေလ! ခင္ဗ်ားပဲ ျငင္းခဲ့တာဆို။ သုံးခါေတာင္ ျပန္ျငင္းခဲ့တာတဲ့။ ကိုယ္ေတာ့္ကို အဲ့ေလာက္ေတာင္ မေတြ႕ခ်င္တာလား. ဟမ္!"

အရွင္ေျပာသည့္ အေၾကာင္းအရာကို သူမသိ... သည္နယ္ေျမတြင္ သူရွိေနသည့္ ေတာက္ေလွ်ာက္ နန္းေတာ္မွ အဆက္အသြယ္တခါမွ် မရွိခဲ့သည္ေလ။ သို႔မဟုတ္ တေယာက္ေယာက္က ၾကားထဲမွ မလည္ရႈပ္လုပ္လိုက္သည္မ်ားလား?

"မဟုတ္တာ အရွင္ရယ္။ က်ဳပ္ မသိလိုက္လို႔ပါ။ သိမွျဖင့္ အရွင့္ဆီ လာခဲ့မွာေပါ့။ တခုခုမ်ား အဆင္မေျပျဖစ္ေနလို႔လား"

ခ်က္ခ်င္းဆိုသလို မ်က္ႏွာညွိုးသြားသည့္ အရွင္ေၾကာင့္ သူတင္မက အရွင့္မွာပါ စိတ္ရႈပ္ေထြးစရာတို႔ ရွိေနေၾကာင္း ထယ္ေဟ်ာင္း ခန့္မွန္းလိုက္မိသည္။ သူမရွိခ်ိန္ နန္းတြင္းမွာေကာ ဘာေတြျဖစ္သြားခဲ့သည္မ်ားလဲ။ ထယ္ေဟ်ာင္းကိစၥက ထုတ္ေျပာ၍ မျဖစ္နိုင္ေသာ္လည္း အရွင္ စိတ္ရႈပ္ေထြးရသည့္ ကိစၥကိုေတာ့ ေပါ့ပါးသြားေစလိုျငား နားေထာင္ေပးခ်င္မိသည္။

"ေျပာရရင္ အရွည္ႀကီးပဲ... ဒါေပမယ့္ ကိုယ္ေတာ္ အခုလာတာက အဲ့ဒါေၾကာင့္ မဟုတ္ဘူး"

အရွင္က လက္ဝါးႏုႏုတို႔ျဖင့္ သူ႕မ်က္ႏွာကို အုပ္ကိုင္ရင္း မ်က္ဝန္းတို႔ကို ဆုံေစသည္။ alpha၏ မ်က္ဝန္းစိမ္းစိမ္းတို႔သည္လည္း စကားမဆိုနိုင္ပဲ ရီေဝေဝသာ ၾကည့္ေနမိသည္မွာ ဘယ္ေလာက္ထိ လြမ္းေနခဲ့ေၾကာင္း သိသာပါသည္။ သည္မ်က္ႏွာႏုႏုအား အနီးကပ္မျမင္ရသည္မွာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲေလ..

"ကိုယ္ေတာ္တို႔ၾကားမွာ ပိုၿပီး ပြင့္လင္းသင့္တယ္လို႔ ခံစားမိလို႔ alpha... တခါတေလ ကိုယ္ေတာ္က ခင္ဗ်ားရဲ႕ mateျဖစ္ၿပီး ေဘးလူေလာက္ေတာင္ ခင္ဗ်ားအေၾကာင္း မသိရဘူးလို႔ ခံစားရလို႔ ဝမ္းနည္းတယ္..."

"မဟုတ္တာ အရွင္ရယ္...အဲ့ဒါေၾကာင့္ ဒီအထိေတာင္ လိုက္လာခဲ့တာလား...."

စကားမဆိုပဲ ေခါင္းတဆတ္ဆတ္ျငႇိမ့္သည့္ အရွင့္ကို ၾကည့္ရင္း alphaတစ္ေယာက္ အေျဖစကား ကင္းမဲ့ရျပန္သည္။ တဆက္တည္းမွာပင္ ေဝခြဲရခက္ျဖစ္ေနသည့္ ကိုယ့္ကိုယ္ကို အျပစ္လည္း တင္မိသည္။ အရွင္က သူ႕အေပၚ သည္ေလာက္ တြယ္တာတာ သူက ဘာေၾကာင့္ ေတြေဝေနရသည္လဲ...

"ကိုယ္ေတာ္ ခင္ဗ်ားကို ယုံၾကည္ခ်င္တယ္.. alpha.. အႂကြင္းမဲ့ေပါ့... ေက်းဇူးျပဳၿပီး ကိုယ္ေတာ့္ကို ပြင့္လင္းေပးနိုင္မလားဟင္"

စၾကာဝဠာတခုလုံး ထည့္ထားသည္ ထင္ရေလာက္ေသာ မ်က္ဝန္းေတာက္ေတာက္ေလးမ်ားက ေတာင္းဆိုခ်က္ မွန္သမွ်ကို ျငင္းဆန္ရခက္ေစသည္။ ဘာအေၾကာင္းကိစၥေၾကာင့္ အရွင္ဟာ သည္လို စကားမ်ိဳးဆိုမွန္း မသိေသာ္လည္း အားကိုးရွာေနဟန္ေပၚသည့္ ခရမ္းစြဲေရာင္ မ်က္ဝန္းေလးတို႔က သူ႕အား ဆက္၍ အရွည္မေတြးနိုင္ေစရန္ ညွို႔ယူသည္။

"အင္း... အရွင္ေတာင္းဆိုမွေတာ့ က်ဳပ္ဘယ္ျငင္းနိုင္ပါ့မလဲ.."

အခ်စ္ဟူသည္ အလြန္ အားျပင္းေသာ ခံစားခ်က္ နာမ္စားတစ္ခုပင္ျဖစ္သည္။ တေလွ်ာက္လုံး ဒြိဟျဖစ္ခဲ့ရသမွ်က အရွင့္မ်က္ဝန္းေလးမ်ားႏွင့္ ယွဥ္လာသည့္အခါ ေဘးေရာက္သြားသည္တဲ့... အရွင့္မ်က္ဝန္းေလးမ်ားက အမွန္ပင္ alpha၏ အားနည္းခ်က္ပါပင္..

*ေတာင္းပန္ပါတယ္ မယ္မယ္။ က်ေနာ္ ဒီမ်က္ဝန္းေလးေတြကို လြန္ဆန္နိုင္မယ္ မထင္ဘူး*

"တကယ္ေတာ့ က်ဳပ္က---"

"အာ့!!"

"အရွင္! ဘယ္လိုျဖစ္တာလဲ အဆင္ေျပရဲ႕လား!?"

အာ႐ုံတစိုက္ နားေထာင္ေနရင္းမွ ႐ုတ္ခ်ည္းဆိုသလို ဝမ္းဗိုက္ကို ဖိႏွိပ္ကာ နာက်င္သံျပဳရင္း ေခြက်သြားသည့္ အရွင့္ေၾကာင့္ သူပါ ထိတ္လန့္ရသည္။ ေထြးေပြ႕ထားမိရင္းပင္ ခံစားမိသည့္ သာမန္ထက္ ျပင္းထန္လာေသာ လာဗင္ဒါနံ႕ႏွင့္ ပူႏြေးသည့္ အသားအရည္တို႔အရ အရွင္ေလး၏ heatက တေက်ာ့ျပန္ခဲ့ပုံေပၚပါသည္။

အရွင္ဟာ ေဆးတို႔၏ အက်ိဳးဆက္ေၾကာင့္ တခ်က္တခ်က္တြင္ heatကာလ နာက်င္မႈတို႔ကို ခံစားရဆဲပင္ မဟုတ္လား။ ေနသာေစရန္ ေက်ာျပင္ငယ္အား ခပ္ဖြဖြပြတ္သပ္ေပးမိေတာ့ ရင္ခြင္တြင္း ပို၍ တိုးဝင္ရင္း ကိုယ္ေငြ႕အား ပို၍ ခိုလႈံသည္။ လြတ္ထြက္သြားမည္ကို ေၾကာက္သည့္အလား ဖက္ထားသည့္ အရွင့္ကိုၾကည့္ရင္း ထယ္ေဟ်ာင္းရင္ထဲလည္း ေလးလံလာမိ၏။

"အရမ္းေနရခက္ေနလား အရွင္..."

