သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၃၂) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေး
တစ်ချိန်တည်းမှာပဲ လင်းဖန်၏ အထက်တန်း ကျောင်း အတန်းဖော် Group ဗြောင်းဆန်သွားခဲ့ပါသည်။
[ကောင်းလိရှောင်း၊ "လခွမ်းပဲ ယောက်ဖ ဖန်က အရမ်းတော်လွန်းတယ်။ သူက ထိပ်ဆုံး ရှာဖွေမှု အမျာဆုံးအကြောင်းအရာဖြစ်နေပြီ။ ပြီးတော့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကိုတောင် သူ့စားသောက်ဆိုင် ခေါ်နိုင်နေပြီ"]
[ရွှယ်ယောင်ထင်း၊ "ဘုရားရေ အစ်ကိုဖန်။ နင် ရှားဝမ်ချွေ့ကို အဆက်အသွယ်မလုပ်တော့ဘူးလို့ ထင်ထားတာ။ အခုတော့ ရှားဝမ်ချွေ့တင်မကဘဲ စုရှောင်းယွီနဲ့ပါ အဆက်အသွယ်ရှိနေတာလား”]
[ကောင်းလိရှောင်း၊ "၆၆၆၆၆၆ ဒါက နာမည်ကျော်ကြီးတွေရဲ့ လောကပါလား။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က ကြယ်ပွင့်ကြီးတွေကွ။ သူတို့မှာ ပရိတ်သတ်တွေ အများကြီး ရှိတယ်။ ယောက်ဖဖန်က သူတို့အတွက် ချက်ပြုတ်ပေးပြီး စကားတောင် အတူတူ ပြောနေနိုင်တယ်။ မနာလိုဖြစ်လိုက်တာကွာ"]
[ကောင်မလေး တစ်ယောက်၊ "ဝိုးဝိုးဝိုး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ လက်မှတ်ရဖို့ လင်းဖန် ငါ့ကို ကူညီပေးနိုင်မလား မသိဘူးနော်။ ငါသူတို့ကို တကယ် သဘောကျတယ်"]
[ကျောင်းလီလီ၊ "လင်းဖန် နင်ကအရမ်း တော်တာပဲ။ နင်ဘာလို့ ငါတို့ကို စိမ်းနေတာလဲလို့ တွေးနေတာ။ နင့်ဘေးမှာ ရှားဝမ်ချွေ့ တစ်ယောက်လုံးရှိနေတာကိုး။ ရှားဝမ်ချွေ့က နင့်ကောင်မလေး ဖြစ်နေပြီလား။"]
လင်းဖန်၊ "....”
လင်းဖန်ကတော့ ဝေ့ပေါ်ပေါ်မက ရေပန်းစားနေသော အကြောင်းအရာကို ကြည့်ရင်း သက်ပြင်းချလိုက်ပါသည်။
သူ ဇာတ်နိမ့်သာ နေချင်ခဲ့သည်။
ဝေ့ပေါ်ပေါ်တွင် သူရေပန်းစားလာရသည့် အကြောင်းအရင်းက သူ့ရဲ့ ရဲစွမ်းသတ္တိကြောင့်သာမကဘဲ သူ့ရဲ့ ရုပ်ရည်ကြောင့်လည်း ဖြစ်ပါသည်။
တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ကောင်မလေး တော်တော်များများက သူ့ကိုချစ်မိသွားတတ်ကြသည်။
ထိုအချိန်တွင် လင်းဖန်၏ ဝီချက်တွင် သူငယ်ချင်းအသစ် တောင်းဆိုမှုတစ်ခု ပေါ်လာ၏။
သူမ၏ နာမည်ပြောင်က အလွန်ရိုးရှင်းပါသည်။ စုရှောင်းယွီ ဖြစ်သည်။
စုရှောင်းယွီ၏ ပရိတ်သတ်များသာ စုရှောင်းယွီက ကောင်လေးတစ်ယောက်ကို အရင်ဆုံး စ Add ခဲ့ကြောင်း သိသွားကြပါက မနာလိုဖြစ်ကာ သေသွားနိုင်ပါသည်။
စုရှောင်းယွီ၊ "အာဝူး လင်းဖန်ရေ။ နင်ချက်ပြုတ်ပေးတာ အရမ်းအရသာရှိတာပဲ။ ကျေးဇူးပါ။”
လင်းဖန်၊ "ကိစ္စမရှိပါဘူး”
စုရှောင်းယွီ၊ "အစ်မဝမ်ချွေ့ကလည်း အရမ်း သဘောကောင်းတယ်။ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနော်”
လင်းဖန်၊ "???”
စုရှောင်းယွီ၊ "Demon Face.jpg”
...
ဖုန်းချလိုက်ပြီး ရှားဝမ်ချွေ့ထံသို့ မက်ဆေ့ချ်ချ်တစ်စောင် ထပ်ပို့လိုက်ပါသည်။
လင်းဖန်၊ "အားလုံး နင့်ကြောင့် ဖြစ်ရတာ”
ရှားဝမ်ချွေ့၊ "~~~~"
လင်းဖန်၊ "ငါစိတ်ဆိုးတယ်နော်”
[ရှားဝမ်ချွေ့၊ "ဘာကို စိတ်ဆိုးတာလဲ"]
လင်းဖန်၊ "ငါအခု နာမည်ကြီးနေပြီ။ နောက်ပိုင်း နင်ဘယ်လို စားသောက်ဆိုင်ကို လာလို့ရတော့မှာလဲ။ နင့်နောက်လိုက်လာတဲ့ ပရိတ်သတ်တွေ အများကြီး ရှိလိမ့်မယ်။ နင် ငါးပေါင်း ဘယ်လိုလုပ် စားလို့ ရတော့မှာလဲ။"
[ရှားဝမ်ချွေ့၊ "ဒါပဲလား"]
လင်းဖန်၊ "ရှိသေးတယ်။ တစ်ယောက်ယောက်သာ ငါနဲ့တွေ့ပြီး ကောလဟာလတွေ ပျံ့သွားရင် နင့်ရဲ့ ပရိတ်သတ် သန်း ၈၀ သတ်တာကို ငါခံရလိမ့်မယ်။"
[ရှားဝမ်ချွေ့၊ "မြောင်~ ဒါပေမယ့် ငါဂရုမစိုက်ပါဘူး"]
[ရှားဝမ်ချွေ့၊ "ဒီနေ့အတွက် ကျေးဇူးနော်"]
လင်းဖန်၊ "ဝက်မလေးကို ကာကွယ်ဖို့က ငါ့တာဝန်ပါပဲ။”
[ရှားဝမ်ချွေ့၊ "နှာဗူးကောင်"]
လင်းဖန်သည် ဘယ်တော့မှ ဇာတ်မြင့်မြင့် မနေချင်ခဲ့ပါ။ နာမည်ကြီးလာပြီးနောက် လက်ရှိ သူ့ဘဝ အခြေအနေကို အနှောင့်အယှက် ဖြစ်စေရုံ သာမကဘဲ ရှားဝမ်ချွေ့ကိုပါ ထိခိုက်သွားနိုင်စေပါသည်။
ကောလဟာလများ ထွက်လာပါက ရှားဝမ်ချွေ့၏ လုပ်ငန်း ထိခိုက်သွားနိုင်သည်။
ရှားဝမ်ချွေ့က ဂရုမစိုက်သော်လည်း သူကတော့ ဂရုစိုက်သည်။
အဓိက အချက်ကတော့ နောက်ပိုင်း ရှားဝမ်ချွေ့ကို တွေ့ရဖို့ မလွယ်ကူတော့ခြင်း ဖြစ်ပါသည်။
နောက်တစ်နေ့ သူအိပ်ရာနိုးလာတော့ ပုံမှန်အတိုင်း Sign-in ဝင်လိုက်ပါသည်။ ငွေသား ကံစမ်းမဲ ကတ်တစ်ကတ်ရခဲ့ပြီး နောက်ထပ် ယွမ် ၁၀၀,၀၀၀ ရခဲ့ပြန်သည်။
လင်းဖန်သည် သုံးဘီး စီးလာပြီး စားသောက်ဆိုင်ကို ပုံမှန်အတိုင်း ဖွင့်ခဲ့ပါသည်။
သို့သော် လင်းဖန် အံ့သြသွားရသည်မှာ...
