Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
လုံဟန့် နောက်ပြန်ဆုတ်ဖို့ သူ့လူတွေကို ချက်ချင်း အမိန့်ပေးလိုက်တယ်။ သူတို့ ဆုတ်ခွာတာ အောင်မြင်ပါတယ်။ ဒါပေမဲ့ အဆိပ်ရှင်းဖို့ အချိန်တော်တော်ယူခဲ့ရတယ်။ တော်သေးတာက သူတို့ထဲက လူအရေအတွက် အများကြီး ဒဏ်ရာရကြတာ မဟုတ်လို့။ အဆိပ်ကလဲ သေစေတဲ့ အဆိပ်ပြင်းကြီးတွေ မဟုတ်လို့။ ဒါကြောင့်မို့ အသေအပျောက် အကျအဆုံးတော့ မရှိခဲ့ဘူး။
အံ့အားသင့်စရာအနေနဲ့ အဆိပ်လူးသံချွန်တွေ ရှိနေတာက လုံဟန့်အတွက် တစ်မျိုး ကောင်းနေတယ်။ စစ်တပ်နှစ်ခုအကြားက သဲမြေပြင်ကြီးထဲမှာ ဒီသံချွန်တွေ ရှိနေတာ။ ဒီအတိုင်း ကြည့်လိုက်ရင်လဲ မမြင်နိုင်ဘူး။ ဒါကြောင့်မို့ အဲ့ကွင်းပြင်ကို ဖြတ်ရင် ကံဆိုးပြီး သံချွန်တွေ နင်းမိတာက လုံဟန့်တို့ ဘက်ကချည်းပဲ မဟုတ်တော့ဘူး။ ရန်သူဘက်ကလဲ နင်းမိတာတွေ ရှိလာတယ်။ ဒီသံချွန်တွေကြောင့်ဘဲ လုံဟန့်တို့ဘက်ကို အသေခံဗုံးခွဲဖို့ လာတဲ့ ကောင်တွေလက်ထဲက ဗုံးတွေက အချိန်မတန်ခင် ပေါက်သွားကြတာ။ ဒါပေမဲ့ ဒီပြဿနာရဲ့ အဓိက အချက်က လုံဟန့်တို့ကို ရန်သူတွေဘက်က တားထားနိုင်တယ်ဆိုတဲ့ သဘောပဲ။ လုံဟန့် အလွယ်တကူ ထိုးစစ်ဆင်လို့ မရတော့ ရန်သူတွေဘက်ကလဲ အေးဆေးစခန်းချထားကြတော့တယ်။ ပြီးတော့ စစ်ကူနဲ့ ရိက္ခာအကူ ပြန်တောင်းနေကြတာပေါ့။ ဒီပြဿနာက လုံဟန့်ကို ခေါင်းခဲရစေတော့တာပဲ။ ဒါကြောင့်မို့ သူ ပိုင်ရှန်းရှို့ကို အကူအညီတောင်းရတော့တာ။ သူမခေါင်းလေးထဲမှာဆို လျို့ဝှက်ဆန်းကြယ်တဲ့ အတွေးအခေါ် အယူအဆတွေ အကြံဉာဏ်တွေ ပြည့်နေတယ်။ သူမက သေချာပေါက် အထောက်အကူ ဖြစ်နိုင်မှာပဲ။
မြင်းစီးတတ်သွားပြီဖြစ်တဲ့ ပိုင်ရှန်းရှို့ဟာ အပိုတွေ သဟ်မနေဘဲ ပေါ့ပေါ့ပါးပါး ခရီးနှင်ထွက်လာလိုက်တယ်။ သူမနဲ့အတူ လိုက်ပါလာတာက သက်တော်စောင့်အချို့နဲ့ ယွီခွမ်း၊ ပြီးတော့ ယွီခွမ်းရဲ့ ဂိုဏ်းက လူတချို့။ ကံမကောင်းချင်တော့ လမ်းတစ်ဝက်မှာ သူမတို့ ချုံခိုတိုက်ခိုက်ခံလိုက်ရတယ်။
"ဟဟဟ...! ဒုတပ်မှူးဆု ပြောတာအမှန်ပဲ၊ မိန်းမလှလေးတစ်ယောက် ဒီလမ်းကနေ တကယ် ဖြတ်လာတယ်၊ သတ်ကြစမ်း" ဒုတပ်မှူးဆု မှာထားတာက၊ အလှဆုံး မိန်းကလေးကို သတ်ရမယ်၊ အဲ့မိန်းကလေးက ယောက်ျားလေးလို ဝတ်စားထားမှာပဲတဲ့။
ပိုင်ရှန်းရှို့ ဆွံ့အသွားရပြီ။ 'အဲ့ဒီမိန်းမက ဉာဏ်ပြေးသားပဲ၊ ဒါပေမဲ့ ငါ့ဘက်က အင်အားပိုကြီးတာမို့ ငါ လွတ်သွားနိုင်တယ်ဆိုတာ သူ ထည့်မတွက်ဘူးထင်တယ်' ပိုင်ရှန်းရှို့ဘက်မှာ ပါလာတဲ့ လူအများစုက သိုင်းလောကသားတွေ။ သူတို့ရဲ့ တိုက်ရည်ခိုက်ရည်က စစ်မြေပြင်မှာ ကြီးပြင်းလာတယ်ဆိုတဲ့ ရန်သူ ရဲမက်တွေကို အသာလေး အနိုင်ယူနိုင်တယ်။ သတ်ပြီ ဖြတ်ပြီဟေ့ဆိုတာနဲ့ ရန်သူတွေ တစ်ဖက်သတ် ချေမှုန်းခံလိုက်ရတယ်။ ယွီခွမ်းဆို ဝင်တောင် မချဘူး။ ပိုင်ရှန်းရှို့ ဘေးမှာဘဲ ထိုင်ရင်း သူမကို ကာကွယ်ပေးရုံ လုပ်တာ။
ရန်သူတွေအကုန်လုံးကို အနိုင်ယူဖို့ အချိန်တောင် သိပ်မကြာသွားဘူး။ 'ဘယ်လောက် ဉာဏ်ပြေးပြီး ရှေ့ကျော်ရွှေ့နိုင်တဲ့ အကွက်ဖြစ်ဖြစ်၊ အစီအစဉ်ဖြစ်ဖြစ် အကောင်ထည်ဖော်တဲ့သူက တော်နေဦးမှ အောင်မြင်နိုင်တာပဲ' တိုက်ပွဲပြီးလို့ ဖုန်ထနေတာတွေ ငြိမ်သွားတဲ့အချိန်မှာတော့ ရန်သူတွေဘက်က သေရင် သေ၊ မသေရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြတယ်။ ၆ ယောက်ကို သူမတို့အဖွဲ့ ဖမ်းလာပြီး လုံဟန့်ရဲ့ စခန်းထိ ခေါ်သွားလိုက်ကြတယ်။