"ဟင့္အင္း.. ခုေတာ့ အဆင္ေျပလာပါၿပီ.. ခင္ဗ်ား ရွိလို႔ေလ alpha"

ထိုစကားက alpha၏ ရင္အစုံကို လႈပ္ခတ္ေစသလို မ်က္ဝန္းစိမ္းတို႔ကိုပါ မတည္မၿငိမ္ျဖစ္ေစျပန္ေသးသည္။ အရွင္ဟာ သူ႕အေပၚ ဘယ္ေလာက္ထိ တြယ္တာလိုက္သလဲ... သန္မာပုံကိုသာ ျပခ်င္သည့္ အရွင္ဟာ သူ႕အေပၚတြင္ေတာ့ ပုံရိပ္မ်ိဳးစုံကို ျပသရန္ ဝန္မေလးသူပင္။ ဒါကိုေတာင္ သူက ေဝခြဲရခက္ေနသည္က အမွန္ပင္ စိတ္ပ်က္ဖြယ္ေကာင္းလွပါသည္။

တဆက္တည္းမွာပင္ သတိရသြားသည္က သူတို႔ရွိေနသည့္ေနရာသည္ သင္းကြဲအုပ္စု နယ္ေျမအတြင္းမို႔ အခန့္မသင့္၍ လူမိလွ်င္ ၂ေယာက္လုံးအတြက္ ေကာင္းက်ိဳး လုံးလုံး မရွိနိုင္။ ထို႔ေၾကာင့္ အရွင့္အား အျမန္ပင္ ေပြ႕ခ်ီလိုက္ကာ...

"သြားၾကရေအာင္။ ေတာအုပ္ထဲက က်ဳပ္အိမ္ေဟာင္းဆီကို။ ဒီမွာက ေအးၿပီး မလုံၿခဳံဘူး"

ေပြ႕ခ်ီခံထားလ်က္ရွိေသာ အရွင္က ေခါင္းအသာျငႇိမ့္ကာ ရင္ခြင္က်ယ္အတြင္း ပို၍ မ်က္ႏွာအပ္ကာ တိုးဝင္သည္။ heatကာလတြင္း အခြၽဲပိုတတ္ေသာ omegaတို႔၏ သဘာဝေၾကာင့္ ေပြ႕ခ်ီထားေသာ သက္ဆိုင္သူ alphaမွာလည္း စိတ္ရႈပ္ေထြးစရာမ်ားၾကားကပင္ အသည္းယားစြာ ၿပဳံးမိသည္အထိ။

ဘယ္လိုကိစၥပင္ ရွိရွိ ယခုခ်ိန္တြင္ေတာ့ ထယ္ေဟ်ာင္းသည္ အရွင့္၏ အယုံၾကည္ရဆုံး mate၊ အားကိုးရသည့္ alphaျဖစ္ကာ အရွင္သည္လည္း alpha၏ ျမတ္နိုးခ်စ္ခင္ရသည့္ လာဗင္ဒါေလးပင္ ျဖစ္သည္။ သည္အခ်ိန္တြင္ေတာ့ ေသြးေႂကြးဆိုသည့္အရာလည္း သတိမရနိုင္သလို အတိတ္ဆိုသည့္အရာသည္လည္း ပါးမႊားသာသာျဖစ္သြားေလ၏။

•••••

မိုးမခေတာအတြင္းရွိ အိမ္ေဟာင္းတလုံးအတြင္းျဖစ္သည္။ ျပန့္က်ဲေနသည့္ အဝတ္အစားမ်ားႏွင့္အတူ လြတ္ထြက္မတတ္ ေပြ႕ဖက္ထားၾကသည့္ ခ်စ္သူႏွစ္ဦးက ေဟာင္းႏြမ္းေနသည္မို႔ ႏူးညံ့မႈမရွိသည့္ အိပ္ရာကိုပင္ ဂ႐ုစိုက္မိပုံမေပၚ။ ေမာဟိုက္သည့္ အသက္ရႉသံ မွန္မွန္တို႔ႏွင့္အတူ ေလထုအတြင္း ေရာယွက္၍ေနေသာ မိုးရနံ႕ႏွင့္ လာဗင္ဒါ ရနံ႕ကလည္း သိပ္လိုက္ဖက္လြန္းသည္။

အေမာေျပသည့္အခ်ိန္တြင္ အရွင္ေလးက ရင္ခြင္က်ယ္အတြင္း ပို၍တိုးဝင္ကာ ရင္ေငြ႕ကို ခိုလႈံမိသည္။ အလိုက္သိလွသည့္ alphaသည္လည္း နာက်င္မႈဒဏ္ က်န္ရစ္သည့္ ခါးတဝိုက္အား လက္ျဖင့္ ဖြဖြ ပြတ္သပ္ႏွိပ္နယ္ေပးေနသည္။ ထို႔အျပင္ mateအမွတ္အသားရွိရာ ပုခုံးစပ္တဝိုက္ကိုလည္း ခပ္ဖြဖြ အနမ္းျပဳရင္း ခံစားခ်က္ ေကာင္းေစရန္ ကူညီေပးေနသည္။

heatေၾကာင့္ နာက်င္မႈကို ခံစားရခ်ိန္တြင္လည္း သက္သာေစရန္ ကူညီသည္။ သာယာမႈကို ေတာင္းဆိုခ်ိန္တြင္လည္း တကိုယ္ေကာင္းမဆန္စြာပင္ ျဖည့္ဆည္းေပးျပန္သည္။ ယခုလည္း ထိုအက်ိဳးဆက္ေၾကာင့္ က်န္ခဲ့ေသာ ႏြမ္းနယ္မႈကို သက္သာလို သက္သာျငား ကုစားေပးေနျပန္သည္။ မိမိalphaမွာ သိပ္ကို အလိုက္သိလြန္းသည္ မဟုတ္လား? သည္လိုလူမ်ိဳးႏွင့္ ပတ္သက္ဆက္ႏြယ္ရျခင္းမွာ အရွင့္အတြက္ေတာ့ ေကာင္းခ်ီးတစ္ခုပင္ ျဖစ္ေလာက္ပါ၏။

သို႔ေသာ္လည္း တဆက္တည္းမွာပင္ ခမည္းေတာ္၏ စြန့္ပစ္ျခင္း ခံခဲ့ရသည့္ အျပစ္မဲ့ omegaကို ေတြးမိကာ အားနာစိတ္ဝင္လာမိျပန္သည္။ စြန႔္ပစ္ခံ omegaျဖစ္သည္ေၾကာင့္ mateလည္း ထပ္မရွိနိုင္ေတာ့သည့္ သူမသည္ ခက္ခဲသည့္ heatအခ်ိန္တို႔အား ဘယ္လိုမ်ား ျဖတ္သန္းခဲ့သည္လဲ.. သို႔မဟုတ္ စြန့္ပစ္ခံရျခင္း၏ေနာက္ ပ်က္စီးမႈ အက်ိဳးဆက္တို႔ထဲ omegaတို႔၏ အဓိကအရာျဖစ္သည့္ heatပါ ပါသြားခဲ့သည္လား..