သူ့စားသောက်ဆိုင် အလွန်အမင်း နာမည် ကြီးနေပြီဖြစ်သောကြောင့်ပင်
လင်းဖန် ဆိုင်ဖွင့်ပြီး သိပ်မကြာလိုက်ဘဲ စားသောက်ဆိုင်ထဲတွင် လူတွေနဲ့ ပြည့်နှက်သွားခဲ့ပါသည်။
ထို့အပြင် စားသောက်ဆိုင် အပြင်ဘက်မှာလည်း လူတန်းရှည်ကြီးက စောင့်ဆိုင်းနေကြ၏။
ထိုလူများထဲက အများစုက ကောင်မလေးများဖြစ်ကြသည်။ သူတို့အများစုက အသက် ၁၆ နှစ် ၁၇ နှစ် အရွယ် ကလေးများ ဖြစ်ကြပြီး ငယ်ငယ်ရွယ်ရွယ် လှလှပပ မိန်းကလေးတွေ ဖြစ်ကြသည်။
သူတို့ ဒီကို လာခဲ့ရသည့်အဓိက အကြောင်းအရင်းက လင်းဖန် အလွန်ချောမောနေခြင်းကြောင့်ပင်။
"အားး... နောက်ဆုံးတော့ ရှင့်ကို တွေ့ခဲ့ပြီပေါ့။ ဘာလို့ ဒီလောက် ချောနေရတာလဲ ကောင်လေး"
"ကောင်လေး ကျွန်မ ဒီမှာ စားရင် လက်မှတ်ထိုးပေးမှာလားဟင်။”
"သူ့ကို ဒီနေ့ လူကိုယ်တိုင် တွေ့ခဲ့တယ်ဟေ့။ အင်တာနက်ပေါ်က ပုံတွေထက်တောင် ပိုကြည့်ကောင်းသေးတယ်။ သူ့စားသောက်ဆိုင်က အစားအသောက်တွေကကော ဘယ်လို အရသာရှိမလဲမသိဘူး။”
ထိုကောင်မလေးများကို ကြည့်ရင်း လင်းဖန် အလွန်ယဥ်ကျေးစွာ ဆက်ဆံခဲ့ပါသည်။
အနည်းဆုံးတော့ ထိုကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို မကြည့်ပါ။ သူက တစ်ကိုယ်တည်းသမားဖြစ်သော်လည်း နှာဘူးမထတတ်ပါ။
သူတို့မှာ ခြေတံသွယ်သွယ်လေးများ ရှိနေရင်တောင် ရှားဝမ်ချွေ့လောက် မလှကြပါ။
လင်းဖန် ချက်ပြုတ်ပြီးစီးသောအခါ စားသောက်ဆိုင်လေးထဲတွင် အံ့အားသင့် စကားသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါသည်။
ကောင်မလေးများစွာက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပါသည်။
"ဝိုး အရည်အသွေးကောင်းရင် ကြော်ငြာစရာတောင် မလိုဘူးဆိုတာ တကယ်မှန်တာပဲ။။ ဒီနေ့ ရတနာမြေလေးတစ်ခုကို ရှာတွေ့ခဲ့ပြီ။ ကောင်လေး ရှင်ချက်တဲ့ အစားအသောက်တွေက ဘာလို့ ဒီလောက်ထိ အရသာရှိိရတာလဲ~~”
"နောက်ဆုံးတော့ ချွေ့ချွေ့နဲ့ ရှောင်းယွီတို့ ဒီမှာ ဘာဖြစ်လို့ လာစားကြသလဲ ငါသိခဲ့ရပြီလေ။ ဒီမှာ အရသာရှိတဲ့ ဟင်းလျာတွေ ချက်ပြုတ်တဲ့ ရုပ်ဖြောင့်ဖြောင့် ဘော့စ်တစ်ယောက် ရှိနေတာကိုး။”
"ကောင်လေး ရှင်ချက်တဲ့ အစားအသောက်တွေက အရမ်း ကောင်းတာပဲ။ တခြား စားသောက်ဆိုင်တွေမှာ စားရတာထက်တောင် ပိုကောင်းသေးတယ်။ ပြီးတော့လည်း ဒီက စျေးတွေက တန်တယ်။ သဘောကျတယ်ရှင်။”
"ကောင်လေး ရှင့် စားသောက်ဆိုင်က စားပွဲထိုး လိုသေးလား။ ကျွန်မ စားပွဲထိုး လုပ်ပေးနိုင်ပါတယ်ရှင်။”
ကောင်မလေးများစွာက စားသောက်ပြီးနောက် ထပ်စားချင်နေကြဆဲဖြစ်သည်။
လင်းဖန်၏ မာစတာ အဆင့် အချက်အပြုတ်စကေးအား ဒီနေရာတွင် ပြီးပြည့်စုံစွာ ပြသနိုင်ခဲ့ပါသည်။
မနက်ပိုင်း ၂ နာရီအတွင်းမှာပဲ သူ ယွမ် ၁,၀၀၀ ရခဲ့ပြီဖြစ်ပါသည်။
တစ်ရက်ကို စားသောက်ဆိုင် ၈ နာရီလောက် ဖွင့်ပါက အနည်းဆုံး တစ်ရက်ကို ယွမ် ၄,၀၀၀ လောက် ရနိုင်သည်။ ထိုအခါ စားသောက်ဆိုင် ဖွင့်ရုံနဲ့ တစ်လကို ယွမ် ၁၂၀,၀၀၀ လောက်ရနိုင်ပါသည်။
သို့သော်လည်း လင်းဖန်က ငပျင်းတစ်ယောက်ဖြစ်၏။ သူ့မိဘများ ပေးအပ်ထားသည့်အရာများကို ဆက်လက်ထိန်းသိမ်းဖို့သာ စားသောက်ဆိုင်ကို ဖွင့်ထားခြင်းဖြစ်ပါသည်။
ထိ့အပြင် လောလောဆယ် သူ ငွေလည်း မလိုအပ်သေးပါ။ စားသောက်ဆိုင်ဖွင့်ဖို့အတွက် ကြိုးစားပမ်းစား လုပ်ကိုင်နေစရာ မလိုပေ။