လုံဟန့် ပိုင်ရှန်းရှို့ကို တွေ့တော့ သူ့အကြည့်ထဲမှာ လွမ်းဆွတ်တာတွေ တသတာတွေရှိမနေဘူး။ လောလောဆယ်မှာ သူတို့က အလုပ်လုပ်ဖို့ ရောက်နေတာ။ ချစ်ရည်ပလူးဖို့မှ မဟုတ်ဘဲ။ သူ ဒီလို အကန့်ခွဲထားနိုင်တာ တွေ့ရတော့ ပိုင်ရှန်းရှို့ ကျေနပ်သွားမိတယ်။ ဒါဆို သူမတို့နှစ်ယောက်က ပုံမှန် လင်မယားတွေလို မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်သွားပြီဆိုတဲ့ သဘောလား။ အရင်ကဆို လုံဟန့်က သူမရဲ့ ကာမပိုင် လင်၊ သခင်၊ သူမရဲ့ အရာရာပဲ။ လုံဟန့်က သူမကို လေးစားပေးတယ်ဆိုပေမဲ့ အလုပ်နဲ့ ပတ်သက်ပြီး သူမကို ဘာမှ မပြောပြခဲ့ဘူး။ ဒါပေမဲ့ ဒါက အခုတော့ ပြောင်းလဲသွားပြီ။ လုံဟန့် သူမအပေါ်လဲ ပိုပြီး ယုံကြည်လာတယ်။ သူမ ရောက်တာနဲ့ သူ ချက်ချင်း အရင်မေးလိုက်တယ်။ "ဒဏ်ရာရသွားသေးလား" လို့။
"မရပါဘူး"
"လာ၊ သူတို့ ဘာတွေ လုပ်ထားလဲ အထဲမှာ ပြောကြမယ်၊ ကိုယ် ဒီကိစ္စကို ဘယ်က ဘယ်လို စလုပ်ရမလဲကို မသိတော့ဘူး၊ ပြီးရင် ဒီနေ့ လမ်းမှာ ချုံခိုတိုက်ခိုက်ခံရတဲ့ ကိစ္စလဲ ပြောဦး"
ပိုင်ရှန်းရှို့ကလဲ အရင်ရက်တွေက နင်ကျင်းမြို့ ရှောင်တခင် အငိုက်ဖမ်း တိုက်ခိုက်ခံရတဲ့ အကြောင်းနဲ့၊ မြို့ထဲက လူတွေအားလုံး တညီတညွတ်တည်း စည်းစည်းလုံးလုံး ဘယ်လို ခုခံခဲ့ကြတဲ့ အကြောင်းတွေ ပြန်ပြောပြလေတယ်။ လုံဟန့် ကြောင်သွားရတာပဲ။ သူတို့ ဘေးနားမှာ ဒီ့ပြင်လူတွေ ရှိနေတာကြောင့်သာ မဟုတ်ရင် သူမ လက်ကလေးကို ဆုပ်နယ်ပြီး ကျေးဇူးတင်ကြောင်းပြသလိုက်မှာ။ နင်ကျင်းမြို့သာ ကျသွားခဲ့ရင် သူနဲ့ သူ့စစ်တပ်က ပြန်ဆုတ်စရာ လမ်းမရှိတော့ဘဲ အလယ်မှာ ပိတ်မိနေမှာ။ ရန်သူတွေရဲ့ မြို့တော်အထိ တက်သိမ်းလိုက်နိုင်တယ်ဆိုရင်တောင် နောက်ကရောက်လာမဲ့ ရိက္ခာတွေ စစ်ကူတွေ လမ်းကြောင်းကို အပိတ်ခံထားရတဲ့အတွက် သေချာပေါက် သေကြေကြရတော့မှာပဲ။ ယွီခွမ်းနဲ့ စုန့်ကျောင်းယွဲ့ကို သူ အမြင်မကြည်ဘူးဆိုပေမဲ့ သူတို့ရဲ့ အကူအညီတွေအတွက် တကယ်ကို ကျေးဇူးတင်တယ်။
ပိုင်ရှန်းရှို့ဘက်က ပြောပြပြီးတော့ လုံဟန့်ကလဲ သူ့အဖြစ်ကို ပြန်ပြောပြတော့တယ်။ အကုန် ပြောပြီးသွားတဲ့ အချိန်မှာ ပိုင်ရှန်းရှို့က ကောက်ချက်ချလေရဲ့။ "ဒီနေ့အထိ သူတို့ လုပ်ခဲ့တာတွေ အားလုံးက လှည့်ကွက်အသေးစားလေးတွေ၊ ဘာမဟုတ်တာလေးတွေနဲ့ရယ်... ပြီးတော့ ကျွန်မ ဒီနေ့အတွေ့အကြုံအရဆို သူတို့ စဉ်းစား အကောင်ထည်ဖော်မိသမျှ အကွက်ကလေးတွေတိုင်းက အဆင့်မြင့်သိုင်းပညာနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့အခါမှာ အသုံးမဝင်တာတွေ ဖြစ်သွားတာပဲ"
လုံဟန့် နှုတ်ခမ်းထောင့်က တုန်တွန့်သွားမိတော့တယ်။ သူလဲ ဒါကို သတိထားမိပါတယ်၊ ဒါပေမဲ့ သူတို့ကို ရင်ဆိုင်ဖို့ ရန်သူဘက်မှာ မကုန်နိုင် မဆုံးနိုင်တဲ့ လှည့်ကွက်လေးတွေ အများကြီး ရှိနေသေးပုံပေါက်တာမို့ သူ စွတ်တရွတ် ဝင်မတိုက်ရဲတာ။
ဝိညာဉ်ကူးပြောင်းလာတဲ့ မိန်းမတွေ၊ အထူးသဖြင့် ဝတ္ထုဖတ်ရဝါသနာပါတဲ့ မိန်းမတွေဟာ ဖတ်ဖူးသမျှ ဝတ္ထုတွေထဲက အခြေခံဗဟုသုတလေးတွေ မျိုးစုံနေအောင် သိထားတတ်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝဆိုတာ ဝတ္ထုထဲကလို အပေါ်ယံလောက်နဲ့ မပြီးဘူးဆိုတာ ပိုင်ရှန်းရှို့ သိတယ်လေ။ လက်တွေ့ဘဝမှာ ဝတ္ထုထဲက နည်းလမ်းတွေနဲ့ အလုပ်ဖြစ်အောင် လုပ်ဖို့က ထင်သလောက် မလွယ်ဘူး။ ဥပမာပြောရရင် ဒီ အဆိပ်လူးသံချွန်ချတဲ့ အကွက်က သူမ အရင်က ဖတ်ဖူးတဲ့ လူသိများ အွန်လိုင်း ဝတ္ထုရှည်တစ်ခုထဲမှာ ပါတာ။ အဲ့ဝတ္ထုထဲမှာတော့ ဝိညာဉ်ကူးပြောင်းပြီးရောက်လာတဲ့ ဇာတ်လိုက်မက ဒီနည်းလမ်းသုံးပြီး ရန်သူ တစ်တပ်လုံးကို ချေမှုန်း အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ လက်တွေ့မှာကျတော့ ဘယ်သူကမှ အဆိပ်လူးသံချွန် ချထားတဲ့ မြေပြင်ကို ဆက်နင်းပြီး တိုက်ပွဲဝင်ကြမှာမဟုတ်ဘူးလေ။ ငပိန်းတွေဆိုရင်တော့ တစ်မျိုးပေါ့။
