Promise

By Leowang2004

28.8K 2K 705

ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌... More

Promise 1
Promise 2
Promise 3
Promise 4
Promise 5
Promise 6
Promise 8
Promise 9
Promise 10
promise 11
Promise 12
ရင်ဖွင့်စာ
Promise 13
Promise 14
Promise 15
promise 16
promise 17
Promise 18
Promise 19
Promise 20
Promise 21
ဝမ်းနည်းမိ
Promise 22
Promise 23
Promise 24
Promise 25
နှုတ်ဆက်လက်ဆောင်‌လေး

Promise- 7

819 82 16
By Leowang2004

"ရိပေါ် "

"အင်း ကျုးကျုး"

"စာမေးပွဲတွေဖြေနေပြီ "

"ဘာလဲ နင်ကနောက်ရက်ဖြေမယ့်စာမ‌ရလို့လား"

"စာမေးပွဲနောက်ကဆုံးရက်ကျရင် နင်ရှောင်ကျန့်ကိုပေးမယ်ပြောထားတဲ့ကိစ္စ "

"အာ စာမေးပွဲ‌ပြီးရင် သူနဲ့တွေ့ရတော့မှာမဟုတ်ဘူးလေ ကျောင်းလဲပိတ်ပြီဟာ ဒီရက်ထဲငါသူ့ကိုရှောင်လို့ရတယ် "

"အင်း နင်တကယ်ပဲ သူ့ကိုနည်းနည်းလေးတောင်စိတ်မဝင်စားဘူးလား "

"ငါအဲ့တာတွေမစဉ်းစားချင်သေးဘူး ကျူးကျူး "

"အင်းပါ ဟိုမှာ လီဖန်းလာပြီ "

"အင်း မနက်ဖြန်မှတွေ့မယ်နော် "

"အိုကေအိုကေ "

နောက်ဆုံးစာမေးပွဲမို့ စာမေးပွဲပြီးတာနဲ့ ကျောင်းလဲပိတ်ပြီရိပေါ်အနေနဲ့ ရှောင်ကျန့်ကိုလဲတွေ့စရာမလိုတော့ဘူး ဒါကြောင့် အခုနှစ်ရက်ကျန်တဲ့ အချိန်မှာ သေချာပေါက် ရှောင်‌ရမယ်လို့ရိပေါ်က စဉ်းစားထားပြီးသားပင်

"သားငယ် "

"ဗျာ ပါးပါး "

"စာမေးပွဲဖြေနိုင်ရဲ့လား "

"ဟုတ်ဖြေနိုင်ပါတယ် "

"ကလင် ကလင် ကလင် ☎️☎️☎️"

"နေနေပါးပါးသွားကိုင်လိုက်မယ် "

ညစာထမင်းစားနေတုန်း ဖုန်းဝင်လာတာကြောင့် ထမလို့လုပ်တဲ့ရိပေါ်ကို ပါးပါးကဆက်စားနေပြီးသူသွားကိုင်သည် ကိုကြီးကတော့အိမ်မှာမရှိညဂိုင်းဆင်းရမှာမို့အလုပ်မှာပဲညအိပ်မည်တဲ့

"ဟလို "

"ဒါက ရိပေါ်အိမ်ကဖုန်းလားမသိဘူးခင်မျ"

"ဟုတ်ပါတယ် "

"ကျနော်က သူ့သူငယ်ချင်းပါ သူနဲ့စကားပြောလို့ရမလား"

"ခဏကိုင်ထားပါ ကောင်လေး  ....သားငယ် ဖုန်းလာတယ် "

"ဟုတ်ကဲ့ပါးပါး "

ဖုန်းလာကိုင်တဲ့ရိပေါ်ကိုပါးပါးက မျက်မှောင်ကျုံ့ကြည့်ကာ ဖုန်းကိုထိုးပေးသည်

"ဟလို "

"ရိပေါ် "

"‌ဟင် "