"ဘာစားပွဲထိုးမှ ငှားဖို့ မလိုပါဘူးဗျာ။ ကျွန်တော်တစ်ယောက်တည်း နိုင်ပါတယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"အမ် ကောင်လေး ကျွန်မ ရှင့်ကို ဝီချက်မှာ အပ်လို့ရမလားဟင်။ ကျွန်မ ရှင့်ကို... သဘောကျလို့ပါ” ကောင်မလေးတစ်ယောက်က ရှက်သွေးဖြာလျက် ပြောလိုက်ပါသည်။
ဘာာပဲဖြစ်ဖြစ် သူမက အသက် ၁၆ နှစ် ၁၇ နှစ်အရွယ်သာ ရှိသေးသည့် ကောင်မလေး တစ်ယောက်သာဖြစ်သည်။ လင်းဖန် ဘယ်လောက်ချောပြီး အချက်အပြုတ် ဘယ်လောက် တော်မှန်း မြင်ပြီးသောအခါ သူမ အနည်းငယ် စွဲလမ်းသွားခဲ့ပါသည်။ သို့သော် မိန်းကလေးအများစုက သူ့ကို သဘောကျနေကြပြီး တချို့က ဖွင့်ပြောဖို့အထိ ရဲတင်းကြသည်။
သူမ ထိုသို့ ပြောပြီးသွားသောအခါ စားသောက်ဆိုင်ထဲ အံ့အားသင့်အသံများ၊ အော်သံများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
တစ်ယောက်ယောက်က လင်းဖန်ကို ဖွင့်ပြောလိုက်ပြီ။
"WeChat မှာ အပ်ဖို့ မလိုပါဘူးဗျာ။ ဒီက အစားအသောက်တွေစားရတာ ကြိုက်ရင် အဆင်ပြေပါပြီ။ ကျွန်တော် စားသောက်ဆိုင် ဖွင့်ရတာလည်း ဒီအကြောင်းအရင်းကြောင့်ပဲလေ။ ကျွန်တော့်ကို သဘောကျတဲ့ လူတွေက အမျာကြီးရှိတယ်။ ကျွန်တော်လည်း ဒီမှာ လာစားတဲ့ လူတိုင်းကို သဘောကျပါတယ်ဗျာ” လင်းဖန်က ပြန်ပြောလိုက်ပါသည်။
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တဖက်လူကို ငြင်းလိုက်တာဟု သတ်မှတ်နိုင်ပါသည်။
လင်းဖန်က သူ့ကို ဖွင့်ပြောသည့် မည်သည့် ကောင်မလေးကိုမဆို လက်ခံမည် မဟုတ်ပါ။
သူလိုချင်တာက သက်တောင့်သက်သာရှိပြီဂ ပျော်ဖို့ကောင်းသောာ ဘဝမျိုးဖြစ်သည်။ မိန်းကလေး တစ်ယောက်ဖွင့်ပြောတာကို ခံရတာမျိုးကတော့ သူ အကြိမ်ကြိမ် ကြုံခဲ့ဖူးပါပြီ။
ကောင်မလေးက ခေါင်းကို ပျော်ရွှင်စွာ ငြိမ့်လိုက်ပါသည်။ သူမ အငြင်းခံလိုက်ရသော်လည်း လင်းဖန်ကို စကားပြောလိုက်ရသည့်အတွက် ပျော်ရွှင်နေဆဲဖြစ်ပါသည်။
"ကောင်လေး ကျွန်မကို လက်မှတ်ထိုးပေးပါလာားဟင်" ကောင်မလေးက ဆက်ပြောသည်။
လင်းဖန်က သူမကို ထပ်မငြင်းတော့ပါ။ သူမကို လက်မှတ်ထိုးပေးပြီးနောက် အလုပ်ပြန်လုပ်တော့သည်။
လက်မှတ်ရသွားသည့် ကောင်မလေးကတော့ ရတနာတချို့ ရလိုက်သလိုပင်။ လင်းဖန် လက်မှတ်ထိုးပေးထားသည့် ကတ်လေးကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်တယ်ရင် ရင်ဘတ်ပေါ်တွင် ထိထားလိုက်သည်။ သူမ အနည်းငယ် ပျော်ရွှင်သလို ခံစားနေရပါသည်။
သူမမှာ ညှို့အားပြင်းတဲ့ မင်းသားလေးရဲ့ လက်မှတ် ရှိနေပြီ။
နောက်ထပ် ၂ နာရီလောက် ကြာသောအခါ လင်းဖန်၏ ဒီနေ့ ရောင်းအားက ယွမ် ၂,၀၀၀ အထိရောက်ရှိလာပြီဖြစ်ပါသည်။
ယွမ် ၂,၀၀၀ ရဖို့ ၄ နာရီသာ ကြာမြင့်ခဲ့၏။
အပြင်ဘက်တွေ စောင့်နေသည့် လူများစွာ ရှိသော်လည်း လင်းဖန်က တံခါးကို ပိတ်လိုက်ပြီ ဖြစ်ပါသည်။
"ဟေး ဘော့စ် ။ ဘာလို့ ဆိုင်ကို ပိတ်နေတာလဲရှင့်။ ဒီက အစားအသောက်တွေက အရမ်းအရသာရှိတယ်လို့ကြားလို့ လာတာကို” ကောင်မလေး တစ်ယောက်က မေးလိုက်ပါသည်။
"ကျွန်တော်က တစ်ရက်ကို စားသောက်ဆိုင် ၄ နာရီလောက်ပဲ ဖွင့်တာပါ။ မနက် ၁၀ နာရီကနေ နေ့လည် ၂နာရီအထိပဲ ဖွင့်ပါတယ်ခင်ဗျ။ ကျန်တဲ့အချိန်တွေမှာ ပိတ်ပါတယ်ခင်ဗျ။” လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပြီး သုံးဘီးဖြင့် လှည့်ထွက်သွားပါသည်။
လင်းဖန်သည် နေ့စဥ် ခေတ္တ အလုပ်လုပ်ပြီးနောက် ကျန်အချိန်များက သူ့ဘဝကို ပျော်ပျော်နေဖို့ ဖြစ်ပါသည်။
ကတ်စတမ်မာများစွာက နောင်တရစွာဖြင့် ပြန်သာ ပြန်နိုင်တော့သည်။ သူတို့ မနက်ဖြန်လည်း လာတန်းစီဦးမည်ဟု ပြောသွားကြပါသည်။