လုံဟန့်ကတော့ ငပိန်း မဟုတ်ဘူး။ အဲ့ဒီတော့ ချက်ချင်းကို ဆုတ်မိန့်ပေးတော့တာပဲ။
နောက်တစ်ကွက်က အသေခံ ဗုံးခွဲတဲ့ လူတွေ။ ဒါကလဲ ဟိုဝတ္ထုထဲက အကွက်ပဲ။ အဲ့ထဲက ဇာတ်လိုက်မက အသေခံဗုံးခွဲသူတွေကို သုံးပြီး မြို့တစ်မြို့ သိမ်းယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ရာဇဝတ်သား ရာချီပြီး စတေးလိုက်ရတာပေါ့။ ကံမကောင်းချင်တော့ ဒီဆုယွင်က အရင်တစ်ခေါက်မှာ အဆိပ်လူး သံမှိုတွေ သုံးပစ်လိုက်တယ်။ ဒီတော့ အဲ့ဒီသံမှိုတွေကပဲ အသေခံဗုံးခွဲသမားတွေ မအောင်မြင်နိုင်အောင် ဟန့်တားသလိုဖြစ်သွားခဲ့တာ။ တကယ်တမ်းကျတော့ ဝတ္ထုထဲမှာ အဆိပ်လူးသံချွန်တွေကို ဘယ်လို ဖြေရှင်းရမလဲ၊ ရှောင်ရမလဲဆိုတာကို ဘယ်စာရေးဆရာကမှ ရေးမပြထားဘူးလေ။ ရေးပြစရာလဲ လိုမနေဘူး။
ဒါပေမဲ့ ရေးမပြထားလဲ ဘယ်လို ဖြေရှင်းရမလဲ ပိုင်ရှန်းရှို့ကတော့ စဉ်းစားမိတယ်။ ဒီလောကမှာ သံလိုက်တွေ ရှိနေတာပဲ။ သံလိုက်တွေ ပေါ်နေပြီဆိုတာ ပန်းပဲဆရာတချို့ ပြောတာ သူမ ကြားဖူးတယ်။ သူမ သံလိုက်တုံးတွေသာ ရှာနိုင်ရင် သံချွန်ကိစ္စက အလွယ်တကူ ဖြေရှင်းပြီးသား ဖြစ်သွားမှာ။ ဒါပေမဲ့ သူမတို့ သံချွန်တွေကို ဖယ်လို့ မဖြစ်သေးဘူး။ ရန်သူတွေ ရုတ်တရက်ကြီး လာတိုက်ရင် ဘယ်လိုလုပ်မလဲ။
ရန်သူတွေက သေချာပေါက် အလစ်တိုက်မဲ့ အလားအလာရှိတယ်။ သူမ အခုလေးတင်မှ ရောက်လာပြီး၊ အခုမှ အခြေအနေတွေ သုံးသပ် အကြံထုတ်နေဆဲဖြစ်ပေမဲ့ ရန်သူတွေဘက်ကတော့ စ လှုပ်ရှားနေကြပြီ။ အတော်လေး စည်းစနစ်တိကျပုံရတဲ့ ရဲမက်တစ်ယောက် တဲထဲ ပြေးဝင်လာပြီး သတင်းပို့လာတယ်။ "မင်းသား ရန်သူတွေဘက်က တိုက်ပွဲ မဆင် ဆင်အောင် စိန်ခေါ် ရန်စနေကြပါတယ်၊ သူတို့ကို ဦးဆောင်လာသူက သူတို့ရဲ့ ဒုတပ်မှူးလို့ဆိုပါတယ်၊ အသံနားထောင်ကြည့်ရသလောက် ဒုတပ်မှူးက အမျိုးသမီးပါ"
"……" ပိုင်ရှန်းရှို့ အံ့သြရလွန်းလို့ မိနစ်ဝက်လောက်ကြာအောင် ပါးစပ်အဟောင်းသား ဒီအတိုင်းကြီး ကြောင်ရပ်နေခဲ့မိလေတယ်။ 'အဲ့ဒီမိန်းမက စစ်ပါ ဝင်တိုက်နေတာလား၊ မိုက်လိုက်တာ' သူမ အဲ့ဒီမိန်းမကို ကိုယ်တိုင် တွေ့ရမှ ဖြစ်မယ်လို့ ပိုင်ရှန်းရှို့ သန္နိဋ္ဌာန် ချလိုက်တော့တယ်။ ဘာ်လိုလူမျိုးမို့လို့ ဒီလောက် စိတ်ကြီးတွေဝင်ပြီး ရှေးခေတ်က ကျွမ်းကျင်သူတွေနဲ့ အပြိုင် စစ်တပ်ကို ဦးစီး၊ တိုက်ပွဲဝင်ရဲတာလဲ သိချင်လို့။
"တပ်သားတွေ အဆင်သင့်ပြင်ထားလိုက်၊ ငါတို့ တိုက်ပွဲဝင်ကြမယ်" လုံဟန့်က အားလုံးကို ဦးစီး အမိန့်ပေးရတဲ့ စစ်သူကြီးပဲ။ ဒီလောက် ရန်စခံထားရပြီး စိန်ခေါ်ခံနေရတာကို နောက်ဆုတ် ရှောင်ပုန်းလို့ မရဘူး။
"ကျွန်မလဲပဲ လိုက်ချင်တယ်၊ ဟို. . . ကျွန်မ ရဲမက်တစ်ယောက်လို ဝတ်စားပြီး အရှင်နဲ့ လိုက်ခဲ့ပါမယ်"
"လိမ္မာတယ်၊ မဆော့ချင်နဲ့" လုံဟန့် တီးတိုးလေး ပြောလိုက်တယ်။
"အဲ့ဒီလူအကြောင်းကို ချန်ထောက်ကတဆင့် ကျွန်မ ကြားထားပြီးပြီ၊ သူ ဘယ်လို ကလိမ်ကျနည်းတွေ၊ ဉာဏ်နီဉာဏ်နက်တွေ ထုတ်ဦးမလဲ ကြည့်ချင်လို့"