"အံ့ဩသွားတာလား ဘာလို့ကိုယ့်ကိုရှောင်နေတာလဲ  စာမေးပွဲကမနက်ဖြန်နောက်ဆုံးနေ့ ကိုယ့်ကိုအဖြေပေးဖို့မမေ့နဲ့ "

"ငါဖုန်းချလိုက်တော့မယ် "

"နေပါဦး "

"ငါမအားဘူးစာလုပ်ရဦးမှာ "

"ကိုယ်မျှော်လင့်ထားတဲ့အဖြေမျိုးဖြစ်ပါစေ ရိပေါ်"

ခုန်နေတဲ့ရင်ဖက်ကိုဖိကာ ဖုန်းကိုချလို့ ထမင်းဝိုင်းဆီပြန်သွားလိုက်တယ်

"ဘယ်သူလဲသား "

"ကျောင်းကသူငယ်ချင်းပါ ပါးပါး "

"ရှုပ်ရှုပ်ယှက်ယှက်တွေမကြားချင်ဘူးနော်သား "

"ဟုတ်ကဲ့ "

ပါးပါးဆီကသတိပေးခံလိုက်ရတဲ့ရိပေါ်ကနောက်တစ်နေ့ရဲ့မနက်ခင်းမှာစာမေးပွဲမဖြေခင်ရှောင်ကျန့်ကိုအသဲသန်ရှာပါတော့တယ်

"လီယွန်း "

"အင်း ရိပေါ် "

"ရှောင်ကျန့်ရော "

"ဟိုး သစ်ပင်အောက်မှာ "

"ကျေးဇူးပဲ "

လီယွန်းကိုမေးကြည့်တော့ ကျောင်းရဲ့ ဝရံတာရှေ့တည့်တည့်က သစ်ပင်ရိပ်ကြီးအောက်မှာ ထိုင်နေသည် တွန့်ဆုတ်မနေဘဲ ထိုလူသားရှိရာသို့.....

"ရှောင်ကျန့် "

"ဪ ပုလုံး "

"မင်းဘာလို့ညက ဖုန်းဆက်ရတာလဲ နောက်တစ်ခါအဲ့လိုမလုပ်နဲ့ ငါမကြိုက်ဘူး "

"ဘာလို့လဲ "

"ဒီတိုင်းမကြိုက်ဘူး အဲ့တော့ နောက်မလုပ်နဲ့ "

"မလုပ်နဲ့ဆိုမလုပ်ပါဘူး  စာမေးပွဲပြီးရင် ပေးဖို့မမေ့နဲ့ "

မဲ့ရှုံ့ပြီးထွက်သွားသောကောင်လေးကို ရှောင်ကျန့်အသဲယားမိတာတော့အမှန်  တကယ်လဲ အဲ့ညက ဖုန်းမဆက်ချင်ခဲ့ပါဘူး ဘေးကနေ လီယွန်းတို့တိုက်တွန်းမှုနဲ့ဆက်ခဲ့မိတာ လာကိုင်တော့ သူ့အဖေထင်ပါတယ် နောက်တော့ကြားရတာကအသံဩောဩောလေး နားထောင်လို့ကောင်းတယ် အတော်လေးပေါ့

အခုဆို စာမေးပွဲလဲ ဖြေပြိးခဲ့ပြီ ရိပေါ်က စာအုပ်တွေယူကာ အမြန်ပြန်ဖို့လုပ်နေတဲ့အချိန်လီဖန်းကရောက်လာသည် ရိပေါ်အနေနဲ့မြန်မြန်လုပ်မှဖြစ်မည် ရှောင်ကျန့်တို့မထွက်ခင်သူက အရင်ထွက်ပြီး အိမ်အမြန်ပြန်ရမယ် ဒါမှသူမပေးချင်တဲ့အရာကိုမပေးရမှာမလား

"ရိပေါ် ဘယ်လိုလုပ်မှာလဲ "

"ငါပြန်တော့မယ်လေ "

"နှုတ်ဆက်ပွဲလုပ်တာမပါတော့ဘူးလား "

"ဟင့်အင်း ရှောင်ကျန့်ကိုကြောက်လို့ ပြန်ပြီ "