ညဘက်တွင် လင်းဖန်၏ စားသောက်ဆိုင်က ရေပန်းစားသော ရှာဖွေမှုတစ်ခု ဖြစ်လာခဲ့ပြန်ပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်၏ စားသောက်ဆိုင်မှ အစားအသောက်များက အလွန်အရသာရှိလွန်းနေသောကြောင့် ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပဲ ပေါက်သွားသည့် သတင်းတစ်ခုရှိလာသည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ သတင်းအကြောင်း ဖြစ်သည်။
ရေပန်းစားသော ရှာဖွေမှု၏ အမည်မှာ...
[လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အထက်တန်းကျောင်းတုန်းက ဘေးချင်းကပ်လျက်ထိုင်ခဲ့သူတွေတဲ့။]
ရေပန်းစားနေသည့် အကြောင်းအရာကို သူနှိပ်လိုက်သည်။ ပထမဆုံး ဓာတ်ပုံက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အထက်တန်းကျောင်းတုန်းက ဓာတ်ပုံဖြစ်ပါသည်။
နေဝင်နေပြီး စာအုပ်များများ၏ သင်းရနံ့ကလည်း လေထဲတွင် ပြန့်လွင့်နေခဲ့သည်။ စာသင်ခန်းထဲတွင် ရှားဝမ်ချွေ့က လင်းဖန်၏ ပခုံးပေါ်တွင် အနားယူနေကာ အလွန်လှပသည့် ပန်းချီကားတစ်ချပ်အသွင် ဖြစ်ပေါ်သွားစေပါသည်။
ရှားဝမ်ချွေ့က ဖန်သားပြင်ပေါ်တွင် ယောက်ျားလေး သရုပ်ဆောင်များနှင့် ဘယ်လို ချစ်ရေးချစ်ရာ ထိတွေ့မှုမျိုးမှ မပြုလုပ်ခဲ့ပါ။ သူတို့နဲ့ ဖက်လည်း မဖက် လက်တောင် မကိုင်ခဲ့ဖူးပါ။
ထို့အပြင် ဒီဓာတ်ပုံက ဝေ့ပေါ်တွင် လုံးဝ ပေါက်သွားခဲ့သည်။
ရှားဝမ်ချွေ့တစ်ယောက် ကောင်လေးတစ်ဦး၏ ပခုံးပေါ်တွင် မှီနေတာကို မရေမတွက်နိုင်သော ပရိတ်သတ်များစွာ ပထမဆုံး မြင်လိုက်ရခြင်းဖြစ်ပါသည်။
ကောင်မလေးက အထက်တန်းကျောင်းမှာကတည်းက အလွန်လှပခဲ့သည်။ ကောင်လေးကလည်း အထက်တန်းကျောင်းမှာကတည်းက ချောမောလွန်းခဲ့ပါသည်။
သူတို့နှစ်ယောက်က နေနဲ့လ ရွှေနဲ့မြ စုံတွဲတစ်တွဲလိုပင်...။
Zawgyi
သန္းႂကြယ္ေျခလွမ္း (လင္းဖန္)
အခန္း(၃၂) လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔ရဲ႕ ဆက္ဆံေရး
တစ္ခ်ိန္တည္းမွာပဲ လင္းဖန္၏ အထက္တန္း ေက်ာင္း အတန္းေဖာ္ Group ေျဗာင္းဆန္သြားခဲ့ပါသည္။
[ေကာင္းလိေ႐ွာင္း၊ "လခြမ္းပဲ ေယာက္ဖ ဖန္က အရမ္းေတာ္လြန္းတယ္။ သူက ထိပ္ဆုံး ႐ွာေဖြမႈ အမ်ာဆုံးအေၾကာင္းအရာျဖစ္ေနၿပီ။ ၿပီးေတာ့ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကိုေတာင္ သူ႕စားေသာက္ဆိုင္ ေခၚႏိုင္ေနၿပီ"]
[႐ႊယ္ေယာင္ထင္း၊ "ဘုရားေရ အစ္ကိုဖန္။ နင္ ႐ွားဝမ္ေခြၽ႕ကို အဆက္အသြယ္မလုပ္ေတာ့ဘူးလို႔ ထင္ထားတာ။ အခုေတာ့ ႐ွားဝမ္ေခြၽ႕တင္မကဘဲ စုေ႐ွာင္းယြီနဲ႔ပါ အဆက္အသြယ္႐ွိေနတာလား”]
[ေကာင္းလိေ႐ွာင္း၊ "၆၆၆၆၆၆ ဒါက နာမည္ေက်ာ္ႀကီးေတြရဲ႕ ေလာကပါလား။ ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔က ၾကယ္ပြင့္ႀကီးေတြကြ။ သူတို႔မွာ ပရိတ္သတ္ေတြ အမ်ားႀကီး ႐ွိတယ္။ ေယာက္ဖဖန္က သူတို႔အတြက္ ခ်က္ျပဳတ္ေပးၿပီး စကားေတာင္ အတူတူ ေျပာေနႏိုင္တယ္။ မနာလိုျဖစ္လိုက္တာကြာ"]
[ေကာင္မေလး တစ္ေယာက္၊ "ဝိုးဝိုးဝိုး ႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ရဲ႕ လက္မွတ္ရဖို႔ လင္းဖန္ ငါ့ကို ကူညီေပးႏိုင္မလား မသိဘူးေနာ္။ ငါသူတို႔ကို တကယ္ သေဘာက်တယ္"]
[ေက်ာင္းလီလီ၊ "လင္းဖန္ နင္ကအရမ္း ေတာ္တာပဲ။ နင္ဘာလို႔ ငါတို႔ကို စိမ္းေနတာလဲလို႔ ေတြးေနတာ။ နင့္ေဘးမွာ ႐ွားဝမ္ေခြၽ႕ တစ္ေယာက္လုံး႐ွိေနတာကိုး။ ႐ွားဝမ္ေခြၽ႕က နင့္ေကာင္မေလး ျဖစ္ေနၿပီလား။"]
လင္းဖန္၊ "....”