"ဒါ. . . ပြီးရော" လုံဟန့် သဘောမတူချင့် တူချင်နဲ့ ခွင့်ပြုလိုက်တော့တယ်။ သူ သူမကို ရဲမက်သံချပ်ကာ အပေါ့လေး ပေးဝတ်စေလိုက်ပြီး ကိုင်ဆောင်ဖို့တော့ လှံတံရှည်ကို ပေးထားလိုက်တယ်။ ဒါပေမဲ့ စစ်တပ်ကြီးကြားထဲမှာ မိန်းမတစ်ယောက် အမီလိုက်နိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့၊ တိုက်နိုင်ဖို့ဆိုတာ မလွယ်ဘူး။ အဲ့ဒါကြောင့် ယွီခွမ်းပါ ရဲမက်ဝတ်စုံဝတ်ပြီး သူမနားက လိုက်ပါကာ သူမကို စောင့်ရှောက်ဖို့နဲ့ လိုအပ်ရင် ချီသယ်ပေးဖို့ လိုက်ပေးရတာ။ လောလောဆယ်မှာက သဝန်တိုတဲ့ ခံစားချက်တွေထက် တိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့က ဦးစားပေးအရေးဖြစ်နေတော့ လုံဟန့်ခမျာ ပိုင်ရှန်းရှို့ကို ယွီခွမ်းဆီသာ အပ်ထားရတော့လေရဲ့။
ယောက်ျားတွေက မိန်းမတွေထက် ပိုပြီး ရိုးရှင်းတယ်။ သူတို့တွေက တစ်ခုခု ရင်ဆိုင်ဖြေရှင်းပြီဆိုရင် အာရုံစူးစိုက်ထားကြတယ်။ ကိစ္စတွေကိုလဲ ရှင်းလင်း ပြတ်သားစွာ အတည့်ကို အတည့်တိုင်း မြင်နိုင်၊ ဆင်ခြင်နိုင်တယ်။ ကျိုးသင့်ကြောင်းသင့် တွေးခေါ် ဆင်ခြင်နိုင်စွမ်းရှိသူတိုင်းကတော့ ပုဂ္ဂိုလ်ရေးနဲ့ တိုင်းပြည့်အရေး မရောစွက်သင့်တာကို သိကြတာပါပဲ။ ယွီခွမ်းကလဲ ကျိုးသင့်ကြောင်းသင့် စဉ်းစားနိုင်သူ၊ ကိစ္စကြီးတွေကို တာဝန်ခံ တာဝန်ယူနိုင်တဲ့ ယောက်ျားကောင်း ပီသတယ်။
ဒီလိုနဲ့ လုံဟန့်ရယ်၊ သူ့တပ်ရယ်က တိုက်ပွဲဝင်ဖို့ စစ်မျက်နှာဖွင့်ကာ စတင်ချီတက်ထွက်လာခဲ့ကြတော့တယ်။ အဆိပ်လူး သံချွန်တွေ ရှိတဲ့ နေရာကို ရောက်တဲ့အခါမှာတော့ သူတို့ ရပ်လိုက်ကြလေတယ်။ သူတို့ရောက်တဲ့အချိန်မှာ ယောက်ျားဝတ်စုံဝတ်ထားတဲ့ ချောမောလှပတဲ့ မိန်းမတစ်ယောက်က အဲ့ဒီမှာ ရပ်နေနှင့်တယ်။ ယောက်ျားသားတွေချည်းအုပ်လိုက်ရဲ့ ရှေ့မှာ ရပ်နေတဲ့အခါမှာ သူမက တကယ်ကို အမြင်အာရုံကို ဖမ်းစားထားနိုင်ရော၊ ထင်းထင်းကြီး ကွက်ပြီး ရှုချင်စဖွယ်ဖြစ်နေတာပေါ့။ ဒါပေမဲ့ သူမက လုံဟန့်နဲ့ ဆန့်ကျင်ဘက်ရပ်နေတဲ့အခါမှာ လုံဟန့်ရဲ့ ခံ့ညားခမ်းနားမှုနဲ့ မြင့်မားထောင်မောင်းသန်မာတဲ့ ကိုယ်ထည်က သူမကို ပိုသေးသိမ်သွားစေလေတယ်။ သူတို့နှစ်ယောက် ယှဉ်လိုက်ရင် လုံဟန့်က ပိုပြီး လူကြည့်စရာဖြစ်တာပေါ့။ ဘာလို့ဆို စစ်မြေပြင်မှာက ယောက်ျားလိုလို မိန်းမလိုလို မကွဲမပြားနဲ့ ချောလှနေတာထက်စာရင် ယောက်ျားတစ်ယောက်ရဲ့ ကြံ့ခိုင်သန်မာပြီး ထောင်ထောင်မောင်းမောင်းဖြစ်နေတဲ့ ကိုယ်ထည်မျိုးကပဲ အထင်ကြီးစရာ ဖြစ်နေတာကိုး။
ရန်သူရဲ့ ဒုတပ်မှူးကို တွေ့လိုက်တာနဲ့ ပိုင်ရှန်းရှို့ ခြေနှစ်ဖက်က ပျော့ခွေသွားမိတော့တာပဲ။ ယွီခွမ်းသာ သူမကို ဆွဲခေါ်ပေးတာကြောင့်မဟုတ်ရင် သူမနောက်က ချီတက်လာတဲ့ စစ်သည်တွေ နင်းတာ ခံရလောက်တယ်။ 'အဲ့ဒါတကယ်ကြီး ဟို ဆုယွင်ပဲ...! သူ ဒီလောကကို ဝိညာဉ်ရော လူအကောင်လိုက်ကြီးပါ ရောက်လာမယ်လို့ မထင်ထားဘူး၊ အဲ့ဒါ ခဏထားလိုက်ဦး၊ အဲ့ကောင်မက ဘာကိစ္စ ငါ့လင်ကို ရတနာသိုက်တွေ့သလို ပြူးကြည့်နေတာလဲ ဟမ်၊ သူ လင်လုမလို့ ကြံနေတာများလား'
ဆုယွင်က တကယ်ကို အံ့သြနေမိတာ။ ရန်သူဘက်က စစ်သူကြီးက အတော်လေး ခံညားချောမောတဲ့ ယောက်ျားဆိုတာ သူမ ကြားဖူးပြီးသား။ သူမ မျက်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတော့လဲ တကယ်ကို စိတ်မပျက်ရဘူးပဲ။ မော်ဒန်ခေတ်က မိန်းမတွေ ကြွေကျလောက်တဲ့ ယောက်ျားမျိုးပဲ။ သူမက ရင့်ကျက်တည်ငြိမ်နေပြီဆိုတော့ ပိန်ပိန်ပါးပါး ယောက်ျားလေးတွေကို သိပ်စိတ်မဝင်စားတော့ဘူး။ လုံဟန့်လို အားကိုးလို့ကောင်းမဲ့ ဆိုက်နဲ့ ယောက်ျားမျိုးကမှ မိန်းမတွေ တစ်အုပ်လိုက်ကြီးကို စွဲဆောင်နိုင်တာ။ သူက တကယ့်ကို ရှားပါးတဲ့ ယောက်ျားမျိုး။ 'ငါ တွေးတာမမှားဘူး၊ သူလို ယောက်ျားပီပီသသကြီးတွေ တွေ့ဖို့ဆို ရှေးခေတ်ရောက်မှပဲ'