"ဪ အေးပါကွာ ဂရုစိုက်ဦး "

"ကိုကြီးလာကြိုမှာသွားပြီ "

အမြန်ပဲ ကျောင်းဝန်းထဲကထွက်လာခဲ့တယ် ပြီးတာနဲ့ ကိုကြီးရဲ့ကားထဲအမြန်ဝင်ကာ ပြန်လာခဲ့တော့သည် အဲ့နေ့ကစပြီးရိပေါ်ဟာရှောင်ကျန့်လက်က‌လွတ်မြောက်သွားတယ်ပေါ့ ကျောင်းပြီးတော့ ပါးပါးက ဖုန်းအသစ်တစ်လုံးလက်ဆောင်ပေးတယ် ရိပေါ်က ဖုန်းထဲမှာ social သိပ်မသုံး သုံးတော့လဲ သူငယ်ချင်း ငါးယောက်လောက်အပြင်ပိုမရှိ ကျူးကျူးနဲ့လီဖန်းတော့ရှိသည် ရိပေါ်က  အပြင်လဲသိပ်မထွက်တော့ အပေါင်းအသင်းနည်းကာ ပတ်ဝန်းကျင်လေ့လာမှုအားနည်းတယ်ပေါ့ ကျောင်းပိတ်ရက်တွေတစ်လျှောက်အိမ်ထဲအောင်းကာစာဖတ် သီချင်းနားထောင်ရင်း သင်တန်းတက်ရင်း သာအချိန်တွေကုန်ဆုံးစေသည်

ရှောင်ကျန့် ကျောင်းခန်းထဲကထွက်လာတောပုလုံးကရှိမနေတော့ ကျူးကျုးကိုမေးတော့အစောကြီးပြန်သွားတယ်တဲ့ ဟက် အဲ့လောက်တောင်ကြောက်တာလား ဒါမှမဟုတ် သူ့ကိုစိတ်မဝင်စားတာလား မပြောတတ် ‌စိတ်ထဲတော့ ကျန်ခဲ့ရတဲ့အဖြစ်ရှောင်ကျန့်အနေနဲ့ စိတ်ခုတာတော့အမှန် ရိပေါ်အကြောင်းလဲသိပ်မသိတော့စုံစမ်းရတာခက်ခဲလွန်းတယ် ကျုးကျူးပေးထားတဲ့ သူ့ဖုန်းကိုခေါ်ကြည့်ပေမယ့်စက်ပိတ်ထားတယ်နဲ့ချည်းကြုံတယ် တစ်နေ့ပေါ့တစ်နေ့တော့ကံအကုန်ခင်ပြန်တွေ့ကြဦးမှာ ကျိန်းသေ ရိပေါ်ကိုသူပိုင်ရမယ်.....

နှစ်လဆိုတဲ့အချိန်တစ်ခုမှာရိပေါ်ဟာရှောင်ကျန့်ကိုမေ့လုလုနီးပါးဖြစ်သွားခဲ့တယ် ဒါဟာလဲ ပျော်ပျော်နေတတ်တဲ့ရိပေါ်က ဘာကိုမှအစွဲလန်းမထားတာဖြစ်နိုင်တယ် အခုဆိုအထက်တန်းကျောင်းပြီးတာနှစ်လပင်ရှိရော့မည် ရိပေါ်လဲ အလုပ်လေးတစ်ခုရနေပြီ ဒါကတော့ ရာထူးတိုးသွားတဲ့ကိုကြီးဆီ တစ်ပတ်တစ်ခါထမင်းဗူးလေးသွားပို့ရတာပင် အိမ်ကထမင်းပဲစားစေချင်တဲ့မားမားက ကိုကြီးကိုတစ်ပတ်စာ စားသောက်ဖို့ဟင်းတွေသွားပို့ခိုင်းတာကြောင့်ရိပေါ်ကအလုပ်ရနေသည် မုန့်ဖိုးလဲရတာတော့ခိုင်တာပေါ့ ကိုကြီးကရာထူးတိုးပြီးထဲကအလုပ်နဲ့နီးတဲ့ တိုက်ခန်းမှာငှားနေသည် ဒါကလဲပါးပါးရဲ့အစီစဉ်ပင်ဖြစ်လေသည်