လင္းဖန္ကေတာ့ ေဝ့ေပၚေပၚမက ေရပန္းစားေနေသာ အေၾကာင္းအရာကို ၾကည့္ရင္း သက္ျပင္းခ်လိုက္ပါသည္။
သူ ဇာတ္နိမ့္သာ ေနခ်င္ခဲ့သည္။
ေဝ့ေပၚေပၚတြင္ သူေရပန္းစားလာရသည့္ အေၾကာင္းအရင္းက သူ႕ရဲ႕ ရဲစြမ္းသတၱိေၾကာင့္သာမကဘဲ သူ႕ရဲ႕ ႐ုပ္ရည္ေၾကာင့္လည္း ျဖစ္ပါသည္။
တစ္ခ်က္ေလာက္ ၾကည့္လိုက္႐ုံနဲ႔ ေကာင္မေလး ေတာ္ေတာ္မ်ားမ်ားက သူ႕ကိုခ်စ္မိသြားတတ္ၾကသည္။
ထိုအခ်ိန္တြင္ လင္းဖန္၏ ဝီခ်က္တြင္ သူငယ္ခ်င္းအသစ္ ေတာင္းဆိုမႈတစ္ခု ေပၚလာ၏။
သူမ၏ နာမည္ေျပာင္က အလြန္႐ိုး႐ွင္းပါသည္။ စုေ႐ွာင္းယြီ ျဖစ္သည္။
စုေ႐ွာင္းယြီ၏ ပရိတ္သတ္မ်ားသာ စုေ႐ွာင္းယြီက ေကာင္ေလးတစ္ေယာက္ကို အရင္ဆုံး စ Add ခဲ့ေၾကာင္း သိသြားၾကပါက မနာလိုျဖစ္ကာ ေသသြားႏိုင္ပါသည္။
စုေ႐ွာင္းယြီ၊ "အာဝူး လင္းဖန္ေရ။ နင္ခ်က္ျပဳတ္ေပးတာ အရမ္းအရသာ႐ွိတာပဲ။ ေက်းဇူးပါ။”
လင္းဖန္၊ "ကိစၥမ႐ွိပါဘူး”
စုေ႐ွာင္းယြီ၊ "အစ္မဝမ္ေခြၽ႕ကလည္း အရမ္း သေဘာေကာင္းတယ္။ သူ႕ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံေနာ္”
လင္းဖန္၊ "???”
စုေ႐ွာင္းယြီ၊ "Demon Face.jpg”
...
ဖုန္းခ်လိုက္ၿပီး ႐ွားဝမ္ေခြၽ႕ထံသို႔ မက္ေဆ့ခ်္ခ်္တစ္ေစာင္ ထပ္ပို႔လိုက္ပါသည္။
လင္းဖန္၊ "အားလုံး နင့္ေၾကာင့္ ျဖစ္ရတာ”
႐ွားဝမ္ေခြၽ႕၊ "~~~~"
လင္းဖန္၊ "ငါစိတ္ဆိုးတယ္ေနာ္”
[႐ွားဝမ္ေခြၽ႕၊ "ဘာကို စိတ္ဆိုးတာလဲ"]
လင္းဖန္၊ "ငါအခု နာမည္ႀကီးေနၿပီ။ ေနာက္ပိုင္း နင္ဘယ္လို စားေသာက္ဆိုင္ကို လာလို႔ရေတာ့မွာလဲ။ နင့္ေနာက္လိုက္လာတဲ့ ပရိတ္သတ္ေတြ အမ်ားႀကီး ႐ွိလိမ့္မယ္။ နင္ ငါးေပါင္း ဘယ္လိုလုပ္ စားလို႔ ရေတာ့မွာလဲ။"
[႐ွားဝမ္ေခြၽ႕၊ "ဒါပဲလား"]
လင္းဖန္၊ "႐ွိေသးတယ္။ တစ္ေယာက္ေယာက္သာ ငါနဲ႔ေတြ႕ၿပီး ေကာလဟာလေတြ ပ်ံ႕သြားရင္ နင့္ရဲ႕ ပရိတ္သတ္ သန္း ၈၀ သတ္တာကို ငါခံရလိမ့္မယ္။"
[႐ွားဝမ္ေခြၽ႕၊ "ေျမာင္~ ဒါေပမယ့္ ငါဂ႐ုမစိုက္ပါဘူး"]
[႐ွားဝမ္ေခြၽ႕၊ "ဒီေန႔အတြက္ ေက်းဇူးေနာ္"]
လင္းဖန္၊ "ဝက္မေလးကို ကာကြယ္ဖို႔က ငါ့တာဝန္ပါပဲ။”
[႐ွားဝမ္ေခြၽ႕၊ "ႏွာဗူးေကာင္"]
လင္းဖန္သည္ ဘယ္ေတာ့မွ ဇာတ္ျမင့္ျမင့္ မေနခ်င္ခဲ့ပါ။ နာမည္ႀကီးလာၿပီးေနာက္ လက္႐ွိ သူ႕ဘဝ အေျခအေနကို အေႏွာင့္အယွက္ ျဖစ္ေစ႐ုံ သာမကဘဲ ႐ွားဝမ္ေခြၽ႕ကိုပါ ထိခိုက္သြားႏိုင္ေစပါသည္။
ေကာလဟာလမ်ား ထြက္လာပါက ႐ွားဝမ္ေခြၽ႕၏ လုပ္ငန္း ထိခိုက္သြားႏိုင္သည္။
႐ွားဝမ္ေခြၽ႕က ဂ႐ုမစိုက္ေသာ္လည္း သူကေတာ့ ဂ႐ုစိုက္သည္။
အဓိက အခ်က္ကေတာ့ ေနာက္ပိုင္း ႐ွားဝမ္ေခြၽ႕ကို ေတြ႕ရဖို႔ မလြယ္ကူေတာ့ျခင္း ျဖစ္ပါသည္။
ေနာက္တစ္ေန႔ သူအိပ္ရာႏိုးလာေတာ့ ပုံမွန္အတိုင္း Sign-in ဝင္လိုက္ပါသည္။ ေငြသား ကံစမ္းမဲ ကတ္တစ္ကတ္ရခဲ့ၿပီး ေနာက္ထပ္ ယြမ္ ၁၀၀,၀၀၀ ရခဲ့ျပန္သည္။
လင္းဖန္သည္ သုံးဘီး စီးလာၿပီး စားေသာက္ဆိုင္ကို ပုံမွန္အတိုင္း ဖြင့္ခဲ့ပါသည္။
သို႔ေသာ္ လင္းဖန္ အံ့ၾသသြားရသည္မွာ...