_______
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၂၂၇) ဒုတပ္မွဴး၊ ရန္သူဘက္မွ အမ်ိဳးသမီး စစ္သူႀကီး
လံုဟန္႔ ေနာက္ျပန္ဆုတ္ဖို႔ သူ႔လူေတြကို ခ်က္ခ်င္း အမိန္႔ေပးလိုက္တယ္။ သူတို႔ ဆုတ္ခြာတာ ေအာင္ျမင္ပါတယ္။ ဒါေပမဲ့ အဆိပ္ရွင္းဖို႔ အခ်ိန္ေတာ္ေတာ္ယူခဲ့ရတယ္။ ေတာ္ေသးတာက သူတို႔ထဲက လူအေရအတြက္ အမ်ားႀကီး ဒဏ္ရာရၾကတာ မဟုတ္လို႔။ အဆိပ္ကလဲ ေသေစတဲ့ အဆိပ္ျပင္းႀကီးေတြ မဟုတ္လို႔။ ဒါေၾကာင့္မို႔ အေသအေပ်ာက္ အက်အဆံုးေတာ့ မရိွခဲ့ဘူး။
အံ့အားသင့္စရာအေနနဲ႔ အဆိပ္လူးသံခြၽန္ေတြ ရိွေနတာက လံုဟန္႔အတြက္ တစ္မ်ိဳး ေကာင္းေနတယ္။ စစ္တပ္ႏွစ္ခုအၾကားက သဲေျမျပင္ႀကီးထဲမွာ ဒီသံခြၽန္ေတြ ရိွေနတာ။ ဒီအတိုင္း ၾကည့္လိုက္ရင္လဲ မျမင္ႏိုင္ဘူး။ ဒါေၾကာင့္မို႔ အဲ့ကြင္းျပင္ကို ျဖတ္ရင္ ကံဆိုးၿပီး သံခြၽန္ေတြ နင္းမိတာက လံုဟန္႔တို႔ ဘက္ကခ်ည္းပဲ မဟုတ္ေတာ့ဘူး။ ရန္သူဘက္ကလဲ နင္းမိတာေတြ ရိွလာတယ္။ ဒီသံခြၽန္ေတြေၾကာင့္ဘဲ လံုဟန္႔တို႔ဘက္ကို အေသခံဗံုးခြဲဖို႔ လာတဲ့ ေကာင္ေတြလက္ထဲက ဗံုးေတြက အခ်ိန္မတန္ခင္ ေပါက္သြားၾကတာ။ ဒါေပမဲ့ ဒီျပႆနာရဲ့ အဓိက အခ်က္က လံုဟန္႔တို႔ကို ရန္သူေတြဘက္က တားထားႏိုင္တယ္ဆိုတဲ့ သေဘာပဲ။ လံုဟန္႔ အလြယ္တကူ ထိုးစစ္ဆင္လို႔ မရေတာ့ ရန္သူေတြဘက္ကလဲ ေအးေဆးစခန္းခ်ထားၾကေတာ့တယ္။ ၿပီးေတာ့ စစ္ကူနဲ႔ ရိကၡာအကူ ျပန္ေတာင္းေနၾကတာေပါ့။ ဒီျပႆနာက လံုဟန္႔ကို ေခါင္းခဲရေစေတာ့တာပဲ။ ဒါေၾကာင့္မို႔ သူ ပိုင္ရွန္းရိႈ႔ကို အကူအညီေတာင္းရေတာ့တာ။ သူမေခါင္းေလးထဲမွာဆို လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အေတြးအေခၚ အယူအဆေတြ အႀကံဉာဏ္ေတြ ျပည့္ေနတယ္။ သူမက ေသခ်ာေပါက္ အေထာက္အကူ ျဖစ္ႏိုင္မွာပဲ။
ျမင္းစီးတတ္သြားၿပီျဖစ္တဲ့ ပိုင္ရွန္းရိႈ႔ဟာ အပိုေတြ သဟ္မေနဘဲ ေပါ့ေပါ့ပါးပါး ခရီးႏွင္ထြက္လာလိုက္တယ္။ သူမနဲ႔အတူ လိုက္ပါလာတာက သက္ေတာ္ေစာင့္အခ်ိဳ႕နဲ႔ ယြီခြမ္း၊ ၿပီးေတာ့ ယြီခြမ္းရဲ့ ဂိုဏ္းက လူတခ်ိဳ႕။ ကံမေကာင္းခ်င္ေတာ့ လမ္းတစ္ဝက္မွာ သူမတို႔ ခ်ံဳခိုတိုက္ခိုက္ခံလိုက္ရတယ္။
"ဟဟဟ...! ဒုတပ္မွဴးဆု ေျပာတာအမွန္ပဲ၊ မိန္းမလွေလးတစ္ေယာက္ ဒီလမ္းကေန တကယ္ ျဖတ္လာတယ္၊ သတ္ၾကစမ္း" ဒုတပ္မွဴးဆု မွာထားတာက၊ အလွဆံုး မိန္းကေလးကို သတ္ရမယ္၊ အဲ့မိန္းကေလးက ေယာက္်ားေလးလို ဝတ္စားထားမွာပဲတဲ့။
ပိုင္ရွန္းရိႈ႔ ဆြံ႔အသြားရၿပီ။ 'အဲ့ဒီမိန္းမက ဉာဏ္ေျပးသားပဲ၊ ဒါေပမဲ့ ငါ့ဘက္က အင္အားပိုႀကီးတာမို႔ ငါ လြတ္သြားႏိုင္တယ္ဆိုတာ သူ ထည့္မတြက္ဘူးထင္တယ္' ပိုင္ရွန္းရိႈ႔ဘက္မွာ ပါလာတဲ့ လူအမ်ားစုက သိုင္းေလာကသားေတြ။ သူတို႔ရဲ့ တိုက္ရည္ခိုက္ရည္က စစ္ေျမျပင္မွာ ႀကီးျပင္းလာတယ္ဆိုတဲ့ ရန္သူ ရဲမက္ေတြကို အသာေလး အႏိုင္ယူႏိုင္တယ္။ သတ္ၿပီ ျဖတ္ၿပီေဟ့ဆိုတာနဲ႔ ရန္သူေတြ တစ္ဖက္သတ္ ေခ်မႈန္းခံလိုက္ရတယ္။ ယြီခြမ္းဆို ဝင္ေတာင္ မခ်ဘူး။ ပိုင္ရွန္းရိႈ႔ ေဘးမွာဘဲ ထိုင္ရင္း သူမကို ကာကြယ္ေပးရံု လုပ္တာ။
ရန္သူေတြအကုန္လံုးကို အႏိုင္ယူဖို႔ အခ်ိန္ေတာင္ သိပ္မၾကာသြားဘူး။ 'ဘယ္ေလာက္ ဉာဏ္ေျပးၿပီး ေရ႔ွေက်ာ္ေရႊ့ႏိုင္တဲ့ အကြက္ျဖစ္ျဖစ္၊ အစီအစဉ္ျဖစ္ျဖစ္ အေကာင္ထည္ေဖာ္တဲ့သူက ေတာ္ေနၪီးမွ ေအာင္ျမင္ႏိုင္တာပဲ' တိုက္ပြဲၿပီးလို႔ ဖုန္ထေနတာေတြ ၿငိမ္သြားတဲ့အခ်ိန္မွာေတာ့ ရန္သူေတြဘက္က ေသရင္ ေသ၊ မေသရင္ ျပင္းျပင္းထန္ထန္ ဒဏ္ရာရသြားၾကတယ္။ ၆ ေယာက္ကို သူမတို႔အဖြဲ႔ ဖမ္းလာၿပီး လံုဟန္႔ရဲ့ စခန္းထိ ေခၚသြားလိုက္ၾကတယ္။