"ရိပေါ် "

"လီဖန်း "

"ငါရွာမှာရှိတဲ့အဖွားအိမ်သွားမလို့ မင်းလိုက်မလား"

"နေပါစေကွာ မလိုက်ချင်ဘူး"

"အေးပါ ငပျင်းကောင် အိမ်မှာချည်းပဲ "

"အပြင်ထွက်ပါတယ်ကွ တစ်ပတ်တစ်ခါ "

"ဩောချရတယ်နော် ငါပြန်လာမှမုန့်ဝယ်ခဲ့မယ် မနက်ဖြန်သွားမှာမင်းကိုလာနှုတ်ဆက်တာ "

"အင်းပါ မုန့်တော့ဆက်ဆက်ဝယ်ခဲ့ "

"ဟုတ်ပါပြီ အစားပုတ်ရယ် "

လီဖန်းနဲ့စကားတွေပြောရက်းအိမ်ထဲပြန်ဝင်လာတော့ ညနေခြောက်နာရီပင်ထိုးလုနီးပြီ ခဏနားကာရေ‌ချိုးပြီး ထမင်းပါစားလိုက်သည် ပြီးတာနဲ့ပါးနဲ့မားကိုနှုတ်ဆက်ကာ အခန်းထဲဝင်ကာ ဖုန်းသုံးနေလိုက်သည် လိုင်းသုံးနေရင်းဝင်လာတဲ့မက်ဆေ့လေးကြောင့်ရိပေါ် စိတ်ဝင်တစား စာပြန်လိုက်သည်

💌 Hi

"Hi "

💌ကျနော့်ကိုသိလား

"မသိဘူး "

💌ခင်လို့ရမလား

"ခင်များကိုမှမသိတာ "

💌တကယ်မသိဘူးလား

"အင်း ပုံလဲမတင်ထားဘဲနဲ့ "

💌ဒါဆို အခုတင်လိုက်မယ်

ဘယ်လိုလူမှန်းမသိ ရိပေါ်ကို အရူးလိုစကားလာပြောနေတာ ရိပေါ်ကခင်တတ်ပေမယ့်မသိတဲ့သူဆိုမရောချင် မျက်နှာကို social media မှာ ပြမယ်ဆိုပြီး ခဏအကြာချက်ချင်း တင်လိုက်တဲ့ပုံကြောင့်ရိပေါ် အံ့ဩသွားခဲ့ရတယ် caption ကိုကြည့်ပြီးရိပေါ်ကငိုရမလိုရယ်ရမလိုပါပဲ

@wangyibo မမှတ်မိသော  ပုလုံးအတွက်🦊

ရိပေါ်မေ့ထားတဲ့သူကအခုသူ့ရှေ့တည့်တည့်ရောက်လာပြန်ပြီ ဘယ်လိုလုပ်ရတော့မလဲ အတွေးတွေမဆုံးလိုက် ခဏအကြာမှာ ဝင်လာတဲ့စာတွေကြောင့် ရိပေါ်ငိုချင်သွားသည်

💌သိပြီလား

💌ကိုယ့်ကိုပေးရမယ့်အကြွေးရှိတယ်နော် မေ့နေမှာဆိုးလို့ ပြီးတော့ ပြောရဦးမယ် မင်းအကောင့်ထဲက မင်းဘာတင်တင် အသဲပေးပြီကော့မန့်ရေးတဲ့တစ်ယောက် မင်းနဲ့ဘာတွေလဲ သူနာမည်က မင်ယန်း ဆိုလား

"ရှောင်ကျန့် အာ့တာငါ့သူငယ်ချင်း "

💌ဟုတ်လို့လား

"ဟုတ်တယ် "

💌အဖြေပေးလေ ဘာလို့ကျောင်းမှာတုန်းကထွက်ပြေးသွားတာ

"ငါ ငါကြောက်လို့ပါ ရှောင်ကျန့်ငါရည်းစားမထားချင်သေးဘူး "