သူ႕စားေသာက္ဆိုင္ အလြန္အမင္း နာမည္ ႀကီးေနၿပီျဖစ္ေသာေၾကာင့္ပင္
လင္းဖန္ ဆိုင္ဖြင့္ၿပီး သိပ္မၾကာလိုက္ဘဲ စားေသာက္ဆိုင္ထဲတြင္ လူေတြနဲ႔ ျပည့္ႏွက္သြားခဲ့ပါသည္။
ထို႔အျပင္ စားေသာက္ဆိုင္ အျပင္ဘက္မွာလည္း လူတန္း႐ွည္ႀကီးက ေစာင့္ဆိုင္းေနၾက၏။
ထိုလူမ်ားထဲက အမ်ားစုက ေကာင္မေလးမ်ားျဖစ္ၾကသည္။ သူတို႔အမ်ားစုက အသက္ ၁၆ ႏွစ္ ၁၇ ႏွစ္ အ႐ြယ္ ကေလးမ်ား ျဖစ္ၾကၿပီး ငယ္ငယ္႐ြယ္႐ြယ္ လွလွပပ မိန္းကေလးေတြ ျဖစ္ၾကသည္။
သူတို႔ ဒီကို လာခဲ့ရသည့္အဓိက အေၾကာင္းအရင္းက လင္းဖန္ အလြန္ေခ်ာေမာေနျခင္းေၾကာင့္ပင္။
"အားး... ေနာက္ဆုံးေတာ့ ႐ွင့္ကို ေတြ႕ခဲ့ၿပီေပါ့။ ဘာလို႔ ဒီေလာက္ ေခ်ာေနရတာလဲ ေကာင္ေလး"
"ေကာင္ေလး ကြၽန္မ ဒီမွာ စားရင္ လက္မွတ္ထိုးေပးမွာလားဟင္။”
"သူ႕ကို ဒီေန႔ လူကိုယ္တိုင္ ေတြ႕ခဲ့တယ္ေဟ့။ အင္တာနက္ေပၚက ပုံေတြထက္ေတာင္ ပိုၾကည့္ေကာင္းေသးတယ္။ သူ႕စားေသာက္ဆိုင္က အစားအေသာက္ေတြကေကာ ဘယ္လို အရသာ႐ွိမလဲမသိဘူး။”
ထိုေကာင္မေလးမ်ားကို ၾကည့္ရင္း လင္းဖန္ အလြန္ယဥ္ေက်းစြာ ဆက္ဆံခဲ့ပါသည္။
အနည္းဆုံးေတာ့ ထိုေကာင္မေလးမ်ား၏ ေျခတံသြယ္သြယ္မ်ားကို မၾကည့္ပါ။ သူက တစ္ကိုယ္တည္းသမားျဖစ္ေသာ္လည္း ႏွာဘူးမထတတ္ပါ။
သူတို႔မွာ ေျခတံသြယ္သြယ္ေလးမ်ား ႐ွိေနရင္ေတာင္ ႐ွားဝမ္ေခြၽ႕ေလာက္ မလွၾကပါ။
လင္းဖန္ ခ်က္ျပဳတ္ၿပီးစီးေသာအခါ စားေသာက္ဆိုင္ေလးထဲတြင္ အံ့အားသင့္ စကားသံမ်ား ဆက္တိုက္ ထြက္ေပၚလာခဲ့ပါသည္။
ေကာင္မေလးမ်ားစြာက လင္းဖန္ကို အံ့အားသင့္စြာ ၾကည့္လိုက္ၾကပါသည္။
"ဝိုး အရည္အေသြးေကာင္းရင္ ေၾကာ္ျငာစရာေတာင္ မလိုဘူးဆိုတာ တကယ္မွန္တာပဲ။။ ဒီေန႔ ရတနာေျမေလးတစ္ခုကို ႐ွာေတြ႕ခဲ့ၿပီ။ ေကာင္ေလး ႐ွင္ခ်က္တဲ့ အစားအေသာက္ေတြက ဘာလို႔ ဒီေလာက္ထိ အရသာ႐ွိိရတာလဲ~~”
"ေနာက္ဆုံးေတာ့ ေခြၽ႕ေခြၽ႕နဲ႔ ေ႐ွာင္းယြီတို႔ ဒီမွာ ဘာျဖစ္လို႔ လာစားၾကသလဲ ငါသိခဲ့ရၿပီေလ။ ဒီမွာ အရသာ႐ွိတဲ့ ဟင္းလ်ာေတြ ခ်က္ျပဳတ္တဲ့ ႐ုပ္ေျဖာင့္ေျဖာင့္ ေဘာ့စ္တစ္ေယာက္ ႐ွိေနတာကိုး။”
"ေကာင္ေလး ႐ွင္ခ်က္တဲ့ အစားအေသာက္ေတြက အရမ္း ေကာင္းတာပဲ။ တျခား စားေသာက္ဆိုင္ေတြမွာ စားရတာထက္ေတာင္ ပိုေကာင္းေသးတယ္။ ၿပီးေတာ့လည္း ဒီက ေစ်းေတြက တန္တယ္။ သေဘာက်တယ္႐ွင္။”
"ေကာင္ေလး ႐ွင့္ စားေသာက္ဆိုင္က စားပြဲထိုး လိုေသးလား။ ကြၽန္မ စားပြဲထိုး လုပ္ေပးႏိုင္ပါတယ္႐ွင္။”
ေကာင္မေလးမ်ားစြာက စားေသာက္ၿပီးေနာက္ ထပ္စားခ်င္ေနၾကဆဲျဖစ္သည္။
လင္းဖန္၏ မာစတာ အဆင့္ အခ်က္အျပဳတ္စေကးအား ဒီေနရာတြင္ ၿပီးျပည့္စုံစြာ ျပသႏိုင္ခဲ့ပါသည္။
မနက္ပိုင္း ၂ နာရီအတြင္းမွာပဲ သူ ယြမ္ ၁,၀၀၀ ရခဲ့ၿပီျဖစ္ပါသည္။
တစ္ရက္ကို စားေသာက္ဆိုင္ ၈ နာရီေလာက္ ဖြင့္ပါက အနည္းဆုံး တစ္ရက္ကို ယြမ္ ၄,၀၀၀ ေလာက္ ရႏိုင္သည္။ ထိုအခါ စားေသာက္ဆိုင္ ဖြင့္႐ုံနဲ႔ တစ္လကို ယြမ္ ၁၂၀,၀၀၀ ေလာက္ရႏိုင္ပါသည္။