"ဘာေတြေတြးေနတာမ်ားလဲ အရွင္... ေနလို႔ေကာင္းရဲ႕လား"

႐ုတ္ခ်ည္းဆိုသလို မ်က္ႏွာညွိုးသြားသည့္ အရွင္ေၾကာင့္ ေမးခြန္းထုတ္မိေတာ့ အရွင္က မတည္ၿငိမ္ေသာ မ်က္ဝန္းတို႔ျဖင့္ စကားတိုးတိုးကို ဆိုသည္။ Heatအရွိန္သက္သာလာ၍ သိခ်င္စိတ္တို႔ ျပန္၍ ျပင္းပ်လာသည္လား။

"alpha"

"hmm"

"mateျဖစ္ၿပီးမွ စြန့္ပစ္ခံရရင္ ဘယ္လိုအက်ိဳးဆက္ေတြရွိလဲ သိလားဟင္"

အရွင့္၏ အေမးေၾကာင့္ ထယ္ေဟ်ာင္း မ်က္ခုံးမ်ား တြန့္ခ်ိဳးမိသည္။ စကားစျပတ္သြားခဲ့သည့္ သူ႕အတိတ္အေၾကာင္း ေမးလာလိမ့္မည္ ထင္ခဲ့ေသာ္လည္း အဆက္အစပ္မရွိသည့္ ေမးခြန္းေၾကာင့္ ေၾကာင္အန္းသြားမိ၏။

ေမးခြန္းက ဘာကိုရည္႐ြယ္မွန္းမသိေသာ္လည္း mate၏ စြန့္ပစ္ျခင္းခံရေသာ မယ္မယ့္အား သတိရေစမိသည္မို႔ စိတ္ထဲ တမ်ိဳးျဖစ္မိသည္ကေတာ့ အမွန္ပင္။ အရွင့္ခမည္းေတာ္အေၾကာင္းကို ႀကိဳသိထား၍လည္း ပါလိမ့္မည္ ထင္သည္။

သို႔ေသာ္လည္း မ်က္ႏွာမပ်က္ေအာင္ထိန္းကာ အရွင့္ေမးခြန္းကိုေတာ့ ေျဖမိ၏။ အေျဖကိုေရွာင္ဖယ္ေနမွ ပို၍ မသကၤာစရာေကာင္းသည္မဟုတ္လား။

"ကိုယ္ပိုင္ရနံ႕မွန္သမွ်ကို အနံ႕ခံနိုင္ေတာ့မွာ မဟုတ္ဘူး။ အဲ့လိုကေန တျဖည္းျဖည္း innerwolfနဲ႕ ဆက္ႏြယ္မႈပါ အားနည္းၿပီး ေနာက္ဆုံးမွာ innerwolfနဲ႕ ဆက္သြယ္မႈလုံးဝမရွိေတာ့ပဲ ျဖစ္လာလိမ့္မယ္"

"ဟင္... innerwolf မရွိေတာ့တာက ဝိဥာဥ္မရွိေတာ့သလိုပဲေလ"

"ဟုတ္တာေပါ့... ေသလူနဲ႕ ျခားမွာ မဟုတ္ေတာ့ဘူး... ဆက္ႏြယ္မႈေပ်ာက္သြားရင္း တျဖည္းျဖည္း ခ်ိဳ႕ယြင္းလာရင္းပဲ ဇီဝိန္ခ်ဳပ္သြားမွာ.. ဒါနဲ႕ ႐ုတ္တရက္ႀကီး ဘာလို႔ အဲ့ဒါကို သိခ်င္ရတာလဲ"

alpha၏ အေျဖေၾကာင့္ မ်က္ေမွာင္ႀကဳံ႕မိသည္။ သူ႕ခမည္းေတာ္က ဒါကိုသိရက္ႏွင့္ပင္ ထိုမင္းသမီးငယ္ကို ပစ္ထားခဲ့တာတဲ့လား.. ရက္စက္လိုက္ပါဘိ...

"ဒီအတိုင္း... မေမွ်ာ္လင့္ပဲ omegaတေယာက္အေၾကာင္း သိခဲ့ရလို႔.. mateက စြန့္ပစ္တာခံခဲ့ရတာတဲ့ေလ.. သူမက သိပ္သနားဖို႔ေကာင္းတာပဲ"

အရွင့္စကားေၾကာင့္ ထယ္ေဟ်ာင္း ပို၍ တုန္လႈပ္မိသြား၏။ အေၾကာင္းတိုက္ဆိုင္လြန္းသည္လား သိလ်က္ႏွင့္ ေမးေနသည္လား.. အရွင္က မသိပဲ ေမးျခင္းလည္း ျဖစ္ေကာင္းျဖစ္နိုင္ေသာ္လည္း သူက သိထားၿပီးသူမို႔ စိတ္တို႔ပို၍ ဂနာမၿငိမ္ျဖစ္မိ၏။

ထို႔အျပင္ ဆက္၍ ဆိုလာသည့္ စကားတို႔က ပို၍ သံသယမ်ားေစေတာ့သည္။ အစက မယ္မယ္တို႔ အတိတ္အေၾကာင္းကိုသာ ခ်န္လွပ္၍ မိမိအေၾကာင္း အရွင့္အား ဖြင့္ဟမည္ဟု ႀကံခဲ့ေသာ္လည္း သည္တိုင္းဆို ေျပာ၍ မျဖစ္ေလာက္ေသးပါေလ...

"ခင္ဗ်ားကေတာ့ အဲ့ဒါမ်ိဳး လုပ္မွာမဟုတ္ဘူးမလား "

alpha၏ အတြင္းစိတ္မွ လြန္ဆြဲမႈကို မရိပ္မိေသးေသာ အရွင္ေလးသည္ေတာ့ သာမန္စိတ္ႏွင့္ဆို မာန္ကေလးခံေနျခင္းေၾကာင့္ ေမးမိလိမ့္မည္ မဟုတ္သည့္ ေမးခြန္းအထိပင္ heatအခ်ိန္ေပမို႔ သတိလက္လြတ္ ထြက္လာခဲ့၏။

ေနာက္ၿပီး ပြင့္လင္းစြာ ဝန္ခံရလွ်င္ ခမည္းေတာ္၏ ဝဋ္တို႔က သူ႕ထံလည္မည္ကို ေၾကာက္ပါသည္။ အျပစ္လုပ္ထားသည္က လူတစ္ေယာက္ထဲ အေပၚမဟုတ္ပဲ ေျမစာပင္ျဖစ္ခဲ့သည္ဆိုေသာ သူႏွင့္ အမ်ိဳးေတာ္သည့္ ထိုမ်ိဳးဆက္ကေလးအထိပင္ မဟုတ္လား...

"ဟင္.. ေျဖေလ..alpha.. ကိုယ္ေတာ့္ကို ထားသြားမွာ မဟုတ္ဘူးမလား... ဟင္"

မလႈပ္မယွက္ျဖင့္ အေျဖစကားလည္း မေပးသည့္ alphaေၾကာင့္ ဆြဲကိုင္ထားသည့္ လက္အား စိတ္မရွည္စြာ လႈပ္ယမ္းမိ၏။ သို႔ေသာ္လည္း အေျဖရယ္လို႔ ေရေရရာရာမေပးပဲ နဖူးျပင္သို႔သာ အနမ္းဖြဖြေပးေသာ alpha၏ တုန့္ျပန္မႈကို သူဘဝင္မက်။ ရင္ဖိုဖြယ္ ျဖစ္သည့္တိုင္ alphaႏႈတ္မွ ဆိုေသာ အေျဖကိုသာ လိုခ်င္သည္ေလ...