လံုဟန္႔ ပိုင္ရွန္းရိႈ႔ကို ေတြ့ေတာ့ သူ႔အၾကည့္ထဲမွာ လြမ္းဆြတ္တာေတြ တသတာေတြရိွမေနဘူး။ ေလာေလာဆယ္မွာ သူတို႔က အလုပ္လုပ္ဖို႔ ေရာက္ေနတာ။ ခ်စ္ရည္ပလူးဖို႔မွ မဟုတ္ဘဲ။ သူ ဒီလို အကန္႔ခြဲထားႏိုင္တာ ေတြ့ရေတာ့ ပိုင္ရွန္းရိႈ႔ ေက်နပ္သြားမိတယ္။ ဒါဆို သူမတို႔ႏွစ္ေယာက္က ပံုမွန္ လင္မယားေတြလို ေမာင္တစ္ထမ္း မယ္တစ္ရြက္ ျဖစ္သြားၿပီဆိုတဲ့ သေဘာလား။ အရင္ကဆို လံုဟန္႔က သူမရဲ့ ကာမပိုင္ လင္၊ သခင္၊ သူမရဲ့ အရာရာပဲ။ လံုဟန္႔က သူမကို ေလးစားေပးတယ္ဆိုေပမဲ့ အလုပ္နဲ႔ ပတ္သက္ၿပီး သူမကို ဘာမွ မေျပာျပခဲ့ဘူး။ ဒါေပမဲ့ ဒါက အခုေတာ့ ေျပာင္းလဲသြားၿပီ။ လံုဟန္႔ သူမအေပၚလဲ ပိုၿပီး ယံုၾကည္လာတယ္။ သူမ ေရာက္တာနဲ႔ သူ ခ်က္ခ်င္း အရင္ေမးလိုက္တယ္။ "ဒဏ္ရာရသြားေသးလား" လို႔။
"မရပါဘူး"
"လာ၊ သူတို႔ ဘာေတြ လုပ္ထားလဲ အထဲမွာ ေျပာၾကမယ္၊ ကိုယ္ ဒီကိစၥကို ဘယ္က ဘယ္လို စလုပ္ရမလဲကို မသိေတာ့ဘူး၊ ၿပီးရင္ ဒီေန့ လမ္းမွာ ခ်ံဳခိုတိုက္ခိုက္ခံရတဲ့ ကိစၥလဲ ေျပာၪီး"
ပိုင္ရွန္းရိႈ႔ကလဲ အရင္ရက္ေတြက နင္က်င္းၿမိဳ႔ ေရွာင္တခင္ အငိုက္ဖမ္း တိုက္ခိုက္ခံရတဲ့ အေၾကာင္းနဲ႔၊ ၿမိဳ႔ထဲက လူေတြအားလံုး တညီတၫြတ္တည္း စည္းစည္းလံုးလံုး ဘယ္လို ခုခံခဲ့ၾကတဲ့ အေၾကာင္းေတြ ျပန္ေျပာျပေလတယ္။ လံုဟန္႔ ေၾကာင္သြားရတာပဲ။ သူတို႔ ေဘးနားမွာ ဒီ့ျပင္လူေတြ ရိွေနတာေၾကာင့္သာ မဟုတ္ရင္ သူမ လက္ကေလးကို ဆုပ္နယ္ၿပီး ေက်းဇူးတင္ေၾကာင္းျပသလိုက္မွာ။ နင္က်င္းၿမိဳ႔သာ က်သြားခဲ့ရင္ သူနဲ႔ သူ႔စစ္တပ္က ျပန္ဆုတ္စရာ လမ္းမရိွေတာ့ဘဲ အလယ္မွာ ပိတ္မိေနမွာ။ ရန္သူေတြရဲ့ ၿမိဳ႔ေတာ္အထိ တက္သိမ္းလိုက္ႏိုင္တယ္ဆိုရင္ေတာင္ ေနာက္ကေရာက္လာမဲ့ ရိကၡာေတြ စစ္ကူေတြ လမ္းေၾကာင္းကို အပိတ္ခံထားရတဲ့အတြက္ ေသခ်ာေပါက္ ေသေၾကၾကရေတာ့မွာပဲ။ ယြီခြမ္းနဲ႔ စုန္႔ေက်ာင္းယြဲ႔ကို သူ အျမင္မၾကည္ဘူးဆိုေပမဲ့ သူတို႔ရဲ့ အကူအညီေတြအတြက္ တကယ္ကို ေက်းဇူးတင္တယ္။
ပိုင္ရွန္းရိႈ႔ဘက္က ေျပာျပၿပီးေတာ့ လံုဟန္႔ကလဲ သူ႔အျဖစ္ကို ျပန္ေျပာျပေတာ့တယ္။ အကုန္ ေျပာၿပီးသြားတဲ့ အခ်ိန္မွာ ပိုင္ရွန္းရိႈ႔က ေကာက္ခ်က္ခ်ေလရဲ့။ "ဒီေန့အထိ သူတို႔ လုပ္ခဲ့တာေတြ အားလံုးက လွည့္ကြက္အေသးစားေလးေတြ၊ ဘာမဟုတ္တာေလးေတြနဲ႔ရယ္... ၿပီးေတာ့ ကြၽန္မ ဒီေန့အေတြ့အႀကံဳအရဆို သူတို႔ စဉ္းစား အေကာင္ထည္ေဖာ္မိသမ်ွ အကြက္ကေလးေတြတိုင္းက အဆင့္ျမင့္သိုင္းပညာနဲ႔ ထိပ္တိုက္ရင္ဆိုင္လိုက္တဲ့အခါမွာ အသံုးမဝင္တာေတြ ျဖစ္သြားတာပဲ"
လံုဟန္႔ ႏႈတ္ခမ္းေထာင့္က တုန္တြန္႔သြားမိေတာ့တယ္။ သူလဲ ဒါကို သတိထားမိပါတယ္၊ ဒါေပမဲ့ သူတို႔ကို ရင္ဆိုင္ဖို႔ ရန္သူဘက္မွာ မကုန္ႏိုင္ မဆံုးႏိုင္တဲ့ လွည့္ကြက္ေလးေတြ အမ်ားႀကီး ရိွေနေသးပံုေပါက္တာမို႔ သူ စြတ္တရြတ္ ဝင္မတိုက္ရဲတာ။
ဝိညာဉ္ကူးေျပာင္းလာတဲ့ မိန္းမေတြ၊ အထူးသျဖင့္ ဝတၴုဖတ္ရဝါသနာပါတဲ့ မိန္းမေတြဟာ ဖတ္ဖူးသမ်ွ ဝတၴုေတြထဲက အေျခခံဗဟုသုတေလးေတြ မ်ိဳးစံုေနေအာင္ သိထားတတ္ၾကတယ္။ ဒါေပမဲ့ လက္ေတြ့ဘဝဆိုတာ ဝတၴုထဲကလို အေပၚယံေလာက္နဲ႔ မၿပီးဘူးဆိုတာ ပိုင္ရွန္းရိႈ႔ သိတယ္ေလ။ လက္ေတြ့ဘဝမွာ ဝတၴုထဲက နည္းလမ္းေတြနဲ႔ အလုပ္ျဖစ္ေအာင္ လုပ္ဖို႔က ထင္သေလာက္ မလြယ္ဘူး။ ဥပမာေျပာရရင္ ဒီ အဆိပ္လူးသံခြၽန္ခ်တဲ့ အကြက္က သူမ အရင္က ဖတ္ဖူးတဲ့ လူသိမ်ား အြန္လိုင္း ဝတၴုရွည္တစ္ခုထဲမွာ ပါတာ။ အဲ့ဝတၴုထဲမွာေတာ့ ဝိညာဉ္ကူးေျပာင္းၿပီးေရာက္လာတဲ့ ဇာတ္လိုက္မက ဒီနည္းလမ္းသံုးၿပီး ရန္သူ တစ္တပ္လံုးကို ေခ်မႈန္း အႏိုင္ယူႏိုင္ခဲ့တယ္။ ဒါေပမဲ့ လက္ေတြ့မွာက်ေတာ့ ဘယ္သူကမွ အဆိပ္လူးသံခြၽန္ ခ်ထားတဲ့ ေျမျပင္ကို ဆက္နင္းၿပီး တိုက္ပြဲဝင္ၾကမွာမဟုတ္ဘူးေလ။ ငပိန္းေတြဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။