💌ဘာလို့ကြောက်တာလဲ ငါကကြောက်ဖို့ကောင်းလို့လား

"ဟင့်အင်း"

"ဒါဆိုလဲအဖြေပေး "

"မချစ်ဘူး "

💌ငါအော်လိုက်ရမလားအခုမင်းအိမ်ရှေ့မှာ

"ဟင် "

💌အခုချိန်မင်းအိမ်ရှေ့မှာ ရှောင်ကျန့်ဟာရိပေါ်ကိုချစ်ကြောင်းဖွင့်ဟလိုက်မယ်လေ

"မလုပ်ပါနဲ့ "

💌အဖြေပေး 

"ရှောင်ကျန့် "

💌မပေးရင် သတင်းတွေလျှောက်ဖွပြီး အသံပြဲနဲ့မင်းနဲ့ငါရည်းစားဆိုတာပြောလိုက်ရင်.....

"ဟင့်အင်း မလုပ်နဲ့ "

💌အိမ်ရှေ့ကိုကြည့်လိုက်

ရှောင်ကျန့်ရဲ့အိမ်ရှေ့ကိုကြည့်လိုက်ဆိုတဲ့စာကြောင့် အိမ်ရှေ့ကိုအမြန်ပဲ အပေါ်ဝရံတာကနေကြည့်မိသည် တကယ်ပဲ ရောက်ချလာတဲ့ ထိုလူသားကြောင့်ရိပေါ်အကြီးအကျယ်စိတ်ညစ်သွားသည် ထိုသူကပြောရင်ပြောသည့်အတိုင်းလုပ်မည့်ပုံပင် အိမ်ကပါးပါးနဲ့မားမားသာသိရင် မဖြစ်ဘူး

"ရှောင်ကျန့်အိမ်ပြန်ပါတော့ "

💌မပြန်နိုင်ဘူး ကိုယ်တောင်းတာပေးမှပြန်မှာ

"ဟင် "

💌လုပ်လေ ပေးမှာလား မပေးဘူးလား

အကြမ်းနည်းနဲ့ရည်းစားစကားပြောကာအဖြေတောင်းနေတဲ့ ရှောင်ကျန့်နဲ့ နုံအအရိပေါ်တို့ကလုံးဝမအပ်စက် ကြောက်နေတဲ့ကောင်လေးကအိမ်အပြင်ကနေဆိုင်ကယ်လီဘာကိုတဗြင်းဗြင်းဆွဲကာ အဖြေအတင်းတောင်းနေတဲ့ကောင်လးကိုကြောက်ကြောက်နဲ့ပဲပေးခဲ့ရတယ် ဒီနေ့ကစပြီးသူတို့ချစ်သူသက်တမ်းတစ်ရက်မြောက်ပေါ့

"ချစ်တယ် ပြန်ပါတော့ "

💌ဟက် ကိုယ်ပြန်မှာပါ ကိုယ်လဲချစ်တယ် ဒီနေ့ကချစ်သူသက်တမ်းတစ်ရက်မြောက်ပေါ့ကိုယ်စာပို့ရင်ချက်ချင်းဖြေ ဖုန်းဆက်ရင်လဲကိုင် ဟုတ်ပြီလား

"ဟုတ် "

ရိပေါ်ဟာပထမဆုံးအကြိမ် မိဘမသိအောင်ရည်းစားခိုးထားခဲ့ရပြီ ချစ်လားဆိုတော့ရိပေါ်မသိဘူး အချစ်ကိုရိပေါ်မသိသေးဘူးကြောက်ကြောက်လန့်လန့်နဲ့ရိပေါ်ဟာ အဖြေ‌ပေးခဲ့ရပြီးချစ်သူရသွားခဲ့တာ အဲ့နေ့ကစပြီး ရိပေါ်တြိ့ကလိုင်းပေါ်ကနေဆက်သွယ်ဖြစ်သွားခဲ့ကြတယ်