သို႔ေသာ္လည္း လင္းဖန္က ငပ်င္းတစ္ေယာက္ျဖစ္၏။ သူ႕မိဘမ်ား ေပးအပ္ထားသည့္အရာမ်ားကို ဆက္လက္ထိန္းသိမ္းဖို႔သာ စားေသာက္ဆိုင္ကို ဖြင့္ထားျခင္းျဖစ္ပါသည္။
ထိ့အျပင္ ေလာေလာဆယ္ သူ ေငြလည္း မလိုအပ္ေသးပါ။ စားေသာက္ဆိုင္ဖြင့္ဖို႔အတြက္ ႀကိဳးစားပမ္းစား လုပ္ကိုင္ေနစရာ မလိုေပ။
"ဘာစားပြဲထိုးမွ ငွားဖို႔ မလိုပါဘူးဗ်ာ။ ကြၽန္ေတာ္တစ္ေယာက္တည္း ႏိုင္ပါတယ္။" လင္းဖန္က ျပဳံးကာ ေျပာလိုက္ပါသည္။
"အမ္ ေကာင္ေလး ကြၽန္မ ႐ွင့္ကို ဝီခ်က္မွာ အပ္လို႔ရမလားဟင္။ ကြၽန္မ ႐ွင့္ကို... သေဘာက်လို႔ပါ” ေကာင္မေလးတစ္ေယာက္က ႐ွက္ေသြးျဖာလ်က္ ေျပာလိုက္ပါသည္။
ဘာာပဲျဖစ္ျဖစ္ သူမက အသက္ ၁၆ ႏွစ္ ၁၇ ႏွစ္အ႐ြယ္သာ ႐ွိေသးသည့္ ေကာင္မေလး တစ္ေယာက္သာျဖစ္သည္။ လင္းဖန္ ဘယ္ေလာက္ေခ်ာၿပီး အခ်က္အျပဳတ္ ဘယ္ေလာက္ ေတာ္မွန္း ျမင္ၿပီးေသာအခါ သူမ အနည္းငယ္ စြဲလမ္းသြားခဲ့ပါသည္။ သို႔ေသာ္ မိန္းကေလးအမ်ားစုက သူ႕ကို သေဘာက်ေနၾကၿပီး တခ်ိဳ႕က ဖြင့္ေျပာဖို႔အထိ ရဲတင္းၾကသည္။
သူမ ထိုသို႔ ေျပာၿပီးသြားေသာအခါ စားေသာက္ဆိုင္ထဲ အံ့အားသင့္အသံမ်ား၊ ေအာ္သံမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့ပါသည္။
တစ္ေယာက္ေယာက္က လင္းဖန္ကို ဖြင့္ေျပာလိုက္ၿပီ။
"WeChat မွာ အပ္ဖို႔ မလိုပါဘူးဗ်ာ။ ဒီက အစားအေသာက္ေတြစားရတာ ႀကိဳက္ရင္ အဆင္ေျပပါၿပီ။ ကြၽန္ေတာ္ စားေသာက္ဆိုင္ ဖြင့္ရတာလည္း ဒီအေၾကာင္းအရင္းေၾကာင့္ပဲေလ။ ကြၽန္ေတာ့္ကို သေဘာက်တဲ့ လူေတြက အမ်ာႀကီး႐ွိတယ္။ ကြၽန္ေတာ္လည္း ဒီမွာ လာစားတဲ့ လူတိုင္းကို သေဘာက်ပါတယ္ဗ်ာ” လင္းဖန္က ျပန္ေျပာလိုက္ပါသည္။
ဒီလိုလုပ္လိုက္ျခင္းအားျဖင့္ တဖက္လူကို ျငင္းလိုက္တာဟု သတ္မွတ္ႏိုင္ပါသည္။
လင္းဖန္က သူ႕ကို ဖြင့္ေျပာသည့္ မည္သည့္ ေကာင္မေလးကိုမဆို လက္ခံမည္ မဟုတ္ပါ။
သူလိုခ်င္တာက သက္ေတာင့္သက္သာ႐ွိၿပီဂ ေပ်ာ္ဖို႔ေကာင္းေသာာ ဘဝမ်ိဳးျဖစ္သည္။ မိန္းကေလး တစ္ေယာက္ဖြင့္ေျပာတာကို ခံရတာမ်ိဳးကေတာ့ သူ အႀကိမ္ႀကိမ္ ၾကဳံခဲ့ဖူးပါၿပီ။
ေကာင္မေလးက ေခါင္းကို ေပ်ာ္႐ႊင္စြာ ၿငိမ့္လိုက္ပါသည္။ သူမ အျငင္းခံလိုက္ရေသာ္လည္း လင္းဖန္ကို စကားေျပာလိုက္ရသည့္အတြက္ ေပ်ာ္႐ႊင္ေနဆဲျဖစ္ပါသည္။
"ေကာင္ေလး ကြၽန္မကို လက္မွတ္ထိုးေပးပါလာားဟင္" ေကာင္မေလးက ဆက္ေျပာသည္။
လင္းဖန္က သူမကို ထပ္မျငင္းေတာ့ပါ။ သူမကို လက္မွတ္ထိုးေပးၿပီးေနာက္ အလုပ္ျပန္လုပ္ေတာ့သည္။
လက္မွတ္ရသြားသည့္ ေကာင္မေလးကေတာ့ ရတနာတခ်ိဳ႕ ရလိုက္သလိုပင္။ လင္းဖန္ လက္မွတ္ထိုးေပးထားသည့္ ကတ္ေလးကို လက္ႏွစ္ဖက္စလုံးျဖင့္ ကိုင္တယ္ရင္ ရင္ဘတ္ေပၚတြင္ ထိထားလိုက္သည္။ သူမ အနည္းငယ္ ေပ်ာ္႐ႊင္သလို ခံစားေနရပါသည္။