လံုဟန္႔ကေတာ့ ငပိန္း မဟုတ္ဘူး။ အဲ့ဒီေတာ့ ခ်က္ခ်င္းကို ဆုတ္မိန္႔ေပးေတာ့တာပဲ။
ေနာက္တစ္ကြက္က အေသခံ ဗံုးခြဲတဲ့ လူေတြ။ ဒါကလဲ ဟိုဝတၴုထဲက အကြက္ပဲ။ အဲ့ထဲက ဇာတ္လိုက္မက အေသခံဗံုးခြဲသူေတြကို သံုးၿပီး ၿမိဳ႔တစ္ၿမိဳ႔ သိမ္းယူႏိုင္ခဲ့တယ္။ ဒါေပမဲ့ ရာဇဝတ္သား ရာခ်ီၿပီး စေတးလိုက္ရတာေပါ့။ ကံမေကာင္းခ်င္ေတာ့ ဒီဆုယြင္က အရင္တစ္ေခါက္မွာ အဆိပ္လူး သံမိႈေတြ သံုးပစ္လိုက္တယ္။ ဒီေတာ့ အဲ့ဒီသံမိႈေတြကပဲ အေသခံဗံုးခြဲသမားေတြ မေအာင္ျမင္ႏိုင္ေအာင္ ဟန္႔တားသလိုျဖစ္သြားခဲ့တာ။ တကယ္တမ္းက်ေတာ့ ဝတၴုထဲမွာ အဆိပ္လူးသံခြၽန္ေတြကို ဘယ္လို ေျဖရွင္းရမလဲ၊ ေရွာင္ရမလဲဆိုတာကို ဘယ္စာေရးဆရာကမွ ေရးမျပထားဘူးေလ။ ေရးျပစရာလဲ လိုမေနဘူး။
ဒါေပမဲ့ ေရးမျပထားလဲ ဘယ္လို ေျဖရွင္းရမလဲ ပိုင္ရွန္းရိႈ႔ကေတာ့ စဉ္းစားမိတယ္။ ဒီေလာကမွာ သံလိုက္ေတြ ရိွေနတာပဲ။ သံလိုက္ေတြ ေပၚေနၿပီဆိုတာ ပန္းပဲဆရာတခ်ိဳ႕ ေျပာတာ သူမ ၾကားဖူးတယ္။ သူမ သံလိုက္တံုးေတြသာ ရွာႏိုင္ရင္ သံခြၽန္ကိစၥက အလြယ္တကူ ေျဖရွင္းၿပီးသား ျဖစ္သြားမွာ။ ဒါေပမဲ့ သူမတို႔ သံခြၽန္ေတြကို ဖယ္လို႔ မျဖစ္ေသးဘူး။ ရန္သူေတြ ရုတ္တရက္ႀကီး လာတိုက္ရင္ ဘယ္လိုလုပ္မလဲ။
ရန္သူေတြက ေသခ်ာေပါက္ အလစ္တိုက္မဲ့ အလားအလာရိွတယ္။ သူမ အခုေလးတင္မွ ေရာက္လာၿပီး၊ အခုမွ အေျခအေနေတြ သံုးသပ္ အႀကံထုတ္ေနဆဲျဖစ္ေပမဲ့ ရန္သူေတြဘက္ကေတာ့ စ လႈပ္ရွားေနၾကၿပီ။ အေတာ္ေလး စည္းစနစ္တိက်ပံုရတဲ့ ရဲမက္တစ္ေယာက္ တဲထဲ ေျပးဝင္လာၿပီး သတင္းပို႔လာတယ္။ "မင္းသား ရန္သူေတြဘက္က တိုက္ပြဲ မဆင္ ဆင္ေအာင္ စိန္ေခၚ ရန္စေနၾကပါတယ္၊ သူတို႔ကို ၪီးေဆာင္လာသူက သူတို႔ရဲ့ ဒုတပ္မွဴးလို႔ဆိုပါတယ္၊ အသံနားေထာင္ၾကည့္ရသေလာက္ ဒုတပ္မွဴးက အမ်ိဳးသမီးပါ"
"……" ပိုင္ရွန္းရိႈ႔ အံ့ၾသရလြန္းလို႔ မိနစ္ဝက္ေလာက္ၾကာေအာင္ ပါးစပ္အေဟာင္းသား ဒီအတိုင္းႀကီး ေၾကာင္ရပ္ေနခဲ့မိေလတယ္။ 'အဲ့ဒီမိန္းမက စစ္ပါ ဝင္တိုက္ေနတာလား၊ မိုက္လိုက္တာ' သူမ အဲ့ဒီမိန္းမကို ကိုယ္တိုင္ ေတြ့ရမွ ျဖစ္မယ္လို႔ ပိုင္ရွန္းရိႈ႔ သႏၷိ႒ာန္ ခ်လိုက္ေတာ့တယ္။ ဘာ္လိုလူမ်ိဳးမို႔လို႔ ဒီေလာက္ စိတ္ႀကီးေတြဝင္ၿပီး ေရွးေခတ္က ကြၽမ္းက်င္သူေတြနဲ႔ အၿပိဳင္ စစ္တပ္ကို ၪီးစီး၊ တိုက္ပြဲဝင္ရဲတာလဲ သိခ်င္လို႔။
"တပ္သားေတြ အဆင္သင့္ျပင္ထားလိုက္၊ ငါတို႔ တိုက္ပြဲဝင္ၾကမယ္" လံုဟန္႔က အားလံုးကို ၪီးစီး အမိန္႔ေပးရတဲ့ စစ္သူႀကီးပဲ။ ဒီေလာက္ ရန္စခံထားရၿပီး စိန္ေခၚခံေနရတာကို ေနာက္ဆုတ္ ေရွာင္ပုန္းလို႔ မရဘူး။
"ကြၽန္မလဲပဲ လိုက္ခ်င္တယ္၊ ဟို. . . ကြၽန္မ ရဲမက္တစ္ေယာက္လို ဝတ္စားၿပီး အရွင္နဲ႔ လိုက္ခဲ့ပါမယ္"
"လိမၼာတယ္၊ မေဆာ့ခ်င္နဲ႔" လံုဟန္႔ တီးတိုးေလး ေျပာလိုက္တယ္။
"အဲ့ဒီလူအေၾကာင္းကို ခ်န္ေထာက္ကတဆင့္ ကြၽန္မ ၾကားထားၿပီးၿပီ၊ သူ ဘယ္လို ကလိမ္က်နည္းေတြ၊ ဉာဏ္နီဉာဏ္နက္ေတြ ထုတ္ၪီးမလဲ ၾကည့္ခ်င္လို႔"