"ငယ်လေး "

"ဗျာ ကိုကြီး "

"အားတဲ့အချိန်တွေအိမ်ထဲပဲအောင်းမနေပါနဲ့လား "

"ဘာလို့လဲ ကိုကြီး "

" ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေမှုရှိအောင်ပေါ့  ဘေးအိမ်ကလူတွေရပ်ကွက်ထဲကလူတွေနဲ့တော့ရင်းနှီးသင့်တာပေါ့ အပေါင်းသင်းလဲထား လူငယ်ပဲ လွတ်လွတ်လပ်လပ်လေးနေ "

"အဲ့လိုရလား "

"ရတာပေါ့ဒါပေမယ့် ငယ်လေးကလွတ်လပ်ခွင့်ပေးတယ်ဆိုတာ ပျက်စီးဖို့မဟုတ်ဘူးနော် ပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံတတ်အောင်လူ့ကျင့်ဝတ်နားလည်အောင်ကိုကြီးက ပြောတာ "

"ဟုတ်ကဲ့ ဟီးဟီး "

________________________________

"ရှောင်ကျန့် "

"‌အင်း"

"မင်းကအတင်းတောင်းလို့သာပေးရတာ မင်းတကယ်ရောရိ‌ပေါ်အပေါ်စစ်မှန်တာလား "

"မင်းဘယ်လိုထင်လဲ "

"ကစားရုံဆိုလွတ်ထားလိုက်ပါ ရိပေါ်က ကလေးဆန်တဲ့နုအအလေးကွ "

"ကျစ် "

"မင်း "

"ငါ သွားတော့မယ် "

"ဘယ်လဲကွ "

"ဦးလေးဆီ "

"ဟာဟျောင့် "

"ထားလိုက်လီယွန်း "

"ကျန်းချန် သူကရိပေါ်ကို...."

"သူ့စိတ်ကအရင်ထဲကအဲ့လိုပဲလေ "

"ဒါပေမယ့်ကွာ "

ရှောင်ကျန့်ကသိပ်ကိုနားလည်ရခက်တယ် သူငယ်ချင်းတွေအချင်းချင်း တစ်ယောက်အကြောင်း တစ်ယောက်သိနေတာတောင်ရှောင်ကျန့်ကဘယ်လိုလူစားမှန်းခက်မှန်းရခက်သည်စိတ်ရှုပ်တဲ့အချိန်တိုင်းဦးလေးဆီသွားတတ်သည်ယဘာမှဖြစ်တယမျိုးမဟုတ်ပေမယ့်သူတို့အပြင်ပေါင်းသင်းနေတဲ့ကောင်တွေကဆေးသမား သူ့ဦးလေး‌ဆီကအသိတွေကဆိုးသွမ်းသူတွေပင်ကြာရင်ဒီကောင်ကြီးပျက်စီးသွားမှာ စိုးရိမ်တာအမှန်ပင်

"ဟေး ရိပေါ် "

"ဟာ အကိုမင်ယန်း"

"ဒီတိုင်းကြီးပဲခေါ်တော့မှာလား"

"ဒီတိုင်းပဲခေါ်တတ်တယ်လေ "

"ဘာလာလုပ်တာလဲရိပေါ်က "

"ဈေးဝယ်လာတယ် မုန့်စားချင်တာနဲ့ထွက်လာလိုက်တာ "

"ရိပေါ်အကိုကော မပါဘူးလား"

"ဟင့်အင်း ကိုကြီးကအလုပ်နားရက်သူ့ကိုကိုဆီသွားတယ်လေ "

"ဟားဟား ဟုတ်ပါပြီ မုန့်ဝယ်ကျွေးရမလား"

"ဟင်အဲ့လိုရလား "

"ရတာပေါ့ "