"ပင္ပန္းေနၿပီမဟုတ္လား အရွင္~ အိပ္ေတာ့"

"စကားလမ္းေၾကာင္းလႊဲပစ္တာလား"

"မဟုတ္ရပါဘူး အရွင္ရယ္။ ဒီလိုအေၾကာင္းအရာေတြက အခုလိုအခ်ိန္မွာ မေျပာသင့္ဘူးလို႔ ခံစားမိလို႔ပါ"

"မရဘူး ေျဖ..."

heatအခ်ိန္မို႔ပင္လား အရွင္ဟာ သိပ္ခံစားလြယ္ေနသည္။ မလြန္ဆန္နိုင္သည့္ မ်က္ဝန္းဝိုင္းဝိုင္းေလးတို႔၌ ေငြ႕ရည္ဖြဲ႕ကာ ေတာင္းဆိုလာသည့္အခါ alphaသည္လည္း စကားလမ္းလႊဲျခင္း အမႈအား ဆက္၍ မျပဳနိုင္ေတာ့... ရင္ခြင္တြင္းမွ အရွင့္အား ပို၍ နီးကပ္ေအာင္ ေပြ႕ဖက္ထားမိရင္း ေမးဖ်ားေလးအား ဖြဖြ ဆြဲေမာ့ကာ အေျဖတိုးတိုးကို ျပဳမိ၏။

"က်ဳပ္က အရွင့္ကို သိပ္ခ်စ္တာေလ ဘယ္လိုလုပ္ ထားရက္မွာလဲ"

လိုခ်င္ေသာ အေျဖစကားကိုရသည္ေၾကာင့္ အရွင္ေလးက ေက်နပ္အားရစြာၿပဳံးကာ alpha၏ ကိုယ္ေငြ႕ကို ပို၍ခိုလႈံရင္း ရင္ခြင္တြင္းသို႔ တိုးဝင္သည္။ အမွန္ပင္ alphaက သူ႕အတြက္ စိတ္လုံၿခဳံေစသည္ပဲ။

"အခုလိုမ်ိဳးေလးပဲ ဘယ္ေတာ့မွ မေျပာင္းလဲပါနဲ႕ alpha"

*ခင္ဗ်ားသာ ေျပာင္းလဲသြားရင္ ကိုယ္ေတာ္ ခံနိုင္ရည္ရွိမယ္ မထင္ဘူး...*

စိတ္ခ်လဳံၿခဳံစြာ အိပ္ေမာက်သြားေသာ အရွင္ေလးသည္ မိမိစကားေၾကာင့္ အေတြးမ်ားကာ သက္ျပင္းအႀကိမ္ႀကိမ္ ခ်မိေသာ Alpha၏ အေျခအေနကိုေတာ့ သိခဲ့လိမ့္မည္ မဟုတ္ပါေလ..

•••••

ေအးစက္ ေမွာင္မဲသည့္ ခံစားခ်က္ေၾကာင့္ နိုးလာခဲ့သည္။ မအိပ္ခင္ကထက္စာလွ်င္ ေနရသက္သာေနေသာ္လည္း အႏြေးဓာတ္ကင္းမဲ့မႈေၾကာင့္ သက္ဆိုင္သူ အနားမွာ မရွိေနမွန္း တပ္အပ္သိလိုက္သည္။ သူ႕ကို ထားခဲ့ျပန္ၿပီပဲ။

"အၿမဲတမ္း ဒီဝတ္႐ုံတစ္ခုနဲ႕ပဲ ကိုယ္ေတာ့္ကို ေခြၽးသိပ္တယ္။ ခင္ဗ်ား သိပ္ဆိုးတယ္ alpha"

အနားမရွိခ်ိန္ ေဝဒနာမ်ား သက္သာေစလိုျငား ၿခဳံေပးထားခဲ့သည့္ ဝတ္႐ုံကို တင္းတင္းဆုပ္ရင္း ေရ႐ြတ္မိသည္။ imnerwolfအဖို႔ေတာ့ alpha၏ မိုးရနံ႕တို႔ႏွင့္ပင္ စိတ္သက္သာဖြယ္ျဖစ္ေသာ္လည္း သူ႕အတြက္ေတာ့ alpha၏ ႏြေးေထြးစြာ ေပြ႕ဖက္ထားမႈကို ပို၍လိုအပ္သည္ေလ။

အႀကိမ္ႀကိမ္စဥ္းစားၿပီးေနာက္ ဆက္၍ ေစာင့္ေနသည္ထက္ alphaရွိရာကို လိုက္ရွာသည္က ပို၍ သင့္ေတာ္မည္ဟု ဆုံးျဖတ္လိုက္မိသည္။ သည့္ထက္ပို၍ မေဝးကြာရေအာင္ alphaက ေရွာင္ေနလွ်င္ေတာင္ သူက ေရွ႕တိုးမည္ဟု ဆုံးျဖတ္ထားခဲ့သည္ မဟုတ္လား...

အလွမ္းကြာေဝးေနရာမွ ကြဲကြာရသည့္ အျဖစ္မ်ိဳးအား အရွင္ေလးမွာ မႀကဳံခ်င္ပါ။ အထူးသျဖင့္ ခမည္းေတာ္ကဲ့သို႔ သစၥာမဲ့သည့္ အျဖစ္မ်ိဳးျဖင့္ ဝဋ္လည္မည္ကိုလည္း စိုးရိမ္သည္ေၾကာင့္ ႏွစ္ဦးၾကား အကြာအေဝးကို အတတ္နိုင္ဆုံး ေလွ်ာ့ခ်သင့္သည္ဟု ယူဆမိသည္ပင္။

heatမၿပီးေသးသည္ေၾကာင့္ အားနည္းမႈက ရွိေနေသးေသာ္လည္း ေနာက္တႀကိမ္ heatျပန္ဝင္မလာခင္ လႈပ္ရွားသည္က အသင့္ေတာ္ဆုံးပင္ျဖစ္သည္။ alphaက ကိစၥတခုခုေၾကာင့္ ခဏထြက္သြားျခင္းျဖစ္နိုင္ေသာ္လည္း အရွင္ေလးအဖို႔ေတာ့ လြန္ကဲေသာ စိုးရိမ္မႈတို႔က heatကာလအတြင္း ညေမွာင္ေမွာင္မွာပင္ မဆိုင္းမတြ အျပင္ထြက္လာေစနိုင္ရန္ တြန္းအားျဖစ္ခဲ့ပါသည္။

ထို႔ေၾကာင့္ပင္ alpha၏ ဝတ္႐ုံကို ၿခဳံကာ ရနံ႕မ်ားကို ဖုံးကြယ္ရင္း ခိုလႈံရာေနရာမွ ထြက္လာခဲ့သည္။ Heatကာလအတြင္း ေတာနက္ထဲ သြားလာျခင္းမွာ omegaတို႔အတြက္ အႏၱရာယ္လည္း မ်ားသလို ေတာ္႐ုံ မဝံ့ေသာ ကိစၥလည္း ျဖစ္သည္။ ထို႔အျပင္ ညေမွာင္ေမွာင္ျဖစ္သည္မို႔ ရန္ျပဳခံရရန္ လြယ္ကူလြန္းသည့္ အခ်ိန္ပင္ မဟုတ္လား။

သို႔ေသာ္လည္း ထိုစိုးရိမ္ဖြယ္ အခ်က္တို႔သည္ အရွင့္အား မတားဆီးနိုင္ခဲ့ပါ။ အေသြးအသားတို႔က တမူထူးျခားစြာ ထုဆစ္ထားသည့္ omegaပီပီ အကာအကြယ္ ဝတ္႐ုံတခုကိုသာ ၿခဳံ၍ ေတာနက္ထဲ သြားလာေနျခင္းမွာ ရဲတင္းလြန္းလွသလို အခ်စ္၏ တြန္းအားေၾကာင့္လည္း ပါသည္ဆိုသည္မွာ ညာ၍ မရ...

သည္လိုႏွင့္ alpha ရွာပုံေတာ္ဖြင့္ခဲ့ရာ ေတာတြင္းတစ္ေနရာအေရာက္ တီးတိုးစကားသံအခ်ိဳ႕ေၾကာင့္ မိုးမခပင္စည္ကို အကာအကြယ္ယူကာ ပုန္းလိုက္မိသည္။ မီးပုံ အနီးတြင္ လူႏွစ္ေယာက္က ထိုင္လ်က္ စကားဆိုေနၾက၏။ အနီးရွိ ျမင္းႏွစ္ေကာင္ႏွင့္ ခ်ိတ္ဆြဲထားသည့္ အထုတ္အပိုးအခ်ိဳ႕အရ ခရီးတေထာက္နားေနေသာ ခရီးသြားအခ်ိဳ႕ျဖစ္ဟန္တူမည္ဟုလည္း ခန့္မွန္းလိုက္မိသည္။

"အခုခ်ိန္ထိ ဘာသတင္း အစအနမွ မရေသးဘူးလား?"