"ဒါ. . . ၿပီးေရာ" လံုဟန္႔ သေဘာမတူခ်င့္ တူခ်င္နဲ႔ ခြင့္ျပဳလိုက္ေတာ့တယ္။ သူ သူမကို ရဲမက္သံခ်ပ္ကာ အေပါ့ေလး ေပးဝတ္ေစလိုက္ၿပီး ကိုင္ေဆာင္ဖို႔ေတာ့ လွံတံရွည္ကို ေပးထားလိုက္တယ္။ ဒါေပမဲ့ စစ္တပ္ႀကီးၾကားထဲမွာ မိန္းမတစ္ေယာက္ အမီလိုက္ႏိုင္ဖို႔၊ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ဖို႔၊ တိုက္ႏိုင္ဖို႔ဆိုတာ မလြယ္ဘူး။ အဲ့ဒါေၾကာင့္ ယြီခြမ္းပါ ရဲမက္ဝတ္စံုဝတ္ၿပီး သူမနားက လိုက္ပါကာ သူမကို ေစာင့္ေရွာက္ဖို႔နဲ႔ လိုအပ္ရင္ ခ်ီသယ္ေပးဖို႔ လိုက္ေပးရတာ။ ေလာေလာဆယ္မွာက သဝန္တိုတဲ့ ခံစားခ်က္ေတြထက္ တိုင္းျပည္အတြက္ တိုက္ပြဲဝင္ဖို႔က ၪီးစားေပးအေရးျဖစ္ေနေတာ့ လံုဟန္႔ခမ်ာ ပိုင္ရွန္းရိႈ႔ကို ယြီခြမ္းဆီသာ အပ္ထားရေတာ့ေလရဲ့။
ေယာက္်ားေတြက မိန္းမေတြထက္ ပိုၿပီး ရိုးရွင္းတယ္။ သူတို႔ေတြက တစ္ခုခု ရင္ဆိုင္ေျဖရွင္းၿပီဆိုရင္ အာရံုစူးစိုက္ထားၾကတယ္။ ကိစၥေတြကိုလဲ ရွင္းလင္း ျပတ္သားစြာ အတည့္ကို အတည့္တိုင္း ျမင္ႏိုင္၊ ဆင္ျခင္ႏိုင္တယ္။ က်ိဳးသင့္ေၾကာင္းသင့္ ေတြးေခၚ ဆင္ျခင္ႏိုင္စြမ္းရိွသူတိုင္းကေတာ့ ပုဂၢိုလ္ေရးနဲ႔ တိုင္းျပည့္အေရး မေရာစြက္သင့္တာကို သိၾကတာပါပဲ။ ယြီခြမ္းကလဲ က်ိဳးသင့္ေၾကာင္းသင့္ စဉ္းစားႏိုင္သူ၊ ကိစၥႀကီးေတြကို တာဝန္ခံ တာဝန္ယူႏိုင္တဲ့ ေယာက္်ားေကာင္း ပီသတယ္။
ဒီလိုနဲ႔ လံုဟန္႔ရယ္၊ သူ႔တပ္ရယ္က တိုက္ပြဲဝင္ဖို႔ စစ္မ်က္ႏွာဖြင့္ကာ စတင္ခ်ီတက္ထြက္လာခဲ့ၾကေတာ့တယ္။ အဆိပ္လူး သံခြၽန္ေတြ ရိွတဲ့ ေနရာကို ေရာက္တဲ့အခါမွာေတာ့ သူတို႔ ရပ္လိုက္ၾကေလတယ္။ သူတို႔ေရာက္တဲ့အခ်ိန္မွာ ေယာက္်ားဝတ္စံုဝတ္ထားတဲ့ ေခ်ာေမာလွပတဲ့ မိန္းမတစ္ေယာက္က အဲ့ဒီမွာ ရပ္ေနႏွင့္တယ္။ ေယာက္်ားသားေတြခ်ည္းအုပ္လိုက္ရဲ့ ေရ႔ွမွာ ရပ္ေနတဲ့အခါမွာ သူမက တကယ္ကို အျမင္အာရံုကို ဖမ္းစားထားႏိုင္ေရာ၊ ထင္းထင္းႀကီး ကြက္ၿပီး ရႈခ်င္စဖြယ္ျဖစ္ေနတာေပါ့။ ဒါေပမဲ့ သူမက လံုဟန္႔နဲ႔ ဆန္႔က်င္ဘက္ရပ္ေနတဲ့အခါမွာ လံုဟန္႔ရဲ့ ခံ့ညားခမ္းနားမႈနဲ႔ ျမင့္မားေထာင္ေမာင္းသန္မာတဲ့ ကိုယ္ထည္က သူမကို ပိုေသးသိမ္သြားေစေလတယ္။ သူတို႔ႏွစ္ေယာက္ ယွဉ္လိုက္ရင္ လံုဟန္႔က ပိုၿပီး လူၾကည့္စရာျဖစ္တာေပါ့။ ဘာလို႔ဆို စစ္ေျမျပင္မွာက ေယာက္်ားလိုလို မိန္းမလိုလို မကြဲမျပားနဲ႔ ေခ်ာလွေနတာထက္စာရင္ ေယာက္်ားတစ္ေယာက္ရဲ့ ႀကံ့ခိုင္သန္မာၿပီး ေထာင္ေထာင္ေမာင္းေမာင္းျဖစ္ေနတဲ့ ကိုယ္ထည္မ်ိဳးကပဲ အထင္ႀကီးစရာ ျဖစ္ေနတာကိုး။
ရန္သူရဲ့ ဒုတပ္မွဴးကို ေတြ့လိုက္တာနဲ႔ ပိုင္ရွန္းရိႈ႔ ေျခႏွစ္ဖက္က ေပ်ာ့ေခြသြားမိေတာ့တာပဲ။ ယြီခြမ္းသာ သူမကို ဆြဲေခၚေပးတာေၾကာင့္မဟုတ္ရင္ သူမေနာက္က ခ်ီတက္လာတဲ့ စစ္သည္ေတြ နင္းတာ ခံရေလာက္တယ္။ 'အဲ့ဒါတကယ္ႀကီး ဟို ဆုယြင္ပဲ...! သူ ဒီေလာကကို ဝိညာဉ္ေရာ လူအေကာင္လိုက္ႀကီးပါ ေရာက္လာမယ္လို႔ မထင္ထားဘူး၊ အဲ့ဒါ ခဏထားလိုက္ၪီး၊ အဲ့ေကာင္မက ဘာကိစၥ ငါ့လင္ကို ရတနာသိုက္ေတြ့သလို ျပဴးၾကည့္ေနတာလဲ ဟမ္၊ သူ လင္လုမလို႔ ႀကံေနတာမ်ားလား'
ဆုယြင္က တကယ္ကို အံ့ၾသေနမိတာ။ ရန္သူဘက္က စစ္သူႀကီးက အေတာ္ေလး ခံညားေခ်ာေမာတဲ့ ေယာက္်ားဆိုတာ သူမ ၾကားဖူးၿပီးသား။ သူမ မ်က္လံုးနဲ႔ ကိုယ္တိုင္ကိုယ္က် ေတြ့လိုက္ရေတာ့လဲ တကယ္ကို စိတ္မပ်က္ရဘူးပဲ။ ေမာ္ဒန္ေခတ္က မိန္းမေတြ ေႂကြက်ေလာက္တဲ့ ေယာက္်ားမ်ိဳးပဲ။ သူမက ရင့္က်က္တည္ၿငိမ္ေနၿပီဆိုေတာ့ ပိန္ပိန္ပါးပါး ေယာက္်ားေလးေတြကို သိပ္စိတ္မဝင္စားေတာ့ဘူး။ လံုဟန္႔လို အားကိုးလို႔ေကာင္းမဲ့ ဆိုက္နဲ႔ ေယာက္်ားမ်ိဳးကမွ မိန္းမေတြ တစ္အုပ္လိုက္ႀကီးကို စြဲေဆာင္ႏိုင္တာ။ သူက တကယ့္ကို ရွားပါးတဲ့ ေယာက္်ားမ်ိဳး။ 'ငါ ေတြးတာမမွားဘူး၊ သူလို ေယာက္်ားပီပီသသႀကီးေတြ ေတြ့ဖို႔ဆို ေရွးေခတ္ေရာက္မွပဲ'