ဒီနေ့‌ညနေစောင်းလေး အိမ်မှာပျင်းတာနဲ့အပြင်ကိုထွက်ကာ မုန့်ထွက်စားရင်း အကိုမင်ယန်းနဲ့တွေ့လို့စကားတွေပြောကြသည် သူ့ထက်ငါးနှစ်ကြီးတဲ့အကိုမင်ယန်းက ဟိုတလောကမှလိုင်းပေါ်ကနေခင်မင်ခဲ့တာ ကိုကြီးနဲ့ကျောင်းတုန်းက ကျောင်းကိစ္စတွေတွဲလုပ်ဖူးတယ်လဲပြောတယ် ကိုကြီးနဲ့လဲသိနေတာမို့ရိပေါ်ကစိတ်လွတ်လက်လို့ပြောဆိုဆက်ဆံခြင်းပင်

"ဘာစားမလဲ ကိုယ်လိုက်ကျွေးမယ်"

"အင်းးးးး ချောကလတ်ကိတ်စားချင်နေတာ "

"အိုကေဗျာ "

"ဝမ် ရိ ပေါ် !!"

"ဟင်"

"မင်းဘာလုပ်နေတာလဲ အဲ့ကောင်ကဘာလို့ဒီမှာရှိနေတာလဲ "

"မုန့်ထွက်စားတာမင်းကရော "

"ငါနဲ့လိုက်ခဲ့ "

"ဟင့်အင်း "

"အသိတွေလား ရိပေါ် "

"ကျုပ်ကသူ့ချစ်သူ"

"........"

"မဟုတ် အာ့"

"ဝမ်ရိပေါ် ငါနဲ့လိုက်ခဲ့"

ရိပေါ်တို့စကားပြောနေတဲ့ ကိတ်မုန့်ဆိုင်လေးဆီကိုရောက်လာတဲ့ရှောင်ကျန့်က ရိပေါ်ရဲ့နာမည်ကိုဒေါသတကြီးခေါ်ကာဆွဲလားရမ်းလာလုပ်နေသည် သူနဲ့လိုက်ဖို့ပြောနေသည် ဘေးကအကိုမင်ယန်းက အမြင်မဆော်၍ဝင်ရှင်းရာမှပိုရှုပ်ကုန်တော့သည်

"ရှောင်ကျန့် ငါ့လက်ကိုလွတ် "

"အေးဆေးရှင်းကျပါ ရိပေါ်ကိုလွှတ်ပေးလိုက်ပါ "

"ခင်များ စောက်ပါးစပ်ပိတ်ထား လာ မင်းလာခဲ့ "

"အာ့ ရှောင်ကျန့် ....."

ယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ကောင်လေးကို မင်ယန်းကြည့်နေရုံသာ ရိပေါ်ကလူဆိုးတွေနဲ့ ပေါင်းသင်းနေသလား ထိုကောင်လေးပြောသွားတဲ့ချစ်သူဆိုတာရိပေါ်နဲ့သူကရည်းစားတွေများလား ဘယ်တုန်းက ရိပေါ်ကရည်းစားထားတတ်သွားပါလိမ့် စီနီယာအကိုဝမ်ရောသ်ိရဲ့လား ချစ်သူ‌ဆိုတောင် ရိပေါ်ကကလေးသာသာရယ် ထိုကောင်လေးက ‌လက်ရဲဇက်ရဲလေးပင်

" ဒုန်းးး "

"အာ့ ရှောင်ကျန့် ဘာလုပ်တာလဲ "

"မင်းကငါ့ကွယ်ရာမှာအသစ်ထားချင်နေတာလား မင်းကအဲ့လိုလွယ်တဲ့သူလား"

"ဟင် မင်းး"

"ကျစ် စောက်ရမ်းစိတ်ပျက်ဖို့ကောင်းလွန်းတယ် "

"ရှောင်ကျန့် "





#သတိရသေးလား 🥲 အားပေးသူမရှိတော့ဘူး မေ့သွားကြပြီ






Zawgyi

"ရိပေါ် "

"အင်း ကျုးကျုး"

"စာမေးပွဲတွေဖြေနေပြီ "








"အိုကေအိုကေ "


"သားငယ် "

"ဗျာ ပါးပါး "


"ဟုတ်ဖြေနိုင်ပါတယ် "