"နန္းတြင္းထဲမွာေတာ့ မရွိဘူးလို႔ သိရပါတယ္။ ၾကည့္ရတာ အလုပ္သေဘာအရ ခရီးတခုခုေရာက္ေနပုံပါပဲ"

"အဟင္း ကင္မ္ထယ္ေဟ်ာင္း ကင္မ္ထယ္ေဟ်ာင္း"

ထင္မွတ္မထားပဲ ၾကားလိုက္ရသည့္ မိမိ alpha၏ အမည္ေၾကာင့္ မ်က္ခုံးမ်ားကို တြန့္ခ်ိဳးလိုက္မိကာ ပို၍ အာ႐ုံစိုက္ နားေထာင္မိသည္။ နန္းတြင္းဟုလည္း ဆိုသလို alpha၏ အမည္လည္း ပါလာသည့္ သည္စကားဝိုင္းမွ လူမ်ား၏ သ႐ုပ္မွန္က ဘယ္သူမ်ားလဲ...

"ရန္သူဆီမွာ ကြၽန္ခံေနတဲ့ သစၥာေဖာက္ေလး...တမလြန္က မာရီယာသိရင္ေတာ့ ခံျပင္းေလာက္စရာပဲ"

မာ-မာရီယာ... ?

သည္ရက္ပိုင္းမွာပင္ ႀကိမ္ဖန္မ်ားစြာ ျမင္ခဲ့ရသည့္ နာမည္၊ အရွင့္အား စိတ္မလုံၿခဳံမႈတို႔ကို ျဖစ္ေစသည့္ အမည္က ယခုလည္း ထပ္၍ ေပၚလာျပန္သည္။ သည္လူတို႔၏ စကားအရ ထို omega မင္းသမီးငယ္သည္ မိမိ alphaႏွင့္ပါ တနည္းတဖုံ ပတ္သက္ဆက္ႏြယ္မႈရွိခဲ့ပုံပင္...

မဟုတ္မွလြဲေရာ... ခမည္းေတာ္နဲ႕ ထိုomegaရဲ႕ နန္းဆက္ဆိုတာ သူ႕alphaမ်ား....

ဟင့္အင္း... အဲလိုျဖစ္လို႔မရဘူးေလ...

သူနဲ႕ alphaရဲ႕ အေနအထားက ေနာက္ဆုတ္လို႔ ရေတာ့တာမွ မဟုတ္ေတာ့တာ...mateေတြ ျဖစ္ခဲ့ၾကၿပီးၿပီပင္ မဟုတ္လား..

အရွင့္ လက္ဖ်ားေလးမ်ား ေအးစက္လာကာ ေနရာမွာပင္ မလႈပ္မယွက္ နားေထာင္ေနမိသည္။ တကယ္ပဲ ေသြးသားေတာ္စပ္ေနတာေတာ့ မဟုတ္ေလာက္ဘူးမလား...

"လူကဲခတ္ညံ့တယ္ေျပာရမွာေပါ့.. အဟင္း တူဝရီးႏွစ္ေယာက္လုံးက တပုံစံတည္းပဲ. မပတ္သက္သင့္တဲ့သူေတြနဲ႕ သိပ္ပတ္သက္ခ်င္ၾကတာ ၿပီးရင္ ဇာတ္သိမ္းလွမွာလည္း မဟုတ္ပဲ"

"ဒါေပမယ့္ ကင္မ္ထယ္ေဟ်ာင္းကေရာ သိသိႀကီးနဲ႕ ဘုရင့္သစၥာခံလုပ္ေနတာ ဟုတ္ပါ့မလား? အေမတစ္ေယာက္လို ေစာင့္ေရွာက္ေပးခဲ့တဲ့သူကို ဒုကၡေပးခဲ့တဲ့သူရဲ႕သားအေပၚ ကာကြယ္ေပးေနတာ ပုံမွန္စိတ္ေကာ ဟုတ္ပါ့မလား?"

"ေသခ်ာမသိေသးတာလဲ ျဖစ္နိုင္တာပဲ။ ငါေမးတုန္းကေတာင္ မဟုတ္တာေတြေျပာေနသလို ရန္ေစာင္ေနခဲ့တာေလ. သိၿပီးသားသာဆို Eldoraနန္းတြင္းမွာ ဂေယာက္ဂယက္ေတြ ျဖစ္ေနေလာက္ေရာေပါ့."

"ဟုတ္ပါတယ္ေလ.. သိသာသိေနရင္ Eldora ဘုရင္ဟာ သူ႕ရဲ႕ အမုန္းဆုံးလူျဖစ္ေနရမွာေပါ့။ တကယ္တမ္း မာရီယာရဲ႕ အာဏာစက္သာ မကုန္ခမ္းခဲ့ရင္ ဒင္းလည္း နန္းက်မင္းသားျဖစ္မွာမွ မဟုတ္တာ။ ဒါေတြကို သိရက္နဲ႕ ခုထိ ကြၽန္ခံေနမွာေတာ့ မဟုတ္ဘူး။ မသိေသးတာပဲေနမွာ"

မထင္မွတ္ပဲ ထပ္သိလိုက္ရသည့္ အမွန္တရားတို႔က ခမည္းေတာ္၏ အတိတ္တို႔ထက္ပင္ ပို၍ ထိတ္လန့္ေစသည္။ ခမည္းေတာ္ ရက္စက္ခဲ့သူက alpha၏ အေဒၚေတာ္စပ္သူ ျဖစ္ေကာင္းကာ၊ alphaသည္လည္း ေတာ္ဝင္မ်ိဳးႏြယ္ျဖစ္ခဲ့ပုံေပၚ၏။ ထိုအေၾကာင္းအရာတို႔ကို မသိရွိပဲ သူ႕အနားေရာက္လာခဲ့ပုံရသည့္ alphaက ေသြးသားေတာ္စပ္မႈ မရွိ ဆိုေသာ္ျငားလည္း ညွိုးမာန္ဖြဲ႕ရမည့္ ဆက္ဆံေရးတဲ့လား... ဘယ္လိုေတာင္ရက္စက္လိုက္တဲ့ ေရစက္လဲ...

alphaဟာ ထိုအေၾကာင္းအရာမ်ားကို မသိ၍သာ သူ႕အေပၚ ၾကင္နာစြာ ဆက္ဆံေနနိုင္ျခင္းျဖစ္ေလာက္မည္ထင္သည္။ အေၾကာင္းစုံသိပါက သူဟာ alpha၏ အႀကီးမားဆုံး ရန္သူျဖစ္ေနသည္ မဟုတ္လား...ရန္သူႏွင့္ ခ်စ္ႀကိဳးသြယ္ရင္း mateဆက္ဆံေရးအထိ ျဖစ္လာေလာက္သည္အထိေတာ့ သေဘာထားႀကီးေလာက္မည္မထင္ပါေလ...

အကယ္၍ အေၾကာင္းစုံသာ သိပါလွ်င္ နဂိုကမွ ကြာေဝးလာၿပီျဖစ္ေသာ သူတို႔ဆက္ဆံေရးမွာ ပို၍ အေဝးႀကီး ေဝးရေပလိမ့္မည္။ ဒါ့အျပင္ alphaက သူ႕လွ်ို႔ဝွက္ခ်က္ အေတာ္မ်ားမ်ားကို သိထားသူမို႔ အႏၱရာယ္လည္း မ်ားသည္ပင္ မဟုတ္လား...

ေသခ်ာသည္ကေတာ့ သည္အေၾကာင္းတို႔အား alphaမသိေစရန္ သူအစြမ္းကုန္ တားဆီးရေတာ့မည္ပင္ ျဖစ္သည္... မလုပ္သင့္သည့္ အေၾကာင္းအရာဟု ခံစားမိသည့္တိုင္ ေနာက္ဆုတ္၍ မရေတာ့သည့္ ဆက္ဆံေရးအား ဘယ္လိုနည္းႏွင့္မွ မစြန္းထင္းခ်င္ပါေလ...