သူမမွာ ညိႇဳ႕အားျပင္းတဲ့ မင္းသားေလးရဲ႕ လက္မွတ္ ႐ွိေနၿပီ။
ေနာက္ထပ္ ၂ နာရီေလာက္ ၾကာေသာအခါ လင္းဖန္၏ ဒီေန႔ ေရာင္းအားက ယြမ္ ၂,၀၀၀ အထိေရာက္႐ွိလာၿပီျဖစ္ပါသည္။
ယြမ္ ၂,၀၀၀ ရဖို႔ ၄ နာရီသာ ၾကာျမင့္ခဲ့၏။
အျပင္ဘက္ေတြ ေစာင့္ေနသည့္ လူမ်ားစြာ ႐ွိေသာ္လည္း လင္းဖန္က တံခါးကို ပိတ္လိုက္ၿပီ ျဖစ္ပါသည္။
"ေဟး ေဘာ့စ္ ။ ဘာလို႔ ဆိုင္ကို ပိတ္ေနတာလဲ႐ွင့္။ ဒီက အစားအေသာက္ေတြက အရမ္းအရသာ႐ွိတယ္လို႔ၾကားလို႔ လာတာကို” ေကာင္မေလး တစ္ေယာက္က ေမးလိုက္ပါသည္။
"ကြၽန္ေတာ္က တစ္ရက္ကို စားေသာက္ဆိုင္ ၄ နာရီေလာက္ပဲ ဖြင့္တာပါ။ မနက္ ၁၀ နာရီကေန ေန႔လည္ ၂နာရီအထိပဲ ဖြင့္ပါတယ္ခင္ဗ်။ က်န္တဲ့အခ်ိန္ေတြမွာ ပိတ္ပါတယ္ခင္ဗ်။” လင္းဖန္က ျပဳံးကာ ျပန္ေျပာလိုက္ၿပီး သုံးဘီးျဖင့္ လွည့္ထြက္သြားပါသည္။
လင္းဖန္သည္ ေန႔စဥ္ ေခတၱ အလုပ္လုပ္ၿပီးေနာက္ က်န္အခ်ိန္မ်ားက သူ႕ဘဝကို ေပ်ာ္ေပ်ာ္ေနဖို႔ ျဖစ္ပါသည္။
ကတ္စတမ္မာမ်ားစြာက ေနာင္တရစြာျဖင့္ ျပန္သာ ျပန္ႏိုင္ေတာ့သည္။ သူတို႔ မနက္ျဖန္လည္း လာတန္းစီဦးမည္ဟု ေျပာသြားၾကပါသည္။
ညဘက္တြင္ လင္းဖန္၏ စားေသာက္ဆိုင္က ေရပန္းစားေသာ ႐ွာေဖြမႈတစ္ခု ျဖစ္လာခဲ့ျပန္ပါသည္။
အဘယ့္ေၾကာင့္ဆိုေသာ္ လင္းဖန္၏ စားေသာက္ဆိုင္မွ အစားအေသာက္မ်ားက အလြန္အရသာ႐ွိလြန္းေနေသာေၾကာင့္ ျဖစ္ပါသည္။
တစ္ခ်ိန္တည္းမွာပဲ ေပါက္သြားသည့္ သတင္းတစ္ခု႐ွိလာသည္။
လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔၏ သတင္းအေၾကာင္း ျဖစ္သည္။
ေရပန္းစားေသာ ႐ွာေဖြမႈ၏ အမည္မွာ...
[လင္းဖန္နဲ႔ ႐ွားဝမ္ေခြၽ႕တို႔က အထက္တန္းေက်ာင္းတုန္းက ေဘးခ်င္းကပ္လ်က္ထိုင္ခဲ့သူေတြတဲ့။]
ေရပန္းစားေနသည့္ အေၾကာင္းအရာကို သူႏွိပ္လိုက္သည္။ ပထမဆုံး ဓာတ္ပုံက လင္းဖန္ႏွင့္ ႐ွားဝမ္ေခြၽ႕တို႔ အထက္တန္းေက်ာင္းတုန္းက ဓာတ္ပုံျဖစ္ပါသည္။
ေနဝင္ေနၿပီး စာအုပ္မ်ားမ်ား၏ သင္းရနံ႔ကလည္း ေလထဲတြင္ ျပန္႔လြင့္ေနခဲ့သည္။ စာသင္ခန္းထဲတြင္ ႐ွားဝမ္ေခြၽ႕က လင္းဖန္၏ ပခုံးေပၚတြင္ အနားယူေနကာ အလြန္လွပသည့္ ပန္းခ်ီကားတစ္ခ်ပ္အသြင္ ျဖစ္ေပၚသြားေစပါသည္။
႐ွားဝမ္ေခြၽ႕က ဖန္သားျပင္ေပၚတြင္ ေယာက်္ားေလး သ႐ုပ္ေဆာင္မ်ားႏွင့္ ဘယ္လို ခ်စ္ေရးခ်စ္ရာ ထိေတြ႕မႈမ်ိဳးမွ မျပဳလုပ္ခဲ့ပါ။ သူတို႔နဲ႔ ဖက္လည္း မဖက္ လက္ေတာင္ မကိုင္ခဲ့ဖူးပါ။
ထို႔အျပင္ ဒီဓာတ္ပုံက ေဝ့ေပၚတြင္ လုံးဝ ေပါက္သြားခဲ့သည္။
႐ွားဝမ္ေခြၽ႕တစ္ေယာက္ ေကာင္ေလးတစ္ဦး၏ ပခုံးေပၚတြင္ မွီေနတာကို မေရမတြက္ႏိုင္ေသာ ပရိတ္သတ္မ်ားစြာ ပထမဆုံး ျမင္လိုက္ရျခင္းျဖစ္ပါသည္။
ေကာင္မေလးက အထက္တန္းေက်ာင္းမွာကတည္းက အလြန္လွပခဲ့သည္။ ေကာင္ေလးကလည္း အထက္တန္းေက်ာင္းမွာကတည္းက ေခ်ာေမာလြန္းခဲ့ပါသည္။
သူတို႔ႏွစ္ေယာက္က ေနနဲ႔လ ေ႐ႊနဲ႔ျမ စုံတြဲတစ္တြဲလိုပင္...။