"ကလင် ကလင် ကလင် ☎️☎️☎️"



"ဟလို "


"ဟုတ်ပါတယ် "



"ဟုတ်ကဲ့ပါးပါး "


"ဟလို "

"ရိပေါ် "

"‌ဟင် "



"နေပါဦး "




"ဘယ်သူလဲသား "



"ဟုတ်ကဲ့ "


"လီယွန်း "

"အင်း ရိပေါ် "

"ရှောင်ကျန့်ရော "

"ဟိုး သစ်ပင်အောက်မှာ "

"ကျေးဇူးပဲ "


"ရှောင်ကျန့် "

"ဪ ပုလုံး "


"ဘာလို့လဲ "






"ငါပြန်တော့မယ်လေ "



"ဪ အေးပါကွာ ဂရုစိုက်ဦး "





"ရိပေါ် "

"လီဖန်း "









💌 Hi

"Hi "

💌ကျနော့်ကိုသိလား

"မသိဘူး "

💌ခင်လို့ရမလား

"ခင်များကိုမှမသိတာ "

💌တကယ်မသိဘူးလား


💌ဒါဆို အခုတင်လိုက်မယ်




💌သိပြီလား



💌ဟုတ်လို့လား

"ဟုတ်တယ် "




"ဟင့်အင်း"

"ဒါဆိုလဲအဖြေပေး "

"မချစ်ဘူး "


"ဟင် "


"မလုပ်ပါနဲ့ "

💌အဖြေပေး 

"ရှောင်ကျန့် "


"ဟင့်အင်း မလုပ်နဲ့ "





"ဟင် "



"ချစ်တယ် ပြန်ပါတော့ "


"ဟုတ် "


"ငယ်လေး "

"ဗျာ ကိုကြီး "


"ဘာလို့လဲ ကိုကြီး "


"အဲ့လိုရလား "


"ဟုတ်ကဲ့ ဟီးဟီး "

________________________________

"ရှောင်ကျန့် "

"‌အင်း"


"မင်းဘယ်လိုထင်လဲ "


"ကျစ် "

"မင်း "

"ငါ သွားတော့မယ် "

"ဘယ်လဲကွ "

"ဦးလေးဆီ "

"ဟာဟျောင့် "

"ထားလိုက်လီယွန်း "



"ဒါပေမယ့်ကွာ "


"ဟေး ရိပေါ် "

"ဟာ အကိုမင်ယန်း"



"ဘာလာလုပ်တာလဲရိပေါ်က "





"ဟင်အဲ့လိုရလား "

"ရတာပေါ့ "




"အိုကေဗျာ "

"ဝမ် ရိ ပေါ် !!"

"ဟင်"



"ငါနဲ့လိုက်ခဲ့ "

"ဟင့်အင်း "

"အသိတွေလား ရိပေါ် "

"ကျုပ်ကသူ့ချစ်သူ"

"........"

"မဟုတ် အာ့"






"အာ့ ရှောင်ကျန့် ....."

ယက်ကန်ယက်ကန်နဲ့ပါသွားတဲ့ကောင်လေးကို မင်ယန်းကြည့်နေရုံသာ ရိပေါ်ကလူဆိုးတွေနဲ့ ပေါင်းသင်းနေသလား ထိုကောင်လေးပြောသွားတဲ့ချစ်သူဆိုတာရိပေါ်နဲ့သူကရည်းစားတွေများလား ဘယ်တုန်းက ရိပေါ်ကရည်းစားထားတတ်သွားပါလိမ့် စီနီယာအကိုဝမ်ရောသိရဲ့လား ချစ်သူ‌ဆိုတောင် ရိပေါ်ကကလေးသာသာရယ် ထိုကောင်လေးက ‌လက်ရဲဇက်ရဲလေးပင်

" ဒုန်းးး "



"ဟင် မင်းး"


"ရှောင်ကျန့် "











Continue Reading

You'll Also Like

163K 17.4K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
938K 21.5K 49
In wich a one night stand turns out to be a lot more than that.
222K 7.7K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...