ဒါႏွင့္ သည္လူေတြက ဘယ္သူေတြမ်ားလဲ.. alpha့အေၾကာင္းကို ဘာေၾကာင့္ ထဲထဲဝင္ဝင္ သိေနသည္လဲ... ရင္ေမာစြာျဖင့္ ထိုင္ေနမိရာမွ မ်က္ႏွာတို႔ကို အေသအခ်ာျမင္ရေလရန္ ပို၍ နီးသည့္ ပင္စည္တစ္ခု အနီးသို႔ ခပ္သြက္သြက္ေ႐ႊ႕ေျပာင္းမိ၏။ သို႔ေသာ္လည္း ကံတရားက အရွင့္ဘက္ရွိခဲ့ဟန္ မေပၚေပ။

"ဘယ္သူလဲ!"

ေသစမ္း!! လမ္းခုလတ္ရွိ သစ္႐ြက္ေျခာက္တို႔ကို သတိမထားမိခဲ့သည္ပဲ! အလ်င္အျမန္ပင္ ထိုင္ခ်ကာ ပင္စည္ႏွင့္ သစ္႐ြက္တို႔ကို အကာအကြယ္ယူ ပုန္းလိုက္မိသည္။

"လူရွိေနတယ္ ထင္တယ္. သြားၾကည့္စမ္း!"

အသက္ပင္ ေျဖာင့္ေျဖာင့္မရႉရဲပဲ ၿငိမ္ကုတ္စြာ ပုန္းေနမိသည္။ လုံၿခဳံၿပီ ထင္ေနခဲ့ေသာ္လည္း အရွင္ေလး ေမ့ေလ်ာ့သြားခဲ့သည္က ခံစားခ်က္ျပင္းထန္တိုင္း ထိန္းခ်ဳပ္ရခက္ေသာ မိမိ၏ ခရမ္းစြဲေရာင္ မ်က္ဝန္းမ်ားပင္ ျဖစ္သည္။

ပုန္းကြယ္ရာေနရာ ခ်ဳံႏြယ္ေရွ႕မွ ျဖတ္သြားသည္ေၾကာင့္ စိတ္ေအးစြာ သက္ျပင္းခ်မိ႐ုံရွိေသး ျပန္၍ စူးရွလာသည့္ မီးတုတ္အလင္းေရာင္ေၾကာင့္ ႏွလုံးခုန္ႏႈန္းတို႔ ပို၍ ျမန္ဆန္လာခဲ့သည္။ ထြက္ပဲေျပးလိုက္ရေလမလား.. ယခုအတိုင္း ဟန္မပ်က္ပုန္းရင္း သည္လူ ေက်ာ္သြားမည့္ အခ်ိန္ကို ေစာင့္ရေလမလား ေဝခြဲရခက္ေနစဥ္မွာပင္ ေရွ႕ဆက္လာသည့္ စကားက အရွင့္မ်က္ဝန္းေလးမ်ားအား ပို၍ ျပဴးက်ယ္ေစေတာ့သည္။

"ေအာ္ ဒီမွာရွိေနတာပဲ--- အားး!!"

မီးတုတ္မကိုင္ထားသည့္ လက္က ပုန္းခိုရာ ခ်ဳံႏြယ္အတြင္းသို႔ လွမ္းလာသည့္အခါ ႀကံရာမရသည့္အဆုံး အိတ္ေဆာင္ဓားငယ္ျဖင့္ ထိုးခ်လိဳက္သည့္ အရွင္ေလး။ ေတာနက္နက္အတြင္း ဟိမ္းထြက္သြားသည့္ ေအာ္သံစူးစူးက ညအေမွာင္အား ပို၍ ေျခာက္ျခားေစသည္။ က်ိန္းေသေပါက္ သည္လူ၏ ေအာ္သံေၾကာင့္ အေဖာ္ျဖစ္သူလည္း ေရာက္လာလိမ့္မည္မို႔ ထြက္ေျပးျခင္း နည္းလမ္းတစ္ခုသာ ရွိပါေတာ့သည္။

သာမန္အခ်ိန္သာဆိုလွ်င္ သည္လူႏွစ္ေယာက္လုံးကို ျပန္ယွဥ္ခုခံမိေလာက္ေသာ္လည္း ယခုလို အေျခအေနႏွင့္က ခုခံရန္မျဖစ္နိုင္ပါေလ။ ညေမွာင္ေမွာင္ ေတာႀကီးမ်က္မည္းထဲျဖစ္သည့္အျပင္ မိမိသည္ heatဝင္စျပဳေနသည့္ omegaျဖစ္ေနသည္မို႔ အခန့္မသင့္လွ်င္ ဒုကၡေရာက္သြားနိုင္သည္ေလ။

ေျခဦးတည့္ရာ ေျပးလာမိသည္မို႔ လမ္းအမွန္မွန္း အမွားမွန္းပင္ သတိမထားမိေတာ့ပါ။ ေနာက္မွလိုက္လာသည့္ လူစိမ္းႏွစ္ေယာက္ဆီမွ လြတ္ရန္သာ စိတ္ကူးရွိသည္မို႔ အလ်င္အျမန္သာ ထြက္ေျပးလာမိသည္။

သို႔ေသာ္လည္း လမ္းခုလတ္ တေနရာအေရာက္ စူးနင့္လာသည့္ ကိုယ္တြင္းမွ နာက်င္မႈႏွင့္အတူ အနီးရွိ သစ္ပင္ ပင္စည္ကို ကိုင္ကာ ယိုင္က်သြားမိ၏။ ေျခေထာက္တို႔သည္လည္း မနားတမ္း ေျခလ်င္ခရီးႏွင္လာခဲ့ရသည္မို႔ ထုံက်င္၍ပင္ ေနၿပီျဖစ္သည္။

သူေမ့ေနခဲ့တာ... ဒီအခ်ိန္မွာေတာ့ သူဟာ အားအင္အျပည့္နဲ႕ တိုင္းျပည္အရွင္မွ မဟုတ္ပဲ.. heatဝင္ေနသည္ေၾကာင့္ အားနည္းေနသည့္ omegaသာျဖစ္သည္ မဟုတ္လား..

အံကိုႀကိတ္ကာ မနည္းထရင္း အျမန္ေရွ႕ဆက္မိသည္။ သို႔ေသာ္လည္း တဆတဆပိုလာသည့္ နာက်င္ကိုက္ခဲမႈတို႔ေၾကာင့္ ေမွ်ာ္လင့္သေလာက္အရာမထင္ပါေလ... နီးကပ္လာသည့္ ေျခသံတစ္ခုႏွင့္အတူ ဓားျမႇောင္ကို တင္းတင္းဆုပ္ကိုင္ရင္း ေရွ႕ဆက္ေနမိ၏။ မိသြားခဲ့လွ်င္ေတာင္ ရသေလာက္ ခုခံမည္ဟူေသာ ရည္႐ြယ္ခ်က္ႏွင့္ပင္။

ထို႔ေနာက္တြင္ေတာ့ အနီးဆုံးသို႔ေရာက္လာသည့္ ကိုယ္ေငြ႕တစ္ခုႏွင့္အတူ လက္ေမာင္းရင္းမွ ဆြဲလွည့္ခံလိုက္ရသည့္ ခံစားခ်က္။ လက္က်န္အားကို အသုံးျပဳကာ တဖက္လူ၏ လည္ပင္းေနရာကို မွန္းဆ၍ ဓားႏွင့္ ခ်ိန္႐ြယ္လိုက္မိေသာ္လည္း ရင္းႏွီးႏွင့္ၿပီးေသာ ကိုယ္ေငြ႕ႏွင့္ အစိမ္းေရာင္ မ်က္ဝန္းေတာက္ေတာက္တို႔ေၾကာင့္ ထိတ္လန့္စိတ္တို႔ အနည္းငယ္ေတာ့ ေျပေလ်ာ့သြား၏။ ေနာက္ဆုံးေတာ့ လုံၿခဳံပါၿပီေလ...

"al..alpha..."

ရင္းႏွီးကြၽမ္းဝင္ၿပီးျဖစ္ေသာ လက္ႏြေးႏြေးတို႔၏ ေထြးေပြ႕ျခင္းကို ခံလိုက္ရသည့္အခါ မေျပာင္းလဲသည့္ ႏြေးေထြးလုံၿခဳံမႈကို ခံစားလိုက္ရသည္။ ထို႔ေနာက္ တင္းထားသည့္ စိတ္တို႔အား ေလွ်ာ့ခ်လိဳက္၍လား..အားနည္းႏွင့္ၿပီးသား ေျခေထာက္တို႔သည္ ေခြယိုင္က်ကာ အရွင့္ကမၻာႀကီးလည္း မဲေမွာင္သြားေတာ့သည္။ သို႔ေသာ္လည္း လက္ျဖဴျဖဴေလးတို႔သည္ေတာ့သတိလြတ္သြားသည္အထိ alpha၏ အကၤ်ီစကို ဆုပ္ကိုင္ထားလ်က္ပင္ျဖစ္သည္။

သည္ေလာက္ထိပင္ အရွင္က alphaအေပၚ ယုံၾကည္အားကိုးပါသည္ေလ...

••••••

မီးဟုန္းဟုန္းေတာက္ကာ ပြစာႀကဲေနေသာ နန္းရင္ျပင္၊ ဆူညံလ်က္ရွိေသာ ဓားလက္နက္တို႔ျဖငိ့ တိုက္ခိုက္သံ၊ ထို႔အျပင္ ထိုဖရိုဖရဲ စစ္ေျမျပင္၏ အလယ္တြင္ ရပ္လ်က္ရွိေသာ ရင္းႏွီးကြၽမ္းဝင္ၿပီးျဖစ္သည့္ မ်က္ႏွာေခ်ာေခ်ာ...

ထိုသူက... ထိုသူက....

"..alpha..."

ေသြးစြန္းေနေသာ မ်က္ႏွာေခ်ာေခ်ာသည္ တည္တင္းလ်က္ မ်က္ခုံးတန္းတို႔သည္ တြန့္ခ်ိဳးလ်က္၊ သူ႕အား မာန္စြယ္ေငါေငါျဖင့္ ၾကည့္ေနသူက သိပ္ခ်စ္ရပါသည္ဆိုသည့္ သူ၏ mate.. သူ၏ alpha...

"ဘာျဖစ္လို႔လဲဟင္? ဘာလို႔ ကိုယ္ေတာ့္ကို အဲ့လိုၾကည့္ေနတာလဲ? ေၾကာက္ဖို႔ေကာင္းေအာင္"

"ခင္ဗ်ားရဲ႕ ခမည္းေတာ္ေၾကာင့္ မယ္မယ္ ဘဝပ်က္ခဲ့ရတာ! အရာအားလုံး ဆုံးရႈံးခဲ့ရတာ! ဒါကို မသိပဲ က်ဳပ္က ခင္ဗ်ားကို ခ်စ္ခဲ့မိတယ္တဲ့ အဟက္..."

ခါးသက္သက္ ရယ္ေမာကာ စကားဆိုလာသူက ဘယ္ေလာက္နာက်ည္းေနမွန္း မ်က္လုံးတို႔မွာပင္ ေပၚလြင္သည္။ အရွင္ေလးသည္လည္း ဘယ္ေလာက္ပင္ စိတ္မာသူျဖစ္လင့္ကစား ခ်စ္ရသူထံမွ စကားခါးခါးတို႔ကိုေတာ့ လက္မခံနိုင္ခဲ့ပါေလ..

"ခမည္းေတာ္ရဲ႕ ကိုယ္စား ကိုယ္ေတာ္ကပဲ ေတာင္းပန္ပါတယ္.. ေက်းဇူးျပဳၿပီး အတိတ္ေတြကို အတိတ္မွာပဲ ထားခဲ့လို႔ မရဘူးလားဟင္..."

"ဟင့္အင္း ထိုက္သင့္တဲ့ ေပးဆပ္မႈေတာ့ ရွိရမွာေပါ့ အရွင္ဂြၽန္"

ထို႔ေနာက္ alphaက ေသြးစြန္းေနသည့္ ဓားျဖင့္ mateအမွတ္အသားရွိရာ ေနရာကို ခ်ိန္႐ြယ္ကာ...

"မယ္မယ္ ခံစားရသလို ခင္ဗ်ားလည္း ခံစားရမယ္! mateက အသက္ရွင္လ်က္ရွိေနရက္နဲ႕ စြန့္ပစ္ခံရတဲ့ ဘဝမ်ိဳးမွာ ေနၾကည့္ၿပီး ခင္ဗ်ား ခမည္းေတာ္ရဲ႕ အျပစ္ေႂကြးကို ဆပ္လိုက္!"

"ဟင့္အင္း! မလုပ္ပါနဲ႕! alpha!"

ကိုင္ရိုက္ထားသကဲ့သို႔ နာက်င္မႈႏွင့္ ပုံမွန္မဟုတ္သည့္ သက္ေတာင့္သက္သာ မျဖစ္မႈေၾကာင့္ အလန့္တၾကားနိုးလာမိသည္။ သူ အိပ္မက္မက္ေနခဲ့သည္ပဲ... ေတာ္ပါေသးသည္..
ပုခုံးႏွင့္ ဂုတ္စပ္ၾကားေနရာမွ အမွတ္ကို ျပန္စမ္းၾကည့္ရင္း အသက္ရႈသံတို႔ ျပန္မွန္ေအာင္ ႀကိဳးစားေနရသည္အထိပင္ အိပ္မက္ဆိုးတို႔က ဒုကၡေပးလြန္းပါသည္။

အသက္ရႉမွန္လာခ်ိန္တြင္ေတာ့ သတိမေမ့ခင္ အျဖစ္အပ်က္တို႔က အာ႐ုံထဲေရာက္လာသည္ေၾကာင့္ ေဘးဘီဝဲယာကို ၾကည့္ရင္း alphaအား အပူတျပင္းရွာမိသည္။ ခပ္လွမ္းလွမ္းမွ အျပင္ဘက္ကို ေငးေမာေနဟန္ရွိသည့္ ပုံရိပ္ကိုျမင္မွ စိတ္ေအးစြာ သက္ျပင္းခ်မိကာ အေျပးသြား၍ ခါးကို ဖက္တြယ္လိုက္မိေတာ့သည္။ တုန့္ဆိုင္းသြားဟန္ေပၚေသာ alphaသည္ ႐ုတ္တရက္မို႔ လန့္သြားဟန္တူပါသည္။

"ဘယ္ေတြသြားေနတာလဲ... ကိုယ္ေတာ္ ခင္ဗ်ားမရွိလို႔ လိုက္ရွာေနခဲ့တာ.."

အရွင္လာဗင္ဒါေလးမွာ ကိုယ့္အပူႏွင့္ ကိုယ္မို႔ alphaျဖစ္သူအား က်စ္ေနေအာင္ ဖက္ထားရင္း နားပူနားဆာတိုက္မိသည္။ အခ်ိန္အတန္ၾကာေအာင္ ျပန္မလာခဲ့သည္မို႔ အေတြးမ်ားကာ စိုးရိမ္သြားခဲ့ရသည္ပင္ မဟုတ္လား..
အေၾကာင္းစုံသိ၍ ထားရစ္ခဲ့ၿပီမ်ားလားဟု စိုးထိတ္မိသည္အထိ မိမိ သိထားေသာ လွ်ို႔ဝွက္ခ်က္တို႔က ရိုက္ခတ္ခ်က္ ျပင္းထန္ပါသည္... ယခုလည္း ေတာ္ေတာ္ႏွင့္ အေျဖစကား မရသည္မို႔ စိတ္မရွည္စြာ ဆူေအာင့္မိေတာ့...

"ဟင္! ဘယ္ေတြေရာက္ေနခဲ့တာလဲလို႔! "

"အရွင့္အတြက္ စားေသာက္စရာ တခုခု သြားရွာေနခဲ့တာပါ... အရွင္မနိုးခင္ ျပန္လာဖို႔ လုပ္ခဲ့တာ အရွင္က ထင္ထားတာထက္ ေစာေစာ နိုးလာခဲ့လို႔.."

alpha၏ အေျဖစကားကိုၾကားမွ တင္းထားသည့္ စိတ္အလုံးစုံကို ေလွ်ာ့ခ်နိဳင္ေတာ့သည္။ စိတ္ရႈပ္ေထြးမႈေၾကာင့္ပင္လား.. ခါတိုင္းထက္ ပို၍ တည္ၿငိမ္ေနသေယာင္ ခံစားရသည့္ alpha့ ေလသံေၾကာင့္ပင္လား.. heatေၾကာင့္ မတည္ၿငိမ္ေသာ ေဟာ္မုန္းတို႔ေၾကာင့္ပင္လား.. ခရမ္းစြဲေရာင္ မ်က္ဝန္းေတာက္ေတာက္တို႔တြင္လည္း မ်က္ရည္ဥတို႔ တြဲခိုလာသည္။ ရိပ္မိသြားမည္ စိုးသည္ေၾကာင့္ အျမန္ပင္ ရင္ခြင္က်ယ္အား မ်က္ႏွာအပ္လိုက္မိေတာ့ alpha၏ ေလသံက စိုးရိမ္သြားေလဟန္...

"ဘာလို႔လဲ အရွင္.. က်ဳပ္မရွိတုန္း ဘာအဆင္မေျပတာျဖစ္လို႔လဲ"

"ကိုယ္ေတာ့္ကို...ဟင့္... ကိုယ္ေတာ့္ကို ထားသြားၿပီလို႔ ထင္ခဲ့တာ"

ထိန္းထားသည့္ ၾကားထဲမွပင္ ရွိုက္သံေလးက ထြက္လာေသာ အရွင္မွာ ကိုယ္ငယ္ကပါ တသိမ့္သိမ့္တုန္လာသည္။ အလိုက္သိစြာ ေခါင္းကို အသာအယာ ပြတ္သပ္ေပးေသာ alphaေၾကာင့္ ပို၍လည္း ဝမ္းနည္းလာသည္။ ယခုသာ ၾကင္နာေနတာ အေၾကာင္းစုံသာ သိလွ်င္ alphaဟာ သူ႕အေပၚ ရန္ျငႇိုးထားေတာ့မည္မဟုတ္လား...

"ဘာလို႔ ငိုေနတာလဲ အရွင္ရယ္... က်ဳပ္က ဘာလို႔ အရွင့္ကို ထားခဲ့ရမွာလဲ... က်ဳပ္ရဲ႕ လာဗင္ဒါေလးကိုေလ"

"ဒီအတိုင္း.... ဒီအတိုင္း လန့္သြားခဲ့လို႔ပါ..."

"ေတာထဲမွာ ေဘးေတြ႕ခဲ့လို႔လား..? မပူပါနဲ႕ အခု က်ဳပ္ရွိေနၿပီပဲ မဟုတ္လား...က်ဳပ္က ကာကြယ္ေပးမွာေပါ့"

ပုံမွန္စိတ္ႏွင့္သာဆို ကိုယ့္ကိုယ္ကို ကာကြယ္နိုင္သည္ဟူ၍ အထြဋ္တက္မိေလာက္ေသာ္လည္း ယခုအခါတြင္ေတာ့ ႏႈတ္ဆိတ္ေနမိသည္။ အေၾကာင္းစုံသာသိသြားခဲ့ရင္ alphaႏႈတ္မွ သည္လိုစကားမ်ိဳး ဆိုနိုင္ပါဦးမလား...အိပ္မက္ထဲကလို သူ႕အေပၚ နာက်ည္းစြာ တိုက္ခိုက္ေလမလား...ေတြးၾကည့္႐ုံႏွင့္ပင္ တုန္လႈပ္မိပါ၏...

ဘယ္ေလာက္ပဲ သန္မာသည္ေျပာေျပာ အခ်စ္ႏွင့္ ယွဥ္လာလွ်င္ေတာ့ အနည္းႏွင့္အမ်ား ေပ်ာ့ေျပာင္းတတ္ၾကသည္ မဟုတ္လား... အရွင္သည္လည္း ထိုနည္းတူပင္ျဖစ္သည္။ သတိမထားလိုက္မိသည့္ အခ်ိန္မွာပင္ သည္မ်က္ဝန္းစိမ္းပိုင္ရွင္အေပၚကို အေတာ္ေလး ေပ်ာ္ဝင္သြားမိပုံေပၚသည္။

ဆုံးျဖတ္လိုက္ပါသည္။ အစတည္းက ရွိခဲ့ေသာ ရည္႐ြယ္ခ်က္ျဖစ္ေသာ္ျငား ယခုပို၍ ေသခ်ာလာခဲ့ေသာ ေတာင္းဆိုမႈအား alphaထံ ဖြင့္ဟေတာ့မည္ဟူ၍...
အနားတြင္ ရွိေနျခင္းေလာက္ လုံၿခဳံသည့္ေနရာ မရွိသည္မို႔...

"alpha..."

"အင္း..."

"ကိုယ္ေတာ္နဲ႕ နန္းေတာ္ကို ျပန္လိုက္ခဲ့ပါေနာ္..."

"......"

#Tbc

A/N: ေ႐ြးခ်ယ္ရခက္ေနတဲ့ alphaက အရွင္ ေတာင္းဆိုတာကို လက္ခံပါ့မလား? အရွင့္အိပ္မက္ဆိုးကေရာ အိပ္မက္ဆိုးသက္သက္ပဲလား ဒါမွမဟုတ္.....? 😬

အလုပ္နဲ႕ ေက်ာင္းနဲ႕ၾကား ေဘာလုံးေလးလိုလိမ့္ေနရင္း upေပးလိုက္ပါတယ္ ေဘဘီတို႔ 🥲  အားေဆးအျဖစ္ motiေလး ဘာေလး ေပးခဲ့ၾကရင္ ေကာင္းမွာပဲ 🥺🥺 ေနာက္ၿပီး ရာသီဥတုေရာ နိုင္ငံေရးေတြေကာ မူမမွန္တာမို႔ အစစအရာရာ ဂ႐ုစိုက္ၾကပါေနာ္~ 🥺🤍

See you in next episode~

- 해바라기

Continue Reading

You'll Also Like

50.6K 4K 33
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK α€€α€­α€―α€€α€­α€― α€€α€±α€œα€Έα€€α€­α€―α€™α€α€Ία€…α€Ήα€›α€„α€Ή α€€α€±α€œα€Έα€€α€α€…α€Ήα€»α€α€¬α€Έα€±α€šα€¬α€€α€Ία€¬α€Ήα€Έ α€α€…α€Ήα€±α€šα€¬α€€α€Ήα€€α€­α€― α€»α€•α€”α€Ήα€α€Ία€…α€Ήα€œα€­α€―α€€α€Ήα€±α€α€¬α€·α€™α€½α€¬! α€€α€­α€―α€€α€­α€― α€€α€œα€±α€Έα€€α€­α€―α€™α€α€»α€…α€Ία€›α€„α€Ί...
121K 5.3K 27
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
2.6K 209 10
Min Yoongi & Kim Taehyung Top-Yoongi Bottom-Taehyung မင်းကို စောင့်မျှော်နေရတဲ့ α€‘α€α€»α€­α€”α€Ία€€α€¬α€œα€α€½α€±α€€ α€„α€«α€·α€›α€²α€·α€˜α€α€€α€­α€― α€‘α€“α€­α€•α€Ήα€•α€«α€šα€Ία€™α€²α€·α€…α€±α€α€šα€Ία‹ Start date. 12.5.2023 En...
1.8K 178 4
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK FRI(